ကလင် !
ကော်ဖီဆိုင်တံခါးရဲ့ခေါင်းလောင်းသံကြောင့် လူဝင်လာတာ သတိထားမိပြီး Arthit တယောက် ကော်ဖီဖျော်နေရင်းကနေ လှည့်ကြည့်လိုက်တယ်။
" Morning Arthit ! "
ကလေးတစ်ကောင်ကို လက်ဆွဲပြီး စပ်ဖြီးဖြီးမျက်နှာနဲ့ ဆိုင်ထဲဝင်လာတဲ့ Rome က လက်ပြလာတာကြောင့် Arthit စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချမိတယ်။
လာပြန်ပီလား ?
" ဘာလာလုပ်တာလဲ ? "
" အိမ်မှာနေနေရတာ ပျင်းလို့ ငါ့ဆိုင်ငါ လာတာ ဘာဖြစ်လဲ ? "
Rome ရဲ့ခြေထောက်ကိုဖက်ပြီး မျက်လုံးကလယ်ကလယ်နဲ့ သူ့ကို မော့ကြည့်နေတဲ့
ကလေးကို ငုံ့ကြည့်ကာ Arthit က ခေါင်းခါရင်း
" မင်းကို ငါ ဒီကလေးကို ဒီကို ခေါ်,ခေါ်မလာနဲ့လို့ မှာထားတယ်မလား ? "
" Oii .. မင်း သားက အိမ်မှာ ထားခဲ့လို့ရတဲ့
အရွယ်မှ မဟုတ်တာ "
" Romiie ~ Cas ရေခဲမုန့်စားချင်တာ PaPa ကို ပြောပေးပါ "
ကလေးအသံထွက်လာတာ ကြားတာနဲ့တင် Arthit စိတ်မရှည်စွာ ခေါင်းကုတ်မိတယ် ။
၅နှစ် ..
ဒီကလေးကို Rome ရဲ့ဆန္ဒကြောင့် မွေးပေးခဲ့မိတာ ၅နှစ် ရှိသွားပြီ။ အသက် ၄နှစ်နဲ့ မမျှအောင် စကားပြောတတ်တဲ့ ဒီကလေးကလည်း သူနဲ့မတူတာ အသေအချာ။
" Cas က PaPa ဆီမှာ ကိုယ်တိုင်ခွင့်တောင်း
ကြည့်လေ "
လာပြန်ပြီ။ဒီကလေးနဲ့ စကားပြောဖြစ်အောင် လုပ်ပေးနေပြန်ပြီ။
Cas နဲ့က တစ်ရက်မှာတောင် စကားဆယ်ခွန်း
ပြည့်အောင် မပြောမှန်းသိရက်နဲ့ကို Rome က ဒီကလေးနဲ့ ရင်းနှီးအောင် အတင်းလိုက်လုပ်နေတာ ။
မရင်းနှီးချင်ပါ..
" Pa..."
Rome ခြေထောက်ကို ဖက်ပြီး သူ့ကို ခွင့်တောင်းဖို့လုပ်နေတဲ့ Cas ကို Arthit ကဆောင့်ဆွဲခေါ်သွားရင်း ရေခဲမုန့်တွေရှိတဲ့ဘက်အခြမ်းကို လျှောက်လာလိုက်တယ်။ Rome ကတော့ သူတို့နှစ်ယောက် အဆင်ပြေနေတယ်ထင်ပြီး ပြုံးပြုံးနဲ့ စားပွဲတစ်လုံးမှာ
ဝင်ထိုင်ကာ စောင့်တယ်။
" ရော့ .. ဒါ ယူပြီး Rome ကို ပြန်ချင်တယ်လို့ပြောလိုက်.. ပြန်တော့ "
လက်ထဲကို ချောကလက်ရေခဲမုန့်ဘူး ထည့်ပေးကာ Arthit က သင်တော့ Cas က ခေါင်းတခါခါနဲ့
" Cas မပြန်လို့ရလားဟင် ! PaPa ကို
လွမ်းတယ် "
" အိမ်မှာ မြင်နေရတာကို ဘာလွမ်းတာလဲ ? "
" PaPa က အိမ်မှာနေလည်း Cas အခန်းကိုမှ မလာတာ "
တနေကုန် ကော်ဖီဆိုင်မှာနေရင်း ည ၈ နာရီလောက်မှ အိမ်ပြန်ဖြစ်တဲ့ Arthit အတွက်က တကယ်လည်း Cas နဲ့တွေ့ချိန်ဟာ ရှားပါးတယ်။ တွေ့ဖြစ်ခဲ့လည်း ညစာစားချိန်နဲ့ မနက်စာစားချိန်လောက်သာ။
ကျန်တဲ့အချိန်တွေဆို အားနေရင်တောင်မှ Cas အခန်းကိုလည်း Arthit က မသွားသလို သူ့ဆီလည်း အလာမခံခဲ့။ သံယောဇဉ်တွယ်မှာမျိုး ချစ်ရတာတွေမျိုး မလိုချင်။ မွေးပြီးတည်းက Cas မျက်နှာကိုလည်း တတ်နိုင်သမျှ သေချာမကြည့်မိအောင် နေတယ်။
တချိန်က အဲ့လူရဲ့ မျက်လုံးတောက်တောက်နဲ့နှုတ်ခမ်းထူထူသာ Cas ဆီမှာ မရှိခဲ့ရင် အဲ့လောက်ထိ ကလေးကို ဝေးဝေးထားခဲ့မိမှာ မဟုတ်။ အသားအရေနဲ့ မျက်နှာကျကတော့ ဒီဖက်နဲ့ လာတူနေပေမယ့် တကယ်တမ်း ခြုံငုံကြည့်လိုက်ရင် အဲ့လူနဲ့ ပိုချွတ်စွပ်တူတာ။
" ငါ .. မအားဘူး Cas ! ကိုယ့်ဘာသာ Rome နဲ့ နေ "
" Cas က နှစ်ယောက်လုံးနဲ့ နေချင်တာ "
" ပြန်တော့ !! "
အသံ နည်းနည်းမာမာ အော်လိုက်တာနဲ့ Cas မျက်လုံးတွေက အရည်ကြည်လေးတွေ ဝေ့တက်လာတယ်။ ဒါပေမယ့် အဲ့ကလေးဘယ်လောက်တောင် အကြောမာလဲဆို ငိုချင်တာတောင် မျက်ရည်မကျအောင် မျက်လုံးပုတ်ခတ် ပုတ်ခတ်လုပ်နေတာ။
" Pap... "
" ဒီသားအဖတွေ ဘာတွေပြောနေကြတာလဲ ? "
မွှေးအီနေတဲ့ ရေမွှေးနံ့နဲ့အတူ အသံခပ်အေးအေးနဲ့ ဆိုင်ထဲကို Namtarn က ဝင်လာ
တယ်။ Rome ကပါ Namtarn နဲ့ အတူ Arthit တို့ရှိရာကို လိုက်လျှောက်လာရင်း
" သူ့သားက ရေခဲမုန့်စားချင်တယ်ဆိုလို့လေ "
" သြော် .. Oon နင် ကလေးကို ပြီးပြီးရော ဇွတ်မကျွေးနဲ့နော် .. ချောင်းဆိုးဦးမယ် "
Namtarn က Cas ဆီက ရေခဲမုန့်ဘူးကို ယူရင်း
" P'Namtarn နဲ့ တစ်ယောက်တစ်ဝက်ဆီ စားမယ်နော် .. တို့ရဲ့ Cas လေး ချောင်းမဆိုးအောင် "
ချော့ခေါ်သံကြားတော့မှ Cas က ပါးချိုင့်လေးပေါ်အောင်ပြုံးကာ ခေါင်းညိမ့်ရင်း Namtarn နဲ့ စားပွဲဝိုင်းတစ်ခုတည်းမှာ ထိုင်ဖို့လိုက်သွားတော့တယ်။
" မင်းမိန်းမအကြောင်း သူ့ကိုပြောပြပါဆိုပြီး
မေးလာတယ် Oon "
" ဘယ်တုန်းကလဲ ? "
" တနေ့က .. ငါတော့ သူ့ကို သိပ်သဘောမကျပေမယ့် Cas က အမေမရှိရှာလို့လား မသိဘူး သူ့ကို သိပ်ကပ်တယ်။ ဒါနဲ့ မင်းတို့ တွဲနေကြပြီလား ? "
" လွန်ခဲ့တဲ့ခြောက်လလောက်ကမှ ပြန်တွေ့ရတဲ့ လူကို ချက်ချင်းကြီး တွဲကြမယ်လို့ပြောရအောင် ငါက ရူးနေတာမှ မဟုတ်တာ "
ရေခဲမုန့်ကောင်တာဘက်ကနေ ကော်ဖီကောင်တာဘက်ကို Arthit ပြန်လျှောက်လာတော့ ဘေးက ကပ်လိုက်လာတဲ့ Rome က
" မင်း သူ့ကို ချစ်နေတုန်းပဲမလား ? ဒီတစ်ခေါက်တော့ သေချာဖွင့်ပြောဖို့ လုပ်ထားတယ်မလား ?"
" .... "
" တကယ်လို့ အတည်တကျ တွဲကြတော့မယ်ဆိုရင် မင်းနဲ့ Cas ကိစ္စကို သေချာရှင်းအောင်ပြောထားလိုက် "
" လိုလို့လား Rome ? "
ပွစိပွစိနဲ့ ဘေးက ပွားနေတဲ့ Rome ကို စိတ်မရှည်သံနဲ့ ပြန်ပြောမိတော့ Rome ကခြေထောက်ကို ဆတ်ကနဲ တက်နင်းလာရင်း
" မင်း ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာလို့ ပွင့်ပွင့်လင်းလင်း ပြောဟ ! ခုဟာက Cas ကို
မင်း အိမ်ထောင်ကွဲပြီး ပါလာတဲ့ကလေးလို့
ထင်နေတာ သူက "
" .... "
--
" PaPa ! Romiie ! Cas ကို ဒါ ဝယ်ပေးပါလား !? "
အရမ်း စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ ခုန်ပေါက်ကာ ငါးကန်ရှေ့မှာ လက်ညိုး တထိုးထိုးနဲ့ ပြနေတဲ့ Cas ကို လမ်းသွားတဲ့သူတွေက ချစ်စနိုးနဲ့ လှမ်းကြည့်သွားကြတယ် ။
Arthit က မသိချင်ယောင်ဆောင်ပြီး လမ်းဆက်လျှောက်သွားပေမယ့် Rome ကတော့ မနေနိုင်မထိုင်နိုင် ငါးကန်ရှေ့သို့ အပြေး။
ဒီနေ့ အဲ့ဟာလေး ရောက်လာလို့ ဆိုင်ကိုစောစောပိတ်ပြီး အိမ်ပြန်လာရတာနဲ့တင် စိတ်တိုစရာပဲ ။ လမ်းမှာ စာကလေးအသံ ထက်ဆိုးတဲ့ ကွိစိကွစအသံတွေနဲ့ စကားပြော လမ်းလျှောက်နေကြတဲ့ Rome နဲ့ Cas ကြောင့် ဒီမှာက ရှက်လို့သေတော့မယ်။
" ဝေး.... Cas ? Rome! ဒီသားအဖ ဘယ်က
ပြန်လာ..အိုး Cas ရဲ့ PaPa လည်းပါတာကိုး "
ရပ်ကွက်ထဲမှာက Rome နဲ့ Cas ကို တွဲမြင်တာများလို့ သားအဖတွေဆိုပြီး နှုတ်ကျိုးနေကြပေမယ့် Rome က အကြောင်းစုံကို ပြောပြထားလို့ Cas ရဲ့အဖေရင်းက ဘယ်သူဆိုတာတော့ သိကြတယ်။
အားလုံးက Namtarn တွေးသလို Arthit ဟာ မိန်းမနဲ့ အိမ်ထောင်ကွဲပြီး ကလေးကို ခေါ်လာတယ်ပဲ မှတ်ထားကြတာကိုး ။
ရုပ်တည်နဲ့ ငါးမွေးဆိုင်ထဲကို လှမ်းကြည့်နေတဲ့ Arhit ရဲ့ လက်ကိုဆွဲကာ Cas က
" အင်း .. ဒါ Cas ရဲ့ Papa ! Cas ရဲ့ PAPA "
" အမလေး .. သူ့အဖေကို ကြွားနေလိုက်တာ "
" သူ့အဖေ ဒီနေ့ ကျွန်တော်တို့နဲ့ လိုက်ပြန်လို့
ပျော်နေတာ အန်တီရေ "
Rome ကပါ စကားကြောရှည်နေလို့ Arthit က စိတ်မရှည်တော့ဘဲ Cas ရဲ့ လက်ကို ဖြုတ်ချကာ
" ငါ ပြန်နှင့်ရမလား မင်းတို့ကြာဦးမယ်ဆို "
" နေပါဦး! Cas ? ဒီ ငါးလေးမလား ? သေချာ
ဂရုစိုက်မွေးရင် Romiie က ဝယ်ပေးမယ် "
" ရှုပ်ရှုပ်ရှပ်ရှပ်တွေ "
ခုန်ပေါက်ကာ ပျော်နေတဲ့ Cas က မကြားတကြားပြောလိုက်တဲ့ Arthit ရဲ့စကားကို ကြားတာနဲ့
" PaPa က Cas ကို မွေးသလို Cas က ဒီ ငါးလေးကို မွေးချင်တာ ... အဲ့ဒါ...ရှုပ်ရှုပ်ရှပ်ရှပ်ဖြစ်လို့လားဟင် .. ဒါဆို Cas ကရော ? "
အနားတိုးကပ်လာတဲ့ Cas ကို ကြည့်ကာ Arthit က ခြေနှစ်လှမ်းလောက် နောက်ကို ဆုတ်လိုက်ရင်း ရပ်လိုက်တယ်။
ဟုတ်တယ် .. ရှုပ်ရှုပ်ရှပ်ရှပ်တွေ .. ဒီမေးခွန်းတွေမေးလာရင် ပိုဆိုးတယ် !
" Rome ! မင်းတို့ ပြီးမှ လိုက်လာခဲ့တော့ "
အနားကို Cas မကပ်လာဖို့အရေး ကားလမ်းပေါ် ပြန်တက်ပြီး လျှောက်ဖို့အလုပ် ဘေးက ဖြတ်သွားတဲ့ ကားနဲ့က သီသီလေး။
တိုက်မိတော့မလို ..
တီ !!
" PAPA ! "
" OON "
လန့်ဖြန့်ပြီး ခြေပြန်ရုတ်လိုက်တဲ့ Arthit ရဲ့ပေါင်ကို Cas က လက်နှစ်ဖက်နဲ့ ယှက်ကာ အပြေးဖက်တယ်။ Rome ကတော့ လက်ထဲက ငါးထည့်ထားတဲ့ အထုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း တကိုယ်လုံး တုန်လျက်။
" Sorry ! "
ရှေ့မှာ ထိုးရပ်သွားတဲ့ ကားအမဲရောင်ကြီးထဲက မောင်းသူကို မမြင်ရပေမယ့်လည်း ကြားမယ်ထင်သလောက် လှမ်းအော်ပြောလိုက်တယ်။ တကယ်လည်း ကားမကြည့်ဘဲနဲ့ လမ်းပေါ် ပြေးတက်ခဲ့မိတာက အမှားလေ။
" Papa ! Cas တောင် ကားကို ကြည့်ပြီးမှ
လမ်းကူးရမယ်ဆိုတာ သိတယ် ! "
Cas က Arthit ရဲ့ခြေထောက်ကို မလွှတ်သေးဘဲ မော့ကြည့်ရင်း ပြောလာတော့ မပြုံးစဖူး ပြုံးရုံလေး ပြုံးမိတယ်။
ဒီကလေး .. ဆရာလုပ်ချင်တဲ့စိတ်ကတော့ ကိုယ်နဲ့ တူသား :)
" ဒီမှာခင်ဗျ ! "
ကားအနက်ကြီးရဲ့ရှေ့ခန်းကနေ ဆင်းလာတဲ့ စမတ်ကျကျ အမျိုးသားတစ်ယောက်က ရှေ့မှာ လာပိတ်ရပ်ကာ ပြောတော့ Rome ကပါ ကြောက်ပြီး Arthit လက်မောင်းကို ပြေးကိုင်တယ်။
" ခင်ဗျားနာမည်က Khun Arthit ဟုတ်တယ်မလား ? "
ဒီလူက ကိုယ့်နာမည် ဘယ်လိုသိနေတာလဲ ?မျက်မှောင်ကြုတ်ရင်း Arthit တယောက်
အူလည်လည်နဲ့ ခေါင်းတညိမ့်ညိမ့်။
အဲ့တော့မှ ကားနောက်ခန်း မှန်အမဲကြီးက တဖြည်းဖြည်းနဲ့ အောက်ကို လျှောကျလာရင်း ဒီဘဝမှာ လုံးဝလုံးဝ မမြင်ချင် မတွေ့ချင်
မိတဲ့ မျက်နှာတစ်ခုက ဘွားကနဲ ပေါ်လာတယ်။
Rome ကတော့ ထိုလူရဲ့မျက်နှာကို မြင်ပြီးတာနဲ့
" Cas !? Oon ပြန်ကြရအောင် ! "
Rome ရဲ့ ကြောက်လန့်နေတဲ့အသံကို ကြားတာနဲ့ ထိုလူရဲ့နှုတ်ခမ်းတွေက အပေါ်ကို ကော့တက်သွားရင်း တဖြည်းဖြည်းပြုံးပြလာတယ်။
မျက်နှာထက်က နေကာမျက်မှန်အမဲရောင်ကို
ခပ်ဖြည်းဖြည်း ချွတ်လိုက်ကာ တချိန်က မုန်းခဲ့ရတဲ့ မျက်လုံးတောက်တောက်တွေနဲ့ ကိုယ့်ကို စိုက်ကြည့်လာရင်း
" ကျွန်တော် P' ကို ရှာနေတာ ကြာပြီ "
" KONGPOP! "
××××××××××××××××××××××××××××××××