Final

11.6K 768 50
                                    

Unicode

ကြယ်ကလေးရဲ့အားပေးဖော်
Final

ရိပေါ်လက်က လွတ်အောင် ရှောင်းကျန့် ဉာဏ်နီ ဉာဏ်နက် ဉာဏ်ပြာ ဉာဏ်ဝါ ကာလာစုံကို အရှိန်အဟုန်ဖြင့် ထုတ်နေရသည်....
ရွှေဉာဏ်တော် စူးရောက်စွာနဲ့ပဲ နောက်ဆုံးတော့ သူ့ရှူးနဲ့ သူ့ကို ပြန်ပက်ဖို့ အကြံရကာ ခြေအစုံကို မြဲစွာရပ်လိုက်ပြီး.....

"အဟက်..... ဝမ်ရိပေါ်......
ဝမ်ရိပေါ်.....
ငါက ကြောက်ချင်ယောင်ဆောင်ပြလို့ မင်းကိုယ်မင်း ဟုတ်လှပြီထင်နေတယ်ပေါ့......
လာလေ.....
မင်းနဲ့ငါ ဗလချင်းရော ဇ ချင်းရော တူတူလောက်ပဲရှိတာ......
ဘယ်သူနိုင်မလဲ တစ်ပွဲတစ်လှမ်း အကဲစမ်းကြည့်ကြတာပေါ့....."

ရှောင်းကျန့်ပြောပြီးတာနဲ့ ရိပေါ်ရဲ့ ညစ်ကျယ်ကျယ်အပြုံးတို့ကို သူ့နှုတ်ခမ်းထက်သို့ လွှဲပြောင်းယူလိုက်လေသည်......

ရှောင်းကျန့်ဆိုတာ မလုပ်ရင်လဲ မလုပ်ဘူး
လုပ်မယ်ဟေ့လို့ကြွေးကြော်ပြီးရင်လဲ အပြောနဲ့ အလုပ် တထပ်ထဲကျအောင်လုပ်တတ်သူဆိုတာ ရိပေါ်သိနေတော့....

"မဟုတ်ဘူးလေ ကိုကို.....
မှားကုန်ပြီ......
အဲ့လိုမဟုတ်ဘူးလေ.....
မှားမယ်နော် ကိုကို......"

သူခံရမယ့်အလှည့်ကျ ရိပေါ်တို့က အကြောက်အကန်.....

"အေး.... မှားချင်လို့လေ.....
မှားရအောင် လာပါကွ အချစ်ကလေးရ....."

ရှောင်းကျန့်ခြေလှမ်းတို့ ရှေ့ကိုတိုးလာတိုင်း ရိပေါ် နောက်ကို ဆုတ်လို့သွားကာ လသာဆောင်လေးမှာ စိန်ပြေးလိုက်တမ်းဆော့ကစားလို့......

မှတ်မှတ်ရရ date လှလှလေးကို ကောင်းကင်ထက်က ကြယ်လေးတွေနဲ့အတူ ချိတ်ဆွဲလို့.......။

..........

အချစ်ရဲ့စွမ်းအားက နှစ်ချို့ဝိုင်တခွက်လို.....
ပူရှိန်းရှိန်းအရသာလေးကိုက စွဲမက်ဖွယ်ကောင်းတာ....

အချိန်တွေ တရွေ့ရွေ့ပြောင်းသွားလဲ ချစ်ခြင်းတရားဟာမပြောင်းလဲပဲ တွဲတဲ့လက်တွေ ခိုင်မြဲစွာ.....

အတားအဆီးတွေကျော်ဖြတ် နှလုံးသားချင်းထပ်လို့ အခက်အခဲအားလုံးကို ချစ်ရသူရဲ့လက်ကိုဆွဲ ရဲရဲကြီး တိုက်ပွဲဝင်ပစ်မှာ.....
..................
ဝမ်ရိပေါ်တို့ ရှောင်းကျန့်အိမ်ရောက်နေပြီး လိုချင်တာပူဆာဖို့ အရှိန်ယူနေသော်လည်း ရှေင်းကျန်းကတော့ စာကြည့်စားပွဲရှေ့မှာ laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေလေရဲ့......
အလုပ်ရှုပ်လဲ မတတ်နိုင်ဘူး ပြောစရာရှိတာ ပြောရမှာက ရိပေါ့်အလုပ်.......

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Where stories live. Discover now