Black Memory(U+Z)(Completed )

By naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-29

13.3K 977 42
By naykyihtun

Unicode

ခြုံနွယ်တို့ ပေါက်ရောက်လျက် မှတ်တိုင်လေးတစ်ခုသာထင်ကျန်နေသော လူတစ်ဦး၏ တစ်ဘဝအဆုံးသတ်။ ဟိုနေရာဒီနေရာ မှ ကျီးငှက်အော်သံတို့ စည်ညံနေလျက်
အပြာရောင်ကောင်းကင်နှင့် ပထဝီမြေကြီးကြား ဝမ်းနည်းမူ ပူဆွေးမူတွေကို ခံစားနေရသော ကောင်လေးတစ်ယောက် (သ်ို့တည်းမဟုတ်)ကောင်မလေးတစ်ယောက်
နှင်းဆီပန်းတစ်ပွင့်ကိုင်လို့ ရပ်နေပါသည်။

"လာတာနောက်ကျသွားလို့ တောင်းပန်ပါတယ် ကိုကြီး။ ကျွန်တော် ပုံစံကြောင့် စိတ်ပျက်ပြီး ကိုကို့ ကို အပြစ်မတင်
ပါနဲ့နော်။ ဒါ ကျွန်တော် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းမလို့ ကိုကြီး နားလည်ပေးမယ်မဟုတ်လားဟင်"

မြေကြီးထဲ အရိုပြာတွေသာရှိတော့မည်ကို သိပါလျက် နန်းဟွမ် စကားတွေပြောနေမိ၏။ တဖြူဖြူး တိုက်နေသော လေပြေကြား တလွင့်လွင့်မျောနေသော ဆံပင်တွေကြောင့် ဖယ်ချရတာလဲအခါခါ။

"မြန်မြန်လုပ်.. အချိန်မရှိဘူး"

နာရီကိုကြည့်လျက် ရဲဇော်က သတိပေလျှင် ...

"သွားတော့မယ် ကိုကြီး ကျွန်တော့်ကိုစိတ်မပူနဲနော် ကျွန်တော် အန္တရာယ်ကင်းပါတယ်။.. သြော်..မေးဖို့တစ်ခု ကျန်သေးတယ်..."

နန်းဟွမ် သည် စိမ်းနုရောင် ဂါဝန်လေးနဲ့ ဆံပင်တွေကို သပ်ရပ်စွာ သေချာ ပြင်လိုက်ပြီး မျက်နှာကို အချိုသာဆုံး ပြုံးလိုက်၏။

"ဘယ်လိုလဲ ကျွန်တော်လှတယ်မလား"

ရဲဇော်သည် နန်းဟွမ် ကိုကြည့်လျက် စိတ်မသက်သာစွာ သက်ပြင်း ချလိုက်ပါသည်။ ထို့နောက် ဘေးဘီဝဲယာကို ကြည့်လိုက်လျှင် သချိုင်​း မြေအတွင်းသို့ ကားတစ်စီး
ဝင်ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် စူးစမ်းစွာ ကြည့်လိုက်ပါ၏။

ဘောင်းဘီအနက်ရောင်နှင့် အကျီ..သပိတ်
ရောင်ကို ဝတ်ဆင်လျက် မျက်မှန်အမဲရောင်ကို တပ်ဆင်ထားသော ခပ်လတ်လတ်အရွယ်လူ တစ်ဦး ကားပေါ်က ဆင်းလာ
သည်ကို မြင်လျင် သူ ရုတ်တရက် အံ့သြသွားကာ..

" မိုးဇေ!"

ရဲဇော် ရေရွတ်သံကိုကြားလျှင် စိုင်လျန်သည်လည်း သူကြည့်နေရာသို့ လိုက်ကြည့်လျက်..

"ဟင်း!ကိုကြီးမိုးဇေ က ဘယ်လိုလုပ်"

စိုင်လျန်သည် အံ့သြစွာပင် မျက်လုံးတို့ကို ဘယ်ညာရွေ့ရှား လျက် ရဲဇော်နားသို့ တိုးတိုးလေး ကပ်ပြောလေသည်။

"မသိသလိုနေနော် ။ ဒီတိုင် သွားရအောင်"

"ဟ ဘာလိုလဲ ။မင်း သူနဲ့ ပြန်လိုက်သွားသင့်တယ်လေ"

နန်းဟွမ် သည် ရဲဇော်လက်အား ကိုင်လျက် အသနားခံ သော မျက်ဝန်းများဖြင့် ကြည့်လာ၏။ ရဲဇော်သည် စိတ်ရှုပ် သွားကာ ပါလာသော နေကာမျက်မှန်ကိုတပ်လျက်
နန်းဟွမ်လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ပြီး
ခပ်တည်တည်ဖြင့် မိုးဇေကို မသိသလို ကျော်သွားလိုက်ပါသည်။

မိုးဇေသည် နန်းဟွမ်၏ သွယ်လျသော မျက်နှာကို ရင်းရင်းနှီးနှီး မြင်ဖူးနေသလို ဖြစ်နေတာကြောင့် မျက်မှန်အောက်က မျက်ခုံးလေးတွေ ပင့်တတ်သွား သည်အထိ သမင်လည်ပြန်ကြည့်မိ၏။ထို့နောက်
ဆက်ဟေးရှိရာ မြေပုံဆီသို့ သွားလျက် ဘေးနားမှာ ထိုင်ချလိုက်လေသည်။

"ကြည့်ပါဦး ငါ့ကောင်ကြီးကို အုတ်ဂုတ်လေးတောင် မလုပ်ထားပေးကြပါလား"

ထိုသို့ ပြောလျက် မိုးဇေက မြေကြီးတွေကို လက်ဝါး အပြည့် ကြုံးလိုက်ပြီး ဖြေးဖြေးချင်း ပြန်ဖြူးချ၏။

"ဟင် နှင်းဆီပန်းပါလား"

နှင်းဆီဖြူလေးတစ်ပွင့်က သ်ိသိသာသာ ထင်ကျန်နေသည်မို့ သူ ကောက်ယူလိုက်ပြီး မျက်မှန်ပင် ချွတ်ကာ သေချာ
ကြည့်လိုက်၏။ လတ်လတ်ဆတ်ဆတ်နှင်းဆီပွင့်သည် မကြာသေးမီအချိန်ကမှ ရောက်ရှိလာကြောင်း ဝန်ခံနေသည်မို့
မိုးဇေက ဆက်ဟေးမြေပုံပေါ် ပြန်တင်ပေးလိုက်ကာ...

"ဆိုတော့ကာ မင်းညီမသေသေးဘူးပေါ့။ မင်းညီကလည်း ကွာ ကဗျာဆန်လိုက်တာ နှင်းဆီပွင့်တဲ့.. ဆက်ဟေး မင်းမှတ်မိလား ငါတို့ နောက်ဆုံးအတူတူသောက်ခဲ့တာ
ဘယ်အချိန်ကလဲ ။ ငါတော့ မမှတ်မိဘူး"

မိုးဇေသည် အသင့်ပါလာသော ဘီယာဘူးတစ်ဘူးကို ဖောက်ကာဆက်ဟေးမြေပုံပေါ် တင်ပေးလျက် သူကတော့ နောက်တစ်ဗူးကိုဖောက်ကာ မော့သောက်လိုက်၏။

"ငါ က မင်း ငါ့ကိုသစ္စာဖောက်သွားတယ်လို ထင်ထားတာ။ အခုတော့ မင်းက ကိုယ်လွှတ်ရုန်းသွားတာပဲ။ တစ်ကိုယ်ကောင်း ဆန်တဲ့ကောင်။ အသုံးမကျတဲ့ကောင်"

ဘူးထဲတွင် နောက်ဆုံးတစ်စက်ကျန်သော ဘီယာကို ခံတွင်းသို့ ခါချကာ ဘူးကို ပိန့်ရှုံ့သွားအောင်ညစ်လိုက်ပြီး အဝေးကိုပစ်ပေါက်လိုက်၏။

"ပြောစမ်းပါ မင်းကို ဘယ်သူသတ်တာလဲ။ အဲ့တိုင်း အိပ်မနေနဲ့ မင်းကို ငါ အိပ်ခွင့် မပေးထားဘူးနော်။ ထစမ်းပါ"

မိုးဇေသည် နောက်ထပ်ဘီယာတစ်ဗူးကို ထပ်ယူကာ သောက်လိုက်ပြီး...ဆက်ဟေး၏ မှတ်တိုင်လေးကို ငေးကြည့်နေကာ...

"အာ.. ငါ မငိုပါဘူးဆို ။ ဟိုဘက်မှာမီးရှို့နေလို့ မျက်ရည် ကျတာ.. မင်းနဲ့ မဆိုင်ဘူး"

မျက်ရည်တွေဆိုတာ အငွေ့ပျံပြီး ပျောက်ကွယ်သွားရင် ကောင်းလိမ့်မည်။ မိုးဇေသည် မည်မျှမငိုဘူးဟုဆိုသော်ငြား ရှိုက်သံပင် ထွက်လို့ နေ၏။ ငါ မင်း ရဲ့ နောက်ဆုံး
အချိန်မှာတောင် အတူတူရှိမနေပေးနိုင်ခဲ့ဘူး။ တကယ် အသုံးမကျတဲ့ကောင်က မင်းမဟုတ်ဘူး ငါ။

"အဟင်း...အဟင်း...ဟူးးး "

မိုးဇေသည် မျက်ရည်တွေသုတ်လျက် အသံတွေကို ပြင်ကာ စိတ်ကိုထိန်းလိုက်ပြီး မျက်မှန်ကို ပြန်တပ်လိုက်၏။

"မင်း မရှိလို့ ဝမ်းနည်းပြီး လွမ်းနေမှာတော့မဟုတ်ဘူး။ ငါ ဒီလောကကို ချုပ်ကိုင်ပြမယ် မင်းကြည့်နေ!"

ထို့နောက် မတ်တပ်ရပ်ကာ ဘောင်းဘီတွေကို ခါလိုက်ပြီး Smartကျစွာပင် ကားဆီသို့ ပြန်လာခဲ့ပါ၏။

"ကိုမိုးဇေ အခုဘယ်ကိုသွားမှာလဲ"

ကားထဲတွင်ထိုင်စောင့်နေသော သူ့လူယုံကမေးလျှင် မိုးဇေက လက်တွေကိုပိုက်လျက်
ခတ္တငြိမ်နေလိုက်ပြီး..

"ဆက်ဟေး ညီကရော ဘယ်ချိန်ကတည်းက ပျောက်သွားတာလဲ"

"သူ သေတဲ့နေ့မှာပဲ ပျောက်သွားတာ။ ကျွန်တော်ကြားတာတော့ ကိုဆက်ဟေးသေတဲ့အချိန်မှာ သူ့ညီရှိတယ်ဆိုလားပဲ"

"မင်းပြောတော့ မီးလောင်တိုက်သွင်းခံရတာဆို "

"ဟုတ်တယ် ။ ဒါပေမယ့် သူ့ညီ က ဘယ်လိုပျောက်သွားမှန်း မသိလိုက်ကြတာ ။ပြာဖြစ်သွားတယ်ဆိုဦးတော့ အဲ့လောက်ကြီး အစအနပျောက်သွားစရာ အကြောင်းမရှိဘူး။
ဒါပေမယ့် အဲ့ဒီနားမှာ လူနှစ်ယောက်သတ်ခံထားရတာတော့ တွေ့တယ်။ ကျွန်တော့်အထင်တော့ ရဲဇော်လူတွေ ဖြစ်လောက်တယ်"

"သေချာလား "

"အသွင်အပြင်ကတော့ ရဲဇော်ဆီကပဲ"

ရဲဇော် ဆိုသည့်ကောင်ကို မိုးဇေမသိစရာအကြောင်းမရှိ။ လူမိုက်ငှါးတဲ့ကောင်ဖြစ်ပြီး လူရှာတဲ့အလုပ်နဲ့ အသက် မွေးဝမ်းကျောင်းပြုနေသူ ဖြစ်သည်။ နေစမ်းပါဦး ခုနက
ကောင်မလေး တစ်ယောက်နဲ့ထွက်သွားတာ ရဲဇော်မလား။ သူက ဒီကိုဘာလာလုပ်တာလဲ။ မဟုတ်မှ ဆက်ဟေးဆီ လာတာလား။ ဘယ်လိုပတ်သတ်နေလို့လဲ။

"ကျွန်တော်ဘယ်ကို မောင်း.."

မိုးဇေငြိမ်နေသဖြင့် ထိုလူယုံကမေးလျှင်..

" ရဲဇော်ဆီသွားမယ်"

သို့နှင့် ကားလေးတစ်စီးကတော့ လမ်းမပေါ်၌
တရိပ်ရိပ် စတင်ပြေးလွှား နေပါတော့သည်။

.......

"ငါတို့ ဘယ်လိုရှာရမှာလဲ ။ လားရှိုး ဒီလောက်ကျယ်တာ ဟေ့ကောင် သူခိုး ထွက်လာခဲ့စမ်း ငါ့ဆီက ခိုးသွားတာ
ပြန်ပေးလို့ အော်တောင်းရမှာလား"

"ငါကြားဖူးတာ ရှိတယ်။ ဒီမှာ လူရှာတာ အရမ်းတော်တဲ့လူ တစ်ယောက်ရှိတယ်တဲ့... "

နှိုင်း၏ Day Barတွင် ယနေ့မှ လူပါးနေပါ၏။ သို့သော်လည်း ထောင့်တွင် ထိုင်နေသော လူနှစ်ဦးကတော့ တော်တော်ကြာသည့်တိုင် စကားပြောလျက် ရှိနေကြ၏။

နှိုင်းသည် လူရှာ တော်တဲ့သူရှိတယ်ဆို၍ စိတ်ဝင်စား သွားကာ ထိုသူတို့မှာထားသော ဝိုင်ကို စာပွဲထိုး လက်တွင်း မှ ပြောင်းယူလျက် ကိုယ်တိုင်ချပေးလိုက်သည်။

"ဟုတ်လား ဘယ်သူလဲ "

"သူက ရပ်ကွက်(5)ဘက်မှာ နေတယ်လို့ကြားတာပဲ နာမည်က ရဲဇော်တဲ့ ။ သူလုပ်လာတဲ့သက်တမ်း တစ်လျှောက်မှာ မရှာနိုင်တဲ့သူ မရှိသေးဘူးတဲ့"

နှိုင်းသည် နာမည်နဲ့ လိပ်စာကို သေချာ နားထောင်မှတ်သား ပြီးနောက် လင်ဗန်းကို စားပွဲထိုးအား ပြန်ပေးကာ
အပြင်ထွက်ရန်ပြင်လိုက်၏။

"အကိုလေး ဘယ်သွားမလို့လဲ"

"လုပ်စရာ ရှိလို့ ကိုဘိုဘိုမေးရန် ဒီတိုင်း အပြင်သွားလည်တယ်လို့ပြောလိုက်"

"ဟုတ်ကဲ့"

တစ်ဖန် အနက်ရောင် ကားလေးတစ်စီးကလည်း ကားလမ်းမကြီးထက် ပြေးလွှာဖို့ စတင်လှိမ့်ဆင်းပါတော့လေသည်။

........

"ကိုကြီးမိုးဇေက ၅နှစ်ကျတာ မဟုတ်ဘူးလား။ဘာလို့ချက်ချင်းကြီးလွတ်လာတာလဲ"

ရဲဇော်က ဘာမှမပြောပဲ နန်းဟွမ်ကို မျက်မှောင်ကြုတ်ကာ ကြည့်လျက်...

" ငါ ခေါင် ကို ဒီအကြောင်း ပြောမှဖြစ်မယ်"

"ကျွန်တော် တောင်းပန်နေတယ်လေ ။ ကိုကို့နားမှာ နေချင်သေးတယ်.. "

"ဟ.. ငါမပြောလည်း ခေါင် က ငအမဟုတ်ဘူး။ တစ်ရက် မဟုတ် တစ်ရက် သိမှာပဲ"

"အခုလောလောဆယ် မသိရင် ပြီးတာပဲလေ"

ရဲဇော်သည် နန်းဟွမ်းအား အံ့ကြိတ်လျက် စူးစူးစိုက်စိုက် ကြည့်ကာ စိတ်တွေ ကိုတတ်နိုင်သမျှ ထိန်းထားပါ၏။

" စိုင်လျန် မင်း ကိုယ့်ဘဝမှန် ကိုယ်မမေ့နဲ့ မင်း ဘယ်တော့မှ ခေါင် ကိုပိုင်ဆိုင်ရမှာမဟုတ်ဘူး"

ထိုအခါ နန်းဟွမ်သည် ရဲဇော်အား ရန်လိုမီးတောက်များဖြင့် မော့ကြည့်လာလျက် ...

"ကျုပ် ကိုကြိီး ဘယ်သူကြောင့် သေသွားတာလဲဆိုတာ ခင်ဗျား သိလား"

"မင်းကြောင့်ပဲလေ "

"ခင်ဗျား!"

"ခေါင်က သူ့အပြစ်ဖြစ်မှာစို့လို့ မင်းကိုတောင် မီးထဲဝင်ကယ် ခဲ့သေတာ ။ မင်း စောက်ကျင့်မကောင်းမှန်းသိရင် ငါတား ဖြစ်အောင်တားတယ် "

စိုင်လျန်သည် အတွင်းနှုတ်ခမ်းတို့ကိုကိုက်လျက် လက်သီးကို ဆုပ်ထားကာ အသက်ရှူသံတွေမြန်ဆန် လို့နေပါသည်။

"မင်း ခေါင် ကို ဒုက္ခပေးနေတာတော်တော့ "

"ကျုပ်ဘယ်မှာ ဒုက္ခပေးနေလို်လဲ ။ ဒီတိုင်း ခဏလေးပဲ မပြောနဲ့လို့ ပြောတာလေ"

"ခေါင် ဘာလို ခုနောက်ပိုင်း ခံစားချက်မရှိသလို ရက်စက် တတ်နေလဲမင်းသိလာ ။ ဟွန့် ဘယ်သိမှာလဲ မင်းက...မင်းအကို သေတာတောင် နောင်တမရတာ "

"ခင်ဗျား လွန်မလာနဲ့ ။ ခင်ဗျား မခံစားရတိုင်း လျှောက်ပြော မနေနဲ့... ကျုပ်က လူဗျ လူ.. နားလည်တယ် ခံစားတတ်တယ်။ နဲနဲလေးပဲ လောဘကြီးမိသွားတာ။ ရတယ် ခင်ဗျား
ကြိုက်တာလုပ် အခုချက်ချင်း ကိုကြီးမိုးဇေနောက်လိုက် သွားစေချင်ရင်လည်း လိုက်သွားပေးမယ်။ အဲ့လောက်ဆို စိတ်ချမ်းသာပြီမလား"

နန်းဟွမ်သည် ချက်ချင်းပင် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလျက် အပြင် ပြေးထွက်ဖို့ ကြံစံ၏။ ထိုစဉ် မိုးဇေဝင်လာ သည်နှင့် တိုးကာ ဝင်တိုက်မိတော့၏။

"ဟေ့ ရှေ့ကိုကြည့်လေ"

မိုးဇေက ပြုံးစစဖြင့် ရွှတ်နောက်နောက်ဆိုလျှင် နန်းဟွမ်းက တစ်ချက်မျှသာမော့ကြည့်လျက် ခေါင်းကို တွင်တွင်ငုံ့ထားပါ
သည်။ ရဲ့ဇော်သည် ထိုအဖြစ်အပျက်ဆီသို့ လျှောက်သွား လိုက်ပြီး နန်းဟွမ်လက်ကိုဆွဲကာ...

"သွား သွား စိတ်မကောက်နဲ့တော့ ကိုကြီး ညနေကျရင် မုန့်လိုက်ဝယ်ကြွေးမယ်နော် အခုအထဲဝင်တော့"

ချော့မော့ကာ ပြောလျက် နန်းဟွမ်ကို ထိုနေရာမှ ထွက်သွား စေလိုက်ပြီး..မိုးဇေဘက်သို့ပြန်လှည့်ကာ..

"မတွေ့တာကြာပြီနော် ။ ကျုပ်ဆီကို အလည်သက်သက် လာတာတော့ မဖြစ်နိုင်ဘူး"

"ဖြေးဖြေးပေါ့ ဘာတွေလောနေတာလဲ ဒါနဲ့ ခုနကကောင်မလေး ကို အရင်ကမမြင်ဖူးပါဘူး။ ဘာလဲ မိန်းမတွေဘာတွေ
ရသွားတာလား အဟင်း"

အကြောင်းသိမိုးဇေက ရယ်သွေးသွမ်းလျှင် ရဲဇော်က ဆိုဖာမှာ ဝင်ထိုင်လျက် မိုးဇေကိုပါ ထိုင်ရန် အချက်ပြပါ၏။

"လာရင်းကိစ္စကို ပြော"

ခပ်တည်တည်မျက်နှာထားနှင့် သူပြောလျှင် မိုးဇေက ဆိုဖာမှာမထိုင်ဘဲ ပြတင်းပေါက်ရှိရာဘက်သို့ လျှောက် သွားပြီး ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်လေသည်။

"လွန်ခဲ့တဲ့ သုံးနှစ်က ဆက်ဟေး မီးထဲပါပြီး သေသွားတာ ကို မင်း သိမှာပေါ့"

"မသိဘူးဆိုရင်ရော"

"အဲ့ဒီနားမှာ မင်းရဲ့လူ နှစ်ယောက်သေနေတဲ့ အကြောင်း သတင်းအတိအကျရထားပြီးပြီ"

"ငါ့လူတွေ က ပိုက်ဆံပေးရင်အကုန်လုပ်တာပဲ။ သူတို့ သေတာ ငါနဲ့ဆိုင်လို့လား"

မိုးဇေသည် နှုတ်ခမ်းတွန့်ကာရယ်လိုက်ပြီး ဧည့်ခန်းအား မျက်လုံးကစားကာ ဝေ့ပတ်
ကြည့်ရှူ့လေသည်။ ထို့စဉ် စားပွဲ ခုံပုလေးပေါ်၌ ထောင်ထားသည့်ဓာတ်ပုံလေးတစ်ပုံ
ကို တွေ့လိုက်ရသဖြင့် ခပ်မြန်မြန် လျှောက်သွားက ယူကြည့် လိုက်ပါ၏။ ရဲဇော်မှာမူ တားချင်သော်လည်း တားချိန်မရ
လိုက်ပါချေ။

အပြာနုရောင် ဆံပင်တိုတို နှင့် ဘေးတစ်စောင်း ရပ်နေသော သူ့နှင့်အရွယ်သိပ်မကွာသည့် လူတစ်ဦး၏ ဓာတ်ပုံသည်
ဤမျှ ကျက်သရေရှိစရာ အကြောင်းမရှိပေ။ ဘုန်းထွဋ်ခေါင်လျှံ မဟုတ်မှ မင်း လူမိုက်ငှါးပြီး ဆက်ဟေးကို သတ်ခိုင်းလိုက်
တာလား။

"ဓာတ်ပုံက မင်းကို တော်တော်ဆွဲဆောင်နိုင်တယ် ထင်တယ်။ ရချင်လို့လား ယူသွားလေ"

ရဲဇော်က ခပ်ရွဲ့ရွဲ့ပြောလျှင် မိုးဇေက မြန်ဆန်စွာ ရဲဇော် လည်ပင်း၌ ဓားတေ့လိုက်ပြီး...

"အဲ့ဒီကောင်နဲ့ မင်းနဲ့ဘယ်လိုပတ်သတ်တာလဲ"

"ငါ ကြိုက်နေတာလေ။ ငါ့ ဘဲပုံ!"

"မှန်မှန်ပြောစမ်း!!"

"ငါ ကြိုက်နေတဲ့ကောင်လေးပါဆိုကွာ ယုံတာမယုံတာ မင်းသဘောပဲ"

"အဲ့ဒီကောင် အခုဘယ်မှာလဲ"

"မသိဘူး! ' အ"

မိုးဇေသည် ရဲဇော်၏ လည်ပင်းအသားထဲသို့ ဓားချွန်ကို ထိုးစိုက်လိုက်ပြီး..

"ဆက်လိမ်ရင် ငါ့ဓားက အချိန်ဆွဲနေမှာမဟုတ်ဘူး"

"ငါ တကယ်မသိတာ။ သူအိမ်ကတောင်လူပျောက်ကြော်ငြာ ထားတယ် မယုံရင် ငါသက်သေပြမယ်"

ရဲဇော်က နာကျင်သည်ကို အောင့်အီးက အမှန်တရာရောထွေး လျက် အမှားကို ပြောလေသည်။ ထိုစဉ် နန်းဟွမ်က အခန်းထဲ
ဝင်သွားရာမှပြန်ထွက်လာပြီး မျက်လုံးပြူးမျက်ဆန်ပြူး ဖြင့် ထိတ်လန့်သွားပါ၏။

"ကိုကြီးရဲဇော်ကို မလုပ်ပါနဲ့ နန်း တောင်းပန်ပါတယ်နော်"

မိုးဇေ သည် သေးသွယ်လျက် ဖြူဖွေးပြီး ချစ်စရာကောင်း နေသော နန်းဟွမ်ကြောင့် လက်တွေဟာ အလိုလိုပင် ပြေလျော့သွားပါ၏။ မဟုတ်ဘူး ဒီကလေးမ တစ်ခုခုတော့
တစ်ခုခုပဲ။

"ဘာလို့ထွက်လာတာလဲ အထဲပြန်ဝင်"

"ဟို..နန်းက.. "

"အထဲပြန်ဝင်လို့ ငါပြောနေတယ်လေ"

"မင်း စကားကောင်းကောင်းမပြောတတ်ဘူးလား "

လက်တွေတုန်နေသည့် နန်းဟွမ်ဆီသို့ တိုးသွားရင်း မိုးဇေက ရဲဇော်ကို ပိတ်အော်ပစ်လိုက်သည်။ သူကိုယ်သူ ဘာဖြစ်နေ
သည် မသိသော်လည်း အခုမှတွေ့ဖူးသော မိန်းကလေးတစ်ဦး ပေါ် မဆီမဆိုင် ဂရုဏာသက်မိသည်က အံ့သြဖွယ်ကောင်း
လှသည်။

"မစိုးရိမ်နဲ့နော် ကိုယ်တို့ အလုပ်ကိစ္စတိုင်ပင်နေကြတာပါ။ ဒါနဲ့ နန်းနဲ့ သူနဲ့က "

အမြဲတမ်းလိုလို စကားကောင်းကောင်း မပြောတတ်သော သူက နူးညံ့စွာ ပြုံးလျက် ချိုသာစွာပြောလျှင် နန်းဟွမ် မရဲတရဲလေး ခိုးကြည့်မိပြီး တိုဖွဖွလေးအသံထွက်သွားပါ၏။

"ဝမ်းကွဲ မောင်နှမပါ"

"သြော် ဟုတ်လား။ ကိုယ် မင်းအစ်ကိုကို ဘာမှမလုပ်ဘူး နော် အထဲသွားနေနော် ဟုတ်ပြီလား"

ခေါင်လေးပင်ပုတ်လျက် သူ ထပ်မံ၍ ပြုံးလျှင် နန်းဟွမ် ခေတ္တခဏငေးမိသွားပြီး အခန်းထဲသို့ ပြန်လှည့်ဝင်လာခဲ့ပါ
သည်။ နှလုံးသား တစ်နေရာက နွေးထွေးမူကိုခံစားမိလျက် တစ်မျိုးတစ်မည် ခံစားရသော အရာက ဘာကြီးမှန်းလည်း
မသိပေ။

နန်းဟွမ်အထဲဝင်သွားလျှင် မိုးဇေ ပုံစုံက ချက်ချင်းလိုပင် ပြောင်းလဲသွားကာ ရဲဇော် ပခုံးအား နှစ်ချက်လောက်
ပုတ်လိုက်ပြီး...

" ဒီနေ့တော့ ရှင်းစရာတွေရှိသေးလို ပြန်လိုက်ဦးမယ် နောက်နေ့ ထပ်လာခဲ့မယ်
ယောက်ဖ! "

သို့နှင့် မိုးဇေ ထွက်သွားလျှင် ရဲဇော်က ခေါင်းတွေယမ်းကာ နာထင်လေးကို လက်ညိုးလေးနဲ့ကုပ်ပြီး မချိုမချဉ် ပြုံး လိုက်၏။ သူတော့ သိပ်လှပြီး ကဗျာဆန်တဲ့ ဇာတ်လမ်း
လေးတစ်ပုဒ် ကြည့်ခွင့်ရတော့မည်မဟုတ်လား။

တီးတောင်... တီးတောင်..

မိုးဇေ ခြံထဲမှ ထွက်စဉ် တံခါးရှေ့မှ ခေါင်းလောင်းတီးသံကို ကြားရလျက် သိပ်မကြာခင် ညှင်းသိုးသိုး လူတစ်ယောက်
ဝင်လာသည်ကို တွေ့လိုက်ရပါ၏။ မြင်ဖူးနေကျပုံစံမဟုတ် သည့်အပြင် သူနှင့် ဆိုင်သည့် ကိစ္စ မဟုတ်သဖြင့်သူ့ လူယုံကိုကားမောင်ခိုင်းလျက် လောပန်းကို ဖြုတ်ချရန်
အစီအစဉ်ဆွဲဖို့ ထွက်ခွာလိုက်ပါတော့သည်။

"Boss လူတစ်ယောက် တွေ့ခွင့်တောင်းနေပါတယ်"

"ဒီနေ့ ဧည့်သည်များလှပါလား ။ ဘာတဲ့လဲ ဘာကိစ္စ လဲ အရေးမကြီးရင် နောက်နေ့မှလာ ငါမအားဘူးလို့ပြောလိုက်"

လာပြောသော အစောင့်အား ရဲဇော်က စိတ်ပျက်လက်ပျက် ပြောယုံရှိသေး ဧည့်ခန်းတံခါးဟာ ဝုန်းကနဲ ဆောင့်ကန်ခံ
ရ၍ ပွင့်ထွက်လာလေသည်။ ထို့နောက် လူမိုက်ပုံစံဖြင့် လူတစ်ဦးဝင်လာကာ မပြောမဆိုဖြင့် သူ့ရှေ့က ဆိုဖာ တွင် ဝင်ထိုင်လေသည်။

ဆံပင်တွေက ဟိုထောင်ဒီထောင်ဖြင့် တစ်လလောက် မဖီးလိမ်းထားသည့်ပုံပေါက်နေကာ ပါးသိုင်းမွေးတွေရော မှုတ်ဆိတ်မွေးတွေပါ ထူပြိန်းလို့ နေပါ၏။ တစ်ကိုယ်လုံးလည်း
အရက်နံ့တွေထောင်းနေလျက် သွင်ပြင်က လမ်းဘေး အရူးနှယ်တူ၏။သို့တိုင် စူးရဲသော မျက်လုံးများနှင့် ဖြူဝင်း သော အသားအရည်က အအေးဒဏ်ကြောင့် အနီရောင်
သမ်းစပြုကာ ပြင်လိုက်လျှင် တော်တော်ချောမည့်အသွင်ကို ဆောင်ထားလေသည်။

"ကျုပ်သတင်းကြားခဲ့တယ် ခင်ဗျား မရှာနိုင်တဲ့လူ မရှိဘူးတဲ့"

"အဲ့ဒီတော့! "

နှိုင်း သည် အထင်းသေးသလို သူ့အားလက်ပိုက်ကြည့် နေသော ရဲဇော်အား ဂရုမစိုက်စွာ အိပ်ကပ်ထဲမှ ဓာတ်ပုံထုတ်လျက် စားပွဲပေါ် တင်ပေးလေသည်။

"နာမည်က ဘုန်းထွဋ်ခေါင်လျှံ ပျောက်နေတာ
သုံးနှစ်လောက်ရှိပြီ ခင်ဗျား ရှာပေးနိုင်မလား"

နာမည် ကြားသည်နှင့် ရဲဇော်မျက်ခုံးတွေပင့်တတ်သွားပြီး နှိုင်း မျက်နှာအား အကဲခေတ်ကာ ဓာတ်ပုံကို ကောက်ယူ လိုက်ပါ၏။ ဆံပင်ရှည်တွေစည်းနှောင်ထားပြီး လွန်ခဲ့သော သုံးနှစ်က ရိုက်ထားသည့်ပုံဖြစ်လျက် ခွင့်ပြုချက်မရပဲ ခိုးရိုက်ထားသကဲ့သို့ ရှိလေသည်။ ခေါင် နဲ့ ပတ်သတ်ပြီး
ငါမသိသေးတဲ့သူ ရှိနေသေးတာလား။

"ခင်ဗျား နာမည်ဘယ်သူလဲ"

"ကျုပ်နာမည် ပြောပြရဦးမှာလား မလိုဘူးထင်တယ်"

အလာကြီးပါလား။ မင်းနဲ့ ပတ်သတ်သမျှလူတွေအကုန်လုံးက ဘာလို့ ခေါင်းမာပြီး လုပ်ချင်ရာလုပ်တတ်တဲ့ ပုံစံဖြစ်နေတာလဲ။ စိတ်ဝင်စားစရာတော့ ကောင်းသား။

"လိုတော့ မလိုဘူး ။ ဒါပေမယ့် "

ရဲဇော်က လက်ညိုးနဲ့လက်မ ဝိုင်းပြလျှင် နှိုင်းက ...လျှာအနဲငယ်သပ်လိုက်ပြီး....အကျႌ အိတ်ကပ်တွေထဲနိုက် ကာ တစ်သောင်းတန်အုပ်တွေကြီး ထုတ်လျက် ရဲဇော် ရှေ့
ချပေးလိုက်၏။ အနဲဆုံးတော့ သိန်းသုံးဆယ်လောက် ရှိပေလိမ့်မည်။

"အခုလောလောဆယ်တော့ ဒီလောက်ပဲပါလာတယ်။ စရံသတ်တယ်လို့ပဲသဘောထားလိုက် သူ့ကိုတွေ့ရင်
တောင်းသလောက်ထပ်ပေးမယ်"

"ကောင်းပြီလေ ။ မနက်ဖြန် ထပ်လာမှာမလားအကြောင်းကြားပေးရမလား ဆက်သွယ်ရမှာကကော"

"ခင်ဗျား ဖုန်းနံပါတ်ပြော ကျုပ်ခေါ်လိုက်မယ်"

"09....."

ရဲဇော်ရွတ်ပြလျှင် နှိုင်း က ဂဏန်း တွေကိုနိုပ်လျက်ခေါ် လိုက်ပြီး call endပြန်နိုပ်လိုက်ပါ၏။

"အဲ့ တာကျုပ်နံပါတ် သိရရင် ဆက်သွယ်လိုက် "

ထို့နောက် အပိုအလိုမပြောပဲ ထပြန်ရန်ပြုပြိီးမှ .....

"နှိုင်းသုတလျှံ! "

"ဟင်! !"

"ကျုပ်နာမည် နှိုင်းသုတလျှံ! '

ရဲဇော်သည် မျက်လုံးပြူးလျက်ပင် ထွက်သွားသော ကျောပြင်ကို အံသြစွာ ကြည့်နေမိ၏။ နှိုင်းသုတလျှံ က သုံးနှစ်အတွင်း ဒီလောက်ကြီး ပြောင်းလဲ သွားတယ်။ မဖြစ်နိုင်တာ။ ခေါင် ရော နှိုင်းဒီလိုတွေ
ဖြစ်နေတာ သိရဲ့လား။ ရဲ့ဇော်သည် ဦးနှောက်ခြောက်စွာ မစဉ်းစားနေတော့ပဲ ခေါင်လေးဆီ ဖုန်းခေါ်လိုက်ပြီး...

"ဘာလဲကွာ အလုပ်လုပ်နေတယ်မအားဘူး"

"မင်း မွေးနေ့နီးပြီမလား ။ ငါမင်းအတွက် special လက်ဆောင်ပို့ပေးလိုက်တယ်... မင်းကြိုက်မှာပါ"

"ဘာတွေအရူးထနေတာလဲ"

ခေါင်လေး၏ ကြိမ်ဆဲသံကို ကြားပေမယ့် ရဲဇော် ကျေကျေနပ်နပ်ကြီး ပြုံးနေမိသည်။ ဟုတ်တယ် သူလူနဲ့သူ ကိုယ့်လူနဲ့
ကိုယ်ပဲ ဖြစ်သင့်တာ။ ဒါမှ လောကကြီးက တရားမှာပေါ့။

.......................

Love You all💚💚💚

..................................................................

Zawgyi

ျခံဳႏြယ္တို႔ ေပါက္ေရာက္လ်က္ မွတ္တိုင္ေလးတစ္ခုသာ
ထင္က်န္ေနေသာ လူတစ္ဦး၏ တစ္ဘဝအဆံုးသတ္။
ဟိုေနရာဒီေနရာ မွ က်ီးငွက္ေအာ္သံတို႔ စည္ညံေနလ်က္
အျပာေရာင္ေကာင္းကင္ႏွင့္ ပထဝီေျမႀကီးၾကား
ဝမ္းနည္းမူ ပူေဆြးမူေတြကို ခံစားေနရေသာ ေကာင္ေလး
တစ္ေယာက္ (သ္ို႔တည္းမဟုတ္)ေကာင္မေလးတစ္ေယာက္
ႏွင္းဆီပန္းတစ္ပြင့္ကိုင္လို႔ ရပ္ေနပါသည္။

"လာတာေနာက္က်သြားလို႔ ေတာင္းပန္ပါတယ္ ကိုႀကီး။
ကြၽန္ေတာ္ ပံုစံေၾကာင့္ စိတ္ပ်က္ၿပီး ကိုကို႔ ကို အျပစ္မတင္
ပါနဲ႔ေနာ္။ ဒါ ကြၽန္ေတာ္ ကိုယ္တိုင္ေရြးခ်ယ္ခဲ့တဲ့လမ္း
မလို႔ ကိုႀကီး နားလည္ေပးမယ္မဟုတ္လားဟင္"

ေျမႀကီးထဲ အ႐ိုျပာေတြသာရိွေတာ့မည္ကို သိပါလ်က္
နန္းဟြမ္ စကားေတြေျပာေနမိ၏။ တျဖဴျဖဴး
တိုက္ေနေသာ ေလေျပၾကား တလြင့္လြင့္ေမ်ာေနေသာ
ဆံပင္ေတြေၾကာင့္ ဖယ္ခ်ရတာလဲအခါခါ။

"ျမန္ျမန္လုပ္.. အခ်ိန္မရိွဘူး"

နာရီကိုၾကည့္လ်က္ ရဲေဇာ္က သတိေပလ်ွင္ ...

"သြားေတာ့မယ္ ကိုႀကီး ကြၽန္ေတာ့္ကိုစိတ္မပူနဲေနာ္
ကြၽန္ေတာ္ အႏၲရာယ္ကင္းပါတယ္။.. ေျသာ္..ေမးဖို႔တစ္ခု
က်န္ေသးတယ္..."

နန္းဟြမ္ သည္ စိမ္းႏုေရာင္ ဂါဝန္ေလးနဲ႔ ဆံပင္ေတြကို
သပ္ရပ္စြာ ေသခ်ာ ျပင္လိုက္ၿပီး မ်က္ႏွာကို အခ်ိဳသာ
ဆံုး ျပံဳးလိုက္၏။

"ဘယ္လိုလဲ ကြၽန္ေတာ္လွတယ္မလား"

ရဲေဇာ္သည္ နန္းဟြမ္ ကိုၾကည့္လ်က္ စိတ္မသက္သာစြာ
သက္ျပင္း ခ်လိုက္ပါသည္။ ထို႔ေနာက္ ေဘးဘီဝဲယာကို
ၾကည့္လိုက္လ်ွင္ သခ်ိဳင္​း ေျမအတြင္းသို႔ ကားတစ္စီး
ဝင္ေရာက္လာသည္ကို ေတြ႔လိုက္ရသျဖင့္ စူးစမ္းစြာ
ၾကည့္လိုက္ပါ၏။

ေဘာင္းဘီအနက္ေရာင္ႏွင့္ အက်ႌသပိတ္ရာင္ကို ဝတ္ဆင္
လ်က္ မ်က္မွန္အမဲေရာင္ကို တပ္ဆင္ထားေသာ
ခပ္လတ္လတ္အရြယ္လူ တစ္ဦး ကားေပၚက ဆင္းလာ
သည္ကို ျမင္လ်င္ သူ ႐ုတ္တရက္ အံ့ျသသြားကာ..

" မိုးေဇ!"

ရဲေဇာ္ ေရရြတ္သံကိုၾကားလ်ွင္ စိုင္လ်န္သည္လည္း
သူၾကည့္ေနရာသို႔ လိုက္ၾကည့္လ်က္..

"ဟင္း!ကိုႀကီးမိုးေဇ က ဘယ္လိုလုပ္"

စိုင္လ်န္သည္ အံ့ျသစြာပင္ မ်က္လံုးတို႔ကို ဘယ္ညာေရြ႕႐ွား
လ်က္ ရဲေဇာ္နားသို႔ တိုးတိုးေလး ကပ္ေျပာေလသည္။

"မသိသလိုေနေနာ္ ။ ဒီတိုင္ သြားရေအာင္"

"ဟ ဘာလိုလဲ ။မင္း သူနဲ႔ ျပန္လိုက္သြားသင့္တယ္ေလ"

နန္းဟြမ္ သည္ ရဲေဇာ္လက္အား ကိုင္လ်က္ အသနားခံ
ေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လာ၏။ ရဲေဇာ္သည္ စိတ္႐ႈပ္
သြားကာ ပါလာေသာ ေနကာမ်က္မွန္ကိုတပ္လ်က္
နန္းဟြမ္လက္ကို ျပန္လည္ဆုပ္ကိုင္လိုက္ၿပီး
ခပ္တည္တည္ျဖင့္ မိုးေဇကို မသိသလို ေက်ာ္သြားလိုက္ပါ
သည္။

မိုးေဇသည္ နန္းဟြမ္၏ သြယ္လ်ေသာ မ်က္ႏွာကို
ရင္းရင္းႏွီးႏွီး ျမင္ဖူးေနသလို ျဖစ္ေနတာေၾကာင့္
မ်က္မွန္ေအာက္က မ်က္ခံုးေလးေတြ ပင့္တတ္သြား
သည္အထိ သမင္လည္ျပန္ၾကည့္မိ၏။ထို႔ေနာက္
ဆက္ေဟးရိွရာ ေျမပံုဆီသို႔ သြားလ်က္ ေဘးနားမွာ
ထိုင္ခ်လိုက္ေလသည္။

"ၾကည့္ပါဦး ငါ့ေကာင္ႀကီးကို အုတ္ဂုတ္ေလးေတာင္
မလုပ္ထားေပးၾကပါလား"

ထိုသို႔ ေျပာလ်က္ မိုးေဇက ေျမႀကီးေတြကို လက္ဝါး
အျပည့္ ၾကံဳးလိုက္ၿပီး ေျဖးေျဖးခ်င္း ျပန္ျဖဴးခ်၏။

"ဟင္ ႏွင္းဆီပန္းပါလား"

ႏွင္းဆီျဖဴေလးတစ္ပြင့္က သ္ိသိသာသာ ထင္က်န္ေနသည္မို႔
သူ ေကာက္ယူလိုက္ၿပီး မ်က္မွန္ပင္ ခြၽတ္ကာ ေသခ်ာ
ၾကည့္လိုက္၏။ လတ္လတ္ဆတ္ဆတ္ႏွင္းဆီပြင့္သည္
မၾကာေသးမီအခ်ိန္ကမွ ေရာက္ရိွလာေၾကာင္း ဝန္ခံေနသည္မို႔
မိုးေဇက ဆက္ေဟးေျမပံုေပၚ ျပန္တင္ေပးလိုက္ကာ...

"ဆိုေတာ့ကာ မင္းညီမေသေသးဘူးေပါ့။ မင္းညီကလည္း
ကြာ ကဗ်ာဆန္လိုက္တာ ႏွင္းဆီပြင့္တဲ့.. ဆက္ေဟး
မင္းမွတ္မိလား ငါတို႔ ေနာက္ဆံုးအတူတူေသာက္ခဲ့တာ
ဘယ္အခ်ိန္ကလဲ ။ ငါေတာ့ မမွတ္မိဘူး"

မိုးေဇသည္ အသင့္ပါလာေသာ ဘီယာဘူးတစ္ဘူးကို
ေဖာက္ကာဆက္ေဟးေျမပံုေပၚ တင္ေပးလ်က္ သူကေတာ့
ေနာက္တစ္ဗူးကိုေဖာက္ကာ ေမာ့ေသာက္လိုက္၏။

"ငါ က မင္း ငါ့ကိုသစၥာေဖာက္သြားတယ္လို ထင္ထားတာ။
အခုေတာ့ မင္းက ကိုယ္လႊတ္႐ုန္းသြားတာပဲ။
တစ္ကိုယ္ေကာင္း ဆန္တဲ့ေကာင္။ အသံုးမက်တဲ့ေကာင္"

ဘူးထဲတြင္ ေနာက္ဆံုးတစ္စက္က်န္ေသာ ဘီယာကို
ခံတြင္းသို႔ ခါခ်ကာ ဘူးကို ပိန္႔႐ွံဳ႕သြားေအာင္ညစ္လိုက္ၿပီး
အေဝးကိုပစ္ေပါက္လိုက္၏။

"ေျပာစမ္းပါ မင္းကို ဘယ္သူသတ္တာလဲ။ အဲ့တိုင္း
အိပ္မေနနဲ႔ မင္းကို ငါ အိပ္ခြင့္ မေပးထားဘူးေနာ္။
ထစမ္းပါ"

မိုးေဇသည္ ေနာက္ထပ္ဘီယာတစ္ဗူးကို ထပ္ယူကာ
ေသာက္လိုက္ၿပီး...ဆက္ေဟး၏ မွတ္တိုင္ေလးကို
ေငးၾကည့္ေနကာ...

"အာ.. ငါ မငိုပါဘူးဆို ။ ဟိုဘက္မွာမီးရိွဳ႕ေနလို႔ မ်က္ရည္
က်တာ.. မင္းနဲ႔ မဆိုင္ဘူး"

မ်က္ရည္ေတြဆိုတာ အေငြ႔ပ်ံၿပီး ေပ်ာက္ကြယ္သြားရင္
ေကာင္းလိမ့္မည္။ မိုးေဇသည္ မည္မ်ွမငိုဘူးဟုဆိုေသာ္
ျငား ရိွဳက္သံပင္ ထြက္လို႔ ေန၏။ ငါ မင္း ရဲ႕ ေနာက္ဆံုး
အခ်ိန္မွာေတာင္ အတူတူရိွမေနေပးႏိုင္ခဲ့ဘူး။ တကယ္
အသံုးမက်တဲ့ေကာင္က မင္းမဟုတ္ဘူး ငါ။

"အဟင္း...အဟင္း...ဟူးးး "

မိုးေဇသည္ မ်က္ရည္ေတြသုတ္လ်က္ အသံေတြကို
ျပင္ကာ စိတ္ကိုထိန္းလိုက္ၿပီး မ်က္မွန္ကို ျပန္တပ္
လိုက္၏။

"မင္း မရိွလို႔ ဝမ္းနည္းၿပီး လြမ္းေနမွာေတာ့မဟုတ္ဘူး။
ငါ ဒီေလာကကို ခ်ဳပ္ကိုင္ျပမယ္ မင္းၾကည့္ေန!"

ထို႔ေနာက္ မတ္တပ္ရပ္ကာ ေဘာင္းဘီေတြကို ခါလိုက္ၿပီး
Smartက်စြာပင္ ကားဆီသို႔ ျပန္လာခဲ့ပါ၏။

"ကိုမိုးေဇ အခုဘယ္ကိုသြားမွာလဲ"

ကားထဲတြင္ထိုင္ေစာင့္ေနေသာ သူ႔လူယံုကေမးလ်ွင္
မိုးေဇက လက္ေတြကိုပိုက္လ်က္ ခတၱၿငိမ္ေနလိုက္ၿပီး..

"ဆက္ေဟး ညီကေရာ ဘယ္ခ်ိန္ကတည္းက ေပ်ာက္သြားတာလဲ"

"သူ ေသတဲ့ေန႔မွာပဲ ေပ်ာက္သြားတာ။ ကြၽန္ေတာ္ၾကားတာေတာ့ ကိုဆက္ေဟးေသတဲ့အခ်ိန္မွာ သူ႔ညီရိွတယ္ဆိုလားပဲ"

"မင္းေျပာေတာ့ မီးေလာင္တိုက္သြင္းခံရတာဆို "

"ဟုတ္တယ္ ။ ဒါေပမယ့္ သူ႔ညီ က ဘယ္လိုေပ်ာက္သြားမွန္း
မသိလိုက္ၾကတာ ။ျပာျဖစ္သြားတယ္ဆိုဦးေတာ့
အဲ့ေလာက္ႀကီး အစအနေပ်ာက္သြားစရာ အေၾကာင္းမရိွဘူး။
ဒါေပမယ့္ အဲ့ဒီနားမွာ လူႏွစ္ေယာက္သတ္ခံထားရတာေတာ့
ေတြ႔တယ္။ ကြၽန္ေတာ့္အထင္ေတာ့ ရဲေဇာ္လူေတြ
ျဖစ္ေလာက္တယ္"

"ေသခ်ာလား "

"အသြင္အျပင္ကေတာ့ ရဲေဇာ္ဆီကပဲ"

ရဲေဇာ္ ဆိုသည့္ေကာင္ကို မိုးေဇမသိစရာအေၾကာင္းမရိွ။
လူမိုက္ငွါးတဲ့ေကာင္ျဖစ္ၿပီး လူ႐ွာတဲ့အလုပ္နဲ႔ အသက္
ေမြးဝမ္းေက်ာင္းျပဳေနသူ ျဖစ္သည္။ ေနစမ္းပါဦး ခုနက
ေကာင္မေလး တစ္ေယာက္နဲ႔ထြက္သြားတာ ရဲေဇာ္မလား။
သူက ဒီကိုဘာလာလုပ္တာလဲ။ မဟုတ္မွ ဆက္ေဟးဆီ
လာတာလား။ ဘယ္လိုပတ္သတ္ေနလို႔လဲ။

"ကြၽန္ေတာ္ဘယ္ကို ေမာင္း.."

မိုးေဇၿငိမ္ေနသျဖင့္ ထိုလူယံုကေမးလ်ွင္..

" ရဲေဇာ္ဆီသြားမယ္"

သို႔ႏွင့္ ကားေလးတစ္စီးကေတာ့ လမ္းမေပၚ၌
တရိပ္ရိပ္ စတင္ေျပးလႊား ေနပါေတာ့သည္။

.......

"ငါတို႔ ဘယ္လို႐ွာရမွာလဲ ။ လားရိွဳး ဒီေလာက္က်ယ္တာ
ေဟ့ေကာင္ သူခိုး ထြက္လာခဲ့စမ္း ငါ့ဆီက ခိုးသြားတာ
ျပန္ေပးလို႔ ေအာ္ေတာင္းရမွာလား"

"ငါၾကားဖူးတာ ရိွတယ္။ ဒီမွာ လူ႐ွာတာ အရမ္းေတာ္တဲ့လူ
တစ္ေယာက္ရိွတယ္တဲ့... "

ႏိႈင္း၏ Day Barတြင္ ယေန႔မွ လူပါးေနပါ၏။ သို႔ေသာ္
လည္း ေထာင့္တြင္ ထိုင္ေနေသာ လူႏွစ္ဦးကေတာ့
ေတာ္ေတာ္ၾကာသည့္တိုင္ စကားေျပာလ်က္ ရိွေနၾက၏။

ႏိႈင္းသည္ လူ႐ွာ ေတာ္တဲ့သူရိွတယ္ဆို၍ စိတ္ဝင္စား
သြားကာ ထိုသူတို႔မွာထားေသာ ဝိုင္ကို စာပြဲထိုး လက္တြင္း
မွ ေျပာင္းယူလ်က္ ကိုယ္တိုင္ခ်ေပးလိုက္သည္။

"ဟုတ္လား ဘယ္သူလဲ "

"သူက ရပ္ကြက္(5)ဘက္မွာ ေနတယ္လို႔ၾကားတာပဲ
နာမည္က ရဲေဇာ္တဲ့ ။ သူလုပ္လာတဲ့သက္တမ္း
တစ္ေလ်ွာက္မွာ မ႐ွာႏိုင္တဲ့သူ မရိွေသးဘူးတဲ့"

ႏိႈင္းသည္ နာမည္နဲ႔ လိပ္စာကို ေသခ်ာ နားေထာင္မွတ္သား
ၿပီးေနာက္ လင္ဗန္းကို စားပြဲထိုးအား ျပန္ေပးကာ
အျပင္ထြက္ရန္ျပင္လိုက္၏။

"အကိုေလး ဘယ္သြားမလို႔လဲ"

"လုပ္စရာ ရိွလို႔ ကိုဘိုဘိုေမးရန္ ဒီတိုင္း အျပင္သြားလည္တယ္လို႔ေျပာလိုက္"

"ဟုတ္ကဲ့"

တစ္ဖန္ အနက္ေရာင္ ကားေလးတစ္စီးကလည္း
ကားလမ္းမႀကီးထက္ ေျပးလႊာဖို႔ စတင္လိွမ့္ဆင္းပါေတာ့
ေလသည္။

........

"ကိုႀကီးမိုးေဇက ၅ႏွစ္က်တာ မဟုတ္ဘူးလား။
ဘာလို႔ခ်က္ခ်င္းႀကီးလြတ္လာတာလဲ"

ရဲေဇာ္က ဘာမွမေျပာပဲ နန္းဟြမ္ကို မ်က္ေမွာင္ၾကဳတ္ကာ
ၾကည့္လ်က္...

" ငါ ေခါင္ ကို ဒီအေၾကာင္း ေျပာမွျဖစ္မယ္"

"ကြၽန္ေတာ္ ေတာင္းပန္ေနတယ္ေလ ။ ကိုကို႔နားမွာ
ေနခ်င္ေသးတယ္.. "

"ဟ.. ငါမေျပာလည္း ေခါင္ က ငအမဟုတ္ဘူး။ တစ္ရက္
မဟုတ္ တစ္ရက္ သိမွာပဲ"

"အခုေလာေလာဆယ္ မသိရင္ ၿပီးတာပဲေလ"

ရဲေဇာ္သည္ နန္းဟြမ္းအား အံ့ႀကိတ္လ်က္ စူးစူးစိုက္စိုက္
ၾကည့္ကာ စိတ္ေတြ ကိုတတ္ႏိုင္သမ်ွ ထိန္းထားပါ၏။

" စိုင္လ်န္ မင္း ကိုယ့္ဘဝမွန္ ကိုယ္မေမ့နဲ႔ မင္း ဘယ္ေတာ့မွ
ေခါင္ ကိုပိုင္ဆိုင္ရမွာမဟုတ္ဘူး"

ထိုအခါ နန္းဟြမ္သည္ ရဲေဇာ္အား ရန္လိုမီးေတာက္မ်ားျဖင့္
ေမာ့ၾကည့္လာလ်က္ ...

"က်ဳပ္ ကိုႀကိီး ဘယ္သူေၾကာင့္ ေသသြားတာလဲဆိုတာ
ခင္ဗ်ား သိလား"

"မင္းေၾကာင့္ပဲေလ "

"ခင္ဗ်ား!"

"ေခါင္က သူ႔အျပစ္ျဖစ္မွာစို႔လို႔ မင္းကိုေတာင္ မီးထဲဝင္ကယ္
ခဲ့ေသတာ ။ မင္း ေစာက္က်င့္မေကာင္းမွန္းသိရင္ ငါတား
ျဖစ္ေအာင္တားတယ္ "

စိုင္လ်န္သည္ အတြင္းႏႈတ္ခမ္းတို႔ကိုကိုက္လ်က္
လက္သီးကို ဆုပ္ထားကာ အသက္႐ွဴသံေတြျမန္ဆန္
လို႔ေနပါသည္။

"မင္း ေခါင္ ကို ဒုကၡေပးေနတာေတာ္ေတာ့ "

"က်ဳပ္ဘယ္မွာ ဒုကၡေပးေနလို္လဲ ။ ဒီတိုင္း ခဏေလးပဲ
မေျပာနဲ႔လို႔ ေျပာတာေလ"

"ေခါင္ ဘာလို ခုေနာက္ပိုင္း ခံစားခ်က္မရိွသလို ရက္စက္
တတ္ေနလဲမင္းသိလာ ။ ဟြန္႔ ဘယ္သိမွာလဲ မင္းက...
မင္းအကို ေသတာေတာင္ ေနာင္တမရတာ "

"ခင္ဗ်ား လြန္မလာနဲ႔ ။ ခင္ဗ်ား မခံစားရတိုင္း ေလ်ွာက္ေျပာ
မေနနဲ႔... က်ဳပ္က လူဗ် လူ.. နားလည္တယ္ ခံစားတတ္တယ္။ နဲနဲေလးပဲ ေလာဘႀကီးမိသြားတာ။ ရတယ္ ခင္ဗ်ား
ႀကိဳက္တာလုပ္ အခုခ်က္ခ်င္း ကိုႀကီးမိုးေဇေနာက္လိုက္
သြားေစခ်င္ရင္လည္း လိုက္သြားေပးမယ္။ အဲ့ေလာက္ဆို
စိတ္ခ်မ္းသာၿပီမလား"

နန္းဟြမ္သည္ ခ်က္ခ်င္းပင္ မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်လ်က္ အျပင္ ေျပးထြက္ဖို႔ ၾကံစံ၏။ ထိုစဥ္ မိုးေဇဝင္လာ
သည္ႏွင့္ တိုးကာ ဝင္တိုက္မိေတာ့၏။

"ေဟ့ ေ႐ွ႕ကိုၾကည့္ေလ"

မိုးေဇက ျပံဳးစစျဖင့္ ရႊတ္ေနာက္ေနာက္ဆိုလ်ွင္ နန္းဟြမ္းက
တစ္ခ်က္မ်ွသာေမာ့ၾကည့္လ်က္ ေခါင္းကို တြင္တြင္ငံု႔ထားပါ
သည္။ ရဲ႕ေဇာ္သည္ ထိုအျဖစ္အပ်က္ဆီသို႔ ေလ်ွာက္သြား
လိုက္ၿပီး နန္းဟြမ္လက္ကိုဆြဲကာ...

"သြား သြား စိတ္မေကာက္နဲ႔ေတာ့ ကိုႀကီး ညေနက်ရင္
မုန္႔လိုက္ဝယ္ေႂကြးမယ္ေနာ္ အခုအထဲဝင္ေတာ့"

ေခ်ာ့ေမာ့ကာ ေျပာလ်က္ နန္းဟြမ္ကို ထိုေနရာမွ ထြက္သြား
ေစလိုက္ၿပီး..မိုးေဇဘက္သို႔ျပန္လွည့္ကာ..

"မေတြ႔တာၾကာၿပီေနာ္ ။ က်ဳပ္ဆီကို အလည္သက္သက္
လာတာေတာ့ မျဖစ္ႏိုင္ဘူး"

"ေျဖးေျဖးေပါ့ ဘာေတြေလာေနတာလဲ ဒါနဲ႔ ခုနကေကာင္မေလး ကို အရင္ကမျမင္ဖူးပါဘူး။ ဘာလဲ မိန္းမေတြဘာေတြ
ရသြားတာလား အဟင္း"

အေၾကာင္းသိမိုးေဇက ရယ္ေသြးသြမ္းလ်ွင္ ရဲေဇာ္က ဆိုဖာမွာ
ဝင္ထိုင္လ်က္ မိုးေဇကိုပါ ထိုင္ရန္ အခ်က္ျပပါ၏။

"လာရင္းကိစၥကို ေျပာ"

ခပ္တည္တည္မ်က္ႏွာထားႏွင့္ သူေျပာလ်ွင္ မိုးေဇက
ဆိုဖာမွာမထိုင္ဘဲ ျပတင္းေပါက္ရိွရာဘက္သို႔ ေလ်ွာက္
သြားၿပီး ပတ္ဝန္းက်င္အေျခအေနကို အကဲခတ္ေလသည္။

"လြန္ခဲ့တဲ့ သံုးႏွစ္က ဆက္ေဟး မီးထဲပါၿပီး ေသသြားတာ
ကို မင္း သိမွာေပါ့"

"မသိဘူးဆိုရင္ေရာ"

"အဲ့ဒီနားမွာ မင္းရဲ႕လူ ႏွစ္ေယာက္ေသေနတဲ့ အေၾကာင္း
သတင္းအတိအက်ရထားၿပီးၿပီ"

"ငါ့လူေတြ က ပိုက္ဆံေပးရင္အကုန္လုပ္တာပဲ။ သူတို႔
ေသတာ ငါနဲ႔ဆိုင္လို႔လား"

မိုးေဇသည္ ႏႈတ္ခမ္းတြန္႔ကာရယ္လိုက္ၿပီး ဧည့္ခန္းအား
မ်က္လံုးကစားကာ ေဝ့ပတ္ၾကည့္႐ွဴ႕ေလသည္။ ထို႔စဥ္
စားပြဲ ခံုပုေလးေပၚ၌ ေထာင္ထားသည့္ဓာတ္ပံုေလးတစ္ပံု
ကို ေတြ႔လိုက္ရသျဖင့္ ခပ္ျမန္ျမန္ ေလ်ွာက္သြားက ယူၾကည့္
လိုက္ပါ၏။ ရဲေဇာ္မွာမူ တားခ်င္ေသာ္လည္း တားခ်ိန္မရ
လိုက္ပါေခ်။

အျပာႏုေရာင္ ဆံပင္တိုတို ႏွင့္ ေဘးတစ္ေစာင္း ရပ္ေနေသာ
သူ႔ႏွင့္အရြယ္သိပ္မကြာသည့္ လူတစ္ဦး၏ ဓာတ္ပံုသည္
ဤမ်ွ က်က္သေရရိွစရာ အေၾကာင္းမရိွေပ။ ဘုန္းထြဋ္ေခါင္လ်ွံ
မဟုတ္မွ မင္း လူမိုက္ငွါးၿပီး ဆက္ေဟးကို သတ္ခိုင္းလိုက္
တာလား။

"ဓာတ္ပံုက မင္းကို ေတာ္ေတာ္ဆြဲေဆာင္ႏိုင္တယ္ ထင္တယ္။
ရခ်င္လို႔လား ယူသြားေလ"

ရဲေဇာ္က ခပ္ရြဲ႕ရြဲ႕ေျပာလ်ွင္ မိုးေဇက ျမန္ဆန္စြာ ရဲေဇာ္
လည္ပင္း၌ ဓားေတ့လိုက္ၿပီး...

"အဲ့ဒီေကာင္နဲ႔ မင္းနဲ႔ဘယ္လိုပတ္သတ္တာလဲ"

"ငါ ႀကိဳက္ေနတာေလ။ ငါ့ ဘဲပံု!"

"မွန္မွန္ေျပာစမ္း!!"

"ငါ ႀကိဳက္ေနတဲ့ေကာင္ေလးပါဆိုကြာ ယံုတာမယံုတာ
မင္းသေဘာပဲ"

"အဲ့ဒီေကာင္ အခုဘယ္မွာလဲ"

"မသိဘူး! ' အ"

မိုးေဇသည္ ရဲေဇာ္၏ လည္ပင္းအသားထဲသို႔ ဓားခြၽန္ကို
ထိုးစိုက္လိုက္ၿပီး..

"ဆက္လိမ္ရင္ ငါ့ဓားက အခ်ိန္ဆြဲေနမွာမဟုတ္ဘူး"

"ငါ တကယ္မသိတာ။ သူအိမ္ကေတာင္လူေပ်ာက္ေၾကာ္ျငာ
ထားတယ္ မယံုရင္ ငါသက္ေသျပမယ္"

ရဲေဇာ္က နာက်င္သည္ကို ေအာင့္အီးက အမွန္တရာေရာေထြး
လ်က္ အမွားကို ေျပာေလသည္။ ထိုစဥ္ နန္းဟြမ္က အခန္းထဲ
ဝင္သြားရာမွျပန္ထြက္လာၿပီး မ်က္လံုးျပဴးမ်က္ဆန္ျပဴး ျဖင့္
ထိတ္လန္႔သြားပါ၏။

"ကိုၾကီးရဲေဇာ္ကို မလုပ္ပါနဲ႔ နန္း ေတာင္းပန္ပါတယ္ေနာ္"

မိုးေဇ သည္ ေသးသြယ္လ်က္ ျဖဴေဖြးၿပီး ခ်စ္စရာေကာင္း
ေနေသာ နန္းဟြမ္ေၾကာင့္ လက္ေတြဟာ အလိုလိုပင္
ေျပေလ်ာ့သြားပါ၏။ မဟုတ္ဘူး ဒီကေလးမ တစ္ခုခုေတာ့
တစ္ခုခုပဲ။

"ဘာလို႔ထြက္လာတာလဲ အထဲျပန္ဝင္"

"ဟို..နန္းက.. "

"အထဲျပန္ဝင္လို႔ ငါေျပာေနတယ္ေလ"

"မင္း စကားေကာင္းေကာင္းမေျပာတတ္ဘူးလား "

လက္ေတြတုန္ေနသည့္ နန္းဟြမ္ဆီသို႔ တိုးသြားရင္း မိုးေဇက
ရဲေဇာ္ကို ပိတ္ေအာ္ပစ္လိုက္သည္။ သူကိုယ္သူ ဘာျဖစ္ေန
သည္ မသိေသာ္လည္း အခုမွေတြ႔ဖူးေသာ မိန္းကေလးတစ္ဦး
ေပၚ မဆီမဆိုင္ ဂ႐ုဏာသက္မိသည္က အံ့ျသဖြယ္ေကာင္း
လွသည္။

"မစိုးရိမ္နဲ႔ေနာ္ ကိုယ္တို႔ အလုပ္ကိစၥတိုင္ပင္ေနၾကတာပါ။
ဒါနဲ႔ နန္းနဲ႔ သူနဲ႔က "

အျမဲတမ္းလိုလို စကားေကာင္းေကာင္း မေျပာတတ္ေသာ
သူက ႏူးညံ့စြာ ျပံဳးလ်က္ ခ်ိဳသာစြာေျပာလ်ွင္ နန္းဟြမ္
မရဲတရဲေလး ခိုးၾကည့္မိၿပီး တိုဖြဖြေလးအသံထြက္သြားပါ၏။

"ဝမ္းကြဲ ေမာင္ႏွမပါ"

"ေျသာ္ ဟုတ္လား။ ကိုယ္ မင္းအစ္ကိုကို ဘာမွမလုပ္ဘူး
ေနာ္ အထဲသြားေနေနာ္ ဟုတ္ၿပီလား"

ေခါင္ေလးပင္ပုတ္လ်က္ သူ ထပ္မံ၍ ျပံဳးလ်ွင္ နန္းဟြမ္
ေခတၱခဏေငးမိသြားၿပီး အခန္းထဲသို႔ ျပန္လွည့္ဝင္လာခဲ့ပါ
သည္။ ႏွလံုးသား တစ္ေနရာက ေႏြးေထြးမူကိုခံစားမိလ်က္
တစ္မ်ိဳးတစ္မည္ ခံစားရေသာ အရာက ဘာႀကီးမွန္းလည္း
မသိေပ။

နန္းဟြမ္အထဲဝင္သြားလ်ွင္ မိုးေဇ ပံုစံုက ခ်က္ခ်င္းလိုပင္
ေျပာင္းလဲသြားကာ ရဲေဇာ္ ပခံုးအား ႏွစ္ခ်က္ေလာက္
ပုတ္လိုက္ၿပီး...

" ဒီေန႔ေတာ့ ရွင္းစရာေတြရိွေသးလို ျပန္လိုက္ဦးမယ္
ေနာက္ေန႔ ထပ္လာခဲ့မယ္ ေယာက္ဖ! "

သို႔ႏွင့္ မိုးေဇ ထြက္သြားလ်ွင္ ရဲေဇာ္က ေခါင္းေတြယမ္းကာ
နာထင္ေလးကို လက္ညိဳးေလးနဲ႔ကုပ္ၿပီး မခ်ိဳမခ်ဥ္ ျပံဳး
လိုက္၏။ သူေတာ့ သိပ္လွၿပီး ကဗ်ာဆန္တဲ့ ဇာတ္လမ္း
ေလးတစ္ပုဒ္ ၾကည့္ခြင့္ရေတာ့မည္မဟုတ္လား။

တီးေတာင္... တီးေတာင္..

မိုးေဇ ျခံထဲမွ ထြက္စဥ္ တံခါးေ႐ွ႕မွ ေခါင္းေလာင္းတီးသံကို
ၾကားရလ်က္ သိပ္မၾကာခင္ ညႇင္းသိုးသိုး လူတစ္ေယာက္
ဝင္လာသည္ကို ေတြ႔လိုက္ရပါ၏။ ျမင္ဖူးေနက်ပံုစံမဟုတ္
သည့္အျပင္ သူႏွင့္ ဆိုင္သည့္ ကိစၥ မဟုတ္သျဖင့္
သူ႔ လူယံုကိုကားေမာင္ခိုင္းလ်က္ ေလာပန္းကို ျဖဳတ္ခ်ရန္
အစီအစဥ္ဆြဲဖို႔ ထြက္ခြာလိုက္ပါေတာ့သည္။

"Boss လူတစ္ေယာက္ ေတြ႔ခြင့္ေတာင္းေနပါတယ္"

"ဒီေန႔ ဧည့္သည္မ်ားလွပါလား ။ ဘာတဲ့လဲ ဘာကိစၥ လဲ
အေရးမႀကီးရင္ ေနာက္ေန႔မွလာ ငါမအားဘူးလို႔ေျပာလိုက္"

လာေျပာေသာ အေစာင့္အား ရဲေဇာ္က စိတ္ပ်က္လက္ပ်က္
ေျပာယံုရိွေသး ဧည့္ခန္းတံခါးဟာ ဝုန္းကနဲ ေဆာင့္ကန္ခံ
ရ၍ ပြင့္ထြက္လာေလသည္။ ထို႔ေနာက္ လူမိုက္ပံုစံျဖင့္
လူတစ္ဦးဝင္လာကာ မေျပာမဆိုျဖင့္ သူ႔ေ႐ွ႕က ဆိုဖာ
တြင္ ဝင္ထိုင္ေလသည္။

ဆံပင္ေတြက ဟိုေထာင္ဒီေထာင္ျဖင့္ တစ္လေလာက္
မဖီးလိမ္းထားသည့္ပံုေပါက္ေနကာ ပါးသိုင္းေမြးေတြေရာ
မႈတ္ဆိတ္ေမြးေတြပါ ထူၿပိန္းလို႔ ေနပါ၏။ တစ္ကိုယ္လံုးလည္း
အရက္နံ႕ေတြေထာင္းေနလ်က္ သြင္ျပင္က လမ္းေဘး
အ႐ူးႏွယ္တူ၏။သို႔တိုင္ စူးရဲေသာ မ်က္လံုးမ်ားႏွင့္ ျဖဴဝင္း
ေသာ အသားအရည္က အေအးဒဏ္ေၾကာင့္ အနီေရာင္
သမ္းစျပဳကာ ျပင္လိုက္လ်ွင္ ေတာ္ေတာ္ေခ်ာမည့္အသြင္ကို
ေဆာင္ထားေလသည္။

"က်ဳပ္သတင္းၾကားခဲ့တယ္ ခင္ဗ်ား မ႐ွာႏိုင္တဲ့လူ
မရိွဘူးတဲ့"

"အဲ့ဒီေတာ့! "

ႏိႈင္း သည္ အထင္းေသးသလို သူ႔အားလက္ပိုက္ၾကည့္
ေနေသာ ရဲေဇာ္အား ဂ႐ုမစိုက္စြာ အိပ္ကပ္ထဲမွ
ဓာတ္ပံုထုတ္လ်က္ စားပြဲေပၚ တင္ေပးေလသည္။

"နာမည္က ဘုန္းထြဋ္ေခါင္လ်ွံ ေပ်ာက္ေနတာ
သံုးႏွစ္ေလာက္ရိွၿပီ ခင္ဗ်ား ႐ွာေပးႏိုင္မလား"

နာမည္ ၾကားသည္ႏွင့္ ရဲေဇာ္မ်က္ခံုးေတြပင့္တတ္သြားၿပီး
ႏိႈင္း မ်က္ႏွာအား အကဲေခတ္ကာ ဓာတ္ပံုကို ေကာက္ယူ
လိုက္ပါ၏။ ဆံပင္႐ွည္ေတြစည္းေႏွာင္ထားၿပီး လြန္ခဲ့ေသာ
သံုးႏွစ္က ႐ိုက္ထားသည့္ပံုျဖစ္လ်က္ ခြင့္ျပဳခ်က္မရပဲ
ခိုး႐ိုက္ထားသကဲ့သို႔ ရိွေလသည္။ ေခါင္ နဲ႔ ပတ္သတ္ၿပီး
ငါမသိေသးတဲ့သူ ရိွေနေသးတာလား။

"ခင္ဗ်ား နာမည္ဘယ္သူလဲ"

"က်ဳပ္နာမည္ ေျပာျပရဦးမွာလား မလိုဘူးထင္တယ္"

အလာႀကီးပါလား။ မင္းနဲ႔ ပတ္သတ္သမ်ွလူေတြအကုန္လံုးက
ဘာလို႔ ေခါင္းမာၿပီး လုပ္ခ်င္ရာလုပ္တတ္တဲ့ ပံုစံျဖစ္ေနတာလဲ။ စိတ္ဝင္စားစရာေတာ့ ေကာင္းသား။

"လိုေတာ့ မလိုဘူး ။ ဒါေပမယ့္ "

ရဲေဇာ္က လက္ညိဳးနဲ႔လက္မ ဝိုင္းျပလ်ွင္ ႏိႈင္းက ..
လ်ွာအနဲငယ္သပ္လိုက္ၿပီး....အက်ႌ အိတ္ကပ္ေတြထဲႏိုက္
ကာ တစ္ေသာင္းတန္အုပ္ေတြႀကီး ထုတ္လ်က္ ရဲေဇာ္ ေ႐ွ႕
ခ်ေပးလိုက္၏။ အနဲဆံုးေတာ့ သိန္းသံုးဆယ္ေလာက္
ရိွေပလိမ့္မည္။

"အခုေလာေလာဆယ္ေတာ့ ဒီေလာက္ပဲပါလာတယ္။
စရံသတ္တယ္လို႔ပဲသေဘာထားလိုက္ သူ႔ကိုေတြ႔ရင္
ေတာင္းသေလာက္ထပ္ေပးမယ္"

"ေကာင္းၿပီေလ ။ မနက္ျဖန္ ထပ္လာမွာမလား
အေၾကာင္းၾကားေပးရမလား ဆက္သြယ္ရမွာကေကာ"

"ခင္ဗ်ား ဖုန္းနံပါတ္ေျပာ က်ဳပ္ေခၚလိုက္မယ္"

"09....."

ရဲေဇာ္ရြတ္ျပလ်ွင္ ႏိႈင္း က ဂဏန္း ေတြကိုႏိုပ္လ်က္ေခၚ
လိုက္ၿပီး call endျပန္ႏိုပ္လိုက္ပါ၏။

"အဲ့ တာက်ဳပ္နံပါတ္ သိရရင္ ဆက္သြယ္လိုက္ "

ထို႔ေနာက္ အပိုအလိုမေျပာပဲ ထျပန္ရန္ျပဳၿပိီးမွ ..

"ႏိႈင္းသုတလ်ွံ! "

"ဟင္! !"

"က်ဳပ္နာမည္ ႏိႈင္းသုတလ်ွံ! '

ရဲေဇာ္သည္ မ်က္လံုးျပဴးလ်က္ပင္ ထြက္သြားေသာ
ေက်ာျပင္ကို အံျသစြာ ၾကည့္ေနမိ၏။
ႏိႈင္းသုတလ်ွံ က သံုးႏွစ္အတြင္း ဒီေလာက္ႀကီး ေျပာင္းလဲ
သြားတယ္။ မျဖစ္ႏိုင္တာ။ ေခါင္ ေရာ ႏိႈင္းဒီလိုေတြ
ျဖစ္ေနတာ သိရဲ႕လား။ ရဲ႕ေဇာ္သည္ ဦးေႏွာက္ေျခာက္စြာ
မစဥ္းစားေနေတာ့ပဲ ေခါင္ေလးဆီ ဖုန္းေခၚလိုက္ၿပီး...

"ဘာလဲကြာ အလုပ္လုပ္ေနတယ္မအားဘူး"

"မင္း ေမြးေန႔နီးၿပီမလား ။ ငါမင္းအတြက္ special
လက္ေဆာင္ပို႔ေပးလိုက္တယ္... မင္းႀကိဳက္မွာပါ"

"ဘာေတြအ႐ူးထေနတာလဲ"

ေခါင္ေလး၏ ႀကိမ္ဆဲသံကို ၾကားေပမယ့္ ရဲေဇာ္ ေက်ေက်နပ္နပ္ႀကီး ျပံဳးေနမိသည္။ ဟုတ္တယ္ သူလူနဲ႔သူ ကိုယ့္လူနဲ႔
ကိုယ္ပဲ ျဖစ္သင့္တာ။ ဒါမွ ေလာကႀကီးက တရားမွာေပါ့။

..........................

Love You all💚💚💚

Continue Reading

You'll Also Like

303K 36.8K 54
First Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှား​နေတယ် မုန့်လင်လင်ကွ... ဪ​အေး ဟုတ်သား...
337K 16.9K 51
ကျွန်တော့်နှလုံးသားအခန်းငယ်ရဲ့နံရံပေါ်မှာ ကိုကို့၏နာမည်တွေကိုသာ ကျွန်တော် ရေးခြစ်ထားခဲ့သည်။ ကိုကိုဆိုသည့် လူသားဟာကျွန်တော့်နှလုံးသား၏ကမ္ဗည်းမှတ်တိုင်...
520K 43.8K 61
ဘဝမှာအချစ်နဲ့တူသောအရာများစွာ ကြုံတွေ့ရနိုင်သည်။ သို့သော် အချစ်စစ်ကတော့ အရာအာလုံးထက်သာလွန်သည်။ ထို့အတူပင် ရည်းစားပေါင်းများစွာကြုံဆုံရနိုင်သည် သို့သော...
100K 6.5K 53
Unicode Version ကံကောင်းစွာပဲ ကျွန်တော့်အချစ်တွေ သူ့အတွက်ကြွေကျခွင့်ရခဲ့တယ်... ကံဆိုးစွာပဲ အားလုံးနင်းခြေခံလိုက်ရတယ်... Start date = 6.6.2022 (Mon) E...