I want even your name , Arthi...

By chahyejoon

397K 25.7K 1.9K

Completed / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ခ... More

Beginning
This Kid
Regret
Cas is missing
Both of you
Castiel's Daddy
Dimple smile
Cas is my son too :)
Runaway
Plan
Pretend
In-Laws
Yes I Do
You have to kiss me
Is This Love ?
I will teach you to know
Rapist ? Am I rapist ?
I Love you
Sympathy
About Kong - 1
Beginning ( U )
This Kid ( U )
Regret ( U )
Cas is missing ( U )
Both of you ( U )
Castiel's Daddy ( U )
Dimple Smile ( U )
Cas is my son too :) ( U )
Runaway ( U )
Plan ( U )
Pretend ( U )
In-Laws ( U )
Yes I Do ( U )
is This Love ? ( U )
I will show you to know ( U )
Rapist ? Am I rapist ? ( U )
I Love You ( U )
Sympathy ( U )
About Kong - 1 ( U )
I'll follow where you go
I'll follow where you go - ( U )
NEXT STEP
NEXT STEP ( U )
( Z ) အရောင်းပို့စ်
( U ) အရောင်းပို့စ်

You have to kiss me ( U )

4.3K 318 3
By chahyejoon

Cas ပြန်ရောက်လာပြီးတဲ့နောက်နေ့မှာပဲ Arthit နဲ့ Kongpop ဟာ အိမ်က လူကြီးတွေရှေ့မှာပဲ လက်မှတ်ထိုးဖြစ်ကြတယ်။

Mr.Kerkalai Sutthiluck နဲ့ အတွင်းရေးမှူးကတော့ လက်မှတ်ထိုးပြီးတာနဲ့ ချက်ချင်းပဲ သတင်းထောက်တွေဆီ ဖုန်းဆက်ကာ

" မနက်ဖြန် xxx center မှာ ကျွန်တော် အားလုံးကို အသိပေးစရာရှိတဲ့အတွက်
တလေးတစားနဲ့ ဖိတ်ပါတယ်နော် ××× "

Mr.Krekalai က သတင်းစာ ရှင်းလင်းပွဲလုပ်ချင်ကြောင်း ပြောနေတာကို တစွန်းတစကြားနေရလို့ လက်မှတ်ထိုးပြီးတာနဲ့ပဲ ဒီဘက်အိမ်ရှိရာသို့ ချက်ချင်း ပြန်ကူးချင်နေမိပေမယ့် ထပြန်လိုက်ရင် မကောင်းလို့ ဆက်ထိုင်နေလိုက်တာက Arthit.. ။

Cas နဲ့ ခြံထဲမှာ ဆော့နေတဲ့ Kongpop က မှန်တွေ ကာထားပေမယ့် အထဲကို ဖောက်ထွင်းမြင်နေရတဲ့ ဧည့်ခန်းထဲကို လှမ်းလှမ်းကြည့်ရင်း လာလာပြုံးပြနေတာကလည်း အကုသိုလ်: /

" ဒီရက်ပိုင်း N'Arthit ကို မနှောင့်ယှက်အောင် P'Jeer က စောင့်ကြည့်ပေးထားတာ "

P'Jeer က ထိုင်ခုံမှာ တင်ထားတဲ့ Arthit ရဲ့လက်ကို လှမ်းဆုတ်ကိုင်လာရင်း

" P'Earth ပြန်သွားလို့ အားကိုးစရာမရှိတော့ဘူးဆိုပြီး N'Arthit အားမငယ်နဲ့နော်။ P'Jeer ကို လာတိုင်ပင်လို့ရတယ် သိလား ? မောင်လေးရဲ့အပြစ်တွေကြောင့် တို့တွေဘက်က
တတ်နိုင်သလောက် ပြန်ပေးဆပ်ချင်ပါတယ် "

အင်း ... ခုနကပဲ P'Earth က Rome ကို အစစအရာရာ ပြန်ကူပေးပြီး သက်သာ
လာတာနဲ့ ခေါ်လာခဲ့ပေးမယ်လို့ပြောကာ PhiChit ကို ပြန်သွားလေရဲ့။

ဒီအိမ်ထဲမှာ ရင်းနှီးရတဲ့ တစ်ဦးတည်းသော
လူသားမရှိတော့တဲ့အချိန်မှာ အားငယ်စိတ်ဝင်မိတာတော့ အမှန်..

" ကျေးဇူးတင်ပါတယ် P'Jeer "

" မနက်ဖြန် သတင်းစာရှင်းလင်းပွဲလုပ်ရင် Arthit က ဘယ်လိုနေပေးရမလဲဆိုတာ
အန်တီတို့ ရှင်းပြစရာမလိုဘူးမလား ? "

Kongpop ရဲ့ အမေ Khun Pan က ရှေ့မှာ
ဝင်ထိုင်ရင်း မေးလာတော့ ခေါင်းခါပြလိုက်ရင်း

" ကျွန်တော် သားနဲ့အတူ Kongpop ရဲ့ဘေးမှာ ရပ်နေပေးမှာပါ စိတ်မပူပါနဲ့ အန်တီ "

" ဒါနဲ့တင် ဘယ်ပြီးမလဲ ? မေးလာတဲ့ မေးခွန်းတွေကို Arthit က အတတ်နိုင်ဆုံး ကြည့်ကောင်းအောင် ဖြေပေးပါ။ သား နဲ့ မင်းတို့ မကြည်ဖြူကြပါဘဲနဲ့ ကလေးရ ခုလိုလက်ထပ်ပြီး တစ်အိမ်ထဲ နေနေရတာမျိုး အပြင်ကို ပေးမသိစေချင်ဘူး "

" Mae ~ ဘယ်သူက အဲ့လိုမျိုး ထုတ်ပြောမှာလဲ ? Arthit ကို ဝန်တွေ ထပ်မပေးပါနဲ့။ သူက Mae သားထက်တောင် အသက်ကြီးပြီး ပိုတွေးတတ်သေးတယ် "

ထုံးစံအတိုင်း Jeer က Arthit ဘက်က ဝင်ပြောတော့ Khun Pan က မျက်စောင်းထိုးကာ သက်ပြင်းချလိုက်ပြီး ခြံပြင်မှာ ရယ်မောဆော့နေကြတဲ့ နှစ်ယောက်ဘက်ကို မေးငေါ့ပြလာတယ်။

" ဒီလိုအချိန်မှာ ကိုယ် မမှန်းထားခဲ့ဖူးတဲ့အရာတွေဖြစ်လာလို့ လက်ခံဖို့ ခက်နေသေးတယ် "

" ကျွန်တော် နားလည်ပါတယ် အန်တီ ..သွားခွင့်ပြုပါဦး "

ဆက်နေနေရင် ကိုယ့်ကိုပဲ အပြစ်တင်လာမယ့်​စကားတွေ ထွက်လာမှာ သိနေတာကြောင့် Arthit ထထွက်လာခဲ့တယ်။

ကိုယ်လည်း မတရားခံခဲ့ရတဲ့သူပါပဲ ..
ဘာအမှားမှ မလုပ်မိပါဘဲနဲ့ ကိုယ့်ကို ဘာလို့အပြစ်မြင်နေတာလဲ စဉ်းစားမရ။ ကလေးမွေးနိုင်တာကပဲ အပြစ်ဖြစ်နေတာလား ?

" Papa ~ ! "

ခြံထဲဆင်းသွားတာနဲ့ Cas က အော်ဟစ်ရင်းပြေးလာပြီးခြေထောက်တစ်ဖက်ကို လာဖက်တယ်။ စိတ်တိုနေမိတာတောင် Cas မျက်နှာ မြင်တော့ မနည်းစိတ်ထိန်းပီး

" ငါ .. အင်း ...Papa ဟိုဘက်အိမ်ပြန်တော့မယ်နော်။Cas ဒီမှာဖိုးဖိုးတို့နဲ့အိပ်မှာမလား ? "

" Papa နဲ့တူတူအိပ်မှာ "

" ဒီနေ့ Daddy နဲ့လာအိပ်ပါကွာ "

က​လေးကိုကောက်ချီရင်း ပြောလိုက်တဲ့ Kongpop ကြောင့် Arthit က တစ်ဖက်ကိုမျက်နှာလွှဲနေလိုက်တယ်။ Cas ကတော့ Kongpop ရဲ့မျက်နှာက ပါးသိုင်းမွှေးရေးရေးကို လက်နဲ့ပွတ်ကာ တခစ်ခစ်ရယ်ရင်း ခေါင်းလေးပါ ခါပြနေတော့

" Cas က Papa တို့ ဖိုးဖိုးတို့နဲ့ကျတော့အိပ်ပြီး Daddy နဲ့ကျ တစ်ခါမှ တူတူမအိပ်ဘူး "

" Papa နဲ့က ခုမှအိပ်ရတာ.. အရင်က Romiie နဲ့ပဲ အိပ်ရတာ..နော် Papa ? "

Cas က ကလေးစိတ်နဲ့ ဒီအတိုင်းပြောလိုက်ပေမယ့် Kongpop မျက်နှာက သူ့သားကို ဂရုမစိုက်ရကောင်းလားဆိုတဲ့ မျက်နှာမျိုး လုပ်ပြလာတာကြောင့် Arthit က လှည့်ထွက်ဖို့လုပ်တော့

" သားကို ခေါ်သွားဦး .. သားလိုချင်တဲ့ဂရုစိုက်မှုကို အခုကစပြီးပေးဖို့ P' ပြင်ဆင်သင့်ပြီ "

" မင်း ေ_ာက်ပူမပါဘူး "

ဒီလို ရန်စကား မပြောချင်ခဲ့။ အိမ်အတွင်းထဲက ပေးလိုက်တဲ့ Stress က အိမ်ပြင်ထိအောင်ခံရခက်နေတော့ တွေ့ရာလူကို မဲမိလိုက်ခြင်းသာ ။

ပြောပြီးတာနဲ့ပဲ ကလေးကိုလှမ်းယူပြီး ဒီဖက်အိမ်ဘက်ကို ခပ်သွက်သွက် လျှောက်လာလိုက်တော့ လက်ထဲက Cas က

" Papa .. မင်း ေ_ာက်ပူမပါဘူးဆိုတာ
ဘာပြောတာလဲဟင် ? "

ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့တဲ့ Kongpop ကို နောက်မှာထားကာ လျှောက်လာပေမယ့်
သားက ခုလိုမေးလာတောင် ဘာဖြေရမှန်းမသိ။

ဟုတ်သားပဲ .. ခုချိန်ဆို စကားလုံးအသစ်တွေကို လိုက်မှတ်တဲ့အရွယ်ဖြစ်နေပြီမလား ?

မဆင်မခြင် ပြောလိုက်မိတဲ့ စကားမှန်သမျှကို ထပ်ခါတလဲလဲ လိုက်သုံးနေတဲ့ Cas ကြောင့် Kongpop လည်း ခံထားရပြီးပြီ။

တစ်ခါပြောထားလည်း မှတ်မိနေတဲ့ Cas က
လူတွေအားလုံးရှေ့မှာ အခုစကားကို သုံးလာခဲ့ရင် ဘယ်လိုမှ ကြားလို့မကောင်း..

" ဒါ လူကြီးတွေအချင်းချင်းပြောတဲ့ လှို့ဝှက်စကားလို့ ခေါ်တယ်။ အဲ့ဒါကို Cas က လိုက်ပြောရင် Papa က Cas ကတော့ လူကြီးဖြစ်သွားပြီဆိုပြီး မချစ်တော့ဘဲ နေလိုက်မှာ "

" Cas လိုက်မပြောဘူးလေနော် ကတိနော် ..နော် Papa "

ဒီဖက်အိမ်ပြန်ရောက်တာနဲ့ အိပ်ချိန်လည်း
နီးနေတာမို့ Cas ကို ရေချိုးပေးဖို့ ပြင်ဆင်ရတော့တာပဲ။ တစ်ခါမှ ကလေးကို ရေမချိုးပေးခဲ့ဖူးတဲ့ ကိုယ့်အတွက်က Rome လိုလည်း
မကျွမ်းကျင် .. နှစ်ယောက်သား တူတူချိုးလိုက်ဖို့ကိုတော့လည်း မစဉ်းစားမိ ။

ဒါပေမယ့် Cas က လူလည် .. ရေပန်းအောက်ထဲ ပို့ပေးလိုက်တာနဲ့ သူ့ကိုပါ တခါတည်း တွယ်ဖက်ထားတာမို့တကိုယ်လုံး စိုသွားရတဲ့အဖြစ် :) ဒါ့ကြောင့် Bathtub ထဲမှာ သားအဖ
နှစ်ယောက်ထိုင်ရင်းနဲ့ ရေချိုးဖြစ်ကြတယ် ။

Cas နောက်က ဝင်ထိုင်ရင်း ကျောကုန်းကို အဝတ်နဲ့ ပွတ်ပေးဖြစ်တော့ ခေါင်းလျှော်ရည်ဘူးကို ကိုင်ကာ ဆော့နေတဲ့ Cas က နောက်မှာထိုင်နေတဲ့ Arthit ရဲ့ရင်ဘတ်ပေါ်ကို ကျောမှီလာတယ်။

" Papa ? Cas ကို ချစ်လားဟင် ? "

" .. "

" Cas ကို ချစ်လာပြီမလားဟင် ? "

" ... ချစ် .. ချစ်တာပေါ့ "

" တကယ်လား ? Romiie က ပြောတယ် ..
Papa က ချစ်လို့မွေးပေးထားတာပေါ့တဲ့ .. နောက်ဆို ပိုတောင်ချစ်လာလိမ့်တယ်တဲ့
ဟုတ်လား ? "

ဘာအတွေးမှမရှိဘဲ ခေါင်းလျှော်ရည်ဘူး
အဖုံးလေးကို ဖွင့်လိုက်ပိတ်လိုက် ဆော့နေရင်း မေးလာတဲ့ သားနောက်ကျောကို ကြည့်ကာ မျက်ရည်ဝေ့တက်လာမိတယ် ။

ကလေးကို အချိန်ပိုပေးမှ ဖြစ်တော့မယ်ထင်တယ် ...

" အင်း ... အရမ်းချစ်ပေးရတော့မှာပေါ့ "

ရယ်ရင်းနဲ့ Cas ရဲ့ခါးပေါ်ကို သူ့လက်ချောင်းတွေ ပြေးကစားမိတော့ သားက တခိခိရယ်ရင်း ရေထဲကနေ ထပြေးတယ်။ ရေချိုးပြီးတာနဲ့ Arthit သဘက်ပတ်နေတုန်း Cas က အပျော်လွန်ပြီး ရေချိုးခန်းထဲက ပြေးထွက်သွားတာမို့

" Cas ! ပြန်လာခဲ့ ရေသုတ်ပြီး အင်္ကျီဝတ်ရဦးမယ် "

" Daddy ! "

" ဟင် .. မင်း ဒီဘက်အိမ်ကို ဘာလာလုပ်တာလဲ ? "

" သားနဲ့ P' အတွက် နွားနို့ပူပူလေး လာပို့ပေးတာ။ အန်တီကြီးက လာပို့ပေးမှာကို ကျနော်အပင်ပန်းခံပြီး ယူလာပေးတာနော် "

နွားနို့နှစ်ခွက်တင်လာတဲ့ဗန်းကို ကိုင်ထားတဲ့ Kongpop ကို ပတ်ချာလည်ရင်း ပြေးနေတာက Cas ..

" ထားပြီး ပြန်တော့ .. "

ကလေးကို ရေသုတ်ပေးရင်း အင်္ကျီလဲပေးနေ
တဲ့အထိ Kongpop ဟာ အခန်းထဲက မထွက်သွား။ မျက်မှောင်ကြုတ်ကာ ကြည့်ပေးလိုက်တော့မှ

" ကျွန်တော် P' ဆီ ပေးစရာလာပေးရင်းနဲ့
စကားပြောချင်လို့လာခဲ့တာ .. အချိန်နည်းနည်းပေးမှပေါ့ "

" ပေးစရာရှိတာထားခဲ့.. ငါ မင်းနဲ့စကားပြောချင်စိတ်မရှိဘူး "

Cas က အဝတ်လဲပြီးတာနဲ့ ဘယ်ပျောက်သွား
မှန်းမသိ ..။ အခန်းထဲမှာ နှစ်ယောက်တည်းရှိရင် ဖြစ်လာတဲ့ကြောက်စိတ်က ပြန်ဝင်လာတာမို့ ဟန်မပျက် အဝတ်ဗီဒိုထဲကနေ လဲဝတ်ဖို့ အဝတ်အစားတွေ ထုတ်နေလိုက်တယ်။

အမြန်အခန်းထဲက ထွက်ပါတော့ !!

ခုနကတော့ သတိမထားမိပေမယ့် သဘက်တစ်ထည်တည်းနဲ့ Kongpop ရှေ့မှာ ရပ်မနေသင့်တဲ့ အတွေးကပါ ဝင်လာတယ်။

" ဘာကို ခုထိ မကျေမနပ်ဖြစ်နေသေးတာလဲ ? "

နောက်မှာလာရပ်တဲ့ Kongpop ရဲ့စကားသံ
တိုးတိုးနဲ့အတူ နားရွက်တစ်ခုလုံး ခပ်ဖွဖွ
အကိုက်ခံလိုက်ရတာကြောင့် စိတ်တိုတိုနဲ့ Kongpop ကို ထိုးဖို့ လက်ရွယ်လိုက်မိရင်း

" မင်းမရှက်ဘူးလား ? သား မြင်သွားရင် ဘယ်လိုလုပ်မလဲ ? ငါ လက်မှတ်ထိုးပေးထားတာက မင်း ဒီလိုလုပ်တာ ခံဖို့မဟုတ်ဘူး Kongpop ! မင်း အရင်က လုပ်ခဲ့တာရော အခုလုပ်နေတာတွေက ငါ့ဆန္ဒမပါရင် မုဒိန်းမှု မြောက်နေတယ်ဆိုတာ မင်းသတိထားမိရဲ့လား? !"

မတော်တဆ ကလေးကြားသွားမှာဆိုးလို့ အသံတိုးတိုးနဲ့ ကြိတ်ပြောနေတဲ့ Arthit ကို အားနာတဲ့ပုံလည်း မပေါ်။ Kongpop က မေးငေါ့ပြရင်း

" ထိုးလေ မကျေနပ်ရင် ထိုးလိုက်ပေါ့ "

" မင်း .. မင်း .. ငါကျေနပ်တဲ့အထိ တောင်းပန်ရမယ်ဆိုတဲ့ အတွေးမရှိဘူးလား ? "

" ဟင့်အင်း .. မရှိဘူး .. ကျွန်တော် အခု တွေးနေတာက တစ်ခုတည်းရှိတယ်။ ဒီလိုမျိုး ဆတ်ဆတ်ထိမခံ ပြန်ပြောနေလေ ပိုသဘောကျမိလေ ဆိုတာ "

" ဘာပြောတယ် ! ထွက်သွား ... ငါ့အခန်းထဲထိ ငါ့ကို လာစော်ကားနေတာလား ? "

ထွက်သွားရမယ့်အစား လက်တစ်ဖက်ကနေ ဆွဲသွားတာကို ခံလိုက်ရရင်း ရေချိုးခန်းထဲကိုတွန်းပို့ခံလိုက်ရတာမို့ အန္တရာယ်ကို သိနေတဲ့အလား Kongpop ရဲ့ ရင်ဘတ်တွေကို ဆောင့်တွန်းကာ ပါးကို ရိုက်မိလိုက်တယ် ။

အကယ်၍ လက်သီးသာ သုံးမိရင် မနက်ဖြန် သတင်းစာရှင်းလင်းပွဲမသွားခင် ယောက္ခမတွေဆီမှာ အရင် ရှင်းလင်းပွဲ လုပ်နေရတော့မှာလေ။

ပါးရိုက်ခံရတာတောင် ခနဲ့တဲ့တဲ့ ရယ်နေတဲ့ Kongpop က Arthit ရဲ့ လက်တွေကို ချုပ်ကာ ရေချိုးခန်းတံခါးကို ပိတ်လိုက်ရင်း လော့ခ်ပါချလိုက်တာမို့

" မင်း ငါ့ကို ... ငါ ဒီအိမ်က ထွက်သွားပစ်လိုက်မှာ Kongpop "

" ထွက်သွားရင် ကျွန်တော် ခင်ဗျားကို လိုက်မရှာနိုင်လောက်ဘူးလို့ ထင်နေလား ? ထွက်သွားကြည့်လိုက်လေ။ ဒီအိမ်အရိပ်က ခင်
​ဗျား လွတ်သွားတာနဲ့ ကျွန်တော့်အိမ်သားတွေရဲ့ မျက်စိအောက်ကနေလည်း ကျွန်တော်တို့
နှစ်ယောက်လွတ်သွားတာပေါ့ .. မဟုတ်ဘူး
လား ? "

" မင်း ... "

အရမ်းရွံဖို့ကောင်းတယ်ဆိုတဲ့ စကားလည်း
ပြောမထွက်။ ဟိုတခေါက်က အဲ့လို ပြောလိုက်လို့ ဒေါသတွေထွက်ပြီး ကြမ်းရမ်းလာ
တာ ဆိုတော့..

" ပါးတစ်ဖက်ရိုက်ပြီးပြီဆိုမှတော့ ကျွန်တော်ပြန်ကျေအေးအောင် တစ်ခုခု ပြန်လုပ်ပေးသင့်တယ် "

" ... "

" P' ဆီက ကျွန်တော် မကြိုက်တဲ့ စကားတွေ
ခုထိ မထွက်လာတဲ့အတွက် ကျွန်တော်ကလည်း ဘာမှလုပ်ဖို့ အစီအစဉ်မရှိဘူး။ အခု တောင်းဆိုတာကို P' သာ လိုက်လျောပေးရင် ချက်ချင်း ထွက်သွားပေးမယ် "

" .... "

ရိုက်ခံရလို့ နီရဲနေတဲ့ ပါးတစ်ဖက်ကို လက်ညိုးနဲ့ ပုတ်ပြကာ မျက်နှာနားကပ်ပေးလာပုံက နမ်းဆိုတဲ့သဘောမျိုး ..

" ကြာနေရင် အဆင့်တွေ တိုးပစ်မိလိမ့်မယ် "

မျက်လုံးချင်းဆုံကာ ပြောလာတဲ့ Kongpop ကြောင့် တကယ် အဆင့်တွေတိုးလာမှာဆိုးလို့ Kongpop ရဲ့ ပါးဘက်ကို လှည့်ရင်း မထိတထိနဲ့ ဖွဖွနမ်းပေးလိုက်တယ်။

နမ်းနေတဲ့အချိန် ကိုယ့်ကိုကိုယ် ဒီလောက်အားနည်းရပါလားဆိုပြီး ဒေါသထွက်လို့ ကျမိတဲ့ မျက်ရည်က မျက်လုံးထဲကနေ ပါးပြင်ပေါ်ကို တောက်ကနဲ ..

ကျသွားတဲ့မျက်ရည်ကို မြန်မြန်ပွတ်ဆွဲကာ သုတ်မိတော့ ပြုံးနေတဲ့ Kongpop မျက်နှာက တည်သွားရင်း

" ကျွန်တော့်ကိုနမ်းရတာ ငိုစရာလိုလို့လား ? "

" ကျေးဇူးပြုပြီး ငါ့ကို ဒီအခန်းထဲက ထွက်ခွင့်ပေးပါတော့ .. သား ရှာနေတော့မယ် "

အေးစက်စက်မေးလာတဲ့ Kongpop အသံကြောင့် အရမ်းလန့်နေမိပြီ ။ Cas လည်း နှစ်ယောက်လုံးပျောက်လို့ ရှာနေလောက်မှာ ..

" Papa ~ Daddyyy ! "

ရေချိုးခန်းအပြင်ကနေ အခန်းထဲမှာ ပတ်ပြေးကာ အော်ရှာနေတဲ့ Cas အသံအဆုံး

" တောက် ! "

တောက်ခေါက်ကာ ဝုန်းဒိုင်းကြဲ ထွက်သွားတဲ့ Kongpop က သားနဖူးကို လှမ်းနမ်းလိုက်ရင်း

" Goodnight Cas .. Papa ကို ဧည့်ခန်းထဲမှာ
မနက်ဖြန် သားတို့ဝတ်မယ့် အဝတ်တွေ ထားခဲ့ပေးတယ်လို့ ပြောပေးနော် "

အခန်းထဲမှာ မျက်စိကလယ်ကလယ်နဲ့ ခေါင်းညိမ့်နေတဲ့ Cas ကို Arthit ရေချိုးခန်းထဲကနေ လှမ်းမြင်နေရတယ်။

ဒါပေမယ့် Kongpop ရှိနေသေးလို့ ချက်ချင်း
မထွက်ရဲသေး .. နမ်းနေရင်းနဲ့ ငိုမိလို့ စိတ်တိုကာ တောက်ခေါက်ထွက်သွားတဲ့ Kongpop ကလည်း ကိုယ်ရှိနေတဲ့ ရေချိုးခန်းထဲကိုလှည့်တောင် မကြည့်တော့ ...

×××××××××××××××××××××××××××××

Continue Reading

You'll Also Like

392K 6.3K 79
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
5.3K 789 19
"ကျွန်တော်က ခင်ဗျား ကိုတကယ်ချစ်တာ " ချစ်ခြင်းတရားတွေက လှပပေမဲ့ တစ်ချို့သော ချစ်ခြင်းတရားတွေကမလှပဘူး ကိုယ်ဖန်တီးထားတဲ့အချစ်ကလှပေမဲ့ ကြုံလာရတဲ့အချစ် ...
1.1M 61.4K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
1.2M 52K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC