ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၂၇ ( ၁ - ၈ )

10.4K 1K 75
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   27
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၂၇၊ အခန္း ၁။ ေရႊေရာင္ၿဖာထြက္

ရီ၀မ္၀မ္၏ “ကုိကို” ဟူေသာ အသံကုိ ၾကားလုိက္ရ သည့္အခ်ိန္ ရီမူဖန္၏ေခါင္းထဲ မိုးၾကိဳးတုိ့ ၀ုန္းခနဲ ဒိုင္းခနဲပစ္ခ်လုိက္သလုိပင္။

“၀မ္…၀မ္၀မ္…မင္းက ၀မ္၀မ္ ။ ငါလခြမ္း ။
ငါ အိမ္မက္မက္ေနတာလား။ မငး္…မင္းက ဒက္ဇလင္းရဲ့ အသစ္တက္လာတဲ့ေဘာ့စ္ၾကီး ရီပုိင္ မဟုတ္ဘူးလား။ ေနဦး၊ မဟုတ္ေသးဘူး။ ရီ ပိုင္ က ေယာက်္ား မဟုတ္ဘူးလား။ မဟုတ္ေသးဘူး၊ မဟုတ္ေသးဘူး… ရီပုိင္က တကယ္ၾကီး မိန္းမလား”
ရီမူဖန္၊ စိတ္္ရႈပ္ေထြးလြန္းမကရႈပ္ေထြးေနသည္မွာ
စကားလံုးတုိ့သည္ပင္ ေတာင္စဥ္ေရမရ ။

“ဒီေလာက္ေတာင္ အံ့ၿသသြားတာလား”
ရီ၀မ္၀မ္၊ မ်က္ခံုးတုိ့ ၿမင့္တက္သြားေတာ့ၿပီး
ေဘးကဆုိဖာေပၚ ထိုင္ခ်လုိက္ေတာ့၏။

ဒီအခ်ိန္တြင္ ရီ၀မ္၀မ္သည္ ေယာက်ာ္းတစ္ေယာက္လုိ ရုပ္ဖ်က္ထားေသာ္လည္း၊ သူမေလး၏ေအးစက္ၿပီး ေက်ာစိမ့္စရာေကာင္းသည့္ ေၾကာက္စရာအေငြ့အသက္တုိ့မွာ ေပ်ာက္ကြယ္သြားေလၿပီ။ သူမေလး၏အမူအရာသည္ ပိုလို့ပင္ ႏူးည့ံေပ်ာ့ေပ်ာင္းလာၿပီး သူမေလး၏တရင္းတနွီး နိုင္မႈတုိ့သည္ ဆထက္တုိးလာေတာ့ၿပီ ။

ေနာက္ဆံုးတြင္ေတာ့မွ၊ သူ့အေရွ့မွ အႏွီေယာက်ာ္းပ်ိဳေလး သည္ သူ၏ညီမအရင္းအခ်ာၿဖစ္ေနမွန္း ရီမူဖန္၊ ယံုၾကည္သြား မိၿခင္းပင္။ နွလံုးခုန္ရပ္လုနီးနီး ၿဖစ္သြားခဲ့ရသည့္သူ၏ ရင္ဘတ္ေနရာကို လက္နွင့္ဖိထားမိလုိက္ေတာ့ရင္း ။
“အံ့ၿသတာေပါ့ကြ။ အခုနက ငါ့နွလံုးခုန္ေတာင္ ရပ္သြားေတာ့ မလားပဲ၊ ဟုတ္ပီလား။ လုံုး၀ကုိ မ်က္လွည့္ၿပလုိက္တဲ့အတုိင္း ပဲ”

သူတုိ့၏အထက္လူၾကီးသည္ တစ္စကၠန့္ေလးအတြင္းတြင္
သူတုိ့၏ညီမငယ္ေလး ၿဖစ္သြားသည္ကုိ စဥ္းစားသာၾကည့္ပါ ။

ရီမူဖန္၊ သူမေလးအား စုန္ခ်ည္ဆန္ခ်ည္ၾကည့္လုိ္က္မိ၏။
ေနာက္ ၊ စကားစရွာဖုိ့ ခက္ခဲေနသည့္အလားနွယ္၊
တံေတြးတုိ့သာ ဂလုခနဲ ၿမိဳခ်လုိက္မိရင္း။
“မင္း…မင္း…ရဲတင္းလြန္းလုိက္တာ ။
ဘယ္သူမွ မရိပ္မိၾကဘူးလား”

ရီ၀မ္၀မ္၊ မ်က္ခံုးတို့ ၿမင့္တက္လာ၏။ ေမးေစ့အား ပြတ္သပ္လုိက္ရင္း။ “ညီမေလးရဲ့အကိုအရင္းကေတာင္မွ မရိပ္မိတာ - တၿခားသူေတြက ရိပ္မိမယ္တဲ့လား”

ရီမူဖန္၊ ၿပန္မေခ်ပနုိင္ေတာ့ ။

“မဟုတ္ေသးဘူး၊ မဟုတ္ေသးဘူး။ မင္း ကမာၻထဲ ဘယ္လုိ၀င္လာၿပီးေတာ့ ဒီေနရာကို ေရာက္လာေအာင္ လုပ္လုိက္တာလဲ”

လူသစ္ရွာေဖြေရးဌာန၏ဒါရုိက္တာဆိုသည္မွာ သာမန္အေထြေထြမန္ေနဂ်ာ တစ္ေယာက္ထက္
ပုိလုိ့အခြင့္အာဏာ၊ ၿသဇာၾကီးေပသည္ ။
ဒီေနရာကို ရထားသည့္သူသည္ ဒီဌာနတစ္ခုလံုး၏ ထိပ္ဆံုးတြင္ ရွိေနၿခင္း ၿဖစ္ၿပီး သရုပ္ေဆာင္အားလံုးနီးပါးကို လႊမ္းမုိးခ်ဳပ္ကိုင္နုိင္သူ ၿဖစ္၏။ မဟုတ္ပါလ်ွင္ အရင္တုန္းက ဒက္ဇလင္းအား က်ိဳး၀မ္ဘင္း ခ်ဳပ္ကိုင္ထားနုိင္မည္ မဟုတ္ ။

ဒီေနရာကုိ သူမ ဘယ္လုိေရာက္လာသလဲဆုိသည္မွာ…

ဒီေလာကထဲ စေၿခခ်ခဲ့ခ်ိန္မွ ၿဖစ္ပ်က္ခဲ့သမ်ွတုိ့ကို
ရီ၀မ္၀မ္၊ ၿပန္ေတြးၾကည့္လုိက္ရာ….

ၿပန္စဥ္းစားၾကည့္ပါက
သူမေလး အနုပညာေလာကထဲ ၀င္လာၿပီးေနာက္
တုိးတက္မႈနႈန္းသည္ မွန္းထားခဲ့သည္ထက္ ပုိမိုၿမန္ဆန္ခဲ့ သည္မွာ ပင္လယ္ၿပင္ထဲ ေခ်ာေခ်ာေမြ့ေမြ့ရြက္လႊင့္လာနုိင္ခဲ့သည့္အလားပင္။

ဟန္ရွန္းယြီ၏ၿဖစ္ရပ္သည္ သူမအား ကုမၸဏီထဲ ေနရာ တစ္ေနရာ ရလာေစခဲ့သည္ ။ လ်ိဳခ်န္း၏နာမည္ၾကီးလာမႈ သည္ သူမအား ဒီေလာကတြင္ ေၿခကုပ္ရသြားေစခဲ့သည္။ ကုန္ရႊီသည္ကေတာ့ မေမွ်ာ္လင့္ထားမိသည့္ ရတနာတစ္ခုပင္ ။ သူ့ေၾကာင့္ အခ်ိန္အမ်ားၾကီးမသံုးလုိက္ရဘဲ က်ိဳး၀မ္ဘင္း အား သူမ နင္းေခ်ပစ္လုိက္နုိင္ခဲ့၏ ။

ေတြးၾကည့္လုိက္မွပဲ….ငါ ကုန္ရႊီကုိ ပုိေကာင္းေကာင္းဆက္ဆံေပးသင့္လား။

ရီ၀မ္၀မ္၊ အသိတုိ့ၿပန္ကပ္သြားၿပီး၊
ဒက္ဇလင္းထဲ ၀င္လာခဲ့ပံုကို
ရီမူဖန္အား အက်ဥ္းခ်ဳံးရွင္းၿပလုိက္၏။

ရီမူဖန္သည္ ရီပုိင္နွင့္ပတ္သက္သည့္ေကာလဟလတုိ့ကို ၾကားထားၿပီးသား ၿဖစ္ေနတာေတာင္ သူ၏ အေလာသံုးဆယ္ နုိင္တတ္ၿပီး ေထာင္လႊားတတ္သည့္ညီမေလးဆီကေန အခု ကုိယ္တုိင္ၾကားလုိက္သည္တြင္ေတာ့ ၿဖစ္ရပ္ဆန္းတစ္ခုအလားနွယ္…

ဟန္ရွန္းယြီ၏ ကေလးမေလးအား လိင္ပုိင္းဆုိင္ရာေစာ္ကား ခဲ့သည့္ ၿဖစ္ရပ္သည္ အနုပညာေလာကတစ္ခုလံုးကို တုန္လႈပ္သြားေစခဲ့၏။
သုိ့တုိင္၊ သူ၏ဒီညီမေလးသည္ ထိုသူ၏ရုိးသားၿဖဴစင္ေၾကာင္း ကို ေနာက္ကြယ္ကေန သက္ေသၿပေပးခဲ့သည္တဲ့ ။

ၿပီးခဲ့သည့္သံုးနွစ္လံုးလံုး ဘာမွစြမ္းေဆာင္နုိင္ၿခင္းမရွိသည့္ ့္လ်ိဳခ်န္းကုိ အခ်ိန္ကုိက္ေနရာကိုက္ ပြဲထုတ္ေပးနုိင္ခဲ့ၿပီး ညတြငး္ခ်င္း နာမည္ဟုိးဟုိး ေက်ာ္သြားေအာင္ လုပ္ေပးခဲ့သည့္ဆရာၾကီးမွာလည္း သူ၏ညီမေလးတဲ့ ။ က်ိဳး၀မ္ဘင္းဆီကေန ကုန္ရႊီအား ဆြဲေခၚပစ္ၿပီး အလြန္တရာ လိမ္မာရုိက်ိဳးေအာင္ပါ လုပ္နုိင္ခဲ့သူမွာလည္း သူ၏ညီမေလး တဲ့…

အစက သူ အလြန္စိတ္ပူေနခဲ့မိ၏ - ဒီေလာက္ဥာဏ္ထက္ၿမက္ၿပီး ေၾကာက္စရာေကာင္းလွ သည့္သူေဌးလက္ေအာက္တြင္ အလုပ္လုပ္ခြင့္ မရမွာကို စိတ္ပူခဲ့၏။ အကယ္လုိ့ ကံေကာင္းေထာက္မၿပီး ရသြားခဲ့လ်ွင္ ေတာင္ တၿခားသူေတြသည္ သူ့အား ခက္ခဲေအာင္လုပ္ၾက မည္ကို စိုးရိမ္ခဲ့မိ၏ ။ သို့ေသာ္၊ အဆံုးသတ္တြင္ ထိုသူေဌးမွာ သူ၏ ညီမေလး အရင္းအခ်ာ ၿဖစ္ေနေလသည္ ။ ဧ၀ရတ္ေတာင္လုိ ထီးထီးမားမားၾကီး ရွိေနသည့္ ေက်ာေထာက္ေနာက္ခံနွင့္ဆုိမွေတာ့ ဘယ္သူသည္
သူ့အား လာရႈ႔ပ္ရဲပါေတာ့မည္နည္း ။

ရီမူဖန္၊ ရီ၀မ္၀မ္အား စိုက္ၾကည့္ေနမိရင္း ။
ရုတ္တရက္ ခံစားမိလုိက္သည္မွာ သူမေလးဆီကေန ေရႊေရာင္အလင္းတန္းတုိ့ ၿဖာထြက္ေနသလုိလို။

“ဒါဆုိ ညီမေလး ေၿပာတဲ့…ေရႊပင္လယ္မ်ား အိမ္ေတာ္ကို ရလာခဲ့တာက ဟန္ရွန္းယြီရဲ့ၿဖစ္ရပ္ကေန အေၿခအေနတစ္ခုအေနနဲ့ ရလာခဲ့တာေပါ့။ ဒါေပမယ့္ အဲ့ဒီေၿမေခြးအုိၾကီးက ညီမေလးကို စကားလံုးလွလွေလး သံုးၿပီး ပိုက္ဆံအမ်ားၾကီးနဲ့ ခ်ည္ထားတာေပါ့”

ရီ၀မ္၀မ္၏၀င္ေငြသည္ အခုခ်ိန္တြင္ ေတာ္ေတ္ာေလး အထင္ၾကီးစရာေကာင္းေသာ္လည္း ထိုအိမ္ေတာ္အတြက္
ေငြေပးေခ်ဖုိ့ရာ နွစ္နည္းနည္းေလာက္ အခ်ိန္ယူရဦးမည္ပင္ ။

                         💖💖💖💖💖💖💖

စာစဥ္ ၂၇၊ အခန္း ၂။ စည္းကမ္းမရွိတဲ့သူ မု့ိလုိ့လား

ရီ၀မ္၀မ္ ပြင့္ပြင့္လင္းလငး္ပင္ ၿပန္ေၿပာလာသည္ကား။
“ခ်ဴးဟုန္ဂြမ္းရဲ့စရုိက္အတုိင္းဆို အဲ့လုိၿဖစ္လာမယ္ဆုိတာ မွန္းထားၿပီးသားပါ”

“ေဖေဖရဲ့အေၾကြးေတြနဲ့ ဒီေလာက္ပိုက္ဆံပမာဏအမ်ားၾကီး၊
ကိုကိုတုိ့ ဘယ္လုိလုပ္တတ္နုိင္…”
ရီမူဖန္၏မ်က္နွာမွာ မဆုိစေလာက္ပ်က္ယြင္းလာေလသည္ ။

ရီ၀မ္၀မ္သည္ကေတာ့ လံုး၀ပင္ အမူအရာပ်က္ယြင္းၿခင္းမရွိ။
သူမ ၿပန္ေၿပာလာသည္မွာ ။
“ညီမေလး ဒီအိမ္ကို ၿပန္ယူေပးနုိင္မွေတာ့ ပိုက္ဆံေပးဖုိ့နည္းလမ္း ရွိၿပီးသားပါ”

“စိတ္ထဲမွာ ဘယ္လုိအစီအစဥ္ရွိေနလုိ့လဲ”
ရီမူဖန္၊ ေမးလုိက္၏။

“ညီမေလးကိုယ္တုိင္ ဒရမ္မာဇာတ္လမ္းတြဲတစ္ခု ရုိက္ဖို့လုပ္ထားတယ္။ ဇာတ္ညႊန္းၿပင္ထားၿပီးသြားၿပီ။ ဇာတ္လုိက္မင္းသမီးကေတာ့ ရွာေနတုန္းပဲ။
အခု ကိုကိုလည္း ေရာက္လာၿပီဆုိေတာ့ အ၀တ္အစားဒီဇိုင္းနဲ့ပတ္သက္ၿပီး စိတ္ပူေနစရာမလုိေတာ့ဘူး။ ဒီဇာတ္လမ္းတြဲအတြက္ ရင္းနွီးၿမွဳပ္နွံေပးမယ့္ သူေတြကိုပဲ ရွာရေတ့ာမယ္”

ရီမူဖန္၊ အနည္းငယ္ အံ့ၿသသြားရ၏ ။
“ညီမေလးကိုယ္တုိင္ ဇာတ္ကားတစ္ကား ထုတ္မယ္။  ရုပ္ရွင္ဇာတ္ကားေတြက အခုခ်ိန္မွာ အရမ္းအယွဥ္အၿပိဳင္မ်ား တာ။ တစ္သက္စာဆုေဆာင္းထားတာေတြ ၿပဳတ္သြားတဲ့သူေတြမွ တစ္ပံုၾကီး…”

“ေနာက္မွပဲ ကိုကို့ကုိ ဒီအေၾကာင္း အေသးစိတ္ေၿပာၿပမယ္။
အခုေတာ့၊ ေရွာ့ပင္းထြက္ၾကရေအာင္”
ရီ၀မ္၀မ္၊ မတ္တပ္ထရပ္လိုက္၏။

“အာ ။ ေရွာ့ပင္း…” ရီမူဖန္၊ နားလည္ၿခင္းမရွိပါေခ် ။

“ကိုကုိက အခု ကုမၸဏီရဲ့ စတုိင္လစ္ေခါင္းေဆာင္ ၿဖစ္ေနၿပီေလ။ ကုိကုိ့အတြက္ အ၀တ္အစားေကာင္းေကာင္းေလး သြား၀ယ္မွရမွာေပါ့”

ရီမူဖန္၊ ဒါကို ၾကားလုိက္ေတာ့မွ ဒီ၀တ္စံုနွင့္ အင္တာဗ်ဴး လာေၿဖခ်ိန္တြင္ သူ့အား ၾကည့္ခဲ့ၾကသည့္အၾကည့္တုိ့မွာ ထူးဆန္းေနသည္ကို အမွတ္ရ လုိက္မိၿပီး မ်က္နွာမည္းခနဲၿဖစ္သြားရ၏ ။

ယေန့ေခတ္ လူေတြသည္ အလြန္ပင္ တြက္ခ်က္တတ္ၾက ၏။ အထူးသၿဖင့္ သရုပ္ေဆာင္ေလာကက သူတုိ့ပင္ ။

၀မ္၀မ္ မွန္သည္ - သူသည္ မၾကာခင္ အလုပ္ခြင္ ၀င္ရေတာ့မည္။ သူ့အတြက္ အ၀တ္အစားေကာင္းေကာငး္ ေသခ်ာေပါက္လုိေပလိမ့္မည္။ မဟုတ္ပါက သူသည္ သူ့ညီမေလးအတြက္ အရွက္ရစရာၿဖစ္ေနလိမ့္ မည္။

ရီမူဖန္၊ အနည္းငယ္ ရွက္သြားမိရင္း ။
“ကိုကို့ဆီမွာ ၀ယ္ဖုိ့ ပိုက္ဆံမရွိဘူး…”

မ်က္နွာမည္းခနဲၿဖစ္သြားၿပီး ရီ၀မ္၀မ္၊ သူမ၏အစ္ကုိအား ၾကည့္လုိက္မိ၏ - ထို ေဟာက်ြင္းခ်န္သည္ သူလုပ္ထားတာ ေတြနဲ့ နွစ္တုိင္း သန္းခ်ီၿပီး ပုိက္ဆံရွာနုိင္ခဲ့သည္။
သို့ေသာ္၊ သူသည္ကား အနုတ္စုတ္ဂုတ္စုတ္ေလးမ်ွသာ။
သူမ တကယ္ပင္ ဘာဆက္ေၿပာရမွန္းမသိေခ်ေတာ့ ။

ရီ၀မ္၀မ္၊ ၿပန္ေၿပာလုိက္သည္ ။
“ကိုကို့ကို အရင္ဆံုးပိုက္ဆံ ေခ်းေပးမယ္။ ေနာက္လ လစာထုတ္ေတ့ာ့မွ ၿပန္ဆပ္။ ၀တ္စံုနည္းနည္းေလာက္ ၀ယ္တာက ကိုကို့လစာတစ္၀က္ ေလာက္ပဲ က်မွာပါ - ကိုကို ပါတီေတြသြား၊ မိန္းမေတြ ရႈပ္ၿပီး ပိုက္ဆံကုန္တာထက္ အပံုၾကီးသာတယ္”

ရီမူဖန္၊ ေခါင္းတဆတ္ဆတ္ညိတ္ၿပလာသည္ ။
“ရပါတယ္၊ ရပါတယ္။ ကိုကို ညီမေလးစကားကို နားေထာင္မယ္…ဒါေပမယ့္ တစ္ခုေတာ့ ေတာင္းဆုိခ်င္တယ္”

“ဘာမ်ားလဲ”

ရီမူဖန္၊ ေခ်ာင္းအသာဟမ့္ကာ ေၿပာလာသည္ကား ။
“အဲ့ဒါက…မိန္းကေလးအ၀တ္အစား လဲ၀တ္ၿပီးမွ
ကိုကိုနဲ့ ေရွာ့ပင္းလုိက္ခဲ့လုိ့ရမလား ။ အရြယ္ေရာက္ၿပီးသားေယာက်္ားေလး နွစ္ေယာက္ အတူတူေရွာ့ပင္းထြက္ၾကတာၾကီးက နည္းနည္းေလး… ကုိကိုတုိ့ကုိ အထင္မွားသြားၾကရင္...အဲ့လုိက…”

“ကိုကိုက ေယာက်ာ္းၿဖစ္ၿဖစ္ မိန္းမၿဖစ္ၿဖစ္ ဂရုမစိုက္ဘူးလုိ့
ထင္ေနတာ။ ဒါကိုလည္း ဂရုစိုက္တတ္ေသးတယ္လား”
ရီ၀မ္၀မ္၊ မဟုတ္ဘူးလားဆိုသည့္ ေလသံၿဖင့္ ေမးပစ္လုိက္ရာ ။

ရုတ္တရက္၊ ရီမူဖန္၊ ေထာင္းခနဲ ေဒါသထြက္သြားေတာ့၏ ။
“ငါလခြမ္း ။ ငါက ဂရုမစိုက္ဘူးလုိ့ ဘယ္သူ ေၿပာတာလဲ။ အဲ့ဒီခ်ြန္တြန္းေကာင္ေတြ ေပါက္တတ္ကရေၿပာတာကို
နားမေထာင္နဲ့၊ ဟုတ္ပီလား”

“ကိုကို မဟုတ္ဘူးဆုိရင္ ၀မ္းသာပါတယ္။ ညီမေလး ဆီမွာ ရွိတဲ့ သရုပ္ေဆာင္နွစ္ေယာက္က ေယာက်္ားေလးေတြခ်ညး္ပဲ - သူတုိ့အတြက္ စိတ္မခ်ရမွာကို ေတာ္ေတာ္ေလးစုိးရိမ္ေန ခဲ့မိတာ”

“ငါက အဲ့ေလာက္ေတာင္ စည္းမရွိတဲ့လူ မလုိ့လား”

“ကိုကို ဘယ္လုိထင္လဲ”

“…”

သူ့ညီမေလး၏ သူ့အေပၚ ထားသည့္သေဘာထားသည္
ဤသို့ဤပံု ၿဖစ္မည္ဟု သူ မထင္ထားခဲ့မိပါေခ်။ သူအေနၿဖင့္ ရြက္ေဟာင္းကိုေခ်ြခ်ၿပီး ၇ြက္သစ္ၿပန္စမွ ၿဖစ္ေပေတာ့မည္….

သူတုိ့ ကုမၸဏီကေန ထြက္လာၾကၿပီးသည့္ေနာက္၊
ရီမူဖန္၏တရစပ္ ေတာင္းပန္ေနမႈုတိ့ုေၾကာင့္၊ ရီ၀မ္၀မ္၊
ေနရာတစ္ခုရွာၿပီး မိန္းကေလး အ၀တ္အစားလဲလုိက္ရသည္ ။

မၾကာခင္ပင္၊ ရီ၀မ္၀မ္သည္ ေစ်းအၾကီးဆံုးအေကာင္းစား ေရွာ့ပင္းစင္တာ ကို ေမာင္းခ်သြားၿပီး ရီမူဖန္အား အ၀တ္အစားလုိက္၀ယ္ေပးေလ၏ ။

“၀မ္၀မ္၊ ဘယ္လုိထင္လဲ”

ရီမူဖန္၊ အကန့္အသတ္နွင့္ထုတ္သည့္ Versace တံဆိပ္ ၀တ္စံုကို စမ္း၀တ္ၾကည့္ၿပီး အ၀တ္လဲခန္းမွ ထြက္လာသည္ ။

ေခါင္းကေန ေၿခေထာက္အထိ လံုး၀ေၿပာင္းလဲသြားပါသည့္ ရီမူဖန္ ။ သူသည္ အေနာက္တုိင္း နီညိဳေရာင္၀တ္စံုကို ၀တ္ဆင္လို့ထား၏ - ဒီအေရာင္သည္ သူ၏ေတာက္ပခန့္ညားမႈတုိ့၊ ေခ်ာေမာလွပမႈတုိ့ကို ဖံုးကြယ္ထားရ ေတာ္ေတာ္ခက္ေနသေယာင္ေယာင္နွယ္ ။  အေရာင္း၀န္ထမ္းအားလံုး တုိ့မွာ ေထာင့္တစ္ေထာင့္တြင္ ပုန္းလ်ိဳးကြယ္လ်ိဳးၿဖင့္ သူ့အား ရႊန္းရႊန္းစားစား ၾကည့္ေနၾက သည္ထိပင္ ။

သူမအစ္ကုိရဲ့ရုပ္ရည္နွင့္ပတ္သက္ၿပီး ဘာမွပင္ ေၿပာစရာ မရွိေပ။ သူ၏ရုပ္ရည္နွင့္ ဒီ၀တ္စံုနွင့္တြဲမိသြားသည္နွင့္ သူသည္ အလြန္ပင္ ဆြဲေဆာင္မႈရွိသြားရသည္ ။

                    💖💖💖💖💖💖💖💖

စာစဥ္ ၂၇၊ အခန္း ၃။ အဆတစ္ရာ

တစ္ခါတစ္ရံတြင္ ရုပ္ရည္ရူပကာနွင့္ အ၀တ္အစားသည္
လူေတြအေပၚ ေတာ္ေတ္ာေလးသက္ေရာက္မႈရွိသည္မုိ့လား ။

ရီမူဖန္သည္ လြတ္လပ္ေပါ့ပါးၿပီး ခန့္ညားသည့္အေရာင္အ၀ါ တုိ့ ရွိလာသည္။ အၿမဲတေစ ပ်ိဳတုိင္းၾကိဳက္ခဲ့ရသည့္နွင္းဆီခုိင္ ၿဖစ္ခဲ့ဖူးေသာ သူေဌးသားအၿဖစ္ ၿပန္ေရာက္လာသည့္အလား ပင္…

အရင္က သူ၏အၿမဲတမ္း မႈန္ကုတ္ၿပီး စိတ္နာေနသည္နွင့္ စာေသာ္၊ ဤသည္မွာ အတိမ်က္စိရႈခ်င္စဖြယ္…

“မဆုိးပါဘူး၊ အရမ္းေခ်ာတယ္။ ဒီ၀တ္စံုပါ ယူလုိက္”
ရီ၀မ္၀မ္၊ စိတ္ေက်နပ္လ်က္ ေခါင္းညိတ္လုိ့ေန၏။

“အင္း၊ ဒါလည္း အသားေကာင္းတာပဲ - အရမ္းသက္ေသာင့္သက္သာ ရွိတယ္။ ငါ အရင္က ၀တ္ခဲ့တဲ့ အဲ့ဒီေစ်းေပါေပါ၀တ္စံုုေတြပဲ ၾကည့္… အဲ့ဒါေတြေၾကာင့္ င့ါရဲ့အထိခုိက္မခံတဲ့အသားအေရက ယားေနရေရာ”
ရီမူဖန္၊ သူ့လက္ေကာက္၀တ္ကို ေၿမွာက္ၿပလာၿပီး ထိုအနီစက္ေလး တုိ့ကို ၿပလာ၏။

ရီ၀မ္၀မ္၊ ေၿပာစရာစကားလံုးတို့ ေပ်ာက္ရွသြားရေလၿပီ ။
“ကုိုကိုက မင္းသားေရာဂါ ရွိေနတာ…”

ရီမူဖန္၊ ရုတ္တရက္ၾကီး ေၿပာခ်လာသည္ ။
“မင္းကပဲ ငါ့ကို ေၿပာရတယ္ရွိေသးတယ္၊ ဟမ့္။ မင္းအသားအေရက ငါ့ထက္ေတာင္ ပိုအထိမခံေသးတယ္။ မင္းအတြက္ အ၀တ္အစား ေရြးေပးရတဲ့အခ်ိန္တုိင္း ဘယ္ေလာက္ေတာင္ ဒုကၡေရာက္လုိက္လဲ သိလား။ ဘယ္အသားက မင္းအေရၿပားနဲ့ တည့္ပါ့မလဲ၊
ဘာကို ၀တ္လုိက္မိရင္ အဖုအပိန့္ေတြ ထလာလိမ့္မလဲဆိုၿပီး ေတာ့ ငါ့မွာ အၿမဲ စိတ္ပူေပးခဲ့ရတာ”

“တကယ္ၾကီးလား။ ညီမေလးကေတာ့ ခုထိ အဆင္ေၿပ ေသးတုန္းပဲ” ရီ၀မ္၀မ္၊ မ်က္စိတစ္ဖက္မွိတ္ၿပလိုက္ကာ ေၿပာလာသည္။

ၿပီးခဲ့တဲ့နွစ္ေတြမွာ ငါ့ဆီမွာ အဖုအပိန့္ထတာေတြ မၿဖစ္ခဲ့ဖူးပါဘူး…

အရင္တုန္းက ေကာင္းေကာင္းမြန္မြန္ ဇိမ္က်က်ေနခဲ့ရ တာေၾကာင့္ ငါ့အသားအေရက အထိအခုိက္မခံၿဖစ္လာ တာမ်ားလား။

ရီ၀မ္၀မ္၊ ဒီအေၾကာင္းကုိ ေခါင္းထဲဆက္ထည့္မေနေတာ့။ အၿပာရင့္ေရာင္၀တ္စံုကို လက္ညိႈးထိုးၿပလုိက္ရင္း ။
“အဲ့ဒါ သြား၀တ္ၾကည့္”

“အဲ့ဒီအေရာင္ရင့္ရင့္ၾကီး…”
ရီမူဖန္၊ ေမးလာသည္ ။

“အင္း”

“မၿဖစ္နုိင္တာ။ မင္းဆီမွာ ဘယ္လုိအၾကိဳက္ၾကီး ရွိေနတာလဲ…ဒါက ေသခ်ာေပါက္ ငါ့စတုိင္မဟုတ္ဘူး၊ ဟုတ္ပီလား”

“ကိုကို့အတြက္လုိ့ ဘယ္သူေၿပာလဲ”
မ်က္ခံုးတုိ့ ၿမင့္တက္သြားကာ ေၿပာဆုိလာသည့္ ရီ၀မ္၀မ္ ။

“မင္းပဲ ၀တ္ၾကည့္ဆုိ။ ငါ့အတြက္ မဟုတ္ဘူးဆုိရင္၊ ဒါဆုိ…”

ရုတ္တရက္ၾကီး၊ တစ္စံုတစ္ခုကို ေတြးလုိက္မိသြားဟန္ ။
ရီမူဖန္၏မ်က္နွာမွာ မဲ့ရြဲ့လာရေတာ့ရင္း၊ ေမးလာ၏။
“အဲ့ဒီလူရိုင္းၾကီးအတြက္ ၀ယ္ေပးဖုိ့လုပ္ေနတာလုိ့…မေၿပာနဲ့ေနာ္”

“ဘာလူရိုင္းၾကီးလဲ။ သူက ညီမေလးရဲ့တရား၀င္ခ်စ္သူပါ ေနာ္။ အဲ့ဒါေလး သူ့အတြက္ သြား၀တ္ၾကည့္လုိက္စမ္းပါ။
ဘယ္လုိပံုရွိမလဲ ၾကည့္ခ်င္လုိ့”
ရီ၀မ္၀မ္၊ လံုး၀ပင္ မၿငင္းဆန္ခဲ့သည္မို့ ။

ရီမူဖန္၏မ်က္နွာမွာ ပုိလုိ့ပင္ မည္းေမွာင္သြားေတာ့ၿပီး
ရီ၀မ္၀မ္ဆီသို့ ေလ်ွာက္သြားကာ မ်က္နွာထားမာမာၿဖင့္ ေၿပာလုိက္၏။ “ဒီေလာက္ေစ်းၾကီးတဲ့၀တ္စံုကို သူ့အတြက္ တကယ္၀ယ္ေပးမလုိ့လား။ ၀မ္၀မ္၊ အဲ့ဒီေကာင္က မင္းအေပၚ ရုိးသားတာ ေသခ်ာလား ။
မင္း ပုိၿပီးေတာ့ သတိထားမွၿဖစ္မယ္ - ဒီေခတ္မွာ ေယာက်ာ္းေတြက ေၾကာက္စရာေကာင္းတယ္”

ရီမူဖန္၏ “ဒီေခတ္မွာ ေယာက်ာ္းေတြက ေၾကာက္စရာ ေကာင္းတယ္” ဟု ေၿပာလာသည္ကို ၾကားလုိက္ရၿပီး ရီ၀မ္၀မ္၊ ဆြံ့အသြားမိေတာ့၏။
ကုိကုိ… ကိုယ့္ဘာသာကိုယ္ေရာ ၿပန္ၾကည့္ၾကည့္ၿပီးၿပီလား။

ရီမူဖန္ ။ “၀မ္၀မ္၊ ညီမေလး ပိုၿပီးေတာ့ သတိထားသင့္ တယ္။
ညီမေလးက လွၿပီးေတာ့ ခ်မ္းသာပါခ်မ္းသာတယ္ဆုိတာကို သူ ၿမင္သြားရင္ ညီမေလးရဲ့ခႏၶာကုိယ္နဲ့ ပိုက္ဆံကိုရဖုိ့အတြက္ ခ်ဴစားလာလိမ့္မယ္”

ဒါကုိ ၾကားလုိက္သည့္အခ်ိန္၊ လံုး၀အတိ အံ့ၿသသြားရေတာ့သည့္ ရီ၀မ္၀မ္။

ရီ၀မ္၀မ္ ။ “ညီမေလးရဲ့ပိုက္ဆံကို ခ်ဴစား…ညီမေလးရဲ့ခႏၶာကိုယ္ကုိ ခ်ဴစားမယ္…”

ရီမူဖန္ ။  “အမွန္ပဲ”

ရီ၀မ္၀မ္ ။  “…”

ရီ၀မ္၀မ္၊ အခ်ိန္ေတာ္ေတာ္ၾကာသည္ထိ စကားလံုးတုိ့ထြက္မက်လာေတာ့။
ေနာက္ဆံုးတြင္မွ စကားေၿပာနိုင္လာေတာ့သည္ ။
“ကိုကို အေတြးလြန္ေနတာပါ။ ပုိက္ဆံနွင့္ ခႏၶာကုိယ္ကို ခ်ဴစားတယ္လုိ့ ေၿပာရမယ္ဆုိရင္ ညီမေလးကိုသာ ေၿပာရမွာ”

“ဘာအဓိပၸာယ္လဲ”

“အဲ့လုိမ်ိဳးပဲ။ ဟုတ္ပါပီ၊ ပြစိပြစိေၿပာေနတာကို ရပ္ေတာ့။
ညီမေလးအတြက္ အဲ့ဒါေလးသြား၀တ္ေပးေနာ္”
ရီ၀မ္၀မ္၊ သူ့အား ေလာေဆာ္လုိက္၏။

ရီ၀မ္၀မ္၊ သူ့အား မရမကေၿပာေနသည္မုိ့
ရီမူဖန္၊ စိတ္မပါလက္မပါၿဖင့္ အ၀တ္လဲခန္းထဲ ၀င္သြားေလသည္ ။

မိနစ္အနည္းငယ္ၾကာၿပီးသည့္ေနာက္၊ ရီမူဖန္၊
အ၀တ္လဲခန္းထဲကေန မႈန္သုန္သည့္မ်က္နွာၿဖင့္
ထြက္လာသည္ ။

ရီ၀မ္၀မ္၊ သူမ၏ေမးေစ့ကို ပြတ္သပ္လုိက္မိ၏။
သူ့အား အခ်ိန္အၾကာၾကီးၾကာေအာင္ ၾကည့္လုိက္မိရင္း ။
“အမ္၊ ဒါက ဘာလုိ့ ၾကည့္ရတာတစ္မ်ိဳးၾကီးၿဖစ္ေနတာ ပါလိမ့္”

“ဒီ၀တ္စံုက ငါနဲ့ လံုး၀မလုိက္ပါဘူးလုိ့ မင္းကို ေၿပာသားပဲ”
ရီမူဖန္၊ စိတ္ရႈပ္လာစြာၿဖင့္ ေၿပာဆိုလာၿခင္းတည္း ။

ရီမူဖန္၊ ေမးခြန္းထပ္ထုတ္လာၿပန္သည္ ။
“ညီမေလးရဲ့ေကာင္ေလးက ဘယ္လုိပံုစံမ်ိဳးလဲ။
သူ့စတုိင္က ဘယ္လုိမ်ိဳးလဲ။ နည္းနည္းေလာက္ ေၿပာၿပစမ္းပါ”

ရီ၀မ္၀မ္၊ တခနေလာက္ စဥ္းစားလုိက္ၿပီးသည့္ေနာက္၊
ၿပန္ေၿဖလာသည္။
“သူ ဘယ္လုိပံုစံလဲဆုိေတာ့…သူ ရုပ္ေခ်ာတာက ကိုကိုေခ်ာတာရဲ့ အဆတစ္ရာေလာက္ ရွိေလာက္တယ္”

ရီမူဖန္၏မ်က္နွာမွာ ခ်က္ခ်င္းဆုိသလုိ အိုးဖင္အလားနွယ္ မည္းတူးသြားေတာ့ေလၿပီ ။
“ၾကီးၾကီးက်ယ္က်ယ္ေတြ ေလ်ွာက္ေၿပာ။ လွ်ာၿဖတ္ခံရမွာ မေၾကာက္ဘူးလား”

ရီ မိသားစုသည္ကား မ်ိဳးရုိးဗီဇ ေကာင္းလွပါ၏ - မိသားစု၀င္တစ္ေယာက္ခ်င္းစီတုိင္းသည္ ရုပ္ေခ်ာၾကသည္ခ်ည္း ။ အထူးသၿဖင့္ သူမ၏ဤအစ္ကုိပင္ ။ သူသည္ကား ဟုိးငယ္ငယ္ေလးကတည္းပင္ ေခ်ာေမာလြန္း ခဲ့သည္ပင္ ။ ထုိ့ေၾကာင့္ သူမ၏ခ်စ္သူသည္ ရုပ္ေခ်ာပါသည္ ဟု သူမ ေၿပာလုိက္ပါက သူ ယံုၾကည္ေကာင္း ယံုၾကည္ေပ လိမ့္မည္ ။ သုိ့ေသာ္ သူူမေလးသည္ သူမ၏ခ်စ္သူမွာ သူ့ထက္ အဆတစ္ရာပိုေခ်ာသည္ဟု ေၿပာလုိက္ေလရာ - ဒါ နည္းနည္းေလးေတာ့ မလြန္လြန္းဘူးလား။

                           💖💖💖💖💖💖

စာစဥ္ ၂၇၊ အခန္း ၄။  ရည္းစားရွိတယ္

ရီ၀မ္၀မ္၊ ရွင္းၿပဖုိ့ ၾကိဳးစားမေနေတာ့။
“ဒါဆုိ ဒါကုိ ယူလုိက္။ ၀တ္ၾကည့္စရာ မလုိေတာ့ဘူး။
ဘာပဲၿဖစ္ၿဖစ္ သူက ဘယ္၀တ္စံုနဲ့မဆုိ ေခ်ာၿပီးသား”

ရီမူဖန္ ။  “…”

သူမဆီကေန ငါမ်က္နွာသာအေပးမခံလုိက္ရတဲ့အတုိင္း
ဘာလုိ့ ၀မ္းနည္းမိသလုိ ခံစားေနရပါလိမ့္။

အတိတ္တုန္းက သူ၏ညီမေလးသည္ သူ့ေနာက္ တေကာက္ေကာက္ လုိက္ကာ  “ကုိကုိက အေခ်ာဆံုး” ဟု တတြင္တြင္ေၿပာခဲ့ဖူးသည္ ။ သို့ေသာ္၊ ယခုတြင္ေတာ့ သူမေလးသည္ ထိုလူရုိင္းၾကီးအား သူ့ထက္အဆတစ္ရာ ပိုေခ်ာသည္ဟုပင္ ေၿပာလာၿပီတဲ့လား။

၀တ္စံုရၿပီးသည့္ေနာက္၊ ရီ၀မ္၀မ္သည္ တစ္ေနရာရာကုိ ကားေမာင္းသြား၏။

“ငါတုိ့ အခု ဘယ္သြားၾကမလုိ့လဲ”
ရီမူဖန္သည္ကား စိတ္ရႈပ္ေထြးလုိ့ေနေလၿပီ ။

“ေရာက္ရင္ သိလိမ့္မယ္”

ဆယ္မိနစ္အၾကာတြင္၊ ရီ၀မ္၀မ္သည္ အင္ပါရီယာၿမိဳ့ေတာ္ ထဲက တစ္ခုတည္းေသာ Pagani ကားၿပခန္းတြင္ ကားရပ္လုိက္၏။

ရီ၀မ္၀မ္ ေရာက္သြားသည္နွင့္ ေႏြးေထြးၿပီးပ်ဴငွာသည့္ အေရာင္း၀န္ထမ္း တစ္ေယာက္သည္ ခ်က္ခ်င္းပင္
သူမအား လာၾကိဳဆိုေတာ့သည္ ။
“သခင္မေလး ရီ၊ ေရာက္လာၿပီလား။ ၀င္လာခဲ့ပါ။ သူက…”

“က်ြန္မရဲ့အစ္ကို”

“မဂၤလာပါ၊ သခင္ေလး ရီ” အေရာင္း၀န္ထမ္းမွာ သူ၏ေခ်ာေမာ ခန့္ညားေနမႈကို ၿမင္မိသြားသည္နွင့္
ခနခန ခုိးခုိးၾကည့္ေနရာကေန သူ့အား ၿမန္ၿမန္ဆန္ဆန္ နႈတ္ဆက္လာ၏။

“မဂၤလာပါ…”
ရီမူဖန္သည္ ရီ၀မ္၀မ္၏အေနာက္ကေန ပါလာသည္မုိ့ အေရာင္း၀န္ထမ္းေလး ဘာေတြၿဖစ္ေနသလဲဆုိသည္ကို ေကာင္းေကာင္းသိမိသည္ပင္ ။

“ကား ေရာက္လာၿပီလား” ရီ၀မ္၀မ္၊ ေမးလိုက္ၿခင္း ။

အေရာင္း၀န္ထမ္းေလးမွာ အသိၿပန္၀င္သြားေတာ့ၿပီး၊
ၿမန္ၿမန္ဆန္ဆန္ပင္ ေၿဖလာသည္ ။
“ဟုတ္ကဲ့ ေရာက္ေနပါၿပီ။ ဒီမွာ ခနထိုင္ၿပီး ေစာင့္ေပး ပါဦးေနာ္” ဒီေနာက္၊ အေရာင္း၀န္ထမ္းေလးသည္ လုပ္စရာရွိတာလုပ္ဖုိ့အတြက္ ထြက္သြားသည္။

ရီ၀မ္၀မ္သည္ ကားနွင့္ပတ္သက္သည့္လုပ္ရုိးလုပ္စဥ္တုိ့ကုိ လုပ္ၿပီးသြားသည္နွင့္ ၀န္ထမ္းတစ္ေယာက္သည္ အသစ္စက္စက္ အနီေတာက္ေတာက္ Pagani ကားတစ္စီးကို ေမာင္းခ်လာသည္ ။
ကားအမုိက္စားတစ္စီးကို ေတြ့လုိက္သည္နွင့္ ရီမူဖန္၏မ်က္လံုးတို့ လင္းထိန္သြားေတာ့သည္ ။

ကားေတြကို ခ်စ္ၿမတ္နုိးၿခင္းမွာ ေယာက်ာ္းတစ္ေယာက္၏ သဘာ၀ပင္ မဟုတ္ပါေလာ။ သူ၏အနွစ္သက္ဆံုးေသာစူပါကားအမ်ိဳးအစားသည္ Pagani ၿဖစ္သလုိ၊ အေရာင္သည္လညး္ သူ့အၾကိဳက္နွင့္ အံကိုက္ပင္။

ရီ၀မ္၀မ္၊ ကားေရွ့ရပ္ေနရာမွ ရီမူဖန္ဘက္သုို့ လွည့္လုိက္ကာ ။
“စမ္းေမာင္းၾကည့္”

ရီမူဖန္၊ မင္သက္သြားရေတာ့ၿပီ ။
“ဟမ္”

“ဒါ ကိုကို့အတြက္”

“ဘာ ?!” ရီမူဖန္၏မ်က္နွာတစ္ခုလံုးတြင္ အံ့ၿသမႈတုိ့အထင္းသားေပၚလာ၏။

“ငါ…ငါ့အတြက္”

ဒီနွစ္ေတြမွာ သူသည္ တစ္ပတ္ႏြမ္း Buick ကားကိုသာ စီးခဲ့ရ၏။ အရႈံးသမားတစ္ေယာက္အၿဖစ္ အခ်ိန္အၾကာၾကီး ေနလာခဲ့ၿပီး သည့္ေနာက္၊ စူပါကားတစ္စီး ေမာင္းရသည့္ခံစားခ်က္ကိုပင္ ေမ့လုေမ့ခင္ၿဖစ္ေနေလၿပီ။

အဆံုးတြင္ေတာ့၊ ဒီငဆုိးမေလးက ကားတစ္စီးကို သူ့ေရွ့တည့္တည့္ ခ်ေပးလာၿပီး သူ့အတြက္ဟု ေၿပာလာေလရာ…

ရီ၀မ္၀မ္၊ ရီမူဖန္၏အသက္မဲ့ေနသည့္အမူအရာၾကီးကို တစ္ခ်က္ၾကည့္လုိက္ၿပီး၊ ေၿပာလုိက္သည္ ။
“မလုိခ်င္ဘူးလား ။ ဒါဆုိလည္း ထားလုိက္ေတာ့”

“လုိခ်င္တယ္ ! လိုခ်င္တယ္ လုိခ်င္တယ္ လုိ္ခ်င္တယ္ !”
ရီမူဖန္၊ ကားထဲလွစ္ခနဲ ၀င္ထုိင္လုိက္ေတာ့သည္နွင့္
ဇိမ္က်သည္ကို ခံစားလုိက္ရသည္ ။

ရီမူဖန္၊ ကားတံခါးကေန ေခါင္းၿပဴထြက္လာကာ၊ ေၿပာလာ၏။
“၀မ္၀မ္၊ မင္း…မင္း ငါ့ကို တကယ္ေပးတာလား။
ဒီကားက ေစ်းၾကီးတယ္”

သူသည္ ရီ မိသားစု၏သခင္ငယ္ေလး ၿဖစ္စဥ္က ၿပိဳင္ကားမ်ိဳးစံုကို ၿမင္ဖူးၿပီးသားဆုိေသာ္လည္း
ထုိအရာတုိ့မွာ ဟုိးအတိတ္က ၿဖစ္ေခ်သည္။ ဒီနွစ္ေတြအတြင္းမွာ သူ၏တစ္ပတ္ရစ္ကားအႏြမ္းေလး
သည္ ခနခနပ်က္ေနသည့္အခ်ိန္တြင္ပင္ သူ့ထံတြင္ ကားအသစ္မ၀ယ္ နုိင္ခဲ့ပါေခ် ။

ၿပန္စဥ္းစားၾကည့္လုိက္မွ ။
ထို့ေၾကာင့္ပင္ သူ အၾကိဳအပို့လုပ္ေပးခ်င္သည္ဟု ေၿပာလုိက္သည့္အခ်ိန္တုိင္း ရွန္းမန္ခ်ီသည္ အေၾကာင္းၿပခ်က္မ်ိဳးစံု ေပးေနခဲ့သည္ကိုး - သူမအေနၿဖင့္ ဒီလုိဖြတ္ခ်က္လုိက္ေနသည့္ ကားအစုတ္အား ဘယ္စီးခ်င္ပါ့ မလဲ…

ရီ၀မ္၀မ္၊ ေၿပာလာသည္ ။
“ကိုကို့ကို ညီမေလးကုမၸဏီကုိ လာခုိင္းၿပီးမွေတာ့
ကိုကို့ကို နည္းနည္းေတာ့ ေၿမွာက္စားေပးရမွာေပါ့”

ရုတ္တရက္ပင္ ရီမူဖန္၊ ၿပန္ေၿပာလာသည္။
“ကိုယ့္ညီမေလးအရင္းေခါက္ေခါက္က ကိုယ့္ကို အလုပ္ေခၚတာပဲဟာ။ အဲ့ဒီမွာ အလကားလုပ္ေပးရလည္း မမႈဘူး၊ ဟုတ္ပီလား”

ရီ၀မ္၀မ္၊ လက္ဖ်စ္တီးလုိက္၏။ ဒီေနာက္၊ ကားေသာ့တစ္တြဲနွင့္ အိမ္ထဲ၀င္မည့္ကတ္ၿပားကို ေပးလုိက္ေတာ့ၿပီး ။
“ၿပီးေတာ့ အခု ကိုကိုေနေနတဲ့ေနရာက ရပ္ကြက္မသန့္ဘူး ။
ကုမၸဏီကတုိက္ခန္းကို ေၿပာင္းလာခဲ့”

ေသာ့နွင့္ ကတ္ကို ယူလုိက္ၿပီးသည့္ေနာက္၊
အသက္ ၂၀ ေက်ာ္ေအာင္ ေနလာခဲ့ရၿပီၿဖစ္သည့္ ရီမူဖန္ ၊ ေနာက္ဆံုးတြင္ေတာ့ သင္ခန္းစာရသြားမိသည္ ။
လူတစ္ေယာက္အေပၚ အတုိင္းထက္အလြန္ေကာင္းသည္မွာ ပ်ားသကာေလာင္းထားသည့္စကားလံုးခ်ိဳခ်ိဳေလးေတြ၊ ကရုဏာတရားၾကီးမားမႈကို ၿပသေနၿခင္းေတြမဟုတ္ - အေတြးတစ္ခ်က္ပင္မတြန့္သြားဘဲ အ၀တ္အစား၀ယ္ေပး ၊ ကား၀ယ္ေပး၊ အိမ္ကတ္ေပး၊ စသၿဖင့္ ဒီလိုလက္ေတြ့လုပ္ေဆာင္ၿခင္းတုိ့သာဟု ။

“ေနာက္က်ေနၿပီ။ တုိက္ခန္းကိုပဲ တစ္ခါတည္း ေမာင္းသြားလုိက္ေတာ့”

“မင္းကေရာ” ရီမူဖန္၊ ေမးလုိက္ေလရာ။

အၿပံဳးေလးတစ္ခု ေရးေရးေပၚလာလ်က္
ရီ၀မ္၀မ္၊ ၿပန္ေၿဖလာ၏။
“ညီမေလးမွာ ခ်စ္သူရွိတယ္”

ရီမူဖန္၏မ်က္နွာ မညး္ပုတ္သြားရေတာ့သည္ ။
“ဒါက အသည္းကြဲေနတဲ့သူကို ေၿပာရမယ့္စကားဆိုတာ ေသခ်ာရဲ့လား”

ရီ၀မ္၀မ္ ။ “ကိုကို့ကို rs စာမစားခုိင္းတာနဲ့တင္ ညီမေလး အရမး္ၾကင္နာလြန္းရာက်ေနပါၿပီ”

ရီမူဖန္ ။  “…” rs စာ မစားခုိင္းရေသးဘူးတဲ့လား ။

                               💖💖💖💖💖💖

စာစဥ္ ၂၇၊ အခန္း ၅။  မုန္တုိင္းည

အခုတေလာ ရွန္းၿမိဳ့ေတာ္သည္ ၿပသနာမ်ိဳးစံုတက္ေနသည္မို့ ေၿဖရွင္းဖုိ့ရာအတြက္ စီရီဟန္ကိုယ္တိုင္ သြားေနရ၏ ။

စီရီဟန္၏အၿပင္းအထန္နာမက်န္းၿဖစ္သည့္သတင္း
ၿပန့္သြားကတည္းက ၿငိမ္းခ်မ္းသည့္ရက္ဟူ၍ မရွိ ။

သူသည္ကား ေသပင္မေသေသး။ သု့ိေသာ္၊
ဤလူေတြသည္ ထိန္းခ်ဳပ္မႈေအာက္က စတင္လြတ္ထြက္လာၾကၿပီး ၿပင္ပအဖြဲ့အစည္းေတြနွင့္ တိတ္တိတ္ေလးအဖြဲ့ဖြဲ့လာၾက၏ ။
စီရီဟန္သာ ေသသြားမည္ဆုိပါက  စီ မိသားစုသည္ မိသားစုပုိင္းပုန္ကန္မႈေတြရွိလာၿပီး စီ မိသားစုတစ္ခုလံုး ေၿပာင္းဆန္ကုန္လိမ့္ပင္ ။

စီရီဟန္ ဒီေန့ ၿပန္လာမွာမဟုတ္တာကုိ သိေနပါေသာ္လညး္၊
ရီ၀မ္၀မ္၊ က်င္းဥယ်ာဥ္သုိ့ ၿပန္သြားလုိက္ပါ၏။

ဤေနရာသည္ သူမ၏အမုန္းတီးဆံုး၊ အေၾကာက္ရြံ့ရဆံုး ေနရာၿဖစ္ခဲ့၏။ သုိ့ေသာ္၊ ယခုအခ်ိန္တြင္ သူမအတြက္ အထီးက်န္လြမ္းဆြတ္ရသည့္ ေနရာတစ္ခု ၿဖစ္လာေလၿပီ ။

မ်က္ေတာင္တစ္ခတ္အတြင္းမွာပင္ မိသားစုကလန္အစည္းအေ၀း ၿပီးသြားကတည္းက သံုးလကုန္ဆံုးလာခဲ့ေခ်ၿပီ ။

စီရီဟန္ကို ၿပန္က်န္းမာလာေအာင္ ကူညီပါမည္ဟု
အၾကီးအကဲတုိ့ကို သူမ ကတိေပးထားခဲ့သည္မဟုတ္ေလာ။
စုန့္ပိုင္ေခ်ာင္ ေၿပာသည့္အတုိင္းဆုိ သူမသည္ ညႊန္ၾကားခ်က္အတိုင္း အားလံုးလုိက္လုပ္မည္ဆုိပါက စီရီဟန္ တၿဖညး္ၿဖည္းတၿဖည္းၿဖည္းခ်င္း ေနၿပန္ေကာင္းလာနုိင္သည္တဲ့။

ဤသံုးလတာအတြင္းတြင္ စီရီဟန္၏က်န္းမာေရးသည္ ေကာင္းတစ္လွည့္ ဆိုးတစ္လွည့္ ။ သုိ့ေသာ္၊ သူ့ထံတြင္ ဆုိးဆုိးရြားရြားဒဏ္ရာဒဏ္ခ်က္တုိ့ မရထားသည္မုိ့ အခုခ်ိန္တြင္ တည္ၿငိမ္ေနသည္ဟု ေၿပာလုိ့ရေပသည္။ ၿပီးခဲ့သည့္ေဆးစစ္ခ်က္္နွစ္ၾကိမ္တြင္ စီရီဟန္၏က်န္းမာေရးမွာ ဆုတ္ယုတ္သည့္ အရိပ္အေယာင္မၿပခဲ့ေပေသာ္ၿငား ။

အၾကီးအကဲတုိ့သည္ သူ့အဖြဲ့နွင့္သူ အလ်ိဳလ်ိဳအၾကံအစည္တုိ့ ၿပဳလုပ္ထားၾကဆဲပင္။ သို့ေသာ္၊ ဒီသံုးလတာအတြင္းတြင္
စီရီဟန္၏ က်န္းမာေရးသည္ တၿဖည္းၿဖည္းၿပန္ေကာင္းလာ
သည္မုိ့သာ ထိုအၾကီးအကဲတုိ့ ဘာမွမလုပ္ၾကၿခင္းၿဖစ္၏။

အေရးအၾကီးဆံုးအခ်ိန္ၿဖစ္ေနသည္မို့ ရီ၀မ္၀မ္၊ အသက္ပင္ ရဲရဲမရွဴရဲပါေခ်။ အၾကီးအကဲေတြသည္ ဒီကိစၥကုိ လြယ္လြယ္နွင့္ လႊတ္ေပးမည္မဟုတ္ၾက ။ ဒီကာလအေတာအတြင္းတြင္ စီရီဟန္သည္သာ က်န္းမာေရးတစ္ခုခု ၿဖစ္သြားခဲ့ပါက
သူတုိ့အတြက္ ဆင္ေၿခၿပစရာတစ္ခု ၿဖစ္သြားေပလိမ့္မည္ ။

ရီ၀မ္၀မ္၊ သူ့အား စိတ္ပူမိလ်က္ ရႊီရီထံ စာတစ္ေစာင္ ပို့လုိက္ေတာ့၏။

[သူ့က်န္းမာေရး ဘယ္လုိေနလဲ။ အားလံုးအဆင္ေၿပရဲ့လား]

အခ်ိန္အၾကာၾကီးၾကာသည့္တုိင္၊ ရႊီရီ စာၿပန္မလာ -
သူ အရမ္းအလုပ္ရႈပ္ေနလုိ့ၿဖစ္မွာပါေလ။

ရီ၀မ္၀မ္၊ ေမွာင္မုိက္မုိက္ညေကာင္းကင္ကို ၿပတင္းေပါက္ကေန ေငးေမာၾကည့္လုိက္၏ ။
ရွန္း ၿမိဳ့ေတာ္မွာ ေနာက္ထပ္အိပ္ေရးပ်က္တဲ့ညေတြ ထပ္ရေနမွာကို စိုးမိတယ္။

ဒီေနာက္၊ ဧည့္ခန္းထဲက ဆုိဖာေပၚ မွီခ်လုိက္ေတာ့၏။
သူမ အလုပ္လုပ္ရင္းလုပ္ရင္းၿဖင့္ ၿပန္စာကို ေစာင့္ေန ခဲ့သည္။ သုိ့ေသာ္ကား၊ ၿပန္စာ မလာ ။

အခ်ိန္တစ္ခု ကုန္လာၿပီး ညဥ့္နက္စပင္ ၿပဳလာေခ်ၿပီ။
အၿပင္ဘက္တြင္ ပုစဥ္းရင္ကြဲေကာင္တုိ့ စတင္အသံၿပဳလာၾကသလုိ အခန္းထဲသုိ့ ေအးစက္စက္ေလတုိ့ စိမ့္၀င္လာေနၾကေလၿပီ ။

ရီ၀မ္၀မ္၊ ဘယ္လုိမွ ဆက္ကာအာရံုစိုက္နုိင္ၿခင္း မရွိေတာ့ ။ သူမ၏အလုပ္ကိစၥအစီအစဥ္တုိ့ကိုသာ ၿပန္ၿပင္လုိ့ေနရင္း
စိတ္ေလးလံကာ ေၾကာင္အမ္းအမ္းၿဖင့္ ေငးေမာမိေန၏။

ရီ၀မ္၀မ္၊ ညဥ့္နက္ေနသည္ကိုပင္ သတိၿပဳမိၿခင္းမရွိေပ ။ ၿခံ၀င္းအ၀င္ေပါက္တြင္ ရင္းနွီးေနၿပီးသားအနက္ေရာင္ကားတစ္စီးသည္ အသံမထြက္ဘဲ တၿငိမ့္ၿငိမ့္နွင့္ ၿပန္ေရာက္လာသည္ ။

ရီ၀မ္၀မ္သည္ကား အခုထိ အိပ္ရာ၀င္ၿခင္း မရွိေသး။
ထို့ေၾကာင့္၊ အိမ္ေစသည္ သူမအား တုိးတုိးေလး သတိေပးလာသည္။
“သခင္မေလး ၀မ္၀မ္၊ သခင္ေလး ၉ ကို ေစာင့္ေနတာလား ။ သခင္ေလးက အလုပ္ကိစၥနဲ့ ခရီးထြက္သြားတယ္။
ေစာေစာၿပန္ေရာက္မွာ မဟုတ္ဘူး။ သခင္မေလး ေစာေစာသြားနားလုိက္ပါလား - အရမ္းညဥ့္နက္ေနၿပီ”

အိမ္ေစ၏သတိေပးစကား ၾကားလုိက္ရေတာ့မွပင္
ရီ၀မ္၀မ္၊ ညဥ့္သန္းေခါင္ေရာက္ေနၿပီကုိ သတိၿပဳမိသြား၏။
ထို့ေၾကာင့္၊ သူမ ေရခ်ိဳးကိုယ္လက္သန့္စင္ဖုိ့ရာ ၿမန္ၿမန္ထ လုိက္ရင္း။

“သိၿပီ။ မင္းတုိ့လည္းပဲ သြားနားေတာ့”

ရီ၀မ္၀မ္၊ သူမ၏အေပၚထပ္အက်ီၤကို ပုခံုးေပၚ ဆြဲတင္လုိက္ၿပီး
ဇာတ္ညႊန္းကို ခ်လုိက္ကာ မတ္တပ္ရပ္လုိက္ခ်ိန္ ။

သူမ မတ္တပ္ရပ္လုိက္သည့္အခုိက္၊
ၾကီးမားၿပီးေလးလံလွသည့္ တံခါးမၾကီးသည္ ၿဖည္းၿဖည္းခ်င္း တြန္းပြင့္လာၿပီး ေအးစိမ့္လွသည့္ ညေလေအးတုိ့သည္ ခ်က္ခ်င္းဆုိသလုိအိမ္ထဲသို့ က်ဴးေက်ာ္၀င္လာၾကေတာ့သည္ ။

စီရီဟန္သည္ တံခါး၀တြင္ အနက္ေရာင္မိုးကာအက်ီၤၿဖင့္ မတ္တပ္ရပ္ေန သည္ကို ေတြ့ၿမင္လုိက္ရရာ ရီ၀မ္၀မ္၊ တအံ့တၿသ ၿဖစ္သြားရသည္ ။

သူ၏အ၀တ္အစားတုိ့ုသည္ ေလထဲတြင္ တဖ်တ္ဖ်တ္လူးလြင့္ေနလ်က္၊ သူ့မ်က္နွာထက္က ေအးစက္မႈတုိ့သည္ မိုးသည္းသည္းညတစ္ညထက္ပင္ ပိုနက္ရိႈင္းလာၿပီး သူ့ကိုယ္ေပၚကသတ္လူေငြ့လိႈင္ေနသည့္စြမ္းအင္တို့သည္
အခန္းထဲသို့ တစိမ့္စိမ့္ခ်ဥ္းနင္း၀င္ေရာက္လာေနသည္ ။

“သခင္ေလး ၉ !”

“သခင္ေလး ၉ !”

အိမ္ထဲက အေစခံအားလံုးမွာ ေၾကာက္ဒူးတုန္သြားၾကၿပီး အတန္းနွစ္တန္းၿဖစ္ေအာင္ တန္းစီလုိက္ၾကသည္ကား ၿမန္ၿမန္ဆန္ဆန္ ။ သူတုိ့တေတြကား သူ၏မ်က္နွာကိုပင္ ေမာ္ဖူးၾကည့္ရဲၿခင္း မရွိၾက ။

ရီ၀မ္၀မ္၊ အံ့ၿသေနမိလ်က္မွ ။
“ဘာလုိ့ အေစာၾကီးၿပန္လာတာလဲ။ အလုပ္ၿပီးသြားၿပီလား”

“အင္း”
သူ၊ ၿပန္ေၿဖလာသလုိ သူ၏မုိးကာအက်ီၤကို သူ့နံေဘးကအေစခံအား ေပးလုိက္၏။

သူသည္ စကားေၿပာရငး္ၿဖင့္ပင္ သူမေလးထံသုိ့ ေလ်ွာက္လာေနသည္။

                          💖💖💖💖💖💖

စာစဥ္ ၂၇၊ အခန္း ၆။ အိပ္လုိ့မေပ်ာ္ဘူးလား

ရီ၀မ္၀မ္သည္ အိမ္ေနရင္းအ၀တ္အစားတုိ့ကုိ ၀တ္ဆင္ထားပါ၏။ သူမေလးသည္ ဆုိဖာေပၚတြင္ ေၿခပလႅင္ေခြထိုင္ေနလ်က္
သူမလက္ထဲတြင္ စာရြက္စာတမ္းတစ္ထပ္ၿဖင့္ ။ သူမေလး၏အမူအရာသည္ကား ေႏြးပ်လွသည္၊ ႏူးညံ့လွသည္။ ခ်က္ခ်င္းဆိုသလုိပင္ သူ၏မႈန္ၾကဳတ္ေနသည့္၊ ေသြးဆာေနသည့္ အေရာင္အ၀ါတုိ့မွာ ေပ်ာက္ကြယ္သြားၾကရ သည္တည့္ ။

ဤညလူသည္ မသိလုိက္မိဘဲ အလင္းေရာင္ေနာက္ လုိက္ရွာေနသလုိ - စီရီဟန္၊ သူမေလးအား ေထြးေပြ့ထားလုိဟန္ၿဖင့္ အေရွ့သုိ့ ကိုင္းက်လာ၏။

သုိ့ေသာ္၊ ခ်က္ခ်င္းဆုိသလုိပင္ ၿပန္မတ္သြားေလသည္။ 
သူ့ကုိယ္ကုိ ဆြဲဆန့္လုိက္ရင္း ေၿပာလာသည္ကား ။
“ကုိယ္ ေရသြားခ်ိဳးဦးမယ္”

သူ၏ေအးခဲေနသည့္၊ လူသတ္ေငြ့ၿဖာေနသည့္အေငြ့အသက္ တုိ့သည္ သူမေလးအား အထိတ္တလန့္ၿဖစ္သြားမိေစမွာကုိ စုိးရိမ္ၿခင္းေၾကာင့္ ၿဖစ္သည္ထင္ပ ။

သုိ့ေသာ္ၿငား၊ သူ ခါးမတ္လုိက္သည့္အခုိက္ပင္
သူ၏ခႏၶာကိုယ္အား သူ တစ္ခ်ိန္လံုုးလံုးေတာင့္တေနခဲ့ရ ပါသည့္ သူမေလးက ပုိက္ေထြးလာေလသည္။

အစတြင္ေတာ့ စီရီဟန္၊ ေၾကာင္အသြားရ၏။
ဒီေနာက္၊ တယုတယေလး သူမေလးအား ၿပန္ေထြးေပြ့ေပးလုိက္ရင္း ။
“ဘာလုိ့ ခုထိ မအိပ္ေသးတာလဲ”

ရီ၀မ္၀မ္၊ သက္ၿပင္းခ်လုိက္လ်က္ ။
“က်ြန္မလည္း ရွင့္ဓာတ္ကူးသြားၿပီ ထင္တယ္…”

အနားတြင္ သူ မရွိေနလ်ွင္ အိပ္မေပ်ာ္တတ္ေတာ့ပါဟု ။

စီရီဟန္၊ သေဘာမေပါက္။
သူမေလးအား ၾကည့္လာသည္ ။
“ဘာအဓိပၸာယ္လဲ”

မ်က္ခံုးတစ္ဖက္ တြန့္ကနဲၿမင့္တက္သြားေတာ့ၿပီး၊
ရီ၀မ္၀မ္၊ ေကာက္က်စ္သည့္အၾကည့္တစ္ခ်က္ ေပးလာသည္ ။
“အဲ့လုိမ်ိဳးပဲ - ကိုယ့္ဟာကုိယ္ စဥ္းစား”

ရွင္ အၿမဲဒီလုိလုပ္ေနက်။
ဒီတစ္ေခါက္ေတာ့ ရွင္ ေဖာ္တဲ့ေဆး ရွင္ၿပန္စားၾကည့္လုိက္ …ဟီး ဟီး။

တခနေလာက္ စီရီဟန္၊ စဥ္းစားလုိက္၏။
ဒီေနာက္ သူမေလးအား နက္နက္ရိႈင္းရိႈင္း
ေငးစုိက္လာၿပီး ေၿပာလိုက္သည္ ။
“ကိုယ္အနားမွာမရွိရင္ အိပ္လုိ့မေပ်ာ္ဘူးလား”

ရီ၀မ္၀မ္၊ အံ့ၿသသြားရေတာ့သည္ ။ “မယံုနိုင္စရာေကာင္းလုိက္တာ…”

သူ တကယ္ၾကီးမွန္သြားတယ္ဟ ။

မဟုတ္လို့လားဆုိသည့္ဟန္ၿဖင့္ စီရီဟန္၊ ေၿပာလာသည္ ။
“မွန္းရတာ လြယ္လြယ္ေလးပါ။
ကိုယ့္ဆီက ဓာတ္ကူးသြားၿပီလုိ့ ေၿပာခဲ့တယ္မလား”

ဒါကုိၾကားလုိက္သည့္အခ်ိန္တြင္ ရီ၀မ္၀မ္၏နွလံုးသားေလး၊
ေနာက္ထပ္တစ္ၾကိမ္ ဒုတ္ခနဲ က်ယ္ေလာင္စြာ အခုန္ၿမန္သြား ရေတာ့သည္ ။

“ဟုတ္သားပဲ။ ရႊီရီ ဘယ္မွာလဲ။
သူပါ ရွင္နဲ့ ၿပန္မလာဘူးလား”
ရီ၀မ္၀မ္၊ စီရီဟန္ဘက္သို့ လွည့္ေမးလုိက္လ်ွင္ ။

စီရီဟန္ ။ “သူ့မွာ လုပ္စရာနဲနဲ ရွိေသးတယ္”

“ေအာ္၊ ေအာ္…”
ရီ၀မ္၀မ္၊ ေခါင္းတဆတ္ဆတ္ ညိတ္လာသည္။

ဒါေၾကာင့္ ငါ့စာကုိ မၿပန္တာကိုး ။

ရွန္း ၿမိဳ့ေတာ္က စီရီဟန္၏အလုပ္အေၾကာင္းကို ထပ္ေမးခြန္းထုတ္ေန ၿခင္း မၿပဳေတာ့။ သူ့အနားက ေသေလာက္ေအာင္ေၾကာက္စရာေကာင္း သည့္ အေငြ့အသက္တုိ့ကုိ ၾကည့္ၿခင္းအားၿဖင့္ ဘယ္လုိအေၿခအေန ရွိေနသည္ကုိ သူမ အၾကမ္းဖ်င္းမွန္းနုိင္သည္ပင္ ။

“ဟုတ္သားပဲ။ ေရသြားခ်ိဳးေတာ့ေလ။ အေအးမမိေစနဲ့။
က်ြန္မ ရွင့္အတြက္ အက်ၤီသစ္တစ္ထည္ ၀ယ္လာခဲ့တယ္ -
ေရခ်ိဳးၿပီးရင္ စမ္း၀တ္ၾကည့္”
စိတ္လႈပ္ရွားစြာၿဖင့္ ရီ၀မ္၀မ္၊ ေလာေဆာ္လုိက္၏။

စီရီဟန္ ။ “ေကာင္းၿပီ”

အေပၚထပ္၊ အိပ္ခန္းထဲတြင္ ။

စီရီဟန္ ေရခ်ိဳးၿပီးသြားသည္နွင့္၊
သူ့အတြက္၀ယ္လာသည့္၀တ္စံုကို
ရီ၀မ္၀မ္ အၿမန္ပင္ ယူခ်လာ၏။

စီရီဟန္ ၀တ္လုိက္သည့္အခ်ိန္တြင္ ၊
ရီ၀မ္၀မ္၊ ကုိယ့္ကိုယ္ကို အားရေက်နပ္လ်က္ ေခါင္းတညိတ္ညိတ္ၿဖင့္ ။
“ခန့္တယ္။ က်ြန္မခ်စ္သူက ဘာ၀တ္၀တ္လုိက္တယ္။
က်ြန္မအစ္ကုိက က်ြန္မ ေၿပာတာကို မယံုဘူး”

“မင္းရဲ့အစ္ကုိ..”
အမ်ိဳးအမည္မသိရဘဲ ထူးဆန္းေနသည့္အၾကည့္တစ္ခ်က္၊ စီရီဟန္၏မ်က္နွာထက္ ဖ်တ္ခနဲလက္သြားသည္။

“ဟုတ္တယ္။ က်ြန္မရဲ့အစ္ကိုက စတုိင္လစ္အတြက္ အင္တာဗ်ဴး လာေၿဖတယ္။ ရီပုိင္ဆိုတာက သူ့ရဲ့ညီမေလးအရင္းပါဆုိတာလည္း သိသြားေရာ ၊ ဟီးဟီး၊ ရွင္ သူ့မ်က္နွာၾကီးကို ၿမင္လုိက္ရမွာ”
ရီ၀မ္၀မ္၊ ၿပံဳးရႊင္လုိ့ေနကာ ထိုေန့ကၿဖစ္ပ်က္ခဲ့သမ်ွတုိ့ကို
စီရီဟန္အား ေၿပာၿပေတာ့သည္ ။

“သူနဲ့ေရွာ့ပင္းထြက္ရင္းနဲ့ က်ြန္မ ဒီ၀တ္စံုကို ေတြ့ခဲ့တာ။
ရွင္နဲ့ဆို ေတာ္ေတာ္ေလးၾကည့္ေကာင္းမယ္ထင္တာနဲ့ ၀ယ္လာခဲ့လုိက္တယ္။ ဘယ္လုိလဲ။ ၾကိဳက္လား”

“အင္း”

ဒီေနာက္၊ အိပ္ရာေဘးနားက စီးပြားေရးကိစၥေတြကို
ၿမင္လုိက္ရေလရာ၊ ေကာက္ယူလုိက္ရင္း ။
“ဒါက ဘာလဲ”

“ဒါက…က်ြန္မ ရွင့္ကုိ အရင္က ေၿပာဖူးတယ္မလား။
ဇာတ္လမ္းတြဲတစ္ခု ရုိက္ဖို့စီစဥ္ေနတယ္လုိ့။ ဒါက အဲ့အလုပ္ကိစၥ အတြက္။ ‘ပြဲမ၀င္ခင္ ၿပင္ကက်င္းပ’ လုိ့ ေၿပာသလုိေပါ့ - ဇာတ္လမ္းစမရိုက္ခင္မွာ စပြန္ဆာတခ်ိဳ့ ရွာထားမွရမယ္ေလ”
ရီ၀မ္၀မ္၊ ရွင္းၿပလာသည္ ။

အခုတေလာတြင္ ဒီဇာတ္လမ္းတြဲအတြက္
ဒီဇာတ္ညႊန္းနွင့္ပတ္သက္ၿပီး
သူမ ေတာ္ေတ္ာအလုပ္ရႈပ္ေနခဲ့သည္ပင္ ။

သူမ၏အတိတ္ဘ၀တုန္းက သုိင္းဇာတ္လမ္းတြဲတုိ့၊ ရုပ္ရွင္ကားတုိ့ ေတာ္ေတာ္မ်ားမ်ားကို သူမ ၿမင္ခဲ့ရသည္။ သူမ၏အ့ံဖြယ္မွတ္ဥာဏ္နွင့္ ဆုိပါလ်ွင္ ေနာင္တြင္ ဟုန္းဟုန္းေတာက္ေက်ာ္ၾကားသြားနုိင္သည့္ ဇာတ္လမ္းတစ္ပုဒ္ကို သူမ ထုတ္ေပးနုိင္မည္ပင္။ ထုိ့ေၾကာင့္ ရုိက္ကူးဖုိ့ရာအတြက္ ၾကိဳၿပင္ဆင္ေနၿခင္းၿဖစ္ပါ၏။

ဒါကို လုပ္ၿခင္းၿဖင့္ တၿခားသူတုိ့ဆီက အခြင့္အေရးကုိ အသိသာၾကီး ၿဖတ္ယူပစ္နိုင္ၿပီး ေနာင္ၿဖစ္လာမည္တုိ့ကို ေၿပာင္းလဲပစ္နုိင္လိမ့္ေပမည္။ အက်ိဳးအၿမတ္ရဖုိ့အတြက္ ဒီနည္းကို အသံုးခ်ၿခင္းသည္ သူမ တကယ္ လုိခ်င္သည့္ပံုစံေတာ့ မဟုတ္ပါေခ် ။

သို့ေသာ္၊ ထူးကဲေနသည့္ဇာတ္ညႊန္းတစ္ခု ရွိေနေလသည္ ။

သူမ၏အတိတ္ဘ၀တြင္ ရီ အုပ္စု၏အင္ပါယာစကိုင္း အင္တာတိန္းမန့္ သည္ အုိင္ေဒါငယ္ငယ္ေလးေတြပါသည့္ သိုင္းဇာတ္လမ္းတြဲတစ္ခုကို ရုိက္ကူးခဲ့၏။ ထုိဇာတ္လမး္သည္ တရုတ္တစ္နုိင္ငံလံုးကို ဟုန္းဟုန္းေက်ာ္သြားခဲ့ေခ်၏။

                           💖💖💖💖💖💖

စာစဥ္ ၂၇၊ အခန္း ၇။ စိတ္ဆုိုးေနေသာ သခင္ေလး ၉

ထိုသိုင္းဇာတ္လမ္းတြဲက လူတို္င္းပင္၊ သရုပ္ေဆာင္ေတြက ေန ထုတ္လုပ္ေရးအဖြဲ့ထိ နာမည္ၾကီးသြားခဲ့ၾက၏။ စံခ်ိန္ေတြအမ်ားၾကီး ခ်ိဳးပစ္ခဲ့ၿပီး အာရွ၏လူငယ္အုိင္ေဒါဇာတ္လမ္းဟူ၍ နာမည္ၾကီးလာခဲ့၏။ ဒီေနာက္၊ ဘာသာမ်ားစြာၿပန္ဆုိၾကကာ နုိင္ငံအသီးသီးတြင္
ထုတ္လႊတ္ၿပသခဲ့ၾကသည္ထိပင္ ။

သုိ့ေသာ္လည္း၊ ဒီဇာတ္လမ္းတြဲကိုေရးသည့္ ဇာတ္ညႊန္းေရး သူ၊
ရႊီလင္းမွာမူ အတိဒုကၡေရာက္လ်က္ အဆံုးသတ္သြားခဲ့ရသည္ ။

ရႊီလင္း၏အၿဖစ္သည္ ရီမူဖန္နွင့္ တစ္မ်ိဳးဘာသာဆင္တူေပ သည္ - သူသည္ အင္ပါယာစကိုင္း၏ေရႊတံဆိပ္ဆုပုိင္ရွင္ ဇာတ္ညႊန္းေရးဆရာၾကီးတန္က်န္းရွင္း၏ တပည့္ေက်ာ္ ။

အခ်က္အလက္အရဆုိပါက ထိုေရႊဆုမ်ားပိုင္ရွင္ ဇာတ္ညႊန္းေရးဆရာၾကီး ထုတ္ေပးခဲ့သည့္ နာမည္ၾကီးၿပီး ဆန္းၾကယ္သည့္ဇာတ္ညႊန္းတုိ့မွာ သူ၏တပည့္ေက်ာ္၊ ရႊီလင္း၏လက္ထဲကေန ထြက္လာၾကၿခင္းပင္ ။

ဇာတ္ညႊန္းေရးဆရာေလာကတြင္ ဇတ္ညႊန္းေရးဆရာမ်ား ထံတြင္ သူတုိ့၏အလုပ္သင္ေလးမ်ား ရွိေနတတ္သည္မွာ မထူးဆန္းတတ္ ။ နာမည္မရွိေသးသည့္ ဇာတ္ညႊန္းေရးဆရာေပါက္စေလးတုိ့သည္ ထရိန္နင္ဆင္းသည့္သေဘာၿဖင့္ ဆရာၾကီးေတြဆီကေန ပညာယူၾကသည့္အေနၿဖင့္ သူတုိ့အတြက္ ေနာက္ကြယ္ကေန ဇာတ္ညႊန္းတခ်ိဳ့ ေရးေရးၿပီးၿပၾကသည္မွာ မထူးဆန္း ။

ရႊီလင္း၊ သူ၏ဒရမ္မာနွစ္ကားစလံုး အေအာင္ၿမင္ၾကီး ေအာင္ၿမင္မႈ ရသြားခဲ့ၾကၿပီသည့္ေနာက္ ေနာက္ကြယ္ကေန ေရးပို့ေပးရေနသူအၿဖစ္ သူ ထပ္မၿဖစ္လုိေတာ့ ။ ဒီတစ္ခ်ိန္တြင္မူ သူ၏စာေရးဆရာမူပိုင္ခြင့့္အတြက္ ေတာင္းခံစာပုိ့လိုက္ေတာ့၏။ ထုိအခ်ိန္တြင္
တန္က်န္းရွင္းနွင့္ အင္ပါယာစကိုင္းသည္ သေဘာမတူၿခင္းမရွိခဲ့ ။ သို့ေသာ္၊
တတိယဇာတ္လမ္းတြဲ ထြက္လာသည့္အခါတြင္လည္း
သူ့အား နာမည္ေကာင္းေပးလာၿခင္း မရွိၿပန္။
ေလ်ာ္ေၾကးဟုဆုိကာ သူ့အား ေဒၚလာသံုးေသာင္းမ်ွသာလွ်င္ ေပးလာခဲ့ၾက၏…

ရႊီလင္း၊ ဒီတုိင္းထုိင္ၿပီး အနုိင္က်င့္မခံလုိေတာ့။
ကိုယ့္ေၿခေထာက္ေပၚကိုယ္ ရပ္တည္ေတာ့မည္ဟု စိတ္ပုိင္းၿဖတ္လုိက္ေတာ့ၿပီး သူ၏ဇာတ္လမ္းတြဲအသစ္ အတြက္ ေနာက္ကုမၸဏီတစ္ခုနွင့္ အလုပ္တြဲလုပ္ဖုိ့ ရွာေဖြေတာ့သည္။

ရႊီလင္းသည္ အရင္က တန္က်န္းရွင္းအား
အလြန္အက်ြံေလးစားၿပီး ယံုၾကည္အားကိုးခဲ့ေလသည္။
သူသည္ ထြက္မလာခင္မွာ ဇာတ္ညႊန္းသစ္ကို ပို့ေပးခဲ့မိေလ၏။

တန္က်န္းရွင္းနွင့္အင္ပါယာစကိုင္းသည္ မည္မ်ွအရွက္မဲ့ သည္ကုိ
ရႊီလင္း၊ ေပါ့တန္တန္ေနခဲ့မိသည္ကား အသိသာပင္ ။

တန္က်န္းရွင္းသည္ ဇာတ္ညႊန္းကို ၾကိဳတင္ပုိ့ေပးလုိက္ၿပီး စာရင္းသြင္းထားလုိက္၏ ။
ဤသည္မွာ ရႊီလင္း၏လက္ရာ ၿဖစ္ေၾကာင္းကို အင္ပါယာစကိုင္းက ေကာင္းေကာင္းသိေနပါ၏။ သို့ေသာ္၊ ဤေရႊတံဆိပ္မ်ားဆုရွင္ ဇာတ္ညႊန္းေရးဆရာၾကီး တန္က်န္းရွင္း၏ဂုဏ္သိကၡာကို ငဲ့ၿပီး သူနွင့္ ပူးေပါင္းဖုိ့ ေရြးခ်ယ္လုိက္ၾကကာ ဤဇာတ္လမ္းတြဲကို ၿမန္နိုင္သမ်ွၿမန္ၿမန္ ရို္က္ကူးခဲ့ၾက၏ ။

ထုိအခ်ိန္တြင္၊ ရႊီလင္းသည္ကား သူ၏ဇာတ္လမ္းတြဲအသစ္ကုိ ရုိက္ရင္းလက္စ ။ ထိုအခ်ိန္၊ တန္က်န္းရွင္းနွင့္အင္ပါယာစကုိင္း၏ အရိုက္ခ်ခံလုိက္ရ ေတာ့သည္ ။ သူတုိ့ုသည္ မူပိုင္ခြင့္နွင့္ပတ္သက္ၿပီး သူတုိ့၏ဇာတ္ညႊန္းကို ခုိးယူသြားခဲ့ပါသည္ဟု တရားစြဲၾကေတာ့၏။

သူသည္ကား တန္က်န္းရွင္းထက္ စာရင္းသြင္းေနာက္က်သြား ခဲ့သည္ၿဖစ္ရကား၊ ရႊီလင္းထံတြင္ မည္သည့္အေၾကာင္းၿပခ်က္မွ ၿပလုိ့မရေတာ့ေပ။
သူ လုပ္နုိင္သည္မွာ အရွက္တရားတုိ့ကုိ ေပြ့ပိုက္ကာ ေနာက္သို့တပ္ၿပန္ေခါက္သြားေပးရရံုသာ။
သူ့ဆီကေန သူ့အလုပ္ေတြကို တကယ္ခုိးယူူထားခဲ့ၾကသည့္ ထုိလူေတြသည္ကေတာ့ တထပ္ခ်င္းတထပ္ခ်င္း နာမည္ဂုဏ္သတင္းတုိ့ ၿမင့္သထက္ၿမင့္၊ တင့္သထက္တင့္လုိ့လာၾကေလသည္…

ဤဇာတ္လမ္းတြဲသည္ ၾကာပန္းတစ္ရာဆုကို ဆြတ္ခူးလိုက္ရ သည့္ေန့တြင္ ရႊီလင္း၊ ကိုယ့္ဘာသာကို မီးထဲ၀င္သတ္ေသ သြားေတာ့၏။

ရီ၀မ္၀မ္၊ ကုန္ရႊီအား ေပးခဲ့သည့္ဇာတ္ညႊန္းမွာ တရုတ္တစ္နုိင္ငံလံုးတြင္ လ်ွမ္းလ်ွမ္းေတာက္ေပါက္သြား ခဲ့သည့္ဤဇာတ္ညႊန္းနွင့္ တစ္ေထရာတည္း ။
ဤဇာတ္ညႊန္းကို သူမ၏မွတ္ဥာဏ္ထဲက မွတ္မိထားသည့္အတုိင္း ခ်ေရးထားခဲ့ၿခင္းပင္ ။

ဤဘ၀တြင္၊ သူမ၏တြက္ခ်က္မႈအရဆုိ ရႊီလငး္သည္ ဤဇာတ္လမ္းတြဲကို ေရးလုိ့ၿပီးဦးမည္မဟုတ္ ။
သူမ အြန္လုိင္းတြင္ ရွာေဖြၾကည့္ရသေလာက္
ဤဇာတ္ညႊန္းကို စာရင္းသြင္းထားၿခင္း မရွိေသး ။

သူမသည္ သူမ မွတ္မိသေလာက္ကုိးကားၿပီး
ဇာတ္ညႊန္းေရးထားခဲ့သလုိ
အားလံုးထက္ေစာၿပီး စာရင္းသြင္းထားခဲ့ေလသည္။

“သားေကာင္ကုိသာ လုိက္ေနတဲ့မုဆိုးက
သူကုိယ္တုိင္ သားေကာင္ၿပန္ၿဖစ္ေနသည္ကို မသိ” သလုိ ။

သူမသည္ အင္ပါယာစကိုင္းကို ေခ်မႈန္းပစ္နုိင္ရံုုသာမက
ရႊီလင္းကိုပါ သူမအေတာင္နွစ္ဖက္ေအာက္ ေခၚယူပစ္ မည္ပင္….

သူမေလး ေၿပာလာသည္ကို စီရီဟန္ ၊ နားေထာင္လုိ့ေနရင္း စီးပြားေရးအစီအစဥ္ဆုိသည္ကို လွန္ေလွာၾကည့္လုိ့ေန၏။ သူ့ၾကည့္ရသည္ကား ေတာ္ေတာ္ေလးစိတ္မေပ်ာ္ရႊင္ေလ ဟန္။

တခနအၾကာတြင္ သူ၊ ေခါငး္ေမာ့လာကာ
ရီ၀မ္၀မ္အား ၾကည့္လုိက္ၿပီး ။
“စပြန္ဆာ ေခၚဖုိ့ ?”

ရီ၀မ္၀မ္၊ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္လုိက္မိ၏။
“ဟုတ္တယ္ရယ္။ စပြန္ဆာမရွိဘဲန့ဲ ဘယ္လုိလုပ္ၿပီး ဇာတ္လမ္းတြဲ ရိုက္လုိ့ရမွာလဲ။ စဥ္းစားၾကည့္လုိက္ေတာ့ ဒီသိုင္းဇာတ္လမ္းတြဲအတြက္ ရင္းနွီးၿမွဳပ္နွံေပးခ်င္တဲ့ ကုမၸဏီသူေဌးေတြက နည္းနည္းေလာက္ပဲ ရွိတယ္။ စပြန္ဆာရနုိင္ဖုိ့ အခြင့္အေရးက ေတာ္ေတာ္ေလးၿဖစ္နုိင္…”

ရီ၀မ္၀မ္ ေၿပာဆိုေနစဥ္မွာပင္ စီရီဟန္၏မ်က္နွာမွာ
ပိုလုိ့ပင္ မည္းေမွာင္လာေတာ့သည္ ။
တခနၾကာၿပီးသည့္ေနာက္၊ သူ ၿပန္ေၿပာလာသည္ ။
“ဒီလိုလား”

ရီ၀မ္၀မ္၊ ေနာက္ဆံုးတြင္ေတာ့မွ တစ္ခုခုမူမမွန္သည္ကုိ သတိၿပဳမိသြားသည္။

သူ့အသံက ဘာလုိ့နညး္နည္း တမ်ိဳးၾကီးၿဖစ္ေနတာလဲ။

ခုနတုန္းကပဲ အေကာင္းၾကီးပါ…

“အမ္၊ ဘာၿဖစ္တာလဲ။ ရွင္ ၾကည့္ရတာ အရမ္းမေပ်ာ္ေနသလုိပဲ”
ရီ၀မ္၀မ္၊ ၾကိဳးစားေမးလုိက္သည္နွင့္ ။

စီရီဟန္သည္ စီးပြားေရးအစီအစဥ္ဆုိသည္ကို ခ်လိုက္ေတာ့ၿပီး သူမေလးအား တည့္တည့္ၾကည့္လာသည္ ။
“ကိုယ့္ကို ဘာလုိ့မေမးတာလဲ”

သူ ေၿပာသည္ကို သေဘာေပါက္သြားေတာ့ၿပီး
အံ့ၿသၿခင္းအတိ ၿဖစ္သြားရေတာ့သည့္ ရီ၀မ္၀မ္ ။
“ဟမ္ ။ ရွင့္ကို…ရွင့္ကို ေမးရမယ္”

ဤသုိ့စိတ္ကူးမ်ိဳး တစ္မႈန္တစ္စမ်ွပင္ ရီ၀မ္၀မ္၏အေတြး ထဲတြင္ မရွိေနဟန္ရသည္ကို ၿမင္လုိက္ရေလရာ၊ ရုတ္ၿခည္းဆိုသလုိပင္ စီရီဟန္၏မ်က္နွာမွာ တိမ္စိုင္ၾကီးေတြ အုပ္မိႈင္းလာေတာ့သည္ ။ “ဘာလဲ”

ငါ့ကိုက် ဘာလုိ့မေမးတာလဲ။

မ်က္စိိေရွ့မွာ ငါ့လုိ ေရႊေတာင္ၾကီးရွိေနရဲ့သားနဲ့ စပြန္ဆာရဖုိ့
တၿခားလူေတြကို လုိက္ရွာခ်င္ေနေသးတယ္လား ။

                          💖💖💖💖💖💖

စာစဥ္ ၂၇၊ အခန္း ၈။ ဒီေရႊေတာင္ၾကီးက တူးရခက္တယ္

ရီ၀မ္၀မ္မွာ တံေတြးပင္ ဂလုခနဲ ၿမိဳခ်မိေတာ့ၿပီး ဂရုတစိုက္စြာၿဖင့္ ေၿပာဆိုလာသည္။
“အမ္…ဒါေပမယ့္ ရွင္ အရင္က စည္းကမ္းထုတ္ထားတယ္ေလ။ က်ြန္မလြတ္လြတ္လပ္လပ္ေနရဖုိ့အတြက္ဆုိ
ရွင့္ဆီက ဘာကိုမွ မေတာင္းဆုိရဘူးဆုိ”

ၿပန္ေၿပာငး္ေၿပာရပါက သူမေလးသည္ အၿပင္ဘက္ကမာၻကို ထြက္လုိက္သည္နွင့္ ဒဏ္ရာဆုိးဆုိး၀ါး၀ါးရလာၿပီး သူ့နံေဘးၿပန္လာကာ သူ့အား ငုိယိုအကူအညီေတာင္း လာလိမ့္မည္ဟု စီရီဟန္ ေသခ်ာထားခဲ့ ၿခင္းပင္။

သို့ေသာ္၊ အဆံုးသတ္တြင္…

ကုိယ့္ေသတြင္းကိုယ္သာ ထပ္တူးမိၿပန္သည့္ မေကာင္းဆုိး၀ါးၾကီး ။ “…”

စီရီဟန္၏ပါးလ်သည့္နႈတ္ခမ္းလြႊာေလးတုိ့သည္ တေၿဖာင့္တည္း ၿဖစ္သြားရသည္။ တခနၾကာၿပီးသည့္ေနာက္၊ ဘာအမူအရာမွၿပၿခင္းမရွိ၊ သူ ေၿပာလာသည္ ။
“ကိုယ့္ကို ေၿဖာင္းဖ်ဖုိ့ ၾကိဳးစားၾကည့္ေလ”

ေဘးကဆိုဖာေပၚထိုင္ခ်လုိက္ရင္း၊
သူမေလးအား ၾကည့္လာကာ ဆက္ေၿပာလာသည္ ။
“ကိုယ္ စိတ္ေၿပာင္းခ်င္ေၿပာင္းမွာေပါ့”

ရီ၀မ္၀မ္ ။ “…”

စီရီဟန္က သူေၿပာၿပီးသားစကားကို ၿပန္ရုတ္သိမ္းေပးမယ္တဲ့လား။

ဘာပဲၿဖစ္ပါေစ။ စီရီဟန္ကို အသံုးခ်ၿခင္းသည္ အၾကံဆိုးေတာ့ မဟုတ္။ သူမသည္သာ စီရီဟန္ကို ပြဲထုတ္နုိင္ပါက တၿခားေသာရင္းနွီးၿမွဳပ္နွံသူ ေတြ ရလာဖုိ့ဆုိသည္မွာ ေအ၊ ဘီ၊ စီ ေရးသေလာက္သာ ရွိေတာ့မည္ ။

ထုိ့ေၾကာင့္၊ ရီ၀မ္၀မ္ ေခ်ာင္းအသာဟမ့္လုိက္ေတာ့ကာ။
“ေကာင္းၿပီေလ၊ ဒါဆုိ…က်ြန္မ စၿပီေနာ္”

စီရီဟန္ ။ “…”

ဤရင္းနွီးၿမွဳပ္နွံမႈရလာဖုိ့ရာအတြက္ ရီ၀မ္၀မ္ စီစဥ္ေနသည္မွာ အခ်ိန္အၾကာၾကီး ၾကာလွေပၿပီ။ ထို့ေၾကာင့္ ခင္းၿပီးသားလမ္းမေပၚ ေလ်ွာက္ရသလုိနွယ္ သူမေလး ေခ်ာေခ်ာေမြ့ေမြ့ ေၿပာထြက္နုိင္ေပသည္။

“အရင္ဆံုး က်ြန္မတုိ့ရဲ့ေနာက္ခံဘက္ဂေရာင္း - ဒက္ဇလင္းမီဒီယာက ကမာၻ့အင္တာတိန္းမန့္ရဲ့ကုမၸဏီခြဲတစ္ခု ၿဖစ္တယ္။ က်ြန္မတုိ့မွာ ေနာက္ခံအင္အား ေတာင့္တယ္၊ လူအားေငြအားအမ်ားၾကီး ရွိတယ္၊
ၿပီးေတာ့ အဆက္အသြယ္ေတြ က်ယ္ၿပန့္တယ္။ ဒီဇာတ္လမ္းတြဲအတြက္ လူအား၊ ေငြအားကို က်ြန္မ လုိသေလာက္သံုးေပးလုိ့ရတယ္….”

စီရီဟန္၊ လံုး၀ပင္ အၿဖားေယာင္းခံလုိက္ရဟန္မတူ။
ေခါင္းေလးသာ အသာယိမ္းၿပလာသည္ ။

ရီ၀မ္၀မ္၊ အရႈံးမေပးပါေခ်။ သူမ ဆက္ေၿပာလုိက္၏။
“ဒုတိယအခ်က္၊ သရုပ္ေဆာင္ - လတ္တေလာမွာ က်ြန္မတုိ့ ေရြးခ်ယ္ ထားတဲ့သရုပ္ေဆာင္က အခုတေလာ နာမည္အေက်ာ္ၾကားဆံုးလူငယ္ သရုပ္ေဆာင္ၿဖစ္တဲ့ ကုန္ရႊီ။ ကုန္ရႊီရဲ့သရုပ္ေဆာင္အရည္အခ်င္းက အၿပင္းအထန္ အေ၀ဖန္ခံေနရတယ္ ဆုိေပမယ့္လုိ့ အခုတေလာ
သူ့အတြက္ ပေရာ္ဖက္ရွင္နယ္ထရိန္နင္ေတြ စီစဥ္ေပးထား တယ္။ အေရးအၾကီးဆံုးကေတာ့ ဒီဇာတ္ညႊန္းက သူနဲ့ အရမ္းကုိ လိုက္ဖက္ တာပဲ။ ဒီဇာတ္လမ္းတြဲက ကုန္ရႊီအေပၚ လူေတြၿမင္ေနၾကတဲ့အၿမင္ကို ေၿပာင္းလဲေပးနုိင္ၿပီးေတာ့ သူ့ရဲ့နာမည္ဆိုးကို ေခ်ဖ်က္ေပးနုိင္ေစမယ့္ အဓိကေသာ့ခ်က္ တစ္ခုၿဖစ္လာလိမ့္မယ္လုိ့ က်ြန္မ ယံုၾကည္တယ္။
အခု၊ ဒီထုတ္လုပ္ေရးနဲ့ပတ္သက္ၿပီး ေၿပာတာ လံုေလာက္ပါၿပီ….”

စီရီဟန္၊ အမူအရာကင္းမဲ့ေနဆဲပင္။
ကုန္ရႊီ၏နာမည္ကုိ ၾကားလုိက္သည့္အခ်ိန္
မ်က္ခံုးတုိ့ပင္ တြန့္ၾကဳတ္လာေတာ့သည္ ။

ေကာင္းေရာပဲ။
ဒီေလာက္အၾကာၾကီးၾကိဳးစားလာရတာ၊
အမွတ္မရတဲ့အၿပင္ ရွိထားတဲ့အမွတ္ေလးပါ ေလ်ာ့သြားၿပီ။

ရီ၀မ္၀မ္၊ ကုန္ရႊီအေၾကာင္း ထပ္စကားစရဲၿခင္းမရွိေတာ့။
လ်င္လ်င္ၿမန္ၿမန္ပင္ အေၿခအေနတုိးတက္လာဖုိ့ ၾကိဳးစားလုိက္၏။
“တတိယအခ်က္၊ ဇာတ္ညႊန္း - အခုေခတ္မွာ စပြန္ဆာေပး တဲ့သူေတြက ထုတ္လုပ္ေရးအဖြဲ့နဲ့ ရုပ္ရွင္အဖြဲ့သားေတြကိုပဲ ၾကည့္ၾကတယ္။
ဇာတ္ညႊန္းကို ဖတ္ၾကည့္တယ္ဆုိတာက ခပ္ရွားရွားပဲ။ ဒါေပမယ့္ တကယ္တမ္းက ဇာတ္ညႊန္းကမွ ဇာတ္လမ္းတစ္ပုဒ္ရဲ့အကၡရာက်တာပါ။ တုိင္းၿပည္ H နဲ့ တုိင္းၿပည္ M ရဲ့ ရုပ္ရွင္ကုမၸဏီေတြက ဇာတ္ညႊန္းကိုပဲ အၿမဲဦးစားေပးတယ္ - ဇာတ္ညႊန္းေရးဆရာေတြမွာ လုပ္ပိုင္ခြင့္အၿမင့္ဆံုးကို ကိုင္ထားၾကတယ္။ ဒါေၾကာင့္မုိ့လည္း သူတုိ့ဆီက ထြက္လာတဲ့ ဇာတ္လမ္းတြဲ ေတြက က်ြန္ေတ္ာတုိ့ ထုတ္လုိက္တဲ့ဇာတ္လမ္းတြဲေတြထက္ ပိုၿပီးေပါက္ေနတာပဲ…”

ရီ၀မ္၀မ္ ေၿပာေနသည္မွာ အာေပါက္ေတာ့မတတ္။
သို့ေသာ္၊ စီရီဟန္သည္ကေတာ့ တုတ္တုတ္မ်ွပင္ မလႈပ္ ။

ရီ၀မ္၀မ္၊ ဘာသိဘာသာ ဆြံ့အသြားရေတာ့သည္ ။
သူမ၊ ထုိစာရြက္စာတမ္းတုိ့ကို ေဘးပို့လုိက္ၿပီး
ေရခြက္ၾကီးၾကီး တစ္ခြက္ကိုယူကာ ဂလုဂလုခနဲၿမည္ေအာင္ ေသာက္ခ်ပစ္လုိက္ရေတ့ာသည္ ။

ငါ ဒီေလာက္အၾကာၾကီးၿပင္ဆင္ထားတဲ့ ဒီအခ်က္အလက္ေတြက ဒီေလာက္ေတာင္မွ ဆုိးေနတာလား ။

ဒီလုိသာဆုိ ငါ ဘယ္လုိလုပ္ၿပီး စပြန္ဆာသြားရွာရေတာ့မွာလဲ ။

သူမေလး၏စိတ္ပ်က္လက္ပ်က္ ၿဖစ္သြားသည့္အမူအရာကို
စီရီဟန္၊ ၾကည့္လုိက္ၿပီး ။“ဘာလုိ့ ဆက္မေၿပာေတာ့တာလဲ”

ရီ၀မ္၀မ္၏နႈတ္ခမ္းေထာင့္စြန္းတုိ့ ေကြးတက္သြားရေတာ့သည္ ။

ရွင့္အေဖၾကီးပဲ ဆက္ေၿပာ။
အနည္းဆံုး ရွင္ က်ြန္မကုိ မ်က္နွာအမူအရာေလးေတာ့ ၿပဦးမွေပါ့ ။

ရီ၀မ္၀မ္၊ အသက္တစ္၀ၾကီး ရွဴသြင္းလုိက္ေတာ့ၿပီး၊ ဆက္ေၿပာလုိက္သည္ ။
“ဘာပဲၿဖစ္ၿဖစ္၊ က်ြန္မ လံုး၀ ယံုၾကည္တယ္။
ဒီဇာတ္လမ္းတြဲေၾကာင့္ ရွင္ ရင္းနွီးၿမွဳပ္နွံထားတာထက္ အဆအမ်ားၾကီးရလာေစရမယ္လုိ့ ကတိေပးတယ္”

သူမ၏အတိတ္ဘ၀တုန္းက ဒီဇာတ္လမ္းတြဲတြင္ ရင္းနွီးၿမွဳပ္နွံခဲ့သည့္ ကုမၸဏီေတြသည္ ပိုက္ဆံအမ်ားၾကီးရွာနုိင္ခဲ့ၾကသည္မဟုတ္ပါလား ။

စီရီဟန္ ။ “ဒီေတာ့”

ရီ၀မ္၀မ္၊ ရင္ခံသြားရေတာ့ေလၿပီ။ စီရီဟန္၏စိတ္ပ်က္လက္ပ်က္မ်က္နွာထက္တြင္ ေရးထားသည့္အမူအရာကုိ ၾကည့္လုိက္မိပါက ။
ဒီသခင္ၾကီးက ရွာစရာမလုိေအာင္ကို ေသာက္ရမ္းခ်မး္သာ ေနၿပီးသား - ပိုက္ဆံအဆတစ္ရာပိုရွာနုိင္ေတ့ာေကာ ဘာၿဖစ္သလဲ ဟူ၍ ။

ရွင္က ပုိက္ဆံကုိ ဖြဲနဲ့ဇကြဲေလာက္ ၿမင္ေနတဲ့ဟာ။
က်ြန္မ ရွင့္ကို ရင္းနွီးၿမွဳပ္နွံလာေအာင္လုိ့ ဘယ္လုိလုပ္လုပ္နုိင္မွာလဲ ။

အဟမ္း အဟမ္း။ ရီ၀မ္၀မ္ လက္ထဲတြင္ ၀ွက္ဖဲတုိ့လည္း မရွိေတာ့။ ဒီတုိင္းသာ ေၿပာထြက္သြားမိေတာ့သည္ ။
“ဒါဆုိရင္…အင္း၊ က်ြန္မတုိ့ ကိုယ့္ရဲ့ေငြေတြကို တၿခားသူဆီ
ေရာက္သြားေအာင္ မေပးလုိက္သင့္ဘူးမလား”

ထုိစကားကုိ ၾကားလုိက္သည္နွင့္ စီရီဟန္၏ခပ္တည္တည္ မတုန္မလႈပ္ ရွိေနခဲ့သည့္အမူအရာမွာ အနည္းငယ္ေၿပာင္းလဲမႈေလးတုိ့ ၿပလာေလ၏

----

“ကိုယ့္ကုိ ေၿဖာင္းဖ်နုိင္ၿပီ”

ရီ၀မ္၀မ္ ။ …“ဟမ္”

ဒါ ဘယ္လုိေၿဖာင္းၿဖလုိက္တာလဲဟ ။ ငါ ဘာမ်ားေၿပာလုိက္မိလုိ့ ။

                            💖💖💖💖💖💖

ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘

စာစဥ္ ၂၇ ကို တစ္ခါထဲအျပတ္ဖတ္လိုပါက ၀န္ဇင္းမွာ ၅၀၀ က်ပ္ထဲနဲ႔ ၀ယ္ယူႏိုင္ပါတယ္ ။

......

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   27
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၇၊ အခန်း ၁။ ရွှေရောင်ဖြာထွက်

ရီဝမ်ဝမ်၏ “ကိုကို” ဟူသော အသံကို ကြားလိုက်ရ သည့်အချိန် ရီမူဖန်၏ခေါင်းထဲ မိုးကြိုးတို့ ဝုန်းခနဲ ဒိုင်းခနဲပစ်ချလိုက်သလိုပင်။

“ဝမ်…ဝမ်ဝမ်…မင်းက ဝမ်ဝမ် ။ ငါလခွမ်း ။
ငါ အိမ်မက်မက်နေတာလား။ မင်း…မင်းက ဒက်ဇလင်းရဲ့ အသစ်တက်လာတဲ့ဘော့စ်ကြီး ရီပိုင် မဟုတ်ဘူးလား။ နေဦး၊ မဟုတ်သေးဘူး။ ရီ ပိုင် က ယောကျ်ား မဟုတ်ဘူးလား။ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး… ရီပိုင်က တကယ်ကြီး မိန်းမလား”
ရီမူဖန်၊ စိတ်ရှုပ်ထွေးလွန်းမကရှုပ်ထွေးနေသည်မှာ
စကားလုံးတို့သည်ပင် တောင်စဉ်ရေမရ ။

“ဒီလောက်တောင် အံ့သြသွားတာလား”
ရီဝမ်ဝမ်၊ မျက်ခုံးတို့ မြင့်တက်သွားတော့ပြီး
ဘေးကဆိုဖာပေါ် ထိုင်ချလိုက်တော့၏။

ဒီအချိန်တွင် ရီဝမ်ဝမ်သည် ယောကျာ်းတစ်ယောက်လို ရုပ်ဖျက်ထားသော်လည်း၊ သူမလေး၏အေးစက်ပြီး ကျောစိမ့်စရာကောင်းသည့် ကြောက်စရာအငွေ့အသက်တို့မှာ ပျောက်ကွယ်သွားလေပြီ။ သူမလေး၏အမူအရာသည် ပိုလို့ပင် နူးညံ့ပျော့ပျောင်းလာပြီး သူမလေး၏တရင်းတနှီး နိုင်မှုတို့သည် ဆထက်တိုးလာတော့ပြီ ။

နောက်ဆုံးတွင်တော့မှ၊ သူ့အရှေ့မှ အနှီယောကျာ်းပျိုလေး သည် သူ၏ညီမအရင်းအချာဖြစ်နေမှန်း ရီမူဖန်၊ ယုံကြည်သွား မိခြင်းပင်။ နှလုံးခုန်ရပ်လုနီးနီး ဖြစ်သွားခဲ့ရသည့်သူ၏ ရင်ဘတ်နေရာကို လက်နှင့်ဖိထားမိလိုက်တော့ရင်း ။
“အံ့သြတာပေါ့ကွ။ အခုနက ငါ့နှလုံးခုန်တောင် ရပ်သွားတော့ မလားပဲ၊ ဟုတ်ပီလား။ လုံးဝကို မျက်လှည့်ပြလိုက်တဲ့အတိုင်း ပဲ”

သူတို့၏အထက်လူကြီးသည် တစ်စက္ကန့်လေးအတွင်းတွင်
သူတို့၏ညီမငယ်လေး ဖြစ်သွားသည်ကို စဉ်းစားသာကြည့်ပါ ။

ရီမူဖန်၊ သူမလေးအား စုန်ချည်ဆန်ချည်ကြည့်လိုက်မိ၏။
နောက် ၊ စကားစရှာဖို့ ခက်ခဲနေသည့်အလားနှယ်၊
တံတွေးတို့သာ ဂလုခနဲ မြိုချလိုက်မိရင်း။
“မင်း…မင်း…ရဲတင်းလွန်းလိုက်တာ ။
ဘယ်သူမှ မရိပ်မိကြဘူးလား”

ရီဝမ်ဝမ်၊ မျက်ခုံးတို့ မြင့်တက်လာ၏။ မေးစေ့အား ပွတ်သပ်လိုက်ရင်း။ “ညီမလေးရဲ့အကိုအရင်းကတောင်မှ မရိပ်မိတာ - တခြားသူတွေက ရိပ်မိမယ်တဲ့လား”

ရီမူဖန်၊ ပြန်မချေပနိုင်တော့ ။

“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ မင်း ကမ္ဘာထဲ ဘယ်လိုဝင်လာပြီးတော့ ဒီနေရာကို ရောက်လာအောင် လုပ်လိုက်တာလဲ”

လူသစ်ရှာဖွေရေးဌာန၏ဒါရိုက်တာဆိုသည်မှာ သာမန်အထွေထွေမန်နေဂျာ တစ်ယောက်ထက်
ပိုလို့အခွင့်အာဏာ၊ သြဇာကြီးပေသည် ။
ဒီနေရာကို ရထားသည့်သူသည် ဒီဌာနတစ်ခုလုံး၏ ထိပ်ဆုံးတွင် ရှိနေခြင်း ဖြစ်ပြီး သရုပ်ဆောင်အားလုံးနီးပါးကို လွှမ်းမိုးချုပ်ကိုင်နိုင်သူ ဖြစ်၏။ မဟုတ်ပါလျှင် အရင်တုန်းက ဒက်ဇလင်းအား ကျိုးဝမ်ဘင်း ချုပ်ကိုင်ထားနိုင်မည် မဟုတ် ။

ဒီနေရာကို သူမ ဘယ်လိုရောက်လာသလဲဆိုသည်မှာ…

ဒီလောကထဲ စခြေချခဲ့ချိန်မှ ဖြစ်ပျက်ခဲ့သမျှတို့ကို
ရီဝမ်ဝမ်၊ ပြန်တွေးကြည့်လိုက်ရာ….

ပြန်စဉ်းစားကြည့်ပါက
သူမလေး အနုပညာလောကထဲ ဝင်လာပြီးနောက်
တိုးတက်မှုနှုန်းသည် မှန်းထားခဲ့သည်ထက် ပိုမိုမြန်ဆန်ခဲ့ သည်မှာ ပင်လယ်ပြင်ထဲ ချောချောမွေ့မွေ့ရွက်လွှင့်လာနိုင်ခဲ့သည့်အလားပင်။

ဟန်ရှန်းယွီ၏ဖြစ်ရပ်သည် သူမအား ကုမ္ပဏီထဲ နေရာ တစ်နေရာ ရလာစေခဲ့သည် ။ လျိုချန်း၏နာမည်ကြီးလာမှု သည် သူမအား ဒီလောကတွင် ခြေကုပ်ရသွားစေခဲ့သည်။ ကုန်ရွှီသည်ကတော့ မမျှော်လင့်ထားမိသည့် ရတနာတစ်ခုပင် ။ သူ့ကြောင့် အချိန်အများကြီးမသုံးလိုက်ရဘဲ ကျိုးဝမ်ဘင်း အား သူမ နင်းချေပစ်လိုက်နိုင်ခဲ့၏ ။

တွေးကြည့်လိုက်မှပဲ….ငါ ကုန်ရွှီကို ပိုကောင်းကောင်းဆက်ဆံပေးသင့်လား။

ရီဝမ်ဝမ်၊ အသိတို့ပြန်ကပ်သွားပြီး၊
ဒက်ဇလင်းထဲ ဝင်လာခဲ့ပုံကို
ရီမူဖန်အား အကျဉ်းချုံးရှင်းပြလိုက်၏။

ရီမူဖန်သည် ရီပိုင်နှင့်ပတ်သက်သည့်ကောလဟလတို့ကို ကြားထားပြီးသား ဖြစ်နေတာတောင် သူ၏ အလောသုံးဆယ် နိုင်တတ်ပြီး ထောင်လွှားတတ်သည့်ညီမလေးဆီကနေ အခု ကိုယ်တိုင်ကြားလိုက်သည်တွင်တော့ ဖြစ်ရပ်ဆန်းတစ်ခုအလားနှယ်…

ဟန်ရှန်းယွီ၏ ကလေးမလေးအား လိင်ပိုင်းဆိုင်ရာစော်ကား ခဲ့သည့် ဖြစ်ရပ်သည် အနုပညာလောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။
သို့တိုင်၊ သူ၏ဒီညီမလေးသည် ထိုသူ၏ရိုးသားဖြူစင်ကြောင်း ကို နောက်ကွယ်ကနေ သက်သေပြပေးခဲ့သည်တဲ့ ။

ပြီးခဲ့သည့်သုံးနှစ်လုံးလုံး ဘာမှစွမ်းဆောင်နိုင်ခြင်းမရှိသည့့််လျိုချန်းကို အချိန်ကိုက်နေရာကိုက် ပွဲထုတ်ပေးနိုင်ခဲ့ပြီး ညတွင်းချင်း နာမည်ဟိုးဟိုး ကျော်သွားအောင် လုပ်ပေးခဲ့သည့်ဆရာကြီးမှာလည်း သူ၏ညီမလေးတဲ့ ။ ကျိုးဝမ်ဘင်းဆီကနေ ကုန်ရွှီအား ဆွဲခေါ်ပစ်ပြီး အလွန်တရာ လိမ်မာရိုကျိုးအောင်ပါ လုပ်နိုင်ခဲ့သူမှာလည်း သူ၏ညီမလေး တဲ့…

အစက သူ အလွန်စိတ်ပူနေခဲ့မိ၏ - ဒီလောက်ဉာဏ်ထက်မြက်ပြီး ကြောက်စရာကောင်းလှ သည့်သူဌေးလက်အောက်တွင် အလုပ်လုပ်ခွင့် မရမှာကို စိတ်ပူခဲ့၏။ အကယ်လို့ ကံကောင်းထောက်မပြီး ရသွားခဲ့လျှင် တောင် တခြားသူတွေသည် သူ့အား ခက်ခဲအောင်လုပ်ကြ မည်ကို စိုးရိမ်ခဲ့မိ၏ ။ သို့သော်၊ အဆုံးသတ်တွင် ထိုသူဌေးမှာ သူ၏ ညီမလေး အရင်းအချာ ဖြစ်နေလေသည် ။ ဧဝရတ်တောင်လို ထီးထီးမားမားကြီး ရှိနေသည့် ကျောထောက်နောက်ခံနှင့်ဆိုမှတော့ ဘယ်သူသည်
သူ့အား လာရှု့ပ်ရဲပါတော့မည်နည်း ။

ရီမူဖန်၊ ရီဝမ်ဝမ်အား စိုက်ကြည့်နေမိရင်း ။
ရုတ်တရက် ခံစားမိလိုက်သည်မှာ သူမလေးဆီကနေ ရွှေရောင်အလင်းတန်းတို့ ဖြာထွက်နေသလိုလို။

“ဒါဆို ညီမလေး ပြောတဲ့…ရွှေပင်လယ်များ အိမ်တော်ကို ရလာခဲ့တာက ဟန်ရှန်းယွီရဲ့ဖြစ်ရပ်ကနေ အခြေအနေတစ်ခုအနေနဲ့ ရလာခဲ့တာပေါ့။ ဒါပေမယ့် အဲ့ဒီမြေခွေးအိုကြီးက ညီမလေးကို စကားလုံးလှလှလေး သုံးပြီး ပိုက်ဆံအများကြီးနဲ့ ချည်ထားတာပေါ့”

ရီဝမ်ဝမ်၏ဝင်ငွေသည် အခုချိန်တွင် တော်တေ်ာလေး အထင်ကြီးစရာကောင်းသော်လည်း ထိုအိမ်တော်အတွက်
ငွေပေးချေဖို့ရာ နှစ်နည်းနည်းလောက် အချိန်ယူရဦးမည်ပင် ။

                         💖💖💖💖💖💖💖

စာစဉ် ၂၇၊ အခန်း ၂။ စည်းကမ်းမရှိတဲ့သူ မု့ိလို့လား

ရီဝမ်ဝမ် ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလာသည်ကား။
“ချူးဟုန်ဂွမ်းရဲ့စရိုက်အတိုင်းဆို အဲ့လိုဖြစ်လာမယ်ဆိုတာ မှန်းထားပြီးသားပါ”

“ဖေဖေရဲ့အကြွေးတွေနဲ့ ဒီလောက်ပိုက်ဆံပမာဏအများကြီး၊
ကိုကိုတို့ ဘယ်လိုလုပ်တတ်နိုင်…”
ရီမူဖန်၏မျက်နှာမှာ မဆိုစလောက်ပျက်ယွင်းလာလေသည် ။

ရီဝမ်ဝမ်သည်ကတော့ လုံးဝပင် အမူအရာပျက်ယွင်းခြင်းမရှိ။
သူမ ပြန်ပြောလာသည်မှာ ။
“ညီမလေး ဒီအိမ်ကို ပြန်ယူပေးနိုင်မှတော့ ပိုက်ဆံပေးဖို့နည်းလမ်း ရှိပြီးသားပါ”

“စိတ်ထဲမှာ ဘယ်လိုအစီအစဉ်ရှိနေလို့လဲ”
ရီမူဖန်၊ မေးလိုက်၏။

“ညီမလေးကိုယ်တိုင် ဒရမ်မာဇာတ်လမ်းတွဲတစ်ခု ရိုက်ဖို့လုပ်ထားတယ်။ ဇာတ်ညွှန်းပြင်ထားပြီးသွားပြီ။ ဇာတ်လိုက်မင်းသမီးကတော့ ရှာနေတုန်းပဲ။
အခု ကိုကိုလည်း ရောက်လာပြီဆိုတော့ အဝတ်အစားဒီဇိုင်းနဲ့ပတ်သက်ပြီး စိတ်ပူနေစရာမလိုတော့ဘူး။ ဒီဇာတ်လမ်းတွဲအတွက် ရင်းနှီးမြှုပ်နှံပေးမယ့် သူတွေကိုပဲ ရှာရတေ့ာမယ်”

ရီမူဖန်၊ အနည်းငယ် အံ့သြသွားရ၏ ။
“ညီမလေးကိုယ်တိုင် ဇာတ်ကားတစ်ကား ထုတ်မယ်။  ရုပ်ရှင်ဇာတ်ကားတွေက အခုချိန်မှာ အရမ်းအယှဉ်အပြိုင်များ တာ။ တစ်သက်စာဆုဆောင်းထားတာတွေ ပြုတ်သွားတဲ့သူတွေမှ တစ်ပုံကြီး…”

“နောက်မှပဲ ကိုကို့ကို ဒီအကြောင်း အသေးစိတ်ပြောပြမယ်။
အခုတော့၊ ရှော့ပင်းထွက်ကြရအောင်”
ရီဝမ်ဝမ်၊ မတ်တပ်ထရပ်လိုက်၏။

“အာ ။ ရှော့ပင်း…” ရီမူဖန်၊ နားလည်ခြင်းမရှိပါချေ ။

“ကိုကိုက အခု ကုမ္ပဏီရဲ့ စတိုင်လစ်ခေါင်းဆောင် ဖြစ်နေပြီလေ။ ကိုကို့အတွက် အဝတ်အစားကောင်းကောင်းလေး သွားဝယ်မှရမှာပေါ့”

ရီမူဖန်၊ ဒါကို ကြားလိုက်တော့မှ ဒီဝတ်စုံနှင့် အင်တာဗျူး လာဖြေချိန်တွင် သူ့အား ကြည့်ခဲ့ကြသည့်အကြည့်တို့မှာ ထူးဆန်းနေသည်ကို အမှတ်ရ လိုက်မိပြီး မျက်နှာမည်းခနဲဖြစ်သွားရ၏ ။

ယနေ့ခေတ် လူတွေသည် အလွန်ပင် တွက်ချက်တတ်ကြ ၏။ အထူးသဖြင့် သရုပ်ဆောင်လောကက သူတို့ပင် ။

ဝမ်ဝမ် မှန်သည် - သူသည် မကြာခင် အလုပ်ခွင် ဝင်ရတော့မည်။ သူ့အတွက် အဝတ်အစားကောင်းကောင်း သေချာပေါက်လိုပေလိမ့်မည်။ မဟုတ်ပါက သူသည် သူ့ညီမလေးအတွက် အရှက်ရစရာဖြစ်နေလိမ့် မည်။

ရီမူဖန်၊ အနည်းငယ် ရှက်သွားမိရင်း ။
“ကိုကို့ဆီမှာ ဝယ်ဖို့ ပိုက်ဆံမရှိဘူး…”

မျက်နှာမည်းခနဲဖြစ်သွားပြီး ရီဝမ်ဝမ်၊ သူမ၏အစ်ကိုအား ကြည့်လိုက်မိ၏ - ထို ဟောကျွင်းချန်သည် သူလုပ်ထားတာ တွေနဲ့ နှစ်တိုင်း သန်းချီပြီး ပိုက်ဆံရှာနိုင်ခဲ့သည်။
သို့သော်၊ သူသည်ကား အနုတ်စုတ်ဂုတ်စုတ်လေးမျှသာ။
သူမ တကယ်ပင် ဘာဆက်ပြောရမှန်းမသိချေတော့ ။

ရီဝမ်ဝမ်၊ ပြန်ပြောလိုက်သည် ။
“ကိုကို့ကို အရင်ဆုံးပိုက်ဆံ ချေးပေးမယ်။ နောက်လ လစာထုတ်တေ့ာ့မှ ပြန်ဆပ်။ ဝတ်စုံနည်းနည်းလောက် ဝယ်တာက ကိုကို့လစာတစ်ဝက် လောက်ပဲ ကျမှာပါ - ကိုကို ပါတီတွေသွား၊ မိန်းမတွေ ရှုပ်ပြီး ပိုက်ဆံကုန်တာထက် အပုံကြီးသာတယ်”

ရီမူဖန်၊ ခေါင်းတဆတ်ဆတ်ညိတ်ပြလာသည် ။
“ရပါတယ်၊ ရပါတယ်။ ကိုကို ညီမလေးစကားကို နားထောင်မယ်…ဒါပေမယ့် တစ်ခုတော့ တောင်းဆိုချင်တယ်”

“ဘာများလဲ”

ရီမူဖန်၊ ချောင်းအသာဟမ့်ကာ ပြောလာသည်ကား ။
“အဲ့ဒါက…မိန်းကလေးအဝတ်အစား လဲဝတ်ပြီးမှ
ကိုကိုနဲ့ ရှော့ပင်းလိုက်ခဲ့လို့ရမလား ။ အရွယ်ရောက်ပြီးသားယောကျ်ားလေး နှစ်ယောက် အတူတူရှော့ပင်းထွက်ကြတာကြီးက နည်းနည်းလေး… ကိုကိုတို့ကို အထင်မှားသွားကြရင်...အဲ့လိုက…”

“ကိုကိုက ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဂရုမစိုက်ဘူးလို့
ထင်နေတာ။ ဒါကိုလည်း ဂရုစိုက်တတ်သေးတယ်လား”
ရီဝမ်ဝမ်၊ မဟုတ်ဘူးလားဆိုသည့် လေသံဖြင့် မေးပစ်လိုက်ရာ ။

ရုတ်တရက်၊ ရီမူဖန်၊ ထောင်းခနဲ ဒေါသထွက်သွားတော့၏ ။
“ငါလခွမ်း ။ ငါက ဂရုမစိုက်ဘူးလို့ ဘယ်သူ ပြောတာလဲ။ အဲ့ဒီချွန်တွန်းကောင်တွေ ပေါက်တတ်ကရပြောတာကို
နားမထောင်နဲ့၊ ဟုတ်ပီလား”

“ကိုကို မဟုတ်ဘူးဆိုရင် ဝမ်းသာပါတယ်။ ညီမလေး ဆီမှာ ရှိတဲ့ သရုပ်ဆောင်နှစ်ယောက်က ယောကျ်ားလေးတွေချည်းပဲ - သူတို့အတွက် စိတ်မချရမှာကို တော်တော်လေးစိုးရိမ်နေ ခဲ့မိတာ”

“ငါက အဲ့လောက်တောင် စည်းမရှိတဲ့လူ မလို့လား”

“ကိုကို ဘယ်လိုထင်လဲ”

“…”

သူ့ညီမလေး၏ သူ့အပေါ် ထားသည့်သဘောထားသည်
ဤသို့ဤပုံ ဖြစ်မည်ဟု သူ မထင်ထားခဲ့မိပါချေ။ သူအနေဖြင့် ရွက်ဟောင်းကိုချွေချပြီး ရွက်သစ်ပြန်စမှ ဖြစ်ပေတော့မည်….

သူတို့ ကုမ္ပဏီကနေ ထွက်လာကြပြီးသည့်နောက်၊
ရီမူဖန်၏တရစပ် တောင်းပန်နေမှုုတိ့ုကြောင့်၊ ရီဝမ်ဝမ်၊
နေရာတစ်ခုရှာပြီး မိန်းကလေး အဝတ်အစားလဲလိုက်ရသည် ။

မကြာခင်ပင်၊ ရီဝမ်ဝမ်သည် ဈေးအကြီးဆုံးအကောင်းစား ရှော့ပင်းစင်တာ ကို မောင်းချသွားပြီး ရီမူဖန်အား အဝတ်အစားလိုက်ဝယ်ပေးလေ၏ ။

“ဝမ်ဝမ်၊ ဘယ်လိုထင်လဲ”

ရီမူဖန်၊ အကန့်အသတ်နှင့်ထုတ်သည့် Versace တံဆိပ် ဝတ်စုံကို စမ်းဝတ်ကြည့်ပြီး အဝတ်လဲခန်းမှ ထွက်လာသည် ။

ခေါင်းကနေ ခြေထောက်အထိ လုံးဝပြောင်းလဲသွားပါသည့် ရီမူဖန် ။ သူသည် အနောက်တိုင်း နီညိုရောင်ဝတ်စုံကို ဝတ်ဆင်လို့ထား၏ - ဒီအရောင်သည် သူ၏တောက်ပခန့်ညားမှုတို့၊ ချောမောလှပမှုတို့ကို ဖုံးကွယ်ထားရ တော်တော်ခက်နေသယောင်ယောင်နှယ် ။  အရောင်းဝန်ထမ်းအားလုံး တို့မှာ ထောင့်တစ်ထောင့်တွင် ပုန်းလျိုးကွယ်လျိုးဖြင့် သူ့အား ရွှန်းရွှန်းစားစား ကြည့်နေကြ သည်ထိပင် ။

သူမအစ်ကိုရဲ့ရုပ်ရည်နှင့်ပတ်သက်ပြီး ဘာမှပင် ပြောစရာ မရှိပေ။ သူ၏ရုပ်ရည်နှင့် ဒီဝတ်စုံနှင့်တွဲမိသွားသည်နှင့် သူသည် အလွန်ပင် ဆွဲဆောင်မှုရှိသွားရသည် ။

                    💖💖💖💖💖💖💖💖

စာစဉ် ၂၇၊ အခန်း ၃။ အဆတစ်ရာ

တစ်ခါတစ်ရံတွင် ရုပ်ရည်ရူပကာနှင့် အဝတ်အစားသည်
လူတွေအပေါ် တော်တေ်ာလေးသက်ရောက်မှုရှိသည်မို့လား ။

ရီမူဖန်သည် လွတ်လပ်ပေါ့ပါးပြီး ခန့်ညားသည့်အရောင်အဝါ တို့ ရှိလာသည်။ အမြဲတစေ ပျိုတိုင်းကြိုက်ခဲ့ရသည့်နှင်းဆီခိုင် ဖြစ်ခဲ့ဖူးသော သူဌေးသားအဖြစ် ပြန်ရောက်လာသည့်အလား ပင်…

အရင်က သူ၏အမြဲတမ်း မှုန်ကုတ်ပြီး စိတ်နာနေသည်နှင့် စာသော်၊ ဤသည်မှာ အတိမျက်စိရှုချင်စဖွယ်…

“မဆိုးပါဘူး၊ အရမ်းချောတယ်။ ဒီဝတ်စုံပါ ယူလိုက်”
ရီဝမ်ဝမ်၊ စိတ်ကျေနပ်လျက် ခေါင်းညိတ်လို့နေ၏။

“အင်း၊ ဒါလည်း အသားကောင်းတာပဲ - အရမ်းသက်သောင့်သက်သာ ရှိတယ်။ ငါ အရင်က ဝတ်ခဲ့တဲ့ အဲ့ဒီဈေးပေါပေါဝတ်စုံတွေပဲ ကြည့်… အဲ့ဒါတွေကြောင့် င့ါရဲ့အထိခိုက်မခံတဲ့အသားအရေက ယားနေရရော”
ရီမူဖန်၊ သူ့လက်ကောက်ဝတ်ကို မြှောက်ပြလာပြီး ထိုအနီစက်လေး တို့ကို ပြလာ၏။

ရီဝမ်ဝမ်၊ ပြောစရာစကားလုံးတို့ ပျောက်ရှသွားရလေပြီ ။
“ကိုကိုက မင်းသားရောဂါ ရှိနေတာ…”

ရီမူဖန်၊ ရုတ်တရက်ကြီး ပြောချလာသည် ။
“မင်းကပဲ ငါ့ကို ပြောရတယ်ရှိသေးတယ်၊ ဟမ့်။ မင်းအသားအရေက ငါ့ထက်တောင် ပိုအထိမခံသေးတယ်။ မင်းအတွက် အဝတ်အစား ရွေးပေးရတဲ့အချိန်တိုင်း ဘယ်လောက်တောင် ဒုက္ခရောက်လိုက်လဲ သိလား။ ဘယ်အသားက မင်းအရေပြားနဲ့ တည့်ပါ့မလဲ၊
ဘာကို ဝတ်လိုက်မိရင် အဖုအပိန့်တွေ ထလာလိမ့်မလဲဆိုပြီး တော့ ငါ့မှာ အမြဲ စိတ်ပူပေးခဲ့ရတာ”

“တကယ်ကြီးလား။ ညီမလေးကတော့ ခုထိ အဆင်ပြေ သေးတုန်းပဲ” ရီဝမ်ဝမ်၊ မျက်စိတစ်ဖက်မှိတ်ပြလိုက်ကာ ပြောလာသည်။

ပြီးခဲ့တဲ့နှစ်တွေမှာ ငါ့ဆီမှာ အဖုအပိန့်ထတာတွေ မဖြစ်ခဲ့ဖူးပါဘူး…

အရင်တုန်းက ကောင်းကောင်းမွန်မွန် ဇိမ်ကျကျနေခဲ့ရ တာကြောင့် ငါ့အသားအရေက အထိအခိုက်မခံဖြစ်လာ တာများလား။

ရီဝမ်ဝမ်၊ ဒီအကြောင်းကို ခေါင်းထဲဆက်ထည့်မနေတော့။ အပြာရင့်ရောင်ဝတ်စုံကို လက်ညှိုးထိုးပြလိုက်ရင်း ။
“အဲ့ဒါ သွားဝတ်ကြည့်”

“အဲ့ဒီအရောင်ရင့်ရင့်ကြီး…”
ရီမူဖန်၊ မေးလာသည် ။

“အင်း”

“မဖြစ်နိုင်တာ။ မင်းဆီမှာ ဘယ်လိုအကြိုက်ကြီး ရှိနေတာလဲ…ဒါက သေချာပေါက် ငါ့စတိုင်မဟုတ်ဘူး၊ ဟုတ်ပီလား”

“ကိုကို့အတွက်လို့ ဘယ်သူပြောလဲ”
မျက်ခုံးတို့ မြင့်တက်သွားကာ ပြောဆိုလာသည့် ရီဝမ်ဝမ် ။

“မင်းပဲ ဝတ်ကြည့်ဆို။ ငါ့အတွက် မဟုတ်ဘူးဆိုရင်၊ ဒါဆို…”

ရုတ်တရက်ကြီး၊ တစ်စုံတစ်ခုကို တွေးလိုက်မိသွားဟန် ။
ရီမူဖန်၏မျက်နှာမှာ မဲ့ရွဲ့လာရတော့ရင်း၊ မေးလာ၏။
“အဲ့ဒီလူရိုင်းကြီးအတွက် ဝယ်ပေးဖို့လုပ်နေတာလို့…မပြောနဲ့နော်”

“ဘာလူရိုင်းကြီးလဲ။ သူက ညီမလေးရဲ့တရားဝင်ချစ်သူပါ နော်။ အဲ့ဒါလေး သူ့အတွက် သွားဝတ်ကြည့်လိုက်စမ်းပါ။
ဘယ်လိုပုံရှိမလဲ ကြည့်ချင်လို့”
ရီဝမ်ဝမ်၊ လုံးဝပင် မငြင်းဆန်ခဲ့သည်မို့ ။

ရီမူဖန်၏မျက်နှာမှာ ပိုလို့ပင် မည်းမှောင်သွားတော့ပြီး
ရီဝမ်ဝမ်ဆီသို့ လျှောက်သွားကာ မျက်နှာထားမာမာဖြင့် ပြောလိုက်၏။ “ဒီလောက်ဈေးကြီးတဲ့ဝတ်စုံကို သူ့အတွက် တကယ်ဝယ်ပေးမလို့လား။ ဝမ်ဝမ်၊ အဲ့ဒီကောင်က မင်းအပေါ် ရိုးသားတာ သေချာလား ။
မင်း ပိုပြီးတော့ သတိထားမှဖြစ်မယ် - ဒီခေတ်မှာ ယောကျာ်းတွေက ကြောက်စရာကောင်းတယ်”

ရီမူဖန်၏ “ဒီခေတ်မှာ ယောကျာ်းတွေက ကြောက်စရာ ကောင်းတယ်” ဟု ပြောလာသည်ကို ကြားလိုက်ရပြီး ရီဝမ်ဝမ်၊ ဆွံ့အသွားမိတော့၏။
ကိုကို… ကိုယ့်ဘာသာကိုယ်ရော ပြန်ကြည့်ကြည့်ပြီးပြီလား။

ရီမူဖန် ။ “ဝမ်ဝမ်၊ ညီမလေး ပိုပြီးတော့ သတိထားသင့် တယ်။
ညီမလေးက လှပြီးတော့ ချမ်းသာပါချမ်းသာတယ်ဆိုတာကို သူ မြင်သွားရင် ညီမလေးရဲ့ခန္ဓာကိုယ်နဲ့ ပိုက်ဆံကိုရဖို့အတွက် ချူစားလာလိမ့်မယ်”

ဒါကို ကြားလိုက်သည့်အချိန်၊ လုံးဝအတိ အံ့သြသွားရတော့သည့် ရီဝမ်ဝမ်။

ရီဝမ်ဝမ် ။ “ညီမလေးရဲ့ပိုက်ဆံကို ချူစား…ညီမလေးရဲ့ခန္ဓာကိုယ်ကို ချူစားမယ်…”

ရီမူဖန် ။  “အမှန်ပဲ”

ရီဝမ်ဝမ် ။  “…”

ရီဝမ်ဝမ်၊ အချိန်တော်တော်ကြာသည်ထိ စကားလုံးတို့ထွက်မကျလာတော့။
နောက်ဆုံးတွင်မှ စကားပြောနိုင်လာတော့သည် ။
“ကိုကို အတွေးလွန်နေတာပါ။ ပိုက်ဆံနှင့် ခန္ဓာကိုယ်ကို ချူစားတယ်လို့ ပြောရမယ်ဆိုရင် ညီမလေးကိုသာ ပြောရမှာ”

“ဘာအဓိပ္ပာယ်လဲ”

“အဲ့လိုမျိုးပဲ။ ဟုတ်ပါပီ၊ ပွစိပွစိပြောနေတာကို ရပ်တော့။
ညီမလေးအတွက် အဲ့ဒါလေးသွားဝတ်ပေးနော်”
ရီဝမ်ဝမ်၊ သူ့အား လောဆော်လိုက်၏။

ရီဝမ်ဝမ်၊ သူ့အား မရမကပြောနေသည်မို့
ရီမူဖန်၊ စိတ်မပါလက်မပါဖြင့် အဝတ်လဲခန်းထဲ ဝင်သွားလေသည် ။

မိနစ်အနည်းငယ်ကြာပြီးသည့်နောက်၊ ရီမူဖန်၊
အဝတ်လဲခန်းထဲကနေ မှုန်သုန်သည့်မျက်နှာဖြင့်
ထွက်လာသည် ။

ရီဝမ်ဝမ်၊ သူမ၏မေးစေ့ကို ပွတ်သပ်လိုက်မိ၏။
သူ့အား အချိန်အကြာကြီးကြာအောင် ကြည့်လိုက်မိရင်း ။
“အမ်၊ ဒါက ဘာလို့ ကြည့်ရတာတစ်မျိုးကြီးဖြစ်နေတာ ပါလိမ့်”

“ဒီဝတ်စုံက ငါနဲ့ လုံးဝမလိုက်ပါဘူးလို့ မင်းကို ပြောသားပဲ”
ရီမူဖန်၊ စိတ်ရှုပ်လာစွာဖြင့် ပြောဆိုလာခြင်းတည်း ။

ရီမူဖန်၊ မေးခွန်းထပ်ထုတ်လာပြန်သည် ။
“ညီမလေးရဲ့ကောင်လေးက ဘယ်လိုပုံစံမျိုးလဲ။
သူ့စတိုင်က ဘယ်လိုမျိုးလဲ။ နည်းနည်းလောက် ပြောပြစမ်းပါ”

ရီဝမ်ဝမ်၊ တခနလောက် စဉ်းစားလိုက်ပြီးသည့်နောက်၊
ပြန်ဖြေလာသည်။
“သူ ဘယ်လိုပုံစံလဲဆိုတော့…သူ ရုပ်ချောတာက ကိုကိုချောတာရဲ့ အဆတစ်ရာလောက် ရှိလောက်တယ်”

ရီမူဖန်၏မျက်နှာမှာ ချက်ချင်းဆိုသလို အိုးဖင်အလားနှယ် မည်းတူးသွားတော့လေပြီ ။
“ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြော။ လျှာဖြတ်ခံရမှာ မကြောက်ဘူးလား”

ရီ မိသားစုသည်ကား မျိုးရိုးဗီဇ ကောင်းလှပါ၏ - မိသားစုဝင်တစ်ယောက်ချင်းစီတိုင်းသည် ရုပ်ချောကြသည်ချည်း ။ အထူးသဖြင့် သူမ၏ဤအစ်ကိုပင် ။ သူသည်ကား ဟိုးငယ်ငယ်လေးကတည်းပင် ချောမောလွန်း ခဲ့သည်ပင် ။ ထို့ကြောင့် သူမ၏ချစ်သူသည် ရုပ်ချောပါသည် ဟု သူမ ပြောလိုက်ပါက သူ ယုံကြည်ကောင်း ယုံကြည်ပေ လိမ့်မည် ။ သို့သော် သူူမလေးသည် သူမ၏ချစ်သူမှာ သူ့ထက် အဆတစ်ရာပိုချောသည်ဟု ပြောလိုက်လေရာ - ဒါ နည်းနည်းလေးတော့ မလွန်လွန်းဘူးလား။

                           💖💖💖💖💖💖

စာစဉ် ၂၇၊ အခန်း ၄။  ရည်းစားရှိတယ်

ရီဝမ်ဝမ်၊ ရှင်းပြဖို့ ကြိုးစားမနေတော့။
“ဒါဆို ဒါကို ယူလိုက်။ ဝတ်ကြည့်စရာ မလိုတော့ဘူး။
ဘာပဲဖြစ်ဖြစ် သူက ဘယ်ဝတ်စုံနဲ့မဆို ချောပြီးသား”

ရီမူဖန် ။  “…”

သူမဆီကနေ ငါမျက်နှာသာအပေးမခံလိုက်ရတဲ့အတိုင်း
ဘာလို့ ဝမ်းနည်းမိသလို ခံစားနေရပါလိမ့်။

အတိတ်တုန်းက သူ၏ညီမလေးသည် သူ့နောက် တကောက်ကောက် လိုက်ကာ  “ကိုကိုက အချောဆုံး” ဟု တတွင်တွင်ပြောခဲ့ဖူးသည် ။ သို့သော်၊ ယခုတွင်တော့ သူမလေးသည် ထိုလူရိုင်းကြီးအား သူ့ထက်အဆတစ်ရာ ပိုချောသည်ဟုပင် ပြောလာပြီတဲ့လား။

ဝတ်စုံရပြီးသည့်နောက်၊ ရီဝမ်ဝမ်သည် တစ်နေရာရာကို ကားမောင်းသွား၏။

“ငါတို့ အခု ဘယ်သွားကြမလို့လဲ”
ရီမူဖန်သည်ကား စိတ်ရှုပ်ထွေးလို့နေလေပြီ ။

“ရောက်ရင် သိလိမ့်မယ်”

ဆယ်မိနစ်အကြာတွင်၊ ရီဝမ်ဝမ်သည် အင်ပါရီယာမြို့တော် ထဲက တစ်ခုတည်းသော Pagani ကားပြခန်းတွင် ကားရပ်လိုက်၏။

ရီဝမ်ဝမ် ရောက်သွားသည်နှင့် နွေးထွေးပြီးပျူငှာသည့် အရောင်းဝန်ထမ်း တစ်ယောက်သည် ချက်ချင်းပင်
သူမအား လာကြိုဆိုတော့သည် ။
“သခင်မလေး ရီ၊ ရောက်လာပြီလား။ ဝင်လာခဲ့ပါ။ သူက…”

“ကျွန်မရဲ့အစ်ကို”

“မင်္ဂလာပါ၊ သခင်လေး ရီ” အရောင်းဝန်ထမ်းမှာ သူ၏ချောမော ခန့်ညားနေမှုကို မြင်မိသွားသည်နှင့်
ခနခန ခိုးခိုးကြည့်နေရာကနေ သူ့အား မြန်မြန်ဆန်ဆန် နှုတ်ဆက်လာ၏။

“မင်္ဂလာပါ…”
ရီမူဖန်သည် ရီဝမ်ဝမ်၏အနောက်ကနေ ပါလာသည်မို့ အရောင်းဝန်ထမ်းလေး ဘာတွေဖြစ်နေသလဲဆိုသည်ကို ကောင်းကောင်းသိမိသည်ပင် ။

“ကား ရောက်လာပြီလား” ရီဝမ်ဝမ်၊ မေးလိုက်ခြင်း ။

အရောင်းဝန်ထမ်းလေးမှာ အသိပြန်ဝင်သွားတော့ပြီး၊
မြန်မြန်ဆန်ဆန်ပင် ဖြေလာသည် ။
“ဟုတ်ကဲ့ ရောက်နေပါပြီ။ ဒီမှာ ခနထိုင်ပြီး စောင့်ပေး ပါဦးနော်” ဒီနောက်၊ အရောင်းဝန်ထမ်းလေးသည် လုပ်စရာရှိတာလုပ်ဖို့အတွက် ထွက်သွားသည်။

ရီဝမ်ဝမ်သည် ကားနှင့်ပတ်သက်သည့်လုပ်ရိုးလုပ်စဉ်တို့ကို လုပ်ပြီးသွားသည်နှင့် ဝန်ထမ်းတစ်ယောက်သည် အသစ်စက်စက် အနီတောက်တောက် Pagani ကားတစ်စီးကို မောင်းချလာသည် ။
ကားအမိုက်စားတစ်စီးကို တွေ့လိုက်သည်နှင့် ရီမူဖန်၏မျက်လုံးတို့ လင်းထိန်သွားတော့သည် ။

ကားတွေကို ချစ်မြတ်နိုးခြင်းမှာ ယောကျာ်းတစ်ယောက်၏ သဘာဝပင် မဟုတ်ပါလော။ သူ၏အနှစ်သက်ဆုံးသောစူပါကားအမျိုးအစားသည် Pagani ဖြစ်သလို၊ အရောင်သည်လည်း သူ့အကြိုက်နှင့် အံကိုက်ပင်။

ရီဝမ်ဝမ်၊ ကားရှေ့ရပ်နေရာမှ ရီမူဖန်ဘက်သို့ လှည့်လိုက်ကာ ။
“စမ်းမောင်းကြည့်”

ရီမူဖန်၊ မင်သက်သွားရတော့ပြီ ။
“ဟမ်”

“ဒါ ကိုကို့အတွက်”

“ဘာ ?!” ရီမူဖန်၏မျက်နှာတစ်ခုလုံးတွင် အံ့သြမှုတို့အထင်းသားပေါ်လာ၏။

“ငါ…ငါ့အတွက်”

ဒီနှစ်တွေမှာ သူသည် တစ်ပတ်နွမ်း Buick ကားကိုသာ စီးခဲ့ရ၏။ အရှုံးသမားတစ်ယောက်အဖြစ် အချိန်အကြာကြီး နေလာခဲ့ပြီး သည့်နောက်၊ စူပါကားတစ်စီး မောင်းရသည့်ခံစားချက်ကိုပင် မေ့လုမေ့ခင်ဖြစ်နေလေပြီ။

အဆုံးတွင်တော့၊ ဒီငဆိုးမလေးက ကားတစ်စီးကို သူ့ရှေ့တည့်တည့် ချပေးလာပြီး သူ့အတွက်ဟု ပြောလာလေရာ…

ရီဝမ်ဝမ်၊ ရီမူဖန်၏အသက်မဲ့နေသည့်အမူအရာကြီးကို တစ်ချက်ကြည့်လိုက်ပြီး၊ ပြောလိုက်သည် ။
“မလိုချင်ဘူးလား ။ ဒါဆိုလည်း ထားလိုက်တော့”

“လိုချင်တယ် ! လိုချင်တယ် လိုချင်တယ် လိုချင်တယ် !”
ရီမူဖန်၊ ကားထဲလှစ်ခနဲ ဝင်ထိုင်လိုက်တော့သည်နှင့်
ဇိမ်ကျသည်ကို ခံစားလိုက်ရသည် ။

ရီမူဖန်၊ ကားတံခါးကနေ ခေါင်းပြူထွက်လာကာ၊ ပြောလာ၏။
“ဝမ်ဝမ်၊ မင်း…မင်း ငါ့ကို တကယ်ပေးတာလား။
ဒီကားက ဈေးကြီးတယ်”

သူသည် ရီ မိသားစု၏သခင်ငယ်လေး ဖြစ်စဉ်က ပြိုင်ကားမျိုးစုံကို မြင်ဖူးပြီးသားဆိုသော်လည်း
ထိုအရာတို့မှာ ဟိုးအတိတ်က ဖြစ်ချေသည်။ ဒီနှစ်တွေအတွင်းမှာ သူ၏တစ်ပတ်ရစ်ကားအနွမ်းလေး
သည် ခနခနပျက်နေသည့်အချိန်တွင်ပင် သူ့ထံတွင် ကားအသစ်မဝယ် နိုင်ခဲ့ပါချေ ။

ပြန်စဉ်းစားကြည့်လိုက်မှ ။
ထို့ကြောင့်ပင် သူ အကြိုအပို့လုပ်ပေးချင်သည်ဟု ပြောလိုက်သည့်အချိန်တိုင်း ရှန်းမန်ချီသည် အကြောင်းပြချက်မျိုးစုံ ပေးနေခဲ့သည်ကိုး - သူမအနေဖြင့် ဒီလိုဖွတ်ချက်လိုက်နေသည့် ကားအစုတ်အား ဘယ်စီးချင်ပါ့ မလဲ…

ရီဝမ်ဝမ်၊ ပြောလာသည် ။
“ကိုကို့ကို ညီမလေးကုမ္ပဏီကို လာခိုင်းပြီးမှတော့
ကိုကို့ကို နည်းနည်းတော့ မြှောက်စားပေးရမှာပေါ့”

ရုတ်တရက်ပင် ရီမူဖန်၊ ပြန်ပြောလာသည်။
“ကိုယ့်ညီမလေးအရင်းခေါက်ခေါက်က ကိုယ့်ကို အလုပ်ခေါ်တာပဲဟာ။ အဲ့ဒီမှာ အလကားလုပ်ပေးရလည်း မမှုဘူး၊ ဟုတ်ပီလား”

ရီဝမ်ဝမ်၊ လက်ဖျစ်တီးလိုက်၏။ ဒီနောက်၊ ကားသော့တစ်တွဲနှင့် အိမ်ထဲဝင်မည့်ကတ်ပြားကို ပေးလိုက်တော့ပြီး ။
“ပြီးတော့ အခု ကိုကိုနေနေတဲ့နေရာက ရပ်ကွက်မသန့်ဘူး ။
ကုမ္ပဏီကတိုက်ခန်းကို ပြောင်းလာခဲ့”

သော့နှင့် ကတ်ကို ယူလိုက်ပြီးသည့်နောက်၊
အသက် ၂၀ ကျော်အောင် နေလာခဲ့ရပြီဖြစ်သည့် ရီမူဖန် ၊ နောက်ဆုံးတွင်တော့ သင်ခန်းစာရသွားမိသည် ။
လူတစ်ယောက်အပေါ် အတိုင်းထက်အလွန်ကောင်းသည်မှာ ပျားသကာလောင်းထားသည့်စကားလုံးချိုချိုလေးတွေ၊ ကရုဏာတရားကြီးမားမှုကို ပြသနေခြင်းတွေမဟုတ် - အတွေးတစ်ချက်ပင်မတွန့်သွားဘဲ အဝတ်အစားဝယ်ပေး ၊ ကားဝယ်ပေး၊ အိမ်ကတ်ပေး၊ စသဖြင့် ဒီလိုလက်တွေ့လုပ်ဆောင်ခြင်းတို့သာဟု ။

“နောက်ကျနေပြီ။ တိုက်ခန်းကိုပဲ တစ်ခါတည်း မောင်းသွားလိုက်တော့”

“မင်းကရော” ရီမူဖန်၊ မေးလိုက်လေရာ။

အပြုံးလေးတစ်ခု ရေးရေးပေါ်လာလျက်
ရီဝမ်ဝမ်၊ ပြန်ဖြေလာ၏။
“ညီမလေးမှာ ချစ်သူရှိတယ်”

ရီမူဖန်၏မျက်နှာ မည်းပုတ်သွားရတော့သည် ။
“ဒါက အသည်းကွဲနေတဲ့သူကို ပြောရမယ့်စကားဆိုတာ သေချာရဲ့လား”

ရီဝမ်ဝမ် ။ “ကိုကို့ကို rs စာမစားခိုင်းတာနဲ့တင် ညီမလေး အရမ်းကြင်နာလွန်းရာကျနေပါပြီ”

ရီမူဖန် ။  “…” rs စာ မစားခိုင်းရသေးဘူးတဲ့လား ။

                               💖💖💖💖💖💖

စာစဉ် ၂၇၊ အခန်း ၅။  မုန်တိုင်းည

အခုတလော ရှန်းမြို့တော်သည် ပြသနာမျိုးစုံတက်နေသည်မို့ ဖြေရှင်းဖို့ရာအတွက် စီရီဟန်ကိုယ်တိုင် သွားနေရ၏ ။

စီရီဟန်၏အပြင်းအထန်နာမကျန်းဖြစ်သည့်သတင်း
ပြန့်သွားကတည်းက ငြိမ်းချမ်းသည့်ရက်ဟူ၍ မရှိ ။

သူသည်ကား သေပင်မသေသေး။ သု့ိသော်၊
ဤလူတွေသည် ထိန်းချုပ်မှုအောက်က စတင်လွတ်ထွက်လာကြပြီး ပြင်ပအဖွဲ့အစည်းတွေနှင့် တိတ်တိတ်လေးအဖွဲ့ဖွဲ့လာကြ၏ ။
စီရီဟန်သာ သေသွားမည်ဆိုပါက  စီ မိသားစုသည် မိသားစုပိုင်းပုန်ကန်မှုတွေရှိလာပြီး စီ မိသားစုတစ်ခုလုံး ပြောင်းဆန်ကုန်လိမ့်ပင် ။

စီရီဟန် ဒီနေ့ ပြန်လာမှာမဟုတ်တာကို သိနေပါသော်လည်း၊
ရီဝမ်ဝမ်၊ ကျင်းဥယျာဉ်သို့ ပြန်သွားလိုက်ပါ၏။

ဤနေရာသည် သူမ၏အမုန်းတီးဆုံး၊ အကြောက်ရွံ့ရဆုံး နေရာဖြစ်ခဲ့၏။ သို့သော်၊ ယခုအချိန်တွင် သူမအတွက် အထီးကျန်လွမ်းဆွတ်ရသည့် နေရာတစ်ခု ဖြစ်လာလေပြီ ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မိသားစုကလန်အစည်းအဝေး ပြီးသွားကတည်းက သုံးလကုန်ဆုံးလာခဲ့ချေပြီ ။

စီရီဟန်ကို ပြန်ကျန်းမာလာအောင် ကူညီပါမည်ဟု
အကြီးအကဲတို့ကို သူမ ကတိပေးထားခဲ့သည်မဟုတ်လော။
စုန့်ပိုင်ချောင် ပြောသည့်အတိုင်းဆို သူမသည် ညွှန်ကြားချက်အတိုင်း အားလုံးလိုက်လုပ်မည်ဆိုပါက စီရီဟန် တဖြည်းဖြည်းတဖြည်းဖြည်းချင်း နေပြန်ကောင်းလာနိုင်သည်တဲ့။

ဤသုံးလတာအတွင်းတွင် စီရီဟန်၏ကျန်းမာရေးသည် ကောင်းတစ်လှည့် ဆိုးတစ်လှည့် ။ သို့သော်၊ သူ့ထံတွင် ဆိုးဆိုးရွားရွားဒဏ်ရာဒဏ်ချက်တို့ မရထားသည်မို့ အခုချိန်တွင် တည်ငြိမ်နေသည်ဟု ပြောလို့ရပေသည်။ ပြီးခဲ့သည့်ဆေးစစ်ချက်နှစ်ကြိမ်တွင် စီရီဟန်၏ကျန်းမာရေးမှာ ဆုတ်ယုတ်သည့် အရိပ်အယောင်မပြခဲ့ပေသော်ငြား ။

အကြီးအကဲတို့သည် သူ့အဖွဲ့နှင့်သူ အလျိုလျိုအကြံအစည်တို့ ပြုလုပ်ထားကြဆဲပင်။ သို့သော်၊ ဒီသုံးလတာအတွင်းတွင်
စီရီဟန်၏ ကျန်းမာရေးသည် တဖြည်းဖြည်းပြန်ကောင်းလာ
သည်မို့သာ ထိုအကြီးအကဲတို့ ဘာမှမလုပ်ကြခြင်းဖြစ်၏။

အရေးအကြီးဆုံးအချိန်ဖြစ်နေသည်မို့ ရီဝမ်ဝမ်၊ အသက်ပင် ရဲရဲမရှူရဲပါချေ။ အကြီးအကဲတွေသည် ဒီကိစ္စကို လွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်ကြ ။ ဒီကာလအတောအတွင်းတွင် စီရီဟန်သည်သာ ကျန်းမာရေးတစ်ခုခု ဖြစ်သွားခဲ့ပါက
သူတို့အတွက် ဆင်ခြေပြစရာတစ်ခု ဖြစ်သွားပေလိမ့်မည် ။

ရီဝမ်ဝမ်၊ သူ့အား စိတ်ပူမိလျက် ရွှီရီထံ စာတစ်စောင် ပို့လိုက်တော့၏။

[သူ့ကျန်းမာရေး ဘယ်လိုနေလဲ။ အားလုံးအဆင်ပြေရဲ့လား]

အချိန်အကြာကြီးကြာသည့်တိုင်၊ ရွှီရီ စာပြန်မလာ -
သူ အရမ်းအလုပ်ရှုပ်နေလို့ဖြစ်မှာပါလေ။

ရီဝမ်ဝမ်၊ မှောင်မိုက်မိုက်ညကောင်းကင်ကို ပြတင်းပေါက်ကနေ ငေးမောကြည့်လိုက်၏ ။
ရှန်း မြို့တော်မှာ နောက်ထပ်အိပ်ရေးပျက်တဲ့ညတွေ ထပ်ရနေမှာကို စိုးမိတယ်။

ဒီနောက်၊ ဧည့်ခန်းထဲက ဆိုဖာပေါ် မှီချလိုက်တော့၏။
သူမ အလုပ်လုပ်ရင်းလုပ်ရင်းဖြင့် ပြန်စာကို စောင့်နေ ခဲ့သည်။ သို့သော်ကား၊ ပြန်စာ မလာ ။

အချိန်တစ်ခု ကုန်လာပြီး ညဉ့်နက်စပင် ပြုလာချေပြီ။
အပြင်ဘက်တွင် ပုစဉ်းရင်ကွဲကောင်တို့ စတင်အသံပြုလာကြသလို အခန်းထဲသို့ အေးစက်စက်လေတို့ စိမ့်ဝင်လာနေကြလေပြီ ။

ရီဝမ်ဝမ်၊ ဘယ်လိုမှ ဆက်ကာအာရုံစိုက်နိုင်ခြင်း မရှိတော့ ။ သူမ၏အလုပ်ကိစ္စအစီအစဉ်တို့ကိုသာ ပြန်ပြင်လို့နေရင်း
စိတ်လေးလံကာ ကြောင်အမ်းအမ်းဖြင့် ငေးမောမိနေ၏။

ရီဝမ်ဝမ်၊ ညဉ့်နက်နေသည်ကိုပင် သတိပြုမိခြင်းမရှိပေ ။ ခြံဝင်းအဝင်ပေါက်တွင် ရင်းနှီးနေပြီးသားအနက်ရောင်ကားတစ်စီးသည် အသံမထွက်ဘဲ တငြိမ့်ငြိမ့်နှင့် ပြန်ရောက်လာသည် ။

ရီဝမ်ဝမ်သည်ကား အခုထိ အိပ်ရာဝင်ခြင်း မရှိသေး။
ထို့ကြောင့်၊ အိမ်စေသည် သူမအား တိုးတိုးလေး သတိပေးလာသည်။
“သခင်မလေး ဝမ်ဝမ်၊ သခင်လေး ၉ ကို စောင့်နေတာလား ။ သခင်လေးက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်။
စောစောပြန်ရောက်မှာ မဟုတ်ဘူး။ သခင်မလေး စောစောသွားနားလိုက်ပါလား - အရမ်းညဉ့်နက်နေပြီ”

အိမ်စေ၏သတိပေးစကား ကြားလိုက်ရတော့မှပင်
ရီဝမ်ဝမ်၊ ညဉ့်သန်းခေါင်ရောက်နေပြီကို သတိပြုမိသွား၏။
ထို့ကြောင့်၊ သူမ ရေချိုးကိုယ်လက်သန့်စင်ဖို့ရာ မြန်မြန်ထ လိုက်ရင်း။

“သိပြီ။ မင်းတို့လည်းပဲ သွားနားတော့”

ရီဝမ်ဝမ်၊ သူမ၏အပေါ်ထပ်အကျီၤကို ပုခုံးပေါ် ဆွဲတင်လိုက်ပြီး
ဇာတ်ညွှန်းကို ချလိုက်ကာ မတ်တပ်ရပ်လိုက်ချိန် ။

သူမ မတ်တပ်ရပ်လိုက်သည့်အခိုက်၊
ကြီးမားပြီးလေးလံလှသည့် တံခါးမကြီးသည် ဖြည်းဖြည်းချင်း တွန်းပွင့်လာပြီး အေးစိမ့်လှသည့် ညလေအေးတို့သည် ချက်ချင်းဆိုသလိုအိမ်ထဲသို့ ကျူးကျော်ဝင်လာကြတော့သည် ။

စီရီဟန်သည် တံခါးဝတွင် အနက်ရောင်မိုးကာအကျီၤဖြင့် မတ်တပ်ရပ်နေ သည်ကို တွေ့မြင်လိုက်ရရာ ရီဝမ်ဝမ်၊ တအံ့တသြ ဖြစ်သွားရသည် ။

သူ၏အဝတ်အစားတို့ုသည် လေထဲတွင် တဖျတ်ဖျတ်လူးလွင့်နေလျက်၊ သူ့မျက်နှာထက်က အေးစက်မှုတို့သည် မိုးသည်းသည်းညတစ်ညထက်ပင် ပိုနက်ရှိုင်းလာပြီး သူ့ကိုယ်ပေါ်ကသတ်လူငွေ့လှိုင်နေသည့်စွမ်းအင်တို့သည်
အခန်းထဲသို့ တစိမ့်စိမ့်ချဉ်းနင်းဝင်ရောက်လာနေသည် ။

“သခင်လေး ၉ !”

“သခင်လေး ၉ !”

အိမ်ထဲက အစေခံအားလုံးမှာ ကြောက်ဒူးတုန်သွားကြပြီး အတန်းနှစ်တန်းဖြစ်အောင် တန်းစီလိုက်ကြသည်ကား မြန်မြန်ဆန်ဆန် ။ သူတို့တတွေကား သူ၏မျက်နှာကိုပင် မော်ဖူးကြည့်ရဲခြင်း မရှိကြ ။

ရီဝမ်ဝမ်၊ အံ့သြနေမိလျက်မှ ။
“ဘာလို့ အစောကြီးပြန်လာတာလဲ။ အလုပ်ပြီးသွားပြီလား”

“အင်း”
သူ၊ ပြန်ဖြေလာသလို သူ၏မိုးကာအကျီၤကို သူ့နံဘေးကအစေခံအား ပေးလိုက်၏။

သူသည် စကားပြောရင်းဖြင့်ပင် သူမလေးထံသို့ လျှောက်လာနေသည်။

                          💖💖💖💖💖💖

စာစဉ် ၂၇၊ အခန်း ၆။ အိပ်လို့မပျော်ဘူးလား

ရီဝမ်ဝမ်သည် အိမ်နေရင်းအဝတ်အစားတို့ကို ဝတ်ဆင်ထားပါ၏။ သူမလေးသည် ဆိုဖာပေါ်တွင် ခြေပလ္လင်ခွေထိုင်နေလျက်
သူမလက်ထဲတွင် စာရွက်စာတမ်းတစ်ထပ်ဖြင့် ။ သူမလေး၏အမူအရာသည်ကား နွေးပျလှသည်၊ နူးညံ့လှသည်။ ချက်ချင်းဆိုသလိုပင် သူ၏မှုန်ကြုတ်နေသည့်၊ သွေးဆာနေသည့် အရောင်အဝါတို့မှာ ပျောက်ကွယ်သွားကြရ သည်တည့် ။

ဤညလူသည် မသိလိုက်မိဘဲ အလင်းရောင်နောက် လိုက်ရှာနေသလို - စီရီဟန်၊ သူမလေးအား ထွေးပွေ့ထားလိုဟန်ဖြင့် အရှေ့သို့ ကိုင်းကျလာ၏။

သို့သော်၊ ချက်ချင်းဆိုသလိုပင် ပြန်မတ်သွားလေသည်။ 
သူ့ကိုယ်ကို ဆွဲဆန့်လိုက်ရင်း ပြောလာသည်ကား ။
“ကိုယ် ရေသွားချိုးဦးမယ်”

သူ၏အေးခဲနေသည့်၊ လူသတ်ငွေ့ဖြာနေသည့်အငွေ့အသက် တို့သည် သူမလေးအား အထိတ်တလန့်ဖြစ်သွားမိစေမှာကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်ထင်ပ ။

သို့သော်ငြား၊ သူ ခါးမတ်လိုက်သည့်အခိုက်ပင်
သူ၏ခန္ဓာကိုယ်အား သူ တစ်ချိန်လုံးလုံးတောင့်တနေခဲ့ရ ပါသည့် သူမလေးက ပိုက်ထွေးလာလေသည်။

အစတွင်တော့ စီရီဟန်၊ ကြောင်အသွားရ၏။
ဒီနောက်၊ တယုတယလေး သူမလေးအား ပြန်ထွေးပွေ့ပေးလိုက်ရင်း ။
“ဘာလို့ ခုထိ မအိပ်သေးတာလဲ”

ရီဝမ်ဝမ်၊ သက်ပြင်းချလိုက်လျက် ။
“ကျွန်မလည်း ရှင့်ဓာတ်ကူးသွားပြီ ထင်တယ်…”

အနားတွင် သူ မရှိနေလျှင် အိပ်မပျော်တတ်တော့ပါဟု ။

စီရီဟန်၊ သဘောမပေါက်။
သူမလေးအား ကြည့်လာသည် ။
“ဘာအဓိပ္ပာယ်လဲ”

မျက်ခုံးတစ်ဖက် တွန့်ကနဲမြင့်တက်သွားတော့ပြီး၊
ရီဝမ်ဝမ်၊ ကောက်ကျစ်သည့်အကြည့်တစ်ချက် ပေးလာသည် ။
“အဲ့လိုမျိုးပဲ - ကိုယ့်ဟာကိုယ် စဉ်းစား”

ရှင် အမြဲဒီလိုလုပ်နေကျ။
ဒီတစ်ခေါက်တော့ ရှင် ဖော်တဲ့ဆေး ရှင်ပြန်စားကြည့်လိုက် …ဟီး ဟီး။

တခနလောက် စီရီဟန်၊ စဉ်းစားလိုက်၏။
ဒီနောက် သူမလေးအား နက်နက်ရှိုင်းရှိုင်း
ငေးစိုက်လာပြီး ပြောလိုက်သည် ။
“ကိုယ်အနားမှာမရှိရင် အိပ်လို့မပျော်ဘူးလား”

ရီဝမ်ဝမ်၊ အံ့သြသွားရတော့သည် ။ “မယုံနိုင်စရာကောင်းလိုက်တာ…”

သူ တကယ်ကြီးမှန်သွားတယ်ဟ ။

မဟုတ်လို့လားဆိုသည့်ဟန်ဖြင့် စီရီဟန်၊ ပြောလာသည် ။
“မှန်းရတာ လွယ်လွယ်လေးပါ။
ကိုယ့်ဆီက ဓာတ်ကူးသွားပြီလို့ ပြောခဲ့တယ်မလား”

ဒါကိုကြားလိုက်သည့်အချိန်တွင် ရီဝမ်ဝမ်၏နှလုံးသားလေး၊
နောက်ထပ်တစ်ကြိမ် ဒုတ်ခနဲ ကျယ်လောင်စွာ အခုန်မြန်သွား ရတော့သည် ။

“ဟုတ်သားပဲ။ ရွှီရီ ဘယ်မှာလဲ။
သူပါ ရှင်နဲ့ ပြန်မလာဘူးလား”
ရီဝမ်ဝမ်၊ စီရီဟန်ဘက်သို့ လှည့်မေးလိုက်လျှင် ။

စီရီဟန် ။ “သူ့မှာ လုပ်စရာနဲနဲ ရှိသေးတယ်”

“အော်၊ အော်…”
ရီဝမ်ဝမ်၊ ခေါင်းတဆတ်ဆတ် ညိတ်လာသည်။

ဒါကြောင့် ငါ့စာကို မပြန်တာကိုး ။

ရှန်း မြို့တော်က စီရီဟန်၏အလုပ်အကြောင်းကို ထပ်မေးခွန်းထုတ်နေ ခြင်း မပြုတော့။ သူ့အနားက သေလောက်အောင်ကြောက်စရာကောင်း သည့် အငွေ့အသက်တို့ကို ကြည့်ခြင်းအားဖြင့် ဘယ်လိုအခြေအနေ ရှိနေသည်ကို သူမ အကြမ်းဖျင်းမှန်းနိုင်သည်ပင် ။

“ဟုတ်သားပဲ။ ရေသွားချိုးတော့လေ။ အအေးမမိစေနဲ့။
ကျွန်မ ရှင့်အတွက် အင်္ကျီသစ်တစ်ထည် ဝယ်လာခဲ့တယ် -
ရေချိုးပြီးရင် စမ်းဝတ်ကြည့်”
စိတ်လှုပ်ရှားစွာဖြင့် ရီဝမ်ဝမ်၊ လောဆော်လိုက်၏။

စီရီဟန် ။ “ကောင်းပြီ”

အပေါ်ထပ်၊ အိပ်ခန်းထဲတွင် ။

စီရီဟန် ရေချိုးပြီးသွားသည်နှင့်၊
သူ့အတွက်ဝယ်လာသည့်ဝတ်စုံကို
ရီဝမ်ဝမ် အမြန်ပင် ယူချလာ၏။

စီရီဟန် ဝတ်လိုက်သည့်အချိန်တွင် ၊
ရီဝမ်ဝမ်၊ ကိုယ့်ကိုယ်ကို အားရကျေနပ်လျက် ခေါင်းတညိတ်ညိတ်ဖြင့် ။
“ခန့်တယ်။ ကျွန်မချစ်သူက ဘာဝတ်ဝတ်လိုက်တယ်။
ကျွန်မအစ်ကိုက ကျွန်မ ပြောတာကို မယုံဘူး”

“မင်းရဲ့အစ်ကို..”
အမျိုးအမည်မသိရဘဲ ထူးဆန်းနေသည့်အကြည့်တစ်ချက်၊ စီရီဟန်၏မျက်နှာထက် ဖျတ်ခနဲလက်သွားသည်။

“ဟုတ်တယ်။ ကျွန်မရဲ့အစ်ကိုက စတိုင်လစ်အတွက် အင်တာဗျူး လာဖြေတယ်။ ရီပိုင်ဆိုတာက သူ့ရဲ့ညီမလေးအရင်းပါဆိုတာလည်း သိသွားရော ၊ ဟီးဟီး၊ ရှင် သူ့မျက်နှာကြီးကို မြင်လိုက်ရမှာ”
ရီဝမ်ဝမ်၊ ပြုံးရွှင်လို့နေကာ ထိုနေ့ကဖြစ်ပျက်ခဲ့သမျှတို့ကို
စီရီဟန်အား ပြောပြတော့သည် ။

“သူနဲ့ရှော့ပင်းထွက်ရင်းနဲ့ ကျွန်မ ဒီဝတ်စုံကို တွေ့ခဲ့တာ။
ရှင်နဲ့ဆို တော်တော်လေးကြည့်ကောင်းမယ်ထင်တာနဲ့ ဝယ်လာခဲ့လိုက်တယ်။ ဘယ်လိုလဲ။ ကြိုက်လား”

“အင်း”

ဒီနောက်၊ အိပ်ရာဘေးနားက စီးပွားရေးကိစ္စတွေကို
မြင်လိုက်ရလေရာ၊ ကောက်ယူလိုက်ရင်း ။
“ဒါက ဘာလဲ”

“ဒါက…ကျွန်မ ရှင့်ကို အရင်က ပြောဖူးတယ်မလား။
ဇာတ်လမ်းတွဲတစ်ခု ရိုက်ဖို့စီစဉ်နေတယ်လို့။ ဒါက အဲ့အလုပ်ကိစ္စ အတွက်။ ‘ပွဲမဝင်ခင် ပြင်ကကျင်းပ’ လို့ ပြောသလိုပေါ့ - ဇာတ်လမ်းစမရိုက်ခင်မှာ စပွန်ဆာတချို့ ရှာထားမှရမယ်လေ”
ရီဝမ်ဝမ်၊ ရှင်းပြလာသည် ။

အခုတလောတွင် ဒီဇာတ်လမ်းတွဲအတွက်
ဒီဇာတ်ညွှန်းနှင့်ပတ်သက်ပြီး
သူမ တော်တေ်ာအလုပ်ရှုပ်နေခဲ့သည်ပင် ။

သူမ၏အတိတ်ဘဝတုန်းက သိုင်းဇာတ်လမ်းတွဲတို့၊ ရုပ်ရှင်ကားတို့ တော်တော်များများကို သူမ မြင်ခဲ့ရသည်။ သူမ၏အံ့ဖွယ်မှတ်ဉာဏ်နှင့် ဆိုပါလျှင် နောင်တွင် ဟုန်းဟုန်းတောက်ကျော်ကြားသွားနိုင်သည့် ဇာတ်လမ်းတစ်ပုဒ်ကို သူမ ထုတ်ပေးနိုင်မည်ပင်။ ထို့ကြောင့် ရိုက်ကူးဖို့ရာအတွက် ကြိုပြင်ဆင်နေခြင်းဖြစ်ပါ၏။

ဒါကို လုပ်ခြင်းဖြင့် တခြားသူတို့ဆီက အခွင့်အရေးကို အသိသာကြီး ဖြတ်ယူပစ်နိုင်ပြီး နောင်ဖြစ်လာမည်တို့ကို ပြောင်းလဲပစ်နိုင်လိမ့်ပေမည်။ အကျိုးအမြတ်ရဖို့အတွက် ဒီနည်းကို အသုံးချခြင်းသည် သူမ တကယ် လိုချင်သည့်ပုံစံတော့ မဟုတ်ပါချေ ။

သို့သော်၊ ထူးကဲနေသည့်ဇာတ်ညွှန်းတစ်ခု ရှိနေလေသည် ။

သူမ၏အတိတ်ဘဝတွင် ရီ အုပ်စု၏အင်ပါယာစကိုင်း အင်တာတိန်းမန့် သည် အိုင်ဒေါငယ်ငယ်လေးတွေပါသည့် သိုင်းဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးခဲ့၏။ ထိုဇာတ်လမ်းသည် တရုတ်တစ်နိုင်ငံလုံးကို ဟုန်းဟုန်းကျော်သွားခဲ့ချေ၏။

                           💖💖💖💖💖💖

စာစဉ် ၂၇၊ အခန်း ၇။ စိတ်ဆိုးနေသော သခင်လေး ၉

ထိုသိုင်းဇာတ်လမ်းတွဲက လူတိုင်းပင်၊ သရုပ်ဆောင်တွေက နေ ထုတ်လုပ်ရေးအဖွဲ့ထိ နာမည်ကြီးသွားခဲ့ကြ၏။ စံချိန်တွေအများကြီး ချိုးပစ်ခဲ့ပြီး အာရှ၏လူငယ်အိုင်ဒေါဇာတ်လမ်းဟူ၍ နာမည်ကြီးလာခဲ့၏။ ဒီနောက်၊ ဘာသာများစွာပြန်ဆိုကြကာ နိုင်ငံအသီးသီးတွင်
ထုတ်လွှတ်ပြသခဲ့ကြသည်ထိပင် ။

သို့သော်လည်း၊ ဒီဇာတ်လမ်းတွဲကိုရေးသည့် ဇာတ်ညွှန်းရေး သူ၊
ရွှီလင်းမှာမူ အတိဒုက္ခရောက်လျက် အဆုံးသတ်သွားခဲ့ရသည် ။

ရွှီလင်း၏အဖြစ်သည် ရီမူဖန်နှင့် တစ်မျိုးဘာသာဆင်တူပေ သည် - သူသည် အင်ပါယာစကိုင်း၏ရွှေတံဆိပ်ဆုပိုင်ရှင် ဇာတ်ညွှန်းရေးဆရာကြီးတန်ကျန်းရှင်း၏ တပည့်ကျော် ။

အချက်အလက်အရဆိုပါက ထိုရွှေဆုများပိုင်ရှင် ဇာတ်ညွှန်းရေးဆရာကြီး ထုတ်ပေးခဲ့သည့် နာမည်ကြီးပြီး ဆန်းကြယ်သည့်ဇာတ်ညွှန်းတို့မှာ သူ၏တပည့်ကျော်၊ ရွှီလင်း၏လက်ထဲကနေ ထွက်လာကြခြင်းပင် ။

ဇာတ်ညွှန်းရေးဆရာလောကတွင် ဇတ်ညွှန်းရေးဆရာများ ထံတွင် သူတို့၏အလုပ်သင်လေးများ ရှိနေတတ်သည်မှာ မထူးဆန်းတတ် ။ နာမည်မရှိသေးသည့် ဇာတ်ညွှန်းရေးဆရာပေါက်စလေးတို့သည် ထရိန်နင်ဆင်းသည့်သဘောဖြင့် ဆရာကြီးတွေဆီကနေ ပညာယူကြသည့်အနေဖြင့် သူတို့အတွက် နောက်ကွယ်ကနေ ဇာတ်ညွှန်းတချို့ ရေးရေးပြီးပြကြသည်မှာ မထူးဆန်း ။

ရွှီလင်း၊ သူ၏ဒရမ်မာနှစ်ကားစလုံး အအောင်မြင်ကြီး အောင်မြင်မှု ရသွားခဲ့ကြပြီသည့်နောက် နောက်ကွယ်ကနေ ရေးပို့ပေးရနေသူအဖြစ် သူ ထပ်မဖြစ်လိုတော့ ။ ဒီတစ်ချိန်တွင်မူ သူ၏စာရေးဆရာမူပိုင်ခွင့်အတွက် တောင်းခံစာပို့လိုက်တော့၏။ ထိုအချိန်တွင်
တန်ကျန်းရှင်းနှင့် အင်ပါယာစကိုင်းသည် သဘောမတူခြင်းမရှိခဲ့ ။ သို့သော်၊
တတိယဇာတ်လမ်းတွဲ ထွက်လာသည့်အခါတွင်လည်း
သူ့အား နာမည်ကောင်းပေးလာခြင်း မရှိပြန်။
လျော်ကြေးဟုဆိုကာ သူ့အား ဒေါ်လာသုံးသောင်းမျှသာလျှင် ပေးလာခဲ့ကြ၏…

ရွှီလင်း၊ ဒီတိုင်းထိုင်ပြီး အနိုင်ကျင့်မခံလိုတော့။
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်တော့ပြီး သူ၏ဇာတ်လမ်းတွဲအသစ် အတွက် နောက်ကုမ္ပဏီတစ်ခုနှင့် အလုပ်တွဲလုပ်ဖို့ ရှာဖွေတော့သည်။

ရွှီလင်းသည် အရင်က တန်ကျန်းရှင်းအား
အလွန်အကျွံလေးစားပြီး ယုံကြည်အားကိုးခဲ့လေသည်။
သူသည် ထွက်မလာခင်မှာ ဇာတ်ညွှန်းသစ်ကို ပို့ပေးခဲ့မိလေ၏။

တန်ကျန်းရှင်းနှင့်အင်ပါယာစကိုင်းသည် မည်မျှအရှက်မဲ့ သည်ကို
ရွှီလင်း၊ ပေါ့တန်တန်နေခဲ့မိသည်ကား အသိသာပင် ။

တန်ကျန်းရှင်းသည် ဇာတ်ညွှန်းကို ကြိုတင်ပို့ပေးလိုက်ပြီး စာရင်းသွင်းထားလိုက်၏ ။
ဤသည်မှာ ရွှီလင်း၏လက်ရာ ဖြစ်ကြောင်းကို အင်ပါယာစကိုင်းက ကောင်းကောင်းသိနေပါ၏။ သို့သော်၊ ဤရွှေတံဆိပ်များဆုရှင် ဇာတ်ညွှန်းရေးဆရာကြီး တန်ကျန်းရှင်း၏ဂုဏ်သိက္ခာကို ငဲ့ပြီး သူနှင့် ပူးပေါင်းဖို့ ရွေးချယ်လိုက်ကြကာ ဤဇာတ်လမ်းတွဲကို မြန်နိုင်သမျှမြန်မြန် ရိုက်ကူးခဲ့ကြ၏ ။

ထိုအချိန်တွင်၊ ရွှီလင်းသည်ကား သူ၏ဇာတ်လမ်းတွဲအသစ်ကို ရိုက်ရင်းလက်စ ။ ထိုအချိန်၊ တန်ကျန်းရှင်းနှင့်အင်ပါယာစကိုင်း၏ အရိုက်ချခံလိုက်ရ တော့သည် ။ သူတို့ုသည် မူပိုင်ခွင့်နှင့်ပတ်သက်ပြီး သူတို့၏ဇာတ်ညွှန်းကို ခိုးယူသွားခဲ့ပါသည်ဟု တရားစွဲကြတော့၏။

သူသည်ကား တန်ကျန်းရှင်းထက် စာရင်းသွင်းနောက်ကျသွား ခဲ့သည်ဖြစ်ရကား၊ ရွှီလင်းထံတွင် မည်သည့်အကြောင်းပြချက်မှ ပြလို့မရတော့ပေ။
သူ လုပ်နိုင်သည်မှာ အရှက်တရားတို့ကို ပွေ့ပိုက်ကာ နောက်သို့တပ်ပြန်ခေါက်သွားပေးရရုံသာ။
သူ့ဆီကနေ သူ့အလုပ်တွေကို တကယ်ခိုးယူူထားခဲ့ကြသည့် ထိုလူတွေသည်ကတော့ တထပ်ချင်းတထပ်ချင်း နာမည်ဂုဏ်သတင်းတို့ မြင့်သထက်မြင့်၊ တင့်သထက်တင့်လို့လာကြလေသည်…

ဤဇာတ်လမ်းတွဲသည် ကြာပန်းတစ်ရာဆုကို ဆွတ်ခူးလိုက်ရ သည့်နေ့တွင် ရွှီလင်း၊ ကိုယ့်ဘာသာကို မီးထဲဝင်သတ်သေ သွားတော့၏။

ရီဝမ်ဝမ်၊ ကုန်ရွှီအား ပေးခဲ့သည့်ဇာတ်ညွှန်းမှာ တရုတ်တစ်နိုင်ငံလုံးတွင် လျှမ်းလျှမ်းတောက်ပေါက်သွား ခဲ့သည့်ဤဇာတ်ညွှန်းနှင့် တစ်ထေရာတည်း ။
ဤဇာတ်ညွှန်းကို သူမ၏မှတ်ဉာဏ်ထဲက မှတ်မိထားသည့်အတိုင်း ချရေးထားခဲ့ခြင်းပင် ။

ဤဘဝတွင်၊ သူမ၏တွက်ချက်မှုအရဆို ရွှီလင်းသည် ဤဇာတ်လမ်းတွဲကို ရေးလို့ပြီးဦးမည်မဟုတ် ။
သူမ အွန်လိုင်းတွင် ရှာဖွေကြည့်ရသလောက်
ဤဇာတ်ညွှန်းကို စာရင်းသွင်းထားခြင်း မရှိသေး ။

သူမသည် သူမ မှတ်မိသလောက်ကိုးကားပြီး
ဇာတ်ညွှန်းရေးထားခဲ့သလို
အားလုံးထက်စောပြီး စာရင်းသွင်းထားခဲ့လေသည်။

“သားကောင်ကိုသာ လိုက်နေတဲ့မုဆိုးက
သူကိုယ်တိုင် သားကောင်ပြန်ဖြစ်နေသည်ကို မသိ” သလို ။

သူမသည် အင်ပါယာစကိုင်းကို ချေမှုန်းပစ်နိုင်ရုံသာမက
ရွှီလင်းကိုပါ သူမအတောင်နှစ်ဖက်အောက် ခေါ်ယူပစ် မည်ပင်….

သူမလေး ပြောလာသည်ကို စီရီဟန် ၊ နားထောင်လို့နေရင်း စီးပွားရေးအစီအစဉ်ဆိုသည်ကို လှန်လှောကြည့်လို့နေ၏။ သူ့ကြည့်ရသည်ကား တော်တော်လေးစိတ်မပျော်ရွှင်လေ ဟန်။

တခနအကြာတွင် သူ၊ ခေါင်းမော့လာကာ
ရီဝမ်ဝမ်အား ကြည့်လိုက်ပြီး ။
“စပွန်ဆာ ခေါ်ဖို့ ?”

ရီဝမ်ဝမ်၊ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိ၏။
“ဟုတ်တယ်ရယ်။ စပွန်ဆာမရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး ဇာတ်လမ်းတွဲ ရိုက်လို့ရမှာလဲ။ စဉ်းစားကြည့်လိုက်တော့ ဒီသိုင်းဇာတ်လမ်းတွဲအတွက် ရင်းနှီးမြှုပ်နှံပေးချင်တဲ့ ကုမ္ပဏီသူဌေးတွေက နည်းနည်းလောက်ပဲ ရှိတယ်။ စပွန်ဆာရနိုင်ဖို့ အခွင့်အရေးက တော်တော်လေးဖြစ်နိုင်…”

ရီဝမ်ဝမ် ပြောဆိုနေစဉ်မှာပင် စီရီဟန်၏မျက်နှာမှာ
ပိုလို့ပင် မည်းမှောင်လာတော့သည် ။
တခနကြာပြီးသည့်နောက်၊ သူ ပြန်ပြောလာသည် ။
“ဒီလိုလား”

ရီဝမ်ဝမ်၊ နောက်ဆုံးတွင်တော့မှ တစ်ခုခုမူမမှန်သည်ကို သတိပြုမိသွားသည်။

သူ့အသံက ဘာလို့နည်းနည်း တမျိုးကြီးဖြစ်နေတာလဲ။

ခုနတုန်းကပဲ အကောင်းကြီးပါ…

“အမ်၊ ဘာဖြစ်တာလဲ။ ရှင် ကြည့်ရတာ အရမ်းမပျော်နေသလိုပဲ”
ရီဝမ်ဝမ်၊ ကြိုးစားမေးလိုက်သည်နှင့် ။

စီရီဟန်သည် စီးပွားရေးအစီအစဉ်ဆိုသည်ကို ချလိုက်တော့ပြီး သူမလေးအား တည့်တည့်ကြည့်လာသည် ။
“ကိုယ့်ကို ဘာလို့မမေးတာလဲ”

သူ ပြောသည်ကို သဘောပေါက်သွားတော့ပြီး
အံ့သြခြင်းအတိ ဖြစ်သွားရတော့သည့် ရီဝမ်ဝမ် ။
“ဟမ် ။ ရှင့်ကို…ရှင့်ကို မေးရမယ်”

ဤသို့စိတ်ကူးမျိုး တစ်မှုန်တစ်စမျှပင် ရီဝမ်ဝမ်၏အတွေး ထဲတွင် မရှိနေဟန်ရသည်ကို မြင်လိုက်ရလေရာ၊ ရုတ်ခြည်းဆိုသလိုပင် စီရီဟန်၏မျက်နှာမှာ တိမ်စိုင်ကြီးတွေ အုပ်မှိုင်းလာတော့သည် ။ “ဘာလဲ”

ငါ့ကိုကျ ဘာလို့မမေးတာလဲ။

မျက်စိရှေ့မှာ ငါ့လို ရွှေတောင်ကြီးရှိနေရဲ့သားနဲ့ စပွန်ဆာရဖို့
တခြားလူတွေကို လိုက်ရှာချင်နေသေးတယ်လား ။

                          💖💖💖💖💖💖

စာစဉ် ၂၇၊ အခန်း ၈။ ဒီရွှေတောင်ကြီးက တူးရခက်တယ်

ရီဝမ်ဝမ်မှာ တံတွေးပင် ဂလုခနဲ မြိုချမိတော့ပြီး ဂရုတစိုက်စွာဖြင့် ပြောဆိုလာသည်။
“အမ်…ဒါပေမယ့် ရှင် အရင်က စည်းကမ်းထုတ်ထားတယ်လေ။ ကျွန်မလွတ်လွတ်လပ်လပ်နေရဖို့အတွက်ဆို
ရှင့်ဆီက ဘာကိုမှ မတောင်းဆိုရဘူးဆို”

ပြန်ပြောင်းပြောရပါက သူမလေးသည် အပြင်ဘက်ကမ္ဘာကို ထွက်လိုက်သည်နှင့် ဒဏ်ရာဆိုးဆိုးဝါးဝါးရလာပြီး သူ့နံဘေးပြန်လာကာ သူ့အား ငိုယိုအကူအညီတောင်း လာလိမ့်မည်ဟု စီရီဟန် သေချာထားခဲ့ ခြင်းပင်။

သို့သော်၊ အဆုံးသတ်တွင်…

ကိုယ့်သေတွင်းကိုယ်သာ ထပ်တူးမိပြန်သည့် မကောင်းဆိုးဝါးကြီး ။ “…”

စီရီဟန်၏ပါးလျသည့်နှုတ်ခမ်းလွှာလေးတို့သည် တဖြောင့်တည်း ဖြစ်သွားရသည်။ တခနကြာပြီးသည့်နောက်၊ ဘာအမူအရာမှပြခြင်းမရှိ၊ သူ ပြောလာသည် ။
“ကိုယ့်ကို ဖြောင်းဖျဖို့ ကြိုးစားကြည့်လေ”

ဘေးကဆိုဖာပေါ်ထိုင်ချလိုက်ရင်း၊
သူမလေးအား ကြည့်လာကာ ဆက်ပြောလာသည် ။
“ကိုယ် စိတ်ပြောင်းချင်ပြောင်းမှာပေါ့”

ရီဝမ်ဝမ် ။ “…”

စီရီဟန်က သူပြောပြီးသားစကားကို ပြန်ရုတ်သိမ်းပေးမယ်တဲ့လား။

ဘာပဲဖြစ်ပါစေ။ စီရီဟန်ကို အသုံးချခြင်းသည် အကြံဆိုးတော့ မဟုတ်။ သူမသည်သာ စီရီဟန်ကို ပွဲထုတ်နိုင်ပါက တခြားသောရင်းနှီးမြှုပ်နှံသူ တွေ ရလာဖို့ဆိုသည်မှာ အေ၊ ဘီ၊ စီ ရေးသလောက်သာ ရှိတော့မည် ။

ထို့ကြောင့်၊ ရီဝမ်ဝမ် ချောင်းအသာဟမ့်လိုက်တော့ကာ။
“ကောင်းပြီလေ၊ ဒါဆို…ကျွန်မ စပြီနော်”

စီရီဟန် ။ “…”

ဤရင်းနှီးမြှုပ်နှံမှုရလာဖို့ရာအတွက် ရီဝမ်ဝမ် စီစဉ်နေသည်မှာ အချိန်အကြာကြီး ကြာလှပေပြီ။ ထို့ကြောင့် ခင်းပြီးသားလမ်းမပေါ် လျှောက်ရသလိုနှယ် သူမလေး ချောချောမွေ့မွေ့ ပြောထွက်နိုင်ပေသည်။

“အရင်ဆုံး ကျွန်မတို့ရဲ့နောက်ခံဘက်ဂရောင်း - ဒက်ဇလင်းမီဒီယာက ကမ္ဘာ့အင်တာတိန်းမန့်ရဲ့ကုမ္ပဏီခွဲတစ်ခု ဖြစ်တယ်။ ကျွန်မတို့မှာ နောက်ခံအင်အား တောင့်တယ်၊ လူအားငွေအားအများကြီး ရှိတယ်၊
ပြီးတော့ အဆက်အသွယ်တွေ ကျယ်ပြန့်တယ်။ ဒီဇာတ်လမ်းတွဲအတွက် လူအား၊ ငွေအားကို ကျွန်မ လိုသလောက်သုံးပေးလို့ရတယ်….”

စီရီဟန်၊ လုံးဝပင် အဖြားယောင်းခံလိုက်ရဟန်မတူ။
ခေါင်းလေးသာ အသာယိမ်းပြလာသည် ။

ရီဝမ်ဝမ်၊ အရှုံးမပေးပါချေ။ သူမ ဆက်ပြောလိုက်၏။
“ဒုတိယအချက်၊ သရုပ်ဆောင် - လတ်တလောမှာ ကျွန်မတို့ ရွေးချယ် ထားတဲ့သရုပ်ဆောင်က အခုတလော နာမည်အကျော်ကြားဆုံးလူငယ် သရုပ်ဆောင်ဖြစ်တဲ့ ကုန်ရွှီ။ ကုန်ရွှီရဲ့သရုပ်ဆောင်အရည်အချင်းက အပြင်းအထန် အဝေဖန်ခံနေရတယ် ဆိုပေမယ့်လို့ အခုတလော
သူ့အတွက် ပရော်ဖက်ရှင်နယ်ထရိန်နင်တွေ စီစဉ်ပေးထား တယ်။ အရေးအကြီးဆုံးကတော့ ဒီဇာတ်ညွှန်းက သူနဲ့ အရမ်းကို လိုက်ဖက် တာပဲ။ ဒီဇာတ်လမ်းတွဲက ကုန်ရွှီအပေါ် လူတွေမြင်နေကြတဲ့အမြင်ကို ပြောင်းလဲပေးနိုင်ပြီးတော့ သူ့ရဲ့နာမည်ဆိုးကို ချေဖျက်ပေးနိုင်စေမယ့် အဓိကသော့ချက် တစ်ခုဖြစ်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။
အခု၊ ဒီထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ပြောတာ လုံလောက်ပါပြီ….”

စီရီဟန်၊ အမူအရာကင်းမဲ့နေဆဲပင်။
ကုန်ရွှီ၏နာမည်ကို ကြားလိုက်သည့်အချိန်
မျက်ခုံးတို့ပင် တွန့်ကြုတ်လာတော့သည် ။

ကောင်းရောပဲ။
ဒီလောက်အကြာကြီးကြိုးစားလာရတာ၊
အမှတ်မရတဲ့အပြင် ရှိထားတဲ့အမှတ်လေးပါ လျော့သွားပြီ။

ရီဝမ်ဝမ်၊ ကုန်ရွှီအကြောင်း ထပ်စကားစရဲခြင်းမရှိတော့။
လျင်လျင်မြန်မြန်ပင် အခြေအနေတိုးတက်လာဖို့ ကြိုးစားလိုက်၏။
“တတိယအချက်၊ ဇာတ်ညွှန်း - အခုခေတ်မှာ စပွန်ဆာပေး တဲ့သူတွေက ထုတ်လုပ်ရေးအဖွဲ့နဲ့ ရုပ်ရှင်အဖွဲ့သားတွေကိုပဲ ကြည့်ကြတယ်။
ဇာတ်ညွှန်းကို ဖတ်ကြည့်တယ်ဆိုတာက ခပ်ရှားရှားပဲ။ ဒါပေမယ့် တကယ်တမ်းက ဇာတ်ညွှန်းကမှ ဇာတ်လမ်းတစ်ပုဒ်ရဲ့အက္ခရာကျတာပါ။ တိုင်းပြည် H နဲ့ တိုင်းပြည် M ရဲ့ ရုပ်ရှင်ကုမ္ပဏီတွေက ဇာတ်ညွှန်းကိုပဲ အမြဲဦးစားပေးတယ် - ဇာတ်ညွှန်းရေးဆရာတွေမှာ လုပ်ပိုင်ခွင့်အမြင့်ဆုံးကို ကိုင်ထားကြတယ်။ ဒါကြောင့်မို့လည်း သူတို့ဆီက ထွက်လာတဲ့ ဇာတ်လမ်းတွဲ တွေက ကျွန်တေ်ာတို့ ထုတ်လိုက်တဲ့ဇာတ်လမ်းတွဲတွေထက် ပိုပြီးပေါက်နေတာပဲ…”

ရီဝမ်ဝမ် ပြောနေသည်မှာ အာပေါက်တော့မတတ်။
သို့သော်၊ စီရီဟန်သည်ကတော့ တုတ်တုတ်မျှပင် မလှုပ် ။

ရီဝမ်ဝမ်၊ ဘာသိဘာသာ ဆွံ့အသွားရတော့သည် ။
သူမ၊ ထိုစာရွက်စာတမ်းတို့ကို ဘေးပို့လိုက်ပြီး
ရေခွက်ကြီးကြီး တစ်ခွက်ကိုယူကာ ဂလုဂလုခနဲမြည်အောင် သောက်ချပစ်လိုက်ရတေ့ာသည် ။

ငါ ဒီလောက်အကြာကြီးပြင်ဆင်ထားတဲ့ ဒီအချက်အလက်တွေက ဒီလောက်တောင်မှ ဆိုးနေတာလား ။

ဒီလိုသာဆို ငါ ဘယ်လိုလုပ်ပြီး စပွန်ဆာသွားရှာရတော့မှာလဲ ။

သူမလေး၏စိတ်ပျက်လက်ပျက် ဖြစ်သွားသည့်အမူအရာကို
စီရီဟန်၊ ကြည့်လိုက်ပြီး ။“ဘာလို့ ဆက်မပြောတော့တာလဲ”

ရီဝမ်ဝမ်၏နှုတ်ခမ်းထောင့်စွန်းတို့ ကွေးတက်သွားရတော့သည် ။

ရှင့်အဖေကြီးပဲ ဆက်ပြော။
အနည်းဆုံး ရှင် ကျွန်မကို မျက်နှာအမူအရာလေးတော့ ပြဦးမှပေါ့ ။

ရီဝမ်ဝမ်၊ အသက်တစ်ဝကြီး ရှူသွင်းလိုက်တော့ပြီး၊ ဆက်ပြောလိုက်သည် ။
“ဘာပဲဖြစ်ဖြစ်၊ ကျွန်မ လုံး၀ ယုံကြည်တယ်။
ဒီဇာတ်လမ်းတွဲကြောင့် ရှင် ရင်းနှီးမြှုပ်နှံထားတာထက် အဆအများကြီးရလာစေရမယ်လို့ ကတိပေးတယ်”

သူမ၏အတိတ်ဘဝတုန်းက ဒီဇာတ်လမ်းတွဲတွင် ရင်းနှီးမြှုပ်နှံခဲ့သည့် ကုမ္ပဏီတွေသည် ပိုက်ဆံအများကြီးရှာနိုင်ခဲ့ကြသည်မဟုတ်ပါလား ။

စီရီဟန် ။ “ဒီတော့”

ရီဝမ်ဝမ်၊ ရင်ခံသွားရတော့လေပြီ။ စီရီဟန်၏စိတ်ပျက်လက်ပျက်မျက်နှာထက်တွင် ရေးထားသည့်အမူအရာကို ကြည့်လိုက်မိပါက ။
ဒီသခင်ကြီးက ရှာစရာမလိုအောင်ကို သောက်ရမ်းချမ်းသာ နေပြီးသား - ပိုက်ဆံအဆတစ်ရာပိုရှာနိုင်တေ့ာကော ဘာဖြစ်သလဲ ဟူ၍ ။

ရှင်က ပိုက်ဆံကို ဖွဲနဲ့ဇကွဲလောက် မြင်နေတဲ့ဟာ။
ကျွန်မ ရှင့်ကို ရင်းနှီးမြှုပ်နှံလာအောင်လို့ ဘယ်လိုလုပ်လုပ်နိုင်မှာလဲ ။

အဟမ်း အဟမ်း။ ရီဝမ်ဝမ် လက်ထဲတွင် ဝှက်ဖဲတို့လည်း မရှိတော့။ ဒီတိုင်းသာ ပြောထွက်သွားမိတော့သည် ။
“ဒါဆိုရင်…အင်း၊ ကျွန်မတို့ ကိုယ့်ရဲ့ငွေတွေကို တခြားသူဆီ
ရောက်သွားအောင် မပေးလိုက်သင့်ဘူးမလား”

ထိုစကားကို ကြားလိုက်သည်နှင့် စီရီဟန်၏ခပ်တည်တည် မတုန်မလှုပ် ရှိနေခဲ့သည့်အမူအရာမှာ အနည်းငယ်ပြောင်းလဲမှုလေးတို့ ပြလာလေ၏

----

“ကိုယ့်ကို ဖြောင်းဖျနိုင်ပြီ”

ရီဝမ်ဝမ် ။ …“ဟမ်”

ဒါ ဘယ်လိုဖြောင်းဖြလိုက်တာလဲဟ ။ ငါ ဘာများပြောလိုက်မိလို့ ။

                            💖💖💖💖💖💖

ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘

စာစဉ် ၂၇ ကို တစ်ခါထဲအပြတ်ဖတ်လိုပါက ဝန်ဇင်းမှာ ၅၀၀ ကျပ်ထဲနဲ့ ဝယ်ယူနိုင်ပါတယ် ။

Continue Reading

You'll Also Like

326K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
2.1M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
923K 10.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
521K 34.4K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary