ကားပေါ်မှာ ကျွန်မနှင့်နာယွန်းက နှစ်ခုံတွဲ တစ်နေရာ။
ချယ်ယောင်းက ကျွန်မနှင့်ဘေးချင်း ယှဉ်လျက် တစ်ခြားတစ်ယောက်နှင့် အတူတူထိုင်သည်။သူ......သူကတော့ EunJiနှင့် အတူတူတစ်နေရာ။
သူက ကျွန်မနဲ့ မျက်စောင်းထိုး ရှေ့မှာ။
သူလုပ်သမျှ အကုန်လုံးကို ကျွန်မ မမြင်ချင်လောက်အောင်ကို မြင်နေရသည်။"စီနီယာ စီနီယာ အခုက ဂျယ်ဂျူကျွန်းကိုသွားမှာမလားဟင်"
"အင်း ထင်တာပဲ ပင်လယ်ကမ်းခြေကိုသွားမယ်ပဲ ပြောတာ"
"ဟိုရောက်ရင် EunJiကို ဓာတ်ပုံလှလှလေးတွေရိုက်ပေးနော် ကင်မရာပါတယ်မလား"
"ပါတယ်"
EunJiက သူ့လက်ကိုတွဲထားရင်း သူ့ပုခုံးကိုမှီထားသည်။
"ကားကအေးတယ်စီနီယာ Eunjiချမ်းတယ်"
သူက သူ့အနွေးထည်ကိုချွတ်ပေးပြီး EunJiကိုခြုံပေးသည်။ ပြီးတော့ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ.....
အဟားဟားဟား....
စိတ်ထဲက ကြိတ်ရယ်မိသည်။
နာကျင်မှုတွေ ပျောက်လိုပျောက်ငြားပေါ့လေ။
မျက်ရည်ကျတာကတော့ ကျွန်မကလွဲပြီး ဘယ်သူမှမသိ။နာကျင်စရာမြင်ကွင်းတွေ ကွယ်ပျောက်လိုကွယ်ပျောက်ငြား နားကြပ်တပ်ကာ မျက်စိမှိတ်ထားလိုက်သည်။
ကျွန်မ အိပ်ပျော်သွားခဲ့သည်။
"Jennie Jenniထတော့ ရောက်ပြီ"
"အင်....."
ပတ်ဝန်းကျင်ကို တစ်ချက်စူစမ်းကြည့်မိတော့ တကယ်ကို ဂျယ်ဂျူကျွန်းကိုရောက်နေခဲ့သည်။
"ဂျယ်ဂျူ?"
"ဟုတ်တယ် ထတော့"
ကျွန်မ ချယ်ယောင်းနောက်ကနေပြီး ကားပေါ်မှဆင်းလာခဲ့သည်။
"နာယွန်းရော"
"Toiletသွားတယ်"
"ကဲ အားလုံးလူစုံရင် အခန်းတွေခွဲပေးမယ်"
"ဆရာမ သမီးက စီနီယာLisaနဲ့အတူနေမှာနော်"
အသံစွာစွာနှင့် Choi-EunJi။
အမြင်တွေနောက်လိုက်တာ။"ချယ်ယောင်းနဲ့ဂျီဟိုကအခန်း၆ နာယွန်းနဲ့ဂျင်းနီ၇ ...×××"
ဆရာမဆီမှ အခန်းသော့ယူလာပြီး သက်ဆိုင်ရာ အခန်းများသို့ ထွက်ခွာခဲ့ကြသည်။