|| FLY AWAY : BEAUTIFUL ||《CO...

By Sariomine

300K 40.1K 3.6K

CHANBAEK FAN FICTION [ UNICODE + ZAWGYI ] More

FA:B [ 01 ]
FA:B [ 02 ]
FA:B [ 03 ]
FA:B [ 04 ]
FA:B [ 05 ]
FA:B [ 06 ]
FA:B [ 07 ]
FA:B [ 08 ]
FA:B [ 09 ]
FA:B [ 10 ]
FA:B [ 11 ]
FA:B [ 12 ]
FA:B [ 13 ]
FA:B [ 14 ]
FA:B [ 15 ]
FA:B [ 16 ]
FA:B [ 17 ]
FA:B [ 18 ]
FA:B [ 19 ]
FA:B [ 20 ]
FA:B [ 21 ]
FA:B [ 22 ]
FA:B [ 23 ]
FA:B [ 25 ]
FA:B [ 26 ]
FA:B [ 27 ]
FA:B [ 28 ]
FA:B [ 29 ]
FA:B [ 30 ]
FA:B [ 31 ]
FA:B [ 32 ]
FA:B [ 33 ]
FA:B [ 34 ]
FA:B [ 35 ]
FA:B [ 36 ]
FA:B [ 37 ]
FA:B [ 38 ]
FA:B [ 39 ]
FA:B [ 40 ]
FA:B [ 41 ]
FA:B [ 42 ]
FA:B [ 43 ]
FA:B [ 44 ] ( Final )
FA:B Season - 2 ?
FA:B S2 Here

FA:B [ 24 ]

6.6K 977 30
By Sariomine


မုန္းဖို႔ေမ့ဖို႔ ႀကိဳးစားေနေသာ ႏွလုံးသားေလး
ေဆးစြဲေနတယ္ ။

ေဆးသုံးစြဲမႈမ်ားလြန္းလို႔ မခ်စ္ဖို႔ရပ္တန့္လို႔မရ ။

တစ္ေန႕တစ္ျခား အခ်စ္ေတြသာ ပိုပိုတိုးလာတာ
ေၾကာင့္ နာက်င္မႈတို႔မွာ မခ်ိမဆံ့ ။

သူ႕အတြက္ ကိုကိုကေတာ့ တကယ္ပဲ ျဖတ္မရတဲ့
သုံးၿပီးရင္းသုံးခ်င္ ။ စြဲၿပီးရင္းစြဲေနခ်င္တဲ့ မူးယစ္
ေဆးလို ။

ခ်စ္ၿပီးရင္းခ်စ္ခ်င္ ။ မုန္းလို႔မရနိုင္ ။

အရမ္းကိုေမ့ေပ်ာက္ပစ္လိုက္ခ်င္တဲ့ လူတစ္ေယာက္ ။

" မားမား "

ဘတ္ခ္ဟြန္း သူ႕အတြက္ ပန္းသီးအခြံခြာေပးေနေသာ
အေမ့မ်က္ႏွာေလးကို ေသခ်ာေလးစိုက္ၾကည့္မိသည္ ။

သူ႕ေခၚသံေလးကိုေမးေလးဆက္ျပကာ တုံ႕ျပန္ေပး
တဲ့ ျဖဴဖပ္ျဖဴေရာ္ႏွင့္အားနည္းေနသလိုလိုထင္လာ
ရေသာ သူ႕အေမမွာအရင္ႏွင့္မတူ ။ မ်က္ႏွာအသြင္
အျပင္မွာ ေနမေကာင္းတဲ့ လူမမာတစ္ေယာက္နီးနီး
ျဖစ္လို႔ေနတာေၾကာင့္ ႐ုတ္တရက္ဆိုသလို သူစိုးရိမ္
စိတ္တို႔ျဖစ္ေပၚလာမိသည္ ။

" ေနမေကာင္းဘူးလား မားမား "

" အဟင္း .. မဟုတ္တာ .. ဘယ္ကသာ .. မားမား
ေနေကာင္းပါတယ္ သားရဲ႕ .. သားရဲ႕မားမားက
ေဒါင္ေဒါင္ျမည္ျမည္ႀကီး "

အေျခာက္တိုက္ထရယ္ကာ သူ႕ကို အၿပဳံးေတြျဖင့္
သာ ျပန္ေျဖေပးေနေသာ သူ႕အေမ ေခါင္း၌ ဝတ္
ထားေသာ အနီေရာင္သိုးေမြးဦးထုပ္ႀကီးျမင္ေနရ
တာကို သူသေဘာက်မေနေပ ။

" အဲ့သိုးေမြးဦးထုပ္ႀကီးကိုမေဆာင္းထားပါနဲ႕လား
မားမား ... သားမႀကိဳက္ဘူး "

ေခါင္း၌ေဆာင္းထားတဲ့ သိုးေမြးဦးထုပ္ကို လက္
ညွိုးေလး ထိုးျပၿပီး ႏႈတ္ခမ္းေလးဆူကာေျပာေန
ေသာ သားရဲ႕ကေလးဆန္ပုံေလးကိုၾကည့္ၿပီးသား
လက္ထဲ ပန္းသီးအစိတ္ေလးထိုးထားတဲ့ ခရင္းဇြန္း
ေလးကို သူမ ထည့္ေပးလိုက္ကာ ...

" သားေလးမႀကိဳက္ေပမယ့္ မားမားႀကိဳက္တယ္
ေလ သားရဲ႕ "

အၿပဳံးေလးေတြျဖင့္ေျပာေသာ သူမ စကားအဆုံး
ဘတ္ခ္ဟြန္း ပန္းသီးအစိတ္ေလးကိုပါးစပ္ထဲထိုး
ထည့္ၿပီးဝါးစားရင္း ႏႈတ္ခမ္းေလးကို မရမကဆူ
ဆူျပေလသည္ ။

သေဘာကေတာ့ သူ မႀကိဳက္တဲ့ အဲ့ဦးထုပ္ႀကီးကို
ဆက္ဝတ္ျပထားတဲ့ သူ႕အေမကိုစိတ္ဆိုးတယ္ေပါ့ ။

" အေထာ္လြန္လြန္းလို႔ မားမားရဲ႕ပါးကို အဲ့ဒီ
ဘဲႏႈတ္သီးေလးနဲ႕ လာထိုးမိေတာ့မွာပဲ "

ၿပဳံးၿပဳံးႏွင့္ ႐ြဲ႕ေစာင္းေျပာလာေသာ သူမကို
ခ်စ္စရာမ်က္ေစာင္းေလးေတြႏွင့္ ျပန္ထိုး
ပစ္လ်က္ ...

" အခုတေလာ မားမား အလုပ္မသြားပါလား
ကုမၸဏီမွာ ဘာျဖစ္လို႔လဲ မားမား"

" ဘာမွမျဖစ္ပါဘူး သားေလးရယ္ ... ဒီအတိုင္း
မားမားနားခ်င္လို႔ .. သားေလးရဲ႕တီေလးကို မား
မားရဲ႕ CEOေနရာလြဲေပးလိုက္ၿပီး ကုမၸဏီကိုအပ္
လိုက္တာ "

" ဟင္ ! ... ႐ုတ္တရက္ႀကီးပါလား မားမား "

" မားမားက သားေလးရဲ႕တီေလးကို ကုမၸဏီကို
လြဲေပးဖို႔ အစကတည္းက စဥ္းစားၿပီးသားရယ္
သားေလးရဲ႕တီေလးက လုပ္ငန္းသေဘာသဘာ
ဝေတြကိုသိပ္နားမလည္ေသးလို႔ မလြဲေပးပဲေနခဲ့
တာ အခုသားေလးရဲ႕ တီေလးကလုပ္ငန္းသေဘာ
သဘာဝေတြကို အကုန္နားလည္ၿပီး သိကြၽမ္းသြား
ခဲ့ၿပီေလ ေနာက္ၿပီး မားမားလည္း နားခ်င္တာနဲ႕
သားေလးေျပာသလို ႐ုတ္တရက္ႀကီး ကုမၸဏီကို
လြဲေပးလိုက္တာ "

" အာ .. "

ပါးစပ္ေလးဟကာ ေခါင္းေလး တဆက္ဆက္
ညိတ္ေနေသာသားငယ္ကိုၾကည့္ၿပီး သူမၿပဳံးမိ
သည္ ။

ဘယ္အခ်ိန္ ႏႈတ္ဆက္သြားရမလဲ မသိေပမယ့္
သူမ၏သားငယ္ေလးအနားမွာ ေျခတစ္ဖြားမွမ
ကြာဘဲေနခ်င္မိသည့္မွာ သူမ၏ ခံစားေနရေသာ
ေရာဂါရဲ႕ေဝဒနာဒဏ္တို႔ကို အန္ႀကိတ္တင္းခံရင္း
မ်က္ႏွာျပင္ထက္ သူမ၏သားငယ္အတြက္ သီး
သန့္ ပြင့္လန္းေသာ အၿပဳံးပန္းေတြ မညွိုးႏြမ္း မ
ေပ်ာက္ပ်က္ေအာင္ ဟန္ေဆာင္ေနရသည္မွာ သူမ
အတြက္ သိပ္ကိုခက္ခဲၿပီး ပင္ပန္းလွလြန္းသည္ ။

" ဒီမွာ သားေလးအတြက္ "

လက္ထဲ အေမလာထည့္ေပးေသာ စုပ္လုံးေလး
ကို ငုံ႕ၾကည့္ရင္း ဘတ္ခ္ဟြန္း မ်က္ႏွာျပင္ထက္
မွအၿပဳံးပန္းေလးေတြမွာ သိသိသာသာ တေျဖး
ေျဖးျပယ္လြင့္သြားခဲ့သည္ ။

တင္းတင္းေလး ဆုပ္ကိုင္ထားမိေသာ လက္ထဲက
သက္မဲ့ျဖစ္ေသာ စုပ္လုံးေလးကို လက္မေလးျဖင့္
ပြတ္ရင္း အမွတ္ရမိေသာ အတိတ္မွ သူ ကိုကို႔ကို
တစ္ရက္ေတာင္ မပ်က္ကြက္ဘဲ ေန႕တိုင္း စုပ္လုံး
ေလးေတြေပးၿပီး အေနာက္ကေနအၿမဲတေကာက္
ေကာက္လိုက္ခဲ့မိတဲ့ ခ်စ္စရာေကာင္းလြန္းေသာ
အတိတ္ေလး ။

အခုေတာ့ နာက်င္ျခင္းတို႔ စီျခယ္ထားတဲ့ ပစၥဳန္ပၸန္
မွာ သူ႕အတြက္ အနာက်င္ရဆုံး ၊ အေမွာင္ထုထဲ နစ္
ျမႇုပ္လို႔သြားခဲ့ၿပီျဖစ္ေသာရင္အနာရဆုံးအမွတ္တရ
ေလးတစ္ခုအျဖစ္ ထင္က်န္ရစ္လို႔ေနခဲ့ၿပီ ။

တစ္ပတ္ရွိၿပီ ။

သူ သတိျပန္ရလာတဲ့ေန႕ကစၿပီး သူ႕လက္ထဲကို
နည္းအမ်ိဳးမ်ိဳးနဲ႕မတူညီတဲ့လူေတြဆီကေနတစ္
ဆင့္ခံၿပီး သူ႕လက္ထဲကို စုပ္လုံးေလးေတြေရာက္
ေရာက္လာခဲ့တာ ။

အခုဆို ခုနစ္ရက္ ၊ တစ္ပတ္ဆိုတဲ့ ရက္အေရ
အတြက္လို စုပ္လုံးေလး ခုနစ္လုံး ရရွိခဲ့ၿပီးၿပီ
ျဖစ္၏ ။

တိုက္တိုက္ဆိုင္ဆိုင္ပဲလား ။

သူထင္ေနသလို သူ႕တုန္းကလိုမ်ိဳး တစ္စုံတစ္
ေယာက္တည္းကပဲသူ႕ကိုရည္ၫႊန္းၿပီး မတူညီ
တဲ့လူေတြနဲ႕ေပးခိုင္းတာပဲလားဆိုတာကို သူ မ
ေျပာတတ္ေပမယ့္ ။

သူ႕လက္ထဲေရာက္လာတဲ့ သူရထားတဲ့စုပ္လုံးေလး
ေတြကိုေတာ့ သူမစားရက္ဘဲ ဖန္ဘူးအၾကည္ေလး
ထဲထည့္၍အျမတ္တနိုးႏွင့္သိမ္းဆည္းထားမိသည္ ။

" မားမား "

" ဟင္ .. ေျပာေလ .. မားမားရဲ႕သားေလး "

" သား ဘယ္ေန႕ေလာက္လမ္းျပန္ေလွ်ာက္လို႔
ရနိုင္ၿပီလဲ .. သားလမ္းျပန္ေလွ်ာက္ခ်င္ေနတာ
တစ္ပိုင္းကိုေသေနၿပီ မားမားရဲ႕ "

လူ႕မ်က္ႏွာရိပ္မ်က္ႏွာကဲအဖတ္မေတာ္ေပမယ့္ ။
သူ လမ္းေလွ်ာက္ဖို႔ေျပာလိုက္တိုင္း သူ႕မားမားမွ
မဟုတ္ ။ ဂ်ဳံအင္ႏွင့္ ဒါေယာင္းအပါအဝင္ အစစ္
အေနနဲ႕ သူ႕ရဲ႕တီေလးေျဗာင္နာရာတစ္ေယာက္ပါ
အပါ ။ အၿမဲလိုလို ဘာစကားမွျပန္မေျပာေတာ့ဘဲ ။
မ်က္ႏွာပ်က္၍ ႏႈတ္ဆိတ္လ်က္ေခါင္းငုံ႕ငုံ႕သြားၾက
သည္ကို သူ ေကာင္းေကာင္းႀကီး ရိပ္မိလာသည္ ။

သို႔ေပမယ့္လည္း ထိုသို႔ျဖစ္ရေသာ အေၾကာင္း
အရင္းကိုေတာ့ သူ အခုအခ်ိန္ထိ မခန့္မွန္းနိုင္ခဲ့
ေသး ။

အခုအခ်ိန္ သူ႕ေခါင္းထဲမွာရွိတာ ႏွစ္ခုပဲ ။

ပထမ .. သူ ကိုကို႔ကိုေတြ႕ခ်င္တယ္ ။

ဒုတိယ .. သူ လမ္းအျမန္ျပန္ေလွ်ာက္ခ်င္တယ္ ။

လူနာအခန္းနံပါတ္၆၁၄တြင္ ကုတင္ေခါင္းရင္း
ေလးကို ေက်ာမွီကာ အေမခြံ႕ေကြၽးေသာ ၾကက္
စြပ္ျပဳတ္ေလးကိုေသာက္ရင္းလက္ထဲကစုပ္လုံး
ေလးကိုလက္မေလးျဖင့္ပြတ္ရင္း ႏႈတ္ဆိတ္ကာ
အၿပဳံးပ်ပ်ေလးေတြၿပဳံးၿမဲၿပဳံးေနမိေသာ ေကာင္
ေလးအား အၿမဲလိုလို ထိုလူနာအခန္းငယ္ေလး၏
အျပင္ကေန တိတ္တဆိတ္ လာေခ်ာင္းၾကည့္ေန
တတ္ေသာ ေကာင္ေလး တစ္ေယာက္လည္းရွိခဲ့
သည္ ။

လြယ္ကူတဲ့ အခ်စ္ ဇာတ္လမ္းေလးထဲ ကိုယ္စီ
နာက်င္မႈတို႔ ဖန္တီးၿပီး ေနေနၾကေသာ ေကာင္
ေလးႏွစ္ေယာက္ကို ေကာင္မေလးတစ္ေယာက္
မွာလည္း အေဝးကေနေငးၾကည့္ရင္း သက္ျပင္း
ေတြသာအႀကိမ္ႀကိမ္ခ်ေနမိသည္ ။

တာစထြက္ကတည္းက တိက်ေသာအေျဖထြက္
ေနတဲ့ အရမ္းလြယ္လြန္းတဲ့ပုစ္ဆာကိုမွ မခက္ခက္
ေအာင္ ပုံေသနည္းအမွားေတြႏွင့္ တြက္ခ်က္ၿပီး
မိမိကိုယ္မိမိျပန္လိမ္ေနတဲ့ သူမ ငယ္သူငယ္ခ်င္း
ျဖစ္သူခ်န္းေယာလ္ကိုသာ ဒါေယာင္း အရင္စိတ္
အတိုင္း ဆြဲထုေထာင္းပစ္လိုက္ခ်င္သည္မွာ လက္
ေတြကိုယားလို႔ ။

သို႔ေသာ္လည္း .. သူမ မလုပ္နိုင္ ။

အဘယ္ေၾကာင့္ဆိုေသာ္ ...

" ဟူးဟူးေလး မ်က္ႏွာေၾကာင့္သာ မဟုတ္ရင္
လြယ္တာကိုမခက္ခက္ေအာင္လုပ္ေနတဲ့နင့္ကို
ငါ ဆြဲထိုးမိတာၾကာၿပီ ပတ္ခ်န္းေယာလ္ "



_________________________________


" အာေညာ္ ဟူးဟူးေလး "

ထပ္ေရာက္လာျပန္ၿပီ ။ စုပ္လုံးေလးတစ္လုံး ။

ေဂ်ာင္ဆူးေပးတဲ့ ပန္းစည္းႏွင့္အတူပါလာတဲ့
စုပ္လုံးေလး ။

ဒီေန႕လည္း သူ႕ ကုတင္ေဘးကခုံေပၚမွာတင္ထား
တဲ့ ဖန္ဘူး အၾကည္ေလးထဲက စုပ္လုံးေလးေတြ
အတြက္ အေဖာ္ အသစ္ထပ္တိုးခဲ့ျပန္ၿပီ ။

" ဘယ္လိုေနလဲ ဟူးဟူးေလး ...
ေနေကာင္းသြားၿပီလား "

ေဂ်ာင္ဆူးကို ဘတ္ခ္ဟြန္းၿပဳံးလ်က္ ေခါင္းေလး
သာ တဆက္ဆက္ျပန္ညိတ္ျပမိသည္ ။

မ်က္စိေရွ႕က ျမင္ေတြ႕ေနရေသာ သိပ္ကိုေခ်ာၿပီး
ခ်စ္စရာေကာင္းတဲ့ေဂ်ာင္ဆူးကိုလာေခ်ာင္းၾကည့္
ေနတဲ့သူနာျပဳဆရာမေတြေၾကာင့္ အူေတြတို သဝန္
ေတြတိုၿပီး ေဂ်ာင္ဆူး လက္ကို ခပ္တင္းတင္း ဆုပ္
ကိုင္ထားၿပီး သူ႕အပိုင္ပါလို႔ နာမည္တပ္ေနေသာ
ဂ်ဳံအင္ရဲ႕ကေလးဆန္ဆန္ခ်စ္စရာ သဝန္တိုမႈေလး
တို႔ကိုၾကည့္ၿပီး ဘတ္ခ္ဟြန္းအၿပဳံးမပ်က္ရျပန္ ။

" ရား .. နီနီ ... ေတာ္႐ုံတန္႐ုံပဲေကာင္းတယ္ကြ !
အိုဗာေတြသိပ္ျဖစ္ျပမေနနဲ႕ မ်က္ျပင္းကပ္တယ္ "

" ဘာျဖစ္လဲ ! "

ဘတ္ခ္ဟြန္း ေျပာေသာ္လည္း ဂ်ဳံအင္တို႔ရဲ႕အိုဗာ
ျဖစ္မႈတို႔မွာ ေလ်ာ့သြားျခင္းမရွိ ။

ဘတ္ခ္ဟြန္းကို ႐ြဲ႕ျပသလိုလို ေဂ်ာင္ဆူးပခုံးေလး
ကို ဂ်ဳံအင္ ဆက္ခနဲ ဆြဲဖက္ၿပီးသူ႕ရင္ခြင္ထဲသို႔ ဆြဲ
ထည့္လိုက္သည္ ။

" ဂ်ဳံအင္နီ ! "

" အ ! .. အ့ ! .. နာတယ္ ! အစ္ကို ! "

အသက္ကျဖင့္ လူပ်ိဳေပါက္စျဖစ္ေနၿပီ အခုထက္
ထိ ကေလးဆန္ေနတုန္းျဖစ္တဲ့ ဂ်ဳံအင္ ဗိုက္ေခါက္
ေလးကို ေဂ်ာင္ဆူး ဆက္ခနဲဆြဲဆိတ္လိုက္ေတာ့ ..

သူ႕ရဲ႕ဆြဲဆိတ္မႈေၾကာင့္ သူသိပ္ခ်စ္ရတဲ့ခ်စ္သူေလး
ဂ်ဳံအင္မွာ ကိုယ့္ဗိုက္ကေလးကိုလက္ႏွင့္ပြတ္ၿပီး သူ႕
ကိုပင္ေပါေတာေတာေလး ျပန္ၿပဳံးၿဖီးျပေလသည္ ။

တကယ့္ မလြယ္ေၾကာေလး ။

" အစ္ကိုေဂ်ာင္ဆူး "

တိုးရွရွေခၚသံေၾကာင့္ ခ်စ္သူေလးကို မ်က္ေစာင္း
ေတြပစ္ထိုးေနေသာ ေဂ်ာင္ဆူးတစ္ေယာက္ဘတ္ခ္
ဟြန္းဘက္သို႔ မ်က္ႏွာေလး ျပန္မူလာခဲ့သည္ ။

" ေျပာေလ ဟူးဟူးေလး .. အစ္ကို႔ကို
ဘာေျပာခ်င္လို႔လဲ "

" အစ္ကိုေဂ်ာင္ဆူးတို႔နဲ႕အတူ ... ကိုကိုေရာ
ပါမလာဘူး ဟင္ ! "

မ်က္လုံးဝိုင္းဝိုင္းေလးေတြျဖင့္ ေမွ်ာ္လင့္တႀကီးႀကီး
ႏွင့္ ေမးလာေသာ ဘတ္ခ္ဟြန္း၏ အေမးေၾကာင့္
ေဂ်ာင္ဆူး မလွမ္းမကမ္းက ေစ့ပိတ္ထားတဲ့ အခန္း
တံခါးေလးဆီကိုသာ အၾကည့္တစ္ခ်က္ပို႔လိုက္မိသည္ ။

ထိုကဲ့သို႔ သူၾကည့္ေနမိေသာ အခန္းတံခါးေလး၏
အေနာက္ဝယ္ အခန္းတံခါးျပင္ေလးကို ေက်ာမွီၿပီး
နားစြင့္ေနေသာ ဘတ္ခ္ဟြန္းတစ္ေယာက္ သိပ္ကို
ေတြ႕ခ်င္ေနတဲ့ လူတစ္ေယာက္ရွိတယ္လို႔ သူဘက္မွ
ေျပာျပေပးခ်င္ေသာ္လည္း ... ။

ေျပာျပလို႔မျဖစ္ေသာ ႏႈတ္ကတိတစ္ခုေၾကာင့္ သူ႕ရဲ႕
ေျပာျပခ်င္မိတဲ့စိတ္ဆႏၵေလးကို ၿမိဳခ်၍ ညွိုးငယ္ခ်င္
တဲ့မ်က္ႏွာထက္ အၿပဳံးပန္းေလးေတြသာ ပန္ဆင္ရင္း
ဘတ္ခ္ဟြန္းလက္ကေလးကို ဆုပ္ကိုင္လ်က္ ...

" ကုမၸဏီအေျခအေနက အခုမွျပန္ေကာင္းလာကာ
စပဲရွိေသးလို႔ ဟူးဟူးေလးဆီကို ဒီေကာင္ လာခ်င္
ေပမယ့္လည္း အလုပ္ေတြနဲ႕ပိေနၿပီးဘယ္လိုမွထြက္
လာလို႔ မရလို႔ .. အစ္ကိုတို႔နဲ႕ အတူတူ မပါလာတာ
ဟူးဟူးေလးရဲ႕ "

မုသားေတြႏွင့္ က်င္လည္ေနရတဲ့ ႏွလုံးသားေလး ။

ေဆးစြဲသလိုစြဲလမ္းမိတဲ့အခ်စ္ ။

ေျဖေဆးမရွိသလို ။

ျဖတ္ေတာက္နိုင္ဖို႔လည္း လြန္စြာခဲယဥ္းလွ ။

" ကြၽန္ေတာ္ ကိုကို႔ကို အရမ္းလြမ္းတယ္
အစ္ကိုေဂ်ာင္ဆူး "

မ်က္ဝန္းအိမ္ျမစ္ကမ္းပါးမွလွ်ံက်သြားၿပီး ပါးျပင္
ျမစ္ေရစီးေၾကာင္းကိုျဖတ္သန္းလ်က္ေမးဖ်ားေလး
တြင္ ျမစ္ဖ်ားခံကာ လက္ထဲက စုပ္လုံးေလးေပၚသို႔
ေပါက္ခနဲက်ဆင္းသက္သြားခဲ့ေသာ ပုလဲမ်က္ရည္
ၾကည္တစ္စက္ ။

လြမ္းဆြတ္မႈကို သက္ေသတည္ ။

နာက်င္မႈကို ထုထည္သိပ္သည္း ။

ရင္ႏွစ္ဖိုကို စို႔နစ္ေစသား ။





_________________________________




ဆက္ရန္ ...



24.1.2020
REN JO JO





_________________________________







မုန်းဖို့မေ့ဖို့ ကြိုးစားနေသော နှလုံးသားလေး
ဆေးစွဲနေတယ် ။

ဆေးသုံးစွဲမှုများလွန်းလို့ မချစ်ဖို့ရပ်တန့်လို့မရ ။

တစ်နေ့တစ်ခြား အချစ်တွေသာ ပိုပိုတိုးလာတာ
ကြောင့် နာကျင်မှုတို့မှာ မချိမဆံ့ ။

သူ့အတွက် ကိုကိုကတော့ တကယ်ပဲ ဖြတ်မရတဲ့
သုံးပြီးရင်းသုံးချင် ။ စွဲပြီးရင်းစွဲနေချင်တဲ့ မူးယစ်
ဆေးလို ။

ချစ်ပြီးရင်းချစ်ချင် ။ မုန်းလို့မရနိုင် ။

အရမ်းကိုမေ့ပျောက်ပစ်လိုက်ချင်တဲ့ လူတစ်ယောက် ။

" မားမား "

ဘတ်ခ်ဟွန်း သူ့အတွက် ပန်းသီးအခွံခွာပေးနေသော
အမေ့မျက်နှာလေးကို သေချာလေးစိုက်ကြည့်မိသည် ။

သူ့ခေါ်သံလေးကိုမေးလေးဆက်ပြကာ တုံ့ပြန်ပေး
တဲ့ ဖြူဖပ်ဖြူရော်နှင့်အားနည်းနေသလိုလိုထင်လာ
ရသော သူ့အမေမှာအရင်နှင့်မတူ ။ မျက်နှာအသွင်
အပြင်မှာ နေမကောင်းတဲ့ လူမမာတစ်ယောက်နီးနီး
ဖြစ်လို့နေတာကြောင့် ရုတ်တရက်ဆိုသလို သူစိုးရိမ်
စိတ်တို့ဖြစ်ပေါ်လာမိသည် ။

" နေမကောင်းဘူးလား မားမား "

" အဟင်း .. မဟုတ်တာ .. ဘယ်ကသာ .. မားမား
နေကောင်းပါတယ် သားရဲ့ .. သားရဲ့မားမားက
ဒေါင်ဒေါင်မြည်မြည်ကြီး "

အခြောက်တိုက်ထရယ်ကာ သူ့ကို အပြုံးတွေဖြင့်
သာ ပြန်ဖြေပေးနေသော  သူ့အမေ ခေါင်း၌ ဝတ်
ထားသော အနီရောင်သိုးမွေးဦးထုပ်ကြီးမြင်နေရ
တာကို သူသဘောကျမနေ​ပေ ။

" အဲ့သိုးမွေးဦးထုပ်ကြီးကိုမဆောင်းထားပါနဲ့လား
မားမား ... သားမကြိုက်ဘူး "

ခေါင်း၌ဆောင်းထားတဲ့ သိုးမွေးဦးထုပ်ကို လက်
ညှိုးလေး ထိုးပြပြီး နှုတ်ခမ်းလေးဆူကာပြောနေ
သော သားရဲ့ကလေးဆန်ပုံလေးကိုကြည့်ပြီးသား
လက်ထဲ ပန်းသီးအစိတ်လေးထိုးထားတဲ့ ခရင်းဇွန်း
လေးကို သူမ ထည့်ပေးလိုက်ကာ ...

" သားလေးမကြိုက်ပေမယ့် မားမားကြိုက်တယ်
လေ သားရဲ့ "

အပြုံးလေးတွေဖြင့်ပြောသော သူမ စကားအဆုံး
ဘတ်ခ်ဟွန်း ပန်းသီးအစိတ်လေးကိုပါးစပ်ထဲထိုး
ထည့်ပြီးဝါးစားရင်း နှုတ်ခမ်းလေးကို မရမကဆူ
ဆူပြလေသည် ။

သဘောကတော့ သူ မကြိုက်တဲ့ အဲ့ဦးထုပ်ကြီးကို
ဆက်ဝတ်ပြထားတဲ့ သူ့အမေကိုစိတ်ဆိုးတယ်ပေါ့ ။

" အထော်လွန်လွန်းလို့ မားမားရဲ့ပါးကို အဲ့ဒီ
ဘဲနှုတ်သီးလေးနဲ့ လာထိုးမိတော့မှာပဲ "

ပြုံးပြုံးနှင့် ရွဲ့စောင်းပြောလာသော သူမကို
ချစ်စရာ မျက်စောင်းလေးတွေနှင့် ပြန်ထိုး
ပစ်လျက် ...

" အခုတလော မားမား အလုပ်မသွားပါလား
ကုမ္ပဏီမှာ ဘာဖြစ်လို့လဲ မားမား"

" ဘာမှမဖြစ်ပါဘူး သားလေးရယ် ... ဒီအတိုင်း
မားမားနားချင်လို့ .. သားလေးရဲ့တီလေးကို မား
မားရဲ့ CEOနေရာလွဲပေးလိုက်ပြီး ကုမ္ပဏီကိုအပ်
လိုက်တာ "

" ဟင် ! ... ရုတ်တရက်ကြီးပါလား မားမား "

" မားမားက သားလေးရဲ့တီလေးကို ကုမ္ပဏီကို
လွဲပေးဖို့ အစကတည်းက စဉ်းစားပြီးသားရယ်
သားလေးရဲ့တီလေးက လုပ်ငန်းသဘောသဘာ
ဝတွေကိုသိပ်နားမလည်သေးလို့ မလွဲပေးပဲနေခဲ့
တာ အခုသားလေးရဲ့ တီလေးကလုပ်ငန်းသဘော
သဘာဝတွေကို အကုန်နားလည်ပြီး သိကျွမ်းသွား
ခဲ့ပြီလေ နောက်ပြီး မားမားလည်း နားချင်တာနဲ့
သားလေးပြောသလို ရုတ်တရက်ကြီး ကုမ္ပဏီကို
လွဲပေးလိုက်တာ "

" အာ .. "

ပါးစပ်လေးဟကာ ခေါင်းလေး တဆက်ဆက်
ညိတ်နေသောသားငယ်ကိုကြည့်ပြီး သူမပြုံးမိ
သည် ။

ဘယ်အချိန် နှုတ်ဆက်သွားရမလဲ မသိပေမယ့်
သူမ၏သားငယ်လေးအနားမှာ ခြေတစ်ဖွားမှမ
ကွာဘဲနေချင်မိသည့်မှာ သူမ၏ ခံစားနေရသော
ရောဂါရဲ့ဝေဒနာဒဏ်တို့ကို အန်ကြိတ်တင်းခံရင်း
မျက်နှာပြင်ထက် သူမ၏သားငယ်အတွက် သီး
သန့် ပွင့်လန်းသော အပြုံးပန်းတွေ မညှိုးနွမ်း မ
ပျောက်ပျက်အောင် ဟန်ဆောင်နေရသည်မှာ သူမ
အတွက် သိပ်ကိုခက်ခဲပြီး ပင်ပန်းလှလွန်းသည် ။

" ဒီမှာ သားလေးအတွက် "

လက်ထဲ အမေလာထည့်ပေးသော စုပ်လုံးလေး
ကို ငုံ့ကြည့်ရင်း ဘတ်ခ်ဟွန်း မျက်နှာပြင်ထက်
မှအပြုံးပန်းလေးတွေမှာ သိသိသာသာ တဖြေး
ဖြေးပြယ်လွင့်သွားခဲ့သည် ။

တင်းတင်းလေး ဆုပ်ကိုင်ထားမိသော လက်ထဲက
သက်မဲ့ဖြစ်သော စုပ်လုံးလေးကို လက်မလေးဖြင့်
ပွတ်ရင်း အမှတ်ရမိသော အတိတ်မှ သူ ကိုကို့ကို
တစ်ရက်တောင် မပျက်ကွက်ဘဲ နေ့တိုင်း စုပ်လုံး
လေးတွေပေးပြီး အနောက်ကနေအမြဲတကောက်
ကောက်လိုက်ခဲ့မိတဲ့  ချစ်စရာကောင်းလွန်းသော
အတိတ်လေး ။

အခုတော့ နာကျင်ခြင်းတို့ စီခြယ်ထားတဲ့ ပစ္စုန်ပ္ပန်
မှာ သူ့အတွက် အနာကျင်ရဆုံး ၊ အမှောင်ထုထဲ နစ်
မြှုပ်လို့သွားခဲ့ပြီဖြစ်သောရင်အနာရဆုံးအမှတ်တရ
လေးတစ်ခုအဖြစ် ထင်ကျန်ရစ်လို့နေခဲ့ပြီ ။

တစ်ပတ်ရှိပြီ ။

သူ သတိ​ပြန်ရလာတဲ့နေ့ကစပြီး သူ့လက်ထဲကို
နည်းအမျိုးမျိုးနဲ့မတူညီတဲ့လူတွေဆီကနေတစ်
ဆင့်ခံပြီး သူ့လက်ထဲကို စုပ်လုံးလေးတွေရောက်
ရောက်လာခဲ့တာ ။

အခုဆို ခုနစ်ရက် ၊ တစ်ပတ်ဆိုတဲ့ ရက်အရေ
အတွက်လို စုပ်လုံးလေး ခုနစ်လုံး ရရှိခဲ့ပြီးပြီ
ဖြစ်၏ ။

တိုက်တိုက်ဆိုင်ဆိုင်ပဲလား ။

သူထင်နေသလို သူ့တုန်းကလိုမျိုး တစ်စုံတစ်
ယောက်တည်းကပဲသူ့ကိုရည်ညွှန်းပြီး မတူညီ
တဲ့လူတွေနဲ့ပေးခိုင်းတာပဲလားဆိုတာကို သူ မ
ပြောတတ်ပေမယ့် ။

သူ့လက်ထဲရောက်လာတဲ့ သူရထားတဲ့စုပ်လုံးလေး
တွေကိုတော့ သူမစားရက်ဘဲ ဖန်ဘူးအကြည်လေး
ထဲထည့်၍အမြတ်တနိုးနှင့်သိမ်းဆည်းထားမိသည် ။

" မားမား "

" ဟင် ..  ပြောလေ .. မားမားရဲ့သားလေး "

" သား ဘယ်နေ့လောက်လမ်းပြန်လျှောက်လို့
ရနိုင်ပြီလဲ .. သားလမ်းပြန်လျှောက်ချင်နေတာ
တစ်ပိုင်းကိုသေနေပြီ မားမားရဲ့ "

လူ့မျက်နှာရိပ်မျက်နှာကဲ အဖတ်မတော်ပေမယ့် ။
သူ လမ်းလျှောက်ဖို့ ပြောလိုက်တိုင်း သူ့မားမားမှ
မဟုတ် ။ ဂျုံအင်နှင့် ဒါယောင်းအပါအဝင် အစစ်
အနေနဲ့ သူ့ရဲ့တီလေးဗြောင်နာရာတစ်ယောက်ပါ
အပါ ။ အမြဲလိုလို ဘာစကားမှပြန်မပြောတော့ဘဲ ။
မျက်နှာပျက်၍ နှုတ်ဆိတ်လျက်ခေါင်းငုံ့ငုံ့သွားကြ
သည်ကို သူ ကောင်းကောင်းကြီး ရိပ်မိလာသည် ။

သို့ပေမယ့်လည်း ထိုသို့ဖြစ်ရသော အကြောင်း
အရင်းကိုတော့ သူ အခုအချိန်ထိ မခန့်မှန်းနိုင်ခဲ့
သေး ။

အခုအချိန် သူ့ခေါင်းထဲမှာရှိတာ နှစ်ခုပဲ ။

ပထမ .. သူ ကိုကို့ကိုတွေ့ချင်တယ် ။

ဒုတိယ .. သူ လမ်းအမြန်ပြန်လျှောက်ချင်တယ် ။

လူနာအခန်းနံပါတ်၆၁၄တွင် ကုတင်ခေါင်းရင်း
လေးကို ကျောမှီကာ အမေခွံ့ကျွေးသော ကြက်
စွပ်ပြုတ်လေးကိုသောက်ရင်းလက်ထဲကစုပ်လုံး
လေးကိုလက်မလေးဖြင့်ပွတ်ရင်း နှုတ်ဆိတ်ကာ
အပြုံးပျပျလေးတွေပြုံးမြဲပြုံးနေမိသော ကောင်
လေးအား အမြဲလိုလို ထိုလူနာအခန်းငယ်လေး၏
အပြင်ကနေ တိတ်တဆိတ် လာချောင်းကြည့်နေ
တတ်သော ကောင်လေး တစ်ယောက်လည်းရှိခဲ့
သည် ။

လွယ်ကူတဲ့ အချစ် ဇာတ်လမ်းလေးထဲ ကိုယ်စီ
နာကျင်မှုတို့ ဖန်တီးပြီး နေနေကြသော ကောင်
လေးနှစ်ယောက်ကို ကောင်မလေးတစ်ယောက်
မှာလည်း အဝေးကနေငေးကြည့်ရင်း သက်ပြင်း
တွေသာအကြိမ်ကြိမ်ချနေမိသည် ။

တာစထွက်ကတည်းက တိကျသောအဖြေထွက်
နေတဲ့ အရမ်းလွယ်လွန်းတဲ့ပုစ္ဆာကိုမှ မခက်ခက်
အောင် ပုံသေနည်းအမှားတွေနှင့် တွက်ချက်ပြီး
မိမိကိုယ်မိမိပြန်လိမ်နေတဲ့ သူမ ငယ်သူငယ်ချင်း
ဖြစ်သူချန်းယောလ်ကိုသာ ဒါယောင်း အရင်စိတ်
အတိုင်း ဆွဲထုထောင်းပစ်လိုက်ချင်သည်မှာ လက်
တွေကိုယားလို့ ။

သို့သော်လည်း .. သူမ မလုပ်နိုင် ။

အဘယ်ကြောင့်ဆိုသော် ...

" ဟူးဟူးလေး မျက်နှာကြောင့်သာ မဟုတ်ရင်
လွယ်တာကိုမခက်ခက်အောင်လုပ်နေတဲ့နင့်ကို
ငါ ဆွဲထိုးမိတာကြာပြီ ပတ်ချန်းယောလ် "



_________________________________


" အာညော် ဟူးဟူးလေး "

ထပ်ရောက်လာပြန်ပြီ ။ စုပ်လုံးလေးတစ်လုံး ။

ဂျောင်ဆူးပေးတဲ့ ပန်းစည်းနှင့်အတူပါလာတဲ့
စုပ်လုံးလေး ။

ဒီနေ့လည်း သူ့ ကုတင်ဘေးကခုံပေါ်မှာတင်ထား
တဲ့ ဖန်ဘူး အကြည်လေးထဲက စုပ်လုံးလေးတွေ
အတွက် အဖော် အသစ်ထပ်တိုးခဲ့ပြန်ပြီ ။

" ဘယ်လိုနေလဲ ဟူးဟူးလေး ...
နေကောင်းသွားပြီလား "

ဂျောင်ဆူးကို ဘတ်ခ်ဟွန်းပြုံးလျက် ခေါင်းလေး
သာ တဆက်ဆက်ပြန်ညိတ်ပြမိသည် ။

မျက်စိရှေ့က မြင်တွေ့နေရသော သိပ်ကိုချောပြီး
ချစ်စရာကောင်းတဲ့ဂျောင်ဆူးကိုလာချောင်းကြည့်
နေတဲ့သူနာပြုဆရာမတွေကြောင့် အူတွေတို သဝန်
တွေတိုပြီး ဂျောင်ဆူး လက်ကို ခပ်တင်းတင်း ဆုပ်
ကိုင်ထားပြီး သူ့အပိုင်ပါလို့ နာမည်တပ်နေသော
ဂျုံအင်ရဲ့ကလေးဆန်ဆန်ချစ်စရာ သဝန်တိုမှုလေး
တို့ကိုကြည့်ပြီး ဘတ်ခ်ဟွန်းအပြုံးမပျက်ရပြန် ။

" ရား .. နီနီ ... တော်ရုံတန်ရုံပဲကောင်းတယ်ကွ !
အိုဗာတွေသိပ်ဖြစ်ပြမနေနဲ့ မျက်ပြင်းကပ်တယ် "

" ဘာဖြစ်လဲ ! "

ဘတ်ခ်ဟွန်း ပြောသော်လည်း ဂျုံအင်တို့ရဲ့အိုဗာ
ဖြစ်မှုတို့မှာ လျော့သွားခြင်းမရှိ ။

ဘတ်ခ်ဟွန်းကို ရွဲ့ပြသလိုလို ဂျောင်ဆူးပခုံးလေး
ကို ဂျုံအင် ဆက်ခနဲ ဆွဲဖက်ပြီးသူ့ရင်ခွင်ထဲသို့ ဆွဲ
ထည့်လိုက်သည် ။

" ဂျုံအင်နီ ! "

" အ ! .. အ့ ! .. နာတယ် !  အစ်ကို ! "

အသက်ကဖြင့် လူပျိုပေါက်စဖြစ်နေပြီ အခုထက်
ထိ ကလေးဆန်နေတုန်းဖြစ်တဲ့ ဂျုံအင် ဗိုက်ခေါက်
လေးကို ဂျောင်ဆူး ဆက်ခနဲဆွဲဆိတ်လိုက်တော့ ..

သူ့ရဲ့ဆွဲဆိတ်မှုကြောင့် သူသိပ်ချစ်ရတဲ့ချစ်သူလေး
ဂျုံအင်မှာ ကိုယ့်ဗိုက်ကလေးကိုလက်နှင့်ပွတ်ပြီး သူ့
ကိုပင်ပေါတောတောလေး ပြန်ပြုံးဖြီးပြလေသည် ။

တကယ့် မလွယ်ကြောလေး ။

" အစ်ကိုဂျောင်ဆူး "

တိုးရှရှခေါ်သံကြောင့် ချစ်သူလေးကို မျက်စောင်း
တွေပစ်ထိုးနေသော ဂျောင်ဆူးတစ်ယောက်ဘတ်ခ်
ဟွန်းဘက်သို့ မျက်နှာလေး ပြန်မူလာခဲ့သည် ။

" ပြောလေ ဟူးဟူးလေး .. အစ်ကို့ကို
ဘာပြောချင်လို့လဲ "

" အစ်ကိုဂျောင်ဆူးတို့နဲ့အတူ ... ကိုကိုရော
ပါမလာဘူး ဟင် ! "

မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် မျှော်လင့်တကြီးကြီး
နှင့် မေးလာသော ဘတ်ခ်ဟွန်း၏ အမေးကြောင့်
ဂျောင်ဆူး မလှမ်းမကမ်းက စေ့ပိတ်ထားတဲ့ အခန်း
တံခါးလေးဆီကိုသာ အကြည့်တစ်ချက်ပို့လိုက်မိသည် ။

ထိုကဲ့သို့ သူကြည့်နေမိသော အခန်းတံခါးလေး၏
အနောက်ဝယ် အခန်းတံခါးပြင်လေးကို ကျောမှီပြီး
နားစွင့်နေသော ဘတ်ခ်ဟွန်းတစ်ယောက် သိပ်ကို
တွေ့ချင်နေတဲ့ လူတစ်ယောက်ရှိတယ်လို့ သူဘက်မှ
ပြောပြပေးချင်သော်လည်း ... ။

ပြောပြလို့မဖြစ်သော နှုတ်ကတိတစ်ခုကြောင့် သူ့ရဲ့
ပြောပြချင်မိတဲ့စိတ်ဆန္ဒလေးကို မြိုချ၍ ညှိုးငယ်ချင်
တဲ့မျက်နှာထက် အပြုံးပန်းလေးတွေသာ ပန်ဆင်ရင်း
ဘတ်ခ်ဟွန်းလက်ကလေးကို ဆုပ်ကိုင်လျက် ...

" ကုမ္ပဏီအခြေအနေက အခုမှပြန်ကောင်းလာကာ
စပဲရှိသေးလို့ ဟူးဟူးလေးဆီကို ဒီကောင် လာချင်
ပေမယ့်လည်း အလုပ်တွေနဲ့ပိနေပြီးဘယ်လိုမှထွက်
လာလို့ မရလို့ .. အစ်ကိုတို့နဲ့ အတူတူ မပါလာတာ
ဟူးဟူးလေးရဲ့ "

မုသားတွေနှင့် ကျင်လည်နေရတဲ့ နှလုံးသားလေး ။

ဆေးစွဲသလိုစွဲလမ်းမိတဲ့အချစ် ။

ဖြေဆေးမရှိသလို ။

ဖြတ်တောက်နိုင်ဖို့လည်း လွန်စွာခဲယဉ်းလှ ။

" ကျွန်တော် ကိုကို့ကို အရမ်းလွမ်းတယ်
အစ်ကိုဂျောင်ဆူး "

မျက်ဝန်းအိမ်မြစ်ကမ်းပါးမှလျှံကျသွားပြီး ပါးပြင်
မြစ်ရေစီးကြောင်းကိုဖြတ်သန်းလျက်မေးဖျားလေး
တွင် မြစ်ဖျားခံကာ လက်ထဲက စုပ်လုံးလေးပေါ်သို့
ပေါက်ခနဲကျဆင်းသက်သွားခဲ့သော ပုလဲမျက်ရည်
ကြည်တစ်စက် ။

လွမ်းဆွတ်မှုကို သက်သေတည် ။

နာကျင်မှုကို ထုထည်သိပ်သည်း ။

ရင်နှစ်ဖိုကို စို့နစ်စေသား ။





_________________________________




ဆက်ရန် ...



24.1.2020
REN JO JO

Continue Reading

You'll Also Like

31.5K 4.5K 34
Genres: Fantasy/ Horror/School life *Trigger Warning*
443K 16.6K 45
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
82K 11K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
363K 44.7K 41
Nostalgia ဆိုတာ အတိတ်ကို တမ်းတလွမ်းဆွတ်ခြင်းတဲ့ ~! ပြန့်ကြဲနေတဲ့ အတွေးတွေကို ပုံဖော်ထားတာမို့ စိတ်ဝင်စားစရာ ကောင်းချင်မှ ကောင်းလိမ့်မည်။ ကြည်နူးဆွတ်...