Unicode
ကြယ်ကလေးရဲ့အားပေးဖော်
Part 15ဘယ်လိုသတ္တိတွေနဲ့များ မင်း ဒီလို ပြောရဲရတာလဲ ရိပေါ်ရယ်......
ဒီလမ်းက မင်းအတွက် ဘယ်လောက်ကြမ်းတမ်းမယ်ဆိုတာ မင်းအသိဆုံးဖြစ်မှာပါ.....
မင်းဘက်က အားလုံးကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်မှတော့ ကိုယ်ကလဲ မင်းဘေးကနေ အတူတူ တိုက်ပွဲဝင်ပေးရုံပဲ ရှိတော့တာပေါ့...."အောဟော..... ဝမ်ရိပေါ် နေမကောင်းဖြစ်ပြီး ကယောင်ကတမ်းတွေ ပြောနေတာပါလား....
ပြစမ်း... စမ်းကြည့်ရအောင်.."ဝမ်ရိပေါ် သူ့နှဖူးပေါ် ရောက်လာတဲ့ ရှောင်းကျန့်လက်ကို ဖယ်ထုတ်ကာ.....
"ဘာကို နေမကောင်းဖြစ်ရမှာလဲ
နေကောင်းတယ်... ကယောင်ကတမ်းပြောနေတာမဟုတ်ဘူး.....
တကယ် အတည်ပြောနေတာ.... ""ဟမ်... ခုနကတော့ နေမကောင်းပါဘူးဆို....
အခုကျ နေကောင်းသွားပြီလား....
အမျိုးမျိုးပြောနေတာပဲ...
မင်း ငါ့ကိုချစ်တယ်ဆိုတာရော ငါဘယ်လိုယုံရမှာလဲ.....""ကိုကိုယုံအောင် ကျတော် ဘယ်လို သက်သေပြရမလဲ...ပြော...
ကိုကို ကျတော့်အချစ်ကို ယုံလာဖို့ဆိုရင် ကျတော် ဘယ်လိုပဲသက်သေပြရ ပြရ ပြမယ်..."ယုံပါတယ် ကလေးရယ်......ယုံလွန်းလို့ မင်းကို စိတ်ပူရလွန်းတဲ့အထိပါပဲ....
"စတာပါဗျာ ယုံပါတယ် ယုံပါတယ်..."
"ယုံတယ်ဆိုရင် အဖြေပေးလေ...."
ဇွတ်!
"အားရိုး..... ချက်ချင်းအဖြေပြန်ပေးရင် စျေးကျတာပေါ့....."
"အဲ့ဒါဆို ဘယ်တော့ အဖြေပြန်ပေးမှာလဲ... "
ရိပေါ့် အမေးကြောင့် ရှောင်းကျန့် တွေဝေသွားကာ ခဏကြာစဥ်းစားပြီးတော့မှ...
"အင်း......
မင်းမွေးနေ့ ကြယ်တွေအတူကြည့်တဲ့အချိန်ပေါ့....""Yes!"
အချိန်တွေကို remote control နဲ့သာ ရစ်ပစ်လိုက်ချင်တယ် ကိုကိုရေ.......
ရိပေါ့်ရဲ့အပျော်လွန်နေမှုကြောင့် မျက်ဝန်းထဲက မျက်ရည်ဥလေးတွေခမျာ ဘယ်ချောင်ပြေးကပ်ရမှန်းမသိ လမ်းပျောက်ကုန်ရှာပြီ......
YOU ARE READING
ကြယ်ကလေးရဲ့အားပေးဖော် [Complete]
RomanceUnicode ဘယ်လိုကြယ်လေးတွေကို ခင်ဗျားတို့ချစ်ကြသလဲ...... ကောင်းကင်ထက်က ဂြိုလ်စိုင် ကြယ်လေးတွေကိုလား..... ဖန်ပုလင်းထဲက စက္ကူကြယ်လေးတွေကိုလား..... အခန်းမျက်နှာချပ်အထက်က အနုမြူကြယ်လေးတွေကိုလား....... ကျတော်ကတော့ ကမ္ဘာမြေပြင်ပေါ်မှာ တလက်လက်တောက်ပနေတဲ့ ဝမ်...