Black Memory(U+Z)(Completed )

By naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-9

16.8K 1.2K 15
By naykyihtun

Unicode

မျက်နှာကို သောက်ရေဘူးမှရေဖြင့် ဆေးကြောလိုက်ပြီး အပေါ်ထပ် အကျီ...ကိုချွတ်ကာ အမှိုက်ပုံးထဲ နှမြောတသစွာ  ပစ် ထည့်လိုက်ရ၏။ စိုင်းမင်ကို နှင့်လမင်းက
ကိုသုတကိုသာ စိတ်ပူနေကြသဖြင့် သူ့ကိုသတိမထားမိတာကံကောင်း သည်ဟုဆိုရပေမည်။

ပါးလွှာသော အတွင်းအကျႌ နဲ့အတူ ဆောင်းလေ၏အေးစက်မူကြောင့် သူ့ကိုယ်၌ ကြက်သီးမွှေးညှင်းမျာက ဖြန်းခနဲပင် ထလာတော့၏။ သူရဲကောင်းကြီးလုပ်ကာ
လူနာစောင့် လုပ်ပေးမည် ပြောမိပြီးမှသရဲကြောက်နေသော သူ့အဖြစ်ကလူရယ်ချင်စရာ ကောင်းလွန်း၏။

သုံးရက်လောက်ဆက်တိုက်အိပ်ထားသဖြင့် မျက်လုံးများက အိပ်စက်ခြင်းကို ဖော်မဆောင်နိုင်သည်ဖြစ်ရကာ ကုတင်ထက်
လှဲလျောင်းနေသော နှိုင်းသုတလျှံ ကို ကြည့်မိပြန်၏။ သူရောက်ကတည်းက ငြိမ်သက်နေတာ ခုထိ နဲနဲလေးတောင်
လှုပ်ရှားမူမရှိပေ။ အေးစိမ့်စိမ့် လေနဲ့အတူ ချမ်းတုန်လာသည့် ကိုယ်ကို မထိန်းနိုင်သည့်နောက် လူနာရဲ့ စောင်အတွင်းသို့ဝင်၍ကျောပေးကာ နွေးထွေးဖို့ကြိုးစားလိုက်ရသည်။

"Mm..."

ထိုစဉ်မှ နှိုင်းသည် လူးလွန့်လာပြီး မျက်လုံးတို့ပွင့်လာ၏။ မိမိရောက်နေသော နေရာကို စပ်စုခြင်းနဲ့အတူ မိမိဘေး
မှ ခန္ဓာ ကိုယ်ကြီးကြောင့် လန့်သွားလျက် ငုတ်တုတ်လေးထထိုင်တော့၏။ ခေါင်လေးသည်လည်း အိပ်ပျော်နေသည်
မဟုတ်တာကြောင့် နှိုင်းအား ရယ်ပြလျက် ထ ထိုင်လာလေသည်။

"ကိုသုတ သက်သာရဲ့လား"

နှိုင်း ကိုယ့်ကိုယ်ကို အိမ်မက် မက်နေသည်လို့ထင်မိ၏။ ပုံရိပ်ယောင်တွေမြင်ရလွန်းအားကြီးကာ စိတ်စွဲနေသည်ဟုလည်း
ထင််မိသည်။ မိမိ နှစ်သက်ရသော ဤလူသား၊လွမ်းဆွတ်တမ်းတနေရသော ဤလူသားသည် သူ၏ မျက်စိရှေ့မှောက်တွင်
ဒဏ္ဍာရီ နတ်သားတစ်ပါးသဖွယ်ရယ်ပြနေ၏။

ခေါင်လေးသည် မိမိအားဘာစကားမှမဆို မလှုပ်မယှက်ကြည့်နေသော နှိုင်းကြောင့် နားထင်ကြောလေးက်ို လက်ညိုးလေးဖြင့် အသာပွတ်လို့ အူကြောင်ကြောင်လေး
ဖြစ်သွားရပါသည်။

"ကိုသုတ ကိုသုတ အဆင်ပြေရဲ့လား"

ပခုံးလေးကို ဖွဖွပုတ်ကာ သူထပ်ခေါ်တော့မှ နှိုင်း ပစ္စုပ္ပန် သို့ ပြန်လည်ရောက်ရှိလာပြီး ရှက်သွေးဖြာနေရ၏။

"တောင်းပန်ပါတယ် ငါ ..ရုတ်တရက် ဆိုတော့.. "

"ရပါတယ် လည်ပင်းကသက်သာလား"

နှိုင်းက သူ့လည်ပင်းသူ ပြန်ကိုင်ကြည့်ပြီး ခဏတဖြုတ် တွေဝေသလိုလေးဖြစ်သွားလျက် ခေါင်းညိမ့်ပြလာ၏။

"အင်..သက်သာပါတယ်။ ငါဆေးရုံကဆင်လို့ရမလား..ဒီမှာ မနေချင်ဘူး"

"ရလောက်မယ်ထင်တယ်.. ကျွန်တော်သွားမေးပေးမယ်"

ခေါင်လေးသည် ခပ်မြန်မြန်ပင် နှိုင်းအနားမှ ထွက်လာခဲ့လိုက်၏။ သူလည်း ဆေးရုံမှာ မနေချင်ပေ။ အစိမ်းသေများစုပြုံ
နေသော ဤနေရာသည် ဝိညာဉ်​ သရဲတွေ ပေါများလွန်းသဖြင့် သူကြောက်ပါ၏။

နှိုင်းသည် ခေါင်လေးထွက်သွားတော့မှ စောင်ထဲသို့ခေါင်းနှစ်ကာ အရှက်ကြီးရှက်နေမိတော့သည်။ တကယ်ဆိုသူဟာ သစ်ရွက်လေးလှုပ်တိုင်းရင်ခုန်တတ်သည့်
အရွယ်လည်း မဟုတ်တော့ပါဘူးလေ။

ဘုန်းထွဋ်ခေါင်လျှံ ဆရာဝန်နဲ့တွေ့ပြီး သူ့အနားပြန်လာ သည်ကို မြင်ရသည်နှင့် နှိုင်းသည် ရုပ်လေးကို တတ်နိုင်
သမျှတည်လိုက်၏။ ဟင့်အင့် ငါကြိုက်နေတာ မင်းသိလို့မဖြစ်ဘူး။ မင်းက ငါခူးဆွတ်ခွင့်မရှိတဲ့ အဝေးရောက်ကြယ်လေးတစ်ပွင့်။ ငေးကြည့်ရုံကလွဲပြီး ဆုပ်ကိုင်ခွင့်
မရှိတဲ့အရာ။

"ဆရာဝန်နဲ့တော့မတွေ့ခဲ့ဘူး Nurseတွေနဲ့ပဲတွေ့တယ်၊ ဒဏ်ရာထွေထွေထူးထူး မရှိတော့ ပြန်ချင်ပြန်လို့ရပြီတဲ့"

"ဟုတ်လား ဒါဆိုပြန်မယ်လေ "

"အပြင်မှာ မိုးတောင်မလင်းသေးဘူး"

"ရတယ် ပြန်မယ်"

အတင်းဇွတ်ပြန်ချင်နေသော နှိုင်းကို ခေါင်လေးကစိတ်မသက်သာစွာ သက်ပြင်းလေးချလို့ ကုတင်မှထဖို့ တွဲကူပေးလိုက်ပါသည်။

"ရတယ် ငါ့ဟာငါ ထနိုင်တယ်"

တွဲပေးဖို့ ကိုင်ထားမိတဲ့လက်ဟာ လေထဲမှာတန်လန်း ဖြစ်သွားလျက် ခေါင်လေးသည်  နှိုင်းမျက်နှာလေးက်ို ကြည့်ကာ တုန့်ဆိုင်းသွားရ၏။ ထို့နောက် သူ့လက်တွေ
ပြန်လွှတ်ပေလိုက်ပြီး ဒီတိုင်း ရပ်ကြည့်နေလိုက်ပါသည်။

နှိုင်းသည် ကုတင်ပေါ်မှ ခပ်ဖြည်းဖြည်းထရပ်ပြီး ခေါင်းလေး ရှေ့မှ ခပ်မြန်မြန်ပင် လျှောက်မိ၏။ မတွေ့မမြင်ရတော့ မြင်ချင်၏...အနားမှာရှိနေတော့ ခပ်ဝေးဝေးမှာ နေစေချင်
ပြန်သည်။ အချစ်ဆိုသည့်အရာက ထိုကဲ့သို့ စိတ်တွေကိုရောက်ယှက်ခက်စေသည်လား သူသေချာ မတွေးတတ်ပေ။

"ကိုသုတ ကျွန်တော်လိုက်ပို့ပေးမယ်"

သုတ်ခြေတင်၍ လျင်မြန်စွာ လျှောက်နေသော နှိုင်းသည် ဆေးရုံပေါက်ဝပင်ရောက်ပေတော့မည်။ ခေါင်လေးသည် နှိုင်း
တစ်ယောက် အရိုက်ခံရလို့ ကြောက်လန့်ပြီး စိတ်နဲ့ လူနဲ့ မကပ်သည်ဟုထင်ကာ သတိပေးစကားဆိုလိုက်၏။

"ရတယ် ရှေ့မှာ သုံးဘီးတွေရှိမှာပါ ငှါးစီးသွားလိုက်မယ်"

နောက်ကိုပင် လှည့်မကြည့်ပဲ ဇွတ်သွားနေသော နှိုင်းကိုခေါင်လေး တကယ်ပင် စိတ်မရှည်တော့ပေ။

"ဒီမှာ ကိုနှိုင်းသုတလျှံ ခင်ဗျား လူမူရေးနားမလည်ဘူးလား"

ခေါင်လေး ခပ်ကျယ်ကျယ်အော်လိုက်တော့ နှိုင်းခြေလှမ်းတွေ တုန့်ဆိုင်းသွား၏။ တကယ်ဆို လူမူရေးနားမလည်တာထက် မင်းကို
ပိုကြိုက်မိသွားမှာ စိုးရိမ်တာပါ။

"ကျွန်တော် ခင်ဗျားကို စောင့်ပေးတယ်လေ ကျေးဇူးတင်စကားတော့ ပြောသင့်တာပေါ့"

နှိုင်သည် နှုတ်ခမ်းအားတင်းတင်စေ့ လို့
ဘုန်းထွဋ်ခေါင်လျှံ ဘက် လှည့်လိုက်၏။

"ကျေးဇူးတင်ပါတယ်"

ထို့သို့ တိုပြတ်ပြတ်ပင်ပြောလျက် ခေါင်လေးကို ပြန်လည်ကျောခိုင်းလိုက်၏။ အငြိမ်မနေသော အရိုင်းဆန်သည့် နှလုံးသားတစ်စုံကို ဦးနှောက်မှ အကြိမ်ကြိမ် သတိပေးရ
သည်မှာ မလွယ်လှပေ။ မြူမှုန်တို့ဝေဝါးစွာကျဆင်းလျက် လင်းရိပ်တို့ခပ်ဖြေးဖြေး ဖြာကျစဉ် ခြေလှန်းတို့ကို မိုင်ကုန်
နင်းလျက် ခေါင်လေး ရှေ့မှ ပြေးထွက်ခဲ့သည်။

ငါတို့တွေ မတွေ့ဆုံဖြစ်ခဲ့ရင် ကောင်းမှာ။

"ဟာ ဘယ်လိုလူလဲ"

ခေါင်လေးသည် ဤသို့ စိတ်ရှုပ်စွာ ရေရွတ်ပြီးနောက် နှင်းလေအေးကို အံ့တုရန် လက်တွေကို ပိုက်ထားလိုက်၏။
လက်မောင်းမှဒဏ်ရာသည် အအေးဒဏ်ကြောင့် ကိုက်ခဲလာသယောင်ထင်ရသည်။ နှိုင်းသုတလျှံ အား အရိုက်​ခံရသည့် ကိစ္စ နှင့်ပတ်သတ်၍ မေးမြန်စရာ ရှိပါသော်လည်း
ထိုလူက ဘာစိတ်ကူးတွေပေါက်နေသည်မသိ ရှောင်ထွက်သွား၏။ ဟိုတလောက နမ်းမိသည် ကို ဒီနေ့ထိမမေ့သေးတာလား။

ဟူး...

လေမှုတ်ထုတ်တော့ အခိုးအငွေ့လေးတွေ ပါးစပ်ထဲမှထွက်လာ၏။ ထိုအခါ ခေါင်လေး၏ မျက်နှာထက် ကြည်နူး
ရိပ်များထွက်ပေါ်လာသည်။ဆောင်းရာသီတွင် ဤကဲ့သို ပြုမူရခြင်း ကို သူအလွန်နှစ်သက်ပါသည်။

အခုလောလောဆယ် တော့ ပြေးထွက်သွားသော နှိုင်းနောက်သို့ လိုက်ရန် ဆေးရုံဝန်းထဲရပ်ထားသည့် ဆိုင်ကယ်ကိုပြေးယူရသည်။ တကယ်တမ်း နှိုင်းအား ဥပက္ခာ ပြုထားလျင်
ရပါလျက် လိင်ဆက်ဆံသည့်အချိန်မှလွဲလို့ သူဟာ တစ်ပါးသူ ဒုက္ခ ရောက်မှာကိုတော့ ထိုင်ကြည့်မနေတတ်ပေ။

သိုနှင့် ဆိုင်ကယ်ကို ခပ်မြန်မြန် ပင်မောင်းပြီး နှိုင်းရှေ့မှာပိတ်ရပ်လိုက်၏။ နှိုင်းမျက်ဝန်းလေးတွေကတော့ အံသြ သွားသလို ရင်ဆိုင်ဖို့ မဝံ့ရဲခြင်တွေပါဝင်နေသည်။

"ကိုနှိုင်းသုတလျှံ ကျွန်တော့်ကို မနက်စာတော့ကျွေးသင့်တယ်မလား"

သောက်ကျိုးနည်း ပါးစပ်ဟာ အရှက်မရှိစွာပဲ ပြောထွက်မိ သွားပါ၏။

"နောက်နေ့မှ လိုက်ကျွေးမယ်လေ"

"မရဘူး အခုဆိုင်ကယ်ပေါ်တတ် ကျွန်တော်အရမ်းအေး နေပြီ ။ကျွန်တော်အေးခဲပြီးသေ သွားရင် ခင်ဗျားကြောင့်ပဲ
နော်"

ဘယ်အချိန်က ဒီလိုခြိမ်းခြောက်မူမျိုးကိုသူနှစ်သက်ခဲ့သည်လည်း မပြောတတ်ပြန်ပေ။

"ငါ့ အနွေးထည်ဝတ်လိုက်"

"ဘယ်တော်မလဲ စဉ်းစဉ်းစားစား ပြောလေ"

ခက်ဆတ်ဆတ်ပြန်ပြောလိုက်သော စကားကြောင့် နှိုင်းကိုယ်လေးတွန့်သွား၏။ ဟုတ်တော့လည်းဟုတ်သည်။ ဘုန်းထွဋ်ခေါင်လျှံ က  အရပ်ရှည်ရှည် ရင်အုပ်ကျယ်ကျယ်
နှင့်ထွားကျိုင်းနေ၏။ နှိုင်းကတော့
သူများနှင့်ယှဉ်လျှင် ထွားပေမယ့် သူနှင့်ယှဉ်လျှင်တော့ ညက်ညက်လေး ဖြစ်သွားတော့သည်။

"အခုမင်းအေးနေတယ်မဟုတ်လား အနွေးထည်က ဘာလို့ဝတ်မလာတာလဲ "

နှိုင်းစကားကြာင့် ခေါင်လေးသည် အကျႌ ကျယ်သီးတွေကို တစ်လုံးချင်းဖြုတ်လိုက်၏။ အာရုံဖူးပွင့်စနေ့သစ်မှာ
ကိုယ်ကြိတ်ကြွေနေရသော လူတစ်ယောက်ရဲ့ ဆွဲဆောင်မူ အပြည့်ရှိသော လည်တိုင်ရှည်ရယ် အချိုးအဆစ်သွယ်လှသော
လက်ချောင်းထိပ်လေးတွေရဲ့လှုပ်ရှားမူတွေရယ် ပေါ်ထွက် လာသော ရင်အုပ်ကြွက်သားတွေမှတစ်ဆင့် ....။ အို....။

နှိုင်း ရင်တွေဟာ တဒုတ်ဒုတ် ခုန်မြည်ခြင်းသို့ရောက်လာလျက် ရှက်ရွံ့ခြင်းနဲ့အတူ မျက်လုံးတွေကို မှိတ်ချပစ်လိုက်သည်။

"ဟေ့ မင်း ဘာလုပ်နေတာလဲ"

မျက်စိစုံမှိတ်ပြီး လန့်နေသော နှိုင်းကို ကြည့်ကာ ခေါင်လေးတစ်ယောက် စိတ်လိုလက်ရပင် ရယ်လိုက်မိ၏။

"ဘာလုပ်လို့လဲ ဒီမှာကြည့် ကျွန်တော်လည်း ခင်ဗျားလိုပဲ ဒဏ်ရာရထားတယ်"

မယုံသင်္ကာဖြင့်ပင် နှိုင်းဟာ မျက်လုံးလေးကိုတစ်ဖက်ချင်းစီ ဖွင့်ကြည့်လာ၏။ ခေါင်လေး၏ လက်မောင်းမှ ပတ်တီး
စည်းနှောင်ထားခြင်းကို တွေ့မြင်သည့်အခါ နှိုင်းသည် ကိုယ်တိုင်ပင် မသိလိုက်ပဲ ခေါင်လေးဘေးသို့ ရောက်ရှိ သွားလေသည်။

"ဒါက ဘယ်လိုဖြစ်တာလဲ"

"ကျွန်တော်ဖြေချင်ပါတယ် ခင်ဗျား ဘယ်လိုဖြစ်တယ်ဆို တာကိုလည်း သိချင်ပါတယ် အဲ့ဒါကြောင့် ခင်ဗျားနောက် လိုက်လာတာပါ သူများသတ်လို့မသေပဲ အအေးပတ်ပြီး
သေပါတော့မယ်"

စကားအရှည်ကြီးအား ခပ်ရွဲ့ရွဲ့ပြောတော့ ထူးကဲစွာပင် နှိုင်းမျက်နှာလေး ပန်းရောင်ပြေးလာတာကို သူသတ်ိထား မိလိုက်သည်။ အင်...စိတ်ထင်နေတာပဲ ဖြစ်ပါလိမ့်မည်။

"ဒါဆို ဒီနားမှာ ခဏလေးပဲစောင့် ပြန်လာခဲ့မယ်"

စိတ်သက်သာသွားပုံရသော နှိုင်းဟာ နှုတ်ခမ်းထက် အပြုံးချိုချို လေးတွေပြန်လည်ဖြစ်ထွန်းလာ၏။ ဆေးရုံကြီးနဲ့
မြို့မဈေးကြီးဟာ လမ်းကူးလိုက်လျင်ရောက်ပြီမို့ နှိုင်း အမြန်ပင် ပြေးသွားလိုက်ပြီး ခေါင်းစွပ်အနွေးပွပွတစ်ထည်ကို
ဝယ်လိုက်ပါသည်။

ဖြစ်နိုင်ရင်တော့ သူ့ခါးလေးကိုဖက်ပြီး အနွေးဓာတ်ပေးလိုက် ခြင်တာပေါ့လေ။ သို့ပေမယ့် မဖြစ်နိုင်သည့် ဘဝမဟုတ်လား။

"ရော့ လောလောဆယ် ဒီဟာဝတ်ထား အခု Barကို အရင်ပြန်ရအောင်နော် ငါအခြေအနေ သိချင်သေးတယ်"

"အင် "

ပုံမှန်အားဖြင့် စိတ်မရှည်စွာ ထပြန်ရမည်မှန်သော်လည်း ယခုအခါတွင်တော့ ခေါင်လေးဟာ စိတ်တွေ တော်တော်ပင် ကြည်လျှင်လို့နေပါသည်။ ဘာကြောင့်လဲဆိုသည့်
မေးခွန်းမျိုး မေးဖို့ပင် သူဟာ သူ့ကိုယ်သူ ရိပ်စားမိဖို့ အာရုံမရသေးချေ။

မိုးလင်းစကပင် တဖွဲဖွဲကျနေသော နှင်းတွေသည် ဆက်လက်၍ပျော်မြူးစွာပင် ကျဆင်းလျက် ထူပိတ်လာ၏။
မိုးလင်းနေသော်လည်း မြူဖုံးသော ရာသီစက်ဝန်းကြောင့် ဆိုင်ကယ်မီးဖွင့်၍ မောင်းနှင်ရပါသည်။သို့တည်းမဟုတ်လျှင်
တော့ မမြင်မကမ်းမောင်တဲ့ကောင်တွေ၏ တိုက်ခြင်းကို ခံရနိုင်ပါသည်။

ခေါင်လေးနှင့် နှိုင်းတို့သည် တိတ်ဆိတ်စွာပင် Barသို့ ပြန်ရောက်လာကြ၏။ နှိုင်းသည် ချက်ချင်းပင် ဝန်းထမ်း အိမ်ယာဘက်သို့ သွားကာ မိုးမြင့်အောင် အခန်းကို ဖွင့်ကြည့်လိုက်၏။ ခြေယာလက်ယာမပျက်ရှိနေသော
အခန်းကို မြင်လိုက်မှသာ သူသက်ပြင်မောကြီး ချနိုင်တော့သည်။

"ကိုသုတ ခင်ဗျားဘယ်လိုဖြစ်ပြီး အရိုက်ခံရတာလဲ"

"မနေ့ညက ငါ အခန်းထဲဝင်ပြီးနားမလို့လုပ်တုန်း ဒီဘက်မှာ လူရိပ်မြင်လိုက်တယ်။ အဲ့ဒါနဲ့ ငါသွားကြည့်တော့ နောက်ကနေ ဓားနဲ့ထောက်ခံလိုက်ရပြီး မိုးမြင့်အောင် အခန်းဘယ်မှာလဲလို့မေးတယ်၊ ငါလည်း လန့်တော့လန့်ပေမယ့် တစ်ခြား အခန်းကို လက်ညိုးထိုးပြလိုက်တယ်။ နောက်တော့ ငါအရိုက်ခံလိုက်ရတယ်ထင်တာပဲ ကျန်တာဘာမှမသိတော့ဘူး။မင်း ကရော ငါ့ဆီဘယ်လိုရောက်လာတာလဲ ဆေးရုံကိုရော မင်းပို့ပေးတာလား"

"မဟုတ်ဘူးဗျ.. ကျွန်တော့်က လမင်းပြောလို့သိတာ ကျွန်တော်ရောက်တဲ့အချိန် ခင်ဗျားက ဆေးတွေဘာတွေ တောင် သွင်းပြီးနေပြီ"

"ဟုတ်လား"

နှိုင်းနှင့် ခေါင်လေးသည် စကားပြောရင်း ဝန်းထမ်းတန်းလျား ဘက်မှ Barအတွင်းသို့ပြန်ဝင်လာခဲ့၏။

" ဒါဆို ငါ့ကို ဘယ်သူဆေးရုံပို့ပေးတာလဲမသိဘူး၊ ကိုဘိုဘို တို့များလား သူတို့ဒီချိန် မထနိုင်လောက်သေးဘူး နိုးလာမှမေးကြည့်ရမယ်"

"အင်!"

"ဒါနဲ့ မင်းကရော ဒဏ်ရာဘယ်လိုရတာလဲ"

"ဓာတ်ပုံကိစ္စလေ.. ကျွန်တော့်ဆီမှာ ပုံတွေရှိမှန်း ဘယ်က သတင်းရလာတယ်တော့မသိဘူး နောက်ကနေလိုက်ပြီး
မပေးရင်သတ်မယ်လို့ ခြိမ်းခြောက်တော့တာပဲ.. မနဲကိုထွက်ပြေးခဲ့ရတယ်ဗျ"

"ဟင်...ဟုတ်လား ဒါဆို ဓာတ်ပုံတွေကရော "

"ရှိပါတယ်ဗျ ဘုန်းထွဋ်ခေါင်လျှံ ပါ အမြဲတမ်း သူများမျက်ခုံး
မွှေးပေါ် စကြံၤလျှောက်နေကျ"

"အဲ့ ဓာတ်ပုံတွေ ဘယ်လိုရသလဲ မပြောပြသေးဘူးနော်"

ဆိုတော့ ခေါင်လေးဟာ စကားများနေရာမှ ချက်ချင်းတိတ်သွား၏။ အသစ်စက်စက် မီးခိုးရောင် ခေါင်းစွပ် အနွေးထည်
လေးနှင့် သူဟာ ဒီနေ့မှ တစ်မျိုးကြည့်ကောင်းနေပါသည်။

"မိုးမြင့်အောင် က ကျွန်တော့လက်ထဲကို ဖုန်း Memory cardလေး ထည့်ပေးသွားတာ ။ အစကတော့ ကျွန်တော်လည်း ဘာမှန်းမသိဘူး ရဲစခန်းကပြန်လာပြီးတော့မှ
ကျွန်တော့်ဖုန်းထဲထည့်ကြည့်လို့ ပြသာနာ ရဲ့အစကိုခန့်မှန်း မိသွားတာ"

"ပုံတွေကြည့်ရုံနဲ့ဘယ်လိုခန့်မှန်းမိတာလဲ ၊ ရဲတွေကိုရော ဘာလို့အဲ့ကဒ်မပေးလိုက်တာလဲ"

"မထင်ရဘူး ခင်ဗျား အရမ်းစပ်စုတာပဲ ကျွန်တော်ဗိုက်ဆာ နေပြီ တစ်ခုခု စားစရာမရှိဘူးလား"

"မင်းပြောပြရင် စားရမယ် ဟုတ်ပြီလား"

ခေါင်လေးဟာ မျက်ခုံး လေးပင့်ပြီး စကားပြောဆိုလိုက်ရုံဖြင့် ခန့်ညားသွားသော နှိုင်းကို ရုတ်တရက် အံ့သြစွာ ကြည့်
မိသွားသည်။ ဒီလူအခု သူ့ကို ကလေးတစ်ယောက်လို သဘောထားလိုက်တာလား။

"တော်ပြီ ပြန်တော့မယ်"

သူ စိတ်ဆိုးမိသွားတယ်။ ဘာကြောင့်လဲ ။ သူကမင်းနဲ့အခုမှရင်းနှီးတဲ့ သူစိမ်းတစ်ယောက်လေ။

" လာပါ ဒီမှာ ထိုင်စောင့်နေ မင်းကစိတ်အရမ်းကြီးတာပဲ"

ချော့မြူး သလို ဆိုလာပြန်တော့လည်း ပေကပ်ကပ်နှင့်ပင် သူထိုင်မိပြန်၏။ ခင်ဗျားကတော့ ကျားရှေ့ အလှလာပြနေတဲ့
ယုန်သူငယ်လိုပဲ ပညာရှိလိုလိုဘာလိုလိုနဲ့ အရမ်းတုံးတယ်။

ခေါင်လေးဟာ Bar အနောက်ဘက်ခြမ်းကို ဝင်သွားတဲ့နှိုင်းကို လည်ပင်းလေးရှည်လို့မျှော်ကြည့်ပြီးနောက် Bar
အတွင်းသို့ မျက်စိ ကစားကြည့်လိုက်သည်။

ဝို.. သန့်ရှင့်ရေးမလုပ်ရသေးလို့ထင်တယ် အမှိုက်တွေရော ပုလင်းကွဲတွေရော ပွစိတတ်နေတာပါပဲ။ ဒီလောက်အခန်း
အကျယ်ကြီးကို မိုးမြင့်အောင် တစ်ယောက်တည်း ရှင်းတာလား ။ ဒါဆ်ို မိုးမြင့်အောင် မရှိတော့တဲ့နောက်
ကိုသုတ က ။

"ရပါပြီ.. လောလောဆယ်တော့ဒါလေးနဲ့အရင်ဗိုက်ဖြည့်ထားလိုက်"

နှိုင်းသည် ခေါင်လေးရှေ့ ပူပူလောလော ခနောဆန်ပြုတ်ပန်ကန်လေးကိုချပေး၏။ ခေါင်လေးသည် ဆန်ပြုတ်ပန်ကန်
ကို ကြည့်လိုက် နှိုင်းကို ကြည့်လိုက်ဖြင့် မျက်နှာကြီး ရှုံ့မဲ့ သွားလေသည်။

"ဟာဗျာ ခင်ဗျား တော်တော်ကပ်စီးကုပ်တာပဲ ၊ ဒီဆန်ပြုတ်ကြီးကို ဘယ်လိုစားရမှာလဲ"

"မင်းလက် ဒဏ်ရာရထားတယ်လေ ပြီးတော့ အအေးမိထား တယ်မလား တော်ကြာ ဖျားနေမှာစိုးလို့ ဆန်ပြုတ်ပူပူလေး သောက်ပြီး
ဆေးသောက်ထားလေ..နော်"

နှိုင်းရဲ့ ရှင်းပြချက်ကို လက်မခံချင်ပေမယ့် ကျေနပ်သလိုတော့ ရှိသွားကာ ခေါင်လေးသည် ဆန်ပြုတ်ပန်းကန်ထဲက ဇွန်းကို
ကိုင်လိုက်၏။

"ကိုသုတ ခင်ဗျား တစ်ယောက်တည်းနေလာတာကြာပြီလား"

နှိုင်းဟာ ဆန်ပြုတ် နောက်ထပ်တစ်ပန်ကန်ကို သွားယူလျက် ခေါင် လေးနှင့်မျက်နှာချင်းဆိုင် တွင် ဝင်ထိုင်လိုက်၏။

"အင်.. ဘွဲ့ရပြီး နောက်တစ်နေ့ပေါ့။ဖေဖေနဲ့ မေမေက မန္တလေး မှာရှိတဲ့ ဖွားဖွားတို့ဆီသွားလည်းမယ် ဆိုပြီး ထွက်သွားတာ။ ဘယ်တော့မှ ပြန်မလာတော့ဘူး။အဲ့ဒီနောက် ငါ
ဒီမှာ တစ်ယောက်တည်းပဲနေဖြစ်တော့တယ်"

"ကျွန်တော် စိတ်မကောင်းပါဘူးဗျာ ။ မမေးသင့်မှန်းသိပေမယ့် ။ သိချင်စိတ် ထိန်းမရလို့ပါ"

"ရပါတယ် ငါ နေသားကျနေပါပြီ"

သို့ပေမယ့်လည်း နှိုင်းမျက်နှာဟာ ညိုးနွမ်းနေခဲ့ပါ၏။ ခေါင်လေးသည် ဆန်ပြုတ်အား ကုန်စင်အောင် သောက်ပေးပြီးနောက် ဆရာဝန်ပေးလိုက်သည့် ဆေးအား
သောက်လိုက်ပါသည်။ ရာသီဥတု အေးလျင် ဒဏ်ရာ တွေက အကိုက်အခဲပိုကြီးတတ်သည်လေ။

"ကိုသုတ ကျွန်တော်ပြန်တော့မယ် "

"အင် ဖြေးဖြေး"

နှိုင်း လေးလေးလံလံပင် ဆိုမိ၏။ ဒီလူသား၏ ကျောပြင်အားနောက်တစ်ကြိမ် အထီးကျန်စွာ ကြည့်ရှူ့ရပေအုံးတော့မည်။
ခေါင်လေးသည် ပြန်ရန် ဆိုင်ကယ်ပေါ်တတ်ပြီးမှ.. နှိုင်းအားပြန်လှည့်ကြည့်လိုက်၏။

"ကျွန်တော့်ကို ကိုသုတရဲ့ Barမှာ အလုပ်ခန့်ပါလား"

...........................

Love you all💚💚💚

.....................................................................

Zawgyi

မ်က္ႏွာကို ေသာက္ေရဘူးမွေရျဖင့္ ေဆးေၾကာလိုက္ၿပီး
အေပၚထပ္ အက်ႌကိုခြၽတ္ကာ အမိႈက္ပံုးထဲ ႏွေျမာတသစြာ  ပစ္ ထည့္လိုက္ရ၏။ စိုင္းမင္ကို ႏွင့္လမင္းက ကိုသုတ
ကိုသာ စိတ္ပူေနၾကသျဖင့္ သူ႔ကိုသတိမထားမိတာ
ကံေကာင္း သည္ဟုဆိုရေပမည္။

ပါးလႊာေသာ အတြင္းအက်ႌ နဲ႔အတူ ေဆာင္းေလ၏
ေအးစက္မူေၾကာင့္ သူ႔ကိုယ္၌ ၾကက္သီးေမႊးညႇင္းမ်ာက
ျဖန္းခနဲပင္ ထလာေတာ့၏။ သူရဲေကာင္းႀကီးလုပ္ကာ
လူနာေစာင့္ လုပ္ေပးမည္ ေျပာမိၿပီးမွသရဲေၾကာက္ေနေသာ သူ႔အျဖစ္ကလူရယ္ခ်င္စရာ ေကာင္းလြန္း၏။

သံုးရက္ေလာက္ဆက္တိုက္အိပ္ထားသျဖင့္ မ်က္လံုးမ်ားက
အိပ္စက္ျခင္းကို ေဖာ္မေဆာင္ႏိုင္သည္ျဖစ္ရကာ ကုတင္
ထက္လွဲေလ်ာင္းေနေသာ ႏိႈင္းသုတလ်ွံ ကို ၾကည့္မိျပန္၏။
သူေရာက္ကတည္းက ၿငိမ္သက္ေနတာ ခုထိ နဲနဲေလးေတာင္
လႈပ္႐ွားမူမရိွေပ။ ေအးစိမ့္စိမ့္ ေလနဲ႔အတူ ခ်မ္းတုန္လာသည့္
ကိုယ္ကို မထိန္းႏိုင္သည့္ေနာက္ လူနာရဲ႕ ေစာင္အတြင္းသို႔ဝင္၍ေက်ာေပးကာ ေႏြးေထြးဖို႔ႀကိဳးစားလိုက္ရသည္။

"Mm..."

ထိုစဥ္မွ ႏိႈင္းသည္ လူးလြန္႔လာၿပီး မ်က္လံုးတို႔ပြင့္လာ၏။
မိမိေရာက္ေနေသာ ေနရာကို စပ္စုျခင္းနဲ႔အတူ မိမိေဘး
မွ ခႏၶာ ကိုယ္ႀကီးေၾကာင့္ လန္႔သြားလ်က္ ငုတ္တုတ္ေလး
ထထိုင္ေတာ့၏။ ေခါင္ေလးသည္လည္း အိပ္ေပ်ာ္ေနသည္
မဟုတ္တာေၾကာင့္ ႏိႈင္းအား ရယ္ျပလ်က္ ထ ထိုင္လာေလ
သည္။

"ကိုသုတ သက္သာရဲ႕လား"

ႏိႈင္း ကိုယ့္ကိုယ္ကို အိမ္မက္ မက္ေနသည္လို႔ထင္မိ၏။
ပံုရိပ္ေယာင္ေတြျမင္ရလြန္းအားႀကီးကာ စိတ္စြဲေနသည္
ဟုလည္း ထင္္မိသည္။ မိမိ ႏွစ္သက္ရေသာ ဤလူသား၊
လြမ္းဆြတ္တမ္းတေနရေသာ ဤလူသားသည္ သူ၏
မ်က္စိေ႐ွ႕ေမွာက္တြင္ ဒ႑ာရီ နတ္သားတစ္ပါးသဖြယ္
ရယ္ျပေန၏။

ေခါင္ေလးသည္ မိမိအားဘာစကားမွမဆို မလႈပ္မယွက္
ၾကည့္ေနေသာ ႏိႈင္းေၾကာင့္ နားထင္ေၾကာေလးက္ုိ
လက္ညိဳးေလးျဖင့္ အသာပြတ္လို႔ အူေၾကာင္ေၾကာင္ေလး
ျဖစ္သြားရပါသည္။

"ကိုသုတ ကိုသုတ အဆင္ေျပရဲ႕လား"

ပခံုးေလးကို ဖြဖြပုတ္ကာ သူထပ္ေခၚေတာ့မွ ႏိႈင္း ပစၥဳပၸန္ သို႔
ျပန္လည္ေရာက္ရိွလာၿပီး ႐ွက္ေသြးျဖာေနရ၏။

"ေတာင္းပန္ပါတယ္ ငါ ..႐ုတ္တရက္ ဆိုေတာ့.. "

"ရပါတယ္ လည္ပင္းကသက္သာလား"

ႏိႈင္းက သူ႔လည္ပင္းသူ ျပန္ကိုင္ၾကည့္ၿပီး ခဏတျဖဳတ္
ေတြေဝသလိုေလးျဖစ္သြားလ်က္ ေခါင္းညိမ့္ျပလာ၏။

"အင္..သက္သာပါတယ္။ ငါေဆးရံုကဆင္လို႔ရမလား..
ဒီမွာ မေနခ်င္ဘူး"

"ရေလာက္မယ္ထင္တယ္.. ကြၽန္ေတာ္သြားေမးေပးမယ္"

ေခါင္ေလးသည္ ခပ္ျမန္ျမန္ပင္ ႏိႈင္းအနားမွ ထြက္လာခဲ့လိုက္
၏။ သူလည္း ေဆးရံုမွာ မေနခ်င္ေပ။ အစိမ္းေသမ်ားစုျပံဳ
ေနေသာ ဤေနရာသည္ ဝိညာဥ္​ သရဲေတြ ေပါမ်ားလြန္း
သျဖင့္ သူေၾကာက္ပါ၏။

ႏိႈင္းသည္ ေခါင္ေလးထြက္သြားေတာ့မွ ေစာင္ထဲသို႔
ေခါင္းႏွစ္ကာ အ႐ွက္ႀကီး႐ွက္ေနမိေတာ့သည္။ တကယ္ဆို
သူဟာ သစ္ရြက္ေလးလႈပ္တိုင္းရင္ခုန္တတ္သည့္
အရြယ္လည္း မဟုတ္ေတာ့ပါဘူးေလ။

ဘုန္းထြဋ္ေခါင္လ်ွံ ဆရာဝန္နဲ႔ေတြ႔ၿပီး သူ႔အနားျပန္လာ
သည္ကို ျမင္ရသည္ႏွင့္ ႏိႈင္းသည္ ႐ုပ္ေလးကို တတ္ႏိုင္
သမ်ွတည္လိုက္၏။ ဟင့္အင့္ ငါႀကိဳက္ေနတာ မင္းသိလို႔
မျဖစ္ဘူး။ မင္းက ငါခူးဆြတ္ခြင့္မရိွတဲ့ အေဝးေရာက္
ၾကယ္ေလးတစ္ပြင့္။ ေငးၾကည့္ရံုကလြဲၿပီး ဆုပ္ကိုင္ခြင့္
မရိွတဲ့အရာ။

"ဆရာဝန္နဲ႔ေတာ့မေတြ႔ခဲ့ဘူး Nurseေတြနဲ႔ပဲေတြ႔တယ္၊
ဒဏ္ရာေထြေထြထူးထူး မရိွေတာ့ ျပန္ခ်င္ျပန္လို႔ရၿပီတဲ့"

"ဟုတ္လား ဒါဆိုျပန္မယ္ေလ "

"အျပင္မွာ မိုးေတာင္မလင္းေသးဘူး"

"ရတယ္ ျပန္မယ္"

အတင္းဇြတ္ျပန္ခ်င္ေနေသာ ႏိႈင္းကို ေခါင္ေလးက
စိတ္မသက္သာစြာ သက္ျပင္းေလးခ်လို႔ ကုတင္မွထဖို႔
တြဲကူေပးလိုက္ပါသည္။

"ရတယ္ ငါ့ဟာငါ ထႏိုင္တယ္"

တြဲေပးဖို႔ ကိုင္ထားမိတဲ့လက္ဟာ ေလထဲမွာတန္လန္း
ျဖစ္သြားလ်က္ ေခါင္ေလးသည္  ႏိႈင္းမ်က္ႏွာေလးက္ုိ
ၾကည့္ကာ တုန္႔ဆိုင္းသြားရ၏။ ထို႔ေနာက္ သူ႔လက္ေတြ
ျပန္လႊတ္ေပလိုက္ၿပီး ဒီတိုင္း ရပ္ၾကည့္ေနလိုက္ပါသည္။

ႏိႈင္းသည္ ကုတင္ေပၚမွ ခပ္ျဖည္းျဖည္းထရပ္ၿပီး ေခါင္းေလး
ေ႐ွ႕မွ ခပ္ျမန္ျမန္ပင္ ေလွ်ာက္မိ၏။ မေတြ႔မျမင္ရေတာ့
ျမင္ခ်င္၏...အနားမွာရိွေနေတာ့ ခပ္ေဝးေဝးမွာ ေနေစခ်င္
ျပန္သည္။ အခ်စ္ဆိုသည့္အရာက ထိုကဲ့သို႔ စိတ္ေတြကို
ေရာက္ယွက္ခက္ေစသည္လား သူေသခ်ာ မေတြးတတ္ေပ။

"ကိုသုတ ကြၽန္ေတာ္လိုက္ပို႔ေပးမယ္"

သုတ္ေျခတင္၍ လ်င္ျမန္စြာ ေလ်ွာက္ေနေသာ ႏိႈင္းသည္
ေဆးရံုေပါက္ဝပင္ေရာက္ေပေတာ့မည္။ ေခါင္ေလးသည္
ႏိႈင္း တစ္ေယာက္ အ႐ိုက္ခံရလို႔ ေၾကာက္လန္႔ၿပီး စိတ္နဲ႔
လူနဲ႔ မကပ္သည္ဟုထင္ကာ သတိေပးစကားဆိုလိုက္၏။

"ရတယ္ ေ႐ွ႕မွာ သံုးဘီးေတြရိွမွာပါ ငွါးစီးသြားလိုက္မယ္"

ေနာက္ကိုပင္ လွည့္မၾကည့္ပဲ ဇြတ္သြားေနေသာ ႏိႈင္းကို
ေခါင္ေလး တကယ္ပင္ စိတ္မ႐ွည္ေတာ့ေပ။

"ဒီမွာ ကိုႏိႈင္းသုတလ်ွံ ခင္ဗ်ား လူမူေရးနားမလည္ဘူးလား"

ေခါင္ေလး ခပ္က်ယ္က်ယ္ေအာ္လိုက္ေတာ့ ႏိႈင္းေျခလွမ္းေတြ
တုန္႔ဆိုင္းသြား၏။ တကယ္ဆို လူမူေရးနားမလည္တာ
ထက္ မင္းကို ပိုႀကိဳက္မိသြားမွာ စိုးရိမ္တာပါ။

"ကြၽန္ေတာ္ ခင္ဗ်ားကို ေစာင့္ေပးတယ္ေလ ေက်းဇူးတင္
စကားေတာ့ ေျပာသင့္တာေပါ့"

ႏိႈင္သည္ ႏႈတ္ခမ္းအားတင္းတင္ေစ့ လို႔ ဘုန္းထြဋ္ေခါင္လ်ွံ
ဘက္ လွည့္လိုက္၏။

"ေက်းဇူးတင္ပါတယ္"

ထို႔သို႔ တိုျပတ္ျပတ္ပင္ေျပာလ်က္ ေခါင္ေလးကို ျပန္လည္
ေက်ာခိုင္းလိုက္၏။ အၿငိမ္မေနေသာ အ႐ိုင္းဆန္သည့္
ႏွလံုးသားတစ္စံုကို ဦးေႏွာက္မွ အႀကိမ္ႀကိမ္ သတိေပးရ
သည္မွာ မလြယ္လွေပ။ ျမဴမႈန္တို႔ေဝဝါးစြာက်ဆင္းလ်က္
လင္းရိပ္တို႔ခပ္ေျဖးေျဖး ျဖာက်စဥ္ ေျခလွန္းတို႔ကို မိုင္ကုန္
နင္းလ်က္ ေခါင္ေလး ေ႐ွ႕မွ ေျပးထြက္ခဲ့သည္။

ငါတို႔ေတြ မေတြ႔ဆံုျဖစ္ခဲ့ရင္ ေကာင္းမွာ။

"ဟာ ဘယ္လိုလူလဲ"

ေခါင္ေလးသည္ ဤသို႔ စိတ္႐ႈပ္စြာ ေရရြတ္ၿပီးေနာက္
ႏွင္းေလေအးကို အံ့တုရန္ လက္ေတြကို ပိုက္ထားလိုက္၏။
လက္ေမာင္းမွဒဏ္ရာသည္ အေအးဒဏ္ေၾကာင့္ ကိုက္ခဲ
လာသေယာင္ထင္ရသည္။ ႏိႈင္းသုတလ်ွံ အား အ႐ိုက္​ခံရ
သည့္ ကိစၥ ႏွင့္ပတ္သတ္၍ ေမးျမန္စရာ ရိွပါေသာ္လည္း
ထိုလူက ဘာစိတ္ကူးေတြေပါက္ေနသည္မသိ ေ႐ွာင္
ထြက္သြား၏။ ဟိုတေလာက နမ္းမိသည္ ကို ဒီေန႔ထိ
မေမ့ေသးတာလား။

ဟူး...

ေလမႈတ္ထုတ္ေတာ့ အခိုးအေငြ႔ေလးေတြ ပါးစပ္ထဲမွ
ထြက္လာ၏။ ထိုအခါ ေခါင္ေလး၏ မ်က္ႏွာထက္ ၾကည္ႏူး
ရိပ္မ်ားထြက္ေပၚလာသည္။ေဆာင္းရာသီတြင္ ဤကဲ့သို
ျပဳမူရျခင္း ကို သူအလြန္ႏွစ္သက္ပါသည္။

အခုေလာေလာဆယ္ ေတာ့ ေျပးထြက္သြားေသာ ႏိႈင္းေနာက္သို႔ လိုက္ရန္ ေဆးရံုဝန္းထဲရပ္ထားသည့္ ဆိုင္ကယ္ကို
ေျပးယူရသည္။ တကယ္တမ္း ႏိႈင္းအား ဥပကၡာ ျပဳထားလ်င္
ရပါလ်က္ လိင္ဆက္ဆံသည့္အခ်ိန္မွလြဲလို႔ သူဟာ တစ္ပါးသူ
ဒုကၡ ေရာက္မွာကိုေတာ့ ထိုင္ၾကည့္မေနတတ္ေပ။

သိုႏွင့္ ဆိုင္ကယ္ကို ခပ္ျမန္ျမန္ ပင္ေမာင္းၿပီး ႏိႈင္းေ႐ွ႕မွာ
ပိတ္ရပ္လိုက္၏။ ႏိႈင္းမ်က္ဝန္းေလးေတြကေတာ့ အံျသ
သြားသလို ရင္ဆိုင္ဖို႔ မဝံ့ရဲျခင္ေတြပါဝင္ေနသည္။

"ကိုႏိႈင္းသုတလ်ွံ ကြၽန္ေတာ့္ကို မနက္စာေတာ့ေကြၽးသင့္
တယ္မလား"

ေသာက္က်ိဳးနည္း ပါးစပ္ဟာ အ႐ွက္မရိွစြာပဲ ေျပာထြက္မိ
သြားပါ၏။

"ေနာက္ေန႔မွ လိုက္ေကြၽးမယ္ေလ"

"မရဘူး အခုဆိုင္ကယ္ေပၚတတ္ ကြၽန္ေတာ္အရမ္းေအး
ေနၿပီ ။ကြၽန္ေတာ္ေအးခဲၿပီးေသ သြားရင္ ခင္ဗ်ားေၾကာင့္ပဲ
ေနာ္"

ဘယ္အခ်ိန္က ဒီလိုၿခိမ္းေျခာက္မူမ်ိဳးကိုသူႏွစ္သက္ခဲ့
သည္လည္း မေျပာတတ္ျပန္ေပ။

"ငါ့ အေႏြးထည္ဝတ္လိုက္"

"ဘယ္ေတာ္မလဲ စဥ္းစဥ္းစားစား ေျပာေလ"

ခက္ဆတ္ဆတ္ျပန္ေျပာလိုက္ေသာ စကားေၾကာင့္ ႏိႈင္း
ကိုယ္ေလးတြန္႔သြား၏။ ဟုတ္ေတာ့လည္းဟုတ္သည္။
ဘုန္းထြဋ္ေခါင္လ်ွံ က  အရပ္႐ွည္႐ွည္ ရင္အုပ္က်ယ္က်ယ္
ႏွင့္ထြားက်ိဳင္းေန၏။ နိွုင္းကေတာ့ သူမ်ားႏွင္ယွဥ္လ်ွင္
ထြားေပမယ့္ သူႏွင့္ယွဥ္လ်ွင္ေတာ့ ညက္ညက္ေလး
ျဖစ္သြားေတာ့သည္။

"အခုမင္းေအးေနတယ္မဟုတ္လား အေႏြးထည္က
ဘာလို႔ဝတ္မလာတာလဲ "

ႏိႈင္းစကားၾကာင့္ ေခါင္ေလးသည္ အက်ႌ က်ယ္သီးေတြကို
တစ္လံုးခ်င္းျဖဳတ္လိုက္၏။ အာရံုဖူးပြင့္စေန႔သစ္မွာ
ကိုယ္ႀကိတ္ေႂကြေနရေသာ လူတစ္ေယာက္ရဲ႕ ဆြဲေဆာင္မူ
အျပည့္ရိွေသာ လည္တိုင္႐ွည္ရယ္ အခ်ိဳးအဆစ္သြယ္လွေသာ
လက္ေခ်ာင္းထိပ္ေလးေတြရဲ႕လႈပ္႐ွားမူေတြရယ္ ေပၚထြက္
လာေသာ ရင္အုပ္ႂကြက္သားေတြမွတစ္ဆင့္ ....။ အို....။

ႏိႈင္း ရင္ေတြဟာ တဒုတ္ဒုတ္ ခုန္ျမည္ျခင္းသို႔ေရာက္လာ
လ်က္ ႐ွက္ရြံ႕ျခင္းနဲ႔အတူ မ်က္လံုးေတြကို မွိတ္ခ်ပစ္လိုက္သည္။

"ေဟ့ မင္း ဘာလုပ္ေနတာလဲ"

မ်က္စိစံုမွိတ္ၿပီး လန္႔ေနေသာ ႏိႈင္းကို ၾကည့္ကာ ေခါင္ေလး
တစ္ေယာက္ စိတ္လိုလက္ရပင္ ရယ္လိုက္မိ၏။

"ဘာလုပ္လို႔လဲ ဒီမွာၾကည့္ ကြၽန္ေတာ္လည္း ခင္ဗ်ားလိုပဲ
ဒဏ္ရာရထားတယ္"

မယံုသကၤာျဖင့္ပင္ ႏိႈင္းဟာ မ်က္လံုးေလးကိုတစ္ဖက္ခ်င္းစီ
ဖြင့္ၾကည့္လာ၏။ ေခါင္ေလး၏ လက္ေမာင္းမွ ပတ္တီး
စည္းေႏွာင္ထားျခင္းကို ေတြ႔ျမင္သည့္အခါ ႏိႈင္းသည္
ကိုယ္တိုင္ပင္ မသိလိုက္ပဲ ေခါင္ေလးေဘးသို႔ ေရာက္ရိွ
သြားေလသည္။

"ဒါက ဘယ္လိုျဖစ္တာလဲ"

"ကြၽန္ေတာ္ေျဖခ်င္ပါတယ္ ခင္ဗ်ား ဘယ္လိုျဖစ္တယ္ဆို
တာကိုလည္း သိခ်င္ပါတယ္ အဲ့ဒါေၾကာင့္ ခင္ဗ်ားေနာက္
လိုက္လာတာပါ သူမ်ားသတ္လို႔မေသပဲ အေအးပတ္ၿပီး
ေသပါေတာ့မယ္"

စကားအ႐ွည္ႀကီးအား ခပ္ရြဲ႕ရြဲ႕ေျပာေတာ့ ထူးကဲစြာပင္
ႏိႈင္းမ်က္ႏွာေလး ပန္းေရာင္ေျပးလာတာကို သူသတ္ိထား
မိလိုက္သည္။ အင္...စိတ္ထင္ေနတာပဲ ျဖစ္ပါလိမ့္မည္။

"ဒါဆို ဒီနားမွာ ခဏေလးပဲေစာင့္ ျပန္လာခဲ့မယ္"

စိတ္သက္သာသြားပံုရေသာ ႏိႈင္းဟာ ႏႈတ္ခမ္းထက္
အျပံဳးခ်ိဳခ်ိဳ ေလးေတြျပန္လည္ျဖစ္ထြန္းလာ၏။ ေဆးရံုႀကီးနဲ႔
ၿမိဳ႕မေစ်းႀကီးဟာ လမ္းကူးလိုက္လ်င္ေရာက္ၿပီမို႔ ႏိႈင္း
အျမန္ပင္ ေျပးသြားလိုက္ၿပီး ေခါင္းစြပ္အေႏြးပြပြတစ္ထည္ကို
ဝယ္လိုက္ပါသည္။

ျဖစ္ႏိုင္ရင္ေတာ့ သူ႔ခါးေလးကိုဖက္ၿပီး အေႏြးဓာတ္ေပးလိုက္
ျခင္တာေပါ့ေလ။ သို႔ေပမယ့္ မျဖစ္ႏိုင္သည့္ ဘဝမဟုတ္လား။

"ေရာ့ ေလာေလာဆယ္ ဒီဟာဝတ္ထား အခု Barကို
အရင္ျပန္ရေအာင္ေနာ္ ငါအေျခအေန သိခ်င္ေသးတယ္"

"အင္ "

ပံုမွန္အားျဖင့္ စိတ္မ႐ွည္စြာ ထျပန္ရမည္မွန္ေသာ္လည္း
ယခုအခါတြင္ေတာ့ ေခါင္ေလးဟာ စိတ္ေတြ ေတာ္ေတာ္ပင္
ၾကည္လ်ွင္လို႔ေနပါသည္။ ဘာေၾကာင့္လဲဆိုသည့္ေမးခြန္းမ်ိဳး
ေမးဖို႔ပင္ သူဟာ သူ႕ကိုယ္သူ ရိပ္စားမိဖို႔ အာရံုမရေသးေခ်။

မိုးလင္းစကပင္ တဖြဲဖြဲက်ေနေသာ ႏွင္းေတြသည္
ဆက္လက္၍ေပ်ာ္ျမဴးစြာပင္ က်ဆင္းလ်က္ ထူပိတ္လာ၏။
မိုးလင္းေနေသာ္လည္း ျမဴဖံုးေသာ ရာသီစက္ဝန္းေၾကာင့္
ဆိုင္ကယ္မီးဖြင့္၍ ေမာင္းႏွင္ရပါသည္။သို႔တည္းမဟုတ္လ်ွင္
ေတာ့ မျမင္မကမ္းေမာင္တဲ့ေကာင္ေတြ၏ တိုက္ျခင္းကို
ခံရႏိုင္ပါသည္။

ေခါင္ေလးႏွင့္ ႏိႈင္းတို႔သည္ တိတ္ဆိတ္စြာပင္ Barသို႔
ျပန္ေရာက္လာၾက၏။ ႏိႈင္းသည္ ခ်က္ခ်င္းပင္ ဝန္းထမ္း
အိမ္ယာဘက္သို႔ သြားကာ မိုးျမင့္ေအာင္ အခန္းကို
ဖြင့္ၾကည့္လိုက္၏။ ေျခယာလက္ယာမပ်က္ရိွေနေသာ
အခန္းကို ျမင္လိုက္မွသာ သူသက္ျပင္ေမာႀကီး ခ်ႏိုင္
ေတာ့သည္။

"ကိုသုတ ခင္ဗ်ားဘယ္လိုျဖစ္ၿပီး အ႐ိုက္ခံရတာလဲ"

"မေန႔ညက ငါ အခန္းထဲဝင္ၿပီးနားမလို႔လုပ္တုန္း ဒီဘက္မွာ
လူရိပ္ျမင္လိုက္တယ္။ အဲ့ဒါနဲ႔ ငါသြားၾကည့္ေတာ့ ေနာက္ကေန ဓားနဲ႔ေထာက္ခံလိုက္ရၿပီး မိုးျမင့္ေအာင္ အခန္းဘယ္မွာလဲ
လို႔ေမးတယ္၊ ငါလည္း လန္႔ေတာ့လန္႔ေပမယ့္ တစ္ျခား
အခန္းကို လက္ညိဳးထိုးျပလိုက္တယ္။ ေနာက္ေတာ့ ငါအ႐ိုက္ခံလိုက္ရတယ္ထင္တာပဲ က်န္တာဘာမွမသိေတာ့ဘူး။
မင္း ကေရာ ငါ့ဆီဘယ္လိုေရာက္လာတာလဲ ေဆးရံုကိုေရာ
မင္းပို႔ေပးတာလား"

"မဟုတ္ဘူးဗ်.. ကြၽန္ေတာ့္က လမင္းေျပာလို႔သိတာ
ကြၽန္ေတာ္ေရာက္တဲ့အခ်ိန္ ခင္ဗ်ားက ေဆးေတြဘာေတြ
ေတာင္ သြင္းၿပီးေနၿပီ"

"ဟုတ္လား"

ႏိႈင္းႏွင့္ ေခါင္ေလးသည္ စကားေျပာရင္း ဝန္းထမ္းတန္းလ်ား
ဘက္မွ Barအတြင္းသို႔ျပန္ဝင္လာခဲ့၏။

" ဒါဆို ငါ့ကို ဘယ္သူေဆးရံုပို႔ေပးတာလဲမသိဘူး၊ ကိုဘိုဘို
တို႔မ်ားလား သူတို႔ဒီခ်ိန္ မထႏိုင္ေလာက္ေသးဘူး ႏိုးလာမွ
ေမးၾကည့္ရမယ္"

"အင္!"

"ဒါနဲ႔ မင္းကေရာ ဒဏ္ရာဘယ္လိုရတာလဲ"

"ဓာတ္ပံုကိစၥေလ.. ကြၽန္ေတာ့္ဆီမွာ ပံုေတြရိွမွန္း ဘယ္က
သတင္းရလာတယ္ေတာ့မသိဘူး ေနာက္ကေနလိုက္ၿပီး
မေပးရင္သတ္မယ္လို႔ ၿခိမ္းေျခာက္ေတာ့တာပဲ.. မနဲကို
ထြက္ေျပးခဲ့ရတယ္ဗ်"

"ဟင္...ဟုတ္လား ဒါဆို ဓာတ္ပံုေတြကေရာ "

"ရိွပါတယ္ဗ် ဘုန္းထြဋ္ေခါင္လ်ွံ ပါ အျမဲတမ္း သူမ်ားမ်က္ခံုး
ေမႊးေပၚ စၾကံၤေလ်ွာက္ေနက်"

"အဲ့ ဓာတ္ပံုေတြ ဘယ္လိုရသလဲ မေျပာျပေသးဘူးေနာ္"

ဆိုေတာ့ ေခါင္ေလးဟာ စကားမ်ားေနရာမွ ခ်က္ခ်င္းတိတ္
သြား၏။ အသစ္စက္စက္ မီးခိုးေရာင္ ေခါင္းစြပ္ အေႏြးထည္
ေလးႏွင့္ သူဟာ ဒီေန႔မွ တစ္မ်ိဳးၾကည့္ေကာင္းေနပါသည္။

"မိုးျမင့္ေအာင္ က ကြၽန္ေတာ့လက္ထဲကို ဖုန္း Memory cardေလး ထည့္ေပးသြားတာ ။ အစကေတာ့ ကြၽန္ေတာ္
လည္း ဘာမွန္းမသိဘူး ရဲစခန္းကျပန္လာၿပီးေတာ့မွ
ကြၽန္ေတာ့္ဖုန္းထဲထည့္ၾကည့္လို႕ ျပသာနာ ရဲ႕အစကို
ခန္႔မွန္း မိသြားတာ"

"ပံုေတြၾကည့္ရံုနဲ႔ဘယ္လိုခန္႔မွန္းမိတာလဲ ၊ ရဲေတြကိုေရာ
ဘာလို႔အဲ့ကဒ္မေပးလိုက္တာလဲ"

"မထင္ရဘူး ခင္ဗ်ား အရမ္းစပ္စုတာပဲ ကြၽန္ေတာ္ဗိုက္ဆာ
ေနၿပီ တစ္ခုခု စားစရာမရိွဘူးလား"

"မင္းေျပာျပရင္ စားရမယ္ ဟုတ္ၿပီလား"

ေခါင္ေလးဟာ မ်က္ခံုး ေလးပင့္ၿပီး စကားေျပာဆိုလိုက္ရံု
ျဖင့္ ခန္႔ညားသြားေသာ ႏိႈင္းကို ႐ုတ္တရက္ အံ့ျသစြာ ၾကည့္
မိသြားသည္။ ဒီလူအခု သူ႔ကို ကေလးတစ္ေယာက္လို
သေဘာထားလိုက္တာလား။

"ေတာ္ၿပီ ျပန္ေတာ့မယ္"

သူ စိတ္ဆိုးမိသြားတယ္။ ဘာေၾကာင့္လဲ ။ သူကမင္းနဲ႔
အခုမွရင္းႏွီးတဲ့ သူစိမ္းတစ္ေယာက္ေလ။

" လာပါ ဒီမွာ ထိုင္ေစာင့္ေန မင္းကစိတ္အရမ္းႀကီးတာပဲ"

ေခ်ာ့ျမဴး သလို ဆိုလာျပန္ေတာ့လည္း ေပကပ္ကပ္ႏွင့္ပင္
သူထိုင္မိျပန္၏။ ခင္ဗ်ားကေတာ့ က်ားေ႐ွ႕ အလွလာျပေနတဲ့
ယုန္သူငယ္လိုပဲ ပညာရိွလိုလိုဘာလိုလိုနဲ႔ အရမ္းတံုးတယ္။

ေခါင္ေလးဟာ Bar အေနာက္ဘက္ျခမ္းကို ဝင္သြားတဲ့
ႏိႈင္းကို လည္ပင္းေလး႐ွည္လို႔ေမ်ွာ္ၾကည့္ၿပီးေနာက္ Bar
အတြင္းသို႔ မ်က္စိ ကစားၾကည့္လိုက္သည္။

ဝို.. သန္႔႐ွင့္ေရးမလုပ္ရေသးလို႔ထင္တယ္ အမိႈက္ေတြေရာ
ပုလင္းကြဲေတြေရာ ပြစိတတ္ေနတာပါပဲ။ ဒီေလာက္အခန္း
အက်ယ္ႀကီးကို မိုးျမင့္ေအာင္ တစ္ေယာက္တည္း
႐ွင္းတာလား ။ ဒါဆ္ုိ မိုးျမင့္ေအာင္ မရိွေတာ့တဲ့ေနာက္
ကိုသုတ က ။

"ရပါၿပီ.. ေလာေလာဆယ္ေတာ့ဒါေလးနဲ႔အရင္ဗိုက္ျဖည့္
ထားလိုက္"

ႏိႈင္းသည္ ေခါင္ေလးေ႐ွ႕ ပူပူေလာေလာ ခေနာဆန္ျပဳတ္
ပန္ကန္ေလးကိုခ်ေပး၏။ ေခါင္ေလးသည္ ဆန္ျပဳတ္ပန္ကန္
ကို ၾကည့္လိုက္ ႏိႈင္းကို ၾကည့္လိုက္ျဖင့္ မ်က္ႏွာႀကီး ႐ွံဳ႕မဲ့
သြားေလသည္။

"ဟာဗ်ာ ခင္ဗ်ား ေတာ္ေတာ္ကပ္စီးကုပ္တာပဲ ၊
ဒီဆန္ျပဳတ္ႀကီးကို ဘယ္လိုစားရမွာလဲ"

"မင္းလက္ ဒဏ္ရာရထားတယ္ေလ ၿပီးေတာ့ အေအးမိထား
တယ္မလား ေတာ္ၾကာ ဖ်ားေနမွာစိုးလို႔ ဆန္ျပဳတ္ပူပူေလး
ေသာက္ၿပီး ေဆးေသာက္ထားေလ..ေနာ္"

ႏိႈင္းရဲ႕ ႐ွင္းျပခ်က္ကို လက္မခံခ်င္ေပမယ့္ ေက်နပ္သလိုေတာ့
ရိွသြားကာ ေခါင္ေလးသည္ ဆန္ျပဳတ္ပန္းကန္ထဲက ဇြန္းကို
ကိုင္လိုက္၏။

"ကိုသုတ ခင္ဗ်ား တစ္ေယာက္တည္းေနလာတာၾကာၿပီလား"

ႏိႈင္းဟာ ဆန္ျပဳတ္ ေနာက္ထပ္တစ္ပန္ကန္ကို သြားယူလ်က္
ေခါင္းေလးႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္၏။

"အင္.. ဘြဲ႔ရၿပီး ေနာက္တစ္ေန႔ေပါ့။ေဖေဖနဲ႔ ေမေမက မႏၲေလး မွာရိွတဲ့ ဖြားဖြားတို႔ဆီသြားလည္းမယ္ ဆိုၿပီး ထြက္သြားတာ။ ဘယ္ေတာ့မွ ျပန္မလာေတာ့ဘူး။အဲ့ဒီေနာက္ ငါ
ဒီမွာ တစ္ေယာက္တည္းပဲေနျဖစ္ေတာ့တယ္"

"ကြၽန္ေတာ္ စိတ္မေကာင္းပါဘူးဗ်ာ ။ မေမးသင့္မွန္း
သိေပမယ့္ ။ သိခ်င္စိတ္ ထိန္းမရလို႔ပါ"

"ရပါတယ္ ငါ ေနသားက်ေနပါၿပီ"

သို႔ေပမယ့္လည္း ႏိႈင္းမ်က္ႏွာဟာ ညိဳးႏြမ္းေနခဲ့ပါ၏။
ေခါင္ေလးသည္ ဆန္ျပဳတ္အား ကုန္စင္ေအာင္ ေသာက္
ေပးၿပီးေနာက္ ဆရာဝန္ေပးလိုက္သည့္ ေဆးအား
ေသာက္လိုက္ပါသည္။ ရာသီဥတု ေအးလ်င္ ဒဏ္ရာ
ေတြက အကိုက္အခဲပိုႀကီးတတ္သည္ေလ။

"ကိုသုတ ကြၽန္ေတာ္ျပန္ေတာ့မယ္ "

"အင္ ေျဖးေျဖး"

ႏိႈင္း ေလးေလးလံလံပင္ ဆိုမိ၏။ ဒီလူသား၏ ေက်ာျပင္အား
ေနာက္တစ္ႀကိမ္ အထီးက်န္စြာ ၾကည့္႐ွဴ႕ရေပအံုးေတာ့မည္။
ေခါင္ေလးသည္ ျပန္ရန္ ဆိုင္ကယ္ေပၚတတ္ၿပီးမွ.. ႏိႈင္းအား
ျပန္လွည့္ၾကည့္လိုက္၏။

"ကြၽန္ေတာ့္ကို ကိုသုတရဲ႕ Barမွာ အလုပ္ခန္႔ပါလား"

........................................................................

Love you all💚💚💚

Continue Reading

You'll Also Like

423K 25.9K 43
[ Zawgyi ] ---------------- မဆံုသင့္တဲ႔လူသားနွစ္ေယာက္ကိုဆံုေစခဲ႕တဲ႔ကံႀကမၼာဟာ ......... ဘာျဖစ္ေစခ်င္လို႔ပါသလဲ ??? မဆံုနိုင္ျခင္းတို႕ျခားနားထားတဲ႕လူ...
7.4K 416 38
မောင်....ငါတို့ရဲ့အချစ်က လူကြားထဲမှာဘာလို့ ဖော်ပြခွင့်မရတာလည်း..... တစ်နေ့နေ့၊တစ်ချိန်ချိန်မှာတော့ မောင်တို့နှစ်ယောက်ချစ်နေတာကို လူအများရှေ့မှာ မောင်...
404K 54.3K 61
နန်းမြို့ရိုး၏ ချစ်ခြင်း အလင်္ကာရဲ့ အဆက်ပါ။ Completed