Black Memory(U+Z)(Completed )

By naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-26

13.5K 938 48
By naykyihtun

Unicode

"ငါတို့ဘယ်လိုလုပ်ကြမလဲ"

"..."

"အင်းပါ ။ အိမ်ပြန်ရောက်မှဒီကိစ္စသေချာ တိုင်ပင်ရအောင်။ ငါတကယ် ရူးချင်နေပြီသိလား"

ပါးပြင်ကို ဖြန်းခနဲ ရိုက်ချခံလိုက်ရသလိုခံစားချက်။ အောင့် သက်သက်နှင့် စပ်ဖျင်းဖျင်းနာကျင်မူ။ ခေါင်လေးသည် ထပ်မံ၍ရပ်နေရန် အားအင်မရှိတော့သလို စကားသံတွေနဲ့
ဝေးရာကို ကျောခိုင်းလျက်  ခြေလှမ်းကျဲများဖြင့် ထွက်ခွာလိုက်ပါ၏။

"နွေး နဲ့ တွေ့လား"

အထဲရောက်သည် နှင့် နှိုင်းကမေးလျှင် ခေါင်လေးက Barခုံပေါ်က တွေ့ကရာ  အရက်
ပုလင်ကိုဆွဲလို့ မော့သောက်ချ
ပစ်လိုက်၏။

"ဟေ့..ဘာလုပ်တာလဲ။ မသောက်နဲ့"

နှိုင်းက အတွင်းဘက်ကနေ ပတ်ကာ ပြေးထွက်လာပြီး ခေါင်လေးလက်ထဲမှ အရက်ပုလင်းကို ဆွဲလုပါသည်။

"မသောက်နဲ့.. စာမေးပွဲ ရှိတယ်လေကွာ။ဆင်ခြင်မှပေါ့"

သို့သော်လည်း အားသန်လှသော ခေါင်လေးဟာ အရက် ပြင်းပြင်းကို ရင်ထဲပူဆင်းသွားသည်အထိမော့ချပြီးမှ ပုလင်ကို
နှိုင်း လက်ထဲထိုးထည့်လိုက်၏။ထို့နောက် အပေါ်ထပ်သို့ ဘာစကားမှမပြောပဲတတ်သွားပါတော့သည်။

နှိုင်းသည် အရက်ပုလင်းကြီး ကိုင်ပြီး ဘာလုပ်ရမည်မသိ ဖြစ်နေစဉ် နွေး ရောက်လာလျက်...

"ကိုနှိုင်း ခေါင်လေး ပြန်လာပြီလား?"

ဒါဘယ်လို အခြေအနေလဲ။

"အပေါ်တတ်သွားတယ်"

နှိုင်း က အပေါ်ထပ်သို့ လက်ညိုးလေးထိုးပြီး ပြောလျှင် နွေးကတော့ ဘာမှမသိသလိုပင် ပြုံးပြကာ အပေါ်တတ်သွားပါ၏။ မောင်က နွေးနဲ့ သွားတွေ့မယ်ဆိုပြီး ထွက်သွားတာမဟုတ်ဘူးလား။ နွေးနဲ့လည်း တွေ့ခဲ့ပုံမရဘူး။ ဒါဆို ချက်ချင်းကြီး ဘာဖြစ်သွားတာလဲ။ တစ်ယောက်တည်း အတွေးတို့ဖြင့်
ရှုပ်ယှက်ခက်လျက် ခေါင်းသာကုပ်မိတော့သည်။ မောင်နဲ့နွေး က ရည်းစားတွေလား ကျွန်တော်နဲ့မောင်က ရည်းစား
တွေလားမသဲကွဲတော့။ သြော် ဟုတ်သား မောင်က ကျွန်တော့်ကို ချစ်တယ်လို့ တစ်ခွန်းလေးတောင်မပြောဖူးတာ ရည်းစားတွေဘယ်ဟုတ်ပ့ါမလဲနော်။သိမ်ငယ်မိသွားသော ခံစားချက်လေးကို ရင်တွင်း၌ တိတ်တဆိတ် သိုဝှက်ထားလိုက်ပါသည်။မောင်က
မိန်းကလေး တွေမှ စိတ်မဝင်စားတာ တစ်နေ့နေ့တော့ သူ့ကို ချစ်လာမှာပါ။

........

"ခေါင်လေး ခေါင်လေး နင် အထဲမှာလား"

နွေးက တံခါးခေါက်ပြီးခေါ်လျှင် ခေါင်လေးက တံခါးကို ခပ်ကြမ်းကြမ်း ဖွင့်လို့ တင်းမားနေသော မျက်နှာထားဖြင့်..

"ဘာလဲ!! "

ပုံမှန်မဟုတ်သော လေသံနှင့် နီရဲနေသော မျက်လုံးတို့ ကြောင့် နွေး အနဲငယ်တွန့်သွားရပါသည်။

"နင် စာမေးပွဲ ဖြေနိုင်လားလို့ လာမေးတာ"

"ဖြေနိုင်တယ်...ဒါပဲလား?"

"အင်"

"သွားတော့"

ဂျိန်း!!

တံခါးကို ဆောင့်ပိတ်လျက် ခေါင်လေးအထဲပြန်ဝင်သွားလျှင် နွေး ကိုယ်လေးပင် တုန်တတ်သွားမိ၏။ စိတ်တိုနေသည့်
ခေါင်လေးပုံစံက အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းပါ၏။ အကျီ တွေလဲ ဖရိုဖရဲ ဖြစ်နေပုံထောက်ရင် ရန်ဖြစ်လာတာလား။ နွေး မစဉ်းစားတတ်စွာ အောက်သို့
ပြန်ဆင်းလာလိုက်ပါ၏။

"ကိုနှိုင်းနဲ့ ခေါင်လေး ရန်ဖြစ်ထားတာလဲဟင်"

"ဟင်!! မဖြစ်ပါဘူး။ ကိုယ်က နွေးနဲ့ ရန်ဖြစ်လာတယ်လို့ထင်နေတာ"

နွေး အမေးကို နှိုင်းက တွေးဆ ဆလေးပင် ပြန်ဖြေရှာပါ၏။

"ဟင်!နွေးနဲ့လည်း မဖြစ်ဘူးရယ်။ ဘာဖြစ်နေတာလဲ မသိဘူး​ ။နွေးကိုတောင် အော်လွတ်တာသိလား"

ညီမလေးက အစ်ကိုအား ပြန်တိုင်နေသလို နွေးပုံစံက ပကတိ ဖြူစင်နေသေးသည်။

"အရူးကောင်။ စိတ်ကိုမမှန်ဘူး ။ စာသွားကျက်တော့မယ်"

ပြောပြီး ဆောင့်ဆောင့်အောင့်အောင့်လေး ထွက်သွားပြန်သော နွေးကြောင့် နှိုင်း သက်ပြင်း အရှည်ကြီးသာ ချမိပါ၏။ တစ်ခုခုဖြစ်လာတိုင်း မောင်ဟာ ဘယ်သူကိုမှ
မပြောပဲ တစ်ယောက် တည်း မျိုသိပ်ထားတတ်တာ အကျင့်တစ်ခုလိုဖြစ်နေမှန်း နှိုင်း သိလာခဲ့ပါသည်။ ယမကာ ပုလင်းတွေကို သေချာစီတန်းပြီးနောက်မှာတော့
နှိုင်းသည်Kitchen room ထဲသို့ သွားကာ
သံပုရာရည်ဖျော်လိုက်ပါသည်။ အရက်တွေကို ပလိန်းကြီး မျိုချလိုက်တာကြောင့် မောင့် ခေါင်းတွေ အုံခဲနေမည်
ထင်၏။

"နှိုင်း ဘာတွေ လုပ်နေတာလဲ "

"သံပုရာရည် ဖျော်နေတာ"

နှိုင်းက ကိုဘိုဘိုမေးသည်ကို ဖြေပြီး ဇွန်းလေးဖြင့် အရသာမြည်းကြည့်ပြီးနောက်...အပေါ်သ်ို့တတ်ခဲ့ပါ၏။ မောင် ဘယ်သူ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည် ဖြစ်စေ သူက သက်သာအောင် အတတ်နိုင်ဆုံး ထိန်းပေး
ရမည့်သူမို့.....

ဒေါက်..ဒေါက်....ဒေါက်

"မောင် အထဲမှာရှိလား။ ငါ ဝင်လာမယ်နော်"

အထဲမှ ပြန်ဖြေသံမကြားရတာကြောင့် နှိုင်း တံခါးလေးကိုသာ အသာအယာဆွဲဖွင့်ပြီး ဝင်လိုက်ပါပြီ။

"မောင်! ?"

ခေါင်လေးသည် ကုတင်ကို ကျောမှီလျက် လက်ကြားမှာ ဆေးလိပ်ညှပ်လို့ ခံစားချက်မဲ့ကာ အဓိပ္ပာယ် မဲ့နေသူတစ်ဦးလို ထိုင်နေပါ၏။ အစိုးရိမ်လွန်သွားသော နှိုင်းမှာ
သံပုရာရည်ခွက်ကို ကြမ်းပြင်ပေါ်ချလိုက်ပြီး ခေါင်လေးနာ ခပ်မြန်မြန်ရောက်ရှိလို့သွားရပါတော့သည်။

"မောင်.. ဘာဖြစ်လာတာလဲဟင်။ ငါ့ကို ပြောပြလို့ရရင် ပြောပြပါလား"

နီရဲနေတဲ့ ခေါင်လေးရဲ့မျက်ဝန်းတွေက်ိုကြည့်ရင်း နှိုင်းရင်တွေ ပူလောင်လာမိပါ၏။ ချစ်မိပြီဆိုကတည်းကဒီကောင်လေးရဲ့ အဆိုးအကောင်းမှန်သမျှကို သူ
မျှဝေခံစားချင်ပါသော်လည်း မျိုသိပ်လွန်းသော ခေါင်လေး မှာ နှိုင်းမျက်ဝန်းတို့ကို အသက်မပါသလိုစိုက်ကြည့်နေရင်း
ခေါင်းငုံ့သွားကာ ငြိမ်သက်နေပါတော့သည်။

"မောင်.. မင်း မပြောပြချင်ဘူး ဆိုပေမယ့်။တောင်းဆို ပါတယ်ကွာ။ နော်..ငါ့ ကို ယုံကြည်လို့ရပါတယ်"

နှိုင်းတောင်းဆိုမိပါသော်လည်း ခေါင်လေးကတော့ ငြိမ်သက်နေဆဲပင်..

"ဟုတ်ပါပြီကွာ မောင်မပြောချင်ရင်လည်း မပြောနဲ့တော့။မောင် ခံစားနေရတာနဲနဲသက်သာသွားအောင်လို့ သံပုရာရည် ယူလာတယ် အဲ့တာလေးတော့ သောက်လိုက်
နော်"

နှိုင်ပေးသော ခွက်ကို ခေါင်လေးက လေးပင်စွာယူလျက် တစ်ငုံ နှစ်ငုံမျှ သောက်ပြီးလျှင် ဘေးသို့ပြန်ချထားလိုက်ပြီး နှိုင်းကို အသနားခံနေသောမျက်ဝန်းများဖြင့်ကြည့်လာ၏။

"ကိုသုတ"

"အင် ပြောလေ"

"ကျွန်တော်..ကျွန်တော်"

စကားလုံးတို့ ထစ်အခြင်းများနဲ့အတူ ခေါင်လေးမျက်ဝန်းမှ မျက်ရည်စ ဟာ ပေါက်ခနဲလွှင့်စင်၏။ ခေါင်လေးရဲ့မျက်ရည်ကိုမြင်ရလျှင် နှိုင်း နှလုံးသားတွေ အောင့်တတ်
လာသလိုနာကျင်ရသဖြင့် မျက်ရည်တွေ ဝိုင်းလာမိပါသည်။ ဘာတွေများ အဲ့လောက်တောင် ခံစားနေရတာလဲကွာ။မင်း ကို ဘယ်အရာကများ မျက်ရည်ကျစေရတာလဲ။

"အင်.. ငါ့ကို ယုံနော်"

စကားလုံးတို့ ပွင်အံထွက်လာစေရန် ပြောမိသော်လည်း ခေါင်လေးသည် နှိုင်း ရှေ့မှ ခပ်ဖြေးဖြေး ထရပ်လိုက်ပြီး..

"ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်။ ပြီးရင်လေ ခင်ဗျား ဒီနေ့ည အလုပ်ပါးတယ်မလား ကျွန်တော်စာကျက်တာ ထိုင်ကြည့်ပေးပါလား"

ခင်ဗျား မကြည့်ပေးရင် ကျုပ်ကိုယ့်ကိုယ်ကိုယ် တစ်ခုခု လုပ်မိတော့မယ်။ အနဲဆုံးတော့ ခင်ဗျား ရှိနေသေးတဲ့ အတွက် မဆင်မခြင် လျှောက်မလုပ်မိတော့ဘူးလို့
ထင်ပါတယ်လေ။

"အင် ။ ကြည့်ပေးမယ်လေ ။ အခုအရမ်းအေးတယ်မောင် ရေချိုးလို့ဖြစ်ပါ့မလာ"

"ရပါတယ်။ မချိုးရင် တစ်ကိုယ်လုံး ညှိစိစိနဲ့ အဆင်မပြေဘူး"

ကောင်းကောင်းမွန်မွန် စကားပြန်ပြောလာသဖြင့် နှိုင်းအနဲငယ်စိတ်သက်သာရာ ရသွားသော်လည်း ရင်တွေကတော့
ပူနေဆဲပင်။

ခေါင်လေးသည် ရေခဲတမျှ အေးလွန်းလှသော ရေတွေကို ကိုယ်ပေါ် လောင်ချလျက် အပူမီးတို့ကို ငြိမ်းစေလိုက်၏။ တောင်းပန်ပါတယ် ကလေးရယ် ငါ့ကြောင့် မင်းအဖေ
သေသွားရတာပါ။ မင်းအမေကလည်း မင်းကို လူလောကထဲ ဝင်ရောက်ဖို့ ခွင့်မပြုဘူးဆိုရင် ။

လိမ့်ဆင်းသွားပြန်သော မျက်ရည်။ သူ့စိတ်တွေဟာ ဘယ်လောက်ပင် ကြမ်းတမ်းနေပါစေ လူသတ်ဖို့လောက်ထိ
တော့ မိုက်ရူးရဲ ဆန်မနေခဲ့ပါဘူးလေ။

" မောင် တော်တော့လေ "

နှိုင်း သတိပေးမှပင် သူရေတွေအဆက်မပြတ် လောင်းချိုး နေမိတာကို သတိရသွားပြီး ရပ်လိုက်ရပါ၏။

"မောင် အေးနေမှာစိုးလို့ ကော်ဖီပူပူလေး သောက်လိုက် နော်"

ရေချိုး အဝတ်အစား လဲဲ ပြီးချိန် ကော်ဖီခွက်လေး ကိုင်ပြီး ရောက်လာပြန်တဲ့ သူ။ ဘာလို့ ကျွန်တော့်အပေါ် အဲ့လောက်ထိ ကောင်းနေရတာလဲ။

စာလုပ်နေတဲ့ စားပွဲခုံလေးပေါ်ကော်ဖီခွက်လေးချပေးရင်ဘာစကားမှ မဆိုပဲ စာရွက်အဖြူလေးနဲ့ ခဲတံတစ်ချောင်း ကိုင်ကာ လှုပ်ရှားနေတဲ့ သူ့ လက်ချောင်းဖြူဖြူလေးတွေ။

ခေါင်လေး ငြိမ်သက် စွာ ငေးကြည့်နေမိပါ၏။ ကျွန်တော် ဘာဆက်လုပ်ရမှာလဲဟင် ။ မေးချင်ပေမယ့် ဒီမေးခွန်းကို မေးဖို့ ကျွန်တော့်မှာ အားအင်မရှိဘူး။

နှိုင်းသည် စိတ်ကူးလေးနဲ့အတူ စာရွက်ပေါ် အိမ်ပုံလေး ရေးဆွဲနေမိရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်ဆုံးလာခဲ့ပါ၏။

"ဘာပုံတွေဆွဲနေတာလဲ"

ခေါင်လေးက လှမ်းမေးလျှင် နှိုင်းက နှုတ်ခမ်းလေးကိုက်ကာရှက်ဖွယ်ပြု၏။ ချစ်စရာ ကောင်းလိုက်တာ။

"အိမ်ပုံ ဆွဲနေတာ ။ ကြည့်မလား"

"အင် "

ခေါင်လေး ခေါင်းငြိမ့်သည်နှင့် နှိုင်းက စာရွက်လေးကိုင်ကာ ခေါင်လေးရှေ့ ချပြပြီး..

"ငါ ခြံဝန်းဝယ်ထားတယ် ။ အဲ့တာအိမ်ဆောင်မလို့ အိမ်ပုံစံအကြမ်းဆွဲကြည့်နေတာ ဘယ်လိုလဲ လှလား"

အိမ်ပုံစံလေးမှာ ရိုးရိုးရှင်းရှင်း ပင် တစ်ထပ်တိုက်လေးဖြစ်ကာ ဘာမှ ထူးခြားဆန်းပြားမူတော့ရှိမနေပေ။

"အင် ဒီတိုင်းပုံမှန်ပါပဲ"

ခေါင်လေးထိုသို့ပြောလျှင် နှိုင်းက ပြုံးပါ၏။

"ငါ အိမ်လေးတစ်လုံးရှိချင်ခဲ့တာ။ အရင်ကတော့အိမ်ရှိလည်းငါတစ်ယောက်တည်းနေရမှာပဲ ဆိုပြီး သိပ်အားမထည့်ခဲ့ဘူး။
အခုတော့ မောင်ရှိနေပြီလေ။ မောင်နဲ့အတူတူ
အေးအေးချမ်းချမ်းလေး နေချင်တယ်။ လူလည်းမများဘူး ဆိုတော့ တစ်ထပ်တိုက်လေးပဲဆောက်မယ်။ ပန်းတွေ အများကြီးလည်း
မကြိုက်တာကြောင့် မေမေကြိုက်တဲ့
စပယ်ရုံလေးနဲနဲစိုက်မယ်။ ပြီးရင် အိမ်ရှေ့မှာ မြက်ခင်း စိမ်းစိမ်လေးတွေစိုက်ထားမယ်။ အားတဲ့အခါ ခွေးလေးတွေ မွေးပြီး အတူတူဆော့ကြမယ်"

သူတို့ရဲ့အနားဂတ် စိတ်ကူးတွေအကြောင်း ပြောပြနေတဲ့ နှိုင်းပုံစံကဖြူစင်နေလျက် ချစ်ဖွယ် သိပ်ကောင်းလွန်းနေ၏။
ခေါင်လေး သည် မမောနိုင် မပမ်းနိုင်စကားတွေ ပြောနေ သည့် နှိုင်းအားမစွန့်လွှတ်နိုင်စွာ ငေးလျက် မျက်ဝန်းတို့ကို ပင့်သက်ကို ရှိုက် လိုက်ပါ၏။ ထို့နောက် လက်သီးတို့ကို
ဆုပ်လျက် ခိုင်မာ သော ဆုံးဖြတ်ချက်ကို ချလိုက်ပါ၏။ ကျွန်တော့်အတွက် ဒီလောက် ဆ်ို လုံလောက်နေပါပြီ

"ကိုသုတ "

"အင် "

အိမ်ပုံလေးကြည့်ရင်း ပီတိဖြစ်နေတဲ့မျက်နှာလေးကြောင့် ခေါင်လေး စကားလုံးတို့ ထွက်ရန်ခက်ခဲနေသော်လည်း လုပ်သင့်လုပ်ထိုက်သော အရာက်ို တာဝန်သိစွာ ဆောင်ရွက်လိုသော သူ့ဆန္ဒတွေကို အလိုလိုက်၍..

"ကျွန်တော်တို့ လမ်းခွဲရအောင် ကိုသုတ"

"ဘာ ဘာဖြစ်လို့လဲမောင်။ ငါတို့က ဘာလို့လမ်းခွဲရမှာလဲ"

နားမလည်ခြင်းများစွာဖြင့်နှိုင်း အသံတို့က အဖျားခတ် တုန်ယင်နေပါ၏။

"ကျွန်တော် ခင်ဗျားနဲ့ ဆက်တွဲချင်စိတ် မရှိတော့ဘူး။ အဲ့ဒါကြောင့် လမ်းခွဲရအောင် "

ဘာမှမဖြစ်သလို အေးစက်စက်စကားအား ဆိုနိုင်လွန်းသည့် ခေါင်လေးကို သူ အံသြစွာကြည့်မိသည်။

"မင်း ငါ့ကို ပြန်မချစ်ရင်နေပါစေ အနားမှာ ရှိပေးရင် ကျေနပ်တယ်လို့ ပြောခဲ့တာပဲလေ။ မောင် စိတ်ရှုပ်နေလို့ ပြောမိတယ်လို့ပဲ သဘောထားလိုက်မယ်နော်။ ငါတို့
ဒီတိုင်းလေးပဲဆက်နေရအောင်ပါ"

"မဟုတ်ဘူး ကိုသုတ ကျွန်တော်တို့ လမ်ခွဲရအောင်။အတည်ပြောနေတာ"

"ဘာလို့လဲ ငါတို့ ချစ်သူတွေတောင် မဖြစ်သေးဘူးလေ ဘာလို့လမ်းခွဲရမှာလဲ"

နှိုင်းမေးသည်ကို ခေါင်လေးက မဖြေပဲ နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထားပါ၏။

"ငါ ဘာတွေများ အမှားလုပ်မိလို့လဲဟင်။ ငါတောင်းပန်ပါတယ် ။ ငါ့ကို မထားခဲ့ပါနဲ့နော်။ ငါ အတူနေဖို့အကြာင်းတွေ ပြောမိလို့လား။ မင်းမကြိုက်ရင် မပြောတော့ဘူးနော်။
ဒီတိုင်းလေးပဲ.. ဒီတိုင်းလေးပဲ ဆက်နေပေးလို့ မရဘူးလား ဟင်?"

ရင်တွင်းမှ တသိမ့်သိမ့် နာကျင်ရခြင်းနှင့်အတူ မျက်ရည် တွေပါ ကျလာမိသည်အထိ နှိုင်း တောင်းပန်နေမိပါ၏။

"ကျွန်တော် လူကောင်းတစ်ယောက်မဟုတ်ဘူး"

"မင်း လူကောင်း မဟုတ်လည်း ငါမင်းကို ချစ်တယ်လေ။ အဲ့ဒါကြောင်!!"

"ခင်ဗျားဘာလို့ ပြောရခက်နေတာလဲ ။ ခင်ဗျား ဘာလို့ လိုက်တွယ်ကပ်နေတာလဲ။ အရှက်မရှိဘူးလား"

နှိုင်း ခေါင်လေးကို မျက်လုံးအဝိုင်းသားဖြင့် ရပ်ကြည့် မိသွားသည်။ ပြောရက်လိုက်တာ ။

"ကျုပ်ရွာ ပြန်ရောက်တာနဲ့ နွေးကို လက်ထပ်မှာ။ခင်ဗျား ကို ချစ်လည်းမချစ်ဘူး ။ ခင်ဗျား က စိတ်ဝင်စားဖို့ ကောင်း မယ်ထင်လို့ ကစားကြည့်ရုံ သက်သက်ပဲ"

စကားလုံးတို့ လည်ချောင်းဝမှာပင်တစ်ဆို့နေလျက် နှုတ်ခမ်းတို့ပင် တုန်ယင်ကာလက်ဖျားများပင် အေးစက်
လာခဲ့ပါ၏။ မဖြစ်နိုင်တာ မင်းတို့က သူငယ်ချင်းတွေလေ။ ငါ့ကိုလိမ်နေတာမလား။ ကျေးဇူးပြုပြီး လိမ်နေတာလို့
ညာပြောပေးပါလားကွာ တောင်းဆိုပါတယ်။

"မထင်ခဲ့ဘူး ခင်ဗျားက သိပ်လွယ်တာပဲ ။ အဟက်!"

လှောင်ရယ်သံက နားစည်ကိုရိုက်ခံပါ၏။ လွယ်တယ် ငါက ငါက... လွယ်တယ် ။

"မောင် မင်းနဲ့ နွေးနဲ့ လက်ထပ်မယ်ဆိုရင်လည်း လက်ထပ် ပါနော်။ ဒါပေမယ့် အိမ်မပြန်ခင်လေး ငါ့အနားပဲ နေပေးလို့
မရဘူးလားဟင်"

နောက်ဆုံးအချိန်ထိ မရှိတော့သည့် မာနကို ခဝါချကာ ခယတောင်းပန်မိသည်။ စကားလုံးကြမ်းကြမ်းတွေ
ပြောနေပေမယ့် ငါ မင်းကို ချစ်နေဆဲပါ မောင်ရယ်။မင်းနဲ့ပတ်သတ်သမျှ အရာအားလုံးကို ချစ်မြတ်နိုးဖို့ စိတ်ကူးမိတဲ့နေ့ကစပြီး မင်းဘာလုပ်လုပ် ငါ ကြည်ဖြူ နေမှာပါ။ ဒါပေမယ့် ထားမသွားပါနဲ့ နော်။

"ရူးနေလား။ ခင်ဗျား တော်တော် ရူးတာပဲ"

ခေါင်လေးသည် နှိုင်းကို ခနဲ့စွာ ရယ်ပြီးနောက် အပြင်သို့ ထွက်ရန် ပြင်စဉ် နှိုင်းက သူ့လက်ကို ဆွဲထားကာ...

"ဒီနေ့ တစ်ရက် လောက်ပဲ...ဒီနေ့ တစ်ညလောက်ပဲ နေပေးလို့မရဘူးလား"

လက်သီတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် နှိုင်းမျက်နှာလေးကို လှည့်မကြည့်မိအောင် ထိန်းထားရတာ ခေါင်လေးအတွက် မလွယ်လှပေ။

နှိုင်းတောင်းပန်နေသော်လည်း ခေါင်လေးက ရုန်းကာ အပြင်သို့ မြန်ဆန်လှသော ခြေလှမ်းကျဲများဖြင့် ထွက်သွားပါ၏။

နှိုင်းသည် မိမိရင်ဘတ်ကို မိမိတစ်ဘုန်းဘုန်းထုလို့ နှလုံးသားတစ်စုံရဲ့ တင်ကျပ်နာကျင်မူတွေ လျှော့သွား စေရန်ကြိုးစားမိပါသည်။ တစ်ယောက်တည်း နေရတာကို
မုန်းပါတယ်ဆိုကာမှ ထားသွားပြန်သူ နောက်ထပ်တစ်ယောက် ။ နှုတ်ခမ်းတို့ကို ပေါက်ထွက်မတတ်ကိုက်ရင်း ခေါင်လေးနောက် ပြေးလိုက်မိပါ၏။ မင်းငါ့ကို လက်ထပ်မှာလို့ လမင်းရှေ့မှာ ကတိတွေ ပေးခဲ့တယ်လေ။ မေ့သွား ပြီလား။ မသွားရဘူး မောင် မသွာရဘူး။

"နွေးနွေး အခုချက်ချင်း ပစ္စည်းတွေသိမ်း အဆောင်ပြန်မယ်"

စာထိုင်ကျက်နေသည့်နွေးမှာ ကြမ်းတမ်းလွန်းနေသော ခေါင်လေးကြောင့် ယောင်နနလေး ဖြစ်သွားရ၏။

"ဘာလို့ ပြန်မှာလဲ မပြန်ဘူး"

"နွေးနွေး ငြိမ်းအောင်!!"

ခေါင်လေးက ရုတ်တရက်အော်လိုက်လျှင် နွေးကိုယ်လေးတုန်တတ်သွားပါ၏။
ခေါင်လေးပုံစံက တကယ်ပင်
ဘီလူးဝင်စီးနေသလိုရှိပါသည်။  သူမ ကြောက်လန့်တကြားတောင့်တောင့်လေး ရပ်နေမိလျှင် ခေါင်လေးက ပစ္စည်း
တစ်ချို့ကို အိတ်ထဲ ကောက်ထည့်ပြီး သူမလက်အားဆောင့်ဆွဲကာ အပြင်သို့ ထွက်လိုက်ပါ၏။

"မောင်!"

လူတစ်ချို့က ဘာဖြစ်နေကြတာလဲ ဟူသကဲ့သို့ စပ်စုစွာကြည့်နေကြပါသော်လည်း ခြေဗလာဖြင့် မျက်ရည်တို့
ရွှဲစိုကာ အသနားခံနေသည့် မျက်ဝန်းတစ်စုံကိုတော့ ခေါင်လေး ကျောခိုင်းလိုက်ပါ၏။ ကျုပ်မရှိတဲ့ ခင်ဗျားဘဝက မကြာခင် အေးချမ်းသွားမှာပါ။

ဆောင်းလေ၏ စိမ်းသက်သက်တိုက်ခတ်မူဟာ ခြေဗလာနဲ့ ကောင်လေးကို ဒဏ်ရာတွေပိုစေခဲ့သည်။ ဆိုင်ကယ်လီဗာကို တဗြင်းဗြင်း နင်းလို့ ကျောခိုင်းထွက်သွားပြန်တဲ့ ကျောပြင်
ဟာ ဒီတစ်ကြိမ်တော့ နောက်ဆုံး ငေးကြည့်ခွင့် ရခဲ့ခြင်း တဲ့လား။ ငါတို့တွေ မိတ်ဆွေအဖြစ်တောင် ဆက်တွေ့ခွင့်
မရှိတော့ဘူးလား။

"နှိုင်း"

ကိုဘိုဘိုသည် လူအုပ်ကြီး၏ တီတိုးပြောသံတွေကြောင့် အပြင်သို့ ထွက်ကြည့်လျှင် နှိုင်း၏ ဝိညာဉ်​ လွှင့်စင်နေ သကဲ့သို့သော
သွင်ပြင်ကြောင့် နှိုင်းအနားသို့ ပြေးသွား
မိပါ၏။

"ကိုဘိုဘို.. ကျွန်တော်လေ။ ကျွန်တော်.. ဒီနား အရမ်းနာတာပဲ"

နှလုံးသားနေရာက်ို လက်သီးဖြင့် ထုရင်း နှိုင်းပြောင်လျှင် ကိုဘိုဘို က ငိုနေသည်မဟုတ်ပဲ အဆက်မပြတ်စီးကျ နေသော မျက်ရည်ကို မမြင်ရက်စွာ ရင်ခွင်ထဲဆွဲသွင်းလို့
ဖက်ထားပေး လိုက်ပါ၏။

သို့ပါသော်လည်း နှိုင်းက ကိုဘိုဘို ရဲ့ ရင်ခွင်မှ ရုန်းထွက်ကာ အပေါ်ထပ်သို့ ယိုင်နဲ့နဲ့ခြေလှမ်းများဖြင့်တတ်လျက် အတူရှိခဲ့
ဖူးသော အခန်းကျဉ်းလေးထဲ တံခါးကျပ်ထိုးကာ အရူး တစ်ယောက်လို့ ရှိုက်ငိုနေလိုက်ပါသည်။

"ကျွန်တော် တွေ့ဖူးခဲ့သမျှ လူတွေထဲမှာ ခင်ဗျားကိုအမြတ်နိုးဆုံးပဲ"

သီတင်းကျွတ်ညက ပြောခဲ့ဖူးတဲ့ စကားလုံးတစ်ချို့။ လက်မှာပတ်ထားတဲ့ လက်ပတ်လေးကို ကိုင်ကြည့်ရင်း သူဘာကြောင့် ရက်စက်စွာလမ်းခွဲသွားခဲ့သည့် ကောင်
လေးကို စိတ်မနာနိုင်ရတာလည်း မေးကြည့်သည်။နောက်ဆုံးတော့ သိပ်ချစ်လို့ ဆိုတဲ့ အဖြေကလွဲ ရင်ထဲမှာ ဗလာဖြစ်လို့နေပါသည်။

အားလုံးထက်ပိုချစ်ပြမယ်ဆို...

ဒီစကားလေးတစ်ခွန်း ငါကြားခဲ့ဖူးတာမို့

မင်းရဲ့စကားတွေ လေပြေထဲမှာ

ညှင်သာစွာလဲပြို မင်း သိပ်ချစ်တဲ့သူ

မဖြစ်ခဲ့ရပါတို့....

ဘဝအတွက် မရှိမဖြစ်လို့ ချစ်တာဆို

ဒါဆိုဘာကြောင့် ငါ့တစ်ယောက် တည်း

ထားခဲ့တယ် မေးချင်လို့

ကျေးဇူး အချစ်ရေ အိမ်မက်ထဲမှာ

အိမ်မက် မက်ခိုင်းလို့

ဒီဘဝတော့ တို့ ဒီမျှနဲ့ဝေးပါစို့

ငါချစ်ဖူးခဲ့ပါပြီ အချစ်က

နာကျင်စေမှန်းသိပြီ

ငါယုံစားခဲ့လေသည် ကတိတွေလွယ်လွယ် ပျက်ခဲ့ပြိီ

ရူးမိုက်စွာ ဒီနှလုံးသားနဲ့ ချစ်မိ

နောက်ဆုံး တော့ အသဲကွဲဟာကွဲခဲ့ရပါပြီ

တစ်နေ့နေ့ တို့တွေလက်ထပ်ကြမယ်ဆို

ပြန်တွေးတိုင်း ယနေ့တိုင်မှတ်မိဆဲပါတို့

မင်းရဲ့စကားတွေ အိမ်မက်ထဲမှာ

ညှင်သာစွာလဲပြို

မင်းလက်ထပ်မယ့်သူ မဖြစ်ခဲ့ရပါတို့

ငါချစ်ဖူးခဲ့ပါပြီ အချစ်ကနာကျင်စေမှန်းသိပြီ

ငါ ယုံစားခဲ့လေသည်

ကတိတွေ လွယ်လွယ်ပျက်ရင်

ရူးမိုက်စွာ ဒီနှလုံးသားနဲ့ ချစ်မိ

နောက်ဆုံးတော့ ငါ့အသဲ ကွဲခဲ့ပါပြိီ

သို့..အတိတ်က(joe lay)

..............။........................................

Love you all💚💚💚

..................................................................

Zawgyi

"ငါတို႔ဘယ္လိုလုပ္ၾကမလဲ"

"..."

"အင္းပါ ။ အိမ္ျပန္ေရာက္မွဒီကိစၥေသခ်ာ တိုင္ပင္ရေအာင္။
ငါတကယ္ ႐ူးခ်င္ေနၿပီသိလား"

ပါးျပင္ကို ျဖန္းခနဲ ႐ိုက္ခ်ခံလိုက္ရသလိုခံစားခ်က္။ ေအာင့္
သက္သက္ႏွင့္ စပ္ဖ်င္းဖ်င္းနာက်င္မူ။ ေခါင္ေလးသည္
ထပ္မံ၍ရပ္ေနရန္ အားအင္မရိွေတာ့သလို စကားသံေတြနဲ႔
ေဝးရာကို ေက်ာခိုင္းလ်က္  ေျခလွမ္းက်ဲမ်ားျဖင့္ ထြက္ခြာ
လိုက္ပါ၏။

"ေႏြး နဲ႔ ေတြ႔လား"

အထဲေရာက္သည္ ႏွင့္ ႏိႈင္းကေမးလ်ွင္ ေခါင္ေလးက Barခံု
ေပၚက ေတြ႔ကရာ  အရက္ပုလင္ကိုဆြဲလို႔ ေမာ့ေသာက္ခ်
ပစ္လိုက္၏။

"ေဟ့..ဘာလုပ္တာလဲ။ မေသာက္နဲ႔"

ႏိႈင္းက အတြင္းဘက္ကေန ပတ္ကာ ေျပးထြက္လာၿပီး
ေခါင္ေလးလက္ထဲမွ အရက္ပုလင္းကို ဆြဲလုပါသည္။

"မေသာက္နဲ႔.. စာေမးပြဲ ရိွတယ္ေလကြာ။ဆင္ျခင္မွေပါ့"

သို႔ေသာ္လည္း အားသန္လွေသာ ေခါင္ေလးဟာ အရက္
ျပင္းျပင္းကို ရင္ထဲပူဆင္းသြားသည္အထိေမာ့ခ်ၿပီးမွ ပုလင္ကို
ႏိႈင္း လက္ထဲထိုးထည့္လိုက္၏။ထို႔ေနာက္ အေပၚထပ္သို႔
ဘာစကားမွမေျပာပဲတတ္သြားပါေတာ့သည္။

ႏိႈင္းသည္ အရက္ပုလင္းႀကီး ကိုင္ၿပီး ဘာလုပ္ရမည္မသိ
ျဖစ္ေနစဥ္ ေႏြး ေရာက္လာလ်က္...

"ကိုႏိႈင္း ေခါင္ေလး ျပန္လာၿပီလား?"

ဒါဘယ္လို အေျခအေနလည္း။

"အေပၚတတ္သြားတယ္"

ႏိႈင္း က အေပၚထပ္သို႔ လက္ညိဳးေလးထိုးၿပီး ေျပာလ်ွင္
ေႏြးကေတာ့ ဘာမွမသိသလိုပင္ ျပံဳးျပကာ အေပၚတတ္သြား
ပါ၏။ ေမာင္က ေႏြးနဲ႔ သြားေတြ႔မယ္ဆိုၿပီး ထြက္သြားတာမဟုတ္ဘူးလား။ ေႏြးနဲ႔လည္း ေတြ႔ခဲ့ပံုမရဘူး။ ဒါဆို ခ်က္ခ်င္းႀကီး ဘာျဖစ္သြားတာလဲ။ တစ္ေယာက္တည္း အေတြးတို႔ျဖင့္
႐ႈပ္ယွက္ခက္လ်က္ ေခါင္းသာကုပ္မိေတာ့သည္။ ေမာင္နဲ႔
ေႏြး က ရည္းစားေတြလား ကြၽန္ေတာ္နဲ႔ေမာင္က ရည္းစား
ေတြလားမသဲကြဲေတာ့။ ေျသာ္ ဟုတ္သား ေမာင္က ကြၽန္ေတာ့္ကို ခ်စ္တယ္လို႔ တစ္ခြန္းေလးေတာင္မေျပာဖူးတာ ရည္းစားေတြဘယ္ဟုတ္ပ့ါမလဲေနာ္။သိမ္ငယ္မိသြားေသာ ခံစားခ်က္
ေလးကို ရင္တြင္း၌ တိတ္တဆိတ္ သိုဝွက္ထားလိုက္ပါသည္။
ေမာင္က မိန္းကေတြမွ စိတ္မဝင္စားတာ တစ္ေန႔ေန႔ေတာ့
သူ႔ကို ခ်စ္လာမွာပါ။

.....

"ေခါင္ေလး ေခါင္ေလး နင္ အထဲမွာလား"

ေႏြးက တံခါးေခါက္ၿပီးေခၚလ်ွင္ ေခါင္ေလးက တံခါးကို
ခပ္ၾကမ္းၾကမ္း ဖြင့္လို႔ တင္းမားေနေသာ မ်က္ႏွာထားျဖင့္..

"ဘာလဲ!! "

ပံုမွန္မဟုတ္ေသာ ေလသံႏွင့္ နီရဲေနေသာ မ်က္လံုးတို႔
ေၾကာင့္ ေႏြး အနဲငယ္တြန္႔သြားရပါသည္။

"နင္ စာေမးပြဲ ေျဖႏိုင္လားလို႔ လာေမးတာ"

"ေျဖႏိုင္တယ္...ဒါပဲလား?"

"အင္"

"သြားေတာ့"

ဂ်ိန္း!!

တံခါးကို ေဆာင့္ပိတ္လ်က္ ေခါင္ေလးအထဲျပန္ဝင္သြားလ်ွင္
ေႏြး ကိုယ္ေလးပင္ တုန္တတ္သြားမိ၏။ စိတ္တိုေနသည့္
ေခါင္ေလးပံုစံက အမွန္တကယ္ပင္ ေၾကာက္မက္ဖြယ္
ေကာင္းပါ၏။ အက်ႌ ေတြလဲ ဖ႐ိုဖရဲ ျဖစ္ေနပံုေထာက္ရင္
ရန္ျဖစ္လာတာလား။ ေႏြး မစဥ္းစားတတ္စြာ ေအာက္သိုု႔
ျပန္ဆင္းလာလိုက္ပါ၏။

"ကိုႏိႈင္းနဲ႔ ေခါင္ေလး ရန္ျဖစ္ထားတာလဲဟင္"

"ဟင္!! မျဖစ္ပါဘူး။ ကိုယ္က ေႏြးနဲ႔ ရန္ျဖစ္လာတယ္လို႔
ထင္ေနတာ"

ေႏြး အေမးကို ႏိႈင္းက ေတြးဆ ဆေလးပင္ ျပန္ေျဖ႐ွာပါ၏။

"ဟင္!ေႏြးနဲ႔လည္း မျဖစ္ဘူးရယ္။ ဘာျဖစ္ေနတာလဲ
မသိဘူး​ ။ေႏြးကိုေတာင္ ေအာ္လြတ္တာသိလား"

ညီမေလးက အစ္ကိုအား ျပန္တိုင္ေနသလို ေႏြးပံုစံက
ပကတိ ျဖဴစင္ေနေသးသည္။

"အ႐ူးေကာင္။ စိတ္ကိုမမွန္ဘူး ။ စာသြားက်က္ေတာ့မယ္"

ေျပာၿပီး ေဆာင့္ေဆာင့္ေအာင့္ေအာင့္ေလး ထြက္သြားျပန္
ေသာ ေႏြးေၾကာင့္ ႏိႈင္း သက္ျပင္း အ႐ွည္ႀကီးသာ
ခ်မိပါ၏။ တစ္ခုခုျဖစ္လာတိုင္း ေမာင္ဟာ ဘယ္သူကိုမွ
မေျပာပဲ တစ္ေယာက္ တည္း မ်ိဳသိပ္ထားတတ္တာ
အက်င့္တစ္ခုလိုျဖစ္ေနမွန္း ႏိႈင္း သိလာခဲ့ပါသည္။
ယမကာ ပုလင္းေတြကို ေသခ်ာစီတန္းၿပီးေနာက္မွာေတာ့
ႏိႈင္းသည္Kitchen room ထဲသို႔ သြားကာ
သံပုရာရည္ေဖ်ာ္လိုက္ပါသည္။ အရက္ေတြကို ပလိန္းႀကီး
မ်ိဳခ်လိုက္တာေၾကာင့္ ေမာင့္ ေခါင္းေတြ အံုခဲေနမည္
ထင္၏။

"ႏိႈင္း ဘာေတြ လုပ္ေနတာလဲ "

"သံပုရာရည္ ေဖ်ာ္ေနတာ"

ႏိႈင္းက ကိုဘိုဘိုေမးသည္ကို ေျဖၿပီး ဇြန္းေလးျဖင့္
အရသာျမည္းၾကည့္ၿပီးေနာက္...အေပၚသ္ို႔တတ္ခဲ့ပါ၏။
ေမာင္ ဘယ္သူ ေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ရသည္
ျဖစ္ေစ သူက သက္သာေအာင္ အတတ္ႏိုင္ဆံုး ထိန္းေပး
ရမည့္သူမို႔..

ေဒါက္..ေဒါက္....ေဒါက္

"ေမာင္ အထဲမွာရိွလား။ ငါ ဝင္လာမယ္ေနာ္"

အထဲမွ ျပန္ေျဖသံမၾကားရတာေၾကာင့္ ႏိႈင္း တံခါးေလးကို
သာ အသာအယာဆြဲဖြင့္ၿပီး ဝင္လိုက္ပါၿပီ။

"ေမာင္! ?"

ေခါင္ေလးသည္ ကုတင္ကို ေက်ာမွီလ်က္ လက္ၾကားမွာ
ေဆးလိပ္ညႇပ္လို႔ ခံစားခ်က္မဲ့ကာ အဓိပၸာယ္ မဲ့ေနသူ
တစ္ဦးလို ထိုင္ေနပါ၏။ အစိုးရိမ္လြန္သြားေသာ ႏိႈင္းမွာ
သံပုရာရည္ခြက္ကို ၾကမ္းျပင္ေပၚခ်လိုက္ၿပီး ေခါင္ေလးနာ
ခပ္ျမန္ျမန္ေရာက္ရိွလို႔သြားရပါေတာ့သည္။

"ေမာင္.. ဘာျဖစ္လာတာလဲဟင္။ ငါ့ကို ေျပာျပလို႔ရရင္
ေျပာျပပါလား"

နီရဲေနတဲ့ ေခါင္ေလးရဲ႕မ်က္ဝန္းေတြက္ုိၾကည့္ရင္း ႏိႈင္းရင္
ေတြ ပူေလာင္လာမိပါ၏။ ခ်စ္မိၿပီဆိုကတည္းက
ဒီေကာင္ေလးရဲ႕ အဆိုးအေကာင္းမွန္သမ်ွကို သူ
မ်ွေဝခံစားခ်င္ပါေသာ္လည္း မ်ိဳသိပ္လြန္းေသာ ေခါင္ေလး
မွာ ႏိႈင္းမ်က္ဝန္းတို႔ကို အသက္မပါသလိုစိုက္ၾကည့္ေနရင္း
ေခါင္းငံု႔သြားကာ ၿငိမ္သက္ေနပါေတာ့သည္။

"ေမာင္.. မင္း မေျပာျပခ်င္ဘူး ဆိုေပမယ့္။ေတာင္းဆို
ပါတယ္ကြာ။ ေနာ္..ငါ့ ကို ယံုၾကည္လို႔ရပါတယ္"

ႏိႈင္းေတာင္းဆိုမိပါေသာ္လည္း ေခါင္ေလးကေတာ့
ၿငိမ္သက္ေနဆဲပင္..

"ဟုတ္ပါၿပီကြာ ေမာင္မေျပာခ်င္ရင္လည္း မေျပာနဲ႔ေတာ့။
ေမာင္ ခံစားေနရတာနဲနဲသက္သာသြားေအာင္လို႔
သံပုရာရည္ ယူလာတယ္ အဲ့တာေလးေတာ့ ေသာက္လိုက္
ေနာ္"

ႏိႈင္ေပးေသာ ခြက္ကို ေခါင္ေလးက ေလးပင္စြာယူလ်က္
တစ္ငံု ႏွစ္ငံုမ်ွ ေသာက္ၿပီးလ်ွင္ ေဘးသို႔ျပန္ခ်ထားလိုက္ၿပီး
ႏိႈင္းကို အသနားခံေနေသာမ်က္ဝန္းမ်ားျဖင့္ၾကည့္လာ၏။

"ကိုသုတ"

"အင္ ေျပာေလ"

"ကြၽန္ေတာ္..ကြၽန္ေတာ္"

စကားလံုးတို႔ ထစ္အျခင္းမ်ားနဲ႔အတူ ေခါင္ေလးမ်က္ဝန္းမွ
မ်က္ရည္စ ဟာ ေပါက္ခနဲလႊင့္စင္၏။ ေခါင္ေလးရဲ႕
မ်က္ရည္ကိုျမင္ရလ်ွင္ ႏိႈင္း ႏွလံုးသားေတြ ေအာင့္တတ္
လာသလိုနာက်င္ရသျဖင့္ မ်က္ရည္ေတြ ဝိုင္းလာမိပါသည္။
ဘာေတြမ်ား အဲ့ေလာက္ေတာင္ ခံစားေနရတာလဲကြာ။
မင္း ကို ဘယ္အရာကမ်ား မ်က္ရည္က်ေစရတာလဲ။

"အင္.. ငါ့ကို ယံုေနာ္"

စကားလံုးတို႔ ပြင္အံထြက္လာေစရန္ ေျပာမိေသာ္လည္း
ေခါင္ေလးသည္ ႏိႈင္း ေ႐ွ႕မွ ခပ္ေျဖးေျဖး ထရပ္လိုက္ၿပီး..

"ကြၽန္ေတာ္ ေရသြားခ်ိဳးလိုက္ဦးမယ္။ ၿပီးရင္ေလ ခင္ဗ်ား
ဒီေန႔ည အလုပ္ပါးတယ္မလား ကြၽန္ေတာ္စာက်က္တာ
ထိုင္ၾကည့္ေပးပါလား"

ခင္ဗ်ား မၾကည့္ေပးရင္ က်ဳပ္ကိုယ့္ကိုယ္ကိုယ္ တစ္ခုခု
လုပ္မိေတာ့မယ္။ အနဲဆံုးေတာ့ ခင္ဗ်ား ရိွေနေသးတဲ့
အတြက္ မဆင္မျခင္ ေလ်ွာက္မလုပ္မိေတာ့ဘူးလို႔
ထင္ပါတယ္ေလ။

"အင္ ။ ၾကည့္ေပးမယ္ေလ ။ အခုအရမ္းေအးတယ္
ေမာင္ ေရခ်ိဳးလို႔ျဖစ္ပါ့မလာ"

"ရပါတယ္။ မခ်ိဳးရင္ တစ္ကိုယ္လံုး ညႇိစိစိနဲ႔ အဆင္မေျပဘူး"

ေကာင္းေကာင္းမြန္မြန္ စကားျပန္ေျပာလာသျဖင့္ ႏိႈင္းအနဲငယ္
စိတ္သက္သာရာ ရသြားေသာ္လည္း ရင္ေတြကေတာ့
ပူေနဆဲပင္။

ေခါင္ေလးသည္ ေရခဲတမ်ွ ေအးလြန္းလွေသာ ေရေတြကို
ကိုယ္ေပၚ ေလာင္ခ်လ်က္ အပူမီးတို႔ကို ၿငိမ္းေစလိုက္၏။
ေတာင္းပန္ပါတယ္ ကေလးရယ္ ငါ့ေၾကာင့္ မင္းအေဖ
ေသသြားရတာပါ။ မင္းအေမကလည္း မင္းကို လူေလာကထဲ
ဝင္ေရာက္ဖို႔ ခြင့္မျပဳဘူးဆိုရင္ ။

လိမ့္ဆင္းသြားျပန္ေသာ မ်က္ရည္။ သူ႔စိတ္ေတြဟာ
ဘယ္ေလာက္ပင္ ၾကမ္းတမ္းေနပါေစ လူသတ္ဖို႔ေလာက္ထိ
ေတာ့ မိုက္႐ူးရဲ ဆန္မေနခဲ့ပါဘူးေလ။

" ေမာင္ ေတာ္ေတာ့ေလ "

ႏိႈင္း သတိေပးမွပင္ သူေရေတြအဆက္မျပတ္ ေလာင္းခ်ိဳး
ေနမိတာကို သတိရသြားၿပီး ရပ္လိုက္ရပါ၏။

"ေမာင္ ေအးေနမွာစိုးလို႔ ေကာ္ဖီပူပူေလး ေသာက္လိုက္
ေနာ္"

ေရခ်ိဳး အဝတ္အစား လဲဲ ၿပီးခ်ိန္ ေကာ္ဖီခြက္ေလး ကိုင္ၿပီး
ေရာက္လာျပန္တဲ့ သူ။ ဘာလို႔ ကြၽန္ေတာ့္အေပၚ အဲ့ေလာက္
ထိ ေကာင္းေနရတာလဲ။

စာလုပ္ေနတဲ့ စားပြဲခံုေလးေပၚေကာ္ဖီခြက္ေလးခ်ေပးရင္
ဘာစကားမွ မဆိုပဲ စာရြက္အျဖဴေလးနဲ႔ ခဲတံတစ္ေခ်ာင္း
ကိုင္ကာ လႈပ္႐ွားေနတဲ့ သူ႔ လက္ေခ်ာင္းျဖဴျဖဴေလးေတြ။

ေခါင္ေလး ၿငိမ္သက္ စြာ ေငးၾကည့္ေနမိပါ၏။ ကြၽန္ေတာ္
ဘာဆက္လုပ္ရမွာလဲဟင္ ။ ေမးခ်င္ေပမယ့္ ဒီေမးခြန္းကို
ေမးဖို႔ ကြၽန္ေတာ့္မွာ အားအင္မရိွဘူး။

ႏိႈင္းသည္ စိတ္ကူးေလးနဲ႔အတူ စာရြက္ေပၚ အိမ္ပံုေလး
ေရးဆြဲေနမိရင္း အခ်ိန္ေတြ ကုန္မွန္းမသိ ကုန္ဆံုးလာ
ခဲ့ပါ၏။

"ဘာပံုေတြဆြဲေနတာလဲ"

ေခါင္ေလးက လွမ္းေမးလ်ွင္ ႏိႈင္းက ႏႈတ္ခမ္းေလးကိုက္ကာ
႐ွက္ဖြယ္ျပဳ၏။ ခ်စ္စရာ ေကာင္းလိုက္တာ။

"အိမ္ပံု ဆြဲေနတာ ။ ၾကည့္မလား"

"အင္ "

ေခါင္ေလး ေခါင္းၿငိမ့္သည္ႏွင့္ ႏိႈင္းက စာရြက္ေလးကိုင္ကာ
ေခါင္ေလးေ႐ွ႕ ခ်ျပၿပီး..

"ငါ ျခံဝန္းဝယ္ထားတယ္ ။ အဲ့တာအိမ္ေဆာင္မလို႔
အိမ္ပံုစံအၾကမ္းဆြဲၾကည့္ေနတာ ဘယ္လိုလဲ လွလား"

အိမ္ပံုစံေလးမွာ ႐ိုး႐ိုး႐ွင္း႐ွင္း ပင္ တစ္ထပ္တိုက္ေလး
ျဖစ္ကာ ဘာမွ ထူးျခားဆန္းျပားမူေတာ့ရိွမေနေပ။

"အင္ ဒီတိုင္းပံုမွန္ပါပဲ"

ေခါင္ေလးထိုသို႔ေျပာလ်ွင္ ႏိႈင္းက ျပံဳးပါ၏။

"ငါ အိမ္ေလးတစ္လံုးရိွခ်င္ခဲ့တာ။ အရင္ကေတာ့အိမ္ရိွလည္း
ငါတစ္ေယာက္တည္းေနရမွာပဲ ဆိုၿပီး သိပ္အားမထည့္ခဲ့ဘူး။
အခုေတာ့ ေမာင္ရိွေနၿပီေလ။ ေမာင္နဲ႔အတူတူ
ေအးေအးခ်မ္းခ်မ္းေလး ေနခ်င္တယ္။ လူလည္းမမ်ားဘူး
ဆိုေတာ့ တစ္ထပ္တိုက္ေလးပဲေဆာက္မယ္။ ပန္းေတြ
အမ်ားႀကီးလည္း မႀကိဳက္တာေၾကာင့္ ေမေမႀကိဳက္တဲ့
စပယ္ရံုေလးနဲနဲစိုက္မယ္။ ၿပီးရင္ အိမ္ေ႐ွ႕မွာ ျမက္ခင္း
စိမ္းစိမ္ေလးေတြစိုက္ထားမယ္။ အားတဲ့အခါ ေခြးေလးေတြ
ေမြးၿပီး အတူတူေဆာ့ၾကမယ္"

သူတို႔ရဲ႕အနားဂတ္ စိတ္ကူးေတြအေၾကာင္း ေျပာျပေနတဲ့
ႏိႈင္းပံုစံကျဖဴစင္ေနလ်က္ ခ်စ္ဖြယ္ သိပ္ေကာင္းလြန္းေန၏။
ေခါင္ေလး သည္ မေမာႏိုင္ မပမ္းႏိုင္စကားေတြ ေျပာေန
သည့္ ႏိႈင္းအားမစြန္႔လႊတ္ႏိုင္စြာ ေငးလ်က္ မ်က္ဝန္းတို႔ကို
ပင္းသက္ကို ရိွဳက္ လိုက္ပါ၏။ ထို႔ေနာက္ လက္သီးတို႔ကို
ဆုပ္လ်က္ ခိုင္မာ ေသာ ဆံုးျဖတ္ခ်က္ကို ခ်လိုက္ပါ၏။
ကြၽန္ေတာ့္အတြက္ ဒီေလာက္ ဆ္ုိ လံုေလာက္ေနပါၿပီ

"ကိုသုတ "

"အင္ "

အိမ္ပံုေလးၾကည့္ရင္း ပီတိျဖစ္ေနတဲ့မ်က္ႏွာေလးေၾကာင့္
ေခါင္ေလး စကားလံုးတို႔ ထြက္ရန္ခက္ခဲေနေသာ္လည္း
လုပ္သင့္လုပ္ထိုက္ေသာ အရာက္ုိ တာဝန္သိစြာ
ေဆာင္ရြက္လိုေသာ သူ႔ဆႏၵေတြကို အလိုလိုက္၍..

"ကြၽန္ေတာ္တို႔ လမ္းခြဲရေအာင္ ကိုသုတ"

"ဘာ ဘာျဖစ္လို႔လဲေမာင္။ ငါတို႔က ဘာလို႔လမ္းခြဲရမွာလဲ"

နားမလည္ျခင္းမ်ားစြာျဖင့္ႏိႈင္း အသံတို႔က အဖ်ားခတ္
တုန္ယင္ေနပါ၏။

"ကြၽန္ေတာ္ ခင္ဗ်ားနဲ႔ ဆက္တြဲခ်င္စိတ္ မရိွေတာ့ဘူး။
အဲ့ဒါေၾကာင့္ လမ္းခြဲရေအာင္ "

ဘာမွမျဖစ္သလို ေအးစက္စက္စကားအား ဆိုႏိုင္လြန္းသည့္
ေခါင္ေလးကို သူ အံျသစြာၾကည့္မိသည္။

"မင္း ငါ့ကို ျပန္မခ်စ္ရင္ေနပါေစ အနားမွာ ရိွေပးရင္
ေက်နပ္တယ္လို႔ ေျပာခဲ့တာပဲေလ။ ေမာင္ စိတ္႐ႈပ္ေနလို႔
ေျပာမိတယ္လို႔ပဲ သေဘာထားလိုက္မယ္ေနာ္။ ငါတို႔
ဒီတိုင္းေလးပဲဆက္ေနရေအာင္ပါ"

"မဟုတ္ဘူး ကိုသုတ ကြၽန္ေတာ္တို႔ လမ္ခြဲရေအာင္။
အတည္ေျပာေနတာ"

"ဘာလို႔လဲ ငါတို႔ ခ်စ္သူေတြေတာင္ မျဖစ္ေသးဘူးေလ
ဘာလို႔လမ္းခြဲရမွာလဲ"

ႏိႈင္းေမးသည္ကို ေခါင္ေလးက မေျဖပဲ ႏႈတ္ခမ္းတို႔ကို
တင္းတင္းေစ့ထားပါ၏။

"ငါ ဘာေတြမ်ား အမွားလုပ္မိလို႔လဲဟင္။ ငါေတာင္းပန္ပါတယ္ ။ ငါ့ကို မထားခဲ့ပါနဲ႔ေနာ္။ ငါ အတူေနဖို႔အၾကာင္းေတြ
ေျပာမိလို႔လား။ မင္းမႀကိဳက္ရင္ မေျပာေတာ့ဘူးေနာ္။
ဒီတိုင္းေလးပဲ.. ဒီတိုင္းေလးပဲ ဆက္ေနေပးလို႔ မရဘူးလား
ဟင္?"

ရင္တြင္းမွ တသိမ့္သိမ့္ နာက်င္ရျခင္းႏွင့္အတူ မ်က္ရည္
ေတြပါ က်လာမိသည္အထိ ႏိႈင္း ေတာင္းပန္ေနမိပါ၏။

"ကြၽန္ေတာ္ လူေကာင္းတစ္ေယာက္မဟုတ္ဘူး"

"မင္း လူေကာင္း မဟုတ္လည္း ငါမင္းကို ခ်စ္တယ္ေလ။
အဲ့ဒါေၾကာင္!!"

"ခင္ဗ်ားဘာလို႔ ေျပာရခက္ေနတာလဲ ။ ခင္ဗ်ား ဘာလို႔
လိုက္တြယ္ကပ္ေနတာလဲ။ အ႐ွက္မရိွဘူးလား"

ႏိႈင္း ေခါင္ေလးကို မ်က္လံုးအဝိုင္းသားျဖင့္ ရပ္ၾကည့္
မိသြားသည္။ ေျပာရက္လိုက္တာ ။

"က်ဳပ္ရြာ ျပန္ေရာက္တာနဲ႔ ေႏြးကို လက္ထပ္မွာ။ခင္ဗ်ား
ကို ခ်စ္လည္းမခ်စ္ဘူး ။ ခင္ဗ်ား က စိတ္ဝင္စားဖို႔ ေကာင္း
မယ္ထင္လို႔ ကစားၾကည့္ရံု သက္သက္ပဲ"

စကားလံုးတို႔ လည္ေခ်ာင္းဝမွာပင္တစ္ဆို႔ေနလ်က္
ႏႈတ္ခမ္းတို႔ပင္ တုန္ယင္ကာလက္ဖ်ားမ်ားပင္ ေအးစက္
လာခဲ့ပါ၏။ မျဖစ္ႏိုင္တာ မင္းတို႔က သူငယ္ခ်င္းေတြေလ။
ငါ့ကိုလိမ္ေနတာမလား။ ေက်းဇူးျပဳၿပီး လိမ္ေနတာလို႔
ညာေျပာေပးပါလားကြာ ေတာင္းဆိုပါတယ္။

"မထင္ခဲ့ဘူး ခင္ဗ်ားက သိပ္လြယ္တာပဲ ။ အဟက္!"

ေလွာင္ရယ္သံက နားစည္ကို႐ိုက္ခံပါ၏။ လြယ္တယ္ ငါက
ငါက... လြယ္တယ္ ။

"ေမာင္ မင္းနဲ႔ ေႏြးနဲ႔ လက္ထပ္မယ္ဆိုရင္လည္း လက္ထပ္
ပါေနာ္။ ဒါေပမယ့္ အိမ္မျပန္ခင္ေလး ငါ့အနားပဲ ေနေပးလို႔
မရဘူးလားဟင္"

ေနာက္ဆံုးအခ်ိန္ထိ မရိွေတာ့သည့္ မာနကို ခဝါခ်ကာ
ခယေတာင္းပန္မိသည္။ စကားလံုးၾကမ္းၾကမ္းေတြ
ေျပာေနေပမယ့္ ငါ မင္းကို ခ်စ္ေနဆဲပါ ေမာင္ရယ္။
မင္းနဲ႔ပတ္သတ္သမ်ွ အရာအားလုံးကို ခ်စ္ျမတ္ႏိုးဖို႔
စိတ္ကူးမိတဲ့ေန႔ကစၿပီး မင္းဘာလုပ္လုပ္ ငါ ၾကည္ျဖဴ
ေနမွာပါ။ ဒါေပမယ့္ ထားမသြားပါနဲ႔ ေနာ္။

"႐ူးေနလား။ ခင္ဗ်ား ေတာ္ေတာ္ ႐ူးတာပဲ"

ေခါင္ေလးသည္ ႏိႈင္းကို ခနဲ႔စြာ ရယ္ၿပီးေနာက္ အျပင္သို႔
ထြက္ရန္ ျပင္စဥ္ ႏိႈင္းက သူ႔လက္ကို ဆြဲထားကာ...

"ဒီေန႔ တစ္ရက္ ေလာက္ပဲ...ဒီေန႔ တစ္ညေလာက္ပဲ
ေနေပးလို႔မရဘူးလား"

လက္သီေတြကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လ်က္
ႏိႈင္းမ်က္ႏွာေလးကို လွည့္မၾကည့္မိေအာင္ ထိန္းထားရတာ
ေခါင္ေလးအတြက္ မလြယ္လွေပ။

ႏိႈင္းေတာင္းပန္ေနေသာ္လည္း ေခါင္ေလးက ႐ုန္းကာ
အျပင္သို႔ ျမန္ဆန္လွေသာ ေျခလွမ္းက်ဲမ်ားျဖင့္
ထြက္သြားပါ၏။

ႏိႈင္းသည္ မိမိရင္ဘတ္ကို မိမိတစ္ဘုန္းဘုန္းထုလို႔
ႏွလံုးသားတစ္စံုရဲ႕ တင္က်ပ္နာက်င္မူေတြ ေလ်ွာ့သြား
ေစရန္ႀကိဳးစားမိပါသည္။ တစ္ေယာက္တည္း ေနရတာကို
မုန္းပါတယ္ဆိုကာမွ ထားသြားျပန္သူ ေနာက္ထပ္တစ္ေယာက္ ။ ႏႈတ္ခမ္းတို႔ကို ေပါက္ထြက္မတတ္ကိုက္ရင္း
ေခါင္ေလးေနာက္ ေျပးလိုက္မိပါ၏။ မင္းငါ့ကို လက္ထပ္မွာ
လို႔ လမင္းေ႐ွ႕မွာ ကတိေတြ ေပးခဲ့တယ္ေလ။ ေမ့သြား
ၿပီလား။ မသြားရဘူး ေမာင္ မသြာရဘူး။

"ေႏြးေႏြး အခုခ်က္ခ်င္း ပစၥည္းေတြသိမ္း အေဆာင္ျပန္မယ္"

စာထိုင္က်က္ေနသည့္ေႏြးမွာ ၾကမ္းတမ္းလြန္းေနေသာ
ေခါင္ေလးေၾကာင့္ ေယာင္နနေလး ျဖစ္သြားရ၏။

"ဘာလို႔ ျပန္မွာလဲ မျပန္ဘူး"

"ေႏြးေႏြး ၿငိမ္းေအာင္!!"

ေခါင္ေလးက ႐ုတ္တရက္ေအာ္လိုက္လ်ွင္ ေႏြးကိုယ္ေလး
တုန္တတ္သြားပါ၏။ ေခါင္ေလးပံုစံက တကယ္ပင္
ဘီလူးဝင္စီးေနသလိုရိွပါသည္။  သူမ ေၾကာက္လန္႔တၾကား
ေတာင့္ေတာင့္ေလး ရပ္ေနမိလ်ွင္ ေခါင္ေလးက ပစၥည္း
တစ္ခ်ိဳ႕ကို အိတ္ထဲ ေကာက္ထည့္ၿပီး သူမလက္အား
ေဆာင့္ဆြဲကာ အျပင္သို႔ ထြက္လိုက္ပါ၏။

"ေမာင္!"

လူတစ္ခ်ိဳ႕က ဘာျဖစ္ေနၾကတာလဲ ဟူသကဲ့သို႔ စပ္စုစြာ
ၾကည့္ေနၾကပါေသာ္လည္း ေျခဗလာျဖင့္ မ်က္ရည္တို႔
ရႊဲစိုကာ အသနားခံေနသည့္ မ်က္ဝန္းတစ္စံုကိုေတာ့
ေခါင္ေလး ေက်ာခိုင္းလိုက္ပါ၏။ က်ဳပ္မရိွတဲ့ ခင္ဗ်ားဘဝ
က မၾကာခင္ ေအးခ်မ္းသြားမွာပါ။

ေဆာင္းေလ၏ စိမ္းသက္သက္တိုက္ခတ္မူဟာ ေျခဗလာနဲ႔
ေကာင္ေလးကို ဒဏ္ရာေတြပိုေစခဲ့သည္။ ဆိုင္ကယ္လီဗာ
ကို တျဗင္းျဗင္း နင္းလို႔ ေက်ာခိုင္းထြက္သြားျပန္တဲ့ ေက်ာျပင္
ဟာ ဒီတစ္ႀကိမ္ေတာ့ ေနာက္ဆံုး ေငးၾကည့္ခြင့္ ရခဲ့ျခင္း
တဲ့လား။ ငါတို႔ေတြ မိတ္ေဆြအျဖစ္ေတာင္ ဆက္ေတြ႔ခြင့္
မရိွေတာ့ဘူးလား။

"ႏိႈင္း"

ကိုဘိုဘိုသည္ လူအုပ္ႀကီး၏ တီတိုးေျပာသံေတြေၾကာင့္
အျပင္သို႔ ထြက္ၾကည့္လ်ွင္ ႏိႈင္း၏ ဝိညာဥ္​ လႊင့္စင္ေန
သကဲ့သို႔ေသာ သြင္ျပင္ေၾကာင့္ ႏိႈင္းအနားသို႔ ေျပးသြား
မိပါ၏။

"ကိုဘိုဘို.. ကြၽန္ေတာ္ေလ။ ကြၽန္ေတာ္.. ဒီနား အရမ္း
နာတာပဲ"

ႏွလံုးသားေနရာက္ုိ လက္သီးျဖင့္ ထုရင္း ႏိႈင္းေျပာင္လ်ွင္
ကိုဘိုဘို က ငိုေနသည္မဟုတ္ပဲ အဆက္မျပတ္စီးက်
ေနေသာ မ်က္ရည္ကို မျမင္ရက္စြာ ရင္ခြင္ထဲဆြဲသြင္းလို႔
ဖက္ထားေပး လိုက္ပါ၏။

သို႔ပါေသာ္လည္း ႏိႈင္းက ကိုဘိုဘို ရဲ႕ ရင္ခြင္မွ ႐ုန္းထြက္ကာ
အေပၚထပ္သို႔ ယိုင္နဲ႔နဲ႔ေျခလွမ္းမ်ားျဖင့္တတ္လ်က္ အတူရိွခဲ့
ဖူးေသာ အခန္းက်ဥ္းေလးထဲ တံခါးက်ပ္ထိုးကာ အ႐ူး
တစ္ေယာက္လို႔ ရိွဳက္ငိုေနလိုက္ပါသည္။

"ကြၽန္ေတာ္ ေတြ႔ဖူးခဲ့သမ်ွ လူေတြထဲမွာ ခင္ဗ်ားကို
အျမတ္ႏိုးဆံုးပဲ"

သီတင္းကြၽတ္ညက ေျပာခဲ့ဖူးတဲ့ စကားလံုးတစ္ခ်ိဳ႕။
လက္မွာပတ္ထားတဲ့ လက္ပတ္ေလးကို ကိုင္ၾကည့္ရင္း
သူဘာေၾကာင့္ ရက္စက္စြာလမ္းခြဲသြားခဲ့သည့္ ေကာင္
ေလးကို စိတ္မနာႏိုင္ရတာလည္း ေမးၾကည့္သည္။
ေနာက္ဆံုးေတာ့ သိပ္ခ်စ္လို႔ ဆိုတဲ့ အေျဖကလြဲ
ရင္ထဲမွာ ဗလာျဖစ္လို႔ေနပါသည္။

အားလံုးထက္ပိုခ်စ္ျပမယ္ဆို...

ဒီစကားေလးတစ္ခြန္း ငါၾကားခဲ့ဖူးတာမို႔

မင္းရဲ႕စကားေတြ ေလေျပထဲမွာ

ညႇင္သာစြာလဲျပ္ိဳ မင္း သိပ္ခ်စ္တဲ့သူ

မျဖစ္ခဲ့ရပါတို႔....

ဘဝအတြက္ မရိွမျဖစ္လို႔ ခ်စ္တာဆို

ဒါဆိုဘာေၾကာင့္ ငါ့တစ္ေယာက္ တည္း

ထားခဲ့တယ္ ေမးခ်င္လို႔

ေက်းဇူး အခ်စ္ေရ အိမ္မက္ထဲမွာ

အိမ္မက္ မက္ခိုင္းလို႔

ဒီဘဝေတာ့ တို႔ ဒီမ်ွနဲ႔ေဝးပါစို႔

ငါခ်စ္ဖူးခဲ့ပါၿပီ အခ်စ္က

နာက်င္ေစမွန္းသိၿပီ

ငါယံုစားခဲ့ေလသည္ ကတိေတြလြယ္လြယ္ ပ်က္ခဲ့ၿပိီ

႐ူးမိုက္စြာ ဒီႏွလံုးသားနဲ႔ ခ်စ္မိ

ေနာက္ဆံုး ေတာ့ အသဲကြဲဟာကြဲခဲ့ရပါၿပီ

တစ္ေန႔ေန႔ တို႔ေတြလက္ထပ္ၾကမယ္ဆို

ျပန္ေတြးတိုင္း ယေန႔တိုင္မွတ္မိဆဲပါတို႔

မင္းရဲ႕စကားေတြ အိမ္မက္ထဲမွာ

ညႇင္သာစြာလဲၿပိဳ

မင္းလက္ထပ္မယ့္သူ မျဖစ္ခဲ့ရပါတို႔

ငါခ်စ္ဖူးခဲ့ပါၿပီ အခ်စ္ကနာက်င္ေစမွန္းသိၿပီ

ငါ ယံုစားခဲ့ေလသည္

ကတိေတြ လြယ္လြယ္ပ်က္ရင္

႐ူးမိုက္စြာ ဒီႏွလံုးသားနဲ႔ ခ်စ္မိ

ေနာက္ဆံုးေတာ့ ငါ့အသဲ ကြဲခဲ့ပါၿပီ

ို႔ သို႕....အတိတ္က(Joe Lay)

..............။........................................

Love you all💚💚💚

Continue Reading

You'll Also Like

402K 30.9K 44
မုသားဟု ဆိုရာ၌..........
1.9M 131K 69
Under Editing !!! မှားယွင်းခဲ့တဲ့ ညတစ်ညအတွက် "တာဝန်ယူပါရစေ" ဆိုတဲ့စကားကို ကျန်ရှိနေတဲ့ ဘဝခရီးအတွက်လက်တွဲဖော် တစ်ယောက်အနေနဲ့ ဖြစ်ပေးပါ့မယ်လို့ ကျွန...
6.2K 470 10
တမ္​းခ်င္​းမ်ားသို႔ .... ဦးတည္​ျခင္​း ယံုၾကည္​မႈနဲ႔တည္​​ေဆာက္​ထားတဲ့အခ်စ္​တစ္​ခုမွာ မ်က္​၀န္​းျပာမ​ေလး​ေတြကိုရင္​မခုန္​ပါနဲ႔ဆိုတဲ့ သ၀န္တိုစာ​ေလး​ေတာ...
4.5K 367 40
အစ်ကို့ရဲ့မေတ္တာက ညီလေးတစ်ယောက်ထက်မပိုပါဘူးလို့ ဘုရားမှာသာကျိန်ပြရမယ်ဆို အစ်ကိုတော့ ကျမ်းဆူးပြီးတမလွန်မှာ မင်းကိုလွမ်းနေတော့မှာပဲ 🍀သက်ဝေအောင် ကျွန်တ...