Black Memory(U+Z)(Completed )

By naykyihtun

1.2M 76.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-23

14.3K 992 21
By naykyihtun

Unicode

"မသွားရင် အဖွားလိုက်လာမှာတဲ့"

နှိုင်း သက်ပြင်းလေးချကာ စိတ်မကောင်းစွာ ဖြင့် ခေါင်လေးကိုကြည့်မိစဉ် သူ့မျက်နှာလေးကပါ ဆူပုတ်လို့နေသည်ကို  သတိထားမိလိုက်ပါသည်။ မောင်က စာမေးပွဲဖြေပြီးရင် ပြန်ရတော့မှာဆိုတော့ သူတို့တွေ့ရဖို့်ရက်က လက်ချိုးရေတွက်လို့ပင်ရနေ၏။
ဒီလောက်ရက်တိုတိုလေးကို မန္တလေး မှာအချိန်မကုန်ဆုံးချင်ပါ။

"နောက်တစ်ပတ်လောက်မှ လာခဲ့မယ်လို့ ပြောလိုက်ကွာ"

"အဲ့ဒါ ကိုနှိုင်းဘာသာ ပြောလေ။ ကျွန်တော် မပြောရဲဘူး။ တော်ကြာ ကျွန်တော်ပါ ဘာမှန်းမသိဆွဲထည့်ခံနေရမယ်"

လမင်းက ပုခုံးလေးတွန့်ပြီးပြောတော့ ခေါင်လေးကနှိုင်းကို ပေစောင်းစောင်း ကြည့်လာ၏။

"ဒါဖြင့် ခင်ဗျားသွားရင် ကျွန်တော်စားဖို့ ဘယ်သူလုပ်ပေးမှာလဲ"

"မင်းဟာမင်း လုပ်စားလေ။ အရင်ကတော့ တွေ့ကရာ စားနေပြီးတော့ အခုမှ ဘဝမေ့သလိုလုပ်နေတယ်"

လမင်း က ထို့သိုဝင်ပြောလျှင်..

"လမင်း မင်း ခုတလော ငါ့ကို ဂျေကိုက်နေတာများပြီနော်"

"မင်းတို့နှစ်ကောင် ရန်ဖြစ်ဖို့လမ်းစ မရှာကြစမ်းနဲ့။ ကိုနှိုင်း မျက်နှာလည်းကြည့်ကြဦး"

စိုင်းမင်းကို ပြောမှ နှစ်ယောက်လုံး လက်သီးတရွယ်ရွယ်နှင့် အသံတိတ်သွားကြလေသည်။ နှိုင်းကတော့ လေးလေးလံလံ
ပင့်သက်ရှိုက်လိုက်ပြီး....

"ငါမကြာလောက်ပါဘူး တစ်ရက်ပဲသွားမှာပါ"

"ဒါဖြင့် ငဘုန်း မင်းလိုက်သွားလေ"

"ငါ သွားရင် နွေး တစ်ယောက်တည်းကျန်ခဲ့မှာပေါ့"

နှိုင်း နှင့် စိုင်းမင်းကိုသာမက ကျန်တဲ့သူတွေအကုန်လုံးရဲ့အကြည့်တွေဟာခေါင်လေးဆီသို့ရောက်လာပါ၏။တကယ်ဆို သူတို့ထင်မြင်ထားတာက စာမေးပွဲရှိတယ် လိုက်လို့
မရဘူး သို့တည်းမဟုတ် ခင်ဗျား အမျ်ိုးတွေနဲ့ မတွေ့ရဲဘူး ထို့သို ပြောလာလိမ့်မည်ဟုသာ။ယခုတော့ အထင်နဲ့အမြင် ကွာခြား လွန်းနေသဖြင့် အားလုံးမှာ ပါးစပ်အဟောင်းသား
ဖြစ်နေရပါ၏။

ခေါင်လေးကတာ့ သူပြောလိုက်တာ ဘာအမှားပါသွားလို့လဲ ဟုတွေးလိုက်ပြီး မျက်ခုံးများပင့်၍ မေးဆတ်ကာ သူတို့ကိုအူကြောင်ကြောင်လေး ပြန်ကြည့်နေလေသည်။နွေး သည်လည်း နှိုင်းကို အားနာလွန်း၍ ချက်ချင်း ဘာပြန်ပြော
ရမည် မသိ စကားလုံးတို့စီမရ ဖြစ်သွားခဲ့သည်။အရင်ကတော့ ဆိုင်သူ မရှိသေးသဖြင့် ဘယ်လိုတွေ နေခဲ့ပြောခဲ့ ပြသနာ
မဟုတ်ပေမယ့် ခုတော့ ထိုအရာက ပြသနာဖြစ်လာခဲ့ပြီ။

"ခေါင်လေး နင် ငါ့ကိစ္စတွေဝင်စွက်ဖက်စရာလဲမလိုဘူး။ ငါ့အတွက် တွေးပူပေးစရာ ဘာအကြောင်းမှမရှိဘူးနားလည်လား"

နွေး ကောက်ကာငင်ကာ ပင် ခေါင်လေးကို လေသံမာမာဖြင့် အော်ပြောမိ၏။ ခေါင်လေးသည် နားမလည်ဟန်ဖြစ်နေရာမှ
နဖူးကြောလေးတွေကြုံ့ပြီး စိတ်တိုသွားရသည်။ သူကတော့ ဘာရယ်မဟုတ် ဆက်ဟေးနဲ့ ကိစ္စလိုထပ်ဖြစ်မှာစိုးရိမ်၍
ပြောလိုက်မိခြင်းပါ။

"ဘာပြောတယ်။နွေးနွေးငြိမ်းအောင် နင်!!"

"ငါ့ကို စိတ်မချဘူးဆိုရအောင် နင် က ငါ့အဖေမို့လား!"

ခေါင်လေး သည် စေတနာကို စော်ကားခံလိုက်ရသလို နွေး ဆီက ဒီလို ပြောလာလိမ့်မည်ဟုမထင်ထားသဖြင့်
ချက်ချင်းပင် ထိုင်ရာမှ ထရပ်မိပြီး...

"အေ့ ဟုတ်တယ် ငါက နင့်ကို နောက်တစ်ခါ ထပ်ဖြစ်....တောက်စ်!!"

စိတ်တိုလွန်း၍ မထိန်းနိုင်ပဲ စကားတွေ နယ်ကျွံဖို့ ကြံစည် မိပြီးမှ ဘရိတ်အုပ်လိုက်ပြီး တောက်စ်ခပ်ပြင်းပြင်း ခေါက်
လျက် စားပွဲပေါ်တင်ထားသော မီးခြင်နဲ့ ဆေးလိပ်ကို ဆွဲယူကာ အပြင်သို့ ခြေလှမ်းကျဲများဖြင့် ထွက်သွားလေ
သည်။ ကျန်တဲ့သူတွေကတော့ ဘယ်သူ့က်ိုနှစ်သိမ့်လို့ နှစ်သိမ့်ရမည်မသိ ဖြစ်နေကြ၏။

"နွေး "

နွေး သူငယ်ချင်းက သူမလက်ကို ကိုင်ရင်း အဆင်ပြေရဲ့လား ဆိုသည့် မျက်ဝန်းများဖြင့်ကြည့်တော့ နွေးက သူငယ်ချင်းမ
လက်ကို ပြန်ကိုင်ပြီး နှိုင်းကိုကြည့်လိုက်၏။ နှိုင်းသည်လည်း ခေါင်လေးနောက်ပဲ လိုက်ရတော့မလိုလို နေရာမှာပဲ ရပ်နေရတော့မလိုလို ဖြစ်နေလေသည်။

"ငါ ခေါင်လေးကို သွားခေါ်လိုက်မယ်"

ထိုသို့ ပြောပြီးသည်နှင့် နွေးက နှိုင်းကို တောင်းပန်သလို ကြည့်ကာ Barအပြင်သို့ ထွက်လိုက်စဉ် ဆေးလိပ်ကို
စိတ်ပျက်လက်ပျက် ထိုင်သောက်နေသော ခေါင်လေးကို တွေ့လိုက်ရပါ၏။သို့နှင့် သူမသည် ခေါင်လေးဘေးသို့
သွား၍ ထိုင်လိုက်ပြီး...

"ငါတောင်းပန်ပါတယ်.. "

ခေါင်လေးက သူမကို တစ်ချက်မျှသာ ကြည့်ပြီး စီးကရက်မှာကပ်ကျန်နေသော ပြာမှုန့်တွေကို ခါချလိုက်၏။

"နင် စိုးရိမ်တာကို ငါသိပါတယ်။ ဒါပေမယ့် နင်က အရင်လိုတစ်ယောက်တည်းမဟုတ်တော့သလို ငါကလည်း နောက်တစ်ခေါက် ဒာဲ့လို အဖြစ်ခံမယ်သူမျိုး မဟုတ်ပါဘူး။
ငါ့ကိုငါ ကာကွယ်နိုင်ပါတယ် အဲ့ဒါကြောင့် ငါ့ထက် ကိုနှိုင်းကို ပိုဂရုစိုက်ပါဟာ။ ကိုနှိုင်းက နင့်ကို အရမ်းချစ်တာ ။ နင်အခုလို ပြောလိုက်တော့ သူဘယ်လောက်စိတ်မကောင်း
ဖြစ်လိုက်မလဲ"

နွေး က လေအေးအေးနဲ့ ရှင်းပြတော့မှ ခေါင်လေးမျက်နှာဟာ စိတ်ပျက်လက်ပျက် ဖြစ်နေရာမှ ပြေပျောက်သွားပြီး နှုတ်ခမ်းကို မဲ့ပြ၏။

"ငါ အဲ့တာတွေကြောင့် ရည်းစားမထားချင်တာ။ နင်နဲ့ငါနဲ့ ရိုးရိုးသားသား ခင်ကြတာကို ပြသနာတစ်ခုလို အမြဲတမ်းဖြေရှင်းနေရလို့"

နွေးက ခေါင်လေးကို မျက်စောင်းလေးထိုးကာ....

"ဒါဖြင့် ကိုနှိုင်းနဲ့ ဘာလို့တွဲသေးလဲ"

"မသိဘူး။ သူနဲ့နေရရင် စိတ်ချမ်းသာမယ်ထင်လို့ ပြီးတော့ နင့်ကိုရော ငါ့ကိုရော နားလည်ပေးနိုင်မယ်ထင်လို့..
ချစ်မယ် ထင်လို့"

နွေးသည် ခေါင်လေး အဖြေကို အားမရစွာ သက်ပြင်းမောကိုချလိုက်ပြီး...

"ခေါင်လေး နင်သိလား ငါတို့တွေ တစ်နေ့နေ့ကြရင်ကိုယ့်လမ်းကိုယ်လျှောက်ကြရမှာပဲ။ အဲ့ဒီနေ့ကြရင်ငါလည်း နင့်ကို ထားခဲ့ရမှာ နင်လည်း ငါ့ကို ထားခဲ့ရမှာ"

"ငါ သိပါတယ်။ ဒါပေမယ့် အခုချိန်ခဏလေးပါပဲ နင့်မိဘတွေ ဆီ ပြန်ရောက်သွားရင် ။ ခေါင်လေးရေ ငါ့ဆီလာပါအုံးလို့ ခေါ်ရင်တောင် ငါလာမှာမဟုတ်ဘူး။
နင့်ကို ကောင်းကောင်းမွန်မွန် ကာကွယ်ပေးနိုင်မယ့် နေရာမဟုတ်ရင် လောလောဆယ် မှာ စိတ်ချလက်ချ မလွှတ်ပေးထားနိုင်သေးဘူး"

နွေးသည် ခပ်ပါးပါးပြုံးလိုက်ပြီး ကြည်ပြာရီဝေသော ကောင်းကင်ပြာပြာကို မော့ကြည့်လျက် လေပူကို မှုတ်ထုတ်လိုက်၏။ သူမတို့ရဲ့ လေးနှစ်ကျော် သံယောဇဉ် နှောင်ကြိုးက
သိပ်ကို ခိုင်မာခဲ့တာပါလား။

"အင်းပါ ။ ငါနားလည်ပါတယ်..ဒါပေမယ့် ကိုနှိုင်း ကိုတော့အဲ့လိုကြီး မပြောသင့်ဘူးလေ။ နင် က တော်ကီ ကြွယ်တာပဲ
သူ နားလည်အောင် ပြောပြလိုက်နော်"

ခေါင်လေးက သူမ ပြောတာကို ခေါင်းညိမ့်လိုက်ပြီး အနဲငယ် ပြုံးလေ၏။

"ဒါဆို ငါကိုနှိုင်းကို နင့်ဆီလွှတ်လိုက်မယ်"

ခေါင်လေးဖြေတာကို မစောင့်တော့ပဲ သူမ Barအတွင်းသို့ ပြေးဝင်ခဲ့ပါ၏။

"ကိုနှိုင်း နွေး ခေါ်တာ ဘယ်လိုမှခေါ်လို့မရဘူး။ ခေါင်လေးကို ကူပြောပေးပါဦးနော်"

နွေးက ငိုမဲ့မဲ့မျက်နှာလေး လုပ်ပြလျက် နှိုင်းကိုယ်လေးကိုအပြင်သို့ ထွက်ရန် တွန့်ပို့၏။ နှိုင်းကတော့ နောက်လှည့် ကြည့်လိုက် အရှေ့သွားလိုက်ဖြင့်ပင် ခြေတုံချတုံ ဖြစ်လို့
နေပါသည်။

"ခေါင်လေးက ငါဟိုနေ့ကလို ထပ်ပျောက်သွားမှာ စိုးရိမ် လို့ ပြောလိုက်မိတာတဲ့ "

စားပွဲမှာဝင်ထိုင်ရင်း သူမ ထိုသို့ပြောတော့ သူငယ်ချင်းတွေ အကုန်လုံးက သြော် ဟုဆိုကာ ခေါင်းညိမ့်၏။ နွေးနဲ့ခေါင်လေးရဲ့ ရင်းနှီးမူဟာ သာမာန်ထက်ပိုသည်ကို
သိထားသူတွေပီပီ ထူထူးဆန်းဆန်း ထင်မြင်ချက်တွေတော့ ရှိမနေခဲ့ပါချေ။

နှိုင်းသည် Barအပြင်ရောက်သည်နှင့် ပလက်ဖောင်း အုပ်ခုံ တန်းပေါ်တွင် ထိုင်နေသော ခေါင်လေးနားသို့ လျှောက်သွား
ကာ ဘေးတွင် မလှုပ်မယှက် ဝင်ထိုင်လိုက်ပါသည်။

ခေါင်လေးသည် ဘာမှ မပြောပဲ အချိန်အတန်ကြာ တိတ်တိတ်လေးနှင့်ငြိမ်ငြိမ်လေး လာထိုင်နေသည့် နှိုင်းကြောင့် ဆေးလိပ်သောက်တာကို ရပ်လိုက်ပြီး နှိုင်းကို
စောင်းငဲ့ကြည့်မိ၏။ သူအရင်တွေ့ ခဲ့ဖူးတဲ့ ကောင်တွေသာ ဆိုရင် သူ့ကို နားတွေညည်းအောင် ပေါက်ပေါက်ဖောက်နေ
မည်မဟုတ်လား။ ဒီလူကတော့ တစ်ယောက်တည်း ဘာတွေ တွေးနေပါလိမ့်။

"ကိုသုတ"

"အင် "

သူတိုးတိုး ခေါ်မိလျှင် နှိုင်းက တိုးတိုးလေး ပြန်ထူး၏။

"ကျွန်တော် တောင်းပန်ပါတယ် "

ခေါင်လေးအတွက်တော့ ဒါဟာပထမဦးဆုံး အကြိမ် မျိုးတူ လူသားတစ်ဦးအား တောင်းပန်မိခြင်း ဖြစ်ပါ၏။
နှိုင်းသည် အဝေးကို တွေတွေလေး ငေးနေရာမှ ခေါင်လေးကို မော့ကြည့်လာ၏။

"..."

"ကျွန်တော်နဲ့ နွေး ရဲ့ ဆက်ဆံရေးက လွယ်လွယ်ကူကူ ပြောင်းလဲလို့ ရမှာမဟုတ်ဘူး ။ နောက်လည်း ဒီလိုတွေ ထပ်ကြုံချင်ကြုံရနိုင်တယ်။ ခင်ဗျား လက်ခံနိုင်ရဲ့လားဟင်"

နှိုင်းသည် ခေါင်လေးက်ိုကြည့်ရာမှ အဝေးကိုပြန်ငေးကြည့် ရင်း တင်းကျပ်လာသော ရင်ထဲက ခံစားမူအငွေ့အသက်တွေကို သိမ်းဆည်းနိုင်ဖို့ ကြိုးစားလိုက်၏။

"ငါ ပြောပြီးပြီလေ ။ မောင် ငါ့အနားမှာ ရှိပေးရုံတင်နဲ့ ကျေနပ်ပါပြီလို့"

ခေါင်လေးသည် နှိုင်း ရဲ့ ဆံပင်လေးတွေကို
ခပ်ဖွဖွထိကာသူ့ပုခုံးထက်မှီစေလိုက်၏။

"ဘယ်နေ့သွားမှာလဲ"

"မနက်ဖြန် မနက်သွားဖြစ်မယ်။ ကိုဘိုဘိုတို့ကို အကုန်မှာ ခဲ့မှာမို့လို့ မောင် စာဖို့သောက်ဖို့ မပူနဲ့နော်"

"ကျွန်တော်က ကျွန်တော်စားဖို့သောက်ဖို့ပဲ ပူတယ်ထင်နေတာလား"

"မဟုတ်ဘူးလား?"

နှိုင်းသည် ခေါင်လေးကို မှီနေရာမှ ခေါင်းလေးထောင်ကာကြည့်ပြီးမေး၏။ခေါင်လေးသည် နှိုင်းရဲ့ ပါးလေးနှစ်ဖက်ကို
သူ့လက်ဝါးကြီးများဖြင့် ဖိညှစ်လိုက်ပြီး...

"အရူး...အရူးလေး။ ဟိုရောက်ရင် ကျွန်တော့်ကို ဖုန်းဆက်.. သတိရတိုင်းဆက် သတိမရလဲဆက်။ကျွန်တော်ဘာလုပ်နေလဲ အချိန်တိုင်းဖုန်းဆက်မေး။ထမင်းစားပြီးပြီလား သိချင်ရင်လည်းဖုန်းဆက်။ ရေချိုးပြီးပြီလား သိချင်ရင်လည်းဖုန်းဆက်။ စာကျက်နေလား
သိချင်ရင်လည်း ဆက်လို့ရတယ်။ အိပ်ပြီလားသိချင်ရင်လည်း ဖုန်းဆက်။ ဒီလိုအခွင့်အရေးမျိုး ခင်ဗျားတစ်ယောက်
ထဲကိုပဲ ပေးတာမို့လို့ အခွင့်အရေးရတုန်း သေသေချာချာ အသုံးချ"

နှိုင်းသည်တတွတ်တွတ်ပြောနေသော ခေါင်လေးကို ကြည့်ရင်း နဖူးပေါ်ပြေကျနေသည့် ဆံစလေးကို သပ်တင်ပေးလိုက်မိ၏။ ငါတို့နှစ်ယောက်ဟာ ဘာမှ မဆိုင်ဘူး ဆိုပြီး ခပ်ဝေးဝေးမှာ  နေဖို့ နှိုင်း ကြိုးစားခဲ့ဖူးသည်။ အဲ့လို ကြိုးစားနေတဲ့ကြားကမှ အနီးဆုံးကို ရောက်လာဖို့ ကံကြမ္မာ က ဖန်တီးလာပြန်၏။ဒါနဲ့ပဲ မသင့်တော်ပါဘူးလေ ဆိုပြီး ရင်ထဲက အချစ်တွေကို ဟန်ဆောင်သိုဝှက်မိပြန်သည်။
အနီးမှာ ရှိနေသော်လည်း အဝေးကို မျှော်ငေးကြည့်နေရ သလို နေစဉ်ရက်ဆက် လွှမ်းဆွတ်တမ်းတဖူး၏။ ယခုအချိန်
တွင်တော့ ပိုင်ဆိုင်ထားရပေမယ့် ကိုယ်မပိုင်ဆိုင်ထားရသလိုခံစားနေရပြန်သည်။သို့တိုင် ဒီလိုအခြေအနေထိ ရောက်
လာပြီးမှ အချစ်ကို လက်လျှော့အရှုံးပေးလိုက်ဖို့ နှိုင်း မထမ်းဆောင်နိုင်ပေ။

"ငါ ဖုန်းအမြဲတမ်းဆက်နေလို့ မောင် စာကျက်ပျက်ရင် ဘယ်လိုလုပ်မလဲ"

"ကျွန်တော်က ဉာဏ်ကောင်းတယ်။ စာတစ်ပုဒ်ကို ခဏလေးပဲ ကျက်ရတာ။ တကယ်လို့ ခင်ဗျား ဖုန်းမဆက်ရင် အရမ်းအားနေတဲ့ကျွန်တော်က နောက် တစ်ယောက် နဲ့
သွား ဒိတ်ရင် ဒိတ်မိနေမှာ"

နှိုင်းသည် အားဖျော့စွာ ရယ်လျက် မတ်တပ်ရပ်လိုက်၏။

"ငါက နွေးနဲ့တော့ သဘောထားကြီးပေးနိုင်ပေမယ့်။တခြားသူတွေနဲ့ဆိုရင်တော့ "

နှိုင်းကဆက်မပြောပဲ ရပ်လိုက်သဖြင့် ခေါင်လေးကပါ မတ်ရပ်လိုက်ပြီး....

"တခြားသူတွေနဲ့ဆိုရင် ဘာလုပ်မှာလဲ"

"ဘာမှ မလုပ်ပါဘူး ။ ငါက မောင့်ဆန္ဒအတိုင်း မောင် ထွက်သွားပေးဆိုရင် ထွက်သွားပေးမှာပါ"

လေသံတို့က တိုးလျလွန်း၏။ခေါင်လေးသည် သက်ပြင်းလေးချမိရင်း...

"ခင်ဗျားမှာ တကယ် လောဘမရှိဘူးပဲ"

ထိုသို့မှတ်ချက်တစ်ခုကိုပေးလျက် Barအတွင်း ပြန်ဝင်ရန် လှည့်လိုက်စဉ် နှိုင်းက အနောက်မှနေ၍ သူ့ခါးအား ဖက်ကာ ကျောပြင်၌ ပါးလေး အပ်လာလေသည်။

လောဘမရှိတာမဟုတ်ဘူး ။လောဘမရှိရဲခဲ့တာ။ တင်းလွန်းရင်ပြတ်တတ်တဲ့ကြိုးတွေရဲ့ သဘောတရားလို ငါချည်လွန်းတဲ့ သံယောဇဉ် နှောင်ကြိုးကြောင့် မောင်
ရုန်းပြီး ထွက်ပြေးသွားမှာ ကြောက်တာ။

ခေါင်လေးသည် ငြိမ်ငြိမ်လေး ရပ်နေရာမှ နှိုင်းလက်လေးတွေကို ဖြေချလို့် ကိုယ်ကိုယ် လှည့်လိုက်ကာ နှိုင်းကို ထွေးပွေ့
ထားပေးမိ၏။ ကျွန်တော်မှာ အခုချိန်ထိ ဖုံးကွယ်ထားတဲ့အရာ တွေ အများကြီး ရှိနေတယ်။ ခင်ဗျား သိသွားရင်ရော
နားလည်ပေးဦးမှာလား။ ခွှင့်လွှတ်ပေးဦးမှာလား ။

ရင်တွင်းမှ နှစ်ဦးသား တိုးတိတ်စွာ ဆိုသော စကားအား တစ်စုံတစ်ယောက် မှ ကြားနာပြီး ဖြေရှင်းပေးနိုင်ရင်တော့
အကောင်းသား။

........................

မြူတဖွဲဖွဲကျနေသော နံနက်ခင်း ။ နှိုင်းဟာ ကျောပိုအိတ်လေး တစ်လုံးလွယ်လျက် လားရှိုး မန္တလေး တိုက်ရိုက်ကားကို
လာကြိုဖို့ရန် ဖုန်းဆက်ပြီး စောင့်နေပါသည်။

"ကားမူးတတ်လား"

ခေါင်လေးက အေးနေတဲ့ နှိုင်းရဲ့လက်ကို ဖွဖွလေး ဆုပ်ပေးရင်း မေးပါ၏။

"မမူးတတ်ပါဘူး "

"အင်။ လမ်းခရီးဂရုစိုက်နော်။ ဟိုရောက်ရင်ဖုန်းဆက်။ ကျွန်တော်မှာတာ မှတ်မိတယ်မလား"

"မှတ်မိပါတယ်။ ငါတစ်ချိန်လုံး ဖုန်းမချပဲခေါ်ထားလိုက်မယ် လေ"

"မရဘူး အဲ့လို ။ ချလိုက်ခေါ်လိုက်လုပ်"

"ဘာလို့လဲ။ ချလိုက်ခေါ်လိုက်လုပ်နေမယ့်အစား တစ်ချိန်လုံး ခေါ်ထားတော့ပြီးရောပေါ့။ အလုပ်မရှုပ်တော့ဘူး"

"အလုပ်ရှုပ်စေချင်လို့ကို ခေါ်ခိုင်းတာ။လျှာမရှည်နဲ့"

"အင်...သဘော သဘော"

နှိုင်းက ခပ်ထေ့ထေ့ ဆိုတော့ ခေါင်လေးကနှာခေါင်းရှုံ့ပြ လေသည်။ ထိုစဉ် နွေး က သူတို့အနားရောက်လာကာ မုန့်နဲ့ရေဗူးထည့်ထားသော အိတ်လေးကို နှိုင်းအား ပေးလေ
၏။

"ရော့ ကိုနှိုင်း လမ်းမှာ စားဖို့"

"ကျေးဇူးပဲ နွေးရေ...ဝယ်မလို့ကို သတိမရဘူးဖြစ်နေတာ"

"သိနေတယ်လေ အဟင်း!"

နွေးက ပြုံးစိစိဖြင့် ပြော၏။ ထို့နောက် သိပ်မကြာခင် မှာပဲ အဝေးပြေးကားလေး ရောက်လာသဖြင့် နွေးနဲ့ ခေါင်လေးကို နှုတ်ဆက်ကာ သူ မန္တလေး သို့ ခရီးထွက်
ခဲ့ပါသည်။ တောင်ပေါ်နဲ့ မြေပြန့် ကြမ်းတမ်းသော ဤခရီးလမ်းကို နှိုင်းအလွန်မုန်းပါသည်။ အရင်ချိန်တွေကတော့ ဖေဖေနဲ့မေမေရဲ့အလယ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့
အကြိမ်ကြိမ်ဖြတ်သန်းဖူးခဲ့၏။ နွမ်းလျစွာသော စိတ်ကို သက်ပြင်းချရတာလည်း မနဲတော့ပေ။ ဖေဖေနဲ့မေမေရော
သား ကို မလွှမ်းကြဘူးလားဟင်။

ကားကို အချိန်အတော်အကြာ စီးပြီးသည့်နောက်မှာတော့ မွန်းလွဲပိုင်း နှစ်နာရီလောက်တွင် သူ မန္တလေးမြို့ကြီးထဲသို့
ရောက်လာပါ၏။သို့နှင့် ဖွားဖွားကို ရောက်တော့မည် ဖြစ်ကြောင်း သတင်းကြိုပို့ထားလိုက်ရာ ..သူရောက်လာ သည်ကိုမြင်လျှင် ဖွားဖွားက ပြုံးရွှင်စွာ ခရီးဦးကြိုပြု
လေသည်။

"ကြည့်စမ်းပါဦး ငါ့မြေးလေးက ချောလာလိုက်တာ"

"ဖွားရောပဲ အသက် 70လို့ကိုမထင်ရဘူး နုဖတ်နေတာပဲ"

နှိုင်းက ဤသို့ပြန်မြှောက်လျှင် ဖွားဖွားက သဘောတကျ ရယ်ပါ၏။ ပုံမှန်ဆို သူ တစ်နှစ်တစ်ခေါက် မန္တလေး ရောက်
ဖြစ်သော်လည်း ဖေဖေနဲ့မေမေ ဆုံးပြီးတဲ့နောက်တော့ ဖွားဖွားဆီသို့ သူမလာဖြစ်ခဲ့ပါ။ ဖွားဖွားတို့က မျိုးနဲ့ရိုးနဲ့ချမ်းသာလာကြသူတွေဖြစ်ပြီး ရှေးလူကြီးတွေပီပီ သားသမီး
များစွာ ထွန်းကား၏။ ထို့သို့ သားသမီးများခဲ့ခြင်းက ကောင်းကျိုးပေးမည် ထင်ခဲ့သော်လည်း တစ်ဦနှင့်တစ်ဦး
မနာလိုဝန်တိုရှုံ့ချခြင်းတွေသာ ပြည့်လျှံနေခဲ့သည်မို့ ဖွားဖွားတို့ မိသားစုက ပစ္စည်း ဥစ္စာ ချမ်းသာသော်လည်း စိတ်ချမ်းသာမူမရှိခဲ့ပါချေ။

နှိုင်းသည်လည်း ဖွားဖွားသာ မရှိခဲ့လျှင် ငရဲခန်းနှင့်တူသော မန္တလေး ကို လာဖြစ်မှာ မဟုတ်ပေ။

"မြေးကနော် ဖွားကိုရက်စက်တာ အကြာကြီးလာမတွေ့ဘူး"

"သား အလုပ်တွေလုပ်နေပြီဆိုတော့မအားလို့ပါ။ အခုတောင် အလုပ်သမားတွေချည်း ထားခဲ့ရတာ စိတ်မချရဘူး။ ဖွားဖွား
ကို သတိရလို့သာ ပြေးလာရတာ"

" ဖွားဖွားဆီ လာနေရင် ဘာအလုပ်မှလုပ်စရာမလိုဘူး"

ကလေးဆိုးလေးလို စိတ်ကောက်နေတဲ့ ဖွားဖွားကြောင့် နှိုင်း အချွဲပိုကာ ဖတ်လိုက်ပြီး ပါးလေးကိုနမ်းလိုက်၏။

"သား ဒီမှာနေလို့မဖြစ်ဘူးဆိုတာ ဖွား သိရဲ့သားနဲ့"

သူပြောတော့ ဖွားဖွားက နှိုင်းလက်လေးကိုကိုင်ကာ ပြုံးလိုက်ပြီး...

"သား သိလား ။ဘယ်သူတွေဘာပြောပြော ဖွားဖွား က သားကို နားလည်တယ်။ ဖွားဖွား သားကိုချစ်တယ်။ အဲ့ဒါကြောင့် သား ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရဲရမယ်နော်
မကြောက်ရဘူး "

"..."

နှိုင်း ငြိမ်နေသဖြင့် ဖွားဖွားက သူခေါင်းလေးကို ပုတ်ပေး လာပြန်သည်။ထိုချိန် တစ်စုံတစ်ယောက်သော သူရဲ့
လက်လေးကို သွားသတ်ိရမိပြန်တဲ့ သူဟာ တကယ်ပဲ ထိုတစ်စုံတစ်ယောက် ပြောသလို အရူးလေး ဖြစ်နေခဲ့ သည်လား။

........

Love you all💚💚💚

.......................................................................

Zawgyi

"မသြားရင္ အဖြားလိုက္လာမွာတဲ့"

နိွုင္း သက္ျပင္းေလးခ်ကာ စိတ္မေကာင္းစြာ ျဖင့္ ေခါင္ေလး
ကိုျကည့္မိစဥ္ သူ႔မ်က္ႏွာေလးကပါ ဆူပုတ္လို႔
ေနသည္ကို  သတိထားမိလိုက္ပါသည္။
ေမာင္က စာေမးပြဲေျဖၿပီးရင္ ျပန္ရေတာ့မွာဆိုေတာ့
သူတို႔ေတြ႔ရဖို္႔ရက္က လက္ခ်ိဳးေရတြက္လို႔ပင္ရေန၏။
ဒီေလာက္ရက္တိုတိုေလးကို မႏၲေလး မွာအခ်ိန္မကုန္ဆံုး
ခ်င္ပါ။

"ေနာက္တစ္ပတ္ေလာက္မွ လာခဲ့မယ္လို႔ ေျပာလိုက္ကြာ"

"အဲ့ဒါ ကိုႏိႈင္းဘာသာ ေျပာေလ။ ကြၽန္ေတာ္ မေျပာရဲဘူး။
ေတာ္ၾကာ ကြၽန္ေတာ္ပါ ဘာမွန္းမသိဆြဲထည့္ခံေနရမယ္"

လမင္းက ပုခံုးေလးတြန္႔ၿပီးေျပာေတာ့ ေခါင္ေလးက
ႏိႈင္းကို ေပေစာင္းေစာင္း ၾကည့္လာ၏။

"ဒါျဖင့္ ခင္ဗ်ားသြားရင္ ကြၽန္ေတာ္စားဖို႔ ဘယ္သူလုပ္ေပးမွာလဲ"

"မင္းဟာမင္း လုပ္စားေလ။ အရင္ကေတာ့ ေတြ႔ကရာ
စားေနၿပီးေတာ့ အခုမွ ဘဝေမ့သလိုလုပ္ေနတယ္"

လမင္း က ထို႔သိုဝင္ေျပာလ်ွင္..

"လမင္း မင္း ခုတေလာ ငါ့ကို ေဂ်ကိုက္ေနတာမ်ားၿပီေနာ္"

"မင္းတို႔ႏွစ္ေကာင္ ရန္ျဖစ္ဖို႔လမ္းစ မ႐ွာၾကစမ္းနဲ႔။ ကိုႏိႈင္း
မ်က္ႏွာလည္းၾကည့္ုၾကဦး"

စိုင္းမင္းကို ေျပာမွ ႏွစ္ေယာက္လံုး လက္သီးတရြယ္ရြယ္ႏွင့္
အသံတိတ္သြားၾကေလသည္။ ႏိႈင္းကေတာ့ ေလးေလးလံလံ
ပင့္သက္ရိွဳက္လိုက္ၿပီး....

"ငါမၾကာေလာက္ပါဘူး တစ္ရက္ပဲသြားမွာပါ"

"ဒါျဖင့္ ငဘုန္း မင္းလိုက္သြားေလ"

"ငါ သြားရင္ ေႏြး တစ္ေယာက္တည္းက်န္ခဲ့မွာေပါ့"

ႏိႈင္း ႏွင့္ စိုင္းမင္းကိုသာမက က်န္တဲ့သူေတြအကုန္လံုးရဲ႕
အၾကည့္ေတြဟာေခါင္ေလးဆီသို႔ေရာက္လာပါ၏။တကယ္
ဆို သူတို႔ထင္ျမင္ထားတာက စာေမးပြဲရိွတယ္ လိုက္လို႔
မရဘူး သို႔တည္းမဟုတ္ ခင္ဗ်ား အမ်္ိဳးေတြနဲ႔ မေတြ႕ရဲဘူး
ထို႔သို ေျပာလာလိမ့္မည္ဟုသာ။ယခုေတာ့ အထင္နဲ႔အျမင္
ကြာျခား လြန္းေနသျဖင့္ အားလံုးမွာ ပါးစပ္အေဟာင္းသား
ျဖစ္ေနရပါ၏။

ေခါင္ေလးကတာ့ သူေျပာလိုက္တာ ဘာအမွားပါသြားလို႔လဲ ဟုေတြးလိုက္ၿပီး မ်က္ခံုးမ်ားပင့္၍ ေမးဆတ္ကာ သူတို႔ကို
အူေၾကာင္ေၾကာင္ေလး ျပန္ၾကည့္ေနေလသည္။ေႏြး
သည္လည္း ႏိႈင္းကို အားနာလြန္း၍ ခ်က္ခ်င္း ဘာျပန္ေျပာ
ရမည္ မသိ စကားလံုးတို႔စီမရ ျဖစ္သြားခဲ့သည္။အရင္ကေတာ့
ဆိုင္သူ မရိွေသးသျဖင့္ ဘယ္လိုေတြ ေနခဲ့ေျပာခဲ့ ျပသနာ
မဟုတ္ေပမယ့္ ခုေတာ့ ထိုအရာက ျပသနာျဖစ္လာခဲ့ၿပီ။

"ေခါင္ေလး နင္ ငါ့ကိစၥေတြဝင္စြက္ဖက္စရာလဲမလိုဘူး။
ငါ့အတြက္ ေတြးပူေပးစရာ ဘာအေၾကာင္းမွမရိွဘူး
နားလည္လား"

ေႏြး ေကာက္ကာငင္ကာ ပင္ ေခါင္ေလးကို ေလသံမာမာျဖင့္
ေအာ္ေျပာမိ၏။ ေခါင္ေလးသည္ နားမလည္ဟန္ျဖစ္ေနရာမွ
နဖူးေၾကာေလးေတြၾကံဳ႕ၿပီး စိတ္တိုသြားရသည္။ သူကေတာ့
ဘာရယ္မဟုတ္ ဆက္ေဟးနဲ႔ ကိစၥလိုထပ္ျဖစ္မွာစိုးရိမ္၍
ေျပာလိုက္မိျခင္းပါ။

"ဘာေျပာတယ္။ေႏြးေႏြးၿငိမ္းေအာင္ နင္!!"

"ငါ့ကို စိတ္မခ်ဘူးဆိုရေအာင္ နင္ က ငါ့အေဖမို႔လား!"

ေခါင္ေလး သည္ ေစတနာကို ေစာ္ကားခံလိုက္ရသလို
ေႏြး ဆီက ဒီလို ေျပာလာလိမ့္မည္ဟုမထင္ထားသျဖင့္
ခ်က္ခ်င္းပင္ ထိုင္ရာမွ ထရပ္မိၿပီး...

"ေအ့ ဟုတ္တယ္ ငါက နင့္ကို ေနာက္တစ္ခါ ထပ္ျဖစ္..
ေတာက္စ္!!"

စိတ္တိုလြန္း၍ မထိန္းႏိုင္ပဲ စကားေတြ နယ္ကြၽံဖို႔ ၾကံစည္
မိၿပီးမွ ဘရိတ္အုပ္လိုက္ၿပီး ေတာက္စ္ခပ္ျပင္းျပင္း ေခါက္
လ်က္ စားပြဲေပၚတင္ထားေသာ မီးျခင္နဲ႔ ေဆးလိပ္ကို
ဆြဲယူကာ အျပင္သို႔ ေျခလွမ္းက်ဲမ်ားျဖင့္ ထြက္သြားေလ
သည္။ က်န္တဲ့သူေတြကေတာ့ ဘယ္သူ႔က္ုိႏွစ္သိမ့္လို႔
ႏွစ္သိမ့္ရမည္မသိ ျဖစ္ေနၾက၏။

"ေႏြး "

ေႏြး သူငယ္ခ်င္းက သူမလက္ကို ကိုင္ရင္း အဆင္ေျပရဲ႕လား
ဆိုသည့္ မ်က္ဝန္းမ်ားျဖင့္ၾကည့္ေတာ့ ေႏြးက သူငယ္ခ်င္းမ
လက္ကို ျပန္ကိုင္ၿပီး ႏိႈင္းကိုၾကည့္လိုက္၏။ ႏိႈင္းသည္လည္း
ေခါင္ေလးေနာက္ပဲ လိုက္ရေတာ့မလိုလို ေနရာမွာပဲ
ရပ္ေနရေတာ့မလိုလို ျဖစ္ေနေလသည္။

"ငါ ေခါင္ေလးကို သြားေခၚလိုက္မယ္"

ထိုသို႔ ေျပာၿပီးသည္ႏွင့္ ေႏြးက ႏိႈင္းကို ေတာင္းပန္သလို
ၾကည့္ကာ Barအျပင္သို႔ ထြက္လိုက္စဥ္ ေဆးလိပ္ကို
စိတ္ပ်က္လက္ပ်က္ ထိုင္ေသာက္ေနေသာ ေခါင္ေလးကို
ေတြ႔လိုက္ရပါ၏။သို႔ႏွင့္ သူမသည္ ေခါင္ေလးေဘးသို႔
သြား၍ ထိုင္လိုက္ၿပီး...

"ငါေတာင္းပန္ပါတယ္.. "

ေခါင္ေလးက သူမကို တစ္ခ်က္မ်ွသာ ၾကည့္ၿပီး စီးကရက္မွာ
ကပ္က်န္ေနေသာ ျပာမႈန္႔ေတြကို ခါခ်လိုက္၏။

"နင္ စိုးရိမ္တာကို ငါသိပါတယ္။ ဒါေပမယ့္ နင္က အရင္လို
တစ္ေယာက္တည္းမဟုတ္ေတာ့သလို ငါကလည္း
ေနာက္တစ္ေခါက္ ဒာဲ့လို အျဖစ္ခံမယ္သူမ်ိဳး မဟုတ္ပါဘူး။
ငါ့ကိုငါ ကာကြယ္ႏိုင္ပါတယ္ အဲ့ဒါေၾကာင့္ ငါ့ထက္ ကိုႏိႈင္း
ကို ပိုဂ႐ုစိုက္ပါဟာ။ ကိုႏိႈင္းက နင့္ကို အရမ္းခ်စ္တာ ။
နင္အခုလို ေျပာလိုက္ေတာ့ သူဘယ္ေလာက္စိတ္မေကာင္း
ျဖစ္လိုက္မလဲ"

ေႏြး က ေလေအးေအးနဲ႔ ႐ွင္းျပေတာ့မွ ေခါင္ေလးမ်က္ႏွာ
ဟာ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနရာမွ ေျပေပ်ာက္သြားၿပီး
ႏႈတ္ခမ္းကို မဲ့ျပ၏။

"ငါ အဲ့တာေတြေၾကာင့္ ရည္းစားမထားခ်င္တာ။ နင္နဲ႔ငါနဲ႔
႐ိုး႐ိုးသားသား ခင္ၾကတာကို ျပသနာတစ္ခုလို အျမဲတမ္း
ေျဖ႐ွင္းေနရလို႔"

ေႏြးက ေခါင္ေလးကို မ်က္ေစာင္းေလးထိုးကာ..

"ဒါျဖင့္ ကိုႏိႈင္းနဲ႔ ဘာလို႔တြဲေသးလဲ"

"မသိဘူး။ သူနဲ႔ေနရရင္ စိတ္ခ်မ္းသာမယ္ထင္လို႔ ၿပီးေတာ့
နင့္ကိုေရာ ငါ့ကိုေရာ နားလည္ေပးႏိုင္မယ္ထင္လို႔..
ခ်စ္မယ္ ထင္လို႔"

ေႏြးသည္ ေခါင္ေလး အေျဖကို အားမရစြာ သက္ျပင္းေမာကို
ခ်လိုက္ၿပီး...

"ေခါင္ေလး နင္သိလား ငါတို႔ေတြ တစ္ေန႔ေန႔ၾကရင္
ကိုယ့္လမ္းကိုယ္ေလ်ွာက္ၾကရမွာပဲ။ အဲ့ဒီေန႔ၾကရင္
ငါလည္း နင့္ကို ထားခဲ့ရမွာ နင္လည္း ငါ့ကို ထားခဲ့ရမွာ"

"ငါ သိပါတယ္။ ဒါေပမယ့္ အခုခ်ိန္ခဏေလးပါပဲ
နင့္မိဘေတြ ဆီ ျပန္ေရာက္သြားရင္ ။ ေခါင္ေလးေရ
ငါ့ဆီလာပါအံုးလို႔ ေခၚရင္ေတာင္ ငါလာမွာမဟုတ္ဘူး။
နင့္ကို ေကာင္းေကာင္းမြန္မြန္ ကာကြယ္ေပးႏိုင္မယ့္
ေနရာမဟုတ္ရင္ ေလာေလာဆယ္ မွာ စိတ္ခ်လက္ခ်
မလႊတ္ေပးထားႏိုင္ေသးဘူး"

ေႏြးသည္ ခပ္ပါးပါးျပံဳးလိုက္ၿပီး ၾကည္ျပာရီေဝေသာ
ေကာင္းကင္ျပာျပာကို ေမာ့ၾကည့္လ်က္ ေလပူကို မႈတ္ထုတ္
လိုက္၏။ သူမတို႔ရဲ႕ ေလးႏွစ္ေက်ာ္ သံေယာဇဥ္ ေႏွာင္ႀကိဳးက
သိပ္ကို ခိုင္မာခဲ့တာပါလား။

"အင္းပါ ။ ငါနားလည္ပါတယ္..ဒါေပမယ့္ ကိုႏိႈင္း ကိုေတာ့
အဲ့လိုႀကီး မေျပာသင့္ဘူးေလ။ နင္ က ေတာ္ကီ ႂကြယ္တာပဲ
သူ နားလည္ေအာင္ ေျပာျပလိုက္ေနာ္"

ေခါင္ေလးက သူမ ေျပာတာကို ေခါင္းညိမ့္လိုက္ၿပီး
အနဲငယ္ ျပံဳးေလ၏။

"ဒါဆို ငါကိုႏိႈင္းကို နင့္ဆီလႊတ္လိုက္မယ္"

ေခါင္ေလးေျဖတာကို မေစာင့္ေတာ့ပဲ သူမ Barအတြင္းသို႔
ေျပးဝင္ခဲ့ပါ၏။

"ကိုႏိႈင္း ေႏြး ေခၚတာ ဘယ္လိုမွေခၚလို႔မရဘူး။ ေခါင္ေလး
ကို ကူေျပာေပးပါဦးေနာ္"

ေႏြးက ငိုမဲ့မဲ့မ်က္ႏွာေလး လုပ္ျပလ်က္ ႏႈိင္းကိုယ္ေလးကို
အျပင္သို႔ ထြက္ရန္ တြန္႔ပို႔၏။ ႏိႈင္းကေတာ့ ေနာက္လွည့္
ၾကည့္လိုက္ အေ႐ွ႕သြားလိုက္ျဖင့္ပင္ ေျခတံုခ်တံု ျဖစ္လို႔
ေနပါသည္။

"ေခါင္ေလးက ငါဟိုေန႔ကလို ထပ္ေပ်ာက္သြားမွာ စိုးရိမ္
လို႔ ေျပာလိုက္မိတာတဲ့ "

စားပြဲမွာဝင္ထိုင္ရင္း သူမ ထိုသို႔ေျပာေတာ့ သူငယ္ခ်င္းေတြ
အကုန္လံုးက ေျသာ္ ဟုဆိုကာ ေခါင္းညိမ့္၏။ ေႏြးနဲ႔
ေခါင္ေလးရဲ႕ ရင္းႏွီးမူဟာ သာမာန္ထက္ပိုသည္ကို
သိထားသူေတြပီပီ ထူထူးဆန္းဆန္း ထင္ျမင္ခ်က္ေတြေတာ့
ရိွမေနခဲ့ပါေခ်။

ႏိႈင္းသည္ Barအျပင္ေရာက္သည္ႏွင့္ ပလက္ေဖာင္း အုပ္ခံု
တန္းေပၚတြင္ ထိုင္ေနေသာ ေခါင္ေလးနားသို႔ ေလ်ွာက္သြား
ကာ ေဘးတြင္ မလႈပ္မယွက္ ဝင္ထိုင္လိုက္ပါသည္။

ေခါင္ေလးသည္ ဘာမွ မေျပာပဲ အခ်ိန္အတန္ၾကာ
တိတ္တိတ္ေလးႏွင့္ျငိမ္ၿငိမ္ေလး လာထိုင္ေနသည့္
ႏိႈင္းေၾကာင့္ ေဆးလိပ္ေသာက္တာကို ရပ္လိုက္ၿပီး ႏိႈင္းကို
ေစာင္းငဲ့ၾကည့္မိ၏။ သူအရင္ေတြ႔ ခဲ့ဖူးတဲ့ ေကာင္ေတြသာ
ဆိုရင္ သူ႔ကို နားေတြညည္းေအာင္ ေပါက္ေပါက္ေဖာက္ေန
မည္မဟုတ္လား။ ဒီလူကေတာ့ တစ္ေယာက္တည္း
ဘာေတြ ေတြးေနပါလိမ့္။

"ကိုသုတ"

"အင္ "

သူတိုးတိုး ေခၚမိလွ်င္ ႏိႈင္းက တိုးတိုးေလး ျပန္ထူး၏။

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ "

ေခါင္ေလးအတြက္ေတာ့ ဒါဟာပထမဦးဆုံး အႀကိမ္
မ်ိဳးတူ လူသားတစ္ဦးအား ေတာင္းပန္မိျခင္း ျဖစ္ပါ၏။
ႏိႈင္းသည္ အေဝးကို ေတြေတြေလး ေငးေနရာမွ
ေခါင္ေလးကို ေမာ့ၾကည့္လာ၏။

"..."

"ကြၽန္ေတာ္နဲ႔ ေႏြး ရဲ႕ ဆက္ဆံေရးက လြယ္လြယ္ကူကူ
ေျပာင္းလဲလို႔ ရမွာမဟုတ္ဘူး ။ ေနာက္လည္း ဒီလိုေတြ
ထပ္ၾကံဳခ်င္ၾကံဳရႏိုင္တယ္။ ခင္ဗ်ား လက္ခံႏိုင္ရဲ႕လားဟင္"

ႏိႈင္းသည္ ေခါင္ေလးက္ုိၾကည့္ရာမွ အေဝးကိုျပန္ေငးၾကည့္
ရင္း တင္းက်ပ္လာေသာ ရင္ထဲက ခံစားမူအေငြ႔အသက္ေတြကို သိမ္းဆည္းႏိုင္ဖို႔ ႀကိဳးစားလိုက္၏။

"ငါ ေျပာၿပီးၿပီေလ ။ ေမာင္ ငါ့အနားမွာ ရိွေပးရံုတင္နဲ႔
ေက်နပ္ပါၿပီလို႔"

ေခါင္ေလးသည္ ႏိႈင္း ရဲ႕ ဆံပင္ေလးေတြကို ခပ္ဖြဖြထိကာ
သူ႔ပုခံုးထက္မွီေစလိုက္၏။

"ဘယ္ေန႔သြားမွာလဲ"

"မနက္ျဖန္ မနက္သြားျဖစ္မယ္။ ကိုဘိုဘိုတို႔ကို အကုန္မွာ
ခဲ့မွာမို႔လို႔ ေမာင္ စာဖို႔ေသာက္ဖို႔ မပူနဲ႔ေနာ္"

"ကြၽန္ေတာ္က ကြၽန္ေတာ္စားဖို႔ေသာက္ဖို႔ပဲ ပူတယ္ထင္ေနတာလား"

"မဟုတ္ဘူးလား?"

ႏိႈင္းသည္ ေခါင္ေလးကို မွီေနရာမွ ေခါင္းေလးေထာင္ကာ
ၾကည့္ၿပီးေမး၏။ေခါင္ေလးသည္ ႏိႈင္းရဲ႕ ပါးေလးႏွစ္ဖက္ကို
သူ႔လက္ဝါးႀကီးမ်ားျဖင့္ ဖိညႇစ္လိုက္ၿပီး...

"အ႐ူး...အ႐ူးေလး။ ဟိုေရာက္ရင္ ကြၽန္ေတာ့္ကို
ဖုန္းဆက္.. သတိရတိုင္းဆက္ သတိမရလဲဆက္။
ကြၽန္ေတာ္ဘာလုပ္ေနလဲ အခ်ိန္တိုင္းဖုန္းဆက္ေမး။
ထမင္းစားၿပီးၿပီလား သိခ်င္ရင္လည္းဖုန္းဆက္။
ေရခ်ိဳးၿပီးၿပီလား သိခ်င္ရင္လည္းဖုန္းဆက္။ စာက်က္ေနလား
သိခ်င္ရင္လည္း ဆက္လို႔ရတယ္။ အိပ္ၿပီလားသိခ်င္ရင္
လည္း ဖုန္းဆက္။ ဒီလိုအခြင့္အေရးမ်ိဳး ခင္ဗ်ားတစ္ေယာက္
ထဲကိုပဲ ေပးတာမို႔လို႔ အခြင့္အေရးရတုန္း ေသေသခ်ာခ်ာ
အသံုးခ်"

ႏိႈင္းသည္တတြတ္တြတ္ေျပာေနေသာ ေခါင္ေလးကို
ၾကည့္ရင္း နဖူးေပၚေျပက်ေနသည့္ ဆံစေလးကို
သပ္တင္ေပးလိုက္မိ၏။ ငါတို႔ႏွစ္ေယာက္ဟာ ဘာမွ မဆိုင္
ဘူး ဆိုၿပီး ခပ္ေဝးေဝးမွာ  ေနဖို႔ ႏိႈင္း ျကိဳးစားခဲ့ဖူးသည္။ အဲ့လို
ႀကိဳးစားေနတဲ့ၾကားကမွ အနီးဆံုးကို ေရာက္လာဖို႔
ကံၾကမၼာ က ဖန္တီးလာျပန္၏။ဒါနဲ႔ပဲ မသင့္ေတာ္ပါဘူးေလ
ဆိုၿပီး ရင္ထဲက အခ်စ္ေတြကို ဟန္ေဆာင္သိုဝွက္မိျပန္သည္။
အနီးမွာ ရိွေနေသာ္လည္း အေဝးကို ေမ်ွာ္ေငးၾကည့္ေနရ
သလို ေနစဥ္ရက္ဆက္ လႊမ္းဆြတ္တမ္းတဖူး၏။ ယခုအခ်ိန္
တြင္ေတာ့ ပိုင္ဆိုင္ထားရေပမယ့္ ကိုယ္မပိုင္ဆိုင္ထားရသလို
ခံစားေနရျပန္သည္။သို႔တိုင္ ဒီလိုအေျခအေနထိ ေရာက္
လာၿပီးမွ အခ်စ္ကို လက္ေလ်ွာ့အ႐ွံုးေပးလိုက္ဖို႔ ႏိႈင္း
မထမ္းေဆာင္ႏိုင္ေပ။

"ငါ ဖုန္းအျမဲတမ္းဆက္ေနလို႔ ေမာင္ စာက်က္ပ်က္ရင္
ဘယ္လိုလုပ္မလဲ"

"ကြၽန္ေတာ္က ဥာဏ္ေကာင္းတယ္။ စာတစ္ပုဒ္ကို ခဏေလးပဲ က်က္ရတာ။ တကယ္လို႔ ခင္ဗ်ား ဖုန္းမဆက္ရင္
အရမ္းအားေနတဲ့ကြၽန္ေတာ္က ေနာက္ တစ္ေယာက္ နဲ႔
သြား ဒိတ္ရင္ ဒိတ္မိေနမွာ"

ႏိႈင္းသည္ အားေဖ်ာ့စြာ ရယ္လ်က္ မတ္တပ္ရပ္လိုက္၏။

"ငါက ေႏြးနဲ႔ေတာ့ သေဘာထားႀကီးေပးႏိုင္ေပမယ့္။
တျခားသူေတြနဲ႔ဆိုရင္ေတာ့ "

ႏိႈင္းကဆက္မေျပာပဲ ရပ္လိုက္သျဖင့္ ေခါင္ေလးကပါ
မတ္ရပ္လိုက္ၿပီး....

"တျခားသူေတြနဲ႔ဆိုရင္ ဘာလုပ္မွာလဲ"

"ဘာမွ မလုပ္ပါဘူး ။ ငါက ေမာင့္ဆႏၵအတိုင္း
ေမာင္ ထြက္သြားေပးဆိုရင္ ထြက္သြားေပးမွာပါ"

ေလသံတို႔က တိုးလ်လြန္း၏။ေခါင္ေလးသည္ သက္ျပင္းေလးခ်မိရင္း...

"ခင္ဗ်ားမွာ တကယ္ ေလာဘမရိွဘူးပဲ"

ထိုသို႔မွတ္ခ်က္တစ္ခုကိုေပးလ်က္ Barအတြင္း ျပန္ဝင္ရန္
လွည့္လိုက္စဥ္ ႏိႈင္းက အေနာက္မွေန၍ သူ႔ခါးအား
ဖက္ကာ ေက်ာျပင္၌ ပါးေလး အပ္လာေလသည္။

ေလာဘမရိွတာမဟုတ္ဘူး ။ေလာဘမရိွရဲခဲ့တာ။
တင္းလြန္းရင္ျပတ္တတ္တဲ့ႀကိဳးေတြရဲ႕ သေဘာတရားလို
ငါခ်ည္လြန္းတဲ့ သံေယာဇဥ္ ေႏွာင္ႀကိဳးေၾကာင့္ ေမာင္
႐ုန္းၿပီး ထြက္ေျပးသြားမွာ ေၾကာက္တာ။

ေခါင္ေလးသည္ ၿငိမ္ၿငိမ္ေလး ရပ္ေနရာမွ ႏိႈင္းလက္ေလးေတြ
ကို ေျဖခ်လို္႔ ကိုယ္ကိုယ္ လွည့္လိုက္ကာ ႏိႈင္းကို ေထြးေပြ႔
ထားေပးမိ၏။ ကြၽန္ေတာ္မွာ အခုခ်ိန္ထိ ဖံုးကြယ္ထားတဲ့အရာ
ေတြ အမ်ားႀကီး ရိွေနတယ္။ ခင္ဗ်ား သိသြားရင္ေရာ
နားလည္ေပးဦးမွာလား။ ခႊင့္လႊတ္ေပးဦးမွာလား ။

ရင္တြင္းမွ ႏွစ္ဦးသား တိုးတိတ္စြာ ဆိုေသာ စကားအား
တစ္စံုတစ္ေယာက္ မွ ၾကားနာၿပီး ေျဖ႐ွင္းေပးႏိုင္ရင္ေတာ့
အေကာင္းသား။

........................

ျမဴတဖြဲဖြဲက်ေနေသာ နံနက္ခင္း ။ ႏိႈင္းဟာ ေက်ာပိုအိတ္ေလး
တစ္လံုးလြယ္လ်က္ လားရိွဳး မႏၱေလး တိုက္႐ိုက္ကားကို
လာႀကိဳဖို႔ရန္ ဖုန္းဆက္ၿပီး ေစာင့္ေနပါသည္။

"ကားမူးတတ္လား"

ေခါင္ေလးက ေအးေနတဲ့ ႏိႈင္းရဲ႕လက္ကို ဖြဖြေလး
ဆုပ္ေပးရင္း ေမးပါ၏။

"မမူးတတ္ပါဘူး "

"အင္။ လမ္းခရီးဂ႐ုစိုက္ေနာ္။ ဟိုေရာက္ရင္ဖုန္းဆက္။
ကြၽန္ေတာ္မွာတာ မွတ္မိတယ္မလား"

"မွတ္မိပါတယ္။ ငါတစ္ခ်ိန္လံုး ဖုန္းမခ်ပဲေခၚထားလိုက္မယ္
ေလ"

"မရဘူး အဲ့လို ။ ခ်လိုက္ေခၚလိုက္လုပ္"

"ဘာလို႔လဲ။ ခ်လိုက္ေခၚလိုက္လုပ္ေနမယ့္အစား
တစ္ခ်ိန္လုံး ေခၚထားေတာ့ၿပီးေရာေပါ့။ အလုပ္မ႐ႈပ္ေတာ့ဘူး"

"အလုပ္႐ႈပ္ေစခ်င္လို႔ကို ေခၚခိုင္းတာ။လ်ွာမ႐ွည္နဲ႔"

"အင္...သေဘာ သေဘာ"

ႏိႈင္းက ခပ္ေထ့ေထ့ ဆိုေတာ့ ေခါင္ေလးကႏွာေခါင္း႐ွံု႕ျပ
ေလသည္။ ထိုစဥ္ ေႏြး က သူတို႔အနားေရာက္လာကာ
မုန္႔နဲ႔ေရဗူးထည့္ထားေသာ အိတ္ေလးကို ႏိႈင္းအား ေပးေလ
၏။

"ေရာ့ ကိုႏိႈင္း လမ္းမွာ စားဖို႔"

"ေက်းဇူးပဲ ေႏြးေရ...ဝယ္မလို႔ကို သတိမရဘူးျဖစ္ေနတာ"

"သိေနတယ္ေလ အဟင္း!"

ေႏြးက ျပံဳးစိစိျဖင့္ ေျပာ၏။ ထို႔ေနာက္ သိပ္မၾကာခင္
မွာပဲ အေဝးေျပးကားေလး ေရာက္လာသျဖင့္ ေႏြးနဲ႔
ေခါင္ေလးကို ႏႈတ္ဆက္ကာ သူ မႏၱေလး သို႔ ခရီးထြက္
ခဲ့ပါသည္။ ေတာင္ေပၚနဲ႔ ေျမျပန္႔ ၾကမ္းတမ္းေသာ
ဤခရီးလမ္းကို ႏိႈင္းအလြန္မုန္းပါသည္။ အရင္ခ်ိန္ေတြကေတာ့ ေဖေဖနဲ႔ေမေမရဲ႕အလယ္မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔
အႀကိမ္ႀကိမ္ျဖတ္သန္းဖူးခဲ့၏။ ႏြမ္းလ်စြာေသာ စိတ္ကို
သက္ျပင္းခ်ရတာလည္း မနဲေတာ့ေပ။ ေဖေဖနဲ႔ေမေမေရာ
သား ကို မလႊမ္းၾကဘူးလားဟင္။

ကားကို အခ်ိန္အေတာ္အၾကာ စီးၿပီးသည့္ေနာက္မွာေတာ့
မြန္းလြဲပိုင္း ႏွစ္နာရီေလာက္တြင္ သူ မႏၱေလးၿမိဳ႕ႀကီးထဲသို႔
ေရာက္လာပါ၏။သို႔ႏွင့္ ဖြားဖြားကို ေရာက္ေတာ့မည္
ျဖစ္ေၾကာင္း သတင္းႀကိဳပို႔ထားလိုက္ရာ ..သူေရာက္လာ
သည္ကိုျမင္လ်ွင္ ဖြားဖြားက ျပံဳးရႊင္စြာ ခရီးဦးႀကိဳျပဳ
ေလသည္။

"ၾကည့္စမ္းပါဦး ငါ့ေျမးေလးက ေခ်ာလာလိုက္တာ"

"ဖြားေရာပဲ အသက္ 70လို႔ကိုမထင္ရဘူး ႏုဖတ္ေနတာပဲ"

ႏိႈင္းက ဤသို႔ျပန္ေျမႇာက္လ်ွင္ ဖြားဖြားက သေဘာတက်
ရယ္ပါ၏။ ပံုမွန္ဆို သူ တစ္ႏွစ္တစ္ေခါက္ မႏၲေလး ေရာက္
ျဖစ္ေသာ္လည္း ေဖေဖနဲ႔ေမေမ ဆံုးၿပီးတဲ့ေနာက္ေတာ့
ဖြားဖြားဆီသို႔ သူမလာျဖစ္ခဲ့ပါ။ ဖြားဖြားတို႔က မ်ိဳးနဲ႔႐ိုးနဲ႔
ခ်မ္းသာလာၾကသူေတြျဖစ္ၿပီး ေ႐ွးလူႀကီးေတြပီပီ သားသမီး
မ်ားစြာ ထြန္းကား၏။ ထို႔သို႔ သားသမီးမ်ားခဲ့ျခင္းက
ေကာင္းက်ိဳးေပးမည္ ထင္ခဲ့ေသာ္လည္း တစ္ဦႏွင့္တစ္ဦး
မနာလိုဝန္တို႐ွံု႕ခ်ျခင္းေတြသာ ျပည့္လ်ွံေနခဲ့သည္မို႔
ဖြားဖြားတို႔ မိသားစုက ပစၥည္း ဥစၥာ ခ်မ္းသာေသာ္လည္း
စိတ္ခ်မ္းသာမူမရိွခဲ့ပါေခ်။

ႏိႈင္းသည္လည္း ဖြားဖြားသာ မရိွခဲ့လ်ွင္ ငရဲခန္းႏွင့္တူေသာ မႏၲေလး ကို လာျဖစ္မွာ မဟုတ္ေပ။

"ေျမးကေနာ္ ဖြားကိုရက္စက္တာ အၾကာႀကီးလာမေတြ႔ဘူး"

"သား အလုပ္ေတြလုပ္ေနၿပီဆိုေတာ့မအားလို႔ပါ။ အခုေတာင္
အလုပ္သမားေတြခ်ည္း ထားခဲ့ရတာ စိတ္မခ်ရဘူး။ ဖြားဖြား
ကို သတိရလို႔သာ ေျပးလာရတာ"

" ဖြားဖြားဆီ လာေနရင္ ဘာအလုပ္မွလုပ္စရာမလိုဘူး"

ကေလးဆိုးေလးလို စိတ္ေကာက္ေနတဲ့ ဖြားဖြားေၾကာင့္
ႏိႈင္း အခြၽဲပိုကာ ဖတ္လိုက္ၿပီး ပါးေလးကိုနမ္းလိုက္၏။

"သား ဒီမွာေနလို႔မျဖစ္ဘူးဆိုတာ ဖြား သိရဲ႕သားနဲ႔"

သူေျပာေတာ့ ဖြားဖြားက ႏိႈင္းလက္ေလးကိုကိုင္ကာ
ျပံဳးလိုက္ၿပီး...

"သား သိလား ။ဘယ္သူေတြဘာေျပာေျပာ ဖြားဖြား က
သားကို နားလည္တယ္။ ဖြားဖြား သားကိုခ်စ္တယ္။
အဲ့ဒါေၾကာင့္ သား ဘာပဲျဖစ္ျဖစ္ ရင္ဆိုင္ရဲရမယ္ေနာ္
မေၾကာက္ရဘူး "

"..."

ႏိႈင္း ၿငိမ္ေနသျဖင့္ ဖြားဖြားက သူေခါင္းေလးကို ပုတ္ေပး
လာျပန္သည္။ထိုခ်ိန္ တစ္စံုတစ္ေယာက္ေသာ သူရဲ႕
လက္ေလးကို သြားသတ္ိရမိျပန္တဲ့ သူဟာ တကယ္ပဲ
ထိုတစ္စံုတစ္ေယာက္ ေျပာသလို အ႐ူးေလး ျဖစ္ေနခဲ့
သည္လား။

.....................

Love you all💚💚💚

Continue Reading

You'll Also Like

30.7K 1.1K 72
{စောအက္ခရာ...မင်းကလူသားတစ်ယောက်မဟုတ်ဘူး။ မင်းက..တိတ်ဆိတ်နေတဲ့ငါ့ဘဝထဲရုတ်တရပ်တိုးဝင်လာတဲ့သံစဥ်လှလှလေးတစ်ခုပဲ..} Start Date:5.7.2022
212K 22.7K 49
အို....ဤအချစ်များရယ် ဘာကြောင့် ဆုံဖို့ခက်ရတယ်(Zaw and Uni)
7.8K 459 14
** Unicode ** နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်ပြီးနောက်မှာ ။ ** Zawgyi ** နာရီေပါင္း တစ္ရာေျခာက္ဆယ့္ရွစ္ကို ေက်ာ္လြန္ၿပီးေနာက္မွာ ။
973 57 9
ဘယ်အချိန်ကစခဲ့မှန်းမသိဘဲ အဆုံးသတ်သွားတဲ့ ငြိတွယ်ရာပုံပြင်တစ်ပုဒ်ကို ကျွန်တော်တစ်ယောက်တည်း ဆက်ရန်... ဆိုတဲ့စာတန်းလေးထိုးခဲ့တယ်။