Unicode
"Hay! What...
what're you doing?"
ပစ်ချက်လွဲသွားသဖြင့် တစ်ဖက်စနိုက်ပါ သမားကခေါင်လေးကို အော်ပြီးနောက် နှိုင်းကို အသေပစ်ဖို့ရွယ်လိုက်၏။
"မပစ်နဲ့... No! Don't shoot.
That my man.......No....
My man.. you know.. He's mine!! "
မပစ်ပါနဲ့ ကျွန်တော့်ရဲ့လူပါ ။ သူ ကျွန်တော့်ရှေ့မှာ သေသွားလို့မဖြစ်ဘူးလေ။ ကျွန်တော်ရှိနေရက်နဲ့ သူ ဒီကမ္ဘာလောကကြီးထဲက ထွက်သွားလို့မရဘူး။ ကျွန်တော် ခွင့်မပြုဘူး။ ကျွန်တော်ကကောင်းတဲ့သူ တစ်ယောက်မဟုတ်ဘူးဆိုတာ သိပေမယ့် ..ကျွန်တော့်ပယောဂကြောင့် ခင်ဗျားကိုတော့.. ။
တားမှဖြစ်မယ်...တားရမယ်။
"My Man!Don't shoot"
ခေါင်လေးသည် အလျင်အမြန်ပင် လက်တကာကာ ခြေတကာကာဖြင့် တားပြီး ထိုလူကြောင်ကြည့်နေစဉ်အတွင်း မှာပဲ အဆောက်အဦးမြင့်ပေါ်ကနေ သေနတ်မှန်၍ လှဲကျသွားသော နှိုင်းရှိရာဆီသို့ ပြေးဆင်းသွားလေသည်။ မဖြစ်ရဘူး ခင်ဗျား ကျွန်တော်ရှိရက်နဲ့ သေလို့မရဘူး။
ဘိန်းတွေတင်လာသောကားကို ပစ္စည်း လုတဲ့အဖွဲ့က မောင်းနှင်သွားပြီး အသက်ရှင်လျက်ကျန်ရှိနေသူတွေကို စနိုက်ပါသမားက ဆက်တိုက်ပစ်နေ၏။ဒုစရိုက်သမားတွေမှာ
လည်း စည်းမျဉ်း စည်းကမ်းဆိုတာ ရှိပြီးသားပင်။ အငြိုးအတေး ဘာတစ်ခုကိုမှ လက်ကမ်းကြိုဆိုဖို့ အစီအစဉ်မရှိသဖြင့် သတ်ပြီဆိုလျှင် တစ်ယောက်လေးတောင် အသက်ရှင်ခွင့်မပြုသလို အစအနလေးတောင်မကျန် အကုန် ရှင်းရပါသည်။
ခေါင်လေးသည် နှိုင်းအား ဓားဖြင့် ရွယ်လျက် သတ်ရန်ကြံရွယ် နေသော လူကို အနောက်မှ ဆောင့်ကန်ပြစ်လိုက်ပြီး သူ့အား အံ့သြမှင်သက်စွာ ကြည့်နေသည့်နှိုင်းရှေ့ မှကာ
လိုက်၏။ ထို့နောက် အိတ်ကပ်ထဲထည့်ထားသည့် ပစ်စတို ကို ထုတ်ကာ ...
"ရှေ့တိုးမလာနဲ့ မင်းတို့ ပစ္စည်း တွေယူပြီး ပြန်လိုက်တော့။ ဒီလူအတွက် ငါတာဝန်ယူတယ် ။ဘာပြသာနာမှမဖြစ်စေရဘူး"
"What?"
"Don't touch my man. Get out"
အဖွဲ့သားတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်ဘာတွေပြောနေကြမှန်းမသိ ။ထို့နောက် နှိုင်းကားကိုပါ မောင်းလျက် ထွက်သွားကြပါ၏။ ခေါင်လေးသည် ထိုအခါမှ အသက်ကောင်းကောင်းရှူနိုင်သွားလျက် နှိုင်းဘက်သို့ လှည့်ကာ လက်လှမ်းပေးလိုက်ပါသည်။
"ထနိုင်လား "
လူတွေ အများကြီးသေဆုံးကုန်လျက် သူတစ်ယောက်တည် သာ ကွက်ပြိီး ကယ်တင်ခံရသည်မို့ နှိုင်းစိတ်ထဲဇဝေဇဝါ ဖြစ်သွားရပါ၏။ မျက်နှာကိုmaskအုပ်ထားလျက်
ဆံပင်တွေက အပြာနုရောင် ဖြစ်သဖြင့် သူ့ကို ကယ်သည့် လူက ဘယ်သူမှန်းလည်း မသိရပေ။ သို့သော်လည်း စကားပြောသံနဲ့ အရပ်အမောင်းကတော့ ဘုန်းထွဋ်ခေါင်လျှံ
ဖြစ်နိုင်သည်ကို နှိုင်းသတိထားမိလိုက်ပါသည်။
"အင် အင်"
ဖြေရင်း ကမ်းပေးသည့်လက်ကိုဆွဲကိုင်ကာ ထတော့ ယိုင်သွားသည့်ကိုယ်ကို ထိုလူက အလိုက်သင့်လေး ထိန်းပေးရှာ၏။
"မင်းဘယ်သူလဲ ။ဘာလို့ ငါ့ကိုကယ်တာလဲ"
နှိုင်းက သိချင်စိတ်ဖြင့် စပ်စုစွာမေးလျှင်ခေါင်လေးဘာမှ မဖြေပဲ ထိုင်ချလိုက်ကာ ဘောင်ဘီထဲလိပ်ထည့်ထားသည့် ဓားကိုထုတ်လိုက်ပြီး နှိုင်းရဲ့ အကျီ.. အနားစကို ဖြဲချလိုက်၏။
"ဟေ့ ဘာလုပ်တာလဲ"
နှိုင်းက လန့်၍ အော်လိုက်ပြီး နောက်ဆုတ်လျှင် ခေါင်လေးက နှိုင်းရဲ့ ပေါင်ကို အဝတ်စဖြင့် ပတ်လိုက်ပြီး...
"ငြိမ်ငြိမ်နေ!"
"အ!'
အမိန့်ဆန်သည့် စကားပြောသံဟုဆိုသည့်တိုင် နှိုင်း နှလုံးသားက မှတ်မိလျက် ဦးနှောက်ကို အချက်ပြသတိပေး၏။မင်း ဒီအသံကို အကြိမ်ကြိမ်ကြားဖူးခဲ့တယ်လေ။
"ဘုန်းထွဋ်ခေါင်လျှံ မလား"
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မေးခွန်းကို ထုတ်လိုက်မိသည်။ ကျွန်တော် ဒီနေရာကိုလာရင် ဒီလူသားကိုချက်ချင်းတွေ့ရနိုင်တယ်လို့ ရဲဇော်ဆိုသည့်လူက
အာမခံချက်တွေဖြင့် ပြောခဲ့ပြီးသား။
သို့သော်လည်း ခေါင်လေးက နှိုင်းမေးသည်ကို တစ်ခုမှမဖြေပဲခြေထောက်ကို အဝတ်စဖြင့် သေချာစည်းပေးပြီးနောက်
လူကို လှည့်လိုက်ကာ..
"တတ်! ''
"ဟင်! "
နှိုင်း ကြောင်သွားစဉ် ခေါင်လေးက လေပူကို စိတ်မရှည်စွာ မှုတ်ထုတ်လိုက်ပြီး နှိုင်း လက်ကို ဆွဲကာ ကျောကုန်းပေါ်
တတ်စေလိုက်၏။
"ဟို..ရပါတယ် ငါ လမ်းလျှောက်နိုင်တယ်"
သို့တိုင် ဝဇီပိတ်ကျင့်နေရှာသော ခေါင်လေးကတော့ နှိုင်းစကားအား မကြားသလို ကျောပိုးလျက် လမ်းလျှောက် နေပါသည်။ နှိုင်းသည် တိတ်ဆိတ် နေသော ခေါင်လေး
ကြောင့် ဘာစကားမှမဆိုတော့ပဲ ငြိမ်ငြိမ်လေးနေရင်း ခေါင်လေးရဲ့ပုခုံလေးပေါ်မေးလေးတင်ထား မိသည်။ နှလုံးသား ရဲ့အလိုဆန္ဒအရ ဒီလူသာဆီမှရရှိသော ရနံ့ကို
နှစ်ခြိုက်စွာ ရှူရှိုက်မိ၏။ ပြုတ်ကျမည်စိုး၍ ချိတ်တွယ်ထား တဲ့ လက်တွေကို ပိုခိုင်မြဲစေလိုက်ပြီး ဝေ့ဝဲလာတဲ့ မျက်ရည်
ကို မျက်ခွံလေးတွေပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဖယ်ရှာ လိုက်ပါသည်။ သေနတ်ပစ်သံတွေကြားတဲ့အချိန် သူ သေတော့မည်လို့ပဲ ကိုယ့်ကိုယ်ကိုယ် ထင်လိုက်မိ၏။
အဲ့ဒီအချိန်မှာ သူဝမ်းအနည်းဆုံးက မောင့်ကို ရှာမတွေ့သေး ပဲ ထွက်သွားရမှာကိုပါ။
သို့တိုင်လာမှန်သည့်သေနတ်က ပေါင်ကို ရှပ်ထိရုံသာဖြစ်ပြီး ကျည်ဆံကတော့ထိုးဖောက်မသွားခဲ့ပါ။ သေမင်းက သူ့ကိုခေါ်ဖို့ ကြိုးစားတိုင်း အရက်မူးနေတာများလို့ ကပေါက်
တိကပေါက်ချာ တွေးလိုက်မိပေမယ့် ကျွန်တော့်လူကို မထိနဲ့ဆိုပြီး အန္တရာယ်တွေကြားထဲက ထွက်ပေါ်လာသော အသံဟာ သူ့ကို မျှော်လင့်ချက်ရောင်ခြည်တွေ လင်းလက်
သွားစေပါသည်။
"မောင် "
နှိုင်း တိုးတိုးလေး ခေါ်လိုက်တဲ့အချိန် ခေါင်လေးရဲ့ ခပ်မြန်မြန်ခြေလှမ်းတွေ ရုတ်ချည်ရပ်တန့်သွားပါ၏။
"မောင် မဟုတ်လားဟင်..."
လက်တွေကို ပိုမိုလို့ တင်းကျပ်ခိုင်မြဲစေလိုက်ရင်း နှိုင်း ပြောလိုက်ချိန်တွင်တော့ ခေါင်လေးကိုယ်ဟာ တောင့် တောင့်လေး ဖြစ်သွား ပါတော့သည်။
"ကျွန်တော်... "
ပြောစရာစကားတွေရှိပါလျက် ထွက်ကျမလာပဲ လည်ချောင်းဝ မှာ တစ်ဆို့လို့နေ၏။
"ဘာလို့ ငါ့ဆီပြန်မလာတာလဲဟင် "
ခေါင်လေးသည် လက်သီတွေကိုဆုပ်လျက် အံ့ကြိတ်လိုက်မိ၏။ ကျွန်တော်ပြန်လာခဲ့တယ်လေ ဆိုတာကို ပြောဖို့ သင့်တော်သည့်အခြေအနေမဟုတ် သည့်တိုင် ရင်ဘတ်က
ဒဏ်ရာကို ဖုံးဖိဖို့ကြိုးစားလိုက်သည်။
"စကားမများနဲ့ ခင်ဗျားကိုယ်က အရမ်းလေးတယ်"
"ငါ လမ်းလျှောက်နိုင်ပါတယ်ဆို"
ဒီတစ်ကြိမ်တွင်လည်း နှိုင်းစကားတွေဟာ အရာမရောက်ခဲ့ ပြန်ပါချေ။ ဝန်ခံမခံသော်လည်း အနက်ရှိုင်းဆုံး ချစ်ခြင်းများ
ဖြင့် ချစ်ခဲ့ရသူမို့ မေးခွန်းတို့ ထပ်မံမေးမြန်လိုက်စိတ်မရ်ှိတော့။ နှိုင်းသည် ခေါင်လေးရဲ့ပုခုံးဘေးပေါ် မေးလေးပြန်တင်လို့
ငြိမ်ငြိမ်လေး ပြန်နေလိုက်၏။
သစ်ပင်တစ်ပင်ရဲ့ လှပသော အချိန်ဟာ
ပန်လေးတွေပွင့်ဖူးစ ချိန်ဆိုပါလျှင် နှစ်ခြိုက်စွာ ပြုံးယောင်သမ်းသွားတဲ့ ဘုန်းထွဋ်ခေါင်လျှံ ရဲ့ မျက်နှာက ပြန်လည်ရှင်သန်လာတဲ့ အချစ်ကြောင့်များလား။ ပန်းသွေးချယ်တဲ့
ချယ်ရီပင်တွေဟာ ဆောင်းဦးရာသီမှာ ပွင့်ဖူးလာတတ်ကြသလိုသူတို့စတွေ့ချိန်ဟာ ဆောင်းဦးရာသီဖြစ်လျက် ပြန်တွေ့
ချိန်ဟာလည်း ဆောင်ဦးရာသီပင်။ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေခဲ့ပေမယ့် ချစ်ခြင်းတရားကိုတော့ သိရှိခံစား
ခွင့်ရခဲ့ကြတာမို့ အမှတ်တရနေ့စွဲတွေအဖြစ် ရှိနေကြဦးမည်။
"နှိုင်း.. ကျွန်တော် ပြန်လာချင်ခဲ့ပါတယ်"
နှစ်ကိုယ်သာ ကြားရုံတိုးတိုးလေး ဆိုသော်ငြား နှိုင်းရဲ့ခေါင်းကလေး ပုခုံးထက်မှ လျောကျသွားတာကြောင့် နှိုင်းအိပ်ပျော်သွားပြီဆိုတာကို သိရှိလိုက်ရပါ၏။ ခေါင်လေး
သည်ချယ်ရီပန်းလေးကို ပြုံးလျက်ကြည့်လိုက်ပြီး လမ်းဆက် လျှောက် လိုက်၏။
အခုချိန်ထိ နှိုင်း က ကျွန်တော့်ကို မောင်လို့ ခေါ်နေတုန်းပဲ။ ဒါဆို ကျွန်တော့်ကို မမြင်ချင်လောက်အောင် မုန်းတယ် လို့ပြောခဲ့တာ နှိုင်းမဟုတ်ဘူးလား။
..........
Round 1
တန်တန်... တန်းတန်း ....တန်းတန်း....
Sexyကျလှပသော ကောင်မလေးကနံပါတ်ပြားကိုင်မြောက် ပြခြင်းနှင့်အတူ အချက်ပြအသံပါထွက်လာ၏။ ခေါင်လေးသည် တိုက်ခိုက်ရမည့် တစ်ဖက်လူကို စူးရဲစွာစိုကြည့်လျက် လည်ပင်းကို လက်မဖြင့် ဖြတ်ဟန်လုပ်ပြ၏။ဒီနေ့ ပွဲကို သူအမြန်ဆုံး အဆုံးသတ်မှဖြစ်လိမ့်မည်။
"ဟ...ဟ.. ဟျောင့်"
"ခွက်" "ဖြောင်း! !"
ကြိုဝိုင်းအတွင်း၌ ဆူညံနေသလို ပွဲကြည့်ပရိတ်သတ်တွေကလည်း ဆူညံလို့နေ၏။
" မာစတာ ဘုန်း မာစတာ ဘုန်း"
အားပေးသံတွေကြားတော့ ခေါင်လေးကတစ်ဖက်လူကို နှုတ်ခမ်းတို့တွန့်ကာ စိန်ခေါ်သလို ရယ်ပြလိုက်ပါ၏။
"ဘယ်သူနိုင်မယ်ထင်လဲ"
လူယုံ သက်ထွန်းကို မှမေးလျှင် မိုးဇေက တန်ဖိုးကြီးဝိုင် ထည့်ထားသည့်ခွက်ကို ကိုင်လှုပ်လျက် သောက်လိုက်ပြီး..
"ပျင်းစရာကောင်းတဲ့ပွဲပဲ... "
ခေါင်လေးအား မျက်တောင်မခတ်စတမ်းစိုက်ကြည့်လျက် မိုးဇေက ထိုသို့မှတ်ချက်ပေးလေ၏။ ဒီ ကြိုးဝိုင်းထဲ မှာ ဘုန်းထွဋ်ခေါင်လျှံ ကိုတွေ့ရလိမ့်မည်ဟုသူမထင်ထားပေ။ လောပန်း ခြေမြုပ်နေသဖြင့် သူဒီထဲသို့သတင်းစုံစမ်း ရန် ရောက်ရှိနေခြင်းဖြစ်သည်။
1 2 3 4 5 6 7 8 9..တန်း....တန်း......တန်....
ဝိုး.......ဝိုး......မာစတာဘုန်း...........
Today Winner. Champion 's Master Bone...
ကျယ်လောင်စွာ သော MC၏ အော်သံပြီးဆုံးချိန်မှာတော့ မိုးဇေသည် အောင်ပွဲခံနေသည့် ခေါင်လေးကို ကြည့်နေရာမှ ထထွက်သွားလိုက်ပါ၏။ ခက်ခက်ခဲခဲ ရှာလိုက်ရမည်ဟု
ထင်ထားသော်လည်း အခုတော့ သိပ်လွယ်ကူလွန်းနေသည်။ တော်တော်ကြီးကို ပျော်စရာမကောင်းတာ။
ခေါင်လေးသည် ကြိုးဝိုင်းအတွင်းမှ ဂုဏ်ယူစွာ ထွက်လာပြီး နောက် အဝတ်အစားလဲခန်းသို့ ခပ်မြန်မြန်လျှောက်သွားလိုက်
ပါ၏။ ဒီအချိန်ဆို နှိုင်း နှိုးနေလောက်ပြီဖြစ်သဖြင့် သူအမြန် ပြန်ဖို့လိုပါသည်။ သို့သော်လည်း အခန်း တံခါးဖွင့်ပြီး
ဝင်လိုက်ချိန်တွင် နားထင်ကို သေနတ်ဖြင့်ချိန်ရွယ်ခြင်း ခံလိုက်ရ၏။
"မင်း သေနေ့စေ့ပြီ"
မိုးဇေက သူငယ်ချင်းအတွက် ခံပြင်းစွာ ခြိမ်းခြောက်လျှင် ခေါင်လေးက မိုးဇေဘက် တည့်တည့်လှည့်လိုက်ပြီး..
"မင်း ငါ့ကိုသတ်လိုက်လို့ရတယ်။ ဒါပေမယ့် မသေခင် မင်းကို တာဝန်လွှဲခဲ့စရာရှိတယ်"
ခေါင်လေးပြောစကားကြောင့် မိုးဇေက မျက်မှောင်တွေ ကြုတ်သွားလျက် သေနတ်ပြောင်းကို ခေါင်လေးနဖူး တည့်တည့် တေ့လိုက်ပြီး..
"မင်း ဉာဏ်ဆင်မနေနဲ့ ငါ့လက်ကလွှတ်မှာမဟုတ်ဘူး"
သို့တိုင် ကြောက်ရွံခြင်းအလျင်မရှိသော ခေါင်လေးဟာ တည်ငြိိမ်နေလျက်...
"ငါသေသွားရင် စိုင်လျန်ကို မင်းဆက်စောင့်လျှောက်လိုက်။ ဒါက ငါဖြစ်စေချင်တာထက် မင်းသူငယ်ချင်းဆက်ဟေး ဖြစ်ချင်တာပဲ"
အတွေးပေါင်းများစွာနဲ့ မိုးဇေသည် ချိန်ထားသော သေနတ်ကို တဖြေးဖြေး ဖယ်လိုက်၏။
"မင်း စိုင်လျန်ကို ကယ်ခဲ့တာလား"
သချိုင်း မြေမှာ နှင်းဆီပွင့်ကိုတွေ့ခဲ့ပြီးပြီမို့ သူ ထိုသို့မေးလိုက် ခြင်းဖြစ်သည်။ ထို့အတူ မီလောင်လျက် သေဆုံးသွားသော
ဆက်ဟေးက ဘုန်းထွဋ်ခေါင်လျှံ သတ်တဲ့နည်း မဖြစ်နိုင်။ တကယ်ဆို သူ့နည်းတူး သွေးအေးသော ဘုန်းထွဋ်ခေါင်လျှံ
က အသံတိတ် သက်ခြင်းကိုသာ အသုံပြုလိမ့်မည်။
"ကယ်ခဲ့တယ်ဆိုတာထက် ငါလည်း ငါ့အပြစ်နဲ့ငါမို့လို့"
"ငါတို့စကားပြောဖို့လိုလိမ့်မယ်"
"ဒီနေ့ ငါမအားဘူး! "
"ကောင်းပြီလေ စိုင်လျန် မင်းနဲ့အတူရှိတယ်ဆိုလည်း ပြီးတာပါပဲ အခုလောလောဆယ် ငါလည်း မခေါ်ထားနိုင်သေးဘူး"
"ငါနဲ့စိတ်ချနေတာလား အံ့သြစရာပဲ"
ဆက်ဟေးတောင် မင်းနဲ့စိတ်ချလက်ချထားခဲ့နိုင်သေးတာ။ ငါက ဘာမို့လို့ မထားနိုင်ရမှာလဲဆိုသည့် စကားပြန်ပြောဖို့
စိတ်ကူးမိပေမယ့် ရုတ်သိမ်းလိုက်ပါ၏။
"ဆက်ဟေးကို ဘယ်သူသတ်တာလဲ"
ခေါင်လေးသည် သဘက်ဖြင့် ချွေးတို့ကို သုတ်လိုက်ပြီး အကျီ...တို့ကို ဝတ်လိုက်၏။
"လောပန်း"
"ဘာ! "
"မင်း နဲ့ဆက်ဟေး ပျောက်သွားပြီးနောက်ပိုင်း သူလည်း ပျောက်နေတယ် ။ ငါစုံစမ်းရသလောက် သူ ပိုက်ဆံတွေ အကုန်သိမ်းပြီး ထွက်ပြေးဖို့ကြံစည်နေတယ်ဆိုလားပဲ"
မိုးဇေသည် လူအကဲခတ်ညံ့သူမဟုတ်သဖြင့် ခေါင်လေး မလိမ်မှန်းသိသည့်နောက် အံ့ကိုတင်းတင်းကြိတ်ထားမိ၏။
"အဟက်...အခုမှပဲသဘောပေါက်တော့တယ်။ ငါ့ကို ထောင်ကျစေချင်တာ ဆက်ဟေးအကြောင်းသိသွားမှာ စိုးလို့ကိုး"
"မင်း ဘာဆက်လုပ်မှာလဲ! "
"ငါအကူအညီတောင်းရင် မင်းကပေးမှာမို့လို့လား"
"မပေးဖို့ကအသေအချာပဲ ငါမှာလည်း အခုရှင်းစရာတွေ ရှိသေးတယ် "
"ကောင်းပြီလေ ငါ ကိစ္စ တွေရှင်းပြီးရင် စိုင်းလျန်ကို ပြန်လာခေါ်မယ်"
ထိုသို့ ပြောလျက် မိုးဇေထွက်သွားလျှင် သူလည်း ယူစရာရှိတာယူပြီးနောက် အလျင်အမြန်ပြေးရပါတော့သည်။
အချိန်ကတော်တော် နောက်ကျနေပြီမို့ နှိုင်း သူ့ကို လိုက်ရှာနေမည်လား စိုးရိမ်ရသည်။ ဒဏ်ရာနဲ့ လျှောက်သွား နေရင်တော့ ဒုက္ခပါပဲ။
.......
ကျွန်တော်အိမ်မက်တစ်ခုမက်ခဲ့တယ်။ အိမ်မက်ထဲမှာ မောင် က ကျွန်တော့်ကိုမချစ်ဘူးဆိုပြီး ထွက်ပြေးသွား ခဲ့တယ်။ အဲ့ဒီနောက် အဖွား ဆေးရုံတတ်ရလို့ ကျွန်တော်
အသည်းအသန် ငိုကြွေးခဲ့ရတယ်။ အမျိုးတွေကလည်း စွတ်စွဲကြသေးတယ်။ကျွန်တော်က လူသတ်သမားတဲ့။ မဟုတ်ပါဘူး ကျွန်တော်လူသတ်သမားမဟုတ်ဘူး။ အဲ့လိုကြီး မပြောကြပါနဲ့။
"နှိုင်း... နှိုင်း..နှိုင်း"
ဘယ်သူခေါ်နေတာလဲ ။ကိုဘိုဘိုပဲလား။ ဟင့်အင်း မခေါ်ပါနဲ့ ကျွန်တော်ဆက်ငိုဦးမယ်။ မောင့်ကို လိုက်ရှာရဦး
မယ်။ မောင် က နွေးကို ကာကွယ်ပေးချင်တဲ့စိတ်နဲ့ ကျွန်တော့်ကို စွန့်လွှတ်ခဲ့တာ.. သူ ကျွန်တော့်ကို တကယ်မုန်းတာ မဟုတ်ဘူး။
"နှိုင်း ကျွန်တော်ရှိတယ်။ ကျွန်တော်ရှိတယ် မငိုနဲ့နော် ကျွန်တော် ခင်ဗျားနဲ့တူတူရှိပါတယ်"
ခေါင်လေးသည် အိပ်ပျော်ရင်း မျက်ရည်တွေကျကာ ရုန်းကန်နေသော နှိုင်း ကိုယ်လေးကိုဖမ်းချုပ်ပြီး ဖက်ထား လိုက်ပါ၏။ ဘာလို့လဲ ဘာလို့အဲ့လောက်ထိငိုနေရတာလဲ။
"မောင်... မောင်လား"
"အင် မောင် ဟုတ်တယ် "
ခေါင်လေးရဲ့ဖြေသံကြားမှ နှိုင်းမျက်လုံးလေးတွေပွင့်လာ၏။ထို့နောက် ခေါင်လေးမျက်နှာကို မယုံကြည်နိုင်စွာ တို့ထိကြည့်နေရင်း မျက်ရည်တွေက ကျနေပြန်ပါသည်။
"ဘာလို့လဲ။ နွေးနဲ့လက်မထပ်ဖြစ်တာတောင် ငါ့ဆီကိုဘာလို့ ပြန်မလာရတာလဲ။ တာဝန်ယူစရာတွေရှိတယ်ဆိုတာကကော ဘာလဲဟင် ။ငါ မင်းအကြောင်းတွေမေးတိုင်း မင်းမဖြေဘူး
ဆိုတာ သိပေမယ့် "
"ကျွန်တော် လူသတ်မိမလိုဖြစ်ခဲ့တာ။ ပြီးတော့ အဲ့ဒီလူ တကယ်သေသွားတယ် မျက်စိရှေ့မှာပဲ မီးထဲမှာ သေသွားတာ"
နှိုင်းစကားတွေ မဆုံးခင် ခေါင်လေး ဖြတ်ပြောလိုက်၏။ ထပ်ပြီးသိုဝှက်ထားစရာမရှိတော့ဘူး။ထပ်ပြီးမျိူသိပ်ဖို့ရာ အကြောင်းမရှိတော့ဘူး။ ကျွန်တော့်မျက်စိရှေ့ရောက်လာပြီး အကြောင်းပြချက်တွေတောင်းနေတဲ့ခင်ဗျားကိုရော ထပ်ပြီးလက်လွှတ်ဖို့ရာအကြောင်းမရှိတော့ဘူး။
"ဟင်!"
နှိုင်း နားမလည်သလိုလေး ဖြစ်နေလျှင် ခေါင်လေးက နှိုင်းရဲ့လက်တွေကို ကိုင်ထားရင်းခေါင်းငုံကာ စကားပြောဖို့ အားယူလိုက်ပါသည်။
"နွေးနဲ့ပတ်သတ်ပြီး ဘယ်လောက်ထိသိထားလဲဟင်"
"အကုန်လုံးနီးပါးပဲ နွေးမှာ ရင်သွေးလေးတကယ်မရှိခဲ့ဘူး ဆိုတဲ့ထိ!"
သက်ပြင်းချသံသဲ့သဲ့ ခေါင်လေးဆီမှထွက်ပေါ်လာပါ၏။
"နွေးကို အနိုင်ကျင့်သွားတဲ့ကောင်ကို သိသိချင်းမှာပဲကျွန်တော်စိတ်တွေဘယ်လိုမှထိန်းလို့မရတော့ဘူး။ အဲ့ဒီအချိန်တုန်းက ဘာမှမစဉ်းစားပဲ နွေးခံစားရသလို အဲ့ကောင်ပြန်ခံစားရရင်ပြီးရော ဆိုတဲ့အတွေမျိုးပဲရှိခဲ့တာ။
ဒါနဲ့ပဲ အဲ့ဒီကောင်ကို ကျွန်တော်ပြန်ပြီးတော့... "
လေသံတွေကတိမ်ဝင်သွားခဲ့တယ်။ အဆုံးသတ်ကို မောင်မပြောပြရင်တောင် နှိုင်းခန့်မှန်းလို့ ရနေခဲ့ပါတယ်။ သို့ပေမယ့် ချစ်ရသူရဲ့ ကလဲ့စားချေမူဟာ သူ့ရင်ဝကို
ဆောင့်ကန်ခံရသလို နာကျင်စေမိတာတော့မှန်၏။
"ကျွန်တော် သူ့တို့ညီအစ်ကိုကိုသိစေချင်ခဲ့တယ်။ မုဒိန်းကျင့်ခံ ရတဲ့ခံစားချက်ရယ် ကိုယ်ပြောလိုက်တဲ့စကားက ဘယ်အတိုင်း
အတာထိ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်လဲဆိုတာ။ တကယ်တမ်းနောက်မှသိခဲ့ရတာ ကျွန်တော် မှားသွားတယ်
ဆိုတာပဲ။ အဲ့ဒီ ဆက်ဟေးဆိုတဲ့ကောင်ကလေ သူ့ညီကို ဘယ်လောက်ထိချစ်လဲသိလား။ သေတော့မယ့်အချိန်မှာတောင် ကျွန်တော့်လက်ထဲ ထိုးထည့်ပြီး ငါ့ညီကို စောင့်ရှောက်ပေးပါတဲ့ "
ငါ့ကိုလုပ်ချင်တာလုပ် ငါညီကိုလွှတ်ပေးဆိုပြီး စူးစူးရဲရဲမျက်ဝန်းများဖြင့် ပြောခဲ့သည့်ဆက်ဟေး၏မျက်နှာသည် အခုချိန်ထိ သူ့အာရုံတွင် ထင်ကျန်နေဆဲပင်။
"ဒါဖြင့် သူက ဘယ်လိုသေသွားတာလဲ မဟုတ်မှ မောင် ဟို..."
ရင်ထိတ်စွာဖြင့် နှိုင်းမေးလျှင် ခေါင်လေးက ခေါင်းယမ်းပါ၏။
"မှတ်မိတယ်မလား လမင်း ကျွန်တော့်ကို ထိုးလို့ နှိုင်းကို လက်ထပ်မယ်လို့ ကျွန်တော်ပြောခဲ့တဲ့နေ့လေ"
"အင်! !"
အတိတ်ကာလရဲ့ ရုန်မထွက်ချင်စရာ အကောင်းဆုံးနဲ့ အပျော်ရွှင်ခဲ့ရဆုံးနေ့။ ထင်တောင်မထားခဲ့သည့် အဖြေ
စကားက သူ့ဘဝကြီးကို အိမ်မက်ကောင်းတွေအများကြီး ပေးမက်ပြီး တစ်ချိန်ထဲမှာပဲပြင်းထန်စွာ ရိုက်ချိုးခံလိုက် ရသည့်ရက်တွေ။
"ကျွန်တော့် သူငယ်ချင်း ကဖုန်းဆက်ပြောတယ် မင်းအခုချက်ချင်း လာရင် နောင်တရမှာမဟုတ်ဘူးတဲ့။ ဖြစ်ချင်တော့
ဆက်ဟေး ကို စိုင်လျန်ရှေ့မှာ အဓ္ဓမ ကျင့်ပြီး
နောက်တစ်ရက်ပဲ။ ကျွန်တော် စိတ်အခြေ အနေမကောင်းလို့ မသွားချင်ပေမယ့် တစ်ခါမှစိတ်မဆိုးဖူးတဲ့သူက ထူးထူးဆန်းဆန်း စိတ်ဆိုးနေတဲ့အသံဖြစ်နေလို့ သွားလိုက်ရတယ်"
ဒီစကားတွေ ထွက်လာဖို့ အချိန်တွေအများကြီးကြာမြင့် သွားခဲ့ရသည်။ နှိုင်းရှေ့မှာ ဝန်ခံမိနေတာ တောင် သူ့ကိုယ်သူ မယုံကြည်နိုင်သေးပေ။ သို့သော်ငြား နှိုင်းကတော့ သူ့စကားတွေကို အလေးအနက်ထားကာ
နားထောင်ပေးနေဆဲပင်။
"ဆက်ဟေးနဲ့ စိုင်လျန်ဆိုတာက"
"နွေး ကိုအနိုင်ကျင့်တဲ့သူကဆက်ဟေး သူ့ညီက စိုင်လျန်"
"သြော်"
နှိုင်း က စဉ်းစဉ်းစားစား လေး ခေါင်းညိမ့်လိုက်သည်ကို ခေါင်လေးက သတိထားမိကာ...
"ဘာဖြစ်လို့လဲ တစ်ခုခုသိထားတာရှိလို့လား"
"မဟုတ်ဘူး ကြားဖူးသလိုဖြစ်နေလို့ ။ ဘယ်မှာမှန်းလည်း စဉ်းစားလို့မရဘူး ထားပါ အရေးမကြီးဘူး ဆက်ပြော
ပြီးတော့ဘာတွေဆက်ဖြစ်လဲ"
.................
Love you all💚💚💚
.......................................................................
Zawgyi
"Hay! What...
what're you doing?"
"မပစ်နဲ့... No! Don't shoot.
That my man.......No....
My man.. you know.. He's mine!! "
တားမှဖြစ်မယ်...တားရမယ်။
"My Man!Don't shoot"
ရှင်းရပါသည်။
ကို ထုတ်ကာ ...
"What?"
"ထနိုင်လား "
သာ ကွက်ပြီး ကယ်တင်ခံရသည်မို့ နှိုင်းစိတ်ထဲဇဝေဇဝါ
"အင် အင်"
ထိန်းပေးရှာ၏။
"မင်းဘယ်သူလဲ ။ဘာလို့ ငါ့ကိုကယ်တာလဲ"
မဖြေပဲ ထိုင်ချလိုက်ကာ ဘောင်ဘီထဲလိပ်ထည့်ထားသည့် ဓားကိုထုတ်လိုက်ပြီး နှိုင်းရဲ့ အင်္ကျီ အနားစကို ဖြဲချလိုက်၏။
"ဟေ့ ဘာလုပ်တာလဲ"
"ငြိမ်ငြိမ်နေ!"
"အ!'
လူကို လှည့်လိုက်ကာ..
"တတ်! ''
"ဟင်! "
တတ်စေလိုက်၏။
ပဲ ထွက်သွားရမှာကိုပါ။
သွားစေပါသည်။
"မောင် "
"မောင် မဟုတ်လားဟင်..."
"ကျွန်တော်... "
မှာ တစ်ဆို့လို့နေ၏။
ဖြင့် ချစ်ခဲ့ရသူမို့ မေးခွန်းတို့ ထပ်မံမေးမြန်လိုက်စိတ်မရှ်ိတော့။
လျှောက် လိုက်၏။
..........
Round 1
"ဟ...ဟ.. ဟျောင့်"
"ခွက်" "ဖြောင်း! !"
ကလည်း ဆူညံလို့နေ၏။
"ဘယ်သူနိုင်မယ်ထင်လဲ"
ဝိုး.......ဝိုး......မာစတာဘုန်း...........
ခံလိုက်ရ၏။
"မင်း သေနေ့စေ့ပြီ"
"မင်း ဥာဏ်ဆင်မနေနဲ့ ငါ့လက်ကလွှတ်မှာမဟုတ်ဘူး"
တည်ငြိမ်နေလျက်...
ဖြစ်ချင်တာပဲ"
တဖြေးဖြေး ဖယ်လိုက်၏။
"ဒီနေ့ ငါမအားဘူး! "
သေးဘူး"
အင်္ကျီတို့ကို ဝတ်လိုက်၏။
"လောပန်း"
"ဘာ! "
စိုးလို့ကိုး"
"မင်း ဘာဆက်လုပ်မှာလဲ! "
ရှိသေးတယ် "
ပြန်လာခေါ်မယ်"
နေရင်တော့ ဒုက္ခပါပဲ။
.......
ဘယ်သူခေါ်နေတာလဲ ။ကိုဘိုဘိုပဲလား။ ဟင့်အင်း
တာ မဟုတ်ဘူး။
"မောင်... မောင်လား"
"အင် မောင် ဟုတ်တယ် "
ဆိုတာ သိပေမယ့် "
တာ"
"ဟင်!"
အားယူလိုက်ပါသည်။
ဆိုတဲ့ထိ!"
သိုပေမယ့် ချစ်ရသူရဲ့ ကလဲ့စားချေမူဟာ သူ့ရင်ဝကို
ပေးပါတဲ့ "
ဟို..."
"အင်! !"
ရသည့်ရက်တွေ။
နားထောင်ပေးနေဆဲပင်။
"သြော်"
ခေါင်လေးက သတိထားမိကာ...
........................
Love you all💚💚💚