ကျွန်တော်ချစ်သောကိုကို(comple...

Av kabyar_144

436K 19.5K 847

ပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁 Mer

ကျွန်တော်ချစ်သောကိုကို Part(2)
ကျွန်တော်ချစ်သောကိုကို(3)
ကျွန်တော်ချစ်သောကိုကို Part(4)
ကျွန်တော်ချစ်သောကိုကို Part(5)
ကျွန်တော်ချစ်သောကိုကို Part(6)
ကျွန်တော်ချစ်သောကိုကိုPart(7)
ကျွန်တော်ချစ်သောကိုကိုPart(8)
ကျွန်တော်ချစ်သောကိုကိုPart(9)
ကျွန်တော်ချစ်သောကိုကို Part(10)
ကျွန်တော်ချစ်သောကိုကို Part (11)
ကျွန်တော်ချစ်သောကိုကို Part (12)
ကျွန်တော်ချစ်သောကိုကို part (14)
ကျွန်တော်ချစ်သောကိုကို part(15) ကြှနျတျောခဈြသောကိုကို part(15)
ကျွန်တော်ချစ်သောကိုကို part(16) ကြှနျတျောခဈြသောကိုကို part(16)
ကျွန်တော်ချစ်သောကိုကို(17) ကြှနျတျောခဈြသောကိုကို(17)
ကျွန်တော်ချစ်သောကိုကို (18) ကျြန်တ္ခော်စ်သောကိုကို (18)
ကျွန်တော်ချစ်သောကိုကို(19) ကြှနျတျောခဈြသောကိုကို(19)
ကျွန်တော်ချစ်သောကိုကို (20)
ကျွန်တော်ချစ်သောကိုကို (21)
ကျွန်တော်ချစ်သောကိုကို (22) Unicode
ကျွန်တော်ချစ်သောကိုကို (23) unicode
ကျွန်တော်ချစ်သောကိုကို(24)
ကျွန်တော်ချစ်သောကိုကို (25)
ကျွန်တော်ချစ်သောကိုကို(27)
ကျွန်တော်ချစ်သောကိုကို(28)
ကျွန်တော်ချစ်သောကိုကို (29)
ကျွန်တော်ချစ်သောကိုကို(30)
ကျွန်တော်ချစ်သောကိုကို(31)
ကျွန်တော်ချစ်သောကိုကို (32)
ကျွန်တော်ချစ်သောကိုကို(33)
ကျွန်တော်ချစ်သောကိုကို(33) unicode
ကျွန်တော်ချစ်သောကိုကို (34)
ကျွန်တော်ချစ်သောကိုကို(35)
ကျွန်တော်ချစ်သောကိုကို (36)
ကျွန်တော်ချစ်သောကိုကို (37)(final)
New Fic
Still Just Love
ကျွန်တော်ချစ်သောကိုကို (extra)
dဝင်နေပြီ😥😥
ကျွန်တော်ချစ်သောကိုကို (Extra End)

ကျွန်တော်ချစ်သောကိုကို(26)

8.4K 423 41
Av kabyar_144

ရိပေါ်တစ်ယောက် မိမိရှေ့ကမြင်ကွင်းကို မယုံကြည်နိုင်စွာ ရပ်ကြည့်နေမိသည်

သူ့ရဲ့ကလေးက ရေချိုးကန်ထဲမှာ ခန္ဓာကိုယ်တစ်ခုလုံး နစ်မြုပ်နေသည်

ညာဘက်လက်မှာလည်း လက်ကောက်ဝတ်က သွေးကြောကို လှီးဖြတ်ထားတဲ့ ဒဏ်ရာက သွေးတွေစီးကျနေသည်

ကြမ်းပြင်ပေါ်မှာလည်း သွေးကွက်တွေကြားထဲမှာ ဓားလေးတစ်ချောင်း

ဓားသွားပေါ်မှာလည်း သွေးစက်တွေနဲ့

ရိပေါ် မိမိရှေ့က မြင်ကွင်းကိုကြည့်ပြီး တောင့်ခံနိုင်စွမ်း မရှိတော့

ကြမ်းပြင်ပေါ်ကို ပုံလျှက်သားလေး ပြိုလဲကျသွားသည်

ပြီးမှ သူ့ကလေးအနား အသက်မပါစွာသွားပြီး ရေကန်ထဲက ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်သည်

ဘယ်အချိန်ကတည်းက ဒီလိုဖြစ်နေလဲမသိ သွေးထွက်များသွားတဲ့ဒဏ်ရော ရေစိုကြာသွားတဲ့ဒဏ်ရောနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပြာနေပြီ

သူလည်း ဆေးရုံသွားဖို့အတွက် အောက်ထပ်ကို အမြန်ဆင်းလာခဲ့တော့သည်

လက်ထဲက ကောင်လေးကိုကြည့်ပြီး ပါးနဲ့မား နှစ်ယောက်လုံး စကားမပြောနိုင်ကြတော့

Lai Hai Kuan တစ်ယောက်လည်း Yi Boလက်ထဲက ကောင်လေးကိုမြင်ပြီး ဆေးရုံသွားဖို့အတွက် ကားပြင်ပြီးနေပြီ

............

ဆေးရုံရောက်တော့ ကလေးကို အရေးပေါ်ခန်းထဲ ခေါ်သွားကြသည်

အဆုတ်အအေးပတ်သွားတဲ့အပြင် သွေးခုန်နှုန်းတွေလည်းကျနေပြီ သွေးထွက်လွန်ထားသောကြောင့် သွေးပါသွင်းရမည်

ကလေးရာ မင်း ဘာဖြစ်လို့လုပ်ရတာလဲကွာ မကျေနပ်တာ ဝမ်းနည်းတာရှိရင် ကိုယ့်ကိုပြောလို့ ရရဲ့နဲ့ကွာ မင်းဘာလို့ဒီလိုတွေ လုပ်ရတာလဲကွာ

ကိုကို့ရင်ကိုသာ ခွဲလိုက်ပါတော့လား ကလေးကို ဒီပုံစံနဲ့မြင်ရတာ ကိုကိုရင်နာရလွန်းလို့ပါ

နှစ်နာရီလောက်နေတော့ ကလေးကို အပြင်ပြန်ထုတ်လာကြသည်

ဒါပေမဲ့ ကြားလိုက်ရတဲ့စကားက

'လူနာကို အခြေအနေစောင့်ကြည့်ပြီး နှလုံးအစားထိုး ခွဲစိတ်ရလိမ့်မယ် နှလု့းသွေးကြောကျဉ်းတာက တော်တော်အခြေအနေဆိုးနေပြီ သူ့ကို သေချာဂရုစိုက်ပေးကြပါ

လူနာက အခုချိန်မှာ ခံစားချက်တွေပြင်းထန်လွန်းနေတယ် တစ်ခုခုနဲ့ ပတ်သတ်ပြီး အလွန်အမင်း ဝမ်းနည်းပြီး stress တေများပြီး မခံစားနိုင်တော့လို့ လုပ်လိုက်တာနေမှာ သူ့ကို သေချာဂရုစိုက်ပေးကြပါ'

ကြားလိုက်ရတဲ့စကားက ရင်ဘတ်ကို မြှားအစင်းတစ်ရာနဲ့ အပြစ်ခံလိုက်ရသလိုပဲ

ကလေးမှာ ဘာတွေ ဝမ်းနည်းစရာတွေရှိနေတာလဲ ငါ့ကို ကလေးက ဘာလို့ ဘာမှမပြောခဲ့တာလဲ ကလေးရာ မင်းဘာတွေ ဖြစ်နေတာလဲကွာ

'မား ကျွန်တော် အိမ်ပြန်ပြီး လိုအပ်တာတွေ သွားယူလိုက်ဦးမယ်'

'ဂရုစိုက်သွားနော် ကားကို သတိထားမောင်း သားငယ်အတွက် အစိုးရိမ်လွန်ပြီး လမ်းမှာ တစ်ခုခုဖြစ်နေမယ်'

မားကို ခေါင်းတစ်ချက်ငြိမ့်ပြပြီးတော့ အသာလေးပဲထွက်ခဲ့တယ် သူလည်း သူ့သားငယ် အခုလို လုပ်သွားတာကို အံ့သြနေတုံး ပြီးတော့ လက်ခံဖို့လည်း အတော်ခက်ခဲနေပြိး ပငိပန်းနေကြမှန်း သိတယ်လေ

စိတ်က ကလေးဆီကိုသာရောက်နေတာမို့ အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းတောင် မသိခဲ့ဘူး

အခန်းထဲဝင်ပြီး အခန်းကိုသန့်ရှင်းရေး လုပ်နေတုံး ခုံပေါ်မှာ စာလေးတစ်စောင်

ဖွင့်ဖတ်ကြည့်လိုက်တော့ ရေးထားတာက

*ကိုကို ....
ကျွန်တော်လေ ကိုကို့ကို စတွေ့ကတည်းက ကျွန်တော်ရင်ခုန်ခဲ့တာ သဘာဝကို ဆန့်ကျင်ပြီးတော့ပေါ့

အစတုံးကတော့ ကျွန်တော်လည်း ကိုကို့ကို ချစ်နေမှန်း သေချာ မသိခဲ့ပါဘူး

ဒီအတိုင်း ကိုကို့ရဲ့ ဂရုစိုက်မှုတွေ ကျွန်တော့်ကို စိုးရိမ်ပေးတာတွေ ဒါတွေအပေါ်မှာ သာယာနေတာလို့ပဲတွေးခဲ့တာ

ပြီးတော့ ကိုကို့ဆီက ဂရုစိုက်မှုမျိုး ဘယ်သူ့ဆီကမှ မရခဲ့ဖူးလို့ ရင်ခုန်ခဲ့တာလို့ပဲ ကျွန်တော်တွေးခဲ့တာ

ဒါပေမယ့် ကိုကိုသိလား အချိန်တွေကြာလာတာနဲ့အမျှ ကိုကို့အပေါ်ထားတဲ့ ကျွန်တော့်စိတ်ကို သေချာသိလာခဲ့တယ်

ဒါဟာ သာမာန် ညီတစ်ယောက်က သူ့အစ်ကိုအပေါ်မှာ ထားတဲ့ စိတ်မဟုတ်မှန်း ကျွန်တော်သိလာခဲ့တယ်

သိတဲ့နေ့ကစပြီးလဲ ကျွန်တော် ကိုကို့ကို အမြဲရှောင်ခဲ့တယ်

တစ်ကယ်တော့ ကျွန်တော် ဆေးသောက်ရမှာ ကြောက်တယ်ဆိုတာ ကျွန်တော်ညာခဲ့တာ

ငယ်ငယ်ကတည်းက ဖြစ်လာခဲ့တဲ့ ဒီရောဂါကြောင့် နေ့တိုင်းသောက်နေရတဲ့ ဆေးတွေကို ကျွန်တော် ဘယ်ကြောက်ပါ့မလဲ

ကိုကို့ဂရုစိုက်မှုတွေကို လိုချင်ခဲ့တာကြောင့် ကျွန်တော်ညာခဲ့မိတာ

ဒါပေမယ့် ကျွန်တော်ဘယ်ထင်ပါ့မလဲ ကိုကိုက ကလေးတစ်ယောက်လို ကျွန်တော့်ကို ချော့ပြီး ဆေးမသောက်သောက်အောင် တိုက်လိမ့်မယ်လို့

ဒါပေမယ့် ကိုကိုတို့ စာမေးပွဲ ဖြေဖို့ တစ်လလောက် လိုတဲ့အချိန်မှာ ကျွန်တော် ကိုကို့ကို ပတ်ရှောင်ခဲ့တယ်လေ

ပြီးတော့ ငယ် အဲ့နေ့ကစပြီး ဆေးလဲမသောက်ဖြစ်တော့ဘူး အကျင့်ပျက်သွားတယ်နဲ့ တူပါတယ်

ခါတိုင်း ကိုကိုတိုက်နေကျဆိုတော့ ကိုကို့ကို ရှောင်နေတာနဲ့အတူ ငယ့်ရဲ့ ဆေးသောက်ချိန်တွေလည်း ကျော်သွားတယ်လေ

ကိုကိုနဲ့တွေ့ရင် ငယ့်နှလုံးသားကို ငယ်ဘယ်လိုမှမထိန်းနိုင်ဘူး
အမြဲတမ်း ကိုကိုနဲ့ တွေ့တဲ့ အချိန်တိုင်း ရင်ခုန်သံတွေ မြန်လာခဲ့တယ်

ငယ့်ခံစားချက်တွေကို ကိုကိုသိသွားတဲ့တစ်နေ့ ကိုကို ငယ့်ကို မုန်းသွားမှာကို အသေကြောက်တယ်

ငယ်လေ ကိုကိုရဲ့ အမုန်းတွေကို ခံစားနိုင်တဲ့အင်အား ငယ့်မှာမရှိဘူးကိုကို

ဒါ့ကြောင့်လဲ ကိုကို့ကို အဝေးကနေချစ်နေဖို့ပဲ ငယ်ဆုံးဖြတ်ခဲ့တယ်

ငယ်ထင်တဲ့အတိုင်းပါပဲ ကိုကိုက ငယ့်ကို အရမ်းကို မုန်းသွားခဲ့တယ်လေ

ကိုကို့ဆီက မုန်းတယ်ဆိုတဲ့ စကားကို ကြားရပြီး ငယ့်ရင်ဘက်က အဆမတန် နာကျင်လာတယ်

ငယ်တစ်ယောင်ထဲ ငိုကျွေးနေတဲ့ အချိန်မှာ မားက ငယ့်ကို လာနှစ်သိမ့်ပေးခဲ့တယ်

ပြိးတော့ သားကိုကိုကို သားပဲ ပိုင်ဆိုင်ရမှာပါလို့ပြောခဲ့တယ်

ငယ် အစတုံးက မားဘာပြောချင်မှန်း နားမလည်ခဲ့ဘူး

နောက်မှ ငယ်နဲ့ကိုကို့ကို လက်ထပ်ပေးမယ်ဆိုပြီး ပြောလာကြတယ်

ငယ်လေ အရမ်းပျော်သွားခဲ့တာ ဝန်ခံပါတယ် ကိုကို့ကို ပိုင်ဆိုင်နိုင်တော့မယ်ဆိုတဲ့ အသိလေးနဲ့ပေါ့

ဒါပေမယ့် ငယ့်အပျော်တွေ ကြာကြာမခံခဲ့ပါဘူး ကိုကို့က်ုတွေးမိလို့လေ

ကိုကိုက ကြည်ဖြူပါ့မလားဆိုတဲ့အတွေးက ငယ့်ကိုနာကျင်စေတယ်

ငယ့်အတွေးမှန်တယ်ဆိုတာ မင်္ဂလာဦးညမှာ ကိုကိုကသက်သေပြပေးခဲ့တာပါပဲ

ကိုကို ငယ့်ကို ရွံတယ်လို့ပြောပြီး ကိုကိုထွက်သွားခဲ့တယ် ကိုကိုထွက်သွားပြီး မကြာပါဘူး ငယ်လောကကြီးနဲ့ အဆက်ပြတ်သွားတော့တာပဲ

ဒါပေမယ့် ပြန်နိုးလာတဲ့အချိန်မှာ မြင်လိုက်ရတဲ့ ကိုကို့အမူအရာတွေကြောင့် အမြဲတမ်း မကြာခဏ ဒီလို လဲချင်စိတ်တွေပေါ်လာတယ်

ကိုကို ငယ့်ဆီကို suprise ဆိုပြီး တစ်ခုပြီးတစ်ခုပို့တုံးက ကိုကို့လက်ရေးကိုကြည့်ပြီး ငယ်မျှော်လင့်ခဲ့ရတယ်

ဒါပေမယ့် ငယ် ကြောက်လည်းကြောက်မိတယ် မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတစ်ခုထဲမှာ ငယ်ကြောက်မိခဲ့တယ်

ကိုကိုငယ့်ကို ချစ်တယ်လို့ ပြောလိုက်တဲ့အချိန် ငယ်လေ ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုသ်လိုက်ရသလိုပဲ

ငယ်က ဆိုးတယ်မို့လားကိုကို ကိုဖြစ်ချင်တာ ကိုပဲသိတယ် က်ုကို့ခံစားချက်ကိုလည်း ထည့်မတွက်ပေးခဲ့ဘူး

ငယ့်အပေါ်မှာ ကိုကိုဘယ်လောက်ထိ စောင့်ထိန်းခဲ့လည်းဆိုတာ ငယ်သိတယ်

ငယ့်ကို ဘယ်လောက်ထိ ချစ်လည်းဆိုတာလည်း ငယ်သိတယ်

ငယ့်ကို အရမ်းချစ်တဲ့ကိုကို့အတွက် ငယ်လည်း တစ်ခုခုပြန်ပေးချင်တယ်

ငယ်လေ ကိုကို့ကို သာယာတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်စေချင်တယ်

ကိုကိုရယ် ငယ်ရယ် ငယ်တို့ရဲ့ သွေားသားလေးတွေရယ်နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေး ပိုင်ဆိုင်စေချင်တယ်

ကိုကိုက ပါးရဲ့ကုမ္ပဏီမှာ အလုပ်ဝင်လုပ် ငယ်က မားနဲ့အတူ အိမ်အလုပ်တွေ ကူလုပ်ရင်း သားတွေသမီးတွေကို ထိန်းမယ်ပေါ့လေ

ဒါ့ကြောင့်လည်း ငယ်မားနဲ့တိုင်ပင်ခဲ့တယ် မားကတော့ ဖန်ပြွန်သန္ဓေပဲယူခိုင်းတယ် ကျန်းမာရေးလည်းမကောင်းပဲနဲ့ ထိခိုက်လိမ့်မယ်တဲ့

Dr.ကလည်း နှလုံးရောဂါနဲ့မို့ မလုပ်စေချင်ဘူးတဲ့

ဒါပေမယ့်လေ ကျွန်တော် နှလုံးအစားထိုးဖို့ ရွေးချယ်ခဲ့တယ်

ပုံမှန်ဆို အပ်သေးသေးလေးနဲ့ ထိုးတာကိုတောင် ကြောက်တတ်တဲ့ ကျွန်တော်က

ကိုကို့အတွက်ဆိုပြီး ကွန်တော့်ကို ဓားတွေနဲ့ ခွဲစိတ်မှာကို တစ်ချက်မတွန့်ပဲ ခေါင်းညိမ့်ပေးခဲ့တယ်

ဒါတွေပြီးသွားရင် ကျွန်တော်တို့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ပြီဆိုတဲ့အတွေးနဲ့တင် အသက်အန္တရာယ်ကို မမှုပဲ ကျော်လွှားဖို့ ကျွန်တော်ကြိုးစားခဲ့တယ်

ဒါပေမယ့် အခုတော့ ငယ်သိလိုက်ပါပြီ ဒါတွေအားလုံးက ငယ်တစ်ယောက်ထဲ စိတ်ကူးတွေယဉ်ပြီး လေထဲမှာတိုက်အိမ်ဆောက်မိနေတယ်ဆိုတာလေ

Yu Bin ပို့ပေးတဲ့ ပုံတွေထဲက ကိုကို့အပြုအမူတွေကိုကြည့်ပြီး ငါ့ကမ္ဘာကြီး ပြိုလဲသွားသလိုပဲ

ငယ့်ရင်ဘက်ကို ဓားပေါင်းမြောက်များစွာ စိုက်ဝင်နေသလိုပဲ

ကျွနာတော်နဲ့ဆို လူကြားထဲမှာ လက်တောင် တွဲမသွားတဲ့ ကိုကိုက

ကျွန်တော်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ဆိုင်တစ်ဆိုင်ထဲမှာ နမ်းနေတယ်တဲ့လေ

ကျွန်တော်သိလိုက်ပါပြီ အရင် ကျွန်တော် ကြုံခဲ့ရတာတွေက အိပ်မက်တွေဆိုတာကို

ဒါပေမယ့်ကိုကို ကျွန်တော် အိပ်မက်ထဲက မနိုးထချင်လို့ ထာဝရ အိပ်စက်နေဖို့ပဲ ဆုံးဖြတ်လိုက်ပြီကိုကို

ကျွန်တော် နှုတ်ဆက်ခဲ့ပြီနော်

သုံးခွင့်မရှိတော့ပေမယ့် သုံးပါရစေ ငယ်လေ ကိုကို့ကို အရမ်းချစ်တယ်

ကိုကိုလည်း ငယ်မရှိတဲ့နောက် ကိုကိုတစ်ကယ်ချစ်ရသူနဲ့ ပျော်ရွှင်နိုင်ပါစေနော်
     
အိပ်မက်ထဲက
က်ုကို့ရဲ့
ချစ်သောငယ်*

ာကိုဖတ်ပြီး ရိပေါ်ရင်ထဲ နာကျင်မှုများစွာနဲ့အတူ မျက်ရည်တွေလည်း ပါးပြင်ထဲမှာ နေရာယူလျက်

*ငယ်ရယ် ကလေးထင်သလိုမဟုတ်ပါဘူးကွာ ကိုကိုမင်းကို တစ်ကယ်ချစ်တာပါ
အနည်းဆုံးတော့ ကိုကို့ကို ရှင်းပြခိုင်းပေါ့ငယ်ရာ
ငယ်အခုလုပ်လိုက်တာ ကိုကို့ကို သေခိုင်းတာထက် ဆိုးတယ်ငယ်ရာ
ကလေးထင်သလိုမဟုတ်တာမို့ ကိုကိုရှင်းပြမှာမို့ ကျေးဇူးပြုပြီး နိုးထလာပေးပါငယ်ရာ*

...........

Unicode



















Fortsätt läs

Du kommer också att gilla

155K 22.9K 17
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
111K 4.9K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
73.6K 10K 37
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
53.1K 4.4K 42
ဝမ်ရိပေါ် ❤️ ရှောင်ကျန့်