Unicode
"ကျွန်တော် ဓားထိုးမူ့ သတင်းရလို့.. တရားခံနဲ့ တွေ့လို့ရမလား!"
စိုင်းမင်းကိုသည် တရာခံနာမည်၌ ကိုဘိုဘို ဟု သိလျှင် သိချင်း ထိုဒေသသို့ ခရီးနှင်ခဲ့ပါ၏။
"တရားလိုဘက်က အမူမဖွင့်ချင်ဘူးဆိုပြီး အခုလေးတင်ပဲ ပိတ်သွားတယ်ဗျ"
"ဟင်..ဘာလို့လဲ"
"မသိဘူးဗျ...အော် ဟိုမှာ တရားခံကိုပြန်ထုတ်သွားပြီ!"
တာဝန်ခံရဲအရာရှိ ပြသည့်နေရာသို့ သူလှည့်ကြည့် လိုက်လျှင် မိုးဇေက ကိုဘိုဘိုအား ကားတံခါးဖွင့်ပေးလျက် တစ်ဖက်တွင်သူဝင်ထိုင်ကာ မောင်းထွက်သွားလေတော့
သည်။
"ကျေးဇူးပဲ..ခွင့်ပြုပါဦး"
စိုင်းမင်းကိုသည် မောင်းလာသော ရဲကားပေါ်သို့ အမြန် တတ်၍ မိုးဇေကားနောက်သို့ မှီအောင် လိုက်လေသည်။ မိုးဇေသည် တောလမ်းလေးအတိုင်း မောင်းသွားရာမှ
တောင်စွန်း တစ်နေရာတွင် ရပ်လိုက်သည်မို့ ဘာဆက်လုပ် မလဲဟု သူစောင့်ကြည့်နေစဉ် သေနတ်ပစ်သံကို ကြားလိုက်
ရပါ၏။ သို့နှင့် သူ ကားပေါ်မှ ဆင်းဖို့ပြင်လိုက်ရာ မိုးတွေ ရုတ်ချည်ရွာသွန်းလာလေတော့သည်။
"ငါက သတ်မလို့ လိုက်ရှာနေတာ"
ပြောထားတဲ့စကားအတိုင်းတကယ်ပဲ သတ်လိုက်ပြီလား။ စိုင်းမင်းကို သည် ကားပေါ်မှဆင်း၍ မိုးရေတွေထဲ ပြေး ထွက်လိုက်ပါ၏။ ဘယ်သူက ဘယ်သူ့ကို ပစ်လိုက်တာလဲ
သိရဖို့။
"တံခါးဖွင့် မိုးဇေ.. ဟေ့လူ.. တံခါးဖွင့်"
ဘေးမှ အသက်ပျောက်နေပြီဖြစ်သော ကိုဘိုဘိုနှင့်အတူ စီယာတိုင်ကို ကိုင်၍ ငိုကြွေးနေတဲ့ မိုးဇေကို မြင်ရသည့် အခါ သူ့ရင်ထဲ ထူးဆန်းသည့်ခံစားချက်ဝင်ရောက်လာခဲ့
ပါသည်။ မင်း ငိုရမယ်ဆိုရင် ဘာကြောင့်များ သတ်ခဲ့ တာလဲကွာ။
မိုးဇေသည် ဖြည်းဖြည်းချင်း ခေါင်းပြန်ထောင်လာပြီးနောက် သူ့ကိုမြင်လျှင် တံခါးဖွင့်လျက် ဆင်းလိုက်ပါ၏။
"ဥပဒေအတိုင်း အရေးယူလို့ရနေတာကို ဘာလို့သတ်တာလဲ"
ခန္ဓာ ကိုယ်ပေါ် အေးစက်စက်ကျရောက်နေတဲ့ မိုးရေတွေကို ခံယူရင်း မိုးဇေ စိုင်းမင်းကို ကို ခပ်ပြင်းပြင်း တွန်းချလိုက် မိ၏။ ဥပဒေ ဆိုတာ ပိုက်ဆံရှိရင် ဖင်ခုထိုင်လို့ရနေပြီ။
"မင်း သူငယ်ချင်း သေတော့မှာ သိလား..တောက်စ်!!"
မိုးရေထဲ ဖင်ထိုင်ရက်လဲကျသွားသော ငစိုင်းမှာ မိုးဇေကို မအူမလည် ဖြင့်ကြည့်နေမိ၏။
"ဘယ်သူ..ဘယ်သူ..ဘာဖြစ်"
မိုးဇေသည် ကျွတ်စ်' သပ်လျက် သူ့ကို မျက်နှာလွှဲလိုက်ပြီး တံခါး တစ်ဖက်သို့သွား၍ ကိုဘိုဘို ကို ဆွဲထုတ်လိုက်ပါသည်။
"ဘာလုပ်မလို့လဲ.. အဲ့ဒါ။ ရဲတစ်ယောက်လုံးရှေ့မှာ လူသတ်တာအားမရလို့ အလောင်းပါဖျောက်မလို့လား"
"သေချာတဲ့ အဖြေကို ထပ်ထပ်မမေးနဲ့..ငါ မင်းကိုပါ သတ်မိလိမ့်မယ်"
မာန်အပြည့်ဖြင့်ပြောသောမိုးဇေကြောင့် သူတွန့်သွားရ သော်လည်း ကြောက်ရွံ့သည်တော့မဟုတ်ပေ။
"မင်း ကို ငါ ဖမ်းမှာ "
ခါးကြားမှ လက်ထိပ်ကို ဆွဲဖြုတ်ယူပြီး ကားပေါ်မှ ကိုဘိုဘို ၏ ခန္ဓာ ကိုယ်အား ဆွဲထုတ်နေသော မိုးဇေ လက်ကိုခတ်ဖို့ပြင်လျှင် မိုးဇေက သူ့လက်ကို ဖမ်းချုပ်လိုက်ပြီး...
"ဝင်မပါနဲ့လို့... ငါပြောနေတယ်နော်!"
"မင်း ဘာပြောပြော ငါတားရမှာပဲ"
"မင်...ကွာ..တောက်စ်!"
လက်သီးဖြင့်ထိုးဖို့ ရွယ်ပြီးမှ မလုပ်ဖြစ်ပဲ စိုင်းမင်းကို ကို တွန်းထုတ်လိုက်ပါ၏။ တစ်စတစ်စ ဖြင့် မိုးပေါက်ကြီးတွေက
မိုးသက်လေပြေတွေအဖြစ်ပြောင်းလဲလာကာ ချမ်းစိမ့်မူကို ဖြစ်ပေါ်လာစေပါသည်။
"မင်း လှုပ်တာနဲ့ ငါ သတ်ပစ်မှာ ရှင်းလား"
စိုင်းမင်းကို အား သေနတ်ဖြင့် ချိန်၍ ခြိမ်းခြောက်ပြီးနောက် သူ နောက်သို့ တစ်လှမ်းချင်းဆုတ်လိုက်ပါ၏။
"ငါ လုပ်ဖို့ဆုံးဖြတ်ပြီးသား ကိစ္စ တစ်ခုကို အခုချိန် ငါ့အဖေနဲ့အမေ အသက်ပြန်ရှင်လာပြီး တားမယ်ဆိုရင်တောင်ငါ လုပ်မှာ! "
မိုးရေတွေကြောင့် ပြာနှမ်းလုလုဖြစ်လာတဲ့နှုတ်ခမ်းဖျားဟာ ပြတ်သားသည့် စကားအား ထပ်ခါတစ်လဲလဲ ဆိုနေသဖြင့်
စိုင်းမင်းကို လက်လျော့သည်မဟုတ်ပါပဲ တားဖို့လည်း မကြိုးစားမိတော့ပေ။ မိုးဇေသည် တုန်ရီစပြုနေတဲ့ နှုတ်ခမ် အတွင်းသားကို ခပ်နာနာဖိကိုက်လိုက်ပြီး ချိန်ထားသော
သေနတ်ကို ပြန်ရုတိသိမ်းလိုက်ကာ ကိုဘိုဘို အလောင်းအား မိုးရေထဲ ခေတ္တချထားလိုက်၏ ။
"မင်း မြန်မြန် လုပ်လို့မရဘူးလား"
"ခြေရာလက်ရာတွေ ရေနဲ့မျှောပြီး ပျောက်အောင်လုပ်နေတာ ပါးစပ်ပိတ်နေ!"
"ခြေရာလက်ရာ ပျောက်လည်း ငါတစ်ယောက်လုံး မျက်မြင်သက်သေ ရှိတယ်"
"ဟွန့်... ကြံရာပါ! "
မပိီမသ စကားသံကို သူရုတ်တရက်နားမလည်လိုက်ပေ။ မိုးဇေသည် ကိုဘိုဘို အလောင်းအား တောင်းစွန်းမှနေ၍
နက်စောက်သော ချောက်ထဲသို့ ကန်ချလိုက်လေတော့၏။
"မင်း ဘာစကားပြောတာလဲ..ငါက ကြံရာပါ...မဟုတ်ဘူး။ မင်းကို ငါဖမ်းမှာ! "
တစ်ပတ်ပြီးတစ်ပတ်လိမ့်ဆင်းသွားသော ကိုဘိုဘို၏ သက်မဲ့ခန္ဓာကိုယ်ကို မျက်စိတစ်ဆုံး သေချာကြည့်ပြီးမှမိုးဇေသည် စိုင်းမင်းကိုဘက်လှည့်၍..
"အတူတူလိုက်သွားချင်လား...ငါထည့်ပေးလိုက်မယ်!"
စိုင်းမင်းကို ဘာမှ ပြန်မပြောတော့ပဲ တောင်အောက်ကို မလှုပ်မယှက်ကြည့်နေမိ၏။ လူမိုက်တွေရဲ့ အဆုံးသတ်က ဒီလိုပဲလား။ တစ်ခါတစ်လေ မဟုတ်ဘူး အမြဲတမ်းလိုလိုပဲ လူတွေရဲ့ စိတ်ကို ကျွန်တော်နားမလည်ဘူး။
လူတစ်ချို့ကကိုယ့်ကိုယ်ကိုပိုချစ်ကြတယ်။ လူတစ်ချို့ကတော့ ကိုယ့်မိသားစုဝင်တွေကို ပိုချစ်ကြတယ်။ တစ်ချို့ကြတော့
ကိုယ့်ချစ်သူ တွေကိုပိုချစ်ကြတယ်။ တစ်ချို့ကြတော့ အချစ်တွေအရမ်းများပြီး ဘယ်သူ့ကိုချစ်လို့ ချစ်နေကြမှန်း မသိကြဘူး။
ကျွန်တော့်ခံယူချက်က ရိုးရှင်းပါတယ်...ကျွန်တော့်အပေါ် ကောင်းတဲ့သူကို ပြန်ကောင်းပေးမှာ ဖြစ်ပြီး ကျွန်တော့်အပေါ်
ချစ်တဲ့သူကို ပြန်ချစ်ပေးမှာပါ။ အဲ့ဒါကြောင့်မို့များ ကျွန်တော် တုံးပြီး လူတွေကိုနားမလည်ခဲ့တာလား။
နောက်ဘဝမှာ လူကောင်းတစ်ယောက်အဖြစ် ပြန်မွေးဖွားလာ ပေးရင် ကောင်းမယ်....
ကိုဘိုဘို။အဆုံးသတ်နိဂုံး လှပချင်ခဲ့ရင်ပေါ့။
စိုင်းမင်းကို သည် ထွက်သွားပြီဖြစ်သော မိုးဇေကားသံကြောင့် မိမိကားပေါ် ပြေးတတ်ပြီး လိုက်ရပြန်၏။
"မင်းသူငယ်ချင်း သေတော့မှာ သိလား တောက်စ်!"
ထိုစကားအား သူမသဲကွဲသေး။ မဟုတ်မှလွှဲ.. ကိုဘိုဘို ဓားနဲ့ထိုးလိုက်တာ ငဘုန်းများလား။ မင်းနဲ့ငါရဲ့ ပြန်လည် တွေ့ဆုံမူက ဒီလိုကြီးလား ငဘုန်းရာ။
မိုးဇေ၏ ကားလေးနောက် သူလိုက်လာရာ သိပ်မကြာခင် အချိန်၌ ဆေရုံဝန်းထဲသို့ရောက်ရှိလာပါ၏။ တဒုတ်ဒုတ် နဲ့
အခုန်မြန်လာသော ရင်ဘတ်နဲ့အတူ စိုးရိမ်မူကြောင့် သူ့လက်တွေတုန်လာသလို ထင်ရပါသည်။
တကယ်ပဲ ဘုန်းထွဋ်ခေါင်လျှံ မင်းလား။
မိုးဇေးသည် ကားကိုရပ်လိုက်ပြီး စိုင်းမင်းကို လိုက်လာသည်ကို သိသဖြင့် မျက်နှာလေးက အနဲငယ်ပြုံးယောင် သမ်းသွားရလေသည်။ ထို့နောက် ကားမှန်အား ခေါက်
လိုက်ပြီး မှန်းချစေလိုက်ကာ..
"မင်းငါ့ကိုဖမ်ချင်သေးတယ်ဆိုရင် အဖမ်းခံမယ်။ ခဏတော့ စောင့် ငါ.. သူ အခြေအနေကောင်းလား သွားကြည့်လိုက်ဦး
မယ်!"
ပြောပြီး မိုးဇေ လှည့်ထွက်သွားဖို့ပြင်လျှင် စိုင်းမင်းကို သည် ကားပေါ်မှ မြန်မြန်ဆင်းလိုက်ပြီး....
"ခဏ.. ခဏလေး...ငါလိုက်မယ်!"
သို့နှင့် နှစ်ယောက်သား ခေါင်လေး ရှိရာ အခန်းထဲသို့ သွားလိုက်ကြပါ၏။
"ဘုန်း...ဘုန်းထွဋ်ခေါင်လျှံ လားဟင်"
မိုးဇေက အခန်းတံခါးကိုဆွဲဖွင့်ဖို့လုပ်လျှင် စိုင်းမင်ကိုက စိတ်လှုပ်ရှာစွာ မေးလာပါ၏။ နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ သူငယ်ချင်းကို တွေ့ရဖို့ သူအဆင်သင့်မဖြစ်သေးပေ။
"မင်းကိုယ်တိုင် ဝင်ကြည့်လိုက်လေ"
မျက်ခုံးတစ်ချက်ပင့်ကာပြောပြီး တံခါးရှေ့မှဖယ်ပေးလိုက်လျှင် စိုင်းမင်ကိုသည် နှုတ်ခမ်းတို့ကိုဖိထားပြီး စိတ်လှုပ်ရှာမူ ပြောပျောက်အောင်လုပ်ဖို့်ကြိုးစားကာ တံခါးကို ဆွဲဖွင့်
လိုက်စဉ်....
အေးစိမ့်စိမ့်လေထုက မျက်နှာကိုဖြန်းခနဲရိုက်ခတ်လာပါ၏။ ဘာမှမသိစွာ လှဲလျှောင်နေသော ဘုန်းထွဋ်ခေါင်လျှံဟာ သူ သိသော ငဘုန်း အမှန်ဖြစ်လေသည်။
သူ မျက်လုံးတို့ကို မှ်ိတ်ချလိုက်ပြီး ရှေ့ဆက်မသွားနိုင် ဖြစ်သွားကာ နေရာမှာပဲ ရပ်နေမိဆဲဖြစ်ပါ၏။
ရဲဇော် သည် စိုင်းမင်းကို အား မျက်လုံးလှန်ကြည့်ပြီးနောက် မိုးဇေအား မေးထိုး ပြပြီး ဘာလဲ ဟုမေးလျှင် မိုးဇေကပခုံးတွန့်ပြပါ၏။ စိုင်လျန်သည် မြင်ဖူးသလိုလိုရှိသော ရဲအား
အကဲခတ်၍သာ ငြိမ်ငြိမ်လေး ဆက်ထိုင်နေပါသည်။
"ကိုနှိုင်း မဟုတ်လား"
ဘယ်သူထွက်သွား၍ ဘယ်သူဝင်လာလဲမသိသော နှိုင်း မှာ တံခါးမကြီးအား ကျောပေးထိုင်နေရာမှ အသံကြောင့် လှည့်ကြည့်လိုက်ပါ၏။
"စိုင်းမင်းကို..."
"ဘယ်လို ဖြစ်ရတာလဲဗျာ! "
အားဖျော့နေသော နှိုင်းပုံစံကိုကြည့်ရင်း သူ မချိတင်ကဲ ရေရွတ်မိကာ နှိုင်းအနားသို့ သွားလိုက်ပါသည်။ ဘေးတွင် ပူဆွေးသောက ရောက်နေသူတွေ အများကြီးရှိသော်လည်း
ခေါင်လေးကတော့ အသက်ရှူသံခပ်မှန်မှန်ဖြင့် သာ အိပ်မောကျနေဆဲ ဖြစ်လေသည်။
"သူ အိပ်တာ ကြာနေပြီ ကိုစိုင်း ....ငါ့ကို ကူနိူးပေးပါဦ။ ငါ လည်း အရမ်းအိပ်ချင်နေပြီ အဲတာကြောင့် ထတော့လို့ ပြောပေးနော်....မင်းစကားဆို သူနားထောင်လောက်မှာပါ"
ခံစားရတာများလွန်း၍ ခံစားချက်မဲ့နေတာလား။ မျက်နှာသေဖြင့် ပြောလိုက်သော စကားတွေမှာ အဓိပ္ပာယ် များစွာ ပါဝင်လို့
နေ၏။
"သူ ပြန်နိုးလာမှာပါ...အရမ်းပင်ပမ်းနေလို့ အနားယူနေတာ နေမှာ...သူကအဲ့မြဲတမ်း အဲ့ဒီလိုပဲ...မအိပ်ရင်လည်းမအိပ်ဘူး
အိပ်ပြီဆိုရင်လည်း သုံးလေးရက်နေမှထတာ..ဒါတောင်ကျွန်တော်တို့ အတင်းနှိုးလို့သိလား"
နှစ်သိမ့်စကားဆိုသည်ထက် သူ ကိုယ်တိုင် လည်း ထိုသို့ ဖြစ်ဖို့ မျှော်လင့်ပါ၏။
"မင်း အိပ်ရေးတွေအရမ်းပျက်တဲ့အခါ အဲ့လိုပဲ အမြဲတမ်း အိပ်နေကျ ဟုတ်တယ်မလား!"
သတိမေ့နေသူကို မေးသင့်ရဲ့လား မသိသည့်တိုင်...
တီ..တီ..တီ..
ရုတ်တရက် အချက်ပြသံတွေ ထွက်ပေါ်လာလျက် Pressure တွေ ထိုးကျလာကာ ခေါင်လေး သည် အသက်ရှူမဝဘဲ ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည်ဖြင့် လှိုက်ဖိုလာပါတော့၏။
"ဘာဖြစ်တာလဲ... မြန်မြန်.. မြန်မြန်.. ဆရာဝန်သွားခေါ်!"
"ကိုကို..ကိုကို"
မိုးဇေက အလျင်အမြန် ပြေးလျက် ဆရာဝန်သွားခေါ် ချိန်တွင် နှိုင်းမှာ ခြေလက်တို့ အေးစက်တုန်ယင် လာခဲ့ပြီး သတိလစ်မေ့မျောသွားပါတော့သည်။
"ကိုနှိုင်း! "
"ဟာ"
ရဲဇော်သည် မိမိခေါင်းကဆံပင်တွေကိုသာ ပင့်တင်လျက် ဦးနှောက်က ဘာမှစဉ်စားမရတော့ပဲ ပူထူလာပါတော့၏။
"ဘာလို့ ခုထိဆရာဝန်မလာသေးတာလဲ"
ထိုစဉ် ဆရာဝန်နှင့် သူနာပြုများ အပြေးရောက်လာကြပြီး ခေါင်လေးအား စစ်ဆေးမူပြုကြလေတော့သည်။
"ကိုကို..ကိုကို.. ဘာမှမဖြစ်ပါဘူးနော် "
စိုင်လျန်မှာ ဘေးက ကြည့်၍ မျက်ရည်ပိုးပိုးပေါက်ပေါက် ကျနေလျှင် ရဲဇော်က အလိုက်သိစွာ ဖက်ထားပေးရင်း...
"မဖြစ်.. မဖြစ်လောက် ပါဘူး"
.......
"ကိုနှိုင်.. ကိုနှိုင်း သတိထားလေ"
စိုင်းမင်းကို သည် နှိုင်းအား ပွေ့ချီပြေးပြီး လူနာကုတင်ပေါ် တင်ပေးလိုက်စဉ် ဆရာဝန် ချက်ချင်းရောက်လာကာ သွေးခုန်နှုန်းတို့ကို စမ်းသပ်ပေးလေသည်။
"အားလည်းနည်းနေတယ်... အရမ်းလန့်ပြီး သတိလစ် သွားတာပါ...အားဆေးသွင်းပေးမယ့်...စိတ်မပူနဲ့နော် "
"ဟုတ်ကဲ့ ဟူးးးး "
အခုမှပင် သူ သက်ပြင်ချနိုင်သွားကာ အသက်ဝဝရှူရဲ တော့၏။ ထိုစဉ်မိုးဇေ သူတို့ဆီသ်ု့ိအပြေးရောက်လာပြီး...
"ဘယ်လိုလဲ..ဘာဖြစ်တာတဲ့လဲ"
"လန့်ပြီး မေ့သွားတာတဲ့.. စိတ်မပူနဲ့တဲ့ "
"ဟာ.. "
မိုးဇေသည်လည်း သက်ပြင်းချ၍ အနီးရှိ ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလ်ိုက်ကာ...
" မင်း ငါ့ကို မဖမ်းတော့ဘူးလား "
"ဖမ်းမှာ.. အခုလောလောဆယ် ကိုနှိုင်းကို ကြည့်ထား။ ကျွန်တော်.. ငဘုန်းကို သွားကြည့်ဦးမယ်!"
မိုးရေတွေ စိုဖတ်နေခဲ့ပေမယ်လို့ သူတို့ကိုယ်သူတို့ ဂရုစိုက်ဖို့ သတ်ိမရကြသေးပဲ ဟိုပြေးလိုက် သည်ပြေး လိုက်ဖြစ်နေရပါသည်။
"အဆင်ပြေရဲ့လား"
"ဘယ်လိုနေသေးလဲ "
လမ်းတစ်ဝက်အရောက်တွင် စိုင်းမင်းကိုနှင့်ရဲဇော် တွေ့မိကြပြီး ပြိုင်တူမေးဖြစ်သွားကြပါသည်။ သုံးနှစ်ခြား၍ မွေးသော်လည်း တစ်ရက်ထဲကျရောက်သော ထိုလူသား
နှစ်ယောက် ဟာ တိုက်ဆိုင်သည့် ကံကြမ္မာများလွန်းပါ၏။
"နှစ်ရက်လောက်နေလို့မှ သတိမရလာရင်... ဆေးရုံပြောင်း ခွင့်ပေးမယ်တဲ့။ အခုတော့ မျှော်လင့်လို့ရနေပါသေးတယ် ကိုနှိုင်း ရော ဘယ်လိုနေလဲ!"
"လန့်သွားတာပါ.. အဆင်ပြေပါတယ်"
လေးလံသည့်သက်ပြင်းကို ပြိုင်တူချမိကြ၏။ ဘယ်တော့များမှ ဆောင်းရာသီ ကုန်မှာလဲနော်။ မြူတွေတောင် ပြန်ဆိုင်းလာပြန်
ပြီ.... မိုးတွေကလည်း အုံ့လို့နေသေးရဲ့။ ခြောက်ကပ်ကပ် လေထုကလည်း တဖြူးဖြူး တိုက်လို့ စိန်ခေါ်နေသေးတယ်။
ကျွန်တော်တို့တွေ ဆောင်းရာသီကို ချစ်ပေမယ့် အခုတော့ မုန်းချင်တယ်။ မုန်းခွင့်ရှိမလားဟင်။
..........
မျက်စိတစ်ဆုံး မြင်နေရတာ အစိမ်းရောင်လွင်ပြင်ကျယ်ကြီး။ မြက်ခင်းတွေကို သူသိပ်ကြိုက်တာမို့ လက်နှစ်ဘက်ကို
ဆန့်ပြီး ပြေးသွားမိပါ၏။ လေပြေလေညှင်းရဲ့ မွေးပျံ့တဲ့ရနံ့ ကြောင့် မျက်လုံးတွေမှ်ိတ်ပြီးခံယူမိလေသည်။ ခန္ဓာ ကိုယ် တစ်ခုလုံး လေထဲလွှင့်မျှော နေသလို ဘာခံစားချက်မှ
မရှိပဲ သူ ပေါ့ပါးလို့နေခဲ့ပါသည်။
"ဝုတ်..ဝုတ်..ဝုတ်"
လျှာတစ်လစ်လေး ထုတ်လို့ အဖြူရောင်
အမွှးဆုတ်ဖွားနဲ့ ခွေးကလေးတစ်ကောင်ဟာ သူ့ဆီ တည့်တည့်မတ်မတ်ပြေး လို့လာလေရဲ့။ အို...ချစ်စရာကောင်းလိုက်တာ။
သူ ဆီးကြိုပွေ့လိုက်တော့ ခွေးကလေးက သူ့ကိုလျှာလေးနဲ့လိုက်လျက် နေပါ၏။
"မလုပ်နဲ့လေ.. အဲ့လိုမလုပ်ရဘူးလေ ဟားဟ"
ပါးစပ်ကသာ တားနေပေမယ့် ခွေးကလေး ပွတ်သီးပွတ်သပ် လုပ်နေတာကို သူသိပ်သဘောကျနေမိသည်။ ခွေကလေးကို
လက်နှစ်ဘက်ဖြင့် မြောက်ကိုင်ရင်း သူ မော့ကြည့်ကာ..
"ဟေ့ မွှေးဖြူလေး မင်းဘယ်ကလာတာလဲ။ ဒီနားမှာ လူနေတဲ့အိမ်ရှိတာလား... ဒီနေရာကဘယ်နေရာလဲ။ အရမ်းလှတာပဲ.... ဒီမှာပဲ တစ်သက်လုံးနေသွားရရင် ကောင်းမယ်...မင်းရော ငါနဲ့အတူတူနေမလား"
"ဝုတ်"
"ဟားဟ... လိမ္မာ လိုက်တာ..ဒါမှ မွှေးဖြူလေးကွ"
"ဝုတ်...ဝုတ်"
"ဟုတ်ပါပြီကွာ..ဟုတ်ပါပြီ..မင်းက အရမ်းလိမ္မာတာ"
မွှေးဖြူလေက သူ့စကားပဲနားလည်သလိုလိုဖြင့် သူ့ကို လိုက်နမ်းချင်နေသေး၏။
"မွှေးဖြူလေး မင်းသိလား။ ငါ ဘယ်သူလဲဆိုတာ...ငါဘယ်က လာတာလဲရော မင်းသိလား "
"ဟင်းးး အင်းးး"
ခွေးတို့သဘာဝအရအသံပေးလေသည်။ ခေါင်လေးသည် မွှေးဖြူလေးအား ပွတ်သပ်ပေးရင်း...
"ဒီမှာ မင်းနဲ့ငါပဲ ရှိတယ်နော်.... တစ်ယောက်ယောက် ငါတို့နား ရောက်လာရင်ကောင်းမယ်။ စားစရာလည်း မရှိဘူး။နေစရာလည်းမရှိဘူး။ သွားစရာလည်းမရှိဘူး။ငါတို့ သေသွားကြတာလား"
လျှောက်ပြောနေမိပြီးမှ ခေါင်လေး လန့်သွားကာ မိမိကိုယ်ကို လှည့်ပတ်ကြည့်ရှူ့လိုက်၏။ ထို့နောက် ပတ်ဝန်းကျင်ကိုလည်း လှည့်ပတ်ကြည့်လိုက်လျှင် မြင်ခင်းစိမ်းတွေမှလွှဲ၍
ဘာမှရှိမနေပေ။
"သေချာပြီ မွှေးဖြူ ငါတို့သေသွားပြီ.. ဒီမှာပဲနေရတော့မှာ။ တော်သေးတယ် မင်းရှိနေလို့... မဟုတ်ရင် ငါပျင်းလွန်းလို့ ထပ်သေမှာပဲ"
မြက်ခင်းပြင်ပေါ်လှဲအိပ်ချ၍ သူ မျက်လုံးများပြန်မှိက်ကာ နှုတ်ခမ်းတို့က အလိုလိုပြုံးနေမိ၏။ ယခုချိန်၌ သူ့ အတွေးထဲတွင် ဘာမှရှိမနေပဲ ဗလာ ဖြစ်လို့နေပါသည်။
"မောင်!!"
"ဟင်! !"
ချစ်ရည်လွှမ်းသော ခေါ်သံလေးကို ကြားချိန် သူ့မျက်လုံး အစုံဟာ ရုတ်ချည်ပွင့်သွားရလေသည်။ ထိုစဉ် သူ့အား အုပ်မို့ ကြည့်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့်
သူ ထထိုင်လိုက်ကာ...
"ဘယ်သူလဲ မင်းက... "
"ငါလေ မောင်ရဲ့...နှိုင်းလေ "
"နှိုင်း.. ဟုတ်လား"
"ဟုတ်တယ်လေ"
ခေါင်လေးသည် မျက်မှောင်တွေကြုတ်လျက် စဉ်းစား ပြီးနောက်... တစ်ခုခုကိုမှတ်မိသွားဟန်ဖြင့် မတ်တပ်ထရပ်မိကာ...
"နှိုင်....နှိုင်း "
"ဟုတ်တယ် ငါ နှိုင်း ပါ မောင်ရဲ့ "
"ဘာလို့ လာတာလဲ...ဒီနေရာက မင်းလာရမယ့်နေရာမဟုတ်ဘူး သွား ပြန်တော့ "
"ဟင့်အင်း မပြန်ဘူး... ငါ မောင်နဲ့နေမှာ "
"ပြန်တော့လို့ ပြောနေတယ်လေ "
"မပြန်ဘူး! "
ပေတေတေလေးနှင့် နှိုင်း က မျက်ခင်းပေါ် ထိုင်ချလိုက်လျှင် ခေါင်လေးသည် ထိုနေရာမှ ပြေးထွက်သွားလိုက်ပါတော့၏။
"မောင်...ဘယ်သွားတာလဲ... မောင်!!"
"မလာနဲ့..ဒီနေရာက သေတဲ့လူတွေပဲလာတာ..မင်းလာလို့ မရဘူး... မလာနဲ့... မလာနဲ့! !"
........
ကျွန်တော် အိမ်မက်ရှည်ကြီး မက်နေခဲ့တာလား။နှိုင်းဆိုတာ ဘယ်သူတဲ့လဲ.... ကျွန်တော် အခုရော ဘယ်ရောက်နေပြန်ပြီလဲ။
ငါ့လက်တွေလှုပ်လို့မရပါလား။ခြေထောက်တွေကရော ဘာလို လှုပ်မရတာလဲ။ ဟာ...ငါ တစ်ကိုယ်လုံး လှုပ်လို့ မရတော့ဘူး။ မျက်လုံးဖွင့်ကြည့်ရမယ်။ ဟုတ်တယ် မျက်လုံးဖွင့်ကြည့်ရမယ်။
ညသန်ခေါင်ယံအချိန်မှာ သူ မျက်တောင်လေးတွေ တစ်ဖြေးဖြေး လှုပ်ခတ်လာပြီး မျက်ခွံလေးတွေ တဖြေးဖြေး ပွင့်လာပါ၏။ ည မီးရောင် ခပ်မှိန်မှိန် သာ ထွန်းလင်းထာ
သော အခန်းလေးထဲ သူ ကြက်သီးမွှေးညှင်း လေးတွေ ဖျန်းခနဲ ထသွားရတော့သည်။
ငါ သရဲကြောက်နေပြန်ပြီပဲ။
မှုန်ဝါးဝါးဖြစ်နေသော မျက်လုံးကို သုံးလေးကြိမ် ပုတ်ခတ် ပုတ်ခတ် လှုပ်ပြီးနောက် မျက်နှာကျက်ကိုကောင်းစွာ မြင်လာရပြီး ဘေးကို စောင်းငဲ့ကြည့်မိ၏။
လူနာစောင့်ရန်ထားပေးသော ခုံပေါ်၌ ကိုယ်လုံးကြီးမှ အားမနာ အိပ်ပျော်နေသော မိုးဇေကို မြင်လိုက်ရသဖြင့် သူ ရယ်ချင်မိသွားလေသည်။ ထို့နောက် မိမိလက်တွေကို မြောက်ကြည့်လျှင် ဆေးသွင်းထားသည်ကို တွေ့ရသဖြင့် ဖြုတ်ပစ်လိုက်ဖို့ စိတ်ကူပြီးမှ မျက်ခွံတွေ အရမ်းလေး လာတာကြောင့် သူ ပြန်အိပ်ပျော်သွားလေတော့သည်။
............
Love you all💚💚💚
...................................................................
Zawgyi
"ကြၽန္ေတာ္ ဓားထိုးမူ႕ သတင္းရလို႔.. တရားခံနဲ႔
ေတြ႔လို႔ရမလား!"
စိုင္းမင္းကိုသည္ တရာခံနာမည္၌ ကိုဘိုဘို ဟု သိလ်ွင္
သိခ်င္း ထိုေဒသသို႔ ခရီးႏွင္ခဲ့ပါ၏။
"တရားလိုဘက္က အမူမဖြင့္ခ်င္ဘူးဆိုၿပီး အခုေလးတင္ပဲ
ပိတ္သြားတယ္ဗ်"
"ဟင္..ဘာလို႔လဲ"
"မသိဘူးဗ်...ေအာ္ ဟိုမွာ တရားခံကိုျပန္ထုတ္သြားၿပီ!"
တာဝန္ခံရဲအရာရိွ ျပသည့္ေနရာသို႔ သူလွည့္ၾကည့္
လိုက္လ်ွင္ မိုးေဇက ကိုဘိုဘိုအား ကားတံခါးဖြင့္ေပးလ်က္
တစ္ဖက္တြင္သူဝင္ထိုင္ကာ ေမာင္းထြက္သြားေလေတာ့
သည္။
"ေက်းဇူးပဲ..ခြင့္ျပဳပါဦး"
စိုင္းမင္းကိုသည္ ေမာင္းလာေသာ ရဲကားေပၚသို႔ အျမန္
တတ္၍ မိုးေဇကားေနာက္သို႔ မွီေအာင္ လိုက္ေလသည္။
မိုးေဇသည္ ေတာလမ္းေလးအတိုင္း ေမာင္းသြားရာမွ
ေတာင္စြန္း တစ္ေနရာတြင္ ရပ္လိုက္သည္မို႔ ဘာဆက္လုပ္
မလဲဟု သူေစာင့္ၾကည့္ေနစဥ္ ေသနတ္ပစ္သံကို ၾကားလိုက္
ရပါ၏။ သို႔ႏွင့္ သူ ကားေပၚမွ ဆင္းဖို႔ျပင္လိုက္ရာ
မိုးေတြ ႐ုတ္ခ်ည္ရြာသြန္းလာေလေတာ့သည္။
"ငါက သတ္မလို႔ လိုက္႐ွာေနတာ"
ေျပာထားတဲ့စကားအတိုင္းတကယ္ပဲ သတ္လိုက္ၿပီလား။
စိုင္းမင္းကို သည္ ကားေပၚမွဆင္း၍ မိုးေရေတြထဲ ေျပး
ထြက္လိုက္ပါ၏။ ဘယ္သူက ဘယ္သူ႔ကို ပစ္လိုက္တာလဲ
သိရဖို႔။
"တံခါးဖြင့္ မိုးေဇ.. ေဟ့လူ.. တံခါးဖြင့္"
ေဘးမွ အသက္ေပ်ာက္ေနၿပီျဖစ္ေသာ ကိုဘိုဘိုႏွင့္အတူ
စီယာတိုင္ကို ကိုင္၍ ငိုေႂကြးေနတဲ့ မိုးေဇကို ျမင္ရသည့္
အခါ သူ႔ရင္ထဲ ထူးဆန္းသည့္ခံစားခ်က္ဝင္ေရာက္လာခဲ့
ပါသည္။ မင္း ငိုရမယ္ဆိုရင္ ဘာေၾကာင့္မ်ား သတ္ခဲ့
တာလဲကြာ။
မိုးေဇသည္ ျဖည္းျဖည္းခ်င္း ေခါင္းျပန္ေထာင္လာၿပီးေနာက္ သူ႔ကိုျမင္လ်ွင္ တံခါးဖြင့္လ်က္ ဆင္းလိုက္ပါ၏။
"ဥပေဒအတိုင္း အေရးယူလို႔ရေနတာကို ဘာလို႔သတ္တာလဲ"
ခႏၶာ ကိုယ္ေပၚ ေအးစက္စက္က်ေရာက္ေနတဲ့ မိုးေရေတြကို
ခံယူရင္း မိုးေဇ စိုင္းမင္းကို ကို ခပ္ျပင္းျပင္း တြန္းခ်လိုက္
မိ၏။ ဥပေဒ ဆိုတာ ပိုက္ဆံရိွရင္ ဖင္ခုထိုင္လို႔ရေနၿပီ။
"မင္း သူငယ္ခ်င္း ေသေတာ့မွာ သိလား..ေတာက္စ္!!"
မိုးေရထဲ ဖင္ထိုင္ရက္လဲက်သြားေသာ ငစိုင္းမွာ
မိုးေဇကို မအူမလည္ ျဖင့္ၾကည့္ေနမိ၏။
"ဘယ္သူ..ဘယ္သူ..ဘာျဖစ္"
မိုးေဇသည္ ကြၽတ္စ္' သပ္လ်က္ သူ႔ကို မ်က္ႏွာလႊဲလိုက္ၿပီး
တံခါး တစ္ဖက္သို႔သြား၍ ကိုဘိုဘို ကို ဆြဲထုတ္လိုက္ပါသည္။
"ဘာလုပ္မလို႔လဲ.. အဲ့ဒါ။ ရဲတစ္ေယာက္လံုးေ႐ွ႕မွာ
လူသတ္တာအားမရလို႔ အေလာင္းပါေဖ်ာက္မလို႔လား"
"ေသခ်ာတဲ့ အေျဖကို ထပ္ထပ္မေမးနဲ႔..ငါ မင္းကိုပါ
သတ္မိလိမ့္မယ္"
မာန္အျပည့္ျဖင့္ေျပာေသာမိုးေဇေၾကာင့္ သူတြန္႔သြားရ
ေသာ္လည္း ေၾကာက္ရြံ႕သည္ေတာ့မဟုတ္ေပ။
"မင္း ကို ငါ ဖမ္းမွာ "
ခါးၾကားမွ လက္ထိပ္ကို ဆြဲျဖဳတ္ယူၿပီး ကားေပၚမွ
ကိုဘိုဘို ၏ ခႏၶာ ကိုယ္အား ဆြဲထုတ္ေနေသာ မိုးေဇ
လက္ကိုခတ္ဖို႔ျပင္လ်ွင္ မိုးေဇက သူ႔လက္ကို ဖမ္းခ်ဳပ္
လိုက္ၿပီး...
"ဝင္မပါနဲ႔လို႔... ငါေျပာေနတယ္ေနာ္!"
"မင္း ဘာေျပာေျပာ ငါတားရမွာပဲ"
"မင္...ကြာ..ေတာက္စ္!"
လက္သီးျဖင့္ထိုးဖို႔ ရြယ္ၿပီးမွ မလုပ္ျဖစ္ပဲ စိုင္းမင္းကို ကို
တြန္းထုတ္လိုက္ပါ၏။ တစ္စတစ္စ ျဖင့္ မိုးေပါက္ျကီးေတြက
မိုးသက္ေလေျပေတြအျဖစ္ေျပာင္းလဲလာကာ ခ်မ္းစိမ့္မူကို
ျဖစ္ေပၚလာေစပါသည္။
"မင္း လႈပ္တာနဲ႔ ငါ သတ္ပစ္မွာ ႐ွင္းလား"
စိုင္းမင္းကို အား ေသနတ္ျဖင့္ ခ်ိန္၍ ၿခိမ္းေျခာက္ၿပီးေနာက္
သူ ေနာက္သို႔ တစ္လွမ္းခ်င္းဆုတ္လိုက္ပါ၏။
"ငါ လုပ္ဖို႔ဆံုးျဖတ္ၿပီးသား ကိစၥ တစ္ခုကို အခုခ်ိန္
ငါ့အေဖနဲ႔အေမ အသက္ျပန္႐ွင္လာၿပီး တားမယ္ဆိုရင္ေတာင္
ငါ လုပ္မွာ! "
မိုးေရေတြေၾကာင့္ ျပာႏွမ္းလုလုျဖစ္လာတဲ့ႏႈတ္ခမ္းဖ်ားဟာ
ျပတ္သားသည့္ စကားအား ထပ္ခါတစ္လဲလဲ ဆိုေနသျဖင့္
စိုင္းမင္းကို လက္ေလ်ာ့သည္မဟုတ္ပါပဲ တားဖို႔လည္း
မႀကိဳးစားမိေတာ့ေပ။ မိုးေဇသည္ တုန္ရီစျပဳေနတဲ့ ႏႈတ္ခမ္
အတြင္းသားကို ခပ္နာနာဖိကိုက္လိုက္ၿပီး ခ်ိန္ထားေသာ
ေသနတ္ကို ျပန္႐ုတ္သိမ္းလိုက္ကာ ကိုဘိုဘို အေလာင္းအား
မိုးေရထဲ ေခတၱခ်ထားလိုက္၏ ။
"မင္း ျမန္ျမန္ လုပ္လို႔မရဘူးလား"
"ေျခရာလက္ရာေတြ ေရနဲ႔ေမ်ွာၿပီး ေပ်ာက္ေအာင္လုပ္ေနတာ ပါးစပ္ပိတ္ေန!"
"ေျခရာလက္ရာ ေပ်ာက္လည္း ငါတစ္ေယာက္လံုး
မ်က္ျမင္သက္ေသ ရိွတယ္"
"ဟြန္႕... ၾကံရာပါ! "
မပိီမသ စကားသံကို သူ႐ုတ္တရက္နားမလည္လိုက္ေပ။
မိုးေဇသည္ ကိုဘိုဘို အေလာင္းအား ေတာင္းစြန္းမွေန၍
နက္ေစာက္ေသာ ေခ်ာက္ထဲသို႔ ကန္ခ်လိုက္ေလေတာ့၏။
"မင္း ဘာစကားေျပာတာလဲ..ငါက ၾကံရာပါ...မဟုတ္ဘူး။
မင္းကို ငါဖမ္းမွာ! "
တစ္ပတ္ၿပီးတစ္ပတ္လိမ့္ဆင္းသြားေသာ ကိုဘိုဘို၏
သက္မဲ့ခႏၶာကိုယ္ကို မ်က္စိတစ္ဆံုး ေသခ်ာၾကည့္ၿပီးမွ
မိုးေဇသည္ စိုင္းမင္းကိုဘက္လွည့္၍..
"အတူတူလိုက္သြားခ်င္လား...ငါထည့္ေပးလိုက္မယ္!"
စိုင္းမင္းကို ဘာမွ ျပန္မေျပာေတာ့ပဲ ေတာင္ေအာက္ကို
မလႈပ္မယွက္ၾကည့္ေနမိ၏။ လူမိုက္ေတြရဲ႕ အဆံုးသတ္က
ဒီလိုပဲလား။ တစ္ခါတစ္ေလ မဟုတ္ဘူး အျမဲတမ္းလိုလိုပဲ လူေတြရဲ႕ စိတ္ကို ကြၽန္ေတာ္နားမလည္ဘူး။
လူတစ္ခ်ိဳ႕ကကိုယ့္ကိုယ္ကိုပိုခ်စ္ၾကတယ္။ လူတစ္ခ်ိဳ႕ကေတာ့
ကိုယ့္မိသားစုဝင္ေတြကို ပိုခ်စ္ၾကတယ္။ တစ္ခ်ိဳ႕ၾကေတာ့
ကိုယ့္ခ်စ္သူ ေတြကိုပိုခ်စ္ၾကတယ္။ တစ္ခ်ိဳ႕ၾကေတာ့
အခ်စ္ေတြအရမ္းမ်ားၿပီး ဘယ္သူ႔ကိုခ်စ္လို႔ ခ်စ္ေနၾကမွန္း
မသိၾကဘူး။
ကြၽန္ေတာ့္ခံယူခ်က္က ႐ိုး႐ွင္းပါတယ္...ကြၽန္ေတာ့္အေပၚ
ေကာင္းတဲ့သူကို ျပန္ေကာင္းေပးမွာ ျဖစ္ၿပီး ကြၽန္ေတာ့္အေပၚ
ခ်စ္တဲ့သူကို ျပန္ခ်စ္ေပးမွာပါ။ အဲ့ဒါေၾကာင့္မို႔မ်ား ကြၽန္ေတာ္
တံုးၿပီး လူေတြကိုနားမလည္ခဲ့တာလား။
ေနာက္ဘဝမွာ လူေကာင္းတစ္ေယာက္အျဖစ္ ျပန္ေမြးဖြားလာ
ေပးရင္ ေကာင္းမယ္....ကိုဘိုဘို။အဆံုးသတ္နိဂံုး
လွပခ်င္ခဲ့ရင္ေပါ့။
စိုင္းမင္းကို သည္ ထြက္သြားၿပီျဖစ္ေသာ မိုးေဇကားသံေၾကာင့္
မိမိကားေပၚ ေျပးတတ္ၿပီး လိုက္ရျပန္၏။
"မင္းသူငယ္ခ်င္း ေသေတာ့မွာ သိလား ေတာက္စ္!"
ထိုစကားအား သူမသဲကြဲေသး။ မဟုတ္မွလႊဲ.. ကိုဘိုဘို
ဓားနဲ႔ထိုးလိုက္တာ ငဘုန္းမ်ားလား။ မင္းနဲ႔ငါရဲ႕ ျပန္လည္
ေတြ႔ဆံုမူက ဒီလိုႀကီးလား ငဘုန္းရာ။
မိုးေဇ၏ ကားေလးေနာက္ သူလိုက္လာရာ သိပ္မၾကာခင္
အခ်ိန္၌ ေဆရံုဝန္းထဲသို႔ေရာက္ရိွလာပါ၏။ တဒုတ္ဒုတ္ နဲ႔
အခုန္ျမန္လာေသာ ရင္ဘတ္နဲ႔အတူ စိုးရိမ္မူေၾကာင့္
သူ႔လက္ေတြတုန္လာသလို ထင္ရပါသည္။
တကယ္ပဲ ဘုန္းထြဋ္ေခါင္လ်ွံ မင္းလား။
မိုးေဇသည္ ကားကိုရပ္လိုက္ၿပီး စိုင္းမင္းကို လိုက္လာ
သည္ကို သိသျဖင့္ မ်က္ႏွာေလးက အနဲငယ္ျပံဳးေယာင္
သမ္းသြားရေလသည္။ ထို႔ေနာက္ ကားမွန္အား ေခါက္
လိုက္ၿပီး မွန္းခ်ေစလိုက္ကာ..
"မင္းငါ့ကိုဖမ္းခ်င္ေသးတယ္ဆိုရင္ အဖမ္းခံမယ္။ ခဏေတာ့
ေစာင့္ ငါ.. သူ အေျခအေနေကာင္းလား သြားၾကည့္လိုက္ဦး
မယ္!"
ေျပာၿပီး မိုးေဇ လွည့္ထြက္သြားဖို႔ျပင္လ်ွင္ စိုင္းမင္းကို သည္
ကားေပၚမွ ျမန္ျမန္ဆင္းလိုက္ၿပီး....
"ခဏ.. ခဏေလး...ငါလိုက္မယ္!"
သို႔ႏွင့္ ႏွစ္ေယာက္သား ေခါင္ေလး ရိွရာ အခန္းထဲသို႔
သြားလိုက္ၾကပါ၏။
"ဘုန္း...ဘုန္းထြဋ္ေခါင္လ်ွံ လားဟင္"
မိုးေဇက အခန္းတံခါးကိုဆြဲဖြင့္ဖို႔လုပ္လ်ွင္ စိုင္းမင္ကိုက
စိတ္လႈပ္႐ွာစြာ ေမးလာပါ၏။ ႏွစ္ေပါင္းမ်ားစြာ ခင္မင္လာတဲ့
သူငယ္ခ်င္းကို ေတြ႔ရဖို႔ သူအဆင္သင့္မျဖစ္ေသးေပ။
"မင္းကိုယ္တိုင္ ဝင္ၾကည့္လိုက္ေလ"
မ်က္ခံုးတစ္ခ်က္ပင့္ကာေျပာၿပီး တံခါးေ႐ွ႕မွဖယ္ေပးလိုက္လ်ွင္
စိုင္းမင္ကိုသည္ ႏႈတ္ခမ္းတို႔ကိုဖိထားၿပီး စိတ္လႈပ္႐ွာမူ
ေျပေပ်ာက္ေအာင္လုပ္ဖို္႔ႀကိဳးစားကာ တံခါးကို ဆြဲဖြင့္
လိုက္စဥ္....
ေအးစိမ့္စိမ့္ေလထုက မ်က္ႏွာကိုျဖန္းခနဲ႐ိုက္ခတ္လာပါ၏။
ဘာမွမသိစြာ လွဲေလ်ွာင္ေနေသာ ဘုန္းထြဋ္ေခါင္လ်ွံ
ဟာ သူ သိေသာ ငဘုန္း အမွန္ျဖစ္ေလသည္။
သူ မ်က္လံုးတို႔ကို မွ္ိတ္ခ်လိုက္ၿပီး ေ႐ွ႕ဆက္မသြားႏိုင္
ျဖစ္သြားကာ ေနရာမွာပဲ ရပ္ေနမိဆဲျဖစ္ပါ၏။
ရဲေဇာ္ သည္ စိုင္းမင္းကို အား မ်က္လုံးလွန္ၾကည့္ၿပီးေနာက္
မိုးေဇအား ေမးထိုး ျပၿပီး ဘာလဲ ဟုေမးလ်ွင္ မိုးေဇက
ပခံုးတြန္႔ျပပါ၏။ စိုင္လ်န္သည္ ျမင္ဖူးသလိုလိုရိွေသာ ရဲအား
အကဲခတ္၍သာ ၿငိမ္ၿငိမ္ေလး ဆက္ထိုင္ေနပါသည္။
"ကိုႏိႈင္း မဟုတ္လား"
ဘယ္သူထြက္သြား၍ ဘယ္သူဝင္လာလဲမသိေသာ
ႏိႈင္း မွာ တံခါးမႀကီးအား ေက်ာေပးထိုင္ေနရာမွ
အသံေၾကာင့္ လွည့္ၾကည့္လိုက္ပါ၏။
"စိုင္းမင္းကို..."
"ဘယ္လို ျဖစ္ရတာလဲဗ်ာ! "
အားေဖ်ာ့ေနေသာ ႏိႈင္းပံုစံကိုၾကည့္ရင္း သူ မခ်ိတင္ကဲ
ေရရြတ္မိကာ ႏိႈင္းအနားသို႔ သြားလိုက္ပါသည္။ ေဘးတြင္
ပူေဆြးေသာက ေရာက္ေနသူေတြ အမ်ားႀကီးရိွေသာ္လည္း
ေခါင္ေလးကေတာ့ အသက္႐ွဴသံခပ္မွန္မွန္ျဖင့္ သာ
အိပ္ေမာက်ေနဆဲ ျဖစ္ေလသည္။
"သူ အိပ္တာ ၾကာေနၿပီ ကိုစိုင္း ....ငါ့ကို ကူႏိူးေပးပါဦ။
ငါ လည္း အရမ္းအိပ္ခ်င္ေနၿပီ အဲတာေၾကာင့္ ထေတာ့လို႔
ေျပာေပးေနာ္....မင္းစကားဆို သူနားေထာင္ေလာက္မွာပါ"
ခံစားရတာမ်ားလြန္း၍ ခံစားခ်က္မဲ့ေနတာလား။ မ်က္ႏွာေသ
ျဖင့္ ေျပာလိုက္ေသာ စကားေတြမွာ အဓိပၸာယ္ မ်ားစြာ ပါဝင္လို႔
ေန၏။
"သူ ျပန္ႏိုးလာမွာပါ...အရမ္းပင္ပမ္းေနလို႔ အနားယူေနတာ
ေနမွာ...သူကအဲ့ျမဲတမ္း အဲ့ဒီလိုပဲ...မအိပ္ရင္လည္းမအိပ္ဘူး
အိပ္ၿပီဆိုရင္လည္း သံုးေလးရက္ေနမွထတာ..ဒါေတာင္
ကြၽန္ေတာ္တို႔ အတင္းႏိႈးလို႔သိလား"
ႏွစ္သိမ့္စကားဆိုသည္ထက္ သူ ကိုယ္တိုင္ လည္း ထိုသို႔
ျဖစ္ဖို႔ ေမ်ွာ္လင့္ပါ၏။
"မင္း အိပ္ေရးေတြအရမ္းပ်က္တဲ့အခါ အဲ့လိုပဲ အျမဲတမ္း
အိပ္ေနက် ဟုတ္တယ္မလား!"
သတိေမ့ေနသူကို ေမးသင့္ရဲ႕လား မသိသည့္တိုင္...
တီ..တီ..တီ..
႐ုတ္တရက္ အခ်က္ျပသံေတြ ထြက္ေပၚလာလ်က္
Pressure ေတြ ထိုးက်လာကာ ေခါင္ေလး သည္
အသက္႐ွဴမဝဘဲ ရင္ဘတ္ေတြ နိမ့္ခ်ည္ျမင့္ခ်ည္ျဖင့္
လိႈက္ဖိုလာပါေတာ့၏။
"ဘာျဖစ္တာလဲ... ျမန္ျမန္.. ျမန္ျမန္.. ဆရာဝန္သြားေခၚ!"
"ကိုကို..ကိုကို"
မိုးေဇက အလ်င္အျမန္ ေျပးလ်က္ ဆရာဝန္သြားေခၚ
ခ်ိန္တြင္ ႏိႈင္းမွာ ေျခလက္တို႔ ေအးစက္တုန္ယင္
လာခဲ့ၿပီး သတိလစ္ေမ့ေမ်ာသြားပါေတာ့သည္။
"ကိုႏိႈင္း! "
"ဟာ"
ရဲေဇာ္သည္ မိမိေခါင္းကဆံပင္ေတြကိုသာ ပင့္တင္လ်က္
ဦးေႏွာက္က ဘာမွစဥ္စားမရေတာ့ပဲ ပူထူလာပါေတာ့၏။
"ဘာလို႔ ခုထိဆရာဝန္မလာေသးတာလဲ"
ထိုစဥ္ ဆရာဝန္ႏွင့္ သူနာျပဳမ်ား အေျပးေရာက္လာၾကၿပီး
ေခါင္ေလးအား စစ္ေဆးမူျပဳၾကေလေတာ့သည္။
"ကိုကို..ကိုကို.. ဘာမွမျဖစ္ပါဘူးေနာ္ "
စိုင္လ်န္မွာ ေဘးက ၾကည့္၍ မ်က္ရည္ပိုးပိုးေပါက္ေပါက္
က်ေနလ်ွင္ ရဲေဇာ္က အလိုက္သိစြာ ဖက္ထားေပးရင္း...
"မျဖစ္.. မျဖစ္ေလာက္ ပါဘူး"
.......
"ကိုႏိႈင္.. ကိုႏိႈင္း သတိထားေလ"
စိုင္းမင္းကို သည္ ႏိႈင္းအား ေပြ႔ခ်ီေျပးၿပီး လူနာကုတင္ေပၚ
တင္ေပးလိုက္စဥ္ ဆရာဝန္ ခ်က္ခ်င္းေရာက္လာကာ
ေသြးခုန္ႏႈန္းတို႔ကို စမ္းသပ္ေပးေလသည္။
"အားလည္းနည္းေနတယ္... အရမ္းလန္႔ၿပီး သတိလစ္
သြားတာပါ...အားေဆးသြင္းေပးမယ့္...စိတ္မပူနဲ႔ေနာ္ "
"ဟုတ္ကဲ့ ဟူးးးး "
အခုမွပင္ သူ သက္ျပင္ခ်ႏိုင္သြားကာ အသက္ဝဝ႐ွဴရဲ
ေတာ့၏။ ထိုစဥ္မိုးေဇ သူတို႔ဆီသ္ု႔ိအေျပးေရာက္လာၿပီး...
"ဘယ္လိုလဲ..ဘာျဖစ္တာတဲ့လဲ"
"လန္႔ၿပီး ေမ့သြားတာတဲ့.. စိတ္မပူနဲ႔တဲ့ "
"ဟာ.. "
မိုးေဇသည္လည္း သက္ျပင္းခ်၍ အနီးရိွ ထိုင္ခံုေပၚတြင္
ေျခပစ္လက္ပစ္ ထိုင္ခ်လ္ုိက္ကာ...
" မင္း ငါ့ကို မဖမ္းေတာ့ဘူးလား "
"ဖမ္းမွာ.. အခုေလာေလာဆယ္ ကိုႏိႈင္းကို ၾကည့္ထား။
ကြၽန္ေတာ္.. ငဘုန္းကို သြားၾကည့္ဦးမယ္!"
မိုးေရေတြ စိုဖတ္ေနခဲ့ေပမယ္လို႔ သူတို႔ကိုယ္သူတို႔
ဂ႐ုစိုက္ဖို႔ သတ္ိမရၾကေသးပဲ ဟိုေျပးလိုက္ သည္ေျပး
လိုက္ျဖစ္ေနရပါသည္။
"အဆင္ေျပရဲ႕လား"
"ဘယ္လိုေနေသးလဲ "
လမ္းတစ္ဝက္အေရာက္တြင္ စိုင္းမင္းကိုႏွင့္ရဲေဇာ္
ေတြ႔မိၾကၿပီး ၿပိဳင္တူေမးျဖစ္သြားၾကပါသည္။ သံုးႏွစ္ျခား၍
ေမြးေသာ္လည္း တစ္ရက္ထဲက်ေရာက္ေသာ ထိုလူသား
ႏွစ္ေယာက္ ဟာ တိုက္ဆိုင္သည့္ ကံၾကမၼာမ်ားလြန္းပါ၏။
"ႏွစ္ရက္ေလာက္ေနလို႔မွ သတိမရလာရင္... ေဆးရံုေျပာင္း
ခြင့္ေပးမယ္တဲ့။ အခုေတာ့ ေမ်ွာ္လင့္လို႔ရေနပါေသးတယ္
ကိုႏိႈင္း ေရာ ဘယ္လိုေနလဲ!"
"လန္႔သြားတာပါ.. အဆင္ေျပပါတယ္"
ေလးလံသည့္သက္ျပင္းကို ၿပိဳင္တူခ်မိၾက၏။ ဘယ္ေတာ့မ်ားမွ
ေဆာင္းရာသီ ကုန္မွာလဲေနာ္။ ျမဴေတြေတာင္ ျပန္ဆိုင္းလာျပန္
ၿပီ.... မိုးေတြကလည္း အံု႔လို႔ေနေသးရဲ႕။ ေျခာက္ကပ္ကပ္
ေလထုကလည္း တျဖဴးျဖဴး တိုက္လို႔ စိန္ေခၚေနေသးတယ္။
ကြၽန္ေတာ္တို႔ေတြ ေဆာင္းရာသီကို ခ်စ္ေပမယ့္ အခုေတာ့
မုန္းခ်င္တယ္။ မုန္းခြင့္ရိွမလားဟင္။
..........
မ်က္စိတစ္ဆံုး ျမင္ေနရတာ အစိမ္းေရာင္လြင္ျပင္က်ယ္ႀကီး။
ျမက္ခင္းေတြကို သူသိပ္ႀကိဳက္တာမို႔ လက္ႏွစ္ဘက္ကို
ဆန္႔ၿပီး ေျပးသြားမိပါ၏။ ေလေျပေလညႇင္းရဲ႕ ေမြးပ်ံ႕တဲ႔ရနံ႕
ေၾကာင့္ မ်က္လံုးေတြမွ္ိတ္ၿပီးခံယူမိေလသည္။ ခႏၶာ ကိုယ္
တစ္ခုလံုး ေလထဲလႊင့္ေမ်ွာ ေနသလို ဘာခံစားခ်က္မွ
မရိွပဲ သူ ေပါ့ပါးလို႔ေနခဲ့ပါသည္။
"ဝုတ္..ဝုတ္..ဝုတ္"
လ်ွာတစ္လစ္ေလး ထုတ္လို႔ အျဖဴေရာင္အမႊးဆုတ္ဖြားနဲ႔
ေခြးကေလးတစ္ေကာင္ဟာ သူ႔ဆီ တည့္တည့္မတ္မတ္ေျပး
လို႔လာေလရဲ႕။ အို...ခ်စ္စရာေကာင္းလိုက္တာ။
သူ ဆီးႀကိဳေပြ႔လိုက္ေတာ့ ေခြးကေလးက သူ႔ကို
လ်ွာေလးနဲ႔လိုက္လ်က္ ေနပါ၏။
"မလုပ္နဲ႔ေလ.. အဲ့လိုမလုပ္ရဘူးေလ ဟားဟ"
ပါးစပ္ကသာ တားေနေပမယ့္ ေခြးကေလး ပြတ္သီးပြတ္သပ္
လုပ္ေနတာကို သူသိပ္သေဘာက်ေနမိသည္။ ေခြကေလးကို
လက္ႏွစ္ဘက္ျဖင့္ ေျမာက္ကိုင္ရင္း သူ ေမာ့ၾကည့္ကာ..
"ေဟ့ ေမႊးျဖဴေလး မင္းဘယ္ကလာတာလဲ။ ဒီနားမွာ
လူေနတဲ့အိမ္ရိွတာလား... ဒီေနရာကဘယ္ေနရာလဲ။
အရမ္းလွတာပဲ.... ဒီမွာပဲ တစ္သက္လံုးေနသြားရရင္
ေကာင္းမယ္...မင္းေရာ ငါနဲ႔အတူတူေနမလား"
"ဝုတ္"
"ဟားဟ... လိမၼာ လိုက္တာ..ဒါမွ ေမႊးျဖဴေလးကြ"
"ဝုတ္...ဝုတ္"
"ဟုတ္ပါၿပီကြာ..ဟုတ္ပါၿပီ..မင္းက အရမ္းလိမၼာတာ"
ေမႊးျဖဴေလက သူ႔စကားပဲနားလည္သလိုလိုျဖင့္
သူ႔ကို လိုက္နမ္းခ်င္ေနေသး၏။
"ေမႊးျဖဴေလး မင္းသိလား။ ငါ ဘယ္သူလဲဆိုတာ..
ငါဘယ္က လာတာလဲေရာ မင္းသိလား "
"ဟင္းးး အင္းးး"
ေခြးတို႔သဘာဝအရအသံေပးေလသည္။ ေခါင္ေလးသည္
ေမႊးျဖဴေလးအား ပြတ္သပ္ေပးရင္း...
"ဒီမွာ မင္းနဲ႔ငါပဲ ရိွတယ္ေနာ္.... တစ္ေယာက္ေယာက္
ငါတို႔နား ေရာက္လာရင္ေကာင္းမယ္။ စားစရာလည္း
မရိွဘူး။ေနစရာလည္းမရိွဘူး။ သြားစရာလည္းမရိွဘူး။
ငါတို႔ ေသသြားၾကတာလား"
ေလ်ွာက္ေျပာေနမိၿပီးမွ ေခါင္ေလး လန္႔သြားကာ
မိမိကိုယ္ကို လွည့္ပတ္ၾကည့္႐ွဴ႕လိုက္၏။ ထို႔ေနာက္
ပတ္ဝန္းက်င္ကိုလည္း လွည့္ပတ္ၾကည့္လိုက္လ်ွင္
ျမင္ခင္းစိမ္းေတြမွလႊဲ၍ ဘာမွရိွမေနေပ။
"ေသခ်ာၿပီ ေမႊးျဖဴ ငါတို႔ေသသြားၿပီ.. ဒီမွာပဲေနရေတာ့မွာ။
ေတာ္ေသးတယ္ မင္းရိွေနလို႔... မဟုတ္ရင္ ငါပ်င္းလြန္းလို႔
ထပ္ေသမွာပဲ"
ျမက္ခင္းျပင္ေပၚလွဲအိပ္ခ်၍ သူ မ်က္လံုးမ်ားျပန္မိွက္ကာ
ႏႈတ္ခမ္းတို႔က အလိုလိုျပံဳးေနမိ၏။ ယခုခ်ိန္၌ သူ႕
အေတြးထဲတြင္ ဘာမွရိွမေနပဲ ဗလာ ျဖစ္လို႔ေနပါသည္။
"ေမာင္!!"
"ဟင္! !"
ခ်စ္ရည္လႊမ္းေသာ ေခၚသံေလးကို ၾကားခ်ိန္ သူ႔မ်က္လံုး
အစံုဟာ ႐ုတ္ခ်ည္ပြင့္သြားရေလသည္။ ထိုစဥ္ သူ႔အား
အုပ္မို႔ ၾကည့္ေနေသာ လူတစ္ေယာက္ကို ေတြ႔လိုက္ရသျဖင့္
သူ ထထိုင္လိုက္ကာ...
"ဘယ္သူလဲ မင္းက... "
"ငါေလ ေမာင္ရဲ႕...ႏိႈင္းေလ "
"ႏိႈင္း.. ဟုတ္လား"
"ဟုတ္တယ္ေလ"
ေခါင္ေလးသည္ မ်က္ေမွာင္ေတြၾကဳတ္လ်က္ စဥ္းစား
ၿပီးေနာက္... တစ္ခုခုကိုမွတ္မိသြားဟန္ျဖင့္ မတ္တပ္ထရပ္မိကာ...
"ႏိႈင္....ႏိႈင္း "
"ဟုတ္တယ္ ငါ ႏိႈင္း ပါ ေမာင္ရဲ႕ "
"ဘာလို႔ လာတာလဲ...ဒီေနရာက မင္းလာရမယ့္ေနရာ
မဟုတ္ဘူး သြား ျပန္ေတာ့ "
"ဟင့္အင္း မျပန္ဘူး... ငါ ေမာင္နဲ႔ေနမွာ "
"ျပန္ေတာ့လို႔ ေျပာေနတယ္ေလ "
"မျပန္ဘူး! "
ေပေတေတေလးႏွင့္ ႏိႈင္း က မ်က္ခင္းေပၚ ထိုင္ခ်လိုက္
လ်ွင္ ေခါင္ေလးသည္ ထိုေနရာမွ ေျပးထြက္သြားလိုက္ပါေတာ့၏။
"ေမာင္...ဘယ္သြားတာလဲ... ေမာင္!!"
"မလာနဲ႔..ဒီေနရာက ေသတဲ့လူေတြပဲလာတာ..မင္းလာလို႔
မရဘူး... မလာနဲ႔... မလာနဲ႔! !"
...........
ကြၽန္ေတာ္ အိမ္မက္႐ွည္ႀကီး မက္ေနခဲ့တာလား။
ႏိႈင္းဆိုတာ ဘယ္သူတဲ့လဲ.... ကြၽန္ေတာ္ အခုေရာ
ဘယ္ေရာက္ေနျပန္ၿပီလဲ။
ငါ့လက္ေတြလႈပ္လို႔မရပါလား။ေျခေထာက္ေတြကေရာ
ဘာလို လႈပ္မရတာလဲ။ ဟာ...ငါ တစ္ကိုယ္လုံး လႈပ္လို႔
မရေတာ့ဘူး။ မ်က္လံုးဖြင့္ၾကည့္ရမယ္။ ဟုတ္တယ္
မ်က္လံုးဖြင့္ၾကည့္ရမယ္။
ညသန္ေခါင္ယံအခ်ိန္မွာ သူ မ်က္ေတာင္ေလးေတြ
တစ္ေျဖးေျဖး လႈပ္ခတ္လာၿပီး မ်က္ခြံေလးေတြ တေျဖးေျဖး
ပြင့္လာပါ၏။ ည မီးေရာင္ ခပ္မွိန္မွိန္ သာ ထြန္းလင္းထား
ေသာ အခန္းေလးထဲ သူ ၾကက္သီးေမႊးညႇင္း ေလးေတြ
ဖ်န္းခနဲ ထသြားရေတာ့သည္။
ငါ သရဲေၾကာက္ေနျပန္ၿပီပဲ။
မႈန္ဝါးဝါးျဖစ္ေနေသာ မ်က္လံုးကို သံုးေလးႀကိမ္
ပုတ္ခတ္ ပုတ္ခတ္ လႈပ္ၿပီးေနာက္ မ်က္ႏွာက်က္ကို
ေကာင္းစြာ ျမင္လာရၿပီး ေဘးကို ေစာင္းငဲ့ၾကည့္မိ၏။
လူနာေစာင့္ရန္ထားေပးေသာ ခံုေပၚ၌ ကိုယ္လံုးႀကီးမွ
အားမနာ အိပ္ေပ်ာ္ေနေသာ မိုးေဇကို ျမင္လိုက္ရသျဖင့္
သူ ရယ္ခ်င္မိသြားေလသည္။ ထို႔ေနာက္ မိမိလက္ေတြကို
ေျမာက္ၾကည့္လ်ွင္ ေဆးသြင္းထားသည္ကို ေတြ႔ရသျဖင့္
ျဖဳတ္ပစ္လိုက္ဖို႔ စိတ္ကူၿပီးမွ မ်က္ခြံေတြ အရမ္းေလး
လာတာေၾကာင့္ သူ ျပန္အိပ္ေပ်ာ္သြားေလေတာ့သည္။
.....
Love you all💚💚💚