Unicode
"ကျွန်တော့်ကို ကိုသုတရဲ့ Bar မှာအလုပ်ခန့်ပါလား"
"ဟင်!!!"
ရုတ်တရက် ပြောလိုက်တဲ့ ခေါင်လေးစကားကြောင့် နှိုင်း မယုံနိုင်သလိုလေး ဖြစ်သွားရပါသည်။ သူ အံ့သြစွာ မှင်သက်နေမိတုန်းမှာပဲ ခေါင်လေးရဲ့ဖုန်းဟာ မြည်တွန်းလို့လာခဲ့ပါ၏။
ဖုန်း screen လေးကို ကြည့်ပြီး ပြုံးသွားတဲ့ ဘုန်းထွ၌ခေါင်လျှံ ရဲ့ အပြုံးတွေမှာ နှစ်သက်မူ၊ ကြည်နူးမူ တွေပါဝင်နေသလို။
"Hello နွေ "
"..."
နူးနူးညံ့ညံ့ ခေါ်သံတစ်ခုဟာ သူမအတွက်မူပိုင်ဖြစ်နိုင်သည်ထင်၏။ အတူတူရှိရမယ့် ရက်တွေအတွက် သူဟာ ရင်ခုန်
စိတ်ကူး ယဉ်ခွင့်တောင် ကင်းမဲ့နေသူပါလား။ နှိုင်း မင်း သိပ် သနားစရာ ကောင်းတာပဲ။
"အခုလား ငါနေသိပ်မကောင်းလို့ အပြင်မထွက်ချင်ဘူး"
"..."
"အင် လာခဲ့ အခုချက်ချင်းမလာနဲ့နော်.. ငါမျက်နှာသစ်ရဦးမှာ ဆိုတော့ ဆယ်ငါးမိနှစ်လောက်နေမှလာခဲ့ "
".."
"မကြာပါဘူးဟာ... အင်.. လူမမာစာဝယ်လာပေး..ဆန်ပြုတ် မဟုတ်ဘူးနော် ပေါင်မုန့်တို့ ကိတ်မုန့်တို့"
"...."
"ဟီး...အင်းပါ ဒါပဲနော်"
"..."
ဘုန်းထွဋ်ခေါင်လျှံ ၏ လွတ်လပ်ပေါ့ပါးစွာသော စကားသံတွေဟာ သူနဲ့ပြောသလိုမျိုး မာထန်မူတော့ မရှိ။နှိုင်းသည်
နာကျင်ရမည်ကို သိပါလျက် မျှော်လင့်ချက်သေးသေးလေး ဝင်ရောက်လာသည့် ကိုယ့်ကိုယ်ကို ရိုက်နှက်ဆုံးမပြစ်ချင်လာ၏။ ဖုန်းပြောပြီး သည့်နောက် သူ့ကိုပင်လှည့်မကြည့်တော့ပဲ ထွက်သွားပြန်သော ကျောပြင်ဟာ အထီးကျန်ဆန်မူနဲ့အတူ ရင်တွင်းဆို့နင့်မူကိုလည်း ဖြစ်ပေါ်လာစေသည်။ မင်းနဲ့တစ်ခါတွေ့တိုင်း ငါ့ရောဂါတွေ တစ်ခါတိုးနေပါလား။
နှိုင်းသည် သက်ပြင်းမောကို ချလျက် တစ်နေ့တာလုပ်ငန်း စဉ်ကို ပြန်လည်စတင်လိုက်သည်။ ဒီလိုပျင်းရိ ငြီးငွေ့ဖွယ်
နေ့တွေမှာ သူဟာ ဘယ်သူ့အတွက်များ အလုပ်တွေ ကြိုးစား နေရသလဲ။
ဖွားဖွားတို့ ရှုံ့ချမှာကို မလိုလားတဲ့ စိတ်တစ်ခုတည်းအတွက်လား။သေဆုံးသွားတဲ့ ဖေဖေနဲ့မေမေကို စိတ်ချ လက်ချထွက်သွား စေချင်ခဲ့လို့လား။ ဒါမှမဟုတ် တစ်ယောက်တည်းဖြတ်သန်း ရတော့မည် အနာဂတ်အတွက်လား ဝေခွဲမရတော့ပေ။
..........
"ကိုနှိုင်း အခြေအနေဘယ်လ်ိုလဲ"
အဆောင်သို့ပြန်ရောက်ရောက်ခြင်း လမင်းက ဆီးကြိုမေး၏။ခေါင်လေးသည် မိမိအိပ်ယာပေါ်သို့ လှဲချလိုက်ပြီး ဆေးလိပ်သောက်ရန် ဟန်ပြင်နေသော စိုင်းမင်းကို လက်မှ
ဆေးလိပ်ကို လှမ်းယူလိုက်သည်။
"အင် ဘာမှမဖြစ်ပါဘူး ဒီတိုင်းခဏ သတိလစ်သွားတာ ငါသူ့ကိုBar ပြန်ပို့ပေးခဲ့တယ် "
"ဟုတ်လား ညနေကျ သတင်းမေးရင်း သွားဦးမှပဲ "
"အေ ငါလည်းလိုက်မယ်"
စိုင်မင်းကိုသည် နောက်ထပ်ဆေးလိပ်တစ်လိပ်ကိုယူကာ မိီးညှိလိုက်ပြီး မီးခြစ်ကို ခေါင်လေးထံပစ်ပေးလိုက်၏။
"သွားကြ ငါတော့မလိုက်ဘူး ခဏနေ နွေး လာမယ် ပြောတယ် ဒီနေ့ကတော့ ငါ့အသဲအတွက် သီးသန့်ပဲ"
"ပြောတော့ သူငယ်ချင်း ဆို!!"
စိုင်းမင်းကိုသည် ခေါင်လေး၏ လက်မောင်းအား လက်သီးဖြင့်ထိုး၍ စနောက်လိုက်၏။ နာကျင်စေလိုသည့် ဆန္ဒ မရှိသော်လည်း ဒဏ်ရာရှိသည့်လက်မို့ ခေါင်လေး
မျက်နှာက ရှုံ့တွသွားရလေသည်။
"အ.."
လက်မောင်းအား ဖိရင်း ခေါက်လေးက စိုင်းမင်းကို ကိုဖနောင့်ဖြင့် မနာအောင်ကန်ပစ်လိုက်သည်။
"ခွေးသား အရမ်းလုပ်ရလားဟ"
"ဘာဖြစ်ထားတာလဲ"
"ဘာမှမဖြစ်ဘူး"
ခေါင်လေးသည် မဖြေချင်သဖြင့် စောင်ကို ခေါင်းမြီးခြုံကာ အိပ်ဟန်ပြုလိုက်၏။
"ဟျောင့် ပြစမ်း!!"
လမင်းက မနေနိုင် မထိုင်နိုင် နေရာမှ ထလာကာ ခေါင်လေးနားရောက်လာလေသည်။
"ဘာမှ မဖြစ်ပါဘူးဆိုကွာ"
"ဘုန်းထွဋ်ခေါင်လျှံ တဲ့ အဆောင်ရှေ့မှာ ဧည့်သည်ရောက်နေတယ်"
အဆောင်းမှူး၏ အော်ဟစ်သတိပေးသံကြောင့် ခေါင်လေး သည် စိုင်းမင်းကိုနှင့် လမင်းကို တွန်းဖယ်က ထလိုက်၏။
"နွေးနွေး လာတာထင်တယ် သွားပြီဗျို့"
"အေ ပြန်ရဲပြန်လာကြည့်စမ်း!!"
စိုင်းမင်းကို ကြိမ်းဝါးသည်ကို ခေါင်လေးက လျှာထုပ်ကာလှောင်ပြလျက် အဆောင်ရှေ့သို့ ပြေးထွက် လိုက်ပါသည်။သို့သော်လည်း အဆောင်ရှေ့ ရောက်ချိန်တွင် ထင်မှတ်
မထားသူကို တွေ့လိုက်ရသည်မို့ သူ စိတ်ပျက်သွားရပါ တော့၏။
"စိုင်လျန် မင်းဘာလာလုပ်တာလဲ"
"ကိုဘုန်းကလည်း လေးသံတွေ စိမ်းလှချည်လား...ဟိုနေ့က ထိုးလိုက်မိလို့ ညီက လာတောင်းပန်တာပါ၊ ကျွန်တော်တို့ အရင်လိုပြန်နေကြမယ်လေ"
ခေါင်လေးသည် စိုင်လျန်အား မျက်ခုံးတို့တွန့်ချိုးကာ ကြည့်လိုက်ရင်း...
"မင်းနဲ့ငါ ပတ်သတ်စရာအကြောင်းမရှိတော့ဘူး မင်း ဒိုးလိုက်တော့ "
"ကိုဘုန်း ရယ် ညီတောင်းပန်နေတယ်လေ နောက်အဲ့လို မဖြစ်စေရဘူး ကတိပေးတယ်"
"ကျစ်.. မင်း လူစကားနားမလည်ဘူးလား ထွက်သွားနော် ငါ့အဆောင်ရှေ့ထိ မင်းလာရဲတာကို တော်တော်ဟုတ်နေပြီ ငါမင်းကို တစ်ခုခု မလုပ်မိခင် မြန်မြန်ထွက်သွား"
ခေါင်လေး စကားကြောင့် စိုင်လျန်မျက်နှာသည် ညိုးငယ် သလိုပြုမူထားရာမှ မျက်နှာတို့ နီလာလျက် စိတ်တိုဒေါသ
ထွက်ခြင်းသို့ ရောက်လေသည်။
"ကိုဘုန်း ကျွန်တော်တို့အရင်လိုပြန်နေရအောင်"
တောင်းပန်ခြင်း မမည်တော့သည့် လေသံဟာ အံ့ကြိတ်ထား သဖြင့် ခြိမ်းခြောက်သံထွက်နေတော့၏။ ခေါင်လေးသည် ဂရုမစိုက်စွာ ရယ်လိုက်ပြီး... စိုင်လျန်မျက်နှာအား ခက်ထန်
စွာ ပြန်ကြည့်ပေးလိုက်သည်။ ဒီလောက်လေးနဲ့ကြောက် ရရင် ဘုန်းထွဋ်ခေါင်လျှံ ဘယ်ဟုတ်ပါတော့မလဲ။
"တိုင်နဲ့ခေါင်းနဲ့သာ ဆောင့်ပြီးသေလိုက်တော့"
"ကောင်းပြီလေ... ခင်ဗျား က ပြောမရဆိုမရဖြစ်နေမှတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ ကျုပ်ကတော့ ခင်ဗျားကို မရ ရအောင် ယူမှာ ။ ကျုပ်မှမရရင် ဘယ်သူမှမလည်း မရစေရဘူး"
စိုင်လျန်သည် အံ့ကို ကြိတ်လျက် ခပ်တိုးတိုး ပီပီသသဖြင့် အေးစက်စွာ ဆို၏။ခေါင်လေးသည် လက်သီးကို ကျစ်ကျစ်
ပါအောင်ဆုပ်လျက် စိုင်လျန်အား အစိမ်းလိုက် ဝါးစားတော့မတတ် ကြည့်လိုက်သည်။
"ခေါင်လေး! !"
ထိုစဉ် နွေး၏ ခေါ်သံကို ကြားလိုက်ရသဖြင့် နှစ်ယောက်လုံးရဲ့ အကြည့်တွေက နွေးဆီသို့ ရောက်သွားကြသည်။ခေါင်လေးသည် နွေးကို မြင်သည်နှင့် လက်သီးကို ဖြည်လိုက်
ပြီး တင်းမာထားသော မျက်နှာကို ပြင်ဆင်ကာ ပြုံးလိုက်သည်။
"ကြာလိုက်တာ.. ဘာလုပ်နေတာလဲ"
ပြောပြော ဆိုဆိုပင် ခေါင်လေးက စိုင်လျန်ကို ဂရုမစိုက်တော့ဘဲ နွေး ဆီသို့ လျှောက်သွားလေသည်။ စိုင်လျန်သည် နွေး အား မျက်ထောက်နီ ဖြင့်ခပ်ကြာကြာစိုက်ကြည့်လိုက်
ပြီး ကြည်နူးနေသော သူတို့ကို ကျောခိုင်းလိုက်၏။
စိုင်လျန်သည် အိမ်သို့ ခပ်မြန်မြန်ပင် ပြန်ရောက်အောင် သွားလိုက်ပြီး ဧည့်ခန်းထဲတွင် ရှိသမျှသောပစ္စည်း တို့ကို
တွန်းဖယ်ပေါက်ခွဲလိုက်သည်။ စိတ်တိုဒေါသထွက်သမျှ မပြေပျောက် မချင်း ဖျက်ဆီးမူတွေ ပြုလုပ်ပြီးသောအခါ
သူ့လက်တွင် ဖန်ကွဲစတို့ထိုးစိုက်ကုန်လေသည်။ အချစ် ဟူသော အရာကို ကိုးကွယ်နေသည် ဟု ထင်မိသော်လည်း
သူသည် မိမိလိုချင်တာ မှန်သမျှ ရရှိနေသော ဤဘဝတွင် မရဘူးဆို ပိုလို့တောင်းတ ချင်သော လောဘစိတ်ဖြစ်သည် ကို နားမလည်ပေ။
ရင်တွင်း ပူလောင်မူနဲ့အတူ နီရဲရဲ မျက်ဝန်းတို့မှ တစ်ဆင့် ပါးပြင်ပေါ် စီးကျလာသော မျက်ရည်ကို ခပ်ကြမ်းကြမ်း ပွတ်သုတ်လျက် ဘယ်သူမှ မရှိသည့်အခန်းထဲ
ကျယ်လောင်စွာ အော်ရယ်လိုက်ပါတော့သည်။
"ဟား..ဟား...ဟား...ဘုန်းထွဋ်ခေါင်လျှံ ခင်ဗျား....အဟက် အဲ့ဒီမိန်းမကို အရမ်းချစ်တယ်ဟလား...ခင်ဗျားကို ကျုပ်
မပိုင်ရရင် ဘယ်သူမှ မပိုင်ရဘူး....ဟား..ဟား..အဟင့် အင့် "
မိမိကိုယ်ကို ရယ်နေသည်လား ငိုနေသည်လား မသဲကွဲတော့ သော စိုင်လျန်သည် မိမိ၏ တစ်ဦးတည်သော အားကိုးရာ
ကိုကြီးကို ငိုမဲ့မဲ့ဖြင့် ဖုန်းဆက်လိုက်၏။
"ကိုကြီး ပြောတော့ အဲ့ဒီမိန်းမကို ရှင်းပေးမှာဆို.. သူအခုထိ ကျွန်တော့ချစ်သူနားမှာ ရှိနေတုန်းပဲ... ကိုကြီး မြန်မြန် မရှင်းပေးရင် ကျွန်တော် ကိုယ်တိုင် ရှင်းမှာနော်"
ညီငယ်၏ သွေးဆိုးကာ ရက်စက်တတ်သော အပြုအမူကို သိသော သူသည် သက်ပြင်းကို ရှိုက်လိုက်၏။
"ညီလေး မင်း ဘာမှမလုပ်နဲ့နော် ကိုကြီး အကုန် ရှင်းပေးမယ်"
"ပြီးတာပဲ.. မြန်မြန်လုပ် အကြာကြီးမစောင့်နိုင်ဘူး"
ပြောချင်ရာ ပြောပြီး ဖုန်းချသွားသော
စိုင်လျန်ကြောင့်သူ စ်ိတ်ရှုပ်စွာ ဆံပင်တွေကို ပွတ်သပ်ပစ်လိုက်၏။
"ဆက်ဟေး...မင်းညီလား"
"အေ"
"ဘာတဲ့လဲ "
"သူ ချစ်သူကို မိန်းမတစ်ယောက် လိုက်နှောင့်ယှက် နေလို့တဲ့ကွာ"
မျက်နှာအား လက်နှစ်ဖက်ဖြင့်ပွတ်ကာ
ဆက်ဟေးဖြေလိုက်၏။ ခပ်မှောင်မှောင်အခန်းထဲတွင် မိုးဇေက ဆိုဖာပေါ်တွင် ပက်လက်လှန်အိပ်ပြီး ဆေးလိပ်ကို
ဇိမ်ယူကာ တစ်ဖွာချင်း ရှိုက်နေသည်။
"မင်းညီရဲ့ ချစ်သူကို မိန်းကလေးတစ်ယောက် က နှောင့်ယှက်နေတယ်ဆိုတော့ မင်းညီက gayလား"
"အင် "
ခေဆက်ဟေး က မဖြေချင်ဖြေချင်ဖြင့် ခေါင်းညိမ့်ကာ ရေခဲနှင့် အရက်ရောထားသောခွက်ကို တစ်ကြုတ်မော့လိုက်၏။
"ဒါဆို မင်းရော gayလား"
"ငါ gayဆိုရင် မင်းကို တတ်လုပ်ပြီးတာ ကြာပေါ့"
"အဟက်... ဒါပေမယ့် မင်း ဘယ်မိန်းမနဲ့မှ မအိပ်ဘူးလေ"
သောက်တော့မည့် အရက်ခွက်က နှုတ်ခမ်းနားရောက်မှ ပြန်လည်ချထားခြင်းသို့ ရောက်ရလျက် ခေဆက်ဟေး က
ခြောက်ကပ်ကပ် ရယ်လေသည်။ ညီလေးကို စောင့်ရှောက် နေရသဖြင့် သူ့မှာ ထိုကဲ့သောသော လိင်ကိစ္စတွေကို
အချိန်ပေးဖို့ရန် မရှိပါချေ။
"ငါ အိပ်ပြမယ်ဆိုရင်ရော ဒီတစ်ခေါက်ပစ္စည်းပို့လို့်ရမယ့် ပိုက်ဆံတွေ ငါ့ကိုပေးမလား"
ခေဆက်ဟေး ၏ စိန်ခေါ်စကားကို မိုးဇေက ကြိုက်သွားပုံ ရကာ အိပ်နေရာမှ ထထိုင်လိုက်သည်။ ထို့နောက် ခေဆက်ဟေး ဆီမှ အရက်ခွက်ကိုယူကာ ကုန်စင်အောင်
မော့သောက် လိုက်လေသည်။
"မင်း မလုပ်နိုင်ရင် ငါနဲ့အိပ်ရမယ် ဘယ်လိုလဲ"
ဆက်ဟေသည် မိုးဇေအား လှောင်သလိုပြုံးပြလျက်...ကုန်သွားသော အရက်ခွက်ကို ပြန်ငှဲ့ထည့်ကာ ကုန်စင်အောင် မော့သောက်လိုက်၏။ ပြီးနောက် နေရာမှ ထရပ်
လိုက်ပြီး မိုးဇေကို ပြန်ငုံ့ကြည့်လိုက်သည်။
"ဓာတ်ပုံတွေက ဘယ်မှာမှရှာမတွေ့ဘူးဆိုတော့ ငါတို့်ဘာ ပြသာနာ မှ ဖြစ်လာစရာမှမရှိဘူး၊ မင်းနဲ့ငါ နှုတ်လုံရင်
ပြီးပြီ"
"အဲ့ဒါကြီးကို မေ့ထားလိုက် ခုလောလောဆယ် ငါတို့ လောင်းထားတဲ့ကိစ္စကို အကောင်အထည်ဖော်ကြစို့ ၊
ဘယ်လိုလဲ ငါမင်းကို အချိန်တစ်ပတ်ပေးမယ်"
"တစ်ပတ်မလိုဘူး နှစ်ရက်ဆိုရပြီ"
"ကြိုက်ပြီလေ...ဟား.ဟ"
ခေဆက်ဟေးသည် မိုးဇေ အခန်းမှ အပြင်းသို့ထွက်လိုက်ပြီး သက်ပြင်းမောကို ချလိုက်မိပြန်၏။
"Sorryနော်"
"ဟုတ် ရပါတယ်"
စိုင်လျန်အားကျောင်းသွားကြိုသည့်နေ့တွင် တိုက်မိခဲ့သော ဖြူဖြူစင်စင်ကောင်မလေး၏ မျက်နှာက သူ့စိတ်တွင်း၌ ဖျောက်ဖျက်မရစွာ ပေါ်လွင်လာသည်။ သူ ခေါင်းကို
အသာ ရမ်းလိုက်ပြီး သူမအကြောင်း သိသမျှ စုံစမ်းရန် ထွက်ခဲ့ပါတော့သည်။ စိတ်တော့မကောင်းပေမယ့်ငါက ငါ့ညီလိုအပ်သမျှ ဖြည့်ဆည်းပေးဖို့ မွေးဖွားလာတာ
ကြောင့်နားလည်ပေးစေချင်သည်။
......
" နင် ကျူရှင်သွားရမှာမလား ငါပြန်တော့မယ် ဆေးသေချာ သောက် ၊ အေးတယ် ထူထူထဲထဲဝတ်ထား"
"ဒီနေ့ တစ်ရက်တော့ မသွားတော့ဘူးလေ ကျောင်းလည်း ဖွင့်တော့မှာ စာတွေပြီးနေလောက်ပြီ"
"ပြီးတာတော့ ပြီးတာပေါ့ ..ဒါပေမယ့်"
"မသိဘူး မသွားချင်ဘူး"
"အေ့ပါဟယ်... အဲ့တာဆိုလည်း မသွားနဲ့.. အပြင်မှာလည်း အကြာကြီး မနေနဲ့ အအေးပတ်လိမ့်မယ် ဆေးသောက်ပြီး
အိပ်တော့"
မဖျားပါပဲ ဆေးတွေသောက်နေရသဖြင့် ခေါင်လေးသည်နှာခေါင်း လေး ရှုံ့ပွ ရှုံ့ပွ လုပ်နေ၏။ ထိုနောက် မျက်နှာကြီးကပါ ဆူပုတ်လာသည်။
"ကဲပါ အဲ့လိုကြီး လုပ်မနေနဲ့ ရုပ်ဆိုးလိုက်တာ..ငါတို့ ဝက်သားဒုတ်ထိုးသွားစားကြမလား"
"သွားစားသင့်တာကြာပြီ"
ချက်ချင်းလို ပြုံးဖြီးလာသော ခေါင်လေးကြောင့် နွေး ရယ်မိပါ၏။ ဒီအရူးလေး ကို သူမ ဘာကြောင့် သံယောဇဉ် တွယ်
မိနေလဲ စဉ်းစားမရပေ။ ချစ်သူလို ပိုင်ဆိုင်ချင်စိတ် နဲနဲလေး မှ မရှိစေကာမူ သူမအနားက သူစိမ်းတစ်ယောက်လို
ထွက်သွားမှာကိုတော့ ကြောက်မိသည်။
"နင် ဒီနှစ် ကအုံး မှာလား"
ဝက်သားဒုတ်ထိုးဆိုင်ရောက်တော့ စကားမရှိ စကားရှာကာသူမ မေးလိုက်ပါ၏။
"အကတိုက်ရမှာ ပျင်းလို့ မကတော့ဘူး"
"သြော်! !"
"ဒါနဲ့ နွေး နင်ပိုက်ဆံဘယ်လောက်ကုန်ပြီလဲ"
"လေးသိန်း လောက်တော့ ကုန်ပြီထင်တာပဲ နင်ရော"
"ငါလား ငါက...ဟဲဟဲ"
"ပြောစမ်းပါ ဘယ်လောက်ကုန်ပြီလဲ"
"ခြောက်သိန်းလောက်ရှိပြီထင်တယ်"
"အသုံးကြမ်းလိုက်တာအေ"
"ဒီချိန်လေးပဲ သုံးရတာကို"
နှစ်ယောက်သား စကားတစ်ပြောပြောဖြင့် ဝက်သားဒုတ်ထိုးစားပြီးသည့်နောက် ဟိုလျှောက်သွား ဒီလျှောက်သွားဖြင့်
ညနေစောင်းသို့ ရောက်မှန်းမသိ ရောက်လာလေသည်။
"ပြန်ရအောင် "
"အေ "
သို့နှင့် နွေးသည် ခေါင်လေးအား အဆောင် ပြန်ပို့ပေးလိုက်၏။
"မှောင်နေပြီ သေချာဂရုစိုက်ပြန် အဆောင်ရောက်ရင်ဖုန်းဆက်"
"အေးပါ သွားပြီနော် "
"အင်"
နွေးသည် ခေါင်လေးကို နှုတ်ဆက်ပြီးနောက် ကျိုးတိုကျဲတဲ လမ်းမီတွေကို ဖြတ်ကျော်ကာ လေပြေနုကို ကြည်နူးစွာခံစားပြီး အဆောင်သို့ ပြန်ရောက်လာလေသည်။
သူမသည် ဆိုင်ကယ်ကို သေချာစွာရပ်ပြီးနောက် အဆောင် ထဲသို့ ဝင်မည်အပြု သူမရှေ့သို့ လူတစ်ယောက် အလောတကြီး ရောက်ရှိလာလေသည်။
"ဟိုလေ ညီမ နာမည်က နွေးနွေးငြိမ်းအောင် လားဟင်"
နွေးသည် ကြည်လင်သော အသံကြောင့် ထိုလူကို မော့ကြည့်လိုက်မိ၏။ အသားလေးတွေဖြူဝင်းလို့ ပြုံးလိုက်တိုင်း စွဲလန်းဖွယ်ရာ ထိုလူသည် သူမနဲ့ ကျောင်းမှာ ဝင်တိုက်
မိခဲ့သော သူ။
"ဟုတ်... ဟုတ်ကဲ့"
သူမသည် ခဏတဖြုတ် မြင်၍ ကြွေခဲ့ရသောသူကို ပြန်တွေ့လိုက်ရသဖြင့် ပျှော်ရွှင်သွားကာ ရင်တွေလည်း ခုန်လာမိ၏။
"ကျွန်တော့်နာမည် ခေဆက်ဟေးပါ စကားခဏလောက်ပြောချင်လို့ ရမလားဟင်"
ယဉ်ကျေးစွာ တောင်းဆိုလာသဖြင့် နွေးသည် မငြင်းရက်နိုင် ဖြစ်သွားရကာ ခေါင်းညိမ့်မိတော့သည်။
"နွေး လို့ပဲ ခေါ်မယ်နော် ၊ စိတ်မဆိုးဘူးမလားဟင်"
"ဟုတ် ရပါတယ် အဆင်ပြေသလိုခေါ်ပါ"
နွေးသည် ရင်တွေခုန်လွန်း၍ ပါးပြင်လေးတွေပူကာ ပန်းရောင်ပြေးလာသည်။ ခေဆက်ဟေးသည် သူမသွင်ပြင်လေးအား
စိတ်လိုလက်ရပင် ငေးကြည့်မိသော်လည်း ညီဖြစ်သူ၏ မျက်နှာကို မြင်လာသည့်အခါ စိတ်ရိုင်းတွေကို တတ်နိုင်
သမျှ မွေးမြူလိုက်ရပါ၏။
"နွေး က ချစ်စရာလေးနော် ကိုယ်မြင်မြင်ချင်းသတိထားမိသွားတာ"
" ဟာ.. အရမ်းမြှောက်တာပဲ"
ရှက်ကိုးရှက်ကန်းဖြင့် နှုတ်ခမ်းလေးကိုက်လိုက်သော နွေး၏ အမူအရာကို ကြည့်ရင်း ဆက်ဟေး တစ်ယောက် အလိုလိုပြုံးမိသွားသည်။
"ကိုယ် နွေးကို စတွေ့တဲ့နေ့ကနေ ဒီနေ့ထိတစ်ရက်မှ မေ့လို့မရဘူး.. ကိုယ် ညီမကို စိတ်ဝင်စားနေမိပြီထင်တယ်
နွေး စိတ်မဆိုးပါနဲ့နော်"
"စိတ်မဆိုးပါဘူး စိတ်ဆိုးစရာမှမဟုတ်တာ"
ဆက်ဟေးကိုမကြည့်ပဲ ပခုံးကျော်ဆံနွယ်တွေကြား မျက်နှာ လေး ဝှက်ရင်း ရှက်ရွံစွာ နွေးကပြောလေ၏။ ဆက်ဟေးသည် နွေးကို ကြည့်ရင်း သံသယတစ်ချို့ ဝင်ရောက်လာ
သည်။ တကယ်ပဲ နွေးက ညီလေးချစ်သူကို လုခဲ့တာလား။
သူဖြင့် ချစ်ရည်လူးစကား စတောင်မပြောရသေး ပန်းရိုင်းလေးသဖွယ် ရင်ခုန်းနေသော သူမသည် ဟန်ဆောင်ပြုမူနေသည်
နှင့်လည်းမတူပေ။
"မနက်ဖြန် ကိုယ်နဲ့ အတူတူလျှောက်လည်ရအောင်လေ"
"ဟ်ို..အဲ့တာကလေ"
"စိတ်ချပါ ကိုယ် နွေးကို လက်ဖျားနဲ့တောင်မထိဘူး ကတိပေးတယ် ယုံနော် ၊ မနက်ဖြန် လျှောက်လည်ရအောင်"
ချစ်ရည်ရွှန်းသော မျက်လုံးရွဲကြီးများဖြင့် ညို့ယူလိုက်သည့်အခါ နွေးသည် ဆက်ဟေး၏ မျက်ဝန်းများကို လွှဲဖယ်
နိုင်ခြင်း မရှိပဲ ခေါင်းညိမ့်မိပါတော့၏။
"မနက်ဖြန် ကိုယ်လာခေါ်မယ်နော်! !"
"ဟုတ်"
"သွားတော့မယ်နော် တာ့တာ"
"အင် တာ့တာ"
နွေး ကို လက်ပြနှုတ်ဆက်ပြီးနောက် ဆက်ဟေးဟာ ပေါ့ပါးစွာသော ခြေလှမ်းများဖြင့် အိမ်သို့ပြန်ခဲ့သည်။ သူမဟာ သူမ ဘာကြီးပဲ ဖြစ်နေဖြစ်နေ သူမသည်
ညီလေးအတွက် သူဖယ်ရှားပေးရမည့် အမှိုက် တစ်ခုဖြစ်သာ ဖြစ်၏။
နွေးသည် တဒုတ်ဒုတ် မြည်ဟည်းနေသော ရင်ဘတ်လေးကို လက်ဖဝါးနှစ်ဖက်ဖြင့် အသာဖိ၍ ငြိမ်သက်အောင် ကြိုးစား
ကာ အဆောင်ခန်းထဲဝင်ခဲ့ပါသည်။ ဒ်ီနေ့တော့ သူမရဲ့အိမ်မက်ထဲကို ရွှေမင်းသားလေး အလည်ရောက်လာ လိမ့်မည်ထင်၏။
....................................................................
Love u all💚💚💚
..................................................................
Zawgyi
"ကြၽန္ေတာ့္ကို ကိုသုတရဲ႕ Bar မွာအလုပ္ခန္႔ပါလား"
"ဟင္!!!"
႐ုတ္တရက္ ေျပာလိုက္တဲ့ ေခါင္ေလးစကားေၾကာင့္
ႏိႈင္း မယံုႏိုင္သလိုေလး ျဖစ္သြားရပါသည္။ သူ အံ့ျသစြာ
မွင္သက္ေနမိတုန္းမွာပဲ ေခါင္ေလးရဲ႕ဖုန္းဟာ ျမည္တြန္း
လို႔လာခဲ့ပါ၏။
ဖုန္း screen ေလးကို ၾကည့္ၿပီး ျပံဳးသြားတဲ့ ဘုန္းထြ၌ေခါင္လ်ွံ ရဲ႕ အျပံဳးေတြမွာ ႏွစ္သက္မူ၊ ၾကည္ႏူးမူ ေတြပါဝင္ေန
သလို။
"Hello ေႏြး "
"..."
ႏူးႏူးညံ့ညံ့ ေခၚသံတစ္ခုဟာ သူမအတြက္မူပိုင္ျဖစ္ႏိုင္သည္
ထင္၏။ အတူတူရိွရမယ့္ ရက္ေတြအတြက္ သူဟာ ရင္ခုန္
စိတ္ကူး ယဥ္ခြင့္ေတာင္ ကင္းမဲ့ေနသူပါလား။ ႏိႈင္း မင္း
သိပ္ သနားစရာ ေကာင္းတာပဲ။
"အခုလား ငါေနသိပ္မေကာင္းလို႔ အျပင္မထြက္ခ်င္ဘူး"
"..."
"အင္ လာခဲ့ အခုခ်က္ခ်င္းမလာနဲ႔ေနာ္.. ငါမ်က္ႏွာသစ္ရဦးမွာ
ဆိုေတာ့ ဆယ္ငါးမိႏွစ္ေလာက္ေနမွလာခဲ့ "
".."
"မၾကာပါဘူးဟာ... အင္.. လူမမာစာဝယ္လာေပး..
ဆန္ျပဳတ္ မဟုတ္ဘူးေနာ္ ေပါင္မုန္႔တို႔ ကိတ္မုန္႔တို႔"
"...."
"ဟီး...အင္းပါ ဒါပဲေနာ္"
"..."
ဘုန္းထြဋ္ေခါင္လ်ွံ ၏ လြတ္လပ္ေပါ့ပါးစြာေသာ စကားသံေတြဟာ သူနဲ႔ေျပာသလိုမ်ိဳး မာထန္မူေတာ့ မရိွ။ႏိႈင္းသည္
နာက်င္ရမည္ကို သိပါလ်က္ ေမ်ွာ္လင့္ခ်က္ေသးေသးေလး
ဝင္ေရာက္လာသည့္ ကိုယ့္ကိုယ္ကို ႐ိုက္ႏွက္ဆံုးမျပစ္ခ်င္လာ၏။ ဖုန္းေျပာၿပီး သည့္ေနာက္ သူ႔ကိုပင္လွည့္မၾကည့္ေတာ့ပဲ ထြက္သြားျပန္ေသာ ေက်ာျပင္ဟာ အထီးက်န္ဆန္မူနဲ႔အတူ ရင္တြင္းဆို႔နင့္မူကိုလည္း ျဖစ္ေပၚလာေစသည္။
မင္းနဲ႔တစ္ခါေတြ႔တိုင္း ငါ့ေရာဂါေတြ တစ္ခါတိုးေနပါလား။
ႏိႈင္းသည္ သက္ျပင္းေမာကို ခ်လ်က္ တစ္ေန႔တာလုပ္ငန္း
စဥ္ကို ျပန္လည္စတင္လိုက္သည္။ ဒီလိုပ်င္းရိ ၿငီးေငြ႔ဖြယ္
ေန႔ေတြမွာ သူဟာ ဘယ္သူ႔အတြက္မ်ား အလုပ္ေတြ ႀကိဳးစား
ေနရသလဲ။
ဖြားဖြားတို႔ ႐ွံဳ႕ခ်မွာကို မလိုလားတဲ့ စိတ္တစ္ခုတည္း
အတြက္လား။ေသဆံုးသြားတဲ့ ေဖေဖနဲ႔ေမေမကို စိတ္ခ်
လက္ခ်ထြက္သြား ေစခ်င္ခဲ့လို႔လား။ ဒါမွမဟုတ္
တစ္ေယာက္တည္းျဖတ္သန္း ရေတာ့မည္ အနာဂတ္အတြက္လား ေဝခြဲမရေတာ့ေပ။
..........
"ကိုႏိႈင္း အေျခအေနဘယ္လ္ိုလဲ"
အေဆာင္သို႕ျပန္ေရာက္ေရာက္ျခင္း လမင္းက ဆီးႀကိဳေမး၏။ေခါင္ေလးသည္ မိမိအိပ္ယာေပၚသို႔ လွဲခ်လိုက္ၿပီး
ေဆးလိပ္ေသာက္ရန္ ဟန္ျပင္ေနေသာ စိုင္းမင္းကို လက္မွ
ေဆးလိပ္ကို လွမ္းယူလိုက္သည္။
"အင္ ဘာမွမျဖစ္ပါဘူး ဒီတိုင္းခဏ သတိလစ္သြားတာ
ငါသူ႔ကိုBar ျပန္ပို႔ေပးခဲ့တယ္ "
"ဟုတ္လား ညေနက် သတင္းေမးရင္း သြားဦးမွပဲ "
"ေအ ငါလည္းလိုက္မယ္"
စိုင္မင္းကိုသည္ ေနာက္ထပ္ေဆးလိပ္တစ္လိပ္ကိုယူကာ
မိီးညိွလိုက္ၿပီး မီးျခစ္ကို ေခါင္ေလးထံပစ္ေပးလိုက္၏။
"သြားၾက ငါေတာ့မလိုက္ဘူး ခဏေန ေႏြး လာမယ္
ေျပာတယ္ ဒီေန႔ကေတာ့ ငါ့အသဲအတြက္ သီးသန္႔ပဲ"
"ေျပာေတာ့ သူငယ္ခ်င္း ဆို!!"
စိုင္းမင္းကိုသည္ ေခါင္ေလး၏ လက္ေမာင္းအား
လက္သီးျဖင့္ထိုး၍ စေနာက္လိုက္၏။ နာက်င္ေစလိုသည့္
ဆႏၵ မရိွေသာ္လည္း ဒဏ္ရာရိွသည္႔လက္မို႔ ေခါင္ေလး
မ်က္ႏွာက ႐ွံဳ႕တြသြားရေလသည္။
"အ.."
လက္ေမာင္းအား ဖိရင္း ေခါက္ေလးက စိုင္းမင္းကို ကို
ဖေနာင့္ျဖင့္ မနာေအာင္ကန္ပစ္လိုက္သည္။
"ေခြးသား အရမ္းလုပ္ရလားဟ"
"ဘာျဖစ္ထားတာလဲ"
"ဘာမွမျဖစ္ဘူး"
ေခါင္ေလးသည္ မေျဖခ်င္သျဖင့္ ေစာင္ကို ေခါင္းၿမီးျခံဳကာ
အိပ္ဟန္ျပဳလိုက္၏။
"ေဟ်ာင့္ ျပစမ္း!!"
လမင္းက မေနႏိုင္ မထိုင္ႏိုင္ ေနရာမွ ထလာကာ
ေခါင္ေလးနားေရာက္လာေလသည္။
"ဘာမွ မျဖစ္ပါဘူးဆိုကြာ"
"ဘုန္းထြဋ္ေခါင္လ်ွံ တဲ့ အေဆာင္ေ႐ွ႕မွာ ဧည့္သည္ေရာက္
ေနတယ္"
အေဆာင္းမွဴး၏ ေအာ္ဟစ္သတိေပးသံေၾကာင့္ ေခါင္ေလး
သည္ စိုင္းမင္းကိုႏွင့္ လမင္းကို တြန္းဖယ္က ထလိုက္၏။
"ေႏြးေႏြး လာတာထင္တယ္ သြားၿပီဗိ်ဳ႕"
"ေအ ျပန္ရဲျပန္လာၾကည့္စမ္း!!"
စိုင္းမင္းကို ႀကိမ္းဝါးသည္ကို ေခါင္ေလးက လ်ွာထုပ္ကာ
ေလွာင္ျပလ်က္ အေဆာင္ေ႐ွ႕သို႔ ေျပးထြက္ လိုက္ပါသည္။
သို႔ေသာ္လည္း အေဆာင္ေ႐ွ႕ ေရာက္ခ်ိန္တြင္ ထင္မွတ္
မထားသူကို ေတြ႔လိုက္ရသည္မို႔ သူ စိတ္ပ်က္သြားရပါ
ေတာ့၏။
"စိုင္လ်န္ မင္းဘာလာလုပ္တာလဲ"
"ကိုဘုန္းကလည္း ေလးသံေတြ စိမ္းလွခ်ည္လား...
ဟိုေန႔က ထိုးလိုက္မိလို႔ ညီက လာေတာင္းပန္တာပါ၊
ကြၽန္ေတာ္တို႔ အရင္လိုျပန္ေနၾကမယ္ေလ"
ေခါင္ေလးသည္ စိုင္လ်န္အား မ်က္ခံုးတို႔တြန္႔ခ်ိဳးကာ ၾကည့္လိုက္ရင္း...
"မင္းနဲ႔ငါ ပတ္သတ္စရာအေၾကာင္းမရိွေတာ့ဘူး မင္း ဒိုး
လိုက္ေတာ့ "
"ကိုဘုန္း ရယ္ ညီေတာင္းပန္ေနတယ္ေလ ေနာက္အဲ့လို
မျဖစ္ေစရဘူး ကတိေပးတယ္"
"က်စ္.. မင္း လူစကားနားမလည္ဘူးလား ထြက္သြားေနာ္
ငါ့အေဆာင္ေ႐ွ႕ထိ မင္းလာရဲတာကို ေတာ္ေတာ္ဟုတ္ေနၿပီ
ငါမင္းကို တစ္ခုခု မလုပ္မိခင္ ျမန္ျမန္ထြက္သြား"
ေခါင္ေလး စကားေၾကာင့္ စိုင္လ်န္မ်က္ႏွာသည္ ညိဳးငယ္
သလိုျပဳမူထားရာမွ မ်က္ႏွာတို႔ နီလာလ်က္ စိတ္တိုေဒါသ
ထြက္ျခင္းသို႔ ေရာက္ေလသည္။
"ကိုဘုန္း ကြၽန္ေတာ္တို႔အရင္လိုျပန္ေနရေအာင္"
ေတာင္းပန္ျခင္း မမည္ေတာ့သည့္ ေလသံဟာ အံ့ႀကိတ္ထား
သျဖင့္ ၿခိမ္းေျခာက္သံထြက္ေနေတာ့၏။ ေခါင္ေလးသည္
ဂ႐ုမစိုက္စြာ ရယ္လိုက္ၿပီး... စိုင္လ်န္မ်က္ႏွာအား ခက္ထန္
စြာ ျပန္ၾကည့္ေပးလိုက္သည္။ ဒီေလာက္ေလးနဲ႔ေၾကာက္
ရရင္ ဘုန္းထြ၌ေခါင္လ်ွံ ဘယ္ဟုတ္ပါေတာ့မလဲ။
"တိုင္နဲ႔ေခါင္းနဲ႔သာ ေဆာင့္ၿပီးေသလိုက္ေတာ့"
"ေကာင္းၿပီေလ... ခင္ဗ်ား က ေျပာမရဆိုမရျဖစ္ေနမွေတာ့
ကိုယ့္ထိုက္နဲ႔ကိုယ့္ကံပဲ က်ဳပ္ကေတာ့ ခင္ဗ်ားကို မရ
ရေအာင္ ယူမွာ ။ က်ဳပ္မွမရရင္ ဘယ္သူမွမလည္း မရေစရဘူး"
စိုင္လ်န္သည္ အံ့ကို ႀကိတ္လ်က္ ခပ္တိုးတိုး ပီပီသသျဖင့္
ေအးစက္စြာ ဆို၏။ေခါင္ေလးသည္ လက္သီးကို က်စ္က်စ္
ပါေအာင္ဆုပ္လ်က္ စိုင္လ်န္အား အစိမ္းလိုက္ ဝါးစား
ေတာ့မတတ္ ၾကည့္လိုက္သည္။
"ေခါင္ေလး! !"
ထိုစဥ္ ေႏြး၏ ေခၚသံကို ၾကားလိုက္ရသျဖင့္ ႏွစ္ေယာက္လံုး
ရဲ႕ အၾကည့္ေတြက ေႏြးဆီသို႔ ေရာက္သြားၾကသည္။
ေခါင္ေလးသည္ ေႏြးကို ျမင္သည္ႏွင့္ လက္သီးကို ျဖည္လိုက္
ၿပီး တင္းမာထားေသာ မ်က္ႏွာကို ျပင္ဆင္ကာ ျပံဳးလိုက္သည္။
"ၾကာလိုက္တာ.. ဘာလုပ္ေနတာလဲ"
ေျပာေျပာ ဆိုဆိုပင္ ေခါင္ေလးက စိုင္လ်န္ကို ဂ႐ုမစိုက္
ေတာ့ဘဲ ေႏြး ဆီသို႔ ေလ်ွာက္သြားေလသည္။ စိုင္လ်န္သည္
ေႏြး အား မ်က္ေထာက္နီ ျဖင့္ခပ္ၾကာၾကာစိုက္ၾကည့္လိုက္
ၿပီး ၾကည္ႏူးေနေသာ သူတို႔ကို ေက်ာခိုင္းလိုက္၏။
စိုင္လ်န္သည္ အိမ္သို႔ ခပ္ျမန္ျမန္ပင္ ျပန္ေရာက္ေအာင္
သြားလိုက္ၿပီး ဧည့္ခန္းထဲတြင္ ရိွသမ်ွေသာပစၥည္း တို႔ကို
တြန္းဖယ္ေပါက္ခြဲလိုက္သည္။ စိတ္တိုေဒါသထြက္သမ်ွ
မေျပေပ်ာက္ မခ်င္း ဖ်က္ဆီးမူေတြ ျပဳလုပ္ၿပီးေသာအခါ
သူ႔လက္တြင္ ဖန္ကြဲစတို႔ထိုးစိုက္ကုန္ေလသည္။ အခ်စ္
ဟူေသာ အရာကို ကိုးကြယ္ေနသည္ ဟု ထင္မိေသာ္လည္း
သူသည္ မိမိလိုခ်င္တာ မွန္သမ်ွ ရရိွေနေသာ ဤဘဝတြင္
မရဘူးဆို ပိုလို႔ေတာင္းတ ခ်င္ေသာ ေလာဘစိတ္ျဖစ္သည္
ကို နားမလည္ေပ။
ရင္တြင္း ပူေလာင္မူနဲ႔အတူ နီရဲရဲ မ်က္ဝန္းတို႔မွ တစ္ဆင့္
ပါးျပင္ေပၚ စီးက်လာေသာ မ်က္ရည္ကို ခပ္ၾကမ္းၾကမ္း
ပြတ္သုတ္လ်က္ ဘယ္သူမွ မရိွသည့္အခန္းထဲ
က်ယ္ေလာင္စြာ ေအာ္ရယ္လိုက္ပါေတာ့သည္။
"ဟား..ဟား...ဟား...ဘုန္းထြဋ္ေခါင္လ်ွံ ခင္ဗ်ား....အဟက္
အဲ့ဒီမိန္းမကို အရမ္းခ်စ္တယ္ဟလား...ခင္ဗ်ားကို က်ဳပ္
မပိုင္ရရင္ ဘယ္သူမွ မပိုင္ရဘူး....ဟား..ဟား..အဟင့္
အင့္ "
မိမိကိုယ္ကို ရယ္ေနသည္လား ငိုေနသည္လား မသဲကြဲေတာ့
ေသာ စိုင္လ်န္သည္ မိမိ၏ တစ္ဦးတည္ေသာ အားကိုးရာ
ကိုႀကီးကို ငိုမဲ့မဲ့ျဖင့္ ဖုန္းဆက္လိုက္၏။
"ကိုႀကီး ေျပာေတာ့ အဲ့ဒီမိန္းမကို ႐ွင္းေပးမွာဆို.. သူအခုထိ
ကြၽန္ေတာ့ခ်စ္သူနားမွာ ရိွေနတုန္းပဲ... ကိုႀကီး ျမန္ျမန္
မ႐ွင္းေပးရင္ ကြၽန္ေတာ္ ကိုယ္တိုင္ ႐ွင္းမွာေနာ္"
ညီငယ္၏ ေသြးဆိုးကာ ရက္စက္တတ္ေသာ အျပဳအမူကို
သိေသာ သူသည္ သက္ျပင္းကို ရိွဳက္လိုက္၏။
"ညီေလး မင္း ဘာမွမလုပ္နဲ႔ေနာ္ ကိုႀကီး အကုန္ ႐ွင္းေပးမယ္"
"ၿပီးတာပဲ.. ျမန္ျမန္လုပ္ အၾကာႀကီးမေစာင့္ႏိုင္ဘူး"
ေျပာခ်င္ရာ ေျပာၿပီး ဖုန္းခ်သြားေသာ စိုင္လ်န္ေၾကာင့္
သူ စ္ိတ္႐ႈပ္စြာ ဆံပင္ေတြကို ပြတ္သပ္ပစ္လိုက္၏။
"ဆက္ေဟး...မင္းညီလား"
"ေအ"
"ဘာတဲ့လဲ "
"သူ ခ်စ္သူကို မိန္းမတစ္ေယာက္ လိုက္ေႏွာင့္ယွက္
ေနလို႔တဲ့ကြာ"
မ်က္ႏွာအား လက္ႏွစ္ဖက္ျဖင့္ပြတ္ကာ ဆက္ေဟး
ေျဖလိုက္၏။ ခပ္ေမွာင္ေမွာင္အခန္းထဲတြင္ မိုးေဇက
ဆိုဖာေပၚတြင္ ပက္လက္လွန္အိပ္ၿပီး ေဆးလိပ္ကို
ဇိမ္ယူကာ တစ္ဖြာခ်င္း ရိွဳက္ေနသည္။
"မင္းညီရဲ႕ ခ်စ္သူကို မိန္းကေလးတစ္ေယာက္ က
ေႏွာင့္ယွက္ေနတယ္ဆိုေတာ့ မင္းညီက gayလား"
"အင္ "
ေခဆက္ေဟး က မေျဖခ်င္ေျဖခ်င္ျဖင့္ ေခါင္းညိမ့္ကာ
ေရခဲႏွင့္ အရက္ေရာထားေသာခြက္ကို တစ္ၾကဳတ္ေမာ့
လိုက္၏။
"ဒါဆို မင္းေရာ gayလား"
"ငါ gayဆိုရင္ မင္းကို တတ္လုပ္ၿပီးတာ ၾကာေပါ့"
"အဟက္... ဒါေပမယ့္ မင္း ဘယ္မိန္းမနဲ႔မွ မအိပ္ဘူးေလ"
ေသာက္ေတာ့မည့္ အရက္ခြက္က ႏႈတ္ခမ္းနားေရာက္မွ
ျပန္လည္ခ်ထားျခင္းသို႔ ေရာက္ရလ်က္ ေခဆက္ေဟး က
ေျခာက္ကပ္ကပ္ ရယ္ေလသည္။ ညီေလးကို ေစာင့္ေ႐ွာက္
ေနရသျဖင့္ သူ႔မွာ ထိုကဲ့ေသာေသာ လိင္ကိစၥေတြကို
အခ်ိန္ေပးဖို႔ရန္ မရိွပါေခ်။
"ငါ အိပ္ျပမယ္ဆိုရင္ေရာ ဒီတစ္ေခါက္ပစၥည္းပို႔လို္႔ရမယ့္
ပိုက္ဆံေတြ ငါ့ကိုေပးမလား"
ေခဆက္ေဟး ၏ စိန္ေခၚစကားကို မိုးေဇက ႀကိဳက္သြားပံု
ရကာ အိပ္ေနရာမွ ထထိုင္လိုက္သည္။ ထို႔ေနာက္
ေခဆက္ေဟး ဆီမွ အရက္ခြက္ကိုယူကာ ကုန္စင္ေအာင္
ေမာ့ေသာက္ လိုက္ေလသည္။
"မင္း မလုပ္ႏိုင္ရင္ ငါနဲ႔အိပ္ရမယ္ ဘယ္လိုလဲ"
ဆက္ေဟသည္ မိုးေဇအား ေလွာင္သလိုျပံဳးျပလ်က္...
ကုန္သြားေသာ အရက္ခြက္ကို ျပန္ငွဲ႔ထည့္ကာ ကုန္စင္ေအာင္
ေမာ့ေသာက္လိုက္၏။ ၿပီးေနာက္ ေနရာမွ ထရပ္
လိုက္ၿပီး မိုးေဇကို ျပန္ငံု႔ျကည့္လိုက္သည္။
"ဓာတ္ပံုေတြက ဘယ္မွာမွ႐ွာမေတြ႔ဘူးဆိုေတာ့ ငါတို္႔
ဘာ ျပသာနာ မွ ျဖစ္လာစရာမွမရိွဘူး၊ မင္းနဲ႔ငါ ႏႈတ္လံုရင္
ၿပီးၿပီ"
"အဲ့ဒါႀကီးကို ေမ့ထားလိုက္ ခုေလာေလာဆယ္ ငါတို႔
ေလာင္းထားတဲ့ကိစၥကို အေကာင္အထည္ေဖာ္ၾကစို႔ ၊
ဘယ္လိုလဲ ငါမင္းကို အခ်ိန္တစ္ပတ္ေပးမယ္"
"တစ္ပတ္မလိုဘူး ႏွစ္ရက္ဆိုရၿပီ"
"ႀကိဳက္ၿပီေလ...ဟား.ဟ"
ေခဆက္ေဟးသည္ မိုးေဇ အခန္းမွ အျပင္းသို႔ထြက္လိုက္ၿပီး
သက္ျပင္းေမာကို ခ်လိုက္မိျပန္၏။
"Sorryေနာ္"
"ဟုတ္ ရပါတယ္"
စိုင္လ်န္အားေက်ာင္းသြားႀကိဳသည့္ေန႔တြင္ တိုက္မိခဲ့ေသာ
ျဖဴျဖဴစင္စင္ေကာင္မေလး၏ မ်က္ႏွာက သူ႔စိတ္တြင္း၌
ေဖ်ာက္ဖ်က္မရစြာ ေပၚလြင္လာသည္။ သူ ေခါင္းကို
အသာ ရမ္းလိုက္ၿပီး သူမအေၾကာင္း သိသမ်ွ စံုစမ္းရန္
ထြက္ခဲ့ပါေတာ့သည္။ စိတ္ေတာ့မေကာင္းေပမယ့္
ငါက ငါ့ညီလိုအပ္သမ်ွ ျဖည့္ဆည္းေပးဖို႔ ေမြးဖြားလာတာ
ေၾကာင့္နားလည္ေပးေစခ်င္သည္။
......
" နင္ က်ဴ႐ွင္သြားရမွာမလား ငါျပန္ေတာ့မယ္ ေဆးေသခ်ာ
ေသာက္ ၊ ေအးတယ္ ထူထူထဲထဲဝတ္ထား"
"ဒီေန႔ တစ္ရက္ေတာ့ မသြားေတာ့ဘူးေလ ေက်ာင္းလည္း
ဖြင့္ေတာ့မွာ စာေတြၿပီးေနေလာက္ၿပီ"
"ၿပီးတာေတာ့ ၿပီးတာေပါ့ ..ဒါေပမယ့္"
"မသိဘူး မသြားခ်င္ဘူး"
"ေအ့ပါဟယ္... အဲ့တာဆိုလည္း မသြားနဲ႔.. အျပင္မွာလည္း
အၾကာႀကီး မေနနဲ႔ အေအးပတ္လိမ့္မယ္ ေဆးေသာက္ၿပီး
အိပ္ေတာ့"
မဖ်ားပါပဲ ေဆးေတြေသာက္ေနရသျဖင့္ ေခါင္ေလးသည္
ႏွာေခါင္း ေလး ႐ွံဳ႕ပြ ႐ွံဳ႕ပြ လုပ္ေန၏။ ထိုေနာက္ မ်က္ႏွာ
ႀကီးကပါ ဆူပုတ္လာသည္။
"ကဲပါ အဲ့လိုႀကီး လုပ္မေနနဲ႔ ႐ုပ္ဆိုးလိုက္တာ..
ငါတို႔ ဝက္သားဒုတ္ထိုးသြားစားၾကမလား"
"သြားစားသင့္တာၾကာၿပီ"
ခ်က္ခ်င္းလို ျပံဳးၿဖီးလာေသာ ေခါင္ေလးေၾကာင့္ ေႏြး ရယ္မိပါ၏။ ဒီအ႐ူးေလး ကို သူမ ဘာေၾကာင့္ သံေယာဇဥ္ တြယ္
မိေနလဲ စဥ္းစားမရေပ။ ခ်စ္သူလို ပိုင္ဆိုင္ခ်င္စိတ္ နဲနဲေလး
မွ မရိွေစကာမူ သူမအနားက သူစိမ္းတစ္ေယာက္လို
ထြက္သြားမွာကိုေတာ့ ေၾကာက္မိသည္။
"နင္ ဒီႏွစ္ ကအံုး မွာလား"
ဝက္သားဒုတ္ထိုးဆိုင္ေရာက္ေတာ့ စကားမရိွ စကား႐ွာကာ
သူမ ေမးလိုက္ပါ၏။
"အကတိုက္ရမွာ ပ်င္းလို႔ မကေတာ့ဘူး"
"ေျသာ္! !"
"ဒါနဲ႔ ေႏြး နင္ပိုက္ဆံဘယ္ေလာက္ကုန္ၿပီလဲ"
"ေလးသိန္း ေလာက္ေတာ့ ကုန္ၿပီထင္တာပဲ နင္ေရာ"
"ငါလား ငါက...ဟဲဟဲ"
"ေျပာစမ္းပါ ဘယ္ေလာက္ကုန္ၿပီလဲ"
"ေျခာက္သိန္းေလာက္ရိွၿပီထင္တယ္"
"အသံုးၾကမ္းလိုက္တာေအ"
"ဒီခ်ိန္ေလးပဲ သံုးရတာကို"
ႏွစ္ေယာက္သား စကားတစ္ေျပာေျပာျဖင့္ ဝက္သားဒုတ္ထိုး
စားၿပီးသည့္ေနာက္ ဟိုေလ်ွာက္သြား ဒီေလ်ွာက္သြားျဖင့္
ညေနေစာင္းသို႔ ေရာက္မွန္းမသိ ေရာက္လာေလသည္။
"ျပန္ရေအာင္ "
"ေအ "
သို႔ႏွင့္ ေႏြးသည္ ေခါင္ေလးအား အေဆာင္ ျပန္ပို႔ေပးလိုက္၏။
"ေမွာင္ေနၿပီ ေသခ်ာဂ႐ုစိုက္ျပန္ အေဆာင္ေရာက္ရင္ဖုန္းဆက္"
"ေအးပါ သြားၿပီေနာ္ "
"အင္"
ေႏြးသည္ ေခါင္ေလးကို ႏႈတ္ဆက္ၿပီးေနာက္ က်ိဳးတိုက်ဲတဲ
လမ္းမီေတြကို ျဖတ္ေက်ာ္ကာ ေလေျပႏုကို ၾကည္ႏူးစြာ
ခံစားၿပီး အေဆာင္သို႔ ျပန္ေရာက္လာေလသည္။
သူမသည္ ဆိုင္ကယ္ကို ေသခ်ာစြာရပ္ၿပီးေနာက္ အေဆာင္
ထဲသို႔ ဝင္မည္အျပဳ သူမေ႐ွ႕သို႔ လူတစ္ေယာက္
အေလာတႀကီး ေရာက္ရိွလာေလသည္။
"ဟိုေလ ညီမ နာမည္က ေႏြးေႏြးၿငိမ္းေအာင္ လားဟင္"
ေႏြးသည္ ၾကည္လင္ေသာ အသံေၾကာင့္ ထိုလူကို ေမာ့ၾကည့္
လိုက္မိ၏။ အသားေလးေတြျဖဴဝင္းလို႔ ျပံဳးလိုက္တိုင္း
စြဲလန္းဖြယ္ရာ ထိုလူသည္ သူမနဲ႔ ေက်ာင္းမွာ ဝင္တိုက္
မိခဲ့ေသာ သူ။
"ဟုတ္... ဟုတ္ကဲ့"
သူမသည္ ခဏတျဖဳတ္ ျမင္၍ ေႂကြခဲ့ရေသာသူကို ျပန္ေတြ႔
လိုက္ရသျဖင့္ ေပ်ွာ္ရႊင္သြားကာ ရင္ေတြလည္း ခုန္လာမိ၏။
"ကြၽန္ေတာ့္နာမည္ ေခဆက္ေဟးပါ စကားခဏေလာက္
ေျပာခ်င္လို႔ ရမလားဟင္"
ယဥ္ေက်းစြာ ေတာင္းဆိုလာသျဖင့္ ေႏြးသည္ မျငင္းရက္ႏိုင္
ျဖစ္သြားရကာ ေခါင္းညိမ့္မိေတာ့သည္။
"ေႏြး လို႔ပဲ ေခၚမယ္ေနာ္ ၊ စိတ္မဆိုးဘူးမလားဟင္"
"ဟုတ္ ရပါတယ္ အဆင္ေျပသလိုေခၚပါ"
ေႏြးသည္ ရင္ေတြခုန္လြန္း၍ ပါးျပင္ေလးေတြပူကာ ပန္းေရာင္
ေျပးလာသည္။ ေခဆက္ေဟးသည္ သူမသြင္ျပင္ေလးအား
စိတ္လိုလက္ရပင္ ေငးၾကည့္မိေသာ္လည္း ညီျဖစ္သူ၏
မ်က္ႏွာကို ျမင္လာသည့္အခါ စိတ္႐ိုင္းေတြကို တတ္ႏိုင္
သမ်ွ ေမြးျမဴလိုက္ရပါ၏။
"ေႏြး က ခ်စ္စရာေလးေနာ္ ကိုယ္ျမင္ျမင္ခ်င္းသတိထား
မိသြားတာ"
" ဟာ.. အရမ္းေျမႇာက္တာပဲ"
႐ွက္ကိုး႐ွက္ကန္းျဖင့္ ႏႈတ္ခမ္းေလးကိုက္လိုက္ေသာ
ေႏြး၏ အမူအရာကို ၾကည့္ရင္း ဆက္ေဟး တစ္ေယာက္
အလိုလိုျပံဳးမိသြားသည္။
"ကိုယ္ ေႏြးကို စေတြ႔တဲ့ေန႔ကေန ဒီေန႔ထိတစ္ရက္မွ
ေမ့လို႔မရဘူး.. ကိုယ္ ညီမကို စိတ္ဝင္စားေနမိၿပီထင္တယ္
ေႏြး စိတ္မဆိုးပါနဲ႔ေနာ္"
"စိတ္မဆိုးပါဘူး စိတ္ဆိုးစရာမွမဟုတ္တာ"
ဆက္ေဟးကိုမၾကည့္ပဲ ပခံုးေက်ာ္ဆံႏြယ္ေတြၾကား မ်က္ႏွာ
ေလး ဝွက္ရင္း ႐ွက္ရြံစြာ ေႏြးကေျပာေလ၏။ ဆက္ေဟး
သည္ ေႏြးကို ၾကည့္ရင္း သံသယတစ္ခ်ိဳ႕ ဝင္ေ႐ာက္လာ
သည္။ တကယ္ပဲ ေႏြးက ညီေလးခ်စ္သူကို လုခဲ့တာလား။
သူျဖင့္ ခ်စ္ရည္လူးစကား စေတာင္မေျပာရေသး ပန္း႐ိုင္းေလးသဖြယ္ ရင္ခုန္းေနေသာ သူမသည္ ဟန္ေဆာင္ျပဳမူေနသည္
ႏွင့္လည္းမတူေပ။
"မနက္ျဖန္ ကိုယ္နဲ႔ အတူတူေလ်ွာက္လည္ရေအာင္ေလ"
"ဟ္ို..အဲ့တာကေလ"
"စိတ္ခ်ပါ ကိုယ္ ေႏြးကို လက္ဖ်ားနဲ႔ေတာင္မထိဘူး
ကတိေပးတယ္ ယံုေနာ္ ၊ မနက္ျဖန္ ေလ်ွာက္လည္ရေအာင္"
ခ်စ္ရည္ရႊန္းေသာ မ်က္လံုးရြဲႀကီးမ်ားျဖင့္ ညိဳ႕ယူလိုက္သည့္
အခါ ေႏြးသည္ ဆက္ေဟး၏ မ်က္ဝန္းမ်ားကို လႊဲဖယ္
ႏိုင္ျခင္း မရိွပဲ ေခါင္းညိမ့္မိပါေတာ့၏။
"မနက္ျဖန္ ကိုယ္လာေခၚမယ္ေနာ္! !"
"ဟုတ္"
"သြားေတာ့မယ္ေနာ္ တာ့တာ"
"အင္ တာ့တာ"
ေႏြး ကို လက္ျပႏႈတ္ဆက္ၿပီးေနာက္ ဆက္ေဟးဟာ
ေပါ့ပါးစြာေသာ ေျခလွမ္းမ်ားျဖင့္ အိမ္သို႔ျပန္ခဲ့သည္။
သူမဟာ သူမ ဘာႀကီးပဲ ျဖစ္ေနျဖစ္ေန သူမသည္
ညီေလးအတြက္ သူဖယ္႐ွားေပးရမည့္ အမိႈက္
တစ္ခုျဖစ္သာ ျဖစ္၏။
ေႏြးသည္ တဒုတ္ဒုတ္ ျမည္ဟည္းေနေသာ ရင္ဘတ္ေလးကို
လက္ဖဝါးႏွစ္ဖက္ျဖင့္ အသာဖိ၍ ၿငိမ္သက္ေအာင္ ႀကိဳးစား
ကာ အေဆာင္ခန္းထဲဝင္ခဲ့ပါသည္။ ဒ္ီေန႔ေတာ့ သူမရဲ႕
အိမ္မက္ထဲကို ေရႊမင္းသားေလး အလည္ေရာက္လာ
လိမ့္မည္ထင္၏။
....................................................................
Love u all💚💚💚