"မိုးရွာနေတာကို စိတ်မမှန်တော့ဘူးလား "
အသံကြောင့် ကျွန်မမော့ကြည့်လိုက်သည်။
အရပ်ရှည်ရှည်ထိုကောင်လေး။
အမြဲတမ်း နောက်ဆုံးခုံမှာထိုင်တတ်သောကောင်လေး။ နာမည်လည်းမသိ။ မေဂျာလည်းမသိ။
သူက ကျွန်မကိုဆွဲထူလိုက်ပြီး
"လာ.. အတန်းထဲသွားမယ်"
နောက်ဆုံးခုံတစ်ခုမှာဝင်ထိုင်လိုက်ပြီး သူ့ကိုကြည့့်မိတော့ ဆံပင်တွေစိုကုန်သည်။ အကုန်လုံးမရွှဲကုန်သော်လည်း အနည်းငယ်တော့စိုနေသည်။
"ဆောရီးနော်...ငါ့ကြောင့် "
ကျွန်မအားနာစွာဆိုလိုက်မိသည်။
"မလိုပါဘူး။ ငါ့ဆုံးဖြတ်ချက်နဲ့ငါလာခေါ်တာလေ။
နင့်ကြောင့်မှ မဟုတ်တာ "
ဟင်...။ သူကဘယ်လိုပါလိမ့်။ စကားပြောတာလည်း ကန့်လန့်ကြီး။ လူပုံစံကလည်း အေးတိအေးစက်နဲ့။
"ကျေးဇူးပဲ"ဟု ကျွန်မထပ်ပြောလိုက်သောအခါ
သူက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတချက်ညိတ်ပြသည်။
သူကလည်းဘာစကားမှမပြော။ မြူနှင်းကလည်းဘာမှမပြော။ နာမည်လေးပင်မိတ်ဆက်ခြင်းမရှိ။
သူက ဂိမ်းဆော့နေဟန်တူသည်။
နာမည်မေးလိုက်ရမလား။ သူကလည်းချေလိုက်တာ။နည်းနည်းပါးပါး စကားလေးဘာလေးပြောတာမဟုတ်ဘူး။ အနေခက်လိုက်တာ။
ထိုနေ့ပြီးနောက် မြူနှင်းဖျားတော့သည်။ ကြာသပတေးနေ့ မနက်ပိုင်းအတန်းချိန်တွေကပျက်လို့ရပေမယ့် နေ့လည်ပိုင်း practical ချိန်တွေကတော့ပျက်လို့မရ။ နေ့လည်ပိုင်းတွင် physic practical နှင့် chemistry practical နှစ်ခုရှိရှာ chemistry ချိန်ကျမှ ထိုကောင်လေးနှင့် တစ်ခန်းတည်းဖြစ်မှန်းသတိပြုမိသည်။ အရင်ကဘာလို့သတိမထားခဲ့မိမှာလိမ့်။ ဆရာမက roll callကိုအမည်နှင့်ခေါ်သည်ဖြစ်ရာ နားထောင်ကြည့်မိတော့ ထိုကောင်လေးအမည်က "ဘုန်းဝေယျာညိမ်း "တဲ့။
ဘုန်းဝေယျာညိမ်း
သိပ်အချောကြီးမဟုတ်သော်လည်းဆွဲဆောင်မှုရှိသောကောင်လေးတစ်ယောက်ပင်။
သူ့ကိုကြိုက်သည့်မိန်းကလေးတွေလည်းများမည့်ပုံ။ သူ့ပုံစံကလူအများနှင့်ရောရောနှောနှောမနေတတ်သည့်ပုံ။ ကျွန်မသူ့ကိုဘာလို့ငေးကြည့်နေမိမှန်းမသိ။
ဟိန်းမြတ်သူသည် မျက်နှာချင်းဆိုင်ရှိ မြူနှင်းဝေကိုကြည့်လိုက်သည်။ သူဘယ်သူ့ကိုငေးနေပါလိမ့်။
သူ့ကိုကြည့်ရတာ ဖြူဖျော့နေသည်။ မိုးရေထဲမှာပဲထိုင်နေခဲ့တာလားမသိ။ မြူနှင်း သူ့ကိုသိပ်ချစ်တာသိသည်။ ခုချိန်မှာ ဘယ်လောက်ခံစားနေရမလဲဆိုတာလည်းသူသိသည်။
စိတ်ထဲမှပဲ အကြိမ်ကြိမ်တောင်းပန်မိတော့သည်။
မြူနှင်းသည် test tube ထဲသို့ burette ထဲမှ acid ကို တစက်ချင်းချိန်ထည့်နေသည်။
"ခလွမ်း"
တိတ်ဆိတ်နေသောအခန်းထဲတွင် ကျကွဲသံကဟိန်းထွက်သွားသည်။ IT queen လေး အိမ့်မြတ်သဇင် test tube ကျကွဲသွားခြင်း။ test tube ဖန်ကွဲတွေကို ရုတ်တရက်လက်နှင့်ကောက်မိရာမှ စူးသွားဟန်တူသည်။ အားလုံးငေးကြည့်နေကြသည်။
ဟိန်းမြတ်သူက ချက်ချင်းပြေးသွားကာ လက်ကို အနာကပ် ပလာစတာကပ်ပေးနေသည်။
"အဆင်ပြေရဲ့လား"ဟုပြောနေပုံပင်။
မေဂျာက သူငယ်ချင်း အချို့က ဟိန်းမြတ်ကိုတလှည့်၊ မြူနှင်း ကို တလှည့်ကြည့်နေကြသည်။
ထိုမြင်ကွင်းကိုကြည့်နေမိသူက မြူနှင်းဝေ။ မျက်ရည်ဝိုင်းစွာဖြင့်ငေးကြည့်နေရင်း ၊ အားလုံးအမြင်မှာငါကသနားစရာကောင်းနေတယ်ထင်ပါရဲ့။
Burette မှ acid တွေက ဒလဟောကျနေပြီး test tube ကိုပြည့်လုနီးပါးဖြစ်နေပြီ။
ဤသည်ကို ဘုန်းဝေယျာညိမ်း ကခပ်လှမ်းလှမ်းမှလှမ်းမြင်နေရသည်။
ငါ့ရှေ့လာပြီး ဘာတွေတုန်း။ ရှုပ်ရှုပ်ယှက်ယှက်တွေ။ ဟိုကောင်မလေးလည်းရူးနေလားမသိ။ acid ဟ acid ။ လောင်တတ်တယ်ဟ။
ဘုန်းဝေ အတွေးမဆုံးမီပင် test tube ကျကွဲသံနှင့် ထိုကောင်မလေး လက်ခါပြီးအော်လိုက်သံကိုကြားလိုက်ရသည်။ အက်ဆစ်အပြင်းဖြစ်၍လောင်သွားမှာအသေအချာ။
ထိုကောင်မလေး၏ ရည်းစားလား ရည်းစားဟောင်း လား မသိသောသူက တုတ်တုတ်မှမလှုပ်ပဲ IT queen လေးကို ကူလုပ်ပေးနေသည်။ ဖန်ကွဲစတွေကို တံမြက်စည်းနဲ့ လှည်းလို့...
"ဟဲ့ ဟိန်းမြတ်သူ ကိုကြည့်ဦး။ သူ့ကောင်မလေးတစ်ယောက်လုံးကိုတောင်ဂရုမစိုက်ပဲ"
"ပြတ်သွားပြီလားမှမသိတာ.."
ဘေးနားမှစကားသံများကို ဘုန်းဝေ ကြားနေရသည်။ ထိုကောင်မလေးကတော့ လက်ကိုကိုင်ပြီး အခန်းအပြင်ထွက်သွားသည်။
"မြူနှင်းဝေ က စကြိုက်တာတဲ့သိလား။ ဟိန်းမြတ် ကမကြိုက်ဘူး။ အားနာလို့ပြန်ကြိုက်တာဆိုလားပဲ"
"ဘာလို့ပြတ်သွားတာလဲမသိဘူး။ မြူနှင်း က အဲ့လောက်ချစ်တာကို။ သူ့ကိုအဲ့လောက်သည်းခံတဲ့မိန်းကလေးမျိုး သူ့ဆယ်သက်ရှာတောင်မတွေ့ဘူး"
မနေ့က မိုးရေထဲမှာထိုင်ငိုနေသော ကောင်မလေးကို ဘုန်းဝေပြန်မြင်ယောင်နေမိသည်။ ဆို့နင့်နေသောမျက်ဝန်းတွေ။ သူအခန်းအပြင်ထွက်လာလိုက်သည်။ Basinမှာ လက်ကိုရေဆေးနေသော ထိုကောင်မလေး။ လက်မှာ အက်ဆစ်လောင်သွားသဖြင့် နီရဲနေသည်။ ထိုကောင်မလေးကျောပြင်မှာ တသိမ့်သိမ့်တုန်နေသည်။ အင်မတန်မျက်ရည်လွယ်သောကောင်မလေးပါလား။
"မြူနှင်းဝေ "
ထိုမိန်းကလေး ကျွန်တော့ကိုကြည့်လာသည်။
ထိုမျက်ဝန်းတွေ..
ခိုကိုးရာမဲ့မျက်ဝန်းတွေ..
သာမာန်ရွက်ကြမ်းရည်ကျိုမိန်းကလေးတွေက
ကျွန်တော့အကြိုက်မဟုတ်။
ထိုမိန်းကလေးကိုတော့ သဘောကျတာမဟုတ်။
သနားမိတာဖြစ်ကောင်းဖြစ်နိုင်ပါသည်။