Black Memory(U+Z)(Completed )
By naykyihtun
1.1M 75.2K 2.9K
ဘုန်းထွဋ်ခေါင်လျှံ နှိုင်းသုတလျှံ ဆောင်းရာသီတွေကုန်ဆုံးပြီးသွားရင် နွေရာသီကိုရောက်လာ မှာပဲ။ ငိုချင်နေရင်ငိုချလ... More
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခွငျး /အသိပေးခြင်း
Order Time
Author Heart
Hello
Extra 🛑
Part-33
14.3K 1K 18
By naykyihtun
Unicode
"တကယ်ကြိီး ဒီလိုအိပ်မှာလား"
"ဒီလိုမအိပ်လို့ ဘယ်လိုအိပ်မှာလဲ"
"အင်.. "
မောင့် ရင်ဘတ်ပေါ် ခေါင်းလေးတင်လို့ မှေးစက်ဖို့ အချိန်ကျရောက်ပြီ။ နွေးထွေးလုံခြုံ လွန်းတဲ့ ရင်အုပ်ကျယ်ဟာ
သူ့တစ်ဘဝလုံး ခံစားခဲ့ရတဲ့ အထီးကျန်မူနဲ့ ပြစ်တင်ဝေဖန် မူတွေကို မြုပ်နှံသွားစေပါသည်။
"အိပ်ပြီလား"
"မအိပ်သေးဘူး ဘာလိုလို့လဲ"
"ဟင့်အင့် မလိုပါဘူး"
မောင့်နှလုံးခုန်သံတွေဟာ ဆောက်တည်ရာမရ ခုန်ပေါက်
ပြေးလွှားနေတာကို နှိုင်းကြားနေရသည်။ ထို့ပြင် ငြိမ်သက် ကာ အသက်ရှူအောင့်ထားသလား ထင်ရအောင်မောင့် ခန္ဓာ ကိုယ်ဟာ တောင့်တောင့်လေး ဖြစ်နေပါ၏။
"အိပ်ပြီလား "
"အင်"
ဒီတစ်ခါထပ်မေးတော့ တိုးတိုးလေး ထွက်လာတဲ့မောင့်အသံလေး။ မောင့်မျက်နှာလေးကို ကြည့်ချင်လိုက်တာ။ ဘယ်လို
လုပ်ရမလဲ ။ ထိုစဉ် မောင့် လက်ချောင်းလေးတွေဟာ နှိုင်းရဲ့ ဆံပင်လေးတွေကို ဖွဖွလေး ပွတ်သပ်ပေးလာပါ၏။
ရုတ်တရက် မို့ နှိုင်း အသက်တောင်မရှူရဲစွာ
ငြိမ်နေလျှင် ခေါင်လေး က နှိုင်းရဲ့ခေါင်းကို နမ်းလိုက်ပြီး လက်နှစ်ဘက်ကိုဘေးချထားရာမှ ဖက်တွယ်လာ၏။
"ဘာမှလျှောက်တွေးမနေနဲ့ အိပ်တော့နော်"
နှိုင်း အိပ်မပျော်တာကို သိနှင့်စွာ ခေါင်လေးက မီးလေး မှိတ်ပေးပြီး ဆံနွယ်လေးတွေကို အဆက်မပြတ်တို့ထိပေး နေပါသည်။
"ဒီတိုင်း တစ်ညလုံးဆို မောင် ညောင်းနေလိမ့်မယ်"
"မညောင်းဘူး အဲ့ဒါကြောင့် အိပ်ပျော်အောင် အိပ်တော့နော်"
နှစ်ယောက်ထဲရှိသောအခန်လေးထဲ
တိုးဖွညှင်သာသော မောင့် အသံကြောင့် နှိုင်း ပြုံးလိုက်ပြီး ရင်ခွင်ကျယ်ထဲ လုံခြုံစွာ မျက်လုံးတို့မှေးမှိတ်လျက် အိပ်စက်လိုက်ပါ၏။
ရင်ဘတ်ပေါ် အငြိမ်မနေပဲ စကားတပြောပြောရှိနေသည့် နှိုင်းလေး ငြိမ်သွားသော်လည် မျက်လုံးတို့ မှိတ်မရသေးပဲ ကျန်ရှိနေတာက ခေါင်လေးပင်ဖြစ်တော့၏။ အရင်ချိန်တွေနှင့်
ဆန့်ကျင်စွာ ကဆုန်ပေါက်နေသော ရင်ခုန်သံကို သူခံစား နေမိသည်။ လူတစ်ယောက် ကို ချစ်ရတာက ဒီလို မျိုး စိတ်လှုပ်ရှားကြည်နူးမူကို ဖြစ်စေတာပါလား လို့ တွေးမိပြီး
နှိုင်းလေးကို ခေါင်းထောင်ကာ ကြည့်လိုက်ပြီး ပြုံးလိုက်မိ၏။ ထို့နောက် သူသည်လည်း မျက်လုံး တို့ မှိတ်ကာ အိပ်စက်ခြင်းဆီသို့ရောက်ရ်ှိသွားပါတော့သည်။ ပင်ပမ်းသွားပြီ ငှက်ကလေးတို့ အိပ်တန်းပြန်လို့ အနားယူချိန်ရောက်ပါပြီ။Goodnight။
.............
နှင်းရေစက်ရဲ့ အေးစိမ့်မူနဲ့အတူ မှုန်ဝါးဝါးထွက်ပေါ်နေတဲ့ နေရောင်ခြည်အလင်းတန်းအောက်မှာ တောင့်တင်းသော
ခန္ဓာ ကိုယ်နဲ့ ကောင်လေးဟာ ဒိုက်ထိုးလို့နေပါသတဲ့။ဘယ်လောက်တောင် ကျက်သရေရှိပြီး လှလိုက်တဲ့ မြင်ကွင်းဖြစ်မလဲ ။
မနက်အိပ်ယာနိုးနိုးချင်း အခန်းထဲမှာ
ခေါင်လေးမရှိတော့တာကြောင့် နှိုင်းလည်း ထော့နဲ့ထော်နဲ့ ဖြင့်သာ အခန်းအပြင်သို့ထွက်လာခြင်းဖြစ်ပါ၏။ ဤကဲ့သို့သောမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့ပေ။ အမြဲတမ်း အိပ်ယာထဖို့ ဆော်သြော်နေရသောမောင်က အခုတော့လည်း ဇွဲတွေကောင်းလွန်းနေတတ်ခဲ့လေပြီ။
"နိုးပြီလား။ ဒီအရှေ့မှာ ရေစည်ရှိတယ်နော်...ပြီးရင် မနက်စာ ပြင်ထားမှာမို့ လာခဲ့ပါ"
ညက အခန်ထဲဆေးယူလာပေးသော ကောင်မလေးဖြစ်ဟန်တူ၏။ အို...ဗမာစကားကောင်းကောင်းပြောတတ်တာပဲ။
နှိုင်းသည် ထိုကောင်မလေးအား ခေါင်ညိမ့်ပြကာ မောင့်ကို ကြည့်လိုက်ပြီး အနှောင့် အယှက်မဖြစ်စေရန် ရေစည်ဘက်သို့်
လှည့်ထွက်ခဲ့ပါ၏။မျက်နှာသစ်ဖို့ ရေခပ်စဉ်  အေးစိမ့်နေသော ရေတွေကို ထိမိသဖြင့် တွန်ဆုတ်သွားမိသည်။ ဟူး..လာရှိုးအေးတယ်ဆိုတာ ဒီကအေးတာကိုမမှီပါလား။
သို့သော်ငြား နှိုင်းသည် အောင်အီးကာ ရေတွေကိုခပ်လို့ မျက်နှာသစ်လိုက်ရ၏။
"ဟေး.. မပြေးနဲ့လေ..."
"ခစ်ခစ်... "
ထိုစဉ် ကလေးရယ်သံကို ကြားလိုက်ရတာမို့ ခေါင်းထောင်ကာ လှမ်းကြည့်လိုက်လျှင် မောင်က ပြေးနေတဲ့ ကလေးမလေးကို
လိုက်ဖမ်းရင်း ပြုံးရယ်လို့နေပါသည်။ လှပသော ရှူ့မငြီးဖွယ် ကြည်နူးပျှော်ရွှင်စရာပုံရိပ်ဟာ နှိုင်းရင်ကို အေချမ်းစေသလို
အံ့အားသင့်မူကိုလည်း ဖြစ်စေပါ၏။
"ပထမဦးဆုံး မြင်ဖူးတာပဲ"
ကျောလယ်လောက် ဆံပင်တွေကို ဒီအတိုင်းချထားလျက် အေးချမ်သောမျက်နှာပိုင်ရှင်ကောင်မလေးက နှိုင်းအနားသို့
ဘယ်ချိန်ကရောက်နေသည်မသိ ထိုမြင်ကွင်းကိုငေးလျက် ဆို၏။ နှိုင်း နားမလည်စွာကြည့်လျှင် သူမက ပြုံးပြလျက် ကလေးနှင့် ဆော့နေသော ခေါင်လေးဘက်သို့ပြန်လှည့်သွား
ပါသည်။
"သူနဲ့စသိတဲ့အချိန်ကစပြီး အခုချိန်ထိ ဒီလိုမျိုး ရယ်တာ ပထမဦးဆုံးပဲ"
ဘယ်လို စိတ်ဒဏ်ရာတွေ ပူပမ်မူတွေနဲ့ နေထိုင်ခဲ့ရသည်ကို သိရှိခဲ့ရပြီး ဖြစ်၍ နှိုင်းသက်ပြင်းသဲ့သဲ့သာချမိသည်။ ဒီထက်ပိုပြီးစောစောစီးစီး မောင့်ကို ရှာဖွေခဲ့သင့်တာပါ။
"မနက်အိပ်ယာထကတည်းက အစ်မကိုလဲ အလုပ်တွေ လုပ်ကူနေတယ် ကလေးလည်း ထိန်းကူနေတယ်။အဟင်း..တော်တော် စိတ်ချမ်းသာနေပုံရတယ်"
သူမကတော့ နှိုင်းကိုပြောပြနေသည်လား သူမဟာသူမ ပြောနေသည်လားမသိ စကားလုံးတို့ကိုသဘောကျစွာ
ရေရွတ်နေဆဲဖြစ်သည်။
"ဒီလောက် လှတဲ့အပြုံးတွေရှိတာကို သူဘာလို့မရယ်တာလဲ မသိဘူး။ သူ့ညီလေးရှေ့မှာတောင် ရယ်တာတစ်ခါမှမတွေ့ဖူးဘူး"
သူ့ညီလေး ဟုတ်သားပဲ။ စိုင်လျန်ကမောင်နဲ့ အတူတူနေတာဆို အခုကဘယ်မှာပါလိမ့်။
"သူ့ ညီလေးနဲ့ရော သိလား"
"သိတာပေါ့။ အစ်ကိုကို တော်တော်ချစ်တဲ့ကလေး။ ပြသာနာ လဲတော်တော်ရှာတယ်။ အခုတောင် ကျောင်းပြန်တတ်ချင်
တယ်ဆိုပြီး အတင်းပူဆာနေလို့ လားရှိုး ပို့ထားရတယ်လေ"
သူမပုံစံက မောင်တို့အကြောင်းကို တော်တော်ကြီး သိနေတဲ့ပုံဖြစ်သည့်အပြင် သဘောကောင်းသည့်ပုံစံမို့
နှိုင်း စပ်စုကြည့်ရန် ဆုံးဖြတ်လိုက်ပါ၏။
"သူတို့ညီအစ်ကိုနဲ့ ဘယ်လိုသိတာလဲဟင်"
သူမက အနဲငယ်စဉ်စားဟန် ပြုပြီး..
"ညကြီးမိုးချုပ် သေနတ်ဒဏ်ရာကြီးနဲ့ရောက်ချလာတာပဲ"
"ဘယ်လို!"
"ထင်တာတော့ တရုတ်ပြည်ထဲခိုးဝင်ရင်း အပစ်ခံရတာလားပဲ။ သူ့ခြေထောက်မှာ သေနတ်ဒဏ်ရာကြီးနဲ့လေ။ သူ့ညီလေးက ငိုယိုပြီး အစ်မကိုအကူအည်ီတောင်းလို့
တော်တော်ကြီး ကုလိုက်ရတယ်။ အဲ့ဒီနောက်တော့ဒီမှာပဲ အတူနေလုပ်ကိုင်စားသောက်ရင်းပဲနေဖြစ်သွားကြတာ သူ့အကြောင်း တစ်ခါမှ မပြောပြဖူးသလို မေးလည်း
ဖြေချင်တဲ့ပုံမဟုတ်လို့ အစ်မမမေးဖြစ်ဘူး"
"သြော်"
သေချာတာပေါ့ မောင်က စကားတွေအများကြီးထုတ်ပြောဖို့ ကြောက်ရွံ့တတ်သူပဲလေ။ သေနတ်မှန်ဖူးတယ်တဲ့လား။
ဒါကြောင့်မို့ သူ့အတွေ့အကြုံကိုပြန်ပြောပြဖူးသလိုဖြစ်နေခဲ့တာ ဘယ်လောက်တောင် နာကျင်ခံစားနေရလိမ့်မလဲမောင်ရယ်။
"ဒီကမောင်လေးကိုတော့ တော်တော် သံယောဇဉ် ရှိပုံရတယ်။ မနေ့ကဆို သူ့မှာ ရှေ့သွားလိုက်နောက်သွားလိုက်နဲ့
ပြာယာတွေခက်နေတာ"
ဒီစကားကိုတော့ သူမက ရယ်ကျဲကျဲဖြင့် ပြောခြင်းဖြစ်ပါ၏။ နှိုင်းသည်လည်း အနဲငယ် ပြုံးမိသွားသည်ကိုဝန်ခံပါသည်။
ငါ့ကို အခုချိန်ထိ သတိရနေပေးတာကို သိပ်ကျေးဇူးတင်ပါတယ်မောင်။
"ဘာတွေပြောနေကြတာလဲ"
မောင်က ကလေးမလေးကို ချီလျက် သူတို့နှစ်ယောက် ရပ်နေသည့်အနားသို့ရောက်လာပါ၏။ ဖူးပွင့်စနံနက်ခင်းမှာ
မောင်က ကျွန်တော့်အတွက် အလင်းရောင်လေးတစ်ခုပါပဲ။ ကျွန်တော့်ကမ္ဘာကို ထိန်လင်းမူတွေ ပေးဆောင်တယ်လေ။
"မင်း ဘယ်လောက် ကြောက်စရာကောင်းတဲ့အကြောင်း ပြောနေတာ"
နှိုင်းက ထိုသို့စလျှင် မောင်က အူလည်လည်လေးဖြင့် ရယ်ပါ၏။
"Baby "
သူမက လက်လှမ်းခေါ်လျှင် မောင့်လက်ထဲက ချစ်စဖွယ် ကလေးမလေးဟာ ပျော်မြူးလို့ လိုက်သွားပါသည်။
"မနက်စာ စားရအောင်"
"ဟုတ် မမဝေ လိုက်ခဲ့မယ်နော်"
မမဝေဆိုသူက ကလေးကိုချီလျက် ထွက်သွားပါလျှင် ခေါင်လေးက နှိုင်းကိုတွဲထိန်းပေးရင်း..
"တကယ်ကြီး ကျွန်တော် ကြောက်စရာကောင်းတဲ့အကြောင်း ပြောနေတာလား"
ဘာကိုစိတ်ပူနေသည်လည်း သေချာမသိပေမယ့် နှိုင်း  ကြောက်နေမည်ကို စိုးရိမ်သည်။ သူ ခုနောက်ပိုင်း တော်တော်ကြီး ကြမ်းတမ်းစွာနေထိုင်ခဲ့မိတာဖြစ်သည်။
"မောင်!"
"ဟင်း.. အင်..ပြောလေ"
"တောင်းပန်ပါတယ်"
"ဘာအတွက်တောင်းပန်နေတာလဲ"
"ဒီတိုင်း.. ဘာတွေပဲရှိခဲ့ရှိခဲ့ တောင်းပန်ချင်လို့"
နှိုင်းစကားကြောင့် ခေါင်လေးသည် သွားနေရာမှ ရပ်လိုက်ပြီး နှိုင်းကိုယ်လေးကို မျက်နှာချင်းဆိုင် ကြည့်လိုက်ကာ...
"ဒါဆိုရင် ကျွန်တော်လည်း တောင်းပန်ပါတယ်။ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ခွင့်လွှတ်ဖို့မထိုက်တန်ခဲ့ရင်တောင် တောင်းပန်
တာကိုတော့ လက်ခံပေးနော်"
နှိုင်းသည် နူးညံ့စွာပြုံးလျက် ခေါင်းညိမ့်ပါ၏။
"တောင်းပန်ပေးလို့ ကျေးဇူးတင်ပါတယ် ။ မောင့်ကို ရူရူးမူးမူး ကြွေနေတဲ့ကောင်မို့လို့ တောင်းပန်တာကို လက်ခံသလို ခွင့်လည်းခွင့်လွှတ်ပါတယ်"
သေချာပေါက် ခင်ဗျားကို ချစ်ခွင့်ပြန်ရခဲ့ပြီမို့ ကျွန်တော့် အတွက် ဘာမှမလိုအပ်တော့ပါဘူး။ဒီနေ့ကစပြီးသက်ဆုံးတိုင်ထိ ခင်ဗျားလက်ကို မလွှတ်တမ်းဆုပ်ကိုင် ထားတော့မှာ ယုံပါ။
"ကျေးဇူးတင်ပါတယ် နှိုင်းရယ်"
"မောင်လေးတ်ု့ိ ပြောစရာရှိတာ နောက်မှပြောကြ အခုအထဲ ဝင်လာတော့"
မမဝေ ၏ ထပ်မံလှုံ့ဆော်မူ့ကြောင့် ခေါင်လေးရောနှိုင်းပါ ရှက်ကိုးရှက်ကန်းလေး ဖြစ်သွားပြီး ထမင်းစား စားပွဲတွင် ဝင်ထိုင်လိုက်ကြပါသည်။
"ဟင်းတွေက များလိုက်တာ "
"များဆို တစ်ယောက်ယောက်က အသီးအရွက်နဲ့ အသား များများစားဖို့လိုအပ်တယ်လေ"
"ဘယ်သူလဲ နှိုင်းလား"
မမဝေ ပြောသည်ကို နှစ်ယောက်လုံး နားမလည်ဖြစ်လျှင်....မမဝေက နှိုင်းကို ကြည့်လျက်...
"ဘယ်လိုလဲ ဖြတ်ပေးရမလား"
ထိုအခါမှ နှိုင်းချက်ချင်းသဘောပေါက်သွားကာ ခေါင်းလေး တဆတ်ဆတ်ညိမ့်၏။
"ဒါဆိုရင် အစားများများစားရမယ်။ ပြီးရင်Dripချိတ်ရမယ်နော်"
"ဟုတ်ကဲ့"
"ဘာလဲ ကျွန်တော့်ကိုလည်းပြောကြအုံး"
မမဝေနဲ့နှိုင်းကိုကြည့်လျှက် ဘုမသိဘမသိဖြစ်နေသဖြင့် ခေါင်လေး မျက်နှာက ချက်ချင်းလိုပင် မျက်မှောင်ကြီးကြုတ်လို့
အိုဇာလာပါ၏။
သို့တိုင် နှိုင်းက ခေါင်းလေး မသိမသာယမ်းလို့် မမဝေအား အချက်ပြကာ အကူအညိီတောင်းလျှင် မမဝေးက ပြုံးပါ၏။
"ခြေထောက်မသက်သာမှာစိုးလို့ အားဆေးသွင်းရမယ်လို့ ပြောတာပါ ဘာမှမဟုတ်ဘူး"
"ဟုတ်တယ် "
နှိုင်းကပါ ဝင်၍ထောက်ခံချက်ပေးလျှင် ယုံတစ်ဝက်မယုံတစ်ဝက်နှင့် ခေါင်လေးက ဘာမှဆက်မမေးတော့ပဲ ဟင်းတွေသာ
နှိုင်း ပန်းကန်ထဲအပုံလိုက်ထည့်ပေးပါတော့သည်။
"တော်ပြီလေ.. ထမင်းတောင်မမြင်ရတော့ဘူး"
"မရဘူး များများစား အရမ်းပိန်နေတယ်သိလား။ ကျွန်တော်က ဖောင်းဖောင်းအိအိလေးမှ နမ်းချင်တာ"
"ဖူး!?"
"ဟဲ့! !!"
နှိုင်းတစ်ယောက် စားလက်စ ထမင်းလုပ် ထွက်ကျမလို ဖြစ်လျက် မမဝေက ထအော်စဉ် ကလေးက လက်ခုပ်လက်ဝါး
တီးလို့ သဘောတွေကျနေပါတော့သည်။ သို့သော်ငြားကာယကံပိုင်ရှင်ကြီးကတော့ ဘာမှမသိသလို အစားသာ
ဆက်လက်၍စားနေလေတော့သည်။
......
"သောက်တာ ကြာပြီလား"
"သုံးနှစ်နီးပါးလောက်တော့ရှိပြီ "
မမဝေက ဆေးသွင်းရန် ပြင်ဆင်နေရင်း မေးနေခြင်းဖြစ်၏။ ဒဏ်ရာကို ဆေးထည့်ပေးရင်း သေချာစစ်ကြည့်တော့ alcohol  အများအပြား သောက်ထားသည့် လက္ခဏာ ကို တွေ့ရှိရပါသည်။
" အိပ်မပျော်တာဖြစ်ဖြစ် ဝမ်မသွားတာဖြစ်ဖြစ် နေရခက်ရင် ပြောနော် ။ တစ်ပတ်လောက်ကတော့ တော်တော်ခံရလိမ့်
မယ်"
"ဟုတ်ကဲ့.. ဟိုလေ မောင် ...ဘုန်းထွဋ်ခေါင်လျှံ  ကို မပြောပါနဲ့နော်။ ကျွန်တော် အရက်စွဲနေတာသိရင် သူ စိတ်မကောင်းဖြစ်သွားလိမ့်မယ်"
နှိုင်း မျက်နှာငယ်လေးနဲ့ အသနားခံလျှင် မမဝေက ..
"ဟုတ်ပါပြီ.. ဒီလိုအခြေအနေမှာစိတ်မငြိမ်တာကြောင့် မသိစေချင်ရင် အတတ်နိုင်ဆုံး သတိထားပြီးနေနော် ဖြစ်နိုင်ရင် သူနဲ့ ဝေးဝေးနေသင့်တယ်"
"ဟုတ်ကဲ့"
မမဝေက နှိုင်းအား ဆေးချိတ်ပေးပြီးနောက်..
"ခဏမှေးနေလိုက် နော်... ဆေးကုန်ခါနီးလောက်ပြန်လာ ကြည့်ပေးမယ်"
"မမဝေရေ ဒီမှာ ကလေးချီးပါချနေပြီ!"
အတုံးလိုက်အတစ်လိုက်ဝင်ရောက်လာသောအော်သံကြီးကြောင့် မမဝေမှာ လန့်ဖျန့်လို့ နှိုင်းအား မျက်နှာလေး ရှုံ့မဲ့ပြပြီး အပြင်ပြန်ထွက်သွားပါ၏။ တကယ်မောင်ဟာလေ
ပြောချင်ရင် အဲ့လိုကြီး။ နှိုင်း ရယ်နေမိသည်။ အကယ်၍များ ကျွန်တော်နဲ့မောင့်ဆီမှာ ကလေးလေးရှိခဲ့ရင် ဘယ်လိုဖြစ်မလဲ။
အတွေးနဲ့ရူးခါသွားလောက်ပါ၏။ ကလေးတစ်ယောက်နဲ့ ဂျွန်းပစ်နေမည့်မောင့်ပုံစံက တော်တော်ချစ်စရာ ကောင်းနေလိမ့်မည်ဟုထင်ပါသည်။
"နှိုင်း နေသာရဲ့လား"
ထိုစဉ် ခေါင်လေးက အခန်းထဲဝင်လာပြီး မေးသဖြင့် နှိုင်း မျက်နှာလေး ခပ်မြန်မြန်ပင် တည်လိုက်ရပါ၏။
"အင်!! မမဝေက ဗမာစကားတော်တော်ပြော
တတ်တယ်နော်။ဒါပေမယ့် ဗမာနဲ့မတူဘူး"
"ဟုတ်တယ် သူက ရှမ်းတရုတ်လေ သုံးမျိုးတောင်ပြော တတ်တယ်။ ဗမာစကားပီတာက မန္တလေး ဇာတိမို့လို့....အိမ်ထောင်ကျပြီးမှ ဒီဘက်ရောက်လာတာ"
"ဒါဖြင့် သူ့အမျိုးသားရော"
"အရင်လကတည်းက ရှေ့တန်းထွက်သွားတာ ပြန်မရောက်သေးဘူး"
"သြော်!!"
နှိုင်း ဘာပြန်ပြောရမည်မသိ ငြိမ်သွားရတော့သည်။ မိသားစုနဲ့အတူတူမနေရတာကြောင့် လွမ်းဆွတ်မူတွေတော့
ခံစားရကြမှာပါပင်။ သို့တိုင် မောင်နဲ့ သူကတော့ အချိန်တွေ အကြာကြီး ဝေးခဲ့ရပြီးပြီမို့ ထပ်ပြီး ခွဲနေရမယ်ဆိုရင်
သူသေ သွားနိုင်လောက်ပါရဲ့။
"နှိုင်း အခုထိ ပတ်ထားတုန်းလား"
ဆေးချိတ်ထားသဖြင့် အထင်းသားမြင်နေရသော လက်ပတ်လေးကို ကြည့်ရင်း ခေါင်လေးက အသံလေးတွေတုန်ခါလျက်
ဆိုလာ၏။ နှိုင်းက အရှက်သည်းစွာ သွားလေးတွေစိလို့ရယ်လျှင် ခေါင်လေးက နှိုင်းလက်လေးကို ဆုပ်ကိုင်လိုက်ပြီး...
"အဲ့လောက်တောင်ပဲ ကျွန်တော့်ကို ချစ်တာလားဟင်"
"အဲ့ဒီထက်ကို ပိုပြီးတော့ ချစ်တာ"
မဆိုင်းမတွဖြေလာသော စကားအောက်ဝယ် ခေါင်လေးက နှုတ်ခမ်းလေးမဲ့ပြီး နှိုင်းမျက်ဝန်းလေးတွေကို စိုက်ကြည့်
လိုက်၏။
"ကျွန်တော်တို့ လက်ထပ်ရအောင်"
ဆွံ့အလျက် နှိုင်း ခေါင်လေး ကိုသာ မျက်ခုံးတွေပင့်ပြီး ကြည့်မိတော့သည်။ ဘယ်လိုတောင်အဆင့်တွေ ကျော်နေတာလဲ။
"နော် ကျွန်တော်တို့ လက်ထပ်မယ်လေ"
ဒီစကားတွေကို မောင့်ဆီကကြားချင်ခဲ့တာမှန်ပေမယ့် ကျွန်တော် အခုချိန်ကြားချင်နေတာ ဒီစကားမဟုတ်ဘူး။ ရုတ်တရက် နှိုင်းစိတ်တွေဘာဖြစ်လာသည်မသိ အရိုင်း
ဆန်သည့်ဘက်သို့ ရောက် လာပါသည်။ အရက်မသောက် ရတာ သုံးရက်လောက်ရှိသွားပြီမို့လို့ လက္ခဏာ ပြနေတာလားလဲ မပြောတတ်ပေ။
"မင်းကလေ အမြဲတမ်း မင်းလုပ်ချင်တာပဲလုပ်တယ်။ မင်းဖြစ်ချင်တာပဲသိတယ်။ တစ်ဖက်သားဘယ်လိုခံစားနေရ
လဲ ဘယ်တော့မှမတွေးပေးဘူး"
"ဟင် ကျွန်တော် ဘာမှားသွားလို့လဲ"
"ဘာမှားရမှာလဲ မင်းငါ့ကိုချစ်တယ်လို့တောင်မပြောသေးပဲနဲ့ လက်ထပ်ဖို့လုပ်နေတာလေ.. ငါတောင် မင်းကို ချစ်တယ်လို့
ပြောနေတာပဲ အနဲဆုံးတော့ မင်းလည်းငါ့ကို ချစ်တယ်လို့ ပြန်ပြောသင့်တယ်မလား။ အခုဟာကကွာ..ဘာလဲ မင်းက ကတိတည်တတ်တဲ့သူမလို့ ငါ့ကိုပေးထားတဲ့ကတိတည်ချင်တာလား"
ဒီလိုပြောချင်တာမဟုတ်ဘူး။ ကျွန်တော်စိတ်တွေ ထိန်းလို့ မရတော့ဘူး။ မမဝေရေ... မမဝေ..မဖြစ်ဘူး မမဝေကို ခေါ်ရမယ်... မောင့်ကို အနားကနေထွက်သွားခိုင်းမှဖြစ်မယ်။
"ကျွန်တော်!"
"သွား ဝေးဝေးသွားနေ မင်းကိုမမြင်ချင်ဘူး"
ဟင့်အင်း...အနားမှာပဲနေပေးပါ။ အဲ့လိုမဟုတ်ဘူး။ အာ..ဘာတွေဖြစ်နေတာလဲ ။
"နှိုင်း "
"မခေါ်စမ်းဘာနဲ့"
စိတ်နဲ့လူနဲ့ဟာ သိပ်မကပ်ချင်သလို မျက်လုံးတွေဟာ ဟိုဒီရွေ့ရှားလာသည်မို့ နှိုင်းတစ်ခုခု ဖြစ်နေပြီဆိုတာကို ခေါင်လေးသဘောပေါက်လိုက်ပါသည် ။ ထို့အတူ နှိုင်းက
ဆေးအပ်ကို ဆွဲဖြုတ်ဖို့ကြံနေသဖြင့် ခေါင်လေးကနှိုင်း လက်တွေကို ချုပ် ​​လို့ အပေါ်ကနေ တတ်ခွကာ ချုပ်ထားလိုက်၏။
"လွှတ် ငါ့ကို လွှတ် ဖယ်ကြစမ်း!"
"ကျွန်တော့်ကိုကြည့် "
"လွှတ် ငါ့ကို လွှတ်"
"မောင့်ကို ကြည့်လို့ပြောနေတယ် နှိုင်း "
"ဖယ် ငါကို မဖိနဲ့ နာတယ်။ လုပ်ကြပါအုံး ကျွန်တော့်ကို ဝိုင်းရိုက်နေလို့"
"မောင့်ကို ကြည့်ပါဦး နှိုင်းရယ် မောင်တောင်းပန်ပါတယ်"
ကယောင်ကတမ်းနဲ့ ဘာတွေအော်နေသည်မှန်း မသိ။ ခေါင်လေးသည် အဖြစ်အပျက်ကို နားလည်လာသလို ရှိလာကာ ရုန်းကန်အော်ဟစ်၍မျက်ရည်တွေကျနေသော
နှိုင်းအား တွေဝေစွာ ငေးစိုက်ကြည့်နေမိ၏။ထို့နောက် အဆက်မပြတ်ရေရွတ်နေသော နှုတ်ခမ်းတွေကို ဖိကပ် နမ်းရှိုက်လိုက်ပါသည်။ သို့သော်ငြားနှိုင်း က အနမ်းမခံပဲ
ရှောင်ပါလျှင် မျက်နှာတစ်ပြင်လုံးသို့ အနမ်းမိုးဖြန့်ကျဲလျက် နားရွက်ဖျားလေးတွေပါမကျန် ရွာသွန်းစေလိုက်ပါသည်။
ရှောင်လေ ပိုဖိနမ်းလေ ဖြစ်သဖြင့် ရုန်းနေသော နှိုင်းလက်တွေ အားအင်မဲ့ကာ ငြိမ်သက်သွားပြီးနောက် မျက်လုံးအဝိုင်းသားလေးဖြင့် သတိပြန်ဝင်လာပါတော့သည်။
ှုနှိုင်း ငြိမ်သွားသည်နှင့် ခေါင်လေးသည်လည်း အနမ်းတို့ကို ရပ်တန့်လိုက်ကာ....
"ချစ်တယ် ကျွန်တော် နှိုင်းကိုချစ်တယ် အရမ်းချစ်တယ်။ ချစ်တယ်လို့ ကြားရဲ့လား ကျွန်တော်ခင်ဗျားကို ချစ်တယ် လို့ ပြောနေတာ"
မျက်ဝန်းက မျက်ရည်ကြည့်တစ်ပေါက် လှိမ့်ဆင်းသွားရပြန်၏။ နှစ်တွေအကြာကြီး နေမှ ကြားခွင့်ရခဲ့သောဤစကားတစ်ခွန်းသည် နှိုင်းအတွက်တော့ တန်ဖိုးမဖြတ်
နိုင်သည့်ရတနာ တစ်ခုဖြစ်ပါ၏။
"မငိုနဲ့ ကျွန်တော့်ကြောင့် ခင်ဗျား ဘယ်တော့မှထပ်မငိုပါနဲ့"
"အခုက ပျော်လွန်းလို့ ကျလာတာပါ မောင်ရဲ့"
မျက်ရည်တွကို သုတ်လျက် နှိုင်းပြောလိုက်လျှင် ခေါင်လေးက နှိုင်းရဲ့လက်ကို ဖမ်းကိုင်ကာ ...
"အချစ်ရဲ့ မျက်ရည်တွေကို မောင့်အနမ်းနဲ့
ပျောက်သွားအောင် လုပ်ပေးမယ်"
မောင် အခု သူ့ကို ဘယ်လိုခေါ်လိုက်တာလဲ။
"အချစ်!!"
နှုတ်ဖျားမှ စကားလုံးတို့ဆုံးအောင်ထွက်ကျမလာမီ စွဲမက်ဖွယ်ရာ နှုတ်ခမ်းတစ်စုံက ဖလှယ်ယှက်သွယ်လို့လာ နေလေပြီ။ မွတ်သိပ်စွာသော အနမ်းတွေမှာ နှစ်သက်မူ၊
မြတ်နိုးမူး၊လွမ်းဆွတ်မူ၊တမ်းတမူ၊ဝမ်းနည်းမူ၊ ပျော်ရွှင်မူတွေ ပေါင်းစပ်ပါဝင်လို့နေ၏။ အချစ်ဆိုသည်မှာအံ့သြမူနဲ့ဆန်း
ကျယ်သောအရာဟူသည့်တိုင် နားလည်ဖို့ရန်လည်း သိပ်ခက်ခဲ၏။
တကယ်လို့သာ တစ်စုံတစ်ယောက် က နှိုင်းကို အရက်ဖြတ်ရတာ ခက်သလားလို့မေးပါလျှင် နှိုင်းကတော့ မောင့်အနမ်းတွေဆီမှာ ယစ်မူးသွားခြင်းက ပို၍ ဖြတ်ရတာခက်သည်ဟု ဖြေပေလိမ့်မည်။
.......
Love you all💚💚💚
...................................................................
Zawgyi
"တကယ်ကြီး ဒီလိုအိပ်မှာလား"
"အင်.. "
"အိပ်ပြီလား"
"ဟင့်အင့် မလိုပါဘူး"
"အိပ်ပြီလား "
"အင်"
ပါ၏။
နေပါသည်။
.............
မြင်ကွင်းဖြစ်မလဲ ။
မျက်နှာသစ်လိုက်ရ၏။
"ဟေး.. မပြေးနဲ့လေ..."
"ခစ်ခစ်... "
ပါသည်။
ပထမဦးဆုံးပဲ"
ရေရွတ်နေဆဲဖြစ်သည်။
မတွေ့ဖူးဘူး"
"သူ့ ညီလေးနဲ့ရော သိလား"
"ဘယ်လို!"
"သြော်"
ပြာယာတွေခက်နေတာ"
တယ်မောင်။
"ဘာတွေပြောနေကြတာလဲ"
ပြောနေတာ"
ရယ်ပါ၏။
"Baby "
"မနက်စာ စားရအောင်"
ပြောနေတာလား"
"မောင်!"
"ဟင်း.. အင်..ပြောလေ"
"တောင်းပန်ပါတယ်"
လက်ခံသလို ခွင့်လဲခွင့်လွှတ်ပါတယ်"
ထားတော့မှာ ယုံပါ။
"မောင်လေးတ်ို့ ပြောစရာရှိတာ နောက်မှပြောကြ အခုအထဲ
ဝင်လာတော့"
"ဟင်းတွေက များလိုက်တာ "
"ဘယ်သူလဲ နှိုင်းလား"
တဆတ်ဆတ်ညိမ့်၏။
နော်"
"ဟုတ်ကဲ့"
အိုဇာလာပါ၏။
အချက်ပြကာ အကူအညီတောင်းလျှင် မမဝေးက ပြုံးပါ၏။
"ဟုတ်တယ် "
"ဖူး!?"
"ဟဲ့! !!"
......
"သောက်တာ ကြာပြီလား"
မယ်"
"ဟုတ်ကဲ့"
ကြည့်ပေးမယ်"
"နှိုင်း နေသာရဲ့လား"
သေးဘူး"
"သြော်!!"
ပြီး...
လိုက်၏။
ကြည့်မိတော့သည်။ ဘယ်လိုတောင်အဆင့်တွေ
ကျော်နေတာလဲ။
ပြန်ပြောသင့်တယ်မလား။ အခုဟာကကွာ..ဘာလဲ မင်းက
တာလား"
"ကျွန်တော်!"
အာ..ဘာတွေဖြစ်နေတာလဲ ။
"နှိုင်း "
"မခေါ်စမ်းဘာနဲ့"
လိုက်၏။
"ကျွန်တော့်ကိုကြည့် "
"လွှတ် ငါ့ကို လွှတ်"
ဝိုင်းရိုက်နေလို့"
ရပ်တန့်လိုက်ကာ....
လို့ ပြောနေတာ"
"အချစ်!!"
သိပ်ခက်ခဲ၏။
ဖြေပေလိမ့်မည်။
...................
Love you all💚💚💚
Continue Reading
You'll Also Like
423K 25.9K 43
[ Zawgyi ] ---------------- မဆုံသင့်တဲ့လူသားနှစ်ယောက်ကိုဆုံစေခဲ့တဲ့ကံကြမ္မာဟာ ......... ဘာဖြစ်စေချင်လို့ပါသလဲ ??? မဆုံနိုင်ခြင်းတို့ခြားနားထားတဲ့လူ...
1.1M 66.5K 58
သူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပ...
151K 14.6K 27
ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။
101K 5.3K 15
ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ဇာတျလမျးပါအကွောငျးအရာမြားသညျ စာရေးသူ၏ စိတျကူးယဉျသကျသကျသာ ဖွဈသညျ။