Part 6

7.2K 737 22
                                    

Unicode

ကြယ်ကလေးရဲ့အားပေးဖော်
Part 6

စိတ်ပင်ပန်းတာရော လူပင်ပန်းတာရောကြောင့် ကိုကို့ကိုတောင် အရေးမလုပ်နိုင်သလိုဖြစ်သွားတယ်......
ရှူတင်ခဏနားချိန်...
ကိုကိုက ကျတော်ဘေးမှာ ရှိမနေခဲ့....
ဘေးပတ်ဝန်းကျင်ကို အကြည့်တွေနဲ့လိုက်ရှာမိတော့ ခပ်လှမ်းလှမ်းက သစ်ပင်အောက်မှာ မတ်တပ်လေးရပ်နေပြီး ကျတော့်ကို ပြုံးပြနေလေရဲ့...
ဘာကြောင့်မှန်းမသိဘူး ကိုကို့အပြုံးတွေကို မြင်ရင် ရင်ထဲမှာ နွေးထွေးသွားသလိုပဲ......
ကိုကို့အပြုံးတွေက လူကိုပြုစားနိူင်တဲ့အစွမ်းရှိတယ်ထင်တယ်.....
ပြီးတော့..... အဲ့ဒီအပြုံးလေးတွေနဲ့ ထပ်တူကျတဲ့ အပြုံးတွေက ကျတော့်နှုတ်ခမ်းထက်မှာလဲ ခိုတွဲလို့......

"ရိပေါ်.....
တစ်ယောက်ထဲ ဘာတွေ ပြုံးနေတာလဲ...."

ဇာတ်ကားအတွက် အတူတူတွဲပြီး သရုပ်ဆေင်နေရတဲ့ အစ်ကိုယွီပင်းရဲ့ အသံက ရိပေါ်ရဲ့ဘေးဘက်ဆီမှ ထွက်ပေါ်လာတော့... 

"ဘာရယ်မဟုတ်ပါဘူး အစ်ကိုယွီပင်းရာ....
ဒီလိုပဲ သဘောကျစရာလေးရှိလို့ပါ...."

ဟုတ်တယ်......
အဲ့ဒီအပြုံးမျက်နှာလေးက ကျတော့်အတွက် သဘောကျစရာဖြစ်လာခဲ့ပြီ....

"အတွေးနဲ့တင် အပြင်မှာတောင် ပြုံးလာရလောက်အောင် သဘောကျတယ်ဆိုတော့.....
မဟုတ်မှလွဲရော......"

"အာ.....တော် တော် တော်....
လျှောက်ပြီး နောက်မယ်မကြံနဲ့နော် အစ်ကိုယွီပင်း......
နဂိုကမှ ကောလဟာလတွေကြောင့် လူက ညစ်နေတာ...."

အစ်ကိုယွီပင်းရဲ့ မဟုတ်မှလွဲရော...ဆိုတဲ့ စကားအသွားအလာကို သိနေတယ်....
ဒီရက်ပိုင်း dating rumor တွေက စိတ်ပျက်စရာကောင်းအောင် ပျံ့နေတာ.......
တကယ်မဟုတ်တဲ့ကိစ္စကြီးကို အရေးတယူလုပ်ပြီး ရှင်းပြနေရတာမျိုး ကျတော်ဝါသနာမပါဘူး....
အဲ့ဒါကြောင့်မို့ ပေါ်တင်ပဲ စကားလမ်းကြောင်း လွှဲဖို့ ကြိုးစားလိုက်တယ်....

"အော်... အစ်ကိုယွီပင်း ကျတော် တခုသိချင်တာလေးရှိလို့....."

"အင်း... ပြောလေ
ဘာသိချင်တာလဲ....."

"သရဲ တကယ်ရှိတယ်ဆိုတာ ယုံလား...."

"အင်း ယုံတာပေါ့....
ငါဆို ကိုယ်တိုင်တောင် သရဲခြောက်ခံရဖူးသေးတယ်...
ပြောပြရမလား....."

ကြယ်ကလေးရဲ့အားပေးဖော် [Complete]Where stories live. Discover now