(Unicode)
အနောက်တောင်လေတွေက ပြင်းထန်စွာ တိုက်ခတ်နေကာ
ကောင်းကင်ပေါ်က လျှပ်စီးလျှပ်နွယ်တို့ကလည်း တလက်လက်တောက်ပနေသည် မိုးရေစက်တို့ကလည်း
သည်းထန်စွာ ရွာသွန်းနေပြီး လေပြင်းများ တစ်ချက်အဝှေ့၌
သစ်ကိုင်းများ သစ်ပင်များသည်လည်း လှုပ်ယမ်းနေကြ၏
အချိန်ကား မနက် ၁ နာရီခန့်
လမ်းမီးတိုင်ရောင် ပျပျလေး ထွန်းထားသော လမ်းမတစ်ခုအထက်၌ မိန်းမပျိူလေးတစ်ယောက်
ထိတ်လန့်တကြားနှင့် ထွက်ပြေးလာနေသည်
ခနွာကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်အပြည့်နှင့်
အကြာကြီး ပြေးလာခဲ့ရသည်အလား တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ မောဟိုက်နေသည်
"ကူညီကြပါ ကျေးဇူးပြုပြီး တစ်ယောက်ယောက်လောက် ကယ်တင်ပေးကြပါဦး "
အပ်ကျသံလေးမျှပင် မကြားရလောက်အောင် တိတ်ဆိတ်မှုအပေါင်း မင်းမူနေသော မြို့အလယ်တွင် သူမ၏ အသံက ဟိန်း၍ ထွက်ပေါ်နေသည်
မြို့တစ်ခုလုံးတွင်လည်း လူရိပ်လူယောင် မပြောနှင့် ခွေးတစ်ကောင် ကြောင်တစ်မြီးမျှပင် မရှိ!
သူမ ပြေးနေရင်းမှ ရုတ်တရက် ရပ်လိုက်ကာ မိုးမျှော်တိုက်တစ်ခု၏ အနောက်နံရံနားတွင် ဝင်ပုန်းနေလိုက်သည်
တိတ်ဆိတ်နေသော အမှောင်ထုထဲ၌ သူမ၏ နှလုံးခုန်သံကလည်း ကျယ်လောင်စွာ မြည်ဟီးနေ၏
တဖြေးဖြေးနဲ့ ခြေသံတွေက သူမအနား ပိုကျယ်လာသလို
ခံစားလာရသောကြောင့် ဘာကိုမှ ထပ်တွေးမနေဘဲ
မျက်လုံးကိုသာ စုံမှိတ်ထားလိုက်တော့သည်
ထို့နောက်........................................................
About 6 years ago ( လွန်ခဲ့သော ၆ နှစ်ခန့်က )
"Leon ! !!!!!!"
"Leon ! !!!! ထတော့လေ
မနက် ၇ နာရီထိုးနေပီ သား ကျောင်းသွားရဦးမယ်မလား"
"ဟုတ်ကဲ့ပါ အမေ ကျတော်နိုးနေပါပြီ
ခဏနေ ဆင်းလာခဲ့မယ် "
မနက်ခင်းတစ်ခုကတော့ အစပြုချေပြီ
leon တစ်ယောက် ကုတင်ပေါ်မှ ထကာ အိပ်ရာကို သိမ်းလိုက်သည် ထို့နောက် ပြတင်းပေါက်မှနေတစ်ဆင့်
နံနက်ခင်းရဲ့ အလှကို အကြောင်းမရှိ ငေးမော့ကြည့်နေမိကာ ရောက်တတ်ရာရာ လျှောက်တွေးနေမိသည်
"leon ! !!!! ဘာလုပ်နေတာလဲ
ဆင်းလာတော့လေ "
အမေဖြစ်သူ၏ စကားသံကြောင့် leon ၏ အတွေးစတို့
ရပ်တန့်သွားသည်
"ဟုတ်ကဲ့ အမေ အခု ဆင်းလာပါပြီ"
ဒါကတော့ ထူးထူးဆန်းဆန်း မဟုတ် leon အတွက်တော့
နေ့တိုင်းနီးပါး ကြားနေရတဲ့ သူ့အမေရဲ့ အိပ်ရာထဖို့
အော်နိုးသံပင် ဖြစ်သည်
မနက်စာ စားပီး ကျောင်းသွားဖို့ ပြင်ဆင်ကာ အိမ်ကနေ
စထွက်လာခဲ့သည်
Leon အတွက်တော့ ကျောင်းသွားတဲ့ လမ်းတစ်လျှောက်က အရာတွေကို ဟိုဟိုဒီဒီလျှောက်ငေးရတာလည်း ဝါသနာတစ်ခုပင်
ဒီလိုနဲ့ပဲ ဘာလိုလိုနဲ့ ကားမှတ်တိုင်ရောက်လာခဲ့ပြီး သူ့ရဲ့ အဆုံးမရှိတဲ့ အတွေးတွေထဲ နစ်မျောနေစဥ်မှာတင်
"ဟေး Nerd !!!!!!!!!!!"
Leon တစ်ယောက် ဘယ်သူခေါ်လိုက်မှန်း ချက်ချင်းသဘောပေါက်လိုက်သည်
"အို ဟေး Christoff မဂ်လာမနက်ခင်းပါ! ! "
"အင်း ဒါနဲ့ မနေ့က ဆရာမပေးလိုက်တဲ့ အိမ်စာတွေလုပ်ပီးပီလား "
"အင်း သေချာတာပေါ့ ငါက မင်းလိုမှ မဟုတ်တာ "
"Lol အင်းပါ nerd ကောင်ကများ "
(Nerd - informal way of saying stupid person)
"ဟေး ဟေး မင်း ငါ့ကို အဲ့လိုခေါ်နေတာ တော်သင့်ပီနော်
ငါ့ကို leon လို့ခေါ်ချင်ခေါ် ဒါမှမဟုတ် ငါ့နာမည်အရှည်ဖြစ်တဲ့ leonardo လို့ ခေါ်လို့လည်း ရတယ်
အဲ့တာကြီးတော့ ဆက်မခေါ်ပါနဲ့စမ်းကွာ "
" ဟား ဟား ဘာဖြစ်လို့လဲဟ အဲ့လိုခေါ်ရတာက ဒီလောက်ပျော်ဖို့ကောင်းတာကို "
" အေး အေး မင်းကတော့ ဆက်ပြောလည်း ရမှာ မဟုတ်ဘူး ခွေးကောင် "
"ဟော ကျောင်းကား လာပြီ သွားကြရအောင် နာ့ဒ် "
ထိုစဥ် မြို့၏ တခြားတစ်နေရာ၌
********************
Jake တစ်ယောက် စိတ်ပျက်အားငယ်စွာဖြင့် အိပ်ရာက
ထလိုက်သည်
နာရီကို ကြည့်လိုက်တော့ 7:30
"ဟူး စိတ်ပျက်စရာပဲ ဒီလောက် ကျောင်းသွားဖို့ အချိန်နီးနေတာတောင် ဘယ်သူမှ လာနှိုးမယ့်သူမရှိဘူး "
သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ကာ အိပ်ရာပေါ်မှ
အလျင်အမြန် ထလိုက်ပီး ရေချိူးခန်းထဲ ဝင်၍ ရေချိူးပြီးနောက် အဝတ်အစားများ လဲပြီး အောက်ထပ်သို့
ဆင်းလာခဲ့သည်
" သခင်လေး jake နိုးလာပါပြီလားရှင့် "
"အင်း"
ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေလိုက်ပြီး ထမင်းစားခန်းထဲသို့ ဝင်လိုက်ကာ မနက်စာစားရန် ကုလားထိုင်ပေါ်ထိုင်လိုက်ပြီး ဇွန်းနဲ့ ခက်ရင်းကို ကိုင်လိုက်သည်
နည်းနည်းတော့ အထီးကျန်နေသလိုဖြစ်နေပေမယ့်
သူ့အတွက်တော့ ဒီအရာတွေက ကျင့်သားရနေပါပြီ
မနက်စာကို စိတ်မပါလက်မပါ စားနေရင်းမှ ဘေးနားရှိ အိမ်ဖော်ကောင်မလေး ကို လှမ်းမေးလိုက်သည်
" အဖေတို့ သွားတာ ကြာပြီလား "
" ဟုတ်ကဲ့ သခင်လေး ဒီနေ့အစည်းဝေးရှိလို့ဆိုပြီး သခင်ကြီးက မနက်အစောကြီး ထွက်သွားပါတယ် "
" အော် "
အစည်းအဝေးရှိသည့်နေ့မှ မဟုတ် နေ့တိုင်းနီးပါးလည်း အဖေဖြစ်သူက အမြဲတမ်း အလုပ်ရှုပ်နေတတ်နေသဖြင့်
မိသားစု အတူ မျက်နှာချင်းဆိုင်ရဖို့တောင် တဖြည်းဖြည်း ခက်ခဲလာသည်
အတိတ်က အကြောင်းတွေကို ပြန်တွေးမိနေရင်း စားချင်စိတ်လုံးဝ မရှိတော့တာကြောင့် ရုတ်တရက် ကုလားထိုင်ပေါ်မှ ထလိုက်ပြီး driver ဦးလေးကြီးကို ပြောကာ ကျောင်းကို ကားမောင်းလိုက်ပို့ခိုင်းလိုက်သည်
ကားပေါ်ကိုသာ လူက ရောက်နေပေမယ့် ကျောင်းသွားဖို့ စိတ်ကလည်း လုံးဝမပါ
ကျောင်းမှာလည်း သူ့ရဲ့ ဂုဏ်တွေ ပကာသနတွေကြောင့်သာ
ပေါင်းနေကြတာ
တကယ့် သူငယ်ချင်းအစစ်ဆိုတာ တစ်ယောက်တစ်လေမှ
မရှိ
ဟူး! !! အရာအားလုံးက သူ့အတွက်တော့ စိတ်ပျက်စရာပင်
စိတ်ပျက်လက်ပျက်နဲ့ ကားပြတင်းပေါက်ကနေတစ်ဆင့်
အပြင်ကို လှမ်းကြည့်လိုက်သည်
3:00 PM (Evening)
******************
ကျောင်းဆင်းချိန်ဖြစ်၍ မြင်းဇောင်းထဲမှ မြင်းများကို လွှတ်ပေးလိုက်သလို ကျောင်းသားကျောင်းသူများ
တစ်ဝုန်းဝုန်းနှင့် ဆင်းလာကြသည်
ထိုစဥ် ထိုကျောင်းသားများထဲ၌
" ဟေ့ကောင် nerd မနက်ဖြန် မင်းအားလား "
" အေး ကျောင်းပိတ်ရက်ဆိုတော့ အားပါတယ် ဘာလို့ "
" မနက်ဖြန် ရုံတင်မယ့် သရဲကားလေး ကြည့်ချင်လို့ကွ
Trailer က အစ အရမ်း မိုက်နေရော "
" ဟုတ်လား ငါလည်း ဘာမှ မကြားမိပါဘူး
ဘယ်လို ကားမျိူးလဲ "
" ok ငါပြောပြမယ် ဇာတ်လမ်းပုံစံကကွာ အဓိက ဇာတ်လိုက်မင်းသားက လိပ်ပြာလွှင့်နိုင်တဲ့ အစွမ်းရှိတယ်
တစ်နေ့ သူ အဲ့လို လိပ်ပြာလွှင့်နေရင်းကနေ မကောင်းဆိုးဝါးတစ်ကောင်နဲ့ astral plane ထဲမှာ သွားတွေ့ပီး အဲ့ မကောင်းဆိုးဝါးက သူ့ခနွာကိုယ်ထဲ ဝင်ဖို့ ကြိုးစားတာ အရမ်းမိုက်တယ် ငါ ညကျ မင်းကို trailer link ပို့ပေးလိုက်မယ် "
(Astral Plane - စိတ်အာကာသဟင်းလင်းပြင်)
"အင်း စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ ကောင်းပြီလေ
သွားကြည့်ကြတာပေါ့ ငါ့အမေကို ပြောထားလိုက်မယ် "
ထိုအချိန်တွင် တစ်ဖက်၌
Jake တစ်ယောက် ကျောင်းပေါ်ကနေ တစ်လှမ်းချင်းစီ
ဆင်းလာရင်း ကျောင်းပေါက်ဝရှေ့ကို လှမ်းကြည့်လိုက်ရာ
သူ့ကို လာကြိုမည့်ကားက မရောက်လာသေး
" ဟူးးးး!! အေးပေါ့လေ ဒီနေ့ ကျောင်းကလည်း ပုံမှန်အချိန်ထက် စောဆင်းတာကို ဘယ်လိုလုပ်ရောက်ဦးမှာလဲ "
ကားကို စိတ်ပျက်စွာ သူ့စောင့်နေစဥ်မှာတွင် ထူးဆန်းသည့် အတွေးတစ်ခုက သူ့ခေါင်းထဲ ဝင်ရောက်လာသည်
" အဲ့ နေဦး ငါ ဒီအခြေအနေကို အသုံးချလို့ ရနိုင်တယ်
အဖေက ငါ့အတွက် ဘယ်တုန်းကမှ စိတ်ပူပေးခဲ့တာမဟုတ်ဘူး တကယ်လို့ ငါသာ ပျောက်သွားခဲ့ရင်ရော အဖေတစ်ယောက်အနေနဲ့
သူ ငါ့ကိုစိတ်ပူပေးပါ့မလား အခုက ဒါကို စမ်းသပ်ဖို့ အချိန်ခါကောင်းပဲ "
သူ၏ မျက်နှာတွင် အပြုံးတစ်ခု ထင်ဟပ်သွားသည်
ကောင်းတဲ့ အပြုံးတစ်ခုတော့ မဟုတ်
တကယ်တမ်းဆို jake ဘဝမှာ အခုလိုမျိူး တစ်ခေါက်တစ်လေလေးမျှပင် လုပ်ဖူးသည်မဟုတ်
သူ့အဖေဆီက အာရုံစိုက်မှုကို လိုချင်၍သာ လျှောက်လုပ်နေရသည်ဖြစ်သော်လည်း ကြောက်စိတ်တို့ဖြင့် ဇောချွေးတွေ ပြန်နေမိသည်
သူ့အမေသာ ရှိနေခဲ့သေးမည်ဆိုလျှင် အခုလို လုပ်သည်ကို
နည်းနည်းလေးမျှ ကြိုက်မည်မဟုတ်
ထို့ကြောင့်လည်း စိတ်ထဲကနေသာ အမေဖြစ်သူကို အကြိမ်ကြိမ် တောင်းပန်နေရင်း ခေါင်းကို အောက်ငုံ့ကာ ကြောက်ကြောက်လန့်လန့်နှင့် လျှောက်လာမိသည်
ထိုစဥ်
ဒုန်း !
"ဟေး သတိထားပြီး လျှောက်မှပေါ့ မင်းအဆင်ပြေရဲ့လား "
ရုတ်တရက် သူ့နဲ့တိုက်မိ၍ ချော်လဲသွားသော ကောင်လေးတစ်ယောက်အား ဆွဲထူပေးရန် leon က
သူ့လက်ကို ကမ်းပေးလိုက်သည်
Jake leon ရဲ့လက်ကို လှမ်းဆွဲကာ ထလိုက်ပြီး
ခပ်သုတ်သုတ်ပင် ပြေး၍ ထွက်သွားသည်
" ဘယ်လိုကောင်လားဟ သူ့ဖက်ကလည်း ဝင်တိုက်သေး
Sorry လည်းမပြော ဆွဲထူပေးလို့ thank you လို့လည်း မပြောနဲ့ "
Leon ကတော့ ဘာမှ မပြောဘဲ ပြေးထွက်သွားသည့် ဂျိတ်ကို ကြည့်ကာ ပြုံးနေမိသည်
************************************
" ဘာ !!!!!!! Jake က အခုထိ ကျောင်းဆင်းလာတာ မတွေ့သေးဘူးဟုတ်လား အခုဘယ်အချိန်ရှိနေပြီလဲ "
" ဟုတ်ကဲ့ သူဌေး ကျတော်လည်း နီးစပ်ရာနေရာတွေကို ရှာပြီးသွားပြီ ကျောင်းစောင့်ကို မေးကြည့်တော့လည်း လွန်ခဲ့တဲ့တစ်နာရီလောက်ထဲက ကျောင်းသားတွေအကုန်
ဆင်းသွားပြီပြောတယ်ခင်ဗျ "
" တောက်! !!!!! ဒီ ကလေးကတော့
အခုချက်ချင်း သူသွားနိုင်လောက်တဲ့ နေရာတွေကို လိုက်ရှာစမ်း "
"ဟုတ်ကဲ့ပါ သူဌေး "
သူဌေးကြီး Thomas Kennedy တစ်ယောက် ဖုန်းကို ချပစ်လိုက်ကာ သူ့၏ ရင်ထဲမှာတော့ သူ၏သား jake ပျောက်ဆုံးမှုအတွက် သောကရောက်နေဟန်ရှိသည်
ထို့နောက် နှုတ်မှ စကားလုံးတစ်ချိူ့ကို ရေရွတ်လိုက်သည်
" Jake မင်းနဲ့ မင်းအမေတို့ ငါ့အပေါ်မှာ ဘယ်လောက်ထိ
ထပ်ပြီး ဒုက္ခ ပေးနေကြဦးမှာလဲ "
************************************
(Zawgyi)
အေနာက္ေတာင္ေလေတြက ျပင္းထန္စြာ တိုက္ခတ္ေနကာ
ေကာင္းကင္ေပၚက လွ်ပ္စီးလွ်ပ္ႏြယ္တို႔ကလည္း တလက္လက္ေတာက္ပေနသည္ မိုးေရစက္တို႔ကလည္း
သည္းထန္စြာ ႐ြာသြန္းေနၿပီး ေလျပင္းမ်ား တစ္ခ်က္အေဝွ႕၌
သစ္ကိုင္းမ်ား သစ္ပင္မ်ားသည္လည္း လႈပ္ယမ္းေနၾက၏
အခ်ိန္ကား မနက္ ၁ နာရီခန့္
လမ္းမီးတိုင္ေရာင္ ပ်ပ်ေလး ထြန္းထားေသာ လမ္းမတစ္ခုအထက္၌ မိန္းမပ်ိဴေလးတစ္ေယာက္
ထိတ္လန့္တၾကားႏွင့္ ထြက္ေျပးလာေနသည္
ခႏြာကိုယ္မွာလည္း ဒဏ္ရာဒဏ္ခ်က္အျပည့္ႏွင့္
အၾကာႀကီး ေျပးလာခဲ့ရသည္အလား တစ္ကိုယ္လုံးလည္း ေခြၽးေတြနဲ႕ ေမာဟိုက္ေနသည္
"ကူညီၾကပါ ေက်းဇူးျပဳၿပီး တစ္ေယာက္ေယာက္ေလာက္ ကယ္တင္ေပးၾကပါဦး "
အပ္က်သံေလးမွ်ပင္ မၾကားရေလာက္ေအာင္ တိတ္ဆိတ္မႈအေပါင္း မင္းမူေနေသာ ၿမိဳ႕အလယ္တြင္ သူမ၏ အသံက ဟိန္း၍ ထြက္ေပၚေနသည္
ၿမိဳ႕တစ္ခုလုံးတြင္လည္း လူရိပ္လူေယာင္ မေျပာႏွင့္ ေခြးတစ္ေကာင္ ေၾကာင္တစ္ၿမီးမွ်ပင္ မရွိ!
သူမ ေျပးေနရင္းမွ ႐ုတ္တရက္ ရပ္လိုက္ကာ မိုးေမွ်ာ္တိုက္တစ္ခု၏ အေနာက္နံရံနားတြင္ ပုန္းေနလိုက္သည္
တိတ္ဆိတ္ေနေသာ အေမွာင္ထုထဲ၌ သူမ၏ ႏွလုံးခုန္သံကလည္း က်ယ္ေလာင္စြာ ျမည္ဟီးေနသည္
တေျဖးေျဖးနဲ႕ ေျခသံေတြက သူမအနား ပိုက်ယ္လာသလို
ခံစားလာရေသာေၾကာင့္ ဘာကိုမွ ထပ္ေတြးမေနဘဲ
မ်က္လုံးကိုသာ စုံမွိတ္ထားလိုက္ေတာ့သည္
ထို႔ေနာက္........................................................
About 6 years ago ( လြန္ခဲ့ေသာ ၆ ႏွစ္ခန့္က )
"လီယြန္! !!!!!!"
"လီယြန္! !!!! ထေတာ့ေလ
မနက္ ၇ နာရီထိုးေနပီ သား ေက်ာင္းသြားရဦးမယ္မလား"
"ဟုတ္ကဲ့ပါ အေမ က်ေတာ္နိုးေနပါၿပီ
ခဏေန ဆင္းလာခဲ့မယ္ "
မနက္ခင္းတစ္ခုကေတာ့ အစျပဳေခ်ၿပီ
လီယြန္ တစ္ေယာက္ ကုတင္ေပၚမွ ထကာ အိပ္ရာကို သိမ္းလိုက္သည္ ထို႔ေနာက္ ျပတင္းေပါက္မွေနတစ္ဆင့္
နံနက္ခင္းရဲ႕ အလွကို အေၾကာင္းမရွိ ေငးေမာ့ၾကည့္ေနမိကာ ေရာက္တတ္ရာရာ ေလွ်ာက္ေတြးေနမိသည္
"လီယြန္ ! !!!! ဘာလုပ္ေနတာလဲ
ဆင္းလာေတာ့ေလ "
အေမျဖစ္သူ၏ စကားသံေၾကာင့္ လီယြန္၏ အေတြးစတို႔
ရပ္တန့္သြားသည္
"ဟုတ္ကဲ့ အေမ အခု ဆင္းလာပါၿပီ"
ဒါကေတာ့ ထူးထူးဆန္းဆန္း မဟုတ္ လီယြန္အတြက္ေတာ့
ေန႕တိုင္းနီးပါး ၾကားေနရတဲ့ သူ႕အေမရဲ႕ အိပ္ရာထဖို႔
ေအာ္နိုးသံပင္ ျဖစ္သည္
မနက္စာ စားပီး ေက်ာင္းသြားဖို႔ ျပင္ဆင္ကာ အိမ္ကေန
စထြက္လာခဲ့သည္
လီယြန္အတြက္ ေက်ာင္းသြားတဲ့ လမ္းတစ္ေလွ်ာက္က အရာေတြကို ဟိုဟိုဒီဒီေလွ်ာက္ေငးရတာလည္း ဝါသနာတစ္ခုပင္
ဒီလိုနဲ႕ပင္ ဘာလိုလိုနဲ႕ ကားမွတ္တိုင္ေရာက္လာၿပီး သူ႕ရဲ႕ အဆုံးမရွိတဲ့ အေတြးေတြထဲ နစ္ေမ်ာေနစဥ္
"ေဟး နာ့ဒ္ !!!!!!!!!!!"
လီယြန္တစ္ေယာက္ ဘယ္သူေခၚလိုက္မွန္း ခ်က္ခ်င္းသေဘာေပါက္လိုက္သည္
"အို ေဟး ခရစ္စေတာ့ဖ္ မဂ္လာမနက္ခင္းပါ! ! "
"အင္း ဒါနဲ႕ မေန႕က ဆရာမေပးလိုက္တဲ့ အိမ္စာေတြလုပ္ပီးပီလား "
"အင္း ေသခ်ာတာေပါ့ ငါက မင္းလိုမွ မဟုတ္တာ "
"Lol အင္းပါ နာ့ဒ္ (nerd) ေကာင္ကမ်ား "
(Nerd - informal way of saying stupid person)
"ေဟး ေဟး မင္း ငါ့ကို အဲ့လိုေခၚေနတာ ေတာ္သင့္ပီေနာ္
ငါ့ကို လီယြန္ လို႔ေခၚခ်င္ေခၚ ဒါမွမဟုတ္ ငါ့နာမည္အရွည္ျဖစ္တဲ့ လီယိုနာဒို လို႔ ေခၚလို႔လည္း ရတယ္
အဲ့တာႀကီးေတာ့ ဆက္မေခၚနဲ႕ေတာ့ "
" ဟား ဟား ဘာျဖစ္လို႔လဲဟ အဲ့လိုေခၚရတာက ဒီေလာက္ေပ်ာ္ဖို႔ေကာင္းတာကို "
" ေအး ေအး မင္းကေတာ့ ဆက္ေျပာလည္း ရမွာ မဟုတ္ဘူး ေခြးေကာင္ "
"ေဟာ ေက်ာင္းကား လာၿပီ သြားၾကရေအာင္ နာ့ဒ္ "
ထိုစဥ္ ၿမိဳ႕၏ တျခားတစ္ေနရာ၌
********************
ဂ်ိတ္ တစ္ေယာက္ စိတ္ပ်က္အားငယ္စြာျဖင့္ အိပ္ရာက
ထလိုက္သည္
နာရီကို ၾကည့္လိုက္ေတာ့ 7:30
"ဟူး စိတ္ပ်က္စရာပဲ ဒီေလာက္ ေက်ာင္းသြားဖို႔ အခ်ိန္နီးေနတာေတာင္ ဘယ္သူမွ လာႏွိုးမယ့္သူမရွိဘူး "
သက္ျပင္းရွည္ႀကီး တစ္ခ်က္ကို ခ်လိဳက္ကာ အိပ္ရာေပၚမွ
အလ်င္အျမန္ ထလိုက္ပီး ေရခ်ိဴးခန္းထဲ ဝင္၍ ေရခ်ိဴးၿပီးေနာက္ အဝတ္အစားမ်ား လဲၿပီး ေအာက္ထပ္သို႔
ဆင္းလာခဲ့သည္
" သခင္ေလး ဂ်ိတ္ နိုးလာပါၿပီလားရွင့္ "
"အင္း"
ခပ္ျပတ္ျပတ္ပဲ ျပန္ေျဖလိုက္ၿပီး ထမင္းစားခန္းထဲသို႔ ဝင္လိုက္ကာ မနက္စာစားရန္ ကုလားထိုင္ေပၚထိုင္လိုက္ၿပီး ဇြန္းနဲ႕ ခက္ရင္းကို ကိုင္လိုက္သည္
နည္းနည္းေတာ့ အထီးက်န္ေနသလိုျဖစ္ေနေပမယ့္
သူ႕အတြက္ေတာ့ ဒီအရာေတြက က်င့္သားရေနပါၿပီ
မနက္စာကို စိတ္မပါလက္မပါ စားေနရင္းမွ ေဘးနားရွိ အိမ္ေဖာ္ေကာင္မေလး ကို လွမ္းေမးလိုက္သည္
" အေဖတို႔ သြားတာ ၾကာၿပီလား "
" ဟုတ္ကဲ့ သခင္ေလး ဒီေန႕အစည္းေဝးရွိလို႔ဆိုၿပီး သခင္ႀကီးက မနက္အေစာႀကီး ထြက္သြားပါတယ္ "
" ေအာ္ "
အစည္းအေဝးရွိသည့္ေန႕မွ မဟုတ္ ေန႕တိုင္းနီးပါးလည္း အေဖျဖစ္သူက အၿမဲတမ္း အလုပ္ရႈပ္ေနတတ္ေနသျဖင့္
မိသားစု အတူ မ်က္ႏွာခ်င္းဆိုင္ရဖို႔ေတာင္ တျဖည္းျဖည္း ခက္ခဲလာသည္
အတိတ္က အေၾကာင္းေတြကို ျပန္ေတြးမိေနရင္း စားခ်င္စိတ္လုံးဝ မရွိေတာ့တာေၾကာင့္ ႐ုတ္တရက္ ကုလားထိုင္ေပၚမွ ထလိုက္ၿပီး driver ဦးေလးႀကီးကို ေျပာကာ ေက်ာင္းကို ကားေမာင္းလိုက္ပို႔ခိုင္းလိုက္သည္
ကားေပၚကိုသာ လူက ေရာက္ေနေပမယ့္ ေက်ာင္းသြားဖို႔ စိတ္ကလည္း လုံးဝမပါ
ေက်ာင္းမွာလည္း သူ႕ရဲ႕ ဂုဏ္ေတြ ပကာသနေတြေၾကာင့္သာ
ေပါင္းေနၾကတာ
တကယ့္ သူငယ္ခ်င္းအစစ္ဆိုတာ တစ္ေယာက္တစ္ေလမွ
မရွိ
ဟူး! !! အရာအားလုံးက သူ႕အတြက္ေတာ့ စိတ္ပ်က္စရာပင္
စိတ္ပ်က္လက္ပ်က္နဲ႕ ကားျပတင္းေပါက္ကေနတစ္ဆင့္
အျပင္ကို လွမ္းၾကည့္လိုက္သည္
3:00 PM (Evening)
******************
ေက်ာင္းဆင္းခ်ိန္ျဖစ္၍ ျမင္းေဇာင္းထဲမွ ျမင္းမ်ားကို လႊတ္ေပးလိုက္သလို ေက်ာင္းသားေက်ာင္းသူမ်ား
တစ္ဝုန္းဝုန္းႏွင့္ ဆင္းလာၾကသည္
ထိုစဥ္ ထိုေက်ာင္းသားမ်ားထဲ၌
" ေဟ့ေကာင္ နာ့ဒ္ မနက္ျဖန္ မင္းအားလား "
" ေအး ေက်ာင္းပိတ္ရက္ဆိုေတာ့ အားပါတယ္ ဘာလို႔ "
" မနက္ျဖန္ ႐ုံတင္မယ့္ သရဲကားေလး ၾကည့္ခ်င္လို႔ကြ
Trailer က အစ အရမ္း မိုက္ေနေရာ "
" ဟုတ္လား ငါလည္း ဘာမွ မၾကားမိပါဘူး
ဘယ္လို ကားမ်ိဴးလဲ "
" ok ငါေျပာျပမယ္ ဇာတ္လမ္းပုံစံကကြာ အဓိက ဇာတ္လိုက္မင္းသားက လိပ္ျပာလႊင့္နိုင္တဲ့ အစြမ္းရွိတယ္
တစ္ေန႕ သူ အဲ့လို လိပ္ျပာလႊင့္ေနရင္းကေန မေကာင္းဆိုးဝါးတစ္ေကာင္နဲ႕ astral plane ထဲမွာ သြားေတြ႕ပီး အဲ့ မေကာင္းဆိုးဝါးက သူ႕ခႏြာကိုယ္ထဲ ဝင္ဖို႔ ႀကိဳးစားတာ အရမ္းမိုက္တယ္ ငါ ညက် မင္းကို trailer link ပို႔ေပးလိုက္မယ္ "
(Astral Plane - စိတ္အာကာသဟင္းလင္းျပင္)
"အင္း စိတ္ဝင္စားဖို႔ေတာ့ ေကာင္းသားပဲ ေကာင္းၿပီေလ
သြားၾကည့္ၾကတာေပါ့ ငါ့အေမကို ေျပာထားလိုက္မယ္ "
ထိုအခ်ိန္တြင္ တစ္ဖက္၌
ဂ်ိတ္တစ္ေယာက္ ေက်ာင္းေပၚကေန တစ္လွမ္းခ်င္းစီ
ဆင္းလာရင္း ေက်ာင္းေပါက္ဝေရွ႕ကို လွမ္းၾကည့္လိုက္ရာ
သူ႕ကို လာႀကိဳမည့္ကားက မေရာက္လာေသး
" ဟူးးးး!! ေအးေပါ့ေလ ဒီေန႕ ေက်ာင္းကလည္း ပုံမွန္အခ်ိန္ထက္ ေစာဆင္းတာကို ဘယ္လိုလုပ္ေရာက္ဦးမွာလဲ "
ကားကို စိတ္ပ်က္စြာ သူ႕ေစာင့္ေနစဥ္မွာတြင္ ထူးဆန္းသည့္ အေတြးတစ္ခုက သူ႕ေခါင္းထဲ ဝင္ေရာက္လာသည္
" အဲ့ ေနဦး ငါ ဒီအေျခအေနကို အသုံးခ်လိဳ႕ ရနိုင္တယ္
အေဖက ငါ့အတြက္ ဘယ္တုန္းကမွ စိတ္ပူေပးခဲ့တာမဟုတ္ဘူး တကယ္လို႔ ငါသာ ေပ်ာက္သြားခဲ့ရင္ေရာ အေဖတစ္ေယာက္အေနနဲ႕
သူ ငါ့ကိုစိတ္ပူေပးပါ့မလား အခုက ဒါကို စမ္းသပ္ဖို႔ အခ်ိန္ခါေကာင္းပဲ "
သူ၏ မ်က္ႏွာတြင္ အၿပဳံးတစ္ခု ထင္ဟပ္သြားသည္
ေကာင္းတဲ့ အၿပဳံးတစ္ခုေတာ့ မဟုတ္
တကယ္တမ္းဆို ဂ်ိတ္ဘဝမွာ အခုလိုမ်ိဴး တစ္ေခါက္တစ္ေလေလးမွ်ပင္ လုပ္ဖူးသည္မဟုတ္
သူ႕အေဖဆီက အာ႐ုံစိုက္မႈကို လိုခ်င္၍သာ ေလွ်ာက္လုပ္ေနရသည္ျဖစ္ေသာ္လည္း ေၾကာက္စိတ္တို႔ျဖင့္ ေဇာေခြၽးေတြ ျပန္ေနမိသည္
သူ႕အေမသာ ရွိေနခဲ့ေသးမည္ဆိုလွ်င္ အခုလို လုပ္သည္ကို
နည္းနည္းေလးမွ် ႀကိဳက္မည္မဟုတ္
ထို႔ေၾကာင့္လည္း စိတ္ထဲကေနသာ အေမျဖစ္သူကို အႀကိမ္ႀကိမ္ ေတာင္းပန္ေနရင္း ေခါင္းကို ေအာက္ငုံ႕ကာ ေၾကာက္ေၾကာက္လန့္လန့္ႏွင့္ ေလွ်ာက္ေနမိသည္
ထိုစဥ္
ဒုန္း !
"ေဟး သတိထားၿပီး ေလွ်ာက္မွေပါ့ မင္းအဆင္ေျပရဲ႕လား "
႐ုတ္တရက္ သူ႕နဲ႕တိုက္မိ၍ ေခ်ာ္လဲသြားေသာ ေကာင္ေလးတစ္ေယာက္အား ဆြဲထူေပးရန္ လီယြန္က
သူ႕လက္ကို ကမ္းေပးလိုက္သည္
ဂ်ိတ္က လီယြန္ရဲ႕လက္ကို ဆြဲကာ ထလိုက္ၿပီး
ခပ္သုတ္သုတ္ပင္ ေျပးကာ ထြက္သြားသည္
" ဘယ္လိုေကာင္လားဟ သူ႕ဖက္ကလည္း ဝင္တိုက္ေသး
Sorry လည္းမေျပာ ဆြဲထူေပးလို႔ thank you လို႔လည္း မေျပာနဲ႕ "
လီယြန္ကေတာ့ ဘာမွ မေျပာဘဲ ေျပးထြက္သြားသည့္ ဂ်ိတ္ကို ၾကည့္ကာ ၿပဳံးေနမိသည္
************************************
" ဘာ !!!!!!! ဂ်ိတ္က အခုထိ ေက်ာင္းဆင္းလာတာ မေတြ႕ေသးဘူးဟုတ္လား အခုဘယ္အခ်ိန္ရွိေနၿပီလဲ "
" ဟုတ္ကဲ့ သူေဌး က်ေတာ္လည္း နီးစပ္ရာေနရာေတြကို ရွာၿပီးသြားၿပီ ေက်ာင္းေစာင့္ကို ေမးၾကည့္ေတာ့လည္း လြန္ခဲ့တဲ့တစ္နာရီေလာက္ထဲက ေက်ာင္းသားေတြအကုန္
ဆင္းသြားၿပီေျပာတယ္ခင္ဗ် "
" ေတာက္! !!!!! ဒီ ကေလးကေတာ့
အခုခ်က္ခ်င္း သူသြားနိုင္ေလာက္တဲ့ ေနရာေတြကို လိုက္ရွာစမ္း "
"ဟုတ္ကဲ့ပါ သူေဌး "
သူေဌးႀကီး ေသာမတ္စ္ ကေနဒီတစ္ေယာက္ ဖုန္းကို ခ်ပစ္လိုက္ကာ သူ႕၏ ရင္ထဲမွာေတာ့ သူ၏သား ဂ်ိတ္ေပ်ာက္ဆုံးမႈအတြက္ ေသာကေရာက္ေနဟန္ရွိသည္
ထို႔ေနာက္ ႏႈတ္မွ စကားလုံးတစ္ခ်ိဴ႕ကို ေရ႐ြတ္လိုက္သည္
" ဂ်ိတ္ မင္းနဲ႕ မင္းအေမတို႔ ငါ့အေပၚမွာ ဘယ္ေလာက္ထိ
ထပ္ၿပီး ဒုကၡ ေပးေနၾကဦးမွာလဲ "