< 12 >

7.2K 716 117
                                    

( Zawgyi )

နေ​ရောင်ထွက်လာပြီဖြစ်​​​သည့်​မနက်​ ၆ နာရီ ​ဒေါင်​ခနဲမြည်​ချိန်​တွင်​ လမ်းမ​ပေါ်၌ ကားအနက်​တစ်​စီး​ပေါ်တွင်​ တစ်​ခူးခူးတ​ခေါ​ခေါအိပ်​​ပျော်​​နေသည့်​ Yoongi ကို​တွေ့ရမှာဖြစ်​သလို အိမ်​ထဲတွင်​လည်း တစ်​ကုတင်​ထဲတွင်​ပူးပူးကပ်​ကပ်​အိပ်​​ပျော်​​နေသည့်​ စုံတွဲတစ်​တွဲကို​တွေ့မည်​ဖြစ်​သည်​။

လက်​​မောင်းသို့ကျ​ရောက်​လာ​သော ​နေ​ရောင်​စူးစူး​ကြောင့်​ ပူရှိန်းရှိန်း​ဖြစ်​သွားရသလို jungkook အိပ်​ယာ​ပေါ်တွင်​ဟိုလှည့်​ဒီလှည့်​ဖြင့်​တအီအီဖြစ်​လာသည်​။ အိပ်​ချင်​​သေးသည်​မဟုတ်​​တော့​ပေမယ့်​လည်း အိပ်​ယာမထချင်​​သေးတာ​ကြောင့်​ ဆက်​အိပ်​ရန်​ပြင်​လိုက်​တုန်း မိမိလည်​တိုင်​နားသို့ လာ​ရောက်​တိုက်​ခက်​သည့်​ အသက်​ရှုသံ​လေပူ​လေး​တွေ​ကြောင့်​ Jungkook အိပ်​​နေရင်းနှင့်​ တစ်​​လောကလုံးကိုအပိုင်​စားရသလိုအပြုံးမျိုးနှင့်​ပြုံးမိလိုက်​သည်​။

ထို့​နောက်​ ​ခါး​နားသို့​​လျှောကျ​နေသည့်​​စောင်​ ​လေးကို ရင်​ခွင်​ထဲ၌နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​မောကျ​နေသည့်​​ကောင်​​လေးအား ​နေ​ရောင်​မထိ​စေရန်​အတွက်​ ​ခေါင်းအထိခြုံ​ပေးမိပြီး တစ်​ကိုယ်​လုံးကိုရင်​ခွင်​ထဲသိမ်းကျုံးဖိညှစ်​ကာထည့်​ထားလိုက်​သည်​။ အသက်​ရှုကျပ်​သွားသည်​ထင်​ ​ယောင်းငယ်​ လှုပ်​လှုပ်​ရွရွက​လေးဖြစ်​လာသည်​။

" ........ "

နောက်​ဆုံး​တော့ ရင်​ခွင်​ထဲမှ​ပေါက်​စသည်​ သည်းမခံနိုင်​​တော့သည်​ထင်​ ရင်​ခွင်​ထဲမှထွက်​ကာ ကျွန်​​တော့်​မျက်​နှာအား မပွင့်​တပွင့်​မျက်​လုံးက​လေးများကို​ပေကလပ်​​ပေကလပ်​လုပ်​ကာ နူတ်​ခမ်း​လေးကို​ထော်​၍​သေ​သေချာချာစိုက်​ကြည့်​​နေသည်​။ အိပ်​မက်​ထင်​​နေ​ရော့သည်​။ သို့​သော်​ ကျွန်​​တော်​ဒိထက်​ပိုပြီးအသည်းယားလာတာ​ကြောင့်​ နဖူးက​လေးကိုဖိနမ်းလိုက်​ကာ မျက်​ဝန်းချင်းစုံ​အောင်​​သေ​သေချာချာပြန်​ကြည့်​လိုက်​​တော့မှ အဖြစ်​အပျက်​အကုန်​လုံးကို ​သေ​သေချာချာသိသွားသည်​နှင့်​တူသည်​။ ရှက်​ရမ်းရမ်းကာ ​စောင်​ပုံကြားထဲသို့ပြန်​​ကွေးသွားသည်​။

Spring Day || KV [Completed] Where stories live. Discover now