ေဆာင္းအကုန္ ေႏြအကူး ။ ရြက္ေဟာင္းေႂကြလို႔
ရြက္သစ္တို႔ အႀကိမ္ႀကိမ္ဖူးထြက္စျပဳခဲ့ၿပီ ။
ဥတုရာသီ သံုးရာသီ ။ တစ္ဥတုဆီ လွည့္ေျပာင္း ။
ေရြ႔လ်ားေနေသာ အခ်ိန္နာရီေနာက္ အေဖာ္အျဖစ္
လိုက္ပါသြားခဲ့ေသာအမွတ္တရႏွင့္ ပ်ိဳရြယ္မႈတစ္ခ်ိဳ႕
တို႔ ။
ေျပာင္းလဲလာခဲ့ေသာ ေျပာင္းလဲမႈတို႔ ။ မ်က္စိတမိွတ္
အတြင္း မယံုၾကည္နိုင္စရာ ။
" ကိုကို "
အရင္တုန္းကလို 'တိုတို' မဟုတ္ေတာ့သည့္ ပီပီသသ
ထြက္လာခဲ့ေသာ ေခၚသံေလး ။
႐ုတ္ခ်ည္းဆိုသလို မ်က္ႏွာထက္ ဖူးပြင့္လာေသာ
အျပံဳးပန္းေလးတစ္ပြင့္ ။ ေရခဲ႐ိုက္ကာ မ်က္ႏွာပိုး
ကို အလ်င္သတ္၍ ။ ေျခစံုရပ္ေနရာမွ အေနာက္သို႔
သမင္လည္ျပန္ေလး လွည့္ၾကည့္လိုက္ေသာ ၁၃ႏွစ္
သားအရြယ္ကိုေက်ာ္လြန္၍၁၇ႏွစ္သားသို႔ေရာက္ရိွလို႔
လာခဲ့ေသာ လူပ်ိဳေပါက္ ပတ္ခ်န္းေယာလ္ ။
ထံုးစံအတိုင္း ျဖဴေဖြးေသာသြားညီညီေလးေတြအကုန္
ေပၚသည္အထိသူ႔ကိုျပံဳးရယ္ျပေနေသာဦးေခါင္းထက္
ေပ်ာက္ကြယ္သြားျခင္းမရိွေသာၾကက္ေတာင္စည္းေလး
ႏွစ္ဖက္ႏွင့္ ယခင္ကလို၉ႏွစ္သားေပါက္စမဟုတ္ေတာ့
သည့္ ၁၃ႏွစ္သား ေပါက္စ ။
" ဘာလဲ "
ထံုးစံအတိုင္း ေလသံမာမာႏွင့္သာ သူ ျပန္ေမးမိသည္ ။
ဘယ္လိုျပဳျပင္ ၊ ျပဳျပင္ ။ ျပင္မရတဲ့အက်င့္ဆိုးထဲ အႏွီ
ေပါက္စအား ေလသံမာမာႏွင့္သာ စကားျပန္ေျပာတတ္
သည့္အက်င့္ဆိုးမွာ ထိပ္ဆံုး၌ဝယ္ အစဥ္ဗိုလ္ဆြဲလို႔ေန ။
" ဗိုက္ဆာတယ္ "
အလယ္တန္းေရာက္ေနတာေတာင္ ႀကီးေကာင္
ၾကီးမားႀကီးႏွင့္ေက်ာင္းကန္တင္းတြင္ သူ႔ကိုေတြ႔
တိုင္းေျပးေျပး မခြဲ်ရရင္ အိပ္မေပ်ာ္ ၊ စားမဝင္တဲ့
ေပါက္စ ။
လက္ထဲကကိုင္ထားတဲ့ အေမျဖစ္သူ ထည့္ေပး
လိုက္တဲ့ထမင္းဘူးက အလွၾကည့္ဖို႔သက္သက္
အတြက္မ်ား ေအာင္းေမ့ေနသလား မသိ ။
" ဗိုက္ဆာရင္ ထမင္းဘူးဖြင့္စားလိုက္ေပါ့ "
" အဟက္ ဟားဟားး .. ဟားဟားး "
ခ်န္းေယာလ္ စကားတစ္ခြန္းတည္းနွင့္ ၾကက္ၾကီး
လည္နင္သလိုအႀကီးႀကီးနင္သြားခဲ့ရသည့္အေရး ။
သူ႔ နံေဘးကပါးစပ္ႀကီးျပဲၿပီး သူ႔အား,အားမနာတမ္း
ဟားတိုက္၍ရယ္ေမာေနေသာ ဂ်ံဳအင္အား ေပါက္စ
ဒိုင္းခနဲ ပါပီမ်က္ေစာင္းတို႔ ပစ္ထိုးလိုက္ကာ ...
" ငါ့ကို ရယ္ခ်င္ဦး .. အြင့္ "
အေ႐ွ႕တြင္ ဗူးအဖံုးပြင့္လ်က္ရိွေသာ ဒါေယာင္းတို႔
အႀကိဳက္ ။ င႐ုတ္သီးအႏွစ္ဗူးထဲမွင႐ုတ္သီးအနွစ္
တို႔ကို တစ္ဇြန္းခပ္ယူျပီး အျမင္ကပ္ကပ္ျဖင့္ဟထား
ေသာ ဂ်ံဳအင္ပါးစပ္ထဲသို႔ ေပါက္စ ခြံ႔ေပးလိုက္ေတာ့
စပ္လို႔ဆိုကာ နီရဲေနေသာ မ်က္ႏွာႀကီးႏွင့္ ထေအာ္
ေသာ ဂ်ံဳအင္၏ ျပာယာခတ္ျပမႈအေပါင္းတို႔ကိုၾကည့္
ျပီး ေဂ်ာင္ဆူးႏွင့္ဒါေယာင္းတို႔မွာေတာ့သေဘာက်၍
ၾကိတ္ခိုးျပံဳးရယ္မိသည္ ။
ထို႔ေနာက္ င႐ုတ္သီးစပ္လို႔ ရွဴး႐ွဲ ၊ ႐ွဴး႐ွဲေအာ္ေနရေသာ
ဂ်ံဳအင္ျဖစ္ပ်က္ေနတဲ့ပံုကို ေဂ်ာင္ဆူးႏွင့္ဒါေယာင္းတို႔မွာ
သနား၍ နႈတ္ဆိတ္လ်က္ ထိုင္မၾကည့္ႏိုင္ေတာ့သည့္
အဆံုး ။
သူတို႔ လက္ထဲရိွ ေန႔လည္စာစားၿပီးရင္ အခ်ိဳတည္းဖို႔
ရည္ရြယ္ထားေသာ အသည္းပံု သၾကားလံုးေလးကို
ေဖာက္၍ စပ္လြန္းလို႔ေအာ္ေနေသာ ညီငယ္ျဖစ္သူ ၊
ေမာင္ငယ္ျဖစ္သူ ဂ်ံဳအင္အစပ္ေျပေအာင္ ပါးစပ္ထဲသို႔
ႏွစ္ေယာက္သား ေ႐ွ႕ဆင့္ေနာက္ဆင့္ပင္ခြံ႔ေကြၽးလိုက္
ေတာ့သည္ ။
_________________________________
" ကိုကို "
ၾကားရျပန္ၿပီ ။ ေခၚသံ ေသးေသးေလး ။
ေသာ့ခတ္ထားေသာ စက္ဘီးအား ေသာ့ဖြင့္လိုက္ၿပီး
စက္ဘီးေဒါက္အား ေျချဖင့္တစ္ခ်က္ပင့္တင္လိုက္ၿပီး
ထံုးစံအတိုင္းေက်ာေပးရပ္ထားေသာ အေနာက္ေက်ာ
ဘက္သို႔ သမင္လည္ျပန္ေလး လွည့္ၾကည့္လိုက္ေတာ့ ။
တစ္ေန႔ကို ဆယ္ၾကိမ္ ၊ ဆယ္ခါမက ။ အခ်ိန္တိုင္း ။
ေနရာတိုင္း ။ နာရီတိုင္း ။ မိနစ္တိုင္း ။ စကၠန္႔တိုင္း ။
အျမဲတေစၦ ေတြ႔ျမင္ေနရေသာ ေပါက္စ ။
ေခါင္းေပၚမွာလည္း ဘယ္ေတာ့မွ ေပ်ာက္ကြယ္
သြားျခင္းမရိွတဲ့ ၾကက္ေတာင္စည္းေလး နွစ္ခုႏွင့္ ။
ငယ္ငယ္တုန္းက ၾကက္ေတာင္စည္း ႏွစ္ခု စည္းေပးမိၿပီး
ထိုၾကက္ေတာင္စည္းေလးႏွစ္ခုႏွင့္ ' လိုက္တယ္ ခ်စ္စရာ
ေလး ' လို႔ ေျပာမိတဲ့ ကိုယ့္ကိုယ္ကိုယ္သာ ခ်န္းေယာလ္
ျပန္အျပစ္တင္မိသည္ ။
အေတြးထဲ နယ္ခ်ဲ႕လို႔ အဆံုး ။ အသိစိတ္တို႔ ကမ္းကပ္
အၿပီး ။ သိလိုက္ရသည့္ အသိ ။ သူ႔ စက္ဘီး အေနာက္
ထိုင္ခံုတြင္ ေပါက္စတစ္ေယာက္ တက္ထိုင္ေနၿပီးသား
ျဖစ္ျခင္း ။
" ဒီေန႔ကိုကိုနဲ႔အတူအိမ္လိုက္ျပန္္မယ္ေနာ္ "
" ျပန္ေနက်သူနဲ႕ဘာလို႔အတူမျပန္တာလဲ "
" နီနီနဲ႔အတူ မျပန္တာမဟုတ္ပါဘူး ကိုကိုရဲ႕
နီနီက ဒီေန႔အကေလ့က်င့္စရာရိွလို႔ အဲ့ဒါေၾကာင့္
အတူျပန္လို႔မရတာ "
နႈတ္ခမ္းေထာ္ကာ အက်ိဳးအေၾကာင္း ရွင္းလင္းေျပာ
ျပေနေသာ ညီျဖစ္သူဂ်ံဳအင္နွင့္အတူ မျပန္ျဖစ္ေသာ
အေၾကာင္းတို႔အား သူမၾကားႏိုင္ ။
အခုအခ်ိန္မွာ ေဆာင္းတြင္းႀကီး ဒီေလာက္ေအးတာကို
မာဖလာေလးတစ္ထည္ေတာင္မယူလာႏိုင္တဲ့အေအး
ဓာတ္ၿပီးေနေသာ ေပါက္စေခါင္းေလးကို ခပ္နာနာေလး
ထုၿပီး ဆူခ်င္မိတာပဲ သူသိတယ္ ။
" ေဆာင္းၿပီးေနတယ္ေပါ့ ဟုတ္လား "
လည္ပင္းသို႔ မာဖလာအျပာေရာင္ေလးကို ပတ္ေပးရင္း
ေလသံမာမာျဖင့္ ေျပာလိုက္ေတာ့ မ်က္လံုးဝိုင္းဝိုင္းေတြ
ႏွင့္ လူကိုျပဴးၾကည့္ၿပီး ႐ိုးရာမပ်က္ ေပါေတာေတာအ႐ူး
အျပံဳးေလးေတြသာျပန္ျပံဳးျပေလသည္ ။
" စိတ္ပူတယ္ေပါ့ .. ကိုကိုကေလ "
႐ုတ္တရက္ဆိုသလို သူ႔ခါးထက္လက္ေသးေသးေလး
တစ္စံုျဖင့္သုိင္းဖက္လာလ်က္သူ႔ရင္ဘတ္ေပၚသို႔ေမးဖ်ား
ေလး မွီေထာက္ကာ သူ႔အားရင္ခြင္ထဲမွေခါင္းေလးေမာ့
ၾကည့္လာၿပီး ။ အရြယ္ေရာက္လာတာႏွင့္ဟိုမလြတ္ ၊ ဒီ
မလြတ္ ။ ၾကက္သီးထစရာ အရူးစကားေတြ သိပ္ေျပာ
တတ္လာေသာ ေပါက္စဟာ ငယ္ငယ္တုန္းက ခ်စ္ဖို႔
ေကာင္းသေလာက္ ။ ႀကီးလာေတာ့ ဘာလို႔ေသာက္ရမ္း
ေတြ အျမင္ကပ္ဖို႔ ေကာင္းသြားရသလဲ မသိ ။
" စိတ္ကူးေတြယဥ္မေနနဲ႔ .. စိတ္မပူေပးဘဲ ဒီအတိုင္း
ပစ္ထားလိုက္လို႔ ရတယ္ ေတာ္ၾကာ ကိုယ္က မသိခ်င္
ေယာင္ေဆာင္ၿပီးပစ္ထားလိုက္လို႔ အေအးမိၿပီး ဖ်ားသြား
ခဲ့ရင္ ကိုယ့္ေၾကာင့္နဲ႔ အမႈပတ္ရမ္းျပီး အလုပ္ရႈပ္ရမယ့္
လူေတြက တစ္ပံုတစ္ပင္ႀကီးျဖစ္သြားမွာမို႔ "
" ပစ္ထားရက္ေပါ့ .. ကိုကိုကေလ .. တကယ္ႀကီး "
မ်က္ေတာင္တဖ်တ္ဖ်တ္ ခတ္ေနမိေသာ သူ႔မ်က္ဝန္း
အစံုအား ေစ့ေစ့စိုက္ၾကည့္ရင္း အထြန္႔ထပ္တက္ျပ
လာျပန္ေလရဲ႕ ။
ဘယ္လိုဟာေလးမွန္းကို မသိ ။
ေျပာေလကဲေလ မန္းေလးျပဲေလနဲ႔ ။
" ဟင္ ! ကိုကို .. တကယ္ႀကီးလားလို႔ ? "
အေျဖျပန္မရမခ်င္း ဆက္တိုက္ေမးျမဲသာေမးေန
ေသာ ေပါက္စနဖူးအား လက္ညွိဳးေလးျဖင့္ ခပ္နာ
နာေလး ေတာက္ခ်လိုက္ေတာ့ ...
" အ့ ! .. ကိုကို !! "
နာသြားတဲ့နဖူးျပင္ေလးကို လက္ဖဝါးေလးျဖင့္ဖိအုပ္ၿပီး
အီးညစ္မရလို႔ ေဒါကန္ေနတဲ့ ပါပီ မ်က္ႏွာေပးေလးႏွင့္
သ႔ူကို နႈတ္ခမ္းေလးဆူေထာ္ၿပီး ၿဂိဳလ္ၾကည့္ျပန္ၾကည့္
လာ၏ ။
အသက္သာ တစ္ႏွစ္ျပီးတစ္ႏွစ္ ၾကီးႀကီးသြားတယ္ ။
အက်င့္ကတစ္ခုမွမေျပာင္းလဲသြားတဲ့အျပင္ ။
ႀကီးေကာင္ဝင္သြားတဲ့႐ုပ္မွာလည္းလံုးဝမေျပာင္း
လဲသြား ။ ယခင္ ငယ္႐ုပ္အတိုင္း ခ်စ္စရာေကာင္း
ျမဲ ။
" အ႐ူးစကားေတြရပ္ .. ခါးကိုေသခ်ာဖက္ထား
ျပန္မယ္ "
ခါးေပၚထက္က လက္ေသးေသးေလးတစ္စံုအား
လက္တစ္ဖက္ျဖင့္ျပန္ဆုပ္ကိုင္ရင္းစက္ဘီးလက္
ကိုင္အား လက္တစ္ဖက္ျဖင့္ ဟန္ထိန္းရင္းအိမ္သို႔
ျပန္လာခဲ့ေသာ ေကာင္ေလးႏွစ္ဦး ။
စက္ဘီးေျခနင္းခံုေလးကိုပံုမွန္ေလးနင္းရင္း မ်က္ႏွာ
ျပင္ထက္သို႔ လာေရာက္တိုက္ခတ္လာေသာ ေလျပည္
ေလညင္းေလးတို႔ကို အျပံဳးမ်က္လံုးေမွးေမွးေလးေတြႏွင့္
ခံယူရင္း ၾကိတ္ခိုးဖူးပြင့္ေနေသာ ေကာင္ေလး တစ္ဦး၏
အျပံဳးပန္းေလး တစ္ပြင့္အား ေတြ႔ကံမပါခဲ့ေသာ စက္ဘီး
အေနာက္ခံုတြင္ နႈတ္ခမ္းေလးဆူလ်က္ လိုက္ပါခဲ့ေသာ
ေကာင္ေလး တစ္ဦး ။
ဝဲဘက္ရင္ဖိုမွ တဒုတ္ဒုတ္ႏွင့္ ထပ္တူက်ေနေသာ
ႏွစ္ဦးသား၏ ရင္ခုန္သံတို႔ ။
မအပ္စပ္ေသာ ေခါင္းစဥ္ အသီးသီးတို႔တပ္ဆင္ကာ
နားလည္ေျဖ႐ွင္းသိရိွႏိုင္ရန္ သေကၤတ ၊ ပံုေသနည္း
တို႔ မွားယြင္းေနဆဲ ။
_________________________________
ဆက္ရန္ . . .
5.11.2019
REN JO JO
_________________________________
ဆောင်းအကုန် နွေအကူး ။ ရွက်ဟောင်းကြွေလို့
ရွက်သစ်တို့ အကြိမ်ကြိမ်ဖူးထွက်စပြုခဲ့ပြီ ။
ဥတုရာသီ သုံးရာသီ ။ တစ်ဥတုဆီ လှည့်ပြောင်း ။
ရွေ့လျားနေသော အချိန်နာရီနောက် အဖော်အဖြစ်
လိုက်ပါသွားခဲ့သောအမှတ်တရနှင့် ပျိုရွယ်မှုတစ်ချို့
တို့ ။
ပြောင်းလဲလာခဲ့သော ပြောင်းလဲမှုတို့ ။ မျက်စိတမှိတ်
အတွင်း မယုံကြည်နိုင်စရာ ။
" ကိုကို "
အရင်တုန်းကလို 'တိုတို' မဟုတ်တော့သည့် ပီပီသသ
ထွက်လာခဲ့သော ခေါ်သံလေး ။
ရုတ်ချည်းဆိုသလို မျက်နှာထက် ဖူးပွင့်လာသော
အပြုံးပန်းလေးတစ်ပွင့် ။ ရေခဲရိုက်ကာ မျက်နှာပိုး
ကို အလျင်သတ်၍ ။ ခြေစုံရပ်နေရာမှ အနောက်သို့
သမင်လည်ပြန်လေး လှည့်ကြည့်လိုက်သော ၁၃နှစ်
သားအရွယ်ကိုကျော်လွန်၍၁၇နှစ်သားသို့ရောက်ရှိလို့
လာခဲ့သော လူပျိုပေါက် ပတ်ချန်းယောလ် ။
ထုံးစံအတိုင်း ဖြူဖွေးသောသွားညီညီလေးတွေအကုန်
ပေါ်သည်အထိသူ့ကိုပြုံးရယ်ပြနေသောဦးခေါင်းထက်
ပျောက်ကွယ်သွားခြင်းမရှိသောကြက်တောင်စည်းလေး
နှစ်ဖက်နှင့် ယခင်ကလို၉နှစ်သားပေါက်စမဟုတ်တော့
သည့် ၁၃နှစ်သား ပေါက်စ ။
" ဘာလဲ "
ထုံးစံအတိုင်း လေသံမာမာနှင့်သာ သူ ပြန်မေးမိသည် ။
ဘယ်လိုပြုပြင် ၊ ပြုပြင် ။ ပြင်မရတဲ့အကျင့်ဆိုးထဲ အနှီ
ပေါက်စအား လေသံမာမာနှင့်သာ စကားပြန်ပြောတတ်
သည့်အကျင့်ဆိုးမှာ ထိပ်ဆုံး၌ဝယ် အစဉ်ဗိုလ်ဆွဲလို့နေ ။
" ဗိုက်ဆာတယ် "
အလယ်တန်းရောက်နေတာတောင် ကြီးကောင်
ကြီးမားကြီးနှင့်ကျောင်းကန်တင်းတွင် သူ့ကိုတွေ့
တိုင်းပြေးပြေး မခွဲျရရင် အိပ်မပျော် ၊ စားမဝင်တဲ့
ပေါက်စ ။
လက်ထဲကကိုင်ထားတဲ့ အမေဖြစ်သူ ထည့်ပေး
လိုက်တဲ့ထမင်းဘူးက အလှကြည့်ဖို့သက်သက်
အတွက်များ အောင်းမေ့နေသလား မသိ ။
" ဗိုက်ဆာရင် ထမင်းဘူးဖွင့်စားလိုက်ပေါ့ "
" အဟက် ဟားဟားး .. ဟားဟားး "
ချန်းယောလ် စကားတစ်ခွန်းတည်းနှင့် ကြက်ကြီး
လည်နင်သလိုအကြီးကြီးနင်သွားခဲ့ရသည့်အရေး ။
သူ့ နံဘေးကပါးစပ်ကြီးပြဲပြီး သူ့အား,အားမနာတမ်း
ဟားတိုက်၍ရယ်မောနေသော ဂျုံအင်အား ပေါက်စ
ဒိုင်းခနဲ ပါပီမျက်စောင်းတို့ ပစ်ထိုးလိုက်ကာ ...
" ငါ့ကို ရယ်ချင်ဦး .. အွင့် "
အရှေ့တွင် ဗူးအဖုံးပွင့်လျက်ရှိသော ဒါယောင်းတို့
အကြိုက် ။ ငရုတ်သီးအနှစ်ဗူးထဲမှငရုတ်သီးအနှစ်
တို့ကို တစ်ဇွန်းခပ်ယူပြီး အမြင်ကပ်ကပ်ဖြင့်ဟထား
သော ဂျုံအင်ပါးစပ်ထဲသို့ ပေါက်စ ခွံ့ပေးလိုက်တော့
စပ်လို့ဆိုကာ နီရဲနေသော မျက်နှာကြီးနှင့် ထအော်
သော ဂျုံအင်၏ ပြာယာခတ်ပြမှုအပေါင်းတို့ကိုကြည့်
ပြီး ဂျောင်ဆူးနှင့်ဒါယောင်းတို့မှာတော့သဘောကျ၍
ကြိတ်ခိုးပြုံးရယ်မိသည် ။
ထို့နောက် ငရုတ်သီးစပ်လို့ ရှူးရှဲ ၊ ရှူးရှဲအော်နေရသော
ဂျုံအင်ဖြစ်ပျက်နေတဲ့ပုံကို ဂျောင်ဆူးနှင့်ဒါယောင်းတို့မှာ
သနား၍ နှုတ်ဆိတ်လျက် ထိုင်မကြည့်နိုင်တော့သည့်
အဆုံး ။
သူတို့ လက်ထဲရှိ နေ့လည်စာစားပြီးရင် အချိုတည်းဖို့
ရည်ရွယ်ထားသော အသည်းပုံ သကြားလုံးလေးကို
ဖောက်၍ စပ်လွန်းလို့အော်နေသော ညီငယ်ဖြစ်သူ ၊
မောင်ငယ်ဖြစ်သူ ဂျုံအင်အစပ်ပြေအောင် ပါးစပ်ထဲသို့
နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့်ပင်ခွံ့ကျွေးလိုက်
တော့သည် ။
_________________________________
" ကိုကို "
ကြားရပြန်ပြီ ။ ခေါ်သံ သေးသေးလေး ။
သော့ခတ်ထားသော စက်ဘီးအား သော့ဖွင့်လိုက်ပြီး
စက်ဘီးဒေါက်အား ခြေဖြင့်တစ်ချက်ပင့်တင်လိုက်ပြီး
ထုံးစံအတိုင်းကျောပေးရပ်ထားသော အနောက်ကျော
ဘက်သို့ သမင်လည်ပြန်လေး လှည့်ကြည့်လိုက်တော့ ။
တစ်နေ့ကို ဆယ်ကြိမ် ၊ ဆယ်ခါမက ။ အချိန်တိုင်း ။
နေရာတိုင်း ။ နာရီတိုင်း ။ မိနစ်တိုင်း ။ စက္ကန့်တိုင်း ။
အမြဲတစ္ဆေ တွေ့မြင်နေရသော ပေါက်စ ။
ခေါင်းပေါ်မှာလည်း ဘယ်တော့မှ ပျောက်ကွယ်
သွားခြင်းမရှိတဲ့ ကြက်တောင်စည်းလေး နှစ်ခုနှင့် ။
ငယ်ငယ်တုန်းက ကြက်တောင်စည်း နှစ်ခု စည်းပေးမိပြီး
ထိုကြက်တောင်စည်းလေးနှစ်ခုနှင့် ' လိုက်တယ် ချစ်စရာ
လေး ' လို့ ပြောမိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ ချန်းယောလ်
ပြန်အပြစ်တင်မိသည် ။
အတွေးထဲ နယ်ချဲ့လို့ အဆုံး ။ အသိစိတ်တို့ ကမ်းကပ်
အပြီး ။ သိလိုက်ရသည့် အသိ ။ သူ့ စက်ဘီး အနောက်
ထိုင်ခုံတွင် ပေါက်စတစ်ယောက် တက်ထိုင်နေပြီးသား
ဖြစ်ခြင်း ။
" ဒီနေ့ကိုကိုနဲ့အတူအိမ်လိုက်ပြန်မယ်နော် "
" ပြန်နေကျသူနဲ့ဘာလို့အတူမပြန်တာလဲ "
" နီနီနဲ့အတူ မပြန်တာမဟုတ်ပါဘူး ကိုကိုရဲ့
နီနီက ဒီနေ့အကလေ့ကျင့်စရာရှိလို့ အဲ့ဒါကြောင့်
အတူပြန်လို့မရတာ "
နှုတ်ခမ်းထော်ကာ အကျိုးအကြောင်း ရှင်းလင်းပြော
ပြနေသော ညီဖြစ်သူဂျုံအင်နှင့်အတူ မပြန်ဖြစ်သော
အကြောင်းတို့အား သူမကြားနိုင် ။
အခုအချိန်မှာ ဆောင်းတွင်းကြီး ဒီလောက်အေးတာကို
မာဖလာလေးတစ်ထည်တောင်မယူလာနိုင်တဲ့အအေး
ဓာတ်ပြီးနေသော ပေါက်စခေါင်းလေးကို ခပ်နာနာလေး
ထုပြီး ဆူချင်မိတာပဲ သူသိတယ် ။
" ဆောင်းပြီးနေတယ်ပေါ့ ဟုတ်လား "
လည်ပင်းသို့ မာဖလာအပြာရောင်လေးကို ပတ်ပေးရင်း
လေသံမာမာဖြင့် ပြောလိုက်တော့ မျက်လုံးဝိုင်းဝိုင်းတွေ
နှင့် လူကိုပြူးကြည့်ပြီး ရိုးရာမပျက် ပေါတောတောအရူး
အပြုံးလေးတွေသာပြန်ပြုံးပြလေသည် ။
" စိတ်ပူတယ်ပေါ့ .. ကိုကိုကလေ "
ရုတ်တရက်ဆိုသလို သူ့ခါးထက်လက်သေးသေးလေး
တစ်စုံဖြင့်သိုင်းဖက်လာလျက်သူ့ရင်ဘတ်ပေါ်သို့မေးဖျား
လေး မှီထောက်ကာ သူ့အားရင်ခွင်ထဲမှခေါင်းလေးမော့
ကြည့်လာပြီး ။ အရွယ်ရောက်လာတာနှင့်ဟိုမလွတ် ၊ ဒီ
မလွတ် ။ ကြက်သီးထစရာ အရူးစကားတွေ သိပ်ပြော
တတ်လာသော ပေါက်စဟာ ငယ်ငယ်တုန်းက ချစ်ဖို့
ကောင်းသလောက် ။ ကြီးလာတော့ ဘာလို့သောက်ရမ်း
တွေ အမြင်ကပ်ဖို့ ကောင်းသွားရသလဲ မသိ ။
" စိတ်ကူးတွေယဉ်မနေနဲ့ .. စိတ်မပူပေးဘဲ ဒီအတိုင်း
ပစ်ထားလိုက်လို့ ရတယ် တော်ကြာ ကိုယ်က မသိချင်
ယောင်ဆောင်ပြီးပစ်ထားလိုက်လို့ အအေးမိပြီး ဖျားသွား
ခဲ့ရင် ကိုယ့်ကြောင့်နဲ့ အမှုပတ်ရမ်းပြီး အလုပ်ရှုပ်ရမယ့်
လူတွေက တစ်ပုံတစ်ပင်ကြီးဖြစ်သွားမှာမို့ "
" ပစ်ထားရက်ပေါ့ .. ကိုကိုကလေ .. တကယ်ကြီး "
မျက်တောင်တဖျတ်ဖျတ် ခတ်နေမိသော သူ့မျက်ဝန်း
အစုံအား စေ့စေ့စိုက်ကြည့်ရင်း အထွန့်ထပ်တက်ပြ
လာပြန်လေရဲ့ ။
ဘယ်လိုဟာလေးမှန်းကို မသိ ။
ပြောလေကဲလေ မန်းလေးပြဲလေနဲ့ ။
" ဟင် ! ကိုကို .. တကယ်ကြီးလားလို့ ? "
အဖြေပြန်မရမချင်း ဆက်တိုက်မေးမြဲသာမေးနေ
သော ပေါက်စနဖူးအား လက်ညှိုးလေးဖြင့် ခပ်နာ
နာလေး တောက်ချလိုက်တော့ ...
" အ့ ! .. ကိုကို !! "
နာသွားတဲ့နဖူးပြင်လေးကို လက်ဖဝါးလေးဖြင့်ဖိအုပ်ပြီး
အီးညစ်မရလို့ ဒေါကန်နေတဲ့ ပါပီ မျက်နှာပေးလေးနှင့်
သ့ူကို နှုတ်ခမ်းလေးဆူထော်ပြီး ဂြိုလ်ကြည့်ပြန်ကြည့်
လာ၏ ။
အသက်သာ တစ်နှစ်ပြီးတစ်နှစ် ကြီးကြီးသွားတယ် ။
အကျင့်ကတစ်ခုမှမပြောင်းလဲသွားတဲ့အပြင် ။
ကြီးကောင်ဝင်သွားတဲ့ရုပ်မှာလည်းလုံးဝမပြောင်း
လဲသွား ။ ယခင် ငယ်ရုပ်အတိုင်း ချစ်စရာကောင်း
မြဲ ။
" အရူးစကားတွေရပ် .. ခါးကိုသေချာဖက်ထား
ပြန်မယ် "
ခါးပေါ်ထက်က လက်သေးသေးလေးတစ်စုံအား
လက်တစ်ဖက်ဖြင့်ပြန်ဆုပ်ကိုင်ရင်းစက်ဘီးလက်
ကိုင်အား လက်တစ်ဖက်ဖြင့် ဟန်ထိန်းရင်းအိမ်သို့
ပြန်လာခဲ့သော ကောင်လေးနှစ်ဦး ။
စက်ဘီးခြေနင်းခုံလေးကိုပုံမှန်လေးနင်းရင်း မျက်နှာ
ပြင်ထက်သို့ လာရောက်တိုက်ခတ်လာသော လေပြည်
လေညင်းလေးတို့ကို အပြုံးမျက်လုံးမှေးမှေးလေးတွေနှင့်
ခံယူရင်း ကြိတ်ခိုးဖူးပွင့်နေသော ကောင်လေး တစ်ဦး၏
အပြုံးပန်းလေး တစ်ပွင့်အား တွေ့ကံမပါခဲ့သော စက်ဘီး
အနောက်ခုံတွင် နှုတ်ခမ်းလေးဆူလျက် လိုက်ပါခဲ့သော
ကောင်လေး တစ်ဦး ။
ဝဲဘက်ရင်ဖိုမှ တဒုတ်ဒုတ်နှင့် ထပ်တူကျနေသော
နှစ်ဦးသား၏ ရင်ခုန်သံတို့ ။
မအပ်စပ်သော ခေါင်းစဉ် အသီးသီးတို့တပ်ဆင်ကာ
နားလည်ဖြေရှင်းသိရှိနိုင်ရန် သင်္ကေတ ၊ ပုံသေနည်း
တို့ မှားယွင်းနေဆဲ ။
_________________________________
ဆက်ရန် . . .
5.11.2019
REN JO JO