「BYUN BAEKHYUN」
သွားခဲ့တဲ့ရင် ။
မလုပ်ချင် ။
မပြောတတ် ။
ခဲ့ရရုံသာ ။
ဟုတ်ရဲ့လားလို့ ။
ရော ။
ခြင်းမရှိ ။ ချစ်မြဲချစ်ဆဲပင် ။
* တီတီ .. တီတီ .. တီ .. တီ *
နှလုံးမောလာလို့လား ? "
ပြလိုက်လျက် ...
" ချီးပဲ !! "
စောင်းပစ်ထိုးလာ၏ ။
_________________________________
" ခိုးလာတာ "
လိုက်သည် ။
သင့်ပါတယ် "
" မမဒါယောင်း "
ပြသည် ။
ပါလိမ့် ။
လိုက်ကာ ..
ရှာနေတာလား ? "
သွားတာ ဟူးဟူးလေးရဲ့ "
နော် "
" ကောင်းပါပြီရှင် "
လိုက်မလဲ ။
_________________________________
ခဲ့သည် ။
* တီတီ .. တီ .. တီ *
" ယောက်ဖ ! ! ! "
" ဘာလဲ နီနီ "
ဖြီးပြကာ ...
ငါ့အရှေ့က "
" ဟင့်အင်း မဖယ်ဘူး "
" ယောင်းလေး "
* တီ .. တီ .. တီ .. တီ *
နာရီ ။
သွားခဲ့မိသည် ။
နေပေးနိုင်မလား ? "
" တကယ် ! .. ပျော်လိုက်တာကွာ "
ကိုကို ။
* ဘုတ် *
အဝါလေး ။
* တီ .. တီ .. တီတီ .. တီတီ .. တီတီ *
မှ နာရီလေး ။
* ဘုန်း *
ငါခေါ်နေတယ်လေ .. ဟွန်း ! ! ! "
ဘာလို့လဲ ? ။
တော့်အတွက် မဟုတ်ဘဲ ။ သူမအတွက်ဖြစ်နေခဲ့ရ
တာလဲ ? ။
အကယ်၍ အမှန်သာဆိုရင် ...
_________________________________
ဆက်ရန် . . .
22.12.2019
REN JO JO
_________________________________
「BYUN BAEKHYUN」
" ယောက်ဖ မင်းသိပြီးပြီလား "
အဆုံးအစမရှိသော ဂျုံအင်စကားကြောင့် ကျွန်တော်
ပေါင်မုန့်လေးကိုက်စားရင်းဘာလဲဆိုသည့်သဘောဖြင့်
မျက်ခုံးလေးပင့်ပြလိုက်သည် ။
" မင်ယောင်းကမင်းလိုပဲ ပထမနှစ် Queen တဲ့ "
ဂျုံအင်အပြောကြောင့် ဖြောင့်တန်းနေရာမှ တွန့်ကျိုး
သွားခဲ့ရသော ကျွန်တော့်ရဲ့မျက်ခုံးတစ်စုံ ။
ဂျန်မင်ယောင်း ။ မမဂျန်ဒါယောင်း၏ ညီမတစ်ဝမ်းကွဲ ။
ငယ်ငယ်လေးကတည်းကကျွန်တော်အရမ်းမုန်းရပြီး ။
ကျွန်တော်နဲ့လုံးဝမတည့်တဲ့ အချိန်ရရင်ရသလို ကိုကို့
အနားကို တောက်တက်လို လိုက်လိုက်ကပ်တွယ်နေ
တတ်သည့်ကျွန်တော့်ထက်ဆိုးသော သူမ ။
" အဲ့တော့ ငါကဘာလုပ်ရမှာလဲ ? "
ဆာနေတဲ့ ဗိုက်တောင်မဆာတော့ ။ စားနေတဲ့ ပေါင်မုန့်
တောင် ဘာအရသာမှမရှိတော့ ။ ချက်ချင်းဆိုသလိုပြည့်
သွားခဲ့တဲ့ရင် ။
ဂျန်မင်ယောင်းဆိုတာ .. အခုလိုအစားအစာကို ခုံမင်တဲ့
ကျွန်တော့်ကိုတောင် အစားအသောက်ပျက်အောင် လုပ်
နိုင်တဲ့အဖျက်ပိုးတစ်မျိုးပင် ။
" သူကငါတို့နဲ့တစ်တန်းအတူလာကျတာကွ မင်းမသိလို့
အခုနောက်ပိုင်း မင်ယောင်းကအရွယ်ရောက်လာလို့လား
မသိဘူး ပိုပိုချောလာတယ်ကွ အခုတောင်အနုပညာလော
ကထဲမှာ ကလေးသရုပ်ဆောင်အဖြစ်နဲ့ နာမည်တစ်ခုရနေ
ပြီကွ ဒါတောင် ဒီနေ့ကြော်ငြာရိုက်ကွင်းရှိလို့ကျောင်းကိုမ
လာလို့ မင်းနဲ့ငါ သူ့ကိုဒီအတန်းထဲမှာမတွေ့ရတာ "
မင်ယောင်းအပေါ်သို့ စိတ်ဝင်စားခြင်း အနည်းငယ်ရှိသော
ဂျုံအင်ပြောပြနေသော သူမ၏အကြောင်းတို့မှာ ကျွန်တော့်
နားထဲသို့ဝယ် ယောင်လို့မျှ တစ်စုံတစ်ခုဝင်လာခြင်းမရှိခဲ့ ။
" ငါစိတ်မဝင်စားဘူး နီနီ .. ငါ့အရှေ့မှာသူ့အကြောင်း
လာမပြောနဲ့ ငါမကြိုက်ဘူး "
ပြတ်ပြတ်သားသားပြန်ပြောလိုက်သော ကျွန်တော်ဆိုတာ
မမဒါယောင်းကိုသာအစ်မအရင်းတစ်ယောက်လို သံယော
ဇဉ်ရှိပြီး ခင်တွယ်မိတာ ။
မမဒါယောင်းနှင့်စိတ်ထားခြင်းပြောင်းပြန်ရှိသောစိတ်ပုတ်
သောမင်ယောင်းကိုတော့နည်းနည်းမှကြည့်မရ ။
ငယ်ငယ်တုန်းက မမဒါယောင်းက ကျွန်တော့်ကို သူမနှင့်
မိတ်ဆက်ပေးသော်လည်း ။ ကျွန်တော့်ဘက်က သူမကို
နည်းနည်းလေးမှမခင်ခဲ့ဘူး ။ သူငယ်ချင်းမဖြစ်ချင်ခဲ့ဘူး ။
အရှေ့တင်တစ်မျိုး ။ နောက်ကွယ်တစ်မျိုးအကျင့်ရှိသည့် ။
မျက်နှာနှစ်ခုနှင့် သူမကို ကျွန်တော် အပေါင်းအသင် လုံးဝ
မလုပ်ချင် ။
အမြဲလိုလို ကျွန်တော်နှင့်သူမနှင့်ယှဉ်ရင် ကျွန်တော်ချစ်ရတဲ့
ကိုကိုမှာ သူမကိုပဲမျက်နှာသာပေးတတ်ပြီး ကျွန်တော့်ကိုအ
မြဲတမ်း လျစ်လျူရှုထားခဲ့တဲ့အတွက်ကြောင့်များ ယခုကဲ့သို့
ကျွန်တော် သူမကို အရမ်းကြီးမုန်းတီးနေရမိခြင်းပဲလား
မပြောတတ် ။
ကျွန်တော့် အသက်၁၇နှစ်ပြည့်သည့်နေ့မှစ၍အချစ်ဆိုတဲ့
ရသတစ်မျိုးကိုစပြီး သိရှိနားလည်ပြီး ခံစားတတ်ခဲ့တယ် ။
ကျွန်တော့်ဘက်ကသာ ကိုကို့ကိုဘယ်သူနှင့်မှမတူသော
အချစ်မျိုးတို့နှင့် ချစ်မိသော်လည်း ။ ကိုကို့ဘက်ကတော့
ကျွန်တော့်ကို နည်နည်းလေးမှ ပြန်ချစ်ပေးဖို့ မပြောနှင့် ။
ငယ်ငယ်ကတည်းကအမြဲလိုလိုသူမကိုသာဂရုစိုက်ပြီး
ကျွန်တော့်ကိုဆို အမြဲတမ်း ဂရုမစိုက်သလို ၊ မသိချင်
ယောင်ဆောင်တဲ့ ဥပေက္ခာပြုပြုထားခဲ့တဲ့ကိုကို့ကြောင့်
ဝမ်းနည်းပြီး ညဘက် ၊ ညဘက် အိပ်ရာထဲမှာ တစ်ခါ ၊
တစ်ခါ စောင်ခေါင်းမြှီးခြုံပြီး အသံတိတ် ကြိတ်ငိုကြွေး
ခဲ့ဖူးသည်မှာ အကြိမ်ကြိမ် ။
အခုလို ကျွန်တော်တတ်ရတဲ့ စာအတော်ဆုံးအတန်းမှာ
သူမ လာတတ်နိုင်အောင်လို့ လုပ်ပေးခဲ့တဲ့ တရားခံကို
ပြပါဆိုလျှင် ကျွန်တော်သိပ်ချစ်တဲ့ကိုကိုသာ ။
အလယ်တန်းစာမေးပွဲကြီးဖြေဖို့အတွက်သိပ်မရတဲ့ဘာသာ
ကို ကျွန်တော့်ကိုနည်းနည်းပြပေးဖို့တောင်းဆိုတာကို ခါးခါး
သီးသီးငြင်းဆိုခဲ့တဲ့ ကိုကိုကသူမ၏ပါးစပ်ကတစ်ခွန်းတောင်
မဟရဘဲ အိမ်တိုင်ရာရောက်နေ့ညမပျက်သည်းခံပြီးစာသွား
ပြပေးသည့်ကိုကို့ကို တစ်ကြိမ်တစ်ခါလောက်မုန်းချင်မိသော်
လည်း ။ ဆေးမမှီတဲ့နှလုံးသားကြောင့်မဖြစ်နိုင် ။ အချည်းနှီး
ခဲ့ရရုံသာ ။
တစ်ခါတစ်လေ ကျွန်တော်တွေးမိတယ် ။
ကျွန်တော်သိပ်ချစ်ရတဲ့ ကိုကိုက တစ်ယောက်တည်းမှ
ဟုတ်ရဲ့လားလို့ ။
ကျွန်တော် ချစ်ရတဲ့ကိုကိုက တစ်ခါတစ်ရံ ကျွန်တော့်အပေါ်
သူမဟုတ်သလို နူးညံ့ပြီး ။ တစ်ခါတစ်ရံမှာတော့ ကိုကိုရဲ့
သရုပ်မှန်အစစ်လိုလွန်စွာစိမ်းကားပြီး အေးစက်လွန်းနေပြန်
ရော ။
ဒါပေမဲ့လည်း ကျွန်တော်ဘက်ကတော့ ကိုကို့ကို အမြဲ
မေတ္တာမပျက် ။ ချစ်သံယောဇဉ် တစ်စက်မှလျော့သွား
ခြင်းမရှိ ။ ချစ်မြဲချစ်ဆဲပင် ။
* တီတီ .. တီတီ .. တီ .. တီ *
" ယောက်ဖ အဆင်ပြေရဲ့လား ! ဘာဖြစ်လို့လဲ ?
နှလုံးမောလာလို့လား ? "
လက်ကောက်ဝတ်က နှလုံးခုန်နှုန်းစမ်းတဲ့ နာရီလေးဆူညံ့
စွာမြည်လာသည်နှင့်ကျွန်တော့်ပခုံးတစ်စုံကိုလက်တစ်စုံဖြင့်
ဆုပ်ကိုင်ပြီးကိုယ်ကိုသူ့ဘက်သို့ဆွဲလှည့်ပြီးအထိတ်တလန့်
နှင့်မေးလာသော ဂျုံအင်ကိုကျွန်တော်ခေါင်းလေးပြန်ခါရမ်း
ပြလိုက်လျက် ...
" ဘာမှမဖြစ်ပါဘူး .. ဒီအတိုင်း ငါကိုကို့ကိုတွေးမိသွားလို့ "
" ချီးပဲ !! "
ဆုပ်ကိုင်ထားတဲ့ကျွန်တော့်ပခုံးတစ်စုံကို ဆောင့်တွန်းကာ
လွှတ်ချလိုက်ပြီး မဲ့ရွဲနေသော မျက်နှာပေးဖြင့် ဂျုံအင်မျက်
စောင်းပစ်ထိုးလာ၏ ။
တစ်ခါ ၊ နှစ်ခါမဟုတ် ။ အမြဲတမ်း ကိုကို့အကြောင်းတွေး
တိုင်းပုံမှန်မဟုတ် ။ အခုန်မြန်မြန်လာတတ်သည့် နှလုံး ။
ဝတ္တရား တာဝန်အပြည့် အချက်ပေးသံမြည်လာတဲ့ လက်
ကောက်ဝတ်ကနာရီကြောင့် ဂျုံအင်ဆဲတာခံရသည်မှာလည်း
အချိန်တိုင်းလိုလိုပင် ဆိုရမလား ။
အဘယ်ကြောင့်ဆိုသော် ကိုကိုသည် အချိန်တိုင်း အခါတိုင်း
ကျွန်တော့်ရဲ့အသိစိတ်အလုံးစုံတို့ကိုစိုးစံမင်းမူနေသည့်တစ်ဦး
တည်းသောအကြီးစားဗိုင်းရစ် အရှင်သခင်ဖြစ်နေတာကြောင့် ။
_________________________________
" ဘယ်ကရလာတာလဲ ပန်းစည်းက "
" ခိုးလာတာ "
တယုတယနှင့် ပွေ့ပိုက်ထားသော အဝါရောင်နှင်းဆီ
ပန်းစည်းလေးကို မျက်စပစ်ပြီး လူကို တံတောင်းနှင့်
လှမ်းတွတ်ပြီးမေးလာတဲ့ဂျုံအင်အားကျွန်တော်ရွဲ့ပြော
လိုက်သည် ။
" ခိုးလာတဲ့ပစ္စည်းနဲ့ ငါ့အစ်ကိုကြီး ကိုကြီးပတ်ကိုတော့
သွားပိုးပန်းပြီးမျက်နှာမလုပ်စမ်းပါနဲ့ကွာ ပူပူနွေးနွေးလေး
ရထားတဲ့ King ဘွဲ့လေးကို နည်းနည်းပါးပါး အားနာဖို့
သင့်ပါတယ် "
တစ်မနက်လုံး လူအနားကပ်ပြီး အာဝဇ္ဇုန်းရွှင်နေသော
ဂျုံအင်အား ကျွန်တော် ဘာစကားမှပြန်ပြောမနေတော့ ။
အတန်းချိန်နှစ်ချိန်ပြည့်ပြီးနားချိန်ရတာနှင့် Lockerထဲ
က ဘယ်သူမှမထိနိုင်အောင်သိမ်းထားတဲ့ ကိုကို့အတွက်
ရည်စူးပြီး ဝယ်ထားတဲ့ ပန်းစည်းလေးကိုသာ ရင်ဝယ်ပိုက်
လျက် အတန်းထဲမှ ကျွန်တော်ပြေးထွက်လာခဲ့သည် ။
" ယောက်ဖ ငါ့ကို စောင့်ဦး "
ဘွဲ့နှင်းဝတ်စုံလေးနှင့် ဘယ်လောက်တောင်ကြည့်လို့
ကောင်းနေလိုက်မလဲမသိတဲ့ ကိုကို့ကို အမြန်တွေ့ချင်
လှပြီဖြစ်တာကြောင့် ကျွန်တော့်အနောက်တွင်အပြေး
ပြေးလိုက်လာသောဂျုံအင်ကိုတောင် ကျွန်တော်အချိန်
ကုန်ခံပြီး မစောင့်နိုင်တော့ ။
ဘွဲ့နှင်းသဘင်ပေးအပ်ပွဲပြီးလို့ အထက်တန်းကျောင်းဆင်း
သည့် ကျောင်းသားတိုင်း ကိုယ်စီအမှတ်တရ ဓာတ်ပုံရိုက်
နေကြသောကျောင်းတွင်းဘောလုံးကွင်းဆီသို့သာခြေလှမ်း
ခပ်သွက်သွက်လေးနှင့်ကျွန်တော်လျှောက်လာခဲ့သည် ။
" မမဒါယောင်း "
ဘောလုံးကွင်း ကွင်းပြင်ကြီးထဲသို့ ရောက်သည်နှင့် ပထမ
ဆုံး ကျွန်တော်တွေ့လိုက်ရတဲ့သူမှာ မျှော်လင့်ထားခဲ့သော
ကိုကိုမဟုတ်ခဲ့သည့် ဘွဲနှင်းဝတ်စုံလေးဖြင့် လှချင်တိုင်းလှ
နေသော မမဒါယောင်းတစ်ယောက်သာ ။
" အားရီးဂူးးး .. ဒါလေးကဘယ်သူ့လေးပါလိမ့် ပုံစံ
အသစ်လေးနဲ့လန်းနေတဲ့ မမရဲ့ဟူးဟူးလေးပါလား "
ထုံးစံမပျက် ။ ကျွန်တော့်ရဲ့ပါးဖောင်းဖောင်းလေး တစ်ဖက်
ကိုလက်ကလေးဖြင့် ဖိညစ်ကာWinkလေးတစ်ချက်လုပ်
ပြသည် ။
" Congratulationပါ မမဒါယောင်း "
" ဟင် ! မမအတွက် ဒါလေးပဲလား ! မမရဲ့အလှမှာ
မျောသွားပြီး လက်ဆောင်မှားပေးမိတာတော့ မဟုတ်
လောက်ပါဘူးနော် ဟူးဟူးလေး "
ကျွန်တော် သဘောကျစွာတစ်ချက် ရယ်ပြုံးလိုက်မိသည် ။
ဘယ်လိုတောင် ချစ်စရာကောင်းလိုက်တဲ့ မမဒါယောင်း
ပါလိမ့် ။
ကျွန်တော် လက်ထဲထည့်ပေးလိုက်သော စုပ်လုံးလေးကို
ငုံ့ကြည့်ပြီး ကျွန်တော့်ကိုမျက်ခွံတစ်ချက်ပြန်လှန်ကြည့်၍
တယုတယနှင့် ရင်ဝယ်ပိုက်ထားသောကိုကို့အတွက် ပန်း
စည်းကို မျက်စပစ်ပြပြီး အပြုံးပျပျလေးနှင့်ပြောလာသော
မမဒါယောင်းအား " မဟုတ်ဘူး " လို့ကျွန်တော်ခေါင်းခါ
ပြလိုက်တော့ ချက်ချင်းဆိုသလိုနှုတ်ခမ်းလေးကိုဆူထော်
လိုက်ကာ ..
" ရမလားလို့ပြောကြည့်တာ မရတော့လည်း စုပ်လုံးလေး
ပဲစုပ်ပြီး ကျေနပ်ဖြေသိမ့်နေရတော့မှာပေါ့နော် "
ပြောရင်းဆိုရင်းပလပ်စတစ်လှလှကလေးဖြင့်ထုပ်ထားတဲ့
စုပ်လုံးလေးကိုဆွဲခွာပြီး ပါးစပ်ထဲသို့ထည့်လိုက်သော မမ
ဒါယောင်းဆီမှ အကြည့်ခွာလျက် ဘောလုံးကွင်းတစ်ပတ်
ကျွန်တော်မျက်လုံးကစားမိသည် ။
" ဘာလဲ ဟူးဟူးလေး ဟိုကောင်စုတ် ပတ်ချန်းယောလ်ကို
ရှာနေတာလား ? "
စုပ်လုံးလေးတစုပ်စုပ်နှင့်ပြောသော မမဒါယောင်းကို
ကျွန်တော် ခေါင်းလေးသာပြန်ငြိမ့်ပြလိုက်တော့ ...
" အဲ့ကောင်က ဒီမှာမရှိဘူး ဟူးဟူးလေး .. ကျောင်း
အားကစားခန်းမ[၂]ဘက်ကိုသွားတယ် "
" ကျောင်းအားကစားခန်းမ[၂] ! ... မမဒါယောင်း
ကိုကိုက အဲ့ဒီကိုဘာသွားလုပ်တာလဲ ဟင် ! "
" အဲ့ဒါတော့ မမလည်း မသိတော့မပြောတတ် ကျောင်း
အားကစားခန်းမ[၂]မှာဘာများရှိနေလို့လဲတော့မသိ အဲ့
ကောင်က အခမ်းအနားပြီးတာနဲ့ ချက်ချင်းကို ထထွက်
သွားတာ ဟူးဟူးလေးရဲ့ "
" အာ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မမဒါယောင်း
အဲ့ဒါဆို ကျွန်တော်ကိုကို့ဆီလိုက်သွားလိုက်ဦးမယ်
နော် "
" ကောင်းပါပြီရှင် "
မျက်လုံးလေးစုံမှိတ်ကာ ပြုံးလျက် ခေါင်းငြိမ့်ပြသော
သိပ်ချစ်စရာကောင်းတဲ့ မမဒါယောင်းက ကျွန်တော့်
အစ်မအရင်းများဖြစ်ခဲ့လျှင် ဘယ်လောက်များကောင်း
လိုက်မလဲ ။
_________________________________
မမဒါယောင်း အပြောအရ ကျောင်းအားကစားခန်းမ
[၂]သို့သာ ကျွန်တော် စိတ်လှုပ်ရှားစွာဖြင့်ထွက်လာ
ခဲ့သည် ။
* တီတီ .. တီ .. တီ *
လက်ကောက်ဝတ်မှ ပုံမှန်မဟုတ်တဲ့ မကောင်းဆိုးဝါးပူး
ကပ်နေသောနှလုံးသားရဲ့သူပုန်ထမှုတို့ကိုအချက်ပြသည့်
အသံမှလွဲ၍ ခြေသံတစ်သံတောင်မကြားရတဲ့ ဆိတ်ငြိမ်
လှသော ကျောင်းအားကစားခန်းမ[၂]ရှိရာ အဆောင်[၂]
စင်္ကြန်လျှောက်လမ်းတွင် ရင်ဝယ်ပိုက်ထားသော ကိုကို့ကို
ပေးမယ့်ပန်းစည်းလေးကိုသာငုံ့နမ်းရင်းပုံမှန်ခြေလှမ်းလေး
တို့နှင့် ရင်ခုန်စွာလျှောက်လှမ်းလာခဲ့ရာ ။
ကျောင်းအားကစားခန်းမ[၂]အရှေ့သို့ ရောက်သည်နှင့်
အသာဟစေ့ထားသောအားကစားခန်းမတံခါးအားဆွဲဖွင့်
ဖို့ တံခါးလက်ကိုင်အပေါ်သို့ လက်တစ်ဖက်အတင် ။
" ယောက်ဖ ! ! ! "
ခုနစ်အိမ်ကြား ၊ ရှစ်အိမ်ကြား အသံပြဲကြီးနှင့် အသံကျယ်
ကြီးအော်ခေါ်ပြီးကျွန်တော့်ဆီကိုအပြေးပြေးလာခဲ့ပြီး ကျွန်
တော်နှင့်အားကစားခန်းမ[၂]တံခါး၏အလယ်တွင်ကြားဝင်
ရပ်လိုက်ကာ ဟစေ့ဖြစ်နေတဲ့ အားကစားခန်းမ[၂]တံခါး
ကိုတွန်းဖွင့်ဖို့ တံခါးလက်ကိုင်အပေါ်တင်ထားသော ကျွန်
တော့်လက်ကိုဂျုံအင်ဆွဲကိုင်လိုက်ပြီးမျက်တောင်တခတ်
ခတ်နှင့် မပြုံးချင်ပြုံးချင်ဖြင့်ပြုံးပြလာသည် ။
" ဘာလဲ နီနီ "
မျက်ခုံးတစ်စုံကိုကျုံ့ကာမေးလိုက်တော့ သွားလေး
ဖြီးပြကာ ...
" ဗိုက် .. ဗိုက်ဆာတယ် ယောက်ဖ .. ကန်တင်းမှာ
ငါ - ငါတို့ တစ်ခုခု သွားစားကြရအောင် "
အသံအိုးကနေတုန်ခါသောအသံနှင့် ထစ်ထစ်အအဆို
လိုက်သောစကားသံနှင့် တောင်ကြည့် ၊ မြှောက်ကြည့်
နှင့် ဂနာမငြိမ်သော မျက်ဝန်းတစ်စုံကိုကြည့်ရခြင်းအား
ဖြင့် ။ တစ်ခုခုတော့တစ်ခုခုပဲ ။
" ငါ ဗိုက်မဆာဘူး မင်းဘာသာမင်းသွားစား ဖယ်ပေး
ငါ့အရှေ့က "
" အာ ... မေ့နေတာ ဒီနေ့ကန်တင်းမှာ မင်းသိပ်ကြိုက်တဲ့
စတော်ဘယ်ရီမစ်ရှိတ်အလကားတိုက်နေတယ် ယောက်ဖ
အဝသောက် အကြိုက်သောက် ပိုက်ပိုက်တစ်ပြားမှ မကုန်
ဘူး ဘယ်လိုလဲ မင်းငါနဲ့လိုက်သောက်မယ်မလား ? "
ကိုကို့ကို တွေ့ချင်လို့ တစ်ပိုင်းသေနေပါပြီဆို ။ အရှေ့ကနေ
မဖယ်ပေးဘဲ ။ ကန်တင်းကိုသူနှင့်အတင်းလိုက်ဖို့ အဖော်စပ်
ကာခေါ်နေသော ဂျုံအင်အား ကျွန်တော် မျက်စောင်းခဲလျက်
" နီနီ မင်းငါ့အရှေ့က ဖယ်မလား မဖယ်ဘူးလား ပြော ! "
" ဟင့်အင်း မဖယ်ဘူး "
လေသံမာမာနှင့် ကျွန်တော် ပြောသော်ငြားလည်း ခေါင်း
တရမ်းရမ်းနှင့် လက်နှစ်ဖက်ကို ဘေးဘက်သို့ဆန့်တန်း
ကာအရှေ့ကနေလမ်းပိတ်ထားသောဂျုံအင် ။ တစ်မနက်
လုံး အကောင်းကြီးကို ။ အခုမှဘာထဖြစ်နေပါလိမ့် ။
" ယောင်းလေး "
* တီ .. တီ .. တီ .. တီ *
နားထဲသဲ့သဲ့လေး ဝင်လာသော ကိုကို့အသံကြောင့်
ဆူညံ့စွာ အချက်ပြနေသော လက်ကောက်ဝတ်က
နာရီ ။
အရှေ့က ဂျုံအင်နှင့် ဆက်ငြင်းခုံပြီး အချိန်မဖြုန်းတော့
လိုဘဲ ငြင်းခုံတာကိုရပ်၍ အရှေ့ကလမ်းပိတ်ထားသော
ဂျုံအင်ကိုယ်လုံးလေးကို ဘေးသို့အသာတွန်းဖယ်လိုက်
ပြီး ဟထားသောအားကစားခန်းမ[၂]တံခါးကိုလက်တစ်
ဖက်ဖြင့် အသာလေးတွန်းဖွင့်ကာအထဲသို့ကျွန်တော်ဝင်
သွားခဲ့မိသည် ။
" ကိုယ်ယောင်းလေးကို ချစ်တယ် ကိုယ့်ချစ်သူအဖြစ်
နေပေးနိုင်မလား ? "
" ဟုတ် ကိုကို .. ယောင်းလေးလည်း ကိုကို့ကိုချစ်တယ် "
" တကယ် ! .. ပျော်လိုက်တာကွာ "
ပန်းနုရောင်နှင်းဆီ ပန်းစည်းလေးပိုက်ထားတဲ့ မင်ယောင်း
ကိုယ်လေးအားရင်ခွင်ထဲသို့ဆွဲသွင်းပြီးထွေးပိုက်ထားသော
ကိုကို ။
* ဘုတ် *
ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားသော တစ်မနက်
လုံးသက်ဆိုင်သူဆီသို့ မလွဲပြောင်းပေးရသေးတဲ့ ပန်းစည်း
အဝါလေး ။
* တီ .. တီ .. တီတီ .. တီတီ .. တီတီ *
အပ်ကျသံတောင် မကြားရတဲ့ အားကစားခန်းမထဲ လေတိုး
မတက် အချင်းချင်း ထွေးဖက်ထားကြသော ကိုကိုနှင့်သူမ
ကိုကြည့်ရင်း စူးခနဲအောင့်တက်လာတဲ့ရင်ဘတ်နှင့် ညံ့စည်
စွာ မြည်တီးကာ Dangerပြနေသော လက်ကောက်ဝတ်
မှ နာရီလေး ။
* ဘုန်း *
မျက်ဝန်းအိမ်အတွင်းဝေ့ဝဲတက်လာသော မျက်ရည်ပူတို့ဖြင့်
တဖြေးဖြေးဝေဝါးသွားသော မြင်ကွင်း ။
တဆက်တည်းမှာပင် ပူထူသွားခဲ့ရသော ကြမ်းပြင်နှင့်ခေါင်း
မိတ်ဆက်သွားသည့်အထိအတွေ့ ။
" ယောက်ဖ! ဟွန်း ! ဟွန်း .. သတိထားဦးလေ ဟွန်း ! !
ငါခေါ်နေတယ်လေ .. ဟွန်း ! ! ! "
တဖြေးဖြေးတိုးရှသွားသော ဂျုံအင်ခေါ်သံတို့ ။
တစ်စတစ်စနဲ့ အမှောင်ဖုံးသွားတဲ့ ကျွန်တော့်ကမ္ဘာကြီး ။
ဘာလို့လဲ ? ။
ကျွန်တော် သိပ်ချစ်ရတဲ့ ကိုကို့ နှုတ်ကပထမဆုံးထွက်
ကျလာတဲ့ ' ချစ်တယ် ' ဆိုတဲ့စကားက ဘာလို့ ကျွန်
တော့်အတွက် မဟုတ်ဘဲ ။ သူမအတွက်ဖြစ်နေခဲ့ရ
တာလဲ ? ။
နိဒါန်းတောင်မစရသေးတဲ့ ကျွန်တော့်အချစ်ကို
ကိုကိုက ဒီလိုမျိုးကြီးနိဂုံးချူပ်ခိုင်းလိုက်တော့မလို့လား ? ။
အကယ်၍ အမှန်သာဆိုရင် ...
ကိုကို ကျွန်တော့်အပေါ် လုံးဝမတရားဘူး ။
_________________________________
ဆက်ရန် . . .
22.12.2019
REN JO JO