လူစားထိုး

By Htoo-6

87.9K 10.4K 707

Title: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher:... More

Description
Ch 1.2
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Not An Update
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Vol 1 complete, Ch 46+47
Ch 48
Ch 49
Ch 50
Ch 51
Ch 52,53,54
Ch 55,56
Ch 57
Ch 58

Vol 1, Ch 1.1

9.9K 424 0
By Htoo-6


Trump Card

Unicode

"သခင်လေး.....Ran Feng Ge ရောက်ပါပြီ။ သူ ဧည့်ခန်းမှာပါ"

"Ok" ဟု Su Yi Mo က သူ၏အိမ်ထိန်းကို အသိရခက်စွာ အေးစက်စွာပြောခဲ့သည်။ အိမ်ထိန်း အကြောင်းကြားသည်ကို ကြားခဲ့ရသော်လည်း သူက သတင်းစာကို လက်မှမချချေ။ သူ၏အကြည့်တို့က သတင်းစာခေါင်းစီးမှသည် မျက်နှာချင်းဆိုင် နံရံ၏ မျက်နှာပြင်
ကျယ်ကျယ်တွင် ပြသထားသော ပုံများဆီသို့ ဖြည်းညင်းစွာ ရွေ့လျောသွားလေသည်။ သူ၏ နဖူးကြောများ တွန့်သွားကာ မျက်နှာတွင် ပူပန်မှုအချို့ ဖြစ်ပေါ်လာသည်။

များမကြာမီကပင် သတင်းစာများ၊မဂ္ဂဇင်းများ၊ဖျော်ဖြေရေးစာစောင်များ သို့မဟုတ် ရုပ်မြင်သံကြားများက တူညီသော ခေါင်းစဉ်တစ်ခုကို ထပ်ဖန်တလဲလဲ ဖော်ပြခဲ့ကြသည်။

ရုပ်ရှင်ကြယ်ပွင့် Jing Qiu Han သည် ပဲရစ်တွင် ရိုက်ကူးရေးလုပ်နေစဉ် ပစ်ခတ်ခံခဲ့ရသည်။ ကျည်ဆန်နှစ်ချက် ထိမှန်ခံရကာ စိုးရိမ်ရသောအခြေအနေဖြစ်သည်။ သည်ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မနာလိုသော ပြိုင်ဘက်တို့၏ ပစ်ခတ်လုပ်ကြံမှုဟု သံသယဖြစ်ရသည်။ Jing Qiu Han ကို တရုတ်နိုင်ငံသို့ ပြန်ပို့ပြီးပြီဖြစ်၍ လတ်တလော ဆေးကုသမှုခံယူနေလေသည်။သို့သော် အခြေအနေမှာ စိတ်အေးဖွယ်မရှိချေ။

နာရီဝက်ကြာပြီးနောက်....

ဧည့်ခန်း ထဲတွင်...

"မင်းက Ran Feng Ge လား" ဟု Su Yi Moက သူ့ဘက်သို့ ကျောပေးထားသူကိုကြည့်၍ ဝေခွဲမရစွာ မေးလိုက်သည်။အမျိုးအမည်ဖော်၍မရသော ခံစားချက်တစ်စုံတရာ သူ့ရင်ထဲသို့ လှိုက်တက်လာလေသည်။

သည် ကိုယ်နေဟန်ထားကို ရင်းရင်းနှီးနှီး ...မြင်ဖူးပါသည်။

Ran Feng Ge က သူ၏ခေါင်းကို လှည့်လိုက်သည်။

"......."

Su Yi Mo ရော အိမ်ထိန်းပါ တောင့်ခဲသွားလေသည်။ အိမ်ထိန်းမှာ အလိုလိုပင် Su Yi Mo ရှိရာစောင်းငဲ့ကြည့်မိသည်။ သူ့သခင်၏ မျက်နှာသည်လည်း အလန့်တကြားဖြစ်ရပုံကို တူညီစွာဖော်ပြနေသည်။

အိမ်ထိန်းက တုံ့ဆိုင်း တုံ့ဆိုင်းနှင့်ပြောလိုက်သည်။

"..သခင်လေး..သူ..သူ."

Ran Feng Ge ရော Su Yi Mo ပါ နှစ်ဦးစလုံးက အေးစက်သော ကျောက်တုံးမျက်နှာပေး ရှိတာချင်း တူကြသည်။ ပို၍အဓိကကျသော အချက်မှာ Ran Feng Ge၏ မျက်နှာအစိတ်အပိုင်းများက Su Yi Moနှင့် ထပ်တူ တူညီကြတာဖြစ်သည်။ မျက်ဝန်းထောင့်တွင်ရှိသော မှဲ့သေးသေးလေးပင်လျှင် အတိအကျတူညီကြသည်။

ထိုအခိုက်အတန့်တွင်ပင် အဘယ်ကြောင့် ရင်းနှီးသောခံစားချက်များ ရခဲ့သည်ကို Su Yi Mo နားလည်လိုက်ပြီ။ မည်သူမဆို သူတို့၏နောက်ကျောကို သူတို့ မှတ်မိပေလိမ့်မည်။

သူ့အိမ်ထိန်း၏ အသံတိုးတိုးကို ကြားလိုက်သည်တွင် Ran Feng Ge၏ မျက်နှာက သုန်မှုန်သွားလေသည်။

"သူက မင်းရဲ့ သခင်လေးဆိုတာ ဘာလို့ ကျိန်းသေပြောနေတာလဲ။ Ah Jiu အိမ်ထဲကို သူစိမ်းတစ်ယောက်သွင်းရအောင် မင်း ဘယ်လို ရဲတင်းနေတာလဲ။ ပြော..မင်းရဲ့အမှားအတွက် အပြစ်ပေးသင့်မပေးသင့်"

သူတို့၏ အသံတွေကပါ လုံးဝတူလို့နေသည်။ ထပ်ပြောရလျှင် ထိုလူက သူ၏အမည်ကိုပါ မှန်ကန်စွာသိနေခြင်းဖြစ်သည်။

ဘုရားရေ...မည်သို့တုန့်ပြန်ရမည် ကို Ah Jiu မသိတော့ချေ။

အစောပိုင်းက ဧည့်ခန်းအတွင်းသို့ သူခေါ်ဆောင် ခဲ့သည့်လူငယ်က အပြုံးဝေဝေနှင့် အသက်နှစ်ဆယ်ပင််မပြည့်လောက်သေးတာ အမှန်ဖြစ်သည်။ သို့သော် သခင်လေးကို ဧည့်ခန်းသို့လာရန် သွားရောက် အကြောင်းကြားနေစဉ်မှာပဲ ဧည့်ခန်းထဲက လူငယ်က သခင်းလေးအဖြစ် ဘာကြောင့် ပြောင်းသွားရသနည်း။

အိမ်ရှင် Su Yi Mo လည်း ရုတ်တရက် ခေတ္တ မင်သက်သွားရလေသည်။ သူ၏ မျက်လုံးတစ်စုံက သူနှင့် ရုပ်ရည်တူသော ထိုသူကိုသာ အသံတိတ်စူးစိုက်ကြည့်နေခဲ့သည်။ သူ၏နှုတ်ခမ်းစွန်းများက ပြုံးတော့မယောင် ကော့ညွတ်သွားလေတော့သည်။

Ran Feng Geက ဘာမျှမဖြစ်ခဲ့သည့်ပုံစံဖြင့် Su Yi Moထံ ကြော့ကြော့မော့မော့လျှောက်သွားလေသည်။ သူ၏မျက်ခုံးများက မြောက်တက်သွားကာ တစ်ဖက်အမျိုးသားကို စုန်ချည်ဆန်ချည်ကြည့်လေသည်။

"အာ..မင်းက ငါထင်ထားတာထက် ပိုရှည်တာပဲ"

Su Yi Mo၏ အကြည့်တို့က ဧည့်ခန်းစားပွဲခုံပေါ်တွင် တင်ထားသော ဓာတ်ပုံဘောင်ပေါ်သို့ ရောက်သွားသောအခါ မည်သို့ဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်လိုက်တော့သည်။

Ran Feng Geက သူ၏ အကြည့်များအတိုင်း လိုက်ကြည့်ကာ ရယ်မောပြောဆိုခဲ့သည်။

"မင်း မှန်းတာ မှန်လိုက်တာ။ ယခင်က ငါမင်းကို မမြင်ဖူးခဲ့ပေမဲ့ မင်းကိုစောင့််နေတုန်း ဒီပုံကို ငါတွေ့ခဲ့တယ်။ မင်းလို သူဌေးက မာနကြီးမယ် ပြီးတော့ ဒီလိုဂိုက်ဆိုက်ရှိမယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် ငါ မင်းကို စောင့်နေရင်းနဲ့ ဒီပုံကိုကြည့်ပြီး ငါ့ကိုယ်ငါ မင်းနဲ့တူအောင် ပြုပြင်ခဲ့တာ။ ဒါပေမဲ့ ဒီပုံက မင်းရဲ့ကောလိပ်ကျောင်းသားဘဝက ရိုက်ခဲ့တာလို့ ငါတွေးခဲ့တယ်။ အဲဒီအချိန်မှာ မင်းရဲ့ အရပ်အမြင့်က ငါအရပ်နဲ့အတူတူလောက် မြင့်နည်းနည်း လျော့နည်းနည်းပဲ ဟုတ်တယ်မလား? အား...တကယ့်တကယ်မှာတော့ ငါ့ရဲ့ အတွက်အချက် နည်းနည်းမှားခဲ့ပုံပဲ"

'ငါ သူ့ရဲ့ အရပ်ကို မှန်အောင် မမှန်းနိုင်လိုက်ဘူး။ ပုံကိုကြည့်ပြီးဆုံးဖြတ်ရရင် သူ့အရပ်က 182cm ဆိုတာ ငါ ပြောနိုင်တယ်။ ငါက 179cm ဒါကြောင့် ငါ့ရှူးဖိနပ်ရဲ့ခုံတွေကို ပိုမြင့်လာအောင် ငါလုပ်ခဲ့တယ်။ ငါတွေးမိတာက ငါရုပ်ဖျက်တာ လုံးဝပြည့်စုံတယ်ပေါ့။ ဒါပေမဲ့ ဘယ်သူက ကြိုသိမှာလဲ။ သူက 187cm လောက် ရှည်နေမယ်လို့။ ဒီလောက်ရှည်ထွက်လာအောင် ကမ္ဘာပေါ်က ဘာတွေများ သူက စားနေခဲ့လို့လဲ'

>>>>>>>>

Zawgyi

"သခင္ေလး.....Ran Feng Ge ေရာက္ပါၿပီ။ သူ ဧည့္ခန္းမွာပါ"

"Ok" ဟု Su Yi Mo က သူ၏အိမ္ထိန္းကို အသိရခက္စြာ ေအးစက္စြာေျပာခဲ့သည္။ အိမ္ထိန္း အေၾကာင္းၾကားသည္ကို ၾကားခဲ့ရေသာ္လည္း သူက သတင္းစာကို လက္မွမခ်ေခ်။ သူ၏အၾကည့္တို႔က သတင္းစာေခါင္းစီးမွသည္ မ်က္ႏွာခ်င္းဆိုင္ နံရံ၏ မ်က္ႏွာျပင္
က်ယ္က်ယ္တြင္ ျပသထားေသာ ပုံမ်ားဆီသို႔ ျဖည္းညင္းစြာ ေ႐ြ႕ေလ်ာသြားေလသည္။ သူ၏ နဖူးေၾကာမ်ား တြန႔္သြားကာ မ်က္ႏွာတြင္ ပူပန္မႈအခ်ိဳ႕ ျဖစ္ေပၚလာသည္။

မ်ားမၾကာမီကပင္ သတင္းစာမ်ား၊မဂၢဇင္းမ်ား၊ေဖ်ာ္ေျဖေရးစာေစာင္မ်ား သို႔မဟုတ္ ႐ုပ္ျမင္သံၾကားမ်ားက တူညီေသာ ေခါင္းစဥ္တစ္ခုကို ထပ္ဖန္တလဲလဲ ေဖာ္ျပခဲ့ၾကသည္။

႐ုပ္ရွင္ၾကယ္ပြင့္ Jing Qiu Han သည္ ပဲရစ္တြင္ ရိုက္ကူးေရးလုပ္ေနစဥ္ ပစ္ခတ္ခံခဲ့ရသည္။ က်ည္ဆန္ႏွစ္ခ်က္ ထိမွန္ခံရကာ စိုးရိမ္ရေသာအေျခအေနျဖစ္သည္။ သည္ျဖစ္ရပ္ကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး မနာလိုေသာ ၿပိဳင္ဘက္တို႔၏ ပစ္ခတ္လုပ္ႀကံမႈဟု သံသယျဖစ္ရသည္။ Jing Qiu Han ကို တ႐ုတ္နိုင္ငံသို႔ ျပန္ပို႔ၿပီးၿပီျဖစ္၍ လတ္တေလာ ေဆးကုသမႈခံယူေနေလသည္။သို႔ေသာ္ အေျခအေနမွာ စိတ္ေအးဖြယ္မရွိေခ်။

နာရီဝက္ၾကာၿပီးေနာက္....

ဧည့္ခန္း ထဲတြင္...

"မင္းက Ran Feng Ge လား" ဟု Su Yi Moက သူ႕ဘက္သို႔ ေက်ာေပးထားသူကိုၾကည့္၍ ေဝခြဲမရစြာ ေမးလိုက္သည္။အမ်ိဳးအမည္ေဖာ္၍မရေသာ ခံစားခ်က္တစ္စုံတရာ သူ႕ရင္ထဲသို႔ လွိုက္တက္လာေလသည္။

သည္ ကိုယ္ေနဟန္ထားကို ရင္းရင္းႏွီးႏွီး ...ျမင္ဖူးပါသည္။

Ran Feng Ge က သူ၏ေခါင္းကို လွည့္လိုက္သည္။

"......."

Su Yi Mo ေရာ အိမ္ထိန္းပါ ေတာင့္ခဲသြားေလသည္။ အိမ္ထိန္းမွာ အလိုလိုပင္ Su Yi Mo ရွိရာေစာင္းငဲ့ၾကည့္မိသည္။ သူ႕သခင္၏ မ်က္ႏွာသည္လည္း အလန႔္တၾကားျဖစ္ရပုံကို တူညီစြာေဖာ္ျပေနသည္။

အိမ္ထိန္းက တုံ႕ဆိုင္း တုံ႕ဆိုင္းႏွင့္ေျပာလိုက္သည္။

"..သခင္ေလး..သူ..သူ."

Ran Feng Ge ေရာ Su Yi Mo ပါ ႏွစ္ဦးစလုံးက ေအးစက္ေသာ ေက်ာက္တုံးမ်က္ႏွာေပး ရွိတာခ်င္း တူၾကသည္။ ပို၍အဓိကက်ေသာ အခ်က္မွာ Ran Feng Ge၏ မ်က္ႏွာအစိတ္အပိုင္းမ်ားက Su Yi Moႏွင့္ ထပ္တူ တူညီၾကတာျဖစ္သည္။ မ်က္ဝန္းေထာင့္တြင္ရွိေသာ မွဲ႕ေသးေသးေလးပင္လွ်င္ အတိအက်တဴညီၾကသည္။

ထိုအခိုက္အတန႔္တြင္ပင္ အဘယ္ေၾကာင့္ ရင္းႏွီးေသာခံစားခ်က္မ်ား ရခဲ့သည္ကို Su Yi Mo နားလည္လိုက္ၿပီ။ မည္သူမဆို သူတို႔၏ေနာက္ေက်ာကို သူတို႔ မွတ္မိေပလိမ့္မည္။

သူ႕အိမ္ထိန္း၏ အသံတိုးတိုးကို ၾကားလိုက္သည္တြင္ Ran Feng Ge၏ မ်က္ႏွာက သုန္မႈန္သြားေလသည္။

"သူက မင္းရဲ႕ သခင္ေလးဆိုတာ ဘာလို႔ က်ိန္းေသေျပာေနတာလဲ။ Ah Jiu အိမ္ထဲကို သူစိမ္းတစ္ေယာက္သြင္းရေအာင္ မင္း ဘယ္လို ရဲတင္းေနတာလဲ။ ေျပာ..မင္းရဲ႕အမွားအတြက္ အျပစ္ေပးသင့္မေပးသင့္"

သူတို႔၏ အသံေတြကပါ လုံးဝတူလို႔ေနသည္။ ထပ္ေျပာရလွ်င္ ထိုလူက သူ၏အမည္ကိုပါ မွန္ကန္စြာသိေနျခင္းျဖစ္သည္။

ဘုရားေရ...မည္သို႔တုန႔္ျပန္ရမည္ ကို Ah Jiu မသိေတာ့ေခ်။

အေစာပိုင္းက ဧည့္ခန္းအတြင္းသို႔ သူေခၚေဆာင္ ခဲ့သည့္လူငယ္က အၿပဳံးေဝေဝႏွင့္ အသက္ႏွစ္ဆယ္ပင္္မျပည့္ေလာက္ေသးတာ အမွန္ျဖစ္သည္။ သို႔ေသာ္ သခင္ေလးကို ဧည့္ခန္းသို႔လာရန္ သြားေရာက္ အေၾကာင္းၾကားေနစဥ္မွာပဲ ဧည့္ခန္းထဲက လူငယ္က သခင္းေလးအျဖစ္ ဘာေၾကာင့္ ေျပာင္းသြားရသနည္း။

အိမ္ရွင္ Su Yi Mo လည္း ႐ုတ္တရက္ ေခတၱ မင္သက္သြားရေလသည္။ သူ၏ မ်က္လုံးတစ္စုံက သူႏွင့္ ႐ုပ္ရည္တူေသာ ထိုသူကိုသာ အသံတိတ္စူးစိုက္ၾကည့္ေနခဲ့သည္။ သူ၏ႏႈတ္ခမ္းစြန္းမ်ားက ၿပဳံးေတာ့မေယာင္ ေကာ့ၫြတ္သြားေလေတာ့သည္။

Ran Feng Geက ဘာမွ်မျဖစ္ခဲ့သည့္ပုံစံျဖင့္ Su Yi Moထံ ေၾကာ့ေၾကာ့ေမာ့ေမာ့ေလွ်ာက္သြားေလသည္။ သူ၏မ်က္ခုံးမ်ားက ေျမာက္တက္သြားကာ တစ္ဖက္အမ်ိဳးသားကို စုန္ခ်ည္ဆန္ခ်ည္ၾကည့္ေလသည္။

"အာ..မင္းက ငါထင္ထားတာထက္ ပိုရွည္တာပဲ"

Su Yi Mo၏ အၾကည့္တို႔က ဧည့္ခန္းစားပြဲခုံေပၚတြင္ တင္ထားေသာ ဓာတ္ပုံေဘာင္ေပၚသို႔ ေရာက္သြားေသာအခါ မည္သို႔ျဖစ္ပ်က္ခဲ့သည္ကို သေဘာေပါက္လိုက္ေတာ့သည္။

Ran Feng Geက သူ၏ အၾကည့္မ်ားအတိုင္း လိုက္ၾကည့္ကာ ရယ္ေမာေျပာဆိုခဲ့သည္။

"မင္း မွန္းတာ မွန္လိုက္တာ။ ယခင္က ငါမင္းကို မျမင္ဖူးခဲ့ေပမဲ့ မင္းကိုေစာင့္္ေနတုန္း ဒီပုံကို ငါေတြ႕ခဲ့တယ္။ မင္းလို သူေဌးက မာနႀကီးမယ္ ၿပီးေတာ့ ဒီလိုဂိုက္ဆိုက္ရွိမယ္ဆိုတာ ငါသိတယ္။ ဒါေၾကာင့္ ငါ မင္းကို ေစာင့္ေနရင္းနဲ႕ ဒီပုံကိုၾကည့္ၿပီး ငါ့ကိုယ္ငါ မင္းနဲ႕တူေအာင္ ျပဳျပင္ခဲ့တာ။ ဒါေပမဲ့ ဒီပုံက မင္းရဲ႕ေကာလိပ္ေက်ာင္းသားဘဝက ရိုက္ခဲ့တာလို႔ ငါေတြးခဲ့တယ္။ အဲဒီအခ်ိန္မွာ မင္းရဲ႕ အရပ္အျမင့္က ငါအရပ္နဲ႕အတူတူေလာက္ ျမင့္နည္းနည္း ေလ်ာ့နည္းနည္းပဲ ဟုတ္တယ္မလား? အား...တကယ့္တကယ္မွာေတာ့ ငါ့ရဲ႕ အတြက္အခ်က္ နည္းနည္းမွားခဲ့ပုံပဲ"

'ငါ သူ႕ရဲ႕ အရပ္ကို မွန္ေအာင္ မမွန္းနိုင္လိုက္ဘူး။ ပုံကိုၾကည့္ၿပီးဆုံးျဖတ္ရရင္ သူ႕အရပ္က 182cm ဆိုတာ ငါ ေျပာနိုင္တယ္။ ငါက 179cm ဒါေၾကာင့္ ငါ့ရႉးဖိနပ္ရဲ႕ခုံေတြကို ပိုျမင့္လာေအာင္ ငါလုပ္ခဲ့တယ္။ ငါေတြးမိတာက ငါ႐ုပ္ဖ်က္တာ လုံးဝျပည့္စုံတယ္ေပါ့။ ဒါေပမဲ့ ဘယ္သူက ႀကိဳသိမွာလဲ။ သူက 187cm ေလာက္ ရွည္ေနမယ္လို႔။ ဒီေလာက္ရွည္ထြက္လာေအာင္ ကမၻာေပၚက ဘာေတြမ်ား သူက စားေနခဲ့လို႔လဲ'

>>>>>>>>>

Continue Reading

You'll Also Like

69.8K 9.7K 73
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
573K 14.9K 77
၍ficတွင် 🔞🔞များနှင့် ရိုင်းစိုင်းတဲ့စကားလုံးများပါပါသည်။ မကြိုက်နှစ်သက်ပါက မဖတ်ပါနဲ့။ ပြီးမှ လာ မwarပါနဲ့ ၍ficတြင္ 🔞🔞မ်ားႏွင့္ ရိုင္းစိုင္းတဲ့...
1.3M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...
707K 40.6K 26
Jk - Possessive type #Warning Cv_ Pinterest