Zawgyi
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤
************************************
သင်္ကြအကြတ်နေ့လေးမှာတော့ကျွန်တော့်ပိစိလေးကရေပက်ခံထွက်ချင်တယ်ပဲပူဆာနေလေရဲ့။
ဖြစ်နိုင်ရင်ကျွန်တော်ကတော့မလည်စေချင်။
မလည်စေချင်တာကတခြားမဟုတ်...ရေစိုလို့
အင်္ကျီကပိစိကိုယ်မှာကပ်နေရင်တခြားလူတွေပိစိကိုကြည့်ကြမှာမလိုလားသောကြောင့်ပင်။ကားမောင်းပြီးလိုက်ပို့မယ်ဆိုပြန်ကျတော့..
အဲ့လိုလည်ချင်တာမဟုတ်ဘူးတဲ့..။ရေပက်ခံကားနဲ့
သွားချင်တာဆိုလေရဲ့..။"ကိုကို...jayပြောနေတယ်လေ..ရေပက်ခံထွက်ချင်တယ်လို့.."
"ပိစိရယ်..အိမ်မှာလူကြီးတွေ..စတုဒီသာကြွေးတာ
...မကူတော့ဘူးလား..""Jayမိဘတွေကနှစ်တိုင်းကြွေးနေကြ..သူတို့နိုင်တယ်.."
"ကယ်ပြော..အရင်နှစ်တွေကရောပိစိကလည်လို့လား.."
"Jayရဲ့အကိုလိုက်ပို့ပေးရင်လည်တာပေါ့.."
"မလိုက်ပို့ရင်မလည်ဘူးမလား..ပိစိက.."
"အင်း..ဒါမဲ့..ဒီနှစ်ကချစ်သူရပြီလေ..ကိုကိုနဲ့အတူတူလည်ချင်တာပေါ့"
"အော်..ကလေးလေးရယ်.."
"တော်ပြီ..ဘာမှလာမပြောနဲ့တော့..လည်ဖို့ကိုငြင်းဦးမှာမလား.."
ဆူပုတ်ပုတ်လေးနှင့်ပြေးကာအိမ်ထဲဝင်သွားသည့်
ပိစိလေးပါပင်..။မထူးလက်စနဲ့တော့ကျွန်တော်ပဲအလျော့ပေးတော့မည်။ကျွန်တော့်ကလေးကျွန်တော့်ကိုစိတ်ကောက်မှာကိုတော့မခံစားနိုင်။ထို့ကြောင့်ကြယ်နဲ့ဇေယျာကိုဖုန်းခေါ်ကာလာခဲ့ဖို့ပြောလိုက်ရသည်။
ထို့နောက်ပိစိလေးရဲ့အခန်းဆီသို့..။အခန်းရှေ့ရောက်တော့ကြားရသည့်ရှိုက်သံတိုးတိုးလေး..။
"ကလေး..ကလေးလေး.."
"...."
"တံခါးဖွင့်ပါဦး..ကလေးရဲ့...ငိုထားတဲ့ပုံနဲ့အပြင်ထွက်လည်မလို့လား..."
"...."
"ပိစိလေး..ကြယ်နဲ့ဇေယျာလာလို့မေးရင်..မလည်ရလို့ငိုတယ်ပြောမလို့လား..."
YOU ARE READING
ချိုမြိန်သောချစ်ခြင်း(Z+U) {COMPLETED}
Fanfictionမနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍 Min Thway Khant ❤ JayBaas မနေနိုင်လို့ရေးလိုက်ပြီ 😁😁 ခေါင်းစဉ်အတိုင်းလုံးဝsweetစေရမယ်😉😉 မုန်းတိုင်းပါဖြစ်ရင်တောင်ပါးပါးလေးပဲထည့်မယ်😍...