part-5

3.9K 301 10
                                    

Zawgyi

♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤

************************************

ဒီနေ့လဲခါတိုင်းလိုအလုပ်သွားဖို့ပြင်ဆင်ပြီးလမ်း
လေးလျောက်ကာထွက်လာလိုက်သည်။လမ်းမှာနားကြပ်လေးတစ်ဖက်တပ်ပြီးသီချင်းလေးနားထောင်နေလိုက်သည်။ဆိုင်ရှေ့ရောက်တော့ထူးဆန်းစွာဆိုင်တံခါးမဖွင့်သေးချေ။နာရီကိုတချက်ကြည့်တော့လဲ၉နာရီထိုးဖို့၁၀မိနစ်။

ကိုဇေကအမြဲဆိုင်ဖွင့်တာစောနေကျပါ။ဘာလို့ပါလိမ့်။တွေးနေရင်းမှာပင်ကိုဇေရဲ့ကားလေးဆိုင်ရှေ့ထိုးရပ်လိုက်သည်။ထို့နောက်ကားပေါ်ကကိုဇေဆင်းလာသည်။ဟိုလူကြီးလဲပါလာသေးသည်။

"ညီရောက်တာကြာနေပြီလား.."

"ခုလေးမှရောက်တာ..ကိုဇေကရောဘာလို့နောက်ကျနေတာလဲ..ဆိုင်တောင်ခုထိမဖွင့်ရသေးဘူး"

"အကိုပြောဖို့မေ့သွားတာ..ဒီနေ့ဆိုင်ပိတ်တယ်..သွားလည်ကြမယ်လေ"

"ဟင်..တကယ်ပိတ်တယ်ပေါ့...ကျွန်တော်ရောလိုက်လို့ရလား"

"ရတာပေါ့..ဒါကြောင့်ညီ့ကိုလာခေါ်တာလေ..
ဒါနဲ့နေကြစမ်းပါဦး..မင်းတို့နှစ်ယောက်ငြိမ်လှချည်လား"

"အဟမ်း..ပြေလည်သွားပြီလေ..ဟုတ်တယ်မလားပိစိ"

ပိစိကိုအမေးလေးနဲ့ပြောလိုက်တော့..မျက်နှာလေးကပန်းရောင်သမ်းသွားသယောင်။

"အာ..ဟုတ်..ဟုတ်တယ်..ဟီး"

"ပြေလည်သွားတော့ကောင်းတာပေါ့.."

"အယ်...ပိစိ..မင်းရီတာကိုယ်အခုမှတွေ့ဖူးတာ..
သွားတက်ကလဲ..မင်းလိုပိစိလေးပါလား..
ချစ်စရာလေး"

နဂိုပန်းရောင်သန်းချင်နေတဲ့ပါးလေးကနီနီရဲရဲ
Tomatoလေးကျနေရောပဲ။

ဒီလူကြီးဘယ်လိုလူလဲဟ။အဆင်ပြေတာမှမနေကမှပြေတာကိုမြောက်နေလိုက်တာ။နေတောင်မနေတတ်တော့ဘူး။သူကျတော့သွားတက်မပါတာကျလို့။

"ညီအဆင်ပြေရဲ့လား...နေမကောင်းဘူးလား..ပါးတွေရဲနေတာပဲ"

ပြောရင်းဆိုရင်းကိုဇေကပါးပေါ်အုပ်ကိုင်လိုက်ရင်း
နဖူးကိုပါလာစမ်းနေသည်။

ချိုမြိန်သောချစ်ခြင်း(Z+U) {COMPLETED}Where stories live. Discover now