Part 1

17.2K 929 26
                                    

Unicode
ကြယ်ကလေးရဲ့အားပေးဖော်
Part-1:

"လမ်းဖယ်ပေးကြပါ...."
"အရမ်းမတိုးကြပါနဲ့...."
"အနောက်ဆုတ်ကြပါ...."

ပြွတ်သိပ်တိုးဝှေ့နေတဲ့ လူအုပ်ကြီးရဲ့ အပြိုင်အဆိုင် အော်ဟစ်နေတဲ့အသံတွေကြားမှာ bodyguard နှစ်ယောက်ရဲ့အသံက တိုးမပေါက်ခဲ့.......
ဘယ်လောက်တောင်ချောလို့ ဒီလောက်အဖြစ်သည်းနေကြလဲဆိုတာ ရှောင်းကျန့်တစ်ယောက် သိချင်တာလာတာမို့ ကလန့်ကလားအရပ်နဲ့ လူကြားထဲနည်းနည်းတိုးမိရုံပဲရှိသေး......
ပိန်ပိန်ပါးပါးခန္ဓာကိုယ်က မြေကြီးနဲ့ခြေထောက်မထိတော့ပဲ လူကြားထဲညပ်ပါသွားပါလေရော.....

မြေကြီးနဲ့ခြေထောက်လွတ်နေတာကြောင့်ရော ခြောက်ပေ တစ်လက်မရှိတဲ့ အရပ်အမောင်းကြောင့်ရော bodyguard နှစ်​ယောက်ကြားက ကောင်လေးကို မြင်နေရတယ်.....

ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းထားပြီး maskတပ်ထားသဖြင့် မျက်နှာကိုတော့ သေချာမမြင်ရပေ......

"ဘာမှ​သေချာမမြင်ရတာကိုများ ဘာလို့အလုအယက် တိုးကြည့်နေကြတာပါလိမ့်...."

စိတ်ထဲက ရေရွတ်ရင်း လူအုပ်ကြားကနေ ခက်ခက်ခဲခဲ ပြန်ထွက်လာခဲ့ရတယ်....

တခါတလေ ဘယ်သူမှ သတိမထားမိလိုက်တဲ့ အခိုက်အတန့်လေးက ရေစက်လေးတစ်ခု ဖြစ်နေခဲ့မယ်ဆိုတာ.......

............
.......

မျက်လုံးအစုံကို အားယူပြီး ဖွင့်ကြည့်မိတော့ အစိမ်းရောင်ခြယ်ထားတဲ့ အခန်းကျယ်တစ်ခု.....
အားမရှိသလိုခန္ဓာကိုယ်ကို အားယူပြီးထကြည့်တော့ ခေါင်းကမိုက်ခနဲ မူးသွားတဲ့အတွက် ဘေးနံရံကိုလက်လှမ်းထောက်ကာ ထိန်းလိုက်ရတယ်....
ဒါ ဘယ်နေရာလဲ ငါ ဘယ်ရောက်နေတာလဲ....
ပြီးတော့ ငါက..... ငါကရော ဘယ်သူလဲ.....
ဘာပရိဘောဂမှမရှိပဲ အစိမ်းရောင်များသာခြယ်ထားသော အခန်းထဲမှ  အပြင်ကို ထွက်ကြည့်ရန်အခန်းတံခါးလက်ကိုင်ကို လှမ်းဆုပ်လိုက်တော့......
တံခါးလက်ကိုင်ကိုမထိမိပဲ
လေထဲတွင်သာ လစ်ဟာသွားတဲ့လက်ချောင်းတွေကြောင့် ထိတ်လန့်သွားခဲ့မိတယ်....
"ဒါ.....ဒါက ဘယ်လိုဖြစ်တာလဲ.....
ဒီနေရာက ဘယ်လိုနေရာလဲ......."

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Where stories live. Discover now