Silent

By Jeonyoonmi9708

93.1K 6.8K 629

Silentဆိုကတည်းကငါသိခဲ့ရမှာ။ မင်းအတွက်​ငါကချွင်းချက်​ဖြစ်​လာမယ်​ထင်​ခဲ့တာ။ ငါ့ကို​တော့အချစ်​စစ်​ဘဲ​ပေးခဲ့တယ... More

Silent (intro)
SILENT (1)
SILENT (2)
SILENT (3)
SILENT (4)
SILENT (5)
SILENT (6)
SILENT (7)
SILENT (8)
SILENT (9)
SILENT (10)
SILENT (11)
SILENT (12)
SILENT (13)
SILENT (14)
SILENT (15)
SILENT (16)
SILENT (18)
SILENT (19)
SILENT(20)

SILENT(17)

3.6K 360 23
By Jeonyoonmi9708

(Zawgyi)
Silent-17



hk...ငါတို့ကဘဝတူတွေဘဲ၊




















..............................silent.............................













.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ငယ်
သူ့အသဲငယ် ကလေးဟာ

💜💜💜💜💜💜💜💜💜💜💜💜💜💜💜



Love u, guy 🥰🥰🥰🥰

(Unicode)
Silent-17

ကြီးမားလှတဲ့အဆောက်အဦးကြီးဟာ လူအများအမြင်မှာ ထည်ဝါစွာရပ်တည်နေတယ်။ တချို့ကအားကျတဲ့အကြည့်တွေနဲ့ကြည့်သွားကျသလို၊ တချို့ကျတော့လည်း လေးစားအားကျတဲ့အကြည့်တွေနဲ့ကြည့်သွားကျတယ်၊ တချို့ကျတော့ ဘယ်လို ဖြိုရမလဲဆိုတဲ့အကြည့်တွေနဲ့ပေါ့။

လူတိုင်းကအဆောက်အဦးကြီးရဲ့ အောင်မြင်မှုကိုမြင်ကြတယ်။ ထည်ဝါမှုကိုမြင်ကြတယ်။ ရက်စက်မှုကိုလည်းတွေ့ကြတယ်။ဒါပေမယ့် အတွင်းပိုင်းက ဘယ်လိုဒုက္ခရောက်နေလဲသူတို့မသိကြဘူး။
မမြင်ကြသလို ၊ဂရုလည်းမစိုက်ကြဘူး၊ စိတ်လည်းမဝင်စားဘူး။

အခုသူ့ဘဝလည်းအဲ့လိုဖြစ်နေတာဘဲ ၊
hk...ငါတို့ကဘဝတူတွေဘဲ၊

JeonJungkook ဆိုတာလူတိုင်းကအားကျလေးစားရတဲ့လူတစ်ယောက် ၊ အသက်အငယ်ဆုံးနဲ့ ကမ္ဘာ့အချမ်းသာဆုံးလူသား၊ အအောင်မြင်ဆုံးလူသားတစ်ယောက်သူဖြစ်နေပေမယ့် သူ့ဘဝကြီးဟာ စိတ်ကုန်စရာပင်။

သူ့အနားမှာရှိသမျှဟာအတုအယောင်တွေနဲ့ရန်သူတွေ ။ သူအအောင်မြင်ဆုံးဂုဏ်ပုဒ်လဲမလိုချင်ပါ၊ ပိုက်ဆံတွေလည်းသူမလိုချင်ပါ ၊ သူလိုချင်သည်က တစ်ခုတည်းပင်။

သူ့ဘဝ ရဲ့အသက်အသည်း သဲငယ် ပင်။

လွမ်းသည်၊ချစ်သည်၊ ဝမ်းနည်းသည်၊ နောင်တရသည်။

ဒါတွေကသူသဲငယ်နဲ့ဝေးပြီးနောက်ပိုင်း ခံစားနေရသည်များ၊ ယခုဆိုလျှင်ရောဂါနီးပါးပင်ဖြစ်နေလေပြီ။

သဲငယ်နဲ့ဝေးရခြင်းအကျိုးဆက်ကတော့ အိပ်မပျော်ခြင်းရောဂါပင် စွဲကပ်နေလေသည်၊

အိပ်ပျော်သွားတိုင်း အိမ်မက်တိုင်းမှာ ချစ်ရတဲ့ငယ်က သူ့အားထားသွားသည်မို့ ၊အိပ်ချိန်တိုင်းကိုဂျောင်ဂု မုန်းပါသည်။

သူ့အားငယ်ထားသွားခဲ့အချိန် ဖြစ်တဲ့ညအား သူအလွန်နာကျည်းမိပါသည်။

"နှစ်နှစ်ရှိပြီငယ်၊ ဘယ်အချိန်ထိကိုယ့်ကိုအပြစ်ပေးဖို့စီစဉ်ထားတာလဲသဲငယ်..."

မှန်ပြတင်းပေါက် မှတဆင့်မြင်နေရတဲ့ မိုးပေါက်တွေနဲ့ ကြားရတဲ့အသံတစ်ချို့ကြောင့်မိုးရွာနေပြီမှန်းသိလိုက်သည်။ မိုးစက်တွေကိုကြည့်ပြီးသူစိုးရိမ်နေမိသည်၊ ငယ်ကြောက်နေရင်ဘယ်လိုလုပ်မလဲ။

"ပုန်းထားပါငယ် ၊ကိုယ်ရှာတွေ့ရင် ဘယ်နည်းနဲ့မှ ငယ်ထွက်မပြေးနိုင်အောင်ကို ဖမ်းထားတော့မှာမို့၊လုံအောင်ပုန်းနေပါငယ်"

နံရံကနာရီကိုကြည့်မိတော့ 12ပင်ခွဲနေလေပြီ၊ဒီနေ့လည်းသူရုံးခန်းမှာဘဲနေမိပြန်ပြီ၊

နေရာတိုင်းငယ့်ပုံရိပ်တွေဘဲမို့ သူမှာထွက်ပြေးစရာနေရာပင်မရှိတော့ ။

သိမ်းစရာရှိတာသိမ်းအိမ်ပြန်ဖို့ပြင်ဖို့ပြင်ရသည်။မနေ့ကလည်းမပြန်ဖြစ်တာမို့ ဒီနေ့ညပါဒီမှာနေလျှင်အိမ်ကမာမီမားသားကြီးလိုက်လာမှာစိုးသောကြောင့်...

အခုဆိုလျှင်နှစ်နှစ်အတွင်းအရာအားလုံးကပြောင်းလဲသွားသည်။

သူနှင့်baekhyunရဲ့မင်္ဂလာပွဲလည်းပျက်သွားပြီဖြစ်သလို မယုံနိုင်စရာကောင်းအောင်သူ့ရဲ့ရင်ဖွင့်ဖော်ရင်ဖွင့်ဖက်အချစ်ဆုံးသူငယ်ချင်းတွေပင်ဖြစ်နေကြလေပြီ၊

ငယ်ထွက်သွားတုန်းကသူ့မှာအကြီးအကျယ်ပြိုလဲမလိုဖြစ်သွား သူ့ဘေးကနေ ဖေးမပေးခဲ့သူဟာ မယုံနိုင်စရာ baekhyun ဖြစ်နေခဲ့တယ်လေ။

"စိတ်ပျက်စရာကောင်းပြီးပျက်ဆီးနေတဲ့ မင်းဘဝထဲကိုအဲ့ကောင်လေးကပြန်လာချင်ပါ့မလား၊ ငါသာဆိုရင်တော့noဘဲ"

အဲ့စကားတစ်ခွန်းကြောင့်သူအခုလိုအောင်မြင်လာခဲ့တာပင်၊သူ့အတွက်တော့ByunBaekhyunဟာတစ်ကယ့်ကိုအကိုကောင်းတစ်ယောက်ပါ။

..............................silent.............................

ပြတင်းပေါက်ကတဆင့်ကျနေတဲ့နှင်းတွေဟာဖြူစင်စွာလှပနေပေမယ့် သဲငယ်လေးရဲ့ဖြူစင်ခြင်းကိုမမှီပါ၊

အခုအချိန်ဆိုငယ်လေးဘာများလုပ်နေမလဲ၊
အမြဲသိချင်နေမိတဲ့အရာ....

ပထမဆုံးနှင်းကျလို့ဆုတောင်းရင်ဆုတောင်းပြည့်တယ်တဲ့

အမြဲသဲငယ်လေးပြောနေကျ

အခုအချိန်ဆိုမျက်လုံးလေးမှိတ်ပြီးဆုတောင်းမယ့်ငယ်ဟာဘယ်လောက်များချစ်စရာကောင်းနေလိုက်မလဲ။

အရင်ကဆိုအဲ့လိုလုပ်မျိုးတွေ၊အဲ့လိုအရာတွေကိုဘယ်လောက်ကလေးဆန်လိုက်လဲဆိုပြီးလုံးဝယုံကြည်မှာမဟုတ်ပေမယ့်အခုတော့သူပါလိုက်ပြီးဆုတောင်းနေမိသည်၊

"ငယ့်အားပြန်တွေ့ရပါလို​၏"ဆိုပြီးတော့

ဒီနေ့လည်းထုံးစံအတိုင်းခြောက်တွေ့စရာဘဝကြီးကိုငယ်မပါဘဲထပ်ဖြတ်သန်းရဦးမယ်

မလုပ်ချင်ပေမယ့်ငယ့်ကိုမေ့ထားနိုင်တဲ့တစ်ဦးတည်းသောနည်းလမ်းက ဒါဘဲရှိတာမို့ အလုပ်သွားရန်ပြင်ရ​သည်၊ ခဏကငယ့်အကြောင်းကိုတမေ့တမြောကြီးတွေးနေမိသည်ကြောင့်အလုပ်နောက်ကျနေသည်မို့ မနက်စာပင်မစားဘဲထွက်ခဲ့လိုက်သည်၊

လမ်း၌ အဆာပြေcoffeeတစ်ခွက်လောက်ဝင်ဝယ်သောက်လိုက်မည်ဟုတွေးအပြီး လမ်းမှာတွေ့တဲ့cafeဆိုင်ရှေ့ရပ်လိုက်သည်။

Espresso တစ်ခွက်မှာပြီး ပိုက်ဆံရှင်းဖို့ကတ်အထုတ်
နောက်ကကြားလိုက်ရတဲ့အသံတစ်ခု...

"Hoonie...ထယ်ကstrawberry cakeရောစားမှာနော်"

ဒီအသံ...ဒီအသံဟာသူ့၏ သဲငယ် အသံ...မှားစရာအကြောင်းလုံးဝမရှိပါ။အိမ်မက်တိုင်းမှာ သူ့အားလမ်းခွဲစကားပြောနေတဲ့အသံလေး အားသူမမှတ်မိဘဲနေပါ့မလား၊မဝင့်မရဲဖြင့် လှည့်ကြည့်မိတော့
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ငယ်
သူ့အသဲငယ် ကလေးဟာ
သူ့အားထားခဲ့တဲ့ကောင်လေးဟာ
သူ့ကိုယ်ပိုင်boxy smile လေးနဲ့ ဖြူစင်စွာပြုံးနေလေသည်။

💜💜💜💜💜💜💜💜💜💜💜💜💜💜💜
အကြာကြီးပျောက်သွားမိတယ် တကယ်sorryပါနော်၊

မနေ့ကDardesangဆုကြီးလေးဆုအပါအဝင်ဆုပေါင်း၈ခုလုံးသိမ်းနိုင်ခဲ့တဲ့အသဲအသက်တွေကိုချစ်လွန်းလို့ upလိုက်တာပါ

#Congratulationပါအသဲတို့ရေ
တကယ်ကိုဂုဏ်ယူမိပါတယ်

Love u, guy 🥰🥰🥰🥰
ဖတ်ပေးလို့ရော ficလာတောင်းပေးလို့ရောတကယ်ကျေးဇူးတင်ပါတယ်။ဟိုနေ့ညကupမယ်ပြောပြီးမupနိုင်တာကိုတကယ်တောင်းပန်ပါတယ်နော်၊🙏🏻🙏🏻🙏🏻🙏🏻

Continue Reading

You'll Also Like

366K 36.8K 42
BJYX Fanfiction
143K 19.9K 54
💚 මේ මගේ හැටි.. මේක මගේ විදිය.. තමුන්ට ඕන නම් ඉන්න පුළුවන්.. නැත්තම් තමුන්ට යන්න පුළුවන්.. ❤️ යන්න.. මන් මොකටද යන්නෙ.. මේක තමුසෙට විතරක් නෙවෙයි මිස්...
699K 84.8K 78
Eternal love ..... . . . . . . . Start - 2022 December 28 End - 2023 April 27 School Lovers.. Siblings ..... 🔞 18 + ⚠️️ Mature Conteint
24.7K 3.6K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️