ကြယ်ကလေးရဲ့အားပေးဖော် [Comple...

Bởi EssentialEi

134K 11.7K 426

Unicode ဘယ်လိုကြယ်လေးတွေကို ခင်ဗျားတို့ချစ်ကြသလဲ...... ကောင်းကင်ထက်က ဂြိုလ်စိုင် ကြယ်လေးတွေကိုလား..... ဖန်ပုလ... Xem Thêm

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 15
Final
စာအုပ်လေး​အဖြစ် အသွင်ပြောင်း

Part 14

7.1K 689 29
Bởi EssentialEi

Unicode

ကြယ်ကလေးရဲ့အားပေးဖော်
Part 14

တနင်္ဂနွေနေ့မို့ ရှောင်းကျန့်တစ်ယောက် ရိပေါ်နောက်ကို ကောက်ကောက်ပါအောင် လိုက်ရပြန်​လေပြီ.. .
နှစ်​ယောက်သား တပူးတွဲတွဲဆိုတော့ သတင်းတချို့က သို့လော သို့လော ထွက်နေတာ သိပေမယ့် ရိပေါ်ကတော့ ဂရုမစိုက်.....

ရိပေါ်အတွက် ရှောင်းကျန့်က သံလိုက်ဆွဲအားလို....
ရိပေါ်အတွက် ပျော်ရွှင်စရာဆိုတာ ရှောင်းကျန့်ရှိမှ ပြည့်စုံတာကို ရှောင်းကျန့်ကိုယ်တိုင်ကလဲ သိတာမို့ ဒီကလေးဆိုးသမျှ အပြစ်မမြင်ရှာ.....

ရှောင်းကျန့်ရှိမှ ပွင့်လန်းတတ်​တဲ့ ရိပေါ်အပြုံးတွေက ဒီနေ့တော့ နွမ်းနွမ်းလျလျ....
ရိပေါ်က သိပ်နေမကောင်းသလိုဖြစ်နေတာမို့ ရိုက်ကူးရေးနားတာနဲ့ ရှောင်းကျန့်ပခုံးပေါ် ခေါင်းတင်လို့ မှိန်းနေလေရဲ့.....
ညပိုင်း studio မှာ ရိုက်ကူးရေးသွားဖို့က ရှိသေးတာ......

"ရိပေါ်....
အရမ်းနေလို့မကောင်းရင် ဆေးခန်းသွားပြရအောင်လေ....."

ရှောင်းကျန့်စိတ်ပူစွာ ပြောလိုက်တာကို ခေါင်းငြိမ့်ရုံသာ ပြန်ဖြေနိုင်တဲ့ ရိပေါ်....
ဒီကလေးက တော်ရုံဆို ဒူပေဒဏ်ပေခံပြီးနေတတ်ပြီး အခုက တော်တော်နေမကောင်းဖြစ်နေတာမို့သာ မှိုင်နေတာကို ရှောင်းကျန့်သိသည်...
အဲဒါကြောင့်လဲ ပိုပြီးစိတ်ပူနေရတာ....

ဆေးခန်းကအပြန် ညပိုင်းရိုက်ကူးရေးပြီးမှသာ အိမ်ကိုပြန်လာခဲ့ကြသည်.....
ရိပေါ်ဆိုတာ သူ့အလုပ်နဲ့ပတ်သတ်ရင် ကျန်းမာရေးကိုတောင် ဒုတိယနေရာမှာ ထားတတ်သူ......

​ရိပေါ်က ရှောင်းကျန့်ကို အိမ်မပြန်ဖို့ တားတာကြောင့် ရှောင်းကျန့်လဲ မငြင်းသာ.....
နေမကောင်းတဲ့ရိပေါ်ကို တယောက်ထဲ ပစ်မထားရက်နိုင်.....

ရိပေါ် ရေချိုးခန်းထဲဝင်သွားတုန်း ကုတင်ပေါ်မှာထိုင်ကာ ဖုန်းခဏကြည့်နေခိုက် သူတို့နှစ်ယောက်ရဲ့ ပုံတွေက weibo မှာ ပျံ့နှံ့လျက်.....
ခေါင်းစဥ်အမျိုးမျိုးဖြင့်.......

#ဝမ်ရိပေါ်ကအမျိုးသားချင်းမေတ္တာမျှနေ...
ဆိုတဲ့ခေါင်းစဥ်က trending ဖြစ်လို့နေသဖြင့်
ရှောင်းကျန့် ခေါင်းကြီးသွားရသည်....... ဒီလိုတွေ ဖြစ်မှာစိုးလို့ ရှောင်းကျန့်ကိုယ်တိုင် သူ့ခံစားချက်တွေကို အမျိုးမျိုးချိုးနှိမ်ထားခဲ့တာ.....

အကြောင်းအရာအားလုံးဟာ ရိပေါ်ကိုပဲ ဦးတည်လို့.... ကောင်းတဲ့ဘက်ကပဲ မြင်ပေးပေး မကောင်းတဲ့ဘက်ကပဲ မြင်မြင် သူ့ ကြောင့် ရိပေါ် ထိခိုက်နစ်နာရမှာမျိုး ရှောင်းကျန့်မဖြစ်စေချင်.......
သက်ပြင်းသာ အကြိမ်ကြိမ်ချနေမိတော့တာ....

ရိပေါ် ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲက ထွက်လာ​တော့ ရှောင်းကျန့်က ကုတင်ခေါင်းရင်းကို မှီပြီးထိုင်နေကာ ဖုန်းသုံးနေလေရဲ့......
ရိပေါ်က ရှောင်းကျန့်နဲ့ မျက်နှာဆိုင်ထိုင်လိုက်ပြီး ရှောင်းကျန့်ရဲ့ခါးသွယ်သွယ်လေးကို သိုင်းဖက်ကာ ရင်ခွင်ထဲကို ခေါင်းလေးအပ်လိုက်သည်.... ရုတ်တရတ်မို့ ရှောင်းကျန့် တားချိန်တောင် မရလိုက်.....

"ဘာလုပ်တာလဲ...."

"နေမကောင်းတဲ့ ကျတော့်ကို ပစ်ထားပြီး ကိုကိုက ဖုန်းသုံးနေတာကို....."

ချွဲချွဲနွဲ့နွဲ့နွဲ့ ရိပေါ် စကားဆိုရှာတော့... 

"မင်း နေကောင်းနေပြီပဲ
ဖယ်!"

ရှောင်းကျန့်က ဖယ်ခိုင်းတော့ ရိပေါ် ခေါင်းလေး ရှောင်းကျန့်ရင်ခွင်နဲ့ ခွာလိုက်ကာ

"ကျတော် တကယ်နေမကောင်းတာ....
ဒီမယ် ဒီရင်ဘတ်ကြီးထဲက ပေါက်ထွက်တော့မလိုပဲ တဒိန်းဒိန်းနဲ့....."

ဘယ်ဘတ်ရင်အုံကို လက်နဲ့ပုတ်ပြကာ ​အတည်ပေါက်​နဲ့ နောက်နေတဲ့ ရိပေါ်စကားတွေကြောင့် ​ရှောင်းကျန့် မျက်စောင်းထိုးပစ်လိုက်ပြီး ကုတင်ပေါ်က ဆင်းမယ်အလုပ်.....

"ကိုကိုရော နေကောင်းရဲ့လား....
လာ ကျတော် စမ်းကြည့်ပေးမယ်...."

ပြောပြောဆိုဆိုနဲ့ ရှောင်းကျန့်ရင်ခွင်ထဲကို ထပ်မံတိုးဝင်လာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် ခန္ဓာကိုယ်လေး ထောင်မတ်သွားကာ အသက်ရှူဖို့ပင် မေ့သွားရသလို....

"ကိုကိုလဲ နေမကောင်းဘူးပဲ...."

"ငါက ဘာလို့ နေမကောင်းဖြစ်ရမှာလဲ...."

ရိပေါ်ရဲ့ မြန်ဆန်လွန်းတဲ့လှုပ်ရှားမှုတွေ​ကြောင့် ခုန်နေတဲ့ရင်အစုံကို ဖုံးဖိချိန်တောင် မရလိုက်တဲ့ရှောင်းကျန့်မှာတော့ မျက်နှာတစ်ခုလုံး နီရဲလို့.....

"ကျတော် နားထောင်ကြည့်ပြီးပြီ
ကိုကို့ရဲ့ နှလုံးခုန်သံတွေလဲ အရမ်းမြန်နေတာ...
အဲ့ဒါ ကိုကို နေမကောင်းလို့ပေါ့....."

"တော်တော့ ရိပေါ်....
မဟုတ်တာ​တွေ လျှောက်ပြောမနေနဲ့...."

ခါးမှာ ဖက်ထားတဲ့ ရိပေါ်ရဲ့လက်ကို ဖယ်ထုတ်ကာ ရိပေါ်ကို ကျောပေးလျက် မတ်တပ်ရပ်လိုက်သည်... 
ရိပေါ်ဆီမှ စကားသံတခုခု ထွက်လာလိမ့်မယ်လို့ ရှောင်းကျန့်ထင်ထားသော်လဲ ဘာစကားသံမှထွက်မလာတာကြောင့်  ပြန်လှည့်ကြည့်မိတော့....
မျက်ရည်အဝဲသားနဲ့ ရှောင်းကျန့်ကို ကြည့်နေတဲ့ ရိပေါ်.... 

ကိုယ်တောင်းပန်ပါတယ် ရိပေါ်ရယ်.... အခြေအနေတွေက ကိုယ်တို့နှစ်ယောက်ကို အနေဝေး​သွားအောင် ဖန်တီးနေကြတယ်ကွာ......

နေမကောင်း​နေတဲ့ကလေးကို စိတ်မကောင်းဖြစ်အောင်ထပ်လုပ်မိပြီး မျက်နှာလွှဲထားခဲ့ဖို့လဲ ရှောင်းကျန့်ရဲ့ နှလုံးသားက ခွင့်မပြုပြန်.....

ရိပေါ်ရဲ့ခြေထောက်နားမှာ ဒူးထောက်ထိုင်ချလိုက်ရင်း ရိပေါ်လက်လေးကို ဆုပ်ကိုင်ကာ

"ရိပေါ်.....
မင်း နေမကောင်းဘူးလေ....
စောစောနားမှဖြစ်မှာ....
အိပ်တော့နော်...."

ရှောင်းကျန့်စကားအဆုံးမှာ တလှိမ့်ချင်းစီးကျလာတဲ့ ရိပေါ်ရဲ့ မျက်ရည်စတွေ...

"ကျတော် အိပ်ပျော်သွားရင် ကိုကိုက ကျတော့်ကို ထားသွားမှာမလား......"

နာကျင်ရပါတယ် ကလေးရယ်.......
ကိုယ့်ရင်ထဲမှာ မင်းထက်မလျော့တောင် မင်းနဲ့ထပ်တူ နာကျင်နေရပါတယ်.... 
ဖြစ်နိုင်ရင် ထိုးနှက်သမျှစကားလုံးတွေအားလုံး ကိုယ့်ဆီကိုပဲ ရည်ရွယ်စေချင်တယ်.....
မင်းကိုတော့ နည်းနည်းလေးတောင် အထိခိုက်မခံနိုင်လို့ပါ.....
နာကျင်ရသမျှ ဒီမျှနဲ့ပဲ ရပ်လိုက်ကြရအောင်လား ရိပေါ်ရယ်......

"ကိုကို...."

အတွေးလွန်နေတဲ့ ရှောင်းကျန့်ပခုံးကို ကိုင်လှုပ်ကာ ရိ​ပေါ်အော်လိုက်တော့မှ...
ကျလာလုလု မျက်ရည်တွေကို မျက်တောင်တို့တဖျပ်ဖျပ်ခတ်ရင်း ရိပေါ်မမြင်အောင် ကွယ်ဝှက်ကာ......

"အင်း.... ပြောလေ ရိပေါ်"

ကိုကို ငိုနေတာလား...... ကိုကိုလဲ ကျတော့်လို ခံစားနေရတယ်မလား..... ဘာလို့များ ကိုကို့က ​ဟန်ဆောင်နေနိုင်ရတာလဲ....... ကျတော် ကိုကို့ကို နားမလည်နိုင်တော့ဘူး ကိုကိုရယ်..... တကယ်ဆို တယောက်ခံစားချက်ကို တစ်ယောက်နားလည်နေပြီပဲ..... ဘာတွေ တွေဝေနေဦးမှာလဲ ကိုကိုရယ်......

"ကျတော် ကိုကို့ကို ချစ်တယ်...."

ရှောင်းကျန့် အံ့သြလွန်းစွာနဲ့ပဲ ဘာစကားမှမဆိုနိုင်လောက်အောင် ရိပေါ့်ကို စိုက်ကြည့်နေမိသည်.........

..........................#...................

#essentialei
#yizhan #wangxiao

Zawgyi

ၾကယ္ကေလးရဲ႕အားေပးေဖာ္
Part 14

တနဂၤေႏြေန႕မို႔ ေရွာင္းက်န့္တစ္ေယာက္ ရိေပၚေနာက္ကို ေကာက္ေကာက္ပါေအာင္ လိုက္ရျပန္​ေလၿပီ.. .
ႏွစ္​ေယာက္သား တပူးတြဲတြဲဆိုေတာ့ သတင္းတခ်ိဳ႕က သို႔ေလာ သို႔ေလာ ထြက္ေနတာ သိေပမယ့္ ရိေပၚကေတာ့ ဂ႐ုမစိုက္.....

ရိေပၚအတြက္ ေရွာင္းက်န့္က သံလိုက္ဆြဲအားလို....
ရိေပၚအတြက္ ေပ်ာ္႐ႊင္စရာဆိုတာ ေရွာင္းက်န့္ရွိမွ ျပည့္စုံတာကို ေရွာင္းက်န့္ကိုယ္တိုင္ကလဲ သိတာမို႔ ဒီကေလးဆိုးသမွ် အျပစ္မျမင္ရွာ.....

ေရွာင္းက်န့္ရွိမွ ပြင့္လန္းတတ္​တဲ့ ရိေပၚအၿပဳံးေတြက ဒီေန႕ေတာ့ ႏြမ္းႏြမ္းလ်လ်....
ရိေပၚက သိပ္ေနမေကာင္းသလိုျဖစ္ေနတာမို႔ ရိုက္ကူးေရးနားတာနဲ႕ ေရွာင္းက်န့္ပခုံးေပၚ ေခါင္းတင္လို႔ မွိန္းေနေလရဲ႕.....
ညပိုင္း studio မွာ ရိုက္ကူးေရးသြားဖို႔က ရွိေသးတာ......

"ရိေပၚ....
အရမ္းေနလို႔မေကာင္းရင္ ေဆးခန္းသြားျပရေအာင္ေလ....."

ေရွာင္းက်န့္စိတ္ပူစြာ ေျပာလိုက္တာကို ေခါင္းၿငိမ့္႐ုံသာ ျပန္ေျဖနိုင္တဲ့ ရိေပၚ....
ဒီကေလးက ေတာ္႐ုံဆို ဒူေပဒဏ္ေပခံၿပီးေနတတ္ၿပီး အခုက ေတာ္ေတာ္ေနမေကာင္းျဖစ္ေနတာမို႔သာ မွိုင္ေနတာကို ေရွာင္းက်န့္သိသည္...
အဲဒါေၾကာင့္လဲ ပိုၿပီးစိတ္ပူေနရတာ....

ေဆးခန္းကအျပန္ ညပိုင္းရိုက္ကူးေရးၿပီးမွသာ အိမ္ကိုျပန္လာခဲ့ၾကသည္.....
ရိေပၚဆိုတာ သူ႕အလုပ္နဲ႕ပတ္သတ္ရင္ က်န္းမာေရးကိုေတာင္ ဒုတိယေနရာမွာ ထားတတ္သူ......

​ရိေပၚက ေရွာင္းက်န့္ကို အိမ္မျပန္ဖို႔ တားတာေၾကာင့္ ေရွာင္းက်န့္လဲ မျငင္းသာ.....
ေနမေကာင္းတဲ့ရိေပၚကို တေယာက္ထဲ ပစ္မထားရက္နိုင္.....

ရိေပၚ ေရခ်ိဳးခန္းထဲဝင္သြားတုန္း ကုတင္ေပၚမွာထိုင္ကာ ဖုန္းခဏၾကည့္ေနခိုက္ သူတို႔ႏွစ္ေယာက္ရဲ႕ ပုံေတြက weibo မွာ ပ်ံ့ႏွံ႕လ်က္.....
ေခါင္းစဥ္အမ်ိဳးမ်ိဳးျဖင့္.......

#ဝမ္ရိေပၚကအမ်ိဳးသားခ်င္းေမတၱာမွ်ေန...
ဆိုတဲ့ေခါင္းစဥ္က trending ျဖစ္လို႔ေနသျဖင့္
ေရွာင္းက်န့္ ေခါင္းႀကီးသြားရသည္....... ဒီလိုေတြ ျဖစ္မွာစိုးလို႔ ေရွာင္းက်န့္ကိုယ္တိုင္ သူ႕ခံစားခ်က္ေတြကို အမ်ိဳးမ်ိဳးခ်ိဳးႏွိမ္ထားခဲ့တာ.....

အေၾကာင္းအရာအားလုံးဟာ ရိေပၚကိုပဲ ဦးတည္လို႔.... ေကာင္းတဲ့ဘက္ကပဲ ျမင္ေပးေပး မေကာင္းတဲ့ဘက္ကပဲ ျမင္ျမင္ သူ႕ ေၾကာင့္ ရိေပၚ ထိခိုက္နစ္နာရမွာမ်ိဳး ေရွာင္းက်န့္မျဖစ္ေစခ်င္.......
သက္ျပင္းသာ အႀကိမ္ႀကိမ္ခ်ေနမိေတာ့တာ....

ရိေပၚ ကိုယ္လက္သန့္စင္ၿပီး ေရခ်ိဳးခန္းထဲက ထြက္လာ​ေတာ့ ေရွာင္းက်န့္က ကုတင္ေခါင္းရင္းကို မွီၿပီးထိုင္ေနကာ ဖုန္းသုံးေနေလရဲ႕......
ရိေပၚက ေရွာင္းက်န့္နဲ႕ မ်က္ႏွာဆိုင္ထိုင္လိုက္ၿပီး ေရွာင္းက်န့္ရဲ႕ခါးသြယ္သြယ္ေလးကို သိုင္းဖက္ကာ ရင္ခြင္ထဲကို ေခါင္းေလးအပ္လိုက္သည္.... ႐ုတ္တရတ္မို႔ ေရွာင္းက်န့္ တားခ်ိန္ေတာင္ မရလိုက္.....

"ဘာလုပ္တာလဲ...."

"ေနမေကာင္းတဲ့ က်ေတာ့္ကို ပစ္ထားၿပီး ကိုကိုက ဖုန္းသုံးေနတာကို....."

ခြၽဲခြၽဲႏြဲ႕ႏြဲ႕ႏြဲ႕ ရိေပၚ စကားဆိုရွာေတာ့... 

"မင္း ေနေကာင္းေနၿပီပဲ
ဖယ္!"

ေရွာင္းက်န့္က ဖယ္ခိုင္းေတာ့ ရိေပၚ ေခါင္းေလး ေရွာင္းက်န့္ရင္ခြင္နဲ႕ ခြာလိုက္ကာ

"က်ေတာ္ တကယ္ေနမေကာင္းတာ....
ဒီမယ္ ဒီရင္ဘတ္ႀကီးထဲက ေပါက္ထြက္ေတာ့မလိုပဲ တဒိန္းဒိန္းနဲ႕....."

ဘယ္ဘတ္ရင္အုံကို လက္နဲ႕ပုတ္ျပကာ ​အတည္ေပါက္​နဲ႕ ေနာက္ေနတဲ့ ရိေပၚစကားေတြေၾကာင့္ ​ေရွာင္းက်န့္ မ်က္ေစာင္းထိုးပစ္လိုက္ၿပီး ကုတင္ေပၚက ဆင္းမယ္အလုပ္.....

"ကိုကိုေရာ ေနေကာင္းရဲ႕လား....
လာ က်ေတာ္ စမ္းၾကည့္ေပးမယ္...."

ေျပာေျပာဆိုဆိုနဲ႕ ေရွာင္းက်န့္ရင္ခြင္ထဲကို ထပ္မံတိုးဝင္လာတဲ့ ရိေပၚေၾကာင့္ ေရွာင္းက်န့္ ခႏၶာကိုယ္ေလး ေထာင္မတ္သြားကာ အသက္ရႉဖို႔ပင္ ေမ့သြားရသလို....

"ကိုကိုလဲ ေနမေကာင္းဘူးပဲ...."

"ငါက ဘာလို႔ ေနမေကာင္းျဖစ္ရမွာလဲ...."

ရိေပၚရဲ႕ ျမန္ဆန္လြန္းတဲ့လႈပ္ရွားမႈေတြ​ေၾကာင့္ ခုန္ေနတဲ့ရင္အစုံကို ဖုံးဖိခ်ိန္ေတာင္ မရလိုက္တဲ့ေရွာင္းက်န့္မွာေတာ့ မ်က္ႏွာတစ္ခုလုံး နီရဲလို႔.....

"က်ေတာ္ နားေထာင္ၾကည့္ၿပီးၿပီ
ကိုကို႔ရဲ႕ ႏွလုံးခုန္သံေတြလဲ အရမ္းျမန္ေနတာ...
အဲ့ဒါ ကိုကို ေနမေကာင္းလို႔ေပါ့....."

"ေတာ္ေတာ့ ရိေပၚ....
မဟုတ္တာ​ေတြ ေလွ်ာက္ေျပာမေနနဲ႕...."

ခါးမွာ ဖက္ထားတဲ့ ရိေပၚရဲ႕လက္ကို ဖယ္ထုတ္ကာ ရိေပၚကို ေက်ာေပးလ်က္ မတ္တပ္ရပ္လိုက္သည္... 
ရိေပၚဆီမွ စကားသံတခုခု ထြက္လာလိမ့္မယ္လို႔ ေရွာင္းက်န့္ထင္ထားေသာ္လဲ ဘာစကားသံမွထြက္မလာတာေၾကာင့္  ျပန္လွည့္ၾကည့္မိေတာ့....
မ်က္ရည္အဝဲသားနဲ႕ ေရွာင္းက်န့္ကို ၾကည့္ေနတဲ့ ရိေပၚ.... 

ကိုယ္ေတာင္းပန္ပါတယ္ ရိေပၚရယ္.... အေျခအေနေတြက ကိုယ္တို႔ႏွစ္ေယာက္ကို အေနေဝး​သြားေအာင္ ဖန္တီးေနၾကတယ္ကြာ......

ေနမေကာင္း​ေနတဲ့ကေလးကို စိတ္မေကာင္းျဖစ္ေအာင္ထပ္လုပ္မိၿပီး မ်က္ႏွာလႊဲထားခဲ့ဖို႔လဲ ေရွာင္းက်န့္ရဲ႕ ႏွလုံးသားက ခြင့္မျပဳျပန္.....

ရိေပၚရဲ႕ေျခေထာက္နားမွာ ဒူးေထာက္ထိုင္ခ်လိဳက္ရင္း ရိေပၚလက္ေလးကို ဆုပ္ကိုင္ကာ

"ရိေပၚ.....
မင္း ေနမေကာင္းဘူးေလ....
ေစာေစာနားမွျဖစ္မွာ....
အိပ္ေတာ့ေနာ္...."

ေရွာင္းက်န့္စကားအဆုံးမွာ တလွိမ့္ခ်င္းစီးက်လာတဲ့ ရိေပၚရဲ႕ မ်က္ရည္စေတြ...

"က်ေတာ္ အိပ္ေပ်ာ္သြားရင္ ကိုကိုက က်ေတာ့္ကို ထားသြားမွာမလား......"

နာက်င္ရပါတယ္ ကေလးရယ္.......
ကိုယ့္ရင္ထဲမွာ မင္းထက္မေလ်ာ့ေတာင္ မင္းနဲ႕ထပ္တူ နာက်င္ေနရပါတယ္.... 
ျဖစ္နိုင္ရင္ ထိုးႏွက္သမွ်စကားလုံးေတြအားလုံး ကိုယ့္ဆီကိုပဲ ရည္႐ြယ္ေစခ်င္တယ္.....
မင္းကိုေတာ့ နည္းနည္းေလးေတာင္ အထိခိုက္မခံနိုင္လို႔ပါ.....
နာက်င္ရသမွ် ဒီမွ်နဲ႕ပဲ ရပ္လိုက္ၾကရေအာင္လား ရိေပၚရယ္......

"ကိုကို...."

အေတြးလြန္ေနတဲ့ ေရွာင္းက်န့္ပခုံးကို ကိုင္လႈပ္ကာ ရိ​ေပၚေအာ္လိုက္ေတာ့မွ...
က်လာလုလု မ်က္ရည္ေတြကို မ်က္ေတာင္တို႔တဖ်ပ္ဖ်ပ္ခတ္ရင္း ရိေပၚမျမင္ေအာင္ ကြယ္ဝွက္ကာ......

"အင္း.... ေျပာေလ ရိေပၚ"

ကိုကို ငိုေနတာလား...... ကိုကိုလဲ က်ေတာ့္လို ခံစားေနရတယ္မလား..... ဘာလို႔မ်ား ကိုကို႔က ​ဟန္ေဆာင္ေနနိုင္ရတာလဲ....... က်ေတာ္ ကိုကို႔ကို နားမလည္နိုင္ေတာ့ဘူး ကိုကိုရယ္..... တကယ္ဆို တေယာက္ခံစားခ်က္ကို တစ္ေယာက္နားလည္ေနၿပီပဲ..... ဘာေတြ ေတြေဝေနဦးမွာလဲ ကိုကိုရယ္......

"က်ေတာ္ ကိုကို႔ကို ခ်စ္တယ္...."

ေရွာင္းက်န့္ အံ့ၾသလြန္းစြာနဲ႕ပဲ ဘာစကားမွမဆိုနိုင္ေလာက္ေအာင္ ရိေပၚ့ကို စိုက္ၾကည့္ေနမိသည္.........

..........................#...................

#essentialei
#yizhan #wangxiao

Đọc tiếp

Bạn Cũng Sẽ Thích

1M 32.6K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
270K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
252K 37.5K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
493K 11.8K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."