part-7

3.3K 278 17
                                    

Zawgyi

♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤

************************************

ခါတိုင်းလိုအလုပ်တွေလုပ်နေပေမယ့်စိတ်ကအလုပ်ထဲမရောက်ဟိုနေ့ကကိစ္စကိုပဲပြန်တွေးမိနေသည်။ငါပြောတာတော်တော်များလွန်သွားပြီလား။သူကရောဘာလို့ရောက်မလာရတာလဲ။တကယ်ဆိုသူကငါမလာနဲ့ပြောတောင်လာမယ့်လူမျိုးမဟုတ်ဘူးလား။သူဘာလို့မလာတာလဲ။

ခများကြီးရယ်ကျွန်တော်ခများကြီးကိုတွေ့ချင်တယ်။တခါလောက်ပဲကျွန်တော့်ရှေ့ပြန်ပေါ်လာပေးပါလား။ခများကြီးဘာတွေဖြစ်နေလဲကျွန်တော်သိချင်လို့ပါ။ခင်များကြီးကျွန်တော့်ကိုရှင်းပြမယ်ဆိုတာကိုကျွန်တော်နားမထောင်မိခဲ့ဘူး။အခုပြန်လာရှင်းပြပါလားကျွန်တော်နားထောင်ချင်ပါတယ်။

"ဟူး."

ဒီနေ့အတွက်တော့ကျွန်တော်သက်ပြင်းဘယ်နှစ်ခါချမိသည်မသိ။သေချာတာကတော့ဟိုလူကြီးကို
ကျွန်တော်မျှော်နေမိသည်ပဲ။

"ညီ..မျက်နှာလဲမကောင်းပါလား..စိတ်ညစ်စရာရှိလို့လား"

"မဟုတ်ပါဘူး..ဒီလိုပါပဲ"

"ခန့်နဲ့အဆင်မပြေလို့လား"

"ဟင်..အာ..အဲ့လိုမဟုတ်ပါဘူး"

"ဒါဆိုလဲဘာကိစ္စလဲ..အကို့ကိုအားနာစရာမလိုပါဘူး..ပွင့်ပွင့်လင်းလင်းရင်ဖွင့်လို့ရတယ်..ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ..ကိုဇေ.."

"အော်..ဒါနဲ့ဒီနေ့ဆိုင်စောပိတ်မယ်နော်..အစကဖွင်တောင်မဖွင့်တော့ဘူးလုပ်မလို့...နက်ဖြန်လဲပိတ်တယ်"

"ဟင်..ဘာဖြစ်လို့လဲ"

"အကို့ချစ်သူနိုင်ငံခြားကနေမနက်ဖြန်
ပြန်လာတော့မှာလေ..ပြီးတော့အကိုတို့ရဲ့
Anniversary နေ့လဲဖြစ်လို့
suprise partyလေးလုပ်ပေးချင်တာ"

"ဟင်..ကိုဇေမှာချစ်သူရှိတယ်..ဟုတ်လား...ကိုဇေဖုန်းပြောတာတွေလဲမတွေ့မိပါဘူး..
ရှိတယ်လို့တောင်ကျွန်တော်ကမထင်ထားတာ"

"ဟား..ဟား..ကိုယ့်ကိုအထင်သေးတယ်ပေါ့"

"အဲ့လိုသဘောပြောတာမဟုတ်ပါဘူး..ကိုဇေကဒီတိုင်းအေးဆေးနေတယ်ထင်နေတာ"

ချိုမြိန်သောချစ်ခြင်း(Z+U) {COMPLETED}Where stories live. Discover now