10)

3.3K 339 14
                                    

အပြင်က ရာသီဥတုက ချမ်းစိမ့်စိမ့်ဖြစ်နေသည်။
ဆောင်းတွင်းတောင်ရောက်နေပါပကော။

မိတ်ကပ်ပါးပါးလေးလိမ်း နှုတ်ခမ်းနီ ခပ်ဖျော့ဖျော့လေးဆိုးလိုက်တော့ ပြည့်စုံသွားသလို။ ထပ်ပြီးမလိမ်းတော့ပါဘူးလေ.... အရမ်းကြီးပြင်ရင်လည်း......

ဖေဖေက မွေးနေ့လက်ဆောင်ပေးထားတဲ့ ရေမွှေးကို ဆွတ်လိုက်တော့ ကွန်ဖီးဒန့်လယ်ဗယ်ကစိုးဟိုက်။

ဒါတောင်ဖိနပ်မရွေးရသေး။ ကဲ စီးနေကျပဲစီးတော့မယ်။
မှန်ရှေ့မှာ ခဏခဏ ရှေ့ပြန်နောက်ပြန် သေချာကြည့်။
ဗီရိုထဲက မာဖလာလေးလည်းထည့်ခဲ့ရမည်။
ဆိုင်ကယ်နဲ့ဆိုတော့ချမ်းရင် ပတ်ထားဖို့။

ကိုယ့်ကိုကိုယ် စိတ်ချရပြီဆိုမှ ကျွန်မအောက်ထပ်သို့
ဆင်းလာလိုက်သည်။

"အလှတွေပြင်လို့ပါလားသမီး"

"မပြင်ပါဘူးမေမေကလည်း ပုံမှန်အတိုင်းပဲကို"

"မသိပါဘူး ဒီနေ့ငါ့သမီးလေး ခါတိုင်းထက်ပိုပြင်ထားသလားလို့"

"အဟားဟား မေမေမျက်မှန်လုပ်ရတော့မယ်ထင်တယ်
ကြည့် သမီးကဒီတိုင်းပဲဟာကို နော်ဖေဖေ"

"အေး သမီး"

ဖေဖေက သတင်းစာဖတ်နေလို့ ကျွန်မဘက် အာရုံသိပ်မရောက်။

"ကဲကဲ စားတော့ ကျောင်းနောက်ကျလိမ့်မယ်"

"ဟုတ်"

▪️▪️▪️▪️▪️

ကျောင်းပေါက်ရောက်တာနှင့် ကျောင်းထဲဝင်ချင်ယောင်ဆောင်ပြီး ပြန်ထွက်လာလိုက်သည်။

ရင်ကတော့ တကယ်ကိုခုန်နေတာ။
မနေ့က ကျောင်းလစ်တာက သပ်သပ်။
ဒီနေ့ကျောင်းလစ်တာက ချစ်ရသူကြီးနဲ့လစ်ရမှာဆိုတော့။
အင်း....Dateလုပ်တာလို့ပြောရအောင်ကလည်း...
ကိုယ်နဲ့သူက ခုထိ တရားဝင်ချစ်သူလည်းမဟုတ်သလို တရားမဝင်ချစ်သူလည်းမဟုတ်။ ကိုယ်ကသာ တစ်ဖက်သက်။

၉နာရီထိုးတော့ ကျောင်းတံခါးပိတ်သွားတာကို ကျွန်မတွေ့လိုက်သည်။

သူ့ကိုပဲစောင့်ဖို့ ကျန်တော့သည်။
၅မိနစ်လောက်နေတော့ ကျွန်မရဲ့ ချစ်ရသူကြီး ရောက်လာပါပြီ ဆိုင်ကယ်နဲ့။

Her EyesWhere stories live. Discover now