Black Memory(U+Z)(Completed )

By naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-44

14.1K 1K 38
By naykyihtun

Unicode

တောင်းတန်ပြာတွေ က သစ်ရိပ်လေးတွေဖုံးတော့ စိမ်းလန်းလို့နေသည်။ သစ်ရိပ် ဝါးရိပ်ကအေးမြသလို မိမိမြေ ဟူသည်က စိတ်နှလုံးကိုအေးချမ်းစေသည်။ လမ်းမကြီးတွေကို ကျော်ဖြတ်ရင်း တစ်ချိန်က လူရှုပ်လူပွေ
လုပ်ပြီး ဆိုးသွမ်းခဲ့သမျှကို သတိရမိပါသည်။ လားရှိုးမြို့ကြီးရဲ့ လမ်းမပေါ်မှာ
ဘုန်းထွဋ်ခေါင်လျှံတို့ ခြေရာတွေ
ထပ်နေခဲ့ဖူး၏။ သူငယ်ချင်းတွေနှင့် အဆောင်မှာနေ၍ သောင်းကျန်းရသည်က ဘယ်တော့မှ မေ့လို့မရတဲ့ အမှတ်တရတွေလိုပင်။ ကျွန်တော်သူငယ်ချင်တွေရော
နေကောင်းကြရဲ့လား.... ။

"ဘာတွေ တွေးနေတာလဲ"

နှိုင်းက တိုးတိုးလေး မေးလျှင် သူ ခေါင်ရမ်းပြမိကာ ပြုံး ပြလိုက်မိ၏။ နွေး လည်း သူ့ဘဝနဲ့သူ အဆင်ပြေ နေလောက်မှာပါ။

"ငါ ဘယ်ကိုမောင်းရမှာလဲ!"

မိုးဇေက မေးလျှင် ...ခေါင်လေးက နှိုင်းကို ပြန်မေးလေသည်။

"နှိုင်း အိမ် ပြန်ချင်လားဟင်"

"အင် "

"ဒါဆိုနှိုင်း အိမ်ပဲ သွားရအောင်!"

သို့နှင့် မိုးဇေသည် နှိုင်းရဲ့ နှစ်ထပ်တိုက်အိမ်ကြီးဆီသို့ မောင်း လိုက်ပါတော့၏။ ပိုင်ရှင် မရှိ၍လားမသိ အိမ်လေးကတော့ သိသိသာသာ တိတ်ဆိတ်လို့နေလေသည်။

"အကိုလေး... ပြန်လာပြီ"

ခြံစောင့် ကြီးမှာ ဝမ်းသာအားရဖြင့် တံခါးဖွင့်ပေး၍ ကားနောက်သို့ ပြေးလိုက်လာပါ၏။ အိမ်ရှေ့ ဆင်ဝင်အောက်တွင် ကားရပ်လိုက်ချိန်၌ အမျိုးသမီး အလုပ်သမားတစ်ဦး
ပြေးထွက်လာကာ...နှိုင်း ကိုမြင်လျှင်..

"အ...အကိုလေး...ပြန်လာပြီလား....ကိုဘိုဘိုရောဟင်"

နှိုင်းပုံစံလေးက ရှင်းသန့် ကြည်လင်နေသည်မို့ သူမ အံ့သြ သွားပုံရပါသည်။ တစ်နေ့တစ်နေ့ အရက်မသောက်ရ မနေနိုင်သော
ညှင်သိုးသိုး လူကလေး မဟုတ်တော့၍
ထင်၏။

"ကိုဘိုဘို... ဘယ်တော့မှ ပြန်လာမှာမဟုတ်တော့ဘူး။ သူ ထွက်သွားပြီ...အဝေးကြီးကို "

နှိုင်း လေးလေး ကန်ကန်သာ ဖြေလိုက်ရင်း ခေါင်လေးကို တွဲ၍ အိမ်ထဲဝင်ခဲ့ပါသည်။
မိုးဇေ ၊ရဲဇော်နှင့် စိုင်လျန် တို့သည်
လည်း အိမ်ကြီးအား အကဲခတ်ရင်းပင် လိုက်ဝင်ခဲ့ကြလေသည်။

"အကိုလေး ထွက်သွား တုန်း...အကိုလေး ညီ ရောက်လာတယ် "

"ဟင် ဘယ်သူ.. "

"လမင်း လား "

နှိုင်းဆီလာမည့် ညီ 'ဟူ၍ ဆွေမျိုးသားချင်းထဲ၌ လမင်းမှ လွှဲ၍ မည်သူမှမရှိပေ။ ခေါင်လေးနှင့် နှိုင်းတို့ အိမ်တော်ထိန်းအား မေးနေစဉ်...

"ခွေးသူတောင်းစား! !"

အိမ်ပေါ်ထပ်မှ ဒေါသမာန်ဖီလျက် ခေါင်လေးအား ထိုးရန် လက်သီးပြင်၍ ပြေးဆင်လာသော လမင်းကို တွေ့လိုက်ကြရလေသည်။

"မလုပ်နဲ့ "

နှိုင်း က ခေါင်လေး ရှေ့မှ ကာလိုက်ချိန်တွင် မိုးဇေ က လက်မြန်သူဖြစ်ရကာ သေနတ်ဖြင့် လမင်းကို ချိန်ပြီးနေပြီ။

"သေ.. သေနတ်ကြီးနဲ့ "

ရဲဇော်က ခေါင်လေးနှင့် ပတ်သတ်သည့် လူမှန်သမျှသိသူ ဖြစ်ရကာ လမင်း ကိုလည်း သိထားသဖြင့် နေရာ မရွေ့ပဲ ဒီတိုင်း ရပ်ကြည့်နေပါ၏။ ထိုအချိန်၌ စိုင်လျန်က
တော့ ခေါင်လေးအား ဖတ်တား ပြီး ဖြစ်လေသည်။

ခေါင်လေးသည် လမင်း ထိုးလဲ ခံမည်ဟု တွေးကာ မျက်စိမှိတ်မိရာမှ တစ်ဖက်ချင်းပြန်ဖွင့်လိုက်လျှင် သေနတ် မြင်ပြီး ကျောက်ဒူးတုန်နေသော လမင်းကို မြင်သည့်အခါ
....

"အဟွတ်..."

ထိန်းထားသော်လည်း ရယ်မိ၏။ ငယ်ငယ်က ပေါင်းခဲ့သည့် အကြောင်းသိ သူငယ်ချင်းတွေမို့ သူ့ကို သေလောက်အောင်ထိ မလုပ်ဘူးဆိုသည်ကိုလည်း သိပါသည်။

"ခွေးသား... လာရယ်မနေနဲ့ ဖယ်စမ်းပါ.. သေနတ်ကြီးက"

မိုးဇေ၏ အရပ်အမောင်းနှင့် မျက်နှာကြောတင်းမာမူကြောင့် လမင်း အမှန်တကယ်ပင်လန့်လို့နေပါသည်။

"ဘာဖြစ်နေကြတာလဲ!"

ထိုစဉ် စိုင်းမင်းကို မှ ပါဆယ်ဘူးနှစ်ဘူးကို အိတ်ဖြင့်ဆွဲ၍ ရောက်လာလေသည်။

"ကြောက်ဖို့ကောင်လိုက်တာကွာ... မင်းကို မြန်မြန်လာလို့ ငါမပြောဘူးလား...ငါ သေတော့မလို့"

လမင်းသည် စိုင်းမင်းကို နောက် ပြေးကာ ပုန်းလျှင်စိုင်းမင်းကို သည် အကုန်လုံးကို ဝေ့ကြည့်လိုက်ပြီးနောက် မိုးဇေ သေနတ်တွင်အကြည့်ရပ်သွားကာ...

"အဲ့ သေနတ်ကြီး တကားကားနဲ့...ဟုတ်သားပဲ ငါမင်းကို ဖမ်းရဦးမှာ "

မိုးဇေ သည် ရုတ်ချည်ပင် သေနတ်ကို ပြန်သိမ်းသော်လည်း စိုင်းမင်းကိုက လိုက်ဖမ်းသဖြင့် ခေါင်လေးနောက် သို့
ပတ်ပြေးလေ၏။

"ဟျောင့် မင်း သူငယ်ချင်းကို ထိန်းနော်...ငါဖမ်းခံရမှာ မကြောက်ဘူး သိလား"

"မကြောက်ရင် ဘာလို့ပြေးနေလဲ...လာစမ်းပါ ခင်ဗျာ!!"

"မလာဘူး... ထောင်ထဲမှာ ပျင်းစရာကြီး "

ထောင် ထဲ သုံးနှစ်လောက်နေခဲ့ရသဖြင့် သူမှတ်သွားချေပြီ။ ဘယ်လိုပင် ကိုက ဟိတ်ဟန်နှင့်ဆရာကြီးပုံစံဖြင့်နေစေကာမူ
အလုပ်ကြမ်းတွေကိုတော့ သူတကယ်မလုပ်နိုင်ပေ။

"အဲ့တာဆို သေနတ်တကားကား နဲ့ ဘာလို့ လူလိုက်သတ်နေတာလဲ"

"မသတ်တော့ဘူး ကတိပေးတယ် ။ရော့ သိမ်းချင်ရင် အဲ့သေနတ်သိမ်းထားလိုက်။ အခုကစပြီး လူ လုံးဝမသတ်တော့ဘူး"

မိုးဇေက သေနတ်အား ပစ်ပေးရင်းပြောလျှင် စိုင်းမင်းကိုမှာ မယုံသင်္ကာဖြင့် ဖမ်းယူလိုက်၏။ သို့သော် ခေါင်လေးက
စိုင်းမင်းကို လက်ထဲမှ ပြန်ယူကာ...

"ဒီသေနတ်က လိုင်စင်ပါတယ်...ပိုင်ရှင်ဆီပြန်ပေးသင့်တယ်"

ထို့နောက် ရဲဇော် လက်ထဲ ထည့်ပေးလိုက်လျှင် ရဲဇော်မှာခေါင်လေးအား အံသြ ၍ မော့ကြည့်မိသွားပါသည်။ငါ့ ပစ္စည်း
ဆိုတာကို မင်း မှတ်မိတယ်တဲ့လား။

"မင်းကိုယ်မင်း ကာကွယ်ဖို့ လိုတယ်မလား"

"လူမသတ်တတ်ပဲနဲ့ ဘာလုပ်ဖို့လဲ "

ခေါင်လေးက ပြောလျှင် မိုးဇေကပါ ဝင်ပြောလေသည်။ ရဲဇော်သည် သေနတ်အား ခေတ္တကြည့်နေပြီးမှ စိုင်းမင်းကိုလက်ထဲ ပြန်ထည့်ပေးလိုက်ပြီး...

"မလိုတော့ပါဘူး...သိမ်းလိုက်ပါ"

"ဘယ်သူပဲ ယူ ယူ မြန်မြန်သိမ်းလိုက်ကြစမ်းပါ "

တစ်ချိန်လုံး ဟိုလူနားရောက်လိုက် ဒီလူနားရောက်လိုက် ဖြစ်နေသော သေနတ်ကို လိုက်ဝေ့ကြည့်ရင်း လမင်း မှာ စိတ်မရှည် လက်မရှည် ဖြစ်ရတော့သည်။

"ရော့ ဒီမှာ မင်းမှာတဲ့ ရေဘဝဲသုတ်နဲ့ ပြည်ကြီးငါး သုတ်။ ငါ ဂျူတီပြန်ဝင်ရဦးမှာ...ကိုနှိုင်းတို့လည်းရောက်နေပြီဆိုတော့
ငါသွားတော့မယ်"

စိုင်းမင်းကို သည် သေနတ်ကိုသိမ်းလိုက်ပြီး လက်ထဲက ပါဆယ်ဘူးတွေကို လမင်းထံပေးလိုက်ပါ၏။

"တကယ်ကြီး သွားမှာလား... သူတို့တွေ ငါ့ကိုသေနတ်နဲ့ ထပ်ချိန်ရင်ဘယ်လိုလုပ်မလဲ"

"မင်း မြန်မြန်သေတော့ ငါ အလုပ်ပိုနေတာတွေ သက်သာတာပေါ့"

"ရက်စက်လိုက်တာ...မင်းတော်တော်ရက်စက်တာ"

စိုင်းမင်းကို မှာ မနိုင်ဘူးဟူ၍ ခေါင်းတယမ်းယမ်းဖြင့်ခေါင်လေး ဘက်လှည့်လိုက်ကာ..

"အဆင်ပြေတယ်မလား"

"အင်... မင်းရော "

"မြင်တဲ့အတိုင်းပဲ...ဟိုကောင်နဲ့ စကားပြောလိုက်ဦး။ သူ မင်းကို နဲနဲတင်းနေတယ်"

"အင်..."

"သွားပြီနော်..အားလုံး ကျွန်တော်သွားလိုက်ဦးမယ်"

စိုင်းမင်းကိုက ခေါင်လေးနား တိုးတိုးကပ်ပြောပြီးနောက် အားလုံးကို နှုတ်ဆက်ကာ ပြန်သွားလျှင်...

"ငါလည်း ပြန်တော့မယ် ခေါင် "

"ဟင်.. ချက်ချင်း ကြီး ဘာလို့လဲ ။ ခဏလောက်နေကြပါဦး"

နှိုင်း က တားလျှင် ခေါင်လေးကပါ ခေါင်းညိမ့်ထောက်ခံပါ၏။သို့သော် ရဲဇော်က...

"နောက်မှ ထပ်လာခဲ့မယ်...ငါ့လူတွေ ငါမရှိတဲ့အချိန် တော်တော်သောင်းကျန်းနေမှာ... မပြန်လို့မရဘူး"

"ဒါဆို ကျွန်တော်လည်း ကိုကြီး ရဲဇော်နဲ့ပြန်လိုက်သွား တော့မယ် ကိုကြီးနှိုင်း..ကိုကို့ကို ဂရုစိုက်နော်...ဟိုလူ ကိုကို့ကို လက်ဖျားနဲ့တောင်ထိဖို့မကြိုးစားနဲ့... သေနတ်က အဲ့ဒီတစ်လက်ပဲရှိတာမဟုတ်ဘူး"

မဆီမဆိုင် အဟောက်ခံလိုက်ရပြန်သော လမင်းမှာ အင်တင်တင်ဖြင့် မျက်နှာကြီးမဲ့ရွဲ့ပြလိုက်လျှင် စိုင်လျန်က လက်သီးသေသေးလေးထောင်ပြလိုက်ပါ၏။ လူကောင်
သေးပေမယ့် ဇကတော့ ပြင်းတယ် နော်..သိဘ်ို့..။

"တကယ်ကြီး ပြန်ကြမှာလား "

ခေါင်လေးက စိတ်မကောင်း စွာ ပြောလျှင် ရဲဇော်က ခပ်ပါးပါး ပြုံးလျှက် လှည့်ထွက်သွားပါသည်။ ထိုအခါ စိုင်လျန်ကလည်း သူ့ကို တာ့တာပြပြီး လိုက်သွားလေသည်။
ထို့အတူ မိုဇေကလည်း...

"သေသွားတာမဟုတ်ဘူး..ခုနှစ်ရက် ထမင်းမစားရတဲ့ရုပ် လုပ်မနေနဲ့..... နှိုင်းသုတလျှံ ခင်ဗျား Barကို ပစ္စည်းအပြည့်အစုံဖြည့်ထား အားပြည့်ရင်လာသောင်းကျန်းမယ်"

"အချိန်မရွေး လာခဲ့"

လက်ညိုးနဲ့ လက်မဆက်ကာ ဝိုင်းပြပြီးနောက် မိုးဇေပါလိုက်ထွက်သွားချိန်တွင် အိမ်ကြီးက တိတ်ဆိတ်လို့သွားခဲ့ပါ၏။

"မောင် ... စိတ်မကောင်း ဖြစ်နေလာ"

"မဖြစ်ပါဘူး..အချိန်မရွေး ပြန်တွေ့လို့ရတာပဲ"

"ဒါဆို ဘာလို့ မျက်နှာက အဲ့လိုဖြစ်နေတာလဲ"

မိမိမျက်နှာကို မိမိ ပြန်စမ်းကြည့်ရင်း ခေါင်လေးက သက်ပြင်းငွေ့ငွေ့ချကာ...

"မိုးဇေက စိုင်လျန်ကို ဂရုစိုက်မှာနော်"

"ဂရုစိုင်မှာပါ မောင်ရယ်...အခုနားလိုက်ဦးနော်။ တကယ်လို့ စိတ်မချဘူးဆိုလည်း ပြီးကျရင် ပြန်သွားကြည့်လို့ရတာပဲလေ"

"အင်..."

"လာပါ...အပေါ်သွားရအောင်"

နှိုင်းက တွဲခေါ်လျှင် ခေါင်လေးလိုက်သွားမည်ပြုပြီးမှ လက်ပိုက်၍ ပေစောင်းစောင်းကြည့်နေသော လမင်းကို မြင်သွားသဖြင့်...

"ကျွန်တော် လမင်းနဲ့ စကားခဏပြောလိုက်ဦးမယ်။ နှိုင်းသွားနှင့်နော်!"

နှိုင်းသည် လမင်းကို တစ်ချက်ကြည့်ကာ
အသိအမှတ်ပြု ၍ လက်ခံပေးပြီးနောက် အပေါ်သို့ တတ်သွားလေသည်။ အခုမှ ပြန်တွေ့တဲ့ သူငယ်ချင်း တွေဆိုတော့ ပြောစရာစကားတွေ အများကြီးရှိနေပေလိမ့်မည်။

"ထိုးချင်နေတာမလား... လာထိုးလေ
ဘယ်သူမှတားမယ့်သူ မရှိတော့ဘူး"

လမင်းသည် တင်းမာသော မျက်နှာထားနှင့်ပင် ခေါင်လေး အနားသို့ လျှောက်သွားလိုက်ပြီး လက်သီးဖြင့်ရွယ်လိုက်စဉ် ခေါင်လေးက မျက်လုံးမှိတ်ကာ မျက်နှာ ကိုမော့ထားပေး၏။ နဲနဲလောက်ဖြစ်ဖြစ် အထိုးခံလိုက်ရမှ သူကိုယ်တိုင်လည်း နေထိုင်၍ ကောင်းသွားမည်ဟု ထင်ပါသည်။

သို့သော် တစ်စက္ကန့် နှစ်စက္ကန့် ခြောက်ဆယ်စက္ကန့်လောက်အထိ ဘယ်လိုနာကျင်မူမှ မကျရောက်လာသည့်အခါ သူ မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ လမင်းသည်လက်ကိုရွယ်ထားဆဲဖြစ်သော်လည်း မျက်လုံးအကြည့်တို့က
ပြောင်လဲသွားကာ နူးညံ့သွားလျက် ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ပင် ထိုင်ချလိုက်လေသည်။

"မင်း ဒဏ်ရာ ရတယ်ဆို.. ငစိုင်း ပြောတယ်"

"အင်... နဲနဲပါ...အခုပျောက်သွားပြီ"

ခေါင်လေး က လမင်းဘေးသို့ဝင်ထိုင်ရင်းပြောလျှင် လမင်းက ခေါင်လေး အကျီ.. ကို လှန်၍ ...

"ချီးးးးးကိုနဲနဲ.. ပြစမ်း "

"ခွေးကောင်...ပျောက်နေပြီလို့..လိလို့လာလှန်နေတာလဲ"

"ငါကြည့်ချင်တယ်လေ...ခွေးသားရဲ့"

ဆိုတော့ သူကိုယ်တိုင်လှန်ပြလိုက်လျှင် ချုပ်ရာတွေကို ကြည့်ပြီးနောက် လမင်းက ပြန်ဆုတ်သွားကာ...

"ကိုဘိုဘို သေပြီဆို"

"ငစိုင်းတစ်ကောင်တော့ အကုန်လျှောက်ပြောနေတာပဲ"

" ဘာလို့သတ်လိုက်တာလဲ ခုနက သေနတ်ကိုင်ထားတဲ့လူ မလား...ဘာလို့လဲ တရားဥပဒေအတိုင်း အရေးယူခိုင်းလဲ
ရနေတာကို "

ခေါင်လေးသည် ချက်ချင်းမဖြေသေးပဲ လျှာအနဲငယ်သပ်ကာ...ခပ်လျောလျော ထိုင်နေရာမှ တည့်တည့်ထိုင်လိုက်ပြီး..

"သေသင့်တဲ့လူမို့လို့...သူသေသွားမှ နောက်ထပ်လူတွေ ထပ်မသေတော့မှာ...တကယ်လို့ မိုးဇေသာ မသတ်ဘူး
ဆိုရင် အဲ့ဒီလူကို သတ်မယ့်သူက ငါဖြစ်မှာပဲ... "

" ကိုဘိုဘို က ကိုနှိုင်းအတွက် အရေးပါတယ်နော်!!!"

"ငါသိတယ်!!"

"ကို နှိုင်း car accident ဖြစ်တုန်းက သူပဲ
စောင့်ရှောက်ပေးခဲ့တာ ။ သူ ဘယ်လောက်မကောင်းဘူး ပြောပြော.. ကိုနှိုင်းရဲ့ မှတ်ဉာဏ်ထဲမှာတော့ လူဆိုးမဖြစ်ခဲ့ဘူး။ ငါပြောချင်တာက ကိုနှိုင်း မိဘတွေကို သူသတ်ခဲ့တာ
မသိခင်အထိ သူက နှိုင်းအပေါ်အရမ်းကောင်းတဲ့လူပဲ!!"

လမင်း စကားဆုံးလျှင် ခေါင်းလေးမှာ မျက်လုံးအဝိုင်းသား ဖြင့်

"နှိုင်းက car accident ဖြစ်တယ်။ ဘယ်တုန်းကလဲ"

"မင်း မသိဘူးလား "

"မသိဘူး... ငါ အိမ်ပြန်သွားတယ်ကွာ..ပြီးတော့ ငါနှိုင်းဆီ ထပ်လာသေးတယ် ။ ကိုဘိုဘိုနဲ့ပဲတွေ့တာ...ငါအကြာကြီး စောင့်နေသေးတယ်။ဘယ်သူမှထွက်မလာဘူး..အဲ့ဒါနဲ့
နှိုင်း ငါ့ကို မုန်းသွားလို့ တွေ့တောင်မတွေ့ချင်တော့ဘူးလို့ ထင်ပြီး ထွက်သွားလိုက်တာ! "

"မျိုးမစစ်ကောင်... ငါ့ကို ဖုန်းဆက်လေ။ ငါ့မှာတော့ မင်းကို နှိုင်းဆီတစ်ခေါက်လောက်တော့လာမယ်ထင်နေတာ။ ငါ့ သူငယ်ချင်းငါယုံတယ်ဆိုပြီး.. ယုံကြည်ချက်အပြည့်နဲ့။
မင်းမလာတော့.. ငါလဲ ဘာမှလှုပ်မရဘူး။
အမေကလည်း အမေရိကား ပဲ သွားခိုင်းနေတာ။ မင်းလာရင်တော့ ဘာဖြစ်ဖြစ် ငါ ရအောင် တော်လှန်မယ်ဆိုပြီး "

"ငါ... ငါ...လာတယ်။ ပြီးတော့ ငါ ထပ်လာသေးတယ်။ဘယ်သူမှမတွေ့ဘူး... !"

"ဘယ်တွေ့မလဲ ။ ကိုနှိုင်းနဲ့ငါ ဖွားဖွားဆေးရုံတတ်ရလို့ ဆိုပြီး လိုက်သွားတာ...ဟိုရောက်တော့ ဦးလေးတွေ အဒေါ်တွေ ဝိုင်းပြောကြလို့ ကိုနှိုင်းထွက်ပြေးပြီး ကားတိုက်ခံလိုက်ရတယ်"

"ဟာ!!!"

ခေါင်လေး ထိုအကြောင်းအရာများကိုမသိခဲ့ပေ။ အကယ်၍သာ ထိုအချင်းအရာကို သိခဲ့မည်ဆိုပါက ...

သိသည့် ဆိုဦးတော့... မင်း ဘာလုပ်နိုင်မှာလဲ။ အဲ့တုန်းက သေနတ်မှန်ပြီး.. လမ်းကောင်ကောင်းပြန်လျှောက်နိုင်ဖို့ သူအချိန်တော်တော်ကြာအောင် လေ့ကျင့်ယူနေခဲ့ရသည်။

"ခြေထောက် က အရိုးကျိုးသွားလို့ တစ်လလောက် အချိန်ယူပြီးကုလိုက်ရတယ်"

တစ်ချိန်က သူ တွေးဖူးသလိုပင် 'ခင်ဗျားနဲ့ကျွန်တော်ဟာ ကံကြမ္မာတူသည်။ ကျွန်တော် တစ်ခုခုဖြစ်တိုင် ခင်ဗျား တစ်ခုခုဖြစ်တတ်တာ သလို...ခင်ဗျားတစ်ခုခုဖြစ်တိုင်း
လည်း ကျွန်တော်လိုက်ဖြစ်တတ်သည်။ ဒါဟာ တိုက်ဆိုင်မူ မဟုတ်...ကံကြမ္မာရေစက်ပင်။

"ကိုနှိုင်းဆေးရုံတတ်နေတဲ့တစ်ချိန်လုံး လန့်နိုးလာတိုင်းမင်းကို တမ်းတနေခဲ့တာ...အဲ့ဒီအချိန်မှာ တစ်ခေါက်မှ ရောက်မလာတဲ့မင်းကို ငါသတ်ချင်နေတာပဲ!!"

"အခု သတ်လို့ရသေးတယ်! !"

"လိ စကား မပြောနဲ့! "

"မင်း စောက်ရမ်းမိုက်ရိုင်းနေတုန်းပဲ! "

"အေ.. အဲ့တာ မင်းမို့လို့ ခွေးသူတောင်းစား မျိုးမစစ်ကောင်ရ!!!"

ဆဲခံလိုက်ရတော့ ခေါင်လေး စိတ်သက်သာရာ ရသွားပါ၏။ လမင်းနဲ့သူ ဆိုသည်က အမြဲတမ်းရန်သတ်နေရမှ နေပျော်တဲ့သူတွေပင်။

"မင် ဘာလို့ ငါ့ကိုမထိုးတာလဲ! "

"ကိုနှိုင်း ခံစားရတာ ထပ်မမြင်ချင်ဘူး။နောက်တစ်ခါ ထားခဲ့ရင်ရေဆုံး မြေဆုံး မင်းကိုလိုက်သတ်မယ့်သူက ငါဖြစ်သွားလိမ့်မယ်... နားလည်လား"

"နောက်တစ်ခါ ဆိုတာလည်း... ဘယ်တော့မှ ရှိလာမှာ မဟုတ်တော့ဘူး ။ ပြီးတော့ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ဝေးရမယ်ဆိုရင်တောင်... လိုက်ခေါ်တဲ့သူက
ငါပဲ ဖြစ်ရမယ်!"

"မင်း စကားတွေ အကုန်လုံး ငါ record ယူထားတယ်!"

"recordမယူပဲ ဖိတ်စာသွားရိုက်သင့်နေပြီ ယောက်ဖ။မင်းအကိုက ငါ့မိန်းမ ဖြစ်တော့မှာ! "

ခေါင်လေးသည် လမင်းအား ပိုင်ပိုင်နိုင်နိုင်ပင်ပြောရင် အပေါ်ထပ်သို့ ပြေးတတ်လေ၏။ လမင်းသည်တွေ့ကရာ ပစ္စည်း ဖြင့် ခေါင်လေးအား ကောက်ပေါက်ကာ..

"မေ -ိုး...ခွေးသာ!!"

လမင်း၏ ဆဲသံကို ပန်းနှင့်ပစ်ပေါက်နေသကဲ့သို့ မှတ်ယူကာ ခေါင်လေးသည် လှေကားထစ်ပေါ်တွင် လှောင်ပြပြီးနောက်
အပေါ်ထပ်သို့ ဆက်တတ်ခဲ့ပြီး နှိုင်း အခန်းက ဘယ်အခန်း မှန်းမသိသဖြင့် လိုက်ကြည့်ရာ တစ်နေရာ အရောက်တွင်.....

"နှိုင်း"

နှုတ်ခမ်းတို့လှုပ်ရုံသာ ထွက်သွားမိ၏။ တံခါးပိတ်ဖို့ရန်မေ့နေသည်လား... တမင်မပိတ်သည်လားတော့မသိပေမယ့် နှိုင်း ကတော့ တံခါးအား ကျောပေး၍ မလှုပ်မယှက် ရပ်နေလေ သည်။ ခေါင်လေးသည်ခြေသံဖွဖွလေးဖြင့် အခန်းထဲ ဝင်လိုက်လျှင် အငွေ့အသက်သိပ်မကောင်းသလို ခံစား
လိုက်ရ၏။ ထို့နောက် နှိုင်းအပေါ်မှကျော်ကြည့်လိုက်သည့်အခါ ကိုဘိုဘို ဓာတ်ပုံကို ကိုင်ပြီး တိတ်တဆိတ်မျက်ရည်
ကျနေသည်ကို သိလိုက်ရလေသည်။

ဖြစ်မှဖြစ်ရလေ... အချစ်ရယ်။

ခေါင်လေးသည် နှိုင်းကိုယ်လုံးလေးအား အနောက်မှ သိုင်းဖက်လိုက်ပြီး ပုခုံးထက်၌ မေးတင်ထားလိုက်ပါ၏။ ထိုအခါ နှိုင်း လန့်သလိုဖြစ်သွားလျှင် ခေါင်လေးက..
ပိုတိုးလို့ဖက်ထားလိုက်ပြီး....

"နှိုင်း "

"..."

"မောင် တို့က ရှေးရေစက်ပါတယ်ထင်တယ်။ ကျွန်တော် ခင်ဗျားကို အရမ်းသဘောကျတာပဲ"

ထိုအခါ နှိုင်းက လက်မှ ကိုဘိုဘိုပုံကို ချလိုက်ပြီး...နေရာတကျပြန်ထားလိုက်ကာ...

"မုန်းချင်ပေမယ့်.. မုန်းလို့မရဘူး!"

"ကျွန်တော် နှိုင်း ဘေးနားမှာပဲ တစ်သက်လုံးရှိသွားပေးမှာ"

အဆက်အစပ်မရှိတဲ့စကားတွေမှာ နားလည်မူတွေရှိ၏။ ကိုဘိုဘို က်ိုမုန်းချင်ပေမယ့် မုန်းလို့မရတဲ့ လူကလေးရယ် နှစ်သိမ့်ပေးစရာ စကားလုံး စာစီမဖွဲ့တတ်တဲ့ကောင်ကလေး
ရယ် ကတော့ နှလုံးသားချင်း သိရှိနေခဲ့ကြလေသည်။

"ငါ မင်း ကို ယုံသွားပါပြီ"

ခေါင်လေးသည် နှိုင်း၏ လည်တိုင်ဖွေးဖွေးအား နှာဖျားလေးဖြင့် ဖွဖွထိလိုက်ပြီးနောက် ယောကျာ်းလေး တစ်ဦး၏ သင်းပျံ့ပျံ့ချွေးရနံ့မှာ ပျော်ဝင်ကာ နှုတ်ခမ်းများဖြင့်
ငုံခဲလိုက်ပါသည်။ တစ်နေရာတည်းကိုသာ အချိန်ကြာကြာ စုပ်ယူထားမူကြောင့် နှိုင်းကိုယ်လေး တွန့်သွားလျှင် ခေါင်လေးက နှုတ်ခမ်းတို့ကိုလွှတ်လိုက်ပြီး သွားတို့ဖြင့်
ဖွဖွကလေး ဖိကိုက်ကာ အရာပေးလိုက်၏။

"အ.. မောင်..ဘာဖြစ်လာတာလဲ!!..လမင်းက ဘာပြောလိုက်လို့လဲ!!"

နှိုင်းမေးလျှင် ခေါင်လေးက နှိုင်း လည်ပင်းသားလေးကို ကိုက်ခဲထားရမှ လျှာဖျားလေးဖြင့် ထိလျှက်လိုက်ပြီးနောက် ပုခုံးပေါ်.. မေး.. ပြန်တင်လာကာ...

"အမှတ်ပေးနေတာ ။ ခင်ဗျားက ကျွန်တော့်အပိုင်ဆိုတာသိစေချင်လို့ "

"ဘယ်သူ့ကိုလဲ! "

အနောက်ကလူကို မရမက လှည့်ကြည့်ရင်းနှိုင်းမေးလျှင်ခေါင်လေးက မျက်ခုံးတွေပင့်ပြီး ကိုဘိုဘိုပုံကို ညွှန်ပြ လေသည်။ ထိုအခါ နှိုင်းမှာ နှစ်နှစ်ခြိုက် ခြိုက် ရယ်လိုက်ပြီး
ခေါင်လေးလက်တွေပေါ် ပြန်အုပ်ကိုင်လိုက်ပါ၏။

"ဓာတ်ပုံလေးပဲကို.. ဘာလို့သဝန်တိုနေတာလဲ"

"တိုတာပေါ့ ကျွန်တော် ခင်ဗျားကို အများကြီးချစ်တာလေ။ခင်ဗျားလဲ ကျွန်တော့်ကို အများကြီး ချစ်တယ်မလား"

"မချစ်ပါဘူး! !"

"ဟားဟား ဒါဆို လမင်း ခုနက ဘာပြောလိုက်လဲသိလား"

"ဘာပြောလိုက်လို့လဲ!"

"ခင်ဗျား ကျွန်တော့်ကို ရူးရူးမူးမူး ချစ်နေတဲ့ အကြောင်း ပြောပြလိုက်တယ်...ခင်ဗျား ကျွန်တော့်ကို ကြိုက်လွန်းလို့ အိမ်မက်ယောင်ရင်တောင် ကျွန်တော့်နာမည် ယောင်တဲ့
အကြောင်း! !"

ထိုအခါ နှိုင်းသည် ခေတ္တ ငြိမ်သက်သွားခဲ့ပြီး..နှစ်ကိုယ်ကြားအသံတိုးတိုးလေး ထွက်လာပါ၏။

"ငါ မင်းထင်ထားတာထက် မင်းကို အများကြီး သဘောကျတာပါ"

မငြင်းဆိုပါပဲ ဝန်ခံစကားဆိုလျှင် ခေါင်လေးမှာ ရင်ခုန်သံတွေ ပြေးလွှားနေလျက် နှိုင်း နားရွက်ဖျားနားသို့ကပ်၍...

"ဘေဘီ မောင်တို့ ချိန်းတွေ့ကြမလား"

...........................................

Love you all💚💚💚

...............................................................

Zawgyi

ေတာင္းတန္ျပာေတြ က သစ္ရိပ္ေလးေတြဖံုးေတာ့
စိမ္းလန္းလို႔ေနသည္။ သစ္ရိပ္ ဝါးရိပ္ကေအးျမသလို
မိမိေျမ ဟူသည္က စိတ္ႏွလံုးကိုေအးခ်မ္းေစသည္။
လမ္းမႀကီးေတြကို ေက်ာ္ျဖတ္ရင္း တစ္ခ်ိန္က လူ႐ႈပ္လူေပြ
လုပ္ၿပီး ဆိုးသြမ္းခဲ့သမ်ွကို သတိရမိပါသည္။ လားရိွဳးၿမိဳ႕ႀကီး
ရဲ႕ လမ္းမေပၚမွာ ဘုန္းထြဋ္ေခါင္လ်ွံ တို႔ ေျခရာေတြ
ထပ္ေနခဲ့ဖူး၏။ သူငယ္ခ်င္းေတြႏွင့္ အေဆာင္မွာေန၍
ေသာင္းက်န္းရသည္က ဘယ္ေတာ့မွ ေမ့လို႔မရတဲ့
အမွတ္တရေတြလိုပင္။ ကြၽန္ေတာ္သူငယ္ခ်င္ေတြေရာ
ေနေကာင္းၾကရဲ႕လား.... ။

"ဘာေတြ ေတြးေနတာလဲ"

ႏိႈင္းက တိုးတိုးေလး ေမးလ်ွင္ သူ ေခါင္ရမ္းျပမိကာ
ျပံဳး ျပလိုက္မိ၏။ ေႏြး လည္း သူ႔ဘဝနဲ႔သူ အဆင္ေျပ
ေနေလာက္မွာပါ။

"ငါ ဘယ္ကိုေမာင္းရမွာလဲ!"

မိုးေဇက ေမးလ်ွင္ ...ေခါင္ေလးက ႏိႈင္းကို ျပန္ေမးေလသည္။

"ႏိႈင္း အိမ္ ျပန္ခ်င္လားဟင္"

"အင္ "

"ဒါဆိုႏိႈင္း အိမ္ပဲ သြားရေအာင္!"

သို႔ႏွင့္ မိုးေဇသည္ ႏိႈင္းရဲ႕ ႏွစ္ထပ္တိုက္အိမ္ႀကီးဆီသို႔
ေမာင္း လိုက္ပါေတာ့၏။ ပိုင္႐ွင္ မရိွ၍လားမသိ အိမ္ေလး
ကေတာ့ သိသိသာသာ တိတ္ဆိတ္လို႕ေနေလသည္။

"အကိုေလး... ျပန္လာၿပီ"

ျခံေစာင့္ ႀကီးမွာ ဝမ္းသာအားရျဖင့္ တံခါးဖြင့္ေပး၍
ကားေနာက္သို႔ ေျပးလိုက္လာပါ၏။ အိမ္ေ႐ွ႕ ဆင္ဝင္ေအာက္တြင္ ကားရပ္လိုက္ခ်ိန္၌ အမ်ိဳးသမီး အလုပ္သမားတစ္ဦး
ေျပးထြက္လာကာ...ႏိႈင္း ကိုျမင္လ်ွင္..

"အ...အကိုေလး...ျပန္လာၿပီလား....ကိုဘိုဘိုေရာဟင္"

ႏိႈင္းပံုစံေလးက ႐ွင္းသန္႔ ၾကည္လင္ေနသည္မို႔ သူမ
အံ့ျသ သြားပံုရပါသည္။ တစ္ေန႔တစ္ေန႕ အရက္မေသာက္ရ
မေနႏိုင္ေသာ ညွင္သိုးသိုး လူကေလး မဟုတ္ေတာ့၍
ထင္၏။

"ကိုဘိုဘို... ဘယ္ေတာ့မွ ျပန္လာမွာမဟုတ္ေတာ့ဘူး။
သူ ထြက္သြားၿပီ...အေဝးႀကီးကို "

ႏိႈင္း ေလးေလး ကန္ကန္သာ ေျဖလိုက္ရင္း ေခါင္ေလးကို
တြဲ၍ အိမ္ထဲဝင္ခဲ့ပါသည္။ မိုးေဇ ၊ရဲေဇာ္ႏွင့္ စိုင္လ်န္ တို႔သည္
လည္း အိမ္ႀကီးအား အကဲခတ္ရင္းပင္ လိုက္ဝင္ခဲ့ၾကေလ
သည္။

"အကိုေလး ထြက္သြား တုန္း...အကိုေလး ညီ ေရာက္လာ
တယ္ "

"ဟင္ ဘယ္သူ.. "

"လမင္း လား "

ႏိႈင္းဆီလာမည့္ ညီ 'ဟူ၍ ေဆြမ်ိဳးသားခ်င္းထဲ၌ လမင္းမွ
လႊဲ၍ မည္သူမွမရိွေပ။ ေခါင္ေလးႏွင့္ ႏိႈင္းတို႔ အိမ္ေတာ္ထိန္း
အား ေမးေနစဥ္...

"ေခြးသူေတာင္းစား! !"

အိမ္ေပၚထပ္မွ ေဒါသမာန္ဖီလ်က္ ေခါင္ေလးအား ထိုးရန္
လက္သီးျပင္၍ ေျပးဆင္လာေသာ လမင္းကို ေတြ႔လိုက္ၾကရ
ေလသည္။

"မလုပ္နဲ႔ "

ႏိႈင္း က ေခါင္ေလး ေ႐ွ႕မွ ကာလိုက္ခ်ိန္တြင္ မိုးေဇ က
လက္ျမန္သူျဖစ္ရကာ ေသနတ္ျဖင့္ လမင္းကို ခ်ိန္ၿပီးေနၿပီ။

"ေသ.. ေသနတ္ႀကီးနဲ႔ "

ရဲေဇာ္က ေခါင္ေလးႏွင့္ ပတ္သတ္သည့္ လူမွန္သမ်ွ
သိသူ ျဖစ္ရကာ လမင္း ကိုလည္း သိထားသျဖင့္ ေနရာ
မေရြ႔ပဲ ဒီတိုင္း ရပ္ၾကည့္ေနပါ၏။ ထိုအခ်ိန္၌ စိုင္လ်န္က
ေတာ့ ေခါင္ေလးအား ဖတ္တား ၿပီး ျဖစ္ေလသည္။

ေခါင္ေလးသည္ လမင္း ထိုးလဲ ခံမည္ဟု ေတြးကာ
မ်က္စိမွိတ္မိရာမွ တစ္ဖက္ခ်င္းျပန္ဖြင့္လိုက္လ်ွင္ ေသနတ္
ျမင္ၿပီး ေက်ာက္ဒူးတုန္ေနေသာ လမင္းကို ျမင္သည့္အခါ
..

"အဟြတ္..."

ထိန္းထားေသာ္လည္း ရယ္မိ၏။ ငယ္ငယ္က ေပါင္းခဲ့သည့္
အေၾကာင္းသိ သူငယ္ခ်င္းေတြမို႔ သူ႔ကို ေသေလာက္ေအာင္
ထိ မလုပ္ဘူးဆိုသည္ကိုလည္း သိပါသည္။

"ေခြးသား... လာရယ္မေနနဲ႔ ဖယ္စမ္းပါ.. ေသနတ္ႀကီးက"

မိုးေဇ၏ အရပ္အေမာင္းႏွင့္ မ်က္ႏွာေၾကာတင္းမာမူေၾကာင့္
လမင္း အမွန္တကယ္ပင္လန္႔လို႔ေနပါသည္။

"ဘာျဖစ္ေနၾကတာလဲ!"

ထိုစဥ္ စိုင္းမင္းကို မွ ပါဆယ္ဘူးႏွစ္ဘူးကို အိတ္ျဖင့္ဆြဲ၍
ေရာက္လာေလသည္။

"ေၾကာက္ဖို႔ေကာင္လိုက္တာကြာ... မင္းကို ျမန္ျမန္လာလို႔
ငါမေျပာဘူးလား...ငါ ေသေတာ့မလို႔"

လမင္းသည္ စိုင္းမင္းကို ေနာက္ ေျပးကာ ပုန္းလ်ွင္
စိုင္းမင္းကို သည္ အကုန္လံုးကို ေဝ့ၾကည့္လိုက္ၿပီးေနာက္
မိုးေဇ ေသနတ္တြင္အၾကည့္ရပ္သြားကာ...

"အဲ့ ေသနတ္ႀကီး တကားကားနဲ႔...ဟုတ္သားပဲ ငါမင္းကို
ဖမ္းရဦးမွာ "

မိုးေဇ သည္ ႐ုတ္ခ်ည္ပင္ ေသနတ္ကို ျပန္သိမ္းေသာ္လည္း
စိုင္းမင္းကိုက လိုက္ဖမ္းသျဖင့္ ေခါင္ေလးေနာက္ သို႔
ပတ္ေျပးေလ၏။

"ေဟ်ာင့္ မင္း သူငယ္ခ်င္းကို ထိန္းေနာ္...ငါဖမ္းခံရမွာ
မေၾကာက္ဘူး သိလား"

"မေၾကာက္ရင္ ဘာလို႔ေျပးေနလဲ...လာစမ္းပါ ခင္ဗ်ား!!"

"မလာဘူး... ေထာင္ထဲမွာ ပ်င္းစရာႀကီး "

ေထာင္ ထဲ သံုးႏွစ္ေလာက္ေနခဲ့ရသျဖင့္ သူမွတ္သြားေခ်ၿပီ။
ဘယ္လိုပင္ ကိုက ဟိတ္ဟန္ႏွင့္ဆရာႀကီးပံုစံျဖင့္ေနေစကာမူ
အလုပ္ၾကမ္းေတြကိုေတာ့ သူတကယ္မလုပ္ႏိုင္ေပ။

"အဲ့တာဆို ေသနတ္တကားကား နဲ႔ ဘာလို႔ လူလိုက္သတ္ေနတာလဲ"

"မသတ္ေတာ့ဘူး ကတိေပးတယ္ ။ေရာ့ သိမ္းခ်င္ရင္
အဲ့ေသနတ္သိမ္းထားလိုက္။ အခုကစၿပီး လူ လံုးဝမသတ္
ေတာ့ဘူး"

မိုးေဇက ေသနတ္အား ပစ္ေပးရင္းေျပာလ်ွင္ စိုင္းမင္းကို
မွာ မယံုသကၤာျဖင့္ ဖမ္းယူလိုက္၏။ သို႔ေသာ္ ေခါင္ေလးက
စိုင္းမင္းကို လက္ထဲမွ ျပန္ယူကာ...

"ဒီေသနတ္က လိုင္စင္ပါတယ္...ပိုင္႐ွင္ဆီျပန္ေပးသင့္တယ္"

ထို႔ေနာက္ ရဲေဇာ္ လက္ထဲ ထည့္ေပးလိုက္လ်ွင္ ရဲေဇာ္မွာ
ေခါင္ေလးအား အံျသ ၍ ေမာ့ၾကည့္မိသြားပါသည္။ငါ့ ပစၥည္း
ဆိုတာကို မင္း မွတ္မိတယ္တဲ့လား။

"မင္းကိုယ္မင္း ကာကြယ္ဖို႔ လိုတယ္မလား"

"လူမသတ္တတ္ပဲနဲ႔ ဘာလုပ္ဖို႔လဲ "

ေခါင္ေလးက ေျပာလ်ွင္ မိုးေဇကပါ ဝင္ေျပာေလသည္။
ရဲေဇာ္သည္ ေသနတ္အား ေခတၱၾကည့္ေနၿပီးမွ စိုင္းမင္းကို
လက္ထဲ ျပန္ထည့္ေပးလိုက္ၿပီး...

"မလိုေတာ့ပါဘူး...သိမ္းလိုက္ပါ"

"ဘယ္သူပဲ ယူ ယူ ျမန္ျမန္သိမ္းလိုက္ၾကစမ္းပါ "

တစ္ခ်ိန္လံုး ဟိုလူနားေရာက္လိုက္ ဒီလူနားေရာက္လိုက္
ျဖစ္ေနေသာ ေသနတ္ကို လိုက္ေဝ့ၾကည့္ရင္း လမင္း မွာ
စိတ္မ႐ွည္ လက္မ႐ွည္ ျဖစ္ရေတာ့သည္။

"ေရာ့ ဒီမွာ မင္းမွာတဲ့ ေရဘဝဲသုတ္နဲ႔ ျပည္ႀကီးငါး သုတ္။
ငါ ဂ်ဴတီျပန္ဝင္ရဦးမွာ...ကိုႏိႈင္းတို႔လည္းေရာက္ေနၿပီဆိုေတာ့
ငါသြားေတာ့မယ္"

စိုင္းမင္းကို သည္ ေသနတ္ကိုသိမ္းလိုက္ၿပီး လက္ထဲက
ပါဆယ္ဘူးေတြကို လမင္းထံေပးလိုက္ပါ၏။

"တကယ္ႀကီး သြားမွာလား... သူတို႔ေတြ ငါ့ကိုေသနတ္နဲ႔
ထပ္ခ်ိန္ရင္ဘယ္လိုလုပ္မလဲ"

"မင္း ျမန္ျမန္ေသေတာ့ ငါ အလုပ္ပိုေနတာေတြ သက္သာတာေပါ့"

"ရက္စက္လိုက္တာ...မင္းေတာ္ေတာ္ရက္စက္တာ"

စိုင္းမင္းကို မွာ မႏိုင္ဘူးဟူ၍ ေခါင္းတယမ္းယမ္းျဖင့္
ေခါင္ေလး ဘက္လွည့္လိုက္ကာ..

"အဆင္ေျပတယ္မလား"

"အင္... မင္းေရာ "

"ျမင္တဲ့အတိုင္းပဲ...ဟိုေကာင္နဲ႔ စကားေျပာလိုက္ဦး။
သူ မင္းကို နဲနဲတင္းေနတယ္"

"အင္..."

"သြားၿပီေနာ္..အားလံုး ကြၽန္ေတာ္သြားလိုက္ဦးမယ္"

စိုင္းမင္းကိုက ေခါင္ေလးနား တိုးတိုးကပ္ေျပာၿပီးေနာက္
အားလံုးကို ႏႈတ္ဆက္ကာ ျပန္သြားလ်ွင္...

"ငါလည္း ျပန္ေတာ့မယ္ ေခါင္ "

"ဟင္.. ခ်က္ခ်င္း ႀကီး ဘာလို႔လဲ ။ ခဏေလာက္ေနၾကပါဦး"

ႏိႈင္း က တားလ်ွင္ ေခါင္ေလးကပါ ေခါင္းညိမ့္ေထာက္ခံပါ၏။
သို႔ေသာ္ ရဲေဇာ္က...

"ေနာက္မွ ထပ္လာခဲ့မယ္...ငါ့လူေတြ ငါမရိွတဲ့အခ်ိန္
ေတာ္ေတာ္ေသာင္းက်န္းေနမွာ... မျပန္လို႔မရဘူး"

"ဒါဆို ကြၽန္ေတာ္လည္း ကိုႀကီး ရဲေဇာ္နဲ႔ျပန္လိုက္သြား
ေတာ့မယ္ ကိုႀကီးႏိႈင္း..ကိုကို႔ကို ဂ႐ုစိုက္ေနာ္...ဟိုလူ
ကိုကို႔ကို လက္ဖ်ားနဲ႔ေတာင္ထိဖို႔မႀကိဳးစားနဲ႔...
ေသနတ္က အဲ့ဒီတစ္လက္ပဲရိွတာမဟုတ္ဘူး"

မဆီမဆိုင္ အေဟာက္ခံလိုက္ရျပန္ေသာ လမင္းမွာ အင္တင္တင္ျဖင့္ မ်က္ႏွာႀကီးမဲ့ရြဲ႕ျပလိုက္လွ်င္ စိုင္လ်န္က
လက္သီးေသေသးေလးေထာင္ျပလိုက္ပါ၏။ လူေကာင္
ေသးေပမယ့္ ဇကေတာ့ ျပင္းတယ္ ေနာ္..သိဘ္ို႔..။

"တကယ္ႀကီး ျပန္ၾကမွာလား "

ေခါင္ေလးက စိတ္မေကာင္း စြာ ေျပာလ်ွင္ ရဲေဇာ္က
ခပ္ပါးပါး ျပံဳးလ်ွက္ လွည့္ထြက္သြားပါသည္။ ထိုအခါ
စိုင္လ်န္ကလည္း သူ႕ကို တာ့တာျပၿပီး လိုက္သြားေလသည္။
ထို႔အတူ မိုေဇကလည္း...

"ေသသြားတာမဟုတ္ဘူး..ခုႏွစ္ရက္ ထမင္းမစားရတဲ့႐ုပ္
လုပ္မေနနဲ႔..... ႏိႈင္းသုတလ်ွံ ခင္ဗ်ား Barကို ပစၥည္း
အျပည့္အစံုျဖည့္ထား အားျပည့္ရင္လာေသာင္းက်န္းမယ္"

"အခ်ိန္မေရြး လာခဲ့"

လက္ညိဳးနဲ႔ လက္မဆက္ကာ ဝိုင္းျပၿပီးေနာက္ မိုးေဇပါ
လိုက္ထြက္သြားခ်ိန္တြင္ အိမ္ႀကီးက တိတ္ဆိတ္လို႔
သြားခဲ့ပါ၏။

"ေမာင္ ... စိတ္မေကာင္း ျဖစ္ေနလာ"

"မျဖစ္ပါဘူး..အခ်ိန္မေရြး ျပန္ေတြ႔လို္ရတာပဲ"

"ဒါဆို ဘာလို႔ မ်က္ႏွာက အဲ့လိုျဖစ္ေနတာလဲ"

မိမိမ်က္ႏွာကို မိမိ ျပန္စမ္းၾကည့္ရင္း ေခါင္ေလးက
သက္ျပင္းေငြ႔ေငြ႔ခ်ကာ...

"မိုးေဇက စိုင္လ်န္ကို ဂ႐ုစိုက္မွာပါေနာ္"

"ဂ႐ုစိုင္မွာပါ ေမာင္ရယ္...အခုနားလိုက္ဦးေနာ္။ တကယ္လို႔
စိတ္မခ်ဘူးဆိုလည္း ၿပီးက်ရင္ ျပန္သြားၾကည့္လို႔ရတာပဲေလ"

"အင္..."

"လာပါ...အေပၚသြားရေအာင္"

ႏိႈင္းက တြဲေခၚလ်ွင္ ေခါင္ေလးလိုက္သြားမည္ျပဳၿပီးမွ
လက္ပိုက္၍ ေပေစာင္းေစာင္းၾကည့္ေနေသာ လမင္းကို
ျမင္သြားသျဖင့္...

"ကြၽန္ေတာ္ လမင္းနဲ႔ စကားခဏေျပာလိုက္ဦးမယ္။
ႏိႈင္းသြားႏွင့္ေနာ္!"

ႏိႈင္းသည္ လမင္းကို တစ္ခ်က္ၾကည့္ကာ
အသိအမွတ္ျပဳ ၍ လက္ခံေပးၿပီးေနာက္ အေပၚသို႔
တတ္သြားေလသည္။ အခုမွ ျပန္ေတြ႔တဲ့ သူငယ္ခ်င္း
ေတြဆိုေတာ့ ေျပာစရာစကားေတြ အမ်ားႀကီးရိွေနေပလိမ့္
မည္။

"ထိုးခ်င္ေနတာမလား... လာထိုးေလ ဘယ္သူမွတားမယ့္သူ
မရိွေတာ့ဘူး"

လမင္းသည္ တင္းမာေသာ မ်က္နွာထားႏွင့္ပင္ ေခါင္ေလး
အနားသို႔ ေလ်ွာက္သြားလိုက္ၿပီး လက္သီးျဖင့္ရြယ္လိုက္စဥ္
ေခါင္ေလးက မ်က္လံုးမိွတ္ကာ မ်က္ႏွာ ကိုေမာ့ထားေပး၏။
နဲနဲေလာက္ျဖစ္ျဖစ္ အထိုးခံလိုက္ရမွ သူကိုယ္တိုင္လည္း
ေနထိုင္၍ ေကာင္းသြားမည္ဟု ထင္ပါသည္။

သို႔ေသာ္ တစ္စကၠန္႔ ႏွစ္စကၠန္႔ ေျခာက္ဆယ္စကၠန္႔ေလာက္အထိ ဘယ္လိုနာက်င္မူမွ မက်ေရာက္လာသည့္အခါ
သူ မ်က္လံုးဖြင့္ၾကည့္လိုက္မိသည္။ လမင္းသည္
လက္ကိုရြယ္ထားဆဲျဖစ္ေသာ္လည္း မ်က္လံုးအၾကည့္တို႔က
ေျပာင္လဲသြားကာ ႏူးညံ့သြားလ်က္ ထိုင္ခံုေပၚ ေျခပစ္လက္ပစ္
ပင္ ထိုင္ခ်လိုက္ေလသည္။

"မင္း ဒဏ္ရာ ရတယ္ဆို.. ငစိုင္း ေျပာတယ္"

"အင္... နဲနဲပါ...အခုေပ်ာက္သြားၿပီ"

ေခါင္ေလး က လမင္းေဘးသို႕ဝင္ထိုင္ရင္းေျပာလ်ွင္
လမင္းက ေခါင္ေလး အက်ႌ ကို လွန္၍ ...

"ခ်ီးးးးးကိုနဲနဲ.. ျပစမ္း "

"ေခြးေကာင္...ေပ်ာက္ေနၿပီလို႔..လိလို႔လာလွန္ေနတာလဲ"

"ငါၾကည့္ခ်င္တယ္ေလ...ေခြးသားရဲ႕"

ဆိုေတာ့ သူကိုယ္တိုင္လွန္ျပလိုက္လ်ွင္ ခ်ဳပ္ရာေတြကို
ၾကည့္ၿပီးေနာက္ လမင္းက ျပန္ဆုတ္သြားကာ...

"ကိုဘိုဘို ေသၿပီဆို္"

"ငစိုင္းတစ္ေကာင္ေတာ့ အကုန္ေလ်ွာက္ေျပာေနတာပဲ"

" ဘာလို႔သတ္လိုက္တာလဲ ခုနက ေသနတ္ကိုင္ထားတဲ့လူ
မလား...ဘာလို႕လဲ တရားဥပေဒအတိုင္း အေရးယူခိုင္းလဲ
ရေနတာကို "

ေခါင္ေလးသည္ ခ်က္ခ်င္းမေျဖေသးပဲ လ်ွာအနဲငယ္သပ္ကာ
....ခပ္ေလ်ာေလ်ာ ထိုင္ေနရာမွ တည့္တည့္ထိုင္လိုက္ၿပီး..

"ေသသင့္တဲ့လူမို႔လို႔...သူေသသြားမွ ေနာက္ထပ္လူေတြ
ထပ္မေသေတာ့မွာ...တကယ္လို႔ မိုးေဇသာ မသတ္ဘူး
ဆိုရင္ အဲ့ဒီလူကို သတ္မယ့္သူက ငါျဖစ္မွာပဲ... "

" ကိုဘိုဘို က ကိုႏိႈင္းအတြက္ အေရးပါတယ္ေနာ္!!!"

"ငါသိတယ္!!"

"ကို ႏိႈင္း car accident ျဖစ္တုန္းက သူပဲ
ေစာင့္ေ႐ွာက္ေပးခဲ့တာ ။ သူ ဘယ္ေလာက္မေကာင္းဘူး
ေျပာေျပာ.. ကိုႏိႈင္းရဲ႕ မွတ္ဥာဏ္ထဲမွာေတာ့ လူဆိုးမျဖစ္ခဲ့ဘူး။ ငါေျပာခ်င္တာက ကိုႏိႈင္း မိဘေတြကို သူသတ္ခဲ့တာ
မသိခင္အထိ သူက ႏိႈင္းအေပၚအရမ္းေကာင္းတဲ့လူပဲ!!"

လမင္း စကားဆံုးလ်ွင္ ေခါင္းေလးမွာ မ်က္လံုးအဝိုင္းသား ျဖင့္

"ႏိႈင္းက car accident ျဖစ္တယ္။ ဘယ္တုန္းကလဲ"

"မင္း မသိဘူးလား "

"မသိဘူး... ငါ အိမ္ျပန္သြားတယ္ကြာ..ၿပီးေတာ့ ငါႏိႈင္းဆီ
ထပ္လာေသးတယ္ ။ ကိုဘိုဘိုနဲ႔ပဲေတြ႔တာ...ငါအၾကာႀကီး
ေစာင့္ေနေသးတယ္။ဘယ္သူမွထြက္မလာဘူး..အဲ့ဒါနဲ႔
ႏိႈင္း ငါ့ကို မုန္းသြားလို႔ ေတြ႔ေတာင္မေတြ႔ခ်င္ေတာ့ဘူးလို႔
ထင္ၿပီး ထြက္သြားလိုက္တာ! "

"မ်ိဳးမစစ္ေကာင္... ငါ့ကို ဖုန္းဆက္ေလ။ ငါ့မွာေတာ့
မင္းကို ႏိႈင္းဆီတစ္ေခါက္ေလာက္ေတာ့လာမယ္ထင္ေနတာ။
ငါ့ သူငယ္ခ်င္းငါယံုတယ္ဆိုၿပီး.. ယံုၾကည္ခ်က္အျပည့္နဲ႔။
မင္းမလာေတာ့.. ငါလဲ ဘာမွလႈပ္မရဘူး။ အေမကလည္း
အေမရိကား ပဲ သြားခိုင္းေနတာ။ မင္းလာရင္ေတာ့
ဘာျဖစ္ျဖစ္ ငါ ရေအာင္ ေတာ္လွန္မယ္ဆိုၿပီး "

"ငါ... ငါ...လာတယ္။ ၿပီးေတာ့ ငါ ထပ္လာေသးတယ္။
ဘယ္သူမွမေတြ႔ဘူး... !"

"ဘယ္ေတြ႔မလဲ ။ ကိုႏိႈင္းနဲ႔ငါ ဖြားဖြားေဆးရံုတတ္ရလို႔
ဆိုၿပီး လိုက္သြားတာ...ဟိုေရာက္ေတာ့ ဦးေလးေတြ
အေဒၚေတြ ဝိုင္းေျပာၾကလို႔ ကိုႏိႈင္းထြက္ေျပးၿပီး
ကားတိုက္ခံလိုက္ရတယ္"

"ဟာ!!!"

ေခါင္ေလး ထိုအေၾကာင္းအရာမ်ားကိုမသိခဲ့ေပ။
အကယ္၍သာ ထိုအခ်င္းအရာကို သိခဲ့မည္ဆိုပါက ...

သိသည့္ ဆိုဦးေတာ့... မင္း ဘာလုပ္ႏိုင္မွာလဲ။ အဲ့တုန္းက
ေသနတ္မွန္ၿပီး.. လမ္းေကာင္ေကာင္းျပန္ေလ်ွာက္ႏိုင္ဖို႔
သူအခ်ိန္ေတာ္ေတာ္ၾကာေအာင္ ေလ့က်င့္ယူေနခဲ့ရသည္။

"ေျခေထာက္ က အ႐ိုးက်ိဳးသြားလို႔ တစ္လေလာက္
အခ်ိန္ယူၿပီးကုလိုက္ရတယ္"

တစ္ခ်ိန္က သူ ေတြးဖူးသလိုပင္ 'ခင္ဗ်ားနဲ႔ကြၽန္ေတာ္ဟာ
ကံၾကမၼာတူသည္။ ကြၽန္ေတာ္ တစ္ခုခုျဖစ္တိုင္ ခင္ဗ်ား
တစ္ခုခုျဖစ္တတ္သလို...ခင္ဗ်ားတစ္ခုခုျဖစ္တိုင္း
လည္း ကြၽန္ေတာ္လိုက္ျဖစ္တတ္သည္။ ဒါဟာ တိုက္ဆိုင္မူ
မဟုတ္...ကံၾကမၼာေရစက္ပင္။

"ကိုႏိႈင္းေဆးရံုတတ္ေနတဲ့တစ္ခ်ိန္လံုး လန္႔ႏိုးလာတိုင္း
မင္းကို တမ္းတေနခဲ့တာ...အဲ့ဒီအခ်ိန္မွာ တစ္ေခါက္မွ
ေရာက္မလာတဲ့မင္းကို ငါသတ္ခ်င္ေနတာပဲ!!"

"အခု သတ္လို႔ရေသးတယ္! !"

"လိ စကား မေျပာနဲ႔! "

"မင္း ေစာက္ရမ္းမိုက္႐ိုင္းေနတုန္းပဲ! "

"ေအ.. အဲ့တာ မင္းမို႔လို႔ ေခြးသူေတာင္းစား မ်ိဳးမစစ္
ေကာင္ရ!!!"

ဆဲခံလိုက္ရေတာ့ ေခါင္ေလး စိတ္သက္သာရာ ရသြား
ပါ၏။ လမင္းနဲ႔သူ ဆိုသည္က အျမဲတမ္းရန္သတ္ေနရမွ
ေနေပ်ာ္တဲ့သူေတြပင္။

"မင္ ဘာလို႔ ငါ့ကိုမထိုးတာလဲ! "

"ကိုႏိႈင္း ခံစားရတာ ထပ္မျမင္ခ်င္ဘူး။ေနာက္တစ္ခါ
ထားခဲ့ရင္ေရဆံုး ေျမဆံုး မင္းကိုလိုက္သတ္မယ့္သူက
ငါျဖစ္သြားလိမ့္မယ္... နားလည္လား"

"ေနာက္တစ္ခါ ဆိုတာလည္း... ဘယ္ေတာ့မွ ရိွလာမွာ
မဟုတ္ေတာ႔ဘူး ။ ၿပီးေတာ့ ဘယ္လိုအေၾကာင္းျပခ်က္
နဲ႔ပဲျဖစ္ျဖစ္ ေဝးရမယ္ဆိုရင္ေတာင္... လိုက္ေခၚတဲ့သူက
ငါပဲ ျဖစ္ရမယ္!"

"မင္း စကားေတြ အကုန္လံုး ငါ record ယူထားတယ္!"

"recordမယူပဲ ဖိတ္စာသြား႐ိုက္သင့္ေနၿပီ ေယာက္ဖ။
မင္းအကိုက ငါ့မိန္းမ ျဖစ္ေတာ့မွာ! "

ေခါင္ေလးသည္ လမင္းအား ပိုင္ပိုင္ႏိုင္ႏိုင္ပင္ေျပာရင္
အေပၚထပ္သို႔ ေျပးတတ္ေလ၏။ လမင္းသည္ေတြ႔ကရာ
ပစၥည္း ျဖင့္ ေခါင္ေလးအား ေကာက္ေပါက္ကာ..

"ေမ -ိုး...ေခြးသာ!!"

လမင္း၏ ဆဲသံကို ပန္းႏွင့္ပစ္ေပါက္ေနသကဲ့သို႔ မွတ္ယူကာ
ေခါင္ေလးသည္ ေလွကားထစ္ေပၚတြင္ ေလွာင္ျပၿပီးေနာက္
အေပၚထပ္သို႔ ဆက္တတ္ခဲ့ၿပီး နိႈင္း အခန္းက ဘယ္အခန္း
မွန္းမသိသျဖင့္ လိုက္ၾကည့္ရာ တစ္ေနရာ အေရာက္တြင္..

"ႏိႈင္း"

ႏႈတ္ခမ္းတို႔လႈပ္ရံုသာ ထြက္သြားမိ၏။ တံခါးပိတ္ဖို႔ရန္ေမ့ေန
သည္လား... တမင္မပိတ္သည္လားေတာ့မသိေပမယ့္
ႏိႈင္ကေတာ့ တံခါးအား ေက်ာေပး၍ မလႈပ္မယွက္ ရပ္ေနေလ
သည္။ ေခါင္ေလးသည္ေျခသံဖြဖြေလးျဖင့္ အခန္းထဲ
ဝင္လိုက္လ်ွင္ အေငြ႔အသက္သိပ္မေကာင္းသလို ခံစား
လိုက္ရ၏။ ထို႔ေနာက္ ႏိႈင္းအေပၚမွေက်ာ္ၾကည့္လိုက္သည့္အခါ ကိုဘိုဘို ဓာတ္ပံုကို ကိုင္ၿပီး တိတ္တဆိတ္မ်က္ရည္
က်ေနသည္ကို သိလိုက္ရေလသည္။

ျဖစ္မွျဖစ္ရေလ... အခ်စ္ရယ္။

ေခါင္ေလးသည္ ႏိႈင္းကိုယ္လံုးေလးအား အေနာက္မွ
သိုင္းဖက္လိုက္ၿပီး ပုခံုးထက္၌ ေမးတင္ထားလိုက္ပါ၏။
ထိုအခါ ႏိႈင္း လန္႔သလိုျဖစ္သြားလ်ွင္ ေခါင္ေလးက..
ပိုတိုးလို႔ဖက္ထားလိုက္ၿပီး....

"ႏိႈင္း "

"..."

"ေမာင္ တို႔က ေ႐ွးေရစက္ပါတယ္ထင္တယ္။ ကြၽန္ေတာ္
ခင္ဗ်ားကို အရမ္းသေဘာက်တာပဲ"

ထိုအခါ ႏိႈင္းက လက္မွ ကိုဘိုဘိုပံုကို ခ်လိုက္ၿပီး...
ေနရာတက်ျပန္ထားလိုက္ကာ...

"မုန္းခ်င္ေပမယ့္.. မုန္းလို႔မရဘူး!"

"ကြၽန္ေတာ္ ႏိႈင္း ေဘးနားမွာပဲ တစ္သက္လံုးရိွသြားေပးမွာ"

အဆက္အစပ္မရိွတဲ့စကားေတြမွာ နားလည္မူေတြရိွ၏။
ကိုဘိုဘို က္ုိမုန္းခ်င္ေပမယ့္ မုန္းလို႔မရတဲ့ လူကေလးရယ္
ႏွစ္သိမ့္ေပးစရာ စကားလံုး စာစီမဖြဲ႔တတ္တဲ့ေကာင္ကေလး
ရယ္ ကေတာ့ ႏွလံုးသားခ်င္း သိရိွေနခဲ့ၾကေလသည္။

"ငါ မင္း ကို ယံုသြားပါၿပီ"

ေခါင္ေလးသည္ ႏိႈင္း၏ လည္တိုင္ေဖြးေဖြးအား ႏွာဖ်ားေလး
႔ျဖင့္ ဖြဖြထိလိုက္ၿပီးေနာက္ ေယာက်ာ္းေလး တစ္ဦး၏
သင္းပ်ံ႕ပ်ံ႕ေခြၽးရနံ႕မွာ ေပ်ာ္ဝင္ကာ ႏႈတ္ခမ္းမ်ားျဖင့္
ငံုခဲလိုက္ပါသည္။ တစ္ေနရာတည္းကိုသာ အခ်ိန္ၾကာၾကာ
စုပ္ယူထားမူေၾကာင့္ ႏိႈင္းကိုယ္ေလး တြန္႔သြားလ်ွင္
ေခါင္ေလးက ႏႈတ္ခမ္းတို႔ကိုလႊတ္လိုက္ၿပီး သြားတို႔ျဖင့္
ဖြဖြကေလး ဖိကိုက္ကာ အရာေပးလိုက္၏။

"အ.. ေမာင္..ဘာျဖစ္လာတာလဲ!!..လမင္းက ဘာေျပာ
လိုက္လို႔လဲ!!"

ႏိႈင္းေမးလ်ွင္ ေခါင္ေလးက ႏိႈင္း လည္ပင္းသားေလးကို
ကိုက္ခဲထားရမွ လ်ွဖ်ားေလးျဖင့္ ထိလ်ွက္လိုက္ၿပီးေနာက္
ပုခံုးေပၚ.. ေမး.. ျပန္တင္လာကာ...

"အမွတ္ေပးေနတာ ။ ခင္ဗ်ားက ကြၽန္ေတာ့္အပိုင္ဆိုတာ
သိေစခ်င္လို႔ "

"ဘယ္သူ႔ကိုလဲ! "

အေနာက္ကလူကို မရမက လွည့္ၾကည့္ရင္းႏိႈင္းေမးလ်ွင္
ေခါင္ေလးက မ်က္ခံုးေတြပင့္ၿပီး ကိုဘိုဘိုပံုကို ၫႊန္ျပ
ေလသည္။ ထိုအခါ ႏိႈင္းမွာ ႏွစ္ႏွစ္ၿခိဳက္ ၿခိဳက္ ရယ္လိုက္ၿပီး
ေခါင္ေလးလက္ေတြေပၚ ျပန္အုပ္ကိုင္လိုက္ပါ၏။

"ဓာတ္ပံုေလးပဲကို.. ဘာလို႔သဝန္တိုေနတာလဲ"

"တိုတာေပါ့ ကြၽန္ေတာ္ ခင္ဗ်ားကို အမ်ားျကီးခ်စ္တာေလ။
ခင္ဗ်ားလဲ ကြၽန္ေတာ့္ကို အမ်ားႀကီး ခ်စ္တယ္မလား"

"မခ်စ္ပါဘူး! !"

"ဟားဟား ဒါဆို လမင္း ခုနက ဘာေျပာလိုက္လဲသိလား"

"ဘာေျပာလိုက္လို႔လဲ!"

"ခင္ဗ်ား ကြၽန္ေတာ့္ကို ႐ူး႐ူးမူးမူး ခ်စ္ေနတဲ့ အေၾကာင္း
ေျပာျပလိုက္တယ္...ခင္ဗ်ား ကြၽန္ေတာ့္ကို ႀကိဳက္လြန္းလို႔
အိမ္မက္ေယာင္ရင္ေတာင္ ကြၽန္ေတာ့္နာမည္ ေယာင္တဲ့
အေၾကာင္း! !"

ထိုအခါ ႏိႈင္းသည္ ေခတၱ ၿငိမ္သက္သြားခဲ့ၿပီး..ႏွစ္ကိုယ္ၾကား
အသံတိုးတိုးေလး ထြက္လာပါ၏။

"ငါ မင္းထင္ထားတာထက္ မင္းကို အမ်ားႀကီး
သေဘာက်တာပါ"

မျငင္းဆိုပါပဲ ဝန္ခံစကားဆိုလ်ွင္ ေခါင္ေလးမွာ ရင္ခုန္သံေတြ
ေျပးလႊားေနလ်က္ ႏိႈင္း နားရြက္ဖ်ားနားသို႔ကပ္၍...

"ေဘဘီ ေမာင္တို႔ ခ်ိန္းေတြ႔ၾကမလား"

...........................................

Love you all💚💚💚




Continue Reading

You'll Also Like

423K 25.9K 43
[ Zawgyi ] ---------------- မဆံုသင့္တဲ႔လူသားနွစ္ေယာက္ကိုဆံုေစခဲ႕တဲ႔ကံႀကမၼာဟာ ......... ဘာျဖစ္ေစခ်င္လို႔ပါသလဲ ??? မဆံုနိုင္ျခင္းတို႕ျခားနားထားတဲ႕လူ...
6.2K 470 10
တမ္​းခ်င္​းမ်ားသို႔ .... ဦးတည္​ျခင္​း ယံုၾကည္​မႈနဲ႔တည္​​ေဆာက္​ထားတဲ့အခ်စ္​တစ္​ခုမွာ မ်က္​၀န္​းျပာမ​ေလး​ေတြကိုရင္​မခုန္​ပါနဲ႔ဆိုတဲ့ သ၀န္တိုစာ​ေလး​ေတာ...
303K 36.8K 54
First Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှား​နေတယ် မုန့်လင်လင်ကွ... ဪ​အေး ဟုတ်သား...
710K 41.5K 38
#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလိ...