Black Memory(U+Z)(Completed )

Galing kay naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... Higit pa

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-40

14.3K 926 30
Galing kay naykyihtun

Unicode

"ငါ့ညီတို့ မနက်စာသွားစားကြမလို့လား"

"ဟုတ်ကဲ့"

" ဖြေးဖြေးစားကြနော်။ ကျွန်တော် အခန်းအပ်ပြီး စောင့်နေမယ်"

ကားမောင်းသမားက ဝီရိယရှိစွာ အစောကြီးထ၍ နံနက်စာ စားပြီးလို့ပြန်လာချေပြီ။သို့နှင့် ယခုမှ အခန်းထဲက ထွက်လာသော ခေါင်လေးနဲ့နှိုင်းမှာ တည်ခိုဆောင်ရှေ့ရှိ ခေါက်ဆွဲဆိုင်လေးသို့ ဗိုက်အစာဖြည့်
ရန် ထွက်လာခဲ့လိုက်ကြပါသည်။

"ကျင် ဟရန်!"
(ဘာစားမလဲ)

နယ်စပ်ဒေသကို ကျော်လွန်လာပြီမို့ အခုတော့ ရှမ်းတရုတ် ရွာလေး တစ်ရွာထဲသို့ သူတို့ရောက်နေကြတာဖြစ်ပါသည်။
ဆိုင်ထဲရှိခုံမှာဝင်ထိုင်လိုက်စဉ် ဆိုင်ရှင် အစ်မကြီးက ရှမ်းစကားဖြင့်မေးလာပါ၏။

"လိုက်ဟ ကွေ့တီယို "(ကွေ့တီယို ရသလား)

နှိုင်း ကတော့ သူမဘာပြောလိုက်သည်မသိပေမယ့် ခေါင်လေးကတော့ ပီပီသသပင် ပြန်မေးနေပါသေး၏။ တရုတ်နယ်စပ်မှာအနေများပြိီး တတ်လာတာလား မသိ။
ဒါဆို တရုတ်စကားတတ်ရမှာမဟုတ်ဘူးလား။

"အို့...လိုက်"(အင်..ရတယ်)

ခေါင်လေးသည် အာရုံပျံ့လွှင့်နေသော နှိုင်းမျက်နှာရှေ့လက်ဖျောက်တစ်ချက် တီးလိုက်ပြီး...

"နှိုင်း... ဘာစားမလဲ"

"ဟင်..အင်"

နှိုင်း အတွေးထဲနစ်နေစဉ် မောင်က ရုတ်တရက်မေးလာတာကြောင့် လန့်သွားရပြီး ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ...

"ဆီချက်! "

"ကွေ့သယို နိမ်ပွဲ... ဆီချက်.. နိမ်ပွဲ"
(ကွေ့သယို တစ်ပွဲ..ဆီချက်...တစ်ပွဲ)

မောင်က ထိုသို့မှာပြီးနောက် ရေနွေးအိုးထဲမှ ရေကို ခွက်ထဲ ငှဲ့ကာ နှိုင်းရှေ့သို့ တိုးပေးလေသည်။

"ကျုပ်ရှေ့ထားပြီး ဘာတွေစဉ်းစားနေတာလဲ ခင်ဗျားက"

ကျီစယ်သလို မောင်က မေးလျှင် နှိုင်း နားထင်ကို လက်ညိုးလေးဖြင့် ဖွဖွခြစ်လျက်...

"ရှမ်းစကား ဘယ်လိုပြောတတ်သွားတာလဲ"

"အော်..ဒါလား...မောင်က ရှမ်းပဲလေ"

"ဟမ်...ဟုတ်လို့လား။ရှမ်းရုပ်လဲမပေါက်ဘူး"

ဒီတော့မှ မောင်က ပြုံးစိစိဖြင့်ပင်...

"ရှမ်းရွာမှာ နေမှတော့မတတ်ပဲနေမလား ဘေဘီ ရဲ့ ထမင်းစားရေသောက်လောက်ကတော့ ရတာပေါ့"

"ရှမ်းရွာ ဆိုတာက...ဘယ်ရွာလဲ"

"ဟော..ဗျာ"

ခေါင်လေးသည် မျက်လုံးလေးပြူးကာ အံ့သြဟန်ပြပြီး အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ...မကျေမနပ်ဖြင့်...

"ဒါလား.. ကျုပ်ကို ချစ်တာ။ ဒါလား..ကျုပ်ကို စောင့်နေတယ် ဆိုတာ...ကျုပ်အကြောင်း တစ်ခုလေးမှ မသိပဲနဲ့လား။ စုံစမ်းဖို့တောင် မကြိုးစားပဲနဲ့လား"

နှိုင်း ဘာဖြေရမည်မသိ။ တကယ်လည်း သူ မောင့်အကြောင်း တွေ စုံစမ်းဖို့မကြိုးစားမိဘူး။ အကယ်၍များ မတော်တဆ
နွေးနဲ့မောင်တို့ အိမ်ထောင်ရေးအဆင်ပြေနေခဲ့ရင်ဆိုတဲ့ အတွေးတွေနဲ့ ကြောက်နေခဲ့တာ။

"ဟို..အဲ့ဒါက.."

ထိုစဉ် မှာထားသည့်ခေါက်ဆွဲများ လာချပေးသည်မို့ နှိုင်း အကြပ်အတည်းကြားမှ ခေတ္တလွှတ်မြောက်သွားရပါ၏။
ခေါင်လေးသည် ဆူပုတ်နေသော မျက်နှာဖြင့်ပင် လာချပေးသည့် ခေါက်ဆွဲပန်ကန်ကိုသာ မွှေနှောက် နေလိုက်ပါသည်။ဘယ်တော့မှမမုန်းခဲ့ဘူးဆိုပြီး ကျွန်တော့်ကို
လျစ်လျူရှူ့သည်တဲ့လား။ အနဲဆုံးတော့ ကျွန်တော့်ဇာတိ ဘယ်မှာရှိတယ်ဆိုတာလောက်တော့ နှိုင်း သိထားသင့်
ပါ၏။

"ငါ ကြောက်လို့်ပါ...ငါကြောက်နေခဲ့တာ"

မထင်မှတ်ပဲ ကြားလိုက်ရသည့် ဖြေရှင်းချက်စကားကြောင့် ခေါင်လေးလက်တွေ တန့်သွားရ၏။ ချက်ချက်လိုပင် ဖြူဖျော့လာသော ချစ်သူမျက်နှာလေးကို ခပ်ငေးငေးကြည့်ရင်း အရေးမပါတာအတွက် စိတ်မကောင်းဖြစ်မိသည့် ကိုကို့ကို ဒေါသထွက်ရပါသည်။

"မောင် ရှိနေပြီပဲ...ဘာမှမကြောက်နဲ့တော့နော်"

"ငါ မောင့်အကြောင်း သိချင်ပါတယ်..ဒါပေ.."

"ရှူး!"

ခေါင်လေးက နှိုင်း နှုတ်ခမ်းကို လက်ညိုးလေးဖြင့်မထိတထိကပ်လိုက်ပြီး နှုတ်ပိတ်စေလိုက်ကာ...

"မောင့်အကြောင်းဘာမှမသိပဲ... မောင့်ကိုချစ်ပေးတာနဲ့တင် လုံလောက်ပြီလေ။ တကယ်လို့ နှိုင်းက မောင့်အကြောင်း အရမ်း သိချင်တယ်ဆိုရင်တော့ မောင့်ကိုပဲမေး...တစ်ခုမကျန်
အကုန်ပြောပြမယ်.. ဟုတ်ပြီလား"

ကျေးဇူးတင်ပါတယ်မောင်ရယ်။ စိတ်ထဲမှပြောမိရင်း သူ့အား ပြုံးပြုံးလေးကြည့်နေတဲ့ မောင့်ကို ဘယ်သူမှ မမြင်အောင် တစ်နေရာရာမှာ ဖွက်ထားချင်စိတ်တွေ ဖြစ်လို့လာသည်။ ကျွန်တော်တစ်ယောက်ထဲသာ
တစိမ့်စိမ့်ထိုင်ကြည့် ချင်နေမိပါတော့သည်။

"နှိုင်းက အရင်အတိုင်းပဲ"

"ဘာကိုလဲ"

"အစားစားတဲ့အချိန်ဆို မောင့်ကိုအမြဲတမ်း ခိုးကြည့်တာလေ"

နှိုင်းသည် အရင်ကအကြောင်းတွေ ပြန်တွေးမိကာ ပါးပြင်လေးတွေ ပန်းသွေးခြယ်လို့ ရှက်သွေးဖြာလေတော့သည်။

"ခိုးမကြည့်ပါဘူး"

"အင်ပါ! ပေါ်တင်ကြည့် အခု ခေါက်ဆွဲစားတော့..ပွကုန်လိမ့်မယ်"

ရယ်သွေးလွှမ်းကာ ခေါင်လေးနောက်နေလျှင် နှိုင်းကလည်း မျက်စောင်းလေးထိုးလို့ ပြုံးနေရှာပါ၏။ ရောင်ခြည်ကွန့်မြူး
လျက် ထွက်ပြူးလာသော နေမင်းကြီးက ဆောင်းကုန်တော့ မည် ဖြစ်ကြောင်း အချက်ပြနေသယောင်ရှိလေသည်။
ဤသို့ဆိုပါလျှင်ဆောင်အကုန် နွေအကူး၏ အပြာရောင် ဝမ်းနည်းမှတ်တမ်းတွေခမ်းခြောက်တော့ပေရော့မည်ထင်၏။

"နှိုင်း ခဏစောင့်နေနော်... မောင် ကားသမားကို သွာခေါ်လိုက်ဦးမယ်...ဘယ်မှမသွားနဲ့နော်"

စားပြီးသောက်ပြီးသည်နှင့် ခရီးဆက်ရန်အတွက် ကားရပ် ထားသည့်နေရာသို့ သွားလိုက်ကြပြိီး ခေါင်လေးသည် နှိုင်း ကို စိတ်မချစွာမှာကြားပြီးနောက် တည်းခိုးဆောင်ထဲသို့ ဝင်သွားလေသည်။

နှိုင်းသည် ဟိုကြည့်သည်ကြည့် ဖြင့် ရပ်နေရာမှ စတိုးဆိုင်တစ်ခုကို လှမ်းမြင်လိုက်ရာ.. လမ်းခရီးတွင် သောက်ဖို့ ရေလိုသည်ကို သတိရသွားပါ၏။ သို့နှင့်
နီးနီးနားနား မကြာပါဘူးလေဟုတွေးကာ သွားဝယ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
.......

မဲနက်နက်ဆံပင်လေးတွေက ဘုတ်သိုက်မဟုတ်တော့ပဲသပ်ရပ်နေ၏။ မုတ်ဆိတ်မွှေးတွေနဲ့ ညှင်းသိုးသိုးနေခဲ့သော
နှိုင်းဟာ ဘုန်ထွဋ်ခေါင်လျှံ နဲ့ တွေ့ရတော့မည်..ဆိုသည့် နေ့ကတည်းက သုံးနှစ်လုံးလုံး သူနဲ့အတူတူရှိခဲ့သည့်ပုံစံနှင့်
ခြားနားသွားခဲ့လေပြီ။ ဖြူဖွေးနေသော မျက်နှာနုနုလေးဟာ သူစတွေ့တုန်းကလိုပဲ ကြည်လင်ချမ်းမြေ့နေပါတော့၏။

ဓားကိုင်ထားသည့် လက်က နှိုင်းရဲ့အပြုံးကိုမြင်ရလေ ပို၍ ခိုင်မြဲတင်းကျပ်လာလေဖြစ်ရကာ မျက်ဝန်းတို့မှာလည်း
နာကျည်းရိပ်ကာ တစ်စတစ်စတိုးလို့လာပါ၏။ မပြုံးရဘူး နှိုင်း.. မင်းအပြုံးက ငါ့ကြောင့်ပဲဖြစ်ရမှာ။

"ရေဘူး လိုချင်လို့"

"အီရန်! "
(ဘာ လိုတာလဲ။ဘာကြီးလဲ)

နှိုင်း လည်း ဆိုင်ရှင်အမေးကို ဘာပြန်ပြောရမည်မသိသဖြင့် ရေသောက်သည့်အမူအယာ လုပ်ပြလိုက်တော့ ဆိုင်ရှင်က သဘောပေါက်သွားဟန်တူကာ ရေသန့်ဘူးတွေ ထုတ်ပေး
လာပါ၏။ သို့နှင့် နှိုင်း ရေသန့်ဘူးကိုယူကာ ကျသင့်ငွေကို ရှင်းလိုက်ပြီး စတိုးဆိုင်လေးထဲမှ ပြန်ထွက်လာလိုက်ပါ သည်။ မောင် စိတ်ပူနေမည်စိုး၍ ခပ်မြန်မြန် လျှောက်မည်ဟု
စဉ်စားထားသော်လည်း တစ်စုံတစ်ယောက်က မိမိအား ချောင်းကြည့်နေသည်ဟု စိတ်
ထင့်လာသဖြင့် အနောက်သို့ လှည့်ကြည့်မိ၏။

သို့ပါသော်လည်း ရပ်သူရွာသားများမှလွှဲ၍ ဘယ်သူမှရှိမနေပေ။ မောင်သေနတ်မှန်တာကို မြင်ပြီး စိတ်က ခြောက်ခြား
နေတာဖြစ်မှာပါဟု တွေးလျက် ကားဆီသို့ ဆက်သွားဖို့ခြေလှမ်းလိုက်စဉ်...

"နှိုင်း! !!"

ကျယ်လောင်သော အော်သံနှင့်အတူ စိုးရိမ်းတကြီး ပြေးလာသော မောင် ကြောင့် နှိုင်း မျက်လုံးလေးပြူးကာ မှင်းသက်နေမိတော့၏။ ဘာဖြစ်နေတာလဲ။ သူမသိလိုက်
ခင်......

"အ!!!"

နှိုင်း ကိုယ်ဟာ ခေါင်လေး ၏ အနောက်သို့ ဆွဲပို့ခြင်းခံလိုက်ရပါ၏။ထို့နောက် မောင့်ဆီက နာကျင်ဖွယ်ရာအသံတစ်ခု ကြား
လိုက်ရလေတော့သည်။

နှိုင်းသည် သူ့ရှေ့တွင် ကာထဲသော မောင့်ကျောပြင်မှ ကျော်လွန်ကာ အခြေအနေအား ရှာဖွေကြည့်လျှင်..

သွေးတစက်စက်ကျနေသော ဓားကို ကြောက်မက်ဖွယ် မျက်နှားထားဖြင့် ကိုင်ဆောင်ထားသော ကိုဘိုဘို ကို
တွေ့လိုက်ရပါတော့သည်။

"နှိုင်း သွား... ကားထဲသွားနေ"

မောင်က ဘာမှမဖြစ်သလို နှိုင်းအား တွန်းထုတ်နေပါ၏။ ဟင့်အင့်...မသွားဘူး ။မင် ဗိုက်မှာသွေးတွေနဲ့။ စိတ်ထဲ၌
ပြောစရာ စကားလုံးတွေ များပြားနေသော်လည်း ယခုချိန်တွင် ဘာတွေဖြစ်ပျက်နေသည်ကို နှိုင်း နားမလည်နိုင်
ဖြစ်နေရတော့သည်။ ဘာလို့...ဘာလို့...
ကိုဘိုဘိုက..မောင့်ကို.... ဟင့်အင်း...ကျွန်တော့်ကို....။

"နှိုင်း...သွားလို့ ပြောနေတယ်လေ"

"မသွားနဲ့ နှိုင်း.. အဲ့ဒီကောင် လူယုတ်မာ.. ကိုယ့်ဆီလာနော်"

လက်လှမ်း၍ ကိုဘိုဘိုပြောလျှင် ခေါင်လေးသွားတွေ ကြိတ်ကာ မျက်ထောက်နီဖြင့်...

"ခင်ဗျားက အဆုံးသတ်မျဉ်းကို နင်းထားတယ် ဆိုတာရောသိရဲ့လား"

"ငါ မင်းကို သတ်မှာ...မင်းကို ငရဲပြည့်ပို့မှာ.. မင်းတို့ နှစ်ယောက်လုံး... ငါ့လက်ထဲမှာ သေရမှာ"

ကိုဘိုဘို၏သွေးရူးသွေးတမ်း အမူအရာကို နှိုင်း အခုထိ နားမလည်နိုင်သေးပေ။ သို့တိုင်း အူကြောင်ကြောင် ရပ်နေမိသောသူဟာ မောင့်ဝမ်းဗိုက်ဆီမှ သွေးတို့ တစိမ့်စိမ့်
ယိုထွက်နေသည်ကိုတော့ သတိထားမိလိုက်ပါသည်။

"မောင်... သွားရအောင်...အတူတူသွားရအောင်"

"မောင့်ကိုယုံနှိုင်း အရင်သွားနှင့်"

"အခုဘာတွေဖြစ်နေတာလဲဟင်..ကိုဘိုဘိုက ဘာလို့လဲ!"

နှိုင်း စိတ်တွေတအားလှုပ်ရှားနေသည်ကို သိကာ ခေါင်လေး ရှင်းပြချင်ပေမယ့် အချိန်ကောင်းမဟုတ်သည်မို့ အနားက
သွားဖို့ရန် ဖျောင်းဖျဖို့ လှည့်လိုက်စဉ်...

"အင့်!!"

တအိအိပျိုဆင်းလာသော မောင့်ကိုယ်လေး။ နှိုင်းကိုလည်း တင်းတင်းကျပ်ကျပ် ရင်ခွင်ထဲ မလွှတ်တမ်း ဖက်တွယ်ထား ပေးသေး၏။

"ကိုဘိုဘို...ကျွန်တော့်ကို သတ်ပါ...မောင့်ကို မလုပ်ပါနဲ့"

နှိုင်း တာမိလေသလား။ ဟုတ်တယ် နှိုင်းတာမိနေပါတယ်။ ဒါပေမယ့်... ဒါပေမယ့်...ဘာလို့ ကျွန်တော် ရင်တွေအောင့်ပြီး
မျက်ရည်ကျရုံကလွဲလို့ တခြားနာကျင်မူမရှိရတာလဲ။

"သေရမယ်....မင်းတို့သေရမယ်!"

"မောင်..."

ထူးပါဦး ငါ..ခေါ်နေတယ်လေ....ထူးပါဦးလို့။
ကျွန်တော် ခ ခ ယ ယ တောင်းပန်နေတုန်းမှာပဲလူတစ်ချို့ ဝိုင်းအုံပြီးပြေးလာကြပါ၏ ။

"စောင့်နေ...မောင် ပြန်...လာ...မှာ"

တစ်ခွန်းချင်း မပီမသထွက်လာတဲ့စကားသံအဆုံး မောင် လောကကြီးနဲ့အဆက်အသွယ် ပြတ်သွားဟန်တူပါ၏။

"မောင်..."

နှိုင်း အော်ခေါ်နေပေမယ့်...မောင် ပြန်ထူးမလာတော့ပါဘူး။ ရဲကားသံ တဝီဝီထွက်ပေါ်လာတဲ့အချိန် မောင့်ခန္ဓာကိုယ်ဟာလည်း ပျော့ဖတ်လို့သွားပေပြီ။သို့တိုင် နှိုင်းကို ဖတ်ထားသည့် လက်တွေကတော့ ဖြုတ်ချရခက်လို့နေဆဲ ဖြစ်ပါသည်။

..........

လူပျောက်ကြော်ငြာခြင်း...အမည် -ဘုန်းထွဋ်ခေါင်လျှံ ။

ဧည့်ခန်းထဲတွင် သတင်းစာထိုင် ဖတ်ရင်း ရဲဇော်သက်ပြင်းချမိသည် ။ အခုချိန်ထိ ခေါင် မိဘတွေက ရှာဖွေနေကြဆဲ ဖြစ်၏။
အသဲမာလိုက်တာ ခေါင်ရာ...တစ်ခါလောက်ဖြစ်ဖြစ်သွား တွေ့သင့်တာကို။

"ကိုကြီး ရဲဇော်...ပြောတော့ ကိုကိုက ပြန်လာနေပြီဆို ဘာလို့အခုထိမရောက်သေးတာလဲ"

သူနှင့် မျက်နှားချင်ဆိုင်တွင် ဝင်ထိုင်ရင်း စိုင်လျန်က မေးလျှင် သူ လက်ပတ်နာရီ ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်မိသွားသည်။

"အင်... ဘာလို ကြာနေတာလဲ မသိဘူး"

"ဟိုလူမရှိတော့တဲ့အကြောင်း သတိပေးလိုက်ဦး"

သူ စဉ်းစားနေစဉ် မိုးဇေကပါ ရောက်ရှိလာပါ၏။ ဒီကောင် သူ့အိမ်သူပြန်ဖို့အစီးအစဉ်မရှိဘူးလားမသိ။

"ငါ့ အိမ်က ဇရပ်မဟုတ်ဘူးနော်။ ပရဟိတလုပ်တဲ့ ကယ်ဆယ်ရေး အဆောက်အဦးလဲမဟုတ်ဘူး"

"ငါ မင်းအိမ်ကိုဝယ်လိုက်ရမလား"

ရဲဇော်သည် ခေါင်းတွင်တွင်ယမ်းကား စိတ်ပျက်လက်ပျက် သက်မချလိုက်၏။ကြာရင် ကျွန်တော့်အိမ်လည်း  လူမိုက်
ဒုက္ခသည်စခန်းဖြစ်တော့မည်။

"ကဲပါဗျာ..အဲ့တာနောက်မှပြော.. ကိုကို့ကို ဖုန်းဆက်"

စိုင်လျန်ဝင်ပြောမှပင်ရဲဇော်က မအီမသာဖြင့် ခေါင်လေးထံ ဖုန်းခေါ်လိုက်ပါ၏။

"ဟယ်လို ခေါင်....ဘယ်ရောက်ပြီလဲ"

"ရွာတစ်ရွာပဲ....မသိဘူး "

" နဲနဲပါးပါး တခြားလူတွေကိုမေးကြည့်လေကွာ"

"မမေးချင်ဘူး.. အခုကားထွက်တော့မှာ"

"ဒါဆိုလည်း သတိထားဦး...ကိုဘိုဘို အိမ်မှာမရှိတော့ဘူး ပျောက်နေတယ်။ ဘယ်ထွက်သွားမှန်းလည်းမသိဘူး"

"စိတ်ပူ မနေစမ်းပါနဲ့ ငဘုန်းက တုပ်ပြီးဓားပြီး တယ်"

ပေါ့ပေါ့တန်တန်ပြန်ပြော နေသော ခေါင်ကြောင့် သူ ပ်ိုလို စိတ်မချဖြစ်သွားရပါ၏။ ချက်ချင်းလိုပင် စိတ်တွေ လေးလံလာကာ တစ်ခုခုဖြစ်တော့မည်ဟု ထင်နေမိတော့သည်။

"ဘာပဲဖြစ်ဖြစ် သတိထား။ အဲ့လူက နှိုင်းမိဘတွေကို သတ်ခဲ့တာ...ပြီးတော့ လောပန်းရဲ့ပျောက်နေတဲ့သားက ကိုဘိုဘိုပဲ...မင်းသူငယ်ချင်း.. စိုင်းမင်း...."

"နှိုင်း!!"

ရဲဇော် သတိပေးနေစဉ်မှာ ခေါင်လေး၏ စိုးရိမ်ထိတ်လန့်စွာ အော်ဟစ်လိုက်တဲ့ နာမည်တစ်ခု။

"ခေါင်...ခေါင် ဘာဖြစ်တာလဲ"

"ငါ location ဖွင့်ထားတယ်...မင်း မြန်မြန်လိုက်လာခဲ့"

ထို့နောက်တတီတီဖြင့် ကျသွားတဲ့ဖုန်း။

"ခေါင်...ခေါင်!"

"ကိုကို..ဘာဖြစ်လို့လဲ..ကိုကို"

ရဲဇော်သည် ခြေမကိုင်မိလက်မကိုင်မိဖြင့် စိုင်လျန်မေးသည်ကို ပြန်မဖြေနိုင်ပဲ Computer roomထဲသို့ပြေးဝင်ကာ ခေါင်လေး၏ ဦးတည်ရာကို ရှာလိုက်လေသည်။

"ကိုကြီးရဲဇော် ကိုကိုဘာဖြစ်တာလဲလို့!"

"မသိဘူး...ဒီအတိုင်းကြီးကျသွားတာ။ အခြေအနေကောင်းပုံ မရဘူး..လိုက်သွားမှဖြစ်မယ်"

"ကျွန်တော်လည်း လိုက်မယ်!"

ရဲဇော် တစ်ချက်စဉ်းစားလိုက်ပြီး ခေါင်းညိမ့်ပြလိုက်၏။အခုချိန်မှတော့ ဘာကိုမှ ဟန်ဆောင်ဖုံးဖိထားစရာမလိုတော့။
သူသေကိုယ်သေ ပြန်ချရုံသာ။

"အဝတ်လဲခဲ့...ယောကျ်ား ပီပီသသ!"

"ဟုတ် "

စိုင်လျန် အလျင်စလို အခန်းထဲပြေးဝင်သွားလျှင် ရဲဇော်ကအရေးကြုံလျှင်သုံး ရန် သိမ်းဆည်ထားသော သေနတ် တွေကို ထုတ်လိုက်ပါသည်။ ထိုစဉ် မိုးဇေကသူ့လက်ထဲမှ
သေနတ်ကို ဆွဲယူကာ ကျည်ဖြည့်လေသည်။

"မင်း ဘာလုပ်တာလဲ"

"မင်လက်တွေ သွေးစွန်းသွားလိမ့်မယ်"

ထို့နောက် သေနတ် ကို ခါးကြားညှပ်ကာ ထွက်သွားပါ၏။ ရဲဇော်သည် သက်ပြင်းငွေ့ကို ချကာ မိမိလက်ကို မိမိပြန်ငုံ့
ကြည့်မိလိုက်သည်။ လူမိုက်ငှါးစားသော်လည်း သူ့လူတစ်ယောက်တစ်လေကို မှ မသတ်ခဲ့ဖူးတာ အံ့သြဖွယ်ရာပင်။

"ဘာလုပ်နေတာလဲ.. သွားမယ်လေ!"

"ဟင်....အင်"

မိုးဇေက ပြန်ဝင်လာ၍ သတိပေးမှ ဘာမှမယူဖြစ်တော့ပဲ သူ ခပ်မြန်မြန်ပင် အပြင်ထွက်လိုက်၏။ ထို့နောက်သုံးယောက်အတူတူ ကားကို ဒုန်းစိုင်းမောင်းလိုက်ကြပါတော့
သည်။

"ကိုက်ို ဘာမှ မဖြစ်လောက်ပါဘူးနော်"

စိုင်လျန် အပြောကို ရဲဇော်ရော မိုးဇေပါ ဖြေဖို့ရန် စကား မရှိပါချေ။ ဒီအတိုင်း မကြားချင်ယောင်သာဆောင်ဖြစ်ရင်း။ ဘုန်းထွဋ်ခေါင်လျှံ မင်းလုပ်နိုင်မှာပါ....ဟုသာ။

...

operationခန်းထဲ ဝင်သွားတာ အခုဆို သုံးနာရီနဲ့ ဆယ်ငါးမိနစ်ရှိနေပြီ။ နားရီတွေ တွက်တတ်တဲ့အကျင့်က မောင် နဲ့ကျွန်တော် ခွဲရတဲ့အချိန်တိုင်း ပျောက်မှာမဟုတ်
ပါဘူး။

ငါတစ်ယောက်တည်း အထီးကျန်နေခွင့် မပေးတော့ဘူးဆို။ မင်းပြောခဲ့စကားကို မင်းတည်ရမယ်လေ။ပြန်လာခဲ့ပါတော့။ ငါ မင်းကိုအရမ်းလွမ်းနေပြီလေ။ ငါအရမ်း အထီးကျန်နေတယ်။

ငိုနေရင်တောင် ' မျက်ရည်ကျရင် သုတ်ရမယ်ဆိုတာမသိဘူးလား"လို့ ဆူပြီး သုတ်ပေးမယ့်မောင်မရှိလို့ ငါငိုဖို့မေ့နေပြီ။မောင်သိရဲ့လား မောင်နဲ့ ပတ်သတ်ရင် မျက်ရည်တွေကိုတောင်ချစ်တတ်တဲ့ ငါက အခုတစ်ကြိမ်ကျမယ့် မျက်ရည်တွေကိုတော့မုန်းတယ်မောင်။

လက်ချောင်းတွေကို ယှက်သွယ်လို့ မလှုပ်မယှက်နဲ့ ဘယ်အချိန်တံခါးဖွင့်လာမလဲဆိုတာကို နှိုင်း ထိုင်စောင့်နေ ပါ၏။ တစ်ကိုယ်လုံး သွေးအလိမ့်လိမ့် လူနေတဲ့ မောင်ဟာ
နောက်ဆုံးအချိန်ထိ သူ့ကို ကာကွယ်ပေးဖို့မမေ့ခဲ့သလို့ ပြန်လာမယ်ဆိုတဲ့ စကားလည်း ပြေားဖို့မမေ့ခဲ့ပေ။

မင်းပြောတော့ ငါ ကအရင်အတိုင်းမပြောင်းလဲဘူးဆို။ တကယ်တမ်း မပြောင်းလဲခဲ့တာက မောင် မဟုတ်ဘူးလား။

ပြန်ရောက်ပါပြီ ဆိုတဲ့ မင်းရဲ့အသံလေး ကြားချင်နေပြီ။ အချိန်တွေအရမ်းကြာနေပြီမောင်..အခုဆို မောင်နဲ့ငါ ခွဲနေရတာ လေးနာရီလောက်ရှိတော့မယ်။

တကယ်လို့ မင်းပြန်မလာနိုင်ဘူးဆိုရင်.. ငါမင်းဆီ လိုက်လာခဲ့မှာနော်။ အဲ့ဒီအခါကျမှာ မင်းငါ့ကိုမဆူရဘူး။

" ကျွန်တော်တို့ အမူကိစ္စနဲ့ပတ်သတ်ပြီး မေးချင်တာရှိလို့ စခန်း ခဏလိုက်ခဲ့ပါ"

ရဲတစ်ယောက်က အမိန့်ပေးတာလိုလို... လူကိုပဲ မသင်္ကာသလိုလို ပြောသဖြင့် နှိုင်းသည် စိတ်နဲ့လူနဲ့မကပ် သကဲ့သို့ ရဲအား မျက်လုံးလန်ကြည့်ပြီး မတ်တပ်ထရပ် လိုက်ပါ၏။

"ကျုပ်လိုက်ရင် မောင် အသက်ပြန်ရှင်လာမှာလား"

"ဟင်...."

"မေးနေတယ်လေ.. ကျုပ်လိုက်ရင် ဘုန်းထွဋ်ခေါင်လျှံ သတိပြန်ရလာမှာလားလို့!"

"...."

"မောင်က ပြောတယ် စောင့်နေတဲ့။ ကျွန်တော် စောင့်ရမယ်။ မောင်ပြန်လာမှာ...မောင်ကကတိပေးပြီးရင် တည်အောင်ပဲ လုပ်တတ်တယ်။ ကျွန်တော် စောင့်ရမယ်...မောင်ပြန်
လာမှာ "

........................။..........................................

Love you all💚💚💚

HappyValentineday par😁။

...............................................................

Zawgyi

"ငါ့ညီတို႔ မနက္စာသြားစားၾကမလို႔လား"

"ဟုတ္ကဲ့"

" ေျဖးေျဖးစားၾကေနာ္။ ကြၽန္ေတာ္ အခန္းအပ္ၿပီး
ေစာင့္ေနမယ္"

ကားေမာင္းသမားက ဝီရိယရိွစြာ အေစာႀကီးထ၍
နံနက္စာ စားၿပီးလို႕ျပန္လာေခ်ၿပီ။သို႔ႏွင့္ ယခုမွ
အခန္းထဲက ထြက္လာေသာ ေခါင္ေလးနဲ႔ႏိႈင္းမွာ
တည္ခိုေဆာင္ေ႐ွ႕ရိွ ေခါက္ဆြဲဆိုင္ေလးသို႔ ဗိုက္အစာျဖည့္
ရန္ ထြက္လာခဲ့လိုက္ၾကပါသည္။

"က်င္ ဟရန္!"
(ဘာစားမလဲ)

နယ္စပ္ေဒသကို ေက်ာ္လြန္လာၿပီမို႔ အခုေတာ့ ႐ွမ္းတ႐ုတ္
ရြာေလး တစ္ရြာထဲသို႔ သူတို႔ေရာက္ေနၾကတာျဖစ္ပါသည္။
ဆိုင္ထဲရိွခံုမွာဝင္ထိုင္လိုက္စဥ္ ဆိုင္႐ွင္ အစ္မႀကီးက
႐ွမ္းစကားျဖင့္ေမးလာပါ၏။

"လိုက္ဟ ေကြ႔တီယို "(ေကြ႕တီယို ရသလား)

ႏိႈင္း ကေတာ့ သူမဘာေျပာလိုက္သည္မသိေပမယ့္
ေခါင္ေလးကေတာ့ ပီပီသသပင္ ျပန္ေမးေနပါေသး၏။
တ႐ုတ္နယ္စပ္မွာအေနမ်ားၿပိီး တတ္လာတာလား မသိ။
ဒါဆို တ႐ုတ္စကားတတ္ရမွာမဟုတ္ဘူးလား။

"အို႕...လိုက္"(အင္..ရတယ္)

ေခါင္ေလးသည္ အာရံုပ်ံ႕လႊင့္ေနေသာ ႏိႈင္းမ်က္ႏွာေ႐ွ႕
လက္ေဖ်ာက္တစ္ခ်က္ တီးလိုက္ၿပီး...

"ႏိႈင္း... ဘာစားမလဲ"

"ဟင္..အင္"

ႏိႈင္း အေတြးထဲနစ္ေနစဥ္ ေမာင္က ႐ုတ္တရက္ေမးလာတာ
ေၾကာင့္ လန္႔သြားရၿပီး ေထြေထြထူးထူး စဥ္းစားမေနေတာ့ပဲ...

"ဆီခ်က္! "

"ေကြ႔သယို နိမ္ပြဲ... ဆီခ်က္.. နိမ္ပြဲ"
(ေကြ႔သယို တစ္ပြဲ..ဆီခ်က္...တစ္ပြဲ)

ေမာင္က ထိုသို႔မွာၿပီးေနာက္ ေရေႏြးအိုးထဲမွ ေရကို
ခြက္ထဲ ငွဲ႕ကာ ႏိႈင္းေ႐ွ႕သို႔ တိုးေပးေလသည္။

"က်ဳပ္ေ႐ွ႕ထားၿပီး ဘာေတြစဥ္းစားေနတာလဲ ခင္ဗ်ားက"

က်ီစယ္သလို ေမာင္က ေမးလ်ွင္ ႏိႈင္း နားထင္ကို
လက္ညိဳးေလးျဖင့္ ဖြဖြျခစ္လ်က္...

"႐ွမ္းစကား ဘယ္လိုေျပာတတ္သြားတာလဲ"

"ေအာ္..ဒါလား...ေမာင္က ႐ွမ္းပဲေလ"

"ဟမ္...ဟုတ္လို႔လား။႐ွမ္း႐ုပ္လဲမေပါက္ဘူး"

ဒီေတာ့မွ ေမာင္က ျပံဳးစိစိျဖင့္ပင္...

"႐ွမ္းရြာမွာ ေနမွေတာ့မတတ္ပဲေနမလား ေဘဘီ ရဲ႕ ထမင္းစားေရေသာက္ေလာက္ကေတာ့ ရတာေပါ့"

"႐ွမ္းရြာ ဆိုတာက...ဘယ္ရြာလဲ"

"ေဟာ..ဗ်ာ"

ေခါင္ေလးသည္ မ်က္လံုးေလးျပဴးကာ အံ့ျသဟန္ျပၿပီး
အသက္ကို ခပ္ျပင္းျပင္း တစ္ခ်က္႐ွဴလိုက္ကာ...မေက်
မနပ္ျဖင့္...

"ဒါလား.. က်ဳပ္ကို ခ်စ္တာ။ ဒါလား..က်ဳပ္ကို ေစာင့္ေနတယ္
ဆိုတာ...က်ဳပ္အေၾကာင္း တစ္ခုေလးမွ မသိပဲနဲ႔လား။
စံုစမ္းဖို႔ေတာင္ မႀကိဳးစားပဲနဲ႔လား"

ႏိႈင္း ဘာေျဖရမည္မသိ။ တကယ္လည္း သူ ေမာင့္အေၾကာင္း
ေတြ စံုစမ္းဖို႔မႀကိဳးစားမိဘူး။ အကယ္၍မ်ား မေတာ္တဆ
ေႏြးနဲ႔ေမာင္တို႔ အိမ္ေထာင္ေရးအဆင္ေျပေနခဲ့ရင္ဆိုတဲ့
အေတြးေတြနဲ႔ ေၾကာက္ေနခဲ့တာ။

"ဟို..အဲ့ဒါက.."

ထိုစဥ္ မွာထားသည့္ေခါက္ဆြဲမ်ား လာခ်ေပးသည္မို႔
ႏိႈင္း အၾကပ္အတည္းၾကားမွ ေခတၱလႊတ္ေျမာက္သြားရပါ၏။
ေခါင္ေလးသည္ ဆူပုတ္ေနေသာ မ်က္ႏွာျဖင့္ပင္
လာခ်ေပးသည့္ ေခါက္ဆြဲပန္ကန္ကိုသာ ေမႊေႏွာက္
ေနလိုက္ပါသည္။ဘယ္ေတာ့မွမမုန္းခဲ့ဘူးဆိုၿပီး ကြၽန္ေတာ့္ကို
လ်စ္လ်ဴ႐ွဴ႕သည္တဲ့လား။ အနဲဆုံးေတာ့ ကြၽန္ေတာ့္ဇာတိ
ဘယ္မွာရိွတယ္ဆိုတာေလာက္ေတာ့ ႏိႈင္း သိထားသင့္
ပါ၏။

"ငါ ေၾကာက္လို္႕ပါ...ငါေၾကာက္ေနခဲ့တာ"

မထင္မွတ္ပဲ ၾကားလိုက္ရသည့္ ေျဖ႐ွင္းခ်က္စကားေၾကာင့္
ေခါင္ေလးလက္ေတြ တန္႔သြားရ၏။ ခ်က္ခ်က္လိုပင္ ျဖဴေဖ်ာ့လာေသာ ခ်စ္သူမ်က္ႏွာေလးကို ခပ္ေငးေငးၾကည့္ရင္း အေရးမပါတာအတြက္ စိတ္မေကာင္းျဖစ္မိသည့္ ကိုကို႔ကို
ေဒါသထြက္ရပါသည္။

"ေမာင္ ရိွေနၿပီပဲ...ဘာမွမေၾကာက္နဲ႔ေတာ့ေနာ္"

"ငါ ေမာင့္အေၾကာင္း သိခ်င္ပါတယ္..ဒါေပ.."

"႐ွဴး!"

ေခါင္ေလးက ႏိႈင္း ႏႈတ္ခမ္းကို လက္ညိဳးေလးျဖင့္မထိတထိကပ္လိုက္ၿပီး ႏႈတ္ပိတ္ေစလိုက္ကာ...

"ေမာင့္အေၾကာင္းဘာမွမသိပဲ... ေမာင့္ကိုခ်စ္ေပးတာနဲ႔တင္
လံုေလာက္ၿပီေလ။ တကယ္လို႔ ႏိႈင္းက ေမာင့္အေၾကာင္း
အရမ္း သိခ်င္တယ္ဆိုရင္ေတာ့ ေမာင့္ကိုပဲေမး...တစ္ခုမက်န္
အကုန္ေျပာျပမယ္.. ဟုတ္ၿပီလား"

ေက်းဇူးတင္ပါတယ္ေမာင္ရယ္။ စိတ္ထဲမွေျပာမိရင္း
သူ႔အား ျပံဳးျပံဳးေလးၾကည့္ေနတဲ့ ေမာင့္ကို ဘယ္သူမွ
မျမင္ေအာင္ တစ္ေနရာရာမွာ ဖြက္ထားခ်င္စိတ္ေတြ
ျဖစ္လို႔လာသည္။ ကြၽန္ေတာ္တစ္ေယာက္ထဲသာ
တစိမ့္စိမ့္ထိုင္ၾကည့္ ခ်င္ေနမိပါေတာ့သည္။

"ႏိႈင္းက အရင္အတိုင္းပဲ"

"ဘာကိုလဲ"

"အစားစားတဲ့အခ်ိန္ဆို ေမာင့္ကိုအျမဲတမ္း ခိုးၾကည့္တာေလ"

ႏိႈင္းသည္ အရင္ကအေၾကာင္းေတြ ျပန္ေတြးမိကာ
ပါးျပင္ေလးေတြ ပန္းေသြးျခယ္လို႔ ႐ွက္ေသြးျဖာေလေတာ့
သည္။

"ခိုးမၾကည့္ပါဘူး"

"အင္ပါ! ေပၚတင္ၾကည့္ အခု ေခါက္ဆြဲစားေတာ့..
ပြကုန္လိမ့္မယ္"

ရယ္ေသြးလႊမ္းကာ ေခါင္ေလးေနာက္ေနလ်ွင္ ႏိႈင္းကလည္း
မ်က္ေစာင္းေလးထိုးလို႔ ျပံဳးေန႐ွာပါ၏။ ေရာင္ျခည္ကြန္႔ျမဴး
လ်က္ ထြက္ျပဴးလာေသာ ေနမင္းႀကီးက ေဆာင္းကုန္ေတာ့
မည္ ျဖစ္ေၾကာင္း အခ်က္ျပေနသေယာင္ရိွေလသည္။
ဤသို႔ဆိုပါလ်ွင္ေဆာင္အကုန္ ေႏြအကူး၏ အျပာေရာင္
ဝမ္းနည္းမွတ္တမ္းေတြခမ္းေျခာက္ေတာ့ေပေရာ့မည္
ထင္၏။

"ႏိႈင္း ခဏေစာင့္ေနေနာ္... ေမာင္ ကားသမားကို သြာေခၚ
လိုက္ဦးမယ္...ဘယ္မွမသြားနဲ႔ေနာ္"

စားၿပီးေသာက္ၿပီးသည္ႏွင့္ ခရီးဆက္ရန္အတြက္ ကားရပ္
ထားသည့္ေနရာသို႔ သြားလိုက္ၾကၿပိီး ေခါင္ေလးသည္
ႏိႈင္း ကို စိတ္မခ်စြာမွာၾကားၿပီးေနာက္ တည္းခိုးေဆာင္ထဲသို႔
ဝင္သြားေလသည္။

ႏိႈင္းသည္ ဟိုၾကည့္သည္ၾကည့္ ျဖင့္ ရပ္ေနရာမွ
စတိုးဆိုင္တစ္ခုကို လွမ္းျမင္လိုက္ရာ.. လမ္းခရီးတြင္
ေသာက္ဖို႔ ေရလိုသည္ကို သတိရသြားပါ၏။ သို႔ႏွင့္
နီးနီးနားနား မၾကာပါဘူးေလဟုေတြးကာ သြားဝယ္ဖို႔
ဆံုးျဖတ္လိုက္ေလသည္။
....

မဲနက္နက္ဆံပင္ေလးေတြက ဘုတ္သိုက္မဟုတ္ေတာ့ပဲ
သပ္ရပ္ေန၏။ မုတ္ဆိတ္ေမႊးေတြနဲ႔ ညႇင္းသုိးသိုးေနခဲ့ေသာ
ႏိႈင္းဟာ ဘုန္ထြဋ္ေခါင္လ်ွံ နဲ႔ ေတြ႔ရေတာ့မည္..ဆိုသည့္
ေန႕ကတည္းက သံုးႏွစ္လံုးလံုး သူနဲ႔အတူတူရိွခဲ့သည့္ပံုစံႏွင့္
ျခားနားသြားခဲ့ေလၿပီ။ ျဖဴေဖြးေနေသာ မ်က္ႏွာႏုႏုေလးဟာ
သူစေတြ႔တုန္းကလိုပဲ ၾကည္လင္ခ်မ္းေျမ့ေနပါေတာ့၏။

ဓားကိုင္ထားသည့္ လက္က ႏိႈင္းရဲ႕အျပံဳးကိုျမင္ရေလ
ပို၍ ခိုင္ျမဲတင္းက်ပ္လာေလျဖစ္ရကာ မ်က္ဝန္းတို႔မွာလည္း
နာက်ည္းရိပ္ကာ တစ္စတစ္စတိုးလို႔လာပါ၏။ မျပံဳးရဘူး
ႏိႈင္း.. မင္းအျပံဳးက ငါ့ေၾကာင့္ပဲျဖစ္ရမွာ။

"ေရဘူး လိုခ်င္လို႔"

"အီရန္! "
(ဘာ လိုတာလဲ။ဘာႀကီးလဲ)

ႏိႈင္း လည္း ဆိုင္႐ွင္အေမးကို ဘာျပန္ေျပာရမည္မသိသျဖင့္
ေရေသာက္သည့္အမူအယာ လုပ္ျပလိုက္ေတာ့ ဆိုင္႐ွင္က
သေဘာေပါက္သြားဟန္တူကာ ေရသန္႔ဘူးေတြ ထုတ္ေပး
လာပါ၏။ သို႔ႏွင့္ ႏိႈင္း ေရသန္႔ဘူးကိုယူကာ က်သင့္ေငြကို
႐ွင္းလိုက္ၿပီး စတိုးဆိုင္ေလးထဲမွ ျပန္ထြက္လာလိုက္ပါ
သည္။ ေမာင္ စိတ္ပူေနမည္စိုး၍ ခပ္ျမန္ျမန္ ေလွ်ာက္မည္ဟု
စဥ္စားထားေသာ္လည္း တစ္စံုတစ္ေယာက္က မိမိအား
ေခ်ာင္းၾကည့္ေနသည္ဟု စိတ္ထင့္လာသျဖင့္ အေနာက္သို႔
လွည့္ၾကည့္မိ၏။

သို႔ပါေသာ္လည္း ရပ္သူရြာသားမ်ားမွလႊဲ၍ ဘယ္သူမွရိွမေနေပ။ ေမာင္ေသနတ္မွန္တာကို ျမင္ၿပီး စိတ္က ေျခာက္ျခား
ေနတာျဖစ္မွာပါဟု ေတြးလ်က္ ကားဆီသို႔ ဆက္သြားဖို႔
ေျခလွမ္းလိုက္စဥ္...

"ႏိႈင္း! !!"

က်ယ္ေလာင္ေသာ ေအာ္သံႏွင့္အတူ စိုးရိမ္းတႀကီး
ေျပးလာေသာ ေမာင္ ေၾကာင့္ ႏိႈင္း မ်က္လံုးေလးျပဴးကာ
မွင္းသက္ေနမိေတာ့၏။ ဘာျဖစ္ေနတာလဲ။ သူမသိလိုက္
ခင္......

"အ!!!"

ႏိႈင္း ကိုယ္ဟာ ေခါင္ေလး ၏ အေနာက္သို႔ ဆြဲပို႕ျခင္းခံလိုက္ရပါ၏။ထို႔ေနာက္ ေမာင့္ဆီက နာက်င္ဖြယ္ရာအသံတစ္ခု ၾကား
လိုက္ရေလေတာ့သည္။

ႏိႈင္းသည္ သူ႔ေ႐ွ႕တြင္ ကာထဲေသာ ေမာင့္ေက်ာျပင္မွ
ေက်ာ္လြန္ကာ အေျခအေနအား ႐ွာေဖြၾကည့္လ်ွင္..

ေသြးတစက္စက္က်ေနေသာ ဓားကို ေၾကာက္မက္ဖြယ္
မ်က္ႏွားထားျဖင့္ ကိုင္ေဆာင္ထားေသာ ကိုဘိုဘို ကို
ေတြ႔လိုက္ရပါေတာ့သည္။

"ႏိႈင္း သြား... ကားထဲသြားေန"

ေမာင္က ဘာမွမျဖစ္သလို ႏိႈင္းအား တြန္းထုတ္ေနပါ၏။
ဟင့္အင့္...မသြားဘူး ။မင္ ဗိုက္မွာေသြးေတြနဲ႔။ စိတ္ထဲ၌
ေျပာစရာ စကားလံုးေတြ မ်ားျပားေနေသာ္လည္း ယခုခ်ိန္
တြင္ ဘာေတြျဖစ္ပ်က္ေနသည္ကို ႏိႈင္း နားမလည္ႏိုင္
ျဖစ္ေနရေတာ့သည္။ ဘာလို႔...ဘာလို႔...ကိုဘိုဘိုက..
ေမာင့္ကို.... ဟင့္အင္း...ကြၽန္ေတာ့္ကို....။

"ႏိႈင္း...သြားလို႔ ေျပာေနတယ္ေလ"

"မသြားနဲ႔ ႏိႈင္း.. အဲ့ဒီေကာင္ လူယုတ္မာ.. ကိုယ့္ဆီလာေနာ္"

လက္လွမ္း၍ ကိုဘိုဘိုေျပာလ်ွင္ ေခါင္ေလးသြားေတြ
ျကိတ္ကာ မ်က္ေထာက္နီျဖင့္...

"ခင္ဗ်ားက အဆံုးသတ္မ်ဥ္းကို နင္းထားတယ္ ဆိုတာေရာ
သိရဲ႕လား"

"ငါ မင္းကို သတ္မွာ...မင္းကို ငရဲျပည့္ပို႔မွာ.. မင္းတို႔
ႏွစ္ေယာက္လံုး... ငါ့လက္ထဲမွာ ေသရမွာ"

ကိုဘိုဘို၏ေသြး႐ူးေသြးတမ္း အမူအရာကို ႏိႈင္း အခုထိ
နားမလည္ႏိုင္ေသးေပ။ သို႔တိုင္း အူေၾကာင္ေၾကာင္
ရပ္ေနမိေသာသူဟာ ေမာင့္ဝမ္းဗိုက္ဆီမွ ေသြးတို႔ တစိမ့္စိမ့္
ယိုထြက္ေနသည္ကိုေတာ့ သတိထားမိလိုက္ပါသည္။

"ေမာင္... သြားရေအာင္...အတူတူသြားရေအာင္"

"ေမာင့္ကိုယံုႏိႈင္း အရင္သြားႏွင့္"

"အခုဘာေတြျဖစ္ေနတာလဲဟင္..ကိုဘိုဘိုက ဘာလို႔လဲ!"

ႏိႈင္း စိတ္ေတြတအားလႈပ္႐ွားေနသည္ကို သိကာ ေခါင္ေလး
႐ွင္းျပခ်င္ေပမယ့္ အခ်ိန္ေကာင္းမဟုတ္သည္မို႔ အနားက
သြားဖို႔ရန္ ေဖ်ာင္းဖ်ဖို႔ လွည့္လိုက္စဥ္...

"အင့္!!"

တအိအိပ်ိဳဆင္းလာေသာ ေမာင့္ကိုယ္ေလး။ ႏိႈင္းကိုလည္း
တင္းတင္းက်ပ္က်ပ္ ရင္ခြင္ထဲ မလႊတ္တမ္း ဖက္တြယ္ထား
ေပးေသး၏။

"ကိုဘိုဘို...ကြၽန္ေတာ့္ကို သတ္ပါ...ေမာင့္ကို မလုပ္ပါနဲ႔"

ႏိႈင္း တာမိေလသလား။ ဟုတ္တယ္ ႏိႈင္းတာမိေနပါတယ္။
ဒါေပမယ့္... ဒါေပမယ့္...ဘာလို႔ ကြၽန္ေတာ္ ရင္ေတြေအာင့္ၿပီး
မ်က္ရည္က်ရံုကလြဲလို႔ တျခားနာက်င္မူမရိွရတာလဲ။

"ေသရမယ္....မင္းတို႔ေသရမယ္!"

"ေမာင္..."

ထူးပါဦး ငါ..ေခၚေနတယ္ေလ....ထူးပါဦးလို႔။
ကြၽန္ေတာ္ ခ ခ ယ ယ ေတာင္းပန္ေနတုန္းမွာပဲလူတစ္ခ်ိဳ႕
ဝိုင္းအံုၿပီးေျပးလာၾကပါ၏ ။

"ေစာင့္ေန...ေမာင္ ျပန္...လာ...မွာ"

တစ္ခြန္းခ်င္း မပီမသထြက္လာတဲ့စကားသံအဆံုး ေမာင္
ေလာကႀကီးနဲ႔အဆက္အသြယ္ ျပတ္သြားဟန္တူပါ၏။

"ေမာင္..."

ႏိႈင္း ေအာ္ေခၚေနေပမယ့္...ေမာင္ ျပန္ထူးမလာေတာ့ပါဘူး။ ရဲကားသံ တဝီဝီထြက္ေပၚလာတဲ့အခ်ိန္ ေမာင့္ခႏၶာကိုယ္ဟာလည္း ေပ်ာ့ဖတ္လို႔သြားေပၿပီ။သို႔တိုင္ ႏိႈင္းကို ဖတ္ထားသည့္
လက္ေတြကေတာ့ ျဖဳတ္ခ်ရခက္လို႔ေနဆဲ ျဖစ္ပါသည္။

..........

လူေပ်ာက္ေၾကာ္ျငာျခင္း...အမည္ -ဘုန္းထြဋ္ေခါင္လ်ွံ ။

ဧည့္ခန္းထဲတြင္ သတင္းစာထိုင္ ဖတ္ရင္း ရဲေဇာ္သက္ျပင္းခ်မိသည္ ။ အခုခ်ိန္ထိ ေခါင္ မိဘေတြက ႐ွာေဖြေနၾကဆဲ ျဖစ္၏။
အသဲမာလိုက္တာ ေခါင္ရာ...တစ္ခါေလာက္ျဖစ္ျဖစ္သြား
ေတြ႔သင့္တာကို။

"ကိုႀကီး ရဲေဇာ္...ေျပာေတာ့ ကိုကိုက ျပန္လာေနၿပီဆို
ဘာလို႔အခုထိမေရာက္ေသးတာလဲ"

သူႏွင့္ မ်က္ႏွားခ်င္ဆိုင္တြင္ ဝင္ထိုင္ရင္း စိုင္လ်န္က
ေမးလ်ွင္ သူ လက္ပတ္နာရီ ကို တစ္ခ်က္ၾကည့္လိုက္ၿပီး
မ်က္ေမွာင္ၾကဳတ္မိသြားသည္။

"အင္... ဘာလို ၾကာေနတာလဲ မသိဘူး"

"ဟိုလူမရိွေတာ့တဲ့အေၾကာင္း သတိေပးလိုက္ဦး"

သူ စဥ္းစားေနစဥ္ မိုးေဇကပါ ေရာက္ရိွလာပါ၏။
ဒီေကာင္ သူ႔အိမ္သူျပန္ဖို႔အစီးအစဥ္မရိွဘူးလားမသိ။

"ငါ့ အိမ္က ဇရပ္မဟုတ္ဘူးေနာ္။ ပရဟိတလုပ္တဲ့
ကယ္ဆယ္ေရး အေဆာက္အဦးလဲမဟုတ္ဘူး"

"ငါ မင္းအိမ္ကိုဝယ္လိုက္ရမလား"

ရဲေဇာ္သည္ ေခါင္းတြင္တြင္ယမ္းကား စိတ္ပ်က္လက္ပ်က္
သက္မခ်လိုက္၏။ၾကာရင္ ကြၽန္ေတာ့္အိမ္လည္း  လူမိုက္
ဒုကၡသည္စခန္းျဖစ္ေတာ့မည္။

"ကဲပါဗ်ာ..အဲ့တာေနာက္မွေျပာ.. ကိုကို႔ကို ဖုန္းဆက္"

စိုင္လ်န္ဝင္ေျပာမွပင္ရဲေဇာ္က မအီမသာျဖင့္ ေခါင္ေလးထံ
ဖုန္းေခၚလိုက္ပါ၏။

"ဟယ္လို ေခါင္....ဘယ္ေရာက္ၿပီလဲ"

"ရြာတစ္ရြာပဲ....မသိဘူး "

" နဲနဲပါးပါး တျခားလူေတြကိုေမးၾကည့္ေလကြာ"

"မေမးခ်င္ဘူး.. အခုကားထြက္ေတာ့မွာ"

"ဒါဆိုလည္း သတိထားဦး...ကိုဘိုဘို အိမ္မွာမရိွေတာ့ဘူး
ေပ်ာက္ေနတယ္။ ဘယ္ထြက္သြားမွန္းလည္းမသိဘူး"

"စိတ္ပူ မေနစမ္းပါနဲ႔ ငဘုန္းက တုပ္ၿပီးဓားၿပီး တယ္"

ေပါ့ေပါ့တန္တန္ျပန္ေျပာ ေနေသာ ေခါင္ေၾကာင့္ သူ
ပ္ိုလို စိတ္မခ်ျဖစ္သြားရပါ၏။ ခ်က္ခ်င္းလိုပင္ စိတ္ေတြ
ေလးလံလာကာ တစ္ခုခုျဖစ္ေတာ့မည္ဟု ထင္ေနမိေတာ့သည္။

"ဘာပဲျဖစ္ျဖစ္ သတိထား။ အဲ့လူက ႏိႈင္းမိဘေတြကို
သတ္ခဲ့တာ...ၿပီးေတာ့ ေလာပန္းရဲ႕ေပ်ာက္ေနတဲ့သားက
ကိုဘိုဘိုပဲ...မင္းသူငယ္ခ်င္း.. စိုင္းမင္း...."

"ႏိႈင္း!!"

ရဲေဇာ္ သတိေပးေနစဥ္မွာ ေခါင္ေလး၏ စိုးရိမ္ထိတ္လန္႔စြာ
ေအာ္ဟစ္လိုက္တဲ့ နာမည္တစ္ခု။

"ေခါင္...ေခါင္ ဘာျဖစ္တာလဲ"

"ငါ location ဖြင့္ထားတယ္...မင္း ျမန္ျမန္လိုက္လာခဲ့"

ထို႔ေနာက္တတီတီျဖင့္ က်သြားတဲ့ဖုန္း။

"ေခါင္...ေခါင္!"

"ကိုကို..ဘာျဖစ္လို႔လဲ..ကိုကို"

ရဲေဇာ္သည္ ေျခမကိုင္မိလက္မကိုင္မိျဖင့္ စိုင္လ်န္ေမးသည္ကို
ျပန္မေျဖႏိုင္ပဲ Computer roomထဲသို႔ေျပးဝင္ကာ
ေခါင္ေလး၏ ဦးတည္ရာကို ႐ွာလိုက္ေလသည္။

"ကိုႀကီးရဲေဇာ္ ကိုကိုဘာျဖစ္တာလဲလို႔!"

"မသိဘူး...ဒီအတိုင္းႀကီးက်သြားတာ။ အေျခအေနေကာင္းပံု
မရဘူး..လိုက္သြားမွျဖစ္မယ္"

"ကြၽန္ေတာ္လည္း လိုက္မယ္!"

ရဲေဇာ္ တစ္ခ်က္စဥ္းစားလိုက္ၿပီး ေခါင္းညိမ့္ျပလိုက္၏။
အခုခ်ိန္မွေတာ့ ဘာကိုမွ ဟန္ေဆာင္ဖံုးဖိထားစရာမလိုေတာ့။
သူေသကိုယ္ေသ ျပန္ခ်ရံုသာ။

"အဝတ္လဲခဲ့...ေယာက်္ား ပီပီသသ!"

"ဟုတ္ "

စိုင္လ်န္ အလ်င္စလို အခန္းထဲေျပးဝင္သြားလ်ွင္ ရဲေဇာ္က
အေရးျကံဳလ်ႇင္သံုး ရန္ သိမ္းဆည္ထားေသာ ေသနတ္
ေတြကို ထုတ္လိုက္ပါသည္။ ထိုစဥ္ မိုးေဇကသူ႔လက္ထဲမွ
ေသနတ္ကို ဆြဲယူကာ က်ည္ျဖည့္ေလသည္။

"မင္း ဘာလုပ္တာလဲ"

"မင္လက္ေတြ ေသြးစြန္းသြားလိမ့္မယ္"

ထို႔ေနာက္ ေသနတ္ ကို ခါးၾကားညႇပ္ကာ ထြက္သြားပါ၏။
ရဲေဇာ္သည္ သက္ျပင္းေငြ႔ကို ခ်ကာ မိမိလက္ကို မိမိျပန္ငံု႔
ၾကည့္မိလိုက္သည္။ လူမိုက္ငွါးစားေသာ္လည္း သူ
လူတစ္ေယာက္တစ္ေလကို မွ မသတ္ခဲ့ဖူးတာ အံ့ျသဖြယ္ရာပင္။

"ဘာလုပ္ေနတာလဲ.. သြားမယ္ေလ!"

"ဟင္....အင္"

မိုးေဇက ျပန္ဝင္လာ၍ သတိေပးမွ ဘာမွမယူျဖစ္ေတာ့ပဲ
သူ ခပ္ျမန္ျမန္ပင္ အျပင္ထြက္လိုက္၏။ ထို႔ေနာက္
သံုးေယာက္အတူတူ ကားကို ဒုန္းစိုင္းေမာင္းလိုက္ၾကပါေတာ့
သည္။

"ကိုက္ုိ ဘာမွ မျဖစ္ေလာက္ပါဘူးေနာ္"

စိုင္လ်န္ အေျပာကို ရဲေဇာ္ေရာ မိုးေဇပါ ေျဖဖို႔ရန္ စကား
မရိွပါေခ်။ ဒီအတိုင္း မၾကားခ်င္ေယာင္သာေဆာင္ျဖစ္ရင္း။
ဘုန္းထြဋ္ေခါင္လ်ွံ မင္းလုပ္ႏိုင္မွာပါ....ဟုသာ။

...

operationခန္းထဲ ဝင္သြားတာ အခုဆို သံုးနာရီနဲ႔
ဆယ္ငါးမိနစ္ရိွေနၿပီ။ နားရီေတြ တြက္တတ္တဲ့အက်င့္က
ေမာင္ နဲ႔ကြၽန္ေတာ္ ခြဲရတဲ့အခ်ိန္တိုင္း ေပ်ာက္မွာမဟုတ္
ပါဘူး။

ငါတစ္ေယာက္တည္း အထီးက်န္ေနခြင့္ မေပးေတာ့ဘူးဆို။
မင္းေျပာခဲ့စကားကို မင္းတည္ရမယ္ေလ။ျပန္လာခဲ့ပါေတာ့။ ငါ မင္းကိုအရမ္းလြမ္းေနၿပီေလ။ ငါအရမ္းအထီးက်န္ေန
တယ္။

ငိုေနရင္ေတာင္ ' မ်က္ရည္က်ရင္ သုတ္ရမယ္ဆိုတာမသိဘူးလား"လို႔ ဆူျပီး သုတ္ေပးမယ့္ေမာင္မရိွလို႔ ငါငိုဖို႔
ေမ့ေနၿပီ။ေမာင္သိရဲ႕လား ေမာင္နဲ႔ ပတ္သတ္ရင္ မ်က္ရည္ေတြကိုေတာင္ခ်စ္တတ္တဲ့ ငါက အခုတစ္ႀကိမ္က်မယ့္
မ်က္ရည္ေတြကိုေတာ့မုန္းတယ္ေမာင္။

လက္ေခ်ာင္းေတြကို ယွက္သြယ္လို႔ မလႈပ္မယွက္နဲ႔
ဘယ္အခ်ိန္တံခါးဖြင့္လာမလဲဆိုတာကို ႏိႈင္း ထိုင္ေစာင့္ေန
ပါ၏။ တစ္ကိုယ္လံုး ေသြးအလိမ့္လိမ့္ လူေနတဲ့ ေမာင္ဟာ
ေနာက္ဆံုးအခ်ိန္ထိ သူ႔ကို ကာကြယ္ေပးဖို႕မေမ့ခဲ့သလို႔
ျပန္လာမယ္ဆိုတဲ့ စကားလည္း ေျပားဖို႔မေမ့ခဲ့ေပ။

မင္းေျပာေတာ့ ငါ ကအရင္အတိုင္းမေျပာင္းလဲဘူးဆို။
တကယ္တမ္း မေျပာင္းလဲခဲ့တာက ေမာင္ မဟုတ္ဘူးလား။

ျပန္ေရာက္ပါၿပီ ဆိုတဲ့ မင္းရဲ႕အသံေလး ၾကားခ်င္ေနၿပီ။
အခ်ိန္ေတြအရမ္းၾကာေနၿပီေမာင္..အခုဆို ေမာင္နဲ႔ငါ
ခြဲေနရတာ ေလးနာရီေလာက္ရိွေတာ့မယ္။

တကယ္လို႔ မင္းျပန္မလာႏိုင္ဘူးဆိုရင္.. ငါမင္းဆီ
လိုက္လာခဲ့မွာေနာ္။ အဲ့ဒီအခါက်မွာ မင္းငါ့ကိုမဆူရဘူး။

" ကြၽန္ေတာ္တို႔ အမူကိစၥနဲ႔ပတ္သတ္ၿပီး ေမးခ်င္တာရိွလို႔
စခန္း ခဏလိုက္ခဲ့ပါ"

ရဲတစ္ေယာက္က အမိန္႔ေပးတာလိုလို... လူကိုပဲ
မသကၤာသလိုလို ေျပာသျဖင့္ ႏိႈင္းသည္ စိတ္နဲ႔လူနဲ႔မကပ္
သကဲ့သို႔ ရဲအား မ်က္လံုးလန္ၾကည့္ၿပီး မတ္တပ္ထရပ္
လိုက္ပါ၏။

"က်ဳပ္လိုက္ရင္ ေမာင္ အသက္ျပန္႐ွင္လာမွာလား"

"ဟင္...."

"ေမးေနတယ္ေလ.. က်ဳပ္လိုက္ရင္ ဘုန္းထြဋ္ေခါင္လ်ွံ
သတိျပန္ရလာမွာလားလို႔!"

"...."

"ေမာင္က ေျပာတယ္ ေစာင့္ေနတဲ့။ ကြၽန္ေတာ္ ေစာင့္ရမယ္။ ေမာင္ျပန္လာမွာ...ေမာင္ကကတိေပးၿပီးရင္ တည္ေအာင္ပဲ
လုပ္တတ္တယ္။ ကြၽန္ေတာ္ ေစာင့္ရမယ္...ေမာင္ျပန္
လာမွာ "

........................။..........................................

Love you all💚💚💚

HappyValentineday par😁။

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

710K 41.5K 38
#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလိ...
788K 81.7K 43
လူတစ်ယောက်နဲ့ အတူတူ အချိန်ကြာကြာရှိသွားချင်တယ်လို့ တွေးမိတာ ခင်ဗျားနဲ့မှ ပထမဆုံးပါပဲ။ အဲဒါကြောင့် ခင်ဗျားကတော့ ကျွန်တော့်ကို .......။ BL Own Charact...
151K 14.6K 27
ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။
423K 25.9K 43
[ Zawgyi ] ---------------- မဆံုသင့္တဲ႔လူသားနွစ္ေယာက္ကိုဆံုေစခဲ႕တဲ႔ကံႀကမၼာဟာ ......... ဘာျဖစ္ေစခ်င္လို႔ပါသလဲ ??? မဆံုနိုင္ျခင္းတို႕ျခားနားထားတဲ႕လူ...