「BYUN BAEKHYUN」
အစပ်ိဳးေနတဲ့ကြၽန္ေတာ့္ရင္ခုန္သံေတြကို ကိုကိုၾကားလား ? ။
ဘယ္ေတာ့မွမဆံုးႏိုင္ အနာဂတ္ခရီးကို ကိုကို႔အခ်စ္ေတြနဲ႔
အတူ ကြ်န္ေတာ္ျဖတ္သန္းသြားခ်င္တာကိုေရာ ကိုကိုသိလား ? ။
ကိုကို မသိခ်င္ပါဘူး ။ မဟုတ္ဘူး ။
ကိုကို ၾကားေန ။ ကိုကို သိေနရရင္ေတာင္ ။ အရင္လိုပဲ
ကြ်န္ေတာ့္ ခံစားခ်က္ေတြကို မသိခ်င္ေယာင္ေဆာင္ၿပီး
လ်စ္လ်ဴရႈထားခဲ့ဦးမွာပဲ မဟုတ္လား ? ။
" ဟြန္း .. မင္းသတိရလာျပီလား "
စူး႐ွတဲ့အခန္းမီးေရာင္ေၾကာင့္ တဖ်တ္ဖ်တ္ခတ္ေနမိေသာ
မ်က္ေတာင္တစ္စံု ။ ထြက္သက္ဝင္သက္ပံုမွန္ရွဴရိွဴက္ထုတ္
လႊတ္ရင္းေမာဟိုက္ေနေသာႏွလံုးေၾကာင့္သတိရၿပီလားလို႕
ေမးေသာဂ်ံဳအင္ကိုကြၽန္ေတာ္မ်က္ေတာင္ေလးသာတစ္ခ်က္
မိွတ္ျပမိသည္ ။
" ဘယ္လိုေနေသးလဲ ဟြန္း .. အရမ္းေမာေနေသးလား ? "
စိုးရိမ္စိတ္ျဖင့္ ထပ္မံေမးလာခဲ့ေသာ ဂ်ံဳအင္ ။
" ဟင့္အင္း "
လိမ္မိသည္ ။ ဘယ္လိုမွ အေမာမၿငိမ္နိုင္သက္ေသးတဲ့
ႏွလံုးေၾကာင့္ အသက္ကိုပင့္ပင့္႐ွဴေနရတဲ့ အေျခအေနနဲ႔
ေတာင္ ဂ်ံဳအင္စိတ္မပူရေအာင္ဘာမွမျဖစ္ပါဘူးလို႔ ဟန္
ေဆာင္ျပီး ကြ်န္ေတာ္လိမ္မိသည္ ။
" အိပ္မက္မဟုတ္လား နီနီ .. ငါ အိပ္မက္အ႐ွည္ႀကီး
မက္ခဲ့တာမဟုတ္လား "
လက္ကထိုးစိုက္ထားတဲ့ေဆးအပ္ ။ သြင္းလို႔မကုန္ေသးတဲ့
ေဆးတစ္လံုးကိုမွ အားမနာ ။ ႏွလံုးသားႏွင့္စိတ္ ေျဖသာႏိုင္
ေအာင္အိပ္မက္မက္ေနတာလားလို႔ ကြၽန္ေတာ္ဂ်ံဳအင္ကို္ျပန္
ေမးမိသည္ ။
" အိပ္မက္မဟုတ္ဘူး ဟြန္း .. တကယ္ "
တကယ္ပဲ ကြ်န္ေတာ္ေတြးသလိုမ်ား အိပ္မက္တစ္ခုျဖစ္ခဲ့
ရင္ ဘယ္ေလာက္မ်ားေကာင္းလိုက္မလားလို႔ စိတ္ထဲေတြး
ေနမိေသာ အေတြးေလး ။ ေတြးလို႔ေတာင္မဆံုးေသး ။ ျပန္
ေျဖေပးလာတဲ့ဂ်ံဳအင္စကားတို႔ေၾကာင့္ ေမွ်ာ္လင့္ခ်က္မဲ့စြာ
ေရစုန္ထဲသို႔ေမ်ာပါသြားခဲ့ရ ။
- အိပ္မက္ပါလို႔ ဘာလို႔ငါ့ကိုဝိုင္းမညာေပးရတာလဲ နီနီရာ -
" နင္ေတာင္ႏိုးလာၿပီကို "
စကားသံႏွင့္အတူ ေက်ာင္းေဆးခန္းထဲ ေအာင္နိုင္သူ
အျပံဳးနွင့္ ဝင္လာခဲ့ေသာ သူမ ။ ဂ်န္မင္ေယာင္း ။
" နင္ဒီကိုဘာလာလုပ္တာလဲ ဂ်န္မင္ေယာင္း "
ေမာေနေသာ ႏွလံုးသားကို အသာထိန္းရင္း တိုးညင္း
လွေသာေလသံျဖင့္ ေမးလိုက္ေသာ ကြၽန္ေတာ့္အေမး
အဆံုးဝယ္ မဲ့ျပံဳးျပံဳးလိုက္ေသာ မ်က္နွာႏွစ္ခုနွင့္ သူမ ။
" ဘာမွမဟုတ္ပါဘူး ဒီအတိုင္း ငါနဲ႔ကိုကို႔ေၾကာင့္ တစ္စံု
တစ္ေယာက္အသည္းအသန္အေမာေဖာက္ၿပီး မူးလဲသြား
တယ္ၾကားလို႔ မေကာင္းတတ္လို႔ သက္သာလားလို႔ လာ
ၾကည့္တာ အဟက္ ၾကည့္ရတာလည္း ဘာမွမျဖစ္ပါဘူး
အေကာင္းႀကီးနဲ႔ အလတ္ၾကီးရိွေနေသးတာပဲ "
ကုတင္ထက္ေခါင္းအံုးကိုေက်ာမိွီၿပီးထိုင္ေနေသာ
ကြၽန္ေတာ့္ကိုၾကည့္ၿပီး ကပ်က္ကေခ်ာ္ဆိုေနေသာ
သူမ ။
ဒါလား ? ။ စိတ္ေကာင္းလြန္းလို႔ နတ္သမီးေလးနဲ႔
တူတယ္လို႔ အတန္းထဲကေကာင္ေတြ ေျပာေျပာေန
တဲ့ ကေလးသ႐ုပ္ေဆာင္ ေမာ္ဒယ္တက္သစ္စ ဂ်န္
မင္ေယာင္းဆိုတာ ။
သူမရဲ႕ သ႐ုပ္မွန္အစစ္က စိတ္ပုတ္မ ။ အူပုတ္မ ။
ကြၽန္ေတာ့္ကို အခ်ိန္ျပည့္လိုက္ၿပိဳင္ၿပီး မနာလိုလိုက္
ျဖစ္ေနတဲ့ဟန္ေဆာင္မ်က္ႏွာဖံုးေတြမ်ားတဲ့နတ္သမီး
မဟုတ္တဲ့ နတ္ဆိုးမ ။
" မင္းစကားကိုဆင္ဆင္ေျခေျခေျပာရင္ေကာင္းမယ္
မင္ေယာင္း "
ဗိုက္ေပၚတင္ထားတဲ့ကြၽန္ေတာ့္လက္ေလးတစ္စံုမွ လက္
တစ္ဖက္ကိုဆုပ္ကိုင္ၿပီး ေဘးမွဝင္ဟန္႔သလို ဂ်ံဳအင္ ျပန္
ေျပာလိုက္ေတာ့ အျပံဳးတစ္ခ်က္မပ်က္ ေခါင္းတၿငိမ့္ၿငိမ့္
ႏွင့္ ကြၽန္ေတာ့္မ်က္နွာကိုသာ သူမတည့္တည့္ ျပန္စိုက္
ၾကည္ကာ ...
" ျမင္ၿပီလား ေျဗာင္ဘတ္ခ္ဟြန္း .. ဒီပြဲမွာ ငါႏိုင္တယ္ "
ၿပိဳင္ပြဲ ! ။ သတ္မွတ္ထားျခင္းမရိွသလို ။ ေလာင္းမယ္လို႔
လည္း အာမခံေျပာထားျခင္းလည္းမရိွခဲ့ ။
သူမဘာသာသူမ တစ္ေယာက္တည္းသာ သတ္မွတ္
ထားခဲ့တဲ့ ။ တစ္ေန႔က် ဘယ္သူက ကိုကို႔ရဲ႕အခ်စ္ကို
အပိုင္ရမလဲဆိုတဲ႔ ယုတၱိမရိွတဲ့ အဓိပၸါယ္မရိွတဲ့ျပိဳင္ပြဲ ။
" ဒါဆို နင္ကျပိဳင္ပြဲေၾကာင့္ ကိုကို႔အခ်စ္ကိုလက္ခံခဲ့တာ
လား ? ကိုကို႔ကိုတကယ္မခ်စ္ဘဲ ငါ့ကိုအႏိုင္ရဖို႔အတြက္
တစ္ခုတည္းေၾကာင့္တဲ့လား ? "
အေျဖမလာေသာ အေမးေတြသာ ဆိုမိသည္ ။
ကြၽန္ေတာ့္နွလံုးသား အက္ကြဲသြားတာက အေၾကာင္းမ
ဟုတ္ဘူး ။ ကြၽန္ေတာ့္အတြက္အေရးႀကီးတာက ကိုကို႔
နွလံုးသားေလး အက္ကြဲေၾကာင္းထင္ၿပီးဒဏ္ရာမရသြား
ေစဖို႔ဘဲ ။
အဟက္ ... ကြၽန္ေတာ္က တကယ္႐ူးတာပဲေနာ္ ။
" ျဖစ္စရာလား .. ငါက နင့္ထက္အရင္ နင္ကိုကို႔ဆီကို
မေရာက္လာခဲ့တဲ့ အခ်ိန္ကတည္းကစၿပီး ကိုကို႔ကိုခ်စ္
ခဲ့တဲ့သူ .. နင့္ေၾကာင့္ နင့္ကို အႏိုင္ရခ်င္တဲ့ စိတ္တစ္ခု
တည္းနဲ႔ပဲ ငါကအျပစ္မရိွတဲ့ငါခ်စ္တဲ့ကိုကို႔ႏွလံုးသားကို
ဒဏ္ရာေပးစရာလား အဟက္ နင္သိပ္အေတြးလြန္ေနၿပီ
ေျဗာင္ဘတ္ခ္ဟြန္း "
ဟုတ္လား ? ။
တကယ္ပဲ ကြၽန္ေတာ္တစ္ေယာက္တည္း အေတြးလြန္
ေနခဲ့တာလား ? ။
" ငါကကိုကို႔ကိုအရမ္းခ်စ္တယ္ ကိုကိုကလည္း ငါ့ကို
အရမ္းခ်စ္တယ္ ငါနဲ႔ကိုကို႔ၾကားထဲ ဘယ္လိုအေႏွာင့္
အယွက္မ်ိဳးမွတိုးဝင္လာခဲ့လို႔မရဘူး ေအး အကယ္လို႔
တိုးဝင္လာခဲ့ရင္လည္း ပထမဆံုး သတိေပးခ်င္တာက
အရင္ဆံုး ကိုယ့္ေရာဂါအေျခအေနကို ျပန္ဆန္းစစ္ၿပီးမွ
တိုးဝင္လာပါလို႔ပဲ ေျပာခ်င္တယ္ "
ကိုကိုက သူမကိုခ်စ္တယ္ ။
သူမကလည္း ကိုကို႔ကိုခ်စ္တယ္ ။
အမွန္တရားကနည္းနည္းေတာ့ခါးတယ္ ။
ရင္နာစရာေကာင္းေပမယ့္ .. ကြၽန္ေတာ္ေက်နပ္ပါတယ္ ။
အခု ကိုကိုကသူခ်စ္တဲ့သူမရဲ႕အခ်စ္ကိုျပန္ရခဲ့ၿပီး ေပ်ာ္ရႊင္
ေနရတဲ့အတြက္ ။ ကြၽန္ေတာ္ေျဗာင္ဘတ္ခ္ဟြန္းဘက္က
ေစာဒကတက္ၿပီး ။ မေက်နပ္စရာ တစ္ခုမွမရိွေတာ့ပါဘူး ။
ဟုတ္ပါတယ္ ။ ကိုကိုကအစကတည္းက ကြၽန္ေတာ္ပိုင္တဲ့
အရုပ္ေလး တစ္ရုပ္မွမဟုတ္ခဲ့ဘဲ ။
ကိုကိုက သက္ရိွလူသား တစ္ေယာက္ ။
ခံစားတတ္တဲ့ႏွလံုးသားနွင့္ အမွား ၊ အမွန္ကို ေသခ်ာ
ခြဲျခားသိႏိုင္တဲ့ စဥ္းစားဥာဏ္ရိွတဲ့လူသားတစ္ေယာက္ ။
ကိုယ္ပိုင္လြတ္လပ္ခြင့္အျပည့္ရိွတဲ့ ကိုယ့္ကိုယ္ကိုယ္ပိုင္
တဲ့ သူတစ္ေယာက္ ။
ကိုယ့္စိတ္ၾကိဳက္ေရြးခ်ယ္ပိုင္ခြင့္အျပည့္ရိွတဲ့သူတစ္ေယာက္ ။
အသက္၉ႏွစ္ကစျပီးမသိမသာထုထည္ၾကီးမားသိပ္သည္း
ဆျပဳၿပီး ပြားမ်ားလာတဲ့ အခ်စ္ေတြႏွင့္ကိုကို႔ကိုမွအခ်စ္ႀကီး
ခ်စ္မိခဲ့တဲ့ ကြ်န္ေတာ့္နွလံုးသားကိုမ်က္ကြယ္ျပဳၿပီးသူမကို ေရြးခ်ယ္လိုက္တာက ကိုကို႔ အလြန္မဟုတ္ဘူး ။
ကိုကို႔နွလံုးသားက တစ္ခ်ိန္က်ရင္ ကြၽန္ေတာ့္ကိုပဲ ေရြးရ
မယ္လို႔ စိတ္အစြဲျပဳၿပီးေနေနခဲ့တာကိုကကြၽန္ေတာ့္အလြန္ ။
ကြၽန္ေတာ့္ရဲ႕ ယုတ္ေလ်ာ့မရတဲ့ ၾကီးမားဆံုးေသာ အတၱ ။
အခ်စ္ဆိုတဲ့ ခံစားခ်က္က တစ္ဦးတစ္ဖက္တည္းကိုပဲ
ၾကည့္ၿပီး ဆံုးျဖတ္လို႔ရတဲ့အရာမွမဟုတ္တာ ။
အစကတည္းက ႏွစ္ဦးႏွစ္ဖက္ကိုၾကည့္ၿပီး ျဖစ္တည္လာတဲ့
အရာပဲမဟုတ္လား ။
" ဒါနဲ႔ စကားမစပ္ ေျဗာင္ဘတ္ခ္ဟြန္း ငါနင့္ကို အေရးႀကီး
တာ တစ္ခုေျပာျပရဦးမယ္ "
မ်က္ႏွာထိမ်က္ႏွာထားျဖင့္ ဟန္ပန္မ်ားကာေျပာေနေသာ
သူမအား ေမာဟိုက္ဆဲ နွလံုးတည္ရိွရာရင္ဘတ္ကိုလက္
ဖဝါးျဖင့္ အသာဖိလ်က္ အသက္မွန္မွန္႐ွဴရင္း ' ဘာလဲ '
ဆိုေသာသေဘာျဖင့္ ကြၽန္ေတာ္ေမးဆက္ျပလိုက္ေတာ့ ...
" ကိုကိုက gayမဟုတ္ဘူး .. ေယာက်္ားခ်င္းၾကိဳက္တဲ့
gayေတြကို ကိုကိုကသိပ္မုန္းတာ "
* တီတီ .. တီတီ .. တီတီ *
* ခလြမ္း *
" ဟြန္း ! ! "
တတီတီႏွင့္ၾကားမေကာင္းေအာင္ျမည္ျပေနေသာ လက္
ေကာက္ဝတ္မွနာရီကိုဆြဲျဖဳတ္ၿပီး လႊတ္ပစ္လိုက္မိေတာ့
ကြၽန္ေတာ့္ လက္တစ္စံုကို ဂ်ံဳအင္ ဖမ္းခ်ဳပ္ကိုင္ထားၿပီး
ဟန္႔တားမႈျပဳလာခဲ့သည္ ။
အခန္းေထာင့္ေလးေတြ ကြၽန္ေတာ္ေကာက္ေပါက္လို႔
ကြဲေၾကမြေနေသာနာရီေလးကို တစ္ခ်က္စိုက္ၾကည့္ၿပီး
ဂ်ံဳအင္၏ လက္တစ္စံုထဲ အခ်ဳပ္မိေနေသာ ကြ်န္ေတာ့္
လက္တစ္စံုကို ျပန္႐ုန္းကန္ထြက္ၿပီး သြင္းလို႔မၿပီးေသး
ေသာ လက္ကေဆးထိုးအပ္ကို ဆက္ခနဲဆြဲျဖဳတ္လိုက္
ၿပီး ေအာင့္တက္လာတဲ့ရင္ဘတ္ကိုဖိရင္း ကုတင္ေပၚမွ
ဆင္း၍ မတ္တပ္ထရပ္လိုက္သည္ ။
" ငါ နင့္ကိုဘာစကားမွမေျပာခ်င္ဘူး မင္ေယာင္း
တစ္ခုပဲ .. ငါနင့္ကို တစ္ခုပဲ ေတာင္းဆိုခ်င္တယ္ "
" ေျပာၾကည့့္ေလ "
" ကိုကို႔ကို နင့္အခ်စ္ေတြနဲ႔ေပ်ာ္ေအာင္ထားေပးပါ "
" ဒါက နင္ေတာင္းဆိုမွမဟုတ္ပါဘူး .. နင္သိထားဖို႔က
အခု ကိုကိုကငါ့ခ်စ္သူျဖစ္ေနၿပီဆိုတာပဲ "
" ဟုတ္ပါၿပီ ကိုကိုကနင့္ခ်စ္သူပါ .. နင္နဲ႔ကိုကို ေပ်ာ္ရြင္
ပါေစလို႔လည္း ငါဆုေတာင္းေပးလိုက္တယ္ လာ .. နီနီ ငါတို႔အတန္းကိုျပန္ရေအာင္ "
သူမမ်က္ႏွာကိုေစ့ေစ့ျပန္ၾကည့္ၿပီး သူမသိပ္ၾကားခ်င္သည့္
ဆုေတာင္းစကားကုိေျပာျဖစ္ေအာင္ေျပာေပးခဲ့ၿပီး အတန္း
တက္ရန္အတန္းဆီသို႔သာ ကြၽန္ေတာ္ထြက္လာခဲ့သည္ ။
_________________________________
" ကိုႀကီးပတ္ ! "
အတန္းဆီသို႔ျပန္သည့္ စၾကၤန္ေလွ်ာက္လမ္းတြင္ၾကမ္းျပင္
၌ခင္းက်င္းထားတဲ့ အျဖဴေရာင္ ေႂကြျပားေတြဆီကိုသာ အ
ၾကည့့္ပို႔ရင္း ကြ်န္ေတာ္ေခါင္းငိုက္စိုက္ကာေလွ်ာက္ေနမိရာ
႐ုတ္တရက္ၾကားရတဲ့ကြၽန္ေတာ့္ကိုတြဲၿပီးေလွ်ာက္ေနေသာ
ဂ်ံဳအင္နႈတ္မွ ေႁခြခ်လိုက္ေသာ အမည္နာမ တစ္ခုေၾကာင့္
ေလွ်ာက္လွမ္းေနရာမွ ႐ုတ္ခ်ည္းေက်ာက္ဆူးခ်ထားသည့္
အလား ေျခတစ္လွမ္းမွဆက္မလွမ္းႏိုင္ေတာ့ဘဲေရာက္ရာ
ေနရာမွာပဲ စံုရပ္သြားတဲ့ ကြၽန္ေတာ့္ေျခလွမ္းေတြ ။
အဟက္ .. တယ္လည္း အမိန္႔ေတြနာခံေနတတ္သကိုး ။
" စကားခဏေျပာရေအာင္ ေပါက္စ "
" ကိုကို ကြၽန္ေတာ့္ကိုဘာေျပာခ်င္လို႔လဲ "
ေလသံခပ္ေအးေအးျဖင့္ အေမးျပန္ဆိုလိုက္ေတာ့ ..
ကြၽန္ေတာ့္ေဘးက ကြၽန္ေတာ့္လက္ေမာင္း တစ္ဖက္ကို
ေဖးကူတြဲထားေပးတဲ့ ဂ်ံဳအင္ဆီသို႔ အၾကည့္ပို႔လိုက္တဲ့
ကိုကို ။
ေျပာခ်င္တာက ကိုကိုက ကြၽန္ေတာ္နဲ႔ႏွစ္ေယာက္တည္း
သီးသန္႔ စကားေျပာခ်င္တယ္ေပါ့ ။
" ေျပာစရာရွိရင္ ဒီမွာပဲေျပာေပးပါကိုကို ကြၽန္ေတာ္အတန္း
အျမန္ျပန္ရေတာ့မွာမို႔ တျခားကိုသြားဖို႔ အခ်ိန္သိပ္မရဘူး
ၿပီးေတာ့ .. နီနီကလည္း သူစိမ္းမွမဟုတ္ဘဲ ကိုကိုေျပာခ်င္
တာကိုသာေျပာပါ ကြၽန္ေတာ္နားေထာင္ေပးဖို႔အဆင္သင့္ပဲ "
" ေယာင္းေလးေျပာတာ တကယ္လား "
ၾသ႐ွ႐ွ ကိုကို႔ အေမးစကားအသံ ။
" ကိုကိုကေရာ ဘယ္လိုထင္လဲ .. သူေျပာတာကို
ယံုလား ? "
နႈတ္ဆိတ္ေနျခင္းက ဝန္ခံျခင္းလို႔မွတ္ယူနိုင္တယ္
ကိုကို ။
" ဟုတ္တယ္ ကိုကို .. ဂ်န္မင္ေယာင္းေျပာတာ မွန္တယ္
ကြၽန္ေတာ္ ကိုကို႔ခ်စ္တယ္ "
" မခ်စ္နဲ႔ ေပါက္စ "
စကၠန္႔မျခား အေျဖျပန္ေပးတဲ့ ကိုကို ။
ကိုကိုသိလား ။
ကြၽန္ေတာ့္ လက္ေကာက္ဝတ္မွာ ကြၽန္ေတာ့္ႏွလံုးသား
နာက်င္ေနတယ္ဆိုတာ ကိုကိုသိရေအာင္လို႔ အခ်က္ျပ
ေပးႏိုင္မယ့္ နာရီမရိွဘူး ။
ဒါေပမဲ့့ ကိုကို႔ဆီကစကၠန္႔မျခားျပန္ရလိုက္တဲ့ အေျဖစကား
တစ္ခြန္းေၾကာင့္ ကြၽန္ေတာ့္ႏွလံုးသားဘယ္ေလာက္ေတာင္
တိတ္တဆိတ္ နာက်င္ျပီး ငိုေႂကြးေနရသလဲဆိုတာကိုေတာ့
မ်က္ရည္ေတြႏွင့္ေဘာင္ဘင္ခတ္ေနတဲ့ ကြၽန္ေတာ့္မ်က္ဝန္း
ကို ကိုကိုၾကည့္မယ္ဆိုရင္ေတာ့ သိႏိုင္ပါတယ္ ။
ဒါေပမဲ့ .. ကိုကို မၾကည့္ခဲ့ဘူး ။
အခုကြၽန္ေတာ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ၿပီးစကားေျပာေနတာ
ေတာင္ ကိုကို႔ရဲ႕အၾကည့္ေတြက ကြၽန္ေတာ္မဟုတ္တဲ့
ၾကမ္းျပင္ထက္ကေႂကြျပားေတြေပၚမွာ ။
ဒါကေရာ ဘယ္လိုလ်စ္လ်ဴရႈမ်ိဳးလို႔ေခၚလဲ ကိုကို ။
" ဟုတ္ကဲ့ ကိုကို "
ငိုခ်င္စိတ္တို႔ကိုအတင္းၿမိဳသိမ့္ရင္း တုန္ခါေနတဲ့အသံႏွင့္
လိုခ်င္တဲ့အေျဖကိုျပန္ေျဖေပးလိုက္တဲ့အခါမွ ကြၽန္ေတာ့္
ကို ျပန္ၾကည့္လာတဲ့ ကိုကို႔ရဲ႕မ်က္ဝန္းေတြ ။
အဆိပ္ဆူးတစ္ေခ်ာင္းလိုပဲ ။
သိပ္ကို နာက်င္စရာေကာင္းလြန္းတယ္ ။
" ေပါက္စကလိမၼာသား "
ေခါင္းေလးကို လက္ကေလးျဖင့္ တစ္ခ်က္ ၊ နွစ္ခ်က္
ဖိသပ္ေပးၿပီး အျပံဳးေလးေတြျဖင့္ ေျပာလာတဲ့ ကိုကို ။
ဒါကိုေရာ ဘယ္လိုေျပာရမလဲ ? ။
အနာေပးၿပီး ေဆးျပန္ေပးတာလား ? ။
" ေျဗာင္ဘတ္ခ္ဟြန္းပါ "
" ဟင္ ! "
ေခါင္းကို လာသပ္ေပးေနေသာ ကိုကို႔လက္ကို ကြၽန္ေတာ္
မသိမသာေလး ပုတ္ခ်လိုက္ၿပီးေျပာလိုက္ေတာ့နားမလည္
သလိုပံုေလးႏွင့္မ်က္လံုးဝိုင္းေတြနဲ႔ ျပန္စိုက္ၾကည့္လာသည္ ။
ကြၽန္ေတာ့္ဘက္ကကိုကို႔ကိုခ်စ္တဲ့အခ်စ္ေတြကို လြယ္လြယ္
နဲ႔မရပ္တန္႔ေပးနိုင္ေပမယ့္ .. အတက္ႏိုင္ဆံုး ကိုကို စိတ္ခ်မ္း
သာေအာင္ ရင္ထဲမွာပဲသိမ္းဆည္းထားၿပီးဆက္ခ်စ္ေနမွာပါ ။
ထာဝရအေနနဲ႔ေပါ့ ။
" ေပါက္စမဟုတ္ဘူး ကိုကို .. ဘတ္ခ္ဟြန္း ..
ေျဗာင္ဘတ္ခ္ဟြန္း .. ကြၽန္ေတာ့္ နာမည္က
ေျဗာင္ဘတ္ခ္ဟြန္းပါ "
အသက္၉ႏွစ္ကေန အသက္၁၇ႏွစ္ ေရာက္သည္အထိ
ကုန္ဆံုးခဲ့တဲ့ ျဖတ္ေက်ာ္လာခဲ့တဲ့ ၈ႏွစ္အေတာအတြင္း
ဘယ္တုန္းကမွကြၽန္ေတာ့္နာမည္ကို သံုးခါျပည့္ေအာင္
မေခၚခဲ့ဘူးတဲ့ ကိုကိုက ၈ႏွစ္ၾကာမွ ကိုယ့္နာမည္ကိုျပန္
မိတ္ဆက္ေပးတဲ့ ကြ်န္ေတာ့္ကို႐ူးတယ္လို႔ထင္ေကာင္း
ထင္ခ်င္လိမ့္မယ္ ။
အရြယ္မေရာက္ေသးတဲ့ ေပါက္စလို႔ပဲ အျမဲမွတ္ယူထား
တဲ့ ကိုကို႔နွလံုးသားကို ကြၽန္ေတာ္ အရြယ္ေရာက္ပါျပီလို႔
သြယ္ဝိုက္ေျပာေနမိေသာ ကြၽန္ေတာ္က ကိုကိုထင္ထား
သေလာက္ မေပ်ာ့ညံ့ဘူး ။ အသည္းမႏုဘူး ကိုကို ။
ကိုကို႔ဘက္က ကြၽန္ေတာ့္ ကမ္းလက္မေပးႏိုင္ေပမယ့္ ။
ကြၽန္ေတာ့္ဘက္ကေတာ့ ကိုကို႔အတြက္ဆို အျမဲတမ္း
ကမ္းလက္ေပးထားစျမဲပါ ။
ခ်စ္တယ္ ကိုကို ။
ဒါေပမယ့္ အဲ့ဒီအခ်စ္ေတြကို ကြၽန္ေတာ့္ရင္ထဲမွာပဲ
ျမိဳသိမ့္ျပီး သိမ္းဆည္းထားပါရေစ ။
_________________________________
ဆက္ရန္ . . .
23.12.2019
REN JO JO
_________________________________
「BYUN BAEKHYUN」
အစပျိုးနေတဲ့ကျွန်တော့်ရင်ခုန်သံတွေကို ကိုကိုကြားလား ? ။
ဘယ်တော့မှမဆုံးနိုင် အနာဂတ်ခရီးကို ကိုကို့အချစ်တွေနဲ့
အတူ ကျွန်တော်ဖြတ်သန်းသွားချင်တာကိုရော ကိုကိုသိလား ? ။
ကိုကို မသိချင်ပါဘူး ။ မဟုတ်ဘူး ။
ကိုကို ကြားနေ ။ ကိုကို သိနေရရင်တောင် ။ အရင်လိုပဲ
ကျွန်တော့် ခံစားချက်တွေကို မသိချင်ယောင်ဆောင်ပြီး
လျစ်လျူရှုထားခဲ့ဦးမှာပဲ မဟုတ်လား ? ။
" ဟွန်း .. မင်းသတိရလာပြီလား "
စူးရှတဲ့အခန်းမီးရောင်ကြောင့် တဖျတ်ဖျတ်ခတ်နေမိသော
မျက်တောင်တစ်စုံ ။ ထွက်သက်ဝင်သက်ပုံမှန်ရှူရှိူက်ထုတ်
လွှတ်ရင်းမောဟိုက်နေသောနှလုံးကြောင့်သတိရပြီလားလို့
မေးသောဂျုံအင်ကိုကျွန်တော်မျက်တောင်လေးသာတစ်ချက်
မှိတ်ပြမိသည် ။
" ဘယ်လိုနေသေးလဲ ဟွန်း .. အရမ်းမောနေသေးလား ? "
စိုးရိမ်စိတ်ဖြင့် ထပ်မံမေးလာခဲ့သော ဂျုံအင် ။
" ဟင့်အင်း "
လိမ်မိသည် ။ ဘယ်လိုမှ အမောမငြိမ်နိုင်သက်သေးတဲ့
နှလုံးကြောင့် အသက်ကိုပင့်ပင့်ရှူနေရတဲ့ အခြေအနေနဲ့
တောင် ဂျုံအင်စိတ်မပူရအောင်ဘာမှမဖြစ်ပါဘူးလို့ ဟန်
ဆောင်ပြီး ကျွန်တော်လိမ်မိသည် ။
" အိပ်မက်မဟုတ်လား နီနီ .. ငါ အိပ်မက်အရှည်ကြီး
မက်ခဲ့တာမဟုတ်လား "
လက်ကထိုးစိုက်ထားတဲ့ဆေးအပ် ။ သွင်းလို့မကုန်သေးတဲ့
ဆေးတစ်လုံးကိုမှ အားမနာ ။ နှလုံးသားနှင့်စိတ် ဖြေသာနိုင်
အောင်အိပ်မက်မက်နေတာလားလို့ ကျွန်တော်ဂျုံအင်ကိုပြန်
မေးမိသည် ။
" အိပ်မက်မဟုတ်ဘူး ဟွန်း .. တကယ် "
တကယ်ပဲ ကျွန်တော်တွေးသလိုများ အိပ်မက်တစ်ခုဖြစ်ခဲ့
ရင် ဘယ်လောက်များကောင်းလိုက်မလားလို့ စိတ်ထဲတွေး
နေမိသော အတွေးလေး ။ တွေးလို့တောင်မဆုံးသေး ။ ပြန်
ဖြေပေးလာတဲ့ဂျုံအင်စကားတို့ကြောင့် မျှော်လင့်ချက်မဲ့စွာ
ရေစုန်ထဲသို့မျောပါသွားခဲ့ရ ။
- အိပ်မက်ပါလို့ ဘာလို့ငါ့ကိုဝိုင်းမညာပေးရတာလဲ နီနီရာ -
" နင်တောင်နိုးလာပြီကို "
စကားသံနှင့်အတူ ကျောင်းဆေးခန်းထဲ အောင်နိုင်သူ
အပြုံးနှင့် ဝင်လာခဲ့သော သူမ ။ ဂျန်မင်ယောင်း ။
" နင်ဒီကိုဘာလာလုပ်တာလဲ ဂျန်မင်ယောင်း "
မောနေသော နှလုံးသားကို အသာထိန်းရင်း တိုးညင်း
လှသောလေသံဖြင့် မေးလိုက်သော ကျွန်တော့်အမေး
အဆုံးဝယ် မဲ့ပြုံးပြုံးလိုက်သော မျက်နှာနှစ်ခုနှင့် သူမ ။
" ဘာမှမဟုတ်ပါဘူး ဒီအတိုင်း ငါနဲ့ကိုကို့ကြောင့် တစ်စုံ
တစ်ယောက်အသည်းအသန်အမောဖောက်ပြီး မူးလဲသွား
တယ်ကြားလို့ မကောင်းတတ်လို့ သက်သာလားလို့ လာ
ကြည့်တာ အဟက် ကြည့်ရတာလည်း ဘာမှမဖြစ်ပါဘူး
အကောင်းကြီးနဲ့ အလတ်ကြီးရှိနေသေးတာပဲ "
ကုတင်ထက်ခေါင်းအုံးကိုကျောမှီပြီးထိုင်နေသော
ကျွန်တော့်ကိုကြည့်ပြီး ကပျက်ကချော်ဆိုနေသော
သူမ ။
ဒါလား ? ။ စိတ်ကောင်းလွန်းလို့ နတ်သမီးလေးနဲ့
တူတယ်လို့ အတန်းထဲကကောင်တွေ ပြောပြောနေ
တဲ့ ကလေးသရုပ်ဆောင် မော်ဒယ်တက်သစ်စ ဂျန်
မင်ယောင်းဆိုတာ ။
သူမရဲ့ သရုပ်မှန်အစစ်က စိတ်ပုတ်မ ။ အူပုတ်မ ။
ကျွန်တော့်ကို အချိန်ပြည့်လိုက်ပြိုင်ပြီး မနာလိုလိုက်
ဖြစ်နေတဲ့ဟန်ဆောင်မျက်နှာဖုံးတွေများတဲ့နတ်သမီး
မဟုတ်တဲ့ နတ်ဆိုးမ ။
" မင်းစကားကိုဆင်ဆင်ခြေခြေပြောရင်ကောင်းမယ်
မင်ယောင်း "
ဗိုက်ပေါ်တင်ထားတဲ့ကျွန်တော့်လက်လေးတစ်စုံမှ လက်
တစ်ဖက်ကိုဆုပ်ကိုင်ပြီး ဘေးမှဝင်ဟန့်သလို ဂျုံအင် ပြန်
ပြောလိုက်တော့ အပြုံးတစ်ချက်မပျက် ခေါင်းတငြိမ့်ငြိမ့်
နှင့် ကျွန်တော့်မျက်နှာကိုသာ သူမတည့်တည့် ပြန်စိုက်
ကြည်ကာ ...
" မြင်ပြီလား ဗြောင်ဘတ်ခ်ဟွန်း .. ဒီပွဲမှာ ငါနိုင်တယ် "
ပြိုင်ပွဲ ! ။ သတ်မှတ်ထားခြင်းမရှိသလို ။ လောင်းမယ်လို့
လည်း အာမခံပြောထားခြင်းလည်းမရှိခဲ့ ။
သူမဘာသာသူမ တစ်ယောက်တည်းသာ သတ်မှတ်
ထားခဲ့တဲ့ ။ တစ်နေ့ကျ ဘယ်သူက ကိုကို့ရဲ့အချစ်ကို
အပိုင်ရမလဲဆိုတဲ့ ယုတ္တိမရှိတဲ့ အဓိပ္ပါယ်မရှိတဲ့ပြိုင်ပွဲ ။
" ဒါဆို နင်ကပြိုင်ပွဲကြောင့် ကိုကို့အချစ်ကိုလက်ခံခဲ့တာ
လား ? ကိုကို့ကိုတကယ်မချစ်ဘဲ ငါ့ကိုအနိုင်ရဖို့အတွက်
တစ်ခုတည်းကြောင့်တဲ့လား ? "
အဖြေမလာသော အမေးတွေသာ ဆိုမိသည် ။
ကျွန်တော့်နှလုံးသား အက်ကွဲသွားတာက အကြောင်းမ
ဟုတ်ဘူး ။ ကျွန်တော့်အတွက်အရေးကြီးတာက ကိုကို့
နှလုံးသားလေး အက်ကွဲကြောင်းထင်ပြီးဒဏ်ရာမရသွား
စေဖို့ဘဲ ။
အဟက် ... ကျွန်တော်က တကယ်ရူးတာပဲနော် ။
" ဖြစ်စရာလား .. ငါက နင့်ထက်အရင် နင်ကိုကို့ဆီကို
မရောက်လာခဲ့တဲ့ အချိန်ကတည်းကစပြီး ကိုကို့ကိုချစ်
ခဲ့တဲ့သူ .. နင့်ကြောင့် နင့်ကို အနိုင်ရချင်တဲ့ စိတ်တစ်ခု
တည်းနဲ့ပဲ ငါကအပြစ်မရှိတဲ့ငါချစ်တဲ့ကိုကို့နှလုံးသားကို
ဒဏ်ရာပေးစရာလား အဟက် နင်သိပ်အတွေးလွန်နေပြီ
ဗြောင်ဘတ်ခ်ဟွန်း "
ဟုတ်လား ? ။
တကယ်ပဲ ကျွန်တော်တစ်ယောက်တည်း အတွေးလွန်
နေခဲ့တာလား ? ။
" ငါကကိုကို့ကိုအရမ်းချစ်တယ် ကိုကိုကလည်း ငါ့ကို
အရမ်းချစ်တယ် ငါနဲ့ကိုကို့ကြားထဲ ဘယ်လိုအနှောင့်
အယှက်မျိုးမှတိုးဝင်လာခဲ့လို့မရဘူး အေး အကယ်လို့
တိုးဝင်လာခဲ့ရင်လည်း ပထမဆုံး သတိပေးချင်တာက
အရင်ဆုံး ကိုယ့်ရောဂါအခြေအနေကို ပြန်ဆန်းစစ်ပြီးမှ
တိုးဝင်လာပါလို့ပဲ ပြောချင်တယ် "
ကိုကိုက သူမကိုချစ်တယ် ။
သူမကလည်း ကိုကို့ကိုချစ်တယ် ။
အမှန်တရားကနည်းနည်းတော့ခါးတယ် ။
ရင်နာစရာကောင်းပေမယ့် .. ကျွန်တော်ကျေနပ်ပါတယ် ။
အခု ကိုကိုကသူချစ်တဲ့သူမရဲ့အချစ်ကိုပြန်ရခဲ့ပြီး ပျော်ရွှင်
နေရတဲ့အတွက် ။ ကျွန်တော်ဗြောင်ဘတ်ခ်ဟွန်းဘက်က
စောဒကတက်ပြီး ။ မကျေနပ်စရာ တစ်ခုမှမရှိတော့ပါဘူး ။
ဟုတ်ပါတယ် ။ ကိုကိုကအစကတည်းက ကျွန်တော်ပိုင်တဲ့
အရုပ်လေး တစ်ရုပ်မှမဟုတ်ခဲ့ဘဲ ။
ကိုကိုက သက်ရှိလူသား တစ်ယောက် ။
ခံစားတတ်တဲ့နှလုံးသားနှင့် အမှား ၊ အမှန်ကို သေချာ
ခွဲခြားသိနိုင်တဲ့ စဉ်းစားဉာဏ်ရှိတဲ့လူသားတစ်ယောက် ။
ကိုယ်ပိုင်လွတ်လပ်ခွင့်အပြည့်ရှိတဲ့ ကိုယ့်ကိုယ်ကိုယ်ပိုင်
တဲ့ သူတစ်ယောက် ။
ကိုယ့်စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်အပြည့်ရှိတဲ့သူတစ်ယောက် ။
အသက်၉နှစ်ကစပြီးမသိမသာထုထည်ကြီးမားသိပ်သည်း
ဆပြုပြီး ပွားများလာတဲ့ အချစ်တွေနှင့်ကိုကို့ကိုမှအချစ်ကြီး
ချစ်မိခဲ့တဲ့ ကျွန်တော့်နှလုံးသားကိုမျက်ကွယ်ပြုပြီးသူမကို ရွေးချယ်လိုက်တာက ကိုကို့ အလွန်မဟုတ်ဘူး ။
ကိုကို့နှလုံးသားက တစ်ချိန်ကျရင် ကျွန်တော့်ကိုပဲ ရွေးရ
မယ်လို့ စိတ်အစွဲပြုပြီးနေနေခဲ့တာကိုကကျွန်တော့်အလွန် ။
ကျွန်တော့်ရဲ့ ယုတ်လျော့မရတဲ့ ကြီးမားဆုံးသော အတ္တ ။
အချစ်ဆိုတဲ့ ခံစားချက်က တစ်ဦးတစ်ဖက်တည်းကိုပဲ
ကြည့်ပြီး ဆုံးဖြတ်လို့ရတဲ့အရာမှမဟုတ်တာ ။
အစကတည်းက နှစ်ဦးနှစ်ဖက်ကိုကြည့်ပြီး ဖြစ်တည်လာတဲ့
အရာပဲမဟုတ်လား ။
" ဒါနဲ့ စကားမစပ် ဗြောင်ဘတ်ခ်ဟွန်း ငါနင့်ကို အရေးကြီး
တာ တစ်ခုပြောပြရဦးမယ် "
မျက်နှာထိမျက်နှာထားဖြင့် ဟန်ပန်များကာပြောနေသော
သူမအား မောဟိုက်ဆဲ နှလုံးတည်ရှိရာရင်ဘတ်ကိုလက်
ဖဝါးဖြင့် အသာဖိလျက် အသက်မှန်မှန်ရှူရင်း ' ဘာလဲ '
ဆိုသောသဘောဖြင့် ကျွန်တော်မေးဆက်ပြလိုက်တော့ ...
" ကိုကိုက gayမဟုတ်ဘူး .. ယောကျ်ားချင်းကြိုက်တဲ့
gayတွေကို ကိုကိုကသိပ်မုန်းတာ "
* တီတီ .. တီတီ .. တီတီ *
* ခလွမ်း *
" ဟွန်း ! ! "
တတီတီနှင့်ကြားမကောင်းအောင်မြည်ပြနေသော လက်
ကောက်ဝတ်မှနာရီကိုဆွဲဖြုတ်ပြီး လွှတ်ပစ်လိုက်မိတော့
ကျွန်တော့် လက်တစ်စုံကို ဂျုံအင် ဖမ်းချုပ်ကိုင်ထားပြီး
ဟန့်တားမှုပြုလာခဲ့သည် ။
အခန်းထောင့်လေးတွေ ကျွန်တော်ကောက်ပေါက်လို့
ကွဲကြေမွနေသောနာရီလေးကို တစ်ချက်စိုက်ကြည့်ပြီး
ဂျုံအင်၏ လက်တစ်စုံထဲ အချုပ်မိနေသော ကျွန်တော့်
လက်တစ်စုံကို ပြန်ရုန်းကန်ထွက်ပြီး သွင်းလို့မပြီးသေး
သော လက်ကဆေးထိုးအပ်ကို ဆက်ခနဲဆွဲဖြုတ်လိုက်
ပြီး အောင့်တက်လာတဲ့ရင်ဘတ်ကိုဖိရင်း ကုတင်ပေါ်မှ
ဆင်း၍ မတ်တပ်ထရပ်လိုက်သည် ။
" ငါ နင့်ကိုဘာစကားမှမပြောချင်ဘူး မင်ယောင်း
တစ်ခုပဲ .. ငါနင့်ကို တစ်ခုပဲ တောင်းဆိုချင်တယ် "
" ပြောကြည့့်လေ "
" ကိုကို့ကို နင့်အချစ်တွေနဲ့ပျော်အောင်ထားပေးပါ "
" ဒါက နင်တောင်းဆိုမှမဟုတ်ပါဘူး .. နင်သိထားဖို့က
အခု ကိုကိုကငါ့ချစ်သူဖြစ်နေပြီဆိုတာပဲ "
" ဟုတ်ပါပြီ ကိုကိုကနင့်ချစ်သူပါ .. နင်နဲ့ကိုကို ပျော်ရွင်
ပါစေလို့လည်း ငါဆုတောင်းပေးလိုက်တယ် လာ .. နီနီ ငါတို့အတန်းကိုပြန်ရအောင် "
သူမမျက်နှာကိုစေ့စေ့ပြန်ကြည့်ပြီး သူမသိပ်ကြားချင်သည့်
ဆုတောင်းစကားကိုပြောဖြစ်အောင်ပြောပေးခဲ့ပြီး အတန်း
တက်ရန်အတန်းဆီသို့သာ ကျွန်တော်ထွက်လာခဲ့သည် ။
_________________________________
" ကိုကြီးပတ် ! "
အတန်းဆီသို့ပြန်သည့် စင်္ကြန်လျှောက်လမ်းတွင်ကြမ်းပြင်
၌ခင်းကျင်းထားတဲ့ အဖြူရောင် ကြွေပြားတွေဆီကိုသာ အ
ကြည့့်ပို့ရင်း ကျွန်တော်ခေါင်းငိုက်စိုက်ကာလျှောက်နေမိရာ
ရုတ်တရက်ကြားရတဲ့ကျွန်တော့်ကိုတွဲပြီးလျှောက်နေသော
ဂျုံအင်နှုတ်မှ ခြွေချလိုက်သော အမည်နာမ တစ်ခုကြောင့်
လျှောက်လှမ်းနေရာမှ ရုတ်ချည်းကျောက်ဆူးချထားသည့်
အလား ခြေတစ်လှမ်းမှဆက်မလှမ်းနိုင်တော့ဘဲရောက်ရာ
နေရာမှာပဲ စုံရပ်သွားတဲ့ ကျွန်တော့်ခြေလှမ်းတွေ ။
အဟက် .. တယ်လည်း အမိန့်တွေနာခံနေတတ်သကိုး ။
" စကားခဏပြောရအောင် ပေါက်စ "
" ကိုကို ကျွန်တော့်ကိုဘာပြောချင်လို့လဲ "
လေသံခပ်အေးအေးဖြင့် အမေးပြန်ဆိုလိုက်တော့ ..
ကျွန်တော့်ဘေးက ကျွန်တော့်လက်မောင်း တစ်ဖက်ကို
ဖေးကူတွဲထားပေးတဲ့ ဂျုံအင်ဆီသို့ အကြည့်ပို့လိုက်တဲ့
ကိုကို ။
ပြောချင်တာက ကိုကိုက ကျွန်တော်နဲ့နှစ်ယောက်တည်း
သီးသန့် စကားပြောချင်တယ်ပေါ့ ။
" ပြောစရာရှိရင် ဒီမှာပဲပြောပေးပါကိုကို ကျွန်တော်အတန်း
အမြန်ပြန်ရတော့မှာမို့ တခြားကိုသွားဖို့ အချိန်သိပ်မရဘူး
ပြီးတော့ .. နီနီကလည်း သူစိမ်းမှမဟုတ်ဘဲ ကိုကိုပြောချင်
တာကိုသာပြောပါ ကျွန်တော်နားထောင်ပေးဖို့အဆင်သင့်ပဲ "
" ယောင်းလေးပြောတာ တကယ်လား "
သြရှရှ ကိုကို့ အမေးစကားအသံ ။
" ကိုကိုကရော ဘယ်လိုထင်လဲ .. သူပြောတာကို
ယုံလား ? "
နှုတ်ဆိတ်နေခြင်းက ဝန်ခံခြင်းလို့မှတ်ယူနိုင်တယ်
ကိုကို ။
" ဟုတ်တယ် ကိုကို .. ဂျန်မင်ယောင်းပြောတာ မှန်တယ်
ကျွန်တော် ကိုကို့ချစ်တယ် "
" မချစ်နဲ့ ပေါက်စ "
စက္ကန့်မခြား အဖြေပြန်ပေးတဲ့ ကိုကို ။
ကိုကိုသိလား ။
ကျွန်တော့် လက်ကောက်ဝတ်မှာ ကျွန်တော့်နှလုံးသား
နာကျင်နေတယ်ဆိုတာ ကိုကိုသိရအောင်လို့ အချက်ပြ
ပေးနိုင်မယ့် နာရီမရှိဘူး ။
ဒါပေမဲ့ ကိုကို့ဆီကစက္ကန့်မခြားပြန်ရလိုက်တဲ့ အဖြေစကား
တစ်ခွန်းကြောင့် ကျွန်တော့်နှလုံးသားဘယ်လောက်တောင်
တိတ်တဆိတ် နာကျင်ပြီး ငိုကြွေးနေရသလဲဆိုတာကိုတော့
မျက်ရည်တွေနှင့်ဘောင်ဘင်ခတ်နေတဲ့ ကျွန်တော့်မျက်ဝန်း
ကို ကိုကိုကြည့်မယ်ဆိုရင်တော့ သိနိုင်ပါတယ် ။
ဒါပေမဲ့ .. ကိုကို မကြည့်ခဲ့ဘူး ။
အခုကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ပြီးစကားပြောနေတာ
တောင် ကိုကို့ရဲ့အကြည့်တွေက ကျွန်တော်မဟုတ်တဲ့
ကြမ်းပြင်ထက်ကကြွေပြားတွေပေါ်မှာ ။
ဒါကရော ဘယ်လိုလျစ်လျူရှုမျိုးလို့ခေါ်လဲ ကိုကို ။
" ဟုတ်ကဲ့ ကိုကို "
ငိုချင်စိတ်တို့ကိုအတင်းမြိုသိမ့်ရင်း တုန်ခါနေတဲ့အသံနှင့်
လိုချင်တဲ့အဖြေကိုပြန်ဖြေပေးလိုက်တဲ့အခါမှ ကျွန်တော့်
ကို ပြန်ကြည့်လာတဲ့ ကိုကို့ရဲ့မျက်ဝန်းတွေ ။
အဆိပ်ဆူးတစ်ချောင်းလိုပဲ ။
သိပ်ကို နာကျင်စရာကောင်းလွန်းတယ် ။
" ပေါက်စကလိမ္မာသား "
ခေါင်းလေးကို လက်ကလေးဖြင့် တစ်ချက် ၊ နှစ်ချက်
ဖိသပ်ပေးပြီး အပြုံးလေးတွေဖြင့် ပြောလာတဲ့ ကိုကို ။
ဒါကိုရော ဘယ်လိုပြောရမလဲ ? ။
အနာပေးပြီး ဆေးပြန်ပေးတာလား ? ။
" ဗြောင်ဘတ်ခ်ဟွန်းပါ "
" ဟင် ! "
ခေါင်းကို လာသပ်ပေးနေသော ကိုကို့လက်ကို ကျွန်တော်
မသိမသာလေး ပုတ်ချလိုက်ပြီးပြောလိုက်တော့နားမလည်
သလိုပုံလေးနှင့်မျက်လုံးဝိုင်းတွေနဲ့ ပြန်စိုက်ကြည့်လာသည် ။
ကျွန်တော့်ဘက်ကကိုကို့ကိုချစ်တဲ့အချစ်တွေကို လွယ်လွယ်
နဲ့မရပ်တန့်ပေးနိုင်ပေမယ့် .. အတက်နိုင်ဆုံး ကိုကို စိတ်ချမ်း
သာအောင် ရင်ထဲမှာပဲသိမ်းဆည်းထားပြီးဆက်ချစ်နေမှာပါ ။
ထာဝရအနေနဲ့ပေါ့ ။
" ပေါက်စမဟုတ်ဘူး ကိုကို .. ဘတ်ခ်ဟွန်း ..
ဗြောင်ဘတ်ခ်ဟွန်း .. ကျွန်တော့် နာမည်က
ဗြောင်ဘတ်ခ်ဟွန်းပါ "
အသက်၉နှစ်ကနေ အသက်၁၇နှစ် ရောက်သည်အထိ
ကုန်ဆုံးခဲ့တဲ့ ဖြတ်ကျော်လာခဲ့တဲ့ ၈နှစ်အတောအတွင်း
ဘယ်တုန်းကမှကျွန်တော့်နာမည်ကို သုံးခါပြည့်အောင်
မခေါ်ခဲ့ဘူးတဲ့ ကိုကိုက ၈နှစ်ကြာမှ ကိုယ့်နာမည်ကိုပြန်
မိတ်ဆက်ပေးတဲ့ ကျွန်တော့်ကိုရူးတယ်လို့ထင်ကောင်း
ထင်ချင်လိမ့်မယ် ။
အရွယ်မရောက်သေးတဲ့ ပေါက်စလို့ပဲ အမြဲမှတ်ယူထား
တဲ့ ကိုကို့နှလုံးသားကို ကျွန်တော် အရွယ်ရောက်ပါပြီလို့
သွယ်ဝိုက်ပြောနေမိသော ကျွန်တော်က ကိုကိုထင်ထား
သလောက် မပျော့ညံ့ဘူး ။ အသည်းမနုဘူး ကိုကို ။
ကိုကို့ဘက်က ကျွန်တော့် ကမ်းလက်မပေးနိုင်ပေမယ့် ။
ကျွန်တော့်ဘက်ကတော့ ကိုကို့အတွက်ဆို အမြဲတမ်း
ကမ်းလက်ပေးထားစမြဲပါ ။
ချစ်တယ် ကိုကို ။
ဒါပေမယ့် အဲ့ဒီအချစ်တွေကို ကျွန်တော့်ရင်ထဲမှာပဲ
မြိုသိမ့်ပြီး သိမ်းဆည်းထားပါရစေ ။
_________________________________
ဆက်ရန် . . .
23.12.2019
REN JO JO