Zawgyi
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤
************************************
"စိတ်အေးအေးထားပါ..ဓားကအပေါ်ယံပဲထိုးမိတာပါ...စိုးရိမ်စရာမရှိတော့ပါဘူး...လူနာကိုဝင်ကြည့်လို့ရပါပြီ..သူခနနေဆိုသတိရလာလိမ့်မယ်"
"ကျေးဇူးပါဗျာ..တကယ်ကျေးဇူးပါ"
"ရပါတယ်ဗျာ..လူနာတွေကိုကုသရတာကျွန်တော်တို့အလုပ်ပါ.."
"ဟုတ်..ဟုတ်ကဲ့"
ကျွန်တော်လဲအထဲကအမြန်ဝင်လာလိုက်သည်။ကုတင်ပေါ်တွင်အိပ်ပျော်နေတဲ့ကျွန်တော့်ရဲ့ချစ်ရသူလေး။ကျွန်တော့်သူ့ကုတင်ဘေးကခုံလေးမှာဝင်ထိုင်လိုက်ပြီးလက်လေးကိုင်ကာသူနိုးလာမယ့်အချိန်ကိုစောင့်နေမိသည်။
"ငါပြောပါတယ်..သိပ်စိတ်မပူပါနဲ့လို့.."
"အေးကွာ...မင်းလဲဆိုင်ပြန်သွားရင်သွားနှင့်လေ
ဆိုင်စောင့်မယ့်သူမရှိဘူးမလား""ဆိုင်ကကြယ်လေးစောင့်ပေးနေတယ်...ခနကလဲ
ညီထွက်သွားတာနည်းနည်းကြာနေလို့..လိုက်ခေါ်ဖို့ထွကိလာရင်းမင်းတို့ကိုတွေ့တာပဲ""...."
"သိပ်လဲစိတ်မကောင်းမဖြစ်ပါနဲ့..ညီလဲဘာမှသိပ်မဖြစ်သွားတာကံကောင်းတာပဲ"
"ငါအဲ့ကောင်ကိုသတ်ပစ်ချင်တယ်သိလားဇေယျာ..ငါတောင်မှကွာ...အမြတ်တနိုးမထိရက်မိကိုင်ရက်လေး..တန်ဖိုးထားရတဲ့ငါ့ရဲ့ချစ်သူကို...စကားနဲ့ရောကိုယ်ထိလက်ရောက်ပါ..သူစော်ကားတာ..
တောက်..""အရာရာကိုဒေါသနဲ့မဆုံးဖြတ်နဲ့..ခန့်"
"ငါ့ကိုယ်ငါလဲခွင့်မလွတ်နိုင်ဘူးကွာ..ငါ့ချစ်သူတောင်ငါမစောင့်ရှောက်နိုင်ဘူး"
"ကိုကို..."
"ဟင်..ပိစိ..သတိရလာပြီလား..ကိုယ်အရမ်းစိတ်ပူနေတာ..ရေရောသောက်မလား..အခုရောဘာလုပ်ချင်လဲ...ထချင်လား..ထလို့တော့မရသေးဘူး..ဗိုက်ထိထားတာဆိုတော...ဟို...."
"တော်ပါတော့ခန့်ရာ...မင်းကြီးပဲပြောနေတာ...ညီကိုလဲပြောခွင့်ပေးလိုက်ပါဦး.."
"ငါ..ငါစိတ်ပူသွားလို့ပါ"
"ကျွန်တော်ဘာမှမဖြစ်ပါဘူး..အကောင်းကြီးရှိပါသေးတယ်...ဒါနဲ့..ကိုကို့မျက်နှာက.."
YOU ARE READING
ချိုမြိန်သောချစ်ခြင်း(Z+U) {COMPLETED}
Fanfictionမနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍 Min Thway Khant ❤ JayBaas မနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍...