I want even your name , Arthi...

By chahyejoon

397K 25.7K 1.9K

Completed / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ခ... More

Beginning
This Kid
Regret
Cas is missing
Both of you
Castiel's Daddy
Dimple smile
Cas is my son too :)
Runaway
Plan
Pretend
In-Laws
Yes I Do
You have to kiss me
Is This Love ?
I will teach you to know
Rapist ? Am I rapist ?
I Love you
Sympathy
About Kong - 1
Beginning ( U )
This Kid ( U )
Regret ( U )
Cas is missing ( U )
Both of you ( U )
Castiel's Daddy ( U )
Dimple Smile ( U )
Cas is my son too :) ( U )
Runaway ( U )
Plan ( U )
In-Laws ( U )
Yes I Do ( U )
You have to kiss me ( U )
is This Love ? ( U )
I will show you to know ( U )
Rapist ? Am I rapist ? ( U )
I Love You ( U )
Sympathy ( U )
About Kong - 1 ( U )
I'll follow where you go
I'll follow where you go - ( U )
NEXT STEP
NEXT STEP ( U )
( Z ) အရောင်းပို့စ်
( U ) အရောင်းပို့စ်

Pretend ( U )

3.8K 335 1
By chahyejoon

" ဒါ .... ဒီကလေးက သားနဲ့ ဟိုကောင်လေးနဲ့
ရတဲ့ ကလေးဟုတ်လား ? "

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? Kongpop !!! မင်း လိမ်တဲ့အကျင့်တွေ မဖျောက်သေးဘူးလား ? "

ဆိုဖာပေါ်မှာ ငုတ်တုတ်ထိုင်ကာ Pinkmilk သောက်နေတဲ့ Cas ကို အိမ်မှာရှိတဲ့ သုံးယောက်လုံးက ပြူးကြည့်နေပြီးမှ Mae ရဲ့မေးခွန်းအဆုံး Phor က ထအော်တယ်။

" ဟုတ်ပါတယ်ဆို .. မယုံရင် Cas ကို ကြည့်ပါလား ? Phor တို့ မွေးထားတဲ့ ဟောဒီ့က သားနဲ့ တရုပ်တည်းပဲဟာ "

" ငါ မင်းကလေးဆိုတာ ယုံတယ်။ အဲ့ Arthit ဆိုတဲ့ ကောင်လေးရဲ့ကလေးဆိုတာကို မယုံတာ "

ဘန်ကောက်ရောက်ရောက်ချင်းပဲ Cas ကို ချီကာ ရဲရဲဝံ့ဝံ့ အိမ်ထဲဝင်ပြီး အကြောင်းစုံ ပြောပြဖြစ်တော့ ကိုယ် နဲ့ P'Arthit ရဲ့ပြဿနာကို ရေးရေးလေးပဲ သိထားတဲ့ Phor က မယုံနိုင်တာ အ,ပထား။ သိနေတဲ့ Mae နဲ့ P'Jeer ကပါ လှုပ်လှုပ်ရှားရှားဖြစ်နေတာ ပိုဆိုးတာ။

" ... အင်း ... "

လူကြီးတွေ အပြန်အလှန် ပြောနေသလောက် ဆိုဖာပေါ်မှာ ခြေဆင်းထိုင်နေတဲ့ Cas ဆီက အသံထွက်လာတော့မှ အကုန်လုံး ငြိမ်သွားတော့တယ်။

Cas က ဆိုဖာပေါ်က လျှောဆင်းလာပြီး စားပွဲပေါ်ကို Pinkmilk ဘူးကို မမှောက်ကျအောဂ် လက်သေးသေးလေးတွေနဲ့ အရင်တင်လိုက်တယ်။ Phor ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး

" Cas က Papa Arthit ရဲ့ ဘေဘီလေးဆိုတာ ဟုတ်ပါတယ်ဆို ... Papa ဗိုက်ထဲမှာ Cas က အကြာကြီးနေခဲ့ရတာလို့ Romiiee ကပြောပြဖူးတယ် ... "

Mae က ကြောင်တောင်တောင်နဲ့ ကြည့်နေတဲ့ Phor ရဲ့လက်ကို တံတောင်ဆစ်နဲ့ တို့လိုက်တော့မှ Phor က လည်ချောင်းတချက်ဟန့်ရင်း

" ယောင်္ကျားလေးက ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဖြစ်နိုင်လို့လား Kongpop ? "

" Cas ကို P'Earth ကိုယ်တိုင် မွေးပေးထားတာပါ Por ရယ်။ ပြီးတော့ ... "

" Phor ... အဲ့လိုကိစ္စမျိုးက ရှားပေမယ့်တကယ် ရှိတယ် .. "

Kongpop ပြောနေတာ မယုံနိုင်တဲ့ ဖခင်ရဲ့လက်ကို ဆုတ်ကိုင်ကာ Jeer က ဖြောင်းဖျတယ်။ အမေဖြစ်သူကတော့ P'Earth ကို ဖုန်းခေါ်ပြီး

" Earth ... သမီးမောင် အိမ်ကိုပြန်လာပြီး
ပြောနေတဲ့ဟာတွေ လာရှင်းဦး "

လူကြီးတွေ အလုပ်များနေပြန်တာကြည့်ပြီး သူ့ကို တစ်ယောက်မှ ဂရုမစိုက်ကြတော့ဘူး
ထင်သွားလို့လားမသိ.. Cas က Mae ရှေ့ကိုပြေးသွားရင်း

" Daddy က Papa ကို ညီမလေးမွေးခိုင်းမယ်တဲ့။ မယုံရင် အဲ့ချိန်ကျ PaPa ဗိုက်ထဲက
ညီမလေးကိုကြည့်ပေါ့။ ဖွားဖွားကလည်း "

" ဟင် ? "

လူကြီးသုံးယောက်လုံးရဲ့အကြည့်တွေက သူ့ဆီပြန်ရောက်လာတာမို့ Kongpop တယောက် ခေါင်းငိုက်စိုက်ချရင်း မျက်နှာကိုလက်နဲ့ အုပ်ထားလိုက်တယ်။

ဒီအတတ်လွန်သားကြောင့် မျက်နှာပူရချည်ရဲ့ :/

" Earth လာမှ ဆက်ပြောမယ် Kongpop .. လာ မြေးလေး ဖွားဖွားနဲ့ဖိုးဖိုးအခန်းကို သွားမယ် "

Cas လက်ကို ကောက်ဆွဲပြီး ခေါ်သွားတဲ့
Phor နောက်ကို ကိုယ်ပါ လိုက်သွားဖို့ လုပ်တော့ P'Jeer က လိုက်မသွားဖို့ ခေါင်းခါပြရင်း

" သူတို့မြေးအဖိုးတွေ အမေးအဖြေလုပ်ကြပါစေ .. အဲ့ဒါမှ ကလေးနဲ့ သူတို့ရင်းနှီးမှာပေါ့ "

" P'Jeer ရော ဘာမှပြောစရာမရှိဘူးလား ? "

" ဘာပြောရမှာလဲ ? ကလေးကလည်း
နင်နဲ့တရုပ်တည်း .. ပါးချိုင့်လေးတွေပါတာ
ကတော့ နင့်ကောင်လေးနဲ့ တူလို့ဖြစ်လိမ့်မယ် ..နေပါဦး "

" ဘာလဲ ? "

" နင့်ကောင်လေးမှ မဟုတ်တာနော် .. နင် အနိုင်ကျင့်လို့ ဒီမှာတောင် မနေရဲဘဲ ရှောင်ပြေးနေရတဲ့ ကောင်လေးပဲဟာ .."

" P' .. "

လက်ကာပြတဲ့ P'Jeer ကြောင့် ပြောမယ့်စကားတွေ ရပ်သွားမိတယ်။ P'Jeer ပြောတာလည်း အမှန်တွေကြီးပဲမို့ အရင်ကလို ပြန်ခံမပြောရဲ။

အဲ့အချိန်တုန်းက P'Arthit ကို ဒုက္ခမပေးခဲ့ဘဲ ပေါ်ပေါ်တင်တင်လိုက်ခဲ့ရင် ဒီအချိန် ဒီလိုအခက်အခဲတွေကို ရင်ဆိုင်နေရမယ် မထင်။

" ငါမသိဘူး မထင်နဲ့နော် .. ငါ နင့်အစ်မဆိုတာ မမေ့နဲ့ "

" .... "

--


" Mae ~ N'Arthit လေးက တကယ့်ကို
သနားစရာလေးပါ။ သူ့ညီလေးနဲ့ နှစ်ယောက်တည်း အဲ့မှာနေနေရတာ .. သမီးသာ တူလေး
ရှိနေမှန်းမသိခဲ့ရင် သူ့ကိုယ်သူ တစ်ခုခု လုပ်ပစ်မလားလို့တောင် ထင်ရပါတယ်ဆို ....... "

Earth က အိမ်ထဲဝင်လာတည်းက အမောတကြီး။ Kongpop နဲ့ Cas ထိုင်ကစားနေတာ တွေ့တော့ မျက်လုံးအပြူးသားနဲ့ အနား ရောက်ချလာတယ်။ Kongpop ရှင်းပြတာတွေ နားထောင်အပြီးမှာပဲ ဆူတဲ့အသံနဲ့

" Kong ရယ် အိမ်ကလူတွေလည်း သားကြောင့် အသက်တိုရလိမ့်မယ်။ ကလေးကို ဒီအတိုင်း မ,ချလာတော့ N'Arthit စိတ်ပူနေမှာပေါ့ "

နောက်တော့လည်း P'Earth ကိုယ်တိုင်
P'Arthit နားမှာ သူကိုယ်တိုင် ဘယ်လိုစောင့်ရှောက်ခဲ့ရကြောင်း တစ်ခုချင်းစီ ပြောပြတော့မှ Phor နဲ့ Mae က ဖြည်းဖြည်းချင်း လက်ခံလာတော့တယ်။ ဒါပေမယ့် P'Jeer က

" Kong ? နင့်ကို ခုထိ N'Arthit က မကြည်ဖြူတာ.. ကလေးကို သူ့ကိုပြောပြီး ခေါ်လာတာရော သေချာရဲ့လား ? "

Kongpop ရဲ့ ရယ်ကျဲကျဲနဲ့ အကြံအိုက်အိုက် ခေါင်းကုတ်ပြတဲ့ပုံကြောင့် အကုန်လုံးဆီက ဟင်းကနဲ သက်ပြင်းချသံတွေ ကိုယ်စီ ထွက်လာရင်း

" ငါကပဲ မဆုံးမနိုင်တာလား ? မင်းအမေကပဲ
မဆုံးမလို့လား ? ဘာလို့ မင်း အစ်မတွေနဲ့
တစက်ကလေးမှ မတူရတာလဲ Kongpop ? "

" Mae တော့ စိတ်ညစ်တယ်နော် ..ဟိုမှာ သူ့ကလေးပျောက်လို့ ရှာနေလောက်ပြီပေါ့ "

ပွက်လောရိုက်နေတဲ့အချိန် ဖုန်းလာလို့ ဆိုပြီး
Earth က အပြင် ထထွက်သွားတော့မှ

" P'Arthit က ကျွန်တော့်ကို ကလေးကို အပြီး
ခေါ်သွားလို့တောင် ပြောဖူးသေးတာပဲ .. ဒါပေမယ့် အခု ကျွန်တော်နဲ့ Mae တို့မြေးပဲ လာခဲ့တယ်ဆိုတာက သူ့ကို ဒီရောက်လာအောင်လုပ်ချင်လို့ "

" Kong နင်ဟာလေ .. နင့်ကြောင့် သူများသားသမီးလည်း ကောင်းကောင်း နေရမှာမဟုတ်ဘူး "

Jeer က စိတ်မရှည်တော့ဘဲ နားရွက်ဆွဲလိမ်
ဖို့ လုပ်နေတော့ သားရှေ့မှာ အရှက်မကွဲချင်လို့ Kongpop က ရှောင်တိမ်းလိုက်ရင်း

" P' ! ကျွန်တော့်သားရှေ့မှာ အဲ့လိုအနိုင်လာမကျင့်နဲ့နော် "

အဖိုးအဖွားကြားထဲ ဝင်ထိုင်နေတဲ့ Cas က
မျက်လုံးအပြူးသားနဲ့သာ အဖေဖြစ်သူနဲ့ အဒေါ်ဖြစ်သူ သတ်ပွဲကို စိုက်ကြည့်နေရင်း

" ဖွားဖွား ? Daddy နဲ့ အန်တီလေး Jeer က မောင်နှမတွေဆို ? "

" ဟုတ်တယ်လေ ကလေးရဲ့ :) "

" ဒါဆို အဲ့ဒါ ဆော့နေကြတာလား ? Cas လည်း ညီမလေးရရင် အဲ့လိုဆော့ရမှာလား ? "

ညီမလေးဆိုတဲ့ စကားအသစ်တစ်လုံးကို
သင်ပေးမိတာကိုက မှားတာပါ :/

ဘယ်ဆီဘယ်ဝယ်ရောက်နေသေးမှန်း မသိသေးတဲ့ သူ့ညီမလေးကို Cas ပါးစပ်က တဖွဖွမချဘဲ ပြောနေလို့ ကိုယ့်မှာ တစ်အိမ်လုံးရဲ့
မျက်စောင်းဒဏ်တွေကို လှိမ့်ခံနေရတဲ့အဖြစ် :(

" Kong !? N'Rome ဆေးရုံရောက်နေလို့တဲ့ ကလေးကို မတွေ့လို့လည်း Arthit အရမ်း
စိတ်ပူနေတယ်။ ဘယ်လိုလုပ်မှာလဲ ? "

အိမ်ထဲ အပြေးဝင်လာကာ ပြောတဲ့ Earth စကားကြောင့် အကြံအတိုင်း ဖြစ်လာနေပြီဆိုတာ သိလိုက်ရလို့ Kongpop ကျေကျေနပ်နပ်ကြီး ပြုံးလိုက်တယ်။

--

Rome ရှိတဲ့ ဆေးရုံကို Arthit ရောက်သွားတော့ ကုတင်ပေါ်မှာ ပတ်တီးအဖွေးသားနဲ့
သတိမရသေးတဲ့ Rome ကို တွေ့လိုက်ရတာမို့ ငိုချင်စိတ်ကိုထိန်းထားရင်း ကုတင်နားကို
အပြေးသွားကြည့်လိုက်တယ်။

မျက်နှာပေါ်မှာ ဖူးယောင်နေတဲ့နေရာတွေက
လွဲလို့ ကျန်တဲ့နေရာတွေက ပတ်တီးတွေပဲနေရာယူထားတဲ့အတွက် ဒဏ်ရာတွေက ဘယ်လောက်ဆိုးဝါးသလဲဆိုတာ မမြင်ရ။

ကလေးကျောင်း သွားကြိုဖို့ ထွက်သွားတဲ့
Rome က ဆေးရုံရောက်နေတာကြောင့်လည်း ပါမလာတဲ့ Cas သတင်းဆိုတာ အစအနတောင် မကြားရ ...။

မူကြိုကျောင်း သွားမေးကြည့်ပြန်တော့လည်း Rome လာကြိုသွားတယ်ပဲ ပြောတယ်။

ဒါဆို Cas က ဘယ်နေရာမှာ ပျောက်သွားတာလဲ ? Rome ပဲ ကားတိုက်ခံရတာလား ?ကလေး တစ်ခုခုများ ဖြစ်သွားလို့များလား ?

Cas ကို အရင်က ဂရုမစိုက်ခဲ့ပေမယ့်လည်း
ခုနောက်ပိုင်း တူတူရှိချိန်များလာတော့ အရင်ကထက်စာရင် သံယောဇဉ် တွယ်မိတယ်။

ကုတင်ပေါ်က Rome လက်ကို ဆုတ်ကိုင်ရင်း
ငြိမ်နေမိတာ အကြာကြီး... ခုဆို အနားမှာ Rome လည်း မရှိတော့သလို Cas ကိုလည်းရှာမတွေ့။ အားကိုးစရာ P'Earth ကလည်း အိမ်တွင်းရေးကိစ္စကြောင့် ဘန်ကောက်ပြန်သွားတာမို့ ပြန်မလာနိုင်သေးဘူးဆိုတဲ့ မက်ဆေ့ချ်ပဲ ပို့လာတယ်။

" Khun Rome အိမ်ကမလား ? ကျွန်တော်က ဒေါက်တာ Bright ပါ "

ဒေါက်တာက အခန်းထဲဝင်လာရင်း မိတ်ဆက်တော့ Arthit က မြန်မြန်ထလိုက်ရင်း ခေါင်းညိမ့်ပြလိုက်ကာ

" Arthit ပါ ဒေါက်တာ .. "

" N'Rome အခြေအနေက တော်တော်ဆိုးတယ် .. ခေါင်းထိထားတာရော လက်ဖျံရိုးအက်သွားတာရော ခြေထောက်အရိုးအက်တဲ့အပြင် နံရိုးနှစ်ချောင်းပါ ကျိုးသွားတော့ ... "

" ကျွန်တော့်ညီ ပြန်တော့ ကောင်းနိုင်ပါတယ်နော် "

" မသေချာဘူးနော် ... နိုးလာရင်တောင်မျက်လုံး ကန်းချင်ကန်းသွားနိုင်တာ "

" အဲ့လောက်တောင် ဆိုးလို့လား ? "

" Khun Arthit က ကျွန်တော့်ကို မယုံလို့လား ? "

" မဟုတ်ပါဘူး ... ခဏနော် ဒေါက်တာ ကျွန်တော် ဖုန်းကိုင်လိုက်ဦးမယ် "

စကားပြောနေတဲ့တလျှောက်လုံး မကိုင်မချင်း ဘောင်းဘီအိတ်ထဲက အဆက်မပြတ်မြည်နေတဲ့ ဖုန်းသံကြောင့် ဒေါက်တာ့ကို
အားနာတာနဲ့ အခန်းထဲက ထွက်လာရင်း
ဖုန်းကို စိတ်မရှည်တဲ့အသံနဲ့ ဖြေလိုက်တယ်။

" ဟယ်လို ! "

" Papa ? ... ဒီကလူတွေကလေ Cas ကို
မချစ်ဘူး :( ပိုက်ဆံတွေအများကြီးယူပြီး Cas ကို လာခေါ်ပါတဲ့။ ဘယ်တော့လာခေါ်မှာလဲဟင် ? "

" Cas !? "

" Arthit ... မင်းရဲ့သားကို ပြန်ခေါ်ချင်ရင်
ပိုက်ဆံဘယ်လောက်ပေးရမလဲ မင်းသိမှာပါ .. ကလေးရဲ့အဖေက ဘယ်သူဆိုတာပါ
သိတဲ့အတွက် လွယ်လွယ်ကူကူဈေးနဲ့တော့
ရလိမ့်မယ်မထင်နဲ့နော် "

တဖက်က အသံခပ်ဩဩနဲ့လူက ကြားဝင်
ဖြတ်ပြောလာတော့ Arthit က ဆောက်တည်ရာမရ စိတ်ဂဏာမငြိမ်စွာနဲ့ ဆံပင်တွေကို ဆွဲဖွနေမိရင်း

" ခဏ .. ကျွန်တော့်မှာ ဘာပိုက်ဆံမှမရှိဘူး
သူ့အဖေနဲ့လည်း ဘာမှမပက်သက်ဘူး။ကလေးကို ပြန်တော့ပေးပါ ... စုထားတဲ့ပိုက်ဆံတွေနဲ့ ... "

" ဆိုင်နဲ့အိမ်ကို ရောင်းပေးရင်တောင် ငါတို့လိုချင်တဲ့ဈေးကို မှီမယ် မထင်ဘူးနော် ..
ကလေးကိုလည်း ငါတို့စိတ်ကြိုက်ဈေးမရရင် နယ်စပ်မှာ ရောင်းပစ်လိုက်လို့ရတယ် "

တဖက်က ပြောချင်တာပြောပြီး ဖုန်းချသွားတဲ့အဆုံး ခြေထောက်တွေပါ တုန်လာတဲ့အထိ အားမရှိတော့တာမို့ Arthit နံရံမှာ မှီကာ ထိုင်ချလိုက်မိတယ်။

ဒါဆို Rome ရဲ့ဆေးရုံဖိုးကိုရော ဘယ်လိုပေးရမလဲ ?

--

" အဲ့လောက်ထိပြောဖို့လိုလို့လား ?
မျက်လုံးတောင် ကန်းချင်ကန်းသွားမယ်လို့ပြောလိုက်တာတော့ တော်တော်များနေပြီ "

Arthit ဖုန်းပြောဖို့ ထွက်သွားတဲ့အချိန်ပဲ Rome က ကုတင်ပေါ်မှာ ငုတ်တုတ်ထထိုင်ပြီး ခေါင်းအုံးနဲ့ပစ်ပေါက်ကာ စွာတော့ Bright က လှမ်းဖမ်းလိုက်ရင်း

" ဟေး ... N'Kong က ကူညီပါဆိုပြီးအကူအညီတောင်းလို့ ငါလုပ်ပေးတာနော် ..
ပိုပိုလိုလိုက ထည့်ပြောရမှာပဲ "

" P'Bright ပြောပုံအရ ကျွန်တော်က ဒုက္ခိတလုံးလုံး ဖြစ်နေပြီ .. တစ်ခုမှ အကောင်းမရှိတော့ဘူး "

" မျက်နှာလှလှလေးက ဖူးယောင်နေတာတွေကိုသာ အရင်ပျောက်အောင်လုပ်ဦး။ တော်ကြာ ကြိုက်မယ့်သူမရှိဘဲ နေဦးမယ် "

×××××××××××××××××××××××××××××××

Continue Reading

You'll Also Like

111K 12.6K 38
ဟိုဘက်အိမ်ကကောင်လေးများ Collection (1)
579K 21K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
13.9K 1K 84
[ARTIST] [COMPLETED] AN EPISTOLARY: ARTIST IN LOVE All right reserved © Jan Maris Austin, a slight shy extrovert, an artist who fall in love with her...
14.7K 1K 21
တိုက်ပွဲအကြောင်းအရာများ၊မြို့နှင့်ပတ်သက်သည့်အကြောင်းအရာများကလွဲလျှင် ဇာတ်ကောင်နှစ်ယောက်နှင့် သူတို့၏ဘဝအကြောင်းများ၊‌ နေရာဒေသတစ်ချို့တစ်လေသည် ကျွန်တော...