💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 27
Chapter. : 9 - 12
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••
စာစဥ္ ၂၇၊ အခန္း ၉။ ဘာလုိ့ အဲ့ေလာက္ေတာင္ ခ်စ္ဖုိ့ေကာင္းရတာလဲ
စီရီဟန္၏ “ကိုယ့္ကုိ ေၿဖာင္းဖ်နုိင္ၿပီ” ဆုိသည္ကို ၾကားလုိက္သည့္ခ်ိန္၊ ရီ၀မ္၀မ္၊ ပါးစပ္အေဟာင္းသားၿဖစ္သြားရ၏ ။
ငါ ဘာမ်ားေၿပာလိုက္မိလုိ့ ။
အခုနတုန္းကပဲ ပိုက္ဆံကို ဖြဲနဲ့ဇကြဲလုိ လုပ္ေနခဲ့တာပါ။
အခုက် ဘယ္လုိၿဖစ္လုိ့ ရုတ္တရက္ၾကီး အေၿဖာင္းဖ်ခံ လုိက္ရၿပီတဲ့လဲ ။
ဒါ…အဲ့ဒီစကားေၾကာင့္မ်ားလား…
“က်ြန္မတုိ့ ကိုယ့္ရဲ့ေငြေတြကို တၿခားသူဆီ
ေရာက္သြားေအာင္ မေပးလုိက္သင့္ဘူးမလား” ။
သူမေလးသည္ စီရီဟန္ကို သံုးၿပီး သူမ၏အေၿပာစြမ္းရည္ကုိ
ေလ့က်င့္ခ်င္ရံု သက္သက္သာ။ စီရီဟန္ လို သူေဌးၾကီးမ်ိဳး ကိုသာ
သူမ သိမ္းသြင္းနုိင္ခဲ့ပါလ်ွင္ တၿခားရင္းနွီးၿမွဳပ္နွံသူေတြကို မသိမ္းသြငး္နုိင္စရာ အေၾကာင္းမရွိေတာ့ဘူး မဟုတ္လား ။
အဆံုးသတ္တြင္ ဒီလူသည္သူမ၏အာေဘာင္အာရင္းသန္သန္ ေၿပာေနသည့္ အေၿပာေနာက္ ပါပင္ပါမလာခ့ဲ။ သူမအေနၿဖင့္ အေကာင္းဆံုး ၾကိဳးစားခဲ့ပါ၏။ သုိ့တုိင္ေအာင္ သူသည္ကား စိတ္၀င္စားသည့္အရိပ္အေယာင္ပင္ မၿပ ။
ရီ၀မ္၀မ္ ေခါင္းငိုက္စိုက္က်သြားေတာ့ၿပီး
သက္ၿပင္းခ်လုိက္မိ၏။ ဘာပဲေၿပာေၿပာပါ သူမ၏အခုလိုသိမ္းသြင္းေနရသည့္ကိစၥမွာ
တစ္ေန့ကို သန္းတစ္ရာ၀င္ေငြရေနသည့္သူကုိ ေၿမၾကီးေပၚက တစ္ေဒၚလာတန္တစ္ရြက္ေလာက္ ေကာက္ယူလုိက္ပါဟု ၾကိဳးစားေၿပာယူေနရသည့္
အလားပင္ ။
စီရီဟန္၊ ေရႊေရာင္ေဖာင္တိန္တစ္ေခ်ာင္းနွင့္
စာရြက္စာတမ္းေပၚ ေရးလုိက္ရင္း ေၿပာလာသည္ ။
“ဘယ္ေလာက္လုိတာလဲ”
ဤဘာမွဂရုမစိုက္၊ ခပ္ေပါ့ေပါ့ဟန္သည္
“ဘယ္လုိလိုခ်င္တာလဲ။ ေၿပာသာေၿပာလုိက္”
ဟု ဆုိေနသည့္အလားပင္ ။
ရီ၀မ္၀မ္၊ တံေတြးတုိ့ ဂလုခနဲ ၿမိဳခ်လုိက္မိၿပီး
ထိုေရႊေတာင္ၾကီးအား စိုက္ၾကည့္လုိက္မိ၏။
“တကယ္ၾကီး ရင္းနွီးမလုိ့လား”
ဒါက ကိုယ့္မ်က္နွာကိုယ္ ၿဖတ္ရုိက္ခ်ပစ္သလုိ မၿဖစ္ဘူးလား။
မ်က္နွာထက္ အနည္းငယ္စိတ္အလုိမက်ဟန္ စီရီဟန္ ၿပလာေလၿပီ ။ သို့ေသာ္၊ ဖတ္ၾကည့္လုိ့ရေလာက္ေအာင္ မ်က္နွာထက္တြင္ရွိေနသည့္ အမူအရာသည္ကား ။
ဒီၿမင့္ၿမတ္တဲ့သခင္ၾကီးက စည္းကမ္းေတြကို ခ်မွတ္ေပးတဲ့သူ၊ ဒီေတာ့ ဒီသခင္ၾကီးက စည္းမ်ဥ္းေၿပာင္းပစ္ခ်င္တယ္ဆိုေၿပာင္းလုိ့ရတယ္ ဟု ။
ဒီေနာက္၊ သူ ေၿပာလာသည္ ။ “ဘာၿဖစ္လုိ့လဲ”
ရီ၀မ္၀မ္၊ တဟားဟားရယ္ခ်မိေခ်ၿပီ။
သူမ၊ ေမးေစ့ကို ပြတ္သပ္လုိက္ရင္ ရႈတည္တည္နွင့္ ေထာင္လႊားလႊား လုပ္ေနခဲ့သည့္ဤေယာက်ာ္းအား ၾကည့္လုိက္ကာ အတြင္းသႏၱာန္တြင္ နွစ္သက္မႈတုိ့ အကဲပိုလာရေခ်သည္။
“ကိုကိုကေလ ဘာလုိ့မ်ား ဒီေလာက္ေတာင္ ခ်စ္ဖုိ့ေကာင္းရတာလဲ”
စီရီဟန္၏မ်က္နွာ ေတာင့္သြားရ၏။
ဒီေနာက္၊ သူမေလး၏ပ်င္းတြဲတြဲနွင့္ ၿမဴးၾကြၾကြၿဖစ္ေနသည့္အမူအရာေလးအား လွည့္ၾကည့္လုိက္ရာ ။
ရီ၀မ္၀မ္သည္ ထုိစာရြက္ကို ခ်ထားၿပီး ၿပံဳးစစလုပ္ေနလ်က္။
“ကုိကုိပဲ ခ်စ္ကို ကိုယ့္ကုိယ္ကုိ မွီခုိ္တတ္ၿပီးေတာ့ တစ္ေန့မွာ အရာအားလံုးကို ခ်စ္တစ္ေယာက္တည္း ကိုင္တြယ္တတ္ဖုိ့ သင္ေပးခ်င္ေနတာမဟုတ္ဘူးလား”
“ကိုယ့္ကိုယ္ကို မွီခုိတတ္ဖုိ့” ဆုိသည္ကို ၾကားလုိက္မိခ်ိန္
စီရီဟန္၊ သူ့နႈတ္ခမ္းနွစ္လႊာတင္းတင္းေစ့လာေတာ့သည္။
သူမကို တစ္ေယာက္တည္း အားလံုးကို ရင္ဆုိင္ခုိင္းဖို့….
ငါ ဘယ္လုိလုပ္ၿပီးေတာ့….အဲ့လုိစိတ္ကူးရွိပါ့မလဲ…
ဘာမွမလုပ္တတ္ဖုိ့….နဲ့ ဘာမွမသိဖိ့ုကုိေတာင္
ငါ ဆုေတာင္းေနမိတာ…
စီရီဟန္၏အမူအရာကုိ ၾကည့္လုိက္မိရင္း ရီ၀မ္၀မ္၊
နွလံုးသားထဲ နာက်င္ကိုက္ခဲသြားရ၏။
သူ့အား စိတ္အားထက္သန္စြာၿဖင့္ ၾကည့္လုိက္ရင္း ။
“စီရီဟန္၊ ေနာင္မွာ ရွင္ က်ြန္မေဘးမွာ မရွိေတာ့ဘူးဆုိရင္ က်ြန္မကိုယ္က်ြန္မ ေကာင္းေကာင္းဂရုစိုက္ၿပီးေတာ့
ရွင္ ၿဖစ္ခ်င္ခဲ့တာမွန္သမ်ွကုိ အေကာင္အထည္ေဖာ္ေပးမယ္။
ရွင္ က်ြန္မေဘးမွာ ရွိေနေသးမယ္ဆုိရင္…”
တခနေလာက္ တန့္သြားၿပီး၊ ေနာက္ ၊
ရီ၀မ္၀မ္ စကားဆက္လာသည္။
“က်ြန္မလည္း ရွင့္ေဘးမွာ ရွိေနေပးမယ္”
သူမ၏စကားအခြန္းတုိ့ ထြက္က်လာသည့္အခုိက္
စီရီဟန္၏မ်က္လံုးတုိ့ မီးရွဴးမီးပန္းပြင့္သြားရေတာ့ၿပီ။
ရုတ္တရက္ဆုိသလုိ သူ၏က်ယ္ၿပန့္သည့္ လက္ဖ၀ါးၾကီးကို ဆန့္ထုတ္လုိက္ၿပီး ရီ၀မ္၀မ္၏ေခါင္းေပၚ တင္လုိက္ရင္း သူမေလး၏ႏႈတ္ခမ္းလႊာတု့ိကုိ ေစ့ေစ့ငင ၾကည့္လာသည္…
သူသည္ ေရခ်ိဳးၿပီးကာစမုိ့ သူ၏ဆံပင္တုိ့မွာ အနည္းငယ္စုိစစ။ သူ၏ၾကည္လင္ၿပီးေအးစက္သည့္အသက္ရွဴေငြ့တုိ့သည္ သူမေလးအနား ရစ္သီလုိ့ေနသည္မွာ ရွိန္းရွိန္းၿမၿမ ။ သူ၏အထိအေတြ့တုိင္းသည္ကား သူမေလးအား ေတာက္ေလာင္ေစရေလသည္…
သူမေလး၊ အသက္ရွဴေမ့ေလာက္ေအာင္ထိ ၿဖစ္လာေတာ့ၿပီး ေနာက္ဆံုးတြင္မွ ၿပန္အသက္ရွဴမိသြားသည္ထိပင္ ။ ရီ၀မ္၀မ္၏မ်က္၀န္းတုိ့သည္ သူမေလး၏၀ိဥာဥ္အား စုပ္ယူပစ္နုိင္စြမး္ရွိသည့္ ေရဂ၀ဲနွင့္တူသည့္ သူ့မ်က္၀န္းအစံု နွင့္ ေတြ့ဆံုလိုက္ခ်ိန္…
ႏူးညံ့သည့္ဆုိဖာေပၚသုိ့ ရီ၀မ္၀မ္ ပစ္လဲက်သြားရ၏။
အခုနက အနမ္းေၾကာင့္ စီရီဟန္၏ဆုိစစဆံပင္တုိ့မွာ ဖရိုဖရဲ။ သူ၏ညအိပ္၀တ္စံုမွာ ေလ်ာ့ရဲရဲၿဖစ္လုိ့လာလ်က္ လံုး၀ေနေကာင္းၿခင္း မရွိေသးေသာေၾကာင့္ ၿဖဴေရာ္ေနသည့္သူ၏ရင္ဘတ္အား လွစ္ဟၿပလာသည္ ။ ဒီေနာက္၊ သူ၏ ခန့္ညားလွပၿပီး ဆြဲေဆာင္မႈရွိလွသည့္ ၀မ္းဗုိက္ၾကြက္သားတုိ့ကေန….
ရီ၀မ္၀မ္၊ ၿမန္ၿမန္ဆန္ဆန္ပင္ ေခါင္းခါယမ္းလုိက္၏။ ဤဆြဲၿမွဴေနသည့္ၿမင္ကြင္းကေန သူမ၏စိတ္တုိ့ကို
ၿမန္ၿမန္ဆန္ဆန္ တည္ၿငိမ္သြားေအာင္လုပ္လုိက္ၿပီး ။
*အဟြတ္* “ေဒါက္တာ စုန့္က ေၿပာထားတယ္။
ရွင္ လံုး၀ေနၿပန္ေကာင္းမလာခင္အထိကို ပင္ပင္ပန္းပန္း ကိုယ္လက္ေလ့က်င့္ခန္းေတြ…ရွင္…လုပ္လုိ့မရဘူးတဲ့..”
ဒါကို ၾကားလုိက္သည္နွင့္ စီရီဟန္၏မ်က္နွာမွာ စိတ္အလိုမၿပည့္မႈေၾကာင့္ မႈန္သုန္လာၿပီး သူ၏မ်က္၀န္းတုိ့မွာ မည္းေမွာင္လာေတာ့သည္တည့္ ။
သူ၏ၿဖစ္ပ်က္သြားပံုေၾကာင့္ ရီ၀မ္၀မ္၊ က်ိတ္ရယ္ရယ္ခ် လာသည္ ။သူမေလး၊ သူ၏နက္ေမွာင္သည့္ဆံပင္တုိတုိကို လက္နွင့္ထိုးဖြလုိက္ရင္း သူ့အား နွိပ္နယ္ေပးလာကာ ေခ်ာ့ေမာ့ေၿပာလာသည္ ။
“ခ်စ္တုိ့ဆီမွာ ေရွ့ေလ်ွာက္ရမယ့္ အခ်ိန္ေတြအမ်ားၾကီး ရွိေသးတုန္းပဲေလ၊ ဟုတ္တယ္မလား။ နွစ္ေတြအမ်ားၾကီး ေရာက္လာဦးမွာ…”
💖💖💖💖💖💖💖
စာစဥ္ ၂၇၊ အခန္း ၁၀။ လက္ထပ္ၿပီးဘ၀
နွစ္ေတြအမ်ားၾကီး ေရာက္လာဦးမွာ…
စီရီဟန္၏ႏႈတ္ခမ္း၊ မဆိုစေလာက္ကေလး တြန့္ေကြးသြားရ သည္။
ရီ၀မ္၀မ္သည္ သူ့အား ေခ်ာ့ေမာ့ေနရင္းကေန ေမးလာသည္။
“စီရီဟန္၊ က်ြန္မ ရွင့္ကို ေမးခြနး္တစ္ခုေလာက္ ေမးၾကည့္ခ်င္ တယ္…”
ဆုိဖာတြင္ ေနရာအက်ယ္ၾကီး လြတ္ေနေသးသည္မုိ့
စီရီဟန္၊ သူမေလးေဘးသို့ လွဲခ်လိုက္ေတာ့၏။
သူ၏မ်က္လံုးတုိ့သည္ သူမေလးကိုယ္ေပၚတြင္ က်ေရာက္လုိ့ေနလ်က္၊ သူ၏မ်က္၀န္းဟုိးအထဲထဲတြင္ အာသီသတခ်ိဳ့ က်န္ရွိေနေသးရင္းမွ ။
“ဘာေမးမွာလဲ”
ရီ၀မ္၀မ္၊ တစ္ခနေလာက္ စဥ္းစားလုိက္ၿပီး ေမးလာသည္ ။
“ေမးခ်င္တာကေလ…ရွင္ စိတ္ကူးထားတဲ့ အိမ္ေထာင္သည္ဘ၀က ဘယ္လုိမ်ိိဳးလဲ”
မသိလိုက္မိဘဲ၊ သူမေလး၏ သူ့ဆီကေနထြက္ေၿပးလုိသည့္ အေတြးတို့သည္ တၿဖည္းၿဖည္းခ်င္း တိမ္ေကာလာသည္မွာ ဒီလိုေမးခြန္းမ်ိဳး စတင္သိခ်င္မိလာသည္ထိပါလား…
သူမ၏အတိတ္ဘ၀တုန္းက သူမနွင့္စီရီဟန္ လက္ထပ္ခဲ့ၿပီး သည့္ေနာက္ သူမရဲ့ဘ၀သည္ ၿပန္မမွတ္မိခ်င္ေလာက္သည္ ္ထိ အိပ္မက္ဆုိးၾကီးတစ္ခု ၿဖစ္ခဲ့ပါ၏…
အိမ္ေထာင္သည္ဘ၀…
အခုလုိမ်ိဳး စီရီဟန္၊ အၾကာၾကီးၾကာေအာင္ တိတ္ဆိတ္သြားသည္မွာ ၿဖစ္ေတာင့္ၿဖစ္ခဲပင္ ။ ေနာက္ဆံုးတြင္ေတာ့ သူ ေၿပာလာပါ၏ ။
“ဘ၀ရဲ့ေန့စဥ္လိုအပ္ခ်က္ေတြ”
ရီ၀မ္၀မ္၊ မ်က္ခံုးတုိ့ ၿမင့္တက္သြားရ၏ ။
ေသခ်ာသည္မွာ စီရီဟန္၏အေၿဖသည္ ဒီေလာက္ထိ…
ရုိးရွင္းၿပီး ရုိးရုိးသာၿဖစ္ေနမည္ဟု…မထင္ထားၿခင္းပင္…
ရုိးရွင္းလြန္းသည္မွ ဘာထူးထူးၿခားၿခားလုပ္လုိသည့္စိတ္ကူး ေလးမွ် မရွိေအာင္ကို ရုိးရွင္းၿခင္းပင္…
စီရီဟန္၏စိတ္အေၿခအေနနွင့္ဆုိပါလ်ွင္ သူမ ေမွ်ာ္လင့္ထား ခဲ့သည္မွာ
သူသည္ တၿခားသူေတြနွင့္ ကြဲထြက္ၿပီး ေနလိုလိမ့္မည္ဟု ။
ရီ၀မ္၀မ္ ၊ စကားေၿပာေတာ့မည္အၿပဳ။
ရုတ္တရက္ ဖုန္းသံၿမည္လာ၏ - သူမ၏အစ္ကို တည္း။
*အဟြတ္* “ဖုန္းကိုင္လုိက္ဦးမယ္”
စီရီဟန္၏အမူအရာမွာ အနည္းငယ္ေအးခဲလာေလၿပီ။
“တတိယစည္းမ်ဥ္း”
ရီ၀မ္၀မ္၏နႈတ္ခမ္းတုိ့ မဆုိစေလာက္ တြန့္ေကြးသြားရ၏။
အာ၊ ဒီစည္းကမ္းၾကီးက ေက်ာက္ေဆာင္ၾကီးလုိပဲ ကိုင္လႈပ္ပစ္လုိ့ မရေတာ့ဘူးလား ဟမ့္ ။
“သိပါတယ္၊ သိပါတယ္။ တတိယစည္းမ်ဥ္း - ဆန့္က်င္ဖက္လိင္ကို မဆြဲေဆာင္ရ၊ ဟုတ္တယ္မလား။ ဒါေပမယ့္ ဒါက က်ြန္မရ့ဲအစ္ကိုေလ၊ အရမ္းညဥ့္နက္ေနၿပီ။ အေရးၾကီးကိစၥမ်ားလားပဲ…”
စီရီဟန္၊ တိတ္က်သြားေတာ့၏။
ဆိတ္ဆိတ္ေန၀န္ခံၿခင္း မည္သလို သူမေလးအား ခြင့္ၿပဳခ်က္ေပးလုိက္သည့္အလားနွယ္ စကားတစ္ခြန္းမွ ေၿပာဆုိလာၿခင္း မရွိေတာ့။
ရပါတယ္ေလ။ အရင္တုန္းက ငါ့ကို တၿခားေယာက်္ားေလး ေတြကို ၾကည့္ေတာင္ၾကည့္ခြင့္မေပးခဲ့တာနဲ့စာရင္ေတာ့ အမ်ားၾကီး တုိးတက္လာသားပဲ။
ငါ သူ့ကို နည္းနည္းေလာက္ေတာ့ ဆုေပးရမွာေပါ့….
“ေက်းဇူးေနာ္၊ ခ်စ္ေလး ~”
ရီ၀မ္၀မ္၊ သူ့မ်က္နွာထက္ အနမ္းတစ္ပြင့္ ေပးလုိက္ၿပီး ဖုန္းကိုင္လုိက္၏။
“ဟယ္လုိ၊ ကိုကို၊ တစ္ခုခုၿဖစ္လုိ့လား။ ဘာလုိ့ ဒီအခ်ိန္ၾကီး ဖုန္းဆက္တာလဲ”
ဖုန္းတစ္ဖက္တြင္ကား၊ ရီမူဖန္သည္ အလြန္တရာပင္ ေလးနက္လုိ့ေနလ်က္။
“ကုိကို ဒီေန့ လ်ိဳခ်န္းနဲ့ကုန္ရႊီတုိ့ကို ေတြ့တုန္းက စိတ္ကူးနည္းနည္းေပၚလာ တာနဲ့ သူတု့ိအတြက္ ၀တ္စံုဒီဇုိင္း ဆြဲေပးထားတယ္။ ညီမေလးရဲ့ အီးေမးလ္ ကို ပုိ့ထားတယ္၊ ၾကည့္ၾကည့္လိုက္ဦး”
ဒီေတာ့မွ၊ ရီ၀မ္၀မ္ သက္ၿပင္းခ်လုိက္မိေတ့ာ၏။
“အဲ၊ ကိုကုိကေတာ့ အလုပ္သိပ္ၾကိဳးစားလွခ်ည္လား”
စိတ္အလုိမက်စြာၿဖင့္ ရီမူဖန္၊ ၿပန္ေၿပာလုိက္၏။
“ခ်ီးက်ဴးေပးတာေက်းဇူးပဲ”
ဒီေနာက္၊ တြန့္ဆုတ္တြန့္ဆုတ္ၿဖင့္ ရီမူဖန္၊ ေမးလာ၏။
“ညီမေလး အခု အဲ့ဒီလူရုိင္းၾကီးနဲ့ အတူရွိေနတာလား။
မင္းတုိ့ ဘာေတြၿဖစ္ကုန္တာလဲ - အတူေတာင္ေနေနၾကၿပီ လား”
“သူက လူရုိင္းၾကီးမဟုတ္ေပမယ့္လုိ့ ေၿဖာင့္မတ္ၿပီးေတာ့
အဖိုးတန္ ခ်စ္သူေလးပါ။ ေက်းဇူးအမ်ားၾကီးတင္ပါတယ္”
သူ့ူူအား စကားအမွန္ၿပင္ေပးလုိက္ၿပီးေနာက္မွ ။
“သူက အခုတေလာ ေနသိပ္မေကာင္းလို့ ညီမေလး လာအေဖာ္ၿပဳေပးေနတာ”
သူ၏ညီမေလးသည္ အရင္ကမိန္းကေလး မဟုတ္ေတာ့ဘူး
ဆုိသည္ကုိ သိပါေသာ္လည္း ရီမူဖန္အေနၿဖင့္ စိုးရိမ္ေနမိဆဲ ဲပါ။
“ကိုကို ဒီေန့ ေၿပာခဲ့တာကို အမွတ္ရဦး - ပုိၿပီးသတိထား”
“သိပါၿပီ”
ဖုန္းခ်ၿပီးသည္နွင့္ ရီ၀မ္၀မ္၊ ရွာလကာရည္ပင္လယ္ထဲ နစ္ေနသည့္ မေကာင္းဆုိး၀ါးမိစာၧၾကီးအား ေခ်ာ့ရေတာ့သည္ ။“ကိုကို၊ စိတ္ထဲမထားနဲ့ေနာ္။ ခ်စ္ရဲ့အစ္ကုိကေလ
ကိုကို ခ်စ္ကို ပိုက္ဆံနဲ့ လိင္ကိစၥေၾကာင့္ လွည့္စားေနမွာကို စိုးရိမ္ေနတာ - အေၿခအၿမစ္မရွိဘဲ ေလ်ွာက္ေၾကာက္ေနတာ ေနာ္။ လွည့္စားခ်င္လွည့္စား ခ်စ္ကသာ ကိုကို့ကုိ လွည့္စားေနတဲ့သူ ၿဖစ္ရမွာ၊ ဟုတ္တယ္မလား”
စီရီဟန္ ။ “…”
ညဥ့္နက္ခ်ိန္ ။
စီရီဟန္အား အိပ္ရာထက္တြင္ ေခ်ာ့သိပ္ၿပီးသြားသည္နွင့္
ရီ၀မ္၀မ္၊ သူမ၏ WeChat တြင္ ပို့စ္တင္လုိက္၏ ---
[ကိုယ့္ရဲ့တစ္ဘ၀လံုးကို အဓိကလိုအပ္ခ်က္ေတြၿဖစ္တဲ့
ရွာလကာရည္၊ ရွာလကာရည္၊ ရွာလကာရည္၊ ရွာလကာရည္၊ ရွာလကာရည္၊ ရွာလကာရည္၊ ရွာလကာရည္၊ ရွာလကာရည္၊ ရွာလကာရည္နဲ့အတူ မင္းေလးအတြက္ အေဖာ္ၿပဳေပးခ်င္ပါ တယ္]
အစက သူမေလး ထင္ထားမိသည္မွာ
ဒီအခ်ိန္ၾကီး ဘယ္သူမွ စာမၿပန္လာေလာက္ေပဟု။
သူမ မထင္ထားခဲ့မိေလာက္ေအာင္ပင္ ၿမန္ၿမန္ဆန္ဆန္ၾကီး ကြန္မန့္ေပးလာၾကမည့္ ညဇီးကြက္တုိ့ ရွိေနေလ
သည္ကလား။
[လင္းေခ်ြ့ ။ ညၾကီးသန္းေခါင္ အဆိပ္ေတြလာၿဖန္းေနတယ္ -
မင္း နည္းနည္းေလာက္ ထိန္းထိန္းသိမ္းသိမ္းေနပါဦးလား။
ငါ့လုိ single ေလးေတြ ညသန္းေခါင္ၾကီး ဖုန္းေလးသံုးရင္းနဲ့ေတာင္ အနွိပ္စက္ခံေနရပါလား]
[ရွဲ့က်ဲ့က်ီ ။ ယုန္ၿဖဴေလးက အရမ္းေၿပာတတ္တာပဲ]
[ရႊီရီ ။ က်ြန္ေတာ္ ေရၾကည့္လုိက္တာ “ရွာလကာရည္” ကိုးလံုး ပါတယ္]
[ရီမူဖန္ ။ ဘေလာ့ဂ္လုိက္ပါၿပီ၊ ေက်းဇူးပဲ]
💖💖💖💖💖💖
စာစဥ္ ၂၇၊ အခန္း ၁၁။ ခ်မ္းသာၿခင္းနွင့္ အလွတရား
ေနာက္တစ္ေန့မနက္ခင္း။
ရီ၀မ္၀မ္ အိပ္ရာမွ နုိးလာသည္နွင့္
သူမ၏ပုိ့စ္ဆီမွ ကြန္မန့္တုိ့ကို သတိၿပဳမိသြားသည္။
အိ္မ္ေစတုိ့မွသည္ ကိုယ္ရံေတာ္တုိ့ထိ သူမပုိ့စ္ကုိ မန့္ထားၾကေလ၏။
ဒီအခုိက္၊ ရုတ္တရက္ တစ္ခုကို နားလည္မိသြားသည္။
ယခင္ကဆုိ သူမသည္ သူမသိေနသည့္လူေတြနွင့္ အဆက္အသြယ္အေခၚအေၿပာလုပ္ၿခင္း မရွိခဲ့ေပ။
သုိ့ုေသာ္၊ ယခုတြင္ေတာ့ သူမ၏ပတ္၀န္းက်င္က
အသိအက်ြမ္းတုိ့မွာ စီရီဟန္နွင့္ပတ္သက္ေနၾကသူမ်ား
ၿဖစ္ေနေလၿပီ ။
ရီ၀မ္၀မ္၊ ဖုန္းကို ပြတ္ၾကည့္လုိက္မိရာ ေတြ့လုိက္ပါၿပီ။
ဘယ္တုန္းကမွ ပို့စ္တင္ဖူးၿခင္း မရွိသည့္ စီရီဟန္သည္
တကယ္ၾကီး ပို့စ္တစ္ခု တင္ထားသည္တည့္ ----
[မင္းရဲ့ဘ၀တစ္ေလ်ွာက္လံုး ခ်မ္းသာၿပီး ရုပ္ေခ်ာတဲ့သူကို ရပါေစ]
“ဖလူးးးး-----”
သူက ခ်မ္းသာၿပီး ရုပ္ေခ်ာတဲ့သူ မဟုတ္လုိ့လား။
ဒါက ငါ့ဘ၀တစ္ေလ်ွာက္လံုးကို သူ ငါ့ကို ေခၚထားဖုိ့ ဆႏၵရွိတယ္လုိ့လား။
၀ိုး...ဟတ္ထိသြားၿပီ ဟီးဟီး….
ကိုယ္လက္သန့္စင္ၿပီးသည့္ေနာက္ တစ္ေယာက္ေသာသူကို
ရွာဖုိ့ရာ ရီ၀မ္၀မ္၊ ေအာက္ထပ္ဆင္းသြားလုိက္သည္။
စာၾကည့္ခန္းကို ေက်ာ္ေလ်ွာက္လုိက္မိသည့္အခ်ိန္ လူတစ္ေယာက္ထြက္လာသည္ကို ေတြ့လုိက္ရ၏။
“မဂၤလာမနက္ခင္းပါ၊ မိန္းကေလး ရီ”
လက္ထဲတြင္ စာရြက္စာတမ္းတစ္ထပ္နွင့္ ခ်င္းရူရွီ ။
ရီ၀မ္၀မ္ကို ေတြ့လုိက္သည့္အခ်ိန္တြင္
မ်က္နွာတစ္ခ်က္ ပ်က္ယြင္းသြားၿခငး္ မရွိ။
“မိန္းကေလး ရီ က ဇာတ္ကားတစ္ကား ရိုက္ဖုိ့ၿပင္ေန တယ္လုိ့ ၾကားတယ္။ အကူအညီလုိအပ္ရင္ က်ြန္မကို အခ်ိန္မေရြးလာေၿပာလိ့ု ရပါတယ္” ခင္မင္ရင္းနွီးသည့္ေလသံၿဖင့္ ေၿပာလာသည့္ ခ်င္းရူရွီ ။
“မလုိပါဘူး၊ ေက်းဇူးပါ”
“ရပါတယ္။ ေအာ္ ဟုတ္သားပဲ။ အားက်ိဳက ေသခ်ာေပါက္ စီစဥ္ေပး ထားမယ္ ထင္တယ္။ က်ြန္မ အရမ္းေတြစိတ္ပူ ေပးေနမိတယ္”
ရီ၀မ္၀မ္၊ မ်က္ေမွာင္ၾကဳတ္သြားရ၏။
အၿပံဳးေရးေရး လုပ္ယူၿပံဳးၿပလုိက္ကာ
ခ်င္းရူရွီအား တစ္ခ်က္ၾကည့္လုိက္သည္ ။
သူမ ေၿပာသြားသည္ကား ရွင္းရွင္းလင္းလင္း။
သူမေလးသည္ စီရီဟန္အား မွီခုိ္ကာ အသံုးခ်ေနၿခင္း ဟု ။
သူမ၏အတိတ္ဘ၀တြင္လည္း ဤသို့ၿဖစ္ခဲ့၏။
ထိုအခ်ိန္က သူမသည္ အမွီအခုိကင္းခ်င္ခဲ့၏၊
အိမ္တြင္ အၿမဲတေစ မေနလုိခဲ့ ။ ထုိ့ေၾကာင့္
စီရီဟန္သည္ သူမ၏ပေရာဂ်က္ေတာ္ေတ္ာမ်ားမ်ားတြင္ ရင္းနွီးၿမွဳပ္နွံေပး ခဲ့၏။ သို့တေစ၊ အားလံုးသည္ ရႈံးနိမ့္မႈနွင့္ အဆံုးသတ္သြားရသည္တည့္ ။
ထုိ့ေနာက္၊ ခ်င္းရူရွီ၏လူေတြသည္ ထိုကိစၥကို ၿပန္ၿပန္အစ ေဖာ္ကာ သူမအား ၿပသနာရွာခဲ့ၾကသည္။ အဓိကအခ်က္ သည္က သူမသည္
လံုး၀ အရည္အခ်င္း မရွိေၾကာင္း၊ အိမ္ေတာ့္သခင္မၿဖစ္ဖုိ့ရာ အရည္အခ်င္းမၿပည့္ေၾကာင္း သူတို့ယံုၾကည္ထားၾကသည္ဟု ။
“မိန္းကေလး ရူရီွ တကယ္အစိုးရိမ္လြန္ေနတာပါ”
ရီ၀မ္၀မ္၊ ေၿပာၿပီးတာနဲ့ ခ်ာကနဲ လွည့္ထြက္ပစ္လုိက္သည္ ။
ခ်င္းရူရွီ၊ ဣေၿႏၵရကာ ၀င့္ထည္ေနသည့္အနွီမိန္းကေလး ထြက္သြားရာ ဘက္ဆီ ၾကည့္လုိ့ေနရင္း မ်က္လံုးတ့ိုမွာ မည္းေမွာင္လာရေခ်ၿပီ ။
အားက်ိဳက လူတစ္ေယာက္ရဲ့အေပၚယံကုိပဲ ၾကည့္တတ္တာ မဟုတ္ဘူး။ တကယ္ပဲ ဒီိမိန္းမက ဘယ္သူမ်ားလဲ…
…..
ဒက္ဇလင္းမီဒီယာ ။
ကုမၸဏီကုိ ေရာက္သည္နွင့္ ရီ၀မ္၀မ္၊ အစည္းအေ၀းေခၚကာ ၀န္ထမ္းေတြနွင့္ ရီမူဖန္ကို မိတ္ဆက္ေပးေနသည္ ။
“ဒါက က်ြန္ေတ္ာတု့ိရဲ့အသစ္ေရာက္လာတဲ့ စတုိင္လစ္ေခါင္းေဆာင္ပါ”
ရီမူဖန္၊ မတ္တပ္ထရပ္လုိက္သည္။
“မဂၤလာပါ၊ က်ြန္ေတ္ာ့မ်ိဳးရိုးကေတာ့ ရီ ပါ။ က်ြန္ေတ္ာ့ကို ဖီးလစ္လုိ့ ေခၚလုိ့ရပါတယ္။ အခုကစၿပီးေတာ့ က်ြန္ေတ္ာတုိ့ လုပ္ေဖာ္ကိုင္ဖက္ ေတြ ၿဖစ္သြားၾကၿပီဆုိေတာ့ လုိအပ္တာ ရွိရင္ သင္ၿပေပးၾကပါခင္ဗ်ာ”
ရီ၀မ္၀မ္၏ထြန္းလင္းေတာက္ပေနသည့္အခ်ိန္ ကုမၸဏီ၏လုပ္ငန္းေဆာင္တာအ၀၀သည္
ရုတ္ၿခညး္ ေၿပာင္းလဲသြားသည္။
ပြင့္ပြင့္လင္းလင္းဆုိရလ်ွင္ ကုမၸဏီ၏တန္ဖိုးသည္ သိသိသာသာၿမင့္တက္ လာေနၿခင္းပင္ - လူေတြ သူမအား နာခံလာသည္သာမက သူမသည္လဲ သူတုိ့အတြက္ အၿမတ္အစြန္းရေအာင္ လုပ္ေပးနိုင္ခဲ့၏။ လက္ရွိအေၿခအေန အရ ရီ၀မ္၀မ္၏ေထာက္ခံခ်က္တစ္ခုေလာက္က ေတာ္ေတာ္ေလး အေရးပါေနသည္တည္း ။
ဒီေတာ့၊ သူမအေနၿဖင့္ အၿပင္ဘက္ကေန စတုိင္လစ္ေခါင္းေဆာင္ တစ္ေယာက္ ရုတ္တရက္ငွားရမ္း လုိက္ေတာ့ေရာ။ ဘယ္သူကမွ လံုး၀ကန့္ကြက္ၾကမည္ မဟုတ္။ သူတို့အားလံုး ၾကိဳဆုိေႏြးေထြးမႈကိုသာ ၿပၾကေပလိမ့္မည္ ။ ဒါ့အၿပင္၊ ရီမူဖန္၏ရုပ္ရည္နွင့္ စိတ္ထား ေလးမွာ ေတာ္ေတာ္ေလးရႈမၿငီးဖြယ္ေကာင္းလွသည္ မဟုတ္ပါလား ။
“ၾကိဳဆုိပါတယ္၊ ၾကိဳဆိုပါတယ္”
“ၾကိဳဆိုပါတယ္၊ ဆရာ ဖီးလစ္”
….
ရီေရွာင္ထင္း၊ ရာထူးကေနၿပဳတ္က်သက္ဆင္းသြားရၿပီ ဆုိကတည္းက ရီမူဖန္သည္လည္း နွစ္နွစ္လံုးလံုး အနုပညာအသိုင္းအ၀ိုင္းကေန ေပ်ာက္ကြယ္ေနခဲ့သည္မို့။ ခုလက္ရွိတြင္ သူ၏နာမည္၊ သူ၏အေၾကာင္းကို ဘယ္သူကမွ မသိၾကပါေခ် ။
“အားလံုးပဲ၊ ဆရာ ဖီးလစ္က အခုကစၿပီးေတာ့ ဒီဇုိင္း၊
အၿပင္အဆင္နဲ့ ပတ္သက္တဲ့ကိစၥအ၀၀ကို တာ၀န္ယူ လိမ့္မယ္။ အားလံုးပဲ တစ္ေယာက္နဲ့တစ္ေယာက္ သိက်ြမ္းထားတာ ပိုေကာင္းတယ္။ ျပီးေတာ့ အဆင္အယင္ဒီဇုိင္းနဲ့ပတ္သက္ၿပီး ကိစၥတစ္ခုခုရွိရင္
သူ့ကုိ တုိက္ရိုက္ သြားရွာလုိ့ရပါတယ္”
တသီၾကီးညႊန္ၾကားၿပီးသည့္ေနာက္၊ ရီ၀မ္၀မ္ သူမ၏ရံုးခန္း ထဲသုိ့ ရီမူဖန္တစ္ေယာက္ထဲကို ေခၚသြားၿပီး ကုမၸဏီအေၿခအေနကို အေသးစိတ္ရွင္းၿပလာသည္ ။
“လ်ိဳခ်န္းနဲ့ပတ္သက္ၿပီးေတာ့ စိုးရိမ္စရာမရွိဘူး။
သူက ေသခ်ာေပါက္ ကိုကိုနဲ့ ပူးေပါင္းၿပီးလုပ္ေပးလိမ့္မယ္။
ကုန္ရႊီမွာက သူ့ရဲ့ကိုယ္ပုိင္ စတုိင္လစ္တစ္ေယာက္ ရွိေနၿပီးသားဆုိေပမယ့္ အဓိကအခ်က္ကသူ့ရဲ့အသံုးအေဆာင္ ပစၥည္းေတြပဲ။ သူက သူ့ဘာသာသူ၀တ္စားရတာကို ၾကိဳက္ တတ္တယ္ - ဒါကုိေတာ့ မွတ္ထားမွရမယ္”
ပုိၿပီးဂရုစုိက္ေပးရမည့္သူအေၾကာင္းကုိ ရီ၀မ္၀မ္သတိေပး လုိ့ေနၿခင္း ။
“ကိစၥမရွိဘူး”
“ၿပီးေတာ့၊ ကမာၻဘက္မွာ အ၀တ္အစားနဲ့ပတ္သက္ၿပီး ပိုၿပီးအာရံုစိုက္ေပးဖုိ့ ညီမေလး ေတာင္းဆုိထားၿပီးသား။ ဒါေပမယ့္ ကုိကုိ့အတြက္ အတတ္နုိင္ဆံုး ေငြအားစိုက္ေပး သြားမယ္”
“ဒါနဲ့တင္ လံုေလာက္ပါၿပီ”
ရီ၀မ္၀မ္၊ ေခါင္းညိတ္ၿပလုိက္၏။ ဒီေနာက္၊
အၿပံဳးတစ္ပြင့္လွစ္ဟၿပလုိက္ၿပီး ရီမူဖန္အား
သူမ၏ဖုန္းကုိ ၿပလိုက္ကာ ။
“ဒါကုိ ၾကည့္ၾကည့္”
“ဘာကိုလဲ”
ရီ၀မ္၀မ္၏အၾကည့္အတုိင္း လုိက္ၾကည့္လိုက္ပါသည့္ ရီမူဖန္။ အဆံုးသတ္တြင္ သူ ေတြ့လုိက္ရသည္ကား၊
ရွန္းမန္ခ်ီနွင့္ပတ္သက္သည့္ အတင္းစကားတစ္ခု…
💖💖💖💖💖💖
စာစဥ္ ၂၇၊ အခန္း ၁၂။ အၿပစ္ကင္းစင္ေၾကာင္းၿပၿခင္း
သူမ၏ဖုန္းမ်က္ႏွာၿပင္ထက္တြင္ ဆယ္လီဘရစ္တီသတင္း အတင္းအဖ်င္းတစ္ခုပင္ ။
“ဖန္ရွင္ဂုရု ရွန္းမန္ခ်ီ ၏ ကားအက္စီးဒက္၀တ္စံု” ဟူေသာေခါင္းၾကီးပိုင္းနွင့္ လယ္သာေဘာင္းဘီနွင့္ ေမာ္ေတာ္ဆုိင္ကယ္စီးဂ်က္ကတ္ကို ၀တ္ဆင္ထား ပါသည့္ ရွန္းမန္ခ်ီ၏ဓာတ္ပံု ။ သူမ၏ဆံပင္မွာ အလြန္အက်ြံ ပြေယာင္း လိမ္ေကာက္လ်က္ - ေၾကာက္စရာေကာင္းလွေခ်၏။
ပထမေတာ့၊ ပရိသတ္တစ္ေယာက္စနွစ္ေယာက္စသည္ သူမအား ဖန္ပီပီ ခ်ီးမြမ္းၾကပါ၏။ သို့ေသာ္၊ ဒီေနာက္တြင္မူ အင္တာနက္သံုးသူတုိ့နွင့္ ဖက္ရွင္အၿမင္ရွိသူတုိ့မွာ သူမအား ရႈံ့ခ်ၿပစ္တင္ၾကေတာ့သည္။
“မဆီေလ်ာ္လုိက္တာကြာ ။
အဲ့ဒီစတုိင္လစ္ ေဂါက္မ်ားေၾကာင္သြားတာလား”
“လံုး၀ကို ၾကည့္လို့မေကာင္းဘူး။ ေသာက္ရမ္းရုပ္ဆုိးလုိက္တာကြာ။
ဒါသာ ဖက္ရွင္ဆုိရင္ေတာ့ ငါတုိ့ကို ေစာ္ကားလုိက္တာပဲ”
“ဖက္ရွင္ဂုရုၾကီးတစ္ေယာက္က ဒီလုိအမွားမ်ိဳး လုပ္ခ်
လာလိမ့္မယ္လုိ့ မထင္ထားမိဘူးဟယ္ - ဒီ၀တ္စံုက ေတာ္ေတ္ာၾကီးရုပ္ဆုိးလြန္းတယ္ ။ ေခ်ာင္ကဲရွင္းကို အတုခုိးဖုိ့ၾကိဳးစားေနတာမ်ားလားပဲ၊ ဟမ့္။ ဒါေပမယ့္ ေခ်ာင္ကဲရွင္းရဲ့ခပ္မုိက္မိုက္၊ ယံုၾကည္ခ်က္ရွိတဲ့အေရာင္အ၀ါ ကိုေတာ့ မတုနုိင္ပါဘူးဟယ္ - ၾကည့္ရတာေတာ့ သူမ်ားကို အတုခုို္းဖုိ့ၾကိဳးစားၿပီး ကိုယ့္ကိုယ္ကုိ အရွက္ခြဲေနတာပဲ”
“အခုမွပဲ သတိထားမိတယ္ကြာ။ ရွန္းမန္ခ်ီရဲ့ဖင္က ၿပားခ်ပ္ေနတာပဲေနာ္။ ေပါင္တံေတြကလည္း တုတ္လုိက္တာ။ အရင္က လံုး၀ကို သတိမထားမိခဲ့ဘူး။ သူမကုိ အေတာ္ေလးလွတယ္လုိ့ပဲ ထင္ေနခဲ့တာ…”
…..
ရီမူဖန္၊ ထုိထုိကြန္မန့္တုိ့ကုိ တိတ္တိတ္ေလး ဖတ္လို့ေန၏။
အရင္တုန္းက သူမ၏၀တ္စံုတုိ့ကို ဒီဇုိင္းဆြဲသည့္အခါတြင္
သူ့အေနၿဖင့္ အလြန္တရာ ဂရုစိုက္ရၿပီး အားအမ်ားၾကီး ထုတ္ခဲ့ရပါ၏။ သူမ၏အားနည္းခ်က္ေတြ ေပၚသြားေစမည့္ ေနရာမွန္သမ်ွကို မေပၚေအာင္ၾကိဳးစားဖံုးေပးခဲ့သည္မုိ့ အရင္ကအရမး္ၾကီး မသိသာခဲ့ ။
“ဒီေတာ့ ခံစားရသက္သာသြားၿပီလား”
ရီ၀မ္၀မ္၊ ေမးလုိက္၏။
အခုတေလာတြင္၊ သူ၏ညီမေလးသည္ သူ့အေပၚ
ပိုၿပီးသူစိမ္းဆန္လာသည္ဟု သူ ခံစားေနမိ၏ ။ သို့ေသာ္
သူ့ူအား ဂရုစိုက္မႈသည္ကေတာ့ လံုး၀ ေၿပာင္းလဲၿခင္းမရွိေပ ။
“သူမက ဘယ္သူမွ မဟုတ္ေတာ့ပါဘူးကြာ”
ရီမူဖန္၊ ၿပန္ေၿဖလုိက္ပါ၏။
ဒီလုိလူအေပၚတြင္ သူ၏ခံစားခ်က္တု့ိၿဖဳန္းဖုိ့ပင္ မတန္ဘူးမလား။
…..
တစ္ခ်ိန္တည္း၊ ၾကယ္ပြင့္မ်ားအင္တာတိန္းမန့္တြင္ ။
စားပြဲေပၚကသတင္းစာအား ေဒါသတၾကီးၿဖင့္
ၿဗိခနဲ၊ ၿဗဲခနဲ စုတ္ၿဖဲပစ္ ေနသည့္ ရွန္းမန္ခ်ီ ။ ဒီေနာက္၊ သူမမ်က္နွာခ်င္းဆုိင္က ေယာက်ာ္းအား ေဒါသတၾကီး ၾကည့္လုိက္ရင္း ။
“ေဟာက်ြင္းခ်န္၊ ရွင္ ဘာေတြလုပ္ေနတာလဲ။
အဲ့ဒီ၀တ္စံုက ဘာၿပသနာမွမရွိဘူးလုိ့ ရွင္ ေၿပာခဲ့တယ္မလား”
*အဟမ္း…* “ဒီ၀တ္စံုက တကယ္ကို ဘာၿပသနာမွ မရွိပါဘူး… ေခ်ာင္ကဲရွင္းလည္း အရင္က ဒီလုိ၀တ္ခဲ့တာပဲ…အဲ့တုန္းကဆုိ အရမ္းကိုဆြဲမက္စရာေကာင္းတာ…”
“အဟတ္၊ ဒီေတာ့ ရွင္ ေၿပာခ်င္တာက ၀တ္စံုမွာ ၿပသနာမရွိဘူး၊ က်ြန္မမွာ ၿပသနာရွိေနတာေပါ့ေလ…”
“မန္ခ်ီရာ၊ အရမ္းၾကီး ေဒါသမထြက္ပါနဲ့ကြာ။
ကုိယ္က အဲ့လုိသေဘာမ်ိဳး ေၿပာတာမဟုတ္ပါဘူး။
မင္းက ေမြးရာပါလွၿပီးသားပဲ။ ေသခ်ာေပါက္ ဘာ၀တ္၀တ္ ္ၾကည့္ေကာင္းၿပီးသား။ အဲ့ဒီလူေတြသာ ကန္းေနၾကတာ”
“ေဟာက်ြင္းခ်န္၊ က်ြန္မကို အမႊန္းတင္ေနတာ ေတာ္စမ္း။
မၾကာခင္မွာ က်ြန္မ ဖက္ရွင္ပြဲေတာ္ကို တက္ရေတာ့မွာ။ တစ္ခုခုမွားသြားလုိ့ရွိရင္ ရွင္ အက်ိဳးဆက္ကို သိတယ္မလား၊ ဟမ္”
“မန္ခ်ီ…မန္ခ်ီ…”
ေဟာက်ြင္းခ်န္၏မ်က္စိေရွ့မွာတင္ ရွန္းမန္ခ်ီ၊
တံခါးကို ဒုန္းခနဲ ပိတ္ခ်သြားေလရာ၊
ေဟာက်ြငး္ခ်န္၏မ်က္နွာမွာ မည္းေမွာင္လာရသည္။
“ငါ လ ခြမ္း”
ဒါေတြအားလံုး အဲ့ဒီအရႈံးသမား ရီမူဖန္ရဲ့အမွားေတြပဲ ။
ငါ နည္းနည္းေလာက္ အရင္းအနွီးစိုက္မွ ၿဖစ္ေတာ့မယ္ နဲ့တူတယ္…
အလုပ္၀င္သည့္ပထမေန့တြင္၊ ရီမူဖန္၊
အလြန္အမင္း အလုပ္ရႈပ္လုိ့ေန၏ - တစ္ေန့လံုးလံုး သူ့တြင္ အနားယူူခ်ိန္ပင္ မရွိခဲ့။ သုိ့ေသာ္ ၊ ဤသည္ကပင္ သူ့အား အေပ်ာ္ရႊင္ၾကီးေပ်ာ္ရႊင္ေစသည္ ။
သူ ကားထဲ၀င္မည္အၿပဳ၊ ဖုန္းသံတတီတီ ၿမည္လာသည္…
ဖုန္းေခၚဆုိလာသူကို ၾကည့္လုိက္မိခ်ိန္ ရီမူဖန္၏မ်က္နွာမွာ အုပ္ဆုိင္းသြားရေတ့ာသည္ --- ေဟာက်ြင္းခ်န္ ပင္ ။
ရီမူဖန္၏မ်က္နွာထက္က ေမွာင္မိုက္မႈတုိ့
အလြန္ၿမန္ၿမန္ဆန္ဆန္ပင္ လြင့္စင္သြားၿပီး၊
ရီမူဖန္၊ ေပါ့ေပါ့ပါးပါး ဖုန္းကိုင္လုိက္၏။
“ဟယ္လုိ”
“ဟယ္လုိ၊ သခင္ေလး ရီ။ အခု အခ်ိန္ရလား။ စကားေၿပာ လုိ့ရမလား” အလြန္တရာသတိၾကီးၾကီးထားလ်က္၊ ေဟာက်ြင္းခ်န္ ေၿပာလာ၏။
“အာ၊ ဘာအေၾကာင္းမ်ား ေၿပာမလုိ့လဲ”
“တကယ္ေတာ့ ငါ မွားတာပါကြာ။ ဒါေပမယ့္ အဲ့ဒါက မိန္းမတစ္ေယာက္ပဲကို။ သခင္ေလး ရီ၊ သခင္ေလးလည္း
အရင္တုန္းက ေပြရႈပ္ခဲ့တာပဲမလား။ ဒီေတာ့ဗ်ာ ဘာလုိ့
ဒီေလာက္ထိ သေဘာထားေသးသိမ္ေနဦးမွာလဲဗ်ာ”
“က်ြတ္စ္….” ရီမူဖန္၊ ဟတ္ခနဲ ရယ္ေမာခ်လိုက္ရင္း။
“ခင္ဗ်ား ေၿပာလုိ့ၿပီးၿပီလား”
ေဟာက်ြင္းခ်န္၊ တံေတြးတုိ့ ၿမိဳခ်ပစ္လုိက္ေတာ့ၿပီး
ရီမူဖန္ ဖုန္းခ်ပစ္လုိက္မည္ေၾကာက္လ်က္
ၿမန္ၿမန္ဆန္ဆန္ ေၿပာလုိက္၏။
“ငါ ေသေသခ်ာခ်ာ ေတြးထားၿပီးသြားၿပီ။ ငါ့ရဲ့ရုိးသားေၾကာင္းကုိ ၿပဖုိ့အတြက္ ငါ မင္းကို တန္ဖိုးတစ္ခု ေပးမယ္ကြာ။ မင္း ၿပန္လာၿပီးေတာ့ ငါ့ကို ကူညီခ်င္ ေနသေရြ့ မငး္ ေသခ်ာေပါက္ စိတ္ေက်နပ္ေစရမယ္”
ဒီအခုိက္တြင္ ရီမူဖန္၌ ဟုိတစ္ေန့ညကလုိ တေၿမ့ေၿမ့ ေလာင္က်ြမ္းေနသည့္ ေဒါသထုၾကီးတုိ့ ရွိမေနေတ့ာ။ သူ၏လက္ေခ်ာင္းတုိ့သည္ လက္ထဲကကားေသာ့ကို အသာေလး ေ၀ွ့ယမ္းလုိ့ေနလ်က္၊
သူ ၿပန္ေၿဖလာသည္။ “ေကာင္းၿပီ”
💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖
...
Unicode
💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 27
Chapter. : 9 - 12
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၇၊ အခန်း ၉။ ဘာလို့ အဲ့လောက်တောင် ချစ်ဖို့ကောင်းရတာလဲ
စီရီဟန်၏ “ကိုယ့်ကို ဖြောင်းဖျနိုင်ပြီ” ဆိုသည်ကို ကြားလိုက်သည့်ချိန်၊ ရီဝမ်ဝမ်၊ ပါးစပ်အဟောင်းသားဖြစ်သွားရ၏ ။
ငါ ဘာများပြောလိုက်မိလို့ ။
အခုနတုန်းကပဲ ပိုက်ဆံကို ဖွဲနဲ့ဇကွဲလို လုပ်နေခဲ့တာပါ။
အခုကျ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး အဖြောင်းဖျခံ လိုက်ရပြီတဲ့လဲ ။
ဒါ…အဲ့ဒီစကားကြောင့်များလား…
“ကျွန်မတို့ ကိုယ့်ရဲ့ငွေတွေကို တခြားသူဆီ
ရောက်သွားအောင် မပေးလိုက်သင့်ဘူးမလား” ။
သူမလေးသည် စီရီဟန်ကို သုံးပြီး သူမ၏အပြောစွမ်းရည်ကို
လေ့ကျင့်ချင်ရုံ သက်သက်သာ။ စီရီဟန် လို သူဌေးကြီးမျိုး ကိုသာ
သူမ သိမ်းသွင်းနိုင်ခဲ့ပါလျှင် တခြားရင်းနှီးမြှုပ်နှံသူတွေကို မသိမ်းသွင်းနိုင်စရာ အကြောင်းမရှိတော့ဘူး မဟုတ်လား ။
အဆုံးသတ်တွင် ဒီလူသည်သူမ၏အာဘောင်အာရင်းသန်သန် ပြောနေသည့် အပြောနောက် ပါပင်ပါမလာခဲ့။ သူမအနေဖြင့် အကောင်းဆုံး ကြိုးစားခဲ့ပါ၏။ သို့တိုင်အောင် သူသည်ကား စိတ်ဝင်စားသည့်အရိပ်အယောင်ပင် မပြ ။
ရီဝမ်ဝမ် ခေါင်းငိုက်စိုက်ကျသွားတော့ပြီး
သက်ပြင်းချလိုက်မိ၏။ ဘာပဲပြောပြောပါ သူမ၏အခုလိုသိမ်းသွင်းနေရသည့်ကိစ္စမှာ
တစ်နေ့ကို သန်းတစ်ရာဝင်ငွေရနေသည့်သူကို မြေကြီးပေါ်က တစ်ဒေါ်လာတန်တစ်ရွက်လောက် ကောက်ယူလိုက်ပါဟု ကြိုးစားပြောယူနေရသည့်
အလားပင် ။
စီရီဟန်၊ ရွှေရောင်ဖောင်တိန်တစ်ချောင်းနှင့်
စာရွက်စာတမ်းပေါ် ရေးလိုက်ရင်း ပြောလာသည် ။
“ဘယ်လောက်လိုတာလဲ”
ဤဘာမှဂရုမစိုက်၊ ခပ်ပေါ့ပေါ့ဟန်သည်
“ဘယ်လိုလိုချင်တာလဲ။ ပြောသာပြောလိုက်”
ဟု ဆိုနေသည့်အလားပင် ။
ရီဝမ်ဝမ်၊ တံတွေးတို့ ဂလုခနဲ မြိုချလိုက်မိပြီး
ထိုရွှေတောင်ကြီးအား စိုက်ကြည့်လိုက်မိ၏။
“တကယ်ကြီး ရင်းနှီးမလို့လား”
ဒါက ကိုယ့်မျက်နှာကိုယ် ဖြတ်ရိုက်ချပစ်သလို မဖြစ်ဘူးလား။
မျက်နှာထက် အနည်းငယ်စိတ်အလိုမကျဟန် စီရီဟန် ပြလာလေပြီ ။ သို့သော်၊ ဖတ်ကြည့်လို့ရလောက်အောင် မျက်နှာထက်တွင်ရှိနေသည့် အမူအရာသည်ကား ။
ဒီမြင့်မြတ်တဲ့သခင်ကြီးက စည်းကမ်းတွေကို ချမှတ်ပေးတဲ့သူ၊ ဒီတော့ ဒီသခင်ကြီးက စည်းမျဉ်းပြောင်းပစ်ချင်တယ်ဆိုပြောင်းလို့ရတယ် ဟု ။
ဒီနောက်၊ သူ ပြောလာသည် ။ “ဘာဖြစ်လို့လဲ”
ရီဝမ်ဝမ်၊ တဟားဟားရယ်ချမိချေပြီ။
သူမ၊ မေးစေ့ကို ပွတ်သပ်လိုက်ရင် ရှုတည်တည်နှင့် ထောင်လွှားလွှား လုပ်နေခဲ့သည့်ဤယောကျာ်းအား ကြည့်လိုက်ကာ အတွင်းသန္တာန်တွင် နှစ်သက်မှုတို့ အကဲပိုလာရချေသည်။
“ကိုကိုကလေ ဘာလို့များ ဒီလောက်တောင် ချစ်ဖို့ကောင်းရတာလဲ”
စီရီဟန်၏မျက်နှာ တောင့်သွားရ၏။
ဒီနောက်၊ သူမလေး၏ပျင်းတွဲတွဲနှင့် မြူးကြွကြွဖြစ်နေသည့်အမူအရာလေးအား လှည့်ကြည့်လိုက်ရာ ။
ရီဝမ်ဝမ်သည် ထိုစာရွက်ကို ချထားပြီး ပြုံးစစလုပ်နေလျက်။
“ကိုကိုပဲ ချစ်ကို ကိုယ့်ကိုယ်ကို မှီခိုတတ်ပြီးတော့ တစ်နေ့မှာ အရာအားလုံးကို ချစ်တစ်ယောက်တည်း ကိုင်တွယ်တတ်ဖို့ သင်ပေးချင်နေတာမဟုတ်ဘူးလား”
“ကိုယ့်ကိုယ်ကို မှီခိုတတ်ဖို့” ဆိုသည်ကို ကြားလိုက်မိချိန်
စီရီဟန်၊ သူ့နှုတ်ခမ်းနှစ်လွှာတင်းတင်းစေ့လာတော့သည်။
သူမကို တစ်ယောက်တည်း အားလုံးကို ရင်ဆိုင်ခိုင်းဖို့….
ငါ ဘယ်လိုလုပ်ပြီးတော့….အဲ့လိုစိတ်ကူးရှိပါ့မလဲ…
ဘာမှမလုပ်တတ်ဖို့….နဲ့ ဘာမှမသိဖိ့ုကိုတောင်
ငါ ဆုတောင်းနေမိတာ…
စီရီဟန်၏အမူအရာကို ကြည့်လိုက်မိရင်း ရီဝမ်ဝမ်၊
နှလုံးသားထဲ နာကျင်ကိုက်ခဲသွားရ၏။
သူ့အား စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်ရင်း ။
“စီရီဟန်၊ နောင်မှာ ရှင် ကျွန်မဘေးမှာ မရှိတော့ဘူးဆိုရင် ကျွန်မကိုယ်ကျွန်မ ကောင်းကောင်းဂရုစိုက်ပြီးတော့
ရှင် ဖြစ်ချင်ခဲ့တာမှန်သမျှကို အကောင်အထည်ဖော်ပေးမယ်။
ရှင် ကျွန်မဘေးမှာ ရှိနေသေးမယ်ဆိုရင်…”
တခနလောက် တန့်သွားပြီး၊ နောက် ၊
ရီဝမ်ဝမ် စကားဆက်လာသည်။
“ကျွန်မလည်း ရှင့်ဘေးမှာ ရှိနေပေးမယ်”
သူမ၏စကားအခွန်းတို့ ထွက်ကျလာသည့်အခိုက်
စီရီဟန်၏မျက်လုံးတို့ မီးရှူးမီးပန်းပွင့်သွားရတော့ပြီ။
ရုတ်တရက်ဆိုသလို သူ၏ကျယ်ပြန့်သည့် လက်ဖဝါးကြီးကို ဆန့်ထုတ်လိုက်ပြီး ရီဝမ်ဝမ်၏ခေါင်းပေါ် တင်လိုက်ရင်း သူမလေး၏နှုတ်ခမ်းလွှာတု့ိကို စေ့စေ့ငင ကြည့်လာသည်…
သူသည် ရေချိုးပြီးကာစမို့ သူ၏ဆံပင်တို့မှာ အနည်းငယ်စိုစစ။ သူ၏ကြည်လင်ပြီးအေးစက်သည့်အသက်ရှူငွေ့တို့သည် သူမလေးအနား ရစ်သီလို့နေသည်မှာ ရှိန်းရှိန်းမြမြ ။ သူ၏အထိအတွေ့တိုင်းသည်ကား သူမလေးအား တောက်လောင်စေရလေသည်…
သူမလေး၊ အသက်ရှူမေ့လောက်အောင်ထိ ဖြစ်လာတော့ပြီး နောက်ဆုံးတွင်မှ ပြန်အသက်ရှူမိသွားသည်ထိပင် ။ ရီဝမ်ဝမ်၏မျက်ဝန်းတို့သည် သူမလေး၏ဝိဉာဉ်အား စုပ်ယူပစ်နိုင်စွမ်းရှိသည့် ရေဂဝဲနှင့်တူသည့် သူ့မျက်ဝန်းအစုံ နှင့် တွေ့ဆုံလိုက်ချိန်…
နူးညံ့သည့်ဆိုဖာပေါ်သို့ ရီဝမ်ဝမ် ပစ်လဲကျသွားရ၏။
အခုနက အနမ်းကြောင့် စီရီဟန်၏ဆိုစစဆံပင်တို့မှာ ဖရိုဖရဲ။ သူ၏ညအိပ်ဝတ်စုံမှာ လျော့ရဲရဲဖြစ်လို့လာလျက် လုံးဝနေကောင်းခြင်း မရှိသေးသောကြောင့် ဖြူရော်နေသည့်သူ၏ရင်ဘတ်အား လှစ်ဟပြလာသည် ။ ဒီနောက်၊ သူ၏ ခန့်ညားလှပပြီး ဆွဲဆောင်မှုရှိလှသည့် ဝမ်းဗိုက်ကြွက်သားတို့ကနေ….
ရီဝမ်ဝမ်၊ မြန်မြန်ဆန်ဆန်ပင် ခေါင်းခါယမ်းလိုက်၏။ ဤဆွဲမြှူနေသည့်မြင်ကွင်းကနေ သူမ၏စိတ်တို့ကို
မြန်မြန်ဆန်ဆန် တည်ငြိမ်သွားအောင်လုပ်လိုက်ပြီး ။
*အဟွတ်* “ဒေါက်တာ စုန့်က ပြောထားတယ်။
ရှင် လုံးဝနေပြန်ကောင်းမလာခင်အထိကို ပင်ပင်ပန်းပန်း ကိုယ်လက်လေ့ကျင့်ခန်းတွေ…ရှင်…လုပ်လို့မရဘူးတဲ့..”
ဒါကို ကြားလိုက်သည်နှင့် စီရီဟန်၏မျက်နှာမှာ စိတ်အလိုမပြည့်မှုကြောင့် မှုန်သုန်လာပြီး သူ၏မျက်ဝန်းတို့မှာ မည်းမှောင်လာတော့သည်တည့် ။
သူ၏ဖြစ်ပျက်သွားပုံကြောင့် ရီဝမ်ဝမ်၊ ကျိတ်ရယ်ရယ်ချ လာသည် ။သူမလေး၊ သူ၏နက်မှောင်သည့်ဆံပင်တိုတိုကို လက်နှင့်ထိုးဖွလိုက်ရင်း သူ့အား နှိပ်နယ်ပေးလာကာ ချော့မော့ပြောလာသည် ။
“ချစ်တို့ဆီမှာ ရှေ့လျှောက်ရမယ့် အချိန်တွေအများကြီး ရှိသေးတုန်းပဲလေ၊ ဟုတ်တယ်မလား။ နှစ်တွေအများကြီး ရောက်လာဦးမှာ…”
💖💖💖💖💖💖💖
စာစဉ် ၂၇၊ အခန်း ၁၀။ လက်ထပ်ပြီးဘဝ
နှစ်တွေအများကြီး ရောက်လာဦးမှာ…
စီရီဟန်၏နှုတ်ခမ်း၊ မဆိုစလောက်ကလေး တွန့်ကွေးသွားရ သည်။
ရီဝမ်ဝမ်သည် သူ့အား ချော့မော့နေရင်းကနေ မေးလာသည်။
“စီရီဟန်၊ ကျွန်မ ရှင့်ကို မေးခွန်းတစ်ခုလောက် မေးကြည့်ချင် တယ်…”
ဆိုဖာတွင် နေရာအကျယ်ကြီး လွတ်နေသေးသည်မို့
စီရီဟန်၊ သူမလေးဘေးသို့ လှဲချလိုက်တော့၏။
သူ၏မျက်လုံးတို့သည် သူမလေးကိုယ်ပေါ်တွင် ကျရောက်လို့နေလျက်၊ သူ၏မျက်ဝန်းဟိုးအထဲထဲတွင် အာသီသတချို့ ကျန်ရှိနေသေးရင်းမှ ။
“ဘာမေးမှာလဲ”
ရီဝမ်ဝမ်၊ တစ်ခနလောက် စဉ်းစားလိုက်ပြီး မေးလာသည် ။
“မေးချင်တာကလေ…ရှင် စိတ်ကူးထားတဲ့ အိမ်ထောင်သည်ဘဝက ဘယ်လိုမျိုးလဲ”
မသိလိုက်မိဘဲ၊ သူမလေး၏ သူ့ဆီကနေထွက်ပြေးလိုသည့် အတွေးတို့သည် တဖြည်းဖြည်းချင်း တိမ်ကောလာသည်မှာ ဒီလိုမေးခွန်းမျိုး စတင်သိချင်မိလာသည်ထိပါလား…
သူမ၏အတိတ်ဘဝတုန်းက သူမနှင့်စီရီဟန် လက်ထပ်ခဲ့ပြီး သည့်နောက် သူမရဲ့ဘဝသည် ပြန်မမှတ်မိချင်လောက်သည် ်ထိ အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်ခဲ့ပါ၏…
အိမ်ထောင်သည်ဘဝ…
အခုလိုမျိုး စီရီဟန်၊ အကြာကြီးကြာအောင် တိတ်ဆိတ်သွားသည်မှာ ဖြစ်တောင့်ဖြစ်ခဲပင် ။ နောက်ဆုံးတွင်တော့ သူ ပြောလာပါ၏ ။
“ဘဝရဲ့နေ့စဉ်လိုအပ်ချက်တွေ”
ရီဝမ်ဝမ်၊ မျက်ခုံးတို့ မြင့်တက်သွားရ၏ ။
သေချာသည်မှာ စီရီဟန်၏အဖြေသည် ဒီလောက်ထိ…
ရိုးရှင်းပြီး ရိုးရိုးသာဖြစ်နေမည်ဟု…မထင်ထားခြင်းပင်…
ရိုးရှင်းလွန်းသည်မှ ဘာထူးထူးခြားခြားလုပ်လိုသည့်စိတ်ကူး လေးမျှ မရှိအောင်ကို ရိုးရှင်းခြင်းပင်…
စီရီဟန်၏စိတ်အခြေအနေနှင့်ဆိုပါလျှင် သူမ မျှော်လင့်ထား ခဲ့သည်မှာ
သူသည် တခြားသူတွေနှင့် ကွဲထွက်ပြီး နေလိုလိမ့်မည်ဟု ။
ရီဝမ်ဝမ် ၊ စကားပြောတော့မည်အပြု။
ရုတ်တရက် ဖုန်းသံမြည်လာ၏ - သူမ၏အစ်ကို တည်း။
*အဟွတ်* “ဖုန်းကိုင်လိုက်ဦးမယ်”
စီရီဟန်၏အမူအရာမှာ အနည်းငယ်အေးခဲလာလေပြီ။
“တတိယစည်းမျဉ်း”
ရီဝမ်ဝမ်၏နှုတ်ခမ်းတို့ မဆိုစလောက် တွန့်ကွေးသွားရ၏။
အာ၊ ဒီစည်းကမ်းကြီးက ကျောက်ဆောင်ကြီးလိုပဲ ကိုင်လှုပ်ပစ်လို့ မရတော့ဘူးလား ဟမ့် ။
“သိပါတယ်၊ သိပါတယ်။ တတိယစည်းမျဉ်း - ဆန့်ကျင်ဖက်လိင်ကို မဆွဲဆောင်ရ၊ ဟုတ်တယ်မလား။ ဒါပေမယ့် ဒါက ကျွန်မရဲ့အစ်ကိုလေ၊ အရမ်းညဉ့်နက်နေပြီ။ အရေးကြီးကိစ္စများလားပဲ…”
စီရီဟန်၊ တိတ်ကျသွားတော့၏။
ဆိတ်ဆိတ်နေဝန်ခံခြင်း မည်သလို သူမလေးအား ခွင့်ပြုချက်ပေးလိုက်သည့်အလားနှယ် စကားတစ်ခွန်းမှ ပြောဆိုလာခြင်း မရှိတော့။
ရပါတယ်လေ။ အရင်တုန်းက ငါ့ကို တခြားယောကျ်ားလေး တွေကို ကြည့်တောင်ကြည့်ခွင့်မပေးခဲ့တာနဲ့စာရင်တော့ အများကြီး တိုးတက်လာသားပဲ။
ငါ သူ့ကို နည်းနည်းလောက်တော့ ဆုပေးရမှာပေါ့….
“ကျေးဇူးနော်၊ ချစ်လေး ~”
ရီဝမ်ဝမ်၊ သူ့မျက်နှာထက် အနမ်းတစ်ပွင့် ပေးလိုက်ပြီး ဖုန်းကိုင်လိုက်၏။
“ဟယ်လို၊ ကိုကို၊ တစ်ခုခုဖြစ်လို့လား။ ဘာလို့ ဒီအချိန်ကြီး ဖုန်းဆက်တာလဲ”
ဖုန်းတစ်ဖက်တွင်ကား၊ ရီမူဖန်သည် အလွန်တရာပင် လေးနက်လို့နေလျက်။
“ကိုကို ဒီနေ့ လျိုချန်းနဲ့ကုန်ရွှီတို့ကို တွေ့တုန်းက စိတ်ကူးနည်းနည်းပေါ်လာ တာနဲ့ သူတု့ိအတွက် ဝတ်စုံဒီဇိုင်း ဆွဲပေးထားတယ်။ ညီမလေးရဲ့ အီးမေးလ် ကို ပို့ထားတယ်၊ ကြည့်ကြည့်လိုက်ဦး”
ဒီတော့မှ၊ ရီဝမ်ဝမ် သက်ပြင်းချလိုက်မိတေ့ာ၏။
“အဲ၊ ကိုကိုကတော့ အလုပ်သိပ်ကြိုးစားလှချည်လား”
စိတ်အလိုမကျစွာဖြင့် ရီမူဖန်၊ ပြန်ပြောလိုက်၏။
“ချီးကျူးပေးတာကျေးဇူးပဲ”
ဒီနောက်၊ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရီမူဖန်၊ မေးလာ၏။
“ညီမလေး အခု အဲ့ဒီလူရိုင်းကြီးနဲ့ အတူရှိနေတာလား။
မင်းတို့ ဘာတွေဖြစ်ကုန်တာလဲ - အတူတောင်နေနေကြပြီ လား”
“သူက လူရိုင်းကြီးမဟုတ်ပေမယ့်လို့ ဖြောင့်မတ်ပြီးတော့
အဖိုးတန် ချစ်သူလေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်”
သူ့ူူအား စကားအမှန်ပြင်ပေးလိုက်ပြီးနောက်မှ ။
“သူက အခုတလော နေသိပ်မကောင်းလို့ ညီမလေး လာအဖော်ပြုပေးနေတာ”
သူ၏ညီမလေးသည် အရင်ကမိန်းကလေး မဟုတ်တော့ဘူး
ဆိုသည်ကို သိပါသော်လည်း ရီမူဖန်အနေဖြင့် စိုးရိမ်နေမိဆဲ ဲပါ။
“ကိုကို ဒီနေ့ ပြောခဲ့တာကို အမှတ်ရဦး - ပိုပြီးသတိထား”
“သိပါပြီ”
ဖုန်းချပြီးသည်နှင့် ရီဝမ်ဝမ်၊ ရှာလကာရည်ပင်လယ်ထဲ နစ်နေသည့် မကောင်းဆိုးဝါးမိစ္ဆာကြီးအား ချော့ရတော့သည် ။“ကိုကို၊ စိတ်ထဲမထားနဲ့နော်။ ချစ်ရဲ့အစ်ကိုကလေ
ကိုကို ချစ်ကို ပိုက်ဆံနဲ့ လိင်ကိစ္စကြောင့် လှည့်စားနေမှာကို စိုးရိမ်နေတာ - အခြေအမြစ်မရှိဘဲ လျှောက်ကြောက်နေတာ နော်။ လှည့်စားချင်လှည့်စား ချစ်ကသာ ကိုကို့ကို လှည့်စားနေတဲ့သူ ဖြစ်ရမှာ၊ ဟုတ်တယ်မလား”
စီရီဟန် ။ “…”
ညဉ့်နက်ချိန် ။
စီရီဟန်အား အိပ်ရာထက်တွင် ချော့သိပ်ပြီးသွားသည်နှင့်
ရီဝမ်ဝမ်၊ သူမ၏ WeChat တွင် ပို့စ်တင်လိုက်၏ ---
[ကိုယ့်ရဲ့တစ်ဘဝလုံးကို အဓိကလိုအပ်ချက်တွေဖြစ်တဲ့
ရှာလကာရည်၊ ရှာလကာရည်၊ ရှာလကာရည်၊ ရှာလကာရည်၊ ရှာလကာရည်၊ ရှာလကာရည်၊ ရှာလကာရည်၊ ရှာလကာရည်၊ ရှာလကာရည်နဲ့အတူ မင်းလေးအတွက် အဖော်ပြုပေးချင်ပါ တယ်]
အစက သူမလေး ထင်ထားမိသည်မှာ
ဒီအချိန်ကြီး ဘယ်သူမှ စာမပြန်လာလောက်ပေဟု။
သူမ မထင်ထားခဲ့မိလောက်အောင်ပင် မြန်မြန်ဆန်ဆန်ကြီး ကွန်မန့်ပေးလာကြမည့် ညဇီးကွက်တို့ ရှိနေလေ
သည်ကလား။
[လင်းချွေ့ ။ ညကြီးသန်းခေါင် အဆိပ်တွေလာဖြန်းနေတယ် -
မင်း နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်းနေပါဦးလား။
ငါ့လို single လေးတွေ ညသန်းခေါင်ကြီး ဖုန်းလေးသုံးရင်းနဲ့တောင် အနှိပ်စက်ခံနေရပါလား]
[ရှဲ့ကျဲ့ကျီ ။ ယုန်ဖြူလေးက အရမ်းပြောတတ်တာပဲ]
[ရွှီရီ ။ ကျွန်တော် ရေကြည့်လိုက်တာ “ရှာလကာရည်” ကိုးလုံး ပါတယ်]
[ရီမူဖန် ။ ဘလော့ဂ်လိုက်ပါပြီ၊ ကျေးဇူးပဲ]
💖💖💖💖💖💖
စာစဉ် ၂၇၊ အခန်း ၁၁။ ချမ်းသာခြင်းနှင့် အလှတရား
နောက်တစ်နေ့မနက်ခင်း။
ရီဝမ်ဝမ် အိပ်ရာမှ နိုးလာသည်နှင့်
သူမ၏ပို့စ်ဆီမှ ကွန်မန့်တို့ကို သတိပြုမိသွားသည်။
အိမ်စေတို့မှသည် ကိုယ်ရံတော်တို့ထိ သူမပို့စ်ကို မန့်ထားကြလေ၏။
ဒီအခိုက်၊ ရုတ်တရက် တစ်ခုကို နားလည်မိသွားသည်။
ယခင်ကဆို သူမသည် သူမသိနေသည့်လူတွေနှင့် အဆက်အသွယ်အခေါ်အပြောလုပ်ခြင်း မရှိခဲ့ပေ။
သို့ုသော်၊ ယခုတွင်တော့ သူမ၏ပတ်ဝန်းကျင်က
အသိအကျွမ်းတို့မှာ စီရီဟန်နှင့်ပတ်သက်နေကြသူများ
ဖြစ်နေလေပြီ ။
ရီဝမ်ဝမ်၊ ဖုန်းကို ပွတ်ကြည့်လိုက်မိရာ တွေ့လိုက်ပါပြီ။
ဘယ်တုန်းကမှ ပို့စ်တင်ဖူးခြင်း မရှိသည့် စီရီဟန်သည်
တကယ်ကြီး ပို့စ်တစ်ခု တင်ထားသည်တည့် ----
[မင်းရဲ့ဘဝတစ်လျှောက်လုံး ချမ်းသာပြီး ရုပ်ချောတဲ့သူကို ရပါစေ]
“ဖလူးးးး-----”
သူက ချမ်းသာပြီး ရုပ်ချောတဲ့သူ မဟုတ်လို့လား။
ဒါက ငါ့ဘဝတစ်လျှောက်လုံးကို သူ ငါ့ကို ခေါ်ထားဖို့ ဆန္ဒရှိတယ်လို့လား။
ဝိုး...ဟတ်ထိသွားပြီ ဟီးဟီး….
ကိုယ်လက်သန့်စင်ပြီးသည့်နောက် တစ်ယောက်သောသူကို
ရှာဖို့ရာ ရီဝမ်ဝမ်၊ အောက်ထပ်ဆင်းသွားလိုက်သည်။
စာကြည့်ခန်းကို ကျော်လျှောက်လိုက်မိသည့်အချိန် လူတစ်ယောက်ထွက်လာသည်ကို တွေ့လိုက်ရ၏။
“မင်္ဂလာမနက်ခင်းပါ၊ မိန်းကလေး ရီ”
လက်ထဲတွင် စာရွက်စာတမ်းတစ်ထပ်နှင့် ချင်းရူရှီ ။
ရီဝမ်ဝမ်ကို တွေ့လိုက်သည့်အချိန်တွင်
မျက်နှာတစ်ချက် ပျက်ယွင်းသွားခြင်း မရှိ။
“မိန်းကလေး ရီ က ဇာတ်ကားတစ်ကား ရိုက်ဖို့ပြင်နေ တယ်လို့ ကြားတယ်။ အကူအညီလိုအပ်ရင် ကျွန်မကို အချိန်မရွေးလာပြောလိ့ု ရပါတယ်” ခင်မင်ရင်းနှီးသည့်လေသံဖြင့် ပြောလာသည့် ချင်းရူရှီ ။
“မလိုပါဘူး၊ ကျေးဇူးပါ”
“ရပါတယ်။ အော် ဟုတ်သားပဲ။ အားကျိုက သေချာပေါက် စီစဉ်ပေး ထားမယ် ထင်တယ်။ ကျွန်မ အရမ်းတွေစိတ်ပူ ပေးနေမိတယ်”
ရီဝမ်ဝမ်၊ မျက်မှောင်ကြုတ်သွားရ၏။
အပြုံးရေးရေး လုပ်ယူပြုံးပြလိုက်ကာ
ချင်းရူရှီအား တစ်ချက်ကြည့်လိုက်သည် ။
သူမ ပြောသွားသည်ကား ရှင်းရှင်းလင်းလင်း။
သူမလေးသည် စီရီဟန်အား မှီခိုကာ အသုံးချနေခြင်း ဟု ။
သူမ၏အတိတ်ဘဝတွင်လည်း ဤသို့ဖြစ်ခဲ့၏။
ထိုအချိန်က သူမသည် အမှီအခိုကင်းချင်ခဲ့၏၊
အိမ်တွင် အမြဲတစေ မနေလိုခဲ့ ။ ထို့ကြောင့်
စီရီဟန်သည် သူမ၏ပရောဂျက်တော်တေ်ာများများတွင် ရင်းနှီးမြှုပ်နှံပေး ခဲ့၏။ သို့တစေ၊ အားလုံးသည် ရှုံးနိမ့်မှုနှင့် အဆုံးသတ်သွားရသည်တည့် ။
ထို့နောက်၊ ချင်းရူရှီ၏လူတွေသည် ထိုကိစ္စကို ပြန်ပြန်အစ ဖော်ကာ သူမအား ပြသနာရှာခဲ့ကြသည်။ အဓိကအချက် သည်က သူမသည်
လုံး၀ အရည်အချင်း မရှိကြောင်း၊ အိမ်တော့်သခင်မဖြစ်ဖို့ရာ အရည်အချင်းမပြည့်ကြောင်း သူတို့ယုံကြည်ထားကြသည်ဟု ။
“မိန်းကလေး ရူရှီ တကယ်အစိုးရိမ်လွန်နေတာပါ”
ရီဝမ်ဝမ်၊ ပြောပြီးတာနဲ့ ချာကနဲ လှည့်ထွက်ပစ်လိုက်သည် ။
ချင်းရူရှီ၊ ဣန္ဒြေရကာ ဝင့်ထည်နေသည့်အနှီမိန်းကလေး ထွက်သွားရာ ဘက်ဆီ ကြည့်လို့နေရင်း မျက်လုံးတ့ိုမှာ မည်းမှောင်လာရချေပြီ ။
အားကျိုက လူတစ်ယောက်ရဲ့အပေါ်ယံကိုပဲ ကြည့်တတ်တာ မဟုတ်ဘူး။ တကယ်ပဲ ဒီမိန်းမက ဘယ်သူများလဲ…
…..
ဒက်ဇလင်းမီဒီယာ ။
ကုမ္ပဏီကို ရောက်သည်နှင့် ရီဝမ်ဝမ်၊ အစည်းအဝေးခေါ်ကာ ဝန်ထမ်းတွေနှင့် ရီမူဖန်ကို မိတ်ဆက်ပေးနေသည် ။
“ဒါက ကျွန်တေ်ာတု့ိရဲ့အသစ်ရောက်လာတဲ့ စတိုင်လစ်ခေါင်းဆောင်ပါ”
ရီမူဖန်၊ မတ်တပ်ထရပ်လိုက်သည်။
“မင်္ဂလာပါ၊ ကျွန်တေ်ာ့မျိုးရိုးကတော့ ရီ ပါ။ ကျွန်တေ်ာ့ကို ဖီးလစ်လို့ ခေါ်လို့ရပါတယ်။ အခုကစပြီးတော့ ကျွန်တေ်ာတို့ လုပ်ဖော်ကိုင်ဖက် တွေ ဖြစ်သွားကြပြီဆိုတော့ လိုအပ်တာ ရှိရင် သင်ပြပေးကြပါခင်ဗျာ”
ရီဝမ်ဝမ်၏ထွန်းလင်းတောက်ပနေသည့်အချိန် ကုမ္ပဏီ၏လုပ်ငန်းဆောင်တာအ၀၀သည်
ရုတ်ခြည်း ပြောင်းလဲသွားသည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် ကုမ္ပဏီ၏တန်ဖိုးသည် သိသိသာသာမြင့်တက် လာနေခြင်းပင် - လူတွေ သူမအား နာခံလာသည်သာမက သူမသည်လဲ သူတို့အတွက် အမြတ်အစွန်းရအောင် လုပ်ပေးနိုင်ခဲ့၏။ လက်ရှိအခြေအနေ အရ ရီဝမ်ဝမ်၏ထောက်ခံချက်တစ်ခုလောက်က တော်တော်လေး အရေးပါနေသည်တည်း ။
ဒီတော့၊ သူမအနေဖြင့် အပြင်ဘက်ကနေ စတိုင်လစ်ခေါင်းဆောင် တစ်ယောက် ရုတ်တရက်ငှားရမ်း လိုက်တော့ရော။ ဘယ်သူကမှ လုံးဝကန့်ကွက်ကြမည် မဟုတ်။ သူတို့အားလုံး ကြိုဆိုနွေးထွေးမှုကိုသာ ပြကြပေလိမ့်မည် ။ ဒါ့အပြင်၊ ရီမူဖန်၏ရုပ်ရည်နှင့် စိတ်ထား လေးမှာ တော်တော်လေးရှုမငြီးဖွယ်ကောင်းလှသည် မဟုတ်ပါလား ။
“ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်”
“ကြိုဆိုပါတယ်၊ ဆရာ ဖီးလစ်”
….
ရီရှောင်ထင်း၊ ရာထူးကနေပြုတ်ကျသက်ဆင်းသွားရပြီ ဆိုကတည်းက ရီမူဖန်သည်လည်း နှစ်နှစ်လုံးလုံး အနုပညာအသိုင်းအဝိုင်းကနေ ပျောက်ကွယ်နေခဲ့သည်မို့။ ခုလက်ရှိတွင် သူ၏နာမည်၊ သူ၏အကြောင်းကို ဘယ်သူကမှ မသိကြပါချေ ။
“အားလုံးပဲ၊ ဆရာ ဖီးလစ်က အခုကစပြီးတော့ ဒီဇိုင်း၊
အပြင်အဆင်နဲ့ ပတ်သက်တဲ့ကိစ္စအ၀၀ကို တာဝန်ယူ လိမ့်မယ်။ အားလုံးပဲ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းထားတာ ပိုကောင်းတယ်။ ပြီးတော့ အဆင်အယင်ဒီဇိုင်းနဲ့ပတ်သက်ပြီး ကိစ္စတစ်ခုခုရှိရင်
သူ့ကို တိုက်ရိုက် သွားရှာလို့ရပါတယ်”
တသီကြီးညွှန်ကြားပြီးသည့်နောက်၊ ရီဝမ်ဝမ် သူမ၏ရုံးခန်း ထဲသို့ ရီမူဖန်တစ်ယောက်ထဲကို ခေါ်သွားပြီး ကုမ္ပဏီအခြေအနေကို အသေးစိတ်ရှင်းပြလာသည် ။
“လျိုချန်းနဲ့ပတ်သက်ပြီးတော့ စိုးရိမ်စရာမရှိဘူး။
သူက သေချာပေါက် ကိုကိုနဲ့ ပူးပေါင်းပြီးလုပ်ပေးလိမ့်မယ်။
ကုန်ရွှီမှာက သူ့ရဲ့ကိုယ်ပိုင် စတိုင်လစ်တစ်ယောက် ရှိနေပြီးသားဆိုပေမယ့် အဓိကအချက်ကသူ့ရဲ့အသုံးအဆောင် ပစ္စည်းတွေပဲ။ သူက သူ့ဘာသာသူဝတ်စားရတာကို ကြိုက် တတ်တယ် - ဒါကိုတော့ မှတ်ထားမှရမယ်”
ပိုပြီးဂရုစိုက်ပေးရမည့်သူအကြောင်းကို ရီဝမ်ဝမ်သတိပေး လို့နေခြင်း ။
“ကိစ္စမရှိဘူး”
“ပြီးတော့၊ ကမ္ဘာဘက်မှာ အဝတ်အစားနဲ့ပတ်သက်ပြီး ပိုပြီးအာရုံစိုက်ပေးဖို့ ညီမလေး တောင်းဆိုထားပြီးသား။ ဒါပေမယ့် ကိုကို့အတွက် အတတ်နိုင်ဆုံး ငွေအားစိုက်ပေး သွားမယ်”
“ဒါနဲ့တင် လုံလောက်ပါပြီ”
ရီဝမ်ဝမ်၊ ခေါင်းညိတ်ပြလိုက်၏။ ဒီနောက်၊
အပြုံးတစ်ပွင့်လှစ်ဟပြလိုက်ပြီး ရီမူဖန်အား
သူမ၏ဖုန်းကို ပြလိုက်ကာ ။
“ဒါကို ကြည့်ကြည့်”
“ဘာကိုလဲ”
ရီဝမ်ဝမ်၏အကြည့်အတိုင်း လိုက်ကြည့်လိုက်ပါသည့် ရီမူဖန်။ အဆုံးသတ်တွင် သူ တွေ့လိုက်ရသည်ကား၊
ရှန်းမန်ချီနှင့်ပတ်သက်သည့် အတင်းစကားတစ်ခု…
💖💖💖💖💖💖
စာစဉ် ၂၇၊ အခန်း ၁၂။ အပြစ်ကင်းစင်ကြောင်းပြခြင်း
သူမ၏ဖုန်းမျက်နှာပြင်ထက်တွင် ဆယ်လီဘရစ်တီသတင်း အတင်းအဖျင်းတစ်ခုပင် ။
“ဖန်ရှင်ဂုရု ရှန်းမန်ချီ ၏ ကားအက်စီးဒက်ဝတ်စုံ” ဟူသောခေါင်းကြီးပိုင်းနှင့် လယ်သာဘောင်းဘီနှင့် မော်တော်ဆိုင်ကယ်စီးဂျက်ကတ်ကို ဝတ်ဆင်ထား ပါသည့် ရှန်းမန်ချီ၏ဓာတ်ပုံ ။ သူမ၏ဆံပင်မှာ အလွန်အကျွံ ပွယောင်း လိမ်ကောက်လျက် - ကြောက်စရာကောင်းလှချေ၏။
ပထမတော့၊ ပရိသတ်တစ်ယောက်စနှစ်ယောက်စသည် သူမအား ဖန်ပီပီ ချီးမွမ်းကြပါ၏။ သို့သော်၊ ဒီနောက်တွင်မူ အင်တာနက်သုံးသူတို့နှင့် ဖက်ရှင်အမြင်ရှိသူတို့မှာ သူမအား ရှုံ့ချပြစ်တင်ကြတော့သည်။
“မဆီလျော်လိုက်တာကွာ ။
အဲ့ဒီစတိုင်လစ် ဂေါက်များကြောင်သွားတာလား”
“လုံးဝကို ကြည့်လို့မကောင်းဘူး။ သောက်ရမ်းရုပ်ဆိုးလိုက်တာကွာ။
ဒါသာ ဖက်ရှင်ဆိုရင်တော့ ငါတို့ကို စော်ကားလိုက်တာပဲ”
“ဖက်ရှင်ဂုရုကြီးတစ်ယောက်က ဒီလိုအမှားမျိုး လုပ်ချ
လာလိမ့်မယ်လို့ မထင်ထားမိဘူးဟယ် - ဒီဝတ်စုံက တော်တေ်ာကြီးရုပ်ဆိုးလွန်းတယ် ။ ချောင်ကဲရှင်းကို အတုခိုးဖို့ကြိုးစားနေတာများလားပဲ၊ ဟမ့်။ ဒါပေမယ့် ချောင်ကဲရှင်းရဲ့ခပ်မိုက်မိုက်၊ ယုံကြည်ချက်ရှိတဲ့အရောင်အဝါ ကိုတော့ မတုနိုင်ပါဘူးဟယ် - ကြည့်ရတာတော့ သူများကို အတုခိုးဖို့ကြိုးစားပြီး ကိုယ့်ကိုယ်ကို အရှက်ခွဲနေတာပဲ”
“အခုမှပဲ သတိထားမိတယ်ကွာ။ ရှန်းမန်ချီရဲ့ဖင်က ပြားချပ်နေတာပဲနော်။ ပေါင်တံတွေကလည်း တုတ်လိုက်တာ။ အရင်က လုံးဝကို သတိမထားမိခဲ့ဘူး။ သူမကို အတော်လေးလှတယ်လို့ပဲ ထင်နေခဲ့တာ…”
…..
ရီမူဖန်၊ ထိုထိုကွန်မန့်တို့ကို တိတ်တိတ်လေး ဖတ်လို့နေ၏။
အရင်တုန်းက သူမ၏ဝတ်စုံတို့ကို ဒီဇိုင်းဆွဲသည့်အခါတွင်
သူ့အနေဖြင့် အလွန်တရာ ဂရုစိုက်ရပြီး အားအများကြီး ထုတ်ခဲ့ရပါ၏။ သူမ၏အားနည်းချက်တွေ ပေါ်သွားစေမည့် နေရာမှန်သမျှကို မပေါ်အောင်ကြိုးစားဖုံးပေးခဲ့သည်မို့ အရင်ကအရမ်းကြီး မသိသာခဲ့ ။
“ဒီတော့ ခံစားရသက်သာသွားပြီလား”
ရီဝမ်ဝမ်၊ မေးလိုက်၏။
အခုတလောတွင်၊ သူ၏ညီမလေးသည် သူ့အပေါ်
ပိုပြီးသူစိမ်းဆန်လာသည်ဟု သူ ခံစားနေမိ၏ ။ သို့သော်
သူ့ူအား ဂရုစိုက်မှုသည်ကတော့ လုံး၀ ပြောင်းလဲခြင်းမရှိပေ ။
“သူမက ဘယ်သူမှ မဟုတ်တော့ပါဘူးကွာ”
ရီမူဖန်၊ ပြန်ဖြေလိုက်ပါ၏။
ဒီလိုလူအပေါ်တွင် သူ၏ခံစားချက်တု့ိဖြုန်းဖို့ပင် မတန်ဘူးမလား။
…..
တစ်ချိန်တည်း၊ ကြယ်ပွင့်များအင်တာတိန်းမန့်တွင် ။
စားပွဲပေါ်ကသတင်းစာအား ဒေါသတကြီးဖြင့်
ဗြိခနဲ၊ ဗြဲခနဲ စုတ်ဖြဲပစ် နေသည့် ရှန်းမန်ချီ ။ ဒီနောက်၊ သူမမျက်နှာချင်းဆိုင်က ယောကျာ်းအား ဒေါသတကြီး ကြည့်လိုက်ရင်း ။
“ဟောကျွင်းချန်၊ ရှင် ဘာတွေလုပ်နေတာလဲ။
အဲ့ဒီဝတ်စုံက ဘာပြသနာမှမရှိဘူးလို့ ရှင် ပြောခဲ့တယ်မလား”
*အဟမ်း…* “ဒီဝတ်စုံက တကယ်ကို ဘာပြသနာမှ မရှိပါဘူး… ချောင်ကဲရှင်းလည်း အရင်က ဒီလိုဝတ်ခဲ့တာပဲ…အဲ့တုန်းကဆို အရမ်းကိုဆွဲမက်စရာကောင်းတာ…”
“အဟတ်၊ ဒီတော့ ရှင် ပြောချင်တာက ဝတ်စုံမှာ ပြသနာမရှိဘူး၊ ကျွန်မမှာ ပြသနာရှိနေတာပေါ့လေ…”
“မန်ချီရာ၊ အရမ်းကြီး ဒေါသမထွက်ပါနဲ့ကွာ။
ကိုယ်က အဲ့လိုသဘောမျိုး ပြောတာမဟုတ်ပါဘူး။
မင်းက မွေးရာပါလှပြီးသားပဲ။ သေချာပေါက် ဘာဝတ်ဝတ် ်ကြည့်ကောင်းပြီးသား။ အဲ့ဒီလူတွေသာ ကန်းနေကြတာ”
“ဟောကျွင်းချန်၊ ကျွန်မကို အမွှန်းတင်နေတာ တော်စမ်း။
မကြာခင်မှာ ကျွန်မ ဖက်ရှင်ပွဲတော်ကို တက်ရတော့မှာ။ တစ်ခုခုမှားသွားလို့ရှိရင် ရှင် အကျိုးဆက်ကို သိတယ်မလား၊ ဟမ်”
“မန်ချီ…မန်ချီ…”
ဟောကျွင်းချန်၏မျက်စိရှေ့မှာတင် ရှန်းမန်ချီ၊
တံခါးကို ဒုန်းခနဲ ပိတ်ချသွားလေရာ၊
ဟောကျွင်းချန်၏မျက်နှာမှာ မည်းမှောင်လာရသည်။
“ငါ လ ခွမ်း”
ဒါတွေအားလုံး အဲ့ဒီအရှုံးသမား ရီမူဖန်ရဲ့အမှားတွေပဲ ။
ငါ နည်းနည်းလောက် အရင်းအနှီးစိုက်မှ ဖြစ်တော့မယ် နဲ့တူတယ်…
အလုပ်ဝင်သည့်ပထမနေ့တွင်၊ ရီမူဖန်၊
အလွန်အမင်း အလုပ်ရှုပ်လို့နေ၏ - တစ်နေ့လုံးလုံး သူ့တွင် အနားယူူချိန်ပင် မရှိခဲ့။ သို့သော် ၊ ဤသည်ကပင် သူ့အား အပျော်ရွှင်ကြီးပျော်ရွှင်စေသည် ။
သူ ကားထဲဝင်မည်အပြု၊ ဖုန်းသံတတီတီ မြည်လာသည်…
ဖုန်းခေါ်ဆိုလာသူကို ကြည့်လိုက်မိချိန် ရီမူဖန်၏မျက်နှာမှာ အုပ်ဆိုင်းသွားရတေ့ာသည် --- ဟောကျွင်းချန် ပင် ။
ရီမူဖန်၏မျက်နှာထက်က မှောင်မိုက်မှုတို့
အလွန်မြန်မြန်ဆန်ဆန်ပင် လွင့်စင်သွားပြီး၊
ရီမူဖန်၊ ပေါ့ပေါ့ပါးပါး ဖုန်းကိုင်လိုက်၏။
“ဟယ်လို”
“ဟယ်လို၊ သခင်လေး ရီ။ အခု အချိန်ရလား။ စကားပြော လို့ရမလား” အလွန်တရာသတိကြီးကြီးထားလျက်၊ ဟောကျွင်းချန် ပြောလာ၏။
“အာ၊ ဘာအကြောင်းများ ပြောမလို့လဲ”
“တကယ်တော့ ငါ မှားတာပါကွာ။ ဒါပေမယ့် အဲ့ဒါက မိန်းမတစ်ယောက်ပဲကို။ သခင်လေး ရီ၊ သခင်လေးလည်း
အရင်တုန်းက ပွေရှုပ်ခဲ့တာပဲမလား။ ဒီတော့ဗျာ ဘာလို့
ဒီလောက်ထိ သဘောထားသေးသိမ်နေဦးမှာလဲဗျာ”
“ကျွတ်စ်….” ရီမူဖန်၊ ဟတ်ခနဲ ရယ်မောချလိုက်ရင်း။
“ခင်ဗျား ပြောလို့ပြီးပြီလား”
ဟောကျွင်းချန်၊ တံတွေးတို့ မြိုချပစ်လိုက်တော့ပြီး
ရီမူဖန် ဖုန်းချပစ်လိုက်မည်ကြောက်လျက်
မြန်မြန်ဆန်ဆန် ပြောလိုက်၏။
“ငါ သေသေချာချာ တွေးထားပြီးသွားပြီ။ ငါ့ရဲ့ရိုးသားကြောင်းကို ပြဖို့အတွက် ငါ မင်းကို တန်ဖိုးတစ်ခု ပေးမယ်ကွာ။ မင်း ပြန်လာပြီးတော့ ငါ့ကို ကူညီချင် နေသရွေ့ မင်း သေချာပေါက် စိတ်ကျေနပ်စေရမယ်”
ဒီအခိုက်တွင် ရီမူဖန်၌ ဟိုတစ်နေ့ညကလို တမြေ့မြေ့ လောင်ကျွမ်းနေသည့် ဒေါသထုကြီးတို့ ရှိမနေတေ့ာ။ သူ၏လက်ချောင်းတို့သည် လက်ထဲကကားသော့ကို အသာလေး ဝှေ့ယမ်းလို့နေလျက်၊
သူ ပြန်ဖြေလာသည်။ “ကောင်းပြီ”
💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖