ေန႔လည္ ညီလာခံတြင္.......
” ေမာင္မင္း။ ငါကိုယ္ေတာ္ မေန႔က ေမးတဲ့ေမးခြန္းကို အေျဖေပးစမ္း”
လီဖန္း အသံက ညီလာခံ တစ္ခုလံုးကို ဟိန္းထြက္သြားေလသည္။
” မ....မဟုတ္ရပါဘူး။ ကြၽန္....ကြၽန္ေတာ္က......လူပ်ိဳ...အစစ္ပါ”
ဖန္အာ စိတ္ကို အတတ္ႏိုင္ဆံုး ထိန္းကာ လိမ္လိုက္ေပမယ့္ စကားကထစ္ေနသည္။
” ရၿပီ ။ အဲဒါေမးခ်င္လို႔ေစာင့္ေနတာ”
”ဘာရယ္”
အန္းဟြာ တစ္ခ်က္ စိတ္တိုမိသည္ေတာ့ အမွန္ပါ။ ဘာမွမဟုတ္တဲ့ ဟာေလးနဲ႔ ဖန္အာ့ကို တစ္ေန႔လံုး ဒူးေထာက္ခိုင္းသည္ကေတာ့ လြန္ေလသည္။ ၿပီးေတာ့ သိၿပီးသားကိစၥေလ။ နန္းတြင္းထဲကို ဖန္အာ မဝင္ခင္ကတည္းက စစ္ေဆးထားသည္ေလ။
”ထေတာ့ ။ ညီလာခံၿပီးရင္ ခစားဖို႔ အဆင္သင့္ျပင္ထား”
ဖန္အာ တစ္ေယာက္တစ္ခ်က္ တြန္႔သြားေပမယ့္ မင္းအမိန္႔မို႔ သူလြန္ဆန္လို႔ မရ။ ဒူးေထာက္ထားရာမွ မတ္တပ္ရပ္လိုက္ေတာ့ ဟန္တစ္ခ်က္ ျပတ္သြားေလသည္။ ေျခေထာက္မွာ အားပင္မ႐ွိေတာ့။
”သတိထား”
အားမ႐ွိေတာ့သည့္အတြက္ ေျခေထာက္မွာ ၾကာၾကာပင္ မေထာက္ႏိုင္ဘဲ ေအာက္သို႔ ပစ္လဲမည္ အျပဳ အလ်င္အျမန္ လာထိန္းေပးသည္က မိဖုရားေခါင္ ႐ွင္း႐ွင္း ႏွင့္ အန္းဟြာသာျဖစ္ေလသည္။ သူတို႔ ႏွစ္ေယာက္မွာ ဖန္အာအေျခအေန မေကာင္း ကတည္းက ထိုသို႔ျဖစ္ေတာ့မည္ဆိုတာ သိ၍ အခ်ိန္မွီ လာထိန္းျခင္းျဖစ္သည္။
”အတင့္ရဲလိုက္တာ။မင္းတို႔ကို ကူညီခိုင္းလို႔လား။ ”
ေဒါသထြက္ေနေသာ လီဖန္း စကားေၾကာင့္ မူဟန္က ေျဖာင္းဖ်ေပးရသည္။ သူမ၏ စိတ္ထဲက မပါေပမယ့္ေပါ့။
”မင္းႀကီးရယ္။ အမေတာ္႐ွင္းက အဲ့လိုမ်ိဳး အျမဲတမ္း ကူညီေနၾကပဲဟာ”
သူမကအသံကို ျမဴစြယ္သလိုမ်ိဳး ေျပာလိုက္ေသာ္ လည္း ဘယ္သူ႔ စိတ္ထဲမွ မေရာက္ေပ။ ေဘးက လီလီကေတာ့ မူဟန္႔ကို စိတ္ပ်က္သလိုမ်ိဳးၾကည့္ေနသည္။
”မင္းႀကီး။ ေနာက္ေန့မွ သူ႔ကိုခစားခိုင္းလိုက္ပါ အ႐ွင္။ ဒီေန႔ေတာ့ သူအားနည္းေနတယ္”
”မလိုခ်င္ဘူး”
လီဖန္းတစ္ေယာက္ ႐ွင္း႐ွင္းကို သတ္ေလာက္မည္အထိေဒါသထြက္ သလိုမ်ိဳးပင္ ၾကည့္ေနသည္။
”မင္းကို အားခ်ံဳေၾကာင့္သာ မဟုတ္ရင္ သတ္တာၾကာၿပီ”
လီဖန္း ထိုသို႔ေျပာလိုက္ေတာ့ ႐ွင္း႐ွင္း မ်က္ႏွာက ခ်က္ခ်င္းပင္ မ်က္ရည္ဝဲ တက္လာေသာေၾကာင့္ ေခါင္းငံု႔မိသည္။ အန္းဟြာကေတာ့ ဘာမွမေျပာရဲေပ ေျပာလို႔ကေတာ့ မင္းႀကီးမဆိုထားႏွင့္ အစ္ကိုေတာ္ဆီက အရင္ဆံုး အဆူခံရမွာေလ။ မူဟန္ကေတာ့ ျပံဳးရႊင္ေသာမ်က္ႏွာျဖင့္ေပါ့။
”ညီလာခံ သိမ္းမယ္ ။ လာ... ငါနဲ႔ တစ္ခါတည္းလိုက္ခဲ့”
လီဖန္း ထိုသို႔ ေျပာၿပီးသည္ႏွင့္ နဂါးပလႅင္ေပၚမွ ဆင္းကာ အန္းဟြာဆီ မွ ဖန္အာ၏ ဆံပင္ကို ေစာင့္ဆြဲကာ ဆြဲေခၚသြားေလသည္။ အန္းဟြာ သူ၏ေ႐ွ႕တြက္ ဖန္အာကို ဒီလိုျမင္ရသည့္အတြက္ စိတ္မေကာင္းေပ။ မိဖုရားေခါင္႐ွင္း႐ွင္းကေတာ့ သူမမ်က္ႏွာကိုေအာက္သို႔ ငံု႔ထားဆဲ။
”ဘယ္လို အ႐ွက္ကြဲမႈႀကီးလဲ။ ”
လီလီ ကေတြးၾကည့္လိုက္သည္။ သူမ နားလည္သည္ လူအမ်ားေ႐ွ႕မွာ အ႐ွက္ကြဲသည့္ ခံစားခ်က္ကို ၿပီးေတာ့ထိုလူေတြကလည္း သူမထက္ နိမ့္က်သည့္လူေတြေလ။ လီလီ သူမအ႐ွက္ကြဲသည့္ အတိတ္ကအျဖစ္ကို ျပန္လည္အမွတ္ရလာေတာ့ သူမ မင္းႀကီးကို စိတ္ပ်က္မိသည္။
”႐ွင္ေစာင့္ၾကည့္ေနပါ။ ကြၽန္မဘာလုပ္မလဲဆိုတာ”
လီလီ တိုးညႇင္းစြာ ဆိုလိုက္ရင္း မဲ့ျပံဳးျပံဳးလိုက္သည္။
-----------------------------------------------------------
တိုတယ္ဟုတ္ ။ တိုမွာေပါ့ ကိုယ္က ေနာက္ထပ္yaoiတစ္ခုမွာ+ေရးေနလို႔ ေဆာတီးေဆာတီး
Unicode
နေ့လည် ညီလာခံတွင်.......
” မောင်မင်း။ ငါကိုယ်တော် မနေ့က မေးတဲ့မေးခွန်းကို အဖြေပေးစမ်း”
လီစန်း အသံက ညီလာခံ တစ်ခုလုံးကို ဟိန်းထွက်သွားလေသည်။
” မ....မဟုတ်ရပါဘူး။ ကျွန်....ကျွန်တော်က......လူပျို...အစစ်ပါ”
ဖန်အာ စိတ်ကို အတတ်နိုင်ဆုံး ထိန်းကာ လိမ်လိုက်ပေမယ့် စကားကထစ်နေသည်။
” ရပြီ ။ အဲဒါမေးချင်လို့စောင့်နေတာ”
”ဘာရယ်”
အန်းဟွာ တစ်ချက် စိတ်တိုမိသည်တော့ အမှန်ပါ။ ဘာမှမဟုတ်တဲ့ ဟာလေးနဲ့ ဖန်အာ့ကို တစ်နေ့လုံး ဒူးထောက်ခိုင်းသည်ကတော့ လွန်လေသည်။ ပြီးတော့ သိပြီးသားကိစ္စလေ။ နန်းတွင်းထဲကို ဖန်အာ မဝင်ခင်ကတည်းက စစ်ဆေးထားသည်လေ။
”ထတော့ ။ ညီလာခံပြီးရင် ခစားဖို့ အဆင်သင့်ပြင်ထား”
ဖန်အာ တစ်ယောက်တစ်ချက် တွန့်သွားပေမယ့် မင်းအမိန့်မို့ သူလွန်ဆန်လို့ မရ။ ဒူးထောက်ထားရာမှ မတ်တပ်ရပ်လိုက်တော့ ဟန်တစ်ချက် ပြတ်သွားလေသည်။ ခြေထောက်မှာ အားပင်မရှိတော့။
”သတိထား”
အားမရှိတော့သည့်အတွက် ခြေထောက်မှာ ကြာကြာပင် မထောက်နိုင်ဘဲ အောက်သို့ ပစ်လဲမည် အပြု အလျင်အမြန် လာထိန်းပေးသည်က မိဖုရားခေါင် ရှင်းရှင်း နှင့် အန်းဟွာသာဖြစ်လေသည်။ သူတို့ နှစ်ယောက်မှာ ဖန်အာအခြေအနေ မကောင်း ကတည်းက ထိုသို့ဖြစ်တော့မည်ဆိုတာ သိ၍ အချိန်မှီ လာထိန်းခြင်းဖြစ်သည်။
”အတင့်ရဲလိုက်တာ။မင်းတို့ကို ကူညီခိုင်းလို့လား။ ”
ဒေါသထွက်နေသော လီစန်း စကားကြောင့် မူဟန်က ဖြောင်းဖျပေးရသည်။ သူမ၏ စိတ်ထဲက မပါပေမယ့်ပေါ့။
”မင်းကြီးရယ်။ အမတော်ရှင်းက အဲ့လိုမျိုး အမြဲတမ်း ကူညီနေကြပဲဟာ”
သူမကအသံကို မြူစွယ်သလိုမျိုး ပြောလိုက်သော် လည်း ဘယ်သူ့ စိတ်ထဲမှ မရောက်ပေ။ ဘေးက လီလီကတော့ မူဟန့်ကို စိတ်ပျက်သလိုမျိုးကြည့်နေသည်။
”မင်းကြီး။ နောက်နေ့မှ သူ့ကိုခစားခိုင်းလိုက်ပါ အရှင်။ ဒီနေ့တော့ သူအားနည်းနေတယ်”
”မလိုချင်ဘူး”
လီစန်းတစ်ယောက် ရှင်းရှင်းကို သတ်လောက်မည်အထိဒေါသထွက် သလိုမျိုးပင် ကြည့်နေသည်။
”မင်းကို အားချုံကြောင့်သာ မဟုတ်ရင် သတ်တာကြာပြီ”
လီစန်း ထိုသို့ပြောလိုက်တော့ ရှင်းရှင်း မျက်နှာက ချက်ချင်းပင် မျက်ရည်ဝဲ တက်လာသောကြောင့် ခေါင်းငုံ့မိသည်။ အန်းဟွာကတော့ ဘာမှမပြောရဲပေ ပြောလို့ကတော့ မင်းကြီးမဆိုထားနှင့် အစ်ကိုတော်ဆီက အရင်ဆုံး အဆူခံရမှာလေ။ မူဟန်ကတော့ ပြုံးရွှင်သောမျက်နှာဖြင့်ပေါ့။
”ညီလာခံ သိမ်းမယ် ။ လာ... ငါနဲ့ တစ်ခါတည်းလိုက်ခဲ့”
လီစန်း ထိုသို့ ပြောပြီးသည်နှင့် နဂါးပလ္လင်ပေါ်မှ ဆင်းကာ အန်းဟွာဆီ မှ ဖန်အာ၏ ဆံပင်ကို စောင့်ဆွဲကာ ဆွဲခေါ်သွားလေသည်။ အန်းဟွာ သူ၏ရှေ့တွက် ဖန်အာကို ဒီလိုမြင်ရသည့်အတွက် စိတ်မကောင်းပေ။ မိဖုရားခေါင်ရှင်းရှင်းကတော့ သူမမျက်နှာကိုအောက်သို့ ငုံ့ထားဆဲ။
”ဘယ်လို အရှက်ကွဲမှုကြီးလဲ။ ”
လီလီ ကတွေးကြည့်လိုက်သည်။ သူမ နားလည်သည် လူအများရှေ့မှာ အရှက်ကွဲသည့် ခံစားချက်ကို ပြီးတော့ထိုလူတွေကလည်း သူမထက် နိမ့်ကျသည့်လူတွေလေ။ လီလီ သူမအရှက်ကွဲသည့် အတိတ်ကအဖြစ်ကို ပြန်လည်အမှတ်ရလာတော့ သူမ မင်းကြီးကို စိတ်ပျက်မိသည်။
”ရှင်စောင့်ကြည့်နေပါ။ ကျွန်မဘာလုပ်မလဲဆိုတာ”
လီလီ တိုးညှင်းစွာ ဆိုလိုက်ရင်း မဲ့ပြုံးပြုံးလိုက်သည်။
-----------------------------------------------------------
တိုတယ်ဟုတ် ။ တိုမှာပေါ့ ကိုယ်က နောက်ထပ်yaoiတစ်ခုမှာ+ရေးနေလို့ ဆောတီးဆောတီး