" တို . . တိုတို ခ်ာႏူးလ္ ! "
ထံုးစံအတိုင္း သရဲေတြ႔လိုက္ရသလို ၊ သူ႕ကိုေတြ႔လိုက္ရလို႔
ပါပီမ်က္လံုးဝိုင္းဝိုင္းေတြႏွင့္တအံ့တၾသျဖစ္ေနေသာ မ်က္စိ
အေ႐ွ႕က ၾကက္ေတာင္စည္းေလးႏွစ္ခုနွင့္ ေပါက္စအား
ခ်န္းေယာလ္ စိတ္ဆိုးမိသည္ ။
အဘယ္ေၾကာင့္ အနွီေပါက္စကို သူ စိတ္ဆိုးရသလဲ
ဆိုသည့္ အဓိက ဇစ္ျမစ္အေၾကာင္းအရင္းကိုလည္း
သူမသိသလို ။
သူတို႔လမ္းႏွင္႔ ႏွစ္လမ္းေက်ာ္တြင္ရိွေသာ Basket-
ball ကစားကြင္း၌ ေက်ာင္းပိတ္ရက္အားလပ္အခ်ိန္ရ
တုန္း ေဂ်ာင္ဆူးႏွင့္အတူ သြားကစားၿပီး အိမ္သို႔ျပန္အလာ ။
ၾကားလိုက္ရေသာ သူတို႔လမ္းထိပ္ရိွ skate ကြင္း
ထဲမွထြက္ေပၚလာေသာ ေပါက္စ၏ ရယ္သံအားနားမွ
ၾကားေယာင္လိုက္မိသည္ႏွင့္ အမိန္႔ေပးေစခိုင္းမႈ မရိွ
skate ကြင္းဘက္သို႔သူ႕အလိုလိုလွည့္သြားခဲ့ေသာ
သူ႔မ်က္လံုးေတြ ။
ေပါက္စကိုယ္ေပၚတြင္ရိွေသာ အနီေရာင္ေသြးစတို႔စို႔ေန
ေသာ ဒဏ္ရာတို႔ကို ျမင္ရေလေလ တ႐ွဴး႐ွဴးနွင့္ပိုပိုတိုး
စျပဳလာေသာ ေဒါသတို႔ ။ နားလည္နိုင္ဖို႔အတြက္ရာ သူ
တစ္ေယာက္ ဘယ္လိုမွမျပဳလုပ္ႏိုင္ ။
" ဟူးဟူးေလး .. ဟုတ္တယ္မလား ေယာလ္ "
အေ႐ွ႕တြင္ ေတြ႔ေနရေသာ ၾကက္ေတာင္စည္း နွစ္ခုႏွင့္
ေပါက္စကိုေဂ်ာင္ဆူးၾကည့္ၿပီးခ်န္းေယာလ္ခပ္တင္းတင္း
ဆုပ္ကိုင္ထားသည့္ သူ႕လက္တစ္ဖက္ကို လႈပ္ခါျပၿပီး
အသည္းပံုနႈတ္ခမ္းေလးႏွင့္ျပံဳးလ်က္ ေမးလိုက္သည္ ။
" ေယာင္း ငါ့ကိုအျမဲေျပာေျပာျပေနတဲ့ ေယာလ္ရဲ႕
အိမ္ေဘးအိမ္ကိုအသစ္ေျပာင္းလာတဲ့ေႂကြ႐ုပ္ေလး
ဆိုတာေလ "
ပထမအေမးအတြက္ အေျဖကို မေစာင့္ႏိုင္ ။ ဒုတိယ
အေမးကို ေဂ်ာင္ဆူးထပ္မံ၍ အေမးဆိုလိုက္မိသည္ ။
ထိုအခါ ေဂ်ာင္ဆူးေမးလာသမွ် အေမးျဖစ္သည့္အေမး
တို႔အား တစ္ခုတစ္ေလမွ် ျပန္ေျဖၾကားျခင္းမလုပ္ေပး ။
သူ႔အေ႐ွ႕ကေႂကြသားကဲ့သို႔ ျဖဴေဖြးေနေသာ အေရျပား
ေပၚ၌ လူျမင္မေကာင္းေအာင္ ပြန္းပဲ့ဒဏ္ရာတို႔ျဖင့္ၾကည့္
ရဆိုးေနေသာ ေပါက္စကိုသာ ခ်န္းေယာလ္ နႈတ္ဆိတ္
လ်က္ပင္ ေစ့ေစ့စိုက္ၾကည့္ေနမိသည္ ။
" ဟို .. ကိုႀကီးပတ္ .. ဒါက ... ဒီလိုရိွတယ္ .. ညီ
ကိုၾကီးပတ္ကို .. ေျပာျပ .. "
" ေႂကြ႐ုပ္ ? "
" ................. "
မိမိေျပာစကားမဆံုးေသး ။ ၾကားထဲမွ ျဖတ္၍ အေမး
သေဘာသက္ေရာက္သည့္ စကားကို ဆိုလိုက္ေသာ
အစ္ကိုျဖစ္သူေၾကာင့္ဟထားေသာနႈတ္ခမ္းလႊာေလး
အား ဂ်ံဳအင္ ခပ္တင္းတင္းေလး ျပန္ေစ့ထားလိုက္မိ
သည္ ။
" ဘယ္သူေျပာလဲ ? "
အေမးသေဘာသက္ေရာက္သည့္ စကားေတြသာ
ဆိုေနေသာ ခ်န္းေယာလ္၏စကားတို႔ ။
မည္သူ႔ကို ရည္ရြယ္ျပီး ေမးေန ၊ ေျပာေနသလဲ
ဆိုသည္ကား ကာယကံ႐ွင္ ခ်န္းေယာလ္မွလြဲ၍
မည္သူမွ မသိႏိုင္ ။
" ဒီပါပီ႐ုပ္ကိုမ်ား ေႂကြ႐ုပ္တဲ့လား ? အဟက္
ရယ္စရာပဲ ဆူးရား "
ညီငယ္ျဖစ္သူဂ်ံဳအင္စကားမဆံုးေသး ။ တင္းေနေသာ
မ်က္ႏွာထားအား ခ်န္းေယာလ္ အခ်ိန္တိုအတြင္းခ်က္
ခ်င္းေျဖေလ်ာ့ခ်လိုက္ကာ လက္နက္ရတနာတစ္ပါးျဖစ္
သည့္ သူ႔၏ ေမြးရာပါ ပါးျပင္ထက္၌ ပုန္းလွ်ိဳးေနေသာ
ပါးခ်ိဳင့္ေလးေတြထင္းခနဲေပၚလာသည့္အထိျပံဳးရယ္၍
နံေဘးမွေဂ်ာင္ဆူးအားျပန္ေျဖေပးလိုက္သည္ ။
ထိုစဥ္ တစ္ဖက္တြင္မူ ေဂ်ာင္ဆူးကိုျပန္ေျဖေပးေနေသာ
ခ်န္းေယာလ္စကားတို႔ကို နားေထာင္လ်က္ ခ်န္းေယာလ္
တစ္ေယာက္လႊတ္ထြက္မသြားတမ္း ခပ္တင္းတင္းေလး
ဆုပ္ကိုင္တြဲထားေသာ ေဂ်ာင္ဆူး၏လက္တစ္ဖက္အား
ေပါက္စမီးေတာက္မ်က္လံုးတို႔ျဖင့္ စိုက္ၾကည့္ရင္း ထံုးစံ
အတိုင္း ဘဲနႈတ္သီးေလးမွာတေျဖးေျဖးႏွင့္အေရွ႕သို႔ဆူ
ထြက္လာခဲ့သည္ ။
" နီနီ .. လာ .. အိမ္ျပန္ၾကမယ္ "
နံေဘးက ဂ်ံဳအင္ရဲ႕လက္ကေလး တစ္ဖက္ကို ဆက္ခနဲ
ဆုပ္ကိုင္ၿပီး ဆူပုတ္ပုတ္မ်က္ႏွာေပးျဖင့္ခ်န္းေယာလ္အား
မ်က္ေစာင္းတစ္ခ်က္ပစ္ထိုးလိုက္သည္ ။
ထို႔ေနာက္ အျမင္ကပ္စရာ ခ်န္းေယာလ္၏ ဗိုက္ကေလး
အား သူ႔ပခံုးေသးေသးေလးျဖင့္ မထိတထိတိုက္ၿပီး အိမ္
သို႔သာ အျမန္ျပန္လာခဲ့သည္ ။
သို႔ေသာ္ အေနာက္တြင္မူ သူ႔အေ႐ွ႕မွ ညီငယ္ျဖစ္သူ
ဂ်ံဳအင္ႏွင့္ လက္ခ်င္းတြဲကာ skate စီး၍ေက်ာခိုင္း
ထြက္သြားခဲ့ေသာ ေပါက္စ၏ ေက်ာျပင္ေလးအား ရပ္
ၾကည့္ရင္းခ်န္းေယာလ္အလိုမက်စြာမ်က္ေမွာင္ၾကဳပ္
လိုက္မိသည္ ။
- အိမ္ျပန္တာ လက္ခ်င္းတြဲစရာလိုလို႔လား ? -
_________________________________
အခ်ိန္သည္ကား ည၁၀နာရီဝန္းက်င္ျဖစ္သည္ ။
* တီေတာင္ .. တီေတာင္ *
" လာၿပီ ခဏေလးေနာ္ "
မီးဖိုေခ်ာင္ထဲ တူေတာ္ေမာင္ ေပါက္စတစ္ေယာက္
အတြက္ ညဘက္ၾကီးအခ်ိန္မေတာ္ ၾကက္ဥပူတင္း
ထလုပ္ေနရင္းမွ ေျဗာင္နာရာလွမ္းေျပာလိုက္သည္ ။
အစ္မျဖစ္သူ ကုမၸဏီမွျပန္မလာေသးတာမို႔အိမ္ထဲ၌ဝယ္
မလုပ္တတ္တဲ့ လုပ္တတ္ႏွင့္ ၾကက္ဥပူတင္းကုိ စမ္းလုပ္
ရင္း အလုပ္ရႈပ္ေနေသာ သူမႏွင့္ အေပၚထပ္အိပ္ခန္းထဲ
တြင္ရိႈက္ၾကီးတငင္ငိုျပီးအိပ္ေပ်ာ္သြားေသာတူေတာ္ေမာင္
တို႔ႏွစ္ေယာက္တည္းသာရိွသည့္အတြက္ ၾကက္ဥပူတင္း
အတြက္လိုအပ္သည့္ မီးအပူခ်ိန္ကို အလ်င္ျငိၿပီးတာႏွင့္
အိမ္အေ႐ွ႕သို႔ပင္ အယ္ပရြန္မခြၽတ္ႏိုင္ဘဲ အျမန္ေျပးထြက္
လာခဲ့သည္ ။
" ဘယ္သူမ်ားလဲလို႔ တူေလးခ်န္းေယာလ္ကိုး
ဒီအခ်ိန္ႀကီး ဘာကိစၥမ်ားရိွလို႔လဲကြဲ႔ "
" ဟို .. ေမေမက .. ပူ - ပူတင္းလာပို႔ခိုင္းလို႔ပါ
တီေလးနာရာ "
မလိမ္တတ္ဘဲလိမ္ေနေသာ ခ်န္းေယာလ္ ။ ၇နာရီခြဲ
မွ ၉နာရီထိ က်ဴ႐ွင္မွ အိမ္သို႔ျပန္အေရာက္ ။ ညီငယ္
ဆီမွ' ညေနကကိုႀကီးပတ္ကို ေယာက္ဖစိတ္ဆိုးသြား
တယ္ 'ဆိုေသာ စကားအားၾကားလိုက္ရသည္ႏွင့္ ည
ဝတ္အက်ႌေတာင္ခြၽတ္မလဲႏိုင္ ။ က်ဴ႐ွင္ကပါလာေသာ
အိမ္စာႏွင့္မနက္ျဖန္ေက်ာင္း၌ဆရာမစစ္မယ့္ အိမ္စာ
တို႔ကိုေတာင္ မလုပ္ႏိုင္ ။
စာၾကည့္စားပြဲေပၚသို႔ လြယ္အိတ္ကို တ႐ိုတေသပစ္
တင္ထားလ်က္အိမ္ေအာက္ထပ္မွမီးဖိုေခ်ာင္သို႔သာ
အိပ္ခန္းထဲအိပ္ေပ်ာ္ေနေသာ မိဘႏွစ္ပါး မႏိုးေအာင္
ေျခလွမ္းဖြဖြေလးျဖင့္အျမန္ေျပးဆင္းလာခဲ့သည္ ။
ထို႔ေနာက္ ညဘက္ဗိုက္ဆာတတ္သည့္ ညီငယ္ဂ်ံဳအင္
အတြက္ သူ႕အေမလုပ္ေပးထားေသာ ၾကက္ဥပူတင္း
တို႔အား အေႏြးဓာတ္ေလး နည္းနည္းျပန္ေပးၿပီး အိမ္
ေဘးက ေပါက္စအိမ္သို႔ အလ်င္ေျပးထြက္လာခဲ့သည္ ။
" ဒီအခ်ိန္ႀကီးမွအားနာစရာကြယ္ မမပတ္ကို တီေလး
က အခုလိုဒီအခ်ိန္ၾကီးမွတကူးတကၾကီး ပူတင္းလာပို႔
ေပးလို႕အရမ္းေက်းဇူးတင္ပါတယ္လို႔ျပန္ေျပာေပးပါေနာ္ "
" ဟုတ္ကဲ့ တီေလးနာရာ .. ဒါနဲ႔ေလ .. တီေလးနာရာ "
" ဟင္ ! ေျပာေလ တူေလးခ်န္းေယာလ္ တီေလးကို
ဘာေျပာခ်င္လို႔လဲ ?"
" ဟို .. ေပါက္စ ... "
ေျပာမည့္စကားကိုသံ႐ွည္ဆြဲကာအျပင္ဘက္မွအိမ္ထဲ
သို႔မ်က္လံုးေလးနွင့္လွမ္းၾကည့္ေနေသာ ခ်န္းေယာလ္
ေၾကာင့္ သူမျပံဳးမိသည္ ။
" ဟူးဟူးေလးကို ေမးမလို႔မဟုတ္လား "
သူမအေမးအဆံုးဝယ္ ခ်န္းေယာလ္ ေခါင္းေလး
တစ္ခ်က္ျငိမ့္ျပလ်က္ ...
" အိပ္သြားၿပီလား တီေလးနာရာ "
" ဘာအသံမွေတာ့ မၾကားရေတာ့ဘူး .. ၾကည့္ရတာ
ငိုလို႔ဝလို႔ ေမာၿပီး အိပ္ေပ်ာ္သြားၿပီ ထင္တယ္ "
" ဗ်ာ ! .. ငိုတယ္ ? .. ဘာလို႔လဲ ? "
သူမစကားဆံုးဆံုးခ်င္း အာေမဋိတ္အသံေလးျဖင့္
ခ်န္းေယာလ္ အေမးဆက္လိုက္မိသည္ ။
" ဘာလို႔ငိုတာလဲေတာ့ တီေလးလည္းမသိဘူး ညေန
က skate ကြင္းက ျပန္လာကတည္းက အိမ္ထဲကို
ငိုျပီးဝင္လာတာ ဘာလို႔ငိုတာလဲ ဒူးေခါင္းႏွင့္တံေတာင္
က skate စီးလို႔ပြန္းလာတဲ့ဒဏ္ရာေတြနာလို႔ ငိုတာ
လား ေမးလည္းျပန္မေျဖ ဘာစကားဆို ဘာစကားမွမ
ေျပာဘဲ အခန္းတံခါးကိုေလာ့ခ်ၿပီးငိုေနတာ တစ္ညေန
လံုးပဲ "
သူ႔ကိုစိတ္ဆိုးသြားတယ္ဆိုသည့္ ညီငယ္ဆီကစကား
ၾကားရရံုေလးႏွင့္တင္စိုးရိမ္စိတ္ေတြျဖစ္မိတာ ။ တဖန္
တီေလးနာရာဆီမွေပါက္စတစ္ေယာက္တစ္ညေနလံုး
ငိုတယ္ဆိုေသာစကားအားထပ္၍ၾကားလိုက္ရတဲ့အခါ
မွာေတာ့ ေ႐ွ႕ကထက္ပင္ သူတစ္ေယာက္ ဗ်ာမ်ားရျပန္
သည္ ။
" တီေလးနာရာ "
" ဟင္ ! "
" ဟို .. ကြၽန္ေတာ္ ေပါက္စရဲ႕အခန္းကို
ခဏသြားၾကည့္လို႔ရမလား ? "
" ဘာမ်ားလဲလို႔ တူေလးခ်န္းေယာလ္ရယ္ ဒါေလးမ်ား
ရတာေပါ့ အေပၚထပ္ကိုတက္တဲ့ေလွကားကတက္သြား
လိုက္ အိပ္ခန္းသံုးခန္းရိွတဲ့အထဲမွာ အလယ္ခန္းျဖစ္တဲ့
အျပာေရာင္တံခါးေလးနဲ႔အခန္းက ဟူးဟူးေလးအခန္းပဲ "
" အာ .. ဟုတ္ကဲ့ "
" တစ္ညေနလံုးအခန္းတံခါးကိုေလာ့ခ်ထားတာမို႔ တူေလး
သြားတဲ့အခါက်ရင္ အခန္းတံခါးမွာ ကပ္ထားတဲ့ Huhu's
Paradise ဆိုတဲ့သစ္သားဘုတ္ျပားေလးရဲ႕အေနာက္
မွာရိွတဲ့ အခန္းေသာ့အပိုနဲ႔ဖြင့္ၿပီးဝင္သြားလိုက္ေနာ္ "
" ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ တီေလးနာရာ ဒါဆို
ကြၽန္ေတာ္ ေပါက္စကိုခဏသြားတက္ၾကည့္လိုက္ဦး
မယ္ေနာ္ "
" အင္း တူေလးခ်န္းေယာလ္ သြား "
အေပၚထပ္ေလွကားသို႔ ေျဖးေျဖးခ်င္းတက္သြားခဲ့ေသာ
ခ်န္းေယာလ္၏ ေက်ာျပင္ေလးအား တခဏေငးၾကည့္ၿပီး
ေနာက္သူမလက္ထဲကခ်န္းေယာလ္လာေပးေသာပူတင္း
ပန္းကန္ေလးကိုလဲျပီး ျပန္ေပးရန္မီးဖိုေခ်ာင္သို႔သာ ျပန္
ဝင္သြားခဲ့သည္ ။
* ေဒါက္ .. ေဒါက္ *
" ေပါက္စ "
ယဥ္ေက်းမႈတစ္ရပ္ျဖစ္ေသာ သူတစ္ပါး၏ အခန္းထဲသို႔
မဝင္ခင္အသိေပးသည့္သေဘာျဖင့္ကြ်န္းသစ္တံခါးအား
ခ်န္းေယာလ္ လက္ျဖင့္ နွစ္ခ်က္ဆင့္ေခါက္လိုက္သည္ ။
သို႔ေသာ္လည္း အထဲမွ သူ႔ေခၚသံအား ျပန္ထူးေပးလာ
မယ့္ ေပါက္စ၏ထူးသံေလးအားျပန္မၾကားရတာေၾကာင့္
လက္ထဲကအခန္းေသာ့အပိုေလးျဖင့္ေလာ့ခ်ထားေသာ
အခန္းထဲသို႔ဝင္လာခဲ့စဥ္ ေတြ႔လိုက္ရေသာကုတင္ထက္
တြင္ငိုရင္းအိပ္ေပ်ာ္သြားေသာေပါက္စ ။
ၾကည့္ရတာ ငိုရင္းအိပ္ေပ်ာ္သြားတာ သိပ္မၾကာေသးဘူး
ထင္တယ္ ။
ပါးျပင္ေပၚက မ်က္ရည္စီးေၾကာင္းေလး ႏွစ္ေၾကာင္း
ေတာင္ ေျခာက္ေသြ ့မႈအလ်ဥ္းမရိွ ။ စိုစြတ္လို႔ေနဆဲ ။
" အ႐ူးေလး ဘယ္ေတာ့မွ ကိုယ့္ကိုယ္ကိုယ္
ဂ႐ုမစိုက္တတ္ဘူး "
အိပ္ေပ်ာ္ေနေသာ ေပါက္စ၏ကိုယ္ေပၚက ပြန္းပဲ့ဒဏ္ရာ
တို႔ကိုၾကည့္ၿပီးေလသံတိုးတိုးေလးႏွင့္အျပစ္ေျပာလည္း
ေျပာ ။
ေပါက္စကုတင္နားတြင္ မုဆိုးဒူးေထာက္ထိုင္လ်က္ သူ႔
ေဘာင္းဘီအိတ္ထဲမွပါလာေသာပြန္းပဲ့ဒဏ္ရာမ်ားေပ်ာက္
သည့္ ညစ္ေဆးဗူးေတာင့္ေလးကိုထုတ္၍ ေပါက္စ၏
ဒဏ္ရာေလးေတြအေပၚသို႔ လက္ညိုဳးေလးျဖင့္ ဖြဖြေလး
သုတ္လိမ္းေပးေလသည္ ။
" ဒဏ္ရာကိုေဆးမလိမ္းရင္ အမာရြတ္က်န္ခဲ့မွာကို
မသိဘူးလားမသိ .. တကယ့္ကို ေျပာရဆိုရခက္တဲ့
အဆိုးေလးပါလား "
" ဟူးဟူးေလးက မဆိုးပါဘူးေနာ္ "
ေဆးလိမ္းေပးရင္း အဘြားၾကီးအိုေပါက္စလိုတစ္ေယာက္
တည္း နႈတ္မွ ေရရြတ္ေနမိရင္း ။ ႐ုတ္တရက္ ၾကားလိုက္
ရေသာ စကားသံေၾကာင့္ ဒဏ္ရာသို႔ အၾကည့္ပို႔ထားသည့္
သူ႔မ်က္ဝန္းတစ္စံုႏွင့္သူ႔မ်က္ႏွာအားညာဘက္သို႔တစ္ခ်က္
လွည့္လိုက္မိစဥ္ ။
ဘယ္အခ်ိန္ကတည္းကႏိုးေနၿပီး သူ႔ကိုအသံတိတ္စိုက္
ၾကည့္လို႔ေနသလဲမသိေသာသူ႔မ်က္ႏွာႏွင့္3cmေလာက္
သာေဝးေသာ ေပါက္စရဲ႕ စေတာ္ဘယ္ရီနႈတ္ခမ္းပါးေလး
တစ္စံုနွင့္ ထိေတြ႔သြားခဲ့ေသာ သူ႔နႈတ္ခမ္းေလးတစ္စံု ။
အမွတ္မထင္ ႐ုတ္တရက္ ရလိုက္ေသာ အိစက္စက္
ထိေတြ႔မႈ ၊ ခံစားမႈေၾကာင့္ ျပိဳင္တူက်ယ္ျပန္႔လာခဲ့ေသာ
မ်က္ဝန္း ႏွစ္စံု ။
လွ်ပ္တျပတ္ဆန္ေသာ ျဖစ္ရပ္မွန္တစ္ခုၾကား တဒုတ္ဒုတ္
ႏွင့္ စည္းခ်က္ တူညီစြာ အခုုန္ျမန္ဆန္လာေသာ ႏွလံုးသား
ႏွစ္စံု ။
ေဝဝါးေနေသာ ခံစားခ်က္လမ္းမထက္ဝယ္ မီးနီကင္း၍
မီးစိမ္းေလး ျပသလို႔ေန ။
_________________________________
ဆက္ရန္ . . .
30.10.2019
REN JO JO
_________________________________
" တို . . တိုတို ချာနူးလ် ! "
ထုံးစံအတိုင်း သရဲတွေ့လိုက်ရသလို ၊ သူ့ကိုတွေ့လိုက်ရလို့
ပါပီမျက်လုံးဝိုင်းဝိုင်းတွေနှင့်တအံ့တသြဖြစ်နေသော မျက်စိ
အရှေ့က ကြက်တောင်စည်းလေးနှစ်ခုနှင့် ပေါက်စအား
ချန်းယောလ် စိတ်ဆိုးမိသည် ။
အဘယ်ကြောင့် အနှီပေါက်စကို သူ စိတ်ဆိုးရသလဲ
ဆိုသည့် အဓိက ဇစ်မြစ်အကြောင်းအရင်းကိုလည်း
သူမသိသလို ။
သူတို့လမ်းနှင့် နှစ်လမ်းကျော်တွင်ရှိသော Basket-
ball ကစားကွင်း၌ ကျောင်းပိတ်ရက်အားလပ်အချိန်ရ
တုန်း ဂျောင်ဆူးနှင့်အတူ သွားကစားပြီး အိမ်သို့ပြန်အလာ ။
ကြားလိုက်ရသော သူတို့လမ်းထိပ်ရှိ skate ကွင်း
ထဲမှထွက်ပေါ်လာသော ပေါက်စ၏ ရယ်သံအားနားမှ
ကြားယောင်လိုက်မိသည်နှင့် အမိန့်ပေးစေခိုင်းမှု မရှိ
skate ကွင်းဘက်သို့သူ့အလိုလိုလှည့်သွားခဲ့သော
သူ့မျက်လုံးတွေ ။
ပေါက်စကိုယ်ပေါ်တွင်ရှိသော အနီရောင်သွေးစတို့စို့နေ
သော ဒဏ်ရာတို့ကို မြင်ရလေလေ တရှူးရှူးနှင့်ပိုပိုတိုး
စပြုလာသော ဒေါသတို့ ။ နားလည်နိုင်ဖို့အတွက်ရာ သူ
တစ်ယောက် ဘယ်လိုမှမပြုလုပ်နိုင် ။
" ဟူးဟူးလေး .. ဟုတ်တယ်မလား ယောလ် "
အရှေ့တွင် တွေ့နေရသော ကြက်တောင်စည်း နှစ်ခုနှင့်
ပေါက်စကိုဂျောင်ဆူးကြည့်ပြီးချန်းယောလ်ခပ်တင်းတင်း
ဆုပ်ကိုင်ထားသည့် သူ့လက်တစ်ဖက်ကို လှုပ်ခါပြပြီး
အသည်းပုံနှုတ်ခမ်းလေးနှင့်ပြုံးလျက် မေးလိုက်သည် ။
" ယောင်း ငါ့ကိုအမြဲပြောပြောပြနေတဲ့ ယောလ်ရဲ့
အိမ်ဘေးအိမ်ကိုအသစ်ပြောင်းလာတဲ့ကြွေရုပ်လေး
ဆိုတာလေ "
ပထမအမေးအတွက် အဖြေကို မစောင့်နိုင် ။ ဒုတိယ
အမေးကို ဂျောင်ဆူးထပ်မံ၍ အမေးဆိုလိုက်မိသည် ။
ထိုအခါ ဂျောင်ဆူးမေးလာသမျှ အမေးဖြစ်သည့်အမေး
တို့အား တစ်ခုတစ်လေမျှ ပြန်ဖြေကြားခြင်းမလုပ်ပေး ။
သူ့အရှေ့ကကြွေသားကဲ့သို့ ဖြူဖွေးနေသော အရေပြား
ပေါ်၌ လူမြင်မကောင်းအောင် ပွန်းပဲ့ဒဏ်ရာတို့ဖြင့်ကြည့်
ရဆိုးနေသော ပေါက်စကိုသာ ချန်းယောလ် နှုတ်ဆိတ်
လျက်ပင် စေ့စေ့စိုက်ကြည့်နေမိသည် ။
" ဟို .. ကိုကြီးပတ် .. ဒါက ... ဒီလိုရှိတယ် .. ညီ
ကိုကြီးပတ်ကို .. ပြောပြ .. "
" ကြွေရုပ် ? "
" ................. "
မိမိပြောစကားမဆုံးသေး ။ ကြားထဲမှ ဖြတ်၍ အမေး
သဘောသက်ရောက်သည့် စကားကို ဆိုလိုက်သော
အစ်ကိုဖြစ်သူကြောင့်ဟထားသောနှုတ်ခမ်းလွှာလေး
အား ဂျုံအင် ခပ်တင်းတင်းလေး ပြန်စေ့ထားလိုက်မိ
သည် ။
" ဘယ်သူပြောလဲ ? "
အမေးသဘောသက်ရောက်သည့် စကားတွေသာ
ဆိုနေသော ချန်းယောလ်၏စကားတို့ ။
မည်သူ့ကို ရည်ရွယ်ပြီး မေးနေ ၊ ပြောနေသလဲ
ဆိုသည်ကား ကာယကံရှင် ချန်းယောလ်မှလွဲ၍
မည်သူမှ မသိနိုင် ။
" ဒီပါပီရုပ်ကိုများ ကြွေရုပ်တဲ့လား ? အဟက်
ရယ်စရာပဲ ဆူးရား "
ညီငယ်ဖြစ်သူဂျုံအင်စကားမဆုံးသေး ။ တင်းနေသော
မျက်နှာထားအား ချန်းယောလ် အချိန်တိုအတွင်းချက်
ချင်းဖြေလျော့ချလိုက်ကာ လက်နက်ရတနာတစ်ပါးဖြစ်
သည့် သူ့၏ မွေးရာပါ ပါးပြင်ထက်၌ ပုန်းလျှိုးနေသော
ပါးချိုင့်လေးတွေထင်းခနဲပေါ်လာသည့်အထိပြုံးရယ်၍
နံဘေးမှဂျောင်ဆူးအားပြန်ဖြေပေးလိုက်သည် ။
ထိုစဉ် တစ်ဖက်တွင်မူ ဂျောင်ဆူးကိုပြန်ဖြေပေးနေသော
ချန်းယောလ်စကားတို့ကို နားထောင်လျက် ချန်းယောလ်
တစ်ယောက်လွှတ်ထွက်မသွားတမ်း ခပ်တင်းတင်းလေး
ဆုပ်ကိုင်တွဲထားသော ဂျောင်ဆူး၏လက်တစ်ဖက်အား
ပေါက်စမီးတောက်မျက်လုံးတို့ဖြင့် စိုက်ကြည့်ရင်း ထုံးစံ
အတိုင်း ဘဲနှုတ်သီးလေးမှာတဖြေးဖြေးနှင့်အရှေ့သို့ဆူ
ထွက်လာခဲ့သည် ။
" နီနီ .. လာ .. အိမ်ပြန်ကြမယ် "
နံဘေးက ဂျုံအင်ရဲ့လက်ကလေး တစ်ဖက်ကို ဆက်ခနဲ
ဆုပ်ကိုင်ပြီး ဆူပုတ်ပုတ်မျက်နှာပေးဖြင့်ချန်းယောလ်အား
မျက်စောင်းတစ်ချက်ပစ်ထိုးလိုက်သည် ။
ထို့နောက် အမြင်ကပ်စရာ ချန်းယောလ်၏ ဗိုက်ကလေး
အား သူ့ပခုံးသေးသေးလေးဖြင့် မထိတထိတိုက်ပြီး အိမ်
သို့သာ အမြန်ပြန်လာခဲ့သည် ။
သို့သော် အနောက်တွင်မူ သူ့အရှေ့မှ ညီငယ်ဖြစ်သူ
ဂျုံအင်နှင့် လက်ချင်းတွဲကာ skate စီး၍ကျောခိုင်း
ထွက်သွားခဲ့သော ပေါက်စ၏ ကျောပြင်လေးအား ရပ်
ကြည့်ရင်းချန်းယောလ်အလိုမကျစွာမျက်မှောင်ကြုပ်
လိုက်မိသည် ။
- အိမ်ပြန်တာ လက်ချင်းတွဲစရာလိုလို့လား ? -
_________________________________
အချိန်သည်ကား ည၁၀နာရီဝန်းကျင်ဖြစ်သည် ။
* တီတောင် .. တီတောင် *
" လာပြီ ခဏလေးနော် "
မီးဖိုချောင်ထဲ တူတော်မောင် ပေါက်စတစ်ယောက်
အတွက် ညဘက်ကြီးအချိန်မတော် ကြက်ဥပူတင်း
ထလုပ်နေရင်းမှ ဗြောင်နာရာလှမ်းပြောလိုက်သည် ။
အစ်မဖြစ်သူ ကုမ္ပဏီမှပြန်မလာသေးတာမို့အိမ်ထဲ၌ဝယ်
မလုပ်တတ်တဲ့ လုပ်တတ်နှင့် ကြက်ဥပူတင်းကို စမ်းလုပ်
ရင်း အလုပ်ရှုပ်နေသော သူမနှင့် အပေါ်ထပ်အိပ်ခန်းထဲ
တွင်ရှိုက်ကြီးတငင်ငိုပြီးအိပ်ပျော်သွားသောတူတော်မောင်
တို့နှစ်ယောက်တည်းသာရှိသည့်အတွက် ကြက်ဥပူတင်း
အတွက်လိုအပ်သည့် မီးအပူချိန်ကို အလျင်ငြိပြီးတာနှင့်
အိမ်အရှေ့သို့ပင် အယ်ပရွန်မချွတ်နိုင်ဘဲ အမြန်ပြေးထွက်
လာခဲ့သည် ။
" ဘယ်သူများလဲလို့ တူလေးချန်းယောလ်ကိုး
ဒီအချိန်ကြီး ဘာကိစ္စများရှိလို့လဲကွဲ့ "
" ဟို .. မေမေက .. ပူ - ပူတင်းလာပို့ခိုင်းလို့ပါ
တီလေးနာရာ "
မလိမ်တတ်ဘဲလိမ်နေသော ချန်းယောလ် ။ ၇နာရီခွဲ
မှ ၉နာရီထိ ကျူရှင်မှ အိမ်သို့ပြန်အရောက် ။ ညီငယ်
ဆီမှ' ညနေကကိုကြီးပတ်ကို ယောက်ဖစိတ်ဆိုးသွား
တယ် 'ဆိုသော စကားအားကြားလိုက်ရသည်နှင့် ည
ဝတ်အကျႌတောင်ချွတ်မလဲနိုင် ။ ကျူရှင်ကပါလာသော
အိမ်စာနှင့်မနက်ဖြန်ကျောင်း၌ဆရာမစစ်မယ့် အိမ်စာ
တို့ကိုတောင် မလုပ်နိုင် ။
စာကြည့်စားပွဲပေါ်သို့ လွယ်အိတ်ကို တရိုတသေပစ်
တင်ထားလျက်အိမ်အောက်ထပ်မှမီးဖိုချောင်သို့သာ
အိပ်ခန်းထဲအိပ်ပျော်နေသော မိဘနှစ်ပါး မနိုးအောင်
ခြေလှမ်းဖွဖွလေးဖြင့်အမြန်ပြေးဆင်းလာခဲ့သည် ။
ထို့နောက် ညဘက်ဗိုက်ဆာတတ်သည့် ညီငယ်ဂျုံအင်
အတွက် သူ့အမေလုပ်ပေးထားသော ကြက်ဥပူတင်း
တို့အား အနွေးဓာတ်လေး နည်းနည်းပြန်ပေးပြီး အိမ်
ဘေးက ပေါက်စအိမ်သို့ အလျင်ပြေးထွက်လာခဲ့သည် ။
" ဒီအချိန်ကြီးမှအားနာစရာကွယ် မမပတ်ကို တီလေး
က အခုလိုဒီအချိန်ကြီးမှတကူးတကကြီး ပူတင်းလာပို့
ပေးလို့အရမ်းကျေးဇူးတင်ပါတယ်လို့ပြန်ပြောပေးပါနော် "
" ဟုတ်ကဲ့ တီလေးနာရာ .. ဒါနဲ့လေ .. တီလေးနာရာ "
" ဟင် ! ပြောလေ တူလေးချန်းယောလ် တီလေးကို
ဘာပြောချင်လို့လဲ ?"
" ဟို .. ပေါက်စ ... "
ပြောမည့်စကားကိုသံရှည်ဆွဲကာအပြင်ဘက်မှအိမ်ထဲ
သို့မျက်လုံးလေးနှင့်လှမ်းကြည့်နေသော ချန်းယောလ်
ကြောင့် သူမပြုံးမိသည် ။
" ဟူးဟူးလေးကို မေးမလို့မဟုတ်လား "
သူမအမေးအဆုံးဝယ် ချန်းယောလ် ခေါင်းလေး
တစ်ချက်ငြိမ့်ပြလျက် ...
" အိပ်သွားပြီလား တီလေးနာရာ "
" ဘာအသံမှတော့ မကြားရတော့ဘူး .. ကြည့်ရတာ
ငိုလို့ဝလို့ မောပြီး အိပ်ပျော်သွားပြီ ထင်တယ် "
" ဗျာ ! .. ငိုတယ် ? .. ဘာလို့လဲ ? "
သူမစကားဆုံးဆုံးချင်း အာမေဋိတ်အသံလေးဖြင့်
ချန်းယောလ် အမေးဆက်လိုက်မိသည် ။
" ဘာလို့ငိုတာလဲတော့ တီလေးလည်းမသိဘူး ညနေ
က skate ကွင်းက ပြန်လာကတည်းက အိမ်ထဲကို
ငိုပြီးဝင်လာတာ ဘာလို့ငိုတာလဲ ဒူးခေါင်းနှင့်တံတောင်
က skate စီးလို့ပွန်းလာတဲ့ဒဏ်ရာတွေနာလို့ ငိုတာ
လား မေးလည်းပြန်မဖြေ ဘာစကားဆို ဘာစကားမှမ
ပြောဘဲ အခန်းတံခါးကိုလော့ချပြီးငိုနေတာ တစ်ညနေ
လုံးပဲ "
သူ့ကိုစိတ်ဆိုးသွားတယ်ဆိုသည့် ညီငယ်ဆီကစကား
ကြားရရုံလေးနှင့်တင်စိုးရိမ်စိတ်တွေဖြစ်မိတာ ။ တဖန်
တီလေးနာရာဆီမှပေါက်စတစ်ယောက်တစ်ညနေလုံး
ငိုတယ်ဆိုသောစကားအားထပ်၍ကြားလိုက်ရတဲ့အခါ
မှာတော့ ရှေ့ကထက်ပင် သူတစ်ယောက် ဗျာများရပြန်
သည် ။
" တီလေးနာရာ "
" ဟင် ! "
" ဟို .. ကျွန်တော် ပေါက်စရဲ့အခန်းကို
ခဏသွားကြည့်လို့ရမလား ? "
" ဘာများလဲလို့ တူလေးချန်းယောလ်ရယ် ဒါလေးများ
ရတာပေါ့ အပေါ်ထပ်ကိုတက်တဲ့လှေကားကတက်သွား
လိုက် အိပ်ခန်းသုံးခန်းရှိတဲ့အထဲမှာ အလယ်ခန်းဖြစ်တဲ့
အပြာရောင်တံခါးလေးနဲ့အခန်းက ဟူးဟူးလေးအခန်းပဲ "
" အာ .. ဟုတ်ကဲ့ "
" တစ်ညနေလုံးအခန်းတံခါးကိုလော့ချထားတာမို့ တူလေး
သွားတဲ့အခါကျရင် အခန်းတံခါးမှာ ကပ်ထားတဲ့ Huhu's
Paradise ဆိုတဲ့သစ်သားဘုတ်ပြားလေးရဲ့အနောက်
မှာရှိတဲ့ အခန်းသော့အပိုနဲ့ဖွင့်ပြီးဝင်သွားလိုက်နော် "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် တီလေးနာရာ ဒါဆို
ကျွန်တော် ပေါက်စကိုခဏသွားတက်ကြည့်လိုက်ဦး
မယ်နော် "
" အင်း တူလေးချန်းယောလ် သွား "
အပေါ်ထပ်လှေကားသို့ ဖြေးဖြေးချင်းတက်သွားခဲ့သော
ချန်းယောလ်၏ ကျောပြင်လေးအား တခဏငေးကြည့်ပြီး
နောက်သူမလက်ထဲကချန်းယောလ်လာပေးသောပူတင်း
ပန်းကန်လေးကိုလဲပြီး ပြန်ပေးရန်မီးဖိုချောင်သို့သာ ပြန်
ဝင်သွားခဲ့သည် ။
* ဒေါက် .. ဒေါက် *
" ပေါက်စ "
ယဉ်ကျေးမှုတစ်ရပ်ဖြစ်သော သူတစ်ပါး၏ အခန်းထဲသို့
မဝင်ခင်အသိပေးသည့်သဘောဖြင့်ကျွန်းသစ်တံခါးအား
ချန်းယောလ် လက်ဖြင့် နှစ်ချက်ဆင့်ခေါက်လိုက်သည် ။
သို့သော်လည်း အထဲမှ သူ့ခေါ်သံအား ပြန်ထူးပေးလာ
မယ့် ပေါက်စ၏ထူးသံလေးအားပြန်မကြားရတာကြောင့်
လက်ထဲကအခန်းသော့အပိုလေးဖြင့်လော့ချထားသော
အခန်းထဲသို့ဝင်လာခဲ့စဉ် တွေ့လိုက်ရသောကုတင်ထက်
တွင်ငိုရင်းအိပ်ပျော်သွားသောပေါက်စ ။
ကြည့်ရတာ ငိုရင်းအိပ်ပျော်သွားတာ သိပ်မကြာသေးဘူး
ထင်တယ် ။
ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းလေး နှစ်ကြောင်း
တောင် ခြောက်သွေ့မှုအလျဉ်းမရှိ ။ စိုစွတ်လို့နေဆဲ ။
" အရူးလေး ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ်
ဂရုမစိုက်တတ်ဘူး "
အိပ်ပျော်နေသော ပေါက်စ၏ကိုယ်ပေါ်က ပွန်းပဲ့ဒဏ်ရာ
တို့ကိုကြည့်ပြီးလေသံတိုးတိုးလေးနှင့်အပြစ်ပြောလည်း
ပြော ။
ပေါက်စကုတင်နားတွင် မုဆိုးဒူးထောက်ထိုင်လျက် သူ့
ဘောင်းဘီအိတ်ထဲမှပါလာသောပွန်းပဲ့ဒဏ်ရာများပျောက်
သည့် ညစ်ဆေးဗူးတောင့်လေးကိုထုတ်၍ ပေါက်စ၏
ဒဏ်ရာလေးတွေအပေါ်သို့ လက်ညိုုးလေးဖြင့် ဖွဖွလေး
သုတ်လိမ်းပေးလေသည် ။
" ဒဏ်ရာကိုဆေးမလိမ်းရင် အမာရွတ်ကျန်ခဲ့မှာကို
မသိဘူးလားမသိ .. တကယ့်ကို ပြောရဆိုရခက်တဲ့
အဆိုးလေးပါလား "
" ဟူးဟူးလေးက မဆိုးပါဘူးနော် "
ဆေးလိမ်းပေးရင်း အဘွားကြီးအိုပေါက်စလိုတစ်ယောက်
တည်း နှုတ်မှ ရေရွတ်နေမိရင်း ။ ရုတ်တရက် ကြားလိုက်
ရသော စကားသံကြောင့် ဒဏ်ရာသို့ အကြည့်ပို့ထားသည့်
သူ့မျက်ဝန်းတစ်စုံနှင့်သူ့မျက်နှာအားညာဘက်သို့တစ်ချက်
လှည့်လိုက်မိစဉ် ။
ဘယ်အချိန်ကတည်းကနိုးနေပြီး သူ့ကိုအသံတိတ်စိုက်
ကြည့်လို့နေသလဲမသိသောသူ့မျက်နှာနှင့်3cmလောက်
သာဝေးသော ပေါက်စရဲ့ စတော်ဘယ်ရီနှုတ်ခမ်းပါးလေး
တစ်စုံနှင့် ထိတွေ့သွားခဲ့သော သူ့နှုတ်ခမ်းလေးတစ်စုံ ။
အမှတ်မထင် ရုတ်တရက် ရလိုက်သော အိစက်စက်
ထိတွေ့မှု ၊ ခံစားမှုကြောင့် ပြိုင်တူကျယ်ပြန့်လာခဲ့သော
မျက်ဝန်း နှစ်စုံ ။
လျှပ်တပြတ်ဆန်သော ဖြစ်ရပ်မှန်တစ်ခုကြား တဒုတ်ဒုတ်
နှင့် စည်းချက် တူညီစွာ အခုုန်မြန်ဆန်လာသော နှလုံးသား
နှစ်စုံ ။
ဝေဝါးနေသော ခံစားချက်လမ်းမထက်ဝယ် မီးနီကင်း၍
မီးစိမ်းလေး ပြသလို့နေ ။
_________________________________
ဆက်ရန် . . .
30.10.2019
REN JO JO