Zawgyi
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤
************************************
"အာ..ဟုတ်..ဟုတ်တယ်..ဟီး"
ချစ်စရာလေး"
Tomatoလေးကျနေရောပဲ။
အကုန်လုံးကားပေါ်ရောက်မှJayကမေးလိုက်သည်။
"ညီဘယ်သွားချင်လဲ"
"အား...နာလိုက်တာ"
"ဟျောင့်...ဘာထဖြစ်တာလဲ"
"မင်းကလဲကွာ..ဟဲဟဲ "
.....................................................................
ပြီးကားတံခါးဖွင့်ကာ
သူနဲ့တွေ့တိုင်းလဲ.."
"ဆက်ပြောလေ"
"ထားပါကွာ..စိတ်မဝင်စားလောက်ပါဘူး..ငါတို့တွေ့ဖူးတာအခုနဲ့မှ၎ကြိမ်တိတိပဲရှိသေးတယ်...မဖြစ်နိုင်လောက်ဘူး"
"တွေ့မယ်..မင်း..မပြေးနဲ့"
.....................................................................
...လာခဲ့.."
"ဟာ..ဟေ့..ပိစိ.."
"ဗွမ်း.."💦💦💦
"ဗွမ်း"💦💦💦
.....................................................................
.
.
.
.
.
.
.
.
.
.
.
.
T.B.C...🔜🔜🔜🔜
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈
.....................................................................
Unicode
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤
************************************
ဒီနေ့လဲခါတိုင်းလိုအလုပ်သွားဖို့ပြင်ဆင်ပြီးလမ်း
လေးလျောက်ကာထွက်လာလိုက်သည်။လမ်းမှာနားကြပ်လေးတစ်ဖက်တပ်ပြီးသီချင်းလေးနားထောင်နေလိုက်သည်။ဆိုင်ရှေ့ရောက်တော့ထူးဆန်းစွာဆိုင်တံခါးမဖွင့်သေးချေ။နာရီကိုတချက်ကြည့်တော့လဲ၉နာရီထိုးဖို့၁၀မိနစ်။
ကိုဇေကအမြဲဆိုင်ဖွင့်တာစောနေကျပါ။ဘာလို့ပါလိမ့်။တွေးနေရင်းမှာပင်ကိုဇေရဲ့ကားလေးဆိုင်ရှေ့ထိုးရပ်လိုက်သည်။ထို့နောက်ကားပေါ်ကကိုဇေဆင်းလာသည်။ဟိုလူကြီးလဲပါလာသေးသည်။
"ညီရောက်တာကြာနေပြီလား.."
"ခုလေးမှရောက်တာ..ကိုဇေကရောဘာလို့နောက်ကျနေတာလဲ..ဆိုင်တောင်ခုထိမဖွင့်ရသေးဘူး"
"အကိုပြောဖို့မေ့သွားတာ..ဒီနေ့ဆိုင်ပိတ်တယ်..သွားလည်ကြမယ်လေ"
"ဟင်..တကယ်ပိတ်တယ်ပေါ့...ကျွန်တော်ရောလိုက်လို့ရလား"
"ရတာပေါ့..ဒါကြောင့်ညီ့ကိုလာခေါ်တာလေ..
ဒါနဲ့နေကြစမ်းပါဦး..မင်းတို့နှစ်ယောက်ငြိမ်လှချည်လား"
"အဟမ်း..ပြေလည်သွားပြီလေ..ဟုတ်တယ်မလားပိစိ"
ပိစိကိုအမေးလေးနဲ့ပြောလိုက်တော့..မျက်နှာလေးကပန်းရောင်သမ်းသွားသယောင်။
"အာ..ဟုတ်..ဟုတ်တယ်..ဟီး"
"ပြေလည်သွားတော့ကောင်းတာပေါ့.."
"အယ်...ပိစိ..မင်းရီတာကိုယ်အခုမှတွေ့ဖူးတာ..
သွားတက်ကလဲ..မင်းလိုပိစိလေးပါလား..
ချစ်စရာလေး"
နဂိုပန်းရောင်သန်းချင်နေတဲ့ပါးလေးကနီနီရဲရဲ
Tomatoလေးကျနေရောပဲ။
ဒီလူကြီးဘယ်လိုလူလဲဟ။အဆင်ပြေတာမှမနေကမှပြေတာကိုမြောက်နေလိုက်တာ။နေတောင်မနေတတ်တော့ဘူး။သူကျတော့သွားတက်မပါတာကျလို့။
"ညီအဆင်ပြေရဲ့လား...နေမကောင်းဘူးလား..ပါးတွေရဲနေတာပဲ"
ပြောရင်းဆိုရင်းကိုဇေကပါးပေါ်အုပ်ကိုင်လိုက်ရင်း
နဖူးကိုပါလာစမ်းနေသည်။
"ပြေ..ပြေပါတယ်.ဘာမှမဖြစ်ပါဘူး"
ဟိုလူကြီးကိုကြည့်တော့သူ့ကိုရီပြနေလိုက်တာများမျက်နှာကြီးကဖြီးလို့။
"ပြီးရော..ဒါဆိုလဲသွားကြတာပေါ့..ကယ်ကားပေါ်တက်ကြ"
အကုန်လုံးကာပေါ်ရောက်မှJayကမေးလိုက်သည်။
"ကိုဇေ..အခုဘယ်သွားမှာလဲ.."
"ညီဘယ်သွားချင်လဲ"
"ကျွန်တော်လား..ရေတွေရှိတဲ့နေရာသွားချင်တယ်"
"အမ်..ရေဆော့ချင်လို့လား..."
"ဟုတ်..ဟို..ကိုဇေတို့သွားချင်တဲ့နေရာသွားပါ..
ကျွန်တော်ကဒီတိုင်းလေးပဲပြောတာ"
"အကိုတို့လဲသွားချင်ပါတယ်...ရေတံခွန်သွားကြတာပေါ့...မင်းမသွားချင်နေခဲ့လို့ရတယ်နော်..ခန့်"
"အမယ်..ငါလဲသွားချင်ပါတယ်..ဟေ့ကောင်ရ..ပိစိသွားချင်တဲ့နေရာဆို..ကိုယ်လဲသွားချင်တယ်"
စကားပြန်မလာတဲ့အပြင်အပိုဆုမျက်စောင်းလေးကဒိုင်းခနဲ
"အား...နာလိုက်တာ"
"ဟင်..ဘာဖြစ်လို့လဲ...ခများကြီး"
"ဟျောင့်...ဘာထဖြစ်တာလဲ"
"ပိစိငါ့ကိုမျက်စောင်းထိုးလိုက်လို့ကွ...ရင်ဘတ်ထဲကိုစူးသွားတာပဲ"
"မင်းရှက်တတ်ရင်..သေလို့ရနေပြီ..ခန့်"
"မင်းကလဲကွာ..ဟဲဟဲ "
"ခများကြီးကလေ...နည်းနည်းလေးဖြစ်ဖြစ်ကန့်လန့်တိုက်လိုက်ရမှ...ဂဏန်းနဲ့များအမျိုးစပ်ထားသလား"
ပိစိကိုမျက်နှာချိုသွေးကာသာပြုံးပြလိုက်သည်။
.....................................................................
ကားရပ်တာနဲ့သူ့လွယ်အိတ်လေးကိုကားထဲထားခဲ့
ပြီးကားတံခါးဖွင့်ကာ
"ကျွန်တော်သွားနှင့်ပြီနော်.."
ဟုသာဆိုပြီး..ရေတံခွန်ရှိရာဆီလုံးတုံးတုံးလေးနှင့်ပြေးသွားသည်။
"ဟျောင့် ငါလဲသွားနှင့်ပြီ"
"နေပါဦး..ခန့်ရာ..စောင့်ဦး"
"မြန်မြန်လုပ်ကွာ...ဟိုပိစိက..တစ်ယောက်ထဲ"
ကျွန်တော်လဲကားထိုးပြီးခန့်ရှိရာလာကာစကားစလိုက်သည်။
"မင်းကိုငါမေးစရာရှိတယ်ခန့်.."
"မေးမြန်မြန်မေး..ဟိုပိစိတစ်ယောက်ထဲဖြစ်နေတော့မယ်"
"မင်းJayBaasလေးကိုစိတ်ဝင်စားနေတာလား"
သူ့အမေးကိုကျွန်တော်အာစေးမိနေသလိုဘာမှပြန်မဖြေမိ။ကျွန်တော်တုန်လှုပ်သွားသည်။ကျွန်တော်ပိစိကိုစိတ်ဝင်စားနေလားကျွန်တော်မသိ။ဟင့်အင်းပိစိက..ကလေးတစ်ယောက်လိုသွက်လက်ပြီးစွာလို့ကျွန်တော်ခင်တွယ်မိတာလေးပဲ။ဟုတ်တယ်..ကျွန်တော်စိတ်မဝင်စားဘူး။
"ဟျောင့်..ငါမေးတာဖြေ..မသိသလိုလုပ်မနေနဲ့"
"ငါကဘာလို့စိတ်ဝင်စားရမှာလဲ"
"မင်းကိုယ်မင်းမညာတတ်ပဲညာမနေပါနဲ့ကွာ"
"ငါ..ငါ့ကိုယ်ငါမသိဘူးကွာ..သူနဲ့ရှိနေရင်ငါစိတ်တွေအေးချမ်းသွားသလိုခံစားရတယ်..ပျော်လဲပျော်တယ်..သူရန်တွေ့လို့ဆူပုတ်ပြီးနီရဲသွားတဲ့မျက်နှာလေးတွေ့ရရင်..ငေးကြည့်ပြီးရင်းငေးချင်နေမိတယ်..ဒါကြောင့်တွေ့တိုင်းစိတ်မတိုတိုအောင်..စမိတယ်..
သူနဲ့တွေ့တိုင်းလဲ.."
ဆက်မပြောဖြစ်တဲ့စကားလေးကရင်ထဲမှာတီးတိုးရွတ်ဆိုမိတယ်။သူနဲ့တွေ့တိုင်းလဲရင်တုန်နေသလို
လက်ဖျားခြေဖျားအေးစက်နေမိတယ်။
"ဆက်ပြောလေ"
"ထားပါကွာ..စိတ်မဝင်စားလောက်ပါဘူး..ငါတို့တွေ့ဖူးတာအခုနဲ့မှ၄ကြိမ်တိတိပဲရှိသေးတယ်...မဖြစ်နိုင်လောက်ဘူး"
"မင်းသွေးခန့် မင်းသွေးခန့် မင်းကလေ..မလိမ်တတ်ပဲလိမ်နေတုန်းပါပဲလား..
အချစ်ဆိုတာလေ...သူနဲ့ဘယ်နှစ်ကြိမ်တွေ့မှ..ဘယ်နှစ်ခါတွေ့မှနဲ့မဆိုင်ဘူးလေကွာ..မြင်မြင်ချင်းလဲချစ်သွားနိုင်တာပဲ.."
"ငါ့ကိုယ်ငါပြန်ဆန်းစစ်ကြည့်မှာပါ...လဒဇေယျာ
မင်းကျတော့ရော..ငါ့ကိုပဲလာပြောနေတယ်..."
"ဟား..ဟား..အနည်းဆုံးငါကငါ့ဘာသာငါရိုးသားပါသေးတယ်...မင်းလိုမဟုတ်ဘူး"
"တွေ့မယ်..မင်း..မပြေးနဲ့"
.....................................................................
ရေတံခွန်ရောက်တော့ပိစိကတစ်ကိုယ်လုံးကိုရွဲစိုနေအောင်ကိုဆော့ကစားနေသည်။ကျွန်တော်တို့ကိုတွေ့တော့သူ့နားလာရန်လက်ရက်ခေါ်နေသည်။
ကျွန်တော်တို့လဲသူခေါ်ရာဆီရန်လျှောက်သွားလိုက်တော့အလိုမကျစွာဆူနေသည့်နှုတ်ခမ်းတို့ကြောင့်သူစိတ်ဆိုးနေပြီဆိုတာတော့သိလိုက်ပါသည်။
သို့ပေမယ့်ဘာကြောင့်ရယ်တော့မသိ။
"ပိစိ..နှုတ်ခမ်းကဘာလို့ဆူထားပြန်တာတုန်း..ကိုယ့်လဲထိုးမိဦးမယ်.."
"ဟုတ်တယ်လေ...ခများတို့ကမှမလာကြတာ...
ခုတော့ကျွန်တော်တစ်ယောက်ထဲဆော့နေရတယ်..
ဟွန့်..နေစမ်းပါဦး..ခင်များတို့လမ်းလျှောက်တာ..အဲ့သလောက်တောင်ပဲကြာရလား"
"မဟုတ်ပါဘူးညီရာ...ဒီကောင်ပေါ့..ဟိုငေးဒီငေးနဲ့မလို့..မနဲဆွဲခေါ်လာရတာ"
"အော်..ဒါဆို..ဒီလူကြီးကြောင့်နောက်ကျတာပေါ့..
...လာခဲ့.."
"ဟာ..ဟေ့..ပိစိ.."
"ဗွမ်း.."💦💦💦
ကျောက်တုံးပြေပြေလေးတစ်ခုပေါ်ငုတ်တုတ်လေးထိုင်နေတဲ့မင်းသွေးခန့်ကိုပိစိလှမ်းဆွဲလိုက်သည်။ထို့နောက်မင်းသွေးခန့်လဲတစ်ကိုယ်လုံးစိုရွဲသွားတော့သည်။ပိစိနားကပ်ကာပါးစပ်ကိုလက်လေးနဲ့အုပ်ပြီးတစ်စုံတစ်ခုပြောလိုက်သည်။
ပိစိကလဲမျက်လုံးအရောင်လေးများလက်သွားကာခေါင်းကိုတစပ်စပ်ငြိမ့်ပြသည်။နှစ်ယောက်လုံးအဓိပ္ပါယ်ပါပါပြုံး၍ဇေယျာနိုင်အားကပ်သွားကာနှစ်ယောက်သားဆွဲချကြသည်။ဇေယျာနိုင်ဘာမှပြောချိန်တောင်မရလိုက်နှစ်ယောက်သားရေထဲဆွဲချတော့သည်။
"ဗွမ်း"💦💦💦
.....................................................................
Jayကရေလေးနဲ့ပက်ကာမင်းသွေးခန့်အားကျီစယ်သည်။မင်းသွေးခန့်ကလဲပြန်ပက်ကာနှစ်ယောက်ကမ်ဘာသာယာနေကြသည်မှာဇေယျာနိုင်ကိုပါမေ့သွားကြသည်ထင်။
ထို့ကြောင့်နှစ်ယောက်လုံးကိုလက်ဖြင့်ဖက်လိုက်ကာလှဲချလိုက်သည်။ရေတိမ်တဲ့အပိုင်းမှာသာဆော့နေသည်မို့နှစ်ယောက်သားရေတော့မနစ်သွားပေ။ရေနက်တဲ့အောက်ဘက်ပိုင်းမှာသာတခြားလည်ပတ်သူတွေအပြိုင်ရေကူးနေကြသည်။ရေဆော့လို့ဝမှပြန်တက်ခဲ့ကြကာဇေယျာနိုင်၏ဖုန်းဖြင့်စိုရွဲနေသောအဝတ်များနှင့်သာဓာတ်ပုံရိုက်ခဲ့ကြသည်။
တော်သေးတာကခနကရေထဲဆွဲချခံရတုန်းကဖုန်းပျက်ပါပြီလို့ဇေယျာနိုင်တွေးမိသော်လည်း...
ပြီးမှ..ဖုန်းက..waterproof..ဆိုတာပြန်သတိရမှစိတ်အေးသွားရသည်။
ထို့နေ့လေးကသူတို့သုံးယောက်လုံးအတွက်ပျော်ရွှင်စရာကောင်းပြီးမမေ့နိုင်တဲ့အမှတ်တရနေ့လေးအဖြစ်သုံးယောက်လုံး၏စိတ်ထဲအမှတ်ရမိနေမှာအသေအချာပါပင်။
.
.
.
.
.
.
.
.
.
.
.
.
T.B.C...🔜🔜🔜🔜
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈
.....................................................................