" ဂျွန်လေး "
" ဗျာ အစ်ကိုလေးဗြောင် "
" ကားပေါ်ကပစ္စည်းတွေအကုန်ချလို့ကုန်ပြီလား "
" ဟုတ်ကဲ့ အစ်ကိုလေးဗြောင် အကုန်လုံးချလို့ပြီးလို့
ကျွန်တော် အလုပ်သမားတွေကိုလုပ်အားခ ရှင်းပေး
လိုက်ပြီ ပစ္စည်းတွေကိုတော့ခြံထဲမှာပဲ ယာယီခဏချ
ထားတယ် နောက်မှပဲ ကျွန်တော်အိမ်ထဲကိုဖြေးဖြေး
ချင်း ပြန်ထည့်ပေးမယ် အစ်ကိုလေးဗြောင် "
" ပစ္စည်းတွေအကုန်ချပြီးပြီဆိုရင်ပဲရပြီ အလျင်လိုဖို့
မလိုဘူး နောက်မှဖြေးဖြေးချင်း အိမ်ထဲကိုထည့်လို့ရ
တယ် နောက်ပြီးမင်းလည်းပင်ပန်းနေပြီသွားနားလိုက်
ဦး သားကို ငါပဲနေ့လည်စာကျွေးပြီး သိပ်လိုက်မယ် "
" ဟုတ်ကဲ့ အစ်ကိုလေးဗြောင် "
ဧည့်ခန်းဝတွင် စကားအပြန်အလည် ပြောနေကြသော
ဂျွန်လေးနဲ့ဟွန်းငယ်တို့နှစ်ယောက်ကို ဘာရယ်မဟုတ်
ကျွန်တော်ဆိုဖာမှာထိုင်ရင်းတွေတွေလေးငေးကြည့်မိ
သည် ။
နဂိုအတိုင်းပြန်ကောင်းသွားပြီဖြစ်တဲ့ခြေထောက်အစုံ ။
လက်ကောက်ဝတ်တွင်ဝတ်ထားခြင်း မတွေ့ရတော့တဲ့
ဒုတိယကိုယ်ပွားလေးလို့ မှတ်ယူထားတဲ့ နှလုံးခုန်နှုန်း
စမ်းတဲ့နာရီလေးနှင့်သိသိသာသာပြောင်းလဲသွားသော
ဟွန်းငယ် ။ မတွေ့ရတာပဲကြာသွားလို့လားမပြောတတ်
။ အရင်ကထက်အများကြီးရင့်ကျက်သွားခဲ့ပြီးအတော်
အများကို ပြောင်းလဲသွားခဲ့သည် ။
" အခုအချိန်အထိ မယုံကြည်နိုင်သေးဘူးမလား
တူလေးချန်းယောလ် "
ဟွန်းငယ်ရဲ့လှုပ်ရှားမှုအဖုံဖုံတိုင်းကို လိုက်ကြည့်မိရင်း
စိတ်ထဲအတွေးတွေနဲ့ဗျာများနေရသောကျွန်တော့်အား
နံဘေးတွင်ကျွန်တော့်အလား ဟွန်းငယ်ကိုလိုက်ကြည့်
ပြီး အမေးဆိုလာသော တီလေးနာရာအားဘာပြန်ပြော
ရမလဲ မသိလောက်အောင်ပင် အံ့အားသင့်ရလွန်းလို့
ကျွန်တော်ခေါင်းသာပြန်ညိတ်ပြမိသည် ။
နှစ်တွေအကြာကြီးဒီလောက်လိုက်ရှာခဲ့တာတောင်
ဘာသတင်းအစအနမှ မကြားရ မသိရတဲ့ မရှာနိုင်
မတွေ့နိုင်တော့ဘူးလို့ အားလုံးထင်မှတ်ထားလိုက်
တဲ့အချိန်မှ ဟွန်းငယ်က အခုလိုကြီး ကျွန်တော်တို့
အရှေ့ကို ဗြုန်းစားကြီး ပြန်ပေါ်လာခဲ့လိမ့်မယ်လို့
ဘယ်သူ့ကထင်ကြမှာတဲ့လဲ ။
နောက်ပြီး ဟွန်းငယ်နဲ့အတူပါလာတဲ့ အဲ့ကလေးလေး
ကရော ဘယ်သူလဲ ။ ဘယ်သူမို့ ဟွန်းငယ်ကိုပါးပါးလို့
ခေါ်ရတာလဲ ။
ဟွန်းငယ်ကရော ဘာလို့ဒီကလေးလေးကိုအရမ်းတွေ
ဂရုစိုက်ပြီး ချစ်ပြနေရတာလဲ ။
အခြေအနေတွေအားလုံးက ဘာတွေဘယ်လိုဖြစ်လို့
ဖြစ်နေမှန်းကို ကျွန်တော် တကယ် မသိတော့ဘူး ။
" တူလေးချန်းယောလ် ဆေးသွားယူဖို့ ထွက်သွားပြီး
၅မိနစ်အကြာမှာပဲဟူးဟူးလေးအိမ်ကိုပြန်ရောက်လာ
ခဲ့တယ်အစကတော့သူ့ကိုလိမ်ခဲ့တဲ့လူတွေရှိတဲ့ဒီပတ်
ဝန်းကျင်နဲ့ဒီအိမ်ကိုသူပြန်လာဖို့အစီအစဉ်မရှိခဲ့ပေမယ့်
တီလေးနေမကောင်းဖြစ်နေတာကိုကြားရလို့ တီလေး
ကို သူ တစ်ပြန်ပြန်စောင့်ရှောက်ပေးဖို့အတွက်ပြန်လာ
ခဲ့တာတဲ့လေ "
ကျွန်တော် ဟွန်းငယ်ကို နားလည်ပါသည် ။
ဟွန်းငယ် ပျောက်သွားခဲ့တဲ့ အကြောင်းအရင်းကိုလည်း
ဟွန်းငယ်ထားခဲ့တဲ့ဒိုင်ယာရီစာအုပ်လေးကနေ တစ်ဆင့်
ကျွန်တော် သိခဲ့ရသည် ။
ကျွန်တော် တကယ်ကို အသိနောက်ကျခဲ့တယ်ဗျာ ။
ဟွန်းငယ်ကလေ သူ့ကိုလိမ်တဲ့သူတွေဆိုအရမ်းမုန်း
တာတဲ့ ။
" ဒီအတောအတွင်း ဟွန်းငယ်ဘယ်မှာနေခဲ့လဲ
တီလေး "
" ဂျွန်လေးပြောပြသလောက် တီလေးသိရတာတော့
ဟူးဟူးလေးက ဂျပန်က တီလေးရဲ့ အဒေါ်တစ်ဝမ်းခွဲ
အိမ်မှာ သွားပြီးပုန်းနေခဲ့တာတဲ့ နောက်ပြီး သူအဲ့ဒီမှာ
နေနေတယ်ဆိုတာကိုလည်းတီလေးတို့ မသိရအောင်
တီလေးရဲ့ အဒေါ် တစ်ဝမ်းခွဲကို တီလေးကိုပြန်မပြော
ပြဖို့ တမင်လျှို့ဝှက်ခိုင်းထားခဲ့တာတဲ့ တီလေး အဒေါ်
တစ်ဝမ်းခွဲအိမ်မှာနေရင်းခြေထောက်ပြန်ကောင်းအောင်
ဆေးကုသမှုခံယူခဲ့တယ်တဲ့ ခြေထောက်ပြန်ကောင်းလို့
သိပ်မကြာခင်မှာပဲနှလုံးအစားထိုးကုသမှုကိုထပ်ပြီးခံယူ
ခဲ့တယ်တဲ့ ဒါကြောင့် အခုဟူးဟူးလေးရဲ့လက်ကောက်
ဝတ်မှာ အရင်လိုနှလုံးခုန်နှုန်းစမ်းတဲ့ နာရီလေးဝတ်ထား
တာကို မတွေ့ရတော့တာပေါ့ "
" ဒါဆို ဟွန်းငယ်နဲ့အတူပါလာတဲ့အဲ့ကလေးလေးကရော
ဘယ်သူလဲ တီလေး "
" တီလေးသိထားတာတော့ အဲ့ကလေးလေးက ဟူးဟူး
လေးရဲ့သားလေးတဲ့ တီလေးလည်း အဲ့ကလေးလေးအ
ကြောင်းကိုအကြောင်းစုံတော့ မသိဘူးရယ် အခုတောင်
ဂျွန်လေး ပြောပြထားလို့ ဒီလောက်သိရတာ ဟူးဟူးလေး
ကအရင်လိုမဟုတ်တော့ဘူးတူလေးချန်းယောလ် အရမ်း
ရင့်ကျက်သွားပြီး အရမ်းလျှိုတယ် အရင်လိုအရယ်အပြုံး
လည်း မရှိတော့ဘူး "
ကျွန်တော့်ကလေးလေးက တကယ်ကို ပြောင်းလဲသွား
ခဲ့တာပဲ ။ ကျွန်တော်နဲ့တီလေးကိုတစ်ချက်လေးတောင်
မရယ်မပြုံးပြတဲ့ဟွန်းငယ်က သားဆိုတဲ့ဟိုပေါက်စလေး
ကို နေ့လည်စာခွံ့ကျွေးရင်းပြုံးရယ်နေလိုက်တာပါးစပ်က
နားရွက်တပ်ချိတ်မှာတောင်စိုးရိမ်ရသည် ။
" ဦးဦးချာနူးလ် ဦးဦးချာနူးလ် "
အတွေးလေဟာနယ်အတွင်းမျောပါမိစဉ် ရုတ်တရက်
လက်မောင်းကို လှုပ်ခါပြီး ခေါ်လာသောပေါက်စလေး
ကြောင့် ကျွန်တော်အသိပြန်ကပ်လာခဲ့သည် ။
" ပြောလေ ပေါက်စလေး "
" ဦးဦးချာနူးလ် မနက်ကဟူးဟူးလေးကို တင်ပြီး
စီးယာတဲ့စက်ဘီးက ဟူးဟူးလေးပါးပါးရဲ့စက်ဘီး
ဆိုတာ သိယား "
နှုတ်ခမ်းလေးတထော်ထော်နဲ့ စက်ဘီးပိုင်ရှင် အမည်
တပ်ပြနေတဲ့ ထိုပေါက်စလေးအား ပြုံးလျက်ခေါင်းပြန်
ညိတ်ပြလိုက်တော့ ထမင်းစားခန်းမှာကျန်ရစ်နေခဲ့သော
သူ့ပါးပါးဖြစ်သော ဟွန်းငယ်ကိုတစ်ချက်ပြန်ခိုးကြည့်ပြီး
ကျွန်တော့်အနားကို တိုးလာကာ ...
" နောက်တစ်ခါ ဦးဦးချာနူးလ် အာ့စက်ဘီးကို
ယူမစီးနဲ့တော့ သိယား "
" ဘာဖြစ်လို့လဲ ပေါက်စလေးရဲ့ "
နှစ်ယောက်တည်းကြားနိုင်အောင် ပါးစပ်ကို လက်
သေးသေးလေးတွေဖြင့်ကာပြီး လေသံတိုးတိုးလေး
နဲ့ ပြောလာတဲ့ပေါက်စလေးကိုတမင်သက်သက်ပြန်
အမေးထုတ်လိုက်တော့ ရှေ့ကလိုပင် ဟွန်းငယ်ကို
တစ်ချက် ပြန်ခိုးကြည့်ပြန်လေသည် ။
အဟက် .. ဒီပေါက်စလေးကြည့်ရတာဟွန်းငယ်ကို
အတော်ကြောက်တယ်ထင်သည်။
" ဟူးဟူးလေးရဲ့ပါးပါးက သူ့ပစ္စည်းတွေကို သူများ
ယူကိုင်တာမကြိုက်ဘူးဦးဦးချာနူးလ်ရဲ့ .. ဟူးဟူးလေး
က ဦးဦးချာနူးလ်ကိုချစ်ရို့ ယာကြောကြတာ နောက်
တစ်ခါ ယူမစီးရဝူးညော် "
သွားလေးတွေပေါ်သည်အထိ မျက်လုံးမှေးမှေးလေး
တွေစုံမှိတ်သွားသည်အထိပြုံးပြသော ကျွန်တော်နဲ့အ
နည်းငယ်ဆင်တဲ့ဘေးကိုအနည်းငယ်ကားထွက်နေတဲ့
ပေါက်စလေးရဲ့နားရွက်ကားကားလေးအားကျွန်တော်
လက်နဲ့ဖွာဖွာလေးဆွဲလိုက်ပြီးခေါင်းညိတ်ပြလိုက်မိသည် ။
တကယ်ပဲ လေးနှစ်သားလို့တောင် မထင်မှတ်ရတဲ့
သိပ်လည်ပြီး သိပ်ချစ်ဖို့ကောင်းတဲ့ ပေါက်စလေး ။
သူ့အဖေဟွန်းငယ်နဲ့အတော်တူလွန်းလေသည် ။
" သားဟူးဟူး နေ့လည်အိပ်ချိန်ရောက်ပြီ "
" ဟုတ်ပါးပါး ဦးဦးချာနူးလ် တာ့တာ "
တာ့တာလေးပြပြီး လှစ်ခနဲအိမ်အပေါ်ထပ်ကဟွန်းငယ်
အခန်းကိုပြေးတက်သွားတဲ့ ပေါက်စလေးရဲ့ ကျောပြင်
ငယ်လေးကို ငေးကြည့်ရင်း ကျွန်တော်ပြုံးမြဲပြုံးမိနေဆဲ ။
" အစ်ကိုချန်းယောလ်လည်း ပြန်လို့ရပြီ "
သောက်ဆေးအရှိန်နဲ့ဆိုဖာပေါ်တွင် အိပ်ပျော်သွားသော
တီလေးကိုစောင်ခြုံပေးရင်းအေးတိအေးစက်ဖြင့်သူစိမ်း
ဆန်ဆန်ပြောလာသောဟွန်းငယ် ။ အစ်ကိုချန်းယောလ်
တဲ့လား ။ အရင်လို ကိုကိုမဟုတ်တော့ဘဲ ။ သူစိမ်းဆန်
ဆန် အစ်ကိုချန်းယောလ်တဲ့လား ။
" ကိုယ်တို့စကားခဏပြောရအောင် ဟွန်းငယ် "
" ကျွန်တော်မအားဘူး အစ်ကိုချန်းယောလ် ခြံထဲက
သားရဲ့ပစ္စည်းတွေကိုအိမ်ထဲအမြန်ပြန်ထည့်ပြီး သား
အတွက်အခန်းအသစ်အမြန်ပြင်ပေးရဦးမှာမို့ ခြံအဝ
အထိ လိုက်ပို့ပေးချိန်တောင်မရဘူး ခွင့်ပြုပါဦး "
မျက်နှာချင်းတစ်ချက်မဆိုင် သူစိမ်းဆန်ဆန် စကား
လုံးတွေသာရွေးပြီး ထိုးနှက်ပြောဆိုပြီးအပေါ်ထပ်ကို
တက်သွားခဲ့သော ဟွန်းငယ်ရဲ့ကျောပြင်ငယ်လေးကို
ငေးကြည့်ရင်းအောင့်တတ်လာတဲ့ဝဲဘက်ရင်အုံလေး ။
ကိုယ်နဲ့မျက်နှာချင်းဆိုင်ပြီး စကားမပြောချင်လောက်
အောင် ကိုယ့်ကိုမုန်းသွားခဲ့တာလား ဟွန်းငယ် ။
------------------------------------------
" ဟဟား "
" ခစ်ခစ် "
၅နှစ်ကျော် ပိုင်ရှင်မဲ့နေခဲ့သော HuHu's paradise
အမည်ရှိသော အခန်းငယ်လေး အတွင်းဝယ် ယခု
ဆိုလျှင်ဖြင့် ချစ်စရာကောင်းသောသားဖနှစ်ယောက်
ရဲ့ ရယ်သံလေးများနှင့်ဖုံးလွှမ်းလို့နေလေသည် ။
ညစာစားပြီးလို့ အခန်းထဲသို့ရောက်သည်နှင့် နာရီဝက်
ဆော့တတ်တဲ့ ဗြောင်သားဖနှစ်ယောက် ။ ထုံးစံအတိုင်း
ဆော့လို့ ဝသည်နှင့် သူတို့လုပ်စရာအလုပ်ဖြစ်ကြသော
ကုမ္ပဏီကပါလာတဲ့အလုပ်နဲ့ ကျောင်းကပါလာတဲ့စာတို့
အား ပြန်ကျက်မှတ်ခြင်းတို့ကို ကိုယ့်အသိစိတ်နဲ့ကိုယ်
ကိုယ်စီပြန်လုပ်ကြလေသည် ။
ကုတင်ထပ်တွင် ဝမ်းလျားမှောက်လျက် laptop
တစ်လုံးနှင့် ကုမ္ပဏီကပါလာသော အလုပ်တွေနှင့်
ကျောင်းစာတို့ကိုလုပ်နေသောဘတ်ခ်ဟွန်းကျောပေါ်
တွင် ဗြောင်ဘတ်ခ်ဂဟူးခေါ် ဟူးဟူးလေးမှာ ပက်
လက်လှဲကာ မူကြိုကျောင်းအဟောင်းက ဆရာမ
သင်ပေးလိုက်သော ABCD တို့ကို အဖန်တစ်ရာ
ထပ်အောင်ထပ်ခါတလဲလဲ ပြန်ဖတ်နေလေသည် ။
အခု အခန်းထဲက ဗြောင်သားဖ နှစ်ယောက်ရဲ့ အနေ
အထားကိုကြည့်ပြီး အတိုချုံးပြီး ပြောရမယ်ဆိုရင်ဖြင့်
တစ်ယောက်ပါးစပ်ထဲစုပ်လုံးတစ်လုံးစီနှင့်ဘတ်ခ်ဟွန်း
ကအလုပ်လုပ်နေသလို ။ ဟူးဟူးလေးမှာသူ့ပါးပါးဖြစ်
သော ဘတ်ခ်ဟွန်း ကျောပေါ်ကိုတက်ပြီး ပက်လက်
လေးလှဲပြီး ဒူးလေးနုန့်ကာစာဖတ်လို့နေပြီး သားဖနှစ်
ယောက်စလုံးအငြိမ့်သားနှင့်ကိုယ်စီဇိမ်ကျလို့နေလေ
သည် ။
အကြောင်းအမျိုးမျိုးကြောင့် ဘတ်ခ်ဟွန်း တစ်ယောက်
ကျောင်းနားခဲ့ရပေမယ့် မလျော့သောသူ့ရဲ့ ဇွဲလုံ့လတို့
ကြောင့် အခုဆိုလျှင်ဖြင့် သူ့ကြိုးစားမှုကြောင့်ရလာခဲ့တဲ့
ထယ်ယောင်း အမည်ရှိသော သူ့ကိုယ်ပိုင်ကုမ္ပဏီနှင့်
Uni ဒုတိယနှစ်ကိုရောက်ရှိခဲ့ပြီလေ ။
မနက်ဘက်တွင်ကျောင်းသွား နေ့လည်ဘက် အတန်း
မရှိတဲ့အချိန်တွင် ကုမ္ပဏီသို့လာကာ အလုပ်လုပ်ပြီး ။
ညဘက်တွင်သားလေးကိုထိန်းရင်း ကျောင်းကစာနှင့်
ကုမ္ပဏီကအလုပ်တို့ကို တစ်ပြိုင်နက်တည်း ပြီးအောင်
လုပ်သော ဘတ်ခ်ဟွန်းသည် တစ်နေ့ကုန် အလုပ်နှင့်
လက် မပျက်ရသော်လည်း တစ်ချက် ညည်းညူခြင်း
မရှိခဲ့ ။
ဘယ်လောက်ပင် ပင်ပန်းနေပါစေ အချိန်တန်သူအိမ်
ပြန်လာလို့သူ့ကိုဆီးကြိုနေတဲ့ သားလေးရဲ့အပြုံးတွေ
ဝေဆာနေသော မျက်နှာလေးကို တွေ့လိုက်ရတာနှင့်
ပင်ပန်းလာသော နွမ်းနယ်မှုတို့မှာယူပစ်သလိုပျောက်
ကွယ်သွားခဲ့သည် ။
" ပါးပါး "
" ဗျာဗျ "
" ဦးဦးချာနူးလ်က ချောရယ်ညော် "
ဆက်စပ်မှုမရှိသော ရုတ်တရက် ပြောလာသော သား
စကားကြောင့် keyboard ပေါ်ပြေးလွှားနေသော
ဘတ်ခ်ဟွန်း၏လက်ချောင်းလေးတွေရုတ်ချည်းရပ်တန့်
သွားခဲ့သည် ။
" ဟုတ်လား .. ပါးပါးကတော့ ပါးပါးရဲ့သားလေး
ချောတာပဲ သိတယ်ရယ် "
" ဟူးဟူးလေးချောတာ မှန်ပေမယ့် ဦးဦးချာနူးလ်က
ဟူးဟူးလေးထက် ပိုချောရယ်ရို့ ပါးပါး မထင်ဝူးယား
ပြုံးရိုက်ရင်ပါးချိုင်းယေးနဲ့ချစ်စရာကြီး နောက်ပြီးတော့
ဟူးဟူးလိုနားကကားကားယေးဟိဟိ ဦးဦးချာနူးလ်က
တကယ်ချစ်ဖို့ကောင်းယာ ပါးပါးရဲ့ "
- ပါးပါးကတော့ မုန်းတယ် -
ကျောပေါ်ကစာအုပ်လေးကိုရင်ဝယ်ပိုက်ပြီး ရယ်သံ
လေးတွေနှင့်ပြောနေသော သားရဲ့စကားအား ဒီတစ်
ခါတော့ ဘတ်ခ်ဟွန်းနှုတ်မှတစ်ဆင့်ပြန်မဖြေပေးဘဲ
စိတ်ထဲ၌သာ ပြန်ဖြေပေးလိုက်မိသည် ။
------------------------------------------
" ဟုတ်ကဲ့ ကုန်ပစ္စည်းအသစ်အခမ်းအနားကို ကြိုး
ဖြတ်ဖွင့်လှစ်ပေးဖို့ ထယ်ယောင်း ကုမ္ပဏီဒုဥက္ကဋ္ဌနဲ့
အင်ယွန်းကုမ္ပဏီဒုဥက္ကဋ္ဌတို့ကို ထပ်မံဖိတ်ခေါ်အပ်
ပါတယ် ခင်ဗျာ "
စီးပွားရေးလောကအတွင်းအမည်ရ ကုမ္ပဏီအသီးသီး
ရဲ့ဒုဥက္ကဋ္ဌတွေများစွာတက်ရောက်သော ကုမ္ပဏီအသီး
သီးကထုတ်လုပ်တဲ့ကုန်ပစ္စည်းအသစ်ပြသရောင်းချပွဲ၌
အခမ်းအနားကို ကြိုးဖြတ်ဖွင့်လှစ်ပေးရန် ဖိတ်ခေါ်ခြင်း
ခံရတာကို ကြားရသည်နှင့် အသိမိတ်ဆွေစီးပွားရေးရှင်
တို့နှင့် စကားပြောနေသော စကားဝိုင်းထဲမှချန်းယောလ်
ခဏထွက်၍ ပြပွဲအခန်းဝဘက်သို့လျှောက်လာခဲ့သည် ။
" တူလေးချန်းယောလ် လာ တီလေးအနားကို "
ဖဲကြိုးလေးအရှေ့တွင် ကိုယ်စီဘေးချင်း ယှဉ်တွဲရပ်နေ
သော ဒုဥက္ကဋ္ဌများစွာထဲမှသူ့ကိုအပြုံးတွေနှင့် လှမ်းခေါ်
သော တီလေးအနားသို့ ခေါင်းလေးတစ်ချက်ညိတ်ပြ
ကာသွားရပ်လိုက်ပြီးသိပ်မကြာ ။ သူ့ဘေးသို့လူတစ်
ယောက် လာရပ်လာတဲ့အသိကြောင့်လက်အိတ်အဖြူ
လေးကိုဝတ်ရင်း အမှတ်တမဲ့ တစ်ချက် လှည့်ကြည့်
လိုက်မိတော့ ဝတ်စုံအပြည့်အစုံနှင့်သူ့ဘေးတွင် ခပ်
တည်တည်ရပ်နေသော ...
" ဟွန်းငယ် ! "
အံသြမှုများစွာနှင့် သူ့နှုတ်ကနေ လွှတ်ခနဲထွက်သွားတဲ့
နာမည်ခေါ်သံကြောင့် ဘတ်ခ်ဟွန်းမှာ သူ့ကိုတစ်ချက်
စွေကြည့်လာပြီး ခေါင်းလေး တစ်ချက် ညိတ်ပြကာ
အရှေ့အရပ်မျက်နှာဆီသို့ မျက်နှာပြန်လှည့်သွားခဲ့သည် ။
- အခမ်းအနားကြော်ငြာသူခေါ်တာက ထယ်ယောင်းနဲ့
အင်ယွန်းရဲ့ ဒုဥက္ကဋ္ဌကို ခေါ်တာ .. ဒါဆို ဟွန်းငယ်က
ထယ်ယောင်းရဲ့ ! -
" ဟုတ်ကဲ့ ကျေးဇူးပြုပြီး ကျွန်တော် တစ်ကနေသုံး
အထိနံပါတ်စဉ်ရွတ်ပြီးရင် ဖဲကြိုးကိုဖြတ်ပြီး အခမ်း
အနား ဖွင့်လှစ်ပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ တစ်
.. နှစ် .. သုံး "
အခမ်းအနားကြော်ငြာသူ နံပါတ်စဉ်ရေပြီးသည့် အဆုံး
မိမိအရှေ့က ဖဲကြိုးလေးကိုကိုင်ပြီး အတူတူ ဖြတ်ကာ
အခမ်းအနားကို စတင်ဖွင့်လှစ်လိုက်လေသည် ။
" ဟွန်းစုတ် ငါ့ကိုတစ်ယောက်တည်းထားခဲ့တဲ့ အကျင့်
မကောင်းတဲ့ကောင်စုတ် ငါ့ကိုရော မင်းကိုလိမ်တဲ့သူလို့
ထင်ပြီးမုန်းနေတာလားဟမ် ငါတကယ်ကိုမသိခဲ့တာကွ
ငါလည်းပဲမင်းနဲ့အတူ နောက်ဆုံးမှ ဒေါ်လေးမင်ရီရဲ့အ
ကြောင်းကို သိခဲ့ရတာပါ "
လက်မောင်းကိုထုရိုက်ပြီး ကလေးလေး တစ်ယောက်လို
ငိုမဲ့မဲ့မျက်နှာပေးနှင့်ပြောလာသောဂျုံအင်ကိုဘတ်ခ်ဟွန်း
ဘာမှပြန်မပြောဘဲ ပြုံးလျက်သာလက်ပိုက်၍ရပ်ကြည့်နေ
မိသည် ။
သူသိသည် ။ သူ့ကိုလိမ်တဲ့လူတွေထဲမှာ ဂျုံအင်
တစ်ယောက်လုံးဝမပါခဲ့ဘူးဆိုတာ ။
အနုပညာအလုပ်တွေနဲ့ ကျောင်းစာနဲ့ပဲ အချိန်လှည့်
ပတ်ပြီးကုန်ဆုံးနေခဲ့တဲ့ဂျုံအင်သည် သူ့အလား သူ့
အမေအကြောင်းကို သူနှင့်အတူ သိခဲ့ရတာကိုလည်း
သူကောင်းကောင်းကြီးသိတာကြောင့် ဂျုံအင်ကို သူ
နည်းနည်းလေးတောင် မမုန်းခဲ့ပါ ။
" ရား ! မင်းအသက်၂၅နှစ်နော် "
မိုးပြိုလို့ငိုတော့မယ့်မျက်နှာပေးနှင့် သူ့ကိုလာချွဲနေသော
ဂျုံအင်ကို ဘတ်ခ်ဟွန်းပြုံးစစနှင့်ပြောလိုက်တော့ ဒိုင်းခနဲ
သူ့ဆီရောက်လာခဲ့သော မျက်စောင်းလေးတွေ ။
" ဘာဖြစ်လဲ ၂၅နှစ်က "
" မင်းကကလေးလား ငါ့သားတောင် မင်းလောက်
ငါ့ကိုမချွဲတတ်ဘူး "
" သားဆိုလို့ ငါမင်းကိုမေးရဦးမယ် မင်းဘယ်တုန်းက
လက်ထပ်လိုက်တာလဲ ! ကလေးရဲ့ အမေကရော !
ဘယ်သူလဲ ? မင်းနဲ့အတူပါမလာဘူးလား ! "
" ငါလက်ထပ်လိုက်ပါပြီလို့ မင်းကိုဘယ်သူပြောလဲ ! "
" ကိုကြီးပတ်လေ ကိုကြီးပတ်ပေါ့ မနေ့က မင်းအိမ်က
ပြန်လာပြီးကြေကွဲနေတဲ့အသံကြီးနဲ့ကို ငါကိုပြောပြသွား
တာ မင်းလက်ထပ်လိုက်ပြီတဲ့နောက်ပြီး လေးနှစ်အရွယ်
သားလေးတစ်ယောက်လည်းရှိနေပြီတဲ့ "
ဂျုံအင်ပြောစကားတို့အဆုံး ဘတ်ခ်ဟွန်း မျက်ခုံးလေး
တစ်ချက်ပင့်လိုက်မိသည် ။
" ဘယ်သူလဲ ဟွန်း ကလေးအမေက ! ငါအခုမင်းကို
ကြည့်ရတာလက်ထပ်ထားတဲ့ပုံလည်းနည်းနည်းလေးမှ
မပေါ်ပါဘူး မဟုတ်မှ မင်းအဲ့ကလေးကိုမွေးစားထားတာ
တော့ မလောက်ပါဘူးနော် "
" မဟုတ်ဘူး ငါလက်ထပ်လိုက်ပြီဆိုတဲ့သတင်းက
အမှန်မဟုတ်ပေမယ့် .. သားက ငါ့သားအရင်း နီနီ
မွေးစားသားမဟုတ်ဘူး "
" အင်းလေ .. ဖြစ်ပျက်သမျှအရာအတိုင်းမှာ အကျိုး
အကြောင်းရှိကြတာပဲ ဘယ်လောက်ပဲဖုံးကွယ်ထားပါ
စေ တစ်ချိန်ချိန်ကျရင်တော့ အမှန်တရားတွေအားလုံး
က မပေါ်ချင်ဘဲ ပေါ်လာခဲ့ရတာပဲမဟုတ်လား မင်းငါ့
ကို အခုနေမင်းအကြောင်းတွေကိုမပြောပြချင်သေးရင်
လည်း ရတယ် မင်းအဆင်ပြေမယ့် အချိန်ကျမှ ငါ့ကို
ပြောပြပေါ့ မဟုတ်လား "
" အင်း "
" ဒါနဲ့ မင်းအခုကျောင်းပြန်တတ်နေတာ ဒုတိယနှစ်
တောင်ရောက်နေပြီဆို "
" အင်း ဟုတ်တယ် နီနီ "
" ကိုကြီးပတ်ကိုရော မင်းမုန်းနေတုန်းပဲလား "
စကားပြောနေရင်း သူနှင့်မျက်နှာချင်းဆိုင်ရပ်ပြီး သူ့ကို
ခေါင်းညိတ်၍ပြန်ဖြေပေးနေသောဘတ်ခ်ဟွန်းအနောက်
တွင် သူတို့ဆီသို့ လျှောက်လာနေသော သူ့အစ်ကိုကြီး
ချန်းယောလ်ကိုတွေ့ရတာကြောင့် ပြောနေသောစကား
နှင့် ဆက်စပ်မှုမရှိဘဲ သူ ဘတ်ခ်ဟွန်းကို ရုတ်တရက်
ထမေးလိုက်သည် ။
ထိုအခါ သူ့အမေးကြောင့် ခြေလှမ်းငါးလှမ်းမျှသာ ကွာ
ဝေးသော အကွာအဝေး၌ ရုတ်ချည်းအကြောသေသွား
သလို ချန်းယောလ်ခြေလှမ်းတို့ရပ်တန့်သွားခဲ့သလို ပြုံး
စစဘတ်ခ်ဟွန်းမျက်နှာလေးထက်အပြုံးတို့မှာလည်းတ
ဖြေးဖြေးလွှင့်ပြယ်၍ အနည်းငယ်တွေဝေ စပြုသွားခဲ့သည် ။
" အင်း မုန်းတယ် "
သွေးအေးအေးနှင့်ဆိုလိုက်သော အေးစက်စက်
ဘတ်ခ်ဟွန်း၏စကားသံကြောင့် အေးခဲသွားခဲ့ရ
သော ချန်းယောလ်နှလုံးသားလေး ။
နောက်ပြန်လှည့်ဖို့ အရမ်းကိုခရီးရောက်နေပြီဖြစ်တဲ့
အချစ်ခရီးလေး ။ အစကတစ်ဖန်ပြန်စဖို့ကြံရွယ်မိပေ
မယ့် ။ အစမပျိုးခင်ဇာတ်သိမ်းခံခဲ့ရသောဇာတ်လမ်း
လေးလို ။ နောက်ဆုံးတော့လည်းနာကျည်းခြင်းဆိုတဲ့
ခေါင်းစဉ်လေးနှင့် အဆုံးသတ်ရမှာတဲ့လား ။
ဘာလို့လဲ ? ။
------------------------------------------
ဆက်ရန် ...
15.2.2020
REN JO JO
------------------------------------------
" ဂြၽန္ေလး "
" ဗ်ာ အစ္ကိုေလးေျဗာင္ "
" ကားေပၚကပစၥည္းေတြအကုန္ခ်လိဳ႕ကုန္ၿပီလား "
" ဟုတ္ကဲ့ အစ္ကိုေလးေျဗာင္ အကုန္လုံးခ်လိဳ႕ၿပီးလို႔
ကြၽန္ေတာ္ အလုပ္သမားေတြကိုလုပ္အားခ ရွင္းေပး
လိုက္ၿပီ ပစၥည္းေတြကိုေတာ့ၿခံထဲမွာပဲ ယာယီခဏခ်
ထားတယ္ ေနာက္မွပဲ ကြၽန္ေတာ္အိမ္ထဲကိုေျဖးေျဖး
ခ်င္း ျပန္ထည့္ေပးမယ္ အစ္ကိုေလးေျဗာင္ "
" ပစၥည္းေတြအကုန္ခ်ၿပီးၿပီဆိုရင္ပဲရၿပီ အလ်င္လိုဖို႔
မလိုဘူး ေနာက္မွေျဖးေျဖးခ်င္း အိမ္ထဲကိုထည့္လို႔ရ
တယ္ ေနာက္ၿပီးမင္းလည္းပင္ပန္းေနၿပီသြားနားလိုက္
ဦး သားကို ငါပဲေန႕လည္စာေကြၽးၿပီး သိပ္လိုက္မယ္ "
" ဟုတ္ကဲ့ အစ္ကိုေလးေျဗာင္ "
ဧည့္ခန္းဝတြင္ စကားအျပန္အလည္ ေျပာေနၾကေသာ
ဂြၽန္ေလးနဲ႕ဟြန္းငယ္တို႔ႏွစ္ေယာက္ကို ဘာရယ္မဟုတ္
ကြၽန္ေတာ္ဆိုဖာမွာထိုင္ရင္းေတြေတြေလးေငးၾကည့္မိ
သည္ ။
နဂိုအတိုင္းျပန္ေကာင္းသြားၿပီျဖစ္တဲ့ေျခေထာက္အစုံ ။
လက္ေကာက္ဝတ္တြင္ဝတ္ထားျခင္း မေတြ႕ရေတာ့တဲ့
ဒုတိယကိုယ္ပြားေလးလို႔ မွတ္ယူထားတဲ့ ႏွလုံးခုန္ႏႈန္း
စမ္းတဲ့နာရီေလးႏွင့္သိသိသာသာေျပာင္းလဲသြားေသာ
ဟြန္းငယ္ ။ မေတြ႕ရတာပဲၾကာသြားလို႔လားမေျပာတတ္
။ အရင္ကထက္အမ်ားႀကီးရင့္က်က္သြားခဲ့ၿပီးအေတာ္
အမ်ားကို ေျပာင္းလဲသြားခဲ့သည္ ။
" အခုအခ်ိန္အထိ မယုံၾကည္နိုင္ေသးဘူးမလား
တူေလးခ်န္းေယာလ္ "
ဟြန္းငယ္ရဲ႕လႈပ္ရွားမႈအဖုံဖုံတိုင္းကို လိုက္ၾကည့္မိရင္း
စိတ္ထဲအေတြးေတြနဲ႕ဗ်ာမ်ားေနရေသာကြၽန္ေတာ့္အား
နံေဘးတြင္ကြၽန္ေတာ့္အလား ဟြန္းငယ္ကိုလိုက္ၾကည့္
ၿပီး အေမးဆိုလာေသာ တီေလးနာရာအားဘာျပန္ေျပာ
ရမလဲ မသိေလာက္ေအာင္ပင္ အံ့အားသင့္ရလြန္းလို႔
ကြၽန္ေတာ္ေခါင္းသာျပန္ညိတ္ျပမိသည္ ။
ႏွစ္ေတြအၾကာႀကီးဒီေလာက္လိုက္ရွာခဲ့တာေတာင္
ဘာသတင္းအစအနမွ မၾကားရ မသိရတဲ့ မရွာနိုင္
မေတြ႕နိုင္ေတာ့ဘူးလို႔ အားလုံးထင္မွတ္ထားလိုက္
တဲ့အခ်ိန္မွ ဟြန္းငယ္က အခုလိုႀကီး ကြၽန္ေတာ္တို႔
အေရွ႕ကို ျဗဳန္းစားႀကီး ျပန္ေပၚလာခဲ့လိမ့္မယ္လို႔
ဘယ္သူ႕ကထင္ၾကမွာတဲ့လဲ ။
ေနာက္ၿပီး ဟြန္းငယ္နဲ႕အတူပါလာတဲ့ အဲ့ကေလးေလး
ကေရာ ဘယ္သူလဲ ။ ဘယ္သူမို႔ ဟြန္းငယ္ကိုပါးပါးလို႔
ေခၚရတာလဲ ။
ဟြန္းငယ္ကေရာ ဘာလို႔ဒီကေလးေလးကိုအရမ္းေတြ
ဂ႐ုစိုက္ၿပီး ခ်စ္ျပေနရတာလဲ ။
အေျခအေနေတြအားလုံးက ဘာေတြဘယ္လိုျဖစ္လို႔
ျဖစ္ေနမွန္းကို ကြၽန္ေတာ္ တကယ္ မသိေတာ့ဘူး ။
" တူေလးခ်န္းေယာလ္ ေဆးသြားယူဖို႔ ထြက္သြားၿပီး
၅မိနစ္အၾကာမွာပဲဟူးဟူးေလးအိမ္ကိုျပန္ေရာက္လာ
ခဲ့တယ္အစကေတာ့သူ႕ကိုလိမ္ခဲ့တဲ့လူေတြရွိတဲ့ဒီပတ္
ဝန္းက်င္နဲ႕ဒီအိမ္ကိုသူျပန္လာဖို႔အစီအစဥ္မရွိခဲ့ေပမယ့္
တီေလးေနမေကာင္းျဖစ္ေနတာကိုၾကားရလို႔ တီေလး
ကို သူ တစ္ျပန္ျပန္ေစာင့္ေရွာက္ေပးဖို႔အတြက္ျပန္လာ
ခဲ့တာတဲ့ေလ "
ကြၽန္ေတာ္ ဟြန္းငယ္ကို နားလည္ပါသည္ ။
ဟြန္းငယ္ ေပ်ာက္သြားခဲ့တဲ့ အေၾကာင္းအရင္းကိုလည္း
ဟြန္းငယ္ထားခဲ့တဲ့ဒိုင္ယာရီစာအုပ္ေလးကေန တစ္ဆင့္
ကြၽန္ေတာ္ သိခဲ့ရသည္ ။
ကြၽန္ေတာ္ တကယ္ကို အသိေနာက္က်ခဲ့တယ္ဗ်ာ ။
ဟြန္းငယ္ကေလ သူ႕ကိုလိမ္တဲ့သူေတြဆိုအရမ္းမုန္း
တာတဲ့ ။
" ဒီအေတာအတြင္း ဟြန္းငယ္ဘယ္မွာေနခဲ့လဲ
တီေလး "
" ဂြၽန္ေလးေျပာျပသေလာက္ တီေလးသိရတာေတာ့
ဟူးဟူးေလးက ဂ်ပန္က တီေလးရဲ႕ အေဒၚတစ္ဝမ္းခြဲ
အိမ္မွာ သြားၿပီးပုန္းေနခဲ့တာတဲ့ ေနာက္ၿပီး သူအဲ့ဒီမွာ
ေနေနတယ္ဆိုတာကိုလည္းတီေလးတို႔ မသိရေအာင္
တီေလးရဲ႕ အေဒၚ တစ္ဝမ္းခြဲကို တီေလးကိုျပန္မေျပာ
ျပဖို႔ တမင္လွ်ို႔ဝွက္ခိုင္းထားခဲ့တာတဲ့ တီေလး အေဒၚ
တစ္ဝမ္းခြဲအိမ္မွာေနရင္းေျခေထာက္ျပန္ေကာင္းေအာင္
ေဆးကုသမႈခံယူခဲ့တယ္တဲ့ ေျခေထာက္ျပန္ေကာင္းလို႔
သိပ္မၾကာခင္မွာပဲႏွလုံးအစားထိုးကုသမႈကိုထပ္ၿပီးခံယူ
ခဲ့တယ္တဲ့ ဒါေၾကာင့္ အခုဟူးဟူးေလးရဲ႕လက္ေကာက္
ဝတ္မွာ အရင္လိုႏွလုံးခုန္ႏႈန္းစမ္းတဲ့ နာရီေလးဝတ္ထား
တာကို မေတြ႕ရေတာ့တာေပါ့ "
" ဒါဆို ဟြန္းငယ္နဲ႕အတူပါလာတဲ့အဲ့ကေလးေလးကေရာ
ဘယ္သူလဲ တီေလး "
" တီေလးသိထားတာေတာ့ အဲ့ကေလးေလးက ဟူးဟူး
ေလးရဲ႕သားေလးတဲ့ တီေလးလည္း အဲ့ကေလးေလးအ
ေၾကာင္းကိုအေၾကာင္းစုံေတာ့ မသိဘူးရယ္ အခုေတာင္
ဂြၽန္ေလး ေျပာျပထားလို႔ ဒီေလာက္သိရတာ ဟူးဟူးေလး
ကအရင္လိုမဟုတ္ေတာ့ဘူးတူေလးခ်န္းေယာလ္ အရမ္း
ရင့္က်က္သြားၿပီး အရမ္းလွ်ိုတယ္ အရင္လိုအရယ္အၿပဳံး
လည္း မရွိေတာ့ဘူး "
ကြၽန္ေတာ့္ကေလးေလးက တကယ္ကို ေျပာင္းလဲသြား
ခဲ့တာပဲ ။ ကြၽန္ေတာ္နဲ႕တီေလးကိုတစ္ခ်က္ေလးေတာင္
မရယ္မၿပဳံးျပတဲ့ဟြန္းငယ္က သားဆိုတဲ့ဟိုေပါက္စေလး
ကို ေန႕လည္စာခြံ႕ေကြၽးရင္းၿပဳံးရယ္ေနလိုက္တာပါးစပ္က
နား႐ြက္တပ္ခ်ိတ္မွာေတာင္စိုးရိမ္ရသည္ ။
" ဦးဦးခ်ာႏူးလ္ ဦးဦးခ်ာႏူးလ္ "
အေတြးေလဟာနယ္အတြင္းေမ်ာပါမိစဥ္ ႐ုတ္တရက္
လက္ေမာင္းကို လႈပ္ခါၿပီး ေခၚလာေသာေပါက္စေလး
ေၾကာင့္ ကြၽန္ေတာ္အသိျပန္ကပ္လာခဲ့သည္ ။
" ေျပာေလ ေပါက္စေလး "
" ဦးဦးခ်ာႏူးလ္ မနက္ကဟူးဟူးေလးကို တင္ၿပီး
စီးယာတဲ့စက္ဘီးက ဟူးဟူးေလးပါးပါးရဲ႕စက္ဘီး
ဆိုတာ သိယား "
ႏႈတ္ခမ္းေလးတေထာ္ေထာ္နဲ႕ စက္ဘီးပိုင္ရွင္ အမည္
တပ္ျပေနတဲ့ ထိုေပါက္စေလးအား ၿပဳံးလ်က္ေခါင္းျပန္
ညိတ္ျပလိုက္ေတာ့ ထမင္းစားခန္းမွာက်န္ရစ္ေနခဲ့ေသာ
သူ႕ပါးပါးျဖစ္ေသာ ဟြန္းငယ္ကိုတစ္ခ်က္ျပန္ခိုးၾကည့္ၿပီး
ကြၽန္ေတာ့္အနားကို တိုးလာကာ ...
" ေနာက္တစ္ခါ ဦးဦးခ်ာႏူးလ္ အာ့စက္ဘီးကို
ယူမစီးနဲ႕ေတာ့ သိယား "
" ဘာျဖစ္လို႔လဲ ေပါက္စေလးရဲ႕ "
ႏွစ္ေယာက္တည္းၾကားနိုင္ေအာင္ ပါးစပ္ကို လက္
ေသးေသးေလးေတြျဖင့္ကာၿပီး ေလသံတိုးတိုးေလး
နဲ႕ ေျပာလာတဲ့ေပါက္စေလးကိုတမင္သက္သက္ျပန္
အေမးထုတ္လိုက္ေတာ့ ေရွ႕ကလိုပင္ ဟြန္းငယ္ကို
တစ္ခ်က္ ျပန္ခိုးၾကည့္ျပန္ေလသည္ ။
အဟက္ .. ဒီေပါက္စေလးၾကည့္ရတာဟြန္းငယ္ကို
အေတာ္ေၾကာက္တယ္ထင္သည္။
" ဟူးဟူးေလးရဲ႕ပါးပါးက သူ႕ပစၥည္းေတြကို သူမ်ား
ယူကိုင္တာမႀကိဳက္ဘူးဦးဦးခ်ာႏူးလ္ရဲ႕ .. ဟူးဟူးေလး
က ဦးဦးခ်ာႏူးလ္ကိုခ်စ္ရို႔ ယာေၾကာၾကတာ ေနာက္
တစ္ခါ ယူမစီးရဝူးေညာ္ "
သြားေလးေတြေပၚသည္အထိ မ်က္လုံးေမွးေမွးေလး
ေတြစုံမွိတ္သြားသည္အထိၿပဳံးျပေသာ ကြၽန္ေတာ္နဲ႕အ
နည္းငယ္ဆင္တဲ့ေဘးကိုအနည္းငယ္ကားထြက္ေနတဲ့
ေပါက္စေလးရဲ႕နား႐ြက္ကားကားေလးအားကြၽန္ေတာ္
လက္နဲ႕ဖြာဖြာေလးဆြဲလိုက္ၿပီးေခါင္းညိတ္ျပလိုက္မိသည္ ။
တကယ္ပဲ ေလးႏွစ္သားလို႔ေတာင္ မထင္မွတ္ရတဲ့
သိပ္လည္ၿပီး သိပ္ခ်စ္ဖို႔ေကာင္းတဲ့ ေပါက္စေလး ။
သူ႕အေဖဟြန္းငယ္နဲ႕အေတာ္တူလြန္းေလသည္ ။
" သားဟူးဟူး ေန႕လည္အိပ္ခ်ိန္ေရာက္ၿပီ "
" ဟုတ္ပါးပါး ဦးဦးခ်ာႏူးလ္ တာ့တာ "
တာ့တာေလးျပၿပီး လွစ္ခနဲအိမ္အေပၚထပ္ကဟြန္းငယ္
အခန္းကိုေျပးတက္သြားတဲ့ ေပါက္စေလးရဲ႕ ေက်ာျပင္
ငယ္ေလးကို ေငးၾကည့္ရင္း ကြၽန္ေတာ္ၿပဳံးၿမဲၿပဳံးမိေနဆဲ ။
" အစ္ကိုခ်န္းေယာလ္လည္း ျပန္လို႔ရၿပီ "
ေသာက္ေဆးအရွိန္နဲ႕ဆိုဖာေပၚတြင္ အိပ္ေပ်ာ္သြားေသာ
တီေလးကိုေစာင္ၿခဳံေပးရင္းေအးတိေအးစက္ျဖင့္သူစိမ္း
ဆန္ဆန္ေျပာလာေသာဟြန္းငယ္ ။ အစ္ကိုခ်န္းေယာလ္
တဲ့လား ။ အရင္လို ကိုကိုမဟုတ္ေတာ့ဘဲ ။ သူစိမ္းဆန္
ဆန္ အစ္ကိုခ်န္းေယာလ္တဲ့လား ။
" ကိုယ္တို႔စကားခဏေျပာရေအာင္ ဟြန္းငယ္ "
" ကြၽန္ေတာ္မအားဘူး အစ္ကိုခ်န္းေယာလ္ ၿခံထဲက
သားရဲ႕ပစၥည္းေတြကိုအိမ္ထဲအျမန္ျပန္ထည့္ၿပီး သား
အတြက္အခန္းအသစ္အျမန္ျပင္ေပးရဦးမွာမို႔ ၿခံအဝ
အထိ လိုက္ပို႔ေပးခ်ိန္ေတာင္မရဘူး ခြင့္ျပဳပါဦး "
မ်က္ႏွာခ်င္းတစ္ခ်က္မဆိုင္ သူစိမ္းဆန္ဆန္ စကား
လုံးေတြသာေ႐ြးၿပီး ထိုးႏွက္ေျပာဆိုၿပီးအေပၚထပ္ကို
တက္သြားခဲ့ေသာ ဟြန္းငယ္ရဲ႕ေက်ာျပင္ငယ္ေလးကို
ေငးၾကည့္ရင္းေအာင့္တတ္လာတဲ့ဝဲဘက္ရင္အုံေလး ။
ကိုယ္နဲ႕မ်က္ႏွာခ်င္းဆိုင္ၿပီး စကားမေျပာခ်င္ေလာက္
ေအာင္ ကိုယ့္ကိုမုန္းသြားခဲ့တာလား ဟြန္းငယ္ ။
------------------------------------------
" ဟဟား "
" ခစ္ခစ္ "
၅ႏွစ္ေက်ာ္ ပိုင္ရွင္မဲ့ေနခဲ့ေသာ HuHu's paradise
အမည္ရွိေသာ အခန္းငယ္ေလး အတြင္းဝယ္ ယခု
ဆိုလွ်င္ျဖင့္ ခ်စ္စရာေကာင္းေသာသားဖႏွစ္ေယာက္
ရဲ႕ ရယ္သံေလးမ်ားႏွင့္ဖုံးလႊမ္းလို႔ေနေလသည္ ။
ညစာစားၿပီးလို႔ အခန္းထဲသို႔ေရာက္သည္ႏွင့္ နာရီဝက္
ေဆာ့တတ္တဲ့ ေျဗာင္သားဖႏွစ္ေယာက္ ။ ထုံးစံအတိုင္း
ေဆာ့လို႔ ဝသည္ႏွင့္ သူတို႔လုပ္စရာအလုပ္ျဖစ္ၾကေသာ
ကုမၸဏီကပါလာတဲ့အလုပ္နဲ႕ ေက်ာင္းကပါလာတဲ့စာတို႔
အား ျပန္က်က္မွတ္ျခင္းတို႔ကို ကိုယ့္အသိစိတ္နဲ႕ကိုယ္
ကိုယ္စီျပန္လုပ္ၾကေလသည္ ။
ကုတင္ထပ္တြင္ ဝမ္းလ်ားေမွာက္လ်က္ laptop
တစ္လုံးႏွင့္ ကုမၸဏီကပါလာေသာ အလုပ္ေတြႏွင့္
ေက်ာင္းစာတို႔ကိုလုပ္ေနေသာဘတ္ခ္ဟြန္းေက်ာေပၚ
တြင္ ေျဗာင္ဘတ္ခ္ဂဟူးေခၚ ဟူးဟူးေလးမွာ ပက္
လက္လွဲကာ မူႀကိဳေက်ာင္းအေဟာင္းက ဆရာမ
သင္ေပးလိုက္ေသာ ABCD တို႔ကို အဖန္တစ္ရာ
ထပ္ေအာင္ထပ္ခါတလဲလဲ ျပန္ဖတ္ေနေလသည္ ။
အခု အခန္းထဲက ေျဗာင္သားဖ ႏွစ္ေယာက္ရဲ႕ အေန
အထားကိုၾကည့္ၿပီး အတိုခ်ဳံးၿပီး ေျပာရမယ္ဆိုရင္ျဖင့္
တစ္ေယာက္ပါးစပ္ထဲစုပ္လုံးတစ္လုံးစီႏွင့္ဘတ္ခ္ဟြန္း
ကအလုပ္လုပ္ေနသလို ။ ဟူးဟူးေလးမွာသူ႕ပါးပါးျဖစ္
ေသာ ဘတ္ခ္ဟြန္း ေက်ာေပၚကိုတက္ၿပီး ပက္လက္
ေလးလွဲၿပီး ဒူးေလးႏုန႔္ကာစာဖတ္လို႔ေနၿပီး သားဖႏွစ္
ေယာက္စလုံးအၿငိမ့္သားႏွင့္ကိုယ္စီဇိမ္က်လိဳ႕ေနေလ
သည္ ။
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဘတ္ခ္ဟြန္း တစ္ေယာက္
ေက်ာင္းနားခဲ့ရေပမယ့္ မေလ်ာ့ေသာသူ႕ရဲ႕ ဇြဲလုံ႕လတို႔
ေၾကာင့္ အခုဆိုလွ်င္ျဖင့္ သူ႕ႀကိဳးစားမႈေၾကာင့္ရလာခဲ့တဲ့
ထယ္ေယာင္း အမည္ရွိေသာ သူ႕ကိုယ္ပိုင္ကုမၸဏီႏွင့္
Uni ဒုတိယႏွစ္ကိုေရာက္ရွိခဲ့ၿပီေလ ။
မနက္ဘက္တြင္ေက်ာင္းသြား ေန႕လည္ဘက္ အတန္း
မရွိတဲ့အခ်ိန္တြင္ ကုမၸဏီသို႔လာကာ အလုပ္လုပ္ၿပီး ။
ညဘက္တြင္သားေလးကိုထိန္းရင္း ေက်ာင္းကစာႏွင့္
ကုမၸဏီကအလုပ္တို႔ကို တစ္ၿပိဳင္နက္တည္း ၿပီးေအာင္
လုပ္ေသာ ဘတ္ခ္ဟြန္းသည္ တစ္ေန႕ကုန္ အလုပ္ႏွင့္
လက္ မပ်က္ရေသာ္လည္း တစ္ခ်က္ ညည္းၫူျခင္း
မရွိခဲ့ ။
ဘယ္ေလာက္ပင္ ပင္ပန္းေနပါေစ အခ်ိန္တန္သူအိမ္
ျပန္လာလို႔သူ႕ကိုဆီးႀကိဳေနတဲ့ သားေလးရဲ႕အၿပဳံးေတြ
ေဝဆာေနေသာ မ်က္ႏွာေလးကို ေတြ႕လိုက္ရတာႏွင့္
ပင္ပန္းလာေသာ ႏြမ္းနယ္မႈတို႔မွာယူပစ္သလိုေပ်ာက္
ကြယ္သြားခဲ့သည္ ။
" ပါးပါး "
" ဗ်ာဗ် "
" ဦးဦးခ်ာႏူးလ္က ေခ်ာရယ္ေညာ္ "
ဆက္စပ္မႈမရွိေသာ ႐ုတ္တရက္ ေျပာလာေသာ သား
စကားေၾကာင့္ keyboard ေပၚေျပးလႊားေနေသာ
ဘတ္ခ္ဟြန္း၏လက္ေခ်ာင္းေလးေတြ႐ုတ္ခ်ည္းရပ္တန႔္
သြားခဲ့သည္ ။
" ဟုတ္လား .. ပါးပါးကေတာ့ ပါးပါးရဲ႕သားေလး
ေခ်ာတာပဲ သိတယ္ရယ္ "
" ဟူးဟူးေလးေခ်ာတာ မွန္ေပမယ့္ ဦးဦးခ်ာႏူးလ္က
ဟူးဟူးေလးထက္ ပိုေခ်ာရယ္ရို႔ ပါးပါး မထင္ဝူးယား
ၿပဳံးရိုက္ရင္ပါးခ်ိဳင္းေယးနဲ႕ခ်စ္စရာႀကီး ေနာက္ၿပီးေတာ့
ဟူးဟူးလိုနားကကားကားေယးဟိဟိ ဦးဦးခ်ာႏူးလ္က
တကယ္ခ်စ္ဖို႔ေကာင္းယာ ပါးပါးရဲ႕ "
- ပါးပါးကေတာ့ မုန္းတယ္ -
ေက်ာေပၚကစာအုပ္ေလးကိုရင္ဝယ္ပိုက္ၿပီး ရယ္သံ
ေလးေတြႏွင့္ေျပာေနေသာ သားရဲ႕စကားအား ဒီတစ္
ခါေတာ့ ဘတ္ခ္ဟြန္းႏႈတ္မွတစ္ဆင့္ျပန္မေျဖေပးဘဲ
စိတ္ထဲ၌သာ ျပန္ေျဖေပးလိုက္မိသည္ ။
------------------------------------------
" ဟုတ္ကဲ့ ကုန္ပစၥည္းအသစ္အခမ္းအနားကို ႀကိဳး
ျဖတ္ဖြင့္လွစ္ေပးဖို႔ ထယ္ေယာင္း ကုမၸဏီဒုဥကၠ႒နဲ႕
အင္ယြန္းကုမၸဏီဒုဥကၠ႒တို႔ကို ထပ္မံဖိတ္ေခၚအပ္
ပါတယ္ ခင္ဗ်ာ "
စီးပြားေရးေလာကအတြင္းအမည္ရ ကုမၸဏီအသီးသီး
ရဲ႕ဒုဥကၠ႒ေတြမ်ားစြာတက္ေရာက္ေသာ ကုမၸဏီအသီး
သီးကထုတ္လုပ္တဲ့ကုန္ပစၥည္းအသစ္ျပသေရာင္းခ်ပြဲ၌
အခမ္းအနားကို ႀကိဳးျဖတ္ဖြင့္လွစ္ေပးရန္ ဖိတ္ေခၚျခင္း
ခံရတာကို ၾကားရသည္ႏွင့္ အသိမိတ္ေဆြစီးပြားေရးရွင္
တို႔ႏွင့္ စကားေျပာေနေသာ စကားဝိုင္းထဲမွခ်န္းေယာလ္
ခဏထြက္၍ ျပပြဲအခန္းဝဘက္သို႔ေလွ်ာက္လာခဲ့သည္ ။
" တူေလးခ်န္းေယာလ္ လာ တီေလးအနားကို "
ဖဲႀကိဳးေလးအေရွ႕တြင္ ကိုယ္စီေဘးခ်င္း ယွဥ္တြဲရပ္ေန
ေသာ ဒုဥကၠ႒မ်ားစြာထဲမွသူ႕ကိုအၿပဳံးေတြႏွင့္ လွမ္းေခၚ
ေသာ တီေလးအနားသို႔ ေခါင္းေလးတစ္ခ်က္ညိတ္ျပ
ကာသြားရပ္လိုက္ၿပီးသိပ္မၾကာ ။ သူ႕ေဘးသို႔လူတစ္
ေယာက္ လာရပ္လာတဲ့အသိေၾကာင့္လက္အိတ္အျဖဴ
ေလးကိုဝတ္ရင္း အမွတ္တမဲ့ တစ္ခ်က္ လွည့္ၾကည့္
လိုက္မိေတာ့ ဝတ္စုံအျပည့္အစုံႏွင့္သူ႕ေဘးတြင္ ခပ္
တည္တည္ရပ္ေနေသာ ...
" ဟြန္းငယ္ ! "
အံၾသမႈမ်ားစြာႏွင့္ သူ႕ႏႈတ္ကေန လႊတ္ခနဲထြက္သြားတဲ့
နာမည္ေခၚသံေၾကာင့္ ဘတ္ခ္ဟြန္းမွာ သူ႕ကိုတစ္ခ်က္
ေစြၾကည့္လာၿပီး ေခါင္းေလး တစ္ခ်က္ ညိတ္ျပကာ
အေရွ႕အရပ္မ်က္ႏွာဆီသို႔ မ်က္ႏွာျပန္လွည့္သြားခဲ့သည္ ။
- အခမ္းအနားေၾကာ္ျငာသူေခၚတာက ထယ္ေယာင္းနဲ႕
အင္ယြန္းရဲ႕ ဒုဥကၠ႒ကို ေခၚတာ .. ဒါဆို ဟြန္းငယ္က
ထယ္ေယာင္းရဲ႕ ! -
" ဟုတ္ကဲ့ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္ တစ္ကေနသုံး
အထိနံပါတ္စဥ္႐ြတ္ၿပီးရင္ ဖဲႀကိဳးကိုျဖတ္ၿပီး အခမ္း
အနား ဖြင့္လွစ္ေပးဖို႔ ေတာင္းဆိုပါတယ္ခင္ဗ်ာ တစ္
.. ႏွစ္ .. သုံး "
အခမ္းအနားေၾကာ္ျငာသူ နံပါတ္စဥ္ေရၿပီးသည့္ အဆုံး
မိမိအေရွ႕က ဖဲႀကိဳးေလးကိုကိုင္ၿပီး အတူတူ ျဖတ္ကာ
အခမ္းအနားကို စတင္ဖြင့္လွစ္လိုက္ေလသည္ ။
" ဟြန္းစုတ္ ငါ့ကိုတစ္ေယာက္တည္းထားခဲ့တဲ့ အက်င့္
မေကာင္းတဲ့ေကာင္စုတ္ ငါ့ကိုေရာ မင္းကိုလိမ္တဲ့သူလို႔
ထင္ၿပီးမုန္းေနတာလားဟမ္ ငါတကယ္ကိုမသိခဲ့တာကြ
ငါလည္းပဲမင္းနဲ႕အတူ ေနာက္ဆုံးမွ ေဒၚေလးမင္ရီရဲ႕အ
ေၾကာင္းကို သိခဲ့ရတာပါ "
လက္ေမာင္းကိုထုရိုက္ၿပီး ကေလးေလး တစ္ေယာက္လို
ငိုမဲ့မဲ့မ်က္ႏွာေပးႏွင့္ေျပာလာေသာဂ်ဳံအင္ကိုဘတ္ခ္ဟြန္း
ဘာမွျပန္မေျပာဘဲ ၿပဳံးလ်က္သာလက္ပိုက္၍ရပ္ၾကည့္ေန
မိသည္ ။
သူသိသည္ ။ သူ႕ကိုလိမ္တဲ့လူေတြထဲမွာ ဂ်ဳံအင္
တစ္ေယာက္လုံးဝမပါခဲ့ဘူးဆိုတာ ။
အႏုပညာအလုပ္ေတြနဲ႕ ေက်ာင္းစာနဲ႕ပဲ အခ်ိန္လွည့္
ပတ္ၿပီးကုန္ဆုံးေနခဲ့တဲ့ဂ်ဳံအင္သည္ သူ႕အလား သူ႕
အေမအေၾကာင္းကို သူႏွင့္အတူ သိခဲ့ရတာကိုလည္း
သူေကာင္းေကာင္းႀကီးသိတာေၾကာင့္ ဂ်ဳံအင္ကို သူ
နည္းနည္းေလးေတာင္ မမုန္းခဲ့ပါ ။
" ရား ! မင္းအသက္၂၅ႏွစ္ေနာ္ "
မိုးၿပိဳလို႔ငိုေတာ့မယ့္မ်က္ႏွာေပးႏွင့္ သူ႕ကိုလာခြၽဲေနေသာ
ဂ်ဳံအင္ကို ဘတ္ခ္ဟြန္းၿပဳံးစစႏွင့္ေျပာလိုက္ေတာ့ ဒိုင္းခနဲ
သူ႕ဆီေရာက္လာခဲ့ေသာ မ်က္ေစာင္းေလးေတြ ။
" ဘာျဖစ္လဲ ၂၅ႏွစ္က "
" မင္းကကေလးလား ငါ့သားေတာင္ မင္းေလာက္
ငါ့ကိုမခြၽဲတတ္ဘူး "
" သားဆိုလို႔ ငါမင္းကိုေမးရဦးမယ္ မင္းဘယ္တုန္းက
လက္ထပ္လိုက္တာလဲ ! ကေလးရဲ႕ အေမကေရာ !
ဘယ္သူလဲ ? မင္းနဲ႕အတူပါမလာဘူးလား ! "
" ငါလက္ထပ္လိုက္ပါၿပီလို႔ မင္းကိုဘယ္သူေျပာလဲ ! "
" ကိုႀကီးပတ္ေလ ကိုႀကီးပတ္ေပါ့ မေန႕က မင္းအိမ္က
ျပန္လာၿပီးေၾကကြဲေနတဲ့အသံႀကီးနဲ႕ကို ငါကိုေျပာျပသြား
တာ မင္းလက္ထပ္လိုက္ၿပီတဲ့ေနာက္ၿပီး ေလးႏွစ္အ႐ြယ္
သားေလးတစ္ေယာက္လည္းရွိေနၿပီတဲ့ "
ဂ်ဳံအင္ေျပာစကားတို႔အဆုံး ဘတ္ခ္ဟြန္း မ်က္ခုံးေလး
တစ္ခ်က္ပင့္လိုက္မိသည္ ။
" ဘယ္သူလဲ ဟြန္း ကေလးအေမက ! ငါအခုမင္းကို
ၾကည့္ရတာလက္ထပ္ထားတဲ့ပုံလည္းနည္းနည္းေလးမွ
မေပၚပါဘူး မဟုတ္မွ မင္းအဲ့ကေလးကိုေမြးစားထားတာ
ေတာ့ မေလာက္ပါဘူးေနာ္ "
" မဟုတ္ဘူး ငါလက္ထပ္လိုက္ၿပီဆိုတဲ့သတင္းက
အမွန္မဟုတ္ေပမယ့္ .. သားက ငါ့သားအရင္း နီနီ
ေမြးစားသားမဟုတ္ဘူး "
" အင္းေလ .. ျဖစ္ပ်က္သမွ်အရာအတိုင္းမွာ အက်ိဳး
အေၾကာင္းရွိၾကတာပဲ ဘယ္ေလာက္ပဲဖုံးကြယ္ထားပါ
ေစ တစ္ခ်ိန္ခ်ိန္က်ရင္ေတာ့ အမွန္တရားေတြအားလုံး
က မေပၚခ်င္ဘဲ ေပၚလာခဲ့ရတာပဲမဟုတ္လား မင္းငါ့
ကို အခုေနမင္းအေၾကာင္းေတြကိုမေျပာျပခ်င္ေသးရင္
လည္း ရတယ္ မင္းအဆင္ေျပမယ့္ အခ်ိန္က်မွ ငါ့ကို
ေျပာျပေပါ့ မဟုတ္လား "
" အင္း "
" ဒါနဲ႕ မင္းအခုေက်ာင္းျပန္တတ္ေနတာ ဒုတိယႏွစ္
ေတာင္ေရာက္ေနၿပီဆို "
" အင္း ဟုတ္တယ္ နီနီ "
" ကိုႀကီးပတ္ကိုေရာ မင္းမုန္းေနတုန္းပဲလား "
စကားေျပာေနရင္း သူႏွင့္မ်က္ႏွာခ်င္းဆိုင္ရပ္ၿပီး သူ႕ကို
ေခါင္းညိတ္၍ျပန္ေျဖေပးေနေသာဘတ္ခ္ဟြန္းအေနာက္
တြင္ သူတို႔ဆီသို႔ ေလွ်ာက္လာေနေသာ သူ႕အစ္ကိုႀကီး
ခ်န္းေယာလ္ကိုေတြ႕ရတာေၾကာင့္ ေျပာေနေသာစကား
ႏွင့္ ဆက္စပ္မႈမရွိဘဲ သူ ဘတ္ခ္ဟြန္းကို ႐ုတ္တရက္
ထေမးလိုက္သည္ ။
ထိုအခါ သူ႕အေမးေၾကာင့္ ေျခလွမ္းငါးလွမ္းမွ်သာ ကြာ
ေဝးေသာ အကြာအေဝး၌ ႐ုတ္ခ်ည္းအေၾကာေသသြား
သလို ခ်န္းေယာလ္ေျခလွမ္းတို႔ရပ္တန႔္သြားခဲ့သလို ၿပဳံး
စစဘတ္ခ္ဟြန္းမ်က္ႏွာေလးထက္အၿပဳံးတို႔မွာလည္းတ
ေျဖးေျဖးလႊင့္ျပယ္၍ အနည္းငယ္ေတြေဝ စျပဳသြားခဲ့သည္ ။
" အင္း မုန္းတယ္ "
ေသြးေအးေအးႏွင့္ဆိုလိုက္ေသာ ေအးစက္စက္
ဘတ္ခ္ဟြန္း၏စကားသံေၾကာင့္ ေအးခဲသြားခဲ့ရ
ေသာ ခ်န္းေယာလ္ႏွလုံးသားေလး ။
ေနာက္ျပန္လွည့္ဖို႔ အရမ္းကိုခရီးေရာက္ေနၿပီျဖစ္တဲ့
အခ်စ္ခရီးေလး ။ အစကတစ္ဖန္ျပန္စဖို႔ႀကံ႐ြယ္မိေပ
မယ့္ ။ အစမပ်ိဳးခင္ဇာတ္သိမ္းခံခဲ့ရေသာဇာတ္လမ္း
ေလးလို ။ ေနာက္ဆုံးေတာ့လည္းနာက်ည္းျခင္းဆိုတဲ့
ေခါင္းစဥ္ေလးႏွင့္ အဆုံးသတ္ရမွာတဲ့လား ။
ဘာလို႔လဲ ? ။
------------------------------------------
ဆက္ရန္ ...
15.2.2020
REN JO JO