Don't say love me (ခ်စ္တယ္လို...

By authorSu

222K 12.2K 194

Zawgyi ~~~ အခ်စ္ဆိုတဲ့အရာနဲ႕တစ္ခါမွမပတ္သက္ခဲ့ၾကဖူးတဲ့သူႏွစ္ေယာက္ ❌❌ တည္ၿငိမ္ရင့္က်က္တဲ့'စုံစမ္းေရးမႉး'မေလးနဲ႕... More

Introduction
Introduction
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45(Final)

Part 16

4.2K 265 3
By authorSu

Zawgyi
~~~

မနက္ျဖန္သည္ ေသာ္ေသာ္ႏွင့္သူသူတို႔ရဲ႕ '1 month anniversary'ေန႔ေလးျဖစ္ပါသည္။ဒီၾကားထဲဒိတ္မယ္ဆိုၿပီးမဒိတ္ျဖစ္ၾကေသးဘဲ မနက္ျဖန္ေတာ့ထူးျခားတဲ့ေန႔ေလးမို႔ သူမတို႔ဒိတ္ဖို႔လုပ္ထားၾကသည္။

ေတာ္ၾကာ'သူသူ'ေမ့ေနမွာစိုးလို႔ဆိုၿပီး 'ေသာ္ေသာ္'ကညက်ဖုန္းဆက္လိုက္သည္။

"မနက္ျဖန္ေတြ႔ၾကမယ္ေနာ္"

"ေသာ္ေသာ္ တကယ္လာမွာလားဟင္"

(ခ်ိန္းတိုင္းပ်က္ေနေတာ့ 'သူသူ'ကအားမ႐ွိတဲ့ေလသံေလးနဲ႔ေမးလိုက္သည္)

"ေသာ္ေသာ္ တကယ္လာမွာပါ...ဘာလို႔လဲ.'ေသာ္ေသာ္'ကတိဖ်က္တာမ်ားေနလို႔ မယံုေတာ့ဘူးလား"

"မဟုတ္ပါဘူး...'သူသူ'ကဒီအတိုင္းပဲေမးလိုက္တာပါ"

"မနက္ျဖန္က 'ေသာ္ေသာ္'တို႔ရဲ႕အေရးပါတဲ့ေန႔ေလးမဟုတ္လား...'ေသာ္ေသာ္'မျဖစ္မေနလာမွာေပါ့...ဒီတစ္ခါေသခ်ာေပါက္လာမွာ.'ေသာ္ေသာ္'ကတိေပးတယ္ေနာ္...အလုပ္ေတြကို 'ေမာင္ဘုန္း'နဲ႔အကုန္လႊဲခဲ့မွာ"

"တကယ္လို႔ မ်က္ျမင္သက္ေသေတြကလွမ္းဖုန္းဆက္ရင္ေကာ?"

"သူတို႔ဆက္လဲမကိုင္ပါဘူး...မနက္ျဖန္က်ရင္ ဖုန္းကိုစက္ပိတ္ထားမွာ"

('သူသူ'ေက်နပ္သြားၿပီေလ)

"ဒါေပမယ့္ 'ေမာင္ဘုန္း'ကိုမနက္ခင္းမွာစရာ႐ွိတာေတြမွာရဦးမွာမို႔လို႔ ေန႔လည္မွ'သူသူ႔'ဆီေရာက္မယ္ေနာ္...႐ုပ္႐ွင္ကို ေန႔လည္ပြဲပဲၾကည့္ၾကတာေပါ့"

"အင္း...႐ုပ္႐ွင္ၾကည့္ၿပီးရင္ မုန္႔ေတြစားၾကမယ္ေနာ္"

"သေဘာပါ႐ွင့္....ဒါဆို အိပ္ေတာ့ေနာ္.မနက္ျဖန္မွေတြ႔မယ္"

"ေသာ္ေသာ္..."

"အင္"

"ေသာ္ေသာ့္ကို အရမ္းခ်စ္တယ္ေနာ္"

'သူသူ'ကေတာ့ေျပာၿပီးရင္ဖုန္းခ်သြားၿပီ။သူမခ်စ္တယ္ေျပာတိုင္း ေတာင့္ေတာင့္ႀကီးက်န္ခဲ့သူကေတာ့'ေသာ္ေသာ္'ပါပဲ။အခုလဲ သူ႔ခုတင္ေပၚမွာအသက္႐ွဴ ဖို႔ေတာင္သတိမရဘဲ 'ေသာ္ေသာ္'ဖုန္းႀကီးကိုင္လ်က္႐ွိပါေသးသည္။

                               ******

႐ုပ္႐ွင္ရံုထဲဝယ္။

အျဖဴ နဲ႔အနက္ဒူးဖံုးဂါဝန္ေလးဝတ္လာတဲ့'သူသူ'နဲ႔ ပန္းပြင့္ေသးေသးေလးေတြပါတဲ့ဒူးဖံုးဂါဝန္နီညိဳေရာင္ေလးဝတ္လာတဲ့'ေသာ္ေသာ္'တို႔ဆီမွာ ႐ုပ္႐ွင္လာၾကည့္တဲ့သူေတြရဲ႕မ်က္လံုးေတြေရာက္ေနၾကပါသည္။

(သူတို႔ကိုခ်စ္သူလို႔မထင္ဘူးေလ။သူငယ္ခ်င္းေကာင္မေလးႏွစ္ေယာက္႐ုပ္႐ွင္လာၾကည့္တယ္ပဲသူမ်ားေတြကထင္ေနၾကတာ။ဘာလို႔ဆို လက္တြဲေလ်ွာက္ဖို္႔ေနေနသာသာ ခပ္ခြာခြာျဖစ္ေနၾကတာကိုး။အဲ့ေလာက္ျဖဴ စင္ၾကတာပါ)

"သရဲကားနဲ႔ဟာသကား ျပေနတာပဲ...'သူသူ'တို႔ဘာၾကည့္ၾကမလဲ...သရဲကားၾကည့္ၾကမလားဟင္"

ဇာတ္ကားကႏွစ္ကားတင္ေနတာမို႔ 'သူသူ'ကေမးလိုက္သည္။

"သ.သရဲကား?...သရဲကားမၾကည့္ပါနဲ႔ 'သူသူ'ရယ္...ဟာသကားပဲၾကည့္ရေအာင္ေနာ္"

"ဘာလို႔လဲ..သရဲကားဆိုရင္ဖိုစရာေကာင္းတယ္ေလ"

"ေသာ္ေသာ္...'ေသာ္ေသာ္'သရဲေၾကာက္လို႔ပါ..သရဲကားေတြမၾကည့္ရဲဘူး"

"အ.ဟင္း.ဟင္း.ဟင္း....'ေသာ္ေသာ္'ကသရဲေၾကာက္တယ္.ဟုတ္လား...'သူသူ'လံုးဝမထင္ခဲ့မိဘူး"

"ဟုတ္တယ္ 'သူသူ'ရဲ႕..ေနာ္...ဟာသကားပဲၾကည့္ရေအာင္"

"အင္းပါ...ဒီတစ္ေခါက္ေတာ့သနားလို႔ အေလ်ွာ့ေပးလိုက္မယ္ေနာ္"

"ေက်းဇူးတင္လိုက္တာ...ဒါဆို 'ေသာ္ေသာ္'တို႔လက္မွတ္သြားျဖတ္ၾကရေအာင္ေလ"

ထို႔ေနာက္ အတူတူလက္မွတ္ရံုကိုလက္မွတ္သြားျဖတ္ၾကသည္။

"အတြဲခံုယူမွာလား႐ွင့္"

ဝန္ထမ္းေကာင္မေလးကေမးလိုက္ေတာ့ ႏွစ္ေယာက္သားတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ဘာျပန္ေျပာရမွန္းမသိ၊႐ွက္ေနၾကသည္။

"ဟို..ဟို..႐ိုး႐ိုးတန္းေနာက္ဆံုးခံု ႏွစ္ေစာင္ပဲေပးပါ"

'ေသာ္ေသာ္'ကမ်က္ႏွာပူစြာနဲ႔ေျပာလိုက္ရသည္။

                              ******

ဇာတ္ကားျပေနေသာအခါ-

"ဟား.ဟား.ဟား.ဟား.....ဟား.ဟား..."

'သူသူ'ရယ္ရလြန္းလို႔ အိေျႏၵပင္မဆည္ႏိုင္ဘဲ ဗိုက္ကိုဖိကာဖိကာနဲ႔အူလွိမ့္ေနေအာင္ရယ္ေနပါသည္။သူ႔မွာရယ္ရတာဗိုက္နာလြန္းလို႔ ခံုေပၚမွာပက္လက္လန္သြားလိုက္၊ေ႐ွ႕ကိုကုန္းၿပီးရယ္လိုက္နဲ႔ ေတာ္ေတာ္ကိုမထိန္းႏိုင္ျဖစ္ေနသည္။

'ေသာ္ေသာ္'လဲ ရယ္ေနရတာေပါ့။သူမကေတာ့ဇာတ္ကားေၾကာင့္မဟုတ္ပါဘူး။'သူသူ႔'ရဲ႕ျဖစ္ပ်က္ေနပံုေလးေတြကိုၾကည့္ၿပီး ရယ္ေနရတာေလ။

ဇာတ္ကားၿပီးသြားလို႔ကား႐ွိရာဆီျပန္လာၾကေတာ့လဲ 'ေသာ္ေသာ္'က'သူသူ႔'ကိုၾကည့္ကာ ရယ္လို႔မျပီးနိုင္ေသးဘူး။

"ဘာလို႔ လူကိုရယ္ေနတာလဲ...ဇာတ္ကားျပေနတုန္းကလဲ အတူတူပဲ...ဇာတ္ကားကိုမၾကည့္ဘဲနဲ႔ 'သူသူ႔'ကိုပဲၾကည့္ၿပီးရယ္ေနတာ"

"အ ဟင္း....'သူသူ'ကအရမ္းရယ္ရတာကိုး...'သူသူ'အဲ့ေလာက္အရယ္သန္မွန္း မသိခဲ့ဘူး...အ ဟင္း ဟင္း"

"မရယ္နဲ႔ေတာ့လို႔"

"အ ဟင္း ဟင္း"
(ေျပာမွပိုရယ္ခ်င္ေနေတာ့သည္)

"မရယ္ပါနဲ႔ဆို...သြား.မေခၚေတာ့ဘူး"

စိတ္ေကာက္ၿပီး'ေသာ္ေသာ့္'ကိုအသာေလးတြန္းကာ 'သူသူ'ကအေ႐ွ႕မွထြက္သြားသည္။'ေသာ္ေသာ္'ပ်ာယာခပ္ၿပီး အေနာက္ကလိုက္ရတာေပါ့။

(အမေလး..။ၾကာၾကာစိတ္မေကာက္ပါဘူး။ေရခဲမုန္႔သည္ကိုေတြ႔လိုက္ေတာ့ 'ေသာ္ေသာ့္'ကိုလွည့္ၾကည့္ၿပီး ဝယ္ေပးဖို႔ပူဆာေလရဲ႕)

"ေသာ္ေသာ္...ေရခဲမုန္႔စားခ်င္လို႔"

"မေခၚေတာ့ဘူးဆို"

"အဲ့ဒါ အလကားေလ်ွာက္ေျပာတာ...ဝယ္ေကြၽးေနာ္"

"ဝယ္ပါ႐ွင့္.ဝယ္ပါ"

စားခ်င္တာစားရေတာ့မွာဆိုေတာ့ မ်က္ႏွာကျပံဳးေပ်ာ္သြားပါသည္။

"ဦးေလး.၅၀၀ဖိုး....ခြက္နဲ႔ေနာ္"

"ဟုတ္ကဲ့ခင္ဗ်ာ"

"ေသာ္ေသာ္ေကာ စားဦးမွာလား"

"ဟင့္အင္း..'ေသာ္ေသာ္'က ကေလးမဟုတ္ေတာ့ဘူးေလ...ကေလးစာေတြမစားတတ္ဘူး"

"သူသူ႔ကို ကေလးလို႔ေျပာခ်င္တာလား"

မ်က္ႏွာကစူပုပ္သြားၿပီး ထပ္စိတ္ေကာက္သြားျပန္ပါသည္။

"မဟုတ္ဘူး-မဟုတ္ဘူး....အလကားစတာပါ...'ေသာ္ေသာ္'ကေရခဲမုန္႔သိပ္မႀကိဳက္လို႔"

(ကေလးကိုျပန္ေခ်ာ့ရေသးတယ္ 😁)

                              ******

"ေသာ္ေသာ္..ေရခဲမုန္႔ကေတာ္ေတာ္အရသာ႐ွိတယ္.ျမည္းၾကည့္မလားဟင္"

'ေသာ္ေသာ္'ကားမေမာင္းခင္ေလး 'သူသူ'ကတစ္ဇြန္းခြံ႔ေကြၽးဖို႔လုပ္လိုက္သည္။ၿပီးမွ႐ွက္ကာ ခြံ႔မေကြၽးရဲဘဲလက္ကတြန္႔ဆုတ္တြန္႔ဆုတ္ျဖစ္ေနသည္။ထို႔ေၾကာင့္'ေသာ္ေသာ္'ကသူမလက္ကေလးကိုကိုင္ၿပီး ဇြန္းထဲကေရခဲမုန္႔ကိုစားပစ္လိုက္သည္။အဲ့ဒီေနာက္ မ်က္လံုးခ်င္းေတာင္မဆိုင္ရဲၾကေတာ့ဘဲ ႐ွက္လြန္းလို႔ပါးေလးေတြနီရဲသြားၾကသည္။

                              ######

ဒိတ္တာမၿပီးေသးပါဘူးေနာ္ 😀

ဒိတ္တဲ့အခန္းက႐ွည္ေနတာမို႔လို႔ ႏွစ္ရက္ခြဲေရးဖို႔လုပ္လိုက္ပါတယ္ 😜

ေက်းဇူးတင္ပါတယ္႐ွင့္ 🙏🙏

👋👋

Unicode
~~~

မနက်ဖြန်သည် သော်သော်နှင့်သူသူတို့ရဲ့ '1 month anniversary'နေ့လေးဖြစ်ပါသည်။ဒီကြားထဲဒိတ်မယ်ဆိုပြီးမဒိတ်ဖြစ်ကြသေးဘဲ မနက်ဖြန်တော့ထူးခြားတဲ့နေ့လေးမို့ သူမတို့ဒိတ်ဖို့လုပ်ထားကြသည်။

တော်ကြာ'သူသူ'မေ့နေမှာစိုးလို့ဆိုပြီး 'သော်သော်'ကညကျဖုန်းဆက်လိုက်သည်။

"မနက်ဖြန်တွေ့ကြမယ်နော်"

"သော်သော် တကယ်လာမှာလားဟင်"

(ချိန်းတိုင်းပျက်နေတော့ 'သူသူ'ကအားမရှိတဲ့လေသံလေးနဲ့မေးလိုက်သည်)

"သော်သော် တကယ္လာမွာပါ...ဘာလို့လဲ.'သော်သော်'ကတိဖျက်တာများနေလို့ မယုံတော့ဘူးလား"

"မဟုတ်ပါဘူး...'သူသူ'ကဒီအတိုင်းပဲမေးလိုက်တာပါ"

"မနက်ဖြန်က 'သော်သော်'တို့ရဲ့အရေးပါတဲ့နေ့လေးမဟုတ်လား...'သော်သော်'မဖြစ်မနေလာမှာပေါ့...ဒီတစ်ခါသေချာပေါက်လာမှာ.'သော်သော်'ကတိပေးတယ်နော်...အလုပ်တွေကို 'မောင်ဘုန်း'နဲ့အကုန်လွှဲခဲ့မှာ"

"တကယ်လို့ မျက်မြင်သက်သေတွေကလှမ်းဖုန်းဆက်ရင်ကော?"

"သူတို့ဆက်လဲမကိုင်ပါဘူး...မနက်ဖြန်ကျရင် ဖုန်းကိုစက်ပိတ်ထားမှာ"

('သူသူ'ကျေနပ်သွားပြီလေ)

"ဒါပေမယ့် 'မောင်ဘုန်း'ကိုမနက်ခင်းမှာစရာရှိတာတွေမှာရဦးမှာမို့လို့ နေ့လည်မှ'သူသူ့'ဆီရောက်မယ်နော်...ရုပ်ရှင်ကို နေ့လည်ပွဲပဲကြည့်ကြတာပေါ့"

"အင်း...ရုပ်ရှင်ကြည့်ပြီးရင် မုန့်တွေစားကြမယ်နော်"

"သဘောပါရှင့်....ဒါဆို အိပ်တော့နော်.မနက်ဖြန်မှတွေ့မယ်"

"သော်သော်..."

"အင်"

"သော်သော့်ကို အရမ်းချစ်တယ်နော်"

'သူသူ'ကတော့ပြောပြီးရင်ဖုန်းချသွားပြီ။သူမချစ်တယ်ပြောတိုင်း တောင့်တောင့်ကြီးကျန်ခဲ့သူကတော့'သော်သော်'ပါပဲ။အခုလဲ သူ့ခုတင်ပေါ်မှာအသက်ရှူ ဖို့တောင်သတိမရဘဲ 'သော်သော်'ဖုန်းကြီးကိုင်လျက်ရှိပါသေးသည်။

               ******

ရုပ်ရှင်ရုံထဲဝယ်။

အဖြူ နဲ့အနက်ဒူးဖုံးဂါဝန်လေးဝတ်လာတဲ့'သူသူ'နဲ့ ပန်းပွင့်သေးသေးလေးတွေပါတဲ့ဒူးဖုံးဂါဝန်နီညိုရောင်လေးဝတ်လာတဲ့'သော်သော်'တို့ဆီမှာ ရုပ်ရှင်လာကြည့်တဲ့သူတွေရဲ့မျက်လုံးတွေရောက်နေကြပါသည်။

(သူတို့ကိုချစ်သူလို့မထင်ဘူးလေ။သူငယ်ချင်းကောင်မလေးနှစ်ယောက်ရုပ်ရှင်လာကြည့်တယ်ပဲသူများတွေကထင်နေကြတာ။ဘာလို့ဆို လက်တွဲလျှောက်ဖို့်နေနေသာသာ ခပ်ခွာခွာဖြစ်နေကြတာကိုး။အဲ့လောက်ဖြူ စင်ကြတာပါ)

"သရဲကားနဲ့ဟာသကား ပြနေတာပဲ...'သူသူ'တို့ဘာကြည့်ကြမလဲ...သရဲကားကြည့်ကြမလားဟင်"

ဇာတ်ကားကနှစ်ကားတင်နေတာမို့ 'သူသူ'ကမေးလိုက်သည်။

"သ.သရဲကား?...သရဲကားမကြည့်ပါနဲ့ 'သူသူ'ရယ်...ဟာသကားပဲကြည့်ရအောင်နော်"

"ဘာလို့လဲ..သရဲကားဆိုရင်ဖိုစရာကောင်းတယ်လေ"

"သော်သော်...'သော်သော်'သရဲကြောက်လို့ပါ..သရဲကားတွေမကြည့်ရဲဘူး"

"အ.ဟင်း.ဟင်း.ဟင်း....'သော်သော်'ကသရဲကြောက်တယ်.ဟုတ္လား...'သူသူ'လုံးဝမထင်ခဲ့မိဘူး"

"ဟုတ်တယ် 'သူသူ'ရဲ့..နော်...ဟာသကားပဲကြည့်ရအောင်"

"အင်းပါ...ဒီတစ်ခေါက်တော့သနားလို့ အလျှော့ပေးလိုက်မယ်နော်"

"ကျေးဇူးတင်လိုက်တာ...ဒါဆို 'သော်သော်'တို့လက်မှတ်သွားဖြတ်ကြရအောင်လေ"

ထို့နောက် အတူတူလက်မှတ်ရုံကိုလက်မှတ်သွားဖြတ်ကြသည်။

"အတွဲခုံယူမှာလားရှင့်"

ဝန်ထမ်းကောင်မလေးကမေးလိုက်တော့ နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာပြန်ပြောရမှန်းမသိ၊ရှက်နေကြသည်။

"ဟို..ဟို..ရိုးရိုးတန်းနောက်ဆုံးခုံ နှစ်စောင်ပဲပေးပါ"

'သော်သော်'ကမျက်နှာပူစွာနဲ့ပြောလိုက်ရသည်။

               ******

ဇာတ်ကားပြနေသောအခါ-

"ဟား.ဟား.ဟား.ဟား.....ဟား.ဟား..."

'သူသူ'ရယ်ရလွန်းလို့ အိနြေ္ဒပင်မဆည်နိုင်ဘဲ ဗိုက်ကိုဖိကာဖိကာနဲ့အူလှိမ့်နေအောင်ရယ်နေပါသည်။သူ့မှာရယ်ရတာဗိုက်နာလွန်းလို့ ခုံပေါ်မှာပက်လက်လန်သွားလိုက်၊ရှေ့ကိုကုန်းပြီးရယ်လိုက်နဲ့ တော်တော်ကိုမထိန်းနိုင်ဖြစ်နေသည်။

'သော်သော်'လဲ ရယ်နေရတာပေါ့။သူမကတော့ဇာတ်ကားကြောင့်မဟုတ်ပါဘူး။'သူသူ့'ရဲ့ဖြစ်ပျက်နေပုံလေးတွေကိုကြည့်ပြီး ရယ်နေရတာလေ။

ဇာတ်ကားပြီးသွားလို့ကားရှိရာဆီပြန်လာကြတော့လဲ 'သော်သော်'က'သူသူ့'ကိုကြည့်ကာ ရယ်လို့မပြီးနိုင်သေးဘူး။

"ဘာလို့ လူကိုရယ်နေတာလဲ...ဇာတ်ကားပြနေတုန်းကလဲ အတူတူပဲ...ဇာတ်ကားကိုမကြည့်ဘဲနဲ့ 'သူသူ့'ကိုပဲကြည့်ပြီးရယ်နေတာ"

"အ ဟင်း....'သူသူ'ကအရမ်းရယ်ရတာကိုး...'သူသူ'အဲ့လောက်အရယ်သန်မှန်း မသိခဲ့ဘူး...အ ဟင်း ဟင်း"

"မရယ်နဲ့တော့လို့"

"အ ဟင်း ဟင်း"
(ပြောမှပိုရယ်ချင်နေတော့သည်)

"မရယ်ပါနဲ့ဆို...သြား.မခေါ်တော့ဘူး"

စိတ်ကောက်ပြီး'သော်သော့်'ကိုအသာလေးတွန်းကာ 'သူသူ'ကအရှေ့မှထွက်သွားသည်။'သော်သော်'ပျာယာခပ်ပြီး အနောက်ကလိုက်ရတာပေါ့။

(အမေလး..။ကြာကြာစိတ်မကောက်ပါဘူး။ရေခဲမုန့်သည်ကိုတွေ့လိုက်တော့ 'သော်သော့်'ကိုလှည့်ကြည့်ပြီး ဝယ်ပေးဖို့ပူဆာလေရဲ့)

"သော်သော်...ရေခဲမုန့်စားချင်လို့"

"မခေါ်တော့ဘူးဆို"

"အဲ့ဒါ အလကားလျှောက်ပြောတာ...ဝယ်ကျွေးနော်"

"ဝယ်ပါရှင့်.ဝယ်ပါ"

စားချင်တာစားရတော့မှာဆိုတော့ မျက်နှာကပြုံးပျော်သွားပါသည်။

"ဦးလေး.၅၀၀ဖိုး....ခွက်နဲ့နော်"

"ဟုတ်ကဲ့ခင်ဗျာ"

"သော်သော်ကော စားဦးမွာလား"

"ဟင့်အင်း..'သော်သော်'က ကလေးမဟုတ်တော့ဘူးလေ...ကလေးစာတွေမစားတတ်ဘူး"

"သူသူ့ကို ကလေးလို့ပြောချင်တာလား"

မျက်နှာကစူပုပ်သွားပြီး ထပ်စိတ်ကောက်သွားပြန်ပါသည်။

"မဟုတ္ဘူး-မဟုတ္ဘူး....အလကားစတာပါ...'သော်သော်'ကရေခဲမုန့်သိပ်မကြိုက်လို့"

(ကလေးကိုပြန်ချော့ရသေးတယ် 😌)

               ******

"သော်သော်..ရေခဲမုန့်ကတော်တော်အရသာရှိတယ်.မြည်းကြည့်မလားဟင်"

'သော်သော်'ကားမမောင်းခင်လေး 'သူသူ'ကတစ်ဇွန်းခွံ့ကျွေးဖို့လုပ်လိုက်သည်။ပြီးမှရှက်ကာ ခွံ့မကျွေးရဲဘဲလက်ကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်။ထို့ကြောင့်'သော်သော်'ကသူမလက်ကလေးကိုကိုင်ပြီး ဇွန်းထဲကရေခဲမုန့်ကိုစားပစ်လိုက်သည်။အဲ့ဒီနောက် မျက်လုံးချင်းတောင်မဆိုင်ရဲကြတော့ဘဲ ရှက်လွန်းလို့ပါးလေးတွေနီရဲသွားကြသည်။

               ######

ဒိတ်တာမပြီးသေးပါဘူးနော် 😀

ဒိတ်တဲ့အခန်းကရှည်နေတာမို့လို့ နှစ်ရက်ခွဲရေးဖို့လုပ်လိုက်ပါတယ် 😜

ကျေးဇူးတင်ပါတယ်ရှင့် 🙏🙏

👋👋

Continue Reading

You'll Also Like

Riptide By V

Teen Fiction

323K 8.3K 117
In which Delphi Reynolds, daughter of Ryan Reynolds, decides to start acting again. ACHEIVEMENTS: #2- Walker (1000+ stories) #1- Scobell (53 stories)...
178K 8.6K 54
ငယ်ငယ်ကတည်းက ရင့်ကျက်ပြီး အတန်းခေါင်းဆောင်အမြဲလုပ်ရတဲ့ ကောင်လေး ကျော်နေမင်း ခြူခြာလွန်းလို့ ကျော်နေမင်းက ပိုးဟပ်ဖြူလို့ နာမည်ပေးခံရတဲ့ ကောင်မလေး နေခြ...
18K 761 16
အတိတ်က အရိပ်ကို မလွန်ဆန်နိုင်ဘဲ နာမည်နဲ့လိုက်အောင် အေးဆက်ခဲ့ရတဲ့ ကျွန်မနှလုံးသားလေး ဟာ ဆောင်းရာသီမှာဖြစ်ပေါ်လာတဲ့ မြူလေးတွေကြောင့် တဖန် နွေးထွေးစွာ...
3.3K 161 28
"ပျော်ရွှင်ခြင်းဆိုတာ မြတ်နဲ့မှ ‌ဖြစ်ပေါ်" လာတဲ့ စိတ္တဇနာမ် တစ်ခုပါ ..." "မိန်းကလေးဆို မင်းကလွဲရင် ဘယ်သူ့ ကိုမှ ချစ်လို့မရဘူး.."