အ႐ုဏ္ဦးရဲ႕ ခ်စ္ျခင္းအလင္းေရာ...

By Han_Me7012

369K 29.9K 2.7K

(Zawgyi) အေမွာင္ဖံုးေနၿပီလို႔ ထင္ခဲ့တဲ့..... ကြၽန္ေတာ့ဘဝေနရာလြတ္ေလးထဲ အလင္းေရာင္ေလးတစ္ပ် တျဖည္းျဖည္း ဝင္ေရာက္... More

Author's Note
Author's Note(Unicode)
အပိုင္း(၁)
အပိုင်း(၁)(Unicode)
အပိုင္း(၂)
အပိုင်း(၂)(Unicode)
အပိုင္း(၃)
အပိုင်း(၃)(Unicode)
အပိုင္း(၄)
အပိုင်း(၄)(Unicode)
အပိုင္း(၅)
အပိုင်း(၅)(Unicode)
အပိုင္း(၆)
အပိုင်း(၆)(Unicode)
အပိုင္း(၇)
အပိုင်း(၇)(Unicode)
အပိုင္း(၈)
အပိုင်း(၈)(Unicode)
Character(No update)
အပိုင္း(၉)
အပိုင်း(၉)(Unicode)
အပိုင္း(၁၀)
အပိုင်း(၁၀)(Unicode)
အပိုင္း(၁၁)
အပိုင်း(၁၁)(Unicode)
အပိုင္း(၁၂)
အပိုင်း(၁၂)(Unicode)
အပိုင္း(၁၃)
အပိုင်း(၁၃)(Unicode)
အပိုင္း(၁၄)
အပိုင်း(၁၄)(Unicode)
အပိုင္း(၁၅)
အပိုင်း(၁၅)(Unicode)
အပိုင္း(၁၆)
အပိုင်း(၁၆)(Unicode)
အပိုင္း(၁၇)
အပိုင်း(၁၇)(Unicode)
အပိုင္း(၁၈)
အပိုင်း(၁၈)(Unicode)
Motivations for me❤
အပိုင္း(၁၉)
အပိုင်း(၁၉)(Unicode)
အပိုင္း(၂၀)
အပိုင်း(၂၀)(Unicode)
အပိုင္း(၂၁)
အပိုင်း(၂၁)(Unicode)
အပိုင္း(၂၂)
အပိုင်း(၂၂)(Unicode)
အပိုင္း(၂၃)
အပိုင်း(၂၃)(Unicode)
အပိုင္း(၂၄)
အပိုင်း(၂၄)(Unicode)
အပိုင္း(၂၅)
အပိုင်း(၂၅)(Unicode)
အပိုင္း(၂၆)
အပိုင်း(၂၆)(Unicode)
Author's Note
အပိုင္း(၂၇)
အပိုင္း(၂၈)
အပိုင္း(၂၉)
အပိုင္း(၃၀)
အပိုင္း(၃၁)
အပိုင္း(၃၂)
အပိုင္း(၃၃)
အပိုင္း(၃၄)
အပိုင္း(၃၅)
AN(No update)
အပိုင္း(၃၆)
အပိုင္း(၃၇)
အပိုင္း(၃၈)
အပိုင္း(၃၉)
အပိုင္း(၄၀)
အပိုင္း(၄၂)
အပိုင္း(၄၃)
အပိုင္း(၄၄)
အပိုင္း(၄၅)
အပိုင္း(၄၆)
အပိုင္း(၄၇)
အပိုင္း(၄၈)
Ending(1)
Ending(2)
For My Lovely Readers❤

အပိုင္း(၄၁)

4.7K 445 41
By Han_Me7012

(Zawgyi)

အဲယားကြန္းေလတိုးသံကုိ ထင္ထင္႐ွား႐ွားၾကားေနရသည္အထိ ပတ္ဝန္းက်င္က တိတ္ဆိတ္ေနသည္။ အိပ္ယာထက္တြင္ ေခါင္းမခ်မီ နာရီၾကည့္ခဲ့စဥ္က ဆယ့္ႏွစ္နာရီတိတိျဖစ္သည္..။ မ်က္ခမ္းစပ္ႏွစ္ခုၾကားမွ တိုးဝင္လာေနေသာ အလင္းေရာင္ကို မေက်နပ္စြာ ဖြင့္ၾကည့္မိခ်ိန္၌ သက္ျပင္းအခ်ိဳ႕ပါ အျပင္ဘက္သို႔ ပြင့္ထြက္သြားခဲ့သည္။

ေနေဝေသာ္တစ္ေယာက္ အိပ္မေပ်ာ္ႏိုင္ျဖစ္ေနသည္မွာ မီးအလင္းေရာင္ေၾကာင့္မဟုတ္သလို အဲယားကြန္းေလတိုးသံ ေၾကာင့္လည္းမဟုတ္ေပ...။အိပ္မေပ်ာ္ရျခင္း၏ အဓိကအေၾကာင္းျပခ်က္မွာ နႏၵေသြးေၾကာင့္သာျဖစ္သည္။

ေဘးဘက္သို႔ေခါင္းငဲ့ ၾကည့္လိုက္ေသာအခါတြင္ ေက်ာေပးအိပ္ေနေသာ နႏၵေသြးကိုျမင္ရသည္။ လႈပ္႐ွားျခင္းမ႐ွိဘဲ ၿငိမ္သက္ျမဲျငိမ္သက္ေနသူကို ခဏတာေငးၾကည့္ေနၿပီးမွ အနားတိုးသြားကာ ေနာက္ေက်ာမွသိုင္းဖက္ရင္း ဆံပင္႐ွည္ေတြၾကားထဲသို႔ ေခါင္းတိုးေဝွ့လိုက္သည္။ 

နႏၵေသြးသည္ ေနေဝေသာ္၏လက္ကို ျပန္ဆုပ္ကိုင္လိုက္ေသာ္လည္း ပံုမွန္အတိုင္း ေက်ာေပး၍သာေနျမဲပင္....။

"အိပ္မေပ်ာ္ဘူးလား...."

"ေအး..."

ေနေဝေသာ္ျပန္ေျဖပံုက တိုတိုတုတ္တုတ္ပင္ျဖစ္သည္။နႏၵေသြး၏ ပခံုးထက္သို႔ ႏွာေခါင္းနစ္ဝင္ေအာင္ နမ္းၿပီးသည့္ေနာက္တြင္ ဒုတိယစကားတစ္ခြန္းကို ေနေဝေသာ္ ထပ္ၾကားလိုက္ရသည္။

"ငါ့ေၾကာင့္လား...."

"မဟုတ္ဘူးလို႔ ေျပာရမလား..."

ေနေဝေသာ္သည္ နႏၵေသြးထံမွ မည္သည့္စကားသံမွ မၾကားရေတာ့သည့္အတြက္ ပခံုးစြန္းကို ခပ္ဖြဖြနမ္းေနျခင္းမွ ရပ္လိုက္ၿပီး သူ၏ရင္ခြင္ထဲတြင္ ေနရာလြတ္မက်န္ေတာ့သည္အထိ နႏၵေသြးကို တင္းတင္းျကပ္ျကပ္ ဖက္ထားလိုက္သည္။

"ပါးပါးတို႔နဲ႔လည္း အဆင္ေျပေနၿပီပဲ..ကူးေလးရယ္.
တျခားေလ်ွာက္မေတြးနဲ႔ေလ....."

"မေတြးလို႔မွ မရတာ...."
ငါ့ေရာဂါအေၾကာင္းကို မင္းမိဘေတြသိသြားရင္ ငါတို႔ႏွစ္ေယာက္ ဘာဆက္ျဖစ္မွာလဲ..sun

ဦးနဲ႔အန္တီက မင္းကိုသိပ္ခ်စ္တာေလ...
မင္းေၾကာင့္မို႔...ငါ့ကိုလက္ခံေပးတာ...သူတို႔ရဲ႕ အဖိုးတန္သားေလးကို ငါ့ေၾကာင့္တစ္ခုခုျဖစ္သြားမွာမ်ိဳး မျဖစ္ေစခ်င္ဘူးထင္တယ္..

သူတို႔သိသြားမယ့္ တစ္ေန႔အေၾကာင္း ေတြးလိုက္ရင္
ရင္ထဲမြန္းၾကပ္လာတယ္...sun...အဲ့တာေၾကာင့္ တစ္ေယာက္ေယာက္ကိုခ်စ္ဖို႔ ငါေၾကာက္ခဲ့တာ...

ဒါေပမယ့္ အဲ့ဒီ့အေၾကာက္တရားကို မင္းေၾကာင့္ ေက်ာ္ျဖတ္ခ်င္လာတယ္...မင္းက ငါ့အတြက္ေတာ့ ဘြားဘြားမ႐ွိတဲ့ေနာက္မွာ ဆက္ၿပီးအသက္႐ွင္ခ်င္စိတ္ကို...
ျဖစ္ေစတဲ့ တစ္ဦးတည္းေသာသူပဲ...

ငါမင္းကိုပါ ဆံုး႐ွံုးလိုက္ရရင္ ခံႏိုင္ရည္႐ွိေတာ႔မွာ
မဟုတ္ဘူး..."

ခပ္တိုးတိုးစကားသံႏွင့္အတူ ၾကားလိုက္ရေသာ သက္ျပင္းခ်သံအခ်ိဳ႕က ကြၽန္ေတာ့ထံသို႔ပါ ကူးစက္လာသည္။

နႏၵေသြးဆိုေသာ ေကာင္ေလးသည္ အျပင္ပန္းၾကည့္ရင္ ျဖတ္သန္းလာရတဲ့ဘဝေၾကာင့္ မာထန္ၿပီး လူႀကီးဆန္ေနတဲ့ပံု ျဖစ္ေနေသာ္လည္း...တကယ္တမ္းက်ေတာ့ အရမ္းအားငယ္တတ္ၿပီး သူနားခိုလို႔ရမယ့္ ရင္ခြင္တစ္စံုကို အျမဲေတာင္းတေနတတ္ေသာ ကေလးေလးတစ္ေယာက္နဲ႔ တူသည္...။

အခုအခ်ိန္မွာ စကားေလးတစ္ခြန္းေျပာရံုနဲ႔ သူ႔စိတ္ကိုသက္သာရာ ရေစမလားမသိေပမယ့္ က်ြန္ေတာ့အတြက္က သူ႔ကို ေျပာခဲ့သမ်ွ စကားေတြတိုင္းကို...ကတိတစ္ခုအေနနဲ႔ သတ္မွတ္ထားတာ...။

"အဲ့ဒီ့အခ်ိန္ ေရာက္လာတဲ့အခါက်ရင္ ငါ့ကိုယ္ငါ သားမိုက္တစ္ေယာက္အျဖစ္ခံၿပီး မင္းကိုပဲေရြးမွာ ကူးေလး...
အဲ့ေတာ့ စိတ္ပူမေနနဲ႔ေတာ့...မင္းကိုငါ့ဆီက ခြဲထုတ္သြားဖို႔ဆိုတာ ငါေသမွျဖစ္လာမယ့္ကိစၥမို႔လို႔...စိတ္ပူမေနဘဲ အိပ္ေပ်ာ္ေအာင္အိပ္....."

ေက်ာခိုင္းထားျမဲျဖစ္တဲ့သူ႔ကို ကြၽန္ေတာ့ဘက္လွည့္ေစခ်င္ေပမယ့္ ဒီအတိုင္းေလးပဲ ဆက္ၿပီးေထြးေပြ႔ထားခဲ့သည္။ ကြၽန္ေတာ္လည္း သူနဲ႔ထပ္တူ စိုးရိမ္မႈေတြ႐ွိသည့္ အေၾကာင္း
ေျပာျပမေနေတာ့ဘဲ မိုးျမန္ျမန္လင္းေစရန္ မ်က္လံုးေတြ မွိတ္လိုက္ရင္း အစ္ကို႔ကို သတိရလာသည္။

ငယ္ငယ္ကတည္းက မည္သည့္အေၾကာင္းကိစၥမဆို အစ္ကို႔ကိုေျပာျပတတ္သည့္ ကြၽန္ေတာ္...ဒီတစ္ခါတြင္ ႏႈတ္ဆိတ္ေနမိ၍ ရင္ထဲတင္းေနသလို ခံစားေနရသည္။

အစ္ကိုသိသြားရင္ေရာ ကြၽန္ေတာ့ဘက္က ရပ္တည္လိမ့္မလား ဆိုတာကလည္း တကယ္ကိုမေသမခ်ာ...။ ဒါေပမယ့္ ကူးေလးအေၾကာင္းကို စသိရတုန္းကအစ္ကို႔ကို ကြၽန္ေတာ္ေမးခဲ့ဖူးတယ္....။

ရည္မြန္႔မွာသာ ေရာဂါ႐ွိေနရင္ အစ္ကိုဘယ္လိုလုပ္မလဲဆိုေတာ့
အစ္ကိုျပန္ေျဖတဲ့စကားေလးကုိ ကြၽန္ေတာ္မွတ္မိေနတုန္း....။

"လူတစ္ေယာက္ကို တကယ္ခ်စ္ရင္
သူ႔ရဲ႕ေကာင္းျခင္း၊ဆိုးျခင္းကိုလည္း လက္ခံႏိုင္ရမယ္....

ေရာဂါ႐ွိလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ သူ႔ကိုစြန္႔ခြာမယ္ဆိုရင္ေတာ့ ငါကမေကာင္းတဲ့ေကာင္ ျဖစ္သြားလိမ့္မယ္..." တဲ့....။

အစ္ကို႔ရဲ႕စကားေၾကာင့္ ကြၽန္ေတာ့မွာေ႐ွ႕ဆက္ရဲတဲ့
အားအင္ေတြ ႐ွိလာရတာ...။ ကူးေလးကို ခ်စ္တဲ့အတြက္ သူ႔မွာေရာဂါ႐ွိေနတယ္ဆိုတဲ့ အခ်က္ကိုေတာင္ ေမ့ၿပီး ကူးေလးလက္ကို တြဲႏိုင္လာတာ....။

အစ္ကိုလည္း ကြၽန္ေတာ့ကို နားလည္ေပးႏိုင္မွာပါ....။ ပါးပါးနဲ႔ေမေမတို႔ထက္ေတာင္ ကြၽန္ေတာ့စိတ္ကို နားလည္ေပးႏိုင္တဲ့သူက အစ္ကိုပဲ႐ွိတာ မဟုတ္လား...။

တစ္ေယာက္ေယာက္ကိုမွ ရင္မဖြင့္ရရင္ ႐ူးေတာ့မွာမို႔လို႔
ယံုၾကည္လို႔ရပါတယ္ေနာ္....အစ္ကို....။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ျပန္လည္ႏိုးထလာရေသာ မနက္ခင္းပိုင္းတြင္ ေအးစိမ့္မႈႏွင့္ ေႏြးေထြးမႈကို နႏၵေသြးတစ္ေယာက္ တစ္ၿပိဳင္နက္တည္း ခံစားလိုက္ရသည္။ လည္ပင္းေနာက္ဖ်ားဆီသို႔ တိုးဝင္လာေသာ ေလေငြ႔ႏွင့္အတူ ေနေဝေသာ္၏ အသက္႐ွဴသံကို ခံစားသိ႐ွိေနရသည္မွာ အိပ္မေပ်ာ္ခင္အခ်ိန္ကႏွင့္ တစ္ထပ္တည္းပင္ျဖစ္ေသာေၾကာင့္ မနက္မိုးလင္းသည္အထိ ႏွစ္ေယာက္သား ပံုစံမပ်က္မယြင္း အိပ္ေပ်ာ္သြားခဲ့ၾကသည္ဟု ခန္႔မွန္းစရာပင္ မလိုေတာ့ေပ....။

စကားတစ္ခြန္းၾကားလိုက္ရရံုႏွင့္ ေပြ႔ဖက္မႈတစ္ခု ရ႐ွိလိုက္ရံုႏွင့္ စိတ္ညစ္စရာေတြအားလံုး ေမ့သြားရသည္မွာ ထူးဆန္းေသာ္လည္း ဤကဲ့သို႔ေသာ အေျကာင္းတရားျဖစ္ေပၚ္လာေစသူမွာ ေနေဝေသာ္ဆိုတာနဲ႔တင္ နႏၵေသြးသည္ တမူထူးၿပီး အံ့ျသမေနေတာ့...။

အိပ္ယာေပၚမွ တိတ္တဆိတ္စြန္႔ခြာရန္ ခါးေပၚေရာက္ေနေသာ ေနေဝေသာ္လက္ကို အရင္ဖယ္ဖို႔ႀကိဳးစားလိုက္သည္။ သတိတစ္ခ်က္လြတ္သည္ႏွင့္ အသက္ေဘးကပ္သြားႏိုင္ေသာ လမ္းမေပၚတြင္ ကားေမာင္းရျခင္းထက္ ခႏၶာကိုယ္ေပၚက လက္တစ္ေခ်ာင္းကို ဖယ္ရသည္က ပိုခက္သည္။ အိပ္ေမာက်ေနသူ ႏိုးသြားမွာစိုးရိမ္သည့္စိတ္မွာ ခ်စ္ျခင္းေမတၱာျဖစ္ေနေၾကာင္း သတိျပဳမိေသာအခါ နႏၵေသြးသည္ တစ္ေယာက္တည္းျပံဳးမိသည္။

ေအာင္ျမင္စြာၿပီးေျမာက္သြားေသာ မစ္႐ွင္အဆံုး၌ အပိုဆုအေနျဖင့္ ေနေဝေသာ္မသိေအာင္ ခိုးနမ္းမည့္ဆဲဆဲ လႈပ္ရြလာသူေၾကာင့္ ဗေလာင္ဆူသြားေသာ ရင္အစံုသည္ အနမ္းသူခိုးတစ္ေယာက္အား ေလွာင္ေျပာင္ေနဟန္႐ွိသည္...။

နႏၵေသြးသည္ တစ္ခါမွလူမမိဖူးေသာ ဝါရင့္တစ္ေယာက္ျဖစ္ေသာ္ျငားလည္း ေ႐ွ႕ဆက္မတိုးျဖစ္ေတာ့ဘဲ ေနေဝေသာ္ မ်က္ႏွာေပၚတြင္အုပ္ေနေသာ လိႈင္းတြန္႔ဆံစ အခ်ိဳ႕ကိုသာ ညႇင္သာစြာ သပ္တင္ေပးခဲ့ေတာ့သည္။
.
.
.
.
.
.
.
.
.
.
.
.
မ်က္ႏွာသစ္ၿပီး ေအာက္ဆင္းလာေသာအခါ ေမႊးပ်ံ႔လွေသာ အနံ႔တစ္ခုက နႏၵေသြးအား ဆီးႀကိဳသည္။ မီးဖိုေခ်ာင္ဘက္မွ လာတာျဖစ္ေသာေၾကာင့္ ထိုေနရာအား ဦးတည္သြား လိုက္ေသာအခါ ေဒၚႏုေဝကို ေတြ႔လိုက္ရပါသည္။ ဟင္းရည္အိုးအား ဇြန္းတစ္ေခ်ာင္းႏွင့္ ေမႊလိုက္၊ ျမည္းၾကည့္လိုက္ လုပ္ေနေသာ ေဒၚႏုေဝသည္ နႏၵေသြးကိုျမင္ေသာအခါ အနားလာရန္ေခၚသည္။ ထို႔ေနာက္ အရည္အခ်ိဳ႕ကို ဇြန္းထဲခပ္ယူကာ နႏၵေသြးႏႈတ္ခမ္းနားသို႔ ေတ့ေပးေလသည္။

"ျမည္းၾကည့္ေလ...နႏၵေလး
အရသာအဆင္ေျပရဲ႕လား သိခ်င္လို္႔...."

ဘာ့ေျကာင့္ရယ္မသိ...။ ႏႈတ္ခမ္းနားေရာက္လာေသာ
ဟင္းရည္ပူပူကို မမႈတ္ဘဲေသာက္ၿပီးခ်ိန္တြင္ မ်က္လံုးေတြ ေဝဝါးလာသည္။ ဝမ္းနည္းစရာမ႐ွိဘဲ မ်က္ရည္ဝဲရသည္က ေမတၱာတရားကို ခံစားမိ၍ျဖစ္မည္။ ေဒၚႏုေဝထံမွ ေကာင္းရဲ႕လားဆိုသည့္ စကားသံကိုၾကားၿပီးသည့္ေနာက္ ဘာကိုမွမစဥ္းစားဘဲ ေခါင္းျမန္ျမန္ညိတ္ခဲ့သည္။

ေသာက္ဖူးသမ်ွဟင္းရည္ေတြထဲတြင္ ေဒၚႏုေဝခ်က္သည့္ ဟင္းရည္က အေကာင္းဆံုးျဖစ္သည္ဟု နနၵေသြးခံစားခဲ့ရသည္။

"အရသာမေပါ့ဘူးမွတ္လား...."

"အေတာ္ပဲ...အန္တီ...အုန္းႏို႔လည္း သိပ္မမ်ားလို႔ထင္တယ္...
စိမ့္စိမ့္ေလးနဲ႔ေကာင္းတယ္...."

"အုန္းႏို႔နဲ႔ခ်က္တာမဟုတ္ဘူး...နႏၵေလးရဲ႕.
ႏို႔စိမ္းနဲ႔ခ်က္တာ...သားငယ္ေဖေဖနဲ႔လည္း မတည့္လို႔ေလ...
အုန္းႏို႔ေခါက္ဆြဲက စားလို႔သာေကာင္းတာ လူႀကီးေတြ အတြက္ မေကာင္းဘူး...

ႏို႔စိမ္းေခါက္ဆြဲက်ေတာ့ မ်ားမ်ားစားမိလည္း စိုးရိမ္စရာမလိုဘူးေလ...အန္တီတို႔က အစားခပ္မက္မက္ရယ္ မဟုတ္လား..."

ရယ္ေမာ၍ေျပာဆိုေနေသာ ေဒၚႏုေဝအား နႏၵေသြးတစ္ေယာက္ ျပံဳးတံု႔တံု႔သာ ေငးၾကည့္ေနလိုက္သည္။ ေဒၚႏုေဝ...အဆက္မျပတ္ ေမႊေနေသာ ဟင္းရည္အိုးကလည္း နႏၵေသြး၏စားခ်င္စိတ္ကို ႏိႈးဆြေပးေနသည္။ တစ္ခါေမႊလိုက္တိုင္း ေပၚေပၚလာသည့္ ၾကက္သားဖတ္ေတြႏွင့္ ပဲေသြးေတြအျပင္ ၾကက္ေျခေထာက္ေတြက
အေတြးနဲ႔တင္ စားခ်င္စဖြယ္ျဖစ္ေနၿပီးျဖစ္သည္။

ေဒၚႏုေဝသည္ နႏၵေသြး၏စားခ်င္စိတ္ကို သတိျပဳမိၿပီး အသာအယာျပံဳးကာ အခြံခြာထားေသာ ၾကက္သြန္နီေတြဘက္သို႔ လက္ညႇိဳးထိုးျပသည္။

"အန္တီ့ကိုတစ္ခုေလာက္ ကူညီေပးမလား...ဒီၾကက္သြန္နီေတြကို အန္တီမုန္႔ႂကြပ္ေၾကာ္ေနတဲ့အခ်ိန္...သားက..ပါးပါးလွီးထားေပး..
ဟင္းရည္က်က္တာနဲ႔ တို႔ေတြခ်က္ခ်င္းစားလို႔ရတာေပါ့..."

လုပ္စရာတစ္ခုေပၚလာေသာေၾကာင့္ နႏၵေသြးဝမ္းသာသြားသည္။ ဘာမွမလုပ္ဘဲ ရပ္ေနရသည္က စိတ္ထဲတြင္ မေနတတ္သလို ျဖစ္ေစေသာေၾကာင့္ ခ်က္ခ်င္းေခါင္းညိတ္ကာ ၾကက္သြန္နီေတြကို စဥ့္နီတံုးေပၚတြင္လွီးရန္ ျပင္လိုက္သည္။

ဓားလက္ကိုင္ကို ကိုင္လိုက္သည့္အခ်ိန္တြင္ ေလးလံမႈတစ္ခုကို ခံစားရသည္။ တစ္ခါမွဓားမကိုင္ဖူးသူတစ္ေယာက္ကဲ့သို႔ လက္ထိသြားမည္ကို ေၾကာက္ေနသည့္စိတ္အား နႏၵေသြးတစ္ေယာက္တည္းသာ နားလည္သည္။ ထို႔ေၾကာင့္ စိတ္အာရံုအားလံုးကို ၾကက္သြန္နီလွီးသည့္အေပၚတြင္ ပို႔ေဆာင္ကာ
ဂ႐ုတစိုက္လုပ္ေဆာင္ေနခိုက္ အေနာက္ကေန ႐ုတ္တရက္ ေရာက္လာေသာ ေနေဝေသာ္ေၾကာင့္ စုစည္းထားေသာ စိတ္အာရံုမ်ား ကစဥ့္ကလ်ားျဖစ္ကုန္ေတာ့သည္။

"အ.........."

လန္႔ၿပီးလွီးခ်လိုက္သည္က ၾကက္သြန္နီမဟုတ္ဘဲ မိမိလက္ျဖစ္ေနသည္။ အလ်င္အျမန္ စိမ့္ထြက္လာေသာ ေသြးနီနီေတြသည္ ဒဏ္ရာမွာတင္မကဘဲ ဓားေပၚမွာပါ တစြန္းတစ ေပသြားသည္။

"ဟယ္...ဓားထိသြားတာလား..နႏၵေလး..."

ေနေဝေသာ္သည္ ေဒၚႏုေဝအသံေၾကာင့္ နႏၵေသြးတစ္ေယာက္ ဓားထိသြားေၾကာင္း သတိျပဳမိၿပီးေနာက္ စိုးရိမ္စိတ္ႏွင့္အတူ ဒဏ္ရာ႐ွိေနသည့္လက္ကို ကိုင္ရန္ႀကိဳးစားသည္။ ထိုအခ်ိန္တြင္ နႏၵေသြးထံမွ ေက်ာခိုင္းခံလိုက္ရသည့္ အျဖစ္ေၾကာင့္ ခ်က္ခ်င္းပင္ တံု႔ဆိုင္းသြားမိသည္။

"သားငယ္....ဧည့္ခန္းထဲက ဗီ႐ိုထဲမွာ ေဆးေသတၱာ႐ွိတယ္...
ျမန္ျမန္ေဆးထည့္ေပးလိုက္...

နႏၵေလးက အန္တီ့ကိုဓားေပး...က်န္တာကို အန္တီပဲ ဆက္လုပ္လိုက္ေတာ့မယ္ေနာ္..."

ေနေဝေသာ္သည္ နႏၵေသြး၏ေက်ာျပင္ကို တိတ္တဆိတ္ ရပ္ၾကည့္ေနၿပီးမွ ေဒၚႏုေဝစကားေၾကာင့္ နႏၵေသြးကိုဆြဲေခၚသြားရန္ လုပ္ေသာအခါ ေနာက္တစ္ခါထပ္မံျငင္းပယ္ျခင္းကို ခံလိုက္ရသည္။
မ်က္ႏွာခ်င္းဆိုင္ရပ္မိသည့္အခ်ိန္တြင္ ဓားကိုဆုပ္ကိုင္ထားပံုက ခ်ိန္ကိုက္ဗံုးတစ္လံုးအား ဆုပ္ကိုင္ထားရပံုႏွင့္ တူေနသည္။ မ်က္ႏွာထက္၌ ေၾကာက္ရြံ႔မႈေတြကအျပည့္...။

"ဒီ.....ဒီဓားကို လႊတ္ပစ္လိုက္မယ္ေနာ္အန္တီ...
ေသြးေပသြားလို႔ ျပန္မသံုးပါနဲ႔ေတာ့...."

တိုးတိမ္စြာထြက္လာေသာ အသံကိုၾကားရၿပီးေနာက္ ကိုယ့္ကိုယ္ကိုယ္ထက္ တျခားသူတစ္ေယာက္ကို ပိုစိုးရိမ္ေနပံုရသည့္ ကူးေလးအား ကြၽန္ေတာ္ စိတ္မေကာင္းစြာပင္ ၾကည့္ေနမိေတာ့သည္။

"ဘာမွမျဖစ္ပါဘူး...ျပန္ေဆးၿပီးသံုးရင္ ရတာပဲဟာ
ဒီေလာက္ေလးေတာ့ အန္တီက ဇီဇာမေၾကာင္ပါဘူးသားရဲ႕...."

ဘာမွမသိ႐ွာပါေသာ ေမေမ့၏စိတ္ရင္းက ကူးေလးကို ပိုဒုကၡေရာက္ေစသည္ထင္...ဂဏာမၿငိမ္ေသာ မ်က္လံုးမ်ားေၾကာင့္ ကြၽန္ေတာ္သာလ်ွင္ ၾကားဝင္ေျဖ႐ွင္းေပးရသည္။

"ေမေမက ဇီဇာမေၾကာင္ေပမယ့္ 
ကူးေလးကေတာ့ ဇီဇာေၾကာင္တယ္...ဓားေလးတစ္ေခ်ာင္းပဲ ေမေမရာ...လႊတ္ပစ္လိုက္လည္း ဘာမွမျဖစ္ပါဘူး.... ႏွေျမာမေနပါနဲ႔..."

"ႏွေျမာလို႔မဟုတ္ဘူး သားငယ္ရဲ႕...ထားပါေတာ့ကြယ္...
ဒီတိုင္းရပ္ေနၾကမလို႔လား...ေသြးေတာင္ျပန္ေျခာက္ေတာ့မယ္...
ေဆးထည့္ၿပီးရင္ ႏို႔ေခါက္ဆြဲစားၾကရေအာင္...
သြား...ေခၚသြား...သားငယ္...."

ေမေမ့ေ႐ွ႕မွ ေ႐ွ႕ဆင့္ေနာက္ဆင့္ထြက္လာၾကၿပီး ကြၽန္ေတာ္က ေဆးေသတၱာယူဖို႔ ေနက်န္ခဲ့ကာ ကူးေလးကို အေပၚထပ္လႊတ္လိုက္သည္။

ဓားေလးတစ္ေခ်ာင္းကို ဘယ္နားလႊတ္ပစ္ရမွန္းမသိျဖစ္ေနသည့္ ကူးေလးက ဒီတာဝန္ကို ကြၽန္ေတာ့ထံလည္း လႊဲမေပးခ်င္....။

အိတ္တစ္ခုသာေပးပါတဲ့...။

ေသခ်ာလံုေအာင္ ထုပ္ပိုးၿပီးတဲ့အထိ ဘယ္ေနရာမွ မခ်ရဲဘဲ လက္ထဲတကိုင္ကိုင္နဲ႔...။ ဒဏ္ရာကိုလည္း ကြၽန္ေတာ့ကိုအျမင္မခံ သူကိုယ္တိုင္ေဆးထည့္ၿပီး ပတ္တီးလံုလံုစည္းထားတာ တင္းၾကပ္ေနေရာပဲ....။

သူ႔ကိုၾကည့္ၿပီး စိတ္မသက္မသာျဖစ္လာမိေတာ့ တစ္ခ်ိန္လံုးပိတ္ထားခဲ့တဲ့ ပါးစပ္ကို အရြဲ႔အေစာင္းစကားေတြနဲ႔ စတင္ဖြင့္ရေတာ့သည္....။

"မင္းလိုကိုယ့္အားကိုယ္ကိုးတတ္တဲ့ လူနာမ်ိဳးနဲ႔သာဆိုရင္
ဆရာဝန္နဲ႔သူနာျပဳေတြ အလုပ္႐ႈပ္သက္သာၿပီပဲ..."

ကြၽန္ေတာ့ကိုျပန္ၾကည့္သည့္ မ်က္ဝန္းေတြက ခါတိုင္းလို ေတာက္ပေနျခင္းမ႐ွိ...အရည္ၾကည္ေတြလဲ့ေနသည့္ ထိုမ်က္ဝန္းထဲတြင္ အဓိပၸါယ္မ်ားစြာေတြ႔ရသည္။ ပံုမွန္ဆိုလ်ွင္ တစ္ခြန္းမက်န္ျပန္ေျပာတတ္သည့္ ေကာင္ေလးက ယခုမွာေတာ့ ေၾကာက္စရာေကာင္းေလာက္ေအာင္ တိတ္ဆိတ္၍ ကြၽန္ေတာ့ကိုလည္း သူ႔အနားမွာ ႐ွိမေနေစခ်င္သည့္ ပံုစံမ်ိဳးျဖစ္ေနသည္။ ပတ္တီးစည္းထားေသာ လက္ေခ်ာင္းေလးအား ခပ္ဖြဖြထိၾကည့္မိေသာအခါ သူ႔လက္ကို ကြၽန္ေတာ့လက္နားမွ အလ်င္အျမန္ဖယ္ခြာသြားသည္။

"မင္းဒီေလာက္ လံုေအာင္လုပ္ထားတဲ႔ဟာ... ငါ့ကိုမကူးႏိုင္ပါဘူး...ကူးေလးရာ...
ကူးသြားေတာ့လည္း...အဲ့..."

"ဆက္မေျပာနဲ႔ေတာ့...ေနေဝေသာ္...
ဒီေရာဂါက ဘယ္ေလာက္ဆိုးလဲ မင္းေသခ်ာသိလို႔ ကူးတာကို စကားထဲထည့္ေျပာေနတာလား..."

အဲ့တာက မင္းအျပစ္မွ မဟုတ္တာ...

ဆံုးေအာင္မေျပာလိုက္ႏိုင္ေသာစကားက စိတ္ထဲတြင္ပ်ံ႕ႏွံ႔ေနသည္။ ကူးေလရဲ႕ေလသံထဲတြင္ ေဒါသအနည္းငယ္လည္း ေရာစြက္ေနသည္က စိတ္တို၍မဟုတ္ဘဲ ကြၽန္ေတာ္နဲ႔ပတ္သတ္ၿပီး စိုးရိမ္စိတ္ႀကီးလြန္း၍ျဖစ္သည္။

"ဟုတ္ပါတယ္...မင္းေလာက္ ငါေသခ်ာမသိဘူး...ကူးေလး....
ဒါေပမယ့္ မင္းကေရာဂါပိုးသယ္လာတဲ့ သူတစ္ေယာက္ျဖစ္တယ္ ဆိုရင္ေတာင္ ငါကခ်စ္ေနဦးမွာ...အဲ့တာကိုပဲ...ငါသိတယ္...

ၿပီးေတာ့ မင္းက ဘာလို႔ဒီေလာက္ ေၾကာက္ေနရတာလဲ...
ဒီလိုလည္းေျပာင္းေတြးၾကည့္စမ္းပါ...သူမ်ားေတြက လက္စြပ္တို႔၊ဆြဲႀကိဳးတို႔ကို စံုတြဲအမွတ္အသားအျဖစ္ ဆင္တူဝတ္ၾကတယ္မလား...

တကယ္လို႔ ငါ့မွာလည္း အဲ့ေရာဂါ႐ွိသြားရင္ ဒါဟာငါတို္႔ရဲ႕အမွတ္အသားမို႔လို႔ ငါတို႔ႏွစ္ေယာက္က သူတို႔ေတြထက္ ပိုထူးသြားတာေပါ့ကြာ...ဟား...."

ဟာသလုပ္စရာအေၾကာင္းအရာမဟုတ္ဘဲ ဟာသလုပ္ေနပါေသာ ေနေဝေသာ္ကိုၾကည့္ၿပီး နႏၵေသြးတစ္ေယာက္ မြန္းၾကပ္လာရသည္။ ေနေဝေသာ္သည္ သူ႔အတြက္ အေကာင္းဆံုးထက္ပိုလြန္ေသာ လူတစ္ေယာက္ျဖစ္ေၾကာင္း အခ်ိန္ၾကာေလ၊သိလာေလ ျဖစ္သည့္အတြက္ ပိုၿပီးမဆံုး႐ွံုးခ်င္....၊ပိုၿပီး မထိခိုက္ေစခ်င္....။

နႏၵေသြးသည္ သက္ျပင္းတစ္ခ်က္ကို ခပ္ျပင္းျပင္း႐ိႈက္ထုတ္ၿပီးေနာက္ ေနေဝေသာ္ကို ေလးေလးနက္နက္ၾကည့္ကာ စကားတစ္လံုးခ်င္းစီကို ႐ွင္းလင္းျပတ္သားစြာ ေျပာလိုက္သည္၊

"ေသခ်ာနားေထာင္ေနာ္...sun...
ငါ့ေၾကာင့္သာ မင္းတစ္ခုခုျဖစ္သြားရင္...ငါ... ငါ့ကိုယ္ငါ အျပစ္ေပးပစ္မွာ...

မင္းကို အျပစ္အနာအဆာကင္းတဲ့သူ တစ္ေယာက္ပဲျဖစ္ေစခ်င္တယ္...မင္းရဲ႕ေသြးေတြကို သန္႔႐ွင္းေစခ်င္တယ္...

မင္းအတြက္ ငါျပန္ေပးႏိုင္တာ အခ်စ္တစ္ခုကလြဲၿပီး ဘာမွမ႐ွိခဲ့ရင္ေတာင္ ေသာကေတြေတာ့ မေပးပါရေစနဲ႔ sunရာ....

ငါ့ဆီမွာ႐ွိေနတဲ့ ျပႆနာက ေသရာပါမယ့္ ျပႆနာႀကီးမို႔ မင္းဆီကို နည္းနည္းေလးေတာင္ ဦးမလွည့္ေစခ်င္ဘူး...

ငါ့စိတ္ထဲမွာ႐ွိေနတဲ့စကားေတြကို မင္းသိေအာင္ ထုတ္မေျပာျဖစ္ေပမယ့္...ငါလည္းမင္းကို အထိအခိုက္မခံႏိုင္ေအာင္ ခ်စ္တာပါပဲ...အဲ့တာ
အမွန္တရားပဲ...

ျပီးေတာ့ မင္းကို ငါ့ဆီကေန ျပန္ကာကြယ္ရတာ ငါ႔အတြက္လည္း လြယ္တဲ့ကိစၥမဟုတ္လို႔.. မင္းဘက္ကလည္း ငါ့ဆႏၵကို လိုက္ေလ်ာေပးေလ...

အဲ့တာေၾကာင့္..အခု ငါနဲ႔ေဝးေဝးမွာ ေနေပးပါကြာ..
ဒီဒဏ္ရာမက်က္မခ်င္း ငါစိတ္ေအးႏိုင္မွာမဟုတ္လို႔ပါ...
sunရာ..."

ကြၽန္ေတာ္ဘာမ်ား ထပ္ေျပာႏိုင္ေတာ့မည္နည္း...။ နားမေထာင္ဘဲ မေနႏိုင္ေအာင္ စကားေတြနဲ႔အပိုင္ခ်ဳပ္လိုက္ပါေသာ ကူးေလးသည္ ေရာဂါ႐ွိေနေသာ သူ႔ကိုယ္သူထက္ ကြၽန္ေတာ့ကို ပိုစိတ္ပူပါတယ္တဲ့.....။

ျမတ္ႏိုးစရာ ေမတၱာတရားေလးက ကြၽန္ေတာ့ရင္ကို ေႏြးေထြးေစေသာ္လည္း ထိုေမတၱာတရားေလးေၾကာင့္ပင္ အရာရာကို ေတြးေတြးၿပီး ပူေနရျပန္သည္။

ကြၽန္ေတာ္လည္း ေၾကာက္ေနတာပါပဲ....ေၾကာက္တာပါပဲ....
ဒါေပမယ့္ ဒီအေၾကာက္တရားက ကူးေလးကိုခ်စ္တဲ့အခ်စ္ေလာက္ ပိုမႀကီးတဲ့အတြက္ ျဖစ္သမ်ွအေၾကာင္း အေကာင္းလို႔ပဲေတြးၿပီး ေပ်ာ္ေအာင္ေနရေတာ့တာ...။

ဟာသလုပ္ေနတယ္ဆိုတိုင္း ေပါ့ေပါ့တန္တန္သေဘာမထားတာ ကူးေလးလည္းသိမွာပါ....။ ကြၽန္ေတာ္ဟာလည္း သူ႔ရဲ႕စိတ္ဝိညာဥ္ကေလးကိုေတာင္မွ အထိခိုက္မခံေစခ်င္တဲ့ သူတစ္ေယာက္ျဖစ္ေၾကာင္းကိုေပါ့....။

>>>>>>>>>>>>>>>>>>>>>>>>>>>>

AN/

ေတာ္ေတာ္ၾကာမွ ျပန္ေပၚလာရတာ အားလည္းနာပါတယ္...
ဟန္မီတစ္ေယာက္ ေက်ာင္းသားတာဝန္ကို အရင္ထမ္းေဆာင္ေနရတဲ့အတြက္ ဒီဘက္မလွည့္ႏိုင္တာပါ...
တစ္ပတ္လံုးအားလပ္ခ်ိန္ရယ္လို႔ မ႐ွိဘူး...

အ႐ုဏ္ဦးကလည္း ေနာက္ႏွစ္ပိုင္း၊သံုးပိုင္းေလာက္ဆို ဇာတ္သိမ္းၿပီဆိုေတာ့ updateေစာင့္ရတဲ့ဒုကၡကေန မၾကာခင္ကြၽတ္ေတာ့မွာမို္႔လို႔ ခဏပဲသည္းခံေပးပါ...
အဲ့ေတာ့ ဟန္တို႔ေတြျဖည္းျဖည္းခ်င္းသြားလည္း အဆင္ေျပတယ္မလား...

Updateေတာင္းေနၾကတဲ့သူေတြကို ဟန္မီကupdateေပးၿပီး feedbackျပန္ေတာင္းခ်င္ပါတယ္...

ဘာမွျပန္မရလည္းကိစၥမ႐ွိပါဘူး...
မိဘေတြက သားသမီးေတြဘာျဖစ္ေနေန ေမတၱာမပ်က္ၾကသလို ဟန္မီကလည္း စာဖတ္သူေတြကို ဘယ္လိုျဖစ္ေနေန ခ်စ္ပါတယ္လို္႔...

(ဒါကခ်ဳပ္တာလို႔ေခၚတယ္...ကိုမင္းေသြးခန္႔ကို အားက်လို႔...xd)

အားလံုးပဲ က်န္းမာေရးဂ႐ုစိုက္ၾကပါ...❤

Love you all😘
Han_Me
(21.2.2020)

>>>>>>>>>>>>>>>>>>>>>>>>>>>>

(Unicode)

အဲယားကွန်းလေတိုးသံကို ထင်ထင်ရှားရှားကြားနေရသည်အထိ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ အိပ်ယာထက်တွင် ခေါင်းမချမီ နာရီကြည့်ခဲ့စဉ်က ဆယ့်နှစ်နာရီတိတိဖြစ်သည်..။ မျက်ခမ်းစပ်နှစ်ခုကြားမှ တိုးဝင်လာနေသော အလင်းရောင်ကို မကျေနပ်စွာ ဖွင့်ကြည့်မိချိန်၌ သက်ပြင်းအချို့ပါ အပြင်ဘက်သို့ ပွင့်ထွက်သွားခဲ့သည်။

နေဝေသော်တစ်ယောက် အိပ်မပျော်နိုင်ဖြစ်နေသည်မှာ မီးအလင်းရောင်ကြောင့်မဟုတ်သလို အဲယားကွန်းလေတိုးသံ ကြောင့်လည်းမဟုတ်ပေ...။အိပ်မပျော်ရခြင်း၏ အဓိကအကြောင်းပြချက်မှာ နန္ဒသွေးကြောင့်သာဖြစ်သည်။

ဘေးဘက်သို့ခေါင်းငဲ့ ကြည့်လိုက်သောအခါတွင် ကျောပေးအိပ်နေသော နန္ဒသွေးကိုမြင်ရသည်။ လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်မြဲငြိမ်သက်နေသူကို ခဏတာငေးကြည့်နေပြီးမှ အနားတိုးသွားကာ နောက်ကျောမှသိုင်းဖက်ရင်း ဆံပင်ရှည်တွေကြားထဲသို့ ခေါင်းတိုးဝှေ့လိုက်သည်။ 

နန္ဒသွေးသည် နေဝေသော်၏လက်ကို ပြန်ဆုပ်ကိုင်လိုက်သော်လည်း ပုံမှန်အတိုင်း ကျောပေး၍သာနေမြဲပင်....။

"အိပ်မပျော်ဘူးလား...."

"အေး..."

နေဝေသော်ပြန်ဖြေပုံက တိုတိုတုတ်တုတ်ပင်ဖြစ်သည်။နန္ဒသွေး၏ ပခုံးထက်သို့ နှာခေါင်းနစ်ဝင်အောင် နမ်းပြီးသည့်နောက်တွင် ဒုတိယစကားတစ်ခွန်းကို နေဝေသော် ထပ်ကြားလိုက်ရသည်။

"ငါ့ကြောင့်လား...."

"မဟုတ်ဘူးလို့ ပြောရမလား..."

နေဝေသော်သည် နန္ဒသွေးထံမှ မည်သည့်စကားသံမှ မကြားရတော့သည့်အတွက် ပခုံးစွန်းကို ခပ်ဖွဖွနမ်းနေခြင်းမှ ရပ်လိုက်ပြီး သူ၏ရင်ခွင်ထဲတွင် နေရာလွတ်မကျန်တော့သည်အထိ နန္ဒသွေးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

"ပါးပါးတို့နဲ့လည်း အဆင်ပြေနေပြီပဲ..ကူးလေးရယ်.
တခြားလျှောက်မတွေးနဲ့လေ....."

"မတွေးလို့မှ မရတာ...."
ငါ့ရောဂါအကြောင်းကို မင်းမိဘတွေသိသွားရင် ငါတို့နှစ်ယောက် ဘာဆက်ဖြစ်မှာလဲ..sun

ဦးနဲ့အန်တီက မင်းကိုသိပ်ချစ်တာလေ...
မင်းကြောင့်မို့...ငါ့ကိုလက်ခံပေးတာ...သူတို့ရဲ့ အဖိုးတန်သားလေးကို ငါ့ကြောင့်တစ်ခုခုဖြစ်သွားမှာမျိုး မဖြစ်စေချင်ဘူးထင်တယ်..

သူတို့သိသွားမယ့် တစ်နေ့အကြောင်း တွေးလိုက်ရင်
ရင်ထဲမွန်းကြပ်လာတယ်...sun...အဲ့တာကြောင့် တစ်ယောက်ယောက်ကိုချစ်ဖို့ ငါကြောက်ခဲ့တာ...

ဒါပေမယ့် အဲ့ဒီ့အကြောက်တရားကို မင်းကြောင့် ကျော်ဖြတ်ချင်လာတယ်...မင်းက ငါ့အတွက်တော့ ဘွားဘွားမရှိတဲ့နောက်မှာ ဆက်ပြီးအသက်ရှင်ချင်စိတ်ကို...
ဖြစ်စေတဲ့ တစ်ဦးတည်းသောသူပဲ...

ငါမင်းကိုပါ ဆုံးရှုံးလိုက်ရရင် ခံနိုင်ရည်ရှိတော့မှာ
မဟုတ်ဘူး..."

ခပ်တိုးတိုးစကားသံနှင့်အတူ ကြားလိုက်ရသော သက်ပြင်းချသံအချို့က ကျွန်တော့ထံသို့ပါ ကူးစက်လာသည်။

နန္ဒသွေးဆိုသော ကောင်လေးသည် အပြင်ပန်းကြည့်ရင် ဖြတ်သန်းလာရတဲ့ဘဝကြောင့် မာထန်ပြီး လူကြီးဆန်နေတဲ့ပုံ ဖြစ်နေသော်လည်း...တကယ်တမ်းကျတော့ အရမ်းအားငယ်တတ်ပြီး သူနားခိုလို့ရမယ့် ရင်ခွင်တစ်စုံကို အမြဲတောင်းတနေတတ်သော ကလေးလေးတစ်ယောက်နဲ့ တူသည်...။

အခုအချိန်မှာ စကားလေးတစ်ခွန်းပြောရုံနဲ့ သူ့စိတ်ကိုသက်သာရာ ရစေမလားမသိပေမယ့် ကျွန်တော့အတွက်က သူ့ကို ပြောခဲ့သမျှ စကားတွေတိုင်းကို...ကတိတစ်ခုအနေနဲ့ သတ်မှတ်ထားတာ...။

"အဲ့ဒီ့အချိန် ရောက်လာတဲ့အခါကျရင် ငါ့ကိုယ်ငါ သားမိုက်တစ်ယောက်အဖြစ်ခံပြီး မင်းကိုပဲရွေးမှာ ကူးလေး...
အဲ့တော့ စိတ်ပူမနေနဲ့တော့...မင်းကိုငါ့ဆီက ခွဲထုတ်သွားဖို့ဆိုတာ ငါသေမှဖြစ်လာမယ့်ကိစ္စမို့လို့...စိတ်ပူမနေဘဲ အိပ်ပျော်အောင်အိပ်....."

ကျောခိုင်းထားမြဲဖြစ်တဲ့သူ့ကို ကျွန်တော့ဘက်လှည့်စေချင်ပေမယ့် ဒီအတိုင်းလေးပဲ ဆက်ပြီးထွေးပွေ့ထားခဲ့သည်။ ကျွန်တော်လည်း သူနဲ့ထပ်တူ စိုးရိမ်မှုတွေရှိသည့် အကြောင်း
ပြောပြမနေတော့ဘဲ မိုးမြန်မြန်လင်းစေရန် မျက်လုံးတွေ မှိတ်လိုက်ရင်း အစ်ကို့ကို သတိရလာသည်။

ငယ်ငယ်ကတည်းက မည်သည့်အကြောင်းကိစ္စမဆို အစ်ကို့ကိုပြောပြတတ်သည့် ကျွန်တော်...ဒီတစ်ခါတွင် နှုတ်ဆိတ်နေမိ၍ ရင်ထဲတင်းနေသလို ခံစားနေရသည်။

အစ်ကိုသိသွားရင်ရော ကျွန်တော့ဘက်က ရပ်တည်လိမ့်မလား ဆိုတာကလည်း တကယ်ကိုမသေမချာ...။ ဒါပေမယ့် ကူးလေးအကြောင်းကို စသိရတုန်းကအစ်ကို့ကို ကျွန်တော်မေးခဲ့ဖူးတယ်....။

ရည်မွန့်မှာသာ ရောဂါရှိနေရင် အစ်ကိုဘယ်လိုလုပ်မလဲဆိုတော့
အစ်ကိုပြန်ဖြေတဲ့စကားလေးကို ကျွန်တော်မှတ်မိနေတုန်း....။

"လူတစ်ယောက်ကို တကယ်ချစ်ရင်
သူ့ရဲ့ကောင်းခြင်း၊ဆိုးခြင်းကိုလည်း လက်ခံနိုင်ရမယ်....

ရောဂါရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကိုစွန့်ခွာမယ်ဆိုရင်တော့ ငါကမကောင်းတဲ့ကောင် ဖြစ်သွားလိမ့်မယ်..." တဲ့....။

အစ်ကို့ရဲ့စကားကြောင့် ကျွန်တော့မှာရှေ့ဆက်ရဲတဲ့
အားအင်တွေ ရှိလာရတာ...။ ကူးလေးကို ချစ်တဲ့အတွက် သူ့မှာရောဂါရှိနေတယ်ဆိုတဲ့ အချက်ကိုတောင် မေ့ပြီး ကူးလေးလက်ကို တွဲနိုင်လာတာ....။

အစ်ကိုလည်း ကျွန်တော့ကို နားလည်ပေးနိုင်မှာပါ....။ ပါးပါးနဲ့မေမေတို့ထက်တောင် ကျွန်တော့စိတ်ကို နားလည်ပေးနိုင်တဲ့သူက အစ်ကိုပဲရှိတာ မဟုတ်လား...။

တစ်ယောက်ယောက်ကိုမှ ရင်မဖွင့်ရရင် ရူးတော့မှာမို့လို့
ယုံကြည်လို့ရပါတယ်နော်....အစ်ကို....။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြန်လည်နိုးထလာရသော မနက်ခင်းပိုင်းတွင် အေးစိမ့်မှုနှင့် နွေးထွေးမှုကို နန္ဒသွေးတစ်ယောက် တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။ လည်ပင်းနောက်ဖျားဆီသို့ တိုးဝင်လာသော လေငွေ့နှင့်အတူ နေဝေသော်၏ အသက်ရှူသံကို ခံစားသိရှိနေရသည်မှာ အိပ်မပျော်ခင်အချိန်ကနှင့် တစ်ထပ်တည်းပင်ဖြစ်သောကြောင့် မနက်မိုးလင်းသည်အထိ နှစ်ယောက်သား ပုံစံမပျက်မယွင်း အိပ်ပျော်သွားခဲ့ကြသည်ဟု ခန့်မှန်းစရာပင် မလိုတော့ပေ....။

စကားတစ်ခွန်းကြားလိုက်ရရုံနှင့် ပွေ့ဖက်မှုတစ်ခု ရရှိလိုက်ရုံနှင့် စိတ်ညစ်စရာတွေအားလုံး မေ့သွားရသည်မှာ ထူးဆန်းသော်လည်း ဤကဲ့သို့သော အကြောင်းတရားဖြစ်ပေါ််လာစေသူမှာ နေဝေသော်ဆိုတာနဲ့တင် နန္ဒသွေးသည် တမူထူးပြီး အံ့သြမနေတော့...။

အိပ်ယာပေါ်မှ တိတ်တဆိတ်စွန့်ခွာရန် ခါးပေါ်ရောက်နေသော နေဝေသော်လက်ကို အရင်ဖယ်ဖို့ကြိုးစားလိုက်သည်။ သတိတစ်ချက်လွတ်သည်နှင့် အသက်ဘေးကပ်သွားနိုင်သော လမ်းမပေါ်တွင် ကားမောင်းရခြင်းထက် ခန္ဓာကိုယ်ပေါ်က လက်တစ်ချောင်းကို ဖယ်ရသည်က ပိုခက်သည်။ အိပ်မောကျနေသူ နိုးသွားမှာစိုးရိမ်သည့်စိတ်မှာ ချစ်ခြင်းမေတ္တာဖြစ်နေကြောင်း သတိပြုမိသောအခါ နန္ဒသွေးသည် တစ်ယောက်တည်းပြုံးမိသည်။

အောင်မြင်စွာပြီးမြောက်သွားသော မစ်ရှင်အဆုံး၌ အပိုဆုအနေဖြင့် နေဝေသော်မသိအောင် ခိုးနမ်းမည့်ဆဲဆဲ လှုပ်ရွလာသူကြောင့် ဗလောင်ဆူသွားသော ရင်အစုံသည် အနမ်းသူခိုးတစ်ယောက်အား လှောင်ပြောင်နေဟန်ရှိသည်...။

နန္ဒသွေးသည် တစ်ခါမှလူမမိဖူးသော ဝါရင့်တစ်ယောက်ဖြစ်သော်ငြားလည်း ရှေ့ဆက်မတိုးဖြစ်တော့ဘဲ နေဝေသော် မျက်နှာပေါ်တွင်အုပ်နေသော လှိုင်းတွန့်ဆံစ အချို့ကိုသာ ညှင်သာစွာ သပ်တင်ပေးခဲ့တော့သည်။
.
.
.
.
.
.
.
.
.
.
.
.
မျက်နှာသစ်ပြီး အောက်ဆင်းလာသောအခါ မွှေးပျံ့လှသော အနံ့တစ်ခုက နန္ဒသွေးအား ဆီးကြိုသည်။ မီးဖိုချောင်ဘက်မှ လာတာဖြစ်သောကြောင့် ထိုနေရာအား ဦးတည်သွား လိုက်သောအခါ ဒေါ်နုဝေကို တွေ့လိုက်ရပါသည်။ ဟင်းရည်အိုးအား ဇွန်းတစ်ချောင်းနှင့် မွှေလိုက်၊ မြည်းကြည့်လိုက် လုပ်နေသော ဒေါ်နုဝေသည် နန္ဒသွေးကိုမြင်သောအခါ အနားလာရန်ခေါ်သည်။ ထို့နောက် အရည်အချို့ကို ဇွန်းထဲခပ်ယူကာ နန္ဒသွေးနှုတ်ခမ်းနားသို့ တေ့ပေးလေသည်။

"မြည်းကြည့်လေ...နန္ဒလေး
အရသာအဆင်ပြေရဲ့လား သိချင်လို့်...."

ဘာ့ကြောင့်ရယ်မသိ...။ နှုတ်ခမ်းနားရောက်လာသော
ဟင်းရည်ပူပူကို မမှုတ်ဘဲသောက်ပြီးချိန်တွင် မျက်လုံးတွေ ဝေဝါးလာသည်။ ဝမ်းနည်းစရာမရှိဘဲ မျက်ရည်ဝဲရသည်က မေတ္တာတရားကို ခံစားမိ၍ဖြစ်မည်။ ဒေါ်နုဝေထံမှ ကောင်းရဲ့လားဆိုသည့် စကားသံကိုကြားပြီးသည့်နောက် ဘာကိုမှမစဉ်းစားဘဲ ခေါင်းမြန်မြန်ညိတ်ခဲ့သည်။

သောက်ဖူးသမျှဟင်းရည်တွေထဲတွင် ဒေါ်နုဝေချက်သည့် ဟင်းရည်က အကောင်းဆုံးဖြစ်သည်ဟု နန္ဒသွေးခံစားခဲ့ရသည်။

"အရသာမပေါ့ဘူးမှတ်လား...."

"အတော်ပဲ...အန်တီ...အုန်းနို့လည်း သိပ်မများလို့ထင်တယ်...
စိမ့်စိမ့်လေးနဲ့ကောင်းတယ်...."

"အုန်းနို့နဲ့ချက်တာမဟုတ်ဘူး...နန္ဒလေးရဲ့.
နို့စိမ်းနဲ့ချက်တာ...သားငယ်ဖေဖေနဲ့လည်း မတည့်လို့လေ...
အုန်းနို့ခေါက်ဆွဲက စားလို့သာကောင်းတာ လူကြီးတွေ အတွက် မကောင်းဘူး...

နို့စိမ်းခေါက်ဆွဲကျတော့ များများစားမိလည်း စိုးရိမ်စရာမလိုဘူးလေ...အန်တီတို့က အစားခပ်မက်မက်ရယ် မဟုတ်လား..."

ရယ်မော၍ပြောဆိုနေသော ဒေါ်နုဝေအား နန္ဒသွေးတစ်ယောက် ပြုံးတုံ့တုံ့သာ ငေးကြည့်နေလိုက်သည်။ ဒေါ်နုဝေ...အဆက်မပြတ် မွှေနေသော ဟင်းရည်အိုးကလည်း နန္ဒသွေး၏စားချင်စိတ်ကို နှိုးဆွပေးနေသည်။ တစ်ခါမွှေလိုက်တိုင်း ပေါ်ပေါ်လာသည့် ကြက်သားဖတ်တွေနှင့် ပဲသွေးတွေအပြင် ကြက်ခြေထောက်တွေက
အတွေးနဲ့တင် စားချင်စဖွယ်ဖြစ်နေပြီးဖြစ်သည်။

ဒေါ်နုဝေသည် နန္ဒသွေး၏စားချင်စိတ်ကို သတိပြုမိပြီး အသာအယာပြုံးကာ အခွံခွာထားသော ကြက်သွန်နီတွေဘက်သို့ လက်ညှိုးထိုးပြသည်။

"အန်တီ့ကိုတစ်ခုလောက် ကူညီပေးမလား...ဒီကြက်သွန်နီတွေကို အန်တီမုန့်ကြွပ်ကြော်နေတဲ့အချိန်...သားက..ပါးပါးလှီးထားပေး..
ဟင်းရည်ကျက်တာနဲ့ တို့တွေချက်ချင်းစားလို့ရတာပေါ့..."

လုပ်စရာတစ်ခုပေါ်လာသောကြောင့် နန္ဒသွေးဝမ်းသာသွားသည်။ ဘာမှမလုပ်ဘဲ ရပ်နေရသည်က စိတ်ထဲတွင် မနေတတ်သလို ဖြစ်စေသောကြောင့် ချက်ချင်းခေါင်းညိတ်ကာ ကြက်သွန်နီတွေကို စဉ့်နီတုံးပေါ်တွင်လှီးရန် ပြင်လိုက်သည်။

ဓားလက်ကိုင်ကို ကိုင်လိုက်သည့်အချိန်တွင် လေးလံမှုတစ်ခုကို ခံစားရသည်။ တစ်ခါမှဓားမကိုင်ဖူးသူတစ်ယောက်ကဲ့သို့ လက်ထိသွားမည်ကို ကြောက်နေသည့်စိတ်အား နန္ဒသွေးတစ်ယောက်တည်းသာ နားလည်သည်။ ထို့ကြောင့် စိတ်အာရုံအားလုံးကို ကြက်သွန်နီလှီးသည့်အပေါ်တွင် ပို့ဆောင်ကာ
ဂရုတစိုက်လုပ်ဆောင်နေခိုက် အနောက်ကနေ ရုတ်တရက် ရောက်လာသော နေဝေသော်ကြောင့် စုစည်းထားသော စိတ်အာရုံများ ကစဉ့်ကလျားဖြစ်ကုန်တော့သည်။

"အ.........."

လန့်ပြီးလှီးချလိုက်သည်က ကြက်သွန်နီမဟုတ်ဘဲ မိမိလက်ဖြစ်နေသည်။ အလျင်အမြန် စိမ့်ထွက်လာသော သွေးနီနီတွေသည် ဒဏ်ရာမှာတင်မကဘဲ ဓားပေါ်မှာပါ တစွန်းတစ ပေသွားသည်။

"ဟယ်...ဓားထိသွားတာလား..နန္ဒလေး..."

နေဝေသော်သည် ဒေါ်နုဝေအသံကြောင့် နန္ဒသွေးတစ်ယောက် ဓားထိသွားကြောင်း သတိပြုမိပြီးနောက် စိုးရိမ်စိတ်နှင့်အတူ ဒဏ်ရာရှိနေသည့်လက်ကို ကိုင်ရန်ကြိုးစားသည်။ ထိုအချိန်တွင် နန္ဒသွေးထံမှ ကျောခိုင်းခံလိုက်ရသည့် အဖြစ်ကြောင့် ချက်ချင်းပင် တုံ့ဆိုင်းသွားမိသည်။

"သားငယ်....ဧည့်ခန်းထဲက ဗီရိုထဲမှာ ဆေးသေတ္တာရှိတယ်...
မြန်မြန်ဆေးထည့်ပေးလိုက်...

နန္ဒလေးက အန်တီ့ကိုဓားပေး...ကျန်တာကို အန်တီပဲ ဆက်လုပ်လိုက်တော့မယ်နော်..."

နေဝေသော်သည် နန္ဒသွေး၏ကျောပြင်ကို တိတ်တဆိတ် ရပ်ကြည့်နေပြီးမှ ဒေါ်နုဝေစကားကြောင့် နန္ဒသွေးကိုဆွဲခေါ်သွားရန် လုပ်သောအခါ နောက်တစ်ခါထပ်မံငြင်းပယ်ခြင်းကို ခံလိုက်ရသည်။
မျက်နှာချင်းဆိုင်ရပ်မိသည့်အချိန်တွင် ဓားကိုဆုပ်ကိုင်ထားပုံက ချိန်ကိုက်ဗုံးတစ်လုံးအား ဆုပ်ကိုင်ထားရပုံနှင့် တူနေသည်။ မျက်နှာထက်၌ ကြောက်ရွံ့မှုတွေကအပြည့်...။

"ဒီ.....ဒီဓားကို လွှတ်ပစ်လိုက်မယ်နော်အန်တီ...
သွေးပေသွားလို့ ပြန်မသုံးပါနဲ့တော့...."

တိုးတိမ်စွာထွက်လာသော အသံကိုကြားရပြီးနောက် ကိုယ့်ကိုယ်ကိုယ်ထက် တခြားသူတစ်ယောက်ကို ပိုစိုးရိမ်နေပုံရသည့် ကူးလေးအား ကျွန်တော် စိတ်မကောင်းစွာပင် ကြည့်နေမိတော့သည်။

"ဘာမှမဖြစ်ပါဘူး...ပြန်ဆေးပြီးသုံးရင် ရတာပဲဟာ
ဒီလောက်လေးတော့ အန်တီက ဇီဇာမကြောင်ပါဘူးသားရဲ့...."

ဘာမှမသိရှာပါသော မေမေ့၏စိတ်ရင်းက ကူးလေးကို ပိုဒုက္ခရောက်စေသည်ထင်...ဂဏာမငြိမ်သော မျက်လုံးများကြောင့် ကျွန်တော်သာလျှင် ကြားဝင်ဖြေရှင်းပေးရသည်။

"မေမေက ဇီဇာမကြောင်ပေမယ့် 
ကူးလေးကတော့ ဇီဇာကြောင်တယ်...ဓားလေးတစ်ချောင်းပဲ မေမေရာ...လွှတ်ပစ်လိုက်လည်း ဘာမှမဖြစ်ပါဘူး.... နှမြောမနေပါနဲ့..."

"နှမြောလို့မဟုတ်ဘူး သားငယ်ရဲ့...ထားပါတော့ကွယ်...
ဒီတိုင်းရပ်နေကြမလို့လား...သွေးတောင်ပြန်ခြောက်တော့မယ်...
ဆေးထည့်ပြီးရင် နို့ခေါက်ဆွဲစားကြရအောင်...
သွား...ခေါ်သွား...သားငယ်...."

မေမေ့ရှေ့မှ ရှေ့ဆင့်နောက်ဆင့်ထွက်လာကြပြီး ကျွန်တော်က ဆေးသေတ္တာယူဖို့ နေကျန်ခဲ့ကာ ကူးလေးကို အပေါ်ထပ်လွှတ်လိုက်သည်။

ဓားလေးတစ်ချောင်းကို ဘယ်နားလွှတ်ပစ်ရမှန်းမသိဖြစ်နေသည့် ကူးလေးက ဒီတာဝန်ကို ကျွန်တော့ထံလည်း လွှဲမပေးချင်....။

အိတ်တစ်ခုသာပေးပါတဲ့...။

သေချာလုံအောင် ထုပ်ပိုးပြီးတဲ့အထိ ဘယ်နေရာမှ မချရဲဘဲ လက်ထဲတကိုင်ကိုင်နဲ့...။ ဒဏ်ရာကိုလည်း ကျွန်တော့ကိုအမြင်မခံ သူကိုယ်တိုင်ဆေးထည့်ပြီး ပတ်တီးလုံလုံစည်းထားတာ တင်းကြပ်နေရောပဲ....။

သူ့ကိုကြည့်ပြီး စိတ်မသက်မသာဖြစ်လာမိတော့ တစ်ချိန်လုံးပိတ်ထားခဲ့တဲ့ ပါးစပ်ကို အရွဲ့အစောင်းစကားတွေနဲ့ စတင်ဖွင့်ရတော့သည်....။

"မင်းလိုကိုယ့်အားကိုယ်ကိုးတတ်တဲ့ လူနာမျိုးနဲ့သာဆိုရင်
ဆရာဝန်နဲ့သူနာပြုတွေ အလုပ်ရှုပ်သက်သာပြီပဲ..."

ကျွန်တော့ကိုပြန်ကြည့်သည့် မျက်ဝန်းတွေက ခါတိုင်းလို တောက်ပနေခြင်းမရှိ...အရည်ကြည်တွေလဲ့နေသည့် ထိုမျက်ဝန်းထဲတွင် အဓိပ္ပါယ်များစွာတွေ့ရသည်။ ပုံမှန်ဆိုလျှင် တစ်ခွန်းမကျန်ပြန်ပြောတတ်သည့် ကောင်လေးက ယခုမှာတော့ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်၍ ကျွန်တော့ကိုလည်း သူ့အနားမှာ ရှိမနေစေချင်သည့် ပုံစံမျိုးဖြစ်နေသည်။ ပတ်တီးစည်းထားသော လက်ချောင်းလေးအား ခပ်ဖွဖွထိကြည့်မိသောအခါ သူ့လက်ကို ကျွန်တော့လက်နားမှ အလျင်အမြန်ဖယ်ခွာသွားသည်။

"မင်းဒီလောက် လုံအောင်လုပ်ထားတဲ့ဟာ... ငါ့ကိုမကူးနိုင်ပါဘူး...ကူးလေးရာ...
ကူးသွားတော့လည်း...အဲ့..."

"ဆက်မပြောနဲ့တော့...နေဝေသော်...
ဒီရောဂါက ဘယ်လောက်ဆိုးလဲ မင်းသေချာသိလို့ ကူးတာကို စကားထဲထည့်ပြောနေတာလား..."

အဲ့တာက မင်းအပြစ်မှ မဟုတ်တာ...

ဆုံးအောင်မပြောလိုက်နိုင်သောစကားက စိတ်ထဲတွင်ပျံ့နှံ့နေသည်။ ကူးလေရဲ့လေသံထဲတွင် ဒေါသအနည်းငယ်လည်း ရောစွက်နေသည်က စိတ်တို၍မဟုတ်ဘဲ ကျွန်တော်နဲ့ပတ်သတ်ပြီး စိုးရိမ်စိတ်ကြီးလွန်း၍ဖြစ်သည်။

"ဟုတ်ပါတယ်...မင်းလောက် ငါသေချာမသိဘူး...ကူးလေး....
ဒါပေမယ့် မင်းကရောဂါပိုးသယ်လာတဲ့ သူတစ်ယောက်ဖြစ်တယ် ဆိုရင်တောင် ငါကချစ်နေဦးမှာ...အဲ့တာကိုပဲ...ငါသိတယ်...

ပြီးတော့ မင်းက ဘာလို့ဒီလောက် ကြောက်နေရတာလဲ...
ဒီလိုလည်းပြောင်းတွေးကြည့်စမ်းပါ...သူများတွေက လက်စွပ်တို့၊ဆွဲကြိုးတို့ကို စုံတွဲအမှတ်အသားအဖြစ် ဆင်တူဝတ်ကြတယ်မလား...

တကယ်လို့ ငါ့မှာလည်း အဲ့ရောဂါရှိသွားရင် ဒါဟာငါတို့်ရဲ့အမှတ်အသားမို့လို့ ငါတို့နှစ်ယောက်က သူတို့တွေထက် ပိုထူးသွားတာပေါ့ကွာ...ဟား...."

ဟာသလုပ်စရာအကြောင်းအရာမဟုတ်ဘဲ ဟာသလုပ်နေပါသော နေဝေသော်ကိုကြည့်ပြီး နန္ဒသွေးတစ်ယောက် မွန်းကြပ်လာရသည်။ နေဝေသော်သည် သူ့အတွက် အကောင်းဆုံးထက်ပိုလွန်သော လူတစ်ယောက်ဖြစ်ကြောင်း အချိန်ကြာလေ၊သိလာလေ ဖြစ်သည့်အတွက် ပိုပြီးမဆုံးရှုံးချင်....၊ပိုပြီး မထိခိုက်စေချင်....။

နန္ဒသွေးသည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းရှိုက်ထုတ်ပြီးနောက် နေဝေသော်ကို လေးလေးနက်နက်ကြည့်ကာ စကားတစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်၊

"သေချာနားထောင်နော်...sun...
ငါ့ကြောင့်သာ မင်းတစ်ခုခုဖြစ်သွားရင်...ငါ... ငါ့ကိုယ်ငါ အပြစ်ပေးပစ်မှာ...

မင်းကို အပြစ်အနာအဆာကင်းတဲ့သူ တစ်ယောက်ပဲဖြစ်စေချင်တယ်...မင်းရဲ့သွေးတွေကို သန့်ရှင်းစေချင်တယ်...

မင်းအတွက် ငါပြန်ပေးနိုင်တာ အချစ်တစ်ခုကလွဲပြီး ဘာမှမရှိခဲ့ရင်တောင် သောကတွေတော့ မပေးပါရစေနဲ့ sunရာ....

ငါ့ဆီမှာရှိနေတဲ့ ပြဿနာက သေရာပါမယ့် ပြဿနာကြီးမို့ မင်းဆီကို နည်းနည်းလေးတောင် ဦးမလှည့်စေချင်ဘူး...

ငါ့စိတ်ထဲမှာရှိနေတဲ့စကားတွေကို မင်းသိအောင် ထုတ်မပြောဖြစ်ပေမယ့်...ငါလည်းမင်းကို အထိအခိုက်မခံနိုင်အောင် ချစ်တာပါပဲ...အဲ့တာ
အမှန်တရားပဲ...

ပြီးတော့ မင်းကို ငါ့ဆီကနေ ပြန်ကာကွယ်ရတာ ငါ့အတွက်လည်း လွယ်တဲ့ကိစ္စမဟုတ်လို့.. မင်းဘက်ကလည်း ငါ့ဆန္ဒကို လိုက်လျောပေးလေ...

အဲ့တာကြောင့်..အခု ငါနဲ့ဝေးဝေးမှာ နေပေးပါကွာ..
ဒီဒဏ်ရာမကျက်မချင်း ငါစိတ်အေးနိုင်မှာမဟုတ်လို့ပါ...
sunရာ..."

ကျွန်တော်ဘာများ ထပ်ပြောနိုင်တော့မည်နည်း...။ နားမထောင်ဘဲ မနေနိုင်အောင် စကားတွေနဲ့အပိုင်ချုပ်လိုက်ပါသော ကူးလေးသည် ရောဂါရှိနေသော သူ့ကိုယ်သူထက် ကျွန်တော့ကို ပိုစိတ်ပူပါတယ်တဲ့.....။

မြတ်နိုးစရာ မေတ္တာတရားလေးက ကျွန်တော့ရင်ကို နွေးထွေးစေသော်လည်း ထိုမေတ္တာတရားလေးကြောင့်ပင် အရာရာကို တွေးတွေးပြီး ပူနေရပြန်သည်။

ကျွန်တော်လည်း ကြောက်နေတာပါပဲ....ကြောက်တာပါပဲ....
ဒါပေမယ့် ဒီအကြောက်တရားက ကူးလေးကိုချစ်တဲ့အချစ်လောက် ပိုမကြီးတဲ့အတွက် ဖြစ်သမျှအကြောင်း အကောင်းလို့ပဲတွေးပြီး ပျော်အောင်နေရတော့တာ...။

ဟာသလုပ်နေတယ်ဆိုတိုင်း ပေါ့ပေါ့တန်တန်သဘောမထားတာ ကူးလေးလည်းသိမှာပါ....။ ကျွန်တော်ဟာလည်း သူ့ရဲ့စိတ်ဝိညာဉ်ကလေးကိုတောင်မှ အထိခိုက်မခံစေချင်တဲ့ သူတစ်ယောက်ဖြစ်ကြောင်းကိုပေါ့....။

>>>>>>>>>>>>>>>>>>>>>>>>>>>>

AN/

တော်တော်ကြာမှ ပြန်ပေါ်လာရတာ အားလည်းနာပါတယ်...
ဟန်မီတစ်ယောက် ကျောင်းသားတာဝန်ကို အရင်ထမ်းဆောင်နေရတဲ့အတွက် ဒီဘက်မလှည့်နိုင်တာပါ...
တစ်ပတ်လုံးအားလပ်ချိန်ရယ်လို့ မရှိဘူး...

အရုဏ်ဦးကလည်း နောက်နှစ်ပိုင်း၊သုံးပိုင်းလောက်ဆို ဇာတ်သိမ်းပြီဆိုတော့ updateစောင့်ရတဲ့ဒုက္ခကနေ မကြာခင်ကျွတ်တော့မှာမို့်လို့ ခဏပဲသည်းခံပေးပါ...
အဲ့တော့ ဟန်တို့တွေဖြည်းဖြည်းချင်းသွားလည်း အဆင်ပြေတယ်မလား...

Updateတောင်းနေကြတဲ့သူတွေကို ဟန်မီကupdateပေးပြီး feedbackပြန်တောင်းချင်ပါတယ်...

ဘာမှပြန်မရလည်းကိစ္စမရှိပါဘူး...
မိဘတွေက သားသမီးတွေဘာဖြစ်နေနေ မေတ္တာမပျက်ကြသလို ဟန်မီကလည်း စာဖတ်သူတွေကို ဘယ်လိုဖြစ်နေနေ ချစ်ပါတယ်လို့်...

(ဒါကချုပ်တာလို့ခေါ်တယ်...ကိုမင်းသွေးခန့်ကို အားကျလို့...xd)

အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ...❤

Love you all😘
Han_Me
(21.2.2020)

Continue Reading

You'll Also Like

3.4K 134 15
ပေါ့ပေါ့ပါးပါး ကျောင်းသားဘဝအချစ်ဇာတ်လမ်းပုံစံမျိုးလေးမို့ plotသိပ်ရှိမယ်လို့မထင်မိပါဘူး ။ *𝑐𝑜𝑣𝑒𝑟 𝑝ℎ𝑜𝑡𝑜 𝑓𝑟𝑜𝑚 𝑝𝑖𝑛𝑡𝑒𝑟𝑒𝑠𝑡*
2.6K 384 11
යක්ෂයෙකුගේ ස්වේත සියපත...
150K 10.8K 19
အချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့ အစ်ကိုနဲ့ ဘဝတစ်ခု အတူတည်ဆောင်ရင်း အချစ်ကို ကျွန်တော် တွေ့ခဲ့တယ်။ အခ်စ္က ဘဝတစ္ခုမဟုတ္ေပမဲ့ အစ္ကိုနဲ႔ ဘဝတစ္ခု အတူတည္ေဆာင္ရင္း...