လူေတြက ဘာအတြက္ေမြးဖြားလာတာလဲ။
ရွင္သန္ဖို႔အတြက္လား။
ေသဆံုးဖို႔အတြက္လား။
အမုန္းတရားေၾကာင့္လား။
ခ်စ္ျခင္းေမတၲာၾကာင့္လား။
ဝဋ္ေႂကြးဆပ္ဖို႔လား။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ဘာအတြက္ေၾကာင့္ေရာ အသက္ရွင္ေနတာလဲ။
ကြၽန္မအတြက္ေတာ့ အေျဖက ရွင္းတယ္။
ေမ်ွာ္လင့္ခ်က္ေလး တစ္ခုေၾကာင့္ ကြၽန္မ အသက္ရွင္တယ္။ ဟုတ္တယ္.......ေမ်ွာ္လင့္ခ်က္ေလးတစ္ခု.......
ဒီေန႔လည္း ဒီေမ်ွာ္လင့္ခ်က္နဲ႔ အသက္ရွင္တယ္။
ေနာက္ရက္လည္း ဒီဟာေလးေၾကာင့္ အသက္ရွင္ရဦးမယ္။
"သမီးေရ Jennie ထမင္းစားရေအာင္"
အေမရဲ႕ ေခၚသံအဆံုးမွာ ေရးလက္စ ဒိုင္ယာရီ စာအုပ္ေလးကို ပိတ္ၿပီး စာအုပ္စင္ေပၚထိုးထည့္လိုက္သည္။
▪️▪️▪️▪️▪️
လူေလာကထဲ စစေရာက္ေတာ့ အရာရာက သူစိမ္း...
ေမေမနဲ႔ေဖေဖရဲ႕ ေနြးေထြးမႈေတြၾကား ေကာင္းမြန္စြာ
ဖြံ႕ၿဖိဳး ႀကီးထြားလာတဲ့ ကြၽန္မ။
"ဂုဏ္ယူပါတယ္ Mr. KIM မိန္းကေလးေမြးပါတယ္ ကေလးေရာ အေမပါ က်န္းက်န္းမာမာပါပဲ"
ေျမဦး သားဦးျဖစ္တဲ့ ကြၽန္မကို က်န္းက်န္းမာမာနဲ႔ေမြးေတာ့ ေပ်ာ္လိုက္ၾကတာ ေပ်ာ္လိုက္ၾကတာ ဆိုတာ .....
အေမက ျပန္ေျပာျပလို႔ ကြၽန္မ ဒီအေၾကာင္းေတြကို သိခဲ့ရသည္။
ကြၽန္မရဲ႕ နွာသီးဖ်ားေလးကို အေဖက လက္ညႇိဳးေလးနဲ႔ တယုတယ ပြတ္သပ္ၿပီး
"Jennie Jennie Kim လို႔နာမည္ေပးမယ္ ကိုယ့္သမီးေလးကို"
ဟုတ္တယ္ ကြၽန္မ နာမည္က Jennie Kim...
အဘိုးအဘြားေတြရဲ႕ ခ်စ္စႏုိး အမည္နာမက Ruby Jane.....
ဒီလိုနဲ႔ Jennie Kimဆိုတဲ့ ကြၽန္မက အဘိုးအဘြား အေဖအေမေတြရဲ႕ ဖူးဖူးမႈတ္ ဂရုစိုက္ျခင္းမွာ ေကာင္းေကာင္းမြန္မြန္ႀကီးျပင္းလာခဲ့တယ္။
ကြၽန္မအသက္ ၆နွစ္ေရာက္ေတာ့ အေမက ေက်ာင္းကိုပို႔ပါသည္။
ကြၽန္မ အရင္ကတည္းက သြားခ်င္ေနခဲ့ေသာေနရာ။
အေမကေျပာသည္။ ကြၽန္မက သူမ်ားနဲ႔မတူပဲ ေက်ာင္းအရမ္းသြားခ်င္တဲ့သူတဲ့။
ေက်ာင္းမွာ သူငယ္ခ်င္းေတြနွင့္ ေပ်ာ္စရာေကာင္းသည္။
ကဗ်ာ႐ြတ္ရတာလည္း ေပ်ာ္ဖို႔ေကာင္းသည္။
သခ်ာၤတြက္ရတာလည္း အပ်င္းေျပသည္။
အဂၤလိပ္စာ ဖတ္ရေတာ့ ကြၽန္မက ဆရာမႀကီး။
အေဖရဲ႕ ေန႔စဥ္ေျပာစကားေတြထဲမွာ အဂၤလိပ္စာနွင့္ ရင္းနီးခဲ့သည္။
ကစားဆင္းခ်ိန္က ပိုေပ်ာ္ဖို႔ေကာင္းသည္။
ကြၽန္မဘဝကေပ်ာ္စရာအတိ............ဟု ထင္ခဲ့မိသည္။
အသက္ ၁၃နွစ္ေရာက္ေတာ့ အေဖနွင့္ အတူ နယူးဇီလန္သို႔ေျပာင္းေ႐ႊ့ရသည္။
ငယ္သူငယ္ခ်င္းဆိုတာလည္း အခိုင္အမာရွိေနၿပီမို႔ ေျပာင္းဖို႔ စိတ္မပါ။ သို႔ေသာ္လည္း ေပ်ာ္ရာမွာမေန ေတာ္ရာမွာေန ဟူေသာ ေမေမ၏ ဆံုးမစကားေၾကာင့္ ေဖေဖ့ေနာက္ကို သားအမိနွစ္ေယာက္ လိုက္သြားရသည္။
မၾကာလိုက္ပါ။ နယူးဇီလန္မွာ ၃နွစ္ေနၿပီး ကိုရီးယားသို႔ ျပန္ေျပာင္းလာရသည္။ ကြၽန္မေပ်ာ္ၿပီေလ။
ကြၽန္မ၏ ငယ္သူငယ္ခ်င္းေတြနဲ႔ ျပန္ေတြ႕ရေတာ့မည္။
သူတို႔နဲ႔ အတူတူေလ်ွာက္လည္လို႔ရၿပီ။
အတူတူသြား အတူတူစား....အို...ေတြးၾကည့္ရံုနွင့္ကို
ေပ်ာ္စရာ အတိ။
▪️▪️▪️▪️▪️▪️
..ကြၽန္မ အသက္ ၁၆နွစ္...
"Hey Jennie"
"Hello Jennie"
"Jennie ေနေကာင္းသြားၿပီလား"
"ဟာ နာယြန္း ငါေနမေကာင္းတာ နင္ဘယ္လိုသိ"
"အမေလး ငါနင့္ရဲ႕ သူငယ္ခ်င္းအရင္းေခါက္ေခါက္ပါေနာ္
ျပန္ေရာက္တာ ငါ့ကို အေၾကာင္းမၾကားဘူး နင္"
"ငါေနမေကာင္းေနတာ ဖုန္းေတာင္မကိုင္နိုင္ဘူး"
"အမေလး ေအးပါ ေအးပါ ထားပါေတာ့"
"ထားပါတယ္ အဟီး"
ငယ္သူငယ္ခ်င္းေလးက အေတာ္အားကိုးရသည္။
သူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားရွိေသာ္လည္း နာယြန္းေလာက္မရင္းေပ။
နာယြန္းနွင့္ အတူ ကြၽန္မတက္ရမည့္ အတန္းသစ္ကို သြားလိုက္သည္။
ငယ္ငယ္ကတည္းက ပညာသင္ၾကားခဲ့ရေသာ ေက်ာင္းေတာ္ႀကီးက ဘာတစ္ခုမွ မေျပာင္းလဲေပ။
ေက်ာင္းေဆာင္မ်ားကလည္း အရင္အတိုင္း။
အားကစားကြင္းေနရာကလည္း အရင္အတိုင္း။
ေဘာလံုးကြင္းႀကီးကလည္း စိမ္းစိုလို႔။
ကြၽန္မတို႔ အတန္းက ေဘာလံုးကြင္းနားက ျဖတ္သြားရသည္။
ကြၽန္မေရာက္ေရာက္ခ်င္းမွာပဲ ေက်ာင္းေတာ္ႀကီးက ကြၽန္မကို လွလွပပ ႀကိဳဆိုလိုက္ပါသည္။
ဘယ္သူ ဘယ္ဝါ ဘယ္ကျမင္းေၾကာ ထသူက ကန္လိုက္သည့္ ေဘာလံုးမွန္းမသိ။
ကြၽန္မ နွာေခါင္းႏုႏုအား တည့္တည့္လာမွန္ပါေတာ့သည္။
ေဘာလံုး၏ ျပင္းအားေၾကာင့္ ကြၽန္မဖင္ထိုက္လ်က္ပါ က်သြားေတာ့သည္။
"အား......ငါ့နွာေခါင္း နာယြန္း ကူပါဦး"
"ေၾသာ....ဘယ္ $%& ေတြ ကန္လိုက္တဲ့ဟာမွန္းမသိ ထထ ဘာျဖစ္သြားေသးလဲ"
နာယြန္းက ဆဲလဲဆဲ ကြၽန္မကိုလည္း ထူ။
"ဟင္ ဂ်င္းနီ နင့္ နွာေခါင္းက ေသြးေတြထြက္ေနတယ္"
ကြၽန္မ နွာေခါင္း ျပန္စမ္းၾကည့္ေတာ့ ဟုတ္ပ ခပ္ပ်စ္ပ်စ္ ေသြးေတြ စို႔ေနတာ။
ထိုစဥ္ေကာင္မေလးတစ္ေယာက္ ကြၽန္မတို႔နား အေမာတေကာ ေျပးလာသည္။
"ဟို..ရရဲ႕လားမသိဘူး chawသူငယ္ခ်င္းကန္လိုက္တာ အဲ့တာ......"
"ဒီမွာ နင္တို႔ ဘယ္လိုကန္ေနတာလဲ ေဘးဘီၾကည့္ၿပီးကန္ပါလား ငါ့သူငယ္ခ်င္းနွာေခါင္းေသြးယိုကုန္ၿပီ နင္တို႔ဘယ္လိုလုပ္ေပးမွာလဲ"
"တကယ္ေတာင္းပန္ပါတယ္ chawဘာလုပ္ေပးရမလဲဟင္"
"ဘယ္မွာလဲ နင့္သူငယ္ခ်င္း Jennieကိုေဘာလံုးနဲ႔ ကန္လိုက္တဲ့ နင့္သူငယ္ခ်င္း ဘယ္မွာလဲ"
"အဲ...သူက အတန္းရွိလို႔သြားၿပီ အခုပဲ"
"ဘာ ဘယ္လို ဟယ္ တာဝန္ယူမႈကင္းမဲ့လိုက္တာ အတန္းရွိတယ္ဆိုၿပီး လစ္လို႔ရရိုးလား ေျပာအဲ့တစ္ေယာက္နာမည္"
"နာယြန္းရာ သြားၾကပါစို႔ ငါတို႔လည္းအတန္းေနာက္က်ေနၿပီ ၿပီးေတာ့ငါလည္း ဘာမွသိပ္မျဖစ္ပါဘူး ေနာ္ လာ"
"ေနဦး ေျပာအဲ့တစ္ေယာက္နာမည္"
"လီဆာ"
"ဘာ !!"
"လာလီဆာ အထက္တန္း ေနာက္ဆံုးနွစ္ အခန္းA-1က"
"အိုမို တကယ္ႀကီးလား"
"အင္း ဟုတ္တယ္"
နာယြန္းနွင့္ ထိုေကာင္မေလး ဘာေတြေျပာေနၾကတာလဲ ကြၽန္မနားမလည္။ ၿပီးေတာ့ လီဆာဆိုတာ ဘယ္သူလဲ။
နာယြန္းက ဘာလို႔ အံ့ၾသေနရတာလဲ။
လီဆာ....လီဆာ....နင္ဘယ္သူလဲ ငါ့နွာေခါင္းကို ေသြးထြက္ေအာင္လုပ္တဲ့လီဆာ...တာဝန္ယူမႈ မရွိတဲ့ လီဆာ....
ကြၽန္မ ထိုလီဆာကို သိပ္ေတြ႕ခ်င္ေနၿပီ ျဖစ္သျဖင့္
"လာနာယြန္း သြားရေအာင္"
နာယြန္းလက္ကို အတင္းဆြဲၿပီး ကြၽန္ေခၚလာခဲ့သည္။
"ေနစမ္းပါဦး နင္က လီဆာဆိုတဲ့ အသံၾကားတာနဲ႔ ဘာလို႔ တအံ့တၾသျဖစ္ေနရတာလဲ နာယြန္း"
"အဲ....သူက ...ဘယ္လိုေျပာရမလဲဆိုေတာ့ နင္ေနာက္က်ရင္သိလိမ့္မယ္ဟာ လာ "
ကြၽန္မလည္း အရမ္းသိခ်င္ေနသျဖင့္ ထပ္မေျပာေတာ့ပဲ နာယြန္းနွင့္ အတူတူ လိုက္သြားလိုက္သည္။
၃လႊာရွိ ကြၽန္မတို႔ အတန္းသို႔ ေရာက္လာေသာအခါ
stageေပၚမွ ေကာင္မေလးတစ္ေယာက္က
ဘာေတြမြက္ၾကားေနသည္မသိ။
"ဂ်င္းနီကင္မ္ နဲ႔ နာယြန္းဆိုတာလား"
"ဟုတ္တယ္"
နာယြန္းကေျဖသည္။
"အတန္းေနာက္က်တယ္ေနာ္ ဟိုမွာေနရာလြတ္တယ္
ဝင္ထိုင္လိုက္"
ဘာလား သူကဘာမို႔လို႔ ကြၽန္မတို႔ကို အမိန္႔ေပးေနတာလဲ။
ဒါေပမဲ့ ဒီေန႔မွ ေရာက္စမို႔ ျပႆနာမတက္ခ်င္သျဖင့္ သူေျပာသည့္ ေနရာသို႔ ကြၽန္မဝင္ထိုင္လိုက္သည္။
နွာေခါင္းထဲ ထိုးထည့္ထားသည့္ တစ္ရွဴးကို ဖယ္ၿပီး အသစ္ထုတ္ေနခိုက္
"လီဆာ ဆိုတာ သူပဲ"
နာယြန္းက ကြၽန္မနား နားတိုးတိုးေလးကပ္ေျပာသည္။
"ဟမ္!!!!"
"သူနဲ႔ ငါတို႔နဲ႔က တစ္တန္းတည္းေပါ့ အဲ့ဒါဆို"
"ေအးဆို"
လီဆာ လီဆာ နင္နဲ႔ငါေတြ႕ၾကေသးတာေပါ့။
ထိုစဥ္ ကြၽန္မတို႔ေဘးသို႔ ေစာေစာက လီဆာ့အစားေတာင္းပန္သည့္ ေကာင္မေလးကေရာက္လာသည္။
"ေဟး နွာေခါင္း အေျခေနဘယ္လိုလဲ ငါဘာလုပ္ေပးရမလဲ"
ကြၽန္မအဖို႔ ဒီေန႔ေက်ာင္းတက္ရတာ စိတ္မပါေတာ့။
ဘယ္နွယ့္ ဒီလိုဟာေတြနဲ႔ ဘာလို႔ တစ္တန္းထဲ အတူတူလာထိုင္ေနရတာလဲ။
"ရတယ္ အဆင္ေျပတယ္"
ကြၽန္မ ခပ္ျပတ္ျပတ္ပင္ ျပန္ေျပာလိုက္သည္။
ေစာေစာက လီဆာဆိုသူက သူ႔သူငယ္ခ်င္းေဘးနား ဝင္ထိုင္သည္။
ဟူး....နွစ္ေယာက္သား လိုက္လဲလိုက္ပါ့။
ေခြၽးေစာ္ေတြ နံလိုက္တာ။
ၾကားထဲက နာယြန္းေတာ့ ဘယ္လိုေနသည္ မသိ။
ကြၽန္မေတာ့ နွာေခါင္းေသြးယိုသည့္ၾကားက မူးေမ့လဲခ်င္ခ်င္ျဖစ္ေနၿပီ။
ဒီလိုနဲ႔ ကြၽန္မရဲ႕ ပထမဆံုးေက်ာင္းတက္ရက္က အမွတ္တရ ေတြျဖစ္ေစခဲ့ပါတယ္။
💛💛💛🖤🖤🖤
14Dec19 / 06:00pm
Reading list ေတြထည့္ေပးရင္ သိပ္ကိုေပ်ာ္မိမွာပါ🤗🤗🤗🤗
ႀကိဳးစားလ်က္💛🖤
===============================
လူတွေက ဘာအတွက်မွေးဖွားလာတာလဲ။
ရှင်သန်ဖို့အတွက်လား။
သေဆုံးဖို့အတွက်လား။
အမုန်းတရားကြောင့်လား။
ချစ်ခြင်းမေတ္တာကြာင့်လား။
ဝဋ်ကြွေးဆပ်ဖို့လား။
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ဘာအတွက်ကြောင့်ရော အသက်ရှင်နေတာလဲ။
ကျွန်မအတွက်တော့ အဖြေက ရှင်းတယ်။
မျှော်လင့်ချက်လေး တစ်ခုကြောင့် ကျွန်မ အသက်ရှင်တယ်။ ဟုတ်တယ်.......မျှော်လင့်ချက်လေးတစ်ခု.......
ဒီနေ့လည်း ဒီမျှော်လင့်ချက်နဲ့ အသက်ရှင်တယ်။
နောက်ရက်လည်း ဒီဟာလေးကြောင့် အသက်ရှင်ရဦးမယ်။
"သမီးရေ Jennie ထမင်းစားရအောင်"
အမေရဲ့ ခေါ်သံအဆုံးမှာ ရေးလက်စ ဒိုင်ယာရီ စာအုပ်လေးကို ပိတ်ပြီး စာအုပ်စင်ပေါ်ထိုးထည့်လိုက်သည်။
▪️▪️▪️▪️▪️
လူလောကထဲ စစရောက်တော့ အရာရာက သူစိမ်း...
မေမေနဲ့ဖေဖေရဲ့ နွေးထွေးမှုတွေကြား ကောင်းမွန်စွာ
ဖွံ့ဖြိုး ကြီးထွားလာတဲ့ ကျွန်မ။
"ဂုဏ်ယူပါတယ် Mr. KIM မိန်းကလေးမွေးပါတယ် ကလေးရော အမေပါ ကျန်းကျန်းမာမာပါပဲ"
မြေဦး သားဦးဖြစ်တဲ့ ကျွန်မကို ကျန်းကျန်းမာမာနဲ့မွေးတော့ ပျော်လိုက်ကြတာ ပျော်လိုက်ကြတာ ဆိုတာ .....
အမေက ပြန်ပြောပြလို့ ကျွန်မ ဒီအကြောင်းတွေကို သိခဲ့ရသည်။
ကျွန်မရဲ့ နှာသီးဖျားလေးကို အဖေက လက်ညှိုးလေးနဲ့ တယုတယ ပွတ်သပ်ပြီး
"Jennie Jennie Kim လို့နာမည်ပေးမယ် ကိုယ့်သမီးလေးကို"
ဟုတ်တယ် ကျွန်မ နာမည်က Jennie Kim...
အဘိုးအဘွားတွေရဲ့ ချစ်စနိုး အမည်နာမက Ruby Jane.....
ဒီလိုနဲ့ Jennie Kimဆိုတဲ့ ကျွန်မက အဘိုးအဘွား အဖေအမေတွေရဲ့ ဖူးဖူးမှုတ် ဂရုစိုက်ခြင်းမှာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့တယ်။
ကျွန်မအသက် ၆နှစ်ရောက်တော့ အမေက ကျောင်းကိုပို့ပါသည်။
ကျွန်မ အရင်ကတည်းက သွားချင်နေခဲ့သောနေရာ။
အမေကပြောသည်။ ကျွန်မက သူများနဲ့မတူပဲ ကျောင်းအရမ်းသွားချင်တဲ့သူတဲ့။
ကျောင်းမှာ သူငယ်ချင်းတွေနှင့် ပျော်စရာကောင်းသည်။
ကဗျာရွတ်ရတာလည်း ပျော်ဖို့ကောင်းသည်။
သချာၤတွက်ရတာလည်း အပျင်းပြေသည်။
အင်္ဂလိပ်စာ ဖတ်ရတော့ ကျွန်မက ဆရာမကြီး။
အဖေရဲ့ နေ့စဉ်ပြောစကားတွေထဲမှာ အင်္ဂလိပ်စာနှင့် ရင်းနီးခဲ့သည်။
ကစားဆင်းချိန်က ပိုပျော်ဖို့ကောင်းသည်။
ကျွန်မဘဝကပျော်စရာအတိ............ဟု ထင်ခဲ့မိသည်။
အသက် ၁၃နှစ်ရောက်တော့ အဖေနှင့် အတူ နယူးဇီလန်သို့ပြောင်းရွှေ့ရသည်။
ငယ်သူငယ်ချင်းဆိုတာလည်း အခိုင်အမာရှိနေပြီမို့ ပြောင်းဖို့ စိတ်မပါ။ သို့သော်လည်း ပျော်ရာမှာမနေ တော်ရာမှာနေ ဟူသော မေမေ၏ ဆုံးမစကားကြောင့် ဖေဖေ့နောက်ကို သားအမိနှစ်ယောက် လိုက်သွားရသည်။
မကြာလိုက်ပါ။ နယူးဇီလန်မှာ ၃နှစ်နေပြီး ကိုရီးယားသို့ ပြန်ပြောင်းလာရသည်။ ကျွန်မပျော်ပြီလေ။
ကျွန်မ၏ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့မည်။
သူတို့နဲ့ အတူတူလျှောက်လည်လို့ရပြီ။
အတူတူသွား အတူတူစား....အို...တွေးကြည့်ရုံနှင့်ကို
ပျော်စရာ အတိ။
▪️▪️▪️▪️▪️▪️
..ကျွန်မ အသက် ၁၆နှစ်...
"Hey Jennie"
"Hello Jennie"
"Jennie နေကောင်းသွားပြီလား"
"ဟာ နာယွန်း ငါနေမကောင်းတာ နင်ဘယ်လိုသိ"
"အမလေး ငါနင့်ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ပါနော်
ပြန်ရောက်တာ ငါ့ကို အကြောင်းမကြားဘူး နင်"
"ငါနေမကောင်းနေတာ ဖုန်းတောင်မကိုင်နိုင်ဘူး"
"အမလေး အေးပါ အေးပါ ထားပါတော့"
"ထားပါတယ် အဟီး"
ငယ်သူငယ်ချင်းလေးက အတော်အားကိုးရသည်။
သူငယ်ချင်းတော်တော်များများရှိသော်လည်း နာယွန်းလောက်မရင်းပေ။
နာယွန်းနှင့် အတူ ကျွန်မတက်ရမည့် အတန်းသစ်ကို သွားလိုက်သည်။
ငယ်ငယ်ကတည်းက ပညာသင်ကြားခဲ့ရသော ကျောင်းတော်ကြီးက ဘာတစ်ခုမှ မပြောင်းလဲပေ။
ကျောင်းဆောင်များကလည်း အရင်အတိုင်း။
အားကစားကွင်းနေရာကလည်း အရင်အတိုင်း။
ဘောလုံးကွင်းကြီးကလည်း စိမ်းစိုလို့။
ကျွန်မတို့ အတန်းက ဘောလုံးကွင်းနားက ဖြတ်သွားရသည်။
ကျွန်မရောက်ရောက်ချင်းမှာပဲ ကျောင်းတော်ကြီးက ကျွန်မကို လှလှပပ ကြိုဆိုလိုက်ပါသည်။
ဘယ်သူ ဘယ်ဝါ ဘယ်ကမြင်းကြော ထသူက ကန်လိုက်သည့် ဘောလုံးမှန်းမသိ။
ကျွန်မ နှာခေါင်းနုနုအား တည့်တည့်လာမှန်ပါတော့သည်။
ဘောလုံး၏ ပြင်းအားကြောင့် ကျွန်မဖင်ထိုက်လျက်ပါ ကျသွားတော့သည်။
"အား......ငါ့နှာခေါင်း နာယွန်း ကူပါဦး"
"သြော....ဘယ် $%& တွေ ကန်လိုက်တဲ့ဟာမှန်းမသိ ထထ ဘာဖြစ်သွားသေးလဲ"
နာယွန်းက ဆဲလဲဆဲ ကျွန်မကိုလည်း ထူ။
"ဟင် ဂျင်းနီ နင့် နှာခေါင်းက သွေးတွေထွက်နေတယ်"
ကျွန်မ နှာခေါင်း ပြန်စမ်းကြည့်တော့ ဟုတ်ပ ခပ်ပျစ်ပျစ် သွေးတွေ စို့နေတာ။
ထိုစဉ်ကောင်မလေးတစ်ယောက် ကျွန်မတို့နား အမောတကော ပြေးလာသည်။
"ဟို..ရရဲ့လားမသိဘူး chawသူငယ်ချင်းကန်လိုက်တာ အဲ့တာ......"
"ဒီမှာ နင်တို့ ဘယ်လိုကန်နေတာလဲ ဘေးဘီကြည့်ပြီးကန်ပါလား ငါ့သူငယ်ချင်းနှာခေါင်းသွေးယိုကုန်ပြီ နင်တို့ဘယ်လိုလုပ်ပေးမှာလဲ"
"တကယ်တောင်းပန်ပါတယ် chawဘာလုပ်ပေးရမလဲဟင်"
"ဘယ်မှာလဲ နင့်သူငယ်ချင်း Jennieကိုဘောလုံးနဲ့ ကန်လိုက်တဲ့ နင့်သူငယ်ချင်း ဘယ်မှာလဲ"
"အဲ...သူက အတန်းရှိလို့သွားပြီ အခုပဲ"
"ဘာ ဘယ်လို ဟယ် တာဝန်ယူမှုကင်းမဲ့လိုက်တာ အတန်းရှိတယ်ဆိုပြီး လစ်လို့ရရိုးလား ပြောအဲ့တစ်ယောက်နာမည်"
"နာယွန်းရာ သွားကြပါစို့ ငါတို့လည်းအတန်းနောက်ကျနေပြီ ပြီးတော့ငါလည်း ဘာမှသိပ်မဖြစ်ပါဘူး နော် လာ"
"နေဦး ပြောအဲ့တစ်ယောက်နာမည်"
"လီဆာ"
"ဘာ !!"
"လာလီဆာ အထက်တန်း နောက်ဆုံးနှစ် အခန်းA-1က"
"အိုမို တကယ်ကြီးလား"
"အင်း ဟုတ်တယ်"
နာယွန်းနှင့် ထိုကောင်မလေး ဘာတွေပြောနေကြတာလဲ ကျွန်မနားမလည်။ ပြီးတော့ လီဆာဆိုတာ ဘယ်သူလဲ။
နာယွန်းက ဘာလို့ အံ့သြနေရတာလဲ။
လီဆာ....လီဆာ....နင်ဘယ်သူလဲ ငါ့နှာခေါင်းကို သွေးထွက်အောင်လုပ်တဲ့လီဆာ...တာဝန်ယူမှု မရှိတဲ့ လီဆာ....
ကျွန်မ ထိုလီဆာကို သိပ်တွေ့ချင်နေပြီ ဖြစ်သဖြင့်
"လာနာယွန်း သွားရအောင်"
နာယွန်းလက်ကို အတင်းဆွဲပြီး ကျွန်ခေါ်လာခဲ့သည်။
"နေစမ်းပါဦး နင်က လီဆာဆိုတဲ့ အသံကြားတာနဲ့ ဘာလို့ တအံ့တသြဖြစ်နေရတာလဲ နာယွန်း"
"အဲ....သူက ...ဘယ်လိုပြောရမလဲဆိုတော့ နင်နောက်ကျရင်သိလိမ့်မယ်ဟာ လာ "
ကျွန်မလည်း အရမ်းသိချင်နေသဖြင့် ထပ်မပြောတော့ပဲ နာယွန်းနှင့် အတူတူ လိုက်သွားလိုက်သည်။
၃လွှာရှိ ကျွန်မတို့ အတန်းသို့ ရောက်လာသောအခါ
stageပေါ်မှ ကောင်မလေးတစ်ယောက်က
ဘာတွေမွက်ကြားနေသည်မသိ။
"ဂျင်းနီကင်မ် နဲ့ နာယွန်းဆိုတာလား"
"ဟုတ်တယ်"
နာယွန်းကဖြေသည်။
"အတန်းနောက်ကျတယ်နော် ဟိုမှာနေရာလွတ်တယ်
ဝင်ထိုင်လိုက်"
ဘာလား သူကဘာမို့လို့ ကျွန်မတို့ကို အမိန့်ပေးနေတာလဲ။
ဒါပေမဲ့ ဒီနေ့မှ ရောက်စမို့ ပြဿနာမတက်ချင်သဖြင့် သူပြောသည့် နေရာသို့ ကျွန်မဝင်ထိုင်လိုက်သည်။
နှာခေါင်းထဲ ထိုးထည့်ထားသည့် တစ်ရှူးကို ဖယ်ပြီး အသစ်ထုတ်နေခိုက်
"လီဆာ ဆိုတာ သူပဲ"
နာယွန်းက ကျွန်မနား နားတိုးတိုးလေးကပ်ပြောသည်။
"ဟမ်!!!!"
"သူနဲ့ ငါတို့နဲ့က တစ်တန်းတည်းပေါ့ အဲ့ဒါဆို"
"အေးဆို"
လီဆာ လီဆာ နင်နဲ့ငါတွေ့ကြသေးတာပေါ့။
ထိုစဉ် ကျွန်မတို့ဘေးသို့ စောစောက လီဆာ့အစားတောင်းပန်သည့် ကောင်မလေးကရောက်လာသည်။
"ဟေး နှာခေါင်း အခြေနေဘယ်လိုလဲ ငါဘာလုပ်ပေးရမလဲ"
ကျွန်မအဖို့ ဒီနေ့ကျောင်းတက်ရတာ စိတ်မပါတော့။
ဘယ်နှယ့် ဒီလိုဟာတွေနဲ့ ဘာလို့ တစ်တန်းထဲ အတူတူလာထိုင်နေရတာလဲ။
"ရတယ် အဆင်ပြေတယ်"
ကျွန်မ ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်သည်။
စောစောက လီဆာဆိုသူက သူ့သူငယ်ချင်းဘေးနား ဝင်ထိုင်သည်။
ဟူး....နှစ်ယောက်သား လိုက်လဲလိုက်ပါ့။
ချွေးစော်တွေ နံလိုက်တာ။
ကြားထဲက နာယွန်းတော့ ဘယ်လိုနေသည် မသိ။
ကျွန်မတော့ နှာခေါင်းသွေးယိုသည့်ကြားက မူးမေ့လဲချင်ချင်ဖြစ်နေပြီ။
ဒီလိုနဲ့ ကျွန်မရဲ့ ပထမဆုံးကျောင်းတက်ရက်က အမှတ်တရ တွေဖြစ်စေခဲ့ပါတယ်။
💛💛💛🖤🖤🖤
14Dec19 / 06:00pm
Reading list တွေထည့်ပေးရင် သိပ်ကိုပျော်မိမှာပါ🤗🤗🤗🤗
ကြိုးစားလျက်💛🖤