Spring Day || KV [Completed]
By __Yolanda__
124K 11.1K 1.1K
Inspire to "Midnight Sun" movie My dreams come true at midnight. Song recommend - Spring Day ©Yolanda More
< 1 >
< 2 >
< 3 >
< 4 >
< 6 >
< 7 >
< 8 >
< 9 >
< 10 >
< 11 >
< 12 >
< 13 - Final >
announcement
< 5 >
6.8K 790 93
By __Yolanda__
( Zawgyi )
" အယ်​..."
**********
" အင်း ~ မရယ်​ရဘူး​နော်​ ! "
" ကဲ ! ကစားကွင်း​ရောက်​ပြီ ! "
" ဟင့်​အင်း ! ​ရေခဲမုန့်​ ! "
"......."
"
" အင်​.....အင်း...."
" jelly !? "
" ဘာ !!! "
" ကိုကို !! Tae ကိုချစ်​လား !? "
"......."
" ​တော်​​သေးတာ​ပေါ့ ! ညီမ က ဒီကအစ်​ကိုက အင်္ကျီထချွတ်​​တော့မယ်​ထင်​လို့ ဆက်​ကြည့်​​နေတာ ! ဒါနဲ့ ဘာလို့ရပ်​လိုက်​____"
" wow ....."
" အားကျလိုက်​တာဟာ...."
ဒါဆိုဘာလို​သေးလဲ !?
* * * * * * * * * *
S p r i n g D a y
* * * * * * * * * *
( Unicode )
" omma ! ဟိုဘက်အိမ်ကကောင်လေးနဲ့သွားမပက်သက်ပါနဲ့ ! သမီးမကြိုက်ဖူး "
Yura စကားကြောင့် အမေဖြစ်သူက ပစ္စည်းတွေသိမ်းဆည်းနေရာမှ ရပ်တန့်သွားမိသည်။
" ဟဲ့သမီး ! ငယ်ငယ်ကတည်းကအတူတူစာသင်လာတဲ့သူငယ်ချင်းတွေကိုမပက်သက်လို့ရမလား !? ပြီးတော့လည်း အမေကိုယ်တိုင်ကစာသင်ပေးခဲ့တာလေသမီးရယ် "
သို့သော်လည်း Yura ကတော့အမေ့စကားကိုသဘောမကျပေ။
" အဲ့တာဆိုလည်း omma သဘောလေ ~ ဒါပေမယ့် သမီးကိုတော့မပက်သက်ခိုင်းနဲ့ ! "
" အယ်..."
Yura သည်ဒေါသတကြီးဖြင့်ပြောရင်းအိမ်အပေါ်ထပ်ကိုပြေးတက်သွားသည်။ အောက်မှာကျန်နေတဲ့အမေကတော့ သူမ သမီးဘာတွေဖြစ်နေတယ်ဆိုတာမသိပေ။ ထို့ကြောင့် ဆက်မစဉ်းစားနေတော့ပဲ ပစ္စည်းတွေပေါ်ကိုသာအာရုံစိုက်လိုက်သည်။
အမှန်တကယ် သူမ သာ သူမ သမီး Yura မျက်ဝန်းတွေကိုသေသေချာချာကြည့်ခဲ့ပါက မျက်ရည်များတစ်စွန်းတစ်စဝေ့သီနေတာကိုတွေ့မြင်နိုင်သည်။
**********
" ကိုယ်တို့လည်း ဒီနေ့ Jungkook တို့နဲ့အတူတူ double date ရအောင် !? "
Yoongi သည် စိတ်မကောင်းဖြစ်နေသည့် Jimin အားစိတ်သက်သာစေရန်တစ်ခုခုလုပ်ပေးမည်ဟုတွေးကာ ထိုင်ကာမှိုင်နေသော Jimin ကိုခေါ်ကာ Jungkook တို့အနားဆီသွားမိသည်။
Yoongi စကားကြောင့် Jungkook လည်းခေါင်းငြိမ့်ကာ Taehyung လက်ကလေးကိုဆွဲပြီး အတူတူဆိုင်ထဲမှထွက်လာခဲ့ကြသည်။
Yoongi မှာကားပါလာသဖြင့် ထိုကားဖြင့်ပင်သူတို့ဒီတစ်ညလုံး၏အချိန်တွေကိုဖြုန်းပစ်မည်။ အချိန်ကုန်တာမမြန်စေရန်ဆုတောင်းရမည်။
" Babe ရဲ့ရည်မှန်းချက်ကဘာဖြစ်ချင်တာလဲ !? "
တိတ်ဆိတ်နေသည့် ကားအတွင်းပိုင်းအခြေအနေကြောင့် Yoongi သည်ကားမောင်းနေရင်းနှင့်ပင်ဘေးနားတွင်ထိုင်နေသည့် Jimin အားစကားလမ်းကြောင်းဖောက်ပေးလိုက်သည်။
" babe ကလား !? အင်း  ! ဘာဖြစ်ချင်တာလဲဆိုတော့ ! ဦးလေးလိုမျိုးအရသာရှိတဲ့အစားအသောက်တွေကိုဟောဒိလက်နဲ့ ချက်ချင်တာ ကို ရဲ့ "
Jimin စကားကြောင့်သုံးယောက်လုံး၏အာရုံစိုက်မှုတွေသည် Jimin ထံသို့ရောက်ရှိလာသည်။
" ဘယ်သူ့ကိုချက်ကျွေးချင်နေတာလဲ babe !"
" ဘယ်သူရှိရမှာလဲ !? ဟောဒိ ကြောင်ရိုင်းကြီးကိုချက်ကျွေးမလို့ပေါ့ဗျ ! "
ရှေ့ခန်းမှနှစ်ယောက်၏တီတီတာတာစကားကြောင့်အနောက်ခန်းတွင်ထိုင်နေကြသည့် Jungkook နှင့် Taehyung ပါပြုံးမိသည်။ jungkook ကတော့ခပ်ချေချေသူငယ်ချင်းဖြစ်သူ Yoongi သည်အခုလို သူ့သူငယ်ချင်းနှင့်မြန်မြန်အဆင်ပြေသွားသည့်အနေဖြင့်ဝမ်းသာသည့်အပြုံးဖြစ်ပေမယ့် Taehyung အပြုံးသည် သူ့ဘဝတွင်  Jungkook နှင့်အတူတူ ယခုလိုမျိူးတီတီတာတာလုပ်ရမည့်အချိန်သည် ကံဆိုသည့်ဇာတ်ဆရာကိုသာပုံအပ်ထားတာကြောင့် ဘယ်လိုမှမမျှော်မှန်းနိုင်သည့်မိမိအနာဂတ်အတွက် ရင်လေးနေရတာကြောင့် ယခုလိုတီတီတာတာစကားလေးတွေကိုအားကျသည့်အနေနဲ့ပြုံးနေခြင်းဖြစ်သည်။
တစ်ဦးနှင့်တစ်ဦးအပြုံးသည် အဓိပ္ပါယ်မတူသော်လည်း သူတို့နှစ်ယောက်၏စိတ်ထဲတွင် ထိုကဲ့သို့ မိမိဘဝအချိန်တိုင်းကိုချစ်ရသူနှင့်သာတစ်သက်လုံးဖြုန်းတီးပစ်ချင်သည့်ရည်မှန်းချက်ကလေးကတော့တူရင်တူပါလိမ့်မည်။
" ယောင်းငယ်ရဲ့ရည်မှန်းချက်ကရော ! "
" အင်း ~ မရယ်ရဘူးနော် ! "
ခေါင်းလေးကိုပုတ်ကာချစ်စဖွယ်ပြောလာသည့် Jungkook ကြောင့် Taehyung သည်ခဏတော့စဉ်းစားနေမိသည်။
" ဟုတ်ပါပြီ ! ပြောကြည့်ပါ !~ "
" Tae က အဆိုတော်ဖြစ်ချင်တာ ! အဲ့တစ်ခုပဲ ! ပြီးတော့ Tae ရဲ့ဝါသနာကလည်း သီချင်းတွေဆိုတာ သီချင်းတွေစပ်တာ Tae စဉ်းစားထားတာက နောင်တစ်ချိန် Tae အဆိုတော်ဖြစ်ရင် Tae ရေးထားတဲ့သီချင်းကိုပဲ Tae ဆိုမှာ ! ပြီးတော့___"
Taehyung သည်မေးစေ့လေးကိုလက်ညှိုးလေးဖြင့်ပွတ်ကာ ကိုယ့်အကြောင်းကို အများကြီးပြောမိသွားတာကြောင့်နည်းနည်းတော့ရှက်သွားသည်။ အဆိုတော်ဖြစ်ချင်သည်ဆိုသည့်ရည်မှန်းချက်ကြောင့် လှောင်ကြမှာကိုလည်းကြောက်သည်။
" အဆိုတော် !? အင်း ကောင်းသားပဲ ! ကိုယ်လည်းသဘောကျတယ် ! "
" Taehyung သာသီချင်းဆိုမယ်ဆိုရင် အစ်ကိုက ရှေ့ကနေ fan stick တွေကိုင်ပြီးလာအားပေးဦးမှာဗျာ ~ "
" အင်း ! ဟုတ်တယ် Tae Tae ~ ငါကလည်း မင်းရဲ့ပွဲမစခင်ကို ကြိုပြီးတော့နေရာဦးထားဦးမှာ "
တစ်ယောက်တစ်ပေါက်နှင့်ပြောနေကြသည့်အားပေးစကားကြောင့် Taehyung ပိုမိုပျော်ရွှင်လို့လာသည်။
" ကျေးဇူးတင်ပါတယ် ! ကြောက်နေတာ ! "
" ဟမ် !? ဘာကိုလည်း ယောင်းငယ် "
" Tae အရင်တုန်းက Tae ကိုယ်တိုင်ရေးထားတဲ့သီချင်းကို အသံဖိုင်လေးပဲ လိုင်းပေါ်တင်ကြည့်ဖူးတယ် ~ ment တွေကဆိုးရွားလွန်းလို့ Tae ညတွင်းချင်းပြန်ဖျက်လိုက်ရတယ် ..... အခုလည်း Tae ရယ့်ရည်မှန်းချက်ကိုပြောပြလိုက်တော့ လှောင်ကြမှာစိုး___"
" Tae Tae ! ငါတို့က အဲ့လိုလုပ်မယ့်သူတွေလား !? သိရဲ့သားနဲ့ ! "
မခံနိုင်သည့် Jimin ကမူ သူတို့သုံးယောက်ကို လိုင်းပေါ်ကသတင်းမှန်သမျှဘာလာလာအကုန်ဆဲချင်နေကြသည့်သူတွေနှင့်နှိုင်းရကောင်းမလားဟုဆိုကာ စိတ်ဆိုးဆိုးနဲ့ထအော်ပါတော့သည်။
သို့သော် Taehyung ကမူသူ့သူငယ်ချင်းစိတ်ကိုသိသည့်သဘောဖြင့်အရယ်မပျက်ပေ။ Jungkook ကတော့ Taehyung ကိုအခုအချိန်အထိအကဲခတ်နေစဲဖြစ်သည်။ သူ ဘာကိုမှအဖြေမရှာနိုင်သေး။
ယောင်းငယ်အပြုံးက နဂိုကတည်းကယခုလိုအသက်မရှိတာလား !?
ဒါမှမဟုတ် သူနဲ့တွဲရတာမပျော်လို့လား !?
ယောင်းငယ်ကနေမကောင်းဘူးလား !?
ဘာလို့ သူနမ်းတဲ့အချိန်ကလွဲပြီးနူတ်ခမ်းကဖြူဖျော့နေရတာလဲ !?
ယောင်းငယ်က အသားဖြူတာလား !? အသားအရည်ကောင်းတာလား !?
လုံးဝဝေခွဲမရပေ။ သူ့ဘာသာသူပြန်မေးတိုင်း Jungkook စိတ်ညစ်ရစမြဲ !
" ကဲ ! ကစားကွင်းရောက်ပြီ ! "
Yoongi စကားကြောင့် Jimin က online ပေါ်မှပြသနာရှာသူများကိုစိတ်ဆိုးနေရာမှ လှုပ်လှုပ်ရှားရှားပြန်ဖြစ်လာသည်။
Taehyung ကလည်း မွေးကတည်းကထိုနေရာတွေကိုမသွားဖူးပေ။ TV ကနေပဲခဏခဏသွားဖူးနေကြဖြစ်သော ကစားကွင်း ဆိုသည့်အသံကြောင့် မျက်ဝန်းလေးတွေလက်လာသည်။ Jungkook ကတော့သူ့ဘေးနားတွင်ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေသည့် Taehyung ကိုသာငေးကြည့်နေမိပါသည်။
" ကဲ....အရင်ဆုံး...လူခွဲသွားကြရအောင် ! အကယ်၍ ကားပေါ်အရင်ရောက်တဲ့သူကဖုန်းဆက်လိုက်ပေါ့ ! နော် "
" Tae Tae ကိုစိတ်ချမယ်နော် Jungkook ! "
" အမယ်လေး...ငါ့ယောင်းငယ်ကိုငါနိုင်တယ် ! မင်းတို့ဘာသာအေးဆေးလျှောက်လည်ကြ "
အသီးသီးနေရာခွဲသွားလို့အပြီး လူတွေနည်းနည်းရူပ်တာကြောင့် Taehyung သည် Jungkook လက်မောင်းအား ကလေးလေးတစ်ယောက်လိုအားကိုးတကြီးဖြင့်ကုတ်တွယ်ထားသည်။ ဒါကိုရိပ်မိတော့ Jungkook မျက်နှာတွင် အဓိပ္ပါယ်ဖော်ဆောင်ရခက်သည့်အပြုံးမျိုးပြုံးလာသည်။ ထို့ကြောင့်ပင် ထိုကလေးမကြောက်သွားစေရန် လက်ကိုကိုင်ထားတာကိုဖယ်၍ မိမိရင်အုပ်နားထဲသို့ကျုံ့ဝင်သလိုဖြစ်ချင်နေသော Taehyung အား ဆွဲကာဖက်လိုက်သည်။ ယောက်ျားလေးအချင်းချင်းကြောင့် တီးတိုးပြောသည့်သူကပြော ~ ဖုန်းဖြင့်ဓာတ်ပုံရိုက်သည့်သူကရိုက်~ မျက်နှာရှုံ့ကာရှောင်သွားသည့်သူကရှောင်သွားနှင့် အချင်းချင်းယောက်ယက်ခတ်နေကြပေမယ့် Jungkook ကဂရုမစိုက်တတ်သူပီပီ Taehyung အားပိုမိုကာဖက်ထားလိုက်ပါသည်။
" ကိုကို ! Tae ရေခဲမုန့်စားချင်တယ် ~ "
" ရေခဲမုန့် ! ညဘက်ကြီးလေယောင်းငယ်လေးရယ် ~ အေးကအေးနဲ့ ! အခြားတစ်ခုခု___"
" ဟင့်အင်း ! ရေခဲမုန့် ! "
"......."
" ရေခဲမုန့် လို့ဆို ကိုကိုကလည်း ~ "
Taehyung စားချင်တာကိုပူဆာသော်လည်းငြိမ်နေသည့် Jungkook ကြောင့်အလိုမကျမိ။ ဆိုင်ကိုအရှေ့တွင်သာတွေ့နေရတာကြောင့်ဒီအတိုင်းကျော်သွားလျှင် မိမိလွန်ရာကျမည်။ သူတို့ကလည်း စားပါဦး ဟုအတင်းဒူးထောက်တောင်းပန်မည့်ပုံစံလိုမဟုတ်။ ကျော်သွားလျှင်မိမိသာငတ်မှာကြောင့် Taehyung အတင်းပူဆာနေရခြင်းဖြစ်သည်။
ဘယ်လောက်ပဲပူဆာပါစေ တုတ်တုတ်တောင်မလှုပ်သော jungkook ကြောင့် Taehyung တစ်ယောက်နည်းနည်းစိတ်ဆိုးလာပြီး ရေခဲမုန့်ဆိုင်မှအကြည့်လွှဲကာ Jungkook ကိုကြည့်လိုက်မိတော့ မိမိအား ပြီတီတီရုပ်ကြီးနှင့်စိုက်ကြည့်နေတာကြောင့် ပါးပြင်တစ်ခုလုံးရဲတက်လို့လာသည်။
ပြောလိုက်တဲ့စကားထဲမှာ ဘာများအမှားပါသွားလို့လဲ !? ဘာစကားလုံးကိုသုံးလိုက်လို့ သူ့အပြုံးကကြောက်စရာကောင်းနေရတာလဲ !?
"
ယောင်းငယ်ကလေ လျို့ဝှက်လက်နက်တွေတအားထုတ်သုံးတတ်တာပဲ ! "
တကယ်တော့ Jungkook စစချင်းပြောသည့် ရာသီဥတုအေးနေသည်ဆိုသည့်စကားသည် အတည်ဖြစ်ပါသည်။ ချစ်ရသူတစ်စုံတစ်ရာထိခိုက်မည်စိုးသောကြောင့် စိတ်ပူသည်။ သို့သော်ပေါက်စကအတင်းပူဆာသောအခါမဝယ်ကျွေးပဲမနေနိုင်။ ဆိုင်သို့လှမ်းရန်ခြေလှမ်းပြင်စဉ် ရုတ်တရက် နူတ်ခမ်းစူကာထချွဲသော Jungkook ကြောင့်ဘာကိုလုပ်လို့ဘာကိုသွားကိုင်ရမလဲမသိ။
ရေခဲမုန့်ကိုသာစိတ်ရောက်နေသဖြင့် မိမိအပြုံးကိုတောင် နားမလည်သည့် ယောင်းငယ်သည်ဘယ်လောက်တောင်ဖြူစင်ရိုးသားသည်ဆိုတာအသိသာပါပင်။
" ယောင်းငယ် !မရှက်ပါနဲ့ ! ကိုယ့်ချစ်သူကိုချွဲတာပဲ ဘာဖြစ်လဲ !? လာ ~ သွားစားကြရအောင် "
" အင်.....အင်း...."
ရေခဲမုန့်ဆိုင်သည်ပြင်ထားတာအလွန်ပင်ချစ်ဖို့ကောင်းသည်။ သို့သော်တစ်ခုရှိတာက ဆိုင်ထဲတွင်အလုပ်သမားများအားလုံးက မိန်းကလေးတွေသာဖြစ်သည်။ သဝန်တိုခြင်းကို ပိစိလေးတောင်နားမလည်သည့်ကလေးအတွက်တော့ မိမိက စ လိုက်လည်း အတည်လို့သာမှတ်ယူမည်ကိုစိုးတာကြောင့် ထိုမိန်းကလေးတွေနှင့်စကားသွားပြောမည့်အစီအစဉ်ပြက်တောက်သွားရသည်။ သို့သော် ထိုအချိန်တွင် မမျှော်လင့်တာတစ်ခုရုတ်တရက်ဖြစ်လာသည်။
ဆိုင်ထဲမှကောင်မလေးတွေသည် ကျွန်တော် ယောင်းငယ်ပုခုံးကိုဖက်ကာ ဆိုင်သို့ဦးတည်ပြီးလာနေချိန်တွင် ကျွန်တော့်ကိုမကြည့်ပဲ ရင်ခွင်ထဲမှယောင်းငယ်ကိုသာကြည့်နေတာကြောင့် ယောင်းငယ်မခံစားဖူးသေးသည့်သဝန်တိုခြင်းကို ကျွန်တော် ဆိုးရွားစွာခံစားနေရပြီဖြစ်သည်။
" ဘယ်ရေခဲမုန့်ယူမလဲအစ်ကိုတို့ "
ထိုဆိုင်သည် ရေခဲမုန့်တစ်မျိုးထဲသာရောင်းတာကြောင့် ဘာယူမလဲဆိုတာမေးစရာမလိုပင်။ အမျိုးအစားအစုံအလင်ရှိတာကြောင့် ဘာစားရင်ကောင်းမလဲဆိုတာခေါင်းမဖော်တမ်းရွေးနေသည့်ယောင်းငယ်သည် ရှေ့ကအဖြစ်အျပ်ကတွေကိုလုံးဝမခံစားမိပါချေ။
ထိုမိန်းကလေးသည် အစ်ကိုတို့ ဆိုသည့်စကားလုံးကိုသာသုံးနှုန်းပေမယ့် မျက်လုံးအကြည့်တွေသည်ယောင်းငယ်ထံကိုသာရောက်နေလေသည်။
" ah....စတော်ဘယ်ရီ ! ကိုကို ရောဘာစားဦးမလဲဟင် !? "
" jelly !? "
" ဘာ !!! "
" ဟို....ညီမပြောချင်တာက အစ်ကို စားချင်နေတဲ့ Jelly ကဒီဆိုင်မှာမရောင်းဘူးလို့ ပြောချင်တာပါ အစ်ကို ! "
အရောင်းဝန်ထမ်းကောင်မလေးနှင့် jungkook တို့ပြောနေကြသည့် စကားလုံးတွေကို Taehyung လိုက်မမှီပေ။
ဒါဖြင့်ရင် သူ့ ကိုကို ကဘယ်အချိန်ကတည်းက jelly စားချင်နေတာလဲ !? သူ့ကိုလည်းမပြောသလို စားချင်နေသည့်အရိပ်အယောင်လည်းမပြ။
သို့သော် သူ မစဉ်းစားနေတော့ပဲ စတော်ဘယ်ရီ အမျိုးအစားထဲကမှ ဘယ်လိုပုံမျိုး စားရင်ကောင်းမလဲဆိုတာကိုသာပြန်စဉ်းစားနေသည်။
" ကိုယ်ဘာမှမစားတော့ဘူး ယောင်းငယ် ! "
" အော်....အင်း ! အဲ့တာဆို ညီမ ရေအစ်ကို့ ကို စတော်ဘယ်ရီ ကိုမှ ဒီအတိုင်းအပေါ်ကနေ ချောကလက်လေး စမ်းပေးစေချင်တယ် "
" ဟုတ်ကဲ့ ! ခဏလောက်ထိုင်ပြီးစောင့်နေပါ အစ်ကိုတို့ ! "
ကောင်မလေးသည်ခပ်ချေချေပြုံးကာ အထဲကိုဝင်သွားသည်။ ထို့နောက်မဝင်ခင် Jungkook ကြားအောင်ပြောသည့် စကားတစ်ခွန်းကိုလည်းကြားလိုက်ပါသေးသည်။
"Nari ရေ ! တို့ အစ်ကိုချောချောလေးက စတော်ဘယ်ရီကိုမှ အပေါ်ကချောကလက်လေးစမ်းပေးပါတဲ့ ! "
" ဟုတ်လား !? အစ်ကိုချောချောလေးဆိုတော့လည်း ဒီကအချောလေးက လုပ်ပေးရမှာပေါ့ ! "
အချင်းချင်းပြောနေကြသည့် ကောင်မလေးတွေ၏စကားများကြောင့် Jungkook မေးရိုးတွေပိုမိုတောင့်တင်းလို့လာသည်။ Jungkook သာနဂါးဆိုပါလျှင် ဤကစားကွင်းကြီးမီးလောင်ပြီးလို့ ကြက်ကြော် နှင့် ကြောင်စွတ်ပြုတ်တစ်ပွဲတောင် ရနေပြီပေါ့။
Taehyung ကအထဲက ခပ်ချောချောကောင်မလေးနှစ်ယောက်စကားသံကိုကြားပြီးပြီးချင်း တင်းမာနေသော Jungkook မျက်နှာကြောင့် ရာသီဥတုအခြေအနေကဘယ်လိုဘယ်ပုံဆိုတာကို သဘောပေါက်သွားရပြီ။ သို့သော် အံကျိတ်ထားသည့် Jungkook ပုံနှင့် Jungkook စိတ်ဆိုးတာကိုတစ်ခါမှမမြင်ဖူးတာကြောင့်ရယ်ပါ Taehyung တစ်ယောက် ကြောက်စိတ်နည်းနည်းဝင်လာပြီး Jungkook ကိုဘာစကားမှသွားမပြောရဲပေ။ သို့သော် စကားသွားမပြောပါက အခြေအနေပိုဆိုးသွားနိုင်သည်မဟုတ်ပါလား။ သူတို့က တစ်ယောက်နဲ့တစ်ယောက်အချင်းချင်းချစ်လွန်းလို့ချစ်သူဆိုတဲ့နာမ်စားတောင် သတ်မှတ်ပြီးသွားကြပြီပဲ။ ဒါ့ကြောင့် Jungkook စိတ်ဆိုးပြေစေရန် Taehyung တစ်ခုခုလုပ်မှရမည်။
" ကိုကို !! Tae ကိုချစ်လား !? "
လက်မောင်းကိုဆွဲလားရမ်းလားလုပ်နေကာ နူတ်ခမ်းလေးစူပြီရုတ်တရက်လာချွဲသောယောင်းငယ်ကြောင့် Jungkook စိတ်တိုတာတွေကြက်ပျောက်ငှက်ပျောက်။ သို့သော် ပြန်အကြံရလိုက်သည်က စကားပြန်မပြောပဲနေမည်ဟု။ သို့မှသာသူလေးချွဲတာကိုကြာကြာခံစားလို့ရမည်မဟုတ်ပါလား။
" ကိုကို ! ချစ်သယ်လေ ! ဒီက ယောင်းငယ် လေးကိုရောမချစ်ပူးလားရို့ !! "
"......."
" ကိုကို ! ကိုကို ! ကိုကို ! ယောင်းငယ် လေးကအားကျိချစ်ဖို့ကောင်းတယ်လေ ကိုကိုရဲ့ ! ကိုကို မချစ်ပူးလား_____အု "
Jungkook မထိန်းနိုင်တော့ပေ။ Taehyung ၏စူထော်နေသောနူတ်ခမ်းလှလှသည်လည်း Jungkook ကောင်းမှုကြောင့် သရိုးသရီစကားလုံးလေးတွေထပ်မထွက်လာတော့ပေ။ အနမ်းတွေကသာမန်ထက်ကိုပိုပြီးကြမ်းတမ်းနေတာကို Taehyung သတိထားမိသည်။ ထို့ကြောင့် Jungkook ပ့ုခုံးကိုရိုက်ကာအတင်းတိုးထွက်ရန်ပြင်ပေမယ့် လည်လွန်းသည့် Jungkook က Taehyung ဆံပင်အိအိကလေးကနေတစ်ဆင့်ခေါင်းကိုထိန်းထားကာ Taehyung အားအလိုက်သင့်ကလေးပါအောင်ခေါ်ဆောင်မိနေသည်။ စုပ်တစ်လှည့် ကိုက်တစ်လှည့်ဖြင့်ပိုမိုပြင်းရှလာသည့်အနမ်းများကြားထဲတွင် လျှာအချင်းချင်းပါကျီစယ်နေကြပြန်တာကြောင့် သည်းမခံနိုင်သည့် Taehyung ကညည်းသံပိစိကလေးတွေထွက်လာသလို ထိုညည်းသံတွေနှင့်ထူးမခြားနားပဲ Jungkook အသက်ရှုသံတွေကလည်းပိုမိုပြင်းရှလို့လာခဲ့သည်။ နောက်မှ Jungkook လည်း Taehyung ညည်းသံတွေကိုသတိထားမိပြန်တော့ လူမြင်ကွင်းတွင်ဖြစ်သည်ကိုသတိရသွားမိသည်။ ထို့ကြောင့် ပိုမို ပြင်းထန်လာသည့်မိမိစိတ်နှင့် မောပန်းနေသော ယောင်းငယ်လေးအား အနားပေးရန် နူတ်ခမ်းတစ်ခုလုံးကိုအားပြင်းပြင်းဖြင့်တစ်ချက်ဆွဲယူလိုက်ကာလွှတ်ပေးမိသည်။
မျက်လုံးထောင့်စွန်းမှမြင်လိုက်ရသည့်အရာတစ်ခုကြောင့် Jungkook နှင့် Taehyung တို့ လှည့်ကြည့်မိကြသည်။
" ဟို ! အဲ ! ရေခဲမုန့်ရပြီလို့ပြောတာကြာပါပြီ ! အစ်ကိုတို့ကအစ်ကိုတို့ညည်းသံတွေနဲ့ပဲဖုံးနေတော့မကြားလိုက်သလိုဖြစ်သွားတာ ! "
Taehyung တစ်ယောက်ခေါင်းငုံ့သွားသလို Jungkook ကတစ်ဖက်ကိုမျက်နှာလွှဲသွားသည်။
" တော်သေးတာပေါ့ ! ညီမ က ဒီကအစ်ကိုက အကျႌထချွတ်တော့မယ်ထင်လို့ ဆက်ကြည့်နေတာ ! ဒါနဲ့ ဘာလို့ရပ်လိုက်____"
Nari အား ပါးစပ်လှမ်းပိတ်လိုက်သည်။ ဘာလို့လဲဆိုတော့ သာမန်ထက်ပိုမိုနီရဲနေကြပြီဖြစ်သည့် Taehyung နှင့် Jungkook တို့၏အခြေအနေသည်သာမန်မဟုတ်တာကို ထိုမိန်းကလေးနှစ်ယောက်သည် သိသိရက်နှင့်ပင်စနေကြခြင်းဖြစ်သည်။
" ah....စိတ်မပူပါနဲ့ ! ညီမ တို့က fujoshi တွေပါ ! ဆက်ဆွဲ အဲ့ ! ဆက်စားကြပါ ! ညီမတို့ရှောင်ပေးပါ့မယ် "
" လိုရင် Nari ကိုပြော ! ဆိုင်ထဲကထွက်ပေးမယ် ! "
ထိုမိန်းကလေးနှစ်ယောက် အနောက်ကအခန်းထဲပြင်ဝင်သွားမှ Jungkook သက်ပြင်းချမိသလို Taehyung လည်း ရေခဲမုန့်ကိုစားရဲတော့သည်။ Jungkook လည်း တစ်ဖက်ကိုလှည့်နေရာမှ Taehyung ဘက်သို့လှည့်လာကာ ရေခဲမုန့်ကိုအတူတူစားကြသည်။
" ကိုယ်....တောင်းပန်ပါတယ် ! အရမ်းကြမ်း__"
" မလိုပါဘူး ကိုကိုရယ် ! Tae သဘောကျရင်ပြီးတာပဲ "
ဆိုင်ထဲကရေခဲမုန့်ကိုအတူတူစားနေကြသည့်နှစ်ယောက်ကတော့ အနမ်းတွေအကြောင်းသာပြောနေကြပေမယ့် အထဲကဝန်ထမ်းမလေးနှစ်ယောက်ကမူ စကားအသွားအလာတွေကိုကြည့်ပြီး မှောင်နေကြသည်။ ဤသည်ကိုလည်း မျက်နှာချင်းမဆိုင်ပဲရေခဲမုန့်အတူတူစားနေကြသည့် အပြင်မှ စုံတွဲကတော့မရိပ်မိခဲ့ပေ။
ထိုနေ့ညကစားကွင်းထဲတွင် စုံပလုံနေအောင်ကစားခဲ့ကြပါသည်။ ကလေးတွေနှင့်အပြိုင် နှစ်တွဲလုံးအတူတူကဲခဲ့ကြသည်။ အခုအချိန်အထိတော့ ဘယ်အတွဲမှကားပေါ်မရောက်သေးပေ။
တစ်နေရာအရောက်တွင် Jungkook က တစ်ခုခုကိုမြင်သွားသည်။
" ယောင်းငယ် ! သီချင်းဆိုကြည့်ပါလား !? "
Jungkook လက်ဆွဲကာပြနေသောနေရာသည် ကစားကွင်း အတွင်းအလယ်အကျဆုံးနေရာဖြစ်ပြီး အပန်းလာဖြေသည့်လူတွေလည်းနအားယူနေတာကြောင့်လူစည်ကားသောနေရာဖြစ်သည်။ စီစဉ်သူကအသင့်လုပ်ပေးထားဟန်သဘောရှိသည်။ ထိုပြောင်ရှင်းနေသောလူမြင်ကွင်းတွင် Microphone တစ်ခုတပ်ဆင်ထားသည်။ ဤနေရာကိုဝိုင်းကာဘေးမှပန်းပင်လေးတွေလည်းအလှဆင်စိုက်ထားသည်။
Taehyung နည်းနည်းတော့ကြောက်သွားသည်။ online ပေါ်ကလူအများရဲ့ မှတ်ချက်တွေကြောင့် သီချင်းဘယ်တော့မှမဆိုဖြစ်တော့ပေ။ သို့သော် Jungkook အခုအလိုရှိသည့်နေရာက လူမြင်ကွင်းကြီးမဟုတ်ပါလား။
" ယောင်းငယ် ! မကြောက်နဲ့ ! တစ်ခုခုဖြစ်ရင်ကိုယ်ယောင်းငယ်အရှေ့မှာရှိတယ် ! ယောင်းငယ်ဆိုတာကိုယ်နားထောင်ချင်လို့ပါ "
Jungkook သည် Taehyung ၏လက်ကိုဆုတ်ကိုင်ကာ နှစ်သိမ့်ပေးနေသည်။ Taehyung လည်းစစချင်းတော့ကြောက်နေပေမယ့် သီချင်းဆိုရတာသူ့အတွက်ဘဝတစ်ခုလို့သတ်မှတ်ထားတာကြောင့်အကောင်းဆုံးလုပ်နိုင်မည်ဟုထင်ကာ ထိုနေရာလေးသို့သွားလိုက်သည်။
Mic ကိုစတင်ကိုင်လိုက်သည်နှင့် ဘေးမှထိုင်နေသည့်လူအများက ကွက်ကြည့်ကွက်ကြည့်ကြည့်နေကြသည်။ Jungkook ကလည်း ဖုန်းလေးကိုထုတ်ကာ video စတင်ရိုက်ထားလိုက်သည်။
Taehyung ကသီချင်းဆိုမယ်ဆိုပေမယ့် နောက်ခံတီးလုံးမရှိပေ။ ထို့ကြောင့် သူ့ဖုန်းလေးကိုထုတ်ကာ နဂိုကတည်းကလုပ်ထားသည့်သီချင်းလေးတစ်ပုဒ်ကိုဖွင့်လိုက်ပြီး တာဝန်ခံတစ်ယောက်၏အကူအညီဖြင့် သံစဉ်ကိုအသံကျယ်စေသည်။ သေသေချာချာအသံကြားရပြီဆိုတော့မှ Taehyung နူတ်ခမ်းလေးကို mic ဖြင့်တေ့လိုက်သည်။
အသံလုံးကြီးပေမယ့်လည်း ထိုအသံဖြင့်ပင်သီချင်းစာသားနှင့်ပြည့်စုံနေသည့် Taehyung အသံသည်လွန်စွာမှနားထောင်လို့ကောင်းသည်။ စာသားတစ်ကြောင်းဆုံးတိုင်း Jungkook ပါးစပ်ဟမိနေရသည်။ သူသည်လည်း ဖုန်းဖန်သားပြင်မှ Taehyung ကိုကြည့်လိုက် အပြင်မှ Taehyung ကိုတစ်ခါပြန်ကြည့်လိုက်ဖြင့်အလုပ်ရူပ်နေလေသည်။ Taehyung သီချင်းဆိုနေရင်းနှင့်ပင်ယုံကြည်မှုတွေရှိလာလေပြီ။ တဖြေးဖြေးနှင့်ခံစားချက်နှင့် အသံကပါ ထိုသီချင်းထဲနစ်မြောသွားသည်။ ထို့ကြောင့်နောက်ပိုင်းတွေကိုယုံကြည်မှုရှိရှိနှင့် ဆိုလာနိုင်သလို ဘေးနားမှကြည့်နေသည့်လူများကလည်း ဖုန်းတွေဖြင့်အလုပ်ရူပ်နေကြသည်။ ပါးစပ်မှလည်းပြန်မစိနိုင်အောင်စိတ်ဝင်စားနေရသည်။ တဖြေးဖြေးလူတွေများလာတာတောင်မှ Taehyung စိတ်အနှောင့်အယှက်မရှိပဲ သီချင်းအပေါ်စိတ်နှစ်ပြီးယုံကြည်ချက်ရှိရှိဆိုလာနိုင်သည်။
နောက်ဆုံး အပိုင်ဒ်လည်းပြီးတော့ ဘေးနားမှအားပေးနေကြသည့်လူတွေ၏သြဘာလက်ခုပ်သံများသည် ကစားကွင်းတစ်ခုလုံးဆူညံလို့သွားသည်။ Taehyung ထိုလူတွေကိုကြည့်နေရင်းနှင့်ပင် မျက်ရည်ဝဲလာရသည်။ သူအဲ့လောက်ထိအားပေးခံရလိမ့်မည်ဟုမထင်ထားပေ။ သူ လေးစားသမှုဖြင့်ခေါင်းငုံ့ကာအရိုအသေပေးလိုက်သည်။ ပြန်မော့ကြည့်လိုက်တော့ Jungkook သည် မျက်ရည်များဝဲနေသည့် taehyung အားတင်းတင်းကျပ်ကျပ်လာဖက်သည်။
" wow ....."
" အားကျလိုက်တာဟာ...."
" နှစ်ယောက်လုံးချောတယ် !လိုက်လည်းလိုက်တယ် ! ဘာမှပြောစရာမရှိဘူး "
ဘေးကစကားသံတွေကြောင့် Taehyung နောက်တစ်ဖန်ပြန်လည်ပြုံးမိပြန်သည်။ အင်း ! သူ့ဘဝမှာ တစ်စုံတစ်ခုသောပြသနာကလွဲလို့ အကုန်အဆင်ပြေနေသည်မဟုတ်ပါလား။
ဒါဆိုဘာလိုသေးလဲ !?
ကိုယ့်လက်ကိုမြဲမြဲဆုတ်ကိုင်ပြီးရှေ့ဆက်ကြမယ်လေ !
ဟင့်အင်း ! ဆက်ဖြစ်လာမယ့်အနာဂတ်တွေကိုရင်မဆိုင်ရဲဘူး !
ကိုယ်တစ်ယောက်လုံးရှိနေတယ်လေ ယောင်းငယ် !
ကိုကို့ သဘောထားကိုပဲ ကြောက်တာ !
* * * * * * * * * *
S p r i n g D a y
* * * * * * * * * *
Continue Reading
You'll Also Like
41.1K 2.2K 19
Taehyung × Jungkook start date-1.1.2024 end date-2.2.2024
52K 5.6K 8
Just like the day that i met you the day i thought forever♪ By : Singularity_Jeon
1.9M 83.7K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
12.7K 2.5K 17
මාව ඔයාලට ගැලපෙන් නෑ...ඉතින් මන් මාව ගැලපෙන තැනකට යන්නම් ජිමින් ඉන්න යන්න එපා...අපිට සමාවෙන්න ඔයාව මග ඇර ගත්තට...ප්ලීස් අපි වෙනුවෙන් එක පාරක් හිනා වෙ...