「BYUN BAEKHYUN」
လွပျပီး အက်ည္းတန္တဲ့အခ်စ္ပန္းေလး ရင္မွာပ်ိဳး
ထားတယ္ ။ အခ်စ္ ၊ အလြမ္း ၊ အမုန္း တစ္လွည့္စီ
ေလာင္းေပးရင္း ႀကီးထြားအခ်ိန္တန္ ။ ေႁခြလိုသူ
အဘယ္နည္း ? ။
အျမဲတမ္း အေဝးကေနပဲကိုကို႔ကိုေငးၾကည့္မိတယ္ ။
ကြၽန္ေတာ္သိပ္ျမတ္ႏိုးရတဲ့ ကြၽန္ေတာ့္နွလံုးသားေလး
မို႔ ။
ေ႐ွ႕တစ္လွမ္းတိုးတိုင္း ေဝးေဝးလံသြားတဲ့ ႏွလံုးသား ။
ဆက္မတိုးပဲေနရင္ေရာ အနားကိုအေရာက္လာေပးမွာ
တဲ့လား ? ။
ရပ္တန္႔ထားေသာ္လည္း နာက်င္မႈထက္မပိုတဲ့အခ်စ္ ။
တယ္နားလည္ရခက္တဲ့ လြယ္မလိုလိုႏွင့္ ရႈပ္ေထြးတဲ့
ပေဟဠိ ။
ညိွစရာအေျဖမရိွ ။ အလြမ္းေတြသာခင္းက်င္းထားတဲ့
လမ္းထက္ေလွ်ာက္လွမ္းေနရတဲ့ ႏွလံုးသားေလးကို
အေျဖမွန္ေလးႏွင့္ အလင္းေဆာင္က်င္းေပးႏိုင္မလား ? ။
ျဖစ္ပ်က္သမွ် အရာရာ ။ ေကာင္းေကာင္း ၊ ဆိုးဆိုး
လက္ခံေပးရမွာက အမွန္တရားရဲ႕သေဘာသဘာဝ ။
ေမ့ႏိုင္ၿပီလို႔ ႐ူးေၾကာင္ေၾကာင္အေတြးေလးတစ္ခုဝင္မိ
တဲ့ ႏွလံုးသား ။ မျဖစ္ႏိုင္ဘူးလို႔ ။ သက္ေသျပေနေသာ
ကိုကိုႏွင့္ ပတ္သက္ၿပီး အေသးအမႊားအေၾကာင္းကအစ
မွတ္မိေနတဲ့ မွတ္ဥာဏ္ ။
ေယာင္လည္လည္ႏွင့္ ေလွာင္ရယ္ျပဳေနသလား ? ။
" တစ္ေယာက္တည္းလား "
ၾသ႐ွ႐ွ အေမးသံ ။ ေခါင္းခါျပရံုမွ တစ္ပါးဆြံ႔အေနမိတဲ့
နႈတ္ဝဇီ ။ ကိုကိုႏွင့္ရင္ဆိုင္ဖို႔ကြ်န္ေတာ္တကယ္အဆင္
မေျပေသး ။
" ကိုကိုစားပြဲထိုးကေျပာတယ္ စားပြဲေတြအကုန္ျပည့္ ..
ေျဗာင္ဘတ္ခ္ဟြန္း ! "
ကိုကို႔လက္ေမာင္းကိုတြဲခ်ိတ္ၿပီး ေျပာေနရာမွ ကိုကိုႏွင့္
မ်က္ႏွာခ်င္းဆိုင္တြင္ရပ္ေနေသာကြၽန္ေတာ့္ကိုေတြ႔တာ
ႏွင့္ သူမ မ်က္ခံုးက်ံဳ႕သြားလ်က္ ..
" နင္က ဒီကိုဘယ္လိုေရာက္ေနတာလဲ ဘတ္ခ္ဟြန္း "
" အသားကင္ဆိုင္မွာေတြ႔မွေတာ့ အသားကင္
လာစားတာေပါ့ တံုးလိုက္တဲ့ ငါ့ညီမရယ္ "
ကြၽန္ေတာ့္ထက္ေဒါင္ျမင့္ေသာ မမဒါေယာင္းမွာ
ကြၽန္ေတာ့္ရဲ႕ပခံုးေလးကို ဖက္ၿပီး သူမ၏အေမး
အားၾကားထဲမွဝင္ေျဖေပးလုိက္ေတာ့ဆူပုတ္ပုတ္
မ်က္ႏွာေပးျဖင့္ကြၽန္ေတာ့္ကိုေစြၾကည့္ၿပီးနႈတ္ဆိတ္
သြားေလသည္ ။
" လက္စသတ္ေတာ့ နင္တို႔ကဒီေရာက္ေနတာကိုး "
တိုး႐ွ႐ွကိုကို႔စကားသံအဆံုး ။ ကြၽန္ေတာ့္ ပခံုးကို
ယခင္ကထက္ မမဒါေယာင္းပိုတိုးဖက္လိုက္ကာ ..
" ဟုတ္တယ္ .. ငါတို႔ကသူမ်ားေတြလို အရည္မရ
အဖက္မရရည္းစားေတြဘာေတြနဲ႔ ပန္းျခံတို႔ဘာတို႔
ေလွ်ာက္လစ္မေနတတ္ဘူး .. ဗိုက္ဆာရင္ စားမယ္
အားေနရင္ဖုန္းသံုး ႐ွပ္႐ွင္ၾကည့္မယ္ စာလုပ္ခ်ိန္တန္
ရင္ စာလုပ္မယ္ ဒီေလာက္ပဲ "
" မမ ! ! "
မမဒါေယာင္း စကားအဆံုး တစ္ခ်က္ထေအာ္လိုက္
ေသာ သူမကိုမမဒါေယာင္းခပ္ေစြေစြျပန္ၾကည့္လ်က္ ..
" သတိထားေန ေယာင္းေလး .. မမ ဒါပဲေျပာမယ္ "
ဘယ္သူ႔ကိုမွ မေၾကာက္တဲ့ မင္ေယာင္း ။ သူ႔အစ္မ
မမဒါေယာင္းကိုေတာ့ငယ္ငယ္ကတည္းကမိဘထက္
ပိုၿပီးေၾကာက္တတ္သည္မွာ ႏွစ္ေယာက္မရိွ ။
ကြၽန္ေတာ့္ကို အရမ္းခ်စ္တဲ့မမဒါေယာင္းကစကားကို
အပိုမေျပာတတ္ဘူး ။ စိတ္မထင္ရင္ သူေဒါသထြက္
လာတဲ့အခ်ိန္ ။ သူအၾကည့္မရတဲ့ လူကို ေသြးထြက္
သံယိုျဖစ္သည္အထိ လက္ပါတတ္တဲ့ အက်င့္ဆိုးရိွ
သည္ ။
အဲ့ဒါေၾကာင့္ပဲ ဂ်န္မင္ေယာင္းက အခုလိုမမဒါေယာင္း
ကို ေၾကာက္ေနရျခင္းပင္ျဖစ္သည္ ။
ငယ္ငယ္တုန္းကဆို မင္ေယာင္းေၾကာင့္ ကြၽန္ေတာ့္
ဒဏ္ရာရတဲ့အခါတိုင္းမွာ ကြၽန္ေတာ့္ဘက္ကေနျပီး
မားမားမတ္မတ္ ရပ္တည္ျပီး မင္ေယာင္းဘက္ကရပ္
တည္ေပးတဲ့ကိုကိုႏွင့္ အျမဲရန္ျဖစ္ေပးခဲ့သည့္ မမ
ဒါေယာင္းမွာ အခုလည္း ကိုကိုကကြၽန္ေတာ့္ကိုမေရြး
ခ်ယ္ဘဲ။ မင္ေယာင္းကိုေရြးခ်ယ္သြားလို႔ စိတ္အခ်ဥ္
ေဖာက္ျပေနသည္မွာ ခ်စ္စရာ ။
" ဂ်န္ဒါေယာင္း သြားမယ္ "
အေနာက္ကပခံုးပုတ္ကို ေျပာလိုက္ေသာ အစ္ကို
ေဂ်ာင္ဆူး၏ စကားၾကားၿပီးသည္ႏွင့္ မမဒါေယာင္း
မွာ နႈတ္ခမ္းေလးဆူလ်က္ ..
" ဘယ္လဲဟ ! ဟူးဟူးေလးေတာင္ စားလို႔
မၿပီးေသးတဲ့ဟာကို "
" ႐ွပ္႐ွင္ရံုကို ဂ်ံဳအင္နီေလးကေျပာတယ္ ဟူးဟူးေလး
ၾကည့္ခ်င္တဲ့ ရွပ္႐ွင္ကားက ဒီေန႔ရံုတင္တာတဲ့ အဲ့ဒါ
ကေလးေတြလည္း စာေမးပြဲမရိွတုန္း ငါလိုက္ျပေပးမို႔ "
" ဟုတ္လား ! ေကာင္းသားပဲ ဒါနဲ႔ စကားမစပ္
ဂ်ံဳအင္ေလးရဲ႕လက္ထဲက ဘာဗူးႀကီးလဲ ? "
အစ္ကိုေဂ်ာင္ဆူးေဘးတြင္ရပ္ေနေသာ ဂ်ံဳအင္လက္
ထဲက ဗူးတစ္ဗူးအား မမဒါေယာင္းလက္ညွိဳးထိုးကာ
ေမးလိုက္ေတာ့ ဂ်ံဳအင္မွာ သူ႔လက္ထဲကိုင္ထားေသာ
ထိုဗူးေလးကို ေျမႇာက္ျပကာ ..
" ဒါလား မမဒါေယာင္း ဟြန္းအတြက္ သံုးထပ္သားကင္
ဟြန္း ႐ုပ္႐ွင္ၾကည့္ရင္း စားလို႔ရေအာင္ ကင္ျပီးထည့္လာ
တာ "
" အဟင္း .. တစ္ခ်ိဳ႕ေတြနဲ႔မ်ား ကြာလိုက္တာေနာ္ ..
တစ္မေအတည္း ေမြးၿပီး ကြာလိုက္တာမွ ဆီနဲ႔ေရလိုပဲ
ဘာပဲေျပာေျပာ ေတာ္တယ္ ဂ်ံဳအင္ေလး မမ တစ္မွတ္
ေပးလိုက္ၿပီ "
လက္မေလးေထာင္ျပကာ ေျပာေနေသာ မမဒါေယာင္း
အား Wink တစ္ခ်က္ျပန္လုပ္ျပလိုက္ေသာ ဂ်ံဳအင္ ။
ဘာအတြက္ အမွတ္ေပးတာလဲေတာ့ ကြ်န္ေတာ္ မသိ
ေပမယ့္ ။ ၾကည့္ရတာ သူ႔ဟာနဲ႔သူေတာ့ဟုတ္ေနေရာ ။
" ေယာလ္ မင္းတို႔ေရာလိုက္မလား ? "
" ရား ! ဒိုေဂ်ာင္ဆူး နင္ဘာလု႔ိေလကုန္ခံၿပီး သြားေခၚ
ေနရတာလဲ သူလားငါတို႔နဲ႔လိုက္မွာ သူ႔ဟာနဲ႔သူေနေပ်ာ္
ေနတာကို အသာလႊတ္ထားလိုက္စမ္းပါဟာ "
" ငါက နင္တို႔မလိုက္စရာဘာအေၾကာင္းရိွလို႔လဲ
ဒါေယာင္း "
" ကိုကို ! "
ေလသံမာမာႏွင့္ မမဒါေယာင္းကို ျပန္ေျပာေသာ ကိုကို ။
လက္ေမာင္းကို လႈပ္ခါၿပီး ဟန္႔တားေနတဲ့ မင္ေယာင္း
စကားႏွင့္ မ်က္ႏွာအမူအရာတို႔ကိုေတာင္ ၾကားရဲ႕လား
ျမင္သလား မေျပာတတ္ ။
ကိုကို႔ရဲ႕ ခပ္စူးစူး အၾကည့္တို႔မွာ ကြၽန္ေတာ့္ ပခံုးကို
ဖက္ထားတဲ့ မမဒါေယာင္းလက္ဆီသို႔ က်ေရာက္ေန
တာေၾကာင့္ ဘယ္ရယ္ေၾကာင့္ မဟုတ္ ။ ကြ်န္ေတာ္
အေနအထိုင္ နည္းနည္းၾကပ္လာသလိုခံစားရသည္ ။
" အဟက္ မလိုက္စရာအေၾကာင္းမရိွလဲလိုက္ခဲ့ေပါ့
ဘယ္သူ႔ကမွမလိုက္ပါနဲ႔လို႔ ဟန္႔မတားထားဘူး လာ
ဟူးဟူးေလး .. မမတို႔ သြားၾကမယ္ "
ကြၽန္ေတာ့္ကိုဖက္ၿပီး ဆြဲေခၚသြားေသာ မမဒါေယာင္း
အေနာက္သို႔ေယာင္လည္လည္ျဖင့္သာပါသြားခဲ့ရရင္း ...
အမွတ္မထင္ ကိုကို႔နံေဘးမွျဖတ္လိုက္တဲ့အခါ ကိုကို႔
လက္ႏွင့္လက္ခ်င္းတိုက္မိသြားစဥ္ ။ ရုတ္တရက္ခံစား
လိုက္ရတဲ့ ခံစားခ်က္ ။ ကိုကိုကကြၽန္ေတာ့္လက္ကိုမသိ
မသာေလးလွမ္းဆြဲလိုက္တယ္ဆိုတဲ့ ခံစားခ်က္ ။
အဟက္ .. ၾကည့္ရတာ ။ ဒီတစ္ခါလည္း ကြ်န္ေတာ္
တစ္ေယာက္အေတြးေတြလြန္ေနျပန္ၿပီ ထင္ပါတယ္ ။
_________________________________
" အိမ္ျပန္ေရာက္ပါၿပီ "
ျပန္ေရာက္ေၾကာင္းအသိပါးၿပီး ။ ဖိနပ္ဗီ႐ိုတြင္ ဖိနပ္ကို
စနစ္တက်စီၿပီးေလးလံေနေသာေျခလွမ္းတို႔ျဖင့္အိမ္ထဲ
သို႔ ကြၽန္ေတာ္ ဝင္လာခဲ့သည္ ။
" ျပန္လာၿပီလား သားေလး "
" မားမား ! "
ဧည့္ခန္းထဲသို႔ေရာက္သည္ႏွင့္ ၾကားလိုက္ရေသာလြမ္း
ေနရေသာ ခ်ိဳျမိန္ေသာအသံေလးႏွင့္အတူ ေတြ႔လိုက္ရ
ေသာ ဆိုဖာေပၚတြင္ထိုင္လ်က္ အျပံဳးေတြျဖင့္ ဆီးႀကိဳ
ေနေသာမားမားရင္ခြင္ထဲသို႔ ကြၽန္ေတာ္ ေခါင္းေလးျဖင့္
တိုးေဝွ႔ဝင္မိသည္ ။
တစ္ပတ္ေနမွတစ္ခါေတြ႔ရတဲ့မားမား ။ တစ္အိမ္တည္း
အတူေနေနရေပမယ့္ အခ်ိန္ျပည့္အလုပ္ေတြအရမ္းရႈပ္
ေနေသာမားမားေၾကာင့္ အျမဲတမ္းမ်က္ႏွာခ်င္းမဆံုျဖစ္ ။
ကြၽန္ေတာ္အိပ္မွ အိမ္ျပန္ေရာက္ၿပီး ။ ကြၽန္ေတာ္မႏိုးခင္
အလုပ္ျပန္သြားရေသာ မားမားဟာ မိန္းမသားမွန္ေပမယ့္
ကုမၸဏီ၌ေယာက်္ားေတြႏွင့္ရင္ေဘာင္တန္း၍ကုမၸဏီႀကီး
တစ္ခုလံုးကိုဦးစီးဦးေဆာင္အုပ္ခ်ဳပ္ႏိုင္သည္မွာကြၽန္ေတာ့္
အတြက္ေတာ့ အံ့မခန္းပင္ ။
ဒါ့အျပင္ ငယ္ငယ္တုန္းကေတြးခဲ့ဖူးတဲ့ ကေလးဆန္ဆန္
အေတြးေလး အတိုင္းပါပဲ ။
ကြၽန္ေတာ့္မားမားသည္ ။ ကြၽန္ေတာ့္ဘဝမွာ ေလးစားရ
ဆံုးနွင့္အားက်ရဆံုးေသာတစ္ဦးတည္းေသာအမ်ိဳးသမီး
သူရဲေကာင္း ။
" မားမား ! "
မားမားရင္ခြင္ထဲတိုးဝင္ကာ ၿငိမ္သက္ေနမိစဥ္ ရုတ္တရက္
ကြၽန္ေတာ့္ဘယ္ဘက္လက္ကိုဆုပ္ကိုင္ကာအက်ႌလက္ကို
ဆြဲတင္လိုက္ေသာမားမားေၾကာင့္ကြၽန္ေတာ္အလန္႔တၾကား
ႏွင့္ မားမားဆုပ္ကိုင္ထားေသာဘယ္ဘက္လက္ကိုျပန္႐ုတ္
သိမ္းဖို႔ဟန္ျပင္ေသာ္လည္းလက္ကိုလြယ္လြယ္ ျပန္မလႊတ္
ေပးတဲ့ မားမားေၾကာင့္ အခ်ည္းအႏွီးသာ ။
" မားမားကိုခ်စ္တယ္ဆိုရင္ ေနာက္တစ္ခါ
အခုလိုနာရီမပတ္ဘဲမေနပါနဲ႔ သားေလး "
လက္ေကာက္ဝတ္၌နာရီအသစ္ကေလးကို ဝတ္
ေပးရင္း ေလသံေအးေအးေလးႏွင့္ေျပာလာသည္ ။
" ဘယ္လိုလဲ သားေလး .. မားမား အသစ္ဝယ္လာတဲ့
နာရီေလးကို သေဘာက်ရဲ႕လား "
" ဟုတ္ သေဘာက်တယ္ မားမား "
လက္ေကာက္ဝတ္က ဆိတ္ျငိမ္သက္ေနတဲ့ အနက္ေရာင္
နာရီေလးကို ေငးၾကည့္ရင္း မားမားရင္ခြင္ထဲသို႔ ကြၽန္ေတာ္
တဖန္ ျပန္တိုးဝင္မိသည္ ။
" မားမား "
" ေျပာေလ သားေလး .. မားမား နားေထာင္ေပးေနတယ္ "
ကြၽန္ေတာ္ကိုယ္လံုးေလးကိုမေလ်ာ့မတင္းေလးေထြးပိုက္
ထားေပးေသာမားမားရဲ႕ကိုယ္သင္းရနံ႔ေလးအားကြၽန္ေတာ္
မ်က္ဝန္းစံုမိွတ္ကာ႐ွဴ႐ွိဴက္ျပီး သက္ျပင္းတစ္ခ်က္ကိုမသိ
မသာေလး ခိုးခ်ရင္း ...
" မားမား ပါးပါးေၾကာင့္ နာက်င္ခဲ့ရဖူးလား ဟင္ ! "
" နာက်င္ခဲ့ဖူးတာေပါ့ .. မားမားက နာက်င္ခဲ့ဖူးရံုတင္
ဘယ္ကမလဲ စိတ္ေရာလူပါ ပင္ပန္းခဲ့ရတာ "
" ဘာျဖစ္လို႔လဲ .. ပါးပါးကမားမားကိုသိပ္ခ်စ္တာ
မဟုတ္ဘူးလား? "
နႈတ္ခမ္းေလးဆူလ်က္ ကြၽန္ေတာ္ ေမးေတာ့
မားမားက အလွဆံုး ျပံဳးလ်က္ ...
" မားမားက သားေလး ပါးပါးရဲ႕အခ်စ္ဦးမျဖစ္ခဲ့ဘူး
သားေလးရဲ႕ .. သားေလး ပါးပါးက မားမားနဲ႔ခ်စ္သူ
မျဖစ္ခင္ အေ႐ွ႕မွာ အခ်စ္ဦးတစ္ေယာက္ရိွခဲ့တယ္
အဲ့အခ်စ္ဦးကလည္း သားေလး ပါးပါးကမားမားကို
ျငင္းၿပီး ပထမဆံုးသူေရြးခ်ယ္သြားခဲ့တဲ့သူေလ "
" မားမား အရမ္းနာက်င္ခဲ့ရမွာေပါ့ "
" သိပ္ကိုနာက်င္ခဲ့ရတာေပါ့ သားေလးရယ္ ဒါေပမဲ့
မားမားဘက္က လြယ္လြယ္နဲ႔. လက္မေလ်ာ့ခဲ့ဘူး
သားေလး .. သားေလးရဲ႕ပါးပါးကမားမားကိုျပန္မခ်စ္
ေပးႏိုင္တာေတာင္မားမားဘက္က သားေလးရဲ႕ပါးပါး
အေပၚကို တစ္စက္ကေလးမွ အခ်စ္မေလ်ာ့ခဲ့ဘူး ဘယ္သူမွမနာက်င္ရေအာင္အမ်ားျမင္ေအာင္မားမား
အခ်စ္ေတြကို ထုတ္ေဖာ္မျပေတာ့ဘဲ ရင္ခြင္တံခါးကို
အလံုပိတ္ ရင္ထဲမွာပဲျမိဳ႕သိမ့္ၿပီးခ်စ္ေနခ့ဲ့တာမ်ိဳးေပါ့ "
" ဒါဆို ပါးပါးကမားမားဘက္ကို ဘယ္လိုျပန္လွည့္
ၾကည့္ေပးခဲ့တာလဲ ? "
" ဒါကေတာ့ သားေလးရဲ႕ပါးပါးအေပၚထားတဲ့ မားမားရဲ႕
အခ်စ္ကအစစ္အမွန္ျဖစ္လို႔ေပါ့သားေလးရယ္ သားေလး
လည္း ငယ္ငယ္တုန္းကပါးပါးေျပာတာကိုၾကားဖူးခဲ့မွာေပါ့
မားမားက သူ႔အခ်စ္ဦးမဟုတ္ခဲ့ေပမယ့္ေနာက္ထပ္မရိွနိုင္
တဲ့ ေနာက္ဆံုးအခ်စ္ဆိုတာ လူတိုင္းမွာ အခ်စ္ဦးဆိုတာ
ေတာ့ ရိွၾကစျမဲပဲ သားေလး .. ဒါေပမဲ့ အခ်စ္ဦးက ကိုယ့္
ဘဝရဲ႕ လက္တြဲေဖာ္ျဖစ္ရမယ္လို႔တစ္ထစ္ခ်ျပီးေတြးထား
တာကေတာ့ နည္းလမ္မမွန္ဘူး အခ်စ္ဦးနဲ႔ ဘဝလက္တြဲ
ေဖာ္ျဖစ္ခဲ့လူေတြလည္းရိွၾကသလို အခ်စ္ဦးနဲ႔လက္တြဲေဖာ္
မျဖစ္ခဲ့တဲ့လူေတြလည္းရိွၾကၿပီး သားေလး လက္ခ်ိဳးျပီးေရ
တြက္ရင္ေတာင္ျပီးဆံုးႏိုင္မွာမဟုတ္ဘူး အဓိကက ကိုယ့္
ဘက္က ခ်စ္ျခင္းေမတၱာတရားက အစစ္အမွန္ ျဖစ္ေနဖို႔ပဲ
ဘယ္ေလာက္ပဲ ကိုယ့္ဘက္ကိုလွည့္မၾကည့္ဘဲလ်စ္လ်ဴရႈ
ေနပါေစ တကယ့္တကယ္အတုအေယာင္နဲ႔ယွဥ္တြဲခိုင္းႏိႈင္း
မိတဲ့ အခါက်ရင္ ၊ အခ်ိန္က်ရင္ေတာ့ အႏိုင္ရသူက အစစ္
အမွန္ပဲ သားေလး "
မားမား ရင္ခြင္ထဲ ၿငိမ္သက္ၿပီး မားမားေျပာစကားတို႔ကို
နားစိုက္ေထာင္ေနရင္း ။ ေဝဝါးေနေသာ နာက်င္စရာ
အေတြးတခ်ိဳ႔တို႔ကိုတစ္ခန္းရပ္ၿပီး ကြၽန္ေတာ္ ဆံုးျဖတ္
ခ်က္ တစ္ခုကိုျပတ္ျပတ္သားသား ခ်လိုက္မိသည္ ။
ေနာက္ဆံုးမားမားေျပာသလို ။ ကိုကိုေရာ ။ ကြၽန္ေတာ္
ေရာ ။ ကြၽန္ေတာ့္ႏွလံုးသားေလးေရာ ။ ဘယ္သူမွမနာ
က်င္ရေအာင္ ကြ်န္ေတာ့္ရဲ႕ ရင္ခြင္တံခါးေလးကို အလံု
ပိတ္သင့္ၿပီေလ ။
တစ္ခန္းရပ္ နာက်င္မႈ ။ ၿမိဳသိပ္ ခံစားခ်က္ ။
စို႔နစ္ဝမ္းနည္းမႈ အေဝးသို႔ႏွင္ ။
အလံုပိတ္သြားတဲ့ ရင္ခြင္တံခါးထက္ ခ်ိတ္ဆြဲ
ထားတဲ့ ဆိုင္းဘုတ္ေလး ။ ဧည့္သည္ မလာရ ။
_________________________________
ဆက္ရန္ ...
24.12.2019
REN JO JO
_________________________________
「BYUN BAEKHYUN」
လှပပြီး အကျည်းတန်တဲ့အချစ်ပန်းလေး ရင်မှာပျိုး
ထားတယ် ။ အချစ် ၊ အလွမ်း ၊ အမုန်း တစ်လှည့်စီ
လောင်းပေးရင်း ကြီးထွားအချိန်တန် ။ ခြွေလိုသူ
အဘယ်နည်း ? ။
အမြဲတမ်း အဝေးကနေပဲကိုကို့ကိုငေးကြည့်မိတယ် ။
ကျွန်တော်သိပ်မြတ်နိုးရတဲ့ ကျွန်တော့်နှလုံးသားလေး
မို့ ။
ရှေ့တစ်လှမ်းတိုးတိုင်း ဝေးဝေးလံသွားတဲ့ နှလုံးသား ။
ဆက်မတိုးပဲနေရင်ရော အနားကိုအရောက်လာပေးမှာ
တဲ့လား ? ။
ရပ်တန့်ထားသော်လည်း နာကျင်မှုထက်မပိုတဲ့အချစ် ။
တယ်နားလည်ရခက်တဲ့ လွယ်မလိုလိုနှင့် ရှုပ်ထွေးတဲ့
ပဟေဠိ ။
ညှိစရာအဖြေမရှိ ။ အလွမ်းတွေသာခင်းကျင်းထားတဲ့
လမ်းထက်လျှောက်လှမ်းနေရတဲ့ နှလုံးသားလေးကို
အဖြေမှန်လေးနှင့် အလင်းဆောင်ကျင်းပေးနိုင်မလား ? ။
ဖြစ်ပျက်သမျှ အရာရာ ။ ကောင်းကောင်း ၊ ဆိုးဆိုး
လက်ခံပေးရမှာက အမှန်တရားရဲ့သဘောသဘာဝ ။
မေ့နိုင်ပြီလို့ ရူးကြောင်ကြောင်အတွေးလေးတစ်ခုဝင်မိ
တဲ့ နှလုံးသား ။ မဖြစ်နိုင်ဘူးလို့ ။ သက်သေပြနေသော
ကိုကိုနှင့် ပတ်သက်ပြီး အသေးအမွှားအကြောင်းကအစ
မှတ်မိနေတဲ့ မှတ်ဉာဏ် ။
ယောင်လည်လည်နှင့် လှောင်ရယ်ပြုနေသလား ? ။
" တစ်ယောက်တည်းလား "
သြရှရှ အမေးသံ ။ ခေါင်းခါပြရုံမှ တစ်ပါးဆွံ့အနေမိတဲ့
နှုတ်ဝဇီ ။ ကိုကိုနှင့်ရင်ဆိုင်ဖို့ကျွန်တော်တကယ်အဆင်
မပြေသေး ။
" ကိုကိုစားပွဲထိုးကပြောတယ် စားပွဲတွေအကုန်ပြည့် ..
ဗြောင်ဘတ်ခ်ဟွန်း ! "
ကိုကို့လက်မောင်းကိုတွဲချိတ်ပြီး ပြောနေရာမှ ကိုကိုနှင့်
မျက်နှာချင်းဆိုင်တွင်ရပ်နေသောကျွန်တော့်ကိုတွေ့တာ
နှင့် သူမ မျက်ခုံးကျုံ့သွားလျက် ..
" နင်က ဒီကိုဘယ်လိုရောက်နေတာလဲ ဘတ်ခ်ဟွန်း "
" အသားကင်ဆိုင်မှာတွေ့မှတော့ အသားကင်
လာစားတာပေါ့ တုံးလိုက်တဲ့ ငါ့ညီမရယ် "
ကျွန်တော့်ထက်ဒေါင်မြင့်သော မမဒါယောင်းမှာ
ကျွန်တော့်ရဲ့ပခုံးလေးကို ဖက်ပြီး သူမ၏အမေး
အားကြားထဲမှဝင်ဖြေပေးလိုက်တော့ဆူပုတ်ပုတ်
မျက်နှာပေးဖြင့်ကျွန်တော့်ကိုစွေကြည့်ပြီးနှုတ်ဆိတ်
သွားလေသည် ။
" လက်စသတ်တော့ နင်တို့ကဒီရောက်နေတာကိုး "
တိုးရှရှကိုကို့စကားသံအဆုံး ။ ကျွန်တော့် ပခုံးကို
ယခင်ကထက် မမဒါယောင်းပိုတိုးဖက်လိုက်ကာ ..
" ဟုတ်တယ် .. ငါတို့ကသူများတွေလို အရည်မရ
အဖက်မရရည်းစားတွေဘာတွေနဲ့ ပန်းခြံတို့ဘာတို့
လျှောက်လစ်မနေတတ်ဘူး .. ဗိုက်ဆာရင် စားမယ်
အားနေရင်ဖုန်းသုံး ရှပ်ရှင်ကြည့်မယ် စာလုပ်ချိန်တန်
ရင် စာလုပ်မယ် ဒီလောက်ပဲ "
" မမ ! ! "
မမဒါယောင်း စကားအဆုံး တစ်ချက်ထအော်လိုက်
သော သူမကိုမမဒါယောင်းခပ်စွေစွေပြန်ကြည့်လျက် ..
" သတိထားနေ ယောင်းလေး .. မမ ဒါပဲပြောမယ် "
ဘယ်သူ့ကိုမှ မကြောက်တဲ့ မင်ယောင်း ။ သူ့အစ်မ
မမဒါယောင်းကိုတော့ငယ်ငယ်ကတည်းကမိဘထက်
ပိုပြီးကြောက်တတ်သည်မှာ နှစ်ယောက်မရှိ ။
ကျွန်တော့်ကို အရမ်းချစ်တဲ့မမဒါယောင်းကစကားကို
အပိုမပြောတတ်ဘူး ။ စိတ်မထင်ရင် သူဒေါသထွက်
လာတဲ့အချိန် ။ သူအကြည့်မရတဲ့ လူကို သွေးထွက်
သံယိုဖြစ်သည်အထိ လက်ပါတတ်တဲ့ အကျင့်ဆိုးရှိ
သည် ။
အဲ့ဒါကြောင့်ပဲ ဂျန်မင်ယောင်းက အခုလိုမမဒါယောင်း
ကို ကြောက်နေရခြင်းပင်ဖြစ်သည် ။
ငယ်ငယ်တုန်းကဆို မင်ယောင်းကြောင့် ကျွန်တော့်
ဒဏ်ရာရတဲ့အခါတိုင်းမှာ ကျွန်တော့်ဘက်ကနေပြီး
မားမားမတ်မတ် ရပ်တည်ပြီး မင်ယောင်းဘက်ကရပ်
တည်ပေးတဲ့ကိုကိုနှင့် အမြဲရန်ဖြစ်ပေးခဲ့သည့် မမ
ဒါယောင်းမှာ အခုလည်း ကိုကိုကကျွန်တော့်ကိုမရွေး
ချယ်ဘဲ။ မင်ယောင်းကိုရွေးချယ်သွားလို့ စိတ်အချဉ်
ဖောက်ပြနေသည်မှာ ချစ်စရာ ။
" ဂျန်ဒါယောင်း သွားမယ် "
အနောက်ကပခုံးပုတ်ကို ပြောလိုက်သော အစ်ကို
ဂျောင်ဆူး၏ စကားကြားပြီးသည်နှင့် မမဒါယောင်း
မှာ နှုတ်ခမ်းလေးဆူလျက် ..
" ဘယ်လဲဟ ! ဟူးဟူးလေးတောင် စားလို့
မပြီးသေးတဲ့ဟာကို "
" ရှပ်ရှင်ရုံကို ဂျုံအင်နီလေးကပြောတယ် ဟူးဟူးလေး
ကြည့်ချင်တဲ့ ရှပ်ရှင်ကားက ဒီနေ့ရုံတင်တာတဲ့ အဲ့ဒါ
ကလေးတွေလည်း စာမေးပွဲမရှိတုန်း ငါလိုက်ပြပေးမို့ "
" ဟုတ်လား ! ကောင်းသားပဲ ဒါနဲ့ စကားမစပ်
ဂျုံအင်လေးရဲ့လက်ထဲက ဘာဗူးကြီးလဲ ? "
အစ်ကိုဂျောင်ဆူးဘေးတွင်ရပ်နေသော ဂျုံအင်လက်
ထဲက ဗူးတစ်ဗူးအား မမဒါယောင်းလက်ညှိုးထိုးကာ
မေးလိုက်တော့ ဂျုံအင်မှာ သူ့လက်ထဲကိုင်ထားသော
ထိုဗူးလေးကို မြှောက်ပြကာ ..
" ဒါလား မမဒါယောင်း ဟွန်းအတွက် သုံးထပ်သားကင်
ဟွန်း ရုပ်ရှင်ကြည့်ရင်း စားလို့ရအောင် ကင်ပြီးထည့်လာ
တာ "
" အဟင်း .. တစ်ချို့တွေနဲ့များ ကွာလိုက်တာနော် ..
တစ်မအေတည်း မွေးပြီး ကွာလိုက်တာမှ ဆီနဲ့ရေလိုပဲ
ဘာပဲပြောပြော တော်တယ် ဂျုံအင်လေး မမ တစ်မှတ်
ပေးလိုက်ပြီ "
လက်မလေးထောင်ပြကာ ပြောနေသော မမဒါယောင်း
အား Wink တစ်ချက်ပြန်လုပ်ပြလိုက်သော ဂျုံအင် ။
ဘာအတွက် အမှတ်ပေးတာလဲတော့ ကျွန်တော် မသိ
ပေမယ့် ။ ကြည့်ရတာ သူ့ဟာနဲ့သူတော့ဟုတ်နေရော ။
" ယောလ် မင်းတို့ရောလိုက်မလား ? "
" ရား ! ဒိုဂျောင်ဆူး နင်ဘာလု့ိလေကုန်ခံပြီး သွားခေါ်
နေရတာလဲ သူလားငါတို့နဲ့လိုက်မှာ သူ့ဟာနဲ့သူနေပျော်
နေတာကို အသာလွှတ်ထားလိုက်စမ်းပါဟာ "
" ငါက နင်တို့မလိုက်စရာဘာအကြောင်းရှိလို့လဲ
ဒါယောင်း "
" ကိုကို ! "
လေသံမာမာနှင့် မမဒါယောင်းကို ပြန်ပြောသော ကိုကို ။
လက်မောင်းကို လှုပ်ခါပြီး ဟန့်တားနေတဲ့ မင်ယောင်း
စကားနှင့် မျက်နှာအမူအရာတို့ကိုတောင် ကြားရဲ့လား
မြင်သလား မပြောတတ် ။
ကိုကို့ရဲ့ ခပ်စူးစူး အကြည့်တို့မှာ ကျွန်တော့် ပခုံးကို
ဖက်ထားတဲ့ မမဒါယောင်းလက်ဆီသို့ ကျရောက်နေ
တာကြောင့် ဘယ်ရယ်ကြောင့် မဟုတ် ။ ကျွန်တော်
အနေအထိုင် နည်းနည်းကြပ်လာသလိုခံစားရသည် ။
" အဟက် မလိုက်စရာအကြောင်းမရှိလဲလိုက်ခဲ့ပေါ့
ဘယ်သူ့ကမှမလိုက်ပါနဲ့လို့ ဟန့်မတားထားဘူး လာ
ဟူးဟူးလေး .. မမတို့ သွားကြမယ် "
ကျွန်တော့်ကိုဖက်ပြီး ဆွဲခေါ်သွားသော မမဒါယောင်း
အနောက်သို့ယောင်လည်လည်ဖြင့်သာပါသွားခဲ့ရရင်း ...
အမှတ်မထင် ကိုကို့နံဘေးမှဖြတ်လိုက်တဲ့အခါ ကိုကို့
လက်နှင့်လက်ချင်းတိုက်မိသွားစဉ် ။ ရုတ်တရက်ခံစား
လိုက်ရတဲ့ ခံစားချက် ။ ကိုကိုကကျွန်တော့်လက်ကိုမသိ
မသာလေးလှမ်းဆွဲလိုက်တယ်ဆိုတဲ့ ခံစားချက် ။
အဟက် .. ကြည့်ရတာ ။ ဒီတစ်ခါလည်း ကျွန်တော်
တစ်ယောက်အတွေးတွေလွန်နေပြန်ပြီ ထင်ပါတယ် ။
_________________________________
" အိမ်ပြန်ရောက်ပါပြီ "
ပြန်ရောက်ကြောင်းအသိပါးပြီး ။ ဖိနပ်ဗီရိုတွင် ဖိနပ်ကို
စနစ်တကျစီပြီးလေးလံနေသောခြေလှမ်းတို့ဖြင့်အိမ်ထဲ
သို့ ကျွန်တော် ဝင်လာခဲ့သည် ။
" ပြန်လာပြီလား သားလေး "
" မားမား ! "
ဧည့်ခန်းထဲသို့ရောက်သည်နှင့် ကြားလိုက်ရသောလွမ်း
နေရသော ချိုမြိန်သောအသံလေးနှင့်အတူ တွေ့လိုက်ရ
သော ဆိုဖာပေါ်တွင်ထိုင်လျက် အပြုံးတွေဖြင့် ဆီးကြို
နေသောမားမားရင်ခွင်ထဲသို့ ကျွန်တော် ခေါင်းလေးဖြင့်
တိုးဝှေ့ဝင်မိသည် ။
တစ်ပတ်နေမှတစ်ခါတွေ့ရတဲ့မားမား ။ တစ်အိမ်တည်း
အတူနေနေရပေမယ့် အချိန်ပြည့်အလုပ်တွေအရမ်းရှုပ်
နေသောမားမားကြောင့် အမြဲတမ်းမျက်နှာချင်းမဆုံဖြစ် ။
ကျွန်တော်အိပ်မှ အိမ်ပြန်ရောက်ပြီး ။ ကျွန်တော်မနိုးခင်
အလုပ်ပြန်သွားရသော မားမားဟာ မိန်းမသားမှန်ပေမယ့်
ကုမ္ပဏီ၌ယောကျ်ားတွေနှင့်ရင်ဘောင်တန်း၍ကုမ္ပဏီကြီး
တစ်ခုလုံးကိုဦးစီးဦးဆောင်အုပ်ချုပ်နိုင်သည်မှာကျွန်တော့်
အတွက်တော့ အံ့မခန်းပင် ။
ဒါ့အပြင် ငယ်ငယ်တုန်းကတွေးခဲ့ဖူးတဲ့ ကလေးဆန်ဆန်
အတွေးလေး အတိုင်းပါပဲ ။
ကျွန်တော့်မားမားသည် ။ ကျွန်တော့်ဘဝမှာ လေးစားရ
ဆုံးနှင့်အားကျရဆုံးသောတစ်ဦးတည်းသောအမျိုးသမီး
သူရဲကောင်း ။
" မားမား ! "
မားမားရင်ခွင်ထဲတိုးဝင်ကာ ငြိမ်သက်နေမိစဉ် ရုတ်တရက်
ကျွန်တော့်ဘယ်ဘက်လက်ကိုဆုပ်ကိုင်ကာအကျႌလက်ကို
ဆွဲတင်လိုက်သောမားမားကြောင့်ကျွန်တော်အလန့်တကြား
နှင့် မားမားဆုပ်ကိုင်ထားသောဘယ်ဘက်လက်ကိုပြန်ရုတ်
သိမ်းဖို့ဟန်ပြင်သော်လည်းလက်ကိုလွယ်လွယ် ပြန်မလွှတ်
ပေးတဲ့ မားမားကြောင့် အချည်းအနှီးသာ ။
" မားမားကိုချစ်တယ်ဆိုရင် နောက်တစ်ခါ
အခုလိုနာရီမပတ်ဘဲမနေပါနဲ့ သားလေး "
လက်ကောက်ဝတ်၌နာရီအသစ်ကလေးကို ဝတ်
ပေးရင်း လေသံအေးအေးလေးနှင့်ပြောလာသည် ။
" ဘယ်လိုလဲ သားလေး .. မားမား အသစ်ဝယ်လာတဲ့
နာရီလေးကို သဘောကျရဲ့လား "
" ဟုတ် သဘောကျတယ် မားမား "
လက်ကောက်ဝတ်က ဆိတ်ငြိမ်သက်နေတဲ့ အနက်ရောင်
နာရီလေးကို ငေးကြည့်ရင်း မားမားရင်ခွင်ထဲသို့ ကျွန်တော်
တဖန် ပြန်တိုးဝင်မိသည် ။
" မားမား "
" ပြောလေ သားလေး .. မားမား နားထောင်ပေးနေတယ် "
ကျွန်တော်ကိုယ်လုံးလေးကိုမလျော့မတင်းလေးထွေးပိုက်
ထားပေးသောမားမားရဲ့ကိုယ်သင်းရနံ့လေးအားကျွန်တော်
မျက်ဝန်းစုံမှိတ်ကာရှူရှိူက်ပြီး သက်ပြင်းတစ်ချက်ကိုမသိ
မသာလေး ခိုးချရင်း ...
" မားမား ပါးပါးကြောင့် နာကျင်ခဲ့ရဖူးလား ဟင် ! "
" နာကျင်ခဲ့ဖူးတာပေါ့ .. မားမားက နာကျင်ခဲ့ဖူးရုံတင်
ဘယ်ကမလဲ စိတ်ရောလူပါ ပင်ပန်းခဲ့ရတာ "
" ဘာဖြစ်လို့လဲ .. ပါးပါးကမားမားကိုသိပ်ချစ်တာ
မဟုတ်ဘူးလား? "
နှုတ်ခမ်းလေးဆူလျက် ကျွန်တော် မေးတော့
မားမားက အလှဆုံး ပြုံးလျက် ...
" မားမားက သားလေး ပါးပါးရဲ့အချစ်ဦးမဖြစ်ခဲ့ဘူး
သားလေးရဲ့ .. သားလေး ပါးပါးက မားမားနဲ့ချစ်သူ
မဖြစ်ခင် အရှေ့မှာ အချစ်ဦးတစ်ယောက်ရှိခဲ့တယ်
အဲ့အချစ်ဦးကလည်း သားလေး ပါးပါးကမားမားကို
ငြင်းပြီး ပထမဆုံးသူရွေးချယ်သွားခဲ့တဲ့သူလေ "
" မားမား အရမ်းနာကျင်ခဲ့ရမှာပေါ့ "
" သိပ်ကိုနာကျင်ခဲ့ရတာပေါ့ သားလေးရယ် ဒါပေမဲ့
မားမားဘက်က လွယ်လွယ်နဲ့. လက်မလျော့ခဲ့ဘူး
သားလေး .. သားလေးရဲ့ပါးပါးကမားမားကိုပြန်မချစ်
ပေးနိုင်တာတောင်မားမားဘက်က သားလေးရဲ့ပါးပါး
အပေါ်ကို တစ်စက်ကလေးမှ အချစ်မလျော့ခဲ့ဘူး ဘယ်သူမှမနာကျင်ရအောင်အများမြင်အောင်မားမား
အချစ်တွေကို ထုတ်ဖော်မပြတော့ဘဲ ရင်ခွင်တံခါးကို
အလုံပိတ် ရင်ထဲမှာပဲမြို့သိမ့်ပြီးချစ်နေခဲ့တာမျိုးပေါ့ "
" ဒါဆို ပါးပါးကမားမားဘက်ကို ဘယ်လိုပြန်လှည့်
ကြည့်ပေးခဲ့တာလဲ ? "
" ဒါကတော့ သားလေးရဲ့ပါးပါးအပေါ်ထားတဲ့ မားမားရဲ့
အချစ်ကအစစ်အမှန်ဖြစ်လို့ပေါ့သားလေးရယ် သားလေး
လည်း ငယ်ငယ်တုန်းကပါးပါးပြောတာကိုကြားဖူးခဲ့မှာပေါ့
မားမားက သူ့အချစ်ဦးမဟုတ်ခဲ့ပေမယ့်နောက်ထပ်မရှိနိုင်
တဲ့ နောက်ဆုံးအချစ်ဆိုတာ လူတိုင်းမှာ အချစ်ဦးဆိုတာ
တော့ ရှိကြစမြဲပဲ သားလေး .. ဒါပေမဲ့ အချစ်ဦးက ကိုယ့်
ဘဝရဲ့ လက်တွဲဖော်ဖြစ်ရမယ်လို့တစ်ထစ်ချပြီးတွေးထား
တာကတော့ နည်းလမ်မမှန်ဘူး အချစ်ဦးနဲ့ ဘဝလက်တွဲ
ဖော်ဖြစ်ခဲ့လူတွေလည်းရှိကြသလို အချစ်ဦးနဲ့လက်တွဲဖော်
မဖြစ်ခဲ့တဲ့လူတွေလည်းရှိကြပြီး သားလေး လက်ချိုးပြီးရေ
တွက်ရင်တောင်ပြီးဆုံးနိုင်မှာမဟုတ်ဘူး အဓိကက ကိုယ့်
ဘက်က ချစ်ခြင်းမေတ္တာတရားက အစစ်အမှန် ဖြစ်နေဖို့ပဲ
ဘယ်လောက်ပဲ ကိုယ့်ဘက်ကိုလှည့်မကြည့်ဘဲလျစ်လျူရှု
နေပါစေ တကယ့်တကယ်အတုအယောင်နဲ့ယှဉ်တွဲခိုင်းနှိုင်း
မိတဲ့ အခါကျရင် ၊ အချိန်ကျရင်တော့ အနိုင်ရသူက အစစ်
အမှန်ပဲ သားလေး "
မားမား ရင်ခွင်ထဲ ငြိမ်သက်ပြီး မားမားပြောစကားတို့ကို
နားစိုက်ထောင်နေရင်း ။ ဝေဝါးနေသော နာကျင်စရာ
အတွေးတချို့တို့ကိုတစ်ခန်းရပ်ပြီး ကျွန်တော် ဆုံးဖြတ်
ချက် တစ်ခုကိုပြတ်ပြတ်သားသား ချလိုက်မိသည် ။
နောက်ဆုံးမားမားပြောသလို ။ ကိုကိုရော ။ ကျွန်တော်
ရော ။ ကျွန်တော့်နှလုံးသားလေးရော ။ ဘယ်သူမှမနာ
ကျင်ရအောင် ကျွန်တော့်ရဲ့ ရင်ခွင်တံခါးလေးကို အလုံ
ပိတ်သင့်ပြီလေ ။
တစ်ခန်းရပ် နာကျင်မှု ။ မြိုသိပ် ခံစားချက် ။
စို့နစ်ဝမ်းနည်းမှု အဝေးသို့နှင် ။
အလုံပိတ်သွားတဲ့ ရင်ခွင်တံခါးထက် ချိတ်ဆွဲ
ထားတဲ့ ဆိုင်းဘုတ်လေး ။ ဧည့်သည် မလာရ ။
_________________________________
ဆက်ရန် ...
24.12.2019
REN JO JO