Black Memory(U+Z)(Completed )

By naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-3

25.5K 1.6K 22
By naykyihtun

Unicode

မျက်စိအစား​​ကျွေး ရလောက်အောင် ချောမောသူ မရှိပဲ အဆီပြန်နေသော မျက်နှာတွေဖြင့် ကနေသည့် လူတွေကို ကြည့်ရင်း
ခေါင်းမူးချင်သလိုဖြစ်လာတာမို့ တစ်စွန်းတစ်စက်တောင်မကျန်တော့တဲ့ ဘီယာပုလင်းက်ို စားပွဲပေါ်ပြန်တင်ထားလိုက်ပြီး နေရာမှထွက်ခဲ့သည်။ မှတ်မှတ်ရရအနေဖြင့် နှိုင်းသုတလျှံ
ဆိုသည့်လူ ပေးထားသည့် ဖျော်ရည်ဘူးကို အိတ်ကပ်ထဲ ကောက်ထည့်လိုက်သေးသည်။ အရပ်ခြောက်ပေကျော် အမျိုးသား
တစ်ယောက်၏ ရှိရင်းစွဲအသက်ထက် အနည်းငယ် ရင့်သည့် ပုံပေါ်သော ခေါင်လေးသည် ခပ်မိုက်မိုက် အသွင် သဏ္ဌာန်ကိုဆောင်ထား၏။

ခြေလှမ်းတို့မှာ ဘယ်သူမှ ဂရုမစိုက်ဟန်ပြည့်နက်နေလျက် သီးသန့်နေတတ်သူတစ်ဦးနှယ် ရှိပါသည်။ သို့သော်လည်း ခေါင်လေးသည် အပြင်ထွက်ရန် counter ဘက်ကို
အထွက် မျက်လုံးထဲ ကန့်လန့်ဖြတ် ဝင်လာသော ရင်နှီးသူကြောင့် ဖြောင့်တန်းပြီး
ခပ်ထူထူဖြင့်ထင်ရှားနေသော မျက်ခုံးတန်းနှစ်ခုက အလိုမကျစွာ တွန့်ချိုးသွားသည်။

ပြောက်လက်နေသော အနက်ရောင်
ဘောင်ဘီအတိုနှင့် ခါး ပေါ်ရင်ပြတ် အကျီကို ဝတ်ထားသောနွေး သည် လားရှိုး မြို့၏
ဆောင်းဦးကို လှောင်ပြောင်နေသယောင် ။
ပုရိသတို့မျက်စိဖြင့်အသာငမ်းငမ်းကြည့်ခြင်းကို ဖိတ်ခေါ်နေသော ဝတ်စားဆင်ယင်မူကြောင့် ခေါင်လေးခြေလှမ်းတွေဟာ နွေးဆီလျင်မြန်စွာ ရောက်ရှိသွားလျက် ...

"နွေးနွေး ဘယ်သူနဲ့လာတာလဲ"

ရှေ့တည့်တည့်ရပ်ကာ ရုတ်တရက်ကြီး ခပ်တည်တည်မျက်နှာထားနှင့်မေးတာကြောင့် နွေးအံ့သြ သွားပုံရကာ သူမ သူငယ်ချင်းများ၏ အကြည့်တွေကလည်း ခေါင်လေးဆီသို့ ကျရောက်လာ၏။ နွေး၏ သူငယ်ချင်းများကို ခေါင်လေးသည် ဂရုမစိုက်စွာပဲအကဲခတ်ရင်း ပြန်ကြည့်တော့ ကောင်လေးက ငါးယောက်ကောင်မလေးက နွေးနဲ့နောက်တစ်ယောက်သာ ပါသည်။

ကောင်လေးတွေသည် တက္ကသိုလ် တတ်နေသည့်အရွယ်တွေ မို့ ခေါင်လေးတို့နှင့်အသက်ကွာသည့်ပုံမပေါ်။ သို့ပါသော်ငြား အရက်သမားရုပ်တွေပေါက်လျက် စိတ်ချယုံကြည်ရသူတစ်ယောက်မှမပါပေ။ ခေါင်လေးသည်
မလုံမခြုံဖြစ်နေသည့်နွေးကိုကြည့်ရင်း
စိတ်မသက်မသာဖြစ်ကာ အပေါ်ထပ်
ဂျာကင်ကိုချွတ်လျက် နွေးထံ ကမ်းပေးလိုက်၏။

"ဝတ်ထား"

"ငါ မလှဘူးလား"

အကျီ ကိုလှမ်းယူပြီး နွေးက သူမကိုယ်သူမ
ငုံ့ကြည့်ကာပြောလေသည်။ ခေါင်လေးသည် အထူအပါး နားမလည်သော သူငယ်ချင်းမကို နားပန်တွေသာ ပိတ်ကျင်းပြစ်ချင်တော့၏။

"ဘာတွေလျှောက်ဝတ်လာတာလဲ ကိုးနာရီ ထိုးတော့မယ် အဆောင်ပြန်တော့"

"မပြန်ဘူး ဒီည nightoutထွက်မှာ"

နွေးသည် ပြောစကားနားထောင်မည့်ပုံ မပေါ်သဖြင့် ခေါင်လေးသည် နွေးလက်ကို ဆွဲခေါ်ကာ Barအပြင်သို့ထွက်လိုက်၏။ နွေးမှာ
ရုန်း၍ မရတာကြောင့် ယက်ကန်ယက်ကန်လေးပါလာလျက် ကျန်ခဲ့သည့်သူမ သူငယ်ချင်းတွေကတော့ ဖင်တကြွကြွဖြစ်လျက် တားလည်း မတားရဲကြပေ။

"ခေါင်လေး လွှတ်စမ်း နင်ဘာဖြစ်နေတာလဲ"

"ငါ့ကို night out ထွက်မယ့် အကြောင်းဘာလို့ မပြောတာလဲ။ငါလိုက်ပို့မှာပေါ့ ။ဘာလို့ ဟိုကောင်တွေနဲ့...တောက်စ်....ညကြီး ဖွင့်တဲ့ Barကို နင်ကဘာထင်နေလို့လဲ။ ဝတ်ထားတာလဲ ကြည့်လိုက်ဦး။ မူးပြီး သူများနိုက်သွားတောင် သိမှာမဟုတ်ဘူး"

"ခေါင်လေး နင်!!!"

နွေ သည် ခေါင်လေးအား ပြန်အော်ချင်ပါသော်ငြား ဟုတ်မှန်နေသည်မို့ မျက်နှာသာနီလာလျက် စကားသံက ထွက်မလာ။

"နင် အခုအတူတူလာတဲ့ကောင်တွေအကြောင်း နင် ဘယ်လောက်သိလို့လည်း.. ဟမ်.. night outဟုတ်လား ဘဝပျက်ချင်လို့လားနင်က ဘယ်အသိရှိလို့ သွားအိပ်မှာလဲ အဲ့ကောင်တွေနဲ့လား ဟမ်..ပြောစမ်းပါဦး"

သိသိသာသာ ပျက်ယွင်းလျက် စိတ်တိုနေသော ခေါင်လေးကြောင့် နွေးကြောက် သွားရသည်။ ခေါင်လေးသည် သူ ဘာပဲ
ဖြစ်နေပါစေ နွေးကိုတော့ နဲနဲလေးမှ အထိအခိုက်ခံနိုင်သူ မဟုတ်။ သူ စိတ်ညစ်တိုင်း နွေးက အားပေးသည်။ ငိုချင်တိုင်း
ပုန်းကွယ်ပြီးငိုဖို့ရန် အသင့်ရှိနေပေးသည်။ ပျော်စရာတွေ အတူတူမျှဝေကြသလို ဝမ်းနည်းစရာအတွက်လည်း
နွေးထွေးသည့်လက်တစ်စုံ ဖြစ်ပေးသည့် သူမဟာ ခေါင်လေး အတွက်တော့ လုံခြုံသည့် အိမ်သဖွယ်။

နွေးသည် ခေါင်လေးကို  ဘာမှပြန်မပြောတော့ပဲ Barရှေ့ကအုတ်ခုံပုမှာ ငုတ်တုတ် လေးသွားထိုင်၏။ အော်မိပြီးမှ
လွန်သွားသည်ကို သတိရသော ခေါင်လေးသည် သူမနားသို့...သွား၍ အမှတ်တမဲ့ကောက်ယူလာသော အအေးဘူးကို
ကမ်းပေးလိုက်၏။

"နင်အဲ့လိုကြီးဝတ်ထားတာ မြင်တော့ ငါ စိတ်ထိန်းလို့မရဘူးဖြစ်သွားတာ "

အအေးဘူးလှမ်းပေးသည်ကို နွေးက ခပ်စိမ်းစိမ်းသာ ကြည့်ပြီး မြေကြီးထဲဝင်မတတ်ငုံ့လို့ မျက်နှာကြောလေးတင်းမာနေ၏။

"နွေးလို့ ငါ မှားပါတယ်ဟာ စိတ်မဆိုးနဲ့လေ"

ပုခုံးလေးအား ခပ်သာသာလှုပ်ပြီးပြောတော့ နွေးက ပါးပြင်မှာမျက်ရည်စီးကြောင်းလေး
ခိုသီးလို့ မော့ကြည့်လာ၏။

"နင်ငါ့ကိုဘယ်လိုမိန်းမထင်လို့လဲ ။ ငါတွေ့ကရာ ယောကျာ်းနဲ့ အိပ်ရလောက်အောင် အောက်တန်းမကျဘူး။ အခုကလည်း
ငါ့သူငယ်ချင်းက သွားချင်တယ်မိန်းကလေး အဖော်မရှိလို့လိုက်ခဲ့ပါဆိုလို လိုက်လာတာ ။ နင်ပြောပုံကြီးက ငါ့ဘာဖြစ်သွားပြီလဲဟမ်"

"အေ့ပါဟာ ငါ စိတ်မထိန်းနိုင်ဘူးဖြစ်သွားလို့ ပြီးတော့ ဘာလို့ Barသွားမယ်အကြောင်း ငါ့ကိုမပြောတာလဲ"

နွေးသည် ခေါင်လေးအားမျက်စောင်းချိတ်လျက်...

"နင်က ငါ့အဖေမို့လို့ပြောရမှာလား။ တော်ပြီ အခုမှတော့ပြန်မယ် အဆောင် လိုက်ပို့"

ဘောက်ဆတ်ဆတ်လေးဖြင့် အအေးဘူးအား သူ့ထံပြန်ပစ်ပေးလျက် ထွက်သွားသဖြင့် ခေါင်လေးသည် ရယ်ကျဲကျဲ
ဖြင့် သူမနောက် လိုက်ကာ.....

"မနက်ဖြန်ကျရင် ငါ့သူငယ်ချင်းတွေနဲ့ ဒီကိုထပ်လာဖို့ရှိတယ်အဲ့ခါကျ လိုက်ခဲ့ပေါ့နော်...နော်လို့"

ဆူပုတ်ပုတ်မျက်နှာလေးမှာ အနဲငယ် ပြေလျော့သွားလျက်ပြုံးယောင်သမ်းလာလေသည်။

"နင့်သူငယ်ချင်းတွေနဲ့ကျတော့ စိတ်ချရတယ်လား"

"ငါပါရင်နင့်ကို မျက်လုံးနဲ့တောင်စွေကြည့်ရဲမှာမဟုတ်ဘူးပြီးတော့ ဒီလိုတွေဝတ်မလာနဲ့ နောက်ခါတွေ့ရင်တွေ့တဲ့နေရာ တုတ်နဲ့လိုက်ရိုက်မှာ"

"တစ်ခါတစ်လေ ဝတ်ကြည့်တာပါဟယ်"

ပြန်လည်သင့်မြတ်သွားသော သူငယ်ချင်း နှစ်ဦးသည် ပျော်ပျော်ရွှင်ရွှင်ရယ်မောနေသော်လည်း စူးရဲစွာ စိုက်ကြည့် နေသော မျက်ဝန်းတစ်စုံကိုတော့ သတိမမူမိခဲ့ကြပေ။

"တောက်စ် "

ခပ်ပြင်းပြင်း တောက်စ်ခေါက်သံအဆုံး Barအတွင်းမှမောင်းထုတ်ခံထားရသော ကောင်လေးသည် ဒေါသတို့ ပြင်းထန်လျက် အတွဲညီစွာလိုက်ဖက်လွန်းသော
ထိုယောကျာ်း နှင့် ဘေးကအမျိုးသမီကို မလိုမုန်းတီးစွာအငြိုးထားလိုက်၏။

...............................................................

တီတီ...တီတီ...တီတီ...

နိုးစက်နာရီ သံက အချိန်တိကျစွာထွက်ပေါ်လာ၏။ Barဖွင့်တာ မကြာသေးသည့်အလျှောက် နှိုင်းဟာ အိပ်ချိန်ထချိန်
မှန်ကန်မူနှင့် ရင်းနီးမူမရှိသေးပေ။

ည နှစ်နာရာလောက်မှ အနားပေးထားရသော မျက်ခွံတို့သည် ဆယ်နာရီထိုးနေစေကာမူ ဖွင့်ဖို့ရန်ဆန္ဒမရှိကြသော်လည်း နှိုးစက်လှမ်း
ပိတ်ရင်း ကုန်းရုန်း ထလိုက်၏။

အိပ်ချင်မူးတူးခြေလှမ်းတို့ဖြင့် ရေချိုးခန်းထဲဝင်လျက် မှန်ကိုအရင်ကြည့်လ်ိုက်သည်။
ပါးပြင်ထက် ခပ်ရေးရေး ပေါက်နေ
သော ပါးသိုင်းမွှေးတို့ကို ဆပ်ပြာသုတ်လိမ်းလျက် ရိပ်လိုက်ပြီးမျက်နှာသစ် သွားတိုက်ခြင်းကိုပြုလိုက်သည်။ မှန်ထဲပေါ်လာ
သော ကောင်လေးသည် 24နှစ်ဟုမထင်ရက်စွာ နုပျိုနေလေ၏။ မျက်ခုံးတို့သွယ်တန်းလျက် ထောင့်စွန်းနားလေးတွင်အနဲငယ်ကွေးကျသွားသည်။ မျက်ဝန်းအိမ်တို့မှာ ကျယ်လျက်မြန်ဆံနက်နက်လေးတွေရှိကာ ရှည်လျားကော့ညွှတ်သော
မျက်တောင်ဖျားတွေက ယောကျာ်း လေးတစ်ဦးနှင့် မလိုက်ဖက်စွာ လှလွန်း၏။ ရယ်လိုက်တိုင်း ရှေ့သွားလေးနှစ်ချောင်းက သိသာစွာထင်ပေါ်နေခြင်းသည် သူ၏ ထူးခြားချက်ဟု
ဆိုရမည်လား။

အဘယ်သို့ပင် Barဖွင့်ကာ ယောကျာ်းရင့်မာကြီး တစ်ဦးသဖွယ်နေထိုင်သော်ငြား အငုံစိတ်ရှိသောသူသည် ယောကျာ်း
လေးတွေကိုနှစ်သက်တတ်၏။ မျက်နှာသစ်ခြင်းအမူကိုပြုမူပြီးသောအခါ သီချင်းဆိုညည်းလျက် ရေချိုးခြင်းကို
ဆက်လက်လုပ်ဆောင်လိုက်သည်။

ရေချိုးပြီးမှပင် လူသည်လည်း ပြန်လည်လန်းဆန်းတတ်ကြွလာကာ အပေါ်ထပ်မှ အောက်သို့ဆင်းခဲ့သည်။ နှိုင်းသည်
တစ်ယောက်တည်း ကြိုးစားရုန်ကန်၍ ရသမျှပိုက်ဆံစုကာ ကျောင်းပြီးသည့်နောက် NT Barဟူ၍ ဖွင့်ဖြစ်ခဲ့သည်။  ပိုက်ဆံချမ်းသာသူမဟုတ်သည့်အလျောက်နဂိုနေ
သည့် အိမ်ကိုရောင်း၍ Barအတွက်အဆောက်အဦးဆောက်ခဲ့ရာ ယခုတော့ Barက အောက်ထပ် သူက ခေါင်မိုးထပ် အခန်းသေးသေးလေးမှာ နေ၏။ ခေါင်မိုးထပ်တွင် လသာဆောင်ကို ထပ်မံပြုလုပ်ထားသေးသည်မို့ သူ့အခန်းလေးဟာ
လူတစ်ယောက် အိပ်ရုံသာရ၏။ နောက်များ အဆင်ပြေလာရင်တော့ အိမ်လေးတစ်လုံးဝယ်နိုင်မယ်ထင်ရဲ့ ။ အခုတော့
ဖြစ်သလိုသာ ဘဝကိုနှစ်ပါးသွားရပေလိမ့်မည်။

အောက်ထပ်သ်ို့ရောက်သည်နှင့် Barအတွင်း လိုအပ်သည်များကို လိုက်လံစစ်ဆေးကာ Kitchen အတွင်းသို့ ဝင်ကြည့်လိုက်သည်။ အသီးအရွက်အသားငါးတွေကို လတ်ဆတ်စေရန် တစ်ရက်စာတစ်ရက် ဝယ်သည်မို့ ဟောင်လောင်းဖြစ်နေသောရေခဲသေတ္တာကို ကြည့်ရှူလျက် ပြန်ပိတ်လိုက်၏။

"ကိုဘိုဘိုတ်ို့ မထသေးဘူးလား"

"ဟုတ်တယ် ကိုနှိုင်း chefမထသေးဘူး ကျွန်တော် သွားနှိုးပေးရမလား"

"အင်.. စောတော့စောပါသေးတယ် 11လောက်မှမထရင်နိုးလိုက်တော့။ promotionဆင်းတဲ့အနေနဲ့ဈေးတွေ
ထက်ဝက် လျော့ထားတာ ဒီနေ့လူပိုများလိမ့်မယ်"

"ဟုတ်ကဲ့ "

ဝန်ထမ်းကောင်လေးကို ပြောပြီးသည်နှင့် သူ ဘီယာတွေ ဝိုင်တွေ သ်ိုလှောင်ထားသည့် အခန်းသို့ ဝင်စစ်ဆေးရပြန်သည်။ Barဖြစ်သည့်အတွက် အဓိက က သောက်စရာ အလုံအလောက် ရှိရမည်ဖြစ်၏။

"ဟူး!!"

လိုအပ်သည့်အမျိုးအစားတွေကို ရေတွက်ကြည့်ရင်း သက်ပြင်းရှိုက်ရသူက သူသာဖြစ်သည်။ ဝင်ငွေနဲ့ထွက်ငွေ ကိုက်ညီဖို့ စစ်ဆေးပေးနိုင်သည့် လူတစ်ယောက်တော့ သူ့အနားမှာ လိုအပ်သည်။ လက်လွဲစရာ လူမရှိခြင်းဟာ အဆင်တော့သိပ်
မပြေပေ။

စစ်ဆေးစရာများ စစ်ဆေးပြီးချိန်တွင် အစာအိမ်မှ တဂွီဂွီ မြည်
လာလျက် ဗိုက်ဖြည့်ပေးရန်တောင်းဆိုလာသဖြင့် ကိုယ်ပိုင်Click 125ဆိုင်ကယ်လေးဖြင့် အပြင်ထွက်ခဲ့သည်။NT Barပိုင်ရှင်သည် အိမ်မရှိကားမရှိနှင့် မဟုတ်သေးပါဘူး
လေ ဟုတွေးရင်း အဝေးသင်ကာလအချိန်တွင် ပိုက်ဆံဝင်နိုင်သမျှဝင်အောင် သိမ်းကြုံးယူထားဖို့စိတ်ကူးရသည်။ဒါမှ သူလိုချင်သည့်အိမ်နဲ့ကားလေး ဝယ်နိုင်မည်ဖြစ်သည်။

ကိုယ်အကြာင်းကိုယ်တွေရင်း နှိုင်း ခေါင်းယမ်းမိလျက် ခေါက်ဆွဲဆိုင် သို့ထွက်ခဲ့၏။အခုချိန်များ နှိုင်းတို့ ကိုယ့်ဝမ်း
ကိုယ်ပင် သထှာမူ မရှိပေ။

သူ ခါက်ဆွဲဆိုင်ရောက်သည့်အချိန်တွင် ဘုန်းထွဋ်ခေါင်လျှံဆိုသည့်ကောင်လေးအား ကောင်မလေးတစ်ယောက်နှင့် တွဲလျက်
ထိုင်ကာ ရယ်ရယ်မောမောစကားပြောနေသည် ကို တွေ့လိုက်ရ၏။ မနေ့တနေ့ကမှသိသော ထိုကောင်လေးသည် ရည်စားရှိသည်ဟုသိရသောအခါ ရင်ထဲမှလေးလံလို့လာ၏။ဘာကြောင့်မှန်းမသိသော်လည်း ထိုလေးလံမူအားဖြေဖျောက်ရန်မလွယ်ကူသဖြင့် ဆိုင်ထဲက ပြန်ထွက်ဖြစ်ခဲ့သည်။

"ဖွားဖွားတို့ကို ငါတစ်ယောက်တည်းရပ်တည်နိုင်ကြောင်းသက်သေပြရဦးမယ် မင်း စိတ်တွေမဖောက်ပြန်နဲ့"

နှိုင်းသည် ကိုယ့်စိတ်ကိုယ်ဆုံးမလျက် မနက်စာ စားခြင်ကိုရှောင်လိုက်ကာ ဈေးသို့ထွက်ခဲ့လိုက်သည်။ မန္တလေး မှ
ဖွားဖွားက နှိုင်ကိုတုန်နေအောင် ချစ်သည်မို့မိဘတွေမရှိတော့သည်နောက် သူတို့ဆီလာနေဖို့ရန် အကြိမ်ကြိမ် ခေါ်ဆိုခဲ့သော်လည်း နှိုင်းသည် ယောကျာ်း တစ်ဦးဖြစ်ပါလျက် မိန်းကလေးများအား ချစ်ခင်စုံမက်၍
မရခြင်းသည် လူကြီးများနှင့်အတူနေဖို့ရန် အဆင်မပြေသည့် အကြောင်းအရာတစ်ခု ဖြစ်စေသည်။

.............................................................

"ခေါင်လေး နင့်အသိလား"

အစားကို စိတ်ဝင်စားစွာ စားနေသော ခေါင်လေးသည် နွေး မေးငေါ့ပြသည့်နေရာသို့ လှည့်ကြည့်သည့်အချိန်တွင်
ကျောပြင်လေးတစ်ခုက်ိုသာ တွေ့လိုက်ရတော့၏။ စိတ်ထဲတွင်တော့ မည်သူမည်ဝါဟူ၍ မကွဲသော်ငြား ကိုသုတများလား
ဟုတွေးဖြစ်သေးသည်။ သို့သော်လည်း ကိုသုတလို သူဌေးက ဒီလိုနေရာတွေမှာ လာစားပါ့မလားဟု စဉ်းစားမိပြန်တော့။

"မသိပါဘူး ဘာလို့လဲ"

"ဟုတ်လို့လားဟယ် နင့်ကိုသေချာကြိီးကြည့်နေတာ ငါလှမ်းကြည့်တာလည်းမြင်ရော ပြန်လှည့်သွားတာ"

"နင်အမြင်မှားတာဖြစ်မှာပါဟာ မြန်မြန်စား ငါ ECတွေနဲ့ချိန်းထားသေးတယ်"

" ကိုယ့်ဟာကိုယ်သွားပါဆိုတာကို ငါ့ကို
လိုက်လိုက်ခေါ်နေတယ် နင်တို့စကားပြောနေတာကို ငါက ငုတ်တုတ် ကြီး လိုက်ကြည့်နေရဦးမယ်"

"နင်ကလည်းလေ ဒီလောက်လေးတောင်မလိုက်ပေးချင်ဘူး။ ရတယ်မလိုက်နဲ့ ငါဘာငါသွားမယ်"

"မလိုက်ချင်ဘူးလို့မပြောဘူးလေ"

ခေါင်လေးနှင့်နွေးသည် မည်သို့များသူငယ်ဖြစ်လာသည်မသိ။အခုချိန်တွင် ငယ်ငယ်ကအကြောင်းများပြန်ပြောရလျင် ရယ်ချင်
ဖွယ်ရာအတိဖြစ်မည်။ စတွေ့ကတည်းက
ဘုနဲ့ဘောက်ရန်ဖြစ်သော သူမတို့သည် အခုချိန်ထိလည်း ဘုနဲ့ဘောက် ဖြစ်လို့ကောင်းတုန်းပင်။ သို့တိုင် မခေါ်မပြောပဲနဲ့တော့
ဘယ်သူမှမနေနိုင်ခဲ့။

စားပြီးသောက်ပြီးသည်နှင့် နွေး သည် ခေါင်လေး ခေါ်ရာနောက် တစ်ကောက်ကောက်လိုက်ပေးလျက် နေ့လည် လောက်မှ အစည်းအဝေးပြီးကာ အဆောင်ပြန်ရောက်
လာကြလေသည်။

"ငါပြန်တော့မယ်နော်။ညနေကျမှလာခေါ်မယ်"

"အေအေ"

အဆောင်ရှေ့ရောက်သည်အထိ နွေးကို ပို့ပေးပြီးနောက် ခေါင်လေးက နှုတ်ဆက်ကာ ပြန်သွား၏။ နွေးသည်လည်း
အဆောင်ထဲသို့ ဝင်မည်အပြု။

"သိပ်ချစ်နေကြတယ်ပေါ့လေ ဟုတ်လား
အဟက်"

မရယ်ချင်သော်လည်း ညစ်ထုတ်ကာ ရယ်လျက် ကောင်လေး တစ်ယောက်သည် နွေးရှေ့သို့ရောက်လာ၏။ အလွန်ဆုံးရှိမှ first yearလောက်သာရှိသော ထို ကောင်လေးသည် မထီမဲ့မြင် မျက်နှာထားဖြင့် တစ်ခုခုကိုလှောင်ပြောင်ချင်သယောင် ခနဲ့ ချင်
သယောင်ရှိ၏။

"ဒါနဲ့ ခင်ဗျား သူနဲ့ ဘယ်နှစ်ခါ အိပ်ပြီးပြီးလဲ"

နွေး ဒေါသ ထောင်းခနဲ ထွက်သွားတာမှန်၏။ သူမသည် ထိုကောင်လေးကို မြင်လည်းမမြင်ဖူးသလို သိလည်းမသိပေ။အခုလို အဆောင်ရှေ့တွင် လာအပြောခံရခြင်းအတွက်
သူမ ၏ မာနနဲ့ ဂုသိက္ခာ အရှက်တရားက ခြိမ်းခြောက်လာ၏။

"မင်း ဘာစကားတွေလာပြောနေတာလဲ"

"လူစကားလေ ။ ခုနက ခင်ဗျားကို လာပို့တဲ့လူအကြောင်းခင်ဗျား မသိဘူးလား။ ကျုပ်က သူနဲ့ သုံးခါလောက်အိပ်ပြီးပြီဗျ
အခုကျတော့ ခင်ဗျားကြောင့် ကျုပ်ကို ပစ်သွားတယ်။ပြောစမ်းပါ ခင်ဗျားက ဘယ်လောက်ကောင်းနေလို့လဲ"

"ခေါင်လေးက မင်းနဲ့အိပ်တယ်"

နွေးသည် သူမကို ယုတ်မာစွာ ပြောဆိုနေစေကာမူ သူမစိတ်ဝင်စာသည့်အရာက ခေါင်လေးသည် ဂေးဖြစ်ရုံသာမက
မိမိ နှင့် မျိူးတူကောင်းလေးငယ်ဖြင့် အိပ်နေခြင်း။

သူမ၏ တအံ့တသြ ရေရွတ်ဟန်ကိုတွေ့သည့်အခါ ထိုကောင်လေးသည် ကျေနပ်သွားလျက် ရယ်သံစွက်ကာ ဆက်ပြော
လာ၏။

"အဟက်.. မသိဘူးလားခင်ဗျားက။ ကိုဘုန်းက ကျုပ်တစ်ယောက်တည်းတင်မဟုတ်ဘူး ယောကျာ်းတွေအများကြီးနဲ့ အိပ်တာ"

"ယောကျာ်းတွေ...အများကြီးနဲ့"

"ဟုတ်တယ်လေ တစ်ညကို တစ်ယောက်နှုန်းနဲ့ "

နှုတ်ခမ်းဖျားတို့ လှုပ်ခတ်လို့ မယုံနိုင်ခြင်းတွေဟာအဆမတန်ပြင်းထန်လို့လာ၏။ သူမ ဟိုပေါ်ဒီပေါ် ဝတ်လျှင်တောင် မကြိုက်သည့် ခေါင်လေးက ယောကျာ်းများနှင့် သွေးသား
ဆန္ဒတွေကို အတူလုပ်ဆောင်သည်တဲ့လား။

ယိုင်လဲ ချင်လာသော ခန္ဓာကိုယ်က ဆောက်တည်ရာမရပေ။စကားတွေဆက်ပြောနေသော ကောင်လေး၏ အသံကိုလည်း
သူမ မကြားတော့ ။ ခြွလှမ်း၍ မရသော ခြေလှမ်းတို့က တစ်စုံတစ်ခုကို ထိပ်တိုက်ပြောဆိုဖို့လိုအပ်ကြောင်း အချက်ပြ
၏။ အဆောင်ထဲသို့ ပြေးဝင်ပြီး ဆိုင်ကယ်သော့ကိုယူကာ ကျယ်ဝန်းသော ပန်းခြံဖြစ်သည့် နန်းဟေဝန်အတွင်းသို့မောင်းလိုက်၏။ စိမ်းလန်းသော သစ်ပင်များသည် သူမရင်ကို
အေးချမ်မူတွေ မပေးနိုင်ဖြစ်ရကာ ခေါင်းလေးကို ဖုန်းဆက်ပြီး ပန်းခြံလိုက်လာခဲ့ဖို့ ခေါ်လိုက်ရသည်။ငါတို့ကြား ဖုံးကွယ်ထား
စရာတွေ ထပ်ရှိသေးတာလားဟာ။

နွေးအသံတွေတုန်ယင်နေခဲ့၍လားတော့မသိ ခေါင်းလေးသည် ဆိုင်ကယ်ကို မြန်မြန်မောင်းလို့ရောက်ရှိလာ၏။ ဆိုင်ကယ်ပေါ်မှဆင်းပြီး သူမဆီလျှောက်လာသော ခေါင်လေးသည် ခန့်ညားမူ ချောမောမူကို ဆောင်ငင်ယူထားသော်လည်း ယောကျာ်း အချင်းချင်း ကြိုက်နှစ်သက်ရုံမက ယောကျာ်း
တကာနှင့်အိပ်ယာပေါ်မှာ ပျော်မြူးနေသည်ဟု တွေးမိသည်ဆိုပါလျှင်။

"ခေါင်လေး နင် ငါ့ကိုမလိမ်နဲ့နော်"

"ဘာကိုလိမ်ရမှာလဲ"

စိုးရိမ်တကြီး ပြေးလာသော ခေါင်လေးမှာ အခုပဲတွေ့အခုပဲပြန် အခုပဲ ပြန်ရောက်လာရသဖြင့် နဲနဲတော့ စိတ်မရှည်ချင်ပေ။

"နင် ယောကျာ်း တွေနဲ့ လျှောက်အိပ်နေတယ်ဆို"

"ဘယ်သူပြောတာလဲ"

တုန်လှုပ်ကာ လန့်ဖျန့်သွားသော ခေါင်လေးပုံစံက ဟုတ်မှန်ကြောင်းကိုသက်သေထူ၏။ နွေးသည် မဟုတ်ပါစေနဲ့လို့
အကြိမ်ကြိမ်ဆုတောင်းခဲ့သမျှ ဒီတစ်ကြိမ်လည်း မပြည့်ခဲ့ပြန်ပေ။ဘာလို့လဲ ခေါင်လေးရယ်။ ငါသိပ်ချစ်တဲ့နင်က ဘာကြောင့်
များ ဒီလိုတွေဖြစ်နေရတာလဲ။

"ငါပြောမယ် နင်ယောကျာ်း အချင်းချင်း ကြိုက်တယ်။ ရတယ်ငါလက်ခံတယ်။ ဒါပေမယ့်.. ဒါပေမယ့်ဟာ...နင်ဘာလို့ယောကျာ်း တိုင်းနဲ့ လိုက်အိပ်နေတာလဲ။နင် က ဖာခေါင်းလား ဟမ်း!!"

"ငါ..."

"ဖြေလေ  နင်ဖာခေါင်းလားလို့"

"ငါ..မဟုတ်..."

ခေါင်းလေးမှာ ဘယ်လိုဖြေရှင်းချက်ပေးရမည်မသ်ိ။ အမှန်တရားကို ဝန်ခံဖို့ ခက်ခဲသော သူ့အတွက် စကားသံတွေက
လည်ချောင်းဝမှာ တစ်ဆို့နေ၏။နွေးသည်လည်း စိတ်တိုကာ အသားတွေ တဆတ်ဆတ်ပင်တုန်ယင်လို့နေပေပြီ။

"ငါနင့်ကို ရွံတယ်ခေါင်လေး။ နင်နဲ့ငါ ဒီနေ့ကစပြီး သူငယ်ချင်းတွေမဟုတ်တော့ဘူး။နင် ယောကျာ်း တကာနဲ့လျှောက် အိပ်
နေသရွေ့ ငါနဲ့ဘယ်တော့မှလာမပတ်သတ်နဲ့"

ပြောပြီးသည်နှင့် နွေးသည် ဆိုင်ကယ်ကို အကြမ်းပတမ်းပင် မောင်းလို့ထွက်လိုက်၏။ မြန်မာလူမျိုးတစ်ဦးဖြစ်သည့် သူမသည် မိမိကိုယ်ကိုယ်တန်ဖိုးထားသလို ကိုယ်ချစ်တဲ့လူကိုလည်း တန်ဖိုးရှိစေချင်သည်။ တန်ဖိုးကို ဘယ်လိုပိုင်းဖြတ် သလဲ လို့ မေးလျှင် သူမဖြေတတ်မည်မဟုတ်သော်ငြား
ခေါင်လေး ကိုတော့ သူမ သန့်သန့်ရှင်းရှင်းနှင့် လူကောင်းလူမွန်လေး ဖြစ်စေချင်သည်။

မျက်ဝန်းအိမ်မှ မျက်ရည်တို့ဟာ အတားအဆီးမဲ့ကျဆင်း၏။
သိကျွမ်းရင်းနီးခဲ့တဲ့လေးနှစ်ကျော် ကာလပတ်လုံး သူမတို့ဟာ သူစိမ်းတွေအဖြစ် ဤကဲ့သို့ နှုတ်ဆတ်လမ်းခွဲရလိမ့်မည်ဟု
မထင်မှတ်ထားခဲ့ဖူးပေ။လမ်းသွားလမ်းလာက လူတွေသည် သူမအားအထူးအဆန်းသဖွယ်ကြည့်ချိန်တွင် ရှက်တာကြောင့် မျက်ရည်တွေပြောင်စင်အောင် သုတ်ဖို့ကြိုးစားသော်လည်း အချည်းနှီးသာဖြစ်၏။ ဒီလိုအချိန်တွင် နေရာတကာ သံယောဇဉ် ကြီးတတ်လွန်းသော သူမကိုယ်သူမ အားရမူ
မရှိပေ။

ငါတို့ဒီလိုပဲ အဆုံးသတ်ကြရတော့မှာလားဟာ။

..................................................

ခေါင်လေးသည် မျက်နှာအား ခပ်ကြမ်းကြမ်းဖိပွတ်နေမိသည်မှာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ။

"ဖာခေါင်းလား!!"

နွေးအသံက နားထဲမှာ ပဲ့တင်ထပ်လို့ မြည်၏။ ဤစကားလုံးအား သူ sexလုပ်နေသည့်ကာလတစ်လျှောက် တွေးတောင် မတွေးမိခဲ့ပေ။ ယောကျာ်း ဖြစ်ပါလျက် အောင့်အီးမျိုသိပ်မထားနိုင်သော ရင်တွင်းဝမ်းနည်းမူက လှိုက်တတ်လာ၏။ မျက်ရည်တွေဖြင့် ပြန်သွားသော နွေးသည် အဆောင်ပြန်ရောက်လျှင် အားရပါးရအော်ငိုဦးမည်ကို သူသိသည်။ လိုက်ချော့ဖို့ရန်ပင်အားမရှိသောခြေထောက်တို့က နေရာမှာပင် ဖင်ထိုင်
လျက် လဲကျလို့နေ၏။ စိုစွတ်စွတ် မြတ်ခင်းပြင်၏ အေးစက်စက်အထိအတွေမှာ sexလုပ်ခြင်းတွင် ပျော်မွေ့မိသော မိမိကိုယ်ကို စိတ်နာရသည်။

မြက်စိမ်းနုတွေကို ခပ်တင်းတင်းဆွဲပြီး အံ့ကြိတ်ထားရတာသွားဖုံးတွေပင် နာလို့လာသည်။

"ငါ ဘာလုပ်ရမှာလဲ နွေး။ ငါဖာခေါင်းဖြစ်နေတယ်ဆိုရင် အဲ့ဒီဖာခေါင်းကို ဘယ်သူက ရပ်တန့်ပေးမှာလဲ"

..............................................................

Love u all💚💚💚💚

ဒီနေ့က နှိုင်းနဲ့ခေါင်လေးရဲ့မွေးနေ့။ ပြီးတော့ ကိုယ့်မွေးနေ့။
(18.11.2019)။

........................................................................

Zawgyi

မ်က္စိအစားေက်ြးရေလာက္ေအာင္ ေခ်ာေမာသူ မရိွပဲ
အဆီျပန္ေနေသာ မ်က္ႏွာေတြျဖင့္ ကေနသည့္ လူေတြကို
ျကည့္ရင္း ေခါင္းမူးခ်င္သလိုျဖစ္လာတာမို႔ တစ္စြန္း
တစ္စက္ေတာင္ မက်န္ေတာ့တဲ့ ဘီယာပုလင္းက္ုိ
စားပြဲေပၚျပန္တင္ထားလိုက္ၿပီး ေနရာမွထြက္ခဲ့သည္။
မွတ္မွတ္ရရအေနျဖင့္ ႏိႈင္းသုတလ်ွံ ဆိုသည့္လူ ေပးထား
သည့္ ေဖ်ာ္ရည္ဘူးကို အိတ္ကပ္ထဲ ေကာက္ထည့္လိုက္ေသးသည္။ အရပ္ေျခာက္ေပေက်ာ္အမ်ိဳးသားတစ္ေယာက္၏ ရိွရင္းစြဲအသက္ထက္ အနည္းငယ္ ရင့္သည့္ ပံုေပၚေသာ
​ေခါင္ေလးသည္ ခပ္မိုက္မိုက္ အသြင္ သဏၭာန္ကိုေဆာင္ထား၏။

ေျခလွမ္းတို႔မွာ ဘယ္သူမွ ဂရုမစိုက္ဟန္ျပည့္နက္ေနလ်က္
သီးသန္႔ေနတတ္သူတစ္ဦးႏွယ္ ရိွပါသည္။ သို႔ေသာ္လည္း
ေခါင္ေလးသည္ အျပင္ထြက္ရန္ counter ဘက္ကို
အထြက္ မ်က္လံုးထဲ ကန္႔လန္႔ျဖတ္ ဝင္လာေသာ ရင္ႏွီးသူ
ေၾကာင့္ ေျဖာင့္တန္းၿပီးခပ္ထူထူျဖင့္ထင္႐ွားေနေသာ
မ်က္ခံုးတန္းႏွစ္ခုက အလိုမက်စြာ တြန္႔ခ်ိဳးသြားသည္။

ေျပာက္လက္ေနေသာ အနက္ေရာင္ ေဘာင္ဘီအတိုႏွင့္
ခါးေပၚရင္ျပတ္ အက်ႌကို ဝတ္ထားေသာေႏြး သည္
လားရိွႉးၿမိဳ႕၏ ေဆာင္းဦးကို ေလွာင္ေျပာင္ေနသေယာင္ ။
ပုရိသတို႔မ်က္စိျဖင့္ အသာငမ္းငမ္းၾကည့္ျခင္းကို
ဖိတ္ေခၚေနေသာ ဝတ္စားဆင္ယင္မူေၾကာင့္ ေခါင္ေလးေျခ
လွမ္းေတြဟာ ေႏြးဆီလ်င္ျမန္စြာ ေရာက္ရိွသြားလ်က္ ...

"ေႏြးေႏြး ဘယ္သူနဲ႔လာတာလဲ"

ေ႐ွ႕တည့္တည့္ရပ္ကာ ႐ုတ္တရက္ႀကီး ခပ္တည္တည္
မ်က္ႏွာထားႏွင့္ေမးတာေၾကာင့္ ေႏြးအံ့ျသ သြားပံုရကာ
သူမ သူငယ္ခ်င္းမ်ား၏ အၾကည့္ေတြကလည္း ေခါင္ေလးဆီသို႔ က်ေရာက္လာ၏။ ေႏြး၏ သူငယ္ခ်င္းမ်ားကို ေခါင္ေလး
သည္ ဂ႐ုမစိုက္စြာပဲအကဲခတ္ရင္း ျပန္ၾကည့္ေတာ့
ေကာင္ေလးက ငါးေယာက္ေကာင္မေလးက ေႏြးနဲ႔ေနာက္
တစ္ေယာက္သာပါသည္။

ေကာင္ေလးေတြသည္ တကၠသိုလ္ တတ္ေနသည့္အရြယ္ေတြ
မို႔ ေခါင္ေလးတို႔ႏွင့္အသက္ကြာသည့္ပံုမေပၚ။ သို႔ပါေသာ္ျငား
အရက္သမား႐ုပ္ေတြေပါက္လ်က္ စိတ္ခ်ယံုၾကည္ရသူတစ္
ေယာက္မွမပါေပ။ ေခါင္ေလးသည္ မလံုမျခံဳျဖစ္ေနသည့္
ေႏြးကိုၾကည့္ရင္း စိတ္မသက္မသာျဖစ္ကာ အေပၚထပ္
ဂ်ာကင္ကိုခြၽတ္လ်က္ ေႏြးထံ ကမ္းေပးလိုက္၏။

"ဝတ္ထား"

"ငါ မလွဘူးလား"

အက်ႌကိုလွမ္းယူၿပီး ေႏြးက သူမကိုယ္သူမ ငံုၾကည့္ကာ
ေျပာေလသည္။ ေခါင္ေလးသည္ အထူအပါး နားမလည္ေသာ
သူငယ္ခ်င္းမကို နားပန္ေတြသာ ပိတ္က်င္းျပစ္ခ်င္ေတာ့၏။

"ဘာေတြေလ်ွာက္ဝတ္လာတာလဲ ကိုးနာရီ ထိုးေတာ့မယ္ အေဆာင္ျပန္ေတာ့"

"မျပန္ဘူး ဒီည nightoutထြက္မွာ"

ေႏြးသည္ ေျပာစကားနားေထာင္မည့္ပံု မေပၚသျဖင့္
ေခါင္ေလးသည္ ေႏြးလက္ကို ဆြဲေခၚကာ Barအျပင္သို႔
ထြက္လိုက္၏။ ေႏြးမွာ ႐ုန္၍ မရတာေၾကာင့္ ယက္ကန္
ယက္ကန္ေလး ပါလာလ်က္ က်န္ခဲ့သည့္သူမ
သူငယ္ခ်င္းေတြကေတာ့ ဖင္တႂကြႂကြျဖစ္လ်က္ တားလည္း
မတားရဲၾကေပ။

"ေခါင္ေလး လႊတ္စမ္း နင္ဘာျဖစ္ေနတာလဲ"

"ငါ့ကို night out ထြက္မယ့္ အေၾကာင္းဘာလို့ မေျပာတာလဲ။ငါလိုက္ပို႔မွာေပါ့ ။ဘာလို႔ ဟိုေကာင္ေတြနဲ႔...
ေတာက္စ္....ညႀကီး ဖြင့္တဲ့ Barကို နင္ကဘာထင္ေနလို႔လဲ။ ဝတ္ထားတာလဲ ၾကည့္လိုက္ဦး။ မူးၿပီး သူမ်ားႏိုက္သြားေတာင္ သိမွာမဟုတ္ဘူး"

"ေခါင္ေလး နင္!!!"

ေႏြ သည္ ေခါင္ေလးအား ျပန္ေအာ္ခ်င္ပါေသာ္ျငား ဟုတ္မွန္
ေနသည္မို႔ မ်က္ႏွာသာနီလာလ်က္ စကားသံက ထြက္မလာ။

"နင္ အခုအတူတူလာတဲ့ေကာင္ေတြအေၾကာင္း နင္
ဘယ္ေလာက္သိလို႔လည္း.. ဟမ္.. night outဟုတ္လား ဘဝပ်က္ခ်င္လို႕လားနင္က ဘယ္အသိရိွလို႔ သြားအိပ္မွာလဲ အဲ့ေကာင္ေတြနဲ႔လား ဟမ္..ေျပာစမ္းပါဦး"

သိသိသာသာ ပ်က္ယြင္းလ်က္ စိတ္တိုေနေသာ
ေခါင္ေလးေၾကာင့္ ေႏြးေၾကာက္ သြားရသည္။ ေခါင္ေလး
သည္ သူ ဘာပဲျဖစ္ေနပါေစ ေႏြးကိုေတာ့ နဲနဲေလးမွ
အထိအခိုက္ခံႏိုင္သူမဟုတ္။ သူ စိတ္ညစ္တိုင္း ေႏြးက
အားေပးသည္။ ငိုခ်င္တိုင္း ပုန္းကြယ္ၿပီးငိုဖို႔ရန္
အသင့္ရိွေနေပးသည္။ ေပ်ာ္စရာေတြ အတူတူမ်ွေဝၾကသလို ဝမ္းနည္းစရာအတြက္လည္း ေႏြးေထြးသည့္လက္တစ္စံု
ျဖစ္ေပးသည့္ သူမဟာ ေခါင္ေလး အတြက္ေတာ့ လံုျခံဳသည့္အိမ္သဖြယ္။

ေႏြးသည္ ေခါင္ေလးကို  ဘာမွျပန္မေျပာေတာ့ပဲ Barေ႐ွ႕က
အုတ္ခုံပုမွာ ငုတ္တုတ္ ေလးသြားထိုင္၏။ ေအာ္မိၿပီးမွ
လြန္သြားသည္ကို သတိရေသာ ေခါင္ေလးသည္ သူမနားသို႔...သြား၍ အမွတ္တမဲ့ေကာက္ယူလာေသာ အေအးဘူးကို
ကမ္းေပးလိုက္၏။

"နင္အဲ့လိုႀကီးဝတ္ထားတာ ျမင္ေတာ့ ငါ စိတ္ထိန္းလို႔
မရဘူးျဖစ္သြားတာ "

အေအးဘူးလွမ္းေပးသည္ကို ေႏြးက ခပ္စိမ္းစိမ္းသာ
ၾကည့္ၿပီး ေျမႀကီးထဲဝင္မတတ္ငံု႕လို႔ မ်က္ႏွာေၾကာေလး
တင္းမာေန၏။

"ေႏြးလို႔ ငါ မွားပါတယ္ဟာ စိတ္မဆိုးနဲ႔ေလ"

ပုခံုးေလးအား ခပ္သာသာလႈပ္ၿပီးေျပာေတာ့ ေႏြးက ပါးျပင္မွာ
မ်က္ရည္စီးေၾကာင္းေလးခိုသီးလို႔ ေမာ့ၾကည့္လာ၏။

"နင္ငါ့ကိုဘယ္လိုမိန္းမထင္လို႔လဲ ။ ငါေတြ႔ကရာ ေယာက်ာ္း
နဲ႔ အိပ္ရေလာက္ေအာင္ ေအာက္တန္းမက်ဘူး။ အခုကလည္း
ငါ့သူငယ္ခ်င္းက သြားခ်င္တယ္မိန္းကေလး အေဖာ္မရိွလို႔
လိုက္ခဲ့ပါဆိုလို လိုက္လာတာ ။ နင္ေျပာပံုႀကီးက ငါ့ဘာျဖစ္
သြားၿပီလဲဟမ္"

"ေအ့ပါဟာ ငါ စိတ္မထိန္းႏိုင္ဘူးျဖစ္သြားလို႔ ၿပီးေတာ့
ဘာလို႔ Barသြားမယ္အေၾကာင္း ငါ့ကိုမေျပာတာလဲ"

ေႏြးသည္ ေခါင္ေလးအားမ်က္ေစာင္းခ်ိတ္လ်က္...

"နင္က ငါ့အေဖမို႔လို႔ေျပာရမွာလား။ ေတာ္ၿပီ အခုမွေတာ့
ျပန္မယ္ အေဆာင္ လိုက္ပို႔"

ေဘာက္ဆတ္ဆတ္ေလးျဖင့္ အေအးဘူးအား သူ႔ထံျပန္ပစ္
ေပးလ်က္ ထြက္သြားသျဖင့္ ေခါင္ေလးသည္ ရယ္က်ဲက်ဲ
ျဖင့္ သူမေနာက္ လိုက္ကာ.....

"မနက္ျဖန္က်ရင္ ငါ့သူငယ္ခ်င္းေတြနဲ႔ ဒီကိုထပ္လာဖို႔ရိွတယ္
အဲ့ခါက် လိုက္ခဲ့ေပါ့ေနာ္...ေနာ္လို႔"

ဆူပုတ္ပုတ္မ်က္ႏွာေလးမွာ အနဲငယ္ ေျပေလ်ာ့သြားလ်က္
ျပံဳးေယာင္သမ္းလာေလသည္။

"နင့္သူငယ္ခ်င္းေတြနဲ႔က်ေတာ့ စိတ္ခ်ရတယ္လား"

"ငါပါရင္နင့္ကို မ်က္လံုးနဲ႔ေတာင္ေစြၾကည့္ရဲမွာမဟုတ္ဘူး
ၿပီးေတာ့ ဒီလိုေတြဝတ္မလာနဲ႔ ေနာက္ခါေတြ႔ရင္ေတြ႔တဲ့ေနရာ
တုတ္နဲ႔လိုက္႐ိုက္မွာ"

"တစ္ခါတစ္ေလ ဝတ္ၾကည့္တာပါဟယ္"

ျပန္လည္သင့္ျမတ္သြားေသာ သူငယ္ခ်င္း ႏွစ္ဦးသည္
ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရယ္ေမာေနေသာ္လည္း စူးရဲစြာ စိုက္ၾကည့္
ေနေသာ မ်က္ဝန္းတစ္စံုကိုေတာ့ သတိမမူမိခဲ့ၾကေပ။

"ေတာက္စ္ "

ခပ္ျပင္းျပင္း ေတာက္စ္ေခါက္သံအဆံုး Barအတြင္းမွ
ေမာင္းထုတ္ခံထားရေသာ ေကာင္ေလးသည္ ေဒါသ
တို႔ ျပင္းထန္လ်က္ အတြဲညီစြာလိုက္ဖက္လြန္းေသာ
ထိုေယာက်ာ္း ႏွင့္ ေဘးကအမ်ိဳးသမီကို မလိုမုန္းတီးစြာ
အၿငိဳးထားလိုက္၏။

...............................................................

တီတီ...တီတီ...တီတီ...

ႏိုးစက္နာရီ သံက အခ်ိန္တိက်စြာထြက္ေပၚလာ၏။ Barဖြင့္
တာ မၾကာေသးသည့္အေလ်ွာက္ ႏိႈင္းဟာ အိပ္ခ်ိန္ထခ်ိန္
မွန္ကန္မူႏွင့္ ရင္းနီးမူမရိွေသးေပ။

ည ႏွစ္နာရာေလာက္မွ အနားေပးထားရေသာ မ်က္ခြံတို႕
သည္ ဆယ္နာရီထိုးေနေစကာမူ ဖြင့္ဖို႔ရန္ဆႏၵမရိွၾကေသာ္
လည္း ႏိုွးစက္လွမ္းပိတ္ရင္း ကုန္း႐ုန္း ထလိုက္၏။

အိပ္ခ်င္မူးတူးေျခလွမ္းတို႕ျဖင့္ ေရခ်ိဳးခန္းထဲဝင္လ်က္ မွန္ကို
အရင္ၾကည့္လ္ုိက္သည္။ ပါးျပင္ထက္ ခပ္ေရးေရး ေပါက္ေန
ေသာ ပါးသိုင္းေမႊးတို႔ကို ဆပ္ျပာသုတ္လိမ္းလ်က္ ရိပ္လိုက္ၿပီး
မ်က္ႏွာသစ္ သြားတိုက္ျခင္းကိုျပဳလိုက္သည္။ မွန္ထဲေပၚလာ
ေသာ ေကာင္ေလးသည္ 24ႏွစ္ဟုမထင္ရက္စြာ ႏုပ်ိဳေနေလ
၏။ မ်က္ခံုးတို႔သြယ္တန္းလ်က္ ေထာင့္စြန္းနားေလးတြင္
အနဲငယ္ေကြးက်သြားသည္။ မ်က္ဝန္းအိမ္တို႔မွာ က်ယ္လ်က္
ျမန္ဆံနက္နက္ေလးေတြရိွကာ ႐ွည္လ်ားေကာ့ၫႊတ္ေသာ
မ်က္ေတာင္ဖ်ားေတြက ေယာက်ာ္း ေလးတစ္ဦးႏွင့္ မလိုက္
ဖက္စြာ လွလြန္း၏။ ရယ္လိုက္တိုင္း ေ႐ွ႕သြားေလးႏွစ္ေခ်ာင္း
က သိသာစြာထင္ေပၚေနျခင္းသည္ သူ၏ ထူးျခားခ်က္ဟု
ဆိုရမည္လား။

အဘယ္သို႔ပင္ Barဖြင့္ကာ ေယာက်ာ္းရင့္မာႀကီး တစ္ဦး
သဖြယ္ေနထိုင္ေသာ္ျငား အငံုစိတ္ရိွေသာသူသည္ ေယာက်ာ္း
ေလးေတြကိုႏွစ္သက္တတ္၏။ မ်က္ႏွာသစ္ျခင္းအမူကို
ျပဳမူၿပီးေသာအခါ သီခ်င္းဆိုညည္းလ်က္ ေရခ်ိဳးျခင္းကို
ဆက္လက္လုပ္ေဆာင္လိုက္သည္။

ေရခ်ိဳးၿပီးမွပင္ လူသည္လည္း ျပန္လည္လန္းဆန္းတတ္ႂကြ
လာကာ အေပၚထပ္မွ ေအာက္သို႔ဆင္းခဲ့သည္။ ႏိႈင္းသည္
တစ္ေယာက္တည္း ႀကိဳးစား႐ုန္ကန္၍ ရသမ်ွပိုက္ဆံ
စုကာ ေက်ာင္းၿပီးသည့္ေနာက္ NT Barဟူ၍ ဖြင့္ျဖစ္ခဲ့
သည္။  ပိုက္ဆံခ်မ္းသာသူမဟုတ္သည့္အေလ်ာက္နဂိုေန
သည့္ အိမ္ကိုေရာင္း၍ Barအတြက္အေဆာက္အဦးေဆာက္ခဲ့ရာ ယခုေတာ့ Barက ေအာက္ထပ္ သူက ေခါင္မိုးထပ္ အခန္းေသးေသးေလးမွာ ေန၏။ ေခါင္မိုးထပ္တြင္ လသာေဆာင္ကို ထပ္မံျပဳလုပ္ထားေသးသည္မို႔ သူ႔အခန္းေလးဟာ
လူတစ္ေယာက္ အိပ္ရံုသာရ၏။ ေနာက္မ်ား အဆင္ေျပလာ
ရင္ေတာ့ အိမ္ေလးတစ္လံုးဝယ္ႏိုင္မယ္ထင္ရဲ႕ ။ အခုေတာ့
ျဖစ္သလိုသာ ဘဝကိုႏွစ္ပါးသြားရေပလိမ့္မည္။

ေအာက္ထပ္သ္ို႔ေရာက္သည္ႏွင့္ Barအတြင္း လိုအပ္သည္
မ်ားကို လိုက္လံစစ္ေဆးကာ Kitchen အတြင္းသို႔ ဝင္
ၾကည့္လိုက္သည္။ အသီးအရြက္အသားငါးေတြကို လတ္ဆတ္ေစရန္ တစ္ရက္စာတစ္ရက္ ဝယ္သည္မို႔ ေဟာင္ေလာင္း
ျဖစ္ေနေသာေရခဲေသတၱာကို ၾကည့္႐ွဴလ်က္ ျပန္ပိတ္လိုက္၏။

"ကိုဘိုဘိုတ္ု႔ိ မထေသးဘူးလား"

"ဟုတ္တယ္ ကိုႏိႈင္း chefမထေသးဘူး ကြၽန္ေတာ္
သြားႏိႈးေပးရမလား"

"အင္.. ေစာေတာ့ေစာပါေသးတယ္ 11ေလာက္မွမထရင္ႏိုး
လိုက္ေတာ့။ promotion ဆင္းတဲ့အေနနဲ႔ေစ်းေတြ
ထက္ဝက္ ေလ်ာ့ထားတာ ဒီေန႔လူပိုမ်ားလိမ့္မယ္"

"ဟုတ္ကဲ့ "

ဝန္ထမ္းေကာင္ေလးကို ေျပာၿပီးသည္ႏွင့္ သူ ဘီယာေတြ
ဝိုင္ေတြ သ္ုိေလွာင္ထားသည့္ အခန္းသို႕ ဝင္စစ္ေဆးရျပန္
သည္။ Barျဖစ္သည့္အတြက္ အဓိက က ေသာက္စရာ အလံုအေလာက္ ရိွရမည္ျဖစ္၏။

"ဟူး!!"

လိုအပ္သည့္အမ်ိုးအစားေတြကို ေရတြက္ၾကည့္ရင္း သက္ျပင္းရိွဳက္ရသူက သူသာျဖစ္သည္။ ဝင္ေငြနဲ႔ထြက္ေငြ ကိုက္ညီဖို႔ စစ္ေဆးေပးႏိုင္သည့္ လူတစ္ေယာက္ေတာ့ သူ႔အနားမွာ လိုအပ္သည္။ လက္လြဲစရာ လူမရိွျခင္းဟာ အဆင္ေတာ့သိပ္
မေျပေပ။

စစ္ေဆးစရာမ်ား စစ္ေဆးၿပီးခ်ိန္တြင္ အစာအိမ္မွ တဂြီဂြီ ျမည္
လာလ်က္ ဗိုက္ျဖည့္ေပးရန္ေတာင္းဆိုလာသျဖင့္ ကိုယ္ပိုင္
Click 125ဆိုင္ကယ္ေလးျဖင့္ အျပင္ထြက္ခဲ့သည္။
NT Barပိုင္႐ွင္သည္ အိမ္မရိွကားမရိွႏွင့္ မဟုတ္ေသးပါဘူး
ေလ ဟုေတြးရင္း အေဝးသင္ကာလအခ်ိန္တြင္ ပိုက္ဆံဝင္
ႏိုင္သမ်ွဝင္ေအာင္ သိမ္းၾကံဳးယူထားဖို႕စိတ္ကူးရသည္။
ဒါမွ သူလိုခ်င္သည့္အိမ္နဲ႔ကားေလး ဝယ္ႏိုင္မည္ျဖစ္သည္။

ကိုယ္အၾကာင္းကိုယ္ေတြရင္း ႏိႈင္း ေခါင္းယမ္းမိလ်က္
ေခါက္ဆြဲဆိုင္ သို႔ထြက္ခဲ့၏။အခုခ်ိန္မ်ား ႏိႈင္းတို႔ ကိုယ့္ဝမ္း
ကိုယ္ပင္ သထွာမူ မရိွေပ။

သူ ခါက္ဆြဲဆိုင္ေရာက္သည့္အခ်ိန္တြင္ ဘုန္းထြဋ္ေခါင္လ်ွံ
ဆိုသည့္ေကာင္ေလးအား ေကာင္မေလးတစ္ေယာက္ႏွင့္ တြဲလ်က္ထိုင္ကာ ရယ္ရယ္ေမာေမာစကားေျပာေနသည္ ကို ေတြ႔လိုက္ရ၏။ မေန႔တေန႔ကမွသိေသာ ထိုေကာင္ေလးသည္ ရည္စားရိွသည္ဟုသိရေသာအခါ ရင္ထဲမွေလးလံလို႔လာ၏။ဘာေၾကာင့္မွန္းမသိေသာ္လည္း ထိုေလးလံမူအားေျဖေဖ်ာက္ရန္မလြယ္ကူသျဖင့္ ဆုိင္ထဲက ျပန္ထြက္ျဖစ္ခဲ့သည္။

"ဖြားဖြားတို႔ကို ငါတစ္ေယာက္တည္းရပ္တည္ႏိုင္ေၾကာင္း
သက္ေသျပရဦးမယ္ မင္း စိတ္ေတြမေဖာက္ျပန္နဲ႔"

ႏိႈင္းသည္ ကိုယ့္စိတ္ကိုယ္ဆံုးမလ်က္ မနက္စာ စားျခင္ကို
ေ႐ွာင္လိုက္ကာ ေစ်းသို႔ထြက္ခဲ့လိုက္သည္။ မႏၲေလး မွ
ဖိုးဖိုးဖြားဖြားေတြသည္ ႏိႈင္ကိုတုန္ေနေအာင္ ခ်စ္ၾကသည္မို႔
မိဘေတြမရိွေတာ့သည္ေနာက္ သူတို႔ဆီလာေနဖို႔ရန္
အႀကိမ္ႀကိမ္ ေခၚဆိုခဲ့ေသာ္လည္း ႏိႈင္းသည္ ေယာက်ာ္း
တစ္ဦးျဖစ္ပါလ်က္ မိန္းကေလးမ်ားအား ခ်စ္ခင္စံုမက္၍
မရျခင္းသည္ လူႀကီးမ်ားႏွင့္အတူေနဖို႔ရန္ အဆင္မေျပသည့္ အေၾကာင္းအရာတစ္ခု ျဖစ္ေစသည္။

.............................................................

"ေခါင္ေလး နင့္အသိလား"

အစားကို စိတ္ဝင္စားစြာ စားေနေသာ ေခါင္ေလးသည္
ေႏြး ေမးေငါ့ျပသည့္ေနရာသို႔ လွည့္ၾကည့္သည့္အခ်ိန္တြင္
ေက်ာျပင္ေလးတစ္ခုက္ုိသာ ေတြ႔လိုက္ရေတာ့၏။ စိတ္ထဲတြင္
ေတာ့ မည္သူမည္ဝါဟူ၍ မကြဲေသာ္ျငား ကိုသုတမ်ားလား
ဟုေတြးျဖစ္ေသးသည္။ သို႔ေသာ္လည္း ကိုသုတလို သူေ႒း
က ဒီလိုေနရာေတြမွာ လာစားပါ့မလားဟု စဥ္းစားမိျပန္ေတာ့။

"မသိပါဘူး ဘာလို႔လဲ"

"ဟုတ္လို႔လားဟယ္ နင့္ကိုေသခ်ာႀကိီးၾကည့္ေနတာ ငါလွမ္း
ၾကည့္တာလည္းျမင္ေရာ ျပန္လွည့္သြားတာ"

"နင္အျမင္မွားတာျဖစ္မွာပါဟာ ျမန္ျမန္စား ငါ ECေတြနဲ႔
ခ်ိန္းထားေသးတယ္"

" ကိုယ့္ဟာကိုယ္သြားပါဆိုတာကို ငါ့ကိုလိုက္လိုက္ေခၚေနတယ္ နင္တို႔စကားေျပာေနတာကို ငါက ငုတ္တုတ္ ႀကီး လိုက္ၾကည့္ေနရဦးမယ္"

"နင္ကလည္းေလ ဒီေလာက္ေလးေတာင္မလိုက္ေပးခ်င္ဘူး။
ရတယ္မလိုက္နဲ႔ ငါဘာငါသြားမယ္"

"မလိုက္ခ်င္ဘူးလို႔မေျပာဘူးေလ"

ေခါင္ေလးႏွင့္ေႏြးသည္ မည္သို႔မ်ားသူငယ္ျဖစ္လာသည္မသိ။
အခုခ်ိန္တြင္ ငယ္ကအေၾကာင္းမ်ားျပန္ေျပာရလ်င္ ရယ္ခ်င္
ဖြယ္ရာအတိျဖစ္မည္။ စေတြ႔ကတည္းက ဘုနဲ႔ေဘာက္ရန္
ျဖစ္ေသာ သူမတို႔သည္ အခုခ်ိန္ထိလည္း ဘုနဲ႔ေဘာက္
ျဖစ္လို႔ေကာင္းတုန္းပင္။ သို႔တိုင္ မေခၚမေျပာပဲနဲ႔ေတာ့
ဘယ္သူမွမေနႏိုင္ခဲ့။

စားၿပီးေသာက္ၿပီးသည္ႏွင့္ ေႏြး သည္ ေခါင္ေလး ေခၚရာ
ေနာက္ တစ္ေကာက္ေကာက္လိုက္ေပးလ်က္ ေန႕လည္
ေလာက္မွ အစည္းအေဝးၿပီးကာ အေဆာင္ျပန္ေရာက္
လာၾကေလသည္။

"ငါျပန္ေတာ့မယ္ေနာ္။ညေနက်မွလာေခၚမယ္"

"ေအေအ"

အေဆာင္ေ႐ွ႕ေရာက္သည္အထိ ေႏြးကို ပို႔ေပးၿပီးေနာက္
ေခါင္ေလးက ႏႈတ္ဆက္ကာ ျပန္သြား၏။ ေႏြးသည္လည္း
အေဆာင္ထဲသို႔ ဝင္မည္အျပဳ။

"သိပ္ခ်စ္ေနၾကတယ္ေပါ့ေလ ဟုတ္လား အဟက္"

မရယ္ခ်င္ေသာ္လည္း ညစ္ထုတ္ကာ ရယ္လ်က္ ေကာင္ေလး
တစ္ေယာက္သည္ ေႏြးေ႐ွ႕သို႔ေရာက္လာ၏။ အလြန္ဆံုးရိွမွ first yearေလာက္သာရိွေသာ ထို ေကာင္ေလးသည္
မထီမဲ့ျမင္ မ်က္ႏွာထားျဖင့္ တစ္ခုခုကိုေလွာင္ေျပာင္ခ်င္
သေယာင္ ခနဲ႔ ခ်င္သေယာင္ရိွ၏။

"ဒါနဲ႔ ခင္ဗ်ား သူနဲ႔ ဘယ္ႏွစ္ခါ အိပ္ၿပီးၿပီးလဲ"

ေႏြး ေဒါသ ေထာင္းခနဲ ထြက္သြားတာမွန္၏။ သူမသည္
ထိုေကာင္ေလးကို ျမင္လည္းမျမင္ဖူးသလို သိလည္းမသိေပ။
အခုလို အေဆာင္ေ႐ွ႕တြင္ လာအေျပာခံရျခင္းအတြက္
သူမ ၏ မာနနဲ႔ ဂုသိကၡာ အ႐ွက္တရားက ၿခိမ္းေျခာက္လာ၏။

"မင္း ဘာစကားေတြလာေျပာေနတာလဲ"

"လူစကားေလ ။ ခုနက ခင္ဗ်ားကို လာပို႔တဲ့လူအေၾကာင္း
ခင္ဗ်ား မသိဘူးလား။ က်ဳပ္က သူနဲ႔ သံုးခါေလာက္အိပ္ၿပီးၿပီဗ်
အခုက်ေတာ့ ခင္ဗ်ားေၾကာင့္ က်ဳပ္ကို ပစ္သြားတယ္။ေျပာစမ္းပါ ခင္ဗ်ားက ဘယ္ေလာက္ေကာင္းေနလို႔လဲ"

"ေခါင္ေလးက မင္းနဲ႔အိပ္တယ္"

ေႏြးသည္ သူမကို ယုတ္မာစြာ ေျပာဆိုေနေစကာမူ သူမ
စိတ္ဝင္စာသည့္အရာက ေခါင္ေလးသည္ ေဂးျဖစ္ရံုသာမက
မိမိ ႏွင့္ မ်ိဴးတူေကာင္းေလးငယ္ျဖင့္ အိပ္ေနျခင္း။

သူမ၏ တအံ့တျသ ေရရြတ္ဟန္ကိုေတြ႔သည့္အခါ
ထိုေကာင္ေလးသည္ ေက်နပ္သြားလ်က္ ရယ္သံစြက္ကာ
ဆက္ေျပာလာ၏။

"အဟက္.. မသိဘူးလားခင္ဗ်ားက။ ကိုဘုန္းက က်ဳပ္
တစ္ေယာက္တည္းတင္မဟုတ္ဘူး ေယာက်ာ္းေတြအမ်ားႀကီးနဲ႔ အိပ္တာ"

"ေယာက်ာ္းေတြ...အမ်ားႀကီးနဲ႔"

"ဟုတ္တယ္ေလ တစ္ညကို တစ္ေယာက္ႏႈန္းနဲ႔ "

ႏႈတ္ခမ္းဖ်ားတို႔ လႈပ္ခတ္လို႔ မယံုႏိုင္ျခင္းေတြဟာအဆမတန္
ျပင္းထန္လို႔လာ၏။ သူမ ဟိုေပၚဒီေပၚ ဝတ္လ်ွင္ေတာင္
မႀကိဳက္သည့္ ေခါင္ေလးက ေယာက်ာ္းမ်ားႏွင့္ ေသြးသား
ဆႏၵေတြကို အတူလုပ္ေဆာင္သည္တဲ့လား။

ယိုင္လဲ ခ်င္လာေသာ ခႏၶာကိုယ္က ေဆာင္တည္ရာမရေပ။
စကားေတြဆက္ေျပာေနေသာ ေကာင္ေလး၏ အသံကိုလည္း
သူမ မၾကားေတာ့ ။ ႁခြလွမ္း၍ မရေသာ ေျခလွမ္းတို႔က
တစ္စံုတစ္ခုကို ထိပ္တိုက္ေျပာဆိုဖို႔လိုအပ္ေၾကာင္း အခ်က္ျပ
၏။ အေဆာင္ထဲသို႔ ေျပးဝင္ၿပီး ဆိုင္ကယ္ေသာ့ကိုယူကာ
က်ယ္ဝန္းေသာ ပန္းျခံျဖစ္သည့္ နန္းေဟဝန္အတြင္းသို႔
ေမာင္းလိုက္၏။ စိမ္းလန္းေသာ သစ္ပင္မ်ားသည္ သူမရင္ကို
ေအးခ်မ္မူေတြ မေပးႏိုင္ျဖစ္ရကာ ေခါင္းေလးကို ဖုန္းဆက္ၿပီး
ပန္းျခံလိုက္လာခဲ့ဖို႔ ေခၚလိုက္ရသည္။ငါတို႔ၾကား ဖံုးကြယ္ထား
စရာေတြ ထပ္ရိွေသးတာလားဟာ။

ေႏြးအသံေတြတုန္ယင္ေနခဲ့၍လားေတာ့မသိ ေခါင္းေလး
သည္ ဆိုင္ကယ္ကို ျမန္ျမန္ေမာင္းလို႔ေရာက္ရိွလာ၏။
ဆိုင္ကယ္ေပၚမွဆင္းၿပီး သူမဆီေလ်ွာက္လာေသာ ေခါင္ေလးသည္ ခန္႕ညားမူ ေခ်ာေမာမူကို ေဆာင္ငင္ယူထားေသာ္လည္း
ေယာက်ာ္း အခ်င္းခ်င္း ႀကိဳက္ႏွစ္သက္ရံုမက ေယာက်ာ္း
တကာႏွင့္အိပ္ယာေပၚမွာ ေပ်ာ္ျမဴးေနသည္ဟု ေတြးမိ
သည္ဆိုပါလ်ွင္။

"ေခါင္ေလး နင္ ငါ့ကိုမလိမ္နဲ႔ေနာ္"

"ဘာကိုလိမ္ရမွာလဲ"

စိုးရိမ္တႀကီး ေျပးလာေသာ ေခါင္ေလးမွာ အခုပဲေတြ႔အခုပဲျပန္
အခုပဲ ျပန္ေရာက္လာရသျဖင့္ နဲနဲေတာ့ စိတ္မ႐ွည္ခ်င္ေပ။

"နင္ ေယာက်ာ္း ေတြနဲ႔ ေလွ်ာက္အိပ္ေနတယ္ဆို"

"ဘယ္သူေျပာတာလဲ"

တုန္လႈပ္ကာ လန္႔ဖ်န္႔သြားေသာ ေခါင္ေလးပံုစံက ဟုတ္မွန္
ေၾကာင္းကိုသက္ေသထူ၏။ ေႏြးသည္ မဟုတ္ပါေစနဲ႔လို႔
အႀကိမ္ႀကိမ္ဆုေတာင္းခဲ့သမ်ွ ဒီတစ္ႀကိမ္လည္း
မျပည့္ခဲ့ျပန္ေပ။ဘာလို႔လဲ ေခါင္ေလးရယ္။ ငါသိပ္ခ်စ္တဲ့
နင္က ဘာေၾကာင့္မ်ား ဒီလိုေတြျဖစ္ေနရတာလဲ။

"ငါေျပာမယ္ နင္ေယာက်ာ္း အခ်င္းခ်င္း ႀကိဳက္တယ္။ ရတယ္
ငါလက္ခံတယ္။ ဒါေပမယ့္.. ဒါေပမယ့္ဟာ...နင္ဘာလို႔
ေယာက်ာ္း တိုင္းနဲ႔ လိုက္အိပ္ေနတာလဲ။နင္ က ဖာေခါင္းလား
ဟမ္း!!"

"ငါ..."

"ေျဖေလ  နင္ဖာေခါင္းလားလို႔"

"ငါ..မဟုတ္..."

ေခါင္းေလးမွာ ဘယ္လိုေျဖ႐ွင္းခ်က္ေပးရမည္မသ္ိ။ အမွန္
တရားကို ဝန္ခံဖို႔ ခက္ခဲေသာ သူ႔အတြက္ စကားသံေတြက
လည္ေခ်ာင္းဝမွာ တစ္ဆို႔ေန၏။ေႏြးသည္လည္း စိတ္တိုကာ အသားေတြ တဆတ္ဆတ္ပင္တုန္ယင္လို႔ေနေပၿပီ။

"ငါနင့္ကို ရြံတယ္ေခါင္ေလး။ နင္နဲ႔ငါ ဒီေန႔ကစၿပီး သူငယ္ခ်င္း
ေတြမဟုတ္ေတာ့ဘူး။နင္ ေယာက်ာ္း တကာနဲ႔ေလ်ွာက္အိပ္
ေနသေရြ႕ ငါနဲ႔ဘယ္ေတာ့မွလာမပတ္သတ္နဲ႔"

ေျပာၿပီးသည္ႏွင့္ ေႏြးသည္ ဆိုင္ကယ္ကို အၾကမ္းပတမ္း
ပင္ ေမာင္းလို႔ထြက္လိုက္၏။ ျမန္မာလူမ်ိဳးတစ္ဦးျဖစ္သည့္ သူမသည္ မိမိကိုယ္ကိုယ္တန္ဖိုးထားသလို ကိုယ္ခ်စ္တဲ့လူကိုလည္း တန္ဖိုးရိွေစခ်င္သည္။ တန္ဖိုးကို ဘယ္လိုပိုင္းျဖတ္ သလဲ လို႔ ေမးလ်ွင္ သူမေျဖတတ္မည္မဟုတ္ေသာ္ျငား
ေခါင္ေလး ကိုေတာ့ သူမ သန္႔သန္႔႐ွင္း႐ွင္းႏွင့္ လူေကာင္း
လူမြန္ေလး ျဖစ္ေစခ်င္သည္။

မ်က္ဝန္းအိမ္မွ မ်က္ရည္တို႔ဟာ အတားအဆီးမဲ့က်ဆင္း၏။
သိကြၽမ္းရင္းနီးခဲ့တဲ့ေလးႏွစ္ေက်ာ္ ကာလပတ္လံုး သူမတို႔ဟာ
သူစိမ္းေတြအျဖစ္ ဤကဲ့သို႔ ႏႈတ္ဆတ္လမ္းခြဲရလိမ့္မည္ဟု
မထင္မွတ္ထားခဲ့ဖူးေပ။လမ္းသြားလမ္းလာက လူေတြသည္ သူမအားအထူးအဆန္းသဖြယ္ၾကည့္ခ်ိန္တြင္ ႐ွက္တာေၾကာင့္ မ်က္ရည္ေတြေျပာင္စင္ေအာင္ သုတ္ဖို႔ႀကိဳးစားေသာ္လည္း
အခ်ည္းႏီွးသာျဖစ္၏။ ဒီလိုအခ်ိန္တြင္ ေနရာတကာ
သံေယာဇဥ္ ႀကီးတတ္လြန္းေသာ သူမကိုယ္သူမ အားရမူ
မရိွေပ။

ငါတို႔ဒီလိုပဲ အဆံုးသတ္ၾကရေတာ့မွာလားဟာ။

..................................................

ေခါင္ေလးသည္ မ်က္ႏွာအား ခပ္ၾကမ္းၾကမ္းဖိပြတ္ေနမိသည္
မွာ ဘယ္ႏွစ္ႀကိမ္ေျမာက္မွန္းမသိ။

"ဖာေခါင္းလား!!"

ေႏြးအသံက နားထဲမွာ ပဲ့တင္ထပ္လို႔ ျမည္၏။ ဤစကားလံုး
အား သူ sexလုပ္ေနသည့္ကာလတစ္ေလ်ွာက္ ေတြးေတာင္ မေတြးမိခဲ့ေပ။ ေယာက်ာ္း ျဖစ္ပါလ်က္ ေအာင့္အီးမ်ိဳသိပ္မထားနိုင္ေသာ ရင္တြင္းဝမ္းနည္းမူက လိႈက္တတ္လာ၏။ မ်က္ရည္ေတြျဖင့္ ျပန္သြားေသာ ေႏြးသည္ အေဆာင္ျပန္ေရာက္
လ်ွင္ အားရပါးရေအာ္ငိုဦးမည္ကို သူသိသည္။ လိုက္ေခ်ာ့ဖို႔
ရန္ပင္အားမရိွေသာေျခေထာက္တို႔က ေနရာမွာပင္ ဖင္ထိုင္
လ်က္ လဲက်လို႔ေန၏။ စိုစြတ္စြတ္ ျမတ္ခင္းျပင္၏ ေအးစက္စက္အထိအေတြမွာ sexလုပ္ျခင္းတြင္ ေပ်ာ္ေမြ႔မိေသာ
မိမိကိုယ္ကို စိတ္နာရသည္။

ျမက္စိမ္းႏုေတြကို ခပ္တင္းတင္းဆြဲၿပီး အံ့ႀကိတ္ထားရတာ
သြားဖံုးေတြပင္ နာလို႔လာသည္။

"ငါ ဘာလုပ္ရမွာလဲ ေႏြး။ ငါဖာေခါင္းျဖစ္ေနတယ္ဆိုရင္
အဲ့ဒီဖာေခါင္းကို ဘယ္သူက ရပ္တန္႔ေပးမွာလဲ"

..............................................................

Love u all💚💚💚💚

ဒီေန႔က ႏိႈင္းနဲ႔ေခါင္ေလးရဲ႕ေမြးေန႔။ ၿပီးေတာ့ ကိုယ့္ေမြးေန႔။
(18.11.2019)။



Continue Reading

You'll Also Like

441K 33.7K 47
ႏွစ္ေပါင္းမ်ားစြာကြဲကြာေနၾကေသာ အမႊာညီအစ္ကိုႏွစ္ေယာက္ ေ႐ွး႐ိုးရာ နဲ႔ ေ႐ွး႐ိုးဂုဏ္ မေတာ္တဆမႈတစ္ခုေၾကာင့္ ကိုမာဝင္သြားေသာ ညီျဖစ္သူ၏ ေနရာသို႔ အစားထိုးဝင္...
404K 54.3K 61
နန်းမြို့ရိုး၏ ချစ်ခြင်း အလင်္ကာရဲ့ အဆက်ပါ။ Completed
1.7M 95K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
4.5K 367 40
အစ်ကို့ရဲ့မေတ္တာက ညီလေးတစ်ယောက်ထက်မပိုပါဘူးလို့ ဘုရားမှာသာကျိန်ပြရမယ်ဆို အစ်ကိုတော့ ကျမ်းဆူးပြီးတမလွန်မှာ မင်းကိုလွမ်းနေတော့မှာပဲ 🍀သက်ဝေအောင် ကျွန်တ...