Unicode
"ကျွန်တော်တို့ ပြန်တော့မယ်!"
နှုတ်ဆတ်ချိန်တိုင်းဟာ လွှမ်ဆွတ်စရာတွေနဲ့ ပြည့်နှက် နေစမြဲဖြစ်ပါ၏။ မြူနှင်းတို့တဖွဲဖွဲကျချိန် အိမ်ပြန်ရန် အဆင်သင့်ဖြစ်နေတဲ့ ကောင်လေးနှစ်ယောက် ကိုကြည့်ရင်း
သူမ မျက်ရည်လည်မိပါသည်။
"ကိုယ့်ကိုယ်ကို ထိခိုက်အောင် ထပ်မလုပ်ပါနဲ့..အဝေးမှာရှိနေတယ်ဆိုရင်တောင် မင်း နေကောင်းကျန်မာပြီး အဆင်ပြေတယ်ဆိုတဲ့ စကားပဲ ကြားချင်တယ်"
"ဟုတ်ကဲ့!"
"ဆေးတွေထည့်ပေးလိုက်တာ သေချာသောက်ဦး ဟိုရောက်တာနဲ့ ပတ်တီးအသစ်လဲနော်"
"အင်"
စိတ်ဓာတ်မာချင်ယောင်ဆောင်တတ်သော ဘုန်းထွဋ်ခေါင်လျှံ ကို ကြည့်ရင်း သူမ စိတ်မချနိုင်ဖြစ်နေရသည်။ သုံးနှစ်တာ ကာလအတွင်း ထိုကောင်လေးကို မောင်လေးအရင်း
တစ်ယောက် သဖွယ် သူမ သံယောဇဉ် တွယ်မိနေခြင်းကြောင့်လဲ ဖြစ်ပေလိမ့်မည်။
" မောင်လေးနှိုင်း..အဲ့ဒီကောင်လေးက အပေအတေလေး သေချာ ဂရုစိုက်ပေးနော်"
သူမ ထိုသို့မှာကြားမိပါလျှင် နှိုင်းက ကြည်ဖြူစွာ ခေါင်းညိမ့်ပါ၏။
"စိတ်ချပါ မမဝေ။ ပြီးတော့ ကျေးဇူးတင်ပါတယ်"
"ရပါတယ်ကွယ်"
မမဝေက သမီးလေးကိုချီထားရင်း စိတ်မကောင်းသည့် မျက်နှာဖြစ်နေပါသော်လည်း ခေါင်လေးကတော့ စကား တစ်ခွန်းမဆို ခေါင်းသာ တွင်တွင် ငုံ့နေသဖြင့် နှိုင်း
လက်တို့ရတော့၏။ ဒီလူသားလေးဟာ ခံစားချက် ဟူသမျှကို ဖွင့်ထုတ်ပြဖို့ အတော်ကြောက်ရွံ့တတ်တာပင်။
"မောင်...မမဝေတို့ကို ပြောဦးလေ"
ထိုအခါမှ မျက်ခမ်းစပ်လေးတွေနီရဲနေသော မျက်ဝန်းများဖြင့် ခေါင့်မော့လာပြီး မမဝေတို့ မိသားစုသုံးယောက်အား ဖက်လိုက်လေတော့သည်။
" ကျွန်တော် မသေသေးရင် ထပ်လာခဲ့မယ်!"
"မဟုတ်တာတွေ မပြောနဲ့။ ဘာဒဏ်ရာမှထပ်မရစေနဲ့တော့...ဘကြီးနဲ့မေကြီးကို သေချာတောင်းပန်လိုက်။ လိမ္မာတယ် ကလေးက"
ခေါင်လေးကျောပြင်အား ပုတ်ပေးရင်း သူမပြောလိုက်လျှင် ပင့်သက်ရှိုက်သံလေးကို ကြားလိုက်ရပါ၏။ တိုးတိတ်စွာ ငိုကြွေးတတ်ဖို့ ဘယ်သူကများ သင်ကြားပေးလိုက်တာပါလဲကွယ်။
"မမဝေ"
"အင် ပြော...မောင်ဘုန်း"
ခေါင်လေးသည် လိမ့်ဆင်းဖို့ပြင်နေသည့် မျက်ရည်ကို သုတ်လိုက်ပြီး ..သူမအား ဝမ်းနည်းစွာ ကြည့်လာကာ..
"ကျွန်တော်နဲ့ နှိုင်း မင်္ဂလာဆောင်ရင် လာခဲ့နော်"
"ဒီကောင်လေး!"
"ဟီး..."
ရိုက်ဖို့လက်လေးရွယ်လိုက်ပြီးမှ သူမ မရိုက်ရက်စွာ ပြန်ချဖြစ်၏။ ခေါင်လေးအား မျက်စောင်းထိုးလို့ ရှက်သွားသည့် နှိုင်းကလည်း နှင်ဆီဖူးလေးလို ပန်းသွေးကြွယ်နေလေသည်။ သူမခင်ပွန်းသည်လည်း
မောင်ဘုန်းအား ခပ်ပြုံးပြုံးကြည့်လျက် လက်သီးချင်းတိုက် လိုက်လေသည်။ ဘာသာစကားဖြင့်ထုတ်ဖော်မပြောနိုင်
သော်လည်း အဆင်ပြေပါစေဟူ၍ ဆုမွန်ကောင်းတောင်း ပေးနေမှာတော့သေချာပါ၏။
ခေါင်လေးသည် မမဝေလက်ထဲမှ ကလေးငယ်အား နဖူးလေးကို လက်ည်ိုးနဲ့ထိလို့ ပြုံးပြလိုက်ပြီး မမဝေတို့ ဇနီးမောင်နှံကို တစ်ဖန်ပြုံးပြကာ နှုတ်ဆက်ခြင်းဖြင့်
ကျောခိုင်း လှည့်ထွက်ဖြစ်ခဲ့ပါ၏။သို့တိုင် အိမ်လေးဆီမှ ခြေလှမ်း တစ်လှမ်း ခြွတိုင်း ရင်ထဲဟာတာတာ ဖြစ်သွား သည်ကို သူ သတိထားမိလိုက်လေသည်။
ခွဲခွာချိန် ဟာ ဒီလိုပဲ လွှမ်းမောမူကို ဖြစ်စေပါလျှင်...
အတွေးတို့ကို လေထုနဲ့အတူလွင့်ပါသွားစေရန် လေကို ခပ်ဖြေးဖြေး ရှူထုတ်လိုက်မိပြီး ဘေးနားရှိ အတူပါလာသော ချစ်သူလေးကိုသာ ငေးကြည့်မိလေသည်။ အကယ်၍များ
နှိုင်းသာ သူ့ဆီရောက်မလာခဲ့ဘူးဆိုရင် သူ
အ်ိမ်ပြန်ဖို့တွန့်ဆုတ်နေမိဦးမှာသေချာပါ၏။ တလှိမ့်လှိမ့် ထွက်ခွာနေပြီဖြစ်သော ကားပေါ်တွင် သူ နှိုင်းရဲ့လက်လေးကို ဆုပ်ကိုင်းရင်း..
"အချစ်.. မောင်တို့ဘယ်သွားကြမလဲဟင်"
"မောင် သွားတဲ့နောက် တကောက်ကောက်လိုက်ရုံကလွဲရင်ငါ ဘယ်ကိုမှ မသွားချင်ဘူး"
"ဒါဖြင့် မောင်က ငရဲပြည်သွားမယ်ဆိုရင်ရော လိုက်မှာလား"
"ဒီကို ထွက်လာကတည်းက မောင့်ကို တစ်ယောက်တည်း ဘယ်ကိုမှ ထွက်သွား ခွင့်မပေးတော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်
နဲ့ပဲလေ "
နှိုင်း ထိုသို့ ပြောပါလျှင် မောင်က ပြုံးပါ၏။ထို့နောက် မျက်လွှာလေးချပြီး... နှုတ်ခမ်းလေးတွေ မပွင့်တပွင့်ဖြင့်...
"ခင်ဗျား သိလား"
"ဘာကိုလဲ"
"ခင်ဗျားကို ကျွန်တော် အကြာကြီးစောင့်နေခဲ့တာ"
"...."
"ခင်ဗျား မုန်းလို့ဝပြီး ကျွန်တော့်ကို ပြန်လာခေါ်မယ့်နေ့"
နှိုင်းရဲ့ မျက်လုံးအိမ်လေးတွေဟာ ကျယ်လွှင့်သွားပြီး ရင်တွင်း၌ လှိုက်ဖိုမူတွေ ဖြစ်ပေါ်သွားရပါ၏။ ကျွန်တော် တို့တွေ တစ်ယောက်ကိုတစ်ယောက် အချိန်တွေအကြာကြီး
စောင့်နေခဲ့ကြတာပါလား။
"မောင် ရယ်...တောင်းပန်ပါတယ်။ ငါလေ..ငါ..ငါ"
စကားလုံးတို့များစွား ရှိပါသော်လည်း ပွင့်အံထွက်မလာ ချေ။ နှိုင်း ကိုယ့်ကိုယ်ကိုပင် မကျေနပ်စွာ မျက်ရည်အိုင် လာပါလျှင် မောင်က နှိုင်းရဲ့မေးဖျားလေးကို ပင့်ယူကာ..
" ဒီနေ့ကစပြီး ကျွန်တော့်ကို ခင်ဗျား ပိုင်တယ်နော်။ ခင်ဗျား စိတ်ထဲရှိသမျှ ကျွန်တော့်ကို လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိတယ် "
နှိုင်း သည် နူးညံ့သော မောင့်မျက်ဝန်းတို့ကို စိုက်ကြည့်ရင်း ခင်ဗျားအပိုင်ဟုဆိုသော ကျွန်တော်ပိုင်သည့် မောင့်နှုတ်ခမ်း
တွေကို ငေးကြည့်မိသွားပါ၏။ ကြည့်ပါဦး အခုမှ သတိထား မိတယ်။ မောင်နှုတ်ခမ်းတွေ အရင်လို ညိုမနေတော့ဘူးပဲ။
"နှိုင်း "
သူငေးကြည့်နေသည်ကို မောင်က မနေတတ်စွာ အသိပေး သလို ခေါ်ပါသော်လည်း နှိုင်းရဲ့ လက်ချောင်းလေးတွေဟာ မောင့် နှုတ်ခမ်းတွေကို တို့ထိမိပြိီးသား ဖြစ်နေလျက်...
"ဘာလို့လဲ"
"ဟင်..ဘာကို "
"အရင် က ဒီလို အပန်းရောင်မဟုတ်ဘူးလေ"
ခေါင်လေးသည် မိမိလည်ပင်းကို အကြောင်းမဲ့ပွတ်သတ်မိကာ..
"အဲ့တာက မောင် ဆေးလိပ်ဖြတ်လိုက်လို့ဖြစ်မယ်"
"..."
"အင်.. အရက်လဲမသောက်တာကြာပြီ။ မူယစ်ဆေးနဲ့ ပတ်သတ်သမျှအကုန် ရှောင်ဖြစ်နေတယ်"
"ဘာလို့ ..."
"စိတ်တွေ ပြင်ချင်လို့။ အရင်ကလို ပြသာနာ တွေလဲ ထပ်မဖြစ်ချင်တော့ဘူး။ အထူးသဖြင့် ကျွန်တော့်ဟို...ကျွန်တော် ဟော်မုန်းဓာတ်တွေ တည်ငြိမ်သွား
အောင်လို့.."
နားထင်လေးကို ဟိုကုပ်သည်ကုပ်ဖြင့် မောင် ဖြေရမှာ ရှက်ရွံ့နေဟန်ရှိပါ၏။
"မောင်! "
"အင် "
"အရမ်း ခက်ခဲ့မှာပဲနော်"
နှိုင်း စိတ်မကောင်းဖြစ်မိတာအမှန်ပင်။ သူ အရက်ဖြတ်တုန်း ကတောင် ဘယ်လောက်ခက်ခဲ့သလဲ။ အနားမှာသာ မောင်မရှိရင် သူ ဘယ်လိုမှတောင့်ခံနိုင်မည်မဟုတ်ပါချေ။
"အခု ကျွန်တော်က ခင်ဗျား တစ်ယောက်တည်းအတွက်...
အဆင်သင့် ဖြစ်နေပြီလေ...ကျေနပ်ပါပြီ"
လူတော်တော်များများနှင့် သူအချိန်တွေကုန်ဆုံးမိတာကို နောင်တရဖွယ်ရာအဖြစ် ပြန်ပြောင်း ပြောမနေချင်တော့ပါပေ။
နှိုင်းသည် စိုစိုပြေပြေဖြင့် ကျစ်လျစ်ခိုင်မာပြီး အရင်ထက် များစွာ ခန့်ညားချောမော လာသော မောင့်ကို ခေတ္တငေးကြည့်
ပြီး ပုခုံးစွန်းလေးပေါ် ခေါင်လေးတင်ကာ မှီထားလိုက်ပါ၏။ ထို့ပြင် မောင့် လက်မှ အကြောစိမ်းတို့ကို ဖွဖွလေး ထိတိုက်
ရင်း...
"မောင် ကော သိလား"
"မသိဘူး"
"အဟင်း.. ငါ လည်း မင်းကိုအကြာကြီးစောင့်နေခဲ့တာ"
နေရောင်ခြည်ဟာ ကားပြတင်းပေါက်မှန်မှထိုးဖောက်၍ ဝင်လာပါလျှင် ခေါင်လေးသည် လက်လေးဖြင့် နှိုင်း မျက်လုံးမစူးစေရန် ကာထားပေးလိုက်ပါ၏။သို့ပါလျှင်
နှိုင်းသည် နှုတ်ခမ်းတို့ အလိုလို ပင် မသိမသာလေး ပြုံးမိလျက် ဒဏ်ရာအနဲငယ်ကျန်ရှိနေသေးသည့် မောင့် ပါးပြင်လေးကို ခိုးနမ်းလိုက်မိချိန် မောင်က မျက်ခုံးလေးပင့်လို့ လှည့် ကြည့်လာပါ၏။
"မင်းပဲ ငါမင်းကို ပိုင်တယ်ဆို..လုပ်ချင်တာလုပ်ခွင့်ရ်ှိတယ် ဆို...အဟမ်!"
မျက်လုံးလေးရှောင်ဖယ်လျက် နှိုင်းပြောပါလျှင် မောင်က ခပ်ပြုံးပြုံးဖြင့်ပင် ပြတင်းပေါက် အပြင်ဘက်ကို
ငေးသွားကာ လက်တွေကတော့ နှိုင်းလက်ချောင်းတွေကြား ပိုမိုနွေးထွေးသွားအောင် ထွေးကိုင်လို့လာပါသည်။
အကယ်၍များ ဒီအချိန် ကားမောင်သမားမပါခဲ့လျှင်တော့..ဘုန်းထွဋ်ခေါင်လျှံ ဟာ နှိုင်းကို ဒီလိုပဲ လွယ်လွယ်လေး အလွှတ်ပေးခဲ့မှာ မဟုတ်ပါချေ။ လမ်းကြောင်းတွေကို
တစ်ခုပြီးတစ်ခုဖြတ်ကျော်ရင်း ကားလေးဟာ ခရီးဝေးကို အရှိန်အဟုန်ဖြင့် ထွက်ခွာနေဆဲဖြစ်သည်။
ခေါင်လေးသည် ဒဏ်ရာနှင့်မို့ ဆိုင်ကယ်ဖြင့် သွားရန်အဆင်မပြေသည့်အလျှောက် ဆိုင်ကယ်နှင့်ကား လဲခဲ့ရပါ၏။ ထို့ပြင် တရုတ်အဝင်ဂိတ်ကိုလည်း အန္တရာယ်ကင်းကင်းဖြတ်ကျော်ချင်သည်မို့ မမဝေက ကိုယ်တိုင်မောင်းခွင့်မပေးပဲ ကားမောင်းသမား
ထည့်ပေးလိုက်တာဖြစ်၏။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်ကယ် ကြိုက်လွန်လှသော သူသည် အိမ်ပြန်ရောက်ရောက်ချင်း
ဆိုင််ကယ်အသစ်တစ်စီး ပြန်ဝယ်ဖို့ရန် အားခဲထားပါတော့၏။
အဲ့တာမှ နှိုင်းကို တင်ပြီး တစ်မြို့လုံး ပတ်စီးလို့ရမှာလေ..မဟုတ်ဘူးလား။
...............
"သူဌေး နှစ်ယောက်က ဒီတိုင်းထွက်သွားကြတာပဲ။ ငါတို့က ဘယ်လိုဆက်လုပ်ရမှာလဲ"
"ပြန်လာမှာပါကွာ မင်းကလည်း"
"မသိဘူး ငါတို့ လစာတောင်ရပါ့မလား"
"ဂျာကြီးကော အကိုလေးအကြောင်း ဘာမှမကြားဘူးလား"
"လုပ်စရာရှိတာ လုပ်ကြ!"
NT night Barတွင် မန်နေဂျာနှင့် ဝန်ထမ်းကောင်လေးတစ်ချို့ စကားပြောနေသည်ကို မိုးဇေနားစွင့်နေလိုက်ပါသည်။
ဒါဆို ကိုဘိုဘိုလဲ ရှိပုံမရဘူး။ ထွက်ပြေးသွားတာလား။
ရှုပ်ရှုပ်ရှပ်ရှပ် လူတွေကြား ဝိုင် ကိုအေးအေးလူလူထိုင်သောက်နေရင်း သူအချိန်အတော်ကြာ အောင် အကဲခတ်နေပါ၏။ ထိုစဉ် Vockaကို ရှူလျက် အခိုးအငွေ့တွေကို သဘောတကျမှုတ်ထုတ်နေသော ရဲဇော်ကို တွေ့လိုက်ရပါ ၏။
ဒီကောင်က ဒီကိုဘာလာလုပ်နေတာလဲ။
ရဲဇော် ဘာဆက်လုပ်မည်ကို သူ ဆက်လက်စောင့်ကြည့်နေ ပါသော်လည်း ရဲဇော်က ထိုနေရာမှ မရွေ့ပဲ ဘယ်သူ့ကိုမှ ဂရုမစိုက်စွာ ထိုင်နေပါ၏။
မိုးဇေသည် စိတ်မကြည်စွာ မျက်ခုံးကြောတွေကြုံ့သွားမိရ၏။ ထို့နောက် ဝိုင်ခွက်ကို ကိုင်ကာ နေရာမှထွက်လာပြီး
ရဲဇော်ဘေးတွင်ဝင်ထိုင်ကာ..
"ဘယ်လိုလဲ ယောက်ဖ feelလှ ချည်လား"
ရဲဇော်သည် မိုးဇေကို မြင်လျှင် အဟွန့် ခနဲ မဲ့ကာ ရယ်၏။
"မင်း ဒီကို ဘာလာလုပ်တာလဲ။ ကိုဘိုဘို ကို လာရှာတာ ဆိုရင်တော့ မရှိဘူး ။တော်တော်လျှင်တယ် ငါစောင့်ကြည့် နေတာကို ဘယ်ချိန်ထွက်သွားမှန်းမသိလိုက်ဘူး"
မိုးဇေသည် ရဲဇော်အား မျက်လုံးစွေကြည့်လိုက်ပြီး ..
"မင်း က ဘာလို့ စောင့်ကြည့်နေတာလဲ"
"ဘုန်းထွဋ်ခေါင်လျှံ ကြည့်ခိုင်းထားလို့"
"ဒါဆို အဲ့ဒီကောင် သိတယ်ဆိုတဲ့ သဘောပေါ့"
"ဘာကိုလဲ"
"မသကာၤစရာ တစ်ခုခု မတွေ့ဘူးလား!"
"ဟို တစ်နေ့ကတော့ ရဲတစ်ယောက် အိမ်ထဲဝင်သွားတာ တွေ့လိုက်တယ်"
"ရဲ... စိတ်ဝင်စားစရာပဲ"
ဝိုင်ခွက်ကို အကုန်မော့သောက်ရင်း မိုးဇေပြောလျှင် ရဲဇော်က နေရာမှထရပ်လျက်..
"မင်းနဲ့ ခေါင်နဲ့ တွေးခဲ့ပြိီးပြီမလား"
"သိလှပါလား!"
"ဘာမှ မပြောလိုက်ဘူးလား"
မိုးဇေသည် ချက်ချင်း မဖြေပဲ မတ်တပ်ရပ်လိုက်ကာ..
"စိုင်လျန် နေကောင်လား"
"မင်း ကိုယ်တိုင် လိုက်ကြည့်လေ"
"ငါ လာခေါ်မှာပါ။ အခုတော့ မဟုတ်သေး
ဘူး "
ရဲဇော်သည် ခေါင်းရမ်းကာ သက်ပြင်းချလိုက်ပြီး..
"မင်းတို့တွေ ငါ့ကို ဒုက္ခပေးလွန်းတယ်.. !"
ထိုသို့ပြောလျက် Barမှ သူပြန်ထွက်လာလိုက်ပါ၏။ စိုင်လျန် မင်း က ကံဆိုးသလိုလိုနဲ့ သိပ်ကံကောင်းတဲ့ ကလေးပဲ သိလား။ ငါ့ဆီမှာ ရှိနေရင် မင်းအန္တရာယ်ကင်း
မယ်မှန်း သိလို့ နှစ်ကောင်လုံးက စိတ်ချလက်ချပို့ထားကြတာ။
"Ring!"
"အေ လမင်း ကိုနှိုင်းနဲ့အဆက်အသွယ်ရလား"
"..."
"ဟုတ်လား။ လုံးဝ မသကာၤစရာ ကောင်းနေပြီ"
".."
အပြင်ရောက်ရောက်ချင်း ဖုန်းပြောသံကို ခပ်တိုးတိုး ကို ကြားလိုက်ရလျှင် သူ မသိမသာ နားထောင်လိုက်ပါ၏။
"အေ မြန်မြန်တတ်လာခဲ့တော့။ ကိုနှိုင်း တစ်ခုခုဖြစ်နေပြီ ထင်တယ်"
ဒါ ဟိုနေ့က သူတွေ့လိုက်တဲ့ ရဲမဟုတ်လား။ သူက ကိုနှိုင်း အကြောင်း ဘာလို့စုံစမ်းနေတာလား။ သူ စိတ်ဝင်စားစွာ နားထောင်နေတုန်းမှာပဲ မိုးဇေသည် ဘယ်ချိန်ကရောက်
လာသည်မသိ ခြေမြန်လက်မြန်ရှိကာ ထိုရဲလေးအား သေနတ်ဖြင့် ချိန်ပြီးနေပြီ။
"ဟျောင့်..မလုပ်!"
သူ တားချိန်တောင်မရလိုက်ပါချေ။ ရဲလေးကတော့ အလန့်တကြားဖြင့် တောင်တောင့်လေးဖြစ်လိုနေလေပြီ။
"မင်းက ဘယ်သူလဲ။ ဘာလို့ နှိုင်းနောက်လိုက်နေတာလဲ"
"မင်း ကရော ဘယ်သူလဲ"
ကြောက်မည်ဟု ထင်ထားသော်လည်း ပြန်မေးလိုက်ပုံက ဇ မသေးကြောင်း ဖော်ပြနေပါ၏။ မိုးဇေသည် စိုင်းမင်းကို
အား ခြေစ ခေါင်းဆုံးအကဲခတ်လိုက်ပြီး သေနတ်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။
"နှိုင်းသုတလျှံ ကို ရှာနေတာလား.. သူ ဘုန်းထွဋ်ခေါင်လျှံ နောက် လိုက်သွားတယ်"
ရဲဇော်က ဝင်ပြောလိုက်လျှင် စိုင်းမင်းကိုက စဉ်းစားဟန်ပြု လိုက်ပြီး။
"ကျွန်တော့်ဆီက ခင်ဗျားတို့ သိချင်တာ မရှိဘူးလား"
ရဲဇော်နှင့်မိုးဇေသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြပြီး.... မိုးဇေက ဘာမှမပြောပဲ အရှေ့ကအရင် ထွက်သွားလေသည်။
ရဲဇော် သည် စိုင်းမင်းကို ကို တစ်ဖန် ပြန်ကြည့်လိုက်ပြီး သူ့နောက် လိုက်ခဲ့ဖို့ရန် အချက်ပြလိုက်ပါ၏။
သို့နှင့် သုံးယောက်သား ရဲဇော်၏ အိမ်သို့ရောက်ရှိသွား ကြပြီး အခန်းတံခါးကို ပိတ်ကာ စားပွဲဝိုင်းတစ်ခုတွင်
ဝင်ထိုင်လိုက်ကြပါ၏။
"ဘယ်သူအရင်စပြောမှာလဲ"
ရဲဇော်က ဆော်သြော်လျှင် မိုးဇေက စိတ်မရှည်သူပီပီ..
"ငါက ကိုဘိုဘို ကို သတ်မလို့ လိုက်ရှာနေတာ"
ပြီးနောက် ဆေးလိပ်ကိုမီးညှိပြီး ဖွားရှိုက်လိုက်ပါ၏။
"ကျွန်တော်က ကိုနှိုင်းရဲ့ မိဘတွေကို သတ်တာ ကိုဘိုဘို ထင်လို့ စောင့်ကြည့်နေတာ"
စိုင်းမင်းကို အပြောကြောင်း ရဲဇော်မျက်လုံးပြူးသွားရပါ၏။မိုးဇေကတော့ အနဲငယ်အံ့အားသင့်ဟန်သာပြပြီး ဆေးလိပ်မှ
ပြာမှုန့်ကို ခါချလိုက်လေသည်။
"ဟင်.. ကိုဘိုဘိုက! "
"ဟုတ်တယ်!"
"ဘာကို !" "ဟမ်း!!"
မိုးဇေသည် သက်မချပြီး ..
"မင်းမသိဘူးလား လောပန်းမှာ သားရှိတာကို!"
"သိတယ်လေ ဒါပေမယ့် အိမ်ကထွက်ပြေးသွားတယ်ဆို။ ငါ မမြင်ဖူးလိုက်ဘူး"
"အဲ့ဒါ ကိုဘိုဘိုပဲ!"
"ဟမ်..မဖြစ်နိုင်တာ"
ရဲဇော်မယုံနိုင်အာင် ဖြစ်သွားရပါသည်။ စိုင်းမင်းကိုကတော့ သူတို့ဘာပြောနေသည်ကို နားလည်အာင် အာရုံစိုက်နေဆဲ
ရှိပါသည်။
"ဒါဆို ဆက်ဟေး က! "
"အင်! "
"သေစမ်း!"
ရဲဇော် သည် ဆံပင်တွေကိုသာ အကြောင်းမဲ့ထိုးဖွလိုက်ပါ၏။ ထို့နောက် ရေခဲသေတ္တာထဲမှ ရေသန့်ဘူးကိုထုတ်ကာ မော့သောက်ချလိုက်လေသည်။
"လောပန်းခိုင်းတော့ ငါအဲ့ကားကို မမောင်းချင်ဘူးလို့ ပြောခဲ့တယ်။ အဲ့ဒီအချိန်မှာ ဆက်ဟေးက စိုင်လျန်ဆယ်တန်း တတ်နေပြီဆိုတော့ အဆောင်ကြေးတွေသွင်းစရာရှိနေလို့
ငွေအရမ်းလိုနေခဲ့တာ။ ဆိုတော့ ငါမသိလိုက်ခင်မှာပဲ လောပန်းက သူ့ကိုခြိမ်းခြောက်ပြီး လုပ်ခိုင်းခဲ့တယ်"
".."
"တားချိန်တောင်မရလိုက်ဘူး ။ ငါ သိသိချင်းပဲ ကိုဘိုဘို ကို ဆွဲထိုးမိခဲ့သေးတယ်"
"မင်း အဲ့ဒီအချိန်တည်းက လောပန်းကို တော်လှန်ဖို့ အကွက်ချခဲ့တာလား"
"မအောင်မြင်သေးခင်မှာပဲ ဆက်ဟေးသေသွားတယ်လေ။ ငါ့ ကြိုးစားသမျှ ဘာမှအရာမထင်တော့ဘူး"
စိုင်းမင်းကို သည် အရာအားလုံးကိုဆက်စပ်တွေးတောပေမယ့် အရေးကြီးသည့် ချိတ်ဆက်မူ တစ်ခုက ပျောက်ကွယ်သလို
ဖြစ်နေတာကြာင့်...
"လောပန်းနဲ့ ကိုဘိုဘ်ိုက သားအဖ ။ ဆက်ဟေးက ကားအက်ဆီဒင့်မှာ ကားမောင်းပေးတဲ့သူ ...ဒါဆို ကိုဘိုဘိုက ကိုနှိုင်း မိဘတွေကို ဘာကြောင့် သေစေချင်ရတာလဲ"
သူ မေးသည်ကို မိုးဇေရော ရဲဇော်ကပါ အဓိပ္ပာယ် များစွာ ပါသည့် မျက်လုံးများဖြင့် ကြည့်လာကြပါ၏။သို့နှင့် စိုင်းမင်းကို
သည် ဦးနှောက်စားက ငြိမ်သက်သွားပြီးနောက်...
"ကိုဘိုဘိုက ကိုနှိုင်းကို ကြိုက်နေတာပေါ့"
နှစ်ယောက်လုံးက ခေါင်းညိမ့်ထောက်ခံပါလျှင် သူလည်း ရဲဇော် လက်ထဲမှ ရေဘူးကိုဆွဲယူကာ မော့သောက်လိုက်ပါ၏။
ဆောင်းတွင်းကြီး ရင်ပူတယ်ဆိုတာ ဒါမျိုးပဲ ဖြစ်မှာ။
"ဒါဆို ဆက်ဟေးသေတဲ့အမူမှာ ဘုန်းထွဋ်ခေါင်လျှံက ဘာလို့ သံသယရှိသူထဲပါနေရတာလဲ"
ခေါင်လေး နာမည်ပါလာသဖြင့် နှစ်ယောက်လုံး သူ့အား သေသေချာချာပင်စူးရဲစွာ ကြည့်လာကြပါ၏။
"ကျွန်တော် နာမည်စိုင်းမင်းကိုပါ ဘုန်းထွဋ်ခေါင်လျှံ ရဲ့ ကျောင်းနေဖက် သူငယ်ချင်း"
သူ ထိုသို့ ပြောလိုက်မှ နှစ်ယောက်သား ခေါင်းလေးညိမ့်ကြ ကာ..
"ခေါင် က ဆက်ဟေးညီကို မီးထဲက ကယ်ခဲ့တာလေ"
"ပြီးတော့ သုံးနှစ်လုံးလုံး ။ လောပန်းရန်က ကာကွယ်ပေးခဲ့တယ်မလား"
မိုးဇေသည် ရဲဇော်စကားအား ဝင်ထောက်ပြီးနောက် မရယ်ချင်ပါပဲ ရယ်လိုက်ပါ၏။
"မင်း စောစော ထွက်လာသင့်တာလေ ။အခုတော့ အချိန်တွေ မကြာသင့်ပဲ ကြာကုန်ပြီ"
စိုင်းမင်းကိုသည် မိုးဇေနှင့် ရဲဇော်အား မျက်မှောက်ကြုံ့ကာ သေချာ စိုက်ကြည့်ပြီးနောက်...
"ဒါဆို မိုးမြင့်အောင် ကို သတ်တဲ့သူနောက်တစ်ယောက်က ခင်ဗျားလား"
မိုးဇေသည် ကျန်ရှိနေသော ဆေးလိပ်တွေကို ပြာခွက်ထဲ ထိုးချေလိုက်ပြီး...
"သေချာ မမှတ်မိပေမယ့် ...ဟုတ်လောက်ပါတယ်"
.............
Love you all💚💚💚
................................................................
Zawgyi
"ကြၽန္ေတာ္တို႔ ျပန္ေတာ့မယ္!"
ႏႈတ္ဆတ္ခ်ိန္တိုင္းဟာ လႊမ္ဆြတ္စရာေတြနဲ႔ ျပည့္ႏွက္
ေနစျမဲျဖစ္ပါ၏။ ျမဴႏွင္းတို႔တဖြဲဖြဲက်ခ်ိန္ အိမ္ျပန္ရန္
အဆင္သင့္ျဖစ္ေနတဲ့ ေကာင္ေလးႏွစ္ေယာက္ ကိုၾကည့္ရင္း
သူမ မ်က္ရည္လည္မိပါသည္။
"ကိုယ့္ကိုယ္ကို ထိခိုက္ေအာင္ ထပ္မလုပ္ပါနဲ႔..
အေဝးမွာရိွေနတယ္ဆိုရင္ေတာင္ မင္း ေနေကာင္းက်န္မာၿပီး
အဆင္ေျပတယ္ဆိုတဲ့ စကားပဲ ၾကားခ်င္တယ္"
"ဟုတ္ကဲ့!"
"ေဆးေတြထည့္ေပးလိုက္တာ ေသခ်ာေသာက္ဦး
ဟိုေရာက္တာနဲ႔ ပတ္တီးအသစ္လဲေနာ္"
"အင္"
စိတ္ဓာတ္မာခ်င္ေယာင္ေဆာင္တတ္ေသာ ဘုန္းထြဋ္ေခါင္လ်ွံ
ကို ၾကည့္ရင္း သူမ စိတ္မခ်ႏိုင္ျဖစ္ေနရသည္။ သံုးႏွစ္တာ
ကာလအတြင္း ထိုေကာင္ေလးကို ေမာင္ေလးအရင္း
တစ္ေယာက္ သဖြယ္ သူမ သံေယာဇဥ္ တြယ္မိေနျခင္း
ေၾကာင့္လဲ ျဖစ္ေပလိမ့္မည္။
" ေမာင္ေလးႏိႈင္း..အဲ့ဒီေကာင္ေလးက အေပအေတေလး
ေသခ်ာ ဂ႐ုစိုက္ေပးေနာ္"
သူမ ထိုသို႔မွာၾကားမိပါလ်ွင္ ႏိႈင္းက ၾကည္ျဖဴစြာ
ေခါင္းညိမ့္ပါ၏။
"စိတ္ခ်ပါ မမေဝ။ ၿပီးေတာ့ ေက်းဇူးတင္ပါတယ္"
"ရပါတယ္ကြယ္"
မမေဝက သမီးေလးကိုခ်ီထားရင္း စိတ္မေကာင္းသည့္
မ်က္ႏွာျဖစ္ေနပါေသာ္လည္း ေခါင္ေလးကေတာ့ စကား
တစ္ခြန္းမဆို ေခါင္းသာ တြင္တြင္ ငံု႔ေနသျဖင့္ ႏိႈင္း
လက္တို႔ရေတာ့၏။ ဒီလူသားေလးဟာ ခံစားခ်က္
ဟူသမ်ွကို ဖြင့္ထုတ္ျပဖို႔ အေတာ္ေၾကာက္ရြံ႕တတ္တာပင္။
"ေမာင္...မမေဝတို႔ကို ေျပာဦးေလ"
ထိုအခါမွ မ်က္ခမ္းစပ္ေလးေတြနီရဲေနေသာ မ်က္ဝန္းမ်ားျဖင့္
ေခါင့္ေမာ့လာၿပီး မမေဝတို႔ မိသားစုသံုးေယာက္အား
ဖက္လိုက္ေလေတာ့သည္။
" ကြၽန္ေတာ္ မေသေသးရင္ ထပ္လာခဲ့မယ္!"
"မဟုတ္တာေတြ မေျပာနဲ႔။ ဘာဒဏ္ရာမွထပ္မရေစနဲ႔ေတာ့
...ဘႀကီးနဲ႔ေမႀကီးကို ေသခ်ာေတာင္းပန္လိုက္။ လိမၼာတယ္
ကေလးက"
ေခါင္ေလးေက်ာျပင္အား ပုတ္ေပးရင္း သူမေျပာလိုက္လ်ွင္
ပင့္သက္ရိွဳက္သံေလးကို ၾကားလိုက္ရပါ၏။ တိုးတိတ္စြာ
ငိုေႂကြးတတ္ဖို႔ ဘယ္သူကမ်ား သင္ၾကားေပးလိုက္တာပါလဲကြယ္။
"မမေဝ"
"အင္ ေျပာ...ေမာင္ဘုန္း"
ေခါင္ေလးသည္ လိမ့္ဆင္းဖို႔ျပင္ေနသည့္ မ်က္ရည္ကို
သုတ္လိုက္ၿပီး ..သူမအား ဝမ္းနည္းစြာ ၾကည့္လာကာ..
"ကြၽန္ေတာ္နဲ႔ ႏိႈင္း မဂၤလာေဆာင္ရင္ လာခဲ့ေနာ္"
"ဒီေကာင္ေလး!"
"ဟီး..."
႐ိုက္ဖို႔လက္ေလးရြယ္လိုက္ၿပီးမွ သူမ မ႐ိုက္ရက္စြာ
ျပန္ခ်ၿဖစ္၏။ ေခါင္ေလးအား မ်က္ေစာင္းထိုးလို႔
႐ွက္သြားသည့္ ႏိႈင္းကလည္း ႏွင္ဆီဖူးေလးလို
ပန္းေသြးႂကြယ္ေနေလသည္။ သူမခင္ပြန္းသည္လည္း
ေမာင္ဘုန္းအား ခပ္ျပံဳးျပံဳးၾကည့္လ်က္ လက္သီးခ်င္းတိုက္
လိုက္ေလသည္။ ဘာသာစကားျဖင့္ထုတ္ေဖာ္မေျပာႏိုင္
ေသာ္လည္း အဆင္ေျပပါေစဟူ၍ ဆုမြန္ေကာင္းေတာင္း
ေပးေနမွာေတာ့ေသခ်ာပါ၏။
ေခါင္ေလးသည္ မမေဝလက္ထဲမွ ကေလးငယ္အား
နဖူးေလးကို လက္ည္ုိးနဲ႔ထိလို႔ ျပံဳးျပလိုက္ၿပီး မမေဝတို႔
ဇနီးေမာင္ႏွံကို တစ္ဖန္ျပံဳးျပကာ ႏႈတ္ဆက္ျခင္းျဖင့္
ေက်ာခိုင္း လွည့္ထြက္ျဖစ္ခဲ့ပါ၏။သို႔တိုင္ အိမ္ေလးဆီမွ
ေျခလွမ္း တစ္လွမ္း ႁခြတိုင္း ရင္ထဲဟာတာတာ ျဖစ္သြား
သည္ကို သူ သတိထားမိလိုက္ေလသည္။
ခြဲခြာခ်ိန္ ဟာ ဒီလိုပဲ လႊမ္းေမာမူကို ျဖစ္ေစပါလ်ွင္...
အေတြးတို႔ကို ေလထုနဲ႔အတူလြင့္ပါသြားေစရန္ ေလကို
ခပ္ေျဖးေျဖး ႐ွဴထုတ္လိုက္မိၿပီး ေဘးနားရိွ အတူပါလာေသာ ခ်စ္သူေလးကိုသာ ေငးၾကည့္မိေလသည္။ အကယ္၍မ်ား
ႏိႈင္းသာ သူ႔ဆီေရာက္မလာခဲ့ဘူးဆိုရင္ သူ
အ္ိမ္ျပန္ဖို႔တြန္႔ဆုတ္ေနမိဦးမွာေသခ်ာပါ၏။ တလိွမ့္လိွမ့္
ထြက္ခြာေနၿပီျဖစ္ေသာ ကားေပၚတြင္ သူ ႏိႈင္းရဲ႕
လက္ေလးကို ဆုပ္ကိုင္းရင္း..
"အခ်စ္.. ေမာင္တို႔ဘယ္သြားၾကမလဲဟင္"
"ေမာင္ သြားတဲ့ေနာက္ တေကာက္ေကာက္လိုက္ရံုကလြဲရင္
ငါ ဘယ္ကိုမွ မသြားခ်င္ဘူး"
"ဒါျဖင့္ ေမာင္က ငရဲျပည္သြားမယ္ဆိုရင္ေရာ လိုက္မွာလား"
"ဒီကို ထြက္လာကတည္းက ေမာင့္ကို တစ္ေယာက္တည္း
ဘယ္ကိုမွ ထြက္သြား ခြင့္မေပးေတာ့ဘူး ဆိုတဲ့ ဆံုးျဖတ္ခ်က္
နဲ႔ပဲေလ "
ႏိႈင္း ထိုသို႔ ေျပာပါလ်ွင္ ေမာင္က ျပံဳးပါ၏။ထို႔ေနာက္
မ်က္လႊာေလးခ်ၿပီး... ႏႈတ္ခမ္းေလးေတြ
မပြင့္တပြင့္ျဖင့္...
"ခင္ဗ်ား သိလား"
"ဘာကိုလဲ"
"ခင္ဗ်ားကို ကြၽန္ေတာ္ အၾကာႀကီးေစာင့္ေနခဲ့တာ"
"...."
"ခင္ဗ်ား မုန္းလို႔ဝၿပီး ကြၽန္ေတာ့္ကို ျပန္လာေခၚမယ့္ေန႔"
ႏိႈင္းရဲ႕ မ်က္လံုးအိမ္ေလးေတြဟာ က်ယ္လႊင့္သြားၿပီး
ရင္တြင္း၌ လိႈက္ဖိုမူေတြ ျဖစ္ေပၚသြားရပါ၏။ ကြၽန္ေတာ္
တို႔ေတြ တစ္ေယာက္ကိုတစ္ေယာက္ အခ်ိန္ေတြအၾကာႀကီး
ေစာင့္ေနခဲ့ၾကတာပါလား။
"ေမာင္ ရယ္...ေတာင္းပန္ပါတယ္။ ငါေလ..ငါ..ငါ"
စကားလံုးတို႕မ်ားစြား ရိွပါေသာ္လည္း ပြင့္အံထြက္မလာ
ေခ်။ ႏိႈင္း ကိုယ့္ကိုယ္ကိုပင္ မေက်နပ္စြာ မ်က္ရည္အိုင္
လာပါလ်ွင္ ေမာင္က ႏိႈင္းရဲ႕ေမးဖ်ားေလးကို ပင့္ယူကာ..
" ဒီေန႔ကစၿပီး ကြၽန္ေတာ့္ကို ခင္ဗ်ား ပိုင္တယ္ေနာ္။
ခင္ဗ်ား စိတ္ထဲရိွသမ်ွ ကြၽန္ေတာ့္ကို လုပ္ခ်င္တာ
လုပ္ပိုင္ခြင့္ရိွတယ္ "
ႏိႈင္း သည္ ႏူးညံ့ေသာ ေမာင့္မ်က္ဝန္းတို႔ကို စိုက္ျကည့္ရင္း
ခင္ဗ်ားအပိုင္ဟုဆိုေသာ ကြၽန္ေတာ္ပိုင္သည့္ ေမာင့္ႏႈတ္ခမ္း
ေတြကို ေငးၾကည့္မိသြားပါ၏။ ၾကည့္ပါဦး အခုမွ သတိထား
မိတယ္။ ေမာင္ႏႈတ္ခမ္းေတြ အရင္လို ညိဳမေနေတာ့ဘူးပဲ။
"ႏိႈင္း "
သူေငးၾကည့္ေနသည္ကို ေမာင္က မေနတတ္စြာ အသိေပး
သလို ေခၚပါေသာ္လည္း ႏိႈင္းရဲ႕ လက္ေခ်ာင္းေလးေတြဟာ
ေမာင့္ ႏႈတ္ခမ္းေတြကို တို႔ထိမိၿပိီးသား ျဖစ္ေနလ်က္...
"ဘာလို႔လဲ"
"ဟင္..ဘာကို "
"အရင္ က ဒီလို အပန္းေရာင္မဟုတ္ဘူးေလ"
ေခါင္ေလးသည္ မိမိလည္ပင္းကို အေၾကာင္းမဲ့ပြတ္သတ္မိကာ..
"အဲ့တာက ေမာင္ ေဆးလိပ္ျဖတ္လိုက္လို႔ျဖစ္မယ္"
"..."
"အင္.. အရက္လဲမေသာက္တာၾကာၿပီ။ မူယစ္ေဆးနဲ႔
ပတ္သတ္သမ်ွအကုန္ ေ႐ွာင္ျဖစ္ေနတယ္"
"ဘာလို႔ ..."
"စိတ္ေတြ ျပင္ခ်င္လို႔။ အရင္ကလို ျပသာနာ ေတြလဲ
ထပ္မျဖစ္ခ်င္ေတာ့ဘူး။ အထူးသျဖင့္ ကြၽန္ေတာ့္
ဟို...ကြၽန္ေတာ္ ေဟာ္မုန္းဓာတ္ေတြ တည္ၿငိမ္သြား
ေအာင္လို႔.."
နားထင္ေလးကို ဟိုကုပ္သည္ကုပ္ျဖင့္ ေမာင္ ေျဖရမွာ
႐ွက္ရြံ႕ေနဟန္ရိွပါ၏။
"ေမာင္! "
"အင္ "
"အရမ္း ခက္ခဲ့မွာပဲေနာ္"
ႏိႈင္း စိတ္မေကာင္းျဖစ္မိတာအမွန္ပင္။ သူ အရက္ျဖတ္တုန္း
ကေတာင္ ဘယ္ေလာက္ခက္ခဲ့သလဲ။ အနားမွာသာ
ေမာင္မရိွရင္ သူ ဘယ္လိုမွေတာင့္ခံႏိုင္မည္မဟုတ္ပါေခ်။
"အခု ကြၽန္ေတာ္က ခင္ဗ်ား တစ္ေယာက္တည္းအတြက္...
အဆင္သင့္ ျဖစ္ေနၿပီေလ...ေက်နပ္ပါၿပီ"
လူေတာ္ေတာ္မ်ားမ်ားႏွင့္ သူအခ်ိန္ေတြကုန္ဆံုးမိတာကို
ေနာင္တရဖြယ္ရာအျဖစ္ ျပန္ေျပာင္း ေျပာမေနခ်င္ေတာ့ပါေပ။
ႏိႈင္းသည္ စိုစိုေျပေျပျဖင့္ က်စ္လ်စ္ခိုင္မာၿပီး အရင္ထက္
မ်ားစြာ ခန္႔ညားေခ်ာေမာ လာေသာ ေမာင့္ကို ေခတၱေငးၾကည့္
ၿပီး ပုခံုးစြန္းေလးေပၚ ေခါင္ေလးတင္ကာ မွီထားလိုက္ပါ၏။
ထို႔ျပင္ ေမာင့္ လက္မွ အေၾကာစိမ္းတို႔ကို ဖြဖြေလး ထိတိုက္
ရင္း...
"ေမာင္ ေကာ သိလား"
"မသိဘူး"
"အဟင္း.. ငါ လည္း မင္းကိုအၾကာႀကီးေစာင့္ေနခဲ့တာ"
ေနေရာင္ျခည္ဟာ ကားျပတင္းေပါက္မွန္မွထိုးေဖာက္၍
ဝင္လာပါလ်ွင္ ေခါင္ေလးသည္ လက္ေလးျဖင့္ ႏိႈင္း
မ်က္လံုးမစူးေစရန္ ကာထားေပးလိုက္ပါ၏။သို႔ပါလ်ွင္
ႏိႈင္းသည္ ႏႈတ္ခမ္းတို႔ အလိုလို ပင္ မသိမသာေလး
ျပံဳးမိလ်က္ ဒဏ္ရာအနဲငယ္က်န္ရိွေနေသးသည့္
ေမာင့္ ပါးျပင္ေလးကို ခိုးနမ္းလိုက္မိခ်ိန္
ေမာင္က မ်က္ခံုးေလးပင့္လို႔ လွည့္ ၾကည့္လာပါ၏။
"မင္းပဲ ငါမင္းကို ပိုင္တယ္ဆို..လုပ္ခ်င္တာလုပ္ခြင့္ရ္ိွတယ္
ဆို...အဟမ္!"
မ်က္လံုးေလးေ႐ွာင္ဖယ္လ်က္ ႏိႈင္းေျပာပါလ်ွင္ ေမာင္က
ခပ္ျပံဳးျပံဳးျဖင့္ပင္ ျပတင္းေပါက္ အျပင္ဘက္ကို
ေငးသြားကာ လက္ေတြကေတာ့ ႏိႈင္းလက္ေခ်ာင္းေတြၾကား
ပိုမိုေႏြးေထြးသြားေအာင္ ေထြးကိုင္လို႔လာပါသည္။
အကယ္၍မ်ား ဒီအခ်ိန္ ကားေမာင္သမားမပါခဲ့လ်ွင္ေတာ့..
ဘုန္းထြဋ္ေခါင္လ်ွံ ဟာ ႏိႈင္းကို ဒီလိုပဲ လြယ္လြယ္ေလး
အလႊတ္ေပးခဲ့မွာ မဟုတ္ပါေခ်။ လမ္းေၾကာင္းေတြကို
တစ္ခုၿပီးတစ္ခုျဖတ္ေက်ာ္ရင္း ကားေလးဟာ ခရီးေဝးကို
အရိွန္အဟုန္ျဖင့္ ထြက္ခြာေနဆဲျဖစ္သည္။
ေခါင္ေလးသည္ ဒဏ္ရာႏွင့္မို႔ ဆိုင္ကယ္ျဖင့္ သြားရန္
အဆင္မေျပသည့္အေလ်ွာက္ ဆိုင္ကယ္ႏွင့္ကား
လဲခဲ့ရပါ၏။ ထို႔ျပင္ တ႐ုတ္အဝင္ဂိတ္ကိုလည္း
အႏၱရာယ္ကင္းကင္းျဖတ္ေက်ာ္ခ်င္သည္မို႔ မမေဝက
ကိုယ္တိုင္ေမာင္းခြင့္မေပးပဲ ကားေမာင္းသမား
ထည့္ေပးလိုက္တာျဖစ္၏။ ဘယ္လိုပဲျဖစ္ျဖစ္ ဆိုင္ကယ္
ႀကိဳက္လြန္လွေသာ သူသည္ အိမ္ျပန္ေရာက္ေရာက္ခ်င္း
ဆိုင္္ကယ္အသစ္တစ္စီး ျပန္ဝယ္ဖို႔ရန္ အားခဲထားပါေတာ့၏။
အဲ့တာမွ ႏိႈင္းကို တင္ၿပီး တစ္ၿမိဳ႕လံုး ပတ္စီးလို႔ရမွာေလ..
မဟုတ္ဘူးလား။
...............
"သူေ႒း ႏွစ္ေယာက္က ဒီတိုင္းထြက္သြားၾကတာပဲ။
ငါတို႔က ဘယ္လိုဆက္လုပ္ရမွာလဲ"
"ျပန္လာမွာပါကြာ မင္းကလည္း"
"မသိဘူး ငါတို႔ လစာေတာင္ရပါ့မလား"
"ဂ်ာႀကီးေကာ အကိုေလးအေၾကာင္း ဘာမွမၾကားဘူးလား"
"လုပ္စရာရိွတာ လုပ္ၾက!"
NT night Barတြင္ မန္ေနဂ်ာႏွင့္ ဝန္ထမ္းေကာင္ေလးတစ္ခ်ိဳ႕ စကားေျပာေနသည္ကို မိုးေဇနားစြင့္ေနလိုက္ပါသည္။
ဒါဆို ကိုဘိုဘိုလဲ ရိွပံုမရဘူး။ ထြက္ေျပးသြားတာလား။
႐ႈပ္႐ႈပ္႐ွပ္႐ွပ္ လူေတြၾကား ဝိုင္ ကိုေအးေအးလူလူထိုင္
ေသာက္ေနရင္း သူအခ်ိန္အေတာ္ၾကာ ေအာင္
အကဲခတ္ေနပါ၏။ ထိုစဥ္ Vockaကို ႐ွဴလ်က္ အခိုးအေငြ
႔ေတြကို သေဘာတက်မႈတ္ထုတ္ေနေသာ ရဲေဇာ္ကို
ေတြ႔လိုက္ရပါ ၏။
ဒီေကာင္က ဒီကိုဘာလာလုပ္ေနတာလဲ။
ရဲေဇာ္ ဘာဆက္လုပ္မည္ကို သူ ဆက္လက္ေစာင့္ၾကည့္ေန
ပါေသာ္လည္း ရဲေဇာ္က ထိုေနရာမွ မေရြ႕ပဲ ဘယ္သူ႔ကိုမွ
ဂ႐ုမစိုက္စြာ ထိုင္ေနပါ၏။
မိုးေဇသည္ စိတ္မၾကည္စြာ မ်က္ခံုးေၾကာေတြၾကံဳ႕သြားမိ
ရ၏။ ထို႔ေနာက္ ဝိုင္ခြက္ကို ကိုင္ကာ ေနရာမွထြက္လာၿပီး
ရဲေဇာ္ေဘးတြင္ဝင္ထိုင္ကာ..
"ဘယ္လိုလဲ ေယာက္ဖ feelလွ ခ်ည္လား"
ရဲေဇာ္သည္ မိုးေဇကို ျမင္လ်ွင္ အဟြန္႔ ခနဲ မဲ့ကာ ရယ္၏။
"မင္း ဒီကို ဘာလာလုပ္တာလဲ။ ကိုဘိုဘို ကို လာ႐ွာတာ
ဆိုရင္ေတာ့ မရိွဘူး ။ေတာ္ေတာ္လ်ွင္တယ္ ငါေစာင့္ၾကည့္
ေနတာကို ဘယ္ခ်ိန္ထြက္သြားမွန္းမသိလိုက္ဘူး"
မိုးေဇသည္ ရဲေဇာ္အား မ်က္လံုးေစြၾကည့္လိုက္ၿပီး ..
"မင္း က ဘာလို႔ ေစာင့္ၾကည့္ေနတာလဲ"
"ဘုန္းထြဋ္ေခါင္လ်ွံ ၾကည့္ခိုင္းထားလို႔"
"ဒါဆို အဲ့ဒီေကာင္ သိတယ္ဆိုတဲ့ သေဘာေပါ့"
"ဘာကိုလဲ"
"မသကာၤစရာ တစ္ခုခု မေတြ႔ဘူးလား!"
"ဟို တစ္ေန႔ကေတာ့ ရဲတစ္ေယာက္ အိမ္ထဲဝင္သြားတာ
ေတြ႔လိုက္တယ္"
"ရဲ... စိတ္ဝင္စားစရာပဲ"
ဝိုင္ခြက္ကို အကုန္ေမာ့ေသာက္ရင္း မိုးေဇေျပာလ်ွင္
ရဲေဇာ္က ေနရာမွထရပ္လ်က္..
"မင္းနဲ႔ ေခါင္နဲ႔ ေတြးခဲ့ၿပိီးၿပီမလား"
"သိလွပါလား!"
"ဘာမွ မေျပာလိုက္ဘူးလား"
မိုးေဇသည္ ခ်က္ခ်င္း မေျဖပဲ မတ္တပ္ရပ္လိုက္ကာ..
"စိုင္လ်န္ ေနေကာင္လား"
"မင္း ကိုယ္တိုင္ လိုက္ၾကည့္ေလ"
"ငါ လာေခၚမွာပါ။ အခုေတာ့ မဟုတ္ေသးဘူး "
ရဲေဇာ္သည္ ေခါင္းရမ္းကာ သက္ျပင္းခ်လိုက္ၿပီး..
"မင္းတို႔ေတြ ငါ့ကို ဒုကၡေပးလြန္းတယ္.. !"
ထိုသို႔ေျပာလ်က္ Barမွ သူျပန္ထြက္လာလိုက္ပါ၏။
စိုင္လ်န္ မင္း က ကံဆိုးသလိုလိုနဲ႔ သိပ္ကံေကာင္းတဲ့
ကေလးပဲ သိလား။ ငါ့ဆီမွာ ရိွေနရင္ မင္းအႏၱရာယ္ကင္း
မယ္မွန္း သိလို႔ ႏွစ္ေကာင္လံုးက စိတ္ခ်လက္ခ်ပို႔ထားၾက
တာ။
"Ring!"
"ေအ လမင္း ကိုႏိႈင္းနဲ႔အဆက္အသြယ္ရလား"
"..."
"ဟုတ္လား။ လံုးဝ မသကာၤစရာ ေကာင္းေနၿပီ"
".."
အျပင္ေရာက္ေရာက္ခ်င္း ဖုန္းေျပာသံကို ခပ္တိုးတိုး ကို
ၾကားလိုက္ရလ်ွင္ သူ မသိမသာ နားေထာင္လိုက္ပါ၏။
"ေအ ျမန္ျမန္တတ္လာခဲ့ေတာ့။ ကိုႏိႈင္း တစ္ခုခုျဖစ္ေနၿပီ
ထင္တယ္"
ဒါ ဟိုေန႔က သူေတြ႔လိုက္တဲ့ ရဲမဟုတ္လား။ သူက ကိုႏိႈင္း
အေၾကာင္း ဘာလို႔စံုစမ္းေနတာလား။ သူ စိတ္ဝင္စားစြာ
နားေထာင္ေနတုန္းမွာပဲ မိုးေဇသည္ ဘယ္ခ်ိန္ကေရာက္
လာသည္မသိ ေျချမန္လက္ျမန္ရိွကာ ထိုရဲေလးအား
ေသနတ္ျဖင့္ ခ်ိန္ၿပီးေနၿပီ။
"ေဟ်ာင့္..မလုပ္!"
သူ တားခ်ိန္ေတာင္မရလိုက္ပါေခ်။ ရဲေလးကေတာ့
အလန္႔တၾကားျဖင့္ ေတာင္ေတာင့္ေလးျဖစ္လိုေနေလၿပီ။
"မင္းက ဘယ္သူလဲ။ ဘာလို႔ ႏိႈင္းေနာက္လိုက္ေနတာလဲ"
"မင္း ကေရာ ဘယ္သူလဲ"
ေၾကာက္မည္ဟု ထင္ထားေသာ္လည္း ျပန္ေမးလိုက္ပံုက
ဇ မေသးေၾကာင္း ေဖာ္ျပေနပါ၏။ မိုးေဇသည္ စိုင္းမင္းကို
အား ေျခစ ေခါင္းဆံုးအကဲခတ္လိုက္ၿပီး ေသနတ္ကို
ျပန္႐ုတ္သိမ္းလိုက္ေလသည္။
"ႏိႈင္းသုတလ်ွံ ကို ႐ွာေနတာလား.. သူ ဘုန္းထြဋ္ေခါင္လ်ွံ
ေနာက္ လိုက္သြားတယ္"
ရဲေဇာ္က ဝင္ေျပာလိုက္လ်ွင္ စိုင္းမင္းကိုက စဥ္းစားဟန္ျပဳ
လိုက္ၿပီး။
"ကြၽန္ေတာ့္ဆီက ခင္ဗ်ားတို႔ သိခ်င္တာ မရိွဘူးလား"
ရဲေဇာ္ႏွင့္မိုးေဇသည္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္
လိုက္မိၾကၿပီး.... မိုးေဇက ဘာမွမေျပာပဲ အေ႐ွ႕ကအရင္
ထြက္သြားေလသည္။
ရဲေဇာ္ သည္ စိုင္းမင္းကို ကို တစ္ဖန္ ျပန္ၾကည့္လိုက္ၿပီး
သူ႔ေနာက္ လိုက္ခဲ့ဖို႔ရန္ အခ်က္ျပလိုက္ပါ၏။
သို႔ႏွင့္ သံုးေယာက္သား ရဲေဇာ္၏ အိမ္သို႔ေရာက္ရိွသြား
ၾကၿပီး အခန္းတံခါးကို ပိတ္ကာ စားပြဲဝိုင္းတစ္ခုတြင္
ဝင္ထိုင္လိုက္ၾကပါ၏။
"ဘယ္သူအရင္စေျပာမွာလဲ"
ရဲေဇာ္က ေဆာ္ေျသာ္လ်ွင္ မိုးေဇက စိတ္မ႐ွည္သူပီပီ..
"ငါက ကိုဘိုဘို ကို သတ္မလို႔ လိုက္႐ွာေနတာ"
ၿပီးေနာက္ ေဆးလိပ္ကိုမီးညိွၿပီး ဖြားရိွဳက္လိုက္ပါ၏။
"ကြၽန္ေတာ္က ကိုႏိႈင္းရဲ႕ မိဘေတြကို သတ္တာ
ကိုဘိုဘို ထင္လို႔ ေစာင့္ၾကည့္ေနတာ"
စိုင္းမင္းကို အေျပာေၾကာင္း ရဲေဇာ္မ်က္လံုးျပဴးသြားရပါ၏။
မိုးေဇကေတာ့ အနဲငယ္အံ့အားသင့္ဟန္သာျပၿပီး ေဆးလိပ္မွ
ျပာမႈန္႔ကို ခါခ်လိုက္ေလသည္။
"ဟင္.. ကိုဘိုဘိုက! "
"ဟုတ္တယ္!"
"ဘာကို !" "ဟမ္း!!"
မိုးေဇသည္ သက္မခ်ၿပီး ..
"မင္းမသိဘူးလား ေလာပန္းမွာ သားရိွတာကို!"
"သိတယ္ေလ ဒါေပမယ့္ အိမ္ကထြက္ေျပးသြားတယ္ဆို။
ငါ မျမင္ဖူးလိုက္ဘူး"
"အဲ့ဒါ ကိုဘိုဘိုပဲ!"
"ဟမ္..မျဖစ္ႏိုင္တာ"
ရဲေဇာ္မယံုႏိုင္အာင္ ျဖစ္သြားရပါသည္။ စိုင္းမင္းကိုကေတာ့
သူတို႔ဘာေျပာေနသည္ကို နားလည္အာင္ အာရံုစိုက္ေနဆဲ
ရိွပါသည္။
"ဒါဆို ဆက္ေဟး က! "
"အင္! "
"ေသစမ္း!"
ရဲေဇာ္ သည္ ဆံပင္ေတြကိုသာ အေၾကာင္းမဲ့ထိုးဖြလိုက္ပါ၏။
ထို႔ေနာက္ ေရခဲေသတၱာထဲမွ ေရသန္႔ဘူးကိုထုတ္ကာ
ေမာ့ေသာက္ခ်လိုက္ေလသည္။
"ေလာပန္းခိုင္းေတာ့ ငါအဲ့ကားကို မေမာင္းခ်င္ဘူးလို႔
ေျပာခဲ့တယ္။ အဲ့ဒီအခ်ိန္မွာ ဆက္ေဟးက စိုင္လ်န္ဆယ္တန္း
တတ္ေနၿပီဆိုေတာ့ အေဆာင္ေၾကးေတြသြင္းစရာရိွေနလို႔
ေငြအရမ္းလိုေနခဲ့တာ။ ဆိုေတာ့ ငါမသိလိုက္ခင္မွာပဲ
ေလာပန္းက သူ႔ကိုၿခိမ္းေျခာက္ၿပီး လုပ္ခိုင္းခဲ့တယ္"
".."
"တားခ်ိန္ေတာင္မရလိုက္ဘူး ။ ငါ သိသိခ်င္းပဲ ကိုဘိုဘို ကို ဆြဲထိုးမိခဲ့ေသးတယ္"
"မင္း အဲ့ဒီအခ်ိန္တည္းက ေလာပန္းကို ေတာ္လွန္ဖို႔
အကြက္ခ်ခဲ့တာလား"
"မေအာင္ျမင္ေသးခင္မွာပဲ ဆက္ေဟးေသသြားတယ္ေလ။
ငါ့ ႀကိဳးစားသမ်ွ ဘာမွအရာမထင္ေတာ့ဘူး"
စိုင္းမင္းကို သည္ အရာအားလံုးကိုဆက္စပ္ေတြးေတာေပမယ့္
အေရးႀကီးသည့္ ခ်ိတ္ဆက္မူ တစ္ခုက ေပ်ာက္ကြယ္သလို
ျဖစ္ေနတာၾကာင့္...
"ေလာပန္းနဲ႔ ကိုဘိုဘ္ိုက သားအဖ ။ ဆက္ေဟးက
ကားအက္ဆီဒင့္မွာ ကားေမာင္းေပးတဲ့သူ ...
ဒါဆို ကိုဘိုဘိုက ကိုႏိႈင္း မိဘေတြကို ဘာေၾကာင့္
ေသေစခ်င္ရတာလဲ"
သူ ေမးသည္ကို မိုးေဇေရာ ရဲေဇာ္ကပါ အဓိပၸာယ္ မ်ားစြာ
ပါသည့္ မ်က္လံုးမ်ားျဖင့္ ၾကည့္လာၾကပါ၏။သို႔ႏွင့္ စိုင္းမင္းကို
သည္ ဦးေႏွာက္စားက ၿငိမ္သက္သြားၿပီးေနာက္...
"ကိုဘိုဘိုက ကိုႏိႈင္းကို ႀကိဳက္ေနတာေပါ့"
ႏွစ္ေယာက္လံုးက ေခါင္းညိမ့္ေထာက္ခံပါလ်ွင္ သူလည္း
ရဲေဇာ္ လက္ထဲမွ ေရဘူးကိုဆြဲယူကာ ေမာ့ေသာက္လိုက္ပါ၏။
ေဆာင္းတြင္းႀကီး ရင္ပူတယ္ဆိုတာ ဒါမ်ိဳးပဲ ျဖစ္မွာ။
"ဒါဆို ဆက္ေဟးေသတဲ့အမူမွာ ဘုန္းထြဋ္ေခါင္လ်ွံက
ဘာလို႔ သံသယရိွသူထဲပါေနရတာလဲ"
ေခါင္ေလး နာမည္ပါလာသျဖင့္ ႏွစ္ေယာက္လံုး သူ႔အား
ေသေသခ်ာခ်ာပင္စူးရဲစြာ ၾကည့္လာၾကပါ၏။
"ကြၽန္ေတာ္ နာမည္စိုင္းမင္းကိုပါ ဘုန္းထြဋ္ေခါင္လ်ွံ ရဲ႕
ေက်ာင္းေနဖက္ သူငယ္ခ်င္း"
သူ ထိုသို႔ ေျပာလိုက္မွ ႏွစ္ေယာက္သား ေခါင္းေလးညိမ့္ၾက
ကာ..
"ေခါင္ က ဆက္ေဟးညီကို မီးထဲက ကယ္ခဲ့တာေလ"
"ၿပီးေတာ့ သံုးႏွစ္လံုးလံုး ။ ေလာပန္းရန္က ကာကြယ္ေပးခဲ့
တယ္မလား"
မိုးေဇသည္ ရဲေဇာ္စကားအား ဝင္ေထာက္ၿပီးေနာက္
မရယ္ခ်င္ပါပဲ ရယ္လိုက္ပါ၏။
"မင္း ေစာေစာ ထြက္လာသင့္တာေလ ။အခုေတာ့
အခ်ိန္ေတြ မၾကာသင့္ပဲ ၾကာကုန္ၿပီ"
စိုင္းမင္းကိုသည္ မိုးေဇႏွင့္ ရဲေဇာ္အား မ်က္ေမွာက္ၾကံဳ႕ကာ
ေသခ်ာ စိုက္ၾကည့္ၿပီးေနာက္...
"ဒါဆို မိုးျမင့္ေအာင္ ကို သတ္တဲ့သူေနာက္တစ္ေယာက္က
ခင္ဗ်ားလား"
မိုးေဇသည္ က်န္ရိွေနေသာ ေဆးလိပ္ေတြကို ျပာခြက္ထဲ
ထိုးေခ်လိုက္ၿပီး...
"ေသခ်ာ မမွတ္မိေပမယ့္ ...ဟုတ္ေလာက္ပါတယ္"
...................................
Love you all💚💚💚