Black Memory(U+Z)(Completed )

By naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-30

14.4K 949 35
By naykyihtun

Unicode

"နှိုင်း မင်းတကယ်သွားမှာလား"

ကိုဘိုဘို က စိုးရိမ်စွာ မေးလျှင် နှိုင်းက ခေါင်းကလေး ညိမ့်ပါသည်။ မိဘတွေရှိစဉ်ကတည်းက ကိုဘိုဘိုဟာ နှိုင်း
အပေါ် ကြင်နာခဲ့သလို ယခုချိန်ထိလည်း ဂရုစိုက်မူတွေ ပေးနေဆဲဖြစ်သည်ကို နှိုင်း နားလည်ပါ ၏။ သို့သော် နှလုံးသားက တောင့်တသူ တစ်ဦးကိုတော့ ရှာဖွေကြည့်
ချင်သေးသည်။ ကျွန်တော် သူမရှိလို့မှမဖြစ်ပဲလေ။

"ကျွန်တော် သွားကြည့်ချင်တယ် "

"အဲ့ဒီနေရာက အသက်အန္တရာယ်ရှိတယ်နော်"

ရဲဇော် ပြောသည့် အနေအထားအရ တရုတ်နယ်ထဲကိုခိုးဝင်ရမှသာလျှင် သူ မောင်နဲ့တွေ့ခွင့်ရနိုင် လိမ့်မည်။

"ကျွန်တော်သိပါတယ် ဒါပေမယ့် ဒီမှာနေပြီး သေဖို့ထိုင်စောင့် နေရတာထက်စာရင် သူ့ကိုရှာရင်း သေသွားတာက ပိုကောင်းဦးမယ်"

ကိုဘိုဘို သည် ရုတ်ချည်ပင် နူးညံ့သောအနေအထားမှ စိတ်ကို တင်းခံထားရသော အနေအထားသို့ ရောက်ရှိသွား၏။

"ကိုယ်မသွားစေချင်ဘူးဆိုရင်ရော"

"ကျွန်တော် သူ့ကိုမေးချင်တယ် ကိုဘိုဘို ။ မေးစရာတွေရော ပြောစရာတွေရော အများကြီးရှိတယ်။ ကိုဘိုဘို့ စကားကို
အလေးမထားတာမဟုတ်ပါဘူး.. ကျွန်တော် ဒီတိုင်းကျွန်တော်သိချင်တာတွေသိရရင် ပြန်လာခဲ့ပါ့မယ်"

ရင်နှင့်အမျှ ပြည့်လျှံနေသော စကားတစ်ခွန်းကို မောင်နဲ့တွေ့လျှင် သူမေးဖြစ်အောင် မေးမည်။ ဘယ်တော့မှလက်လွှတ်တော့မှာမဟုတ်ကြောင်း ကိုလည်း အနောက်ကနေတစ်ကောက်ကောက်လိုက်ရင်း
ပြောပြရလိမ့်မည်။

"ကောင်းပြီလေ သွားချင်ရင်လည်း သွားပါ။ ဒါပေမယ့် ကတိတစ်ခုတော့ပေးနော် နှိုင်း "

"ဘာကတိလဲ"

" သူ့ ကြောင့် ကိုယ့်ရှေ့မှာ မင်းထပ်မငိုတော့ပါဘူး ဆိုတဲ့ကတိ"

နှိုင်း အချိန်အတော်ကြာ ငြိမ်သက်နေပြီးမှ ယုံကြည်ချက်မရှိစွာ ခေါင်းညိမ့်လိုက်ပါ၏။မောင့်ကြောင့် ကျွန်တော်မျက်ရည်
ကျခဲ့ရရင်တောင် အဲ့ဒီမျက်ရည်ကို ကျွန်တော်မြတ်နိုးတယ်။ မောင် နဲ့ပတ်သတ်တဲ့ အရာတွေထဲမှာ မျက်ရည်တွေကလည်း အဓိက အမှတ်တရတွေအဖြစ် ပါဝင်နေတာပဲလေ။
ကြာတော့ ကျွန်တော် မျက်ရည်တွေကိုတောင် ချစ်တတ်နေခဲ့ပြီ။

"မနက်ဖြန် ဘယ်ချိန်သွားမှာလဲ"

"မနက်အစောကြီး သွားမှာ"

"သတိထားနော်"

" အင် အင်"

ဖြေသံတွေမှ အာမခံချက်တွေမပါဝင်နေခဲ့ပေ။ကိုဘိုဘိုသည် လွန်ခဲ့သည့် နှစ်တွေကနှင့်ဆန့်ကျင်စွာ ပြောင်းလဲစပြုလာတဲ့ နှိုင်းရဲ့ အမူအယာ ကြောင့် မောဟိုက်စွာ
သက်ပြင်လေး ခိုချပြီး နှိုင်းရှေ့မှထွက်လာမိသည်။ဘာကြောင့် ငါ မဟုတ်ရတာလဲ။

..................

နံနက်ခင်းလေးတစ်ခုမှာ နေရောင်ခြည်ဟာ နှင်းခိုးငွေ့တွေကို ဖယ်ကျဉ်းပြီး ဖောက်ထွင်းလို့ ထွက်လာပါလေရဲ့။

တီးတီး.. တီးတီး

တစ်ယောက်သောသူရဲ့ အကျင့်ကြောင့် အချိန်မှန်နိုးစက်သံလေး သူပေးတတ်နေခဲ့ပြီ။ ခေါင်လေးသည် နိုးစက်လေးကို
လှမ်းယူကာ ပိတ်လိုက်ပြီး မှေးစင်းနေသည့်မျက်လုံးတွေကို လက်ချောင်းလေးတွေနဲ့ပွတ်လိုက်၏။

နေ့သစ်တစ်ရက်ကို အဓိပ္ပါယ်မရှိစွာဖြတ်သန်းဖို့အချိန်ကျ ရောက် လာပြန်ပြီပေါ့။ တစ်ယောက်အိပ်ကုတင်ကျဉ်းလေး
မှ ထရင်း သူ  ဝရံတာဘက်ထွက်ခဲ့ပါ၏။ နယ်စပ်ဟု ဆိုသည့်အတိုင်း လူမျိူးပေါင်းစုံသွားလာလှုပ်ရှားလို့နေကြ သည်က ဤဒေသအတွက်အထူးအဆန်းမဟုတ်တော့ပါချေ။

"Ni hao!နီးဟောင်"(မင်္ဂလာပါ)

လမ်းသွားရင်း ကောင်မလေးတစ်ယောက်က လက်လေးပြလို့ နှုတ်ဆက်လာတာကြောင့် သူ လက်ပြန်ပြပြီး အခန်းထဲပြန်ဝင်
ခဲ့လိုက်ပါ၏။ ထို့နောက် ပေါ့ပေါ့ပါးပါး ရှပ်အကျႌနှင့် ဘောင်ဘီကို ဝတ်ကာ bluetooth နားကျပ်လေးကို နားမှာတပ်လိုက်ပြီး ဘွတ်ဖိနပ်ကိုစီးလို့ အပြေးလေ့ကျင့်ခန်းကို
စလိုက်ပါသည်။ ဒါကတော့ သူနေစဉ် လုပ်နေကျအလုပ် တစ်ခုထဲတွင် မရှိမဖြစ်ပါဝင်ရပါ၏။ တောင့်တင်းကြံ့ခိုင် သည့် ခန္ဓာကိုယ်သာမရှိရင် သူ ဒီနေရာမှာ ရပ်တည်နိုင်ဖို့
မလွယ်ကူပေ။

ဝေပြီးတဲ့နောက် အဆင်ပြေရဲ့လား။

ဝေးပြီးတဲ့နောက် တစ်ယောက်တည်း နေတတ်ပြီလား။

ဝေးပြီးတဲ့နောက် သတိရတိုင်း ငိုနေသေးလား။

ဝေးပြီးတဲ့နောက် ခင်ဗျား ပျော်နေပြီလား။

ဝေးပြီးတဲ့နောက် ကျွန်တော့်ကို မုန်းပြီး အချစ်သစ်တွေ့နေမလား။

ဝေးပြီးတဲ့နောက် ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ခွင့်ရှိသေးရဲ့လား။

ဘယ်တော့မှ မေးခွန်းတွေ မကုန်ဆုံးသွားခဲ့ဘူး။ ပြေးနေရင်း တွေးနေမိတဲ့အကြောင်းသို့တည်းမဟုတ် Repeatလုပ်ပြီး ဖွင့်ထားမိတဲ့သီချင်းက ဂျီလတ်ရဲ့ဝေးပြီးတဲ့နောက် ။ ခင်ဗျားတော့ သိမှာမဟုတ်ပေမယ့်
ကျွန်တော်ကတော့ အဆင်မပြေဘူး ..တစ်နေ့တစ်နေ့ ခင်ဗျားကို လွမ်းလွန်းလို့ ခင်းဗျားရှိတဲ့လာရှိုးကိုပဲပြေးလာချင်မိတယ်။

ခင်ဗျားကိုသိပ်ချစ်ပါရက်နဲ့မုန်းယောင်ဆောင်ခဲ့ရတဲ့အချိန်မှာ ကျွန်တော့်ရင်တွေ ဘယ်လောက်နာနေလဲ ခင်ဗျားမသိဘူး။
ခင်ဗျား လုပ်ကျွေးတဲ့ ထမင်းဆီဆမ်းနဲ့ကြက်ဥကြော်လေး ကို ဘယ်လောက်လွမ်းတယ်ဆိုတာလည်း ခင်ဗျား သိမှာ
မဟုတ်ဘူး။ ခင်ဗျားလုပ်ကျွေးတဲ့ ခေါက်ဆွဲဲပြုတ်ရဲ့ အရသာက ကျွန်တော့်ဟာကျွန်တော် ပြုတ်စားတဲ့ ခေါက်ဆွဲထက်ပိုပြီး
အရသာရှိတဲ့အကြောင်း တွေးမိတိုင်း သွန်ပစ်လိုက်ရတဲ့ ခေါက်ဆွဲတွေက လှောင်ရယ်နေကြလိမ့်မယ်။

ကျွန်တော်တို့အတူတူလုပ်ခဲ့တဲ့ မက်မန်းဝ်ိုင်တွေက အခုဆို နှစ်ချို့ဝိုင်တွေတောင်ဖြစ်နေလောက်ပြီထင်တယ်။ တောင်ပေါ်မှာ အခုချိန်ဆိုနှင်းတွေ ကျလောက်ပြီပေါ့။
ကျွန်တော်တို့အတူတူကုန်ဆုံးခဲ့ကြတဲ့ သီတင်းကျွတ် မီးပုံးပျံပွဲတော်ကိုရော သတိရသေးရဲ့လား။ ချမ်းတယ်ဆိုပြီး ဆိုင်ကယ်စီးတိုင်း ကျွန်တော်ခါးကို ဖက်ဖို့ကြိုးစားနေတဲ့ခင်ဗျားက အခုဆို ဘယ်သူခါးကို
ဖက်ပြီး လိုက်စိီးနေမှာလဲ။ ကိုဘိုဘိုလား။

သူ ရင်နာနာနဲ့ ရယ်မိသွားတယ်ဆိုတာ ဝန်ခံ၏။

နောင်တ ဆိုတာဘာလဲ သိလား။ နောင်မှရတဲ့ နောင်တမို့လို့ နောင်တလို့ခေါ်တာတဲ့။ဒီအချိန်မှာ ခင်ဗျား ကို ဆုံးရှုံးလိုက်ရလို့ နောင်တတွေနဲ့ပြည့်နှက်နေတဲ့ ကျွန်တော့်ကိုမြင်ရင်
ခင်ဗျားလှောင်ရယ်နေမှာလား။ဒါမှမဟုတ် ကျွန်တော့် ကို နားကျည်းနေမှာလား။ ဒါမှမဟုတ်.....မမြင်ချင်လောက်အောင် မုန်းတီးနေမှာလား။သိပြီးသားဆိုပေမယ့် ထပ်မေးချင်သေးတယ်။

ကျွန်တော့်ကို မုန်းလို့ဝပြီလား။

လူးရှင်း၍ ကွင်းပြင်တွေသာရှိသည့် နေရာအရောက် သူ ပြေးနေတာကို ရပ်လိုက်ပါ၏။ မောဟိုက်လာခြင်း နဲ့အတူ ရှူထုတ်လိုက်တဲ့လေတွေမှာ ခင်ဗျားကို ဘယ်လောက်သတိရနေကြောင်းတွေ ပါဝင်နေတာ ခင်ဗျားသိရင် သိပ်ကောင်းမှာပဲ။

"ဟူး..."

လေပြေသွေးရဲ့ ကျီစယ်မူကြောင့် ယိမ်းနွဲသွားတဲ့ အပင်လေးတွေကို ကြည့်ရင်း နောင်တများစွာနဲ့ အတိတ်ကာလ တစ်ခုဆီ အာရုံတွေလွှင့်ပျယ်ကုန်၏။

လွန်ခဲ့သော သုံးနှစ် ခေါင်လေး အိမ်ကထွက်လာပြီး လားရှိုး ရောက်တဲ့အချိန်..

ညနေပိုင်းပင် ဖြစ်သော်လည်းခြံတံခါး ကြီး ပိတ်လို့ တိတ်ဆိတ်နေသော အခြေအနေက ပုံမှန်မဟုတ်ပေ။ အမြဲတမ်းလို လူစည်းကားနေသော NT Barက ဘာကြောင့် ပိတ်ထားရသည်မသိ။

ရွာကနေ ဆိုင်ကယ်ကိုအကြမ်းပတမ်းမောင်းပြီး အလျင်အမြန် ပြေးလာခဲ့ရတာက ခင်ဗျားကို ချစ်တယ်လို့ ပြောဖို့ ။ကျွန်တော် နွေးနဲ့ မင်္ဂလာမဆောင်တော့ဘူး ခင်ဗျားနဲ့ပဲ တစ်သက်လုံးအတူတူနေတော့မှာ လို့ ပြောချင်လို့။

ဒီစကားကိုသူ ပြောလိုက်ရင်နှိုင်းသုတလျှံ ဆိုတဲ့လူ အပျော်လွန်ပြီး ထ က နိုင်ကောင်းရဲ့။ ဒါမှမဟုတ် အပျော်လွန်းပြီး ငိုမှာလား။ ရင်ထဲ တသိမ့်သိမ့်နဲ့ ကြည်နူးနေမိသည်မှာ နှုတ်ခမ်းလေးတွေပင်ကော့တတ်လို့
နေ၏။ ခင်ဗျားကို ငိုအောင်လုပ်မိတဲ့အတွက် တောင်းပန်ချင်တယ် မြန်မြန်တံခါးလာဖွင့်ပေးစမ်းပါ။

လူခေါ်ဘဲလ်လေးကို ဆက်တိုက် တီးပြီး သူခေါ်တော့ခြံစောင့် တစ်ယောက်ပြေးထွက်လာပါ၏။ ပြောရရင်တော့ သူ့ကိုအမြင်မကြည်တဲ့ Barတံခါးစောင့်ပေါ့။ သူ့ကိုမြင်တော့
ထို အစောင့်မှာ ချက်ချင်းပင် မျက်နှာတည်သွားပြီး....

"ဘာကိစ္စ လဲ ဘာလာလုပ်တာလဲ"

လေသံက မာလွန်းသဖြင့် ခေါင်လေး စိတ်ထဲထောင်းခနဲဖြစ်သွားရ၏ ။သို့သော်လည်း  သည်ခံစိတ်မွေးလိုက်ကာ..

"ကိုသုတ ဆီလာတာ တံခါးဖွင့်"

မဟုတ်လည်း နှိုင်းနဲ့ အတူနေရရင် ဒီအလုပ်သမားတွေ က သူ့ခိုင်းဘက်ဖြစ်လာမှာပဲ ဟူသည့်အတွေးဖြင့် သူကတော့
ထိုလူကို ဂရုမစိုက်ပါချေ။

"အကိုလေး မရှိဘူး "

"ဟမ်! ဘာလို့မရှိရမှာလဲ တံခါးဖွင့် !"

"အကိုလေးမရှိဘူး မင်းပြန်တော့"

"မယုံဘူး သူက ဘယ်မှသွားတတ်တာမဟုတ်ဘူးဒီမှာ မရှိလို့ ဘယ်မှာရှိမှာလဲ"

ခေါင်လေး နဲနဲလေးမှ မကျေနပ်တာပါ။ လူကိုတွေ့ကတည်းက မကြည်လို့် စကားကောင်းကောင်း မပြောတာကထားတော့
အခုလို နှင်လွှတ်ဖို့ထိတော့ မလုပ်သင့်ဘူးထင်၏။

"မသိဘူး သိလည်း မပြောရဘူးတဲ့ ။မင်း ပြန်လိုက်တော့"

စကားက အနဲငယ်တော့ခေါင်းရှုပ်ဖွယ်ပင်။ သိလည်း မပြောရဘူးတဲ့ ဆိုတော့ တစ်ယောက်ယောက် က သူလာမှာကို ပိတ်ပင်တားဆီးထားတဲ့သဘောပေါ့။
ခေါင်လေး စိတ်တွေထိန်းမရဖြစ်လာခဲ့ရင်း...မေးကြော လေးတွေပါ ထောင်လာခဲ့ပါသည်။

"ဘယ်သူကလည်း ဘယ်သူက မပြောခိုင်းတာလဲ။ ကိုသုတလား... အခုချက်ချင်း ခင်ဗျားတံခါးဖွင့်စမ်းပါ"

တံခါးတိုင်နှစ်ခုကို ဆွဲကိုင်လှုပ်ရင်း သူပြောလျှင် ထို အစောင့်လူကြီးမှာ သံတုတ်တစ်ခုကို ကိုင်ထားလျက်..

"မင်းကို သတိပေးနေတယ်နော် မသွားရင် ငါ့အဆိုးမဆိုနဲ့"

"ရိုက်လိုက်လေ ကြောက်မယ်ထင်လို့။
သတ္တိ ရှိရင်ခြံတံခါးဖွင့်လိုက်!"

မီးဝင်းဝင်းတောက်နေသော မျက်ဝန်းနှစ်စုံအားပြိုင်နေစဉ် ကိုဘိုဘို က သူတို့်အနားသို့ ခြေလှမ်းကျဲများဖြင့် ရောက်လာပါ၏။

"ဘာတွေဖြစ်နေကြတာလဲ "

"ဒီကောင် ခြံတံခါးရှေ့မှာလာအော်နေလို့်"

ထိုအစောင့်သည် ကိုဘိုဘို ကိုမြင်လျှင် ချက်ချင်းပင် အမြီးလေးကုပ်လို့ သစ္စာ ရှိသော ခွေးတစ်ကောင်နှယ် ဖြစ်သွားတော့၏။

"မင်း က ဘာကိစ္စ လာအော်နေတာလဲ"

ကိုဘိုဘိုပုံစံက သူအရင်မြင်ဖူးနေကျ အေးဆေးတည်ငြိမ် သည့်ပုံ ဖြစ်မနေပဲ သူ့အား မလိုမုန်းတီးသည့် ပုံပေါက်နေပါ
သည်။ အခြေအနေက ဘာတွေဖြစ်နေတာလဲ မသိပေမယ့် ခေါင်လေးရင်ထဲ ဗလောင်ဆူလို့လာတာမှန်၏။ နှိုင်းတစ်ခုခု ဖြစ်လို့ သူ့ကို မုန်းနေကြတာတော့ မဖြစ်ပါစေနဲ့နော်။

"ကျွန်တော် ကိုသုတနဲ့တွေ့မလို့လာတာ"

"နှိုင်း က မင်းနဲ့မတွေ့ချင်ဘူးတဲ့။ မင်းပြန်လိုက်တော့"

"ဘာပြောတယ် ။ မဖြစ်နိုင်တာ။ ကျုပ်သူနဲ့ စကားသွားပြော မယ် တံခါးဖွင့်ပေး"

ကိုဘိုဘို မျက်နှာသည် အရောင်တွေပြောင်းလဲနေလျက် ..

"နှိုင်း က မင်းမျက်နှာလည်း မမြင်ချင်ဘူး မင်းနဲ့လည်း စကားမပြောချင်ဘူး...ဖြစ်နိုင်ရင် မင်းရှိတဲ့ ဒီမှာတောင် မနေချင်တော့ဘူးတဲ့ "

"သူကိုယ်တိုင်ပြောတာလား ။ခင်းဗျားကတစ်ဆင့်ပြောနေတာ ကို ကျုပ်က ယုံရမှာလား"

"ယုံချင်ယုံ မယုံချင်နေ။ငါပြောတဲ့စကားတွေကတော့ နှိုင်းရဲ့ဆန္ဒ အစစ်အမှန်တွေပဲ"

"မဖြစ်နိုင်ဘူး"

"ကိုမိန်း ထားလိုက် လုံးဝတံခါးမဖွင့်ပေးနဲ့"

ကိုဘိုဘိုသည် ထိုအစောင့်အား အမိန့်ပေးလျက် ကျောခိုင်း ကာ ထွက်သွားပါ၏။ ထိုအစောင့်သည် ခေါင်လေးအား လှောင်ပြုံး ဖြင့်ရယ်ပြပြီး သူနေရာသူ ပြန်သွားထိုင်နေပါတော့သည်။

"ကျွန်တော်နဲ့အတူတူရှိနေလို့ဒီမြို့မှာတောင်မနေချင်တော့ဘူး"

ခြံတံခါးကို ဆုပ်ကိုင်ရင်း ခေါင်လေး တိုးတိုးလေးရေရွတ်လိုက်မိသည် ။ မဖြစ်နိုင်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မူ
အပြည့်နဲ့ အချိန်တွေကြာသည်အထိ ရပ်စောင့်နေပေမယ့် နှိုင်းသုတလျှံ ဆိုတဲ့လူကို အစအနလေးတောင်း သူမမြင်ခဲ့
ရပေ။သရဲကြောက်ပါတယ်ဆိုတဲ့သူဟာ ညလုံးပေါက်Barအရှေ့မှာ စောင့်နေခဲ့တယ်ဆိုရင် လိမ်နေတယ်လို့ပဲ ထင်ကြမှာပေါ့။ တကယ်ပဲ ကျွန်တော့်ကို မမြင်ချင်တော့တာလား။တကယ်ပဲ ကျွန်တော့်ကို မုန်းသွားတာလား။

ကောင်းပါပြီလေ ကျွန်တော် ထွက်သွားပေးပါ့မယ်။

နာကျင်မူနဲ့အတူ လွှင့်စင်သွားသော မျက်ရည်မှုန်တစ်စက်။၊

နောက်ဆုံးတော့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတဲ့ ခံစားချက်ကို သူ နာလည်သိရှိခဲ့ရပြီ။ ခင်ဗျားသိမလားတော့ မသိပေမယ့် ဒါက ကျွန်တော့်အတွက် မျိုးတူလူသားတစ်ဦးအပေါ် ချစ်လွန်းလို့ ပထမဦးဆုံး အကြိမ် ကျတဲ့မျက်ရည်ပဲ။ ကျွန်တော့်ကို ချစ်နေတာထက်စာရင်  မုန်းနေတာက ပိုကောင်းပါတယ်လေ ။ ကျွန်တော်ဆိုတဲ့ကောင်က မီး..
ပြသာနာ အိုး မဟုတ်လား။

ဒီလိုနဲ့ သုံးနှစ်တောင် ကျော်ပြီထင်တယ်နော်...

ခင်ဗျားအကြောင်းတွေကို အချိန်တွေကြာလာရင် မေ့သွားလိမ့်မယ်လို့ထင်ခဲ့ဖူးတယ်။ ဒါပေမယ့်  နောက်ထပ်လူတစ်
ယောက်နဲ့ အိပ်ဖို့အကြောင်း မတွေ့မိတော့တဲ့အထိ ခင်ဗျား ကျွန်တော့်ကို စိုးမိုးနေတုန်းပဲ။

ခေါင်လေးသည် ကွင်းပြင်အား မျက်စိတစ်ဆုံးကြည့်ပြီး သည့်နောက် သက်ပြင်းမောကိုချရင်း နောက်ကြောင်းပြန်
လှည့်ပြေးခဲ့ပါ၏။ခင်ဗျား ကို ချစ်တယ်လို့ ပြောခွင့်မရှိတော့မှ ခင်ဗျားကို အရမ်းချစ်တတ်နေတဲ့ နှလုံးသား တစ်စုံ
ကျွန်တော့်မှာရှိနေတာသိရင် သနားနေမှာတော့ မဟုတ်ဘူးမလား။

ခေါင်လေးသည် ချွေသံ တလုံးလုံးဖြင့် ပြန်ရောက်သည်နှင့် ခဏတဖြုတ် အနားယူလိုက်ပြီး ရေချိုးလိုက်၏။ ထို့နောက်
ဝတ်နေကျအနက်ရောင်တွေက်ို ဝတ်လိုက်ပြီး စနိုက်ပါ သေနတ်အကြီးကြီးကို သေချာစစ်ဆေးကာ အိတ်ထဲ ထည့်လို့ ကျောမှာလွယ်လိုက်၏။

ဒေါက် ဒေါက် ဒေါက်...

သူပြင်ဆင်ပြီးချိန်၌ အခန်းတံခါးခေါက်သံကြားရသဖြင့်တံခါးဖွင့်ပေးလိုက်ရာ လူတစ်ယောက် က သူ့ကို စာရွက်ခေါက်လေးပေးကာ ထွက်သွားလေသည်။
ခေါင်လေးသည် စာရွက်ကိုဖြန့်ကြည့်ပြီး အိတ်ကပ်ထဲ ထည့်လိုက်၏။ သူဒီနေ့ည ကြိုးဝိုင်းအတွင်း သို့ ဝင်ရပေလိမ့်မည်။

"Hay !Are you ready?"

"Sure"

သူ့လိုပင် သေနတ်အိတ်ကိုလွယ်လျက် လူတစ်ဦးထွက်လာသဖြင့် နှစ်ယောက်အတူတူ အပြင်သို့ လျှောက်ခဲ့ကြသည်။
ဒီနေ့ပစ်မှတ်က ဘိန်းမှောင်ခိုရောင်းတဲ့သူနဲ့ ဝယ်တဲ့သူ ဖြစ်ပြီး နှစ်ဦးလုံး အသက်ရှင့်ခွင့်မရှိ။ ဘာသာစကားမတူတဲ့ နေရာမှာ ဘာသာစကားမတူတဲ့လူနှစ်ဦး အလုပ်တွဲလုပ်
ရသည်က လွယ်ကူနိုင်မယ်လို့ထင်ပါသလား။

လွယ်ပါတယ် ကျွန်တော်တို့မှာ လက်တွေပါတယ်လေ ဟန် ပြမှာပေါ့။ အထက်လူကြီးခိုင်းသည့်အတိုင်း တစ်ယောက်က ဝယ်သူကို ပစ်မှတ်ထားလျက် တစ်ယောက်က ရောင်းသူကိုပစ်မှတ်ထားရမည်။ ပစ္စည်း တွေ
ပိုက်ဆံ တွေလုဖို့ကတော့ အဖွဲ့သက်သက်ရှိတာပေါ့လေ။ လောင်းကစားဝိုင်းဖြစ်သလို.. တစ်ခါတလေ ဒီလို လုယက်
ရတဲ့အလုပ်ကိုလည်း သူတို့လုပ်ရတာပါပဲ။

ခေါင်လေးသည် သေနတ်ကို ထုတ်ပြီး ပစ်မှတ်ကို သေချာချိန်ထားပါ၏။ အခုဆိုရင် ခလုတ်ဆွဲလိုက်ရုံနဲ့ သူ လူသတ်တတ်နေပြီ။ လူသတ်လို့ ဝ၌လည်မှာ မကြောက်ဘူးလားလို့မေးရင် မကြောက်ပါဘူး။ သူတို့တွေ
အားလုံးက သေသင့်တဲ့သူတွေကြီးပဲ... ကျွန်တော်အပါအဝင်
ပေါ့။

ခေါင်လေး အတွေးနယ်ချဲ့နေစဉ် ကားနှစ်စီး မြင်ကွင်းထဲဝင်လာပါ၏။ ထို့နောက် ကားတစ်စီးမှ လူတစ်ချို့ဆင်းလာ လျက် တစ်ဘက်ကားမှာတော့ လူတစ်ဦးသာ ဆင်းလာ
ပါသည်။

ဘယ်လိုသတ္တိမျိုးနဲ့ ဒီလို နေရာကို တစ်ယောက်တည်းလာဝံ့တာပါလိမ့်။ ခေါင်လေးသည် တစ်ဦးတည်းရှိသော
သူဘက်ကို ပစ်မှတ်ထားလျက် မှန်ပြောင်းကတစ်ဆင့် သေချာကြည့်လိုက်၏။

"ဟင်! "

ရုတ်တရက် သူနှုတ်ခမ်းတွေပွင့်ဟသွားပြီး မျက်လုံးတွေ ဝိုင်းစက်သွားရပါသည်။ အမြင်တွေဝေဝါးနေလို့ လူမှား နေတာပဲဖြစ်မှာပါ ဟူသည့်အတွေးဖြင့် သေချာပြန်ကြည့်
သော်လည်း ထိုလူမှာ သူမြတ်နိုးခဲ့ဖူးသော လူတစ်ဦးသာ ဖြစ်နေလျက်။

ဘာလို့သူက ဒီကိုရောက်နေရတာလဲ။ သူဒီအလုပ်တွေ လုပ်နေတယ်ဆိုတာလည်း သတင်းမကြားမိပါဘူး။
ဒါဆိုဘာလို့လဲ။

"ငါမင်းအတွက် special လက်ဆောင်ပို့လိုက်တယ်မင်းကြိုက်မှာပါ"

ရဲဇော်၏ စကားသံတစ်ချို့။ မဟုတ်မှ...နှိုင်း ကိုများ..

"Hay! What?"

ခေါင်လေး ငြိမ်နေသည်မို့ တစ်ဘက်စနိုက်ပါသမားက မေးလျှင် သူလက်ခါပြလျက် နှိုင်း ဘက်ကို လက်ညိုးထိုးပြ၏။ ထိုလူကတော့ ခေါင်းဆတ်ပြပြီး သူ့အလုပ်ကို
သူဆက်လုပ်နေပါသည်။

မဲနက်နေသော ဆံနွယ်တွေက ကျွန်တော်နဲ့အတူတူရှိတုန်းကလို တိုမနေတော့ဘူးပဲ။ အဝေးကကြည့်တာတောင်
ခင်ဗျားက သိပ်လှနေသေးတယ်။ မမြင်ရတာကြာလို့လား မသိဘူး ခင်ဗျား နဲနဲပိန်သွားသလိုပဲ။ ကိုဘိုဘိုက ခင်ဗျားကို
ထမင်းမကျွေးဘူးလား ။

ခေါင်လေးသည် သေနတ်ပြောင်းကို နှိုင်း၏ နဖူးတည့်တည့်သို့ ချိန်ထားရာမှ ပေါင်ရင်းဆီသို့ မသိမသာ ရွှေ့လိုက်၏။ သေသွားတာထက်စာရင် ခြေထောက်ထိတာက မတော်
ဖြတ်ပစ်ပြီး အတုတပ်ရရုံသာ။

ဒိုင်း!!

Sorry ကျွန်တော် ခင်ဗျားဆီက ခွင့်လွှတ်မူတစ်ခုတောင် မတောင်းရသေးဘူး နောက်ထပ် နာကျင်မူတစ်ခုကို ထပ်ပေး
မိပြန်ပြီ။

.........

Love you all💚💚💚

..................................................................

Zawgyi

"ႏိႈင္း မင္းတကယ္သြားမွာလား"

ကိုဘိုဘို က စိုးရိမ္စြာ ေမးလ်ွင္ ႏိႈင္းက ေခါင္းကေလး
ညိမ့္ပါသည္။ မိဘေတြရိွစဥ္ကတည္းက ကိုဘိုဘိုဟာ ႏိႈင္း
အေပၚ ၾကင္နာခဲ့သလို ယခုခ်ိန္ထိလည္း ဂ႐ုစိုက္မူေတြ
ေပးေနဆဲျဖစ္သည္ကို ႏိႈင္း နားလည္ပါ ၏။ သို႔ေသာ္
ႏွလံုးသားက ေတာင့္တသူ တစ္ဦးကိုေတာ့ ႐ွာေဖြၾကည့္
ခ်င္ေသးသည္။ ကြၽန္ေတာ္ သူမရိွလို႔မွမျဖစ္ပဲေလ။

"ကြၽန္ေတာ္ သြားၾကည့္ခ်င္တယ္ "

"အဲ့ဒီေနရာက အသက္အႏၱရာယ္ရိွတယ္ေနာ္"

ရဲေဇာ္ ေျပာသည့္ အေနအထားအရ တ႐ုတ္နယ္ထဲကို
ခိုးဝင္ရမွသာလ်ွင္ သူ ေမာင္နဲ႔ေတြ႕ခြင့္ရႏိုင္ လိမ့္မည္။

"ကြၽန္ေတာ္သိပါတယ္ ဒါေပမယ့္ ဒီမွာေနၿပီး ေသဖို႔ထိုင္ေစာင့္
ေနရတာထက္စာရင္ သူ႔ကို႐ွာရင္း ေသသြားတာက ပို
ေကာင္းဦးမယ္"

ကိုဘိုဘို သည္ ႐ုတ္ခ်ည္ပင္ ႏူးညံ့ေသာအေနအထားမွ
စိတ္ကို တင္းခံထားရေသာ အေနအထားသို႔ ေရာက္ရိွသြား၏။

"ကိုယ္မသြားေစခ်င္ဘူးဆိုရင္ေရာ"

"ကြၽန္ေတာ္ သူ႔ကိုေမးခ်င္တယ္ ကိုဘိုဘို ။ ေမးစရာေတြေရာ
ေျပာစရာေတြေရာ အမ်ားႀကီးရိွတယ္။ ကိုဘိုဘို႔ စကားကို
အေလးမထားတာမဟုတ္ပါဘူး.. ကြၽန္ေတာ္ ဒီတိုင္း
ကြၽန္ေတာ္သိခ်င္တာေတြသိရရင္ ျပန္လာခဲ့ပါ့မယ္"

ရင္ႏွင့္အမ်ွ ျပည့္လ်ွံေနေသာ စကားတစ္ခြန္းကို
ေမာင္နဲ႔ေတြ႔လ်ွင္ သူေမးျဖစ္ေအာင္ ေမးမည္။
ဘယ္ေတာ့မွလက္လႊတ္ေတာ့မွာမဟုတ္ေၾကာင္း ကိုလည္း
အေနာက္ကေနတစ္ေကာက္ေကာက္လိုက္ရင္း
ေျပာျပရလိမ့္မည္။

"ေကာင္းၿပီေလ သြားခ်င္ရင္လည္း သြားပါ။ ဒါေပမယ့္
ကတိတစ္ခုေတာ့ေပးေနာ္ ႏိႈင္း "

"ဘာကတိလဲ"

" သူ႔ ေၾကာင့္ ကိုယ့္ေ႐ွ႕မွာ မင္းထပ္မငိုေတာ့ပါဘူး
ဆိုတဲ့ကတိ"

ႏိႈင္း အခ်ိန္အေတာ္ၾကာ ၿငိမ္သက္ေနၿပီးမွ ယံုၾကည္ခ်က္မရိွ
စြာ ေခါင္းညိမ့္လိုက္ပါ၏။ေမာင္႔ေၾကာင့္ ကြၽန္ေတာ္မ်က္ရည္
က်ခဲ့ရရင္ေတာင္ အဲ့ဒီမ်က္ရည္ကို ကြၽန္ေတာ္ျမတ္ႏိုးတယ္။
ေမာင္ နဲ႔ပတ္သတ္တဲ့ အရာေတြထဲမွာ မ်က္ရည္ေတြ
ကလည္း အဓိက အမွတ္တရေတြအျဖစ္ ပါဝင္ေနတာပဲေလ။
ၾကာေတာ့ ကြၽန္ေတာ္ မ်က္ရည္ေတြကိုေတာင္ ခ်စ္တတ္ေနခဲ့
ၿပီ။

"မနက္ျဖန္ ဘယ္ခ်ိန္သြားမွာလဲ"

"မနက္အေစာႀကီး သြားမွာ"

"သတိထားေနာ္"

" အင္ အင္"

ေျဖသံေတြမွ အာမခံခ်က္ေတြမပါဝင္ေနခဲ့ေပ။ကိုဘိုဘို
သည္ လြန္ခဲ့သည့္ ႏွစ္ေတြကႏွင့္ဆန္႔က်င္စြာ ေျပာင္းလဲစ
ျပဳလာတဲ့ ႏိႈင္းရဲ႕ အမူအယာ ေၾကာင့္ ေမာဟိုက္စြာ
သက္ျပင္ေလး ခိုခ်ၿပီး ႏိႈင္းေ႐ွ႕မွထြက္လာမိသည္။
ဘာေၾကာင့္ ငါ မဟုတ္ရတာလဲ။

..................

နံနက္ခင္းေလးတစ္ခုမွာ ေနေရာင္ျခည္ဟာ ႏွင္းခိုးေငြ႔ေတြကို
ဖယ္က်ဥ္းၿပီး ေဖာက္ထြင္းလို႔ ထြက္လာပါေလရဲ႕။

တီးတီး.. တီးတီး

တစ္ေယာက္ေသာသူရဲ႕ အက်င့္ေၾကာင့္ အခ်ိန္မွန္ႏိုးစက္သံ
ေလး သူေပးတတ္ေနခဲ့ၿပီ။ ေခါင္ေလးသည္ ႏိုးစက္ေလးကို
လွမ္းယူကာ ပိတ္လိုက္ၿပီး ေမွးစင္းေနသည့္မ်က္လံုးေတြကို
လက္ေခ်ာင္းေလးေတြနဲ႔ပြတ္လိုက္၏။

ေန႔သစ္တစ္ရက္ကို အဓိပၸါယ္မရိွစြာျဖတ္သန္းဖို႔အခ်ိန္က်
ေရာက္ လာျပန္ျပီေပါ့။ တစ္ေယာက္အိပ္ကုတင္က်ဥ္းေလး
မွ ထရင္း သူ  ဝရံတာဘက္ထြက္ခဲ့ပါ၏။ နယ္စပ္ဟု
ဆိုသည့္အတိုင္း လူမ်ိဴးေပါင္းစံုသြားလာလႈပ္႐ွားလို႔ေနၾက
သည္က ဤေဒသအတြက္အထူးအဆန္းမဟုတ္ေတာ့ပါေခ်။

"Ni hao!နီးေဟာင္"(မဂၤလာပါ)

လမ္းသြားရင္း ေကာင္မေလးတစ္ေယာက္က လက္ေလးျပလို႔
ႏႈတ္ဆက္လာတာေၾကာင့္ သူ လက္ျပန္ျပၿပီး အခန္းထဲျပန္ဝင္
ခဲ့လိုက္ပါ၏။ ထို႔ေနာက္ ေပါ့ေပါ့ပါးပါး ႐ွပ္အက်ႌႏွင့္ ေဘာင္ဘီကို ဝတ္ကာ bluetooth နားက်ပ္ေလးကို နားမွာ
တပ္လိုက္ၿပီး ဘြတ္ဖိနပ္ကိုစီးလို႔ အေျပးေလ့က်င့္ခန္းကို
စလိုက္ပါသည္။ ဒါကေတာ့ သူေနစဥ္ လုပ္ေနက်အလုပ္
တစ္ခုထဲတြင္ မရိွမျဖစ္ပါဝင္ရပါ၏။ ေတာင့္တင္းၾကံ႕ခိုင္
သည့္ ခႏၶာကိုယ္သာမရိွရင္ သူ ဒီေနရာမွာ ရပ္တည္ႏိုင္ဖို႔
မလြယ္ကူေပ။

ေဝၿပီးတဲ့ေနာက္ အဆင္ေျပရဲ႕လား။

ေဝးၿပီးတဲ့ေနာက္ တစ္ေယာက္တည္း ေနတတ္ၿပီလား။

ေဝးၿပီးတဲ့ေနာက္ သတိရတိုင္း ငိုေနေသးလား။

ေဝးၿပီးတဲ့ေနာက္ ခင္ဗ်ား ေပ်ာ္ေနၿပီလား။

ေဝးၿပီးတဲ့ေနာက္ က်ြန္ေတာ့္ကို မုန္းၿပီး အခ်စ္သစ္ေတြ႔ေန
မလား။

ေဝးၿပီးတဲ့ေနာက္ က်ြန္ေတာ္တို႔ ျပန္လည္ဆံုေတြ႔ခြင့္ရိွေသးရဲ႕လား။

ဘယ္ေတာ့မွ ေမးခြန္းေတြ မကုန္ဆံုးသြားခဲ့ဘူး။
ေျပးေနရင္း ေတြးေနမိတဲ့အေၾကာင္းသို႔တည္းမဟုတ္
Repeatလုပ္ၿပီး ဖြင့္ထားမိတဲ့သီခ်င္းက ဂ်ီလတ္ရဲ႕
ေဝးၿပီးတဲ့ေနာက္ ။ ခင္ဗ်ားေတာ့ သိမွာမဟုတ္ေပမယ့္
ကြၽန္ေတာ္ကေတာ့ အဆင္မေျပဘူး ..တစ္ေန႔တစ္ေန႔
ခင္ဗ်ားကို လြမ္းလြန္းလို႔ ခင္းဗ်ားရိွတဲ့လာရိွဳးကိုပဲေျပးလာ
ခ်င္မိတယ္။

ခင္ဗ်ားကိုသိပ္ခ်စ္ပါရက္နဲ႔မုန္းေယာင္ေဆာင္ခဲ့ရတဲ့အခ်ိန္မွာ ကြၽန္ေတာ့္ရင္ေတြ ဘယ္ေလာက္နာေနလဲ ခင္ဗ်ားမသိဘူး။
ခင္ဗ်ား လုပ္ေကြၽးတဲ့ ထမင္းဆီဆမ္းနဲ႔ၾကက္ဥေၾကာ္ေလး
ကို ဘယ္ေလာက္လြမ္းတယ္ဆိုတာလည္း ခင္ဗ်ား သိမွာ
မဟုတ္ဘူး။ ခင္ဗ်ားလုပ္ေကြၽးတဲ့ ေခါက္ဆြဲဲျပဳတ္ရဲ႕ အရသာက ကြၽန္ေတာ့္ဟာကြၽန္ေတာ္ ျပဳတ္စားတဲ့ ေခါက္ဆြဲထက္ပိုၿပီး
အရသာရိွတဲ့အေၾကာင္း ေတြးမိတိုင္း သြန္ပစ္လိုက္ရတဲ့
ေခါက္ဆြဲေတြက ေလွာင္ရယ္ေနၾကလိမ့္မယ္။

ကြၽန္ေတာ္တို႔အတူတူလုပ္ခဲ့တဲ့ မက္မန္းဝ္ိုင္ေတြက
အခုဆို ႏွစ္ခ်ိဳ႕ဝိုင္ေတြေတာင္ျဖစ္ေနေလာက္ၿပီထင္တယ္။
ေတာင္ေပၚမွာ အခုခ်ိန္ဆိုႏွင္းေတြ က်ေလာက္ၿပီေပါ့။
ကြၽန္ေတာ္တို႔အတူတူကုန္ဆံုးခဲ့ၾကတဲ့ သီတင္းကြၽတ္
မီးပံုးပ်ံပြဲေတာ္ကိုေရာ သတိရေသးရဲ႕လား။
ခ်မ္းတယ္ဆိုၿပီး ဆိုင္ကယ္စီးတိုင္း ကြၽန္ေတာ္ခါးကို
ဖက္ဖို႔ႀကိဳးစားေနတဲ့ခင္ဗ်ားက အခုဆို ဘယ္သူခါးကို
ဖက္ၿပီး လိုက္စိီးေနမွာလဲ။ ကိုဘိုဘိုလား။

သူ ရင္နာနာနဲ႔ ရယ္မိသြားတယ္ဆိုတာ ဝန္ခံ၏။

ေနာင္တ ဆိုတာဘာလဲ သိလား။ ေနာင္မွရတဲ့ ေနာင္တမို႔လို႔
ေနာင္တလို႔ေခၚတာတဲ့။ဒီအခ်ိန္မွာ ခင္ဗ်ား ကို ဆံုး႐ွံုးလိုက္ရလို႔ ေနာင္တေတြနဲ႔ျပည့္ႏွက္ေနတဲ့ ကြၽန္ေတာ့္ကိုျမင္ရင္
ခင္ဗ်ားေလွာင္ရယ္ေနမွာလား။ဒါမွမဟုတ္ ကြၽန္ေတာ္ ့ကို
နားက်ည္းေနမွာလား။ ဒါမွမဟုတ္.....မျမင္ခ်င္ေလာက္ေအာင္ မုန္းတီးေနမွာလား။သိၿပီးသားဆိုေပမယ့္ ထပ္ေမးခ်င္
ေသတယ္။

ကြၽန္ေတာ့္ကို မုန္းလို႔ဝၿပီလား။

လူး႐ွင္း၍ ကြင္းျပင္ေတြသာရိွသည့္ ေနရာအေရာက္
သူ ေျပးေနတာကို ရပ္လိုက္ပါ၏။ ေမာဟိုက္လာျခင္း
နဲ႔အတူ ႐ွဴထုတ္လိုက္တဲ့ေလေတြမွာ ခင္ဗ်ားကို
ဘယ္ေလာက္သတိရေနေၾကာင္းေတြ ပါဝင္ေနတာ
ခင္ဗ်ားသိရင္ သိပ္ေကာင္းမွာပဲ။

"ဟူး..."

ေလေျပေသြးရဲ႕ က်ီစယ္မူေၾကာင့္ ယိမ္းႏြဲသြားတဲ့
အပင္ေလးေတြကို ၾကည့္ရင္း ေနာင္တမ်ားစြာနဲ႕
အတိတ္ကာလ တစ္ခုဆီ အာရံုေတြလႊင့္ပ်ယ္ကုန္၏။

လြန္ခဲ့ေသာ သံုးႏွစ္ ေခါင္ေလး အိမ္ကထြက္လာၿပီး
လားရိွဳး ေရာက္တဲ့အခ်ိန္..

ညေနပိုင္းပင္ ျဖစ္ေသာ္လည္းျခံတံခါး ႀကီး ပိတ္လို႔
တိတ္ဆိတ္ေနေသာ အေျခအေနက ပံုမွန္မဟုတ္ေပ။
အျမဲတမ္းလို လူစည္းကားေနေသာ NT Barက
ဘာေၾကာင့္ ပိတ္ထားရသည္မသိ။

ရြာကေန ဆိုင္ကယ္ကိုအၾကမ္းပတမ္းေမာင္းၿပီး
အလ်င္အျမန္ ေျပးလာခဲ့ရတာက ခင္ဗ်ားကို ခ်စ္တယ္လို႔
ေျပာဖို႔ ။ကြၽန္ေတာ္ ေႏြးနဲ႔ မဂၤလာမေဆာင္ေတာ့ဘူး
ခင္ဗ်ားနဲ႔ပဲ တစ္သက္လံုးအတူတူေနေတာ့မွာ လို႔ ေျပာခ်င္
လို႔။

ဒီစကားကိုသူ ေျပာလိုက္ရင္နိႈင္းသုတလ်ွံ ဆိုတဲ့လူ
အေပ်ာ္လြန္ၿပီး ထ က ႏိုင္ေကာင္းရဲ႕။ ဒါမွမဟုတ္
အေပ်ာ္လြန္းၿပီး ငိုမွာလား။ ရင္ထဲ တသိမ့္သိမ့္နဲ႔
ၾကည္ႏူးေနမိသည္မွာ ႏႈတ္ခမ္းေလးေတြပင္ေကာ့တတ္လို႔
ေန၏။ ခင္ဗ်ားကို ငိုေအာင္လုပ္မိတဲ့အတြက္ ေတာင္းပန္
ခ်င္တယ္ ျမန္ျမန္တံခါးလာဖြင့္ေပးစမ္းပါ။

လူေခၚဘဲလ္ေလးကို ဆက္တိုက္ တီးၿပီး သူေခၚေတာ့
ျခံေစာင့္ တစ္ေယာက္ေျပးထြက္လာပါ၏။ ေျပာရရင္ေတာ့
သူ႔ကိုအျမင္မၾကည္တဲ့ Barတံခါးေစာင့္ေပါ့။ သူ႔ကိုျမင္ေတာ့
ထို အေစာင့္မွာ ခ်က္ခ်င္းပင္ မ်က္ႏွာတည္သြားၿပီး..

"ဘာကိစၥ လဲ ဘာလာလုပ္တာလဲ"

ေလသံက မာလြန္းသျဖင့္ ေခါင္ေလး စိတ္ထဲေထာင္းခနဲ
ျဖစ္သြားရ၏ ။သို႔ေသာ္လည္း  သည္ခံစိတ္ေမြးလိုက္ကာ..

"ကိုသုတ ဆီလာတာ တံခါးဖြင့္"

မဟုတ္လည္း ႏိႈင္းနဲ႔ အတူေနရရင္ ဒီအလုပ္သမားေတြ က
သူ႔ခိုင္းဘက္ျဖစ္လာမွာပဲ ဟူသည့္အေတြးျဖင့္ သူကေတာ့
ထိုလူကို ဂ႐ုမစိုက္ပါေခ်။

"အကိုေလး မရိွဘူး "

"ဟမ္! ဘာလို႔မရိွရမွာလဲ တံခါးဖြင့္ !"

"အကိုေလးမရိွဘူး မင္းျပန္ေတာ့"

"မယံုဘူး သူက ဘယ္မွသြားတတ္တာမဟုတ္ဘူးဒီမွာ
မရိွလို႔ ဘယ္မွာရိွမွာလဲ"

ေခါင္ေလး နဲနဲေလးမွ မေက်နပ္တာပါ။ လူကိုေတြ႔ကတည္းက
မၾကည္လို္႔ စကားေကာင္းေကာင္း မေျပာတာကထားေတာ့
အခုလို ႏွင္လႊတ္ဖို႔ထိေတာ့ မလုပ္သင့္ဘူးထင္၏။

"မသိဘူး သိလည္း မေျပာရဘူးတဲ့ ။မင္း ျပန္လိုက္ေတာ့"

စကားက အနဲငယ္ေတာ့ေခါင္း႐ႈပ္ဖြယ္ပင္။ သိလည္း
မေျပာရဘူးတဲ့ ဆိုေတာ့ တစ္ေယာက္ေယာက္ က
သူလာမွာကို ပိတ္ပင္တားဆီးထားတဲ့သေဘာေပါ့။
ေခါင္ေလး စိတ္ေတြထိန္းမရျဖစ္လာခဲ့ရင္း...ေမးေၾကာ
ေလးေတြပါ ေထာင္လာခဲ့ပါသည္။

"ဘယ္သူကလည္း ဘယ္သူက မေျပာခိုင္းတာလဲ။
ကိုသုတလား... အခုခ်က္ခ်င္း ခင္ဗ်ားတံခါးဖြင့္စမ္းပါ"

တံခါးတိုင္ႏွစ္ခုကို ဆြဲကိုင္လႈပ္ရင္း သူေျပာလ်ွင္ ထို
အေစာင့္လူႀကီးမွာ သံတုတ္တစ္ခုကို ကိုင္ထားလ်က္..

"မင္းကို သတိေပးေနတယ္ေနာ္ မသြားရင္ ငါ့အဆိုးမဆိုနဲ႔"

"႐ိုက္လိုက္ေလ ေၾကာက္မယ္ထင္လို႔။ သတိၱရိွရင္ျခံတံခါး
ဖြင့္လိုက္!"

မီးဝင္းဝင္းေတာက္ေနေသာ မ်က္ဝန္းႏွစ္စံုအားၿပိဳင္ေနစဥ္
ကိုဘိုဘို က သူတို္႔အနားသို႔ ေျခလွမ္းက်ဲမ်ားျဖင့္ ေရာက္လာ
ပါ၏။

"ဘာေတြျဖစ္ေနၾကတာလဲ "

"ဒီေကာင္ ျခံတံခါးေ႐ွ႕မွာလာေအာ္ေနလို္႕"

ထိုအေစာင့္သည္ ကိုဘိုဘို ကိုျမင္လ်ွင္ ခ်က္ခ်င္းပင္
အၿမီးေလးကုပ္လို႔ သစၥာ ရိွေသာ ေခြးတစ္ေကာင္ႏွယ္
ျဖစ္သြားေတာ့၏။

"မင္း က ဘာကိစၥ လာေအာ္ေနတာလဲ"

ကိုဘိုဘိုပံုစံက သူအရင္ျမင္ဖူးေနက် ေအးေဆးတည္ၿငိမ္
သည့္ပံု ျဖစ္မေနပဲ သူ႔အား မလိုမုန္းတီးသည့္ ပံုေပါက္ေနပါ
သည္။ အေျခအေနက ဘာေတြျဖစ္ေနတာလဲ မသိေပမယ့္
ေခါင္ေလးရင္ထဲ ဗေလာင္ဆူလို႔လာတာမွန္၏။ ႏိႈင္းတစ္ခုခု
ျဖစ္လို႔ သူ႔ကို မုန္းေနၾကတာေတာ့ မျဖစ္ပါေစနဲ႔ေနာ္။

"ကြၽန္ေတာ္ ကိုသုတနဲ႔ေတြ႔မလို႔လာတာ"

"ႏိႈင္း က မင္းနဲ႔မေတြ႔ခ်င္ဘူးတဲ့။ မင္းျပန္လိုက္ေတာ့"

"ဘာေျပာတယ္ ။ မျဖစ္ႏိုင္တာ။ က်ဳပ္သူနဲ႔ စကားသြားေျပာ
မယ္ တံခါးဖြင့္ေပး"

ကိုဘိုဘို မ်က္ႏွာသည္ အေရာင္ေတြေျပာင္းလဲေနလ်က္ ..

"ႏိႈင္း က မင္းမ်က္ႏွာလည္း မျမင္ခ်င္ဘူး မင္းနဲ႔လည္း
စကားမေျပာခ်င္ဘူး...ျဖစ္ႏိုင္ရင္ မင္းရိွတဲ့ ဒီမွာေတာင္
မေနခ်င္ေတာ့ဘူးတဲ့ "

"သူကိုယ္တိုင္ေျပာတာလား ။ခင္းဗ်ားကတစ္ဆင့္ေျပာေနတာ
ကို က်ဳပ္က ယံုရမွာလား"

"ယံုခ်င္ယံု မယံုခ်င္ေန။ငါေျပာတဲ့စကားေတြကေတာ့ ႏိႈင္းရဲ႕
ဆႏၵ အစစ္အမွန္ေတြပဲ"

"မျဖစ္ႏိုင္ဘူး"

"ကိုမိန္း ထားလိုက္ လံုးဝတံခါးမဖြင့္ေပးနဲ႔"

ကိုဘိုဘိုသည္ ထိုအေစာင့္အား အမိန္႔ေပးလ်က္ ေက်ာခိုင္း
ကာ ထြက္သြားပါ၏။ ထိုအေစာင့္သည္ ေခါင္ေလးအား
ေလွာင္ျပံဳး ျဖင့္ရယ္ျပၿပီး သူေနရာသူ ျပန္သြားထိုင္ေနပါေတာ့
သည္။

"ကြၽန္ေတာ္နဲ႔အတူတူရိွေနလို႔ဒီၿမိဳ႕မွာေတာင္မေနခ်င္ေတာ့ဘူး"

ျခံတံခါးကို ဆုပ္ကိုင္ရင္း ေခါင္ေလး တိုးတိုးေလးေရရြတ္
လိုက္မိသည္ ။ မျဖစ္ႏိုင္ဘူးဆိုၿပီး ကိုယ့္ကိုယ္ကို ယံုၾကည္မူ
အျပည့္နဲ႔ အခ်ိန္ေတြၾကာသည္အထိ ရပ္ေစာင့္ေနေပမယ့္
ႏိႈင္းသုတလ်ွံ ဆိုတဲ့လူကို အစအနေလးေတာင္း သူမျမင္ခဲ့
ရေပ။သရဲေၾကာက္ပါတယ္ဆိုတဲ့သူဟာ ညလံုးေပါက္
Barအေ႐ွ႕မွာ ေစာင့္ေနခဲ့တယ္ဆိုရင္ လိမ္ေနတယ္လို႔ပဲ
ထင္ၾကမွာေပါ့။ တကယ္ပဲ ကြၽန္ေတာ့္ကို မျမင္ခ်င္ေတာ့တာလား။တကယ္ပဲ ကြၽန္ေတာ့္ကို မုန္းသြားတာလား။

ေကာင္းပါၿပီေလ ကြၽန္ေတာ္ ထြက္သြားေပးပါ့မယ္။

နာက်င္မူနဲ႔အတူ လႊင့္စင္သြားေသာ မ်က္ရည္မႈန္တစ္စက္။၊

ေနာက္ဆံုးေတာ့ ေမ်ွာ္လင့္ခ်က္ေတြ ႐ိုက္ခ်ိဳးခံလိုက္ရတဲ့
ခံစားခ်က္ကို သူ နာလည္သိရိွခဲ့ရၿပီ။ ခင္ဗ်ားသိမလားေတာ့
မသိေပမယ့္ ဒါက ကြၽန္ေတာ့္အတြက္ မ်ိဳးတူလူသားတစ္ဦးအေပၚ ခ်စ္လြန္းလို႔ ပထမဦးဆံုး အႀကိမ္ က်တဲ့မ်က္ရည္ပဲ။
ကြၽန္ေတာ့္ကို ခ်စ္ေနတာထက္စာရင္  မုန္းေနတာက
ပိုေကာင္းပါတယ္ေလ ။ ကြၽန္ေတာ္ဆိုတဲ့ေကာင္က မီး..
ျပသာနာ အိုး မဟုတ္လား။

ဒီလိုနဲ႔ သံုးႏွစ္ေတာင္ ေက်ာ္ၿပီထင္တယ္ေနာ္...

ခင္ဗ်ားအေၾကာင္းေတြကို အခ်ိန္ေတြၾကာလာရင္ ေမ့သြားလိမ့္မယ္လို႔ထင္ခဲ့ဖူးတယ္။ ဒါေပမယ့္  ေနာက္ထပ္လူတစ္
ေယာက္နဲ႔ အိပ္ဖို႔အေၾကာင္း မေတြ႔မိေတာ့တဲ့အထိ ခင္ဗ်ား ကြၽန္ေတာ့္ကို စိုးမိုးေနတုန္းပဲ။

ေခါင္ေလးသည္ ကြင္းျပင္အား မ်က္စိတစ္ဆံုးၾကည့္ၿပီး
သည့္ေနာက္ သက္ျပင္းေမာကိုခ်ရင္း ေနာက္ေၾကာင္းျပန္
လွည့္ေျပးခဲ့ပါ၏။ခင္ဗ်ား ကို ခ်စ္တယ္လို႔ ေျပာခြင့္မရိွေတာ့မွ
ခင္ဗ်ားကို အရမ္းခ်စ္တတ္ေနတဲ့ ႏွလံုးသား တစ္စံု
ကြၽန္ေတာ့္မွာရိွေနတာသိရင္ သနားေနမွာေတာ့
မဟုတ္ဘူးမလား။

ေခါင္ေလးသည္ ေခြၽသံ တလံုးလံုးျဖင့္ ျပန္ေရာက္သည္ႏွင့္
ခဏတျဖဳတ္ အနားယူလိုက္ၿပီး ေရခ်ိဳးလိုက္၏။ ထို႔ေနာက္
ဝတ္ေနက်အနက္ေရာင္ေတြက္ုိ ဝတ္လိုက္ၿပီး စႏိုက္ပါ
ေသနတ္အႀကီးႀကီးကို ေသခ်ာစစ္ေဆးကာ အိတ္ထဲ
ထည့္လို႔ ေက်ာမွာလြယ္လိုက္၏။

ေဒါက္ ေဒါက္ ေဒါက္...

သူျပင္ဆင္ၿပီးခ်ိန္၌ အခန္းတံခါးေခါက္သံၾကားရသျဖင့္
တံခါးဖြင့္ေပးလိုက္ရာ လူတစ္ေယာက္ က သူ႔ကို
စာရြက္ေခါက္ေလးေပးကာ ထြက္သြားေလသည္။
ေခါင္ေလးသည္ စာရြက္ကိုျဖန္႔ၾကည့္ၿပီး အိတ္ကပ္ထဲ
ထည့္လိုက္၏။ သူဒီေန႔ည ႀကိဳးဝိုင္းအတြင္း သို႔
ဝင္ရေပလိမ့္မည္။

"Hay !Are you ready?"

"Sure"

သူ႔လိုပင္ ေသနတ္အိတ္ကိုလြယ္လ်က္ လူတစ္ဦးထြက္လာ
သျဖင့္ ႏွစ္ေယာက္အတူတူ အျပင္သို႔ ေလ်ွာက္ခဲ့ၾကသည္။
ဒီေန႔ပစ္မွတ္က ဘိန္းေမွာင္ခိုေရာင္းတဲ့သူနဲ႔ ဝယ္တဲ့သူ
ျဖစ္ၿပီး ႏွစ္ဦးလံုး အသက္႐ွင့္ခြင့္မရိွ။ ဘာသာစကားမတူတဲ့
ေနရာမွာ ဘာသာစကားမတူတဲ့လူႏွစ္ဦး အလုပ္တြဲလုပ္
ရသည္က လြယ္ကူႏိုင္မယ္လို႔ထင္ပါသလား။

လြယ္ပါတယ္ ကြၽန္ေတာ္တို႔မွာ လက္ေတြပါတယ္ေလ
ဟန္ ျပမွာေပါ့။ အထက္လူႀကီးခိုင္းသည့္အတိုင္း
တစ္ေယာက္က ဝယ္သူကို ပစ္မွတ္ထားလ်က္ တစ္ေယာက္က ေရာင္းသူကိုပစ္မွတ္ထားရမည္။ ပစၥည္း ေတြ
ပိုက္ဆံ ေတြလုဖို႔ကေတာ့ အဖြဲ႔သက္သက္ရိွတာေပါ့ေလ။
ေလာင္းကစားဝိုင္းျဖစ္သလို.. တစ္ခါတေလ ဒီလို လုယက္
ရတဲ့အလုပ္ကိုလည္း သူတို႔လုပ္ရတာပါပဲ။

ေခါင္ေလးသည္ ေသနတ္ကို ထုတ္ၿပီး ပစ္မွတ္ကို
ေသခ်ာခ်ိန္ထားပါ၏။ အခုဆိုရင္ ခလုတ္ဆြဲလိုက္ရံုနဲ႔
သူ လူသတ္တတ္ေနၿပီ။ လူသတ္လို႔ ဝ၌လည္မွာ
မေၾကာက္ဘူးလားလို႔ေမးရင္ မေၾကာက္ပါဘူး။ သူတို႔ေတြ
အားလံုးက ေသသင့္တဲ့သူေတြႀကီးပဲ... ကြၽန္ေတာ္အပါအဝင္
ေပါ့။

ေခါင္ေလး အေတြးနယ္ခ်ဲ့ေနစဥ္ ကားႏွစ္စီး ျမင္ကြင္းထဲ
ဝင္လာပါ၏။ ထို႔ေနာက္ ကားတစ္စီးမွ လူတစ္ခ်ိဳ႕ဆင္းလာ
လ်က္ တစ္ဘက္ကားမွာေတာ့ လူတစ္ဦးသာ ဆင္းလာ
ပါသည္။

ဘယ္လိုသတၱိမ်ိဳးနဲ႔ ဒီလို ေနရာကို တစ္ေယာက္တည္း
လာဝံ့တာပါလိမ့္။ ေခါင္ေလးသည္ တစ္ဦးတည္းရိွေသာ
သူဘက္ကို ပစ္မွတ္ထားလ်က္ မွန္ေျပာင္းကတစ္ဆင့္
ေသခ်ာၾကည့္လိုက္၏။

"ဟင္! "

႐ုတ္တရက္ သူႏႈတ္ခမ္းေတြပြင့္ဟသြားၿပီး မ်က္လံုးေတြ
ဝိုင္းစက္သြားရပါသည္။ အျမင္ေတြေဝဝါးေနလို႔ လူမွား
ေနတာပဲျဖစ္မွာပါ ဟူသည့္အေတြးျဖင့္ ေသခ်ာျပန္ၾကည့္
ေသာ္လည္း ထိုလူမွာ သူျမတ္ႏိုးခဲ့ဖူးေသာ လူတစ္ဦးသာ
ျဖစ္ေနလ်က္။

ဘာလို႔သူက ဒီကိုေရာက္ေနရတာလဲ။ သူဒီအလုပ္ေတြ
လုပ္ေနတယ္ဆိုတာလည္း သတင္းမၾကားမိပါဘူး။
ဒါဆိုဘာလို႔လဲ။

"ငါမင္းအတြက္ special လက္ေဆာင္ပို႔လိုက္တယ္
မင္းႀကိဳက္မွာပါ"

ရဲေဇာ္၏ စကားသံတစ္ခ်ိဳ႕။ မဟုတ္မွ...ႏိႈင္း ကိုမ်ား..

"Hay! What?"

ေခါင္ေလး ၿငိမ္ေနသည္မို႔ တစ္ဘက္စႏိုက္ပါသမားက
ေမးလ်ွင္ သူလက္ခါျပလ်က္ ႏိႈင္း ဘက္ကို လက္ညိဳး
ထိုးျပ၏။ ထိုလူကေတာ့ ေခါင္းဆတ္ျပၿပီး သူ႔အလုပ္ကို
သူဆက္လုပ္ေနပါသည္။

မဲနက္ေနေသာ ဆံႏြယ္ေတြက ကြၽန္ေတာ္နဲ႔အတူတူရိွတုန္း
ကလို တိုမေနေတာ့ဘူးပဲ။ အေဝးကၾကည့္တာေတာင္
ခင္ဗ်ားက သိပ္လွေနေသးတယ္။ မျမင္ရတာၾကာလို႔လား
မသိဘူး ခင္ဗ်ား နဲနဲပိန္သြားသလိုပဲ။ ကိုဘိုဘိုက ခင္ဗ်ားကို
ထမင္းမေကြၽးဘူးလား ။

ေခါင္ေလးသည္ ေသနတ္ေျပာင္းကို ႏိႈင္း၏ နဖူးတည့္တည့္သို႔
ခ်ိန္ထားရာမွ ေပါင္ရင္းဆီသို႔ မသိမသာ ေရႊ႕လိုက္၏။
ေသသြားတာထက္စာရင္ ေျခေထာက္ထိတာက မေတာ္
ျဖတ္ပစ္ၿပီး အတုတပ္ရရံုသာ။

ဒိုင္း!!

Sorry ကြၽန္ေတာ္ ခင္ဗ်ားဆီက ခြင့္လႊတ္မူတစ္ခုေတာင္
မေတာင္းရေသးဘူး ေနာက္ထပ္ နာက်င္မူတစ္ခုကို ထပ္ေပး
မိျပန္ၿပီ။

.........

Love you all💚💚💚

Continue Reading

You'll Also Like

1.1M 66.5K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
520K 43.8K 61
ဘဝမှာအချစ်နဲ့တူသောအရာများစွာ ကြုံတွေ့ရနိုင်သည်။ သို့သော် အချစ်စစ်ကတော့ အရာအာလုံးထက်သာလွန်သည်။ ထို့အတူပင် ရည်းစားပေါင်းများစွာကြုံဆုံရနိုင်သည် သို့သော...
6.2K 470 10
တမ္​းခ်င္​းမ်ားသို႔ .... ဦးတည္​ျခင္​း ယံုၾကည္​မႈနဲ႔တည္​​ေဆာက္​ထားတဲ့အခ်စ္​တစ္​ခုမွာ မ်က္​၀န္​းျပာမ​ေလး​ေတြကိုရင္​မခုန္​ပါနဲ႔ဆိုတဲ့ သ၀န္တိုစာ​ေလး​ေတာ...
1M 77.6K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest