အရင္နဲ႕မတူ အခ်ိန္ၾကာလာတာသည္ႏွင့္အမွ်
တေျဖးေျဖးအေရာင္ေျပာင္းလာခဲ့တဲ့ ေကာင္း
ကင္ႀကီးကို ေငးေမာ့ၾကည့္မိရင္း စူးစမ္းမိတဲ့
ႏွလုံးသားေလး ။ သိပ္ကိုမိုက္မဲခဲ့၏ ။
တိတ္တိတ္ေလးေပါက္ဖြားၿပီး တိတ္တိတ္ေလး
ေသဆုံးရမယ့္ အခ်စ္ ဗိုင္းရစ္ကို လူသိထင္ရွား
ျဖစ္ေအာင္ ခ်ျပခဲ့မိလို႔ ။
" ေတာင္းပန္ပါတယ္ ဟြန္း ငါမင္းကိုလိမ္ခဲ့မိတယ္ "
အျပစ္ရွိသူလို ေခါင္းေလးငုံ႕ကာ ဂ်ဳံအင္ ကိုယ့္ကို
ကိုယ္အျပစ္တင္မိေတာ့ဘတ္ခ္ဟြန္းမွာဝွီးခ်ဲေလး
ေပၚတြင္ အၿပဳံးေလးေတြႏွင့္ ေခါင္းေလးကိုသာခါ
ရမ္းျပ၏ ။
" မလိုပါဘူး နီနီရာ ... မင္းမွာအျပစ္မွမရွိတာ
မင္းေရာ မမဒါေယာင္းေရာ မားမားတို႔ေရာက
ငါ့အတြက္ ငါဝမ္းနည္းမွာကိုေၾကာက္လို႔မလိမ္
ခ်င္ဘဲ လိမ္ခဲ့ၾကရတာပဲ ငါနားလည္ပါတယ္ "
ရင့္က်က္သြားတဲ့ ဘတ္ခ္ဟြန္း အေျပာေၾကာင့္
ငုံ႕ထားတဲ့ေခါင္းေလးကိုျပန္ေမာ့ကာဘတ္ခ္ဟြန္း
အနားတြင္ရွိေသာခုံတန္းလ်ားေလးေပၚသို႔ဂ်ဳံအင္
ေဆြ႕ခနဲ ဝင္ထိုင္လိုက္ကာ ...
" ဒါဆို မင္းငါ့ကိုတကယ္စိတ္မဆိုးဘူးေပါ့
ဟုတ္တယ္မလား ? "
တယ္လည္း ခ်စ္ဖို႔ေကာင္းတဲ့ ဘတ္ခ္ဟြန္း
စိတ္ဆိုးမွာကိုသိပ္ေၾကာက္တဲ့ဂ်ဳံအင္ေလး
ပါေလ ။
" အင္း .. တကယ္ "
ေခါင္းေလးညိတ္ကာ ျပန္ေျဖေပးေတာ့ သြားေလး
ေတြၿဖီးကာ ရယ္ျပလာေသာ ဂ်ဳံအင္ ။ တကယ္ကို
ကေလးစိတ္မကုန္ေသးတဲ့ကေလးဆိုးေလးရယ္ပါ
ေလ ။
" ဘာေတြမ်ားေျပာၿပီးရယ္ေနၾကတာလဲ ဟင္ !
ရယ္ေနတဲ့အေပ်ာ္ေလးေတြကို ဒီက အစ္ကို႔ကို
လည္း နည္းနည္းပါးပါးျပန္ေဝမွ်ၾကပါဦး "
ပန္းစည္းေလးကိုင္လ်က္ ဘတ္ခ္ဟြန္းနဲ႕ဂ်ဳံအင္တို႔
ထိုင္ေနရာခုံတန္းလ်ားေလးဆီသို႔ေလွ်ာက္လာခဲ့ေသာ
ဆယ္ဟြန္း ။
ဘယ္သူနဲ႕မွ မတည့္တဲ့ ဂ်စ္ကန္ကန္ အက်င့္ရွိတဲ့
ဆယ္ဟြန္းတစ္ေယာက္မွာ ငယ္ငယ္ေလးတုန္းက
နဲ႕မတူ ။ တကၠသိုလ္ေရာက္မွ ေရခဲတုံး ဖင္ခုထိုင္
သလို ေအးစက္ကာ ေက်ာင္းစာကိုပဲစိုက္စိုက္မတ္
မတ္လုပ္တတ္တဲ့ ဘတ္ခ္ဟြန္းႏွင့္ ေက်ာင္းေျပး
လိုက္ ၊ Shooting ေျပးလိုက္ ၊ albumအသစ္အ
တြက္ ကကြက္အသစ္ေတြ ေလ့က်င့္လိုက္နဲ႕ ဖင္
ယားလို႔ေတာင္မကုပ္အားတဲ့ ဂ်ဳံအင္တို႔ႏွစ္ေယာက္
ႏွင့္ ငယ္သူငယ္ခ်င္းမျခား ။
ေျပာမနာဆိုမနာသူငယ္ခ်င္းႀကီးေတြျဖစ္သြားၾက
လို႔ေနသည္မွာ တျခားသူေတြအတြက္ေတာ့ အေတာ္
စဥ္းစားရခက္သည့္ ပုစ္ဆာတစ္ပုဒ္လိုပင္ ။
သို႔ေပမယ့္လည္း ဆယ္ဟြန္းနဲ႕ ဘတ္ခ္ဟြန္းတို႔
မွာေတာ့ သူတို႔ဟာနဲ႕သူတို႔ အခ်င္းခ်င္း အဆင္
ကိုေျပလို႔ ။
ဒါ့အျပင္ ဆယ္ဟြန္းနဲ႕ သူတို႔ႏွစ္ဦးတို႔ ခင္မင္မႈ
စတင္ျဖစ္ေပၚပုံမွာအနည္းငယ္ေတာ့ဆန္း၏ ။
အစကသူ႕ကိုႀကိဳက္လို႔ လိုက္ကပ္ေနတယ္လို႔
ဂ်ဳံအင္၏ေပါက္ကရဆန္ဆန္တစ္ထစ္ခ်ခန့္
မွန္းမႈခ်ည္းနဲ႕သတိထားမိခဲ့တဲ့ဆယ္ဟြန္းဟာ
တကယ္တမ္း သူတို႔ႏွစ္ဦးနဲ႕ သူငယ္ခ်င္းျဖစ္
သြားခဲ့တဲ့ အခ်ိန္မွာေတာ့ ဘတ္ခ္ဟြန္းနဲ႕ ရင္း
ႏွီးေသာ ေရွာင္လုဟန္ဆိုေသာဆရာဝန္ေလး
ကိုႀကိဳက္ေနမွန္းသိလိုက္ရသည္ ။
ဘတ္ခ္ဟြန္းတစ္ေယာက္မွာ သူ႕ကိုမဟုတ္ ။ သူ
အစ္ကိုအရင္း တစ္ေယာက္လို ခင္တြယ္ရေသာ
လုဟန္ကို ပိုးပန္းခ်င္လို႔ သူနဲ႕သူငယ္ခ်င္းလာဖြဲ႕
ေသာအျဖစ္မွန္ကိုသိလိုက္ရသည္ႏွင့္ ပါးစပ္အ
ေဟာင္းသားနဲ႕အံ့ၾသခဲ့ရသလို ။
တစ္ခ်ိန္တုန္းက တလြဲအျမင္ေတြနဲ႕ ဆယ္ဟြန္း
ကို ေရွာင္ဖယ္ေနခဲ့မိၾကသည့္ သူနဲ႕ဂ်ဳံအင္တို႔၏
လုပ္ရပ္တို႔ကိုျပန္ျမင္ေယာင္ၿပီး သေဘာက်ကာ
ရယ္ေမာလို႔မဆုံးနိုင္ခဲ့ေခ် ။
" လက္ထဲကပန္းစည္းကို ၾကည့္ရတာ ကြၽန္ေတာ့္
အတြက္ေတာ့ မျဖစ္နိုင္ဘူး ဘာလဲ ထုံးစံအတိုင္း
အစ္ကိုလုဟန္ကို လာေခ်ာ့တာပဲမဟုတ္လား အစ္
ကိုလုဟန္ စိတ္ဆိုးသြားရေအာင္ စီနီယာ ဘာေတြ
သြားလုပ္လိုက္ျပန္ၿပီလဲ ဟင္ ဟိုကအရင္ကတည္း
က စိတ္ကလက္တစ္ဆစ္နဲ႕ အရမ္းစိတ္ႀကီးတဲ့သူ
ပါဆို .. စီနီယာ .. စီနီယာက Single မဟုတ္ေတာ့
ဘူးေနာ္ RSျဖစ္ေနၿပီ .. RSျဖစ္တာမွ ၁လေတာင္
ျပည့္ေနၿပီ ဒါေတာင္မိန္းကေလးေတြနဲ႕ရႈပ္တာ မ
ရပ္နိုင္ေသးဘူးလား ဟင္ "
ဝွီးခ်ဲေပၚတြင္ ခါးေလးေထာက္ကာ ဆူပုတ္ပုတ္
မ်က္ႏွာေပးနဲ႕ အႀကီးကို အႀကီးျပန္လုပ္ေနေသာ
ဘတ္ခ္ဟြန္း ။
အခု ဆယ္ဟြန္းေခ်ာ့ရမယ့္ လုဟန္ေနရာမွာ
တျခားလူ တစ္ေယာက္ေယာက္သာ ဆိုရင္
ဘတ္ခ္ဟြန္း အခုလို ဆယ္ဟြန္းကို ဆူမည္
မဟုတ္ ။
ဒါေပမယ့္ အခုဟာက ဆယ္ဟြန္း လာေခ်ာ့တဲ့
လူက တျခားလူမဟုတ္ ။
မင္ေယာင္းေၾကာင့္ ေလွကားေပၚကျပဳတ္က်ၿပီး
ထိခိုက္ခဲ့တဲ့ သူ႕ကိုတာဝန္ယူခြဲစိတ္ေပးတဲ့ သူခ်စ္
တဲ့ မမဒါေယာင္းရဲ႕ေက်ာင္းေနဖက္ ဒီေဆး႐ုံမွာ
အသက္အငယ္ဆုံးနဲ႕ အေတာ္ဆုံး ဆရာဝန္ ။
သူအစ္ကိုရင္းတစ္ေယာက္လိုခ်စ္ရတဲ့ ေဒါက္တာ
ေရွာင္လုဟန္ေလ ။
သူ႕ဘဝမွာ အတိုရဆုံးက အရာထဲမွာ သူ႕အေမ ၊
သူ႕တီေလး ၊ ဒါေယာင္းနဲ႕ ခ်န္းေယာလ္အျပင္ ။
လုဟန္ကလည္း တစ္စိတ္တစ္ေဒသပါဝင္သည္ ။
သူ႕အနားမွာ ေတာက္တက္လို႔ ကပ္ၿပီးေနေနတဲ့
အခ်ိန္ျပည့္ ေဂ်ာင္ဆူးကိုပဲ သြားသြားၿပီးေျပးခြၽဲ
တတ္တဲ့လူလည္ဂ်ဳံအင္ကိုေတာင္ လုဟန္ေလာက္
သူ မတိုဘူး ။
ဒါေတာင္ လုဟန္ ဆယ္ဟြန္းနဲ႕ ခ်စ္သူျဖစ္သြားတဲ့
အခ်ိန္မွာ သူ ခြဲစိတ္ၿပီးၿပီးခ်င္း သတိျပန္မလည္
လာေသးတဲ့ အခ်ိန္မလို႔ လုဟန္ကို ဆယ္ဟြန္း ရ
လိုက္တာ ။
ဘတ္ခ္ဟြန္းနဲ႕လုဟန္က ဒါေယာင္းမိတ္ဆက္လို႔
စသိခဲ့ၾကေပမယ့္ ။ လုဟန္က သိပ္ကိုေဖာ္ေ႐ြၿပီး ၊
သေဘာေကာင္းၿပီး ၊ ႏြေးေထြးတဲ့သူတစ္ေယာက္
ျဖစ္တာေၾကာင့္ ဘတ္ခ္ဟြန္းနဲ႕အခုလိုမ်ိဳးညီအစ္
ကို အရင္းေတြလို ခ်စ္ခင္မင္ ရင္းႏွီးသြားၾကဖို႔
အတြက္ အခ်ိန္သိပ္မၾကာလိုက္ရေပ ။
ဘတ္ခ္ဟြန္း ဆူမႈေၾကာင့္ ေၾကာင္လက္သည္း
ကုပ္သလိုၿငိမ္ကုပ္ေနတဲ့ ဆယ္ဟြန္းကို ဂ်ဳံအင္
ကေတာ့ ဘတ္ခ္ဟြန္း နံေဘးကေန အသံတိတ္
ၾကည့္ကာ ႀကိတ္ခိုး ၿပဳံးရယ္ေနမိ၏ ။
က်န္တဲ့အခ်ိန္ေတြမွာ ေရခဲတုံးေတာင္ အေဖျပန္
ေခၚရေလာက္ေအာင္ ေရငုံႏႈတ္ပိတ္ကာၿငိမ္သက္
ေနတတ္တဲ့ ဘတ္ခ္ဟြန္းတစ္ေယာက္ ။
ပြစိပြစိလုပ္ၿပီေဟ့ဆိုရင္ ဂ်ဳံအင္နဲ႕ ဆယ္ဟြန္း
တို႔ ႏွစ္ေယာက္သား ဂြမ္းတစ္ထုပ္သာ အျမန္
ေျပးဝင္ရၿပီသာ မွတ္ၾကေပေတာ့ ။
" ဟြန္းေလး "
နာမည္ေခၚသံေလးနဲ႕အတူ ဘတ္ခ္ဟြန္း အေရွ႕သို႔
ေရာက္လာခဲ့ေသာ လုဟန္ ။ လက္ထဲကပါလာတဲ့
စုပ္လုံးေလးကို ဘတ္ခ္ဟြန္း လက္ထဲသို႔ထည့္ေပး
လိုက္ၿပီး ။
" ေဆးေသာက္ခ်ိန္ေရာက္ၿပီ .. လာ ..
အစ္ကိုနဲ႕အတူ အခန္းကိုျပန္ၾကမယ္ "
" ဟန္ .. ပန္းစည္း "
ဘတ္ခ္ဟြန္း ဝွီးခ်ဲေလးကို တြန္းေပးရင္းေျခလွမ္း
ႏွစ္လွမ္းသာ လွမ္းရေသးသည္ ။ အေနာက္ကေန
သူ႕လက္ေမာင္းေလးကိုလွမ္းဆုပ္ကိုင္ၿပီး မ်က္ႏွာ
အေရွ႕ ထိုးေပးလာတဲ့ ဆယ္ဟြန္းရဲ႕ပန္းစည္းေလး
ကို လုဟန္တစ္ခ်က္ၾကည့္ၿပီးမ်က္ႏွာလြဲလိုက္လ်က္ ..
" မလိုခ်င္တဲ့ လူကို လာေပးေနမယ့္အစား
ငမ္းငမ္းတက္လိုခ်င္ေနတဲ့လူေတြကို သြား
ေပးလိုက္ ကုသိုလ္ရလိမ့္မယ္ "
ပိုင္ရွင္မဲ့ေနတဲ့ ပန္းစည္းေလးကို ရင္ဝယ္ပိုက္ထား
ေသာ သူ႕မ်က္ႏွာကိုတစ္ခ်က္ေလးေတာင္မၾကည့္
ဘဲ ေက်ာခိုင္းထြက္သြားခဲ့ေသာလုဟန္ေနာက္ေက်ာ
ေလးကိုေငးၾကည့္ရင္း ဆယ္ဟြန္းလက္ထဲကပန္း
စည္းေလးကိုသာ ေတြေတြေလးျပန္စိုက္ၾကည့္မိ၏ ။
အေခ်အိဳဆယ္ဟြန္းတို႔ ရာဇဝင္မွာ ေရွာင္လုဟန္
ဆိုတဲ့ သိပ္ခ်စ္ရတဲ့ သမင္ဆိုးေလးနဲ႕မဆုံေတြ႕ခင္
တစ္ေလွ်ာက္လုံး သူမ်ားေတြကိုပဲ ေသာက္ဖက္
တစ္စက္မွမလုပ္ဘဲ အပီအျပင္ေခ်လာခဲ့သမွ် ။
အခု ေရွာင္လုဟန္နဲ႕ခ်စ္သူျဖစ္မွပဲ လွလွပပႀကီး
ကို ဝဋ္ေတြျပန္လည္လို႔ ။
_________________________________
ေနအရွင္းေကာင္းလို႔ မိမိကိုတာဝန္ယူကုသေပး
သည့္ လုဟန္ဆီကခြင့္ျပဳခ်က္ရသည္ႏွင့္ ဘတ္ခ္
ဟြန္း ေဆး႐ုံကဆင္းလာခဲ့သည္မွာ တစ္ပတ္ တိ
တိရွိခဲ့ၿပီ ။
ဘတ္ခ္ဟြန္း ေဆး႐ုံစဆင္းလာသည့္ ေန႕ကစၿပီး
ေျဗာင္နာရာမွာ သူမတို႔ ညီအစ္မ ႏွစ္ေယာက္ရဲ႕
ေမြးရပ္ေျမ ဘူခြၽန္းက မိဘႏွစ္ပါးဆုံးၿပီးေဆြမ်ိဳး
သားခ်င္းမရွိဘဲ တစ္ေကာင္ႂကြက္ျဖစ္ေနရေသာ
ဘတ္ခ္ဟြန္းထက္အသက္တစ္ႏွစ္ငယ္ကာအမည္
' ဂြၽန္ ' ၊ မ်ိဳးရိုး ' လီ ' ျဖစ္သည့္ လီဂြၽန္ဆိုေသာ
ေကာင္ေလးကို သူမရဲ႕တစ္ဦးတည္းေသာရွိသည့္
တူေတာ္ေမာင္ ကူေဖာ္ေလာင္ဖက္ရေရးအတြက္
အကူအညီမဲ့ေနတဲ့ ထိုေကာင္ေလးကို အိမ္ကိုေခၚ
လာခဲ့ၿပီး မိမိ၏တူအရင္းမျခား သေဘာထားကာ
ေစတနာျဖင့္ ေကြၽးေမြးျပဳစုေစာင့္ေရွာက္ထားေပး
ေလသည္ ။
ဂြၽန္သည္ သိပ္ကို လိမၼာယဥ္ေက်းၿပီး ေက်းဇူးသိ
တတ္ေသာ ေကာင္ေလးျဖစ္သည္ ။
စကားအေျပာတတ္ၿပီး အရိပ္အပါးလည္း
နားလည္၏ ။
ဘတ္ခ္ဟြန္းကို သူ႕အစ္ကိုအရင္းတစ္ေယာက္လို
သေဘာထားကာဂ႐ုစိုက္ေပးတတ္ၿပီးအခ်ိန္ျပည့္
ဘတ္ခ္ဟြန္း အနားမွာေနၿပီး ဘတ္ခ္ဟြန္း ဘာ
လိုခ်င္သလဲ ။ ဘတ္ခ္ဟြန္း ဘာျဖစ္ခ်င္သလဲဆို
တာကိုပဲ အၿမဲခန႔္မွန္းေနတတ္တဲ့ ေကာင္ေလး
လည္းျဖစ္သည္ ။
" အစ္ကိုေလးေျဗာင္ "
ဂ်င္ဆင္းျပဳတ္ရည္ ပန္းကန္းလုံးေလးကို လက္
တစ္ဖက္က ကိုင္ၿပီး လက္တစ္ဖက္က ေက်ာင္း
စာအုပ္ေလးကိုကိုင္ကာ ၿခံထဲက ဥယ်ာဥ္ထဲတြင္
ေလညွင္းခံေနေသာဘတ္ခ္ဟြန္းဆီသို႔ အေနာက္
က က်ားလိုက္လာတဲ့အလား ျပာျပာသလဲ ေျပး
လာေသာ ဂြၽန္ ။
" ဒါက ဘယ္လိုျဖစ္လာျပန္ရတာလဲ ဂြၽန္ေလး "
စိတ္လႈပ္ရွားရင္ အလြဲလြဲအမွားမွားလုပ္တတ္ၿပီး
အလ်င္လိုလွ်င္ျပာတတ္တဲ့ အက်င့္ဆိုးေလးေတြ
ရွိတဲ့ ဂြၽန္ ။
ၿပဳံးစစနဲ႕ေမးလာတဲ့ ဘတ္ခ္ဟြန္းကို သြားေလး
ေတြအကုန္ေပၚသည္အထိ ရယ္ျပလ်က္ လက္
ထဲက ကိုင္ထားတဲ့ မေမွာက္တာဘဲ ေက်းဇူးအ
ထူးတင္ရမယ့္ ဂ်င္ဆင္းျပဳတ္ရည္ပန္းကန္းလုံး
ေလးကို ဘတ္ခ္ဟြန္း အေရွ႕သို႔ကမ္းေပးကာ ...
" တီတီေလးနာရာက မွာထားတယ္ ဂ်င္ဆင္း
ျပဳတ္ရည္က အစ္ကိုေလးေျဗာင္နဲ႕တည့္တယ္
တဲ့ အခုမွ ေနျပန္ေကာင္းခါစပဲရွိေသးလို႔ တစ္
ေန႕ကို ဂ်င္ဆင္းျပဳတ္ရည္ကို မနက္တစ္ႀကိမ္
ညတစ္ႀကိမ္ ႏွစ္ႀကိမ္တိတိ ေသာက္ေပးရမယ္
တဲ့ ေဒၚေလးဂ်ီအခုမွအိုးထဲကေန ခပ္ထည့္ေပး
လိုက္တာ မေအးခင္ေလး ျမန္ျမန္ေသာက္လိုက္
အစ္ကိုေလးေျဗာင္ ဒါမွအစ္ကိုေလးေျဗာင္ ေန
ပိုေကာင္းၿပီး အျပင္ထြက္ခြင့္ျမန္ျမန္ရမွာ ...... "
" ေရာ့ .. ရၿပီလား "
စကားေတြေျပာလို႔မဆုံးနိုင္ေသးတဲ့ဂြၽန္ကိုၾကည့္
ၿပီး ဘတ္ခ္ဟြန္းၿပဳံးရင္းေခါင္းတခါခါရမ္းလ်က္
သူ႕ကိုကမ္းေပးေသာ ဂ်င္ဆင္းျပဳတ္ရည္ပန္းကန္
လုံးေလးကို လွမ္းယူၿပီး ႏြေးႏြေးေလးသာရွိေတာ့
သည့္ ဂ်င္ဆင္းျပဳတ္ရည္တို႔ကို တစ္က်ိဳက္တည္း
ေမာ့ေသာက္လိုက္ၿပီး ဂြၽန္လက္ထဲပန္းကန္လုံးေလး
ကို ျပန္ထည့္ေပးလိုက္ၿပီး ေမးေတာ့ .. သြားတိုက္
ေဆးအေရာင္းမပ်က္ဘဲ ေခါင္းေလးတဆက္ဆက္
ျပန္ညိတ္ျပတဲ့ ဂြၽန္ ။
လက္ထဲမွာလည္း သခၤ်ာတြက္စာအုပ္ တစ္အုပ္နဲ႕ ။
ၾကည့္ရတာ မတြက္တဲ့ပုစ္ဆာေတြ သူ႕ကို ေမးမလို႔
ထင္ ။
" အစ္ကိုေလးေျဗာင္ "
ဘတ္ခ္ဟြန္း အေတြးတို႔ပင္မဆုံးေသး ။ အေရွ႕
သို႔စာအုပ္ေလးထိုးေပးၿပီး သြားေလးေတြၿဖီးျပ
လာေသာ ဂြၽန္မွာ စာအရမ္းေတာ္တဲ့ဘတ္ခ္ဟြန္း
ကို စံျပထား ဘတ္ခ္ဟြန္းလို စာေတာ္ေအာင္ ဇြဲ
လုံ႕လ အျပည့္ႏွင့္ ႀကိဳးစားေသာ ေကာင္ေလးတစ္
ေယာက္လည္းျဖစ္ျပန္ ။
" ဟူးဟူးေလး "
ၾကားရေသာ ေခၚသံေလးေၾကာင့္ ဂြၽန္ကို စာရွင္းျပ
ေနရမွာ အေရွ႕ကို မ်က္ႏွာတစ္ခ်က္ေမာ့ၾကည့္လိုက္
ေတာ့ ။ ေတြ႕လိုက္ရေသာ မမဒါေယာင္း ။
လက္ထဲမွာလည္း ေစ်းဝယ္အထုပ္ႏွစ္ထုပ္နဲ႕။
ဘာလုပ္စားၾကမလို႔လဲမသိ ။
တဖန္ ေစ်းဝယ္အထုပ္ ႏွစ္ထုပ္ကိုေျမာက္ျပကာ
သူ႕ကို ၿပဳံးရယ္ျပေနေသာ ဒါေယာင္း၏ အေနာက္
၌ ထပ္ေတြ႕လိုက္ရေသာ ေဘာင္းဘီအိတ္ေထာင္ထဲ
လက္ေလးတစ္ဖက္ထည့္၍ဆိုဒ္အျပည့္နဲ႕ေလွ်ာက္
လာေသာ သူ႕ရဲ႕ ကိုကို ။ ခ်န္းေယာလ္ ။
" ဒါေတြကဘာေတြလဲ မမဒါေယာင္း "
ဒါေယာင္း လက္ႏွစ္ဖက္က ဆြဲထားတဲ့ အထုပ္
ႏွစ္ထုပ္ကို ဘတ္ခ္ဟြန္း လက္ညွိုးထိုးျပကာ
အေမးလိုက္ရာ ...
" ဒါလား BBQလုပ္စားၾကဖို႔ေလ ဟူးဟူးေလးရဲ႕
ေဂ်ာင္ဆူးနဲ႕လုဟန္တို႔အတြဲႏွစ္တြဲကညေနက်ရင္
ေရာက္လာၾကလိမ့္မယ္ .. မမနဲ႕ ခ်န္းေယာလ္က
BBQပါတီအတြက္ ျပင္ဆင္စရာရွိတာ ျပင္ဆင္
ရေအာင္လို႔ ဟူးဟူးေလးဆီအရင္ ႀကိဳလာခဲ့တာ "
ထပ္ၿပီး BBQ ။
သူတို႔ဒီရက္ပိုင္းအတြင္း အၿမဲလိုလို BBQလုပ္စား
ျဖစ္ၾကသည္ ။
ထိုသို႔လုပ္စားျဖစ္ျခင္း၏အေၾကာင္းကလည္း
ဘတ္ခ္ဟြန္း၏အေမနဲ႕တီေလးတို႔ ႏွစ္ေယာက္
မွာ အလုပ္နဲ႕ နယ္ဘက္ကစက္႐ုံေတြဘက္သြား
ၾကည့္ရင္း အိမ္ျပန္လို႔မရဘဲ နယ္မွာပဲညအိပ္ရ
တဲ့ ေန႕တိုင္းမွာ ဒါေယာင္းတို႔ အုပ္စုတို႔သည္
ဘတ္ခ္ဟြန္းအိမ္မွာ BBQလုပ္စားရင္း ဘတ္ခ္
ဟြန္းကိုညအိပ္ၿပီးလာေစာင့္ေရွာက္ေပးၾကျခင္း
ပင္ျဖစ္သည္ ။
" ဂြၽန္ေလး ဘယ္လိုလဲ မမကို ကူလုပ္ေပးမလား "
" ဟုတ္ မမဒါေယာင္း "
" အားရီးဂူး ဂြၽန္ေလးကလိမၼာလိုက္တာ
ေဘးနားက လဒနဲ႕ေတာ့ တျခားစီပဲ "
အတူတူလာခဲ့ၾကတာ ျဖစ္ၾကေသာ္လည္း ခ်န္း
ေယာလ္တစ္ေယာက္ မၾကားၾကားေအာင္ ေလ
သံက်ယ္က်ယ္နဲ႕ ႐ြဲ႕ေစာင္းေျပာလိုက္ေသာ ဒါ
ေယာင္းစကားေၾကာင့္ ဂြၽန္ တစ္ေယာက္ေတာ့
ခ်န္းေယာလ္မျမင္ေအာင္ ပါးစပ္ကိုလက္ဖဝါး
ေလးနဲ႕အုပ္ကာ ႀကိတ္ခိုးရယ္မိ၏ ။
ဒီလိုပါပဲ ။ သူဘတ္ခ္ဟြန္းအိမ္ကိုေရာက္တာ
သိပ္မၾကာေသးေပမယ့္ ။ ဒါေယာင္းနဲ႕ ခ်န္း
ေယာလ္တို႔ သူငယ္ခ်င္း ႏွစ္ေယာက္ကိုေတာ့
သူ အနည္းငယ္သတိထားမိသည္ ။
ထိုသို႔သူသတိထားမိသည့္အေၾကာင္းမွာလည္း
တျခားမဟုတ္ ။
ဒါေယာင္းဘက္က ဘယ္ေလာက္ပဲ ႐ြဲ႕ေစာင္းၿပီး
ေျပာေျပာ ။ ခ်န္းေယာလ္ဘက္မွ ဒါေယာင္းကို
ဘာဆိုဘာမွျပန္ေခ်ပစကားျပန္မဆို ။ ဒီအတိုင္း
ႏႈတ္ဆိတ္လ်က္သာ ၿငိမ္ခံေပးေနတတ္သည့္
အေၾကာင္းသည္သာ ။
သို႔ေသာ္လည္းခ်န္းေယာလ္တစ္ေယာက္ ဒါေယာင္း
ကို အဘယ္ေၾကာင့္ ျပန္ေခ်ပစကား မဆိုရျခင္း၏
အေၾကာင္းကိုေတာ့ ဂြၽန္တစ္ေယာက္မသိေပ ။
" လာ ... ဂြၽန္ေလး ... မမအေနာက္လိုက္ခဲ့ ..
မမတို႔ အသားေတြနဲ႕ .. အသီးအ႐ြက္ေတြကို
ေရမိုးေျပာင္စင္ေအာင္သြားေဆးၾကမယ္ "
" ဟုတ္ .. ကြၽန္ေတာ့္ကို အထုပ္ေတြ ေပး
မမဒါေယာင္း ... ကြၽန္ေတာ္ကူသယ္ေပးမယ္ "
" ေကာင္းၿပီ "
_________________________________
" လက္ဖက္ရည္ သုံးေဆာင္ပါဦး
အစ္ကိုေလး ခ်န္းေယာလ္"
" ဟုတ္ကဲ့ ... ေက်းဇူးပါ ေဒၚေလးဂ်ီ "
ေဒၚေလးဂ်ီလက္ဖက္ရည္လာခ်ေပးမွ တိတ္ဆိတ္
ေနသည့္ေလထုအတြင္း ၾကားလိုက္ရတဲ့ ရွားရွားပါး
ပါး စကားသံေလး တစ္သံ ။
ဂြၽန္နဲ႕ဒါေယာင္းတို႔အိမ္ထဲဝင္သြားအခ်ိန္ကစၿပီး
ပထမဆုံးၾကားရတဲ့စကားသံလို႔ပဲ ေျပာရမလား ။
ႏွစ္ေယာက္သားေဘးခ်င္းယွဥ္ၿပီးထိုင္ေနၾကေသာ္
လည္း ေလထုမွာ ေအးစက္၍ ၿငိမ္သက္ကာ တိတ္
ဆိတ္လို႔ေနလ်က္သား ။
ခ်န္းေယာလ္ဘက္မွ စကားတစ္ခြန္းမွဟမလာ
သလို ။ ဘတ္ခ္ဟြန္းဘက္ကလည္း ဘာစကား
ဆိုဘာစကားမွမေျပာ ။
လက္ထဲက ဂြၽန္ရဲ႕သခၤ်ာတြက္စာအုပ္ေလးထဲက
ဂြၽန္တြက္ထားတဲ့ သခၤ်ာပုစ္ဆာတို႔ကိုသာ မွန္မမွန္
အပ်င္းေျပ ထိုင္စစ္ၿပီးမွားေနေသာေနရာတို႔အား
မွင္နီေလးျဖင့္အမွန္ျပန္ျပင္ထားမိ၏ ။
" ဟြန္းငယ္ "
ေခၚသံေလးနဲ႕အတူ သူ႕ၾကည့္ေနသည့္ သခၤ်ာ
တြက္ စာအုပ္ေလး အေပၚေရာက္လာခဲ့ေသာ
အျပာေရာင္ နားက်ပ္ဘူးေလး တစ္ဘူး ။
ေကာက္ကိုင္ယူၾကည့္လိုက္ၿပီး ကိုကို႔ မ်က္ႏွာကို
သူ တစ္ခ်က္လွမ္းၾကည့္လိုက္ေတာ့ .. ကိုကိုမွာ
ဘာမွမရွိတဲ့ေကာင္းကင္ျပာႀကီးကိုသာအၾကည့္
ပို႔ထားေလရဲ႕ ။
" ဒါေယာင္းနဲ႕ေစ်းဝယ္ထြက္ရင္း ဒီအတိုင္း...
လွလို႔ဝယ္လာခဲ့တာ .. ကိုယ့္မွာကရွိၿပီးသားမို႔
ဟြန္းငယ္ပဲ သုံးလိုက္ "
မေန႕တစ္ေန႕က ဘတ္ခ္ဟြန္းနားက်ပ္ေလး ဝွီးခ်ဲ
ဘီးနဲ႕ ၿငိၿပီးပ်က္သြားတာကိုသိလို႔ ။ ဒါေယာင္းနဲ႕
ကုန္တိုက္ကို တကူးတကလိုက္သြားၿပီး ဘတ္ခ္
ဟြန္းအတြက္ နားက်ပ္ကို သူကိုယ္တိုင္ေသခ်ာ
ေ႐ြးၿပီး ဝယ္ခဲ့တာလို႔ ခ်န္းေယာလ္စကားထဲထည့္
မေျပာမိသလို ။
ဘတ္ခ္ဟြန္းအား ထိုအမွန္တရားကိုထုတ္ေျပာျပဖို႔
အလို႔ငွာလည္း သူ႕မွာအစကတည္းကရည္႐ြယ္ခ်က္
မရွိေပ ။
" ေက်းဇူးတင္ပါတယ္ ကိုကို "
ကနဦး အစအလား ျပန္လည္တိတ္ဆိတ္သြားေသာ
ေလထု ။
တဒုတ္ဒုတ္နဲ႕ ခုန္ေနေသာ ရင္ခုန္သံေတြနဲ႕အတူ
အသက္မဝင္ဘဲ ကိုယ္စီ ေခါင္းစဥ္ အသီးသီးနဲ႕
ၿငိမ္သက္ေနေသာ ႏွလုံးသားေလး ႏွစ္စုံ ။
ဘယ္ေတာ့မ်ားမွ နီးစပ္ၾကၿပီး ထပ္တူထပ္မွ်
ရွိၾကမွာတဲ့လဲ ။
ဒီလိုပါပဲ ။
နားက်ပ္ဘူးထဲက နားက်ပ္ေလးကို ထုတ္ၾကည့္
ၿပီး ၿပဳံးေနေသာ ေကာင္ေလးကို မသိမသာေလး
ေငးၾကည့္ေနမိေသာ ေကာင္ေလးတစ္ေယာက္ရဲ႕
အခ်စ္ကလည္း အရင္လို တိတ္တိတ္ေလးပါပဲ ။
_________________________________
ဆက္ရန္ ...
1.2.2020
REN JO JO
_________________________________
အရင်နဲ့မတူ အချိန်ကြာလာတာသည်နှင့်အမျှ
တဖြေးဖြေးအရောင်ပြောင်းလာခဲ့တဲ့ ကောင်း
ကင်ကြီးကို ငေးမော့ကြည့်မိရင်း စူးစမ်းမိတဲ့
နှလုံးသားလေး ။ သိပ်ကိုမိုက်မဲခဲ့၏ ။
တိတ်တိတ်လေးပေါက်ဖွားပြီး တိတ်တိတ်လေး
သေဆုံးရမယ့် အချစ် ဗိုင်းရစ်ကို လူသိထင်ရှား
ဖြစ်အောင် ချပြခဲ့မိလို့ ။
" တောင်းပန်ပါတယ် ဟွန်း ငါမင်းကိုလိမ်ခဲ့မိတယ် "
အပြစ်ရှိသူလို ခေါင်းလေးငုံ့ကာ ဂျုံအင် ကိုယ့်ကို
ကိုယ်အပြစ်တင်မိတော့ဘတ်ခ်ဟွန်းမှာဝှီးချဲလေး
ပေါ်တွင် အပြုံးလေးတွေနှင့် ခေါင်းလေးကိုသာခါ
ရမ်းပြ၏ ။
" မလိုပါဘူး နီနီရာ ... မင်းမှာအပြစ်မှမရှိတာ
မင်းရော မမဒါယောင်းရော မားမားတို့ရောက
ငါ့အတွက် ငါဝမ်းနည်းမှာကိုကြောက်လို့မလိမ်
ချင်ဘဲ လိမ်ခဲ့ကြရတာပဲ ငါနားလည်ပါတယ် "
ရင့်ကျက်သွားတဲ့ ဘတ်ခ်ဟွန်း အပြောကြောင့်
ငုံ့ထားတဲ့ခေါင်းလေးကိုပြန်မော့ကာဘတ်ခ်ဟွန်း
အနားတွင်ရှိသောခုံတန်းလျားလေးပေါ်သို့ဂျုံအင်
ဆွေ့ခနဲ ဝင်ထိုင်လိုက်ကာ ...
" ဒါဆို မင်းငါ့ကိုတကယ်စိတ်မဆိုးဘူးပေါ့
ဟုတ်တယ်မလား ? "
တယ်လည်း ချစ်ဖို့ကောင်းတဲ့ ဘတ်ခ်ဟွန်း
စိတ်ဆိုးမှာကိုသိပ်ကြောက်တဲ့ဂျုံအင်လေး
ပါလေ ။
" အင်း .. တကယ် "
ခေါင်းလေးညိတ်ကာ ပြန်ဖြေပေးတော့ သွားလေး
တွေဖြီးကာ ရယ်ပြလာသော ဂျုံအင် ။ တကယ်ကို
ကလေးစိတ်မကုန်သေးတဲ့ကလေးဆိုးလေးရယ်ပါ
လေ ။
" ဘာတွေများပြောပြီးရယ်နေကြတာလဲ ဟင် !
ရယ်နေတဲ့အပျော်လေးတွေကို ဒီက အစ်ကို့ကို
လည်း နည်းနည်းပါးပါးပြန်ဝေမျှကြပါဦး "
ပန်းစည်းလေးကိုင်လျက် ဘတ်ခ်ဟွန်းနဲ့ဂျုံအင်တို့
ထိုင်နေရာခုံတန်းလျားလေးဆီသို့လျှောက်လာခဲ့သော
ဆယ်ဟွန်း ။
ဘယ်သူနဲ့မှ မတည့်တဲ့ ဂျစ်ကန်ကန် အကျင့်ရှိတဲ့
ဆယ်ဟွန်းတစ်ယောက်မှာ ငယ်ငယ်လေးတုန်းက
နဲ့မတူ ။ တက္ကသိုလ်ရောက်မှ ရေခဲတုံး ဖင်ခုထိုင်
သလို အေးစက်ကာ ကျောင်းစာကိုပဲစိုက်စိုက်မတ်
မတ်လုပ်တတ်တဲ့ ဘတ်ခ်ဟွန်းနှင့် ကျောင်းပြေး
လိုက် ၊ Shooting ပြေးလိုက် ၊ albumအသစ်အ
တွက် ကကွက်အသစ်တွေ လေ့ကျင့်လိုက်နဲ့ ဖင်
ယားလို့တောင်မကုပ်အားတဲ့ ဂျုံအင်တို့နှစ်ယောက်
နှင့် ငယ်သူငယ်ချင်းမခြား ။
ပြောမနာဆိုမနာသူငယ်ချင်းကြီးတွေဖြစ်သွားကြ
လို့နေသည်မှာ တခြားသူတွေအတွက်တော့ အတော်
စဉ်းစားရခက်သည့် ပုစ္ဆာတစ်ပုဒ်လိုပင် ။
သို့ပေမယ့်လည်း ဆယ်ဟွန်းနဲ့ ဘတ်ခ်ဟွန်းတို့
မှာတော့ သူတို့ဟာနဲ့သူတို့ အချင်းချင်း အဆင်
ကိုပြေလို့ ။
ဒါ့အပြင် ဆယ်ဟွန်းနဲ့ သူတို့နှစ်ဦးတို့ ခင်မင်မှု
စတင်ဖြစ်ပေါ်ပုံမှာအနည်းငယ်တော့ဆန်း၏ ။
အစကသူ့ကိုကြိုက်လို့ လိုက်ကပ်နေတယ်လို့
ဂျုံအင်၏ပေါက်ကရဆန်ဆန်တစ်ထစ်ချခန့်
မှန်းမှုချည်းနဲ့သတိထားမိခဲ့တဲ့ဆယ်ဟွန်းဟာ
တကယ်တမ်း သူတို့နှစ်ဦးနဲ့ သူငယ်ချင်းဖြစ်
သွားခဲ့တဲ့ အချိန်မှာတော့ ဘတ်ခ်ဟွန်းနဲ့ ရင်း
နှီးသော ရှောင်လုဟန်ဆိုသောဆရာဝန်လေး
ကိုကြိုက်နေမှန်းသိလိုက်ရသည် ။
ဘတ်ခ်ဟွန်းတစ်ယောက်မှာ သူ့ကိုမဟုတ် ။ သူ
အစ်ကိုအရင်း တစ်ယောက်လို ခင်တွယ်ရသော
လုဟန်ကို ပိုးပန်းချင်လို့ သူနဲ့သူငယ်ချင်းလာဖွဲ့
သောအဖြစ်မှန်ကိုသိလိုက်ရသည်နှင့် ပါးစပ်အ
ဟောင်းသားနဲ့အံ့သြခဲ့ရသလို ။
တစ်ချိန်တုန်းက တလွဲအမြင်တွေနဲ့ ဆယ်ဟွန်း
ကို ရှောင်ဖယ်နေခဲ့မိကြသည့် သူနဲ့ဂျုံအင်တို့၏
လုပ်ရပ်တို့ကိုပြန်မြင်ယောင်ပြီး သဘောကျကာ
ရယ်မောလို့မဆုံးနိုင်ခဲ့ချေ ။
" လက်ထဲကပန်းစည်းကို ကြည့်ရတာ ကျွန်တော့်
အတွက်တော့ မဖြစ်နိုင်ဘူး ဘာလဲ ထုံးစံအတိုင်း
အစ်ကိုလုဟန်ကို လာချော့တာပဲမဟုတ်လား အစ်
ကိုလုဟန် စိတ်ဆိုးသွားရအောင် စီနီယာ ဘာတွေ
သွားလုပ်လိုက်ပြန်ပြီလဲ ဟင် ဟိုကအရင်ကတည်း
က စိတ်ကလက်တစ်ဆစ်နဲ့ အရမ်းစိတ်ကြီးတဲ့သူ
ပါဆို .. စီနီယာ .. စီနီယာက Single မဟုတ်တော့
ဘူးနော် RSဖြစ်နေပြီ .. RSဖြစ်တာမှ ၁လတောင်
ပြည့်နေပြီ ဒါတောင်မိန်းကလေးတွေနဲ့ရှုပ်တာ မ
ရပ်နိုင်သေးဘူးလား ဟင် "
ဝှီးချဲပေါ်တွင် ခါးလေးထောက်ကာ ဆူပုတ်ပုတ်
မျက်နှာပေးနဲ့ အကြီးကို အကြီးပြန်လုပ်နေသော
ဘတ်ခ်ဟွန်း ။
အခု ဆယ်ဟွန်းချော့ရမယ့် လုဟန်နေရာမှာ
တခြားလူ တစ်ယောက်ယောက်သာ ဆိုရင်
ဘတ်ခ်ဟွန်း အခုလို ဆယ်ဟွန်းကို ဆူမည်
မဟုတ် ။
ဒါပေမယ့် အခုဟာက ဆယ်ဟွန်း လာချော့တဲ့
လူက တခြားလူမဟုတ် ။
မင်ယောင်းကြောင့် လှေကားပေါ်ကပြုတ်ကျပြီး
ထိခိုက်ခဲ့တဲ့ သူ့ကိုတာဝန်ယူခွဲစိတ်ပေးတဲ့ သူချစ်
တဲ့ မမဒါယောင်းရဲ့ကျောင်းနေဖက် ဒီဆေးရုံမှာ
အသက်အငယ်ဆုံးနဲ့ အတော်ဆုံး ဆရာဝန် ။
သူအစ်ကိုရင်းတစ်ယောက်လိုချစ်ရတဲ့ ဒေါက်တာ
ရှောင်လုဟန်လေ ။
သူ့ဘဝမှာ အတိုရဆုံးက အရာထဲမှာ သူ့အမေ ၊
သူ့တီလေး ၊ ဒါယောင်းနဲ့ ချန်းယောလ်အပြင် ။
လုဟန်ကလည်း တစ်စိတ်တစ်ဒေသပါဝင်သည် ။
သူ့အနားမှာ တောက်တက်လို့ ကပ်ပြီးနေနေတဲ့
အချိန်ပြည့် ဂျောင်ဆူးကိုပဲ သွားသွားပြီးပြေးချွဲ
တတ်တဲ့လူလည်ဂျုံအင်ကိုတောင် လုဟန်လောက်
သူ မတိုဘူး ။
ဒါတောင် လုဟန် ဆယ်ဟွန်းနဲ့ ချစ်သူဖြစ်သွားတဲ့
အချိန်မှာ သူ ခွဲစိတ်ပြီးပြီးချင်း သတိပြန်မလည်
လာသေးတဲ့ အချိန်မလို့ လုဟန်ကို ဆယ်ဟွန်း ရ
လိုက်တာ ။
ဘတ်ခ်ဟွန်းနဲ့လုဟန်က ဒါယောင်းမိတ်ဆက်လို့
စသိခဲ့ကြပေမယ့် ။ လုဟန်က သိပ်ကိုဖော်ရွေပြီး ၊
သဘောကောင်းပြီး ၊ နွေးထွေးတဲ့သူတစ်ယောက်
ဖြစ်တာကြောင့် ဘတ်ခ်ဟွန်းနဲ့အခုလိုမျိုးညီအစ်
ကို အရင်းတွေလို ချစ်ခင်မင် ရင်းနှီးသွားကြဖို့
အတွက် အချိန်သိပ်မကြာလိုက်ရပေ ။
ဘတ်ခ်ဟွန်း ဆူမှုကြောင့် ကြောင်လက်သည်း
ကုပ်သလိုငြိမ်ကုပ်နေတဲ့ ဆယ်ဟွန်းကို ဂျုံအင်
ကတော့ ဘတ်ခ်ဟွန်း နံဘေးကနေ အသံတိတ်
ကြည့်ကာ ကြိတ်ခိုး ပြုံးရယ်နေမိ၏ ။
ကျန်တဲ့အချိန်တွေမှာ ရေခဲတုံးတောင် အဖေပြန်
ခေါ်ရလောက်အောင် ရေငုံနှုတ်ပိတ်ကာငြိမ်သက်
နေတတ်တဲ့ ဘတ်ခ်ဟွန်းတစ်ယောက် ။
ပွစိပွစိလုပ်ပြီဟေ့ဆိုရင် ဂျုံအင်နဲ့ ဆယ်ဟွန်း
တို့ နှစ်ယောက်သား ဂွမ်းတစ်ထုပ်သာ အမြန်
ပြေးဝင်ရပြီသာ မှတ်ကြပေတော့ ။
" ဟွန်းလေး "
နာမည်ခေါ်သံလေးနဲ့အတူ ဘတ်ခ်ဟွန်း အရှေ့သို့
ရောက်လာခဲ့သော လုဟန် ။ လက်ထဲကပါလာတဲ့
စုပ်လုံးလေးကို ဘတ်ခ်ဟွန်း လက်ထဲသို့ထည့်ပေး
လိုက်ပြီး ။
" ဆေးသောက်ချိန်ရောက်ပြီ .. လာ ..
အစ်ကိုနဲ့အတူ အခန်းကိုပြန်ကြမယ် "
" ဟန် .. ပန်းစည်း "
ဘတ်ခ်ဟွန်း ဝှီးချဲလေးကို တွန်းပေးရင်းခြေလှမ်း
နှစ်လှမ်းသာ လှမ်းရသေးသည် ။ အနောက်ကနေ
သူ့လက်မောင်းလေးကိုလှမ်းဆုပ်ကိုင်ပြီး မျက်နှာ
အရှေ့ ထိုးပေးလာတဲ့ ဆယ်ဟွန်းရဲ့ပန်းစည်းလေး
ကို လုဟန်တစ်ချက်ကြည့်ပြီးမျက်နှာလွဲလိုက်လျက် ..
" မလိုချင်တဲ့ လူကို လာပေးနေမယ့်အစား
ငမ်းငမ်းတက်လိုချင်နေတဲ့လူတွေကို သွား
ပေးလိုက် ကုသိုလ်ရလိမ့်မယ် "
ပိုင်ရှင်မဲ့နေတဲ့ ပန်းစည်းလေးကို ရင်ဝယ်ပိုက်ထား
သော သူ့မျက်နှာကိုတစ်ချက်လေးတောင်မကြည့်
ဘဲ ကျောခိုင်းထွက်သွားခဲ့သောလုဟန်နောက်ကျော
လေးကိုငေးကြည့်ရင်း ဆယ်ဟွန်းလက်ထဲကပန်း
စည်းလေးကိုသာ တွေတွေလေးပြန်စိုက်ကြည့်မိ၏ ။
အချေအိုဆယ်ဟွန်းတို့ ရာဇဝင်မှာ ရှောင်လုဟန်
ဆိုတဲ့ သိပ်ချစ်ရတဲ့ သမင်ဆိုးလေးနဲ့မဆုံတွေ့ခင်
တစ်လျှောက်လုံး သူများတွေကိုပဲ သောက်ဖက်
တစ်စက်မှမလုပ်ဘဲ အပီအပြင်ချေလာခဲ့သမျှ ။
အခု ရှောင်လုဟန်နဲ့ချစ်သူဖြစ်မှပဲ လှလှပပကြီး
ကို ဝဋ်တွေပြန်လည်လို့ ။
_________________________________
နေအရှင်းကောင်းလို့ မိမိကိုတာဝန်ယူကုသပေး
သည့် လုဟန်ဆီကခွင့်ပြုချက်ရသည်နှင့် ဘတ်ခ်
ဟွန်း ဆေးရုံကဆင်းလာခဲ့သည်မှာ တစ်ပတ် တိ
တိရှိခဲ့ပြီ ။
ဘတ်ခ်ဟွန်း ဆေးရုံစဆင်းလာသည့် နေ့ကစပြီး
ဗြောင်နာရာမှာ သူမတို့ ညီအစ်မ နှစ်ယောက်ရဲ့
မွေးရပ်မြေ ဘူချွန်းက မိဘနှစ်ပါးဆုံးပြီးဆွေမျိုး
သားချင်းမရှိဘဲ တစ်ကောင်ကြွက်ဖြစ်နေရသော
ဘတ်ခ်ဟွန်းထက်အသက်တစ်နှစ်ငယ်ကာအမည်
' ဂျွန် ' ၊ မျိုးရိုး ' လီ ' ဖြစ်သည့် လီဂျွန်ဆိုသော
ကောင်လေးကို သူမရဲ့တစ်ဦးတည်းသောရှိသည့်
တူတော်မောင် ကူဖော်လောင်ဖက်ရရေးအတွက်
အကူအညီမဲ့နေတဲ့ ထိုကောင်လေးကို အိမ်ကိုခေါ်
လာခဲ့ပြီး မိမိ၏တူအရင်းမခြား သဘောထားကာ
စေတနာဖြင့် ကျွေးမွေးပြုစုစောင့်ရှောက်ထားပေး
လေသည် ။
ဂျွန်သည် သိပ်ကို လိမ္မာယဉ်ကျေးပြီး ကျေးဇူးသိ
တတ်သော ကောင်လေးဖြစ်သည် ။
စကားအပြောတတ်ပြီး အရိပ်အပါးလည်း
နားလည်၏ ။
ဘတ်ခ်ဟွန်းကို သူ့အစ်ကိုအရင်းတစ်ယောက်လို
သဘောထားကာဂရုစိုက်ပေးတတ်ပြီးအချိန်ပြည့်
ဘတ်ခ်ဟွန်း အနားမှာနေပြီး ဘတ်ခ်ဟွန်း ဘာ
လိုချင်သလဲ ။ ဘတ်ခ်ဟွန်း ဘာဖြစ်ချင်သလဲဆို
တာကိုပဲ အမြဲခန့်မှန်းနေတတ်တဲ့ ကောင်လေး
လည်းဖြစ်သည် ။
" အစ်ကိုလေးဗြောင် "
ဂျင်ဆင်းပြုတ်ရည် ပန်းကန်းလုံးလေးကို လက်
တစ်ဖက်က ကိုင်ပြီး လက်တစ်ဖက်က ကျောင်း
စာအုပ်လေးကိုကိုင်ကာ ခြံထဲက ဥယျာဉ်ထဲတွင်
လေညှင်းခံနေသောဘတ်ခ်ဟွန်းဆီသို့ အနောက်
က ကျားလိုက်လာတဲ့အလား ပြာပြာသလဲ ပြေး
လာသော ဂျွန် ။
" ဒါက ဘယ်လိုဖြစ်လာပြန်ရတာလဲ ဂျွန်လေး "
စိတ်လှုပ်ရှားရင် အလွဲလွဲအမှားမှားလုပ်တတ်ပြီး
အလျင်လိုလျှင်ပြာတတ်တဲ့ အကျင့်ဆိုးလေးတွေ
ရှိတဲ့ ဂျွန် ။
ပြုံးစစနဲ့မေးလာတဲ့ ဘတ်ခ်ဟွန်းကို သွားလေး
တွေအကုန်ပေါ်သည်အထိ ရယ်ပြလျက် လက်
ထဲက ကိုင်ထားတဲ့ မမှောက်တာဘဲ ကျေးဇူးအ
ထူးတင်ရမယ့် ဂျင်ဆင်းပြုတ်ရည်ပန်းကန်းလုံး
လေးကို ဘတ်ခ်ဟွန်း အရှေ့သို့ကမ်းပေးကာ ...
" တီတီလေးနာရာက မှာထားတယ် ဂျင်ဆင်း
ပြုတ်ရည်က အစ်ကိုလေးဗြောင်နဲ့တည့်တယ်
တဲ့ အခုမှ နေပြန်ကောင်းခါစပဲရှိသေးလို့ တစ်
နေ့ကို ဂျင်ဆင်းပြုတ်ရည်ကို မနက်တစ်ကြိမ်
ညတစ်ကြိမ် နှစ်ကြိမ်တိတိ သောက်ပေးရမယ်
တဲ့ ဒေါ်လေးဂျီအခုမှအိုးထဲကနေ ခပ်ထည့်ပေး
လိုက်တာ မအေးခင်လေး မြန်မြန်သောက်လိုက်
အစ်ကိုလေးဗြောင် ဒါမှအစ်ကိုလေးဗြောင် နေ
ပိုကောင်းပြီး အပြင်ထွက်ခွင့်မြန်မြန်ရမှာ ...... "
" ရော့ .. ရပြီလား "
စကားတွေပြောလို့မဆုံးနိုင်သေးတဲ့ဂျွန်ကိုကြည့်
ပြီး ဘတ်ခ်ဟွန်းပြုံးရင်းခေါင်းတခါခါရမ်းလျက်
သူ့ကိုကမ်းပေးသော ဂျင်ဆင်းပြုတ်ရည်ပန်းကန်
လုံးလေးကို လှမ်းယူပြီး နွေးနွေးလေးသာရှိတော့
သည့် ဂျင်ဆင်းပြုတ်ရည်တို့ကို တစ်ကျိုက်တည်း
မော့သောက်လိုက်ပြီး ဂျွန်လက်ထဲပန်းကန်လုံးလေး
ကို ပြန်ထည့်ပေးလိုက်ပြီး မေးတော့ .. သွားတိုက်
ဆေးအရောင်းမပျက်ဘဲ ခေါင်းလေးတဆက်ဆက်
ပြန်ညိတ်ပြတဲ့ ဂျွန် ။
လက်ထဲမှာလည်း သင်္ချာတွက်စာအုပ် တစ်အုပ်နဲ့ ။
ကြည့်ရတာ မတွက်တဲ့ပုစ္ဆာတွေ သူ့ကို မေးမလို့
ထင် ။
" အစ်ကိုလေးဗြောင် "
ဘတ်ခ်ဟွန်း အတွေးတို့ပင်မဆုံးသေး ။ အရှေ့
သို့စာအုပ်လေးထိုးပေးပြီး သွားလေးတွေဖြီးပြ
လာသော ဂျွန်မှာ စာအရမ်းတော်တဲ့ဘတ်ခ်ဟွန်း
ကို စံပြထား ဘတ်ခ်ဟွန်းလို စာတော်အောင် ဇွဲ
လုံ့လ အပြည့်နှင့် ကြိုးစားသော ကောင်လေးတစ်
ယောက်လည်းဖြစ်ပြန် ။
" ဟူးဟူးလေး "
ကြားရသော ခေါ်သံလေးကြောင့် ဂျွန်ကို စာရှင်းပြ
နေရမှာ အရှေ့ကို မျက်နှာတစ်ချက်မော့ကြည့်လိုက်
တော့ ။ တွေ့လိုက်ရသော မမဒါယောင်း ။
လက်ထဲမှာလည်း စျေးဝယ်အထုပ်နှစ်ထုပ်နဲ့ ။
ဘာလုပ်စားကြမလို့လဲမသိ ။
တဖန် စျေးဝယ်အထုပ် နှစ်ထုပ်ကိုမြောက်ပြကာ
သူ့ကို ပြုံးရယ်ပြနေသော ဒါယောင်း၏ အနောက်
၌ ထပ်တွေ့လိုက်ရသော ဘောင်းဘီအိတ်ထောင်ထဲ
လက်လေးတစ်ဖက်ထည့်၍ဆိုဒ်အပြည့်နဲ့လျှောက်
လာသော သူ့ရဲ့ ကိုကို ။ ချန်းယောလ် ။
" ဒါတွေကဘာတွေလဲ မမဒါယောင်း "
ဒါယောင်း လက်နှစ်ဖက်က ဆွဲထားတဲ့ အထုပ်
နှစ်ထုပ်ကို ဘတ်ခ်ဟွန်း လက်ညှိုးထိုးပြကာ
အမေးလိုက်ရာ ...
" ဒါလား BBQလုပ်စားကြဖို့လေ ဟူးဟူးလေးရဲ့
ဂျောင်ဆူးနဲ့လုဟန်တို့အတွဲနှစ်တွဲကညနေကျရင်
ရောက်လာကြလိမ့်မယ် .. မမနဲ့ ချန်းယောလ်က
BBQပါတီအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်
ရအောင်လို့ ဟူးဟူးလေးဆီအရင် ကြိုလာခဲ့တာ "
ထပ်ပြီး BBQ ။
သူတို့ဒီရက်ပိုင်းအတွင်း အမြဲလိုလို BBQလုပ်စား
ဖြစ်ကြသည် ။
ထိုသို့လုပ်စားဖြစ်ခြင်း၏အကြောင်းကလည်း
ဘတ်ခ်ဟွန်း၏အမေနဲ့တီလေးတို့ နှစ်ယောက်
မှာ အလုပ်နဲ့ နယ်ဘက်ကစက်ရုံတွေဘက်သွား
ကြည့်ရင်း အိမ်ပြန်လို့မရဘဲ နယ်မှာပဲညအိပ်ရ
တဲ့ နေ့တိုင်းမှာ ဒါယောင်းတို့ အုပ်စုတို့သည်
ဘတ်ခ်ဟွန်းအိမ်မှာ BBQလုပ်စားရင်း ဘတ်ခ်
ဟွန်းကိုညအိပ်ပြီးလာစောင့်ရှောက်ပေးကြခြင်း
ပင်ဖြစ်သည် ။
" ဂျွန်လေး ဘယ်လိုလဲ မမကို ကူလုပ်ပေးမလား "
" ဟုတ် မမဒါယောင်း "
" အားရီးဂူး ဂျွန်လေးကလိမ္မာလိုက်တာ
ဘေးနားက လဒနဲ့တော့ တခြားစီပဲ "
အတူတူလာခဲ့ကြတာ ဖြစ်ကြသော်လည်း ချန်း
ယောလ်တစ်ယောက် မကြားကြားအောင် လေ
သံကျယ်ကျယ်နဲ့ ရွဲ့စောင်းပြောလိုက်သော ဒါ
ယောင်းစကားကြောင့် ဂျွန် တစ်ယောက်တော့
ချန်းယောလ်မမြင်အောင် ပါးစပ်ကိုလက်ဖဝါး
လေးနဲ့အုပ်ကာ ကြိတ်ခိုးရယ်မိ၏ ။
ဒီလိုပါပဲ ။ သူဘတ်ခ်ဟွန်းအိမ်ကိုရောက်တာ
သိပ်မကြာသေးပေမယ့် ။ ဒါယောင်းနဲ့ ချန်း
ယောလ်တို့ သူငယ်ချင်း နှစ်ယောက်ကိုတော့
သူ အနည်းငယ်သတိထားမိသည် ။
ထိုသို့သူသတိထားမိသည့်အကြောင်းမှာလည်း
တခြားမဟုတ် ။
ဒါယောင်းဘက်က ဘယ်လောက်ပဲ ရွဲ့စောင်းပြီး
ပြောပြော ။ ချန်းယောလ်ဘက်မှ ဒါယောင်းကို
ဘာဆိုဘာမှပြန်ချေပစကားပြန်မဆို ။ ဒီအတိုင်း
နှုတ်ဆိတ်လျက်သာ ငြိမ်ခံပေးနေတတ်သည့်
အကြောင်းသည်သာ ။
သို့သော်လည်းချန်းယောလ်တစ်ယောက် ဒါယောင်း
ကို အဘယ်ကြောင့် ပြန်ချေပစကား မဆိုရခြင်း၏
အကြောင်းကိုတော့ ဂျွန်တစ်ယောက်မသိပေ ။
" လာ ... ဂျွန်လေး ... မမအနောက်လိုက်ခဲ့ ..
မမတို့ အသားတွေနဲ့ .. အသီးအရွက်တွေကို
ရေမိုးပြောင်စင်အောင်သွားဆေးကြမယ် "
" ဟုတ် .. ကျွန်တော့်ကို အထုပ်တွေ ပေး
မမဒါယောင်း ... ကျွန်တော်ကူသယ်ပေးမယ် "
" ကောင်းပြီ "
_________________________________
" လက်ဖက်ရည် သုံးဆောင်ပါဦး
အစ်ကိုလေး ချန်းယောလ်"
" ဟုတ်ကဲ့ ... ကျေးဇူးပါ ဒေါ်လေးဂျီ "
ဒေါ်လေးဂျီလက်ဖက်ရည်လာချပေးမှ တိတ်ဆိတ်
နေသည့်လေထုအတွင်း ကြားလိုက်ရတဲ့ ရှားရှားပါး
ပါး စကားသံလေး တစ်သံ ။
ဂျွန်နဲ့ဒါယောင်းတို့အိမ်ထဲဝင်သွားအချိန်ကစပြီး
ပထမဆုံးကြားရတဲ့စကားသံလို့ပဲ ပြောရမလား ။
နှစ်ယောက်သားဘေးချင်းယှဉ်ပြီးထိုင်နေကြသော်
လည်း လေထုမှာ အေးစက်၍ ငြိမ်သက်ကာ တိတ်
ဆိတ်လို့နေလျက်သား ။
ချန်းယောလ်ဘက်မှ စကားတစ်ခွန်းမှဟမလာ
သလို ။ ဘတ်ခ်ဟွန်းဘက်ကလည်း ဘာစကား
ဆိုဘာစကားမှမပြော ။
လက်ထဲက ဂျွန်ရဲ့သင်္ချာတွက်စာအုပ်လေးထဲက
ဂျွန်တွက်ထားတဲ့ သင်္ချာပုစ္ဆာတို့ကိုသာ မှန်မမှန်
အပျင်းပြေ ထိုင်စစ်ပြီးမှားနေသောနေရာတို့အား
မှင်နီလေးဖြင့်အမှန်ပြန်ပြင်ထားမိ၏ ။
" ဟွန်းငယ် "
ခေါ်သံလေးနဲ့အတူ သူ့ကြည့်နေသည့် သင်္ချာ
တွက် စာအုပ်လေး အပေါ်ရောက်လာခဲ့သော
အပြာရောင် နားကျပ်ဘူးလေး တစ်ဘူး ။
ကောက်ကိုင်ယူကြည့်လိုက်ပြီး ကိုကို့ မျက်နှာကို
သူ တစ်ချက်လှမ်းကြည့်လိုက်တော့ .. ကိုကိုမှာ
ဘာမှမရှိတဲ့ကောင်းကင်ပြာကြီးကိုသာအကြည့်
ပို့ထားလေရဲ့ ။
" ဒါယောင်းနဲ့စျေးဝယ်ထွက်ရင်း ဒီအတိုင်း...
လှလို့ဝယ်လာခဲ့တာ .. ကိုယ့်မှာကရှိပြီးသားမို့
ဟွန်းငယ်ပဲ သုံးလိုက် "
မနေ့တစ်နေ့က ဘတ်ခ်ဟွန်းနားကျပ်လေး ဝှီးချဲ
ဘီးနဲ့ ငြိပြီးပျက်သွားတာကိုသိလို့ ။ ဒါယောင်းနဲ့
ကုန်တိုက်ကို တကူးတကလိုက်သွားပြီး ဘတ်ခ်
ဟွန်းအတွက် နားကျပ်ကို သူကိုယ်တိုင်သေချာ
ရွေးပြီး ဝယ်ခဲ့တာလို့ ချန်းယောလ်စကားထဲထည့်
မပြောမိသလို ။
ဘတ်ခ်ဟွန်းအား ထိုအမှန်တရားကိုထုတ်ပြောပြဖို့
အလို့ငှာလည်း သူ့မှာအစကတည်းကရည်ရွယ်ချက်
မရှိပေ ။
" ကျေးဇူးတင်ပါတယ် ကိုကို "
ကနဦး အစအလား ပြန်လည်တိတ်ဆိတ်သွားသော
လေထု ။
တဒုတ်ဒုတ်နဲ့ ခုန်နေသော ရင်ခုန်သံတွေနဲ့အတူ
အသက်မဝင်ဘဲ ကိုယ်စီ ခေါင်းစဉ် အသီးသီးနဲ့
ငြိမ်သက်နေသော နှလုံးသားလေး နှစ်စုံ ။
ဘယ်တော့များမှ နီးစပ်ကြပြီး ထပ်တူထပ်မျှ
ရှိကြမှာတဲ့လဲ ။
ဒီလိုပါပဲ ။
နားကျပ်ဘူးထဲက နားကျပ်လေးကို ထုတ်ကြည့်
ပြီး ပြုံးနေသော ကောင်လေးကို မသိမသာလေး
ငေးကြည့်နေမိသော ကောင်လေးတစ်ယောက်ရဲ့
အချစ်ကလည်း အရင်လို တိတ်တိတ်လေးပါပဲ ။
_________________________________
ဆက်ရန် ...
1.2.2020
REN JO JO