ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

De god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ Mais

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၂၈ ( ၁ - ၄ )

8.9K 920 57
De god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   28
Chapter.          :  1 - 4
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၂၈၊ အခန္း ၁။  ဘယ္သူ့ကို ေရြးမွာလဲ

င့ါကို ေယာက်ာ္းေလးခ်စ္သူ ေရြးခုိင္းေနတာ…
သူ ဘာလုပ္ခ်င္ေနတာလဲ။

ဤေမးခြန္းသည္ ရီ၀မ္၀မ္ လုိက္မမွီနိုင္သည့္ လယ္ဗယ္အသစ္တစ္ခု ေရာက္သြားေပၿပီ ။

အတုန္လႈပ္သြားမိဆံုးသူကား လ်ိဳခ်န္း - သူသည္ လံုး၀အတိ မင္သက္ သြားၿခင္းပင္ ။ ရီ၀မ္၀မ္၏ေဘးနားတြင္ထုိင္ေနသည့္ ဟန္ရွန္းယြီ၊ သူ ့ဖန္ခြက္သည္လည္း ေလထဲတြင္တန့္ရပ္သြား ရေတာ့သလုိ ကုန္ရႊီသည္လည္း မ်က္ေတာင္ပင္မမခတ္ေတာ့၊ ရီ၀မ္၀မ္ေပၚတြင္သာ ေက်ာက္ခ်ကာစုိက္ၾကည့္ေနေတာ့၏ ။

ထန္ရွင္းေဟ်ာ္၊ အယုတ္တမာသံၿဖင့္ လုပ္ရယ္ရယ္ခ်လာသည္ ။ ထိုအသံမွာ ကမာၻၾကီးတစ္ခုလံုး ေၿပာင္းဆန္သြားပါေစဟု က်ိတ္ဆုေတာင္းေနသည့္နွယ္။
သူသည္ အသံကို ဖိကာေၿပာလာသည္။
“အစ္ကုိ ရီ၊ ဒီေန့ ဒီမွာ ရွိေနၾကတဲ့သူထဲကပဲ တစ္ေယာက္ေယာက္ကို ေရြးရမွာေနာ္၊ ဟဲ ဟဲ”

လူတုိင္း၊ ၀ါးခနဲ ပြဲၾကသြားၾကသလုိ၊ အထိန္းအကြပ္မရွိ၊ ေၿပာရဲဆုိရဲသည့္ အုိင္ေဒါေလးတစ္ေယာက္သည္ ရီ၀မ္၀မ္အား ရႊတ္ေနာက္ေနာက္အၾကည့္တစ္ခ်က္ ေပးလာၿပီး ။
“အစ္ကုိ ရီ၊ က်ြန္ေတာ့္ကို ေရြး၊ က်ြန္ေတာ့္ကို ေရြး”

“ဖယ္စမ္းပါ။ အစ္ကုိ ရီ က ငါ့လုိေယာက်ာ္းေလးမ်ိဳးကိုမွ ပုိသေဘာက်တာ”

….

ေယာက်္ားေလးတစ္သိုက္သည္ ရီပုိင္အား အလုအယက္ၿဖစ္ေနၾကသည္ကို ၿမင္လုိက္ၾကသည့္ခ်ိန္ မိန္းကေလးတစ္သိုက္မွာ ဆက္ၾကည့္မေနနုိင္ေတာ့။

“ေသာက္က်ိဳးနဲ ။ ရွင္တုိ့ေယာက်ာ္းေလးေတြ လံုး၀စည္းမရွိ ေတာ့ဘူးလား။ ၿပီးေတာ့လည္း ဘာလုိ့ ေယာက်္ားေလးေတြပဲ ၿဖစ္ရမွာလဲ၊ ဟမ္”

“ေအးေလဟာ။ ထန္ရွင္းေဟ်ာ္၊ နင္ ဘာလုပ္ဖုိ့ၾကိဳးစားေန တာလဲ”

“ဘာလုိ့ သူ့ခ်စ္သူၿဖစ္ဖုိ့ကို ဒီအခန္းထဲက မိန္းကေလး ေတြကိုက် မေရြးခုိင္းရတာလဲ။ ဒါ မတရားဘူး”

မိန္းကေလးေတြသည္ စတင္ကြန္ပလိန္းတက္လာၾကခ်ိန္ ထန္ရွင္းေဟ်ာ္၊ အၿပစ္ကင္းစင္သည့္မ်က္နွာေလး ဆင္ၿမန္းထားၿပီး ပုခံုးတြန့္ၿပလာသည္ ။

“မင္းတုိ့မိန္းကေလးေတြ ဒီေမးခြန္းေမးခ်င္တယ္ဆုိ ေနာက္မွပဲ မင္းတုိ့ကိုယ္တုိင္ ေမးၾကည့္ၾကေပါ့ ။
ဒါေပမယ့္ ငါ မင္းတုိ့အားလံုးကို သတိေပးထားမယ္။
ငါတို့ အစ္ကုိ ရီ မွာ ေကာင္မေလးရွိေနၿပီးသား။
ဒီေတာ့ ဘာစိတ္မွကူးမေနၾကနဲ့”

ထန္ရွင္းေဟ်ာ္ ေၿပာသည္ကုိ ၾကားလုိက္သည္နွင့္၊
မိန္းကေလးတစ္သုိက္၊ ရင္နာစြာ ေၿပာဆုိလာၾကေတာ့သည္ ။

ဘာ ။ အစ္ကုိ ရီ မွာ ေကာင္မေလးရွိေနၿပီးသားလား ။

“ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္ အဓိကကိစၥကိုပဲ ၿပန္သြားၾကရေအာင္။ အစ္ကို ရီ၊ က်ြန္ေတာ့္ရဲ့ေမးခြန္းကို ေၿဖေပးရဦးမယ္ေနာ္ ။ ၿမန္ၿမန္ေလး၊ တစ္ေယာက္ေယာက္ကို ေရြးလုိက္၊ တစ္ေယာက္ေယာက္ကို ေရြး”  စိတ္ထက္သန္စြာၿဖင့္ ထန္ရွင္းေဟ်ာ္၊ ေလာေဆာ္လိုက္သည္ နွင့္ ။

မ်က္လံုးေပါင္းမ်ားစြာသည္ သူမေပၚတြင္ က်ေရာက္လာသည္ ္မို့ ရီ၀မ္၀မ္၊ ကူကယ္ရာမဲ့သြားရေတာ့ၿပီး တည့္တုိးၿပန္ေၿပာ လုိက္၏ ။
“ငါ ေယာက်ာ္းေလးခ်င္း မၾကိဳက္ဘူး”

ထန္ရွင္းေဟ်ာ္၊ ရယ္ခ်လာသည္ ။
“က်ြန္ေတာ္ သိပါတယ္ဗ်ာ၊ က်ြန္ေတာ္ သိပါတယ္။ အဲ့ဒါေၾကာင့္လည္း ‘တကယ္လုိ့ဆုိရင္’ လုိ့ ေၿပာခဲ့တာေပါ့။ ေမးခြန္းကုိ မေၿဖဘူးဆုိရင္ အၿပစ္ဒဏ္အေနနဲ့ သံုးခြက္ေသာက္ရမယ္ေနာ္ ဟဲ ဟဲ”

ထန္ရွန္းေဟ်ာ္ ဒီေန့ ဘာၿဖစ္ေနတာလဲ ။

ရီ၀မ္၀မ္၊ ေခါင္းကိုက္လာရေတာ့ၿပီး သူမ၏နားထင္အား လက္နွင့္နွိပ္ေနမိိေခ်၏ ။ သူမ၊ အခန္းကို ၿဖန့္က်က္ၾကည့္ ့္လုိက္ၿပီး သင့္ေတာ္မည့္သူတစ္ေယာက္ေယာက္ကို ရွာဖုိ့ၾကိဳးစားလုိက္၏။

ထန္ရွင္းေဟ်ာ္သည္ စေနာက္ေနတာဆိုေသာ္ၿငား ဒါသည္ အထိမခံနုိင္သည့္အေၾကာင္းအရာတစ္ခု ၿဖစ္ေလသည္ ။ မန္ေနဂ်ာတစ္ေယာက္အေနနွင့္ သူမ မရင္းနွီးသည့္သူကို ေခါင္းေခါက္ေရြးုလိုက္လုိ့မရ။ လုပ္လုိက္မိပါက ကုိ့ယို့ကားယားၿဖစ္ကုန္ေတာ့မည္မွာ အေသခ်ာ ။

ဒီလူေတြအားလံုးသည္ သူမနွင့္ ရင္းနွီးေနသူမ်ား မွန္ေသာ္ လည္း…ေရြးခ်ယ္စရာတုိ့မွာ အကန့္အသတ္ရွိေနသည္ -
သူမနွင့္ တပူးတြဲတြဲရွိေနသူမ်ားကလြဲလ်ွင္ တၿခားသူမ်ား အေၾကာင္းကို သူမ တကယ္မသိေန ။

လ်ိဳခ်န္း၊ ကုန္ရႊီ၊ ဟန္ရွန္းယြီတုိ့သာလ်ွင္…တၿခားသူမ်ားထက္ ပိုတရင္းတနွီးနုိ္င္သူမ်ား ၿဖစ္ၾကေလရာ ။

လ်ိဳခ်န္းလား ။

သူ့ကိုၿဖင့္ ရီ၀မ္၀မ္၊ စိတ္ကူးထဲပင္ ထည့္လုိ့မၿဖစ္သည္မုိ့၊
ခ်က္ခ်င္း ပယ္ပစ္လုိက္၏ ။

လ်ိဳခ်န္း၊ ရီ၀မ္၀မ္၏အၾကည့္တုိ့သည္ သူဆီကေန အရမ္းၿမန္ၿမန္ၿဖင့္ ေက်ာ္သြားသည္ကို လွစ္ခနဲၿမင္လုိက္ ္သည္နွင့္၊ သူ၏ပုခံုးနွစ္ဖက္မွာ ေၿပေလ်ာ့သြားရသည္ ။ သိ့ုေသာ္၊ ရီ၀မ္၀မ္အား မၾကည့္ဘဲမေနနုိင္။

ရီ၀မ္၀မ္သည္ ဆက္ကာသံုးသပ္လုိ့ေနသည္ ။

ငါ လ်ိဳခ်န္းကို မေရြးဘူးဆုိရင္ ကုန္ရႊီဆုိရင္ေရာ ။

ဒီေကာင္က လံုး၀ကုိ ကိုယ္က်င့္တရား၊ စည္းမ်ဥ္းစည္းကမ္း ရွိေနတာမဟုတ္ေတာ့၊ အဆင္ေၿပေလာက္မွာပါ…

ဒီအခုိက္၊ လူတုိင္းသည္ ရီ၀မ္၀မ္၏ေရြးခ်ယ္မႈကို အာရံုစြင့္ေနၾကေလၿပီ။

ကုန္ရႊီ၊ ရီ၀မ္၀မ္၏မ်က္လံုးတု့ိ သူ့အေပၚ ေရာက္လာသည္ကို သတိၿပဳမိသြားသည္နွင့္ သူ၏တစ္ကုိယ္လံုး ေတာင့္သြား ေတာ့၏။ သူ၏ရင္ခုန္သံတုိ့မွာ ၿမန္သထက္ၿမန္ၿမန္လာေနၿပီး စိတ္မပါလက္မပါ ေနာက္ေက်ာကုိ မတ္လုိက္၏။

သူမ၏အၾကည့္တုိ့ က်ေရာက္လာသည့္ေနရာတုိင္း
သူ့အပူခ်ိန္တို့မွာ တရွိန္းဖိန္းဖိန္းၿဖင့္ ၿမင့္တက္လုိ့လာေခ်ၿပီ ။ သူ၏တစ္ကိုယ္လံုး ခံစားေနမိသည္မွာ
ေရေႏြးပူထဲ ထည့္ၿပဳတ္ခံေနရသလုိလုိ…

အား အား အား ။

အစ္ကု္ိ ရီ ငါ့ကို ေရြးေတာ့မလုိ့လား ။

မၿဖစ္နုိင္ဘူး၊ မၿဖစ္နုိင္ဘူး ။

                         💖💖💖💖💖💖💖
Paid group ၀င္လိုသူမ်ား စာစဥ္တစ္ခုကို ၅၀၀ နဲ႔ ၀င္လို႔ရပါၿပီ

စာစဥ္ ၂၈၊ အခန္း ၂။ အရမ္းကို ဂုဏ္ယူမိပါတယ္

မၿဖစ္နုိင္ဘူး၊ မၿဖစ္နုိင္ဘူး ။
ငါက ေယာက္်ားစစ္စစ္ၾကီး ၊ အာ ။

အစ္ကို ရီ က ငါ့ကို တကယ္ၾကီး ေရြးလုိက္မယ္ဆုိရင္
ငါ ဘယ္လုိၿပန္ေၿပာရမလဲ ။

ကုန္ရႊီသည္ စိတ္တုိ့အၾကီးအက်ယ္ လြန္ဆဲြလုိ့ေနေလ သည္…

အခန္းထဲက ဖူဂ်ိဳရွီတစ္ခ်ိဳ့သည္လည္း ေသြးဆူလာၾကေတာ့ၿပီး သံစံုထြက္လာၾက၏ ။

“အား အား အား ။ အစ္ကုိ ရီ ဘယ္သူ့ကိုမ်ား ေရြးမွာပါလိမ့္။
အုိး မုိင္ ေဂါ့ ။ ဒါ အရမ္း စိတ္၀င္စားဖုိ့ေကာင္းလုိက္တာ”

“ငါေတာ့ လ်ိဳခ်န္းကို မဲေပးတယ္ ။
လ်ိဳခ်န္းက အစ္ကို ရီ ပထမဆံုး ေခၚထားခဲ့တဲ့ သရုပ္ေဆာင္ပဲ - သူတုိ့ေတြက နတ္ဖတ္တဲ့စံုတဲြပဲ ။
သူတုိ့နွစ္ေယာက္က လုိက္ဖက္ညီလြန္းတယ္”

“မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ဘူး။ နင္ အရမ္းအေတြး လြန္ေနတာ။ ကုန္ရႊီ နဲ့ အစ္ကုိ ရီ ကမွ ပိုၿပီးလုိက္ဖက္တာ၊ ဟုတ္ပီလား။ ကုန္ရႊီက အစ္ကုိ ရီ အေရွ့ဆုိ မခုတ္တတ္တဲ့ ေၾကာင္ေလးအတုိင္းပဲ ကုတ္ကုတ္ေလးၿဖစ္သြားေရာ။ အရမ္းကို ခ်စ္ဖုိ့ေကာင္းလုိက္တာ”

“အာ၊ မဟုတ္တာဟာ။ နင္တုိ့မိန္းကေလးေတြက ဒီမွာ အသစ္ေတြလား။ အခုအေၿခအေနကို မသိၾကဘူးလား။ ‘ဦးသူ စား’ စနစ္ကုိ နားလည္လား ။ ဟန္ရွန္းယြီကမွ အစ္ကို ရီ နဲ့ ပထမဆံုး ရင္းနွီးလာခဲ့တဲ့သူဟ ။ သံသယၿဖစ္စရာကို မရွိဘူး။ သူတုိ့နွစ္ေယာက္ကမွ လံုး၀လုိက္ဖက္တာ၊ ဟုတ္ပီလား။ ဟန္ရွန္းယြီကလြဲရင္ ငါ့ရဲ့အစ္ကုိ ရီ ကို
ငါ ဘယ္သူနဲ့မွ မေပးစားနုိင္ဘူး”

“အာ၊ နင္တုိ့ိတစ္ေယာက္မွ အစ္ကုိ ရီ နဲ့ ထန္ရွင္းေဟ်ာ္ကို မဲမေပးၾကဘူးလား”

…..

လူေတာ္ေတာ္မ်ားမ်ားသည္ သူမနွင့္ပတ္သက္ၿပီး တီးတုိးခန့္မွန္းေနၾကသည္ကုိ ရီ၀မ္၀မ္၊ မသိေန ။
ေသေသခ်ာခ်ာ ေလးေလးနက္နက္စဥ္းစားၾကည့္ၿပီးသည့္ေနာက္၊ ကုန္ရႊီကိုိလည္း ပယ္ခ်ဖုိ့ ဆံုးၿဖတ္လုိက္၏ ။

ထားလုိက္ေတာ့…

ကုန္ရႊီနွင့္လ်ိဳခ်န္းတုိ့နွစ္ေယာက္စလံုးသည္ သူမေတာင္ပံေအာက္မွ သရုပ္ေဆာင္မ်ားသာ - သူမ၏ကိုယ္ပုိင္သရုပ္ေဆာင္ေတြနဲ့ အရႈပ္ဇယား မဖန္တီးသည္သာ ပုိေကာင္းေပလိမ့္မည္မဟုတ္လား ။

ထုိ့ေၾကာင့္၊ ေရြးခ်ယ္စရာတစ္ေယာက္သာ က်န္ေတာ့သည္ -- ဟန္ ရွန္း ယြီ။

ဒါ့အၿပင္ ဟန္ရွန္းယြီကုိ ေရြးခ်ယ္လုိက္ၿခင္းက အႏၱရာယ္အကင္းဆံုးေရြးခ်ယ္မႈ ၿဖစ္ေပသည္ ။

ရီ၀မ္၀မ္၊ ထပ္ခါထပ္ခါ ေတြးသည္၊ ထပ္တလဲလဲ စဥ္းစား သည္။ ေနာက္ဆံုးတြင္ ဆံုးၿဖတ္ခ်က္ခ်လုိက္သည္ကား  ။ လူတုိင္း၏စိတ္အားထက္သန္ေနသည့္ အၾကည့္ေအာက္တြင္
သူမ ေၿပာလုိက္၏ ။ “ဟန္ ရွန္း ယြီ”

သီးသန့္ခန္းထဲတြင္ တစ္စကၠန့္ေလာက္ လံုး၀တိတ္က်သြား ေတာ့ၿပီး ေနာက္ လူတိုင္း ၀ါးခနဲေအာ္ဟစ္လာၾကသည္ ။ “၀ိုးးးး” ။
အထူးသၿဖင့္ေတာ့ ဖူဂ်ိဳရွီတခ်ဳိ႕ဆီကပင္ ၿဖစ္၏။

“အား အား အား အား ။ ငါ သိေနတယ္၊ သိေနတယ္ ။
င့ါရဲ့အစ္ကို ရီ က ေသတဲ့အထိ သစၥာရွိသြားမဲ့သူပါဆုိ -
သူက တၿခားသူေတြေၾကာင့္နဲ့ စိတ္ယုိင္သြားမွာမဟုတ္ဘူး”

“ပုိင္-ယြီ စံုတြဲက ဘယ္သူဖ်က္ဖ်က္ပ်က္မွာမဟုတ္ဘူး”

“အာ၊ ဘာလုိ့ ဟန္ရွန္းယြီ လဲ။ သူတို့က ေတာ္ေတာ္ၾကီး လုိက္ဖက္တယ္ ဆုိေပမယ့္လဲဟာ…”

….

အခန္းထဲတြင္ အေပ်ာ္သေဘာၿဖင့္ ၾကည့္ေနၾကသည့္သူေတြ ြလုိပင္၊ ရီပုိင္၏အေၿဖကို ၾကားလုိက္သည့္အခ်ိန္ ဟန္ရွန္းယြီ ၊ အနည္းငယ္ အံ့ၿသသြားမိရ၏ ။

၀ုိင္ခြက္ကို ကုိင္ထားသည့္သူ့လက္မွာ တန့္ခနဲရပ္သြားၿပီး
သူ့မ်က္၀န္းထဲကေႏြးေထြးမႈတုိ့မွာ မသိမသာလူးလြန့္လာ သည္ ။

ရီပုိင္သည္ ဘာေၾကာင့္ သူ့အား ေရြးခ်ယ္ရသလဲဆုိသည္ကုိ
အၾကမ္းဖ်င္းမွန္းမိေသာ္လည္း သူ့ရဲ့အေၿဖကို ၾကားလုိက္ရခ်ိန္တြင္ သူနဲ့ရင္းနွီးမႈအဆင့္မွာ ေနာက္တစ္ဆင့္ထိေရာက္သြားၿပီဟု ခံစားမိသြားရ၏…

လ်ိဳခ်န္းသည္ကား လက္သီးကို က်စ္က်စ္ဆုပ္လ်က္ ေခါင္းငိုက္စိုက္က်သြားေခ်သည္ ။

အစ္ကုိ ရီ အရင္းနွီးဆံုးသူက ဟန္ရွန္းယြီ ၿဖစ္ေနတုန္း ပဲလား။ ဒါေပမယ့္လဲ ဒါက ေမွ်ာ္လင့္ထားၿပီးသားပါေလ ။

အစ္ကု္ိ ရီ နဲ့ ဟန္ရွန္းယြီက ဘယ္ေလာက္ထိရင္းနွီးတယ္ ္ဆိုတာ လူတုိင္းလည္း သိေနၾကတာပဲ - သူတုိ့နွစ္ေယာက္ ရဲ႕ဆက္ဆံေရးက တၿခားသူေတြနဲ့ ဘယ္ယွဥ္လုိ့ရပါ့မလဲ ။

ထန္ရွင္းေဟ်ာ္၊ သနားကရုဏာသက္စြာၿဖင့္
ကုန္ရႊီအား တစ္ခ်က္ၾကည့္လုိက္ပါ၏ ။

ဒီေကာင္က ေဒါသမထြက္သြားဘဲနဲ့ အရိပ္ထဲမွာပဲ
သူ့မ်က္နွာသူကြယ္ၿပီး တိတ္တိတ္ေလးထုိင္ေနပါလား။
သူ့စိတ္ထဲမွာ ဘာရွိေနလဲ ငါ သိခ်င္လုိက္တာ…

“အဟားဟားဟား၊ အစ္ကုိ ယြီ၊ အစ္ကုိ ရီ က
အစ္ကို နဲ့တြဲခ်င္တယ္ ဆုိရင္ ဘယ္လုိသေဘာရလဲ” ထန္ရွင္းေဟ်ာ္ စေနာက္လုိက္လ်ွင္ ။

ဟန္ရွန္းယြီသည္ သူ့နံေဘးက လူငယ္ေလးအား တစ္ခ်က္ၾကည့္လုိက္၏။ သူ့မ်က္ေမွာင္တုိ့ ၾကဳတ္သြားကာ တည္တည္ၿငိမ္ၿငိမ္ ေၿဖလုိက္သည္ကား။
“အရမ္းကို ဂုဏ္ယူမိတာေပါ့ဗ်ာ”

“၀ိုး ၀ိုး ၀ိုး ----” အားေပးဟစ္ေၾကြးသံတုိ့ အခန္းထဲ ေနာက္ထပ္တစ္ဖန္ ညံသြားၿပန္သည္ ။

ရီ၀မ္၀မ္နွင့္ဟန္ရွန္းယြီတုိ့သည္ အရမ္းကို ရင္းနွီးၾကသလုိ နွစ္ေယာက္သားသည္ အလြန္တရာလည္း ပြင့္ပြင့္လင္းလင္း ေၿပာတတ္ၾကသည္မုိ့ လူတိုင္းသည္ စေနာက္ရံုသာရွိၾကၿပီး မ်ားမ်ားစားစားေတြးေတာၾကၿခင္း မရွိၾက ။

သို့ေသာ္လည္း၊ ေတြးေနၾကသည့္သူတစ္ခ်ိဳ့ေတာ့ ရွိေနေလသည္….

ဒီအခုိက္၊ ေထာင့္တစ္ေထာင့္တြင္၊
ကုန္ရႊီသည္ ေခ်ြးေအးတုိ့ ၿပိဳက္က်ေနလ်က္၊
သူ့ရင္ဘတ္ကို လက္တစ္ဖက္နွင့္ ဆုပ္ကိုင္ထားရင္း ။

ေသာက္က်ိဳးနဲ…

တကယ္ပဲ…ဘာေတြၿဖစ္ေနတာလဲ…

ဒါက ဂိမ္းတစ္ခုပဲဟာ…

ရီပုိင္ ငါ့ဆီကေန အၾကည့္လႊဲသြားတဲ့အခ်ိန္…

ရီပုိင္ရဲ့မ်က္လံုးေတြက ဟန္ရွန္းယြီေပၚ ေရာက္သြားၿပီး သူ့ရဲ့ႏႈတ္ဖ်ားကေန ဟန္ရွန္းယြီရဲ့နာမည္ ထြက္က်လာတဲ့ခ်ိန္…
ငါ ဘာလုိ့ င့ါရင္ဘတ္ၾကီးထဲ ဒီေလာက္နာေနရတာလဲ…။

                         💖💖💖💖💖💖💖

Paid group ၀င္လိုသူမ်ား စာစဥ္တစ္ခုကို ၅၀၀ နဲ႔ ၀င္လို႔ရပါၿပီ

စာစဥ္ ၂၈၊ အခန္း ၃။  ေသတဲ့ထိ ကစားၿခင္း

ကုန္ရႊီ၏ရင္ဘတ္ထဲမွာ အသက္မရွဴနုိင္ေလာက္ေအာင္
မြန္းၾကပ္နာက်င္ၿခင္း မ်ားစြာၿဖင့္…

သူ့ရဲ့ေသြးတုိ့ပင္ ပြက္ပြက္ဆူလာေတာ့မည့္အလား တလွိမ့္လွိမ့္တက္လာသည့္ ေဒါသတု့ိကုိ ခံစားေနမိရင္း
ထိန္းခ်ဳပ္နုိင္စြမ္းတုိ့ လြတ္ထြက္လုနီးလာေနၿပီ…

ထိုလုိခ်င္ေနသည့္ ခံစားခ်က္…

ကုန္ရႊီ၊ မည္းပုတ္ေနသည့္အမူအရာၿဖင့္ တိတ္တိတ္ေလး က်ိန္ဆဲလုိက္ရင္း ဓားေပါင္းေၿမာက္မ်ားစြာၿဖင့္ ထုိးသတ္ေတာ့မည့္မ်က္၀န္းမ်ားနွင့္
ထန္ရွန္းေဟ်ာ္ ရွိရာဘက္ ၾကည့္လုိက္ရာ ။

ထန္ရွင္းေဟ်ာ္၊ ဟုိးအရိုးတြင္းထဲကေန ေအးစိမ့္စိမ့္ၿဖစ္သြား သည္မုိ့ မသိစိတ္ၿဖင့္ သူ့ေခါင္းကို ငံု့ပစ္လုိက္မိသည္တည့္ ။

အမွန္ေၿပာမလား၊ လုပ္ရဲလား ဂိမ္းသည္ကား ဆက္ေဆာ့ေနၾကဆဲ ။

ကုန္ရႊီ၊ မ်က္နွာထက္ ဘာအမူအရာမွမရွိေနဘဲ ကတ္တစ္ကတ္ကို ဆြဲထုတ္လုိက္ရာ ။

ဘုရင္ ။

ကုန္ရႊီ၊ ထန္ရွင္းေဟ်ာ္အား စုိက္ၾကည့္လုိက္ေခ်ၿပီ ။
“အမွန္ေၿပာမလား၊ လုပ္ရဲလား”

ထန္ရွင္းေဟ်ာ္၊ ကုန္ရႊီ၏စူးစုိက္ၾကည့္ေနမႈေၾကာင့္ အနည္းငယ္ ေက်ာခ်မ္းသြားမိၿပီး ။
“လုပ္ရဲတယ္….။ မဟုတ္ မဟုတ္ဘူး မဟုတ္ဘူး၊ အမွန္ေၿပာမယ္”

ကုန္ရႊီနဲ့ ကစားရခ်ိန္တြင္ သူ “လုပ္ရဲတယ္” ကို မေရြးခ်ယ္ရဲပါ ။

“အမွန္ေၿပာမယ္လား၊ ဟမ့္”
သြားတက္ေလးတစ္၀က္ေလာက္ လွစ္ဟၿပလာသည့္ ကုန္ရႊီ ။ ႏႈတ္ခမ္းတုိ့ တြန့္ေကြးသြားၿပီး မထူးၿခားနားစြာ ၿခိမ္းေၿခာက္သည့္ပံုစံၿဖင့္ ၾကည့္လာၿပီး ေၿပာလာသည္ ။
“ရတယ္ေလ။ င့ါရဲ့ေမးခြန္းက - တကယ္လုိ့ မင္းရဲ့ေကာင္မေလးနဲ့ မင္းရဲ့အခ်စ္ဆံုးသူငယ္ခ်င္းၾကီး ငါ၊ ငါတိ့ုနွစ္ေယာက္က ငါတုိ့ရဲ့၀ိဥာဥ္ေတြ လဲြေနၾကတယ္။ ငါတုိ့၀ိဥာဥ္ေတြ နဂိုအတုိင္းၿပန္ေရာက္သြားေအာင္လုိ့ ငါတုိ့ထဲက တစ္ေယာက္ကို မင္း ဓားနဲ့ထိုးရမယ္ဆုိ
မင္း ဘယ္သူ့ကို ဓားနဲ့ထုိးမလဲ”

ထန္ရွင္းေဟ်ာ္ ေၾကာင္အသြားရေတာ့ၿပီ။
တခနၾကာၿပီးေနာက္၊ ခ်က္ခ်င္း က်ိန္ဆဲပစ္လုိက္၏ ။
“…လခြီးတဲ့မွ”

ဒီေမးခြန္းၾကီးက ငါ့အသက္ပါသြားနုိင္တယ္၊ ဟုတ္ပီလား ။

ငါ ေသတာကမွ ပိုေကာင္းဦးမယ္ ။

“ဟားဟားဟားဟားဟား…ဒီေမးခြန္းကေတာ့ ။
ကုန္ရႊီ၊ မင္း အရမ္းေနာက္တတ္တာပဲ”

“တကယ့္ကို အစ္ကုိ ရႊီ ရဲ့ေမးခြန္းေတြက အၿမဲသတ္တယ္”

“အစ္ကုိ ရွင္း ေတာ့ ရူးသြားေလာက္ၿပီ”

….

သူတုိ့ အေစာပိုင္းက ဂိမ္းကစားၾကခ်ိန္တြင္ ကုန္ရႊီသည္ ၿပံဳးၿပံဳးၿပံဳးၿပံဳး သၾကားလံုးစားေနခဲ့ၿခင္းပင္ ။ လူသတ္လုိသည့္အေငြ ့အသက္တုိ့ ရွိမေန ။ သိ့ုေသာ္၊ ယခုေတာ့ သူ ရုတ္တရက္ၾကီး ေပါက္ကြဲထြက္ေနေလၿပီ ။

ကုန္ရႊီသည္ အမွန္ေၿပာမလား၊ လုပ္ရဲလား ကစားရာတြင္ ဆရာတစ္ဆူ ၿဖစ္ေၾကာင္းကုိ တစ္ေယာက္ေသာသူကေတာ့ သိထားပါ၏ - သူသည္ ထိုတစ္ေယာက္ေသာသူအား ညစ္လုိပါက ထိုသူမွာ မေသမခ်င္း ကစားခံရေတာ့မည္သာ ။

ဤမိခင္၏ေဒါသတုိ့အေပၚ ေနာင္တရေနသလုိလုိ ၾကည့္လာပါသည့္ ထန္ရွင္းေဟ်ာ္ ။
“ကုန္ရႊီ…မင္း နုိင္တယ္ ။ ငါ ေသာက္မယ္”

ဒီလုိနဲ့၊ သူ ထုိင္ခ်လိုက္ၿပီး အၿပစ္ဒဏ္အၿဖစ္ ဖန္ခြက္ၾကီးသံုးခြက္ကို ေသာက္လုိက္ရ၏ ။

ကုန္ရႊီသည္ကား ေပါ့ေပါ့ပါးစြာသာ ထိုင္ေနရာမွမပ်က္၊
သူ ေၿပာလာသည္ ။ “ေကာင္းၿပီ၊ ဆက္ကစားမယ္”

ထန္ရွင္းေဟ်ာ္၊ တံေတြးသီးသြားမိၿပီး မေကာင္းသည့္ခံစားခ်က္တုိ့ ရေနေလၿပီ…

သူ၏ခံစားခ်က္တုိုုု့ မွန္ခဲ့ပါ၏ ။

ကုန္ရႊီ၊ ေနာက္ထပ္တစ္ခါ ဘုရင္ ရသြားၿပီး
သူ့အား ေရြးလုိက္ၿပန္သည္ ။

ကုန္ရႊီ ။ “အမွန္ေၿပာမလား၊ လုပ္ရဲလား”

ထန္ရွင္းေဟ်ာ္၏မ်က္လံုးတို့ကား ရီေ၀ေနေခ်ၿပီ ။
“အမွန္ေၿပာမယ္” ကို ေရြးၿခင္းက အႏၱရာယ္မ်ားေသာ္လည္း
“လုပ္ရဲတယ္” ကုိ ေရြးခ်ယ္ၿခင္းက ပုိလ့ို့ဆုိး၀ါးေပလိမ့္မည္ ။

“အမွန္ေၿပာမယ္”
ထန္ရွင္းေဟ်ာ္၊ အံၾကိတ္ကာ ေၿပာလုိက္သည္နွင့္။

ကုန္ရႊီ၊ ေခါင္းတညိတ္ညိတ္လုပ္ကာ ေမးလာသည္ ။
“မင္းရဲ့ခ်စ္သူနဲ့ မင္းရဲ့အခ်စ္ဆံုးသူငယ္ခ်င္းက သူတု့ိရဲ့၀ိဥာဥ္ေတြ လြဲေနၾကတယ္…”

“ဘာလုိ့ဒီေမးခြန္းၾကီးပဲလဲကြ”
ထန္ရွင္းေဟ်ာ္၊ ေပါက္ကြဲသြားေခ်ၿပီ ။

“ဒီေလာက္ေဒါသမထြက္စမ္းပါနဲ့”
ကုန္ရႊီ၊ သူ့အား ေစြေစာင္းၾကည့္လာၿပီး ဆက္ေၿပာလုိက္သည္ ။“မင္းရဲ့ေကာင္မေလးနဲ့ မင္းရဲ့အခ်စ္ဆံုးသူငယ္ခ်င္းက ၀ိဥာဥ္ ေတြ လြဲေနၾကတယ္။ သူတုိ့နွစ္ေယာက္ထဲကတစ္ေယာက္နဲ့
မင္း ဟိုဒင္းလုပ္ရမယ္ဆုိရင္ - မင္း ဘယ္သူ့ကို ေရြးမလဲ”

ထန္ရွင္းေဟ်ာ္ ။ “ကုန္ ေရွာင္ ရႊီ ။ မင္း ေသခ်င္လုိ့”

“အာ…” သြားတက္ေရးေရးေလး ထြက္ေအာင္ ၿပံဳးတံု့တံု့လုပ္လာသည့္ ကုန္ရႊီပင္ ။

“မင္း ဘာလုိ့ ေမးခြန္းေတြပဲ သတ္ေနရတာလဲကြာ”
ေမးခြန္းမ်ားေၾကာင့္ ထန္ရွင္းေဟ်ာ္၊ ငိုခ်မိေတာ့မတတ္
ၿဖစ္ေနမိေလၿပီ ။

ထန္ရွင္းေဟ်ာ္၊ ေရြးခ်ယ္စရာ မရွိေတာ့ ။
ဒီေမးခြန္းကို သူ တကယ္ မေၿဖနိုင္သည္မုိ့ ေနာက္ထပ္သံုးခြက္ ထပ္ေသာက္လုိက္ရ၏  ။
ေၿခာက္ခြက္လံုးလံုး ေသာက္ၿပီးသြားသည့္ေနာက္
သူ့မွာ အန္ခ်မိလုနီးနီးပင္ ။

ဂိမ္းသည္ ဆက္သြားေန၏။
ဘုရင္ကိုမူ ကုန္ရႊီ ထပ္ရၿပန္သည္ ။

လူတုိင္း၊ မသိလုိက္မိဘဲ ထန္ရွင္းေဟ်ာ္ဘက္ လွည့္ၾကည့္မိကုန္ၾကသည္ ။ အေၾကာင္းရင္းကို သူတုိ့ မသိၾကပါေသာ္လည္း သူတုိ့နွစ္ေယာက္ၾကားတြင္ မေက်လည္မႈနည္းနည္းရွိေနသည္ကုိေတာ့ အားလံုး ေၿပာနုိင္ၾကေပသည္ ။ ကုန္ရႊီကား ထန္ရွင္းေဟ်ာ္ကုိ ဒီေလာက္လြယ္လြယ္ေလးနွင့္ လႊတ္ေပးေတာ့မည္မဟုတ္ ။

ထန္ရွင္းေဟ်ာ္ ေနာင္ကတရစြာ ငိုခ်မိေတာ့သည္ - ဒီလုိၿဖစ္လာမယ္မွန္း ငါ ၾကိဳသိထားလုိ့ရွိရင္ ေသမင္းၾကီးကို စိန္ေခၚၿပီးေတာ့ ၿပသနာရွာခ့ဲမွာ မဟုတ္ပါဘူးကြာ ။

ဒါေပမယ့္ ဘဒုိရာ။ တစ္ေယာက္ေသာသူက
မင္းနဲ့ မတြဲခ်င္တာ ငါနဲ့ ဘာမွမဆုိင္ဘူးေလ ။

မင္း တစ္ေယာက္ေယာက္ေပၚ ေဒါသပံုခ်ပစ္တယ္ဆုိရင္
အဲ့ဒါက ငါေတာ့ မၿဖစ္သင့္ဘူးေလ၊ ဟုတ္တယ္မလား ။

                       💖💖💖💖💖💖💖💖

စာစဥ္ ၂၈၊ အခန္း ၄။ အရုိက္ခံဖုိ့ လုိေနရံု

“အမွန္ေၿပာမလား၊ လုပ္ရဲလား” ကုန္ရႊီ၏စကားသံတုိ့မွာ မေကာင္းဆုိုး၀ါးမိစၧာၾကီး ေတးသီေနသေယာင္ေယာင္ ။

ထန္ရွင္းေဟ်ာ္၊ နာက်င္ပက္လက္ၿဖစ္သြားရေတာ့ၿပီး အေၾကာက္ေၾကာက္အကန္ကန္ ေၿပာလာေတာ့၏ ။
“အစ္ကိုၾကီး၊ အစ္ကုိ ရႊီ၊ သခင္ေလး ကုန္၊ ဒီအခြင့္အေရးကုိယူၿပီးေတာ့ အစ္ကို ရီ ကို ေမးလုိက္ပါလား။ ဟုတ္သားပဲ ၊ အစ္ကုိ ရီ ကို တစ္ခုုခုု သြားေမးလုိက္ေနာ္ - အဲ့ဒါ ပုိမေကာင္းဘူးလား။ မင္းရဲ့အခြင့္အေရးေတြကို ငါ့ဆီမွာ ဘာလုိ့အကုန္ခံေနမွာလဲ၊ အမ္”

ဒါကုိ ၾကားလုိက္သည္နွင့္ ကုန္ရႊီ၊ တန့္သြားရေတာ့၏ ။
ဒီေနာက္၊ ရီ၀မ္၀မ္ဘက္သုိ့ လွည့္လုိက္ၿပီး ။

ထန္ရွင္းေဟ်ာ္ေၿပာတာ မွန္တယ္ - အမွန္ေၿပာမလား၊ လုပ္ရဲလား က တကယ့္ အခြင့္အေရးေကာင္းတစ္ခုပဲ ။

ငါ သၾကားလံုးေလးအေၾကာင္း သတင္းႏိႈက္ယူလုိ့ရတာပဲ….

ငါ အေစာကတည္းက ဒါကို စဥ္းစားမိသင့္တာ ။

အခုေတာ့၊ ငါ  ဘာေတြလုပ္ေနမိပါလိမ့္ ။

“အမွန္ေၿပာမလား၊ လုပ္ရဲလား”
ကုန္ရႊီ၊ ထပ္ကာေၿပာလာၿပန္သည္။ သူ၏အမူအရာသည္ကား ပိုလုိ့ပင္လူယုတ္မာဆန္ ဆန္လာ၏ ။

ကုန္ရႊီသည္ ဒီေလာက္ထိေၾကာက္စရာေကာင္းသည္မ်ိဳးကို
ထန္ရွင္းေဟ်ာ္၊ အရင္က တစ္ခါမွ ၿမင္ဖူးၿခင္းမရွိခဲ့ ။
သူ၊ တံေတြးတုိ့ ၿမိဳခ်လုိက္ကာ ရီ၀မ္၀မ္ဆီ ေၿပးသြားလုိက္ၿပီး ။ “အစ္ကို ရီ၊ က်ြန္ေတာ့္ကို ကယ္ပါ”

ထန္ရွင္းေဟ်ာ္၊ ေၿခတစ္လွမ္းလွမ္းလုိက္မိရံုရွိေသး၊
ကုန္ရႊီသည္ သူ၏လည္ကုတ္ကေန ဖမ္းဆြဲပစ္လုိက္ရာ ။

သူ ထြက္ေၿပးဖုိ့ ၾကိဳးစားေနတုန္းပဲ၊ ဟမ့္ ။

“အား အား အား…လႊတ္ လႊတ္ လႊတ္”
ထန္ရွင္းေဟ်ာ္၊ အသက္ရွဴရပ္ေတာ့မတတ္ပင္ ၿဖစ္ေနရေလၿပီ ။

ရီ၀မ္၀မ္၊ ထန္ရွင္းေဟ်ာ္အား ၿဖဴဖတ္ၿဖဴေရာ္ၿဖစ္ေနသည္ထိ
ကမူးရူးထူးနွိပ္စက္လို့ေနသည့္ ကုန္ရႊီကို ၾကည့္လုိက္၏ ။
သူမ ကူကယ္ရာမဲ့စြာ နားထင္တုိ့ကို ဖိနွိပ္လုိက္ရင္း မတ္တပ္ရပ္လုိက္ၿပီး ကုန္ရႊီအား လက္ေထာက္၀တ္ကို ဆြဲဖမ္းလုိက္ေတာ့၏။
“ဟုတ္ပါၿပီ။ အခုေကာ ဘာေတြၿဖစ္ေနတာလဲ”

ရီ၀မ္၀မ္၏ၿဖဴသြယ္ၿပီး ႏူးညံ့သည့္လက္ေခ်ာင္းတုိ့
သူ့လက္ေကာက္၀တ္အား ဆုပ္ကုိင္လုိက္သည့္တဒဂၤ ၊
ကုန္ရီႊ၊ ေတာင့္သြားေတာ့ၿပီး သူ့ရဲ့လက္ က်ြတ္က်ြတ္ပူသြားသည့္အလား ထန္ရွင္းေဟ်ာ္အား ခ်က္ခ်င္းပင္ လႊတ္ေပးလုိက္ေတာ့သည္တည့္ ။

ဟူး ။ ငါ အသက္ရွင္သြားၿပီ ။

ထန္ရွင္းေဟ်ာ္၊ ဒီအခြင့္အေရးကို ယူကာ ၿမန္ၿမန္ဆန္ဆန္ပင္ ခါးကုန္းခ်လုိက္ၿပီး မူးရစ္ရီေ၀စြာၿဖင့္ ထြက္ေၿပးသြားေတာ့၏ ။

“သူ မင္းကုိ ဘယ္လုိရန္စထားလို့လဲ”
ရီ၀မ္၀မ္၊ ေမးလုိက္သည္ ။

ကုန္ရႊီ၊ ေခါင္းငုိက္စိုက္က်သြားေတာ့ၿပီး စကားတစ္ခြန္းေၿပာဆိုလာၿခင္း မရွိေတာ့ ။

ထိုလူငယ္၏အသက္ရွဴေငြတို့နွင့္ သူ့လက္ေကာက္၀တ္တြင္ ဖမ္းကိုင္ထားသည့္ အထိအေတြ ့တုိ့ေၾကာင့္ သူ့ရဲ့နွလံုးသားေလးမွာ ယိုင္နဲ့သြားၿပီး သူ့ရဲ့စိတ္တုိ့မွာ အၾကမ္းပတမ္း လႈပ္ခတ္ေနရေခ်ၿပီ ။

“သူ အရိုက္ခံဖုိ့လုိေနရံုပါ”
ကုန္ရႊီ၊ ၿပန္ေၿဖလုိက္ၿပီး၊ ခ်ာကနဲလွည့္ကာ
သီးသန့္ခန္းထဲကေန ထြက္သြားေတာ့သည္ ။

ရီ၀မ္၀မ္၊ ကုန္ရႊီ ထြက္သြားတာကို ၾကည့္ေနမိရင္း
သံသယအၾကည့္တစ္ခ်က္ ေပၚထြက္လာသည္ ။

ကုန္ရႊီ ၾကည့္ရတာ သိပ္ပံုမွန္မဟုတ္ဘူး….

ရီ၀မ္၀မ္၊ အေတြးတုိ့ထဲ နစ္၀င္ေနစဥ္၊ သူမ၏ဖုန္း ၿမည္လာသည္ ။ စီရီဟန္ဆီမွ မက္ေဆ့ခ်္ ၿဖစ္၏ ။
[ၿပီးၿပီလား]

ရီ၀မ္၀မ္၏မ်က္၀န္းတို့ ႏူးညံ့လာေတာ့ၿပီး စာၿပန္ရုိက္လုိက္သည္  ။
[ခနေနရင္။ ေနာက္နာရီ၀က္ေလာက္ဆုိ ၿပီးၿပီ]

[ကုိယ္ ဒီနားမွာ အလုပ္ကိစၥနဲ့ ရွိေနတယ္]

စီရီဟန္၊ ေနာက္ဆံုးပို့ေပးလာသည့္ မက္ေဆ့ခ်္မွာ ဤမွ်သာ ။ ေနာက္ထပ္ဘာမွ ပို့ေပးလာၿခင္းမရွိေတာ့ ။

ဤမက္ေဆ့ခ်္ကို ၿမင္လုိက္သည့္အခ်ိန္၊
ရီ၀မ္၀မ္၊ အနည္းငယ္ ဆြံ ့အသြားရ၏ ။

“ကိုယ္ ဒီနားမွာ အလုပ္ကိစၥနဲ့ ရွိေနတယ္။ ၿပီးတာနဲ့ မင္းကုိ လာၾကိဳလိုက္မယ္” - သူ စကားကို ဆံုးေအာင္ေလးေတာင္ မေၿပာတတ္ဘူးလား ။

ရီ၀မ္၀မ္၊ အခုခ်ိန္တြင္ စိတ္ဖတ္သင္တန္းပါ တက္ေနရသလုိ ခံစားမိေနရေလသည္ ။

အာ၊ ေမ့လုိက္ေတာ့၊ ေမ့လုိက္ေတာ့ - ခ်စ္သူေတြဆုိတာက ႏြဲ့ဆုိးဆိုးခ်င္ၾကတာပဲ ။

ရီ၀မ္၀မ္သည္ သူ့အား စိတ္ထဲကေန ဆူေငါက္လုိက္မိ ိေသာ္လည္း၊ သူ့အား စာၿပန္ေပးလုိက္သည္ကေတာ့ ။
[ဒါဆုိ အိမ္ကို အတူတူၿပန္ၾကမယ္ေလ]

[အင္း] တစ္စကၠန့္ပင္ ၾကာၿခင္းမရွိ။ စီရီဟန္၊ စာၿပန္လာ၏။

ထုိၿပန္စာကို ၿမင္လုိက္သည္နွင့္ ရီ၀မ္၀မ္၊ ခပ္အုပ္အုပ္ ရယ္ခ်မိသြားရာ ။

သူမနံေဘးက၊ ဟန္ရွန္းယြီ၊ အံ့ၿသမိသြားလ်က္ သူမအား ၾကည့္လာ၏ ။လူငယ္ေလး၏ၾကည္လဲ့ေနသည့္မ်က္၀န္းတုိ့မွာ သူ့ဖုန္းထက္မွ မခြာ ။ မေဖာ္ၿပစြမ္းသာသည့္ေႏြးေထြးမႈတုိ့ပင္ ရွိလုိ့ေနေလရကား ။

သူ…သူ့ေကာင္မေလးဆီ စာပုိ့ေနတာလား ။

တစ္ခ်ိန္တည္းမွာပင္၊ သန့္စင္ခန္းအ၀င္၀၌ ။

“ဒုန္း-----”

ထန္ရွင္းေဟ်ာ္၊ လစ္ေၿပးဖုိ့ရာ ၾကံထားခဲ့ပါ၏။ သု့ိေသာ္၊
အဆံုးသတ္တြင္ ကုန္ရႊီ၏ဖမ္းမိခံလုိက္ရသည္ပင္ ။
ကုန္ရႊီ၊ သူ့အား လမ္းပိတ္ထားၿပီး သူ့အေနာက္ကနံရံအား  လက္သီးနွင့္ထုိးပစ္လုိက္သည္မွာ ဒုန္းခနဲ ။

ထန္ရွင္းေဟ်ာ္၊ သူ၏အူတုိ့ပင္ စိမ္းၿပာသြားရေလာက္ေအာင္
ေနာင္တၾကီးစြာ ရမိသြားေတ့ာသည္ ။
“ဘုိးဘုိးေလးရာ၊ အာ၊ တကယ္ ဘာကိုလိုခ်င္ေနတာလဲ”

ကုန္ရႊီကား တိတ္ဆိတ္ေနၿမဲ ။ စိုက္ၾကည့္လုိ့သာ ေနေလရာ ။ ထန္ရွင္းေဟ်ာ္ ေၿခေထာက္တုိ့ စတင္ကာေပ်ာ့ေခြလာရ ေတာ့သည္ ။

ေသာက္က်ိဳးနဲ၊ ဒီေကာင္ င့ါကို ႏႈတ္ပိတ္ဖိ့ု ၾကံေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ ။

ေၾကာက္ဖုိ့ေကာင္းလုိက္တာ ။

ထန္ရွင္းေဟ်ာ္၊ အသက္ပင္ ရဲရဲရွဴရဲၿခင္း မရွိေတာ့သည့္ခ်ိန္…

ကုန္ရႊီ၊ သတိေပးၿခင္းမရွိဘဲ သူ့နား တုိးကပ္လာၿပီး
သ့ူအား နမ္းရိႈက္ပစ္လုိက္ရာ…

ငါ့ကို နမ္းတယ္…ငါ့ကို နမ္းလုိက္တယ္…

                     💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

Paid group ၀င္လိုသူမ်ား စာစဥ္တစ္ခုကို ၅၀၀ နဲ႔ ၀င္လို႔ရပါၿပီ

..........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   28
Chapter.          :  1 - 4
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၈၊ အခန်း ၁။  ဘယ်သူ့ကို ရွေးမှာလဲ

င့ါကို ယောကျာ်းလေးချစ်သူ ရွေးခိုင်းနေတာ…
သူ ဘာလုပ်ချင်နေတာလဲ။

ဤမေးခွန်းသည် ရီဝမ်ဝမ် လိုက်မမှီနိုင်သည့် လယ်ဗယ်အသစ်တစ်ခု ရောက်သွားပေပြီ ။

အတုန်လှုပ်သွားမိဆုံးသူကား လျိုချန်း - သူသည် လုံးဝအတိ မင်သက် သွားခြင်းပင် ။ ရီဝမ်ဝမ်၏ဘေးနားတွင်ထိုင်နေသည့် ဟန်ရှန်းယွီ၊ သူ့ဖန်ခွက်သည်လည်း လေထဲတွင်တန့်ရပ်သွား ရတော့သလို ကုန်ရွှီသည်လည်း မျက်တောင်ပင်မမခတ်တော့၊ ရီဝမ်ဝမ်ပေါ်တွင်သာ ကျောက်ချကာစိုက်ကြည့်နေတော့၏ ။

ထန်ရှင်းဟျော်၊ အယုတ်တမာသံဖြင့် လုပ်ရယ်ရယ်ချလာသည် ။ ထိုအသံမှာ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းဆန်သွားပါစေဟု ကျိတ်ဆုတောင်းနေသည့်နှယ်။
သူသည် အသံကို ဖိကာပြောလာသည်။
“အစ်ကို ရီ၊ ဒီနေ့ ဒီမှာ ရှိနေကြတဲ့သူထဲကပဲ တစ်ယောက်ယောက်ကို ရွေးရမှာနော်၊ ဟဲ ဟဲ”

လူတိုင်း၊ ဝါးခနဲ ပွဲကြသွားကြသလို၊ အထိန်းအကွပ်မရှိ၊ ပြောရဲဆိုရဲသည့် အိုင်ဒေါလေးတစ်ယောက်သည် ရီဝမ်ဝမ်အား ရွှတ်နောက်နောက်အကြည့်တစ်ချက် ပေးလာပြီး ။
“အစ်ကို ရီ၊ ကျွန်တော့်ကို ရွေး၊ ကျွန်တော့်ကို ရွေး”

“ဖယ်စမ်းပါ။ အစ်ကို ရီ က ငါ့လိုယောကျာ်းလေးမျိုးကိုမှ ပိုသဘောကျတာ”

….

ယောကျ်ားလေးတစ်သိုက်သည် ရီပိုင်အား အလုအယက်ဖြစ်နေကြသည်ကို မြင်လိုက်ကြသည့်ချိန် မိန်းကလေးတစ်သိုက်မှာ ဆက်ကြည့်မနေနိုင်တော့။

“သောက်ကျိုးနဲ ။ ရှင်တို့ယောကျာ်းလေးတွေ လုံးဝစည်းမရှိ တော့ဘူးလား။ ပြီးတော့လည်း ဘာလို့ ယောကျ်ားလေးတွေပဲ ဖြစ်ရမှာလဲ၊ ဟမ်”

“အေးလေဟာ။ ထန်ရှင်းဟျော်၊ နင် ဘာလုပ်ဖို့ကြိုးစားနေ တာလဲ”

“ဘာလို့ သူ့ချစ်သူဖြစ်ဖို့ကို ဒီအခန်းထဲက မိန်းကလေး တွေကိုကျ မရွေးခိုင်းရတာလဲ။ ဒါ မတရားဘူး”

မိန်းကလေးတွေသည် စတင်ကွန်ပလိန်းတက်လာကြချိန် ထန်ရှင်းဟျော်၊ အပြစ်ကင်းစင်သည့်မျက်နှာလေး ဆင်မြန်းထားပြီး ပုခုံးတွန့်ပြလာသည် ။

“မင်းတို့မိန်းကလေးတွေ ဒီမေးခွန်းမေးချင်တယ်ဆို နောက်မှပဲ မင်းတို့ကိုယ်တိုင် မေးကြည့်ကြပေါ့ ။
ဒါပေမယ့် ငါ မင်းတို့အားလုံးကို သတိပေးထားမယ်။
ငါတို့ အစ်ကို ရီ မှာ ကောင်မလေးရှိနေပြီးသား။
ဒီတော့ ဘာစိတ်မှကူးမနေကြနဲ့”

ထန်ရှင်းဟျော် ပြောသည်ကို ကြားလိုက်သည်နှင့်၊
မိန်းကလေးတစ်သိုက်၊ ရင်နာစွာ ပြောဆိုလာကြတော့သည် ။

ဘာ ။ အစ်ကို ရီ မှာ ကောင်မလေးရှိနေပြီးသားလား ။

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် အဓိကကိစ္စကိုပဲ ပြန်သွားကြရအောင်။ အစ်ကို ရီ၊ ကျွန်တော့်ရဲ့မေးခွန်းကို ဖြေပေးရဦးမယ်နော် ။ မြန်မြန်လေး၊ တစ်ယောက်ယောက်ကို ရွေးလိုက်၊ တစ်ယောက်ယောက်ကို ရွေး”  စိတ်ထက်သန်စွာဖြင့် ထန်ရှင်းဟျော်၊ လောဆော်လိုက်သည် နှင့် ။

မျက်လုံးပေါင်းများစွာသည် သူမပေါ်တွင် ကျရောက်လာသည် ်မို့ ရီဝမ်ဝမ်၊ ကူကယ်ရာမဲ့သွားရတော့ပြီး တည့်တိုးပြန်ပြော လိုက်၏ ။
“ငါ ယောကျာ်းလေးချင်း မကြိုက်ဘူး”

ထန်ရှင်းဟျော်၊ ရယ်ချလာသည် ။
“ကျွန်တော် သိပါတယ်ဗျာ၊ ကျွန်တော် သိပါတယ်။ အဲ့ဒါကြောင့်လည်း ‘တကယ်လို့ဆိုရင်’ လို့ ပြောခဲ့တာပေါ့။ မေးခွန်းကို မဖြေဘူးဆိုရင် အပြစ်ဒဏ်အနေနဲ့ သုံးခွက်သောက်ရမယ်နော် ဟဲ ဟဲ”

ထန်ရှန်းဟျော် ဒီနေ့ ဘာဖြစ်နေတာလဲ ။

ရီဝမ်ဝမ်၊ ခေါင်းကိုက်လာရတော့ပြီး သူမ၏နားထင်အား လက်နှင့်နှိပ်နေမိချေ၏ ။ သူမ၊ အခန်းကို ဖြန့်ကျက်ကြည့့််လိုက်ပြီး သင့်တော်မည့်သူတစ်ယောက်ယောက်ကို ရှာဖို့ကြိုးစားလိုက်၏။

ထန်ရှင်းဟျော်သည် စနောက်နေတာဆိုသော်ငြား ဒါသည် အထိမခံနိုင်သည့်အကြောင်းအရာတစ်ခု ဖြစ်လေသည် ။ မန်နေဂျာတစ်ယောက်အနေနှင့် သူမ မရင်းနှီးသည့်သူကို ခေါင်းခေါက်ရွေးုလိုက်လို့မရ။ လုပ်လိုက်မိပါက ကို့ယို့ကားယားဖြစ်ကုန်တော့မည်မှာ အသေချာ ။

ဒီလူတွေအားလုံးသည် သူမနှင့် ရင်းနှီးနေသူများ မှန်သော် လည်း…ရွေးချယ်စရာတို့မှာ အကန့်အသတ်ရှိနေသည် -
သူမနှင့် တပူးတွဲတွဲရှိနေသူများကလွဲလျှင် တခြားသူများ အကြောင်းကို သူမ တကယ်မသိနေ ။

လျိုချန်း၊ ကုန်ရွှီ၊ ဟန်ရှန်းယွီတို့သာလျှင်…တခြားသူများထက် ပိုတရင်းတနှီးနိုင်သူများ ဖြစ်ကြလေရာ ။

လျိုချန်းလား ။

သူ့ကိုဖြင့် ရီဝမ်ဝမ်၊ စိတ်ကူးထဲပင် ထည့်လို့မဖြစ်သည်မို့၊
ချက်ချင်း ပယ်ပစ်လိုက်၏ ။

လျိုချန်း၊ ရီဝမ်ဝမ်၏အကြည့်တို့သည် သူဆီကနေ အရမ်းမြန်မြန်ဖြင့် ကျော်သွားသည်ကို လှစ်ခနဲမြင်လိုက် ်သည်နှင့်၊ သူ၏ပုခုံးနှစ်ဖက်မှာ ပြေလျော့သွားရသည် ။ သိ့ုသော်၊ ရီဝမ်ဝမ်အား မကြည့်ဘဲမနေနိုင်။

ရီဝမ်ဝမ်သည် ဆက်ကာသုံးသပ်လို့နေသည် ။

ငါ လျိုချန်းကို မရွေးဘူးဆိုရင် ကုန်ရွှီဆိုရင်ရော ။

ဒီကောင်က လုံးဝကို ကိုယ်ကျင့်တရား၊ စည်းမျဉ်းစည်းကမ်း ရှိနေတာမဟုတ်တော့၊ အဆင်ပြေလောက်မှာပါ…

ဒီအခိုက်၊ လူတိုင်းသည် ရီဝမ်ဝမ်၏ရွေးချယ်မှုကို အာရုံစွင့်နေကြလေပြီ။

ကုန်ရွှီ၊ ရီဝမ်ဝမ်၏မျက်လုံးတု့ိ သူ့အပေါ် ရောက်လာသည်ကို သတိပြုမိသွားသည်နှင့် သူ၏တစ်ကိုယ်လုံး တောင့်သွား တော့၏။ သူ၏ရင်ခုန်သံတို့မှာ မြန်သထက်မြန်မြန်လာနေပြီး စိတ်မပါလက်မပါ နောက်ကျောကို မတ်လိုက်၏။

သူမ၏အကြည့်တို့ ကျရောက်လာသည့်နေရာတိုင်း
သူ့အပူချိန်တို့မှာ တရှိန်းဖိန်းဖိန်းဖြင့် မြင့်တက်လို့လာချေပြီ ။ သူ၏တစ်ကိုယ်လုံး ခံစားနေမိသည်မှာ
ရေနွေးပူထဲ ထည့်ပြုတ်ခံနေရသလိုလို…

အား အား အား ။

အစ်ကို ရီ ငါ့ကို ရွေးတော့မလို့လား ။

မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး ။

                         💖💖💖💖💖💖💖
Paid group ဝင်လိုသူများ စာစဉ်တစ်ခုကို ၅၀၀ နဲ့ ဝင်လို့ရပါပြီ

စာစဉ် ၂၈၊ အခန်း ၂။ အရမ်းကို ဂုဏ်ယူမိပါတယ်

မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး ။
ငါက ယောက်ျားစစ်စစ်ကြီး ၊ အာ ။

အစ်ကို ရီ က ငါ့ကို တကယ်ကြီး ရွေးလိုက်မယ်ဆိုရင်
ငါ ဘယ်လိုပြန်ပြောရမလဲ ။

ကုန်ရွှီသည် စိတ်တို့အကြီးအကျယ် လွန်ဆွဲလို့နေလေ သည်…

အခန်းထဲက ဖူဂျိုရှီတစ်ချို့သည်လည်း သွေးဆူလာကြတော့ပြီး သံစုံထွက်လာကြ၏ ။

“အား အား အား ။ အစ်ကို ရီ ဘယ်သူ့ကိုများ ရွေးမှာပါလိမ့်။
အိုး မိုင် ဂေါ့ ။ ဒါ အရမ်း စိတ်ဝင်စားဖို့ကောင်းလိုက်တာ”

“ငါတော့ လျိုချန်းကို မဲပေးတယ် ။
လျိုချန်းက အစ်ကို ရီ ပထမဆုံး ခေါ်ထားခဲ့တဲ့ သရုပ်ဆောင်ပဲ - သူတို့တွေက နတ်ဖတ်တဲ့စုံတွဲပဲ ။
သူတို့နှစ်ယောက်က လိုက်ဖက်ညီလွန်းတယ်”

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ နင် အရမ်းအတွေး လွန်နေတာ။ ကုန်ရွှီ နဲ့ အစ်ကို ရီ ကမှ ပိုပြီးလိုက်ဖက်တာ၊ ဟုတ်ပီလား။ ကုန်ရွှီက အစ်ကို ရီ အရှေ့ဆို မခုတ်တတ်တဲ့ ကြောင်လေးအတိုင်းပဲ ကုတ်ကုတ်လေးဖြစ်သွားရော။ အရမ်းကို ချစ်ဖို့ကောင်းလိုက်တာ”

“အာ၊ မဟုတ်တာဟာ။ နင်တို့မိန်းကလေးတွေက ဒီမှာ အသစ်တွေလား။ အခုအခြေအနေကို မသိကြဘူးလား။ ‘ဦးသူ စား’ စနစ်ကို နားလည်လား ။ ဟန်ရှန်းယွီကမှ အစ်ကို ရီ နဲ့ ပထမဆုံး ရင်းနှီးလာခဲ့တဲ့သူဟ ။ သံသယဖြစ်စရာကို မရှိဘူး။ သူတို့နှစ်ယောက်ကမှ လုံးဝလိုက်ဖက်တာ၊ ဟုတ်ပီလား။ ဟန်ရှန်းယွီကလွဲရင် ငါ့ရဲ့အစ်ကို ရီ ကို
ငါ ဘယ်သူနဲ့မှ မပေးစားနိုင်ဘူး”

“အာ၊ နင်တို့ိတစ်ယောက်မှ အစ်ကို ရီ နဲ့ ထန်ရှင်းဟျော်ကို မဲမပေးကြဘူးလား”

…..

လူတော်တော်များများသည် သူမနှင့်ပတ်သက်ပြီး တီးတိုးခန့်မှန်းနေကြသည်ကို ရီဝမ်ဝမ်၊ မသိနေ ။
သေသေချာချာ လေးလေးနက်နက်စဉ်းစားကြည့်ပြီးသည့်နောက်၊ ကုန်ရွှီကိုလည်း ပယ်ချဖို့ ဆုံးဖြတ်လိုက်၏ ။

ထားလိုက်တော့…

ကုန်ရွှီနှင့်လျိုချန်းတို့နှစ်ယောက်စလုံးသည် သူမတောင်ပံအောက်မှ သရုပ်ဆောင်များသာ - သူမ၏ကိုယ်ပိုင်သရုပ်ဆောင်တွေနဲ့ အရှုပ်ဇယား မဖန်တီးသည်သာ ပိုကောင်းပေလိမ့်မည်မဟုတ်လား ။

ထို့ကြောင့်၊ ရွေးချယ်စရာတစ်ယောက်သာ ကျန်တော့သည် -- ဟန် ရှန်း ယွီ။

ဒါ့အပြင် ဟန်ရှန်းယွီကို ရွေးချယ်လိုက်ခြင်းက အန္တရာယ်အကင်းဆုံးရွေးချယ်မှု ဖြစ်ပေသည် ။

ရီဝမ်ဝမ်၊ ထပ်ခါထပ်ခါ တွေးသည်၊ ထပ်တလဲလဲ စဉ်းစား သည်။ နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်ကား  ။ လူတိုင်း၏စိတ်အားထက်သန်နေသည့် အကြည့်အောက်တွင်
သူမ ပြောလိုက်၏ ။ “ဟန် ရှန်း ယွီ”

သီးသန့်ခန်းထဲတွင် တစ်စက္ကန့်လောက် လုံးဝတိတ်ကျသွား တော့ပြီး နောက် လူတိုင်း ဝါးခနဲအော်ဟစ်လာကြသည် ။ “ဝိုးးးး” ။
အထူးသဖြင့်တော့ ဖူဂျိုရှီတချို့ဆီကပင် ဖြစ်၏။

“အား အား အား အား ။ ငါ သိနေတယ်၊ သိနေတယ် ။
င့ါရဲ့အစ်ကို ရီ က သေတဲ့အထိ သစ္စာရှိသွားမဲ့သူပါဆို -
သူက တခြားသူတွေကြောင့်နဲ့ စိတ်ယိုင်သွားမှာမဟုတ်ဘူး”

“ပိုင်-ယွီ စုံတွဲက ဘယ်သူဖျက်ဖျက်ပျက်မှာမဟုတ်ဘူး”

“အာ၊ ဘာလို့ ဟန်ရှန်းယွီ လဲ။ သူတို့က တော်တော်ကြီး လိုက်ဖက်တယ် ဆိုပေမယ့်လဲဟာ…”

….

အခန်းထဲတွင် အပျော်သဘောဖြင့် ကြည့်နေကြသည့်သူတွေ ွလိုပင်၊ ရီပိုင်၏အဖြေကို ကြားလိုက်သည့်အချိန် ဟန်ရှန်းယွီ ၊ အနည်းငယ် အံ့သြသွားမိရ၏ ။

ဝိုင်ခွက်ကို ကိုင်ထားသည့်သူ့လက်မှာ တန့်ခနဲရပ်သွားပြီး
သူ့မျက်ဝန်းထဲကနွေးထွေးမှုတို့မှာ မသိမသာလူးလွန့်လာ သည် ။

ရီပိုင်သည် ဘာကြောင့် သူ့အား ရွေးချယ်ရသလဲဆိုသည်ကို
အကြမ်းဖျင်းမှန်းမိသော်လည်း သူ့ရဲ့အဖြေကို ကြားလိုက်ရချိန်တွင် သူနဲ့ရင်းနှီးမှုအဆင့်မှာ နောက်တစ်ဆင့်ထိရောက်သွားပြီဟု ခံစားမိသွားရ၏…

လျိုချန်းသည်ကား လက်သီးကို ကျစ်ကျစ်ဆုပ်လျက် ခေါင်းငိုက်စိုက်ကျသွားချေသည် ။

အစ်ကို ရီ အရင်းနှီးဆုံးသူက ဟန်ရှန်းယွီ ဖြစ်နေတုန်း ပဲလား။ ဒါပေမယ့်လဲ ဒါက မျှော်လင့်ထားပြီးသားပါလေ ။

အစ်ကို ရီ နဲ့ ဟန်ရှန်းယွီက ဘယ်လောက်ထိရင်းနှီးတယ် ်ဆိုတာ လူတိုင်းလည်း သိနေကြတာပဲ - သူတို့နှစ်ယောက် ရဲ့ဆက်ဆံရေးက တခြားသူတွေနဲ့ ဘယ်ယှဉ်လို့ရပါ့မလဲ ။

ထန်ရှင်းဟျော်၊ သနားကရုဏာသက်စွာဖြင့်
ကုန်ရွှီအား တစ်ချက်ကြည့်လိုက်ပါ၏ ။

ဒီကောင်က ဒေါသမထွက်သွားဘဲနဲ့ အရိပ်ထဲမှာပဲ
သူ့မျက်နှာသူကွယ်ပြီး တိတ်တိတ်လေးထိုင်နေပါလား။
သူ့စိတ်ထဲမှာ ဘာရှိနေလဲ ငါ သိချင်လိုက်တာ…

“အဟားဟားဟား၊ အစ်ကို ယွီ၊ အစ်ကို ရီ က
အစ်ကို နဲ့တွဲချင်တယ် ဆိုရင် ဘယ်လိုသဘောရလဲ” ထန်ရှင်းဟျော် စနောက်လိုက်လျှင် ။

ဟန်ရှန်းယွီသည် သူ့နံဘေးက လူငယ်လေးအား တစ်ချက်ကြည့်လိုက်၏။ သူ့မျက်မှောင်တို့ ကြုတ်သွားကာ တည်တည်ငြိမ်ငြိမ် ဖြေလိုက်သည်ကား။
“အရမ်းကို ဂုဏ်ယူမိတာပေါ့ဗျာ”

“ဝိုး ဝိုး ဝိုး ----” အားပေးဟစ်ကြွေးသံတို့ အခန်းထဲ နောက်ထပ်တစ်ဖန် ညံသွားပြန်သည် ။

ရီဝမ်ဝမ်နှင့်ဟန်ရှန်းယွီတို့သည် အရမ်းကို ရင်းနှီးကြသလို နှစ်ယောက်သားသည် အလွန်တရာလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်ကြသည်မို့ လူတိုင်းသည် စနောက်ရုံသာရှိကြပြီး များများစားစားတွေးတောကြခြင်း မရှိကြ ။

သို့သော်လည်း၊ တွေးနေကြသည့်သူတစ်ချို့တော့ ရှိနေလေသည်….

ဒီအခိုက်၊ ထောင့်တစ်ထောင့်တွင်၊
ကုန်ရွှီသည် ချွေးအေးတို့ ပြိုက်ကျနေလျက်၊
သူ့ရင်ဘတ်ကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်ထားရင်း ။

သောက်ကျိုးနဲ…

တကယ်ပဲ…ဘာတွေဖြစ်နေတာလဲ…

ဒါက ဂိမ်းတစ်ခုပဲဟာ…

ရီပိုင် ငါ့ဆီကနေ အကြည့်လွှဲသွားတဲ့အချိန်…

ရီပိုင်ရဲ့မျက်လုံးတွေက ဟန်ရှန်းယွီပေါ် ရောက်သွားပြီး သူ့ရဲ့နှုတ်ဖျားကနေ ဟန်ရှန်းယွီရဲ့နာမည် ထွက်ကျလာတဲ့ချိန်…
ငါ ဘာလို့ င့ါရင်ဘတ်ကြီးထဲ ဒီလောက်နာနေရတာလဲ…။

                         💖💖💖💖💖💖💖

Paid group ဝင်လိုသူများ စာစဉ်တစ်ခုကို ၅၀၀ နဲ့ ဝင်လို့ရပါပြီ

စာစဉ် ၂၈၊ အခန်း ၃။  သေတဲ့ထိ ကစားခြင်း

ကုန်ရွှီ၏ရင်ဘတ်ထဲမှာ အသက်မရှူနိုင်လောက်အောင်
မွန်းကြပ်နာကျင်ခြင်း များစွာဖြင့်…

သူ့ရဲ့သွေးတို့ပင် ပွက်ပွက်ဆူလာတော့မည့်အလား တလှိမ့်လှိမ့်တက်လာသည့် ဒေါသတု့ိကို ခံစားနေမိရင်း
ထိန်းချုပ်နိုင်စွမ်းတို့ လွတ်ထွက်လုနီးလာနေပြီ…

ထိုလိုချင်နေသည့် ခံစားချက်…

ကုန်ရွှီ၊ မည်းပုတ်နေသည့်အမူအရာဖြင့် တိတ်တိတ်လေး ကျိန်ဆဲလိုက်ရင်း ဓားပေါင်းမြောက်များစွာဖြင့် ထိုးသတ်တော့မည့်မျက်ဝန်းများနှင့်
ထန်ရှန်းဟျော် ရှိရာဘက် ကြည့်လိုက်ရာ ။

ထန်ရှင်းဟျော်၊ ဟိုးအရိုးတွင်းထဲကနေ အေးစိမ့်စိမ့်ဖြစ်သွား သည်မို့ မသိစိတ်ဖြင့် သူ့ခေါင်းကို ငုံ့ပစ်လိုက်မိသည်တည့် ။

အမှန်ပြောမလား၊ လုပ်ရဲလား ဂိမ်းသည်ကား ဆက်ဆော့နေကြဆဲ ။

ကုန်ရွှီ၊ မျက်နှာထက် ဘာအမူအရာမှမရှိနေဘဲ ကတ်တစ်ကတ်ကို ဆွဲထုတ်လိုက်ရာ ။

ဘုရင် ။

ကုန်ရွှီ၊ ထန်ရှင်းဟျော်အား စိုက်ကြည့်လိုက်ချေပြီ ။
“အမှန်ပြောမလား၊ လုပ်ရဲလား”

ထန်ရှင်းဟျော်၊ ကုန်ရွှီ၏စူးစိုက်ကြည့်နေမှုကြောင့် အနည်းငယ် ကျောချမ်းသွားမိပြီး ။
“လုပ်ရဲတယ်….။ မဟုတ် မဟုတ်ဘူး မဟုတ်ဘူး၊ အမှန်ပြောမယ်”

ကုန်ရွှီနဲ့ ကစားရချိန်တွင် သူ “လုပ်ရဲတယ်” ကို မရွေးချယ်ရဲပါ ။

“အမှန်ပြောမယ်လား၊ ဟမ့်”
သွားတက်လေးတစ်ဝက်လောက် လှစ်ဟပြလာသည့် ကုန်ရွှီ ။ နှုတ်ခမ်းတို့ တွန့်ကွေးသွားပြီး မထူးခြားနားစွာ ခြိမ်းခြောက်သည့်ပုံစံဖြင့် ကြည့်လာပြီး ပြောလာသည် ။
“ရတယ်လေ။ င့ါရဲ့မေးခွန်းက - တကယ်လို့ မင်းရဲ့ကောင်မလေးနဲ့ မင်းရဲ့အချစ်ဆုံးသူငယ်ချင်းကြီး ငါ၊ ငါတိ့ုနှစ်ယောက်က ငါတို့ရဲ့ဝိဉာဉ်တွေ လွဲနေကြတယ်။ ငါတို့ဝိဉာဉ်တွေ နဂိုအတိုင်းပြန်ရောက်သွားအောင်လို့ ငါတို့ထဲက တစ်ယောက်ကို မင်း ဓားနဲ့ထိုးရမယ်ဆို
မင်း ဘယ်သူ့ကို ဓားနဲ့ထိုးမလဲ”

ထန်ရှင်းဟျော် ကြောင်အသွားရတော့ပြီ။
တခနကြာပြီးနောက်၊ ချက်ချင်း ကျိန်ဆဲပစ်လိုက်၏ ။
“…လခွီးတဲ့မှ”

ဒီမေးခွန်းကြီးက ငါ့အသက်ပါသွားနိုင်တယ်၊ ဟုတ်ပီလား ။

ငါ သေတာကမှ ပိုကောင်းဦးမယ် ။

“ဟားဟားဟားဟားဟား…ဒီမေးခွန်းကတော့ ။
ကုန်ရွှီ၊ မင်း အရမ်းနောက်တတ်တာပဲ”

“တကယ့်ကို အစ်ကို ရွှီ ရဲ့မေးခွန်းတွေက အမြဲသတ်တယ်”

“အစ်ကို ရှင်း တော့ ရူးသွားလောက်ပြီ”

….

သူတို့ အစောပိုင်းက ဂိမ်းကစားကြချိန်တွင် ကုန်ရွှီသည် ပြုံးပြုံးပြုံးပြုံး သကြားလုံးစားနေခဲ့ခြင်းပင် ။ လူသတ်လိုသည့်အငွေ့အသက်တို့ ရှိမနေ ။ သိ့ုသော်၊ ယခုတော့ သူ ရုတ်တရက်ကြီး ပေါက်ကွဲထွက်နေလေပြီ ။

ကုန်ရွှီသည် အမှန်ပြောမလား၊ လုပ်ရဲလား ကစားရာတွင် ဆရာတစ်ဆူ ဖြစ်ကြောင်းကို တစ်ယောက်သောသူကတော့ သိထားပါ၏ - သူသည် ထိုတစ်ယောက်သောသူအား ညစ်လိုပါက ထိုသူမှာ မသေမချင်း ကစားခံရတော့မည်သာ ။

ဤမိခင်၏ဒေါသတို့အပေါ် နောင်တရနေသလိုလို ကြည့်လာပါသည့် ထန်ရှင်းဟျော် ။
“ကုန်ရွှီ…မင်း နိုင်တယ် ။ ငါ သောက်မယ်”

ဒီလိုနဲ့၊ သူ ထိုင်ချလိုက်ပြီး အပြစ်ဒဏ်အဖြစ် ဖန်ခွက်ကြီးသုံးခွက်ကို သောက်လိုက်ရ၏ ။

ကုန်ရွှီသည်ကား ပေါ့ပေါ့ပါးစွာသာ ထိုင်နေရာမှမပျက်၊
သူ ပြောလာသည် ။ “ကောင်းပြီ၊ ဆက်ကစားမယ်”

ထန်ရှင်းဟျော်၊ တံတွေးသီးသွားမိပြီး မကောင်းသည့်ခံစားချက်တို့ ရနေလေပြီ…

သူ၏ခံစားချက်တို့ မှန်ခဲ့ပါ၏ ။

ကုန်ရွှီ၊ နောက်ထပ်တစ်ခါ ဘုရင် ရသွားပြီး
သူ့အား ရွေးလိုက်ပြန်သည် ။

ကုန်ရွှီ ။ “အမှန်ပြောမလား၊ လုပ်ရဲလား”

ထန်ရှင်းဟျော်၏မျက်လုံးတို့ကား ရီဝေနေချေပြီ ။
“အမှန်ပြောမယ်” ကို ရွေးခြင်းက အန္တရာယ်များသော်လည်း
“လုပ်ရဲတယ်” ကို ရွေးချယ်ခြင်းက ပိုလ့ို့ဆိုးဝါးပေလိမ့်မည် ။

“အမှန်ပြောမယ်”
ထန်ရှင်းဟျော်၊ အံကြိတ်ကာ ပြောလိုက်သည်နှင့်။

ကုန်ရွှီ၊ ခေါင်းတညိတ်ညိတ်လုပ်ကာ မေးလာသည် ။
“မင်းရဲ့ချစ်သူနဲ့ မင်းရဲ့အချစ်ဆုံးသူငယ်ချင်းက သူတု့ိရဲ့ဝိဉာဉ်တွေ လွဲနေကြတယ်…”

“ဘာလို့ဒီမေးခွန်းကြီးပဲလဲကွ”
ထန်ရှင်းဟျော်၊ ပေါက်ကွဲသွားချေပြီ ။

“ဒီလောက်ဒေါသမထွက်စမ်းပါနဲ့”
ကုန်ရွှီ၊ သူ့အား စွေစောင်းကြည့်လာပြီး ဆက်ပြောလိုက်သည် ။“မင်းရဲ့ကောင်မလေးနဲ့ မင်းရဲ့အချစ်ဆုံးသူငယ်ချင်းက ဝိဉာဉ် တွေ လွဲနေကြတယ်။ သူတို့နှစ်ယောက်ထဲကတစ်ယောက်နဲ့
မင်း ဟိုဒင်းလုပ်ရမယ်ဆိုရင် - မင်း ဘယ်သူ့ကို ရွေးမလဲ”

ထန်ရှင်းဟျော် ။ “ကုန် ရှောင် ရွှီ ။ မင်း သေချင်လို့”

“အာ…” သွားတက်ရေးရေးလေး ထွက်အောင် ပြုံးတုံ့တုံ့လုပ်လာသည့် ကုန်ရွှီပင် ။

“မင်း ဘာလို့ မေးခွန်းတွေပဲ သတ်နေရတာလဲကွာ”
မေးခွန်းများကြောင့် ထန်ရှင်းဟျော်၊ ငိုချမိတော့မတတ်
ဖြစ်နေမိလေပြီ ။

ထန်ရှင်းဟျော်၊ ရွေးချယ်စရာ မရှိတော့ ။
ဒီမေးခွန်းကို သူ တကယ် မဖြေနိုင်သည်မို့ နောက်ထပ်သုံးခွက် ထပ်သောက်လိုက်ရ၏  ။
ခြောက်ခွက်လုံးလုံး သောက်ပြီးသွားသည့်နောက်
သူ့မှာ အန်ချမိလုနီးနီးပင် ။

ဂိမ်းသည် ဆက်သွားနေ၏။
ဘုရင်ကိုမူ ကုန်ရွှီ ထပ်ရပြန်သည် ။

လူတိုင်း၊ မသိလိုက်မိဘဲ ထန်ရှင်းဟျော်ဘက် လှည့်ကြည့်မိကုန်ကြသည် ။ အကြောင်းရင်းကို သူတို့ မသိကြပါသော်လည်း သူတို့နှစ်ယောက်ကြားတွင် မကျေလည်မှုနည်းနည်းရှိနေသည်ကိုတော့ အားလုံး ပြောနိုင်ကြပေသည် ။ ကုန်ရွှီကား ထန်ရှင်းဟျော်ကို ဒီလောက်လွယ်လွယ်လေးနှင့် လွှတ်ပေးတော့မည်မဟုတ် ။

ထန်ရှင်းဟျော် နောင်ကတရစွာ ငိုချမိတော့သည် - ဒီလိုဖြစ်လာမယ်မှန်း ငါ ကြိုသိထားလို့ရှိရင် သေမင်းကြီးကို စိန်ခေါ်ပြီးတော့ ပြသနာရှာခဲ့မှာ မဟုတ်ပါဘူးကွာ ။

ဒါပေမယ့် ဘဒိုရာ။ တစ်ယောက်သောသူက
မင်းနဲ့ မတွဲချင်တာ ငါနဲ့ ဘာမှမဆိုင်ဘူးလေ ။

မင်း တစ်ယောက်ယောက်ပေါ် ဒေါသပုံချပစ်တယ်ဆိုရင်
အဲ့ဒါက ငါတော့ မဖြစ်သင့်ဘူးလေ၊ ဟုတ်တယ်မလား ။

                       💖💖💖💖💖💖💖💖

စာစဉ် ၂၈၊ အခန်း ၄။ အရိုက်ခံဖို့ လိုနေရုံ

“အမှန်ပြောမလား၊ လုပ်ရဲလား” ကုန်ရွှီ၏စကားသံတို့မှာ မကောင်းဆိုးဝါးမိစ္ဆာကြီး တေးသီနေသယောင်ယောင် ။

ထန်ရှင်းဟျော်၊ နာကျင်ပက်လက်ဖြစ်သွားရတော့ပြီး အကြောက်ကြောက်အကန်ကန် ပြောလာတော့၏ ။
“အစ်ကိုကြီး၊ အစ်ကို ရွှီ၊ သခင်လေး ကုန်၊ ဒီအခွင့်အရေးကိုယူပြီးတော့ အစ်ကို ရီ ကို မေးလိုက်ပါလား။ ဟုတ်သားပဲ ၊ အစ်ကို ရီ ကို တစ်ခုခု သွားမေးလိုက်နော် - အဲ့ဒါ ပိုမကောင်းဘူးလား။ မင်းရဲ့အခွင့်အရေးတွေကို ငါ့ဆီမှာ ဘာလို့အကုန်ခံနေမှာလဲ၊ အမ်”

ဒါကို ကြားလိုက်သည်နှင့် ကုန်ရွှီ၊ တန့်သွားရတော့၏ ။
ဒီနောက်၊ ရီဝမ်ဝမ်ဘက်သို့ လှည့်လိုက်ပြီး ။

ထန်ရှင်းဟျော်ပြောတာ မှန်တယ် - အမှန်ပြောမလား၊ လုပ်ရဲလား က တကယ့် အခွင့်အရေးကောင်းတစ်ခုပဲ ။

ငါ သကြားလုံးလေးအကြောင်း သတင်းနှိုက်ယူလို့ရတာပဲ….

ငါ အစောကတည်းက ဒါကို စဉ်းစားမိသင့်တာ ။

အခုတော့၊ ငါ  ဘာတွေလုပ်နေမိပါလိမ့် ။

“အမှန်ပြောမလား၊ လုပ်ရဲလား”
ကုန်ရွှီ၊ ထပ်ကာပြောလာပြန်သည်။ သူ၏အမူအရာသည်ကား ပိုလို့ပင်လူယုတ်မာဆန် ဆန်လာ၏ ။

ကုန်ရွှီသည် ဒီလောက်ထိကြောက်စရာကောင်းသည်မျိုးကို
ထန်ရှင်းဟျော်၊ အရင်က တစ်ခါမှ မြင်ဖူးခြင်းမရှိခဲ့ ။
သူ၊ တံတွေးတို့ မြိုချလိုက်ကာ ရီဝမ်ဝမ်ဆီ ပြေးသွားလိုက်ပြီး ။ “အစ်ကို ရီ၊ ကျွန်တော့်ကို ကယ်ပါ”

ထန်ရှင်းဟျော်၊ ခြေတစ်လှမ်းလှမ်းလိုက်မိရုံရှိသေး၊
ကုန်ရွှီသည် သူ၏လည်ကုတ်ကနေ ဖမ်းဆွဲပစ်လိုက်ရာ ။

သူ ထွက်ပြေးဖို့ ကြိုးစားနေတုန်းပဲ၊ ဟမ့် ။

“အား အား အား…လွှတ် လွှတ် လွှတ်”
ထန်ရှင်းဟျော်၊ အသက်ရှူရပ်တော့မတတ်ပင် ဖြစ်နေရလေပြီ ။

ရီဝမ်ဝမ်၊ ထန်ရှင်းဟျော်အား ဖြူဖတ်ဖြူရော်ဖြစ်နေသည်ထိ
ကမူးရူးထူးနှိပ်စက်လို့နေသည့် ကုန်ရွှီကို ကြည့်လိုက်၏ ။
သူမ ကူကယ်ရာမဲ့စွာ နားထင်တို့ကို ဖိနှိပ်လိုက်ရင်း မတ်တပ်ရပ်လိုက်ပြီး ကုန်ရွှီအား လက်ထောက်ဝတ်ကို ဆွဲဖမ်းလိုက်တော့၏။
“ဟုတ်ပါပြီ။ အခုကော ဘာတွေဖြစ်နေတာလဲ”

ရီဝမ်ဝမ်၏ဖြူသွယ်ပြီး နူးညံ့သည့်လက်ချောင်းတို့
သူ့လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်သည့်တဒင်္ဂ ၊
ကုန်ရွီှ၊ တောင့်သွားတော့ပြီး သူ့ရဲ့လက် ကျွတ်ကျွတ်ပူသွားသည့်အလား ထန်ရှင်းဟျော်အား ချက်ချင်းပင် လွှတ်ပေးလိုက်တော့သည်တည့် ။

ဟူး ။ ငါ အသက်ရှင်သွားပြီ ။

ထန်ရှင်းဟျော်၊ ဒီအခွင့်အရေးကို ယူကာ မြန်မြန်ဆန်ဆန်ပင် ခါးကုန်းချလိုက်ပြီး မူးရစ်ရီဝေစွာဖြင့် ထွက်ပြေးသွားတော့၏ ။

“သူ မင်းကို ဘယ်လိုရန်စထားလို့လဲ”
ရီဝမ်ဝမ်၊ မေးလိုက်သည် ။

ကုန်ရွှီ၊ ခေါင်းငိုက်စိုက်ကျသွားတော့ပြီး စကားတစ်ခွန်းပြောဆိုလာခြင်း မရှိတော့ ။

ထိုလူငယ်၏အသက်ရှူငွေတို့နှင့် သူ့လက်ကောက်ဝတ်တွင် ဖမ်းကိုင်ထားသည့် အထိအတွေ့တို့ကြောင့် သူ့ရဲ့နှလုံးသားလေးမှာ ယိုင်နဲ့သွားပြီး သူ့ရဲ့စိတ်တို့မှာ အကြမ်းပတမ်း လှုပ်ခတ်နေရချေပြီ ။

“သူ အရိုက်ခံဖို့လိုနေရုံပါ”
ကုန်ရွှီ၊ ပြန်ဖြေလိုက်ပြီး၊ ချာကနဲလှည့်ကာ
သီးသန့်ခန်းထဲကနေ ထွက်သွားတော့သည် ။

ရီဝမ်ဝမ်၊ ကုန်ရွှီ ထွက်သွားတာကို ကြည့်နေမိရင်း
သံသယအကြည့်တစ်ချက် ပေါ်ထွက်လာသည် ။

ကုန်ရွှီ ကြည့်ရတာ သိပ်ပုံမှန်မဟုတ်ဘူး….

ရီဝမ်ဝမ်၊ အတွေးတို့ထဲ နစ်ဝင်နေစဉ်၊ သူမ၏ဖုန်း မြည်လာသည် ။ စီရီဟန်ဆီမှ မက်ဆေ့ချ် ဖြစ်၏ ။
[ပြီးပြီလား]

ရီဝမ်ဝမ်၏မျက်ဝန်းတို့ နူးညံ့လာတော့ပြီး စာပြန်ရိုက်လိုက်သည်  ။
[ခနနေရင်။ နောက်နာရီဝက်လောက်ဆို ပြီးပြီ]

[ကိုယ် ဒီနားမှာ အလုပ်ကိစ္စနဲ့ ရှိနေတယ်]

စီရီဟန်၊ နောက်ဆုံးပို့ပေးလာသည့် မက်ဆေ့ချ်မှာ ဤမျှသာ ။ နောက်ထပ်ဘာမှ ပို့ပေးလာခြင်းမရှိတော့ ။

ဤမက်ဆေ့ချ်ကို မြင်လိုက်သည့်အချိန်၊
ရီဝမ်ဝမ်၊ အနည်းငယ် ဆွံ့အသွားရ၏ ။

“ကိုယ် ဒီနားမှာ အလုပ်ကိစ္စနဲ့ ရှိနေတယ်။ ပြီးတာနဲ့ မင်းကို လာကြိုလိုက်မယ်” - သူ စကားကို ဆုံးအောင်လေးတောင် မပြောတတ်ဘူးလား ။

ရီဝမ်ဝမ်၊ အခုချိန်တွင် စိတ်ဖတ်သင်တန်းပါ တက်နေရသလို ခံစားမိနေရလေသည် ။

အာ၊ မေ့လိုက်တော့၊ မေ့လိုက်တော့ - ချစ်သူတွေဆိုတာက နွဲ့ဆိုးဆိုးချင်ကြတာပဲ ။

ရီဝမ်ဝမ်သည် သူ့အား စိတ်ထဲကနေ ဆူငေါက်လိုက်မိ ိသော်လည်း၊ သူ့အား စာပြန်ပေးလိုက်သည်ကတော့ ။
[ဒါဆို အိမ်ကို အတူတူပြန်ကြမယ်လေ]

[အင်း] တစ်စက္ကန့်ပင် ကြာခြင်းမရှိ။ စီရီဟန်၊ စာပြန်လာ၏။

ထိုပြန်စာကို မြင်လိုက်သည်နှင့် ရီဝမ်ဝမ်၊ ခပ်အုပ်အုပ် ရယ်ချမိသွားရာ ။

သူမနံဘေးက၊ ဟန်ရှန်းယွီ၊ အံ့သြမိသွားလျက် သူမအား ကြည့်လာ၏ ။လူငယ်လေး၏ကြည်လဲ့နေသည့်မျက်ဝန်းတို့မှာ သူ့ဖုန်းထက်မှ မခွာ ။ မဖော်ပြစွမ်းသာသည့်နွေးထွေးမှုတို့ပင် ရှိလို့နေလေရကား ။

သူ…သူ့ကောင်မလေးဆီ စာပို့နေတာလား ။

တစ်ချိန်တည်းမှာပင်၊ သန့်စင်ခန်းအဝင်ဝ၌ ။

“ဒုန်း-----”

ထန်ရှင်းဟျော်၊ လစ်ပြေးဖို့ရာ ကြံထားခဲ့ပါ၏။ သု့ိသော်၊
အဆုံးသတ်တွင် ကုန်ရွှီ၏ဖမ်းမိခံလိုက်ရသည်ပင် ။
ကုန်ရွှီ၊ သူ့အား လမ်းပိတ်ထားပြီး သူ့အနောက်ကနံရံအား  လက်သီးနှင့်ထိုးပစ်လိုက်သည်မှာ ဒုန်းခနဲ ။

ထန်ရှင်းဟျော်၊ သူ၏အူတို့ပင် စိမ်းပြာသွားရလောက်အောင်
နောင်တကြီးစွာ ရမိသွားတေ့ာသည် ။
“ဘိုးဘိုးလေးရာ၊ အာ၊ တကယ် ဘာကိုလိုချင်နေတာလဲ”

ကုန်ရွှီကား တိတ်ဆိတ်နေမြဲ ။ စိုက်ကြည့်လို့သာ နေလေရာ ။ ထန်ရှင်းဟျော် ခြေထောက်တို့ စတင်ကာပျော့ခွေလာရ တော့သည် ။

သောက်ကျိုးနဲ၊ ဒီကောင် င့ါကို နှုတ်ပိတ်ဖိ့ု ကြံနေတာတော့ မဟုတ်လောက်ပါဘူးနော် ။

ကြောက်ဖို့ကောင်းလိုက်တာ ။

ထန်ရှင်းဟျော်၊ အသက်ပင် ရဲရဲရှူရဲခြင်း မရှိတော့သည့်ချိန်…

ကုန်ရွှီ၊ သတိပေးခြင်းမရှိဘဲ သူ့နား တိုးကပ်လာပြီး
သ့ူအား နမ်းရှိုက်ပစ်လိုက်ရာ…

ငါ့ကို နမ်းတယ်…ငါ့ကို နမ်းလိုက်တယ်…

                     💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Paid group ဝင်လိုသူများ စာစဉ်တစ်ခုကို ၅၀၀ နဲ့ ဝင်လို့ရပါပြီ

Continue lendo

Você também vai gostar

1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
519K 34.1K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
2.1M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
326K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...